## PAGE 658


၆၀၄

သွားရောက်သည်။

ဓမ္မာစရိယ ဦးဌေးလှိုင်

ဆရာတော် ဆွမ်းခံကြွခိုက် ဖြစ်၍ ဦးဝါသဝနှင့် ဒကာများ ကျောင်း၌ စောင့်ဆိုင်း
နေကြရသေး၏။ ဆရာတော် ကြွလာသောအခါ-

“ဆွမ်းခံတုန်းက ကားသံကြားလိုက်လို့ မောင်ဝါသဝနေမှာပဲလို ့တော့ ထင်လိုက်တယ်”
ဟု မိန့်တော်မူကာ ဆွမ်းဘုဉ်းပေးတော်မူ၏။

ထိုအချိန်၌ ဆရာတော်၏ ဂေါစရဂါမ်ရွာမှ ကျေးရွာကောင်စီ လူကြီးတစ်ဦးလည်း
ဆရာတော်အား လာရောက်ဖူးမြော်နေ၏။ ဆွမ်းဘုဉ်းပေးသည်ကို အနီးမှ ကြည်ညိုနေ၏။
(သူ့နာမည်ကား ဦးဘစံဟု ထင်သည်။ ကောင်းစွာ မမှတ်မိ။) ယခုကဲ့သို့ပင် မကြာခဏလည်း
လာရောက် ဖူးမြော်လေ့ရှိသည်။ ခဏကြာလျှင် ဆရာတော်က ဦးဘစံအား-

“ကဲ-မင်းပြန်တော့” ဟု မိန့်တော်မူ၏။ ဦးဘစံကား မပြန်သေးဘဲ နောက်
အနည်းငယ်ဆုတ်၍ ကြည်ညိုနေ၏။ “မင်းပြန်တော့လေ” ဟု ဆိုသော်လည်း ဦးဘစံမှာ
“မှန်ပါဘုရား” ဟု လျှောက်ကာ ခပ်လှမ်းလှမ်းနေရာသို့ ရွှေ့ထိုင်ကာ ကြည်ညိုမြဲ
ကြည်ညိုနေပြန်သည်။

“မင်း မပြန်သေးဘူးလား” ဟု ထပ်၍ အမိန် ့ရှိခါမှ ဦးဘစံလည်း ဦးချပြီး အိမ်သို့
ပြန်လာခဲ့တော့သည်။

အိမ်ရောက်လျှင်ပင် အစိုးရကိစ္စဖြင့် `နှစ်နာရီခန့် စောင့်နေကြသော ဧည့်သည်များ
ပြန်တော့မည် လုပ်နေသည်ကို တွေ့ရ၏။ ဦးဘစံ လက်မှတ်ထိုးမှ ပြီးမည့်ကိစ္စဖြစ်၍
စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ပို၍ အံ့သြဖွယ်ကောင်းသည်ကား ဦးဘစံ ကျောင်းမှ ပြန်သွားပြီး ဆယ်မိနစ်ခန့်
ရှိလျှင် သူပုန်များ ကျောင်းထဲသို ့ ရောက်လာခြင်းပင်တည်း။ သူတို့သည် ကျေးရွာလူကြီး
ဦးဘစံကို တွေ့လျှင် ချမ်းသာပေးကြမည် မဟုတ်ချေ။ ထိုအကြောင်းကို ဦးဝါသ၀တို
ကျောင်းမှအပြန် ပြောပြ၍ ဦးဘစံ သိရ၏။

"

“ဒါကြောင့် ဆရာတော်က ငါ့ကို မနှင်စဖူး ဇွတ်နှင်နေတာကိုး” ဟုလည်း ဦးဘစံ
စဉ်းစားမိလေတော့၏။ ဦးဝါသ၀ကလည်း-

“ဆရာတော်က နှစ်ဖက်မြင်ဗျ” ဟုလည်း ပြောလိုက်သေးသည်။ ရန်သူ ဘေးကိုရော
အရေးတကြီး စောင့်ဆိုင်းနေရသော ဧည့်သည်များကိုပါ .. မြင်သည်ကို ရည်ညွှန်း၍
ပြောဆိုခြင်းဖြစ်၏။

