## PAGE 643

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၈၉

သာသနာပိုင်ကြီးအား အလုပ်တရား ဟောရခြင်း

ဆည်ကြီး တောရ ဆရာတော်သည် ၁၃၀၀-ပြည့်နှစ်လောက်က မန္တလေးမြို့
တောင်ခွင် သာသနာပိုင် ဆရာတော်ဘုရားကြီးထံ သွားရောက်ကန်တော့၏။ ဆရာတော်၏
ဦးမင်းတော် ဆရာဦးမှင်ခဲသည်. စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီး ဖြစ်၍ တောင်ခွင်
သာသနာပိုင်ကြီးနှင့် စာသင်ဘက် ဖြစ်သည်။

ထိုစဉ်က သာသနာပိုင်ကြီးမှာ မျက်စိအလင်း ရတော်မမူတော့ပြီ။ စာသင်ဘက် “
ဦးမှင်ခဲ ကွယ်လွန်ကြောင်း ကြားသိရသောအခါ စိတ်မကောင်း ဖြစ်ပြီးလျှင်-

“သိမ်တောင်ဆရာတော်၊ သည်အနား တိုးခဲ့စမ်းပါ” ဟု ဆိုကာ ဆရာတော်၏
လက်ကို ကျစ်ကျစ်ကိုင်၍ ဆရာကြီး ဦးမှင်ခဲနှင့် တွေ့ရသကဲ့သို့ ထင်မှတ်ကြောင်း
မိန့်ဆိုတော်မူသည်။

“သိမ်တောင် ဆရာတော်၊ တပည့်တော်ကို တရားဟောတော်မူပါ” ဟု တောင်းပန်ရာ
သိတော်မူပြီးဖြစ်၍ သည်းခံပါရန် အကြိမ်ကြိမ် ငြင်းဆန်သော်လည်း မရသဖြင့် အင်းမကြီး,
လယ်တီ, သေက္ချတောင် ဆရာတော်များ ညွှန်ပြသည့်အတိုင်း အပြည့်အစုံ ဟောပြ
ပေးတော်မူရသည်။ ထိုအခါ သာသနာပိုင်ကြီးမှာ လွန်စွာအားရတော်မူလှ သဖြင့် သာဓုခေါ်ကာ-
“ဒီည ဒီမှာ သီတင်းသုံးပြီး ညကိုလဲ ဆက်ဟောပါဦး ဆရာတော်၊ နာပရစေဦး”
ဟု တောင်းပန်၍ တစ်ညအိပ်ပြီး ဟောရပြန်သည်။ သာသနာပိုင်ကြီးက လည်း-

“တပည့်တော်ကို အရှေ့ပြင် ပိဋက သုံးပုံဆောင် ခင်မကန် ဆရာတော်ဘုရားကြီး
ဦးခါးက တရားအားထုတ်ရန် အမိန့် ရှိသည်မှာ နေ့ကို အာလောက ကသိုဏ်း ကြည့်၊ ညကို
တေဇောကသိုဏ်း ကြည့်ရမည်။ ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် လွန်စွာ ထင်လွယ်သည်ဟု
အမိန့် ရှိ၍ ကြည့်ခဲ့ဖူးပါသည်။ အမိန့် ရှိသည့်အတိုင်း အားထုတ်သောအခါ ရလွယ်ပေသည်”
ဟု ပြန်လည် အမိန့်ရှိတော်မူ၏။

သာသနာပိုင်ကြီးက ထပ်မံပင့်ခေါ်၍, နောက်တစ်ကြိမ် သွားရောက် ဟောပြောရ
သေးသည်။ (တစ်နည်းအားဖြင့် ဆရာတော်၏ တရားအင်အားကို ခန့်မြော်နိုင်ကောင်း၏။)

သီသီကလေးနှင့် လွဲမှားတတ်သောတရား

သမထ ဝိပဿနာ အလုပ်သည် သီသီကလေးနှင့် လွဲမှားတတ်လေသည်။ ဆရာတော်
ဘုရားကြီးသည် ဆရာကောင်းကြီးများကို အမှီရတော်မူသဖြင့် ပဋိပတ္တိ လောက၌
အားထားထိုက်သော ဆရာမြတ် တစ်ဆူ ဖြစ်တော်မူပါပေ၏။

ထိုကဲ့သို့သော စွယ်စုံ အရှင်မြတ်ကြီးများပင်သော်မှ ရံခါ ရုတ်တရက် အဆုံးဖြတ်ရ
ခက်သော လှည့်စားမှုကလေးများနှင့် တွေ့ကြုံရတတ်ပေသည်။ တရားထူး မရဘဲလျက်
ရလေဟန် အထင်မှား၊ အမြင်မှား (အဓိမာန-ဖြစ်ခြင်း, အမွှေဓာတ်ဝင်ခြင်း)များ ဖြစ်တတ်ပုံ


## PAGE 644

.၅၉၀.


