## PAGE 682


21.

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၂၇

“မနက်ကပဲတပည့်တော်တို့ရွာကို ဆွမ်းခံကြွလာလို ့ တပည့်တော်ပဲ ဆွမ်းလောင်းလှူ
လိုက်ပါသေးတယ် ဘုရား” ဟု ဆရာတော်ကို မဖူးတွေ့ ရမီ အစောင့် ဦးပဉ္စင်းအား ဒကာ
တစ်ဦးက မလျှောက်လိုက်၏။ ဦးပဉ္စင်းလဲ ပြန်မဖြေတတ်အောင် ရှိနေစဉ် ထိုဒကာကပင်
ဆက်၍-

“ဆရာတော့် နောက်ကပါလာတဲ့ မောင်ကျောင်းသားကိုတောင် မင်းနာမည် ဘယ်သူလဲ
မင်းအဖေ ဘယ်သူလဲလို ့ တပည့်တော်က မေးလိုက်မိသေးတယ်”

“အဖို့ ဘယ်လိုပြောလဲ” ဟု ဦးပဉ္စင်းက မေးရာ-

·

“တပည့်တော်လဲ မသိပါဘူး။ ကိုတင်ဖေ၊ မတင်ငွေတို ့သား မောင်ပေါက်စလို
ပြောသွားတာပဲ” ဟု တိတိကျကျ ပြောနေပြန်သဖြင့် ရုတ်တရက် သတိရကာ ဦးပဉ္စင်းက
ဆော့ကစားနေသော ကျောင်းသားမောင်ပေါက်စကို ချက်ချင်းခေါ်၍ မေးကြည့်ရာ နံနက်က
ဘယ်မှ မသွားကြောင်း လျှောက်၏။

သံသယကိုယ်စီဖြင့် မည်သူမျှ အဖြေမရနိုင်ဘဲရှိရာ ဆရာတော်အား ဖူးခွင့်ပြုရန်သာ
အစောင့် ဦးပဉ္စင်းအားဝိုင်း၍ တောင်းပန် လျှောက်ကြသဖြင့် ဦးပဉ္စင်းလည်း ဆရာတော်အား
အခန်းထဲမှ တွဲဆောင်ကာ ပင့်ပေးရသည်။

ဒကာ ဒကာမများမှာလည်း လူပြိန်းတွေး တွေးကာ-

“တို့ ထင်တာနဲ့တော့ ကိုက်နေပြီ။ ရဟန္တာလို ့ ပြောနေကြတာ ဟုတ်မှာပါပဲ
ဟူသော အတွေးကိုယ်စီဖြင့် ကြည်ညို ဖူးမြော်ကြရလေတော့သည်။ ဆရာတော်ကား တရားစကား
တစ်ခွန်းနှစ်ခွန်းမျှလောက် ချီးမြှင့်နိုင်လေ၏။

အခြား ဝေးလံလှ သော ရွာများတွင်လည်း ယင်းသို့ မကြာခဏ ဆွမ်းခံကြွကြောင်း
ကောလာဟလသတင်းများ ဖြစ်ပွားလေ့ရှိရာ ထိုအကြောင်းကို တပည့်များက ဇွတ်မေး
လျှောက်ကြသောအခါ ဆရာတော်ကား.....

`အာရုံညွှတ်ခဲ့သည်´ ဟုသာ ဖြေတော်မူ၏။ ထိုအဖြေလည်း စိတ်ဝင်စားဖွယ်
ကောင်းလှပေ၏ နတ်များ နှိုးဆော်ခြင်း မဟုတ်ကြောင်း ထင်ရှားသွားလေတော့သည်။
သီလ, သမာဓိ အင်အားရှိသော စိတ်သည် တစ်ချက်ညွတ်လိုက်ရုံမျှဖြင့် အဘယ်မျှ တာသွား
သည်ကို သုံးသပ်၍ မေတ္တာ ဘာဝနာ စသည်ကို ပွားထုံကြရာ၏။

သိသောသူသည်သာ သိသည်

ဆရာတော် ပျံလွန်ပြီး နှစ်ရက်အရတွင် လူကောင်းပကတိကဲ့သို့ ဆီးဝမ်းများ
တွက်ကျသဖြင့် သုတ်သင်ပေးကြရသည်။ အလောင်းတော်ကိုလည်း မ်းမသင်္ဂြိုဟ်ဘဲ ဂူသွင်·
ထားရန် မိန့်မှာတော်မူခဲ့၏။

အလောင်းတော်မှာ ပျောင်းအိနူးညံ့လျက် လက်ခြေများ အချိန်မရွေး ကူဆန်
လှုပ်ရှား၍ရကြောင်း၊ ဆံတော်များကိုလည်း မကြာခဏရိတ်ပေးရကြောင်း အဋ္ဌပ္ပတ္တိ စာအုပ်၌

နဝမအကြီး

## PAGE 683


မိုးကုတ် ဆရာတော် -
( ၁၂၆၁ - ၁၃၂၄ )

