## PAGE 667


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၁၃

နှစ်ရက် သုံးရက်ခန့်ရှိလျှင် အစိုးရတပ်စိတ်တစ်ခုက တောနင်းတိုက်ခိုက်၍ အပြန်-
“ဦးသာခင်၊ ခင်ဗျားကို ဖမ်းသွားတာ ဒီကောင်ပဲမဟုတ်လား” ဟု ဆိုကာ
ဖြတ်လာသော သူပုန်ဗိုလ်၏ ခေါင်းတစ်လုံးကိုပြ၍ ကြည့်လိုက်ရာ အမှန်ပင် ဖြစ်နေသဖြင့်
အသက်သခင် ဆရာတော်အား အသက်ပေး၍ပင် ကြည်ညိုမိလေတော့သည်။

လောကီဆန်၍ မကြိုက်နိုင်ကြ

တစ်နေ့သောအခါ ဦးဝါသဝဆရာတော် ရန်ကုန်ကြွလာခိုက် ဗဟန်းသုံးထပ်ကျောင်း
ဆရာတော်၊ မော်လမြိုင်မှ (......) ဆရာတော်များနှင့် စကားလက်ဆုံကျရာ ဆရာတော်များက
ဦးဝါသဝအား-

“ဦးဝါသဝရယ်၊ တဆိတ် ကိုယ်တော့်ဆရာတော် လျှောက်စမ်းပါဦး၊ တပည့်တော်တို့
တော့ ကြားထဲက ငရဲကြီးနေမလား မသိဘူး၊ ဆရာတော်ကို ပြစ်မှားတာ မဟုတ်ပါဘူးနော်၊
ပြစ်လဲမပြစ်မှားဝံ့ပါဘူး။

"

“ဆရာတော်ကိုရော၊ သာသနာကိုရော ဂုဏ်ငယ်များနေမလားလို့ပါ၊ တခြားဟာ
မဟုတ်ပါဘူး၊ အားလုံးသိတဲ့အတိုင်း . ဆရာတော်ဟာ စာမေးပွဲအောင်အောင်၊· ရောဂါ
ပျောက်အောင်၊ သေဘေးကလွတ်အောင်၊ စီးပွားလာဘ်လာဘ တိုးအောင် လုပ်ပေးသလိုလို
ကြားနေရတာ လောကီမဆန်ဘူးလား။ ကမ္မဋ္ဌာန်းတရား တစ်ခုခုပေးလိုက်ရင် ပြီးတာပဲ။
အဲဒါ ဆရာတော်ကို လျှောက်စမ်းပါ။ ဘယ့်နှယ်လဲ။ တပည့်တော်တို့ပြောတာ မလွန်ပါဘူးနော်”

ဦးဝါသဝကား စကားနည်း၊ အေးဆေးသူဖြစ်သည့်အလျောက် မထောက်ခံ၊ မကန့်ကွက်
ဘဲ ကြုံသောအခါ လျှောက်ထားမည့် အကြောင်းသာ တုံ့ပြန်လိုက်သည်။ သပိတ်အိုင်သို့
ရောက်သောအခါ “ဆရာတော်များ သတိပေးသောအချက်ကို လျှောက်ထားသင့်သည်” ဟု
ယူဆပြီး လျှောက်ထားရာ-

“ဟ-ဝါသဝရ၊ သူတော်ကောင်းဆိုတာ မေတ္တာ မထားရတော့ဘူးလား။ ငါက
သူတို့ကို ဘာဖြစ်စေ၊ ညာဖြစ်စေ မရည်ညွှန်းပါဘူးကွ။ မေတ္တာပဲပို ့လိုက်တာပဲ” ဟု
မိန့်တော်မူသဖြင့် အသိခက်သော သူတော်ကောင်းတို့၏ သံဘောကို ဆင်ခြင်ကာ ဆိတ်ဆိတ်ပင်
နေရလေ၏။

