## PAGE 640

၅၈၆


ဓမ္မာစရိယ ဦးဌေးလှိုင်

ခုနစ်နှစ်ခန့် စောင့်ကြည့် သင့်ကြောင်း၊

၂။ စစ်ကိုင်း မဟာဂန္ဓာရုံ ဆရာတော် လာရောက်ဖူးမြော် အစစ်ခံစဉ် ဗုဒ္ဓါ
နုဿတိ ကမ္မဋ္ဌာန်း ပေးပုံ၊ ဗုဒ္ဓါနုဿတိမှ ဝိပဿနာ ကူးပုံအကြောင်း
များကိုလည်း မှတ်တမ်းပြုထားသည်။

ဦးဇဝနသည် ရဟန်းဖြစ်၍မကြာမီ ပျဉ်းမနား အင်ကြင်းမြိုင် တောရ၌ လယ်တီ
ဆရာတော်ထံ နည်းခံစဉ် ညနေပိုင်းသို့ ရောက်လျှင် ဆရာတော်ဘုရားကြီး တောကျောင်း,
အပြင်ဘက် တောထဲသို့ ကြွကြွသွားသဖြင့် လိုက်၍ ကြည့်ချင်စိတ် ပေါ်ပေါက်လာ၏။
နောက်တစ်ရက် ဆရာတော်ကပင် “မောင်ဇဝန၊ ငါနဲ့လိုက်ခဲ့” ဟု ဆိုကာ တောထဲသို့
ခေါ်သွား၏။ သင့်တော်ရာ နေရာ၌ တရားရှုမှတ် ကြရသည်။ အမှောင်ပျိုးစ အလုပ်ခွင်မှထ၍...

“မောင်ဇဝန၊ တို့များကွယ်......ဒီအာနာပါနကို လမ်းကုန်အောင် ဖမ်းနေတာ
နှာခေါင်းပေါက် နှစ်ဖက်က လွှတ်လိုက်တဲ့ အလင်းဓာတ်ဟာ ဒီကမ္ဘာ လောကဓာတ်ကြီး
တစ်ခုလုံးကို ဆုံးအောင် လွှမ်းလို ့ရတယ်ကွယ့်။ ဒါပေမယ့် ခက်တာက ဖြန့် ့ထားတဲ့
အလင်းကို ပြန်ပြီး ချုံ့လိုက်တော့ စည်းစည်းလုံးလုံးနဲ့ ကြည့်ပြီး မလာဘူး၊ အကွက်အကွက်နဲ့
ဆန်ကွဲ ကြဲနေသေးတယ်ကွ။

..

“ဒါကိုသာ နိုင်နင်းရင်ကွယ် ကမ္ဘာလောကဓာတ်ကြီး တစ်ခုလုံးကို နိုင်နင်းတော့ပါပဲ။
ကိုယ်လုပ်ချင်သလို လုပ်လို့ ရသွားပြီ။ အေး.....မင်းလဲ ဒီမှာ နေရင် ငါ့လို ကြိုးစား” ဟု
မိန့်တော်မူသည်။

ချင်းချောင်း နန်းသစ်တက်ပွဲမှ မေတ္တာ

၁၂၈၂-ခုနှစ် သထုံမြို့ ဇင်းကျိုက်တောင်၏ မြောက်ဘက် ကတွန်မိုင်းအတွင်း
ချင်းချောင်းသူဌေးက ဆောက်လုပ်သော စံကျောင်း၌ လယ်တီ ဆရာတော် ဘုရားကြီး
ဝါကပ်ရာ ဦးဇဝနလည်း လိုက်ပါသွားရ၏။ ထို၌ နေစဉ်-

“မောင်ဇဝန၊ ပညတ် ပရမတ်ခွဲပုံနှင့် အနုသယ ဓာတ်ကြီးအကြောင်း စာမသင်ဖူးတဲ့
လူတွေ သဘောပေါက်အောင် ဥပမာပြပြီး ကျကျနန ရေးစမ်း” ဟု ဆရာတော်ကြီးက
အမိန့်ရှိ၍ ရေးစမ်းထားရာ ထိုစာကို အတူနေ ဦးဉေယျ ကိုယ်တော်က ဆရာတော်ကြီးအား
သွားရောက် ဖတ်ပြရာ-