ထိုသို့သော သတင်းများကြောင့် ဆရာတော်ထံသို့ အဖူးအမြော် လာရောက်ကြသူများ
နောက်ပိုင်းတွင် များပြားလာတော့သည်။ ရန်ကုန်မှ ဒကာများကလည်း ဆရာတော်အား
ရန်ကုန်သို့ အကြိမ်ကြိမ် ပင့်ခဲ့ကြဖူး၏။ ထိုကိစ္စနှင့်စပ်၍ ဆရာတော်က အောက်ပါအတိုင်း
အမိန် ့ရှိသည်။

“ဒီလိုသာ ငါ့ကို လူတောထဲ ပင့်နေက ငါ မလိုက်နိုင်ဘူး။ ပင့်တိုင်းလိုက်နေက
ငါ့အကျိုး ဆုတ်ယုတ်မှာပဲ။ တရားဆိုတာ သဒ္ဓါရယ်၊ ဝီရိယရယ်၊ ပညာရယ်၊ သမာဓိရယ်


## PAGE 659


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆ဝ၅

ဤလေးပါးညီညွတ်မှ တရားထူးရတယ်။ မညီညွတ်ရင် မရဘူး။ ညီတော်အာနန္ဒာကိုကြည့်၊
လူတောထဲလိုက်ပြီး လူတွေ အကြည်ညိုလိုက်ခံနေလို ့ ဒီတရား လေးပါးနှင့် ညီညွတ်
နိုးပါ့မလား။”

ဤစကားကား ကိစ္စမပြီးသေးသော ယောဂီများ သတိပြုရန်သာ ဖြစ်၏။

ထပ်ဆင့်ကြည်ညိုဖွယ် ကိုယ်တွေ့များ

သပိတ်အိုင် ဆရာတော် ဘုရားကြီးနှင့်စပ်၍ စာအုပ်စာတမ်းများတွင် မပါရှိသေးသော
အံ့သြဖွယ်၊ ကြည်ညိုဖွယ်များကို တပည့်ကြီးများထံမှ ထပ်မံကြားနာရသည့်အတိုင်း ဖော်ပြပါဦးအံ့။
အောက်ပါအကြောင်းအရာများမှာ အကြောင်းအရာပါ ပုဂ္ဂိုလ်များက ဆရာတော်၏
တပည့်ကြီးဖြစ်သူ ဦးဝါသဝ ဆရာတော် (ကြားတောရကြီး၊ ညောင်လေးပင်မြို့) အား
အသီးသီး လျှောက်ထားကြသည်ကို ဦးဝါသဝက တစ်ဆင့်ကျွန်ုပ်တို့ အား အမိန့်ရှိချက်များသာ
ဖြစ်ပါသည်။

ကြားတောရကြီး ဆရာတော် ဦးဝါသဝမှာ ကိုရင်ဘဝကသာ ဆရာတော်နှင့်အတူ
နေထိုင်ရ၍ ကွဲသွားကြရာ ဆရာတော် ဘယ်မြို့ဘယ်ရွာ၌ သီတင်းသုံးသည်ကို မသိရတော့ချေ။
နှစ်ပေါင်း ငါးဆယ်ကျော်ပင် ကြာသွားရာ လုံးဝပင် မေ့လျော့နေတော့သည်။ ၁၃၂၇-
ခုနှစ်ကမှ ပထမဆုံး တွေ့ ရသည်ဟု အမိန့်ရှိပါသည်။

တွေ့ ရပုံမှာ ဆရာတော်၏ အံ့သြဖွယ် သတင်းများကြောင့် ညောင်လေးပင်မှ ဒက-
ဒကာမများလည်း အကြိမ်ကြိမ် သွားရောက်ဖူးမြော်ကြရာ ဦးဝါသဝ ညောင်လေးပင်၌
ရှိနေကြောင်း ကောင်းစွာ သိတော်မူသည့်အတိုင်း “မင်းတို့ ညောင်လေးပင်မှာ ဦးဝါသဝဆိုတာ
မသိဘူးလား” ဟု အကြိမ်ကြိမ် မေးတော်မူရာမှ ဦးဝါသဝအား ဒကာများက လျှောက်ကြ၏။

