## PAGE 688

၆၃၄


ဓမ္မာစရိယ ဦးဌေးလှိုင်

ဆိုခဲ့ပြီ။ လောကုတ္တရာ အမတေဓာတ် (အမတဓာတ်-နိဗ္ဗာနဓာတ်) ပါခဲ့သည့် ပုဂ္ဂိုလ်ဟုတ်နိုင်
မဟုတ်နိုင် ထိုသို့သော ဘေးရန်များကလည်း သာဓကပြုတတ်ပေ၏။

အို-ယောဂီ၊ သင်ကား အဘယ်ဘေးရန်ကြောင့်မျှ သေလို ့ရမည့်သူ ဟုတ်ဟန်မရှိ။
အသက်ကို စွန့်၍ ကြိုးစားပါလေ။ သင်က အသက်ကို မစွန် ့လိုသော်လည်း တစ်နေ့
အသက်က သင့်ကို စွန် ့လိမ့်မည်။

အချို့တွင် ‘ပျားသကာ’၊ တရားတွင် “အဘိဓမ္မာ’

•

ရှင်ဝိမလသည် ဆရာဘုန်းကြီးလည်း အိုမင်းမစွမ်းရှိလာသည်နှင့် စာဝါများ·မှန်မှန်
တက်ခွင့်မရ၊ “သည်အတိုင်း နေသွားရင် စာတတ်ရတော့မှာ မဟုတ်’ ဟု ပူပန်နေ၏။
အစ်မအရင်းဖြစ်သူ မသုစာရီလည်း အမရပူရမြို့ မင်္ဂလာကျောင်းတိုက်၌ အဘိဓမ္မာ
အရာတွင် လွန်စွာထင်ရှားသော ပထမကျော် ဆရာအုန်းထံ၌ ပညာသင်လျက် ရှိရာ အစ်မ
ဖြစ်သူ၏ ပြောစကားအရ ရှင်ဝိမလလည်း မြို့တက်၍ အဘိဓမ္မာ သင်လိုစိတ်မျာ
ပြင်းပြလျက်ရှိသည်။ (ဒေါ်သုစာရီကား ယခုအခါ ပဲခူးမြို့ လိပ်ပြာကန်ကျောင်းအုပ် စာချ
ဆရာကြီး ဖြစ်သည်။)

ရှင်ဝိမလသည် မိဘဆရာသမားများထံ ခွင့်ပန် လျှောက်ထားရာ မိဘများက
နှစ်ကြိမ် သုံးကြိမ်တိုင် ခွင့်မပြုကြသဖြင့် အမရပူရသို့ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်၊
မိဘများ လိုက်၍ခေါ်သော်လည်း တရားဟော၍ ပြန်လွှတ်လိုက်၏။ အစ်မ သီလရှင်ဆရာနှင့်
ဒေါ်ပုည၊ ဒေါ်ဝိစာရီတို့က မင်္ဂလာတိုက် ဆရာတော်ကြီး ဦးသုဇာတထံ သွားရောက်
အပ်နှံကြ၏။ မကုဋကျောင်း၌ နေရသည်။ မင်္ဂလာ တိုက်ကား သာမည ဌာနမဟုတ်ချေ၊
ဘူမိနက်သန် မှန်သောနေရာ ဖြစ်ပေ၏။

အမရပူရ နန်းတည်မည် ရှိသောအခါ ဦးပေါ်ဦးနှင့်တကွ မင်းကြီးလေးပါး မြင်
သည်တော်နှင့် ဗိသုကာ တစ်ရာကျော်တို့ စခန်းချတည်းခို၍ မင်္ဂလာအချိန်ကို စောင့်ဆိုင်
နေခဲ့ကြသော နေရာဖြစ်၏။ ကြက်သွန်ခင်း တောရ ကျောင်းတိုက် ဌာနလည်း ဖြစ်သည်.
“သီလဝိသောဓနီကျမ်း၌” ကြက်သွန်ခင်း ဆရာတော်သည် ပဋိပတ် အရာ၌ ထင်ရှားသော
ဆရာတော်တစ်ပါး ဖြစ်ကြောင်း ရေးထားသည်ကို တွေ့ ရ၏။ ရှင်ဝိမလကား မိမိနေရာဟောင်
သို့ပင် ပြန်လည် ရောက်လာခြင်းလော မဆိုနိုင်ချေ။

