## PAGE 676

BjJ


ဓမ္မာစရိယ ဦးဌေးလှိုင်

"

သီသီကလေးနှင့် တစ်သက်လုံးလွဲ

“ရုပ်မှန်း၊ နာမ်မှန်း၊ အနိစ္စအချက်မှန်း၊ ဒုက္ခအချက်မှန်း၊ အနတ္တအချက်မှန်း
မသိဘဲလျက် ထွက်သက်လေ၊ ဝင်သက်လေကိုသာ အာရုံပြု၍ မှတ်နေလျှင် သမထပင် ဖြစ်သည်။
“ရုပ်မှန်း အနတ္တ အချက်မှန်း သိလျက် ထိုရုပ်နာမ်တို့၏ အဖြစ်အပျက်ကို
လက္ခဏာတင်၍ သုံးသပ်ပါမူ ဝိပဿနာ ဖြစ်လေတော့၏။

66

66

“နားမလည်လျှင် သီသီကလေးနှင့် တစ်သက်လုံး လွဲချော်တတ်၏။

.

“ထွက်သက်လေနှင့် ဝင်သက်လေတို့သည် ဝါယောဓာတ်ဟု ဆိုရသော်လည်း
ပထဝီ၊ အာပေါ၊ တေဇောဓာတ်တို့လည်း ပါမြဲဖြစ်လေသည်။

“ထွက်သက်လေ မဟာဘုတ်နှင့် ဝင်သက်လေ မဟာဘုတ်သည် “ရုပ်”၊ ထွက်ဝင်မှန်း
သိသောစိတ်သည် “နာမ်”။ (လေ၊ ခံစားမှု၊ မှတ်သားမှု၊ စေ့ဆော်မှု၊ သိမှု- ခန္ဓာငါးပါးနှင့်လည်း
ခွဲပြထားသည်။)”

“စိတ်ဉာဏ်က (အစ-အလယ်-အဆုံး) မလိုက်နိုင်မှု-

အဝင်၌ အဖြစ် တစ်ချက်တည်းကိုဖမ်း။

အထွက်၌ အပျက် တစ်ချက်တည်းကိုဖမ်း၊

“အဖြစ်ကိုဖြစ်စေ၊ အပျက်ကိုဖြစ်စေ တစ်ချက်ချက်မိလျှင်´ မဂ်ကိစ္စ ပြီးနိုင်သည်။
အရေးကြီးသောအချက်၊ ကောင်းစွာမှတ်။

16

“ရုပ်နာမ်တရားတို့သည် တစ်နေရာမှ တစ်နေရာသို့ တစ်ဆံဖျားမျှ ရွှေ့ပြောင်းသည်
ဟူ၍မရှိ။ တစ်နေရာတည်း၌ပင် ဖြစ်၍ ပျက်ကြရကုန်၏။

“ဝေဒနာလိုက်” ဟု ဆိုသော်လည်း

“နာမ်တရားဟူသမျှတို့တွင် ဝေဒနာသည် အထင်ရှားဆုံး၊ အသိလွယ်ဆုံး ဖြစ်သည်။
ဝေဒနာတရားနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူကြသည်ကား များစွာရှိကုန်၏။ မိမိတို့၏ ကိုယ်ကို
ဒွိဟိတ်မှန်း တိဟိတ်မှန်း ဧကန်မသိသေးဘဲလျက် “ဂေါဓိကရဟန်း’ ကို အားကျ၍
လည်ပင်းကို ဖြတ်သည်ရှိသော် လည်ပြတ်ရုံသာ ရှိလိမ့်မည်။

“ဝေဒနာတရား ငါးပါးတို့တွင်လည်း ဒုက္ခဝေဒနာသည် အသိလွယ်ဆုံး၊ အထင်ရှားဆုံး
ဖြစ်သည်။

“နည်းနည်းညောင်းလျှင် နည်းနည်းထင်ရှား၏။ များများညောင်းလျှင် များများ
ထင်ရှားသည်။ ညောင်းညာပါစေ၊ ထုံကျဉ်ပါစေ၊ ကိုက်ခဲပါစေ၊ ယိမ်းယိုင်ပါစေဟူ၍
ဘယ်အခါမျှ နှလုံးမသွင်းအပ်။ ဝေဒနာဖုံးနေသည်။

“ညောင်းအားကြီးလွန်းလျှင် ပြင်ဆင်နိုင်သည်။ အညောင်းလွန်သော် စိတ်ပျံ့လွင့်၍
အမျိုးမျိုးအဖုံဖုံ ဖြစ်တတ်ကြသည်။ ဤကဲ့သို့ ဖြစ်တတ်သည်ကိုပင် အကောင်း ထင်မှတ်


## PAGE 677


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

“ကြသေး၏။ မထင်မှတ်အပ်။

၆၂

“ယောဂီ ပုဂ္ဂိုလ်တစ်ဦးက ရှေ့ကနေ၍ လွဲနေလျှင် နောက်က လိုက်သော ယောဂီ
တွေ အကုန်လွဲကုန်၏။ ညောင်းညာ ထုံကျဉ် ကိုက်ခဲ၍ လာသောအခါ သူ ့အလိုလို
ယိမ်းယိုင်လာတတ်သည်။ ထ၍ပင် ခုန်တတ်သေးသည်။ အကောင်းမဟုတ်၊ စိတ်ကိုမလွှတ်ရာ။
ကြာလျှင် အရူးကဲ့သို့ ဖြစ်တတ်၏။ ဤကဲ့သို့ ဖြစ်သည်ကိုပင် သမာဓိ မှတ်ထင်တတ်သေးသည်။
“စိတ်ဉာဏ်က လိုက်နိုင်ပါမူ တစ်ကိုယ်လုံး၌ ပျံ့နှံ့ ၍ သွားသည်တို့ကို ထင်မြင်အောင်
နှလုံးသွင်းအပ်၏။ မိုးတိမ်များ လေသင့်ရာသို့ ရေးရေး ရေးရေးနှင့် သွားနေသကဲ့သို့
အသစ်အဟောင်း ပြောင်းလဲ၍ ပြောင်းလဲ၍ ဖြစ်ပျက်၍ ဖြစ်ပျက်၍ သွားသည်တို့ကို
- အာရုံစူးစိုက်၍ နှလုံးသွင်းနိုင်လျှင် လက္ခဏာ အထူးတင်နေရန် မလို တော့ချေ။ တင်ပြီးသကဲ့သို့
ဖြစ်၏။