တွေ့ ရပြန်တော့လဲ ဝမ်းနည်း ဝမ်းသာ

ဦးဝါသဝလည်း “သပိတ်အိုင် ဆရာတော်' ဆိုသည်ကို မကြားဖူး၊ ပုံပန်းသဏ္ဌာန်ကို
မေးကြည့်သော်လည်း စိတ်ထဲတွင် ဝေခွဲမရ။ ဇဝေဇဝါ ဖြစ်နေ၏။ ထို့ကြောင့် မေးဖန်များ
သောအခါ မော်လမြိုင်မှအပြန် ထိုတောရသို့အသွား ဆွမ်းခံအပြန် လမ်း၌ပင် ဖူးတွေ့ရရာ
မိမိအား ငယ်စဉ်က စာချပေးခဲ့သော ဘုန်းကြီး ဦးကိတ္တိ ဖြစ်နေ၍ အလွန်အံ့သြသွား၏
ဦးချသောအခါ ဆရာတော်က-

“မင်းဘယ်သူလဲ”

“တပည့်တော် ညောင်လေးပင်က ဝါသဝပါ အရှင်ဘုရား”

“အေး...အေး၊ မင်းငါသိပါတယ်” ဟု မိန့်တော်မူကာ သင်္ကန်းရုံ အတွင်းရှိ
ဟင်းချိုင့်ငယ်များထည့်သော လွယ်အိတ်ကို နှိုက်၍ ဦးဝါသဝအား စာတစ်စောင် ထုတ်ပေးသည်။


"

## PAGE 660


၆၁၆

ဓမ္မာစရိယ ဦးဌေးလှိုင်

ဦးဝါသမှာ ပို၍ပင် အံ့သြရပြန်၏။ စာမှာ သေတမ်းစာ ဖြစ်နေ သောကြောင့်တည်း။
“ရှိ ပစ္စည်းများအားလုံးကို မောင်ဝါသဝအား စွန်
 ့ကြောင်း၊ ပျံတော်မူလျှင် သုံးရက်
ထက်ပို၍ မထားဘဲ မောင်ဝါသဝကလုံးဝတာဝန်ယူ၍ ထင်းတစ်ပုံလောက်နှင့် ကိစ္စပြီးအောင်
သင်္ဂြိုဟ်ရန်ဖြစ်ကြောင်း” ပါရှိရာ ဦးဝါသဝမှာ စာဖတ်ပြီးလျှင် မည်သို့မျှ မလျှောက်တတ်ဘဲ
ဝမ်းသာဝမ်းနည်း ဖြစ်နေစဉ်-

“ကဲ-မင်း ငါ့ကျောင်းလိုက်ခဲ့ဦး” ဟု မိန့်တော်မူ၍ ဆွမ်းခံမှအပြန် လိုက်ပါသွားရ၏။
ကျောင်းရောက်လျှင် ဆရာတော်က ဆွမ်းကျွေးသည်။ ခါတိုင်း တစ်ပါးစာမျှသာ ချန်၍
လမ်းရှိ ကျောင်းများတွင် အားလုံး လှူပစ်လေ့ရှိသော ဆရာတော်သည် ထိုနေ့က သပိတ်ထဲတွင်
နှစ်ပါးစာ ချန်လာခဲ့သည်ကို ဖူးမြင်နေကျ လူများမြင်၍ အံ့သြကြရသည်။

