## PAGE 673


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၁၉

ထိတ်လန့်သွားကြ၏။ သားရဲတိရစ္ဆာန်ကြောင့်လော၊ သူပုန်ရန်ကြောင့်လောဟု တွေးတောမိသဖြင့်
ဒဏ်ရာရှာကြည့်ရာ မည်သည့် ဒဏ်ရာမျှ မတွေ့ရချေ။

“ဒီခေါင်းကြီး ခြေရင်းမှာ ချထားတာထောက်ရင် သေမယ့်ရောဂါဖြစ်လို ့ သူ့ဟာသူ
ရွှေ့ယူထားတာပဲ ဖြစ်ရမယ်' ဟု ဆုံးဖြတ်ရင်း ဟိုဟိုဒီဒီ ကြည့်လိုက်ရာ ဝါးကွပ်ပျစ်တွင်လည်း
သွေးစ, သွေးနများကို တွေ့ကြရ၏။ တစ်နေရာ၌ချထားသော ထွေးခံမှာလည်း တွေ့ကြရသည်။
ထွေးခံ သွန်လေ့ရှိသော နေရာကို သွားကြည့်ပြန်ရာ ထို နေရာ၌ကား မြင်မကောင်းအောင်
သွေးအိုင်ထွန်း၍ပင် နေတော့သည်။ ထိုအခါမှ ဆရာတော်၌ မကြာခဏ ဖြစ်ပေါ်တတ်သော
သွေးဝမ်းရောဂါဟု သိကြရသည်။

ရပ်ရွာ ဒကာ ဒကာမများလည်း ချက်ချင်းပင် စည်းဝေး တိုင်ပင်ကာ ဆရာဟော်
ဦးဝါသဝထံ ကြေးနန်းရိုက်ကြ၊ လူလွှတ်ကြ၏။ ဦးဝါသဝ ရောက်မလာခင်ပင် မှန်ခေါင်းသွင်း၍
ထားနှင့်ကြသည်။

ဦးဝါသဝ ဆရာတော် ရောက်လာလျှင်ပင် ဒကာများက ဘုန်းကြီးပျံကို ခုနစ်ရက်
ထားမည်၊ ၁၅-ရက်ထား၍ ပူဇော်ကြမည်ဟု ဝိဝါဒဖြစ်၍ ဆုံးဖြတ်ချက် မကျသေးကြောင်း
ဆီး၍ လျှောက်ကြရာ ဦးဝါသဝက ဆရာတော် လက်ရေးနှင့် လက်မှတ်နှင့် ပေးထားသော
သေတမ်းစာကို ပြကာမှ မလွန်ဆန်ရဲကြဘဲ သုံးရက် အတွင်း ထင်းတစ်ပုံမျှဖြင့် ဈာပနပွဲကို
လုပ်ကြရလေသည်၊

သာသနာ့ အလင်းရောင်

သပိတ်အိုင် တောင်ကုန်းပေါ်၌ နောက်ဆုံးပူဇော်ခြင်း အဖြစ် ပူဇော်ကြရာ အလောင်း
တော်ကို ပြာကျသည်အထိ ကြည့်ရှု၍ အစစအရာရာ စီမံပြီးနောက် တောကျောင်း၌
လူသုံးယောက် ညစောင့်ထားကာ ကျန်လူများမှာ တောင်ပေါ်မှဆင်း၍ လာခဲ့ကြသည်။

တော်သလင်းမိုးလည်း တစ်ဖျောက်ဖျောက်ရွာစ,ပြုနေ၏။ တောင်အောက်သို့ စကာ
တပြောပြောနှင့် ဆင်းလာသော လူအုပ်ကြီးမှာ လကွယ် မိုးမှောင်ထဲတွင် တောကျောင်းမှ
လူတစ်ယောက်၏ အော်ခေါ်သံနှင့်အတူ ထူးဆန်းသော အလင်းရောင်ကို မြင်ကြရ၏။
နောက်ကြောင်းပြန်၍ တောင်ကုန်းကလေးပေါ် ကြည့်လိုက်ရာ မီးသင်္ဂြိုဟ်သည့် နေရာဆီမှ
မာကျူရီ မီးသီးအားထက် အဆပေါင်းများစွာသာ၍ စိမ်းနေအောင် လင်းသော မီးလုံးကြီး
တက်လာကာ ကောင်းကင်မှပင် ဘီလူးကျွန်းဘက်ဆီသို့ ပျံတက်သွားသည်ကို ဖူးတွေ့ကြရသည်။

လူအများလည်း တောင်ပေါ်သို့ အပြေးပြန်၍ ထွက်သွားကြ၏။ တောင်ပေါ်
ရောက်လျှင်ပင် မီးလုံး စိမ်းစိမ်းကြီးမှာ ဘီလူးကျွန်းဘက်မှ တစ်ဇွန် ပြန်လာကာ မီးသင်္ဂြိုဟ်
သည့်နေရာသို့ စိုက်ကျလာသည်ကို ဖူးတွေ့ကြရသဖြင့် အံ့အားသင့်ကာ ဦးချငိုယို၍ မဆုံး
ကြတော့ချေ။

