## PAGE 679


:

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၂၅

“တပည့်တော်များ ကျောင်းဆရာတော်က အရှင်ဘုရားဟာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး
ဖြစ်ကြောင်း အိပ်မက်မက်သဖြင့် သွား၍ ဖူးချေကြဆို၍ လာရောက် ဖူးမြော်ကြပါသည်
ဘုရား” ဟု လျှောက်ကြသည်။

ထိုအခါ ရွာခံကျောင်းနေ ပုဂ္ဂိုလ်များ ပို၍ အံ့သြကြရ၏။ ဆရာတော်မှာမူ အမူအရာ
အပြောင်းအလဲမရှိ။ ဖူးမြော်သူများကား ယင်းသို့ပင် မကြာခဏ ရောက်လာ တတ်ပေသည်။
ဆရာတော်ကား ဝိပဿနာ တရားကိုသာ ဟော၍ လွှတ်တော်မူ၏။

ခွင့်လွှတ် သည်းခံခြင်း

ဆရာတော်သည် ကျောင်းတွင်းရှိ သရက်ပင်အား အရုပ်ထဲမှ လူငယ်များ ပုဆိုးဖြင့်
လွယ်၍ ခိုးယူခူးဆွတ်သည်ကို တွေ့သောအခါ ခူးသူမမြင်စေရန် ရှောင်ကွယ်၍ ပေး၏။
မကျေမချမ်း ဖြစ်နေသော ကျောင်းသား ကိုရင်များကိုလည်း-

"

“စားချင်လို ့ ခူးတာ ခူးပါစေကွယ်၊ မနှောင့်ယှက်ကြပါနှင့်”ဟု တာမြစ်တော်မူ၏။
ရေခပ်လာသူ လုံမငယ်များက ပန်းများကို အလုအယက် ခက်ရွက် ကျိုးအောင်
ခူးဆွတ်ကြသည်ကို ကျောင်းသားကိုရင်များက လျှောက်ထားပြန်လျှင်လည်း-

“မိန်းကလေးတွေဆိုတာ ပန်းကြိုက်တယ်ကွယ့်၊ ခူးပါစေ” ဟု နှစ်သိမ့်တော်မူသည်၊
ရပ်ရွာ ဒကာ ဒကာမများက နှစ်နှင့်ချီ၍ ရှင်းလင်းခွင့်မရသော ကျက်သရေခန်းကို
အခွင့်သာ၍ ရှင်းကြသောအခါ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်မှအစ ကြမ်းပိုးများ
ခဲနေသည်ကို ကြက်သီးထခမန်း တွေ့ကြရ၏။ နေပူသို့ ထုတ်၍လှန်းသည်ကို မြင်လျှင်-
“အို….နေပါစေကွယ်၊ သတ္တဝါတွေ အနေအထိုင်ပျက်တာ မကောင်းပါဘူး" ဟု
တားမြစ်တော်မူ၏။

နှစ်ပေါင်းများစွာ အချိန်ရှိသမျှ တရားကိုနှလုံးသွင်းကာ ကျက်သရေခန်းမှ ထွက်ခဲ
လှသည်။ .

အခါတစ်ပါး နာမကျန်း ဖြစ်တော်မူ၍ ရပ်ရွာထဲမှ ဒကာများ ကျောင်းသို့လာကာ
အလှည့်ကျ ညအိပ်ပြုစုကြ၏။ တစ်ညတွင် အစောင့် သူနာပြုများ အိပ်မောကျခိုက် .ရေဒွတ်
သိပ်တော်မူသဖြင့် ဆယ်ပေခန့် ဝေးကွာသော သောက်ရေအိုး ရှိရာသို့ ကိုယ်တိုင် ဖင်ရွှေ
ဒရွတ်ဆွဲကာ သောက်တော်မူ၏။ ကတုန်ကယင်ဖြင့် ပြန်အကြွတွင်မှ အစောင့်သူနာပြုများ
နိုး၍ အိပ်ရာသို့ တွဲပို့ကြရသည်။ မိမိအတွက် တစ်ဖက်သား ' တာဝန်တက်မည်ကို
မလိုလား။

တစ်ခါက လေပြင်းမုန်တိုင်းကျရာ သစ်ပင် အိုးအိမ်များ လဲပြိုကုန်ကြ၏။ ကျောင်းကြီး
မှာလည်း လေကြောင်းကျသဖြင့် သွက်သွက်ခါ ဘုန်လှုပ်ကာ ယိုင်စောင်း၍ သွား၏။
အားလုံး ထွက်ပြေး တိမ်းရှောင်ကြသည်။

