## PAGE 652

၅၉၈


ဘဝ၌ အရိယာ မဖြစ်နိုင်ဟုကား မယူဆကြရာ။

ဓမ္မာစရိယ ဦးဌေးလှိုင်

ယောဂီတို့သည် တစ်ချိန်နှင့်တစ်ချိန် အသိဉာဏ် လုံ့လ ဝီရိယများ တစ်သမတ်တည်း
ရှိနေသည်မဟုတ်။ အမြဲတိုးတက်၍သာ နေတော့သည်။ “ဆုတောင်းခြင်းထက် အလုပ်သာလျှင်
ပဓာန’ ဖြစ်၍ ဝိပဿနာ အလုပ်ကို မဆုတ်မနစ် ကြိုးစားနေပါလျှင် သူဌေးဖြစ်လိုမှု၊
တရားဟောလိုမှု၊ သာသနာ ပြုလိုမှု၊ ဘုရား ဖြစ်လိုမှု စသော မူလက တောင့်တမျှော်ခေါ်
ချက်များသည် တစ်ချိန်နှင့်တစ်ချိန်မတူ၊ တဖြည်းဖြည်း မှေးမှိန်ကွာရှဲ၍ သွားတတ်ကြမြဲပင်
ြစ်သည်။ စစ်ကိုင်း မဟာဂန္ဓာရုံ ဆရာတော်သည် ဘုရားဆုပန်ကြီးပင် ဖြစ်၏။ သို့သော်
ဤယခုဘဝ၌ပင် “အနာဂါမ်ကြီး” ဟု ကျော်ကြားကာ သာဝက ဗောဓိဆုကြီးကို အရယူသွားတော်
မူခဲ့လေပြီ။ ထို့ကြောင့် “တစ်ချိန်က နတ်သားဆု တောင်းခဲ့၍ အရိယာ မဖြစ်ပြီ’ ဟုကား
တစ်ထစ်ချ မယူဆသင့်ပေ။

“ဘဝကျန်သေး၍ ဖြစ်ခြင်း ဖြစ်ရလျှင်' ဟုသာ ဆိုလိုပေ၏။

မည်သို့ဆိုစေ ဆရာတော်သည် လောကီ အဘိညာဉ်လည်း ရတော်မူဟန် ရှိပေသည်။
သရက်တော ဘုန်းကြီးအား မှာကြားသော စကားနှင့် သရက်တော ဘုန်းကြီးထံ ကြွရောက်သည့်
သဘောမှာ ထင်ရှားနေပေသည်။ ယင်းသို့ ကိုယ်ထင်ရှား ကြွရာပြရာ၌လည်း
ဖုဿဒေဝမထေရ်အား မာရ်နတ်က ဘုရားဟန် ဖန်ဆင်း၍ ပြသကဲ့သို့ နတ်များ ပုံတူဆောင်ခြင်း
ဟုတ်ဟန်မရှိပေ။ (ရှေ့၌လည်း ထင်ရှားပါ လတ္တံ့။)

တောထွက်ရန် ငလျင်နှိုးဆော်

ဆရာတော်သည် ၁၂၅၅-ခုနှစ် ကဆုန်လဆန်းသုံးရက် တနင်္လာနေ့ ဖွားမြင်ပေ
မူခဲ့သည်။ ခမည်းတော်မှာ ညောင်လေးပင်မြို့ ဖိုးတုပ်ပုံ အလယ်ရွာဇာတိ’ဦးလုံးတုံး၊ မယ်တော်မှာ
(တောင်ငူခရိုင်) ရွှေကျင်မြို့ အနောက်ရွာဇာတိ ဒေါ်ရွှေနု ဖြစ်၏။ သားသမီး ခုနစ်ယောက်တွင်
ဒုတိယ သားရတနာ၊ ငယ်မည် မောင်ဖိုးသောင်၊

၁၂၇၈-ခုနှစ် တပေါင်းလပြည့်ကျော် လေးရက် နံနက် ရှစ်နာရီခွဲ အချိန်၌
ကြာအင်းရွာ၊ သပြေပင်တောရ ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်၏။ ဘွဲ့ ဦးကိတ္တိ။