“ဆရာတော် စ,ပြီးတောထွက်တဲ့ ဘီလူးကျွန်းက ဂူကလေးတောရဆီသွားတာ


## PAGE 674


ဓမ္မာစရိယ ဦးဌေးလှိုင်

ဖြစ်မှာပါ” ဟု ဆရာတော် ဦးဝါသဝ အမိန့်ရှိနေစဉ် မီးလုံးကြီးမှာ မီးသင်္ဂြိုဟ်သည့် နေရာမှ
ရုတ်တရက် တက်လာကာ ဘီလူးကျွန်းနှင့် အကြိမ်ကြိမ် အခါခါ လူးလား ကွန် မြူးသည်ကို
ဝမ်းနည်း ဝမ်းသာ ဖူးတွေ့ကြရကုန်၏။

“ဟော....ဒီကိုလဲလာဖူးကြပါဦး" ဟု တစ်စုံတစ်ယောက်က အော်ခေါ်လိုက်သော
နေရာသို့ သွားကြရာ သွေးစက်ကျရာ၊ ထွေးခံသွန်ရာ နေရာများမှလည်း ပြိုးပြိုးပြက်ပြက်
တလက်လက် အမျှင်တန်းကာ စိမ်းကြည်သော အလင်းရောင်များ အသီးသီး ကွန့်မြူးပျံတက်၍
နေလေတော့သည်။

မီးသင်္ဂြိုဟ်သော နေရာ၌ပင် အရိုးဓာတ်များ ဌပနာကာ ၁၂-တောင်ရှိ ဆုတောင်းပြည့်
လွမ်းစေတီကို တည်ထားလိုက်ကြ၏။ ဆည်းလည်းသံနှင့် ရေတံခွန်သံတို့သည် ဆရာတော်၏
ကျေးဇူးဂုဏ်ကို အမြဲသီဆို ရင့်ကျူး နေကြလေသတည်း။

တရားအနှစ်သာရများ

သပိတ်အိုင် တောရဆရာတော်သည် သီမာကောသလ္လကျမ်းငယ် တစ်စောင် ပြုစုခဲ့၏။
၎င်းပြင် ယောဂီ နန္ဒီခေါ် “စူဠသောတာပန်ဖြစ်ခန်း ဓာတ်ကမ္မဋ္ဌာန်း' ကျမ်းကိုလည်း ပြုစ
ခဲ့သည်။ ငယ်ငယ်နှင့် ထိမိလှသော ကျမ်းဖြစ်၏။

ဆရာတော် ဟောပြောဆုံးမလေ့ရှိသော တရားများကို လူအများ တောင်းပန်၍

စာအုပ်အဖြစ် ရေးသားချီးမြှင့်ခြင်း ဖြစ်သည်။

66

“ဆရာတော် အဘယ်တရားကို အဘယ်သို့ နှလုံးသွင်း၍ ပေါက်မြောက်သနည်း”
ဟူသော အမေး၏ အဖြေလည်း ဖြစ်သည်။ ထိုကျမ်းကပင် ဆရာတော်၏ ပရိယတ်,
ပဋိပတ်, ပဋိဝေဓကို ညွှန်ပြနေသည်။ ဓာတ်ခွဲမှုနှင့် အာနာပါနကို လူပြိန်းနားလည်အောင်
ကျမ်းဂန်သာဓက ပြ၍ ရေးထားသည်။

•

ဝိပဿနာ' အလုပ်နှင့်စပ်၍ အရေးတကြီး သိမှတ်ဖွယ်များအတွက် ထိုကျမ်းသည်
အထိုက်အလျောက် လုံလောက်၏။ ကျမ်းဂန်၌လာသော အဓိပ္ပာယ်များ၊ ကိုယ်ပိုင် သဘော
ပေါက်သော အဓိပ္ပာယ်များကို ကွက်ကွက်ကွင်းကွင်း ရေးထားသည်။
ထိုကျမ်းမှ ရေးသားချက်အချို့ကို အနည်းငယ် ထုတ်ပြပါဦးအံ့။

လက္ခဏာရေး သုံးပါး

[“သောတာပန်နှင့် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည် အနတ္တ အချက်ကို အစွမ်းကုန်
ထင်မြင်သည်။ အနိစ္စ အချက်နှင့် ဒုက္ခအချက်ကို အစွမ်းကုန် မထင်မြင်နိုင်။

"