ဓမ္မာစရိယ ဦးဌေးလှိုင်

ကို “နိဗ္ဗာန် ပေါင်းချုပ်ကျမ်း” ၌ ရေးသားထားသည်ကို နောက်ဆက်တွဲအဖြစ် မူရင်းအတိုင်း
ဖော်ပြထားပါသည်။ ယောဂီတိုင်း သတိမူကြရန် ဖြစ်ပါ၏။

(ဆရာတော် ဘုရားကြီး၏ မှတ်စု လက်ရေးစာအရ လည်းကောင်း၊ ဦးကာငြိမ်း
စသူတို့၏ ပြောပြချက်အရ လည်းကောင်း၊ လောကီ တန်ခိုး ရှင်များနှင့် တွေ့ပုံ၊
နာနာဘာဝများနှင့် တွေ့ပုံ၊ သိမ်တောင် ဘုရား မတည်မီက ဓာတ်တော်များ
ရောင်ခြည် ကွန့်မြူးပုံ၊ ကျောင်းအမိုး ပြိုကျမည်ကို ကြိုတင်သိမြင်၍ ရုတ်တရက်
တပည့်များကို ခေါ်ပြီး အပြင်ကြွသွားပုံ စသော ထူးဆန်းအံ့သြဖွယ်၊ ကြည်ညို
ဖွယ်များမှာ လူတိုင်းလည်း သဘောကျသက်ဝင်နိုင်မည် မဟုတ်၍ မရေးလိုက်
တော့ပြီ။)

ထူးခြားသော မှတ်တမ်း လက်ရေးမူ

ပြဆိုခဲ့သည့်အတိုင်း ဆရာတော်ဘုရားကြီး အကြောင်း အားလျော်စွာ ဗလာစာအုပ်များ၌
ခဲတံဖြင့် မှုန်တိမှုန်ဝါ· ရေးသားထားသည်များကို ဖတ်ရှုရရာ ရှေးလူကြီးများ၏ စပ်စပ်စုစု
မှတ်သားထားတတ်ပုံများကို တွေ့မြင်ရသည်။

အနာဂတ် သာသနာအကြောင်းများလည်း ပါ၏။ တရားအကြောင်း ရေးထားသည်မှာ
အများဆုံး ဖြစ်သည်။ အဆိုပါ တိုတိုထွာထွာ မှတ်စုမှတ်ရာတို့ကွင် အောက်ပါ စာတစ်ပိုဒ်သည်
စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်၏။

ထိုစာပိုဒ်တွင် လောကတ္ထ စရိယာ အမျိုးသားရေး ကိစ္စလည်း ပါ၏။ ဆရာတော်၏
တရားနှင့် စပ်သော ပုဂ္ဂလိကရေးရာလည်း ပါ၏ဟု ယူဆရပေမည်။

“၁၃၀၈-ခု၊ နတ်တော်လပြည့်၊ တနင်္ဂနွေနေ့ ည လ, ငပုပ် ဖမ်းသည်။ အထူး
မြန်မာလူမျိုးများ ကောင်းမည်း

၎င်းလပြည့်ကျော် သုံးရက်၊ ဗုဒ္ဓဟူးနေ့၊ ဘုရားဖြစ်၍ မာရ်ငါးပါး အောင်ဘော်
မူသောနေ့၊ သံဃာတော် ၃၁-ပါးတို့ကို သံဃာ့ဒါန ဆွမ်း လုပ်ကျွေးပြီးလျှင်
ဆည်ကြီးတောရ ရေသိမ်၌ အဗ္ဗာန ကံဆောင်၍ ထမြောက်အောင်မြင်၍
အထွတ်အထိပ်သို့ ရောက်လေသည်။

(ဤစာသည် မည်သည့် အကြောင်းအရာနှင့်မျှ မဆက်စပ်။ သီးသန့် တစ်နေရာ
စာတစ်ရွက်၌ ရေးထားသည်။)

သိမ်တောင်တောရ ဂိုဏ်းကြီး၏ ဒုတိယ နာယက သြဝါဒါစရိယ ဖြစ်တော်မူသော
ဆည်ကြီးတောရ ဆရာတော် ဘုရားကြီးသည် သက်တော် ခုနစ်ဆယ့်ရှစ်နှစ် (၇၈) အရ
၁၃၁၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄-ရက်နေ့၊ နံနက် ခုနစ်နာရီအချိန် စုတိကမ္မဇရုပ်
ချုပ်ငြိမ်းတော်မူ၍ ပြာသိုလပြည့်နေ့ စတုဒိသာ ကျွေးမွေး၍ သက်တော်စေ့ သင်္ကန်းဒွိစုံ
လှူဒါန်းခြင်း၊ တရားပူဇော်ခြင်းများဖြင့် အန္တိမဈာပနပွဲသဘင် ဆင်ယင်ကြလေသတည်း။

