## PAGE 649


သပိတ်အိုင်တောရဆရာတော် ဦးကိတ္တိ
(၁၂၅၅-၁၃၃၁)

ဆရာတော်သည် ၁၂၈၈-ခုနှစ်မှစ၍ ၁၃၃၁-ခုနှစ် ပျံလွန်တော်မူသည်အထိ နှစ်ပေါင်း
လေးဆယ်ကျော် သပိတ်အိုင်တောရ၌သာ တစ်ပါးတည်း သီတင်းသုံးတော်မူ၏။ သပိတ်အိုင်
တောရကား သထုံခရိုင် (သထုံမှ ၂၈-မိုင်၊ မုတ္တမ မရောက်မီ ၁၀-မိုင်အလို) ပေါင်မြို့နယ်
ကျုံကရွာကို ဂေါစရဂါမ်ပြုသည်။

ရဟန္တာဖြစ်တာ နတ်တွေ သိသလား

၁၃၁၆-ခုနှစ် ကဆုန်လကွယ်နေ့က ဖြစ်၏။ ကတွန်က ဦးထွန်းကြိုင်၊ ဦးဘိုးကျော့နှင့်
ကျုံကရွာ ကျောင်းဆရာ ဦးဂျာအေး (ဆရာတော့်ထံ ကပ္ပိယလုပ်၍ နောင်တွင် ရဟန်းပြုသူ)
တို ့ ဆရာတော်ထံ အဖူးအမြော် ရောက်လာကြခိုက်-

"

“ဆရာတော်ဘုရား၊ တပည့်တော်များ ပြီးခဲ့တဲ့သင်္ကြန်တွင်းက ဒေးပရိမ်း သရက်တောရွာ
တောရကျောင်းကို ဥပုသ်စောင့်သွားကြပါတယ်ဘုရား၊ သရက်တော ဘုန်းကြီးက “သပိတ်အိုင်
ဆရာတော်ဟာ ရဟန္တာ ဖြစ်နေပြီလို ့ နတ်ကြီးများက ငါ့ကို လာလျှောက်ကြတယ်' လို့
အမိန့် ရှိပါတယ်ဘုရား။

“သရက်တော ဘုန်းတော်ကြီးက သပိတ်အိုင်ကို လာချင်တယ်လို ့လဲ အမိန့် ရှိလိုက်
ပါတယ် ဘုရား” ဟု လျှောက်ထားကြသည်။ ဆရာတော် မည်သို ့ အမိန် ့ရှိလေမည်ကိုလည်း
မျှော်လင့်နားစွင့်နေကြ၏။ ဆရာတော်က အတန်ကြာ စဉ်းစားပြီးနောက်-

“ဒကာကြီးတို ့ ပြန်သွားတဲ့အခါ လျှောက်လိုက်ကြ၊ အရေးတကြီး မလာပါစေနဲ့ဦး၊
နောက်တော့လဲ တွေ့ ကြရမှာပေါ့၊ ဒီလိုသာ လျှောက်ထားလိုက်” ဟုသာ မိန့်တော်မူ၏။
ထိုအတိုင်းပင် လျှောက်ထားကြရာ သုံးရက်ခန့် ကြာလျှင် သရက်တောဘုန်းကြီးထံမှ
ဒကာကြီးများထံ သတင်းပို့လိုက်၏။

“ဘုန်းကြီးကျောင်းထဲမှာပဲ သပိတ်အိုင် ဆရာတော်ကို ဖူးတွေ့ ရပြီးပါပြီ” ဟူ၏။
၁၃၁၈-ခုနှစ် ကဆုန်လဆန်း ၉-ရက်နေ့ တွင် သရက်တောဘုန်းကြီးသည် သပိတ်အိုင်
တောရကျောင်းသို ့ ရောက်လာ၏။ ထိုအခါ သပိတ်အိုင်ဆရာတော်က ဧည့်ခံနှုတ်ဆက်
ပြောဟောလျက်က-

“သရက်တောဘုန်းကြီး၊ တပည့်တော်ကို ဖူးတွေ့ ရပြီးပါပြီလို့ သတင်းပြန်ပို့ လိုက်တယ်
ဆိုတာတော့ ဟုတ်ပါပြီ။ အရှင်ဘုရား ဖူးတွေ့ ရတယ်ဆိုတဲ့ ဘုန်းကြီးဟာ တပည့်တော်ကော
ဟုတ်ပါရဲ့လား” ဟု ဆရာတော်က ပြုံးရွှင်စွာဖြင့် မေးတော်မူရာ-


