## PAGE 670

၆၁၆


ဓမ္မာစရိယ ဦးဌေးလှိုင်

ကျသည်နှင့် တပြိုင်နက် အနှစ် ၄၀ တိုင်တို. စွဲကပ်ခဲ့သောလေနာ .. တစ်ခါတည်း
ပျောက်ငြိမ်းလေ၏။ (ဝိသုဒ္ဓိ၊ ၁၊ ၄၀ ။ အဋ္ဌကထာ၌ ၄၅-နှစ်ဟု ရှိနေသည်။)

သပိတ်အိုင် ဆရာတော်ကား “ငါ့စိတ်ကို နတ်တွေသိနေပြီ” ဟု ရှက်စနိုးကာ
စိတ်ထဲမှာပင် ကိလေသာမဝင်အောင် ဒလစပ် ရှုမှတ်တော်မူ၏။ ဣန္ဒြေစောင့်စည်းမှုနှင့်
စပ်၍လည်း “မင်းတို့ မျက်စိနှင့် ငါ့မျက်စိ အကြည့်ချင်း ဆုံမိတာများရှိရင် အချိန်မရွေး
ငါ့မျက်စိကို ထိုးဖောက်ပစ်လိုက်” ဟုပင် ရဲရင့်စွာ ဖိတ်ခေါ်တော်မူ၏။ ထိုသီလမျိုးသည်
အဘယ်မှာလျှင် လိုတိုင်းမရ ရှိချေအံ့နည်း။ သို့သော် သူတော်ကောင်းတို့၌ ရတိုင်းလည်း
လိုအပ်သည် မဟုတ်။

ငုံ့စား မော့စား၊ တူရူကြည့်စား, ထောင့်ကြည့်စား

မြတ်စွာဘုရားရှင် သာသနာတော်၌ အနိမ့်ဆုံး သီလအဆင့်မျှလောက်နှင့်ပင် ထိုမျှလောက်.
အားကိုးလောက်ပါပေ၏။ ယနေ့ သာသနာဝန်ထမ်းအချို့ မျက်နှာမူပုံကို သတိပြုသင့်၏။

လောက၌ မိမိနှင့် မိမိသားမယား တစ်ဝမ်း တစ်ခါးမျှလောက်နှင့် “ငိုစားရယ်စား”
ခေါ် မတရားရှာဖွေ စားသောက်သူများ ရှိသကဲ့သို့ အရည်အချင်း ညံ့ဖျင်း၍ အတ္တလွန်ကဲသူများ
သာသနာရိပ်သို့ ခိုဝင်လာကြသောအခါ ငုံ ့စား၊ မော့စား၊ တူရူကြည့်စား၊ ထောင့်ကြည့်စား
ခေါ်သော ရဟန်းဆိုးများ တိုးပွားလာလေတော့သည်။ အသိဉာဏ် ကင်းမဲ့သော အာဏာရှိသူ၊
ကြွယ်ဝသူများကိုကျုံးသွင်းကာ ထိုရဟန်းဆိုးတို့ကပင် အရိယာပုဂ္ဂိုလ်ကြီးများ အဆောင်အယောင်
ဖြင့် ပလ္လင်ပေါ်တက်၍ အပူဇော်ခံကြလေတော့၏။

အခါတစ်ပါး အရှင်သာရိပုတြာသည် ရာဇဂြိုဟ်မြို့၌ ဆွမ်းခံအပြီး လမ်းဘေး
ဇရပ်တစ်ခု နံရံကိုမှီ၍ ဆွမ်းဘုဉ်းပေးနေစဉ် “သုစိမုခီ” မည်သော ပညာတတ် ပရိဗိုဇ်မတစ်ဦးက
ဤသို့ မေးလျှောက်၏။