## PAGE 645

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


ရဟန္တာမကလေး

ဝီတိက္ကမကိလေသာ ကွယ်ငုပ်စဉ် အရိယာ ထင်သော သာဓက ဝတ္ထုများ]
ယခုအခါ တရားအားထုတ်ကြသော ရဟန်းရှင်လူ သီလရှင်အပေါင်းတို့ အထူးသတိပြုရန်
အချက်ကြီးများကို ဖော်ပြပေအံ့။

စာပေကျမ်းဂန် တတ်သိလိမ္မာကြပြီးသော ရဟန်းတော် ဆရာတပည့်နှစ်ပါးသည်
တရားကို သက်စွန့် ကြိုးပမ်း အားထုတ်တော်မူကြရာ မဂ်လေးပါး ဖိုလ်လေးပါးကို ရပြီဟု
ထင်မှတ်ကြ၍ ဆရာတပည့် နှစ်ဦးသဘောတူဆုံးဖြတ်ထားကြပြီး ယခု ကျမ်းစာရေးသော
ဆရာတော်ထံလာ၍ လျှောက်ထားသောကြောင့် ဒိဋ္ဌ တွေ့ရပေသည်။ ဆရာတော်က 'ပြန်၍
အမိန့်ရှိသည်မှာ....

“တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာ ဉာဏ်သည် လွန်စွာထက်မြက်စူးရှ၍
ရင့်သန်အားကောင်းနေသည့်အခါ ရုပ်,နာမ်အပေါ်၌ လွန်စွာ ဒုက္ခ ထင်မြင်သော ဒဏ်ချက်
ကြီးနေသောကြောင့် ကာယကံ-ဝစီကံ ကျူးလွန် သောင်းကျန်းသော ကိလေသာနှင့်
မနောကံဘုံ၌ ဖြစ်သော ပရိယုဋ္ဌာန ကိလေသာတို့သည် ကွယ်ငုပ်နေတတ်သည်။

ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ထက်သန် အားကောင်းနေသမျှ ကာလပတ်လုံး
တစ်လ….ငါးလတစ်နှစ်...ခုနစ်နှစ် စသည်ဖြင့် ဝီတိက္ကမကိလေသာတို့သည် ကွယ်ငုပ်

နေတတ်သည်။

“အနုသယ ကိလေသာကို မဂ်ဖြင့် တကယ်မပယ်သေးဘဲ မိမိစိတ်က “အဓိမာ
ဖြစ်၍ ဆုံးဖြတ်ထားတတ်သည်” ဟု (ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး က
ဆုံးမတော်မူဖူးကြောင်းကို) တရားသဖြင့် ဟောပြောလိုက်ပေသည်။

ထိုကဲ့သို့ ဟောပြောသော်လည်း မိမိတို့ ထင်မြင်ချက်ကို မလျှော့သေး။ ထို့နောက်
ဆရာတပည့်နှစ်ပါးတွင် တပည့်ဖြစ်သော ရဟန်းနှင့် တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်
တစ်ယောက် တွေ့ကြရာ တရားအားထုတ်ရာ၌ မိမိတို့ ဖြစ်ပျက်ပုံ အလုံးစုံကို သုံးရက်
လေးရက် ဆင့်၍ နှီးနှောဆွေးမံနွေး ကြသောအခါကျမှ မိမိတို့ မဂ်လေးဆင့် ဖိုလ်လေးဆင့်
ဆုံးဖြတ်ထားသည်ကို မဟုတ်ကြောင်းသိ၍ ဆရာတပည့် တရားကို ပြန်အားထုတ်ရသည်ကို
ဆရာတော်အား ပြန်၍ တစ်ဖန် .လျှောက်ထားသောကြောင့် သိရပြန်သည်။

ထို့ပြင် တစ်ရပ် ရသေ့ဥပါသိကာမတစ်ယောက်နှင့် လူဝတ်ကြောင် ဥပါသိကာမ
တစ်ယောက်၊ ထိုနှစ်ယောက်သော ယောဂီပုဂ္ဂိုလ်တို့တွင် ရသေ့မကလေးကို ဆရာက
မဂ်လေးဆင့် ဖိုလ်လေးဆင့်တက်၍ “ရဟန္တာမ” ဖြစ်နေပြီဟု ဆုံးဖြတ်ပြီး တစ်ကျောင်းတိုက်လုံးရှိ
ရဟန်း-ရှင်လူသီလရှင်များကို ခေါ်၍ ရှိခိုးခိုင်းသည်။ မယုံကြည်၍ ရှိမခိုးကြပေ။

ထိုအကြောင်းကို ဆရာတော်ထံ လာလျှောက်၍ သွားစစ်ရသောကြောင့် ဒိဌ
တွေ့ဖူးရလေသည်။

ထို့ပြင် လူဝတ်ကြောင် ဥပါသိကာမ ယောဂီ ပုဂ္ဂိုလ်ကစ်ယောက်သည် တရားကို

40-12
