## PAGE 685


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၃၁

အခုနိဗ္ဗာန်သွားတော့မယ်ဆိုရင် သူမကြိုက်ဘူး။ ဘဝထဲမှာ ပုန်းအောင်းနေချတယ်။
ဒီသား၊ ဒီသမီး၊ ဒီမြေးတွေနဲ့ ဘုံစဉ်စံချင်သေးတယ်။

ဒီဆုတွေကို ဘယ်သူက အတောင်းခိုင်းတာတုံး၊ ရိပ်မိပလား။

“ဟာ…သေတစ်နေ့ မွေးတစ်နေ့၊ သေအေးတာပဲ၊ ဟိုဘ၀ ဒီဘဝ မမျှော်တော့ဘူး၊
ဒါက ဥစ္ဆေဒဒိဋ္ဌိက ထွက်လာတဲ့ အသံ၊ သူ့ကျတော့လဲ ဟိုဘဝဒီဘဝ ရှိတယ်ဆိုတာလဲသိပါရဲ့တဲ့။
ကံ,ကံ၏ အကျိုးလဲယုံပါရဲ့ ၊ ကုသိုလ်တော့ မပြုဘူးတဲ့။ ကုသိုလ်ပြုတဲ့အခါ ရောရောပြွမ်းပြွမ်း
ပြုလေ့ရှိတယ်တဲ့။ အဲ ဘုရားနဲ့ တွေ့တဲ့အခါကျလို ့ရှိရင် သူ့ အယူကို မြန်မြန် စွန် ့တတ်တယ်။
လတ သမားလောက် မခက်ဘူး။

“ခင်ဗျားတို့ ဝမ်းထဲမှာ တစ်ခုခု ရှိနေတယ်နော်။ -သဿတက အရိုးကြီးပွားရေး၊
ဥစ္ဆေဒက ငရဲကြီးပွားရေး။ ခင်ဗျားတို့က အလယ်လမ်းက သွားရမယ်။ အဖြစ်မြင်ရင် ဥစ္ဆေဒစင်ပြီ။
အပျက်မြင်ရင် သဿတ စင်ပြီး၊

“ဖဿပစ္စယာ ဝေဒနာ” တွေ့ထိတယ်၊ ကိုင်လိုက်တယ် ဆိုတာက “ဖဿ”။
နူးညံ့လိုက်တာ၊ ကောင်းလိုက်တာ ဆိုတာက “ဝေဒနာ”၊ သူ့အကြောင်းနဲ့ သူ့ အကျိုး
မလာပေဘူးလား၊ စားလို့ ကောင်းတာက “ဝေဒနာ'၊ ဒါမျိုး ထပ်ပြီး ဝတ်ချင် စားချင်တာက
“တဏှာ”၊ ဖဿကြောင့် ဝေဒနာ ဖြစ်တယ်။ ဝေဒနာကြောင့် တဏှာဖြစ်တယ်လို့ သိတော့
“ဥစ္ဆေဒ” မစင်ဘူးလား။

“ဖဿချုပ်လို ့ ဝေဒနာ ချုပ်မယ်။ အထိချုပ်သွားလို. ရှိရင် အနာချုပ်တာပဲ။
ဒီလိုချုပ်တာကို သိတော့ “သဿတ’ မစင်ဘူးလား။

"

“ရှင်ဆန္ဒဟာ ဒီသဿတ ခံနေလို ့ ၄၅-နှစ်လောက် အနိစ္စ-ဒုက္ခ-အနတ္တ ရှုပေမ
တရားမရတာ ရှင်းပလား၊ ဖြစ်သင့်လို့ ဖြစ်တယ်၊ ပျက်သင့်လို့ ပျက်တယ် လို့ သိရ
မပူနဲ့တော့၊ ဗလဝ ဝိပဿနာ ဖြစ်ပြီ။”.