“အရှင်ဘုရား၊ ဆွမ်းကို ငုံ့ပြီး ဘုဉ်းပေးပါသလား၊ မော့ပြီး၊ အရပ်လေးမျက်နှာကြည့်ပြီး၊
ထောင့်လေးထောင့်အရပ်ကို ကြည့်ပြီး ဘုဉ်းပေးပါသလား” တစ်ခုစီမေး၍ တစ်ခုစီပင်
“မဟုတ်ဟု” ဖြေတော်မူ၏။ မဟုတ်ပုံကို ထပ်၍ မေးလျှောက်သဖြင့် တစ်ခုစီ ရှင်းပြတော်မူရဖူး၏။
၁။ ငုံ့စား- ဘူမိနက်သန် မြေကြန်အတတ်ဖြင့် မြေခံရေခံ စိုက်ပျိုးမှုကို ပြောဟော၍
ဝမ်းကျောင်းစားသောက် ရသော ရဟန်း။

၂။ မော့စား- နေလနက္ခတ် ဂြိုဟ်ကပ်ဂြိုဟ်ပူး အတတ်ဖြင့် ဝမ်းကျောင်း စားသောက်သော
ရဟန်း၊

၃။ တူရူကြည့်စား- လူဒကာ ဒကာမတို့၏ အစေအပါး ခံကာ အရပ်လေးမျက်နှာ
လှည့်လည်သွားလာ၊ ဆောင်ရွက်ပေးပြီးမှ ထမင်းစားရသော ရဟန်း၊

၄။ ထောင့်ကြည့်စား- သာသနာနှင့် ဖီလာထောင့်ရပ်ဖြစ်သော အင်္ဂဝိဇ္ဇာ၊ လက္ခဏာဗေဒင်၊
ဓာတ်ဆင်မာတ်ရိုက်၊ အင်းအိုင်ခလဲ့၊ လက်ဖွဲ့ ဂါထာမန္တန်၊ ဘိုးတော် ဘွားတော်၊


## PAGE 671


ဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ဝိဇ္ဇာဓိုရ်လမ်းစဉ် ကန်တော့ပွဲထိုး၍ ဝမ်းကျောင်းသော ရဟန်း။

ပရိဗိုဇ်မကလေးသည် တရားသဖြင့် ရှာမှီး၍ရသော ဆွမ်းကိုသာ ဘုဉ်းပေးကြောင်း
ကြားနာရသောအခါ အလွန်ဝမ်းသာပီတိ ဖြစ်ကာ ရာဇဂြိုဟ်မြို့တွင်းသို့ “ဂေါတမ တပည့်
အစစ်များကို ဆွမ်းလှူကြရန်” လှည့်လည် ကြွေးကြော်လေတော့၏။ (သာရိပုတ္တသံယုတ်၊
သုစိမုခီသုတ်။)

အရေးကြီးသော အခြေခံတန်ခိုး

အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံနေကြရရှာသော ဒကာ ဒကာမ
ဒကာ ဒကာမ (သတ္တဝါ) တို့အာ·
စီးပွားလိုသူအတွက် စီးပွား၊ ပညာလိုသူအတွက် ပညာ၊ ကျန်းမာလိုသူအတွက် ကျန်းမာရေး
ဘေးရန်ကြုံတွေ့ နေရသူများအတွက် ဘေးကင်းချမ်းသာရေး.....အရာရာတွင် လိုလေသေး
မရှိအောင် အချိန်ပြည့် ငဆောင်တော်မူနိုင်သော အရိယာသူတော်ကောင်းကြီးတစ်ပါး ဖြစ်ထွန်း
ပေါ်ပေါက်ရရှိရန် မလွယ်ကူပါချေ။ လိုရာသိဒ္ဓိပြီးပြည့်စုံစေနိုင်သော အဂ္ဂဒက္ခိဏေယျ၊
အနုတ္တရံပုညက္ခေတ္တကြီး ပင်တည်း။

ဖြစ်ထွန်း ပေါ်ပေါက်ပါလျှင်လည်း “သဒေဝကေ လောကေ သမာရကေ’ ဟု
ဟောတော်မူသည့်အတိုင်း တစ်လောကလုံး (စကြဝဠာ တစ်ထောင်ကိုပင် နယ်နိမိတ်ပြုကာ)
ချမ်းသာစီးပွားများပြားစေနိုင်လေသည်။ သတ္တဝါအများ ချမ်းသာစီးပွား များပြားစေရန်လည်း
ထိုင်ရာမထ ငြိမ်သက်စွာ နေခြင်းဖြင့် ပြုလုပ်ပေးတော်မူနိုင်ကြသည် ကိုလည်း သဘောပေါက်သာ
လှပေ၏။