## PAGE 650


၅၉၆

ဓမ္မာစရိယ ဦးဌေးလှိုင်

“ဟုတ်လိုက်သမှ ဆရာတော်ဘုရား၊ သည်အတိုင်းပါပဲ၊ နည်းနည်းလေးမှ မလွဲပါဘူး”
ဟု ပြန်လျှောက်လိုက်သည်။ ဆရာတော်ကား ထိုအကြောင်းကို မည်သို့မျှ အမိန့်မရှိဘဲ-
“နေစမ်းပါဦး၊ အရှင်ဘုရားကို နတ်ကြီးတွေက ပြောတယ်ဆိုတာ ဘယ်တုန်းကလဲ၊
အရှင်ဘုရား ရက်နဲ့ မှတ်မိသေးသလား၊ နောက်ပြီး သူတို့လာလျှောက်တဲ့အချိန်မှာ
အရှင်ဘုရားကော ဘာလုပ်နေသတုန်း” ဟု စကားလှီးလွှဲ ကာ ဆက်၍ မေးတော်မူပြန်သည်။
ထိုအခါ သရက်တောဘုန်းကြီးက-

“မှတ်မိပါပြီလား ဆရာတော်ဘုရား။ ၁၃၁၅-ခုနှစ် သီတင်းကျွတ်လဆန်း ၆-
ရက်နေ့ ည ၇- နာရီလောက်ကပါ။ အဲဒီအချိန်မှာ တပည့်တော်လဲ တရားအားထုတ်နေခိုက်
ဖြစ်ပါတယ်။”

သပိတ်အိုင် ဆရာတော်သည် သရက်တော ဘုန်းကြီး ဝမ်းသာအားရ လျှောက်နေသည်ကို
တည်ငြိမ် အေးဆေးစွာနားထောင်တော်မူနေ၏။ သရက်တောဘုန်းကြီးက ဆက်၍ လျှောက်
ပြန်သည်။

“လာရောက်တဲ့ စုံတွေဟာ အောက်နတ်ကလေးများတောင် မဟုတ်ပါဘုရား၊
နတ်မင်းကြီးများ ဖြစ်ပါတယ်။ သူတို့ဟာ ကောင်းကင်က လာပြီး “ကြိုးစားပြီးသာ
အားထုတ်ပါ. စိတ်မလျော့လိုက်ပါနဲ့ ။ သပိတ်အိုင် ဆရာတော်ဖြင့် ရဟန္တာဖြစ်တော်မူသွားပြီ
အရှင်ဘုရား” လို့တောင် အားပေးသွားပါသေးတယ်” ဟု လျှောက်လေသည်။ ဤနေရာ၌
ယောဂီကို သတိပြုရမည်မှာ နတ်ဟုပြောတိုင်းလည်း ယုံကြည်အပ်သည် မဟုတ်၊ နတ်တိုင်းလည်း
အသိဉာဏ်ရှိသည် - မမှတ်ရ။

သရက်တော ဘုန်းကြီးလည်း ဆုံးမစကားများ မှတ်သား နာယူပြီးနောက် မိမိကျောင်းသို့
ပြန်ကြွသွားလေ၏။

၁၃၁၇-ခုနှစ် သီတင်းကျွတ်လျှင် ကျုံကရွာ ပတ်ဝန်းကျင်ရှိ တောတောင်တို့၌
အသီးသီး မိမိတို့နှင့် သင့်မြတ်လျောက်ပတ်ရာ သီတင်းသုံး၍ တောရဆောက်တည်နေကြသော
ကမ္မဋ္ဌာန်းယောဂီ ဘုန်းကြီး ခုနစ်ပါးတို့ သပိတ်အိုင် တောရသို့ ဆုံစည်း ကြွရောက်လာကြသည်။
ဝါကျွတ်ကာလ ဖြစ်၍ ကန်တော့ကြရန်ဖြစ်၏။ အဆုံးအမ နာယူကြရန်လည်း ဖြစ်၏။

ထိုအခါ ဆရာတော်က အာဂန္တုက ဘုန်းကြီးများအား တရားစကား ဟောကြား
ဆုံးမသည်။ သတ္တဝါတို့သန္တာန်၌ တစ်သံသရာလုံးက ငုပ်ကွယ် ကိန်းဝပ်နေသော ကိလေသာ
ဆယ်ပါး ---သယ ဓာတ်များနှင့် စပ်၍ အမိန့်ရှိရာတွင် ဆရာတော်က-

“အရှင်ဘုရားများ၊ ယော် တစ်ဦးရဲ့ သန္တာန်မှာ ပရိယုဋ္ဌာနခေါ်တဲ့ ကိလေသာ
ထကြွလာတာကို နတ်များ သိနိုင်သလား၊ မသိနိုင်ဘူးလား၊ ဘယ်လို ယူဆကြသလဲ” ဟု
မေးတော်မူရာ-

"

“သိနိုင်မှာပါပဲဘုရား” ဟု လျှောက်ကြ၏။

“ဒါဖြင့် ယောဂီမှာ ကိလေသာစိတ် ဖြစ်ပေါ်နေတယ်ပဲဆိုပါတော့။ အဲသလို
ကိလေသာစိတ် ဖြစ်ပေါ်လာတဲ့ အခါမှာကော နတ်များဟာ သိနိုင်သလား၊ မသိနိုင်ဘူးလား”


## PAGE 651


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

“ဒါလဲ သိနိုင်မှာပါပဲဘုရား”

၅၉၀

ဆရာတော်သည် အဟန်ငယ် စဉ်းစားနေ၏။ အာဂန္တုက ယောဂီ ဘုန်းကြီးများ
မျက်နှာကိုလည်း မသိမသာ တစ်ချက် လှမ်းကြည့်ပြီးနောက်-

..

