## PAGE 661


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

သုံးကြိမ် ကန်တော့ခွင့်ပေးခြင်း

၆၀၇

တောင်ဥက္ကလာပ (ဇာလီတောင် ကျောင်းအနီးနေ) ဦးအေးမောင်သည် ဦးဝါသဝ၏
ရင်းနှီးသူဒကာတစ်ဦး ဖြစ်၏။ ဆရာတော်၏သတင်းကို ကြားသိရသဖြင့် သပိတ်အိုင်တောရ
သို့ သွားရောက်ကန်တော့သည်။ ကြည်ညိုလှသဖြင့်-

“ဆရာတော်ဘုရား၊ တပည့်တော် သုံးကြိမ်သုံးခါ ကန်တော့ပြီးမှသာ ပရိနိဗ္ဗာန်စံပါ
ဘုရား” ဟု စိတ်ထဲက လျှောက်ထား အဓိဋ္ဌာန်ပြီး ပြန်လာခဲ့သည်။

နောက်တစ်ခေါက် ဇနီးဒေါ်လှမြင့်နှင့် မိသားစုကိုပါခေါ်၍ သွားရောက် ဖူးမြော်ခွင့်
ရပြန်၏။ ဆရာတော်ကား-

66

“မင်း သားသမီး ဘယ်နှစ်ယောက်လဲ” ဟု မေးစမ်းသည်ကို ပြန်လျှောက်ပြီးနောက်-
“ကဲ....ကဲထပ်ပြီး ကန်တော့ကြဦး” ဟု ဆို၍ ကန်တော့ကြရပြန်သည်။ ပြီးလျှင် ´
“ကဲပြန်ကြ” ဟု မိန့်တော်မူ၍ ပြန်လာကြရသည်။ ရန်ကုန်ရောက်၍ မကြာမီ ပျံလွန်
တော်မူကြောင်း ကြားရရာ စဉ်းစားသောအခါ နှစ်ခေါက်ထဲနှင့် သုံးကြိမ် ကန်တော့ရသည်ကို
သတိပြုမိတော့သည်။

ရောဂါမရွေး မေတ္တာဆေး

သပိတ်အိုင်တောင်ခြေရွာမှ ဒကာမကြီးတစ်ဦး ဝမ်းဗိုက်နာသောရောဂါ စွဲကပ်နေရာ
မည်သည့်ဆေးနှင့်မှ မပျောက်ဘဲရှိနေ၏။ တစ်နေ့သောအခါ ဆရာတော်အား ဆွမ်းလောင်းလှူ
ပြီးနောက် မိမိစိတ်ကူး ကြံစည်မိသည့်အတိုင်း ဆရာတော် နင်းကြွသွားသော ခြေတော်ရာမှ
ကျောက်ခဲကလေးကို ကောက်၍ မျိုချလိုက်ရာ ဝမ်းဗိုက်နာရောဂါကြီးမှာ အံ့သြလောက်အောင်
ပျောက်ကင်းသွား၏။

ကျွဲခြံရွာ ဦးခင်မောင် ဆိုသူ၏ သမီးကလေးမှာ မွေးကတည်းက အရိုးပျော့ ရောဂါ
စွဲကပ်နေ၍ မြန်မာဆေးဆရာ၊ အင်္ဂလိပ် ဆေးဆရာ မျိုးစုံနှင့် ကုသရာ ရောဂါမပျောက်ဘဲရှိနေ၏။

ဦးခင်မောင်သည်' အိပ်ရာထဲလဲနေသော သမီးငယ်ကို ကြည့်၍ ကြံရာမရ စိတ်ညစ်
နေရသဖြင့် ကြံမိကြံရာ စိတ်ကူးဝင်လာသည့်အတိုင်း ဆရာတော့် ကျောင်းသို့ အထုပ်ကလေ·
တစ်ထုပ်ကိုင်လျက် ရောက်လာ၏။ ထိုအထုပ်မှာ ဆေးလည်းဖြစ် အာဟာရလည်း ဖြစ်သော
အသီးအရွက်များကို အမှုန့်ထောင်းပြီး ယူလာခြင်းဖြစ်သည်။ ထိုအထုပ်ကို ဆရာတော်အား’
ကပ်ပြီး ပြန်ယူရန် စီစဉ်လာခြင်း´ ဖြစ်၏။

ထိုအချိန်က ဆရာတော်၏ရှေ့၌ ထုံးစံအတိုင်း နယ်မှ အဝေးပရိသတ်များ များပြားလှ
သဖြင့် ဆရာတော်၏ အနီးသို့ မတိုးနိုင်ဘဲ ခပ်ဝေ•ဝေးကပင် ဖူးမြော်နေရ၏။ သူကြံစည်
ထားသည့်အတိုင်း ဤယနေ ့ ကပ်လှူခွင့် မရတော့ဟု အောက်မေ့ကာ လက်လျှော့နေစဉ်

“ခင်မောင်၊ ငါ့ကပ်မယ့်ဟာ ယူခဲ့” ဟူသော ဆရာတော့် အသံကို ကြားလိုက်ရရာ
ခေါင်းနားပန်းကြီးအောင် ကြက်သီးထသွားလေတော့၏။ ဝမ်းသာအားရှ... အထုပ်ကို