ဆရာတော်ကမူ ထိုင်ရာကပင်မထး တုန်လှုပ်ခြင်းမရှိ၊ ပကတိနေမြဲ အေးဆေး


## PAGE 680

၆၂၆

တည်ငြိမ်လျက်ပင် ရှိသည်။


ဓမ္မာစရိယ ဦးဌေးလှိုင်

ရက်ရောမှုနှင့် ရောင့်ရဲခြင်း

ဆရာတော်သည် ရရသမျှ စားသောက်ဖွယ်နှင့် အသုံးအဆောင်များကို မည်သည့်အခါမျှ
အပိုဟူ၍ မထား။ နေ့ဖို့ညစာမချန်။ ကုန်အောင် စွန့် လှူပေးကမ်းရန်သာ အခွင့်ရှာလေ့ရှိ၏။
အလှူအတန်းလည်း မစဲ။

တစ်ခါက ဒကာ ဒကာမများက အမှတ်တမဲ့ ဆရာတော် သီတင်းသုံးရာ အခန်းထဲသို့
ဝင်ကြည့်ရာ ခြင်သံ တဝီဝီကြားတွင် သင်္ကန်းကို ခေါင်းမြီးခြုံ၍ လျောင်းနေသည်ကို
တွေ့ကြရ၏။ မည်သည့်အချိန်က ခြင်ထောင်ပျောက်နေမှန်း မသိကြရချေ။´အကျိုးအကြောင်း
မေးလျှောက်ကြသောအခါ-

“လူတစ်ယောက်က အိပ်စရာ ခြင်ထောင်မရှိလို ့ အလှူခံတာနဲ့ ဖြုတ်ပြီး လှူလိုက်ပြီ”
ဟုသာ မိန့်တော်မူ၏။ သို့နှင့် ဒကာများက ချက်ချင်း ချုပ်လှူကြရသည်။

တစ်ခါကလည်း အတန်ကြာ နာမကျန်း ဖြစ်တော်မူရာ အလဲအလှယ်ပြုပေးရန်
အင်္ကန်းအပိုပင် မရှိ၊ ရန်ကုန်သို့ သွားရောက်၍ အမြန်ဝယ်ယူလှူဒါန်းရသည်။

ဆရာတော်သည် နံနက် အရုဏ်ဆွမ်း မဘုဉ်းပေး။ လက်ဖက်ရည်ပွဲ ပြင်ထားနေကျ
ဖြစ်သော ကျောင်းခန်းဘေးသို့ အချိန်ကျလျှင် ကြွရောက် ဘုဉ်းပေး၏။ တပည့် ဦးပဉ္စင်းများက
အဆင်သင့် ပြင်ဆင် အကပ်ခံထားရသည်။ ရံခါ ဦးပဉ္စင်းများ သာမှုနာမှု ကိစ္စရှိ၍
ခရီးလွန်ခိုက် ကျောင်းသားကိုရင်များ၏ ပေါ့လျော့မှုကြောင့် လက်ဖက်ရည်ပွဲပင် မထားရှိသော
ရက်များ မနည်းချေ။

ဆရာတော်ကား မည်သူ ့ကိုမျှ မည်သို့မျှ အမိန့်မရှိ။ အချိန်ကျလျှင် ကြွလာမြဲ
ကြွလာပြီး လက်ဖက်ရည်ပွဲ ကပ်မည့်သူမရှိလျှင် အချိန်တန်က ကျက်သရေခန်းသို့ ပြန်ကြွ
လေသည်။ ပျံလွန်ခါနီး သက်တော်စွယ်တော်ကြီး၍ ဇရာဖိစီးသောအခါ နှစ်နှစ်ခန့် ဆေးဝါး
ကုသပေးရသူ ဆေးခန်းမှူးကြီး ဦးမောင်ကန်က-

“ရောဂါ ဘယ်လောက်တိုးနေနေ ဆရာတော်ကြီးမှာ မေးလျှောက်သမျှ ပြုံးရွှင်စွာ
ခေါင်းညိတ်နေလို့ အရိပ်အကဲကြည့်ပြီးတော့သာ ဆေးကုရတော့တယ်” ဟု ဆိုလေသည်။

နှစ်ကိုယ်ခွဲ၍ ကြွသလော

အခါတစ်ပါး နဲသမိန်ရွာနှင့် ရှစ်မိုင်ခန့် ကွာဝေးသော အင်းမလှည်းဆိပ်ရွာမှ လှူဖွယ်
ဝတ္ထုပစ္စည်းများ ကိုယ်စီနှင့် လူအများ လာရောက် ဖူးမြော်ကြ၏။ ဆရာတော် နေထိုင်မကောင်း၍
အခန်းအပြင်သို့ပင် မထွက်နိုင်ကြောင်း သိရသောအခါ လာရောက် ဖူးမြော်သူများ အံ့အား
သင့်နေကြသည်။


## PAGE 681


"