ဘုန်းတော်ကြီး ဦးသီလ၊ ညောင်လေးပင်တောရဆရာတော်များ၏ ပရိယတ် ပဋိပတ်
အမွေ ရရှိတော်မူဟန်ရှိသည်။ ယခု ညောင်လေးပင်မြို့ ကြားတောရ ဆရာတော် ဦးဝါသဝသည်
ဆရာတော်၏ တပည့်ကြီးပင် ဖြစ်၏။

ညောင်လေးပင်တောရကြီး၌ ပထမလတ်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးလျှင် အုတ်တွင်းမြို့
ကန်ကလေး တောရသို့ ပြောင်းရွှေ့၏။ ထို၌ ပထမကြီး အောင်မြင်သည်။ ထိုခေတ်က
ပထမကြီးတန်းသာ ရှိသေး၏။ ထို့နောက် ပခုက္ကူ၊ မြင်းခြံ၊ မန္တလေးနှင့် အမရပူရ
မြို့များသို့ လှည့်လည်စာသင်ကာ နိကာယ်ငါးရပ် နေ့ဝါနှင့် အဘိဓမ္မာ ညဝါများကို
အပတ်တကုတ် သင်ယူအားထုတ်ခဲ့၏။


## PAGE 653


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၉၉

ပရိယတ္တိ သင်ကြားစဉ် ကာလတလျှောက်လုံး ပဋိပတ္တိနှင့်စပ်သော မှတ်သားဖွယ်များကို
မှတ်စုထုတ်ပြီး နှုတ်ငုံကျက်မှတ် ရွတ်ဖတ်နေလေ့ရှိသည်။ တောထဲသို့ ရောက်သောအခါ
မည်သည့် စာအုပ်မျှ ကြည့်စရာမလို၊ ကမ္မဋ္ဌာန်းကျမ်းများ၊ ဝိနည်းကံ (သိမ်အဆုံးအဖြတ်)
ဆိုင်ရာ ကျမ်းများကို ရေးသောအခါ မည်သည့် စာအုပ်မျှ မကြည့်ရှုဘဲ ပါဠိ အဋ္ဌကထာဋီကာ
အကိုးအကားများနှင့်တကွ ရေးသားနိုင်သည်အထိ လေ့လာ ကျက်မှတ်ထားတော်မူနိုင်လေသည်။

ရဟန်း ၁၀-ဝါအထိ ပရိယတ္တိ သင်ယူ၍ ၄-နှစ်ခန့် စာချပြီးနောက် ၁၂၈၈-ခုနှစ်
ကဆုန်လဆန်း တစ်ရက်နေ့မှစ၍ ပဋိပတ်ဘက်သို့ လုံးဝ ကူးပြောင်းတော်မူသည်။ ပထမဆုံး
ဘီလူးကျွန်း ရွာလွတ်ရွာအနီး ဂူကလေးတောရ၌ သီတင်းသုံးရန် ဆုံးဖြတ်လိုက်၏။

ဆရာတော်သည် တောထွက်ရန် ဆုံးဖြတ်၍ အားလုံးကို အသိပေး စီစဉ်ပြီး နောက်
နံနက် မီးရထားဖြင့် ခရီးထွက်ရန် သတိဖြင့် ကျိန်းစက်ရာ မီးရထား ဘူတာသို့
သွားချိန်ရောက်သော်လည်း တစ်ကျောင်းလုံး မည်သူမျှ မနိုးကြ။ အိပ်မောကျနေကြ၏။
သွားချိန်တန်သော အချိန်လောက်တွင်မှ တစ်ကျောင်းလုံး သိမ့်သိမ့်ခါသွားအောင်
ငလျင်လှုပ်လေ၏။ ထိုအခါမှ ဦးသုနန္ဒ စသော ပုဂ္ဂိုလ်များ အားလုံး နိုးကာ ဘူတာသို့
လိုက်လံပို့ကြရသည်။

ဆရာတော်ကား မည်သူ အားမျှ မပြောကြားဘဲ “ငါ့အကြံ၊ ငါ့ရည်ရွယ်ချက်တော့
မုချ အောင်ရမည်’ ဟု ယုံကြည်ခဲ့လေသည်။ ပွဲဦးထွက်· နိမိတ်ကြီးပင်တည်း။

