## PAGE 646

•


၅၉၂ -

ဓမ္မာစရိယ ဦးဌေးလှိုင်

သက်စွန့် ကြိုးပမ်း အားထုတ်ပြီး ဝိပဿနာဉာဏ် လွန်စွာရင့်သန် အားကောင်းလာသောအခါ
ကြမ်းတမ်းသော ကိလေသာတို့သည် ကွယ်ငုပ်နေသောကြောင့် မိမိစိတ်သည် လွန်စွာ
စင်ကြယ် တည်ကြည်လှသဖြင့် “အဓိမာန” ဖြစ်၍ မိမိကိုယ်တိုင် မဂ်လေးဆင့် ဖိုလ်လေးဆင့်
ရပြီဟု ဆုံးဖြတ်ပြီးလျှင် လာသမျှ ရဟန်းရှင်လူအပေါင်းတို့ကို တရားဟောနေရာ ရက်-
လပေါင်း အတော်ကြာမှ ဆရာတော်ထံ ဝန်ထောက်ကတော် တစ်ယောက်နှင့် ထိုယောဂီမ၏
အစ်မများက တရားနှီးနှောရန် ခေါ်လာ၍ တွေ့ ရပေသည်။

ကိုယ်ရုံမှာ သီလရှင်များ ကိုယ်ရုံထက် အသွေးရင့်သည်။ ဆရာတော်နှင့် အတောင်
ငါးဆယ်လောက် ကွာသော အရပ်မှ လာနေသည်မှာ နာရီဝက်လောက် ကြာလိမ့်မည်ဟု
ထင်ရပေသည်။ သတိပဋ္ဌာန်အချိုးကျကျ စိတ္တုပ္ပါဒ် အစဉ်အတိုင်း မှတ်၍ လာနေသည်။
ထိုယောဂီမ၏ အမူအရာ မြင်ရသည်မှာ လွန်စွာ ကြည်ညိုဖွယ် ဖြစ်ပေသည်။ ဆရာတော့်
ရှေ့ ရောက်သောအခါ ဝတ်ချနေသည်မှာ မပြီးနိုင်အောင် ဖြစ်ပေသည်။ ထိုယောဂီ
ဥပါသိကာမလေးကို ဆရာတော်က-

“ယောဂီ ဥပါသိကာမကလေး။ မိမိအားထုတ်သော တရားများကို ကြည်ညိုလို၍
လျှောက်စေလိုသည်” ဟု အမိန့်ရှိရာ အစ-အလယ်-အဆုံး သုံးပါးလုံး ပြေပြစ် သိမ်မွေ့
နက်နဲစွာ လျှောက်ထားနေသည်မှာ နှစ်နာရီထက်မနည်း ကြာလိမ့်မည် ဟု ထင်မိပေသည်။
ဂေါတြဘူဇော၊ မဂ်ဇော၊ ဖိုလ်ဇော ဖြစ်ပေါ်ပုံနှင့်တကွ မဂ်လေးဆင့် - ဖိုလ်လေးဆင့်
ဖြစ်ပေါ်ပုံများပါ လျှောက်ထားလေသည်။ (ဆရာတော် အထူး ကြည်ညို၍ သာဓု-သာဓု-
သာဓု သုံးကြိမ် ခေါ်မိလေတော့သည်။)

လျှောက်ထားသလောက် မဟုတ်သေးသော်လည်း ပုထုဇဉ် အနွယ် ပြတ်လောက်ပြီဟု
ယုံကြည်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဝိပဿနာအရာမှာ ထိုမျှလောက် သိမ်မွေ့
နက်နဲသော အရာဌာနများကို ချောမောစွာ သဘာဝဓမ္မကျအောင် အစ,အလယ်,အဆုံး
အစစ်ခံနိုင်သော ပုဂ္ဂိုလ် မတွေ့ ဖူးသလောက် · ဖြစ်ပေသည်။ သို့အတွက် ဆရာတော်က
`သာဓု ခေါ်မိပေသည်။ တကယ် အစစ်ခံသည့်အတိုင်း ရဟန္တာမ, ဖြစ်ခဲ့လျှင် ယခုလောက်
´ရက်လ-ကြာအောင် မနေနိုင်ဟု စာနှင့်တိုက်ကြည့်ပေသည်။

ထို့နောက် ဆရာတော်က အနုသယ ခုနစ်ပါးသည် ၃၁-ဘုံ၌ ခန္ဓာငါးပါးကို
ဖြစ်စေတတ်သော မျိုးစေ့ အစစ်အမှန် ဖြစ်ကြောင်းနှင့်တကွ အနုသယများ၏ သဘာဝ
ဓမ္မငုပ်ကိန်းပုံ ဖြစ်ပေါ်ပုံများကို သေချာကျနစွာ ဟောပြပေးသည်။ အနုသယ၏ သဘာဝ
ဓမ္မများကို အလျင်က မနာဖူးသေးသောကြောင့် အထူးသဖြင့် သဘောကျသွားပေသည်။