ဆရာတော် သီတင်းသုံးသော ကျောင်းမှာ သုံးခန်းတွဲဖြစ်၍ အဆုံး၌ စင်္ကြံတွဲထား၏။
အစွန်ဆုံးအခန်းတွင် ဝါးခင်း ကွပ်ပျစ်ကလေးနှင့် ဝါးဘိုးဝါးကို ခြမ်းထားသော ခေါင်းအုံး
ကလေးတစ်ခုသာ ရှိသည်။ ဦးဝါသဝသည် ကျောင်းကလေးအတွင်း တစေ့တစောင်း
ကြည့်ရှုရာ မှန်ခေါင်းတစ်ခု၊ သစ်သားခေါင်းတစ်ခုနှင့် မှန်ကားထည့်၍ ချိတ်ဆွဲထားသော
ဆရာတော့်ဓာတ်ပုံကားကြီး တစ်ချပ်ကိုလည်း တွေ့ ရသဖြင့် စိတ်တွေ မအီမသာ ဖြစ်နေ၏။

“ကဲ-မောင်ဝါသဝ ပြန်တော့” ဟု ဆို၍ ဦးချလိုက်ရ၏။ မရှင်းမလင်း စိတ်ထဲ၌
ဖြစ်ပေါ်နေသမျှကိုလည်း ငယ်ကြောက်ဖြစ်၍ မလျှောက်ထားရဲ။ ဒကာ ဒကာမများကိုလည်း
အသံခပ်မာမာနှင့် “ကဲ-သွားကြ၊ သွားကြ၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြ” ဟု နှင်လေ့ရှိသည်
ကိုလည်း သိထား၍ ထ၍ ပြန်မည်အပြု ဆုတ်ဆိုင်းဆိုင်း ဖြစ်နေစဉ် ဆရာတော်က-

“မောင်ဝါသဝ၊ မင်း ဘာလိုချင်သေးသလဲ” ဟု မေးတော်မူရာ ခေါင်းများနှင့်
ပေးစာအရ “နေ ့ချင်းညချင်း ပျံတော်မူသွားမှဖြင့်” ဟု စိတ်ထင့်လာသဖြင့်-

“ဓာတ်ပုံကားကြီးတော့ ပူဇော်ချင်ပါတယ် ဘုရား” ဟု အရဲစွန့် လျှောက်ထားရာ
ဆရာတော်ကိုယ်တိုင်ပင် ဖြုတ်၍ ချီးမြှင့်လိုက်၏။

“ငါ့ လက်မှတ်နဲ့ စာကတော့ မင်းသိမ်းထားဖို့ပဲ။ အခု မဟုတ်ပါဘူး။ အရေးရှိသုံးဖို ့။
ကဲ-သွားသွား” ဟုဆိုမှ အတန်ငယ် စိတ်သက်သာရာရကာ ပြန်လာခဲ့ရလေ၏။ (ဤစာအုပ်၌
ဖော်ပြထားသော ဓာတ်ပုံဖြစ်သည်။ ကင်းဘဲလ်လမ်း အယ်ဒီတာ ဦးမျိုးမြင့်နှင့် ဆရာတော်၏
တပည့်ကြီး ဦးအောင်စိန်တို့၏ ကူညီဆောင်ရွက်ပေးချက်အရ စာဖတ်ပရိသတ်အား တင်ပြ
‘ကြည်ညိုစေခွင့် ရပါသည်။)

ကြားတောရဆရာတော် ဦးဝါသဝလည်း ထိုအခါမှစ၍ ဆရာတော့်ထံသို့ အကြောင်း
အားလျော်စွာ ရောက်ရှိရပေ၏။ ဤမှစ၍ ပျံတော်မူသည်အထိ ဆက်လက် ဖော်ပြမည့်
အကြောင်းအရာများမှာ ဦးဝါသဝ ဆရာတော်၏ အမိန့်ရှိချက်များချည်း ဖြစ်ပါသည်။

“ဘုန်းကြီးက အဝေးမှာ နေရတာဆိုတော့ နည်းနည်းပါးပါးပဲသိရတာပါ။ ဘုန်းကြီး
`မသိတာတွေက အများကြီးပဲ” ဟုလည်း အမိန့်ရှိလိုက်ပါသေးသည်။

