## PAGE 655


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆ဝ၁

ဆင်ရိုင်းကြီး ခုနစ်ကောင်မှာလည်း မကြာခဏ ကျောင်းဘက်သို့ လာကြသည်။
လူကို နင်းသတ်လေ့ရှိသော ဆင်ရိုင်းများ ဖြစ်ကြ၏။ ဆင်ထိန်းများရှေ့၌ပင် ဆရာတော်သည်
ဆင်ရိုင်းများကို အစာခွံ့ကျွေးခြင်း၊ အစွယ်များကို ကိုင်ပြခြင်း ပြုတော်မူ၏။ အခြားသူများ
ကိုင်လျှင် လုံးဝလက်မခံကြပေ။

“မင်းတို့ ပြန်သာပြန်ကြပါ၊ ဆင်နှစ်ကောင်ထားပစ်ခဲ့ကြ၊ ငါနဲ့ ဆင်နှစ်ကောင်
ဖြစ်ချင်ရာ ဖြစ်ပစေ” ဟု ပြောကာ ဆင်ထိန်းများကို ပြန်လွှတ်လိုက်သည်။ ဆင်ထိန်းများက
ရယ်မောကြ၏။ ဆင်ထိန်းများ မယုံမရဲနှင့် ပြန်သွားကြသောအခါ ဆင်ရိုင်းနှစ်ကောင်အား
ဆရာတော်ကိုယ်တိုင် ငှက်ပျောပင်များကို´ တစ်နာရီခွဲကျော် ကြာမျှ ခွံ့ကျွေးနေ၏။
ထူးမခတ်ရဘဲ ကျောင်းဝင်းအတွင်း၌ ယဉ်ပါးစွာ လှည့်လည်နေကြလေ၏။

သူဌေး၏ ဆင်ရိုင်းများမှာလည်း လွတ်ထွက်ပြေးတိုင်း ဆရာတော်၏ ကျောင်းသင်္ခမ်းသို့
သာ လာကြလေ၏။ ထိုတောရ၌ မြွေဆိုးများလည်း ပေါလှသည်။ မြွေဆိုး မြွေကောင်းမရွေး၊
ကြီးသေးမဟူ၊ ကိုယ်တိုင်လက်နှင့်ဖမ်း၍ လွှတ်သည်။ မည်သည့်မြွေမှ ဆရာတော်ကိုမကိုက်။

စိတ်သွားတိုင်းကိုယ်ပါ လိုရာသို့ကြွ

၁၃၁၃-ခုနှစ်မှစ၍ ပျံလွန်သည်အထိ သပိတ်အိုင် ဆရာတော်သည် ခရီးဝေးလံ
လှသော မြို့ရွာတို့၌ ဆွမ်းခံကြွလာသည်ဟု မျက်မြင် အတပ်တွေ့ သိသူများက ပြောဆိုခဲ့ကြသည်
သဒ္ဓါလွန်သူတို့ကလည်း ထိုကိစ္စမျိုးတွင် ချဲ့ကား၍ ပြောတတ်ကြပြန်၏။

၁၃၁၄-ခုနှစ်က ဖြစ်၏။ ကျုံကရွာမှ ၁၆-နှစ်သား မောင်အောင်သည် ကိုရင်ဝတ်ဖြင့်
သထုံ၌ စာသင်နေခိုက် သထုံမြို့တွင်းသို့ သပိတ်အိုင် ဆရာတော် ဆွမ်းခံကြွလာသည်ကို
တွေ့ရသဖြင့် အံ့အားသင့်ကာ ကျုံကရွာမှ မောင်ထွန်းအောင်အား ပြောပြ၏။ မောင်ထွန်းအောင်
က ထိုအကြောင်းကို ဆရာတော်အား လျှောက်သည်။

၁၃၁၇-ခုနှစ်၊ သီတင်းကျွတ်လျှင် ကိုရင်မောင်အောင်သည် ရှင်လူထွက်ပြီး ကျုံကရွာသို့
ပြန်လာ၏။ ဆရာတော်ထံသို့ သွားရောက် ကန်တော့သောအခါ ဆရာတော်က