ဆရာတော်သည် ဘီလူးကျွန်း ဂူကလေးတောရ၌ တစ်ဝါမျှသာနေ၏။ ထိုနှစ်
နတ်တော်လဆန်း ၁၃-ရက်နေ့မှစ၍ သပိတ်အိုင်တောရ၌သာ ဧကစာ ရာသက်ပန် သီတင်း
သုံးတော်မူသည်။

သပိတ်အိုင်တောရကား ကျွဲခြံမှ သုံးမိုင်ခန့်ကွာဝေးသော ကျုံကရွာအနီး နွားလဘို့
တောင်ခြေ၌ ရှိသည်။ သပိတ်သဏ္ဌာန် စမ်းရေအိုင်ကြီးကို အစွဲပြု၍ သပိတ်အိုင်ဟု
ခေါ်ကြ၏။ လျှိုမြှောင်စိမ့်စမ်းတို့ဖြင့် အေးချမ်းဆိတ်ငြိမ်လှသည်။ သပိတ်အိုင်တောရ၏
လျှိုမြှောင်အနေအထားမှာ ပ-စောက်သဏ္ဌာန် တောင်တန်းကွေးကြီး ဖြစ်၍ ပါးစပ်ဝမှာ
သံလွင်မြစ်လက်တက်အဝ၊ ဘီလူးကျွန်းနှင့် ပင်လယ်ဘက်ဆီသို့ ဦးလှည့်နေလေသည်။
ရေတံခွန်များလည်း တဝေါဝေါ စီးဆင်းနေ၏။

ဆရာတော်သည် ထိုတောရ၌ လေးတိုင်စင် ကျောင်းကလေး၌သာ နေတော်မူ၏။
တောသဘာဝ ပျက်အောင် ရှင်းလင်းပြုပြင်ခြင်းကိုပင် လက်မခံ။ ရာဘာဖိနပ်နှင့် သစ်စေးသုပ်
သပိတ်ကိုပင် သံသယမကင်း၍ အသုံးမပြု၊ သံဖြူသပိတ် နှမ်းဆီသုပ် မီးဖုတ်ပြီး အသုံးပြုသည်။
ဆွမ်းကိစ္စပြီးလျှင် ငါးနှင့် ကျေးငှက်များကို ကိုယ်တော်တိုင် အစာကျွေးလေ့ရှိ၏။ ထိုနေရာသို့
ရောက်စ ၆-ရက်လုံးလုံး ဆွမ်းဟင်းမပါသော ဆွမ်းကိုသာ ဘုဉ်းပေးတော်မူရသည်။


## PAGE 654

sco


ဓမ္မာစရိယ ဦးဌေးလှိုင်

တောတိရစ္ဆာန်ရိုင်းများ ယဉ်ပါးလာ

“တစ်ဦးမေတ္တာ တစ်ဦးမှာ' ဆိုသကဲ့သို့ ဝေဿန်-မဒ္ဒီ တို့၏ ကျောင်းသင်္ခမ်းတွင်
တောဟိရစ္ဆာန်ရိုင်းများ ယဉ်ပါးကြသည့်နည်းတူ ဆရာတော်၏ သပိတ်အိုင်တောရ ကျောင်း
သင်္ခမ်းတွင်လည်း တိရစ္ဆာန်ရိုင်းတို့ပင် ယဉ်ပါး လိမ္မာကြကုန်၏။

ဆရာတော် ဆွမ်းခံကြွရာတွင်လည်း ဆင်ရိုင်းနှင့် ကျားများ မကြာခဏတွေ့ကြုံ
ရင်ဆိုင်ခဲ့ရ၏။ လမ်းဖယ်၍ပင် ပေးကြသည်။

ဆရာတော်နှင့် တိရစ္ဆာန်ရိုင်းများ အချင်းချင်း နားလည်သကဲ့သို့ ဆက်ဆံနေကြပုံကို
ထိုဒေသရှိ လူတိုင်းလိုလို မြင်တွေ့နေကြရသည်။ တိရစ္ဆာန်များကလည်း “လာ” ဟု
ခေါ်လျှင် လာကြ၍ “သွား” ဟု ဆိုလျှင် သွားကြ၏။ ဆရာတော့် စကားကို နားလည်ကြသကဲ့သို့
ရှိတော့သည်။