## PAGE 662

၆၀၈

ထပြီးကပ်ရာ-


ဓမ္မာစရိယ ဦးဌေးလှိုင်

“နက်ဖြန်ကျတော့ မင်းအထုပ်ကို ကပ္ပိယကြီးဆီ တောင်းသွား” ဟုလည်း အမိန့် ရှိ
- လိုက်သေးသည်။ ဦးခင်မောင်မှာ မြေကြီး ခြေမထိအောင် ဝမ်းသာသွား၏။ “ငါ့သမီးရောဂါ
ပျောက်ပြီ' ဟူ၍ပင် ဆုံးဖြတ်လိုက်လေသည်။ သူထင်သည့်အတိုင်းပင် သူ့ အာရုံစိတ်ကူးထဲ
ပေါ်သည့်အတိုင်း လုပ်ထားသော သစ်ရွက်သစ်သီး အမှုန့်များကို. သမီးငယ်စားသော
အစာတိုင်း၌ နည်းနည်းချင်း ဖြူး၍ ကျွေးရာ အရိုးများ `မာကျောလာကာ သွားနိုင်လာနိုင်
ပကတိ ကြံ့ခိုင်၍ လာလေ၏။

သဒ္ဓါလွန်၍ ထွက်ပြေးရ

ညောင်လေးပင်မြို့ တရုတ်လူမျိုး ဦးထွန်းသိန်းဆိုသူ ယခုတိုင်ရှိ၏။ ဆရာတော်အား
အလွန်ကြည်ညိုသူဖြစ်သည်။ ဒုလ္လဘဝတ်ရင်း ဆရာတော်၏ နည်းနာအတိုင်း တရားအားထုတ်
နေရာ ရဟန်း ဆယ်ဝါပင် ရလေသည်။ နောက် အကြောင်း အားလျော်စွာ လူထွက်ရသော်လည်း
ဆရာသမားနှင့် တရားအလုပ်ကိုသာ စိတ်ဝင်စားလျက်ရှိ၏။

တစ်နေ့သောအခါ ဆရာတော်၏ ကျောင်းမှာ အချိန်ရသလောက် ကပ္ပိယအဖြစ်နှင့်
နေဦးမည်ဟု ဆုံးဖြတ်ကာ သပိတ်အိုင် တောကျောင်းသို့ ရောက်လာရာ . ကန်တော့၍
တရားစကား အနည်းငယ် ဟောပြောပြီးလျှင် ထုံးစံအတိုင်း “ပြန်တော့” ဟု သုံးကြိမ်တိုင်တိုင်
နှင်သော်လည်း မပြန်။ “ဆရာတော့်ကျောင်းမှာ တရားထိုင်ချင်လို ့ပါ ဘုရား” ဟု
လျှောက်၍ ဇွတ်ပေကပ်နေ၏။ ဆရာတော်ကပင် လက်လျှော့လိုက်ရသည်။ ဆရာတော်ကား
“ငါ့အလုပ် ငါလုပ်ရမက္ခ” ဟု ပြောပြောဆိုဆို ကျောင်းကလေးပေါ်၌ တရားရှုမှတ်နေလိုက်သည်။

.

ဦးထွန်းသိန်းလည်း ကျောင်းကလေး အောက်ဆင့်၌ တရားထိုင်နေရာ ညဉ့်မနက်မီပင်
မချိမဆံ့ ထူးထူးခြားခြား အိပ်ချင်လာ၏။ ဣန္ဒြေပင် မဆည်နိုင်တော့ဘဲ အစောကြီး
အိပ်ပျော်သွားလေသည်။ ဦးထွန်းသိန်း အိပ်ရာမှ နိုးလာလျှင် နေ၍ မရအောင် အပုပ်နံ့ကြီး
နံစော်လှသဖြင့် နံနက် ဝေလီဝေလင်းရောက်လျှင် ဆရာတော်အား ဦးချပြီး ပြန်လာခဲ့ရတော့သည်။

သူတော်ကောင်းကြီးများ၏ သဘောလက္ခဏာသည် အလွန်တရာ သိနိုင်ခက်လှ၏။
အချိန်ပြည့် တာဝန်များလည်း ကြီးမားလှပေသည်။ မိန့်ဆိုသော စကားတိုင်း အကြောင်းမဲ့မဟုတ်။
လူသာမန်တို့ နားလည်ရန် မလွယ်ကူချေ။ အမိန့်တော်ကို ကျော်လွန်ရန် စိတ်ကူးမျှပင်
မဖြစ်စကောင်း။

ပတ္တရား နှောင့်ယှက်မှုကြီး

ဘုရားရှင်၏ သာဝကတို့ဟူသည် ဇာတိခေတ်ဟု ခေါ်သော စကြဝဠာပေါင်း
တစ်ထောင်လုံး မြင်နိုင် ကြားနိုင်၏။ သွားလာကျက်စားနိုင်၏။ ဤကမ္ဘာကြီးနှင့် ဤလူ့ပြည်မှာ