“ငါ သထုံကို ဆွမ်းခံကြွလာတာ မင်းမြင်တယ်ဆို” ဟု မေးတော်မူရာ...
“မှန်ပါတယ် အရှင်ဘုရား၊ ဘုရားတပည့်တော် ကိုယ်တိုင် မြင်တာပါ” ဟု
လျှောက်သည်၊ ဆရာတော်ကား မည်သို့မျှ ထပ်၍ မပြောတော့။

ထိုမှတစ်ပါး မော်လမြိုင်၊ ဘီလူးကျွန်း၊ အလံတစ်ရာ၊ ကျွဲခြံ၊ ကဒါရွာ၊ ပန်းကုန်းရွာ၊
လက်ပံရွာစသော မြို့ရွာများ၌လည်း “ဆရာတော် ဆွမ်းခံကြွလာသည်' ဟု အသီးသီး ပြော
ဆိုကြ၏။ ထိုသတင်းများနှင့်စပ်၍ ဆရာတော်ကိုယ်တိုင်ကပင် စနည်းနာသည့် သဘောဖြင့်
မေးမြန်းသည်လည်း ရှိခဲ့၏။ ၁၃၁၆-ခုနှစ် ကဆုန်လဆန်းက ကျုံကရွာမှ မောင်
ဆိုသူအား

“မင်းတို့ရွာထဲမှာ ငါ့သတင်းကို ဘာများပြောဆိုသံ ကြားရသလဲ” ဟု


## PAGE 656

၆၀၂

မောင်စန်းမောင်က.....


ဓမ္မာစရိယ ဦးဌေးလှိုင်

လို့

“အရင်နှစ်နှစ်လောက်က မုတ္တမ အမေရောက်တော့ မုတ္တမက လူများက “သပိတ်အိုင်
ဆရာတော် ကျုံကမှာရှိရဲ့လား” လို့ မေးကြပါတယ်ဘုရား။ အမေက “ရှိပါတယ်၊ ဘယ်မှ
မကြွပါဘူး။ နေ ့စဉ် ဆွမ်းခံကြွနေတာပဲ” လို ့ ပြောတော့ “မုတ္တမကိုလဲဆရာတော် ဆွမ်းခံ
ကြွလာလို့ ဆွမ်းလောင်းရတယ်” လို ့ ပြောကြပါတယ်ဘုရား” ဟု လျှောက်သည်။

၁၃၁၉-ခုနှစ်၊ နတ်တော်လပြည့်ကျော်တစ်ရက်နေ့ ကလည်း မော်လမြိုင် မုပွန်ကျောက်
တန်းမှ ဦးသူရိယနှင့် ဦးတေဇနိယတို့ ဆရာတော်ထံ ရောက်လာကြရာ ဦးတေဇနိယက...
“ရန်ကုန်သို့ ဆရာတော် ဆွမ်းခံကြွလာလို ့ မုန် ့နဲ ့ သစ်သီး လောင်းလှူလိုက်ရတယ်လို့
လောင်းလှူလိုက်ရတဲ့ ဒကာများက ပြောပါတယ်ဘုရား။ ဒီက ဒကာတွေ မေးကြည့်တော့လဲ
ဆရာတော် … ဒီမှာလဲအမြဲရှိနေတယ်လို ့ သိရပါတယ်ဘုရား” ဟု လျှောက်ထားရာ
ဆရာတော်က....

..

“အင်း.....အဲသည်တုန်းကတော့ ' မုန့်နဲ ့သစ်သီး စားရပါရဲ့” ဟု မိန့်တော်မူသည်။
ဖြစ်ပုံမှာ လူတစ်ယောက်သည် သုံးအိမ်စုရွာနေ မောင်ထွန်းရှိန် မဖွားတင့်တို့ အိမ်သို့လာ၍....