သတ္တဝါတို့အကျိုး အမျိုးမျိုးသည်ပိုးရွက်ဆောင်တော်မူနိုင်သည်မှာ မြေလျှိုးမိုးပျံ
အမျိုးမျိုး ဖန်ဆင်းနိုင်သော တန်ခိုးကြောင့်မဟုတ်၊ ထို့ထက် အဆပေါင်းများစွာ သာလွန်သော
သီလ, မေတ္တာ (လူတိုင်းရယူနိုင်သည့်) တန်ခိုးများကြောင့် ဖြစ်ကြောင်း သပိတ်အိုင်
ဆရာတော်ဘုရားကြီးက တိုက်ရိုက်ပင် ဖော်ထုတ်တော်မူခဲ့၏။ “အနုသာသနီ ပါဋိဟာရိယ”
ခေါ် သီလ, မေတ္တာ အခြေခံ စွမ်းအားများ အပေါ် မျက်စိလျှံကာ “မြေလျှိုးမိုးပျံနိုင်မှ’ ဟု
တရားအမြင် အံချော်နေတတ်ကြလေသည်။ နှစ်နှစ်ဇောနော သဘောသက်ဝင်ကာ ဆင်ခြင်
ကျင့်ပွားကြရာ၏။

ဆရာတော်၏ နောက်ဆုံးနေ့မြင်ကွင်း

သပိတ်အိုင် ဆရာတော် ဘုရားကြီးမှာ ကျန်းမာတော်မမူသည့် ကြားက နေ့ညမအား
သတ္တဝါတို့အား ချီးမြှောက်တော်မူနေသည်ကို မြင်သာလှပေ၏။ ဒကာ, ဒကာမတို့အား
ချီးမြှောက်သောအားဖြင့် စားသောက်ဖွယ်များကို လက်ခံတော်မူရသော်လည်း ဆရာတော်မှာမူ
စားသည် မည်ရုံမျှသာ ဘုဉ်းပေးနိုင်လေသည်။


## PAGE 672


၆၁၈

ဓမ္မာစရိယ ဦးဌေးလှိုင်

၁၃၂၇-ခုနှစ် တပိုတွဲလပြည့်ကျော် တစ်ရက်နေ့ကလည်း ပြင်းပြင်းထန်ထန် အဖျား
ရောဂါကြီး စွဲကပ်လာသဖြင့် ပျံလွန်တော်မူမည်ထင်ကာ သေတမ်းစာကိုပင် ရေးထားရ၏။
ရေး၍ ထားရသော်လည်း သေတမ်းစာပါ တာဝန်ယူသင်္ဂြိုဟ်ရန် လွှဲအပ်ရမည့်သူကား
လူသာမန်အမြင်ဖြင့် ဆိုရသော် ဘယ်အရပ်မှာ ရှိသည်ဟု မသိနိုင်ပါချေ။ အနှစ် ငါးဆယ်ကျော်
ကွဲကွာနေသော တပည့်ဖြစ်၍ ဘဝတစ်ခု ခြားနေသည်ထက်ပင် ဝေးကွာလှပေ၏။

သို့ရာတွင် သူတော်ကောင်းကြီးတို့၏ သီလ၊ သမာဓိ၊ ပညာ. အင်အားကား
ကြီးမားလှသည်ဖြစ်ရာ (ပြဆိုခဲ့သည့်အတိုင်း) ဆရာတော်ကြီးတစ်ပါးပင် ဖြစ်နေသော
တပည့်ဆရာတော် ဦးဝါသဝနှင့် ထူးဆန်းစွာ တွေ့ဆုံလာရပေသည်။ တရားအင်အား၌
နီးသည် 'ဝေးသည်မရှိ၊ -လိုတာလိုသမျှ ပြည့်စုံရစမြဲ ဖြစ်လေသည်။