မေတ္တာဓာတ်အင်အားသည် အဘယ်မျှကြီးမားလှသည်ကို နစ်နစ်နောနော သဘော
သက်ဝင်ရန် ကောင်းလှပေ၏။ လောကုတ္တရာနယ်ပယ်တွင် အသင်္ခတဓာတ် အင်အားကြီးသည်
အကြီးအမှူး ဖြစ်သကဲ့သို့ လောကီနယ်ပယ်တွင်ကား မေတ္တာဓာတ်ကို လွှမ်းမိုးနိုင်သော
အင်အားဟူ၍ မရှိစကောင်းချေ။

သူတော်ကောင်းကြီးတို့ သဘောတော်ကား အလွန်လျှို့ဝှက် သိခက်လှပေစွာ။
ထို့ကြောင့် သူတော်ကောင်းကြီးများ၏ ကိစ္စတွင် ပုထုဇဉ်တို့ အမြင်ဖြင့် ဝင်ရောက်စွက်ဖက်
ဝေဖန်ရန် စိတ်ဆန္ဒမစောသင့်ကြောင်း သင်ခန်းစာ ယူဖွယ်ပင်။ မိမိတို့၏ဆန္ဒနှင့် မကိုက်ညီ


## PAGE 668


၆၁၄

ဓမ္မာစရိယ ဦးဌေးလှိုင်

ဟု ထင်လျှင် မိမိတို့စိတ်ကို ယောနိသောမနသိကာရပေါ်တင်လျက် နှောင့်ယှက်ရာ၊
ဒုက္ခပေးရာ၊ အခွင့်အရေးယူရာလည်း မကျအောင်၊ အခွင့်ကောင်းကြီးကိုလည်း
လက်မလွတ်မစရအောင်သာ ကြည့်၍ ဆည်းကပ်ကြကုန်ရာ၏။

သဘောမထားတတ်လျှင် မိမိမှာလည်း ပျောက်စေဆရာထံ ချဉ်းကပ်ရသလောက်သာ
အခွင့်အရေးရ၍ မိမိဆည်းကပ်မှု မလိမ်မာခြင်းကြောင့်လည်း သဒ္ဓါနည်းသူ၊ အဝေဖန်
များသူတို့အား အထင်အမြင်လွဲစေကာ အခွင့်ကောင်းကြီးနှင့် လက်လွတ်စေရုံမျှမက ငရဲပေးရာပင်
ကျရောက်တတ်လေသည်။ သတိရှိကြကုန်၊

ဆရာတော်ကား အမနုဿလောက၊ အညလောက၌ အကျက်အစားများဟန် ရှိပေ၏။
ဟောပြော ချေချွတ်ရဟန် ရှိလေ၏။ ထို့ကြောင့်လည်း ရံခါ မနုဿလောက၌ပင် တန်ခိုးကို
ပေါ်ပေါ်ထင်ထင်ကြီး အသုံးချတော်မူလေ့ရှိသည်ကို တွေ့ ရတတ်ပေသည်။

ငှက်ရဟန်းနှင့် ကြွက်ရဟန်း

ဆရာတော်သည် ဝိနည်းသိက္ခာကို အလွန်လေးစား၏။ ရဟန်းတရားကိုလည်း
အနှစ်လေးဆယ်ကျော် ဘဝဇာတ်မြှုပ်၍ လုပ်ဆောင်တော်မူခဲ့သည်။ ရဟန်းသံဃာများ
ကန်တော့လာလျှင် ရင်းသည်ဖြစ်စေ၊ ဖျားသည်ဖြစ်စေ-

“ရဟန်းဆိုတာ ငှက်လိုကျင့်ရမယ်။ ကြွက်လိုမကျင့်ရဘူး။ ငှက်ဆိုတာ မိမိ
အတောင်ပံသာလျှင် တာဝန်ရှိပြီး ပေါ့ပေါ့ပါးပါး သွားလိုပျံလိုရာ အချိန်မရွေး သွားနိုင်ပျံနိုင်တယ်။
ကြွက်ဆိုတာမျိုးက တွင်းကိုနက်နိုင်သမျှ နက်အောင်တူး၊ တွေ့ကရာ ရနိုင်သမျှ ရအောင်
ကိုက်ဖြတ်ချီသယ်ပြီး ကောင်းသော မကောင်းသော စုဆောင်းနေရတာနဲ့ တစ်ဘဝကုန်ရတယ်”
စသည်ဖြင့် ဝိနည်းသိက္ခာ လေးစား၍ ပစ္စည်းလာဘ်လာဘ၌ နစ်မြုပ်မနေဘဲ- မိမိအလုပ်
(ရဟန်းတရား) ကိုသာ အားသွန် အားထုတ်ရန် ဆုံးမလေ့ရှိသည်။