ရှင်ဝိမလသည် မင်္ဂလာတိုက် ဆရာတော်နှင့် မင်းတုန်း၊ သီပေါ၊ အင်္ဂလိပ်ခေတ်
သုံးခေတ်တွင် အဘိဓမ္မာနာမည်ကျော် ပထမကျော် ဆရာကြီး ဦးအုန်း (၁၂ဝ၈-၁၂၈၇) ထံ၌
ကြိုးစား၍ ပညာသင်ယူ၏။ ရှင်ဝိမလသည် ထူးခြားထက်မြက်သော ဥပဓိနှင့် ဉာဏ်ရည်
တို့ကြောင့် အထူးတလည် အရေးပေးခံရ၏။ သို့ရာတွင် ရှင်ဝိမလကား ဥပုသ်ဇရပ်များတွင်
“တရားဟော ကောင်းသည်” ဟု တစ်စတစ်စ ကျော်ကြားလာသဖြင့် ပညာရေး နှောင့်နှေးမည်
စိုးသောကြောင့် တရားမဟောရန် တားမြစ် ချော့မော့ထားကြရလေသည်။ ကိုရင်ဘဝဖြင့်ပင်


## PAGE 689


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ဆရာကြီးဦးအုန်း၏ အဘိဓမ္မာအမွေကို အတွင်းကျကျ ရရှိလေတော့၏။

၆၃၅

ရှင်ဝိမလ အသက် ၂၀-ရှိသောအခါ ဦးဝင်း ဒေါ်စောတို့က ဒကာခံ၍ ရဟန်းဘောင်
တက်သည်။ ၁၂၈၁-ခုနှစ်၊ ဝါဆိုလဆန်း ရှစ်ရက်။ ရဟန်းသစ် ဦးဝိမလသည် သိမ်မှအထွက်
သင်္ကန်းချွေးစိုနေသဖြင့် မကုဋကျောင်း (ယခု စင်္ကြံကျောင်း မြောက်ဘက် ဘုံကျောင်းနေရာ)
၌ ခဏတစ်ဖြုတ် အနီး၌ သင်္ကန်းလှန်းထားရာ မိနစ်ပိုင်းအတွင်း ပျားများ စုအုံပျံသန်းလာကာ
အသိုက်အအုံလုပ်ကြ၏။ ဒုတိယမ္ပိ သင်္ကန်းပျားစွဲခြင်း ဖြစ်သည်။ လူတို့အတွက် အကောင်းဆုံး
အချိုမြိန်ဆုံးသော ဆေးအာဟာရကို ပေးနိုင်သူမှာ ပျားသတ္တဝါတို့ပင်တည်း။ ၁၂၈၃-
ခုနှစ်တွင် အစ်မ ဒေါ်သုစာရီနှင့် စာသင်ဘက် မိုးကုတ်သူဒေါ်ဝိစာရီက သိမ်ထပ်မင်္ဂလာ
ပြုပြန်သည်။

ထိုအခါ ဆရာကြီး ဦးအုန်းက ဦးဝိမလအား ကိုယ်စား အဘိဓမ္မာညဝါများကို
စမ်းသပ်ပို့ချခိုင်း၏။ နေ ့အခါ ရထားဖြင့် မန္တလေးသို့သွား၍ စာလိုက်ပြန်သည်။ စာလိုက်ခဲ့
သော ဆရာတော်များမှာ ခေမာသီဝံ ဆရာတော်၊ ဘုရားကြီးတိုက် ဦးခန္တီနှင့် ဆရာတော်
ဦးကြည်တို့ ဖြစ်ကြ၏။

၁၂၈၆-ခုနှစ်တွင် မင်္ဂလာတိုက်အတွင်း အလယ်ပိဋကတိုက် ကျောင်းကြီး၌
ကျောင်းထိုင်စာချဖြစ်ကာ အနှစ်သုံးဆယ်ကျော် အထူးသဖြင့် အဘိဓမ္မာညဝါများကို ချပို့ တော်
မူ၏။ မာတိကာ-ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်းသုံးမျိုးကို တစ်နှစ် သုံးကြိမ်စီ ချပို့ တော်မူရာ
စာလိုက်သံဃာများမှာ သုံးလေးရာရှိသဖြင့် ကျောင်းမလုံလောက်၍ မယ်ဇယ်ပင်ရိပ်ခိုကာ
စာအံ စာကျက်ကြရ၏။