ဤနေရာ၌ ဆရာတော်က “သက္ကာယ၊ သဿတ၊ ဥစ္ဆေဒ မခွာဘဲတရားအားထုတ်လျှင်၊
ပဋိစ္စသမုပ္ပာဒ် နားမလည်သေးဘဲတရားအားထုတ်လျှင် တစ်သက်လုံး အားထုတ်၊ မဂ်ဉာဏ်
ဖိုလ်ဉာဏ် နိဗ္ဗာန်မရနိုင်ဘူး” ဟု ပိုပိုသာသာ ဟောလေ့ရှိသည်ဟု ဆိုရပေမည်။ ပရိညာသုံးပါး
အဓိပ္ပာယ်ကိုလည်း ပိုပိုသာသာ ဟောထား၏။

စင်စစ် ရှင်ဆန္ဒထေရ်ကို သာဓကထိုးသည်ကိုလည်း အခိုင်အမာ မစွဲယူကြရား၊
အဘယ့်ကြောင့်ဆိုသော် သဿဗာနှင့်စပ်၍ သာသနာတွင် ရှင်ဆန္ဒတစ်ပါးလောက် ဥပမာပြရုံသာ
ရှိလေသည်။ ကြိုတင် ဟောပြောပေးသော ထိုအသိသည်လည်း “သုတမယ’ မျှသာ
ရှိသေးရာ တရားသဘောကား ကွာရမည့်အရာသည် လုပ်မှပင် အစစ်ကွာ၏။ သိရမည့်
အရာလည်း လုပ်မှပင် အစစ်သိလာရပြီ ဖြစ်သည်။ ပုံသေတစ်ထစ်ချ မသုံးသပ် မစွဲယူသင့်။

ဆရာတော် ထိုသို့ပြောသဖြင့် သုံးဆယ့်တစ်ဘုံ၌ ငြိတွယ်ခုံမင်မှုများ ကင်းကွာလာကြ
သဖြင့် သုတမယ သံဝေဂဉာဏ်၊ ကြောင်းကျိုး ဉာဏ်များ ထက်သန်ကာ ရှုမှတ်ရာ၌
ခရီးရောက်လွယ်သည်ကိုသာ ညွှန်ပြတော်မူလိုရင်း ဖြစ်သည်ဟု နားလည် သင့်ပေသည်။


## PAGE 686


၆၃၂

ဓမ္မာစရိယ ဦးဌေးလှိုင်

မိမိ၌ အဘယ် အပြစ်အနာအဆာများ ရှိသည်ကို သိမြင်အောင်သုံးသပ်၍ ကိုယ်ပေါင်း
စိတ်ခွာနေလျက် ဘာမျှငဲ့ကွက် တွယ်တာခြင်း မထားဘဲ လွတ်လွတ် ကျွတ်ကျွတ်ကြီး
စိတ်ထားရမည်ဟု ဆိုလိုပေသည်။ တရားနာရာ၌ ထီးဖိနပ်နှင့် ကလေးကို ကြောင့်ကြရခြင်း၊
အနားမှ ပရိသတ်၏ အဆင်မပြေမှု တွေ့ရသဖြင့် စိတ်ပျက်ခြင်းမျိုး ရှိနေလျှင် တရားနာရမှု၌
အလုပ်မတွင်သကဲ့သို့ မဖြစ်စေရအောင် လုပ်ရသော “ကြိုတင် သန့်ရှင်းရေး မျှသာတည်း။

သတ္တဝါတို့သည် လောဘ၊ ဒေါသ၊ မောဟ၊ မာနကြီးကြကုန်၏။ ထို့ကြောင့်
“မူလကမ္မဋ္ဌာန်း” တစ်ခုခုကို မပေးမီ “ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ မရဏဿတိ ကမ္မဋ္ဌာန်း' တို့ကို
ကြိုတင်ပေးရခြင်း ဖြစ်သည်။ မဂ္ဂင်ရထား သွာလို့ ရအောင် ကြိုတင်အမှိုက် ရှင်းရခြင်းပင်တည်း။

ဆရာတော်ကား အပြောအဟော သန်သူ၊ စွမ်းသူဖြစ်တော်မူ၍ မူလကမ္မဋ္ဌာန်းနှင့်
ရှေ့ပြေးကမ္မဋ္ဌာန်းများ မပေးမီ အဟောအပြောနှင့်ပင် ယောဂီတို့၏ လောဘ၊ ဒေါသ၊
မောဟ၊ မာန်မာနတို့ကို တဒင်္ဂအားဖြင့် ခွာချပေးစွမ်းတော်မူနိုင်ပါပေ၏။ အဟောအပြော၌
ငြိသွားသည်နှင့် တစ်ပြိုင်နက် ကမ္မဋ္ဌာန်း အလုပ်ခွင်သို့ ဆွဲ၍သွင်းလိုက်ရာ ယောဂီများ
လွန်စွာ ခရီးပေါက်မြောက်နိုင်ကြပေသည်။