“အေး-ကောင်းသကွယ့်၊ အကျယ်ရေးဦး” မိန့်တော်မူသည်။ အကြောင်းအမျိုးမျိုးကြောင့်
၁၃၁၂-ခုနှစ် ကဆုန်လပြည့်နေ့ ရောက်မှသာ ရေးပြီးတော့သည်။

ထိုကျမ်း၌ အရိယဝိဇ္ဇာနှင့် လောကိယဝိဇ္ဇာ ခြားနားပုံ၊ လောကီ ဝိဇ္ဇာဓိုရ်ကြီးများ
တန်ခိုးဖြင့် လိမ်လည်လှည့်စားကြပုံများကိုပါ အထူး ရေးသားထားသည်မှာ မှတ်သားဖွယ်
ကောင်းလှ၏။ (ယင်း ၃၆၈။)

လယ်တီ ဆရာတော်ဘုရားကြီးသည်....ခုနှစ်လောက်က ရန်ကုန်မြို့တွင် ချင်းချောင်း


## PAGE 641

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၈%

သူဌေး ဆောက်လုပ်ထားသော ချင်းချောင်းနန်းတော် (ယခု ကမ္ဗောဇ ရိပ်သာ) ကြီး ပြီးစီး၍
နန်းသစ်ဖွင့်ပွဲ စံကျောင်းအဖြစ် လူရာ ဦးဇဝနလည်း လိုက်ပါလာရသည်။

ထိုအတွင်း ဒလပျော်ဘွယ် ဆရာသက်ကြီး ထံ သွား၍ ပျော်ဘွယ် ဆရာသက်ကြီး
ဇရပ်၌ ကံဒွါရ ပြေငြိမ်းရေးတရား ဟောရသည်။ (အကျယ်ကို “ဆရာသက်ကြီး' စာအုပ်၌
ကြည့်ပါ။) ရန်ကုန်သို့ ရောက်လျှင် ဆရာတော် ဘုရားကြီးက-

“ဒကာသက်တို ့ဆီမှာ ဘာတရားတွေ ဟောခဲ့သလဲ” မေး၍ အကျိုးအကြောင်း
လျှောက်ရာ ဆရာတော် ဘုရားကြီး ကပင် နာချင်သည်ဆို၍ ဦးဇဝန ထပ်၍ ဟောပြရသည်။
သာဓုခေါ်တော်မူ၏။

ထိုကမ္ဗောဇဟော်နန်း ဖွင့်ပွဲ၌ လယ်တီဆရာတော်ဘုရားကြီး ညစဉ် တရားဟောတော်မူရာ
ပရိသတ်များ အလွန်စည်ကားလှသည်။ သို့ရာတွင် လူသာမန်တို့ နားမလည်နိုင်သော
အနှောင့်အယှက် အခက်အခဲ တစ်စုံတစ်ရာ ရှိဟန်တူလေသည်။ အဘယ့်ကြောင့်ဆိုသော်
တစ်ရက်နှစ်ရက် တရားဟောပြီးနောက် ဆရာတော် ဘုရားကြီးက-

“မောင်ဇဝနရေ၊ တို့များ ရှေ့က တရားဟောနေရင် မင်းက နောက်ကနေပြီ.
“မှန်ကူကွက်” လိုက်ပေးစမ်းပါကွယ်” ဟု မိန့်တော်မူ၏။ (“မှန်ကူကွက်” ဆိုသည်မှာ
မေတ္တာပွားပို့ခြင်းကို ဆိုလို၏။) ဦးဇဝနလည်း ဆရာတော်ဘုရားကြီး၏ အမိန့်အရ
ခါတိုင်းထက် အထူးကြိုးစား၍ မေတ္တာ ဘာဝနာ ပွာ ပို ့ရလေ၏။ တစ်ရက် နှစ်ရက်ရှိလျှင် -
“မောင်ဇဝန၊ မင့် မှန်ကူကွက်က တယ် ထိရောက်ပါကလားဟေ့၊ ဘယ်လိုပို့သလဲဆိုတာ
တို့များကို အသေးစိတ်လုပ်ပုံ လျှောက်စမ်းပါဦး၊ လူရှင်းတုန်း”