အချို့သော ငှက်များ၊ ဆင်များနှင့် တိရစ္ဆာန်ရိုင်းများသည် ဆရာတော်၏ ဖိနပ်
သင်္ကန်းတို့ကို နမ်းရှုပ်၍ ကြည့်ကြသည်။ (“ဓာတ်ကမ္မဋ္ဌာန်းစာအုပ်၌” ပူးတွဲပါရှိသော
ဆရာတော်၏ အဋ္ဌပ္ပတ္တိတွင် တိရစ္ဆာန်များနှင့် ဆက်ဆံပုံကို နေ ့စွဲ ရက်စွဲများနှင့်တကွ
များစွာ ပြဆိုထား၏။)

အနည်းငယ် ထုတ်ဆောင် ညွှန်ပြရသော်-

၁၃၀၂-ခုနှစ် ကဆုန်လဆန်း လေးရက်နေ့ကဖြစ်၏။ ကျောင်းဝင်းအတွင်း၌ ထွန်းလင်း
မောင်ပါ စသူတို့ ဇရပ်ကို လာရောက်မိုးကြရင်း ဇရပ်နှင့်လေးတောင်ခန့် ကွာသော ချုံကို
ခုတ်ထွင်ရှင်းလင်းကြသည်။ ထိုချုံ့၌ရှိနေသော ကျားမကြီးမှာ ထွက်သွား၏။ ကျားသားပေါက်
ကလေး ကျန်နေရစ်သည်။ ဇရပ်မိုးသော သူများက-

66

“ကြောင်ကလေးလား၊ ကျားကလေးလား မသိဘူး” ဆိုကာ ဆရာတော့်ထံ ယူလာ၍
ပြကြရာ ဆရာတော်က-

“ဟဲ့ကောင်တွေ၊ ကြောင်ဆိုတာ နှုတ်သီးလုံးပြီးရှည်တယ်။ နားရွက်လဲချွန်ပြီး ရှည်
တယ်။ ဒီကောင်ကလေးက နှုတ်သီးရော နားရွက်ရော တိုပြီး ဝိုင်းနေတာ။ ကျားပေါက်ကလေးပဲ။
ကဲ-မင်းတို့ ဇရပ်ကိုသာ မြန်မြန်မိုးကြ။ သူ့ မေကြီးက သူ့သားကလေးကို လိုချင်ရှာရော့မယ်”
ဟု မိန့်တော်မူကာ ကျားပေါက်ကလေးကို ယူထားလိုက်ပြီး ဆွမ်းဘုဉ်းပေးနေ၏။

ကျားသားမိခင်ကြီးလည်း သားငယ်စိတ်ကြောင့် ကျောင်းဝင်းထဲသို့ ခုနစ်ကြိမ်
တိုးစမ်းလာ၏။ ဆရာတော်က ကျားပေါက်ကလေးကို ကိုင်ပြီး သွား၍ ပေးစဉ် ကိုးတောင်
ဆယ်တောင်လောက်အနီးသို့ ရောက်လာလျှင် ဆရာတော့်လက်ထဲ ရောက်နေမှန်း သိသဖြင့်
စိတ်ပျက်သော အမူအရာဖြင့် လှည့်ကြည့် လှည့်ကြည့်နှင့် ထွက်ပြေးရှာ၏။ ဇရပ်မိုးပြီး၍
မူလနေရာ၌ ပြန်ထားပေးခါမှ လာယူဝံ့ရှာတော့သည်။

ကျားများလည်း မည်သို့မျှ အန္တ ရာယ်မပြုကြ။ ဆရာတော့် စိတ်တွင်လည်း “လူနှင့်ကျား'
ဟု ခွဲခြားခြင်း ရှိတော်မမူသောကြောင့် ဖြစ်ပေလိမ့်မည်။ တကယ့် မေတ္တာဓာတ်ပင်။