ထိုမှတစ်ပါး ယောဂီမှန်သမျှ ကျန်းမာသူဟူ၍ မရှိတတ်။ မကျန်းမာ၍ အလုပ်
ပျက်ရသည်ဟူ၍လည်း သာ၍ပင် မရှိအပ်။ သင်္ခါရဒုက္ခကြီး အမြဲဖိစီးနေသော ခန္ဓာဝန်ကြီးကို
သည်ပိုးရရှိနေသမျှ ကျန်းမာသည်ဟု ထင်ရစေကာမူ အမြဲတမ်း လူမမာကြီးပင်တည်း။

သပိတ်အိုင် ဆရာတော်လည်း ကျန်းမာသည်ဟု မဆိုနိုင်။ အမြဲတမ်း လေနာ
ရောဂါကြီး ရှိနေ၍ ဆွမ်းခံပြန်ရောက်လျှင် ဆွမ်းမဘုဉ်းပေးနိုင်သေး။ သပိတ်ကို ချပြီး
တစ်လံလောက် ရှည်သော တောင်ဝှေးကြီးဖြင့် တစ်ဖက်က ဗိုက်ကိုထောက်၊ တစ်ဖက်က
ကျောင်းခါးပန်းကို ထောက်၍ ထောက်၍ ပေးလေ့ရှိသည်။ ဗိုက်ထဲက လေများ တဝေ့ဝေ့
ထွက်အန်သည်အထိ အကြိမ်ကြိမ် ပြုလုပ်ပေးရကာ လေများ အန်ထွက်၍ သက်သာရာရမှ
ဆွမ်းဘုဉ်းပေးတော်မူနိုင်လေသည်။

ရံခါ ငှက်ဖျားတက်၍ ရံခါ ဒူလာ သွေးဝမ်းရောဂါလည်း ပေါ်လာတတ်သေး၏။
ယင်းသို့ကျန်းမာရေးမကောင်းလှသဖြင့် ခေါင်းနှစ်လုံး သုသာန်မှ ပံ့သကူကောက်ထားလေသည်။


## PAGE 669


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ဒကာ ဒကာမများ လာရောက်လှူဒါန်းကြ၊ ပံ့သုကူပစ်ကြသော သင်္ကန်းများလည်း ထိုခေါင်း
နှစ်လုံးထဲ၌ ပစ်ထည့်ထားရာ အစုံသုံးလေးဆယ် ရှိနေတတ်၏။

သီလကို အသက်နှင့်လဲနိုင်သော ဘုရားသားတော်တို့၌ ပစ္စည်းလာဘ်လာဘ တို့သည်
အနှောင့်အယှက်ကြီး (ပလိဗောဓ) ဖြစ်လောက်အောင် မရှာရဘဲ ရလာတတ်ကုန်၏။
ရဟန်းဖြစ်တပြီးလည်း မိမိသီလကို အားမကိုးဝံ့ရဲအောင် သီလအင်အား နည်းပါးသော
ရဟန်းတို့မူကား အဆန်းတကြယ် အံ ့ဖွယ်သရဲလုပ်ခြင်း၊ မဟာယာနတို့ကဲ့သို ဆေးကု,
ဗေဒင်ဟောစသော အတတ်တစ်စုံ တစ်ရာဖြင့် လာဘ်ရှာဝမ်းကျောင်းခြင်း၊ လာဘ်ကိုလာဘ်ဖြင့်
မြူဆွယ်ခြင်း၊ လူဒကာတို့အား မြှောက်၍ ခြောက်၍ လာဘ်ရှာခြင်း, လူဒကာတို့၏
အစေအပါးပြု (အစေခံလုပ်) ခြင်း၊ ရင်းနှီး ကျွမ်းဝင်ဟန် ဆောင်၍ မကြာခဏ အိမ်သို့
ကြွကာ မျက်နှာပြရခြင်း စသည်ဖြင့် လာဘ်၏နောက်သို ့ အာပေါက်အောင်၊ ဖိနပ်ကိုအောင်
လိုက်နေကြရရှာကုန်၏။