,,

ကမ္ဗောဇနန်းတော် အခန်းတစ်ခုထဲ၌ လူသူရှင်းခိုက် ဆရာတပည် ဝမ်းသာအားရ
တရင်းတနှီး ပြောဆိုကြသည်။ ဦးဇဝနက အောက်ပါအတိုင်း မေတ္တာပွားပုံကို လျှောက်ရသည်။
“ဆရာတော်ဘုရား၊ တပည့်မှားရင်လဲ ပြင်ပေးပါ။ တပည့်တော် သည်အတိုင်းပဲ
အမြဲပွားပို့ပါတယ်။ ဆရာတော်အမိန့်ရှိတော့ ခါတိုင်းထက် ပိုပြီး ကြိုးစာ·ပါတယ် ဘုရာ”

“ပထမဆုံး တရားဟောတော်မူနေတဲ့ ဆရာတော့်မျက်နှာ ကိုယ်ဟန်ကအစ သိမ်းခဲ့ပြီး
ပိုပါတယ်။ နောက် ဒီပွဲမှာ ပဓာနဖြစ်ကြတဲ့ ချင်းချောင်း ဒကာကြီး ဒကာမကြီးများ
ဝေယျာဝစ္စ ဆောင်ရွက်တဲ့ လူများအားလုံး၊ နာမည်သိတဲ့လူ နာမည်ကိုပါ ပါးစပ်ကရွတ်ပြီး
ပို့ပါတယ်။ နာမည်မသိတဲ့ ပရိသတ်ကိုလဲ ခွဲဝေခြုံငုံပြီး ပို ့ပါတယ်။ နောက် ထုံးစံအတိုင်း
ဒီအနီးအနားရှိတဲ့ နတ်တွေကအစ .လောကဓာတ် တစ်ခုလုံးအထိ ဖြန် ့လိုက် ချုံ့လိုက်
ပွားပို ့ပါတယ် ဘုရား”

“အေး-ဟုတ်ပြီ၊ ဒါက ပရိက,ဥဂ္ဂဟ သဘောကိုး၊ ပို ့တဲ့စကား အဓိပ္ပာယ်က

“မှန်ပါ အရှင်ဘုရား၊ လျှောက်ပါ့မယ်။ ပုဂ္ဂိုလ်တိုင်းကို ဒွါရခြောက်ပေါက် ကနေ
အတွင်း အာယကန ပသာဒခြောက်ပါးကို စိတ်ထဲက မှန်းပြီး၊ စူးစိုက်ထားပြီး စက္ခုပသာဒ၊
စက္ခုဝိညာဏ်က စပို ့ပါတယ် ဘုရား” ဟု အောက်ပါ မေတ္တာပွားပုံကို လျှောက်ရာ လယ်တီ
ဆရာတော်ဘုရားကြီးက-


## PAGE 642

၅၈၈


ဓမ္မာစရိယ ဦးဌေးလှိုင်

“အေး…..ဒါ့ကြောင့် ခရီးရောက်တာကိုးကွယ့်၊ နေရာကျလိုက်လေး သာဓု၊ သာဓု”

ဟု ကောင်းချီး ပေးတော်မူလေသည်။

၁။

အကြည်ဓာတ် ၆-ပါး မေတ္တာပွားပုံ နည်း

စက္ခု.... (မိမိ၏ မျက်စိအကြည်ဓာတ်၊ မျက်စိဝိညာဏ် ဘေးရန် ခပ်သိမ်း
ကင်းငြိမ်း ချမ်းသာသလို) မည်သူမည်ဝါ၏ သို ့မဟုတ် သတ္တဝါတို့၏
(အရှေ့အနောက် မည်သည့် ပုဂ္ဂိုလ်၊ မိမိ သတ်မှတ်ထားသည့်အတိုင်း ရည်ညွှန်း၍)
မျက်စိအကြည်ဓာတ်၊ မျက်စိဝိညာဏ် ဘေးရန်ခပ်သိမ်း ကင်းငြိမ်း ချမ်းသာပါစေ။
၂။ သောတ... နားအကြည်ဓာတ် နားဝိညာဏ် ဘေးရန် ခပ်သိမ်း ကင်းငြိမ်း
ချမ်းသာပါစေ။