ထိုယောဂီ ဥပါသိကာမလေးသည် တရားဟောပြီးနောက် နှစ်နှစ်လောက် ရှိသော
အခါ လူတို့၏အမူအရာ ပုတီး လက်ကောက် စသော အဆင်တန်ဆာများ အပြည့်အစုံ
ဝတ်ဆင်၍ အလှူတစ်ခုမှာ သံဃာတော်များအား လှူဒါန်းနေသည်ကို ဆရာတော်ကိုယ်တိုင်
တွေ့မြင်ရရာ ဆရာတော်မှာ များစွာ သံဝေဂဖြစ်မိပေသည်။ နောက်မှ စဉ်းစား၍ “ဘုရား
လက်ထက်တော်က သောတာပန် ကျောင်းအမကြီး “ဝိသာခါ” ကဲ့သို့ ဖြစ်နေမလား မသိရ’


## PAGE 647


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၉၃

ဟု စိတ်ကိုဖြေရပေသည်။ ထိုနောက် အိမ်ထောင်ပြု၍ သားသမီးတွေနှင့် ဖြစ်ကြောင်းကို
သူ၏မိတ်ဆွေ ဝန်ထောက်ကတော်ကြီးကပြော၍ သိရပြန်သည်။

“မဂ်ဖိုလ်လေးဆင့်ရပြီ” ဟု ဆရာကဆုံးဖြတ်ထားသော ရသေ့မကလေးလည်း ထို
ယောဂီမကလေးနှင့်တူစွာ အိမ်ထောင်ပြုသွားသည်ကို သူ၏အစ်မရင်းက ဆရာတော်ကို
လျှောက်ထား၍သိရပေသည်။ ဆုံးဖြတ်သောပုဂ္ဂိုလ်သည် တရားအားထုတ်နေသော ဆရာကောင်း
တပည့် စာတတ်ပုဂ္ဂိုလ်ဖြစ်၍ ဆရာတပည့် “မဂ် လေးဆင့်ရပြီ' ဟု သဘောတူ ဆုံးဖြတ်
ထားသော ပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။

သို့အတွက် ယခုအခါ တရားအားထုတ်ကြသော ယောဂီပုဂ္ဂိုလ်အပေါင်း သူတော်ကောင်း
တို့သည် ယခုရေးသားဖော်ပြခဲ့သော အချက်ကြီးများကို သတိတရားကြီးစွာထား၍ စဉ်းစား
ကြစေလိုသည်။ ဆိုခဲ့ပြီးသော အရာမျိုး၌ ဆရာရော တပည့်ပါ သဘာဝဓမ္မကို ပိုင်ပိုင်နိုင်နိုင်
သိဖို့ရန် လွန်စွာ ခဲယဉ်းလှပေသည်။

ထို့ကြောင့် “ဥပရိပဏ္ဏာသ ပါဠိတော်၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော်' ကြီးများ၌
ဟောကြားဆုံးမတော်မူသော အရိယာ ဖြစ်ခြင်း အင်္ဂါများကို စေ့စေ့စပ်စပ် ကြည့်ရှုမှတ်သားပြီး
မှ မိမိသန္တာန်၌ ပယ်ပြီးသော တရားများတွင် “ဘယ်တရားများကို အကြွင်းအကျန်မရှိ
ပယ်အပ်ပြီးလေပြီ။ ဘယ်တရားများကား ဝိပဿနာ ရင့်သန်နေဆဲဖြစ်၍ တဒင်္ဂ အားဖြင့်
ကွယ်ငုပ်နေကြသည်' ဟု အမြင်မှန်ရအောင် ဉာဏ်ဖြင့် အဖန်ဖန် သုံးသပ်ဆင်ခြင်အပ်လှ
ပေသည်။

ထိုသို့ သုံးသပ်ဆင်ခြင်မှု မရှိသဖြင့် ဝိပဿနာ ဉာဏ်အမြင် အားနည်း၍ ဗဟိဒ္ဓ၌
လွန်စွာ ချစ်ခင် နှစ်သက်ဖွယ်ရှိသော အာရုံငါးပါးတို့နှင့် တွေ့ မြင်ထိခိုက် လုံးထွေးမိကြသော
အခါ တစ်ဖန်ပြန်၍ စိမ်းရှင်ခြင်းငှာမဖြစ်နိုင်၊ အသေကြီးပဲဟု မှတ်ထင်လောက်အောင်
တစ်နွေလုံး ခြောက်နေသော သစ်ပင်ကြီးသည် မိုးရွာ၍ ရေသောက်မြစ်ကို ရေနူးနူးနပ်နပ်
စိုလာသောအခါ ရေသောက်မြစ်မှ တစ်ပြန်၍ ဓာတ်ဆီသြဇာတက်ပြီးလျှင် အညွန့်၊
အရွက်၊ အခက်၊ အလက်၊ အပွင့်၊ အသီးတွေ ပင်လုံးကျွတ် ဝေဆာအောင် ထွက်ပြီး
စိမ်းရှင်ခြင်း အဖြစ်သို့ တစ်ဖန် ရောက်၍ လာပြန်သကဲ့သို့ ထိုသစ်ပင်နှင့်မခြား ယောဂီပုဂ္ဂိုလ်တို့
စိတ်မှာ တဒင်္ဂအားဖြင့် ကွယ်ငုပ်နေသော အနုသယများကို ဆရာတပည့်ဖြစ်သူတို့ စိတ်မှာ
တကယ်ပင်အမြစ်ပြတ်လေပြီဟု ထင်မှတ်၍ သဘောတူဆုံးဖြတ်ထားကြသည်ကို ဆရာတော်
ကိုယ်တိုင် တွေ့ဖူးသဖြင့် ထင်ရှားစွာ ရေးသားပြခဲ့လေပြီ။