“သပိတ်အိုင်ဆရာတော် ဆွမ်းခံကြွလာရင် လောင်းလှူလိုက်ပါ၊ ရန်ကုန်က ပို ့လိုက်
တာပါ” ဟု ဆိုကာ ချီဇာကိတ်ရှစ်လုံး၊ သစ်သော့သီး သုံးလုံးနှင့်စပျစ်သီးမှည့် အတွဲကြီး
တစ်တွဲကို ပေးသွားသည်၊ အိမ်ရှင်များမှာ လာပို ့သူကိုလည်း မမှတ်မိဟု ဆိုကြလေ၏

11

ယင်းသို့ အမြို့မြို့ အရွာရွာ၌ ဆွမ်းခံကြွသည်ဆိုသော ဖြစ်ရပ်ကား အမှန်တကယ်
အဘိညာဉ်ရ၍ ကြွခြင်းလည်း ဖြစ်နိုင်၏။ နတ်တို့ နှိုးဆော်ခြင်းလည်း ဖြစ်နိုင်၏။ (နဲသမိန်
ဆရာတော် အခန်းကိုလည်း ကြည့်ပါဦး။)

ဤယခု ဆရာတော်ကြွခြင်းမှာ မည်သို့သော ကြွခြင်းမျိုးဖြစ်ကြောင်း စာရှုသူကိုယ်တိုင်ပင်
ဆုံးဖြတ်နိုင်ရန် အောက်ပါ ဖြစ်ရပ်များကိုလည်း ဆက်လက် ဖတ်ရှုကြည့်စေ လိုပါသည်။

တွေ့သင့်က တွေ့ ရ၏

ဆရာတော် အမြို့မြို့ အရွာရွာ ဆွမ်းခံကြွရောက်သည်ဆိုသော အကြောင်းနှင့်စပ်၍
ဆရာတော်အား လျှောက်ထားကြသည်မှာ တစ်ဆင့်စကားတို့သည်သာ များကုန်၏။
ထိုအထဲတွင် ၁၃၂၂-ခုနှစ်၊ တပေါင်းလဆန်း ငါးရက်နေ့တွင် ဆီဆုံရွာ ဒကာမကြီးတစ်ဦးက
ကိုယ်တိုင်ပင် ဆွမ်းလောင်းလှူရကြောင်း လျှောက်ထားသည်မှာ ပို၍ ခိုင်လုံနေသည်။

ထိုတပေါင်းလဆန်း ငါးရက်နေ့မှာပင် . ပုသိမ်ကွင်း. မောင်စံတင်ဆိုသူကလည်း
“သူကိုယ်တိုင် ဆွမ်းလောင်.လှူရသေးသည်” ဟု ၁၃၂၄-ခုနှစ် တန်ခူးလဆန်း ၁၃-ရက်
(နှစ်ဆန်း ၁ ရက်) နေ့က ဆရာတော်အား လျှောက်ထားလေသည်။ သာ၍ပင် ခိုင်လုံ
သွားပြန်တော့၏။

၁၃၂၂-ခုနှစ်၊ တန်ခူးလပြည့်ကျော် ခုနစ်ရက်နေ့က အလယ်ရွာနေ အချောဆိုသူက


## PAGE 657


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆ဝ၃

ဆရာတော်အား လျှောက်ထားပုံမှာ ပြဆိုပြီးအချက်များထက် ပို၍စိတ်ဝင်စားဖွယ် ရှိလာသည်။
လျှောက်ထားပုံကား-

“ဆရာတော်ဘုရား၊ တပည့်တော်တို့ရွာက သီလရှင်ဆရာကြီးတစ်ပါး မုကျိုပေါ်တော်မူ
ဘုရား ဇရပ်တစ်ခုမှာ နေပါတယ်။ အဲဒီ သီလရှင်ဆရာကြီးဟာ သင်္ကြန်ကျခါနီး တန်ခူးလ
မပြည့်ခင်က ရွာကိုအလည်ရောက်လာလို ့ တပည့်တော်ကို သူကပြောပါတယ်။ “တပေါင်း
လဆုတ်ကစပြီး တန်ခူးလပြည့်ကျော်ခါနီးအထိ နံနက်အရုဏ် ဆွမ်းတော်ချိန်ကျတိုင်း
နေ ့စဉ် သူ ့ဆီ ဆရာတော် ကြွလာတယ်လို့' ပြောပါတယ်ဘုရား။”