## PAGE 663


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၀၉

ဆိုဖွယ်ရာမရှိ။ ရာပေါင်းများစွာသော ဒုက္ခိတ သတ္တဝါတို့ကိုလည်း (အကြောင်းညီညွတ်ပါက)
တစ်ခဏချင်း ကယ်မတော်မူနိုင်၏။ ချေချွတ်တော်မူနိုင်၏။ (ဗကဗြဟ္မာလောင်း ရသေ့ကြီး
သည်ပင်လျှင် လောကီတန်ခိုးမျှဖြင့် သတ္တဝါများအား နေရာမထ ကယ်မ,ခဲ့ပုံတို့ကို
သင်ခန်းစာ ယူကြကုန်။)

တိုင်းပြည်တစ်ခု၌ပင် တရားဓမ္မ ဟောပြ ချေချွတ်သင့်သော သတ္တဝါတို့သည်
များစွာ ရှိကုန်၏။ ဘေးအန္တ ရာယ် ကြုံတွေ့၍ ကယ်မ, ထိုက်သော ဒုက္ခိတ
သတ္တဝါတို့သည်လည်း မရေမတွက်နိုင်။ ထိုတာဝန်ကြီးသည် စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်တို့၌
တာဝန်အပြည့်ရှိနေ၏။ ၂၄-နာရီ အချိန်ပြည့် ရွက်ဆောင်တော်မူနေရသည်။

သူတော်ကောင်းကြီးတို့၏ အမိန့်တော်ကို မဆိုထားဘိ၊ အလိုတော်ကိုပင် လွန်ဆန်မိ၍၊
သို့မဟုတ် ဘာမျှမဆိုစလောက်သော မိမိ၏ သာမန်ကိစ္စအတွက် အချိန်ကို အသုံးချပေး
တော်မူနေရ၍ အခြားတစ်နေရာ၌ ကျင့်ဆောင်တော်မူရမည့် တာဝန်ကြီးတစ်ခု လစ်ဟင်းသွားရ
ချေသော် အရိယာတို့အား တာဝန်ဝတ္တရား နှောင့်ယှက်မှုကြီးကား ကြီးလေးလှပါဘိ။

အင်အားပြည့်တော်မူကြသော အရိယာ သာဝကကြီးတို့၏ တာဝန်နှင့် စွမ်းအားတော်
သည် စကြဝဠာပေါင်း တစ်ထောင်ကိုပင် နယ်နိမိတ် ထားရလေသည်။

သတိပညာဖြင့် ဆည်းကပ်ကြကုန်ရာ၏။ (ဤ၌ ဦးထွန်းသိန်းနှင့် စကားစပ်၍
ရေးရသော်လည်း ပုဂ္ဂလာဓိဋ္ဌာန် မရည်ညွှန်းကြောင်း ဓမ္မမိတ်ဆွေကြီးအား ခွင့်လွှက်ရန်
တောင်းပန်ရပါသည်။)

မျက်တောင်မခတ်သော အလှူဒါယကာ

ဆရာတော်သည် ခရီးဝေးကွာသော မြို့ရွာများ၌ မရှေးမနှောင်း တစ်ချိန်တည်း
နေရာများစွာ၌ ဆွမ်းခံကြွကြောင်း၊ မည်သူမည်ဝါမှန်းမသိ လူကြုံမှတစ်ဆင့်.. လှူဒါန်း
ကြကြောင်းမှာ ရိုးနေသော အဖြစ်အပျက်များ ဖြစ်နေကြ၏။

သို့ရာတွင် လူကြုံအလှူနှင့်စပ်၍ သိမှတ်ဖွယ်ကောင်းသော ဆရာတော်၏ စကားဆန်း
တစ်ခု ရှိ၏။

တစ်နေ့သောအခါ ဒကာတစ်ဦး ကျောင်းလာ၍ စားသောက်ဖွယ်ရာများကို လှူရာ
“လမ်းခုလပ်မှ လူတစ်ယောက်ကလည်း ဤမည် .. ဤမည်သော စားသောက်ဖွယ်ကို
တစ်ဆင့်လှူလိုက်ကြောင်း' ကိုပါ လျှောက်ထားရာ ဆရာတော်က-

“မင်း....အဲဒီ လှူတဲ့လူကို .. နာမည်မေးခဲ့သေးသလား။ မြင်ရင် မှတ်မိအောင်
မျက်နှာကို ကြည့်ခဲ့သေးသလား” ဟု မေးလျှင် မမှတ်မိသူကများ၍-

“နောက်မှတ်ထား၊ အဲဒီလူမျိုးမျက်နှာ သေသေချာချာ ကြည့်ကွ။ အဲ့ဒီလူမျိုးက
မျက်တောင်မခတ်ဘူးကွယ့်” ဟု မိန့်တော်မူတတ်၏။

ထိုသို့သော ပုဂ္ဂိုလ်ထူးကြီးများ၌ မျက်တောင်မခတ်သော ဒကာမျိုးလည်း များစွာရှိပေ၏။