၁၃၃၁-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၁၀-ရက်။ ဆရာတော်၏ သက်ရွယ်
တော်လည်း ၇၆-နှစ်သို့ပင် ရောက်လာ၏။ ဤသပိတ်အိုင် တောရ၌ တစ်ပါးတည်း ဧကစာ
သီတင်းသုံးခဲ့သည်ပင် ၄၄-နှစ် ရှိလေပြီ။

တစ်နေ့ထက် တစ်နေ့ ခန္ဓာကိုယ်ကြီးက အိုမင်းဆွေးမြေ့လာခဲ့၏။ ဆရာတော်၏
ပကတိ ခန္ဓာကိုယ်တော် ကြီးထွားကြံ့ခိုင်လှ သော်လည်း ဇရာဗျာဓိ ထုထောင်းလာာာအခါ
ဤခန္ဓာကိုယ်ကြီးကိုပင် မနိုင့်တနိုင် သည်ပိုးနေရသည်။ မိမိခန္ဓာကိုယ်ကြီးကပင် မိမိအား
အမိန့်မနာခံဘဲပြန်လည်ရန်ပြုလာ၏။ ခြေများက လှမ်းလိုရာသို့မသွား၊ သပိတ်ကြီးကို
နှစ်ပေါင်းများစွာ သစ္စာရှိရှိ ချီပွေ့ထမ်းသယ်နေကျ လက်များကလည်း တာဝန်မကျေကြတော့ပြီ။
ဆွမ်းခံရပ်နားရန် လျှောက်သည်ကိုလည်း ခွင့်မပြု။

“ဘုရားတောင် ပရိနိဗ္ဗာန်ပြုတဲ့အထိ သတ္တဝါတွေ ချီးမြှောက်ဖို့ ဆွမ်းခံကြွသေးတာ၊
ငါလဲကြွရမှာဘဲ။ ငါ့မှာ သားကအမေ၊ အမေကသားကို ကယ်လို ့မရတဲ့ ဘေးကြီးဆိုက်နေပြီ၊
မင်းတို့ လာပြုစုလို ့ကော ပျောက်မလား”

၁၁-ရက်နေ့ နံနက် ဆွမ်းခံကြွမလာသဖြင့် ဒကာ ဒကာမများ ပျာပျာသလဲ ကျောင်း
ဘက်သို့ ပြေးသွားကြ၏။ ခါတိုင်းလို မောင်းထုတ်မည်ကိုလည်း ကြောက်နေကြသေး၏။
အရဲစွန့်ပြီး ကျောင်းကလေးကို ချောင်းကြည့်ရာ ဘာမျှမမြင်ရ။ တံခါးပိတ်ထားသည်။
ရင်တွေတုန်ကာ “ဆရာတော်ဘုရား' ဟု အရဲစွန့်ကာ ခွန်းဆင့် ခေါ်ကြည့်သေး၏။
ပြန်ထူးသံ ထွက်မလာ။ တံခါးကို အသာဖွင့်ပြီး ကြည့်လိုက်ရာ ဆရာတော်မှာ ညောင်စောင်း
ထက်မှာ နံရံကိုမှီလျက် ခြေတစ်ဖက်ဆင်း၊ ဒူးတစ်ဖက်ကိုထောင်၊ ဒူးကိုလက်ဖြင့် သိုင်းလျက်
ထိုင်နေတော်မူ၏။

အထဲဝင်ပြီး ဒူးလှုပ်လျက် မေးလျှောက်ရာ ပြန်၍ မထူးတော့။ တစ်ကိုယ်လုံး
တောင့်ပြီး ရေခဲတုံးကဲ့သို့ အေးစက်နေလေပြီ။ အခန်းထဲ၌ ထားလေ့ရှိသော ခေါင်းတစ်လုံးလည်း
ဆရာတော်၏ ခြေရင်း၌ ကန်လန့် ချထားသည်ကို တွေ့ကြရသည်။

ဒကာများလည်း ရုတ်တရက် မျက်စိပြာဝေသွားကာ ဘာမျှမကြံတတ်အောင် ဖြစ်သွား
ကြ၏။ ခဏကြာလျှင် ဆရာတော်၏ သင်္ကန်းကို ကြည့်ရာ’သွေးစ သွေးနများ တွေ့ ရသဖြင့်