“အေး ဒါကြောင့်ပဲလား မဆိုနိုင်ဘူး။ တပည့်တော်မှာ ၁၃၁၂-ခုနှစ်ကစပြီး ၁၃၂၁-
ခုနှစ်အထိ ကိလေသာ ထကြွလာတယ်ရယ်လို ့ တစ်ခါမျှ မဖြစ်ဖူးဘူး။ ကိလေသာစိတ်
ဖြစ်ပေါ်လာတယ်ရယ်လို ့လဲ တစ်ခါမျှ မရှိဖူးဘူး” ဟု အမိန့်ရှိတော်မူ၏။ . .
ဆရာတော်သည်` စကားကို အတန်ကြာ ရပ်ဆိုင်းပြီးနောက် ဆက်၍-
“ဒီအကြောင်းကိုလဲ နတ်ကြီးများက သိရှိလို့ ဒေးပရိမ်း သရက်တောက တောရဘုန်းကြီ
ဦသုန္ဒရကို သွားပြီး ပြောကြတယ် ထင်ပါရဲ့” ဟု မယုတ်မလွန် ဆုတ်သာ တက်
အမိန့်ရှိတော်မူ၏။

အဘယ်သို့သော ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှု မည်သို့ ရှိသည်ကို
မြင်တော်မူ၍ မိန့်ဆိုကြောင်းကား အတပ်မဆိုသာချေ။ “တစ်ချက်ခုတ် နှစ်ချတ်ပြ”
အကျိုးကျေးဇူးရှိ၍သာ မိန့်တော်မူသည်ဟု ယူဆရပေတော့သည်။

လောကီအဘိညာဉ် ရသလော

နတ်တို့ ပြောကြားသည့် စကားကိုသာ ဆရာတော်သည် အခိုင်အမာ ယူဆဟန် ရှိ
နတ်တို့ ပြောသည်မှာလည်း ပြောပေလိမ့်မည်။ ကိုယ်ပိုင် အသိဖြင့်ပင် ရဟန်းကိစ္စပြီးကြောင်း
ယူဆတော်မူပုံရ၏။ လာရောက် ကန်တော့ကြသော ယောဂီ ဘုန်းကြီးများကိုလည်း အား
စေတော်မူလိုဟန် ရှိသည်။

ဆရာတော်သည် ပရိယတ်လည်း အထူးတတ်ကျွမ်း၏။ ပဋိပတ်လည်း နှစ်ပေါင်းများစွာ
ဧကစာကျင့်သုံးတော်မူသည်ဖြစ်၍ ဆိုဖွယ်မရှိ။

ဆရာတော်သည် စူဠသောတာပန် ဖြစ်ခန်း ဓာတ်ကမ္မဋ္ဌာန်း (ဒီမိုင်းဆိုက် ၁၁၈
မျက်နှာရှိ) ကမ္မဋ္ဌာန်း ကျမ်းတစ်ကျမ်းကိုလည်း ပြုစုတော်မူခဲ့၏။ အခြား ကျမ်းများသ
ရှိသေးသည်ဟု ကြားသိရသည်။ ယင်းကျမ်းပုံနှိပ်သည်မှာ ၁၃-ကြိမ်ပင် ရှိလေပြီ။ ရေးသားသည်
ပြတ်သား၏။ သဘော သဘာဝတ္ထုလည်း ဆိုက်လှပေသည်။

(အတ္ထုပ္ပတ္တိ အကျဉ်းချုပ်လည်း အချို့ အကြိမ် ရိုက်၌ ပူးတွဲ ၏။
ထိုအတ္ထုပ္ပတ္တိကား စင်စစ် ဆရာတော်၏ နေ့စဉ်မှတ်ကမ်း “ဒိုင်ယာရီ” ဖြည
ယူဆရ၏။ ထိုမှတ်တမ်းနှင့် ဓမ္မမိတ်ဆွေများထံမှ ကြားသိရသမျှ အာဉ်ရှိ
ရှေ့နောက် စီစဉ် ရေးသားထားပါသည်။)

သို့ရာတွင် ထိုကျမ်းနိဂုံး၌ ဆရာတော်သည် “ယခုဘဝမှ သေလျှင် ဆိဓမ္မာ
တရားဟောရာ တာဝတိံသာ နတ်ပြည်၌ နတ်သားဖြစ်၍ သစ္စာလေးပါးကို သိပါလို
ဟူ၍ နိဂုံးဆုတောင်းကို ရေးသားခဲ့သည်။ ယင်းသို့ နတ်သားဆုကို တောင်းဖူးသဖြ
