## PAGE 664

၆၁၀


ဓမ္မာစရိယဦးဌေးလှိုင်

ဝသီဘော် နိုင်နင်းမှ

ဆရာတော်သည် ကြွလျှင် ခပ်ဆတ်ဆတ် ကြွလေ့ရှိ၏။ စကားပြောလျှင်လည်း
တိုတိုပြတ်ပြတ်ပင် မာမာပြောလေ့ရှိသည်။

တစ်ခါက ညောင်လေးပင်မြို့မှ ဦးကွန်းရင်နှင့် လူအများစု၍ ဆရာတော်ထံ
သွားကြရာ ဆရာတော် ဆွမ်းခံအပြန် ရွာအထွက်မှ ကြို၍ ကျောင်းအထိ လိုက်ကြမည်အပြု
“နေခဲ့ကြ” ဆိုသည်ကို ခေါင်းဆောင် ဦးကွန်းရင်က-

“တပည့်တော်များ ညောင်လေးပင်ကတောင် လာကြရတာပါဘုရား” ဟု လျှောက်ကာ
တောလမ်း ခရီးအတိုင်း နောက်က ဇွတ်ပေကပ်၍ လိုက်သွားကြ၏။ ခရီးတစ်ဝက်လောက်
ရောက်သောအခါ-

“ဒကာတို့ အဲဒီမှာတင်ရပ်” ဟု ငေါက်ဆတ်ဆတ် နောက်လှည့်ပြီး ပြောလိုက်သဖြင့်
ဘုမသိ ဘမသိ ရပ်နေကြရ၏။ 'ကျားနဲ့ များ တိုးနေပြီလား” ထင်ကာ ကြောက်လန့်ကုန်ကြ၏။
တားပါလျက် ဇွတ်လိုက်ပါလာကြသည်ကိုပင် နောင်တဖြစ်ကာ ရှေ့မှရပ်နေသော ဆရာတော်
ကိုသာ ကြည့်ပြီး စိတ်ကူးကိုယ်စီနှင့် ရပ်နေကြရသည်။

“ဟာ...ဆရာတော် မရှိဘူး။ သင်္ကန်းချည်းပဲထောင်နေတယ် ထောင်နေတယ်” ဟု
တစ်ယောက်က အံ့အားသင့်ပြီး နှုတ်ထွက်သွား၏။ စင်စစ် ရှေ့၌ရပ်နေသော ဆရာတော်မှာ
တဖြည်းဖြည်း ကိုယ်လုံးတော်မရှိဘဲ သင်္ကန်းချည်းသာ ရုံလျက်သား ထောင်နေသည်ကို
မြင်ကြရ၏။ အကြောင်းမည်သို့ဟု မသိကြရ။ တွေတွေကြီး ကြောင်ပြီး မှင်တက်မိနေကြ၏၊
“ကဲ..ကဲ...လိုက်ခဲ့ကြ” ဆိုမှ ဆက်၍ လိုက်ပါကြရသည်။ ဆရာတော်အားလည်း
မလျှောက်ရဲသဖြင့် “အဘယ်သို့” ဟု မသိရချေ။

မည်သို့ဖြစ်စေ၊ ပုထုဇဉ်တို့ နားမလည်နိုင်သော၊ အသိပေးရန်လည်း မလိုသော
အရိယာ ပုဂ္ဂိုလ်ထူးများ၏ သဘောလက္ခဏာနှင့် တာဝန်ကား လျှို့ဝှက်နက်ရှိုင်းလှပေ၏။
ဤ၌ သိမှတ်ရသည်မှာ တန်ခိုးရှင် အရိယာ ပုဂ္ဂိုလ်ထူးတိုင်း တန်ခိုးကို လိုသလို
ရချင်မှ ရကြ၏။ နဂါးကို ဂဠုန်သုတ်ရာ၌ အဘိညာဉ်ရ ရဟန္တာကြီးအများပင် ရှိပါလျက်
ရှစ်ဝါရ ရဟန်းငယ်တစ်ပါးက တောင်ကြီး ဖန်ဆင်း၍ လိုက်ပါကယ်တင်ရဖူး၏။ (ဝိသုဒ္ဓိ၊
၁၊ ၁၅ဝ။) အလေ့အကျင့် (ဝသီဘော်) များမှသာ လျှပ်တစ်ပြက် လိုသလို ရနိုင်ပေသည်။
ဆရာတော်၏ ဝသီဘော် နိုင်နင်းပုံကို သိသာလှပေ၏။

ကြောက်လို့ ရှောင်ရာ ဝိုင်း၍လိုက်

ဆရာတော်သည် ဆွမ်းဘုဉ်းပေးချိန်နှင့် ညနေပိုင်းတစ်ချိန် ဖူးတွေ့ခွင့်ပေးတတ်၏။
ရံခါ တစ်နာရီခန့် တရားဟောတတ်သည်။ စကားများများ လျှောက်ထားပြောဆိုနေရသည်ကို
မကြိုက်၊