၁၃၂၂-ခုနှစ်၊ ပြာသိုလက အုတ်တံတားရွာမှ မောင်ထွန်းအုန်း လျှောက်၍ ဆရာတော်
အမိန့်ရှိသော စကားများမှာ ဤကိစ္စ၌ သံသယကင်းရှင်း၍ လျဉ်းပါးဖွယ်မရှိအောင် အတိ
အကျ အခိုင်လုံဆုံး ဖြစ်သည်ဟု ဆိုရပေမည်။

မောင်ထွန်းအုန်း။ ။ ဇင်းကျိုက်က ဒေါ်ထားခင်က တပည့်တော်ကို ပြောပါတယ်ဘုရား၊
သူတို့အိမ်သို့ ဆရာတော် ကြွလာတာကို သေသေချာချာ ဖူးတွေ့ရ
ပါတယ်လို ့ ဆိုပါတယ်။ ကျွန်တော်တို့ကတော့ ကျောင်းသွားမှပဲ
ဖူးရပါတယ်လို ့တောင် ပြောခဲ့ပါသေးတယ် ဘုရား။

ဆရာတော်။

₤1

အာရုံအထားကောင်းလျှင် တွေ့ ရတတ်တယ်။

မောင်ထွန်းအုန်း။ ။ တပည့်တော်တို့လဲ အာရုံထားတာပါပဲဘုရား။

ဆရာတော် ။

E

။

မင်းတို့ထားပုံမျိုးနှင့် မတူဘူး ဖြစ်လိမ့်မယ်။

(မှတ်ချက်။ ။ ရှေ့၌ ဆရာတော် ရေးသားချက် “တရားအနှစ်သာရများ
တွင် ဈာန်ပျံခြင်း အဓိပ္ပာယ်ကိုလည်း ကြည့်ပါ။)
“ထွက်ရပ်ပေါက်ဝိဇ္ဇာ” ဆိုသော သင်္ကန်းဝတ်များလည်း ထိုကဲ့သို့ပင် တန်ခိုးပြသည်ကို
တွေ့ ရတတ်၏။ “မြတ်စွာဘုရားသာသနာတော်၌ တန်ခိုးသည် ပဓာနဖြစ်သော တရားကြီး
တစ်ခု မဟုတ်ကြောင်း' မမေ့သင့်ကြချေ။ လောကီအရာတွင် ဒေဝဒတ်လောက် တန်ခိုးကြီးသော
ဝိဇ္ဇာမျိုးကို ကျွန်ုပ်တို ့ မကြားဖူးသေး။ သူလည်း ထိုတန်ခိုးကြောင့်ပင် အဝီစိသို ့ကျရရှာ၏။

ငါးပါးသီလမျှ မလုံသောသူတို့၏ တန်ခိုးသည် ကိုးကွယ်သူအားပင် ဒုက္ခပေးတတ်
သေး၏။ မဂ္ဂင် အထိန်းမပါသော တန်ခိုးသည် မိမိသူတစ်ပါး ကိုယ်ကျိုးနည်းစေတတ်သည်။

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အရင်းအနှီး ပြုပါမှ ရရှိ၊ သိမြင်၊ ဖော်ထုတ်နိုင်သော
သီလ၊ သမာဓိ၊ ပညာ မဂ္ဂင်ရှစ်ပါး သူတော်ကောင်း တရားမြတ်ကြီးသည်သာလျှင်
သတ္တဝါတို့အား ချမ်းသာစစ်ချမ်းသာမှန်ကို ပေးစွမ်းနိုင်သော ‘အနုသာသနီပါဋိဟာရိယခေါ်
အမြင့်မြတ်ဆုံး အတုမဲ့ တန်ခိုးတော်ကြီးဖြစ်ကြောင်း အလေးအနက် သဘောပိုက်ကြပါကုန်။
သူ့စိတ်အကြံ သိသလော

သပိတ်အိုင် ဆရာတော်၏ တူ-တပည့် ညောင်လေးပင်မြို့ ကြားတောရ ဘုန်းကြီး
ဦးဝါသဝသည် တစ်ချိန်က ဒကာသုံးလေးဦးနှင့်အတူ ဆရာဘော်ထံသို့ ဂျစ်ကားဖြင့်