“ပစ္စည်းဥစ္စာတွေ၊ သားတွေသမီးတွေနဲ့ ပြည့်စုံတဲ့လူကို ဘုရားက “ကျီးတစ်ကောင်
အမဲသားတစ် ရတာနဲ့ တူတယ်လို့ ဟောတယ်”

"

“သားတစ်ကို ဟိုကျီးက စားချင်၊ ဒီကျီးက စားချင်၊ သားတစ် ရထားတဲ့ ကျီး
နောက်ကို အကုန်ပြုံလိုက်ပြီး ထိုးကြ၊ ဆိတ်ကြ၊ ဆွကြ၊ လုကြတယ်။ နဂိုက အထိုးခံရသလား၊
သားတစ်ရခါမှ အထိုးခံရတာလား။

“နဂိုကတော့ အဖော်ချင်းပဲ။ ဘယ့်လောက်ထိအောင် ခံရသလဲ ဆိုတော့ ပါးစပ်က
သားတစ်ပြုတ်ကျလောက်အောင်၊ နာအောင်ကျင်အောင် ခံရတယ်။ သားတစ်လွှတ်လိုက်တော့
မထိုးကြတော့ဘူး။ နောက်ရသွားတဲ့ အကောင်နောက် လိုက်ပြီး ထိုးကြ ဆိတ်ကြပြန်တယ်။

လူ့အထာကိုသိ၍ မညှာမတာ မိန့်ဆိုခြင်း

“ကိုယ့်ကိုကိုယ် ခင်နေတာ၊ ပစ္စည်းဥစ္စာတွေ ခင်နေတာ၊ သားလင် ခင်ပွန်း တိုက်
တာတွေ ခင်နေတာ သားတစ်ကို ချီကိုက်ထားတာပဲ။ ဒါ့ကြောင့် အစိုးရက ပေးပါ အိမ်ခွန်၊
ပေးပါ အမြတ်တော်ကြေး ဆိုတော့ ထိုးပြီ မဟုတ်လား။

“သူခိုးဓားပြကလဲချောင်းပြီး မလစ်နဲ ၊ လစ်ရင် လူသတ်ပစ္စည်းယူမယ်၊ မလွှတ်နိုင်ရင်
သေရမှာပဲ၊ ငါ့ဟာကလေးဆိုတဲ့ သက္ကာယဒိဋ္ဌိနဲ့ ချီထားတာကိုး။ ငါ့ဟာတော့ မပေးနိုင်ဘူး။
အစိုးရအပေါ် ဘယ်လိုလိမ်ရမယ်၊ ငွေထိုးရမယ် မလာ့ဘူးလား။

“ဆိုင်ကလေး ကြီးလာတော့ ဟိုကမလို၊ သည်ကမလို ထိုးကြ ဆိတ်ကြ မခံရဘူးလား။
ဘာဖြစ်လို့ ခံနေရသလဲ၊ ကံမကောင်း အကြောင်း မသင့်လို ့လား၊ လွှတ်မပစ်လို့လား။

“အခု မင်းတို့နေတဲ့အချိန်ဟာ အသေခံပြီးမိုက်နေကြတာပဲ။ ဆိုင်နီးချင်း ကလဲ
မုန်းလိုက်တာ။ ကိုယ်ကြည့်ရှုထားတဲ့ လူတွေကလဲ ချိုးကြဖဲ့ကြ။ အနာ ကြီးပွားနေကြတာ။
ရိပ်မိပလား။

“အကြွေးယူသွားလို ့ အပြေးလိုက်တောင်းရ။ ရောင်းတဲ့လူက သူ့မိတ်ဆွေမို့
ခိုးထည့်ပေးလိုက်မှာစိုးလို့ မျက်စိရှင်ရ၊ မင်းတို့ဟာ ရှုပ်နေတာပဲ။

“ယုတ်စွအဆုံး၊ အလှူခံကစပြီး ကိုယ့်အတန်းအစားနဲ့ လိုက်မထည့်ရင် ထိုးသွား
ကြသေးတာပဲ။ မသာ သွားကူတာတောင် ၁ဝိ’တန်တဲ့ လူက ငါးကျပ်ကူရင် စာရင်းမရေးချင်ဘူး။ .
ထိုးလိုက်သေးတာပဲ။

“မင်းတို့ဟာ ဘယ်အချိန်များ အထိုးခံလွတ်သတုံး”

## PAGE 684


၆၃၁

ဓမ္မာစရိယ ဦးဌေးလှိုင်

ဆရာတော်သည် လူတို့၏ စရိုက်အထာ သက္ကာယဒိဋ္ဌိကို များစွာပေါ်လွင်အောင်၊
အငြိအတွယ်များ ရှင်းလင်းအောင် ကြိုတင်၍ ခွာနိုင်သမျှ ခွာပေးတော်မူလေ့ရှိ၏။ မည်မျှ
ဂုဏ်သရေရှိသူကိုပင် မညှာ။ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် ပြော၏။ လက်ညှိုးထိုး၍
ပြသည်။