## PAGE 665


ဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၁၁

ဘုန်းတန်ခိုးကြီးသည်ဟု ကြား၍၊ သိ၍၊ အပူကပ်သူများလည်း မနည်းချေ။ စာမေးပွဲ
အောင်လိုသူများမှအစ သူဌေးဖြစ်လိုသူ၊ ဘေးရန်ရောဂါ တွေ့နေသူများအဆုံး သူတော်ကောင်း
ကြီးများအား ပျောက်စေဆရာ၊ ဂိုဏ်းဆရာကြီးနှင့် တစ်တန်းတည်းထား၍. ဆည်းကပ်သူ
များလည်း မရှားပေ။

စကားများများ ပြောခွင့်မရသဖြင့် စာဖြင့်ရေး၍ကပ်လေ့ရှိရာ ဆရာတော် တစ်ခါ
အတွေ့ခံလျှင် ဆက်ကပ်စာများကို ဝါစာကမာ ကြည့်ဟန်ပြု၍ ဘေးမှာချပုံထားရာ ရံခါ
စာရွက်ထပ်ကြီး တစ်ထွာ တစ်မိုက် ရှိနေတတ်သည်ဟု ဆိုကြ၏။

ရံခါ ဆရာတော်ကိုယ်တိုင်ကပင် လိုအပ်လျှင် ချီးမြှောက်ကယ်မတတ်လေသည်။
တစ်နေ ့သောအခါ မော်လမြိုင်မှ ဇနီးမောင်နှံနှစ်ဦး ဆရာတော်အား စာကပ်၏။ နှုတ်ကလည်း-
“တပည့်တော်တို့သမီး (–)၊ (-) နေ ့က သူပုန်ဖမ်းသွားတာ ခုထိ မတွေ့ ရတော့ပါ။
ဆရာတော် ကယ်ပါဦးဘုရား” ဟု လျှောက်ကြသည်။ ဆရာတော်လည်း ထုံးစံအတိုင်း
စာရွက်ကို ယူပြီး ဝါစာကမာ ကြည့်ကာ ဘေးမှာ ချထား၏။ မည်သို ့မျှ အမိန့်မရှိ။

နောက်တစ်ရက် အဆိုပါ အမျိုးသမီး တောတွင်းတစ်နေရာမှ ပြန်ရောက်လာသတတ်။
အကျိုးအကြောင်း မေးကြရာ သူပုန်များမှာ အစိုးရတပ်နှင့် အဝိုင်းခံရသလို အထိတ်တလန်
ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပြေးလွှားကြစဉ် အဆိုပါ အမျိုးသမီးသည်လည်း မယောင်မလည်
လွတ်မြောက်လာရာ မော်လမြိုင်သို့သွားသော လမ်းကြောင်းပေါ်သို ့ လျှောက်လာမိရက်သား
ဖြစ်နေသည်ဟုဆိုသည်။ အလားတူ ဖြစ်ရပ်တစ်ခုတွင်မူ အမျိုးသမီးငယ်နှစ်ဦး သူပုန်လက်ထဲ
ရောက်၍ · ငိုယိုနေစဉ် ဆရာတော်ကြီးကိုယ်တိုင် ရှေ့မှာ ကြွလာပြီး “မပူနှင့်၊ ငိုမနေနှင့်၊
မကြာခင် လွတ်မှာ” ဟု မိန် ့ဆိုပြီး ပျောက်ကွယ်သွားရာ မကြာမီ ဘေးမှ လွတ်သည်ဟု
အတိအကျပင် ပြောဆို၏။

611

(မိမိ ဂေါစရဂါမ်ရွာ၌ ဓားပြတိုက်ရာ ဗကဗြဟ္မာလောင်း ရသေ့ကြီးက တန်ခိုးဖြင့်
စစ်တပ်ဖန်ဆင်း၍ ကယ်တင်ကြောင်း ပြခဲ့ပြီ။)

ထိုင်နေရင်း အလုပ်များရ

အရိယာ သူတော်ကောင်းကြီးများကား “အဲဒါ ငါလုပ်လိုက်တာပေါ့” ဟု
မပြောရုံသာမက ရိပ်မိမည်ကိုပင် စိုးရိမ်သဖြင့် ကိုယ်လွတ်ရုန်း၍ တောတောင်တို့၌
ပုန်းလျှိုးတော်မူနေကြရ၏။ သတ္တဝါ အများစုနှင့် သာသနာတော် အကျိုးစီးပွား များပြားရန်သာ
ရှေးရှုတော်မူကြရသည် ဖြစ်၍ ဘာမဟုတ်သော ကိုယ်ရေးကိုယ်တာ ကိစ္စကလေးများဖြင့်
ဒုက္ခမပေးသင့်ကြပေ။

ဝိနည်းတော် ဘောင်အတွင်းလည်း ဖြစ်စေ၊ သတ္တဝါတို ့ ကံတရား (ကမ္မဿကတာ)
၏ နယ်နိမိတ် အတွင်းလည်း ရှိစေ၊ ၂၄-နာရီ မနေမနား။ (သတ္တဝါတို့က မသိသော်လည်း)
အများသတ္တဝါတို့ ချမ်းသာစီးပွား များပြားအောင် ဆောင်ရွက်ရန်မှ တစ်ပါး အခြားကိစ္စ