“အနာဂါမ် ပုဂ္ဂိုလ်တို့သည် အနတ္တအချက်နှင့် အနိစ္စအချက်ကို … အစွမ်းကုန်
ထင်မြင်သည်။ ဒုက္ခ အချက်ကို အစွမ်းကုန် မထင်မြင်နိုင်။

“ရဟန္တာပုဂ္ဂိုလ်သည် သုံးပါးလုံးကို အစွမ်းကုန် ထင်မြင်နိုင်သည်။


## PAGE 675

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၆၂၁

ကြိုက်ရာတစ်ခုတည်းရွေး အဟုတ်လုပ်

တရားဆိုသည်ကား သမထတရားပင် ဖြစ်စေ၊ ဝိပဿနာတရားပင် ဖြစ်စေ
သဘောအကျဆုံး၊ စိတ်ဉာဏ် အရှင်းဆုံးဖြစ်သော တရားတစ်ခုခုကိုသာ ရှာကြံ၍ မိမိရရ
တစ်သက်ပတ်လုံး အားထုတ်ရာသည်။

“ဟိုတရားက ကောင်းလိမ့်ထင့်၊ ဒီတရားက ကောင်းလိမ့်ထင့်၊ ဟိုတရားကို
အားထုတ်လိုက်ဦးမှ၊ ဒီတရားကို အားထုတ်လိုက်ဦးမှ စသည်ဖြင့် ဓမ္မဝိတက် ဖြစ်တတ်ကြသည်။
အဆုံးသတ်လိုက်တော့ ဟိုတရားကိုလဲမိမိရရ မရှိ၊ ဒီတရားကိုလဲ မိမိရရ မရှိ၊ ဟိုလိုလို
သည်လိုလိုနှင့် အချိန်ကုန်တတ်ကြသည်။

..

28

“အာနာပါန ကမ္မဋ္ဌာန်းသည် ဝိတက်စရိုက် ပြောသူနှင့် သင့်လျော်၏ဟု ပြဆိုသော်လည်း
ဝိတက်စရိုက် မပြောသောသူတို့မှာမူ သာ၍ပင်သင့်လျော်သေး၏။ စရိုက် ပဓာနမဟုတ်။
စိတ်ဉာဏ်ရှင်းလင်း၍ ထင်လွယ်၊ မြင်လွယ်၊ သိလွယ်သည်သာလျှင် ပဓာန ဖြစ်၏။”

နိမိတ် အစစ် အတု

*စိတ်သည် ခန္ဓာကိုယ်ထဲ၌မနေဘဲ အာရုံရှိရာသို ့သွားလာ၍ အမျိုးမျိုးအဖုံဖုံ ကြံစည်
စဉ်းစား၍ ထင်ခြင်းသည် နိမိတ်အစစ်မဟုတ်။”

“စိတ်ရှိရာသို့ အာရုံက လာရိုက်၍ ထင်စေရမည်။”

“ဥပမာကား ဓာတ်ပုံရိုက်သကဲ့သို့ ဖြစ်စေရမည်။ စိတ်ကား ဓာတ်မှန်ကဲ့သို့
တည်စေရမည်။ အာရုံကား အရိပ်အရောင်ကဲ့သို ရိုက်၍ ထင်စေရမည်။ ဤကဲ့သို့
ထင်စေမှသာလျှင် နိမိတ်အစစ် ဖြစ်မည်။

"

ဈာန်ပျံခြင်း

“ဈာန်ရလျှင် ကောင်းကင်သို့ ပျံနိုင်သည်ဟု တစ်ထစ်ချ မှတ်ယူတတ်ကြကုန်၏။
ပ၊ ဒု၊ တ၊ စ ဈာန်ကို ရရုံမျှဖြင့် ကောင်းကင်သို့ မပျံနိုင်။

1.

“ပဉ္စမဈာန်သည် သက်သက်သော ပဉ္စမဈာန်၊ အဘိညာဉ်ကိစ္စ တပ်သော ပဉ္စမ
ဈာန်အားဖြင့် နှစ်ပါးရှိသည်တွင် ဣဒ္ဓိဝိဓ အဘိညာဉ်ကိစ္စတပ်သော ပဉ္စမဈာန်မှသာလျှင်
လိုရာအရပ်သို့ ပျံသန်းနိုင်သည်။”

ကိုယ်ကို ပေါ့ပေါ့ပါးပါး လူရှင်အများတို့ ထင်မြင်အောင် ပျံသွားခြင်း တစ်မျိုး၊
လူရှင် အများတို့ မထင်မမြင်နိုင်ဘဲ ခဏတစ်ဖြုတ် ရုတ်တရက်လျင်မြန်စွာ မျက်စိတစ်မှိတ်
လျှပ်တစ်ပြက် စိတ္တက္ခဏ အတွင်းမှာပင်လျှင် လိုရာအရပ်သို့ ပျံသွားခြင်း တစ်မျိုးအားဖြင့်
နှစ်မျိုးရှိသည်။