“အကျယ်ဝေဖန် ပြောပြမှ တရားရမည့် ပုဂ္ဂိုလ်မျိုး' ဟူသည်မှာ ဤသဘောပင်တည်း။
နောက်လူတို့လည်း ဆရာတော်၏ တရားစာအုပ်များကို ဖတ်ရှုကြပါလျှင် များစွ
အကျိုးဖြစ်ထွန်းနိုင်ပေ၏။ ကြိုးစားဖတ်ရှုကြပါကုန်။

(ဥပရိ-ဓာတုဝိဘင်္ဂသုတ် အဋ္ဌကထာ) ၌ လာသော တက္ကသိုလ်ပြည် ပုက္ကုသာတိ
ဘုရင်သည် ရာဇဂြိုဟ် ဗိမ္မိသာရမင်းထံမှ အာနာပါန သတင်းစကား ပါးလိုက်သော စာတွေ့
မျှဖြင့် စမ်း၍ ရှုမှတ်ရာ မိဖုရားတွေကြားမှာပင် စတုတ္ထဈာန်ရ၍ နောက်ဆုံး အနာဂါမ် ဖြစ်ခဲ့
လေသည်။

သည်။

ဤ၊ ဤစာမျိုးကို ဖတ်ရှုလိုခြင်းကပင် မိမိမှာ ပါရမီရှိသူဖြစ်ကြောင်းကို ယုံကြည်

အတိတ်နိမိတ်နှင့်လာသော အာစာနည်

မိုးကုတ်ဆရာတော်သည် ဟောပြောမှု၌ ထူးခြားသော ပါရမီရှင်ဖြစ်၏။ ငယ်ရွယ်စဉ်
ကပင် အရွယ်နှင့်မလိုက်အောင် ဟောတတ် ပြောတတ်၏။ ဥပုသ်သည်များအား ဆရာဘုန်းကြီး
ကိုယ်စား သီလပေး၊ ရေစက်ချ၊ တရားဟော လုပ်ခဲ့ရသည်။

ဆရာ့တော် လောင်းလျာသည် မန္တ လေးခရိုင်၊ မြစ်ငယ်မြို့နယ် ဒုဋ္ဌဝတီမြစ် တစ်ဖက်
ကမ်းရှိ ဥယျာဉ်တော်ရွာ၌ မွေးဖွားခဲ့၏။ ထိုရွာကား ဘိုးတော်လက်ထက်က သီးပင်မျိုးစုံ
စိုက်ပျိုးသော ဥယျာဉ်တော် ဖြစ်သည်။ “မဟာသီရိနန္ဒဝန်' ခေါ်၏။

အဖ ဦးအောင်ထွန်း၊ အမိ ဒေါ်ရွှေအိတ်တို့မှ ၁၂၆၁-ခုနှစ်၊ နတ်တော်လပြည့်ကျော်
၁၁-ရက်၊ ဗုဒ္ဓဟူးနေ့ စက်နာရီ နှစ်နာရီနှင့် မိနစ် ၃၀-အချိန် ဖွားမြင်သည်။ ငယ်မည်


## PAGE 687


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

“မောင်လှ ဘော်’း၊ သားသမီး ရှစ်ဦးတွင် ပဉ္စမမြောက် သားရတနာ ဖြစ်၏။
ပုဂ္ဂိုလ်ထူးတို့၌ ထူးခြားသော အဖြစ်အပျက်များ ရှိတတ်ကုန်၏။

၆၃၃

သတို့သား ကိုယ်ဝန်ရှိစဉ် မယ်တော်၌ “ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်တစ်ဦး ကိုယ်ဝန်သန္ဓေ
တည်နေလာသည်’ ဟု အိပ်မက် မြင်မက်၏။ သတို့သား ကိုယ်ဝန်၏ အရှိန်အဝါကြောင့်
ထူးထူးခြားခြား ချင်ခြင်းဖြစ်လာရသည်။ သီလစောင့်လို၏။ စာပေကျမ်းဂန် ဖတ်ရှုနာကြားလို၏။
တရားနာလို ဟောလို၏။ ထို့ကြောင့် မိခင်သည် မွေးဖွားသည်အထိ ကိုးပါးသိလ စောင့်
ထိန်းကာ တရားစာပေဖြင့်သာ အချိန်ကုန်လွန်စေ၏။