## PAGE 666


(၁၂

ရှိတော်မမူကြပေ။ အချိန်ပြည့် ဆောင်တော်မူကြလေသည်။

ဓမ္မာစရိယ ဦးဌေးလှိုင်

“ငြိမ်ငြိမ်နေလေ၊ အလုပ်များများ လုပ်လေ” ဟု နားလည်သင့်ကြပေသည်။ ထိုအရိယာ
အင်အားကို မရိပ်စားမိကြဘဲ ပြောနိုင်ဆိုနိုင်၊ ပြေးလွှားနိုင်မှ အလုပ်လုပ်သည်ဟု ခံယူနေသော
ပုထုဇဉ် အများစုက-

“တရားထိုင်တာ အချိန်ဖြုန်းနေတာပဲ။ လောကုတ္တရာ အလုပ်ဟာ လောကီရေးရာ
စွန့်ပြီး တစ်ကိုယ်ကောင်း .. ကိုယ်လွတ်ရုန်းနေတာပါ” စသည်ဖြင့် ပြောမှား ဆိုမှား
ရှိကြပြန်သည်။ သတိရှိကြကုန်း၊ သိအောင်လုပ်ကြကုန်။

အကျိုးရှိလျှင် အသိခံကယ်ခြင်း

ကျွဲခြံရွာမှ ဦးသာခင်သည် အထိုက်အလျောက် ကြွယ်ဝသူ ရပ်ရွာလူကြီးတစ်ဦးလည်း
ဖြစ်၍ ရွာ၌ မနေရဲသဖြင့် အပေါင်မြို့သို့ ပြောင်းရွှေ့နေရသည်၊ တစ်နေ့ မြို့မှ ရွာသို့
အလည်လာရာ လမ်း၌ပင် သူပုန်က ဖမ်းသွား၏။ ဦးသာခင်အား သတ်ရန် ချောင်းနေကြသူများ
ဖြစ်သည်။ သူပုန်ဗိုလ်နှင့် ငယ်သားနှစ်ယောက်က တောနက်ရာသို့ ခေါ်သွားပြီးနောက်
မလွတ်နိုင်အောင် ကြိုးဖြင့်တုပ်၍ သစ်ပင်၌ ချည်ထားကြ၏။

ဦးသာခင်သည် ရန်သူများ တစ်နေရာ၌ သွားနေကြခိုက် ဂုဏ်တော်များကို ရွတ်ဆို
နှလုံးသွင်းရာ တည်တည်ငြိမ်ငြိမ် နှလုံးမသွင်းနိုင်ဘဲ သေဘေးကြီး၏ ခြောက်လှန့်ခြင်း
ခံနေရရှာ၏။ ရုတ်တရက် ဆရာတော်၏ မျက်နှာတော် စိတ်ထဲ၌ ပေါ်လာသဖြင့်
ဆရာတော် သီတင်းသုံးရာသို့ ရည်ညွှတ်လျက်-

“ဆရာတော်ဘုရား၊ တပည့်တော်ကို ကယ်ပါဦးဘုရား” အားကိုးတကြီး နှုတ်မြွက်
တသမိရာ မရှေးမနှောင်းပင် ဆရာတော်သည် ဦးသာခင်ရှေ့၌ ရောက်လာ၏။ ဦးသာခင်လည်း
အံ ့အ.. သင့်နေခိုက်-

“ဒကာကြီး သွားတော့” ဆိုသည်ကိုပင် မယုံကြည်နိုင်အောင် ရှိလေ၏။ သုံးကြိမ်
တိုင်တိုင်ပြောမှ မိမိကိုယ်ကို ကြည့်လိုက်ရာ တုပ်နှောင်ထားသော ကြိုးများ အလိုလို
ပြေကျနေသည်ကို သိရသည့်နှင့် ချက်ချင်း ထွက်ပြေးလွတ်မြောက်သွား၏။

နောက်တစ်ရက် ဆရာတော်ကျောင်းသို့လာရာ ဆရာတော်၏ အမူအရာမှာ မည်သို ့မျှ
ထူးခြားခြင်းမရှိ။ ဦးသာခင်မှာ မလျှောက်ဘဲ မနေနိုင်အောင် ကျေးဇူးတင် ဝမ်းသာလွန်း၍
လျှောက်ထားရာ....

“အေး....ဒီလိုလဲ ဖြစ်တတ်ပါရဲ့” ဟုသာ အေးအေးဆေးဆေး မိန်
 ့တော်မူ၏။
အတန်ကြာသောအခါ-

“မင်း သူပုန်ဗိုလ်ကို မှတ်ပသလား”

“မှတ်မိပါတယ် ဘုရား”

“အင်း...သူ့ခမျာလဲ ဒုက္ခရောက်ရှာတော့မယ်” ဟုသာ လေးလေးကြီး မိန့်တော်

မူလိုက်သည်။