ဥဒဟို သွားရောက်နေကြသော သံသရာ ထွက်ပေါက်ကြီး မြင်တွေ့ဖို ့ကို မဆိုထားဘိ၊
သံသရာထဲမှာ လွယ်ကူစွာ ရှာဖွေ စားသောက်နည်းမျှကိုပင် မတွေ့ မြင်နိုင်ရှာကြချေ။

လူပွဲစား နတ်ပွဲစား .

သီလရှိသော သူတော်ကောင်းတို ့အဖို ့ လာဘ်လာဘနှင့် စပ်၍လည်း ပြော၍
မကုန်ချေ။ “ဘာကလေးဖြင့် လိုချင်လိုက်တာ” ဟု စိတ်ထဲကပင် မတောင့်တရဲအောင် ဖြစ်နေ၏။
တစ်ခါက ဆရာတော် သုံးနေကျ ခေါင်းအုံးစွပ်ကလေးနှစ်ခု စုတ်ပြဲဆွေးမြေ့နေ၍ ကိုယ်တိုင်
ပြန်ချုပ်နေ၏။ “အသစ်ရရင် ကောင်းမှာဘဲ” ဟုလည်း စိတ်ထဲမှာ တွေးမိရာ နောက်တစ်ရက်
နံနက် ဒကာမကြီး တစ်ဦး ‘ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်တစ်ဦးက အိပ်မက်ပေး၍' ဟု
ဆိုကာ ခေါင်းအုံးစွပ် အသစ်နှစ်ထည် လာလှူ၏။

တစ်ခါကသော်-- ပျားရည်နှင့်ဆေး စိမ်၍ ထားသော စားနေကျ ဆေးပုလင်းကို
ယူပြီးစားမည်အပြု၊ ဆေးသားရှိသေးလျက် ပျားရည်ကုန်နေသည်ကို တွေ့ရသဖြင့် “အင်း....
ပျားရည်လဲကုန်နေပါပေါ့လား' ဟု ရုတ်တရက် နှုတ်ကထွက်သွား၏။ နောက်တစ်ရက်
ဒကာတစ်ယောက် ပျားရည် နှစ်ပုလင်း လာလှူ၏။ အိပ်မက်ရ၍ဟုလည်း လျှောက်သည်။

သူတော်ကောင်းတို့၌ သဒ္ဓါလွန်သော ပုထုဇဉ်လူပွဲစား, နတ်ပွဲစားတို့ ဒလန်လုပ်မှုကြောင့်
အပို ဒုက္ခ တွေကလည်း မနည်းပါချေ။

တစ်ခါက အရှင်သာရိပုတြာမထေရ်ကြီး လေနာထ၍ ဆွမ်းခံမကြွနိုင်ဘဲရှိရာ အရှင်
မောဂ္ဂလာန်က ဆွမ်းခံကျွေးရ၏။ နို့ဃနာ ဆွမ်းနှင့် ပျောက်ဖူးသည်ဆို၍ နို့ဃနာ ဆွမ်းရရန်
ဆန္ဒဖြင့်ကြွရာ သူကြွယ်သားတစ်ဦး၌ နှုတ်က ခြိမ်းခြောက်ပူးကပ်၍ နို့ဃနာဆွမ်း
လောင်းလှူစေ၏။ ထိုအကြောင်းသိတော်မူသဖြင့် “အူပင် ထွက်ကျပစေ၊ ငါမစာ” ဟု
မိန့်တော်မူကာ အရှင်မောဂ္ဂလာန်အား ချက်ချင်း စွန် ့ပစ်စေ၏။ မြေပေါ်၌ နို့ဃနာဆွမ်းများ