ဆရာတော် လောင်းလျာသည် ကလေးငယ် ဘဝကပင် အနေအထိုင် ပိရိသေဝပ်၏ ။
ခိုက်ရန်ဒေါသမဖြစ်။ လေးနှစ်သားအရွယ်တွင် ဥယျာဉ်တော်ရွာ မူလတန်းကျောင်း ကျောင်းအုပ်
ဦးစံရထံတွင် အပ်နှံ၍ လေးတန်းအောင်ပြီးနောက် အသက် ကိုးနှစ်ရွယ်တွင် ဂွေးပင်တောရ
ကျောင်း ဆရာတော်ထံ ရှင်သာမဏေ ပြုသည်။ ဘွဲ့ “ရှင်ဝိမလ”။ သဒ္ဒါ၊ သင်္ဂြိုဟ်စသော
အခြေခံစာများကို ကြိုးစားသင်ယူ၍ ဆရာ့ဝတ် တပည့်ဝတ်များကိုလည်း ကျေပွန်လှ၏။
အဟောအပြောလည်း ကောင်း၏။ ဘုန်းကြီး၍ “ကိုရင် သီဝလိ' ဟုပင် ခေါ်ကြသည်။
ဥပဓိရုပ်နှင့်တကွ အစစအရာရာ ပြည့်စုံသူဖြစ်၍ ဆရာတော်၏ ချီးမြှောက်ခြင်းကို အထူး
ရရှိသည်။

တစ်နေ့တွင် ရှင်ဝိမလသည် သင်္ကန်းတန်းပေါ်၌ သင်္ကန်းကိုခေါက်၍ တင်ထားရာ
မကြာမီ ပျားကောင်များ ပျံသန်းစုအုံကာ သင်္ကန်းပေါ်၌ အသိုက်အအုံ လုပ်ကြသည်။
“အလွန်ထူးခြား ကျော်ကြားမည့် ကိုရင်' ဟု နိမိတ်ဖတ်ကြလေ၏။

အသက် ၁၄-နှစ် အရွယ်တွင် ညီဝမ်းကွဲတော်သူ ကိုရင်စန္ဒ (ယခု ဦးဘရင်) က
ပူဆာ၍ မြစ်ကမ်းတစ်ဖက်ရှိ ပြောင်းခင်းမှ ပြောင်းဖူးခူးရန် ရှင်စန္ဒကို လှေပေါ်တင်၍
ရှင်ဝိမလကိုယ်တိုင် လှော်ခတ်ကူးရာ ကြောက်မက်ဖွယ် ဝဲဂယက်ကြီးထဲသို့ မျောပါသွား၏။
မည်သည့် လှေကြီး လှေငယ်မျှ ဖြတ်သန်းမသွားရဲသော ဝဲဂယက် ဖြစ်သည်။ ကိုရင်များ
မသိရှာကြ။

ထိုအဖြစ်ကို မြင်နေကြသော ဝဲယာမြစ်ကမ်းမှ လူအများမှာ ကိုရင်နှစ်ပါးနှင့်
လှေငယ် ချာလည်လှည့်၍ မြုပ်တော့မည်ဟု ထင်ကာ
ကယ်ဆယ်လာကြသည်။ ကြောက်လန့်တကြား အော်ဟစ်၍ ပြောဆိုသံများကိုပင်
လှေများ အပြင်းလှော်ခတ်၍
ကိုရင်နှစ်ပါးမှာ အံ့သြနေကြ၏။ “ကျုပ်တို့လှေ ဘာမှမဖြစ်ပါဘူး။ ငြိမ်နေတာပဲ” ဟုပင်
ကယ်ဆယ်လာသူများအား တအံ့တသြ ပြန်ဖြေနေကြသည်။

သံသရာ ဝဲဂယက်ကိုပင် လွယ်လွယ်ကူကူဖြင့် ကူးမြောက် လှော်ခတ်ပိုနိုင်မည့်သူ
ဖြစ်၍ ဒုဋ္ဌဝတီ ဝဲဂယက်သည် လှိုင်းကြီးလှေအောက် ဖြစ်ခဲ့ရလေသလော။ ရှင်ဝိမလကား
ဣန္ဒြေရရ အသာပင် လှော်ခတ်၍ တစ်ဖက်ကမ်းသို့ တက်သွားလေတော့၏။

သေလောက်သော ဘေးကြီးများနှင့် တွေ့ကြုံရသော်လည်း ဤဘဝ၌ တရားထူး
ရမည့်သူဖြစ်က သေရရိုး ထုံးစံမရှိ။ ‘ဉာဏဝိပ္မာရဣဒ္ဓိ' ဖြစ်ကြောင်း ကျွန်ုပ်တို့ အထပ်ထပ်