ဝိပဿနာအလုပ် မခိုင်းသေးမီ တစ်သံသရာလုံးက စွဲချက်နာသော ဒိဋ္ဌိများကို
အလျင်ခွာလှီးပေးတော်မူသည်။ သို့မှလည်း တရားခရီး ပေါက်သည်ဟု ယူဆတော်မူ၏။
“ထို ဒီဋ္ဌိများ မခွာဘဲဝိပဿနာရှုလျှင် ဒုဗ္ဗလဝိပဿနာ (=အားနည်းသော ဝိပဿနာ)သာ
ဖြစ်၍ မဂ်ဖိုလ်မရနိုင်။ ထိုဒိဋ္ဌိအစွဲမှာလည်း ပဋိစ္စသမုပ္ပာဒ်မသိ၍ စွဲရသည်” ဟု သုံးသပ်ကာ
ဒိဋ္ဌိက္ခာရန် ပဋိစ္စသမုပ္ပာဒ်ကိုသာ ဦးစွာ ဖိ၍ ထပ်ချည့်တလဲလဲ နားစွဲအီသွားအောင်
ဟောတော်မူ၏။ ကမ္မဿကတာဉာဏ်မျှဖြင့် အတ္တဒိဋ္ဌိကို မခွာနိုင်၊ ဉာဏ်စခန်း ရောက်မှသာ
ခွာချနိုင်၍ ကြိုတင်သန့်ရှင်းရေး လုပ်ပေးတော်မူခြင်း ဖြစ်၏။ (သမ္မာဒိဋ္ဌိသုတ်။)

ဆရာတော်၏ လေသံကို လိုက်၍ တပည့်အချို့ ကလည်း “သွားတယ်၊ လာတယ်
မှတ်နေရုံနှင့် တရားမရနိုင်။ ပဋိစ္စသမုပ္ပာဒ် သိပြီးမှ၊ ဖြစ်ပျက်ထိအောင် ရှုနိုင်မှသာ
ကိစ္စပြီးသည်” ဟု ရေးသားပြောဆို မှတ်ထင်နေကြသေး၏။

တရားသဘောကား သီသီကလေးဖြစ်၍ “တရားသေ' မစွဲယူကြရာ။ ဝိပဿနာ
အလုပ်သည် ပညတ်ဖြင့်သာ အစတည်ကြရ၏။ သမထ လှေကားထစ်ကိုသာ စ၍
နင်းကြရသည်။ အခွံကို ခွာဦးမှ အသားကိုရ၏။ “သွားတယ်၊ လာတယ်” မှတ်နေခြင်းသည်
အခွံခွာနေခြင်း ဖြစ်သည်။ ခွာပါများလျှင် အသားကို မတွေ့ချင်၍ မရပြီ။ ရုပ်နာမ်ဖြစ်ပျက်ကို
ထိုးထွင်းသိရန်လည်း အဆုံးအမ ဒေသနာ ဗဟုသုတကို အသင့်ရနိုင်သော ခေတ်လည်း
ဖြစ်ပေ၏။

“ပဋိစ္စသမုပ္ပာဒ် တရားကို မိုးကုတ်ဆရာတော် တရားစာအုပ်ကြည့်မှပဲ နားလည်
တော့တယ်” ဟု စာတတ်ပုဂ္ဂိုလ်ကြီးများပင် ချီးကျူးရလောက်အောင် ရှင်းလင်းလှပါ၏။

မိလိန္ဒမင်းကြီး လက်ထက်တွင် ရဟန္တာအများပင် ရှိကြသော်လည်း ရှင်နာဂသိန်သာလျှင်
ဥပမာ ဥပမေယျ ယုတ္တိသာဓကဖြင့် ဖြေရှင်း နိုင်သကဲ့သို့ ရှိတော့သည်။ ဆန်းကြယ်သော
တရားစကားအရာတွင် ဆရာတော်ကား “ဒီခေတ် မြန်မာနိုင်ငံ ရှင်ကုမာရကဿပ” ပင်
ဖြစ်၍ သာလွန်သူကို မဆိုထားဘိ၊ အလားတူ ပေါ်ထွက်ရန်ပင် မလွယ်ကူပါချေ။

သဿတနှင့် ဥစ္ဆေဒဒိဋ္ဌိ

“သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ခင်ဗျားတို့ ဝမ်းထဲမှာ တစ်ခုမရှိ၊ တစ်ခုရှိနေတယ်၊
ကိုယ့်ဟာကိုယ် သေသေချာချာ ဝေဖန်ကြည့်။

“သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များဟာ ဟိုဘဝ ဒီဘဝရှိတယ်ဆိုတာ ယုံကြည်တယ်။
‘ပါလုပ်ငါရမှာပဲ” ကံ,ကံ၏ အကျိုးလဲယုံကြည်တယ်။ ကုသိုလ်တွေလဲလုပ်တယ်။ ဒါပေမယ့်