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၂၇

“မနက်ကပဲတပည့်တော်တို့ရွာကို ဆွမ်းခံကြွလာလို ့ တပည့်တော်ပဲ ဆွမ်းလောင်းလှူ
လိုက်ရပါသေးတယ် ဘုရား” ဟု ဆရာတော်ကို မဖူးတွေ့ ရမီ အစောင့် ဦးပဉ္စင်းအား ဒကာ
တစ်ဦးက လျှောက်လိုက်၏။ ဦးပဉ္စင်းလဲ ပြန်မဖြေတတ်အောင် ရှိနေစဉ် ထိုဒကာကပင်
ဆက်၍-

“ဆရာတော့် နောက်ကပါလာတဲ့ မောင်ကျောင်းသားကိုတောင် မင်းနာမည် ဘယ်သူလဲ
မင်းအဖေ ဘယ်သူလဲလို့ တပည့်တော်က မေးလိုက်မိသေးတယ်”

•

“အဖို့ ဘယ်လိုပြောလဲ” ဟု ဦးပဉ္စင်းက မေးရာ-

“တပည့်တော်လဲ မသိပါဘူး။ ကိုတင်ဖေ၊ မတင်ငွေတို ့သား - မောင်ပေါက်စလို
ပြောသွားတာပဲ” ဟု တိတိကျကျ ပြောနေပြန်သဖြင့် ရုတ်တရက် သတိရကာ ဦးပဉ္စင်းက
ဆော့ကစားနေသော ကျောင်းသားမောင်ပေါက်စကို ချက်ချင်းခေါ်၍ မေးကြည့်ရာ နံနက်က
ဘယ်မှ မသွားကြောင်း လျှောက်၏။

သံသယကိုယ်စီဖြင့် မည်သူမျှ အဖြေမရနိုင်ဘဲရှိရာ ဆရာတော်အား ဖူးခွင့်ပြုရန်သာ
အစောင့် ဦးပဉ္စင်းအားဝိုင်း၍ တောင်းပန် လျှောက်ကြသဖြင့် ဦးပဉ္စင်းလည်း ဆရာတော်အား
အခန်းထဲမှ တွဲဆောင်ကာ ပင့်ပေးရသည်။

ဒကာ ဒကာမများမှာလည်း လူပြိန်းတွေး တွေးကာ-

“တို့ ထင်တာနဲ့တော့ ကိုက်နေပြီ။ ရဟန္တာလို ့ ပြောနေကြတာ ဟုတ်မှာပါပဲ
ဟူသော အတွေးကိုယ်စီဖြင့် ကြည်ညို ဖူးမြော်ကြရလေတော့သည်။ ဆရာတော်ကား တရားစကား
တစ်ခွန်းနှစ်ခွန်းမျှလောက် ချီးမြှင့်နိုင်လေ၏။

အခြား ဝေးလံလှ သော ရွာများတွင်လည်း ယင်းသို့ မကြာခဏ ဆွမ်းခံကြွကြောင်း
ကောလာဟလသတင်းများ ဖြစ်ပွားလေ့ရှိရာ ထိုအကြောင်းကို တပည့်များက ဇွတ်မေး
လျှောက်ကြသောအခါ ဆရာတော်ကား.....

‘အာရုံညွှတ်ခဲ့သည်’ ဟုသာ ဖြေတော်မူ၏။ ထိုအဖြေလည်း စိတ်ဝင်စားဖွယ်
ကောင်းလှပေ၏။ နတ်များ နှိုးဆော်ခြင်း မဟုတ်ကြောင်း ထင်ရှားသွားလေတော့သည်၊
သီလ, သမာဓိ အင်အားရှိသော စိတ်သည် တစ်ချက်ညွတ်လိုက်ရုံမျှဖြင့် အဘယ်မျှ တာသွား
သည်ကို သုံးသပ်၍ မေတ္တာ ဘာဝနာ စသည်ကို ပွားထုံကြရာ၏။

သိသောသူသည်သာ သိသည်

ဆရာတော် ပျံလွန်ပြီး နှစ်ရက်အရတွင် လူကောင်းပကတိကဲ့သို့ ဆီးဝမ်းများ
တွက်ကျသဖြင့် သုတ်သင်ပေးကြရသည်။ အလောင်းတော်ကိုလည်း မ်းမသင်္ဂြိုဟ်ဘဲ ဂူသွင်·
ထားရန် မိန့်မှာတော်မူခဲ့၏။

အလောင်းတော်မှာ ပျောင်းအိနူးညံ့လျက် လက်ခြေများ အချိန်မရွေး ကွေးဆန့်
လှုပ်ရှား၍ရကြောင်း၊ ဆံတော်များကိုလည်း မကြာခဏရိတ်ပေးရကြောင်း အတ္ထုပ္ပတ္တိ စာအုပ်၌


J