“ယခုအခါ ရေးသားကြသော ကျမ်းစာတို့သည် များစွာ ရှိကြကုန်၏။ ရှိသော်လ
ဝိပဿနာစခန်း၌ တစ်တစ်ခွခွ မိမိရရ ဖမ်းပုံကို ပြသောကျမ်းက အလွန်နည်းကုန် သို့
| စိတ်မရဲကြပေ။] .

## PAGE 678


နဲသမိန် ဆရာတော် ဦးကေသရ
( ၁၂၅၆ - ၁၃၃၃ )

ပဲခူးတိုင်း၊ မှော်ဘီခရိုင် ထန်းတပင်မြို့နယ် လှိုင်ဘောလယ်မြစ်၏ အရှေ့ဘက်ကမ်း၌
“နဲသမိန်” ခေါ် ရွာကြီးတစ်ရွာ ရှိ၏။ အိမ်ခြေ လေးရာကျော်လေသည်။

နဲသမိန်ရွာ အထက်ကျောင်းခေါ် ခေမာသီဝံတိုက်၌ သီတင်းသုံးသော ဆရာတော်
ဦးကေသရသည် ထိုရွာ၌ အဖ ဦးကြာဥ၊ အမိ ဒေါ်သေးသေးတို့မှ ၁၂၅၆ ခုနှစ်
တန်ခူးလဆန်း ၁၂-ရက် တနင်္လာနေ့တွင် ဖွားမြင်ခဲ့၏။

နဲသမိန် အထက်ကျောင်း ဆရာဘုန်းကြီး ဦးပညာထံနှင့် ရေနံချောင်းမြို့သို့
ကြွရောက်ပညာသင်၍ ဦးပညာ ပျံလွန်သောအခါ ထိုကျောင်း၌ပင် ကျောင်းထိုင် ဆရာတော်
ဖြစ် တော်မူ၏။

၁၃၃၃-ခုနှစ်၊ ကဆုန်လဆန်း သုံးရက်နေ့ ၁၂-နာရီ ၃၅-မိနစ် အချိန်၊ သက်ဘော်
၇၇-နှစ်၊ ဝါတော် ၅၇-ဝါ အရတွင် စုတိကမ္မဇရုပ် ချုပ်ငြိမ်းခဲ့၏။ ထိုဒေသ၌ ‘ရဟန္တာ’
ဟုပင် ကျော်ကြားသော ဆရာတော် ဖြစ်သည်။

(၃၁-မျက်နှာရှိ အတ္ထုပ္ပတ္တိငယ် တစ်စောင်ကို ထိုရွာမှ ပရဟိတအသင်း အတွင်းရေးမှူး
ဦးအောင်သန်းက ၁၉၇၂-ခုနှစ်၊ ဇန်နဝါရီလက ရိုက်နှိပ်ခဲ့ဖူး၏။)

ဆရာဟော်၏ အလေ့အထ

ဆရာတော်သည် စကားအလွန်နည်း၏။ တစ်ပါးတည်းသာ နေတော်မူလေ့ရှိသည်။
တစ်နေရာ၌ အချိန်များစွာ နေထိုင်တတ်၏။ သတ္တဝါတို့အပေါ်၌ အလွန်သနားလှသည်။
အလှူအတန်း ရက်ရော၏။ အစားအသောက်လည်း အလွန်ခြိုးခြံသည်။ သက်သတ်လွတ်
အမြဲဘုဉ်းပေး၏။ အချိန်ပြည့် တရားကိုသာ နှလုံးသွင်းနေသည်။ ဒကာ ဒကာမများကိုလည်း
တရားအားထုတ်ရန် တိုက်တွန်း၍ တရားစကားကိုသာလျှင် ပြောလေ့ရှိ၏။

တစ်နေ့သောအခါ လှိုင်ဘောလယ်မြစ်မှ လောင်းလှေများ လေးငါးဆယ်ခန့် အပြိုင်အဆိုင်
ပျော်တပါး တက်သုတ်လှော်၍ လာကြ၏။ ပျဉ်းမပင်ဆိပ်၌ ဆိုက်ကပ်၍ လူထုကြီးမှာ
ဝတ်ကောင်းစားလှဖြင့် လှူဖွယ်ပစ္စည်းများကို ယူဆောင်ကာ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ
မမေးမမြန်းဘဲ ဆရာတော်၏ ကျောင်းဆီသို့ တန်းစီ၍ သွားကြသည်။ ပွဲလမ်းတမျှ
စည်ကား ထူးခြားနေသဖြင့် တစ်ရွာလုံး အံ့အားသင့်နေကြ၏။

ကျောင်းသို့ရောက်လျှင် ဦးပဉ္စင်းများက ဆရာတော်အား ကျက်သရေခန်းသို့ သွား၍
ပင့်ပေးကြရ၏။ အခန်းပြင်သို့ ထွက်ခဲလှသည်။ ဆရာတော် ကြွလာလျှင် ပစ္စည်းများ
ရှေ့ချကာ-