(၎င်းသာဓက ဝတ္ထု အဋ္ဌပတ္တိများကို တွေ့ ခဲ့သည်မှာ ၃၅-နှစ်မျှ ရှိပြီ။

အချို့မှာ ဆရာကဆုံးဖြတ်ထားတတ်သည်။ အချို့သော ယောဂီပုဂ္ဂိုလ်တို့မှာ ကိုယ့်ဟာ
ကိုယ် အထင်မှား၍ ဆုံးဖြတ်ထားတတ်သည်။ ထိုအရာ၌ သံဘမမ္မကို ကျင်္န ပိုင်ပိုင်
နိုင်နိုင် သိကြရန်မှာ အလွန်သိမ်မွေ့ သော အရာဌာန ဖြစ်၍ သဒ္ဓါတရားကို ရှေ့သွားမပြုဘဲ
ပညာတရားကိုသာ ရှေ့သွားပြု၍ အဆုံးအဖြတ် အရေးမကြီးဘဲ ကောင်းမွန် ဖြောင့်မှန်စွာ
သိရှိကြရန် “ ဥပရိပဏ္ဏာသ ပါဠိတော် ” … ကြီး၌ ဟောတော်မူသော ‘ဆဆက္ကသုတ်၊

နှမကြိမ်

## PAGE 648


ဓမ္မာစရိယ ဦးဌေးလှိုင်

ဗဟုဓာတုကသုတ်” တော်မြတ်ကြီးများကို ကြည့်ရှုမှတ်သားပြီး အကြွင်းအကျန်မရှိ ပယ်ပြီးသော
တရား၊ ငုပ်လျှိုးနေသောတရား၊ လုံးလုံး ကြွင်းကျန်သောတရားများကို သေချာစွာ တိုက်ဆိုင်
စစ်ဆေးကြည့်ပြီး ဟုတ်တိုင်းမှန်စွာသိရှိမှ ဆရာတပည့် နှစ်ဦးလုံး စိတ်ချလက်ချ ဆုံးဖြတ်ရန်
သင့်သည်ဟု ထင်မှတ်ပေသည်။

ထိုကဲ့သို့ မှန်ကန်သောအတိုင်း သိပြီးသောနောက်၌ပင် အစစအရာရာ အကဲခတ်၍
တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ လေးငါးခြောက်နှစ်၊ ခုနစ်နှစ်လောက် ကျအောင် ကံသုံးပါး
အမူအရာ ဟူသမျှကို ကြည့်ရှု ဆင်ခြင်နေရဦးမည်။ ထိုကဲ့သို့ ဆင်ခြင်ကြည့်ရှု၍ တစ်စုံတစ်ရာမျှ
မသင့်မတင့်သော အမူအရာများ မပေါ်ပေါက်မှ စိတ်ချရမည်၊ ထိုမျှလောက် သိမ်မွေ့
နက်နဲခက်ခဲသော အရာဌာန ဖြစ်သောကြောင့် သာမန် ဖြစ်သော အရာတို့သည် မဆုံးဖြတ်အပ်
မဆုံးဖြတ်ထိုက်ပေ။ ကြပ်ကြပ်သတိရှိကြပါ ယောဂီ ပုဂ္ဂိုလ်အပေါင်း သူတော်ကောင်းတို့။

သစ်ပင်အခြောက်ကြီးက ပြန်၍ အတက်၊ အခက်၊ အပွင့်၊ အသီးတွေ ဝေဆာအောင်
ပေါ်ပေါက်လာသကဲ့သို့ ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ လွန်စွာ နှစ်သက်လောက်အောင်
အာရုံငါးပါးတို ့နှင့် တွေ့ထိ လုံးထွေးမိသောအခါ အနုသယဓာတ်ငုပ်တွေ ဝေဆာအောင်
ထွက်ပေါ်လာတတ်သည်ကို များများကြီး သတိရှိကြပါကုန်။

(ဤကား ဝိပဿနာ အရာ၌ အရေးအကြီးဆုံး လိုရင်းပဓာန အချက်ကြီး
ဖြစ်၍ မေတ္တာတရား ရှေ့ထားကာ ထင်ရှားစွာ ရေးသားဖေါ်ပြခြင်းပေတည်း။)