၃။ ဃာန...နှာခေါင်း အကြည်ဓာတ်, နှာခေါင်း ဝိညာဏ်...။
၄။ ဇီဝှာ...လျှာအကြည်ဓာတ်, လျှာဝိညာဏ်…..။

၅။ ကာယ...ကိုယ်လုံးအကြည်ဓာတ်, ကိုယ်လုံးဝိညာဏ်...။

၆။ မနောဒွာရ.....မနောအကြည်ဓာတ်, မနောဝိညာဏ် ဘေးရန် ခပ်သိမ်း
ကင်းငြိမ်းချမ်းသာပါစေ။

ဤ မေတ္တာပွားပိုနည်းသည် ပို ့ရင်းပို ့ရင်း ပို ့လိုရာ (မေတ္တာဓာတ် စေလွှတ်လိုရာ
သို့ ထိထိခိုက်ခိုက် ပို့လွှတ်နိုင်၏။ အပို့ ခံရသူ၏ ပုံပန်းသဏ္ဌာန်ကို တမင်ကြိုးစား၍ ပုံဖော်
စိတ်ညွှတ်ရန် မလိုတော့ဘဲ ဒွါရခြောက်ပေါက်, အကြည်ဓာတ် ခြောက်ပါးကနေ၍
ကိုင်လိုက်သောအခါ . ထိုသူ၏ ပုံပန်းသဏ္ဌာန် မပေါ်ဘဲနေ၍ မရပြီ။ လွယ်လွယ်ပင်
ပေါ်ထင်လာရ၏။

ယင်းသို့ ပေါ်ထင်လာရာ၌လည်း သတ္တဝါတစ်ဦး၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်
အချက်အခြာ ပဓာနကျ သော သုခုမရုပ် အကြည်ဓာတ် (ပို၍ အပေးအယူလုပ်နိုင်သဖြင့်
စွမ်းအင်သတ္တိ ရှိ သော ရုပ်နု) များကိုချည်း ဆုပ်ကိုင်လိုက်သည်ဖြစ်၍ မေတ္တာ အပို ့ခံရသူ၌
ပိုသူ၏ မေတ္တာဓာတ်လှိုင်းများ အပြည့်အဝ ဝင်ရောက် ထိဆိုက် သွားနိုင်လေသည်။ (ရုပ်ဟု
ဆိုသော်လည်း ပညတ်ကိုသာ အာရုံပြု၏။)

ပရမတ်ဓာတ်ကြီး ခြောက်ပါး၊ အကြည်ဓာတ် ခြောက်ပါးကို ရှုပွားသော ဝိပဿနာ
လုပ်ငန်းစဉ်နှင့်လည်း အပေးအယူအဆက်အစပ်မိကာ အံဝင် ခွင်ကျ ဖြစ်သော မေတ္တာပွားနည်း
ဖြစ်၍ ကြိုးစားပွားပို့ ကြရာ၏။ အင်းမကြီး ဆရာတော်က မေတ္တာ ဘာဝနာကို အထူး
ဟောပြောပြသည် ဆိုခြင်းနှင့် ယင်း ဆရာတော်၏ အန္တ ရာယ် လွန်မြောက်ပုံ၊ လာဘ်လာဘ
ပေါများပုံတို့ကို ထောက်၍ အင်းမကြီး ဆရာတော် ညွှန်ပြသော နည်းဟု ယူဆရသည်။
အတပ်မဆိုသာ။ (ကျွန်ုပ်တို့ရေးသော မေတ္တာဝါဒ၌ အကျယ်ရှု။)