ဆရာတော် ဦးဝိမလနှင့် အဘိဓမ္မာ ညဝါသတင်းသည် တစ်နိုင်ငံလုံး၌ မသိသူမရှိ
ဖြစ်သွား၏။ “တောင်မြို့ မနေဖူးလျှင် အဘိဓမ္မာ မတတ်” ဟုပင် သတ်မှတ်ကြလေသည်။
ဆရာကြီး ဦးအုန်း လက်စ,မသတ်ခဲ့သော နာမည်ကျော် “အဘိဓမ္မာ တံခွန်” ကျမ်းကြီးကိုလည်း
လက်စသတ် ရေးတော်မူ၏။ “ယမက မဉ္စရီ” ကျမ်းနှင့် “ပုထုဇ္ဇန အလင်းပြ” ကျမ်းများကိုလည်း
ပြုစုတော်မူသည်။ ဆရာတော်၏ အဘိဓမ္မာ ပျားလဘို့သည် ယခုတိုင် သောက်စို့
မကုန်ပါချေ။

လယ်တီ ကိုယ်စား တရားစင်မြင့် တက်ရပြီ

ဆရာတော်ကလေး ဦးဝိမလသည် စာသင်သားများအား စာချရင်း တစ်ဖက်က
လူများအား တရားဟော၏။ ဝါတွင်း သုံးလပတ်လုံး တောင်မင်းကြီးဘုရား ရဲလောင်းဇရပ်နှင့်
အောင်မြေ ရွှေဘုံ ဘုရားတောင်ဘက်ရှိ ဇရပ်ကြီးများ၌ အလှည့်ကျ နေ့စဉ် ဟောတော်မူ၏။
အချို့ ဒကာများက တရားနာရုံမျှ အားမရဘဲ ရဟန်းတော်များအား ချပ်သော-ညဝါများကိုပင်
လာ၍ နာယူကြသည်။

“ဦးပဉ္စင်း စာချတာ ကုသိုလ်ရရုံပဲရှိတယ်၊ တရားဟောတာလဲကုသိုလ်ရရုံပဲ၊ မိမိကိုယ်တိုင်

## PAGE 690


{

၆၃၆

စန္ဒာခရိယ ဦးဌေးလှိုင်

ပထမဆုံးသိအောင်၊ ကိစ္စပြီးအောင် လုပ်ပါဦး” ဟု အောင်ခြင်းရှပ်ပါး ဆရာတော်ကြီး
ဦးနာဂဝံသ ကဆုံးမစကား ပြောကြားသည်ကို မမျှော်လင့်ဘဲကြားရရာ ဆရာတော်၏
စိတ်ထဲ၌ နင့်ကနဲဖြစ်ကာ သံဝေဂ ဝင်လာ၏။ ထိုအခါမှ စတင်ကာ ညအခါ အချိန်ထား၍
တရားရှုမှတ်တော် မူတော့သည်။ ဟန်ကျမည့်သူကို သတိပေးရသည်မှာ လွယ်ကူလှ ပေ၏။

“အောင်ခြင်းရှစ်ပါး ဆရာတော်' ဟူသည် အမရပူရမြို့ တောင်သမန်အင်း အနောက်ဖက်
ကမ်းရှိ အောင်ခြင်းရှစ်ပါး ကျောင်းတိုက် ဆရာတော် အရှင်နာဂဝံသ (၁၂၄၈-၁၃၃၂)
ဖြစ်၏။ မိုးကုတ်ဆရာတော်နှင့် ဆရာတူတပည့် ဖြစ်သည်။ အဘိဓမ္မာညဝါများ သင်ယူပြီးနောက်
ရာသက်ပန် ဧကစာ နေတော်မူ၏။ ခေါင်းခေါင်းပါးပါးနေသည်။ ညဉ့်သုံးယံတွင် တစ်ယံမျှသာ
လျောင်း၏။ ၁၂-နာရီခွဲလောက်တွင် မျက်နှာသစ်သည်။ မဟာဂန္ဓာရုံ၊ မင်္ဂလာ၊ တူးမောင်း
ဆရာတော်များပင် မကြာခဏ ဆည်းကပ်ကြ၏။ အာနာပါနနှင့်ကသိုဏ်းများ နိုင်နင်းတော်
မူပုံရသည်။ ရံခါ ကျောင်းဝင်း တစ်ဝင်းလုံး လင်းထိန်နေ၏။ ဈာန်ပျံသည်၊ ရဟန္တာဖြစ်သည်ဟု
ဖျော်ကြား၍ ဒကာ ဒကာမများ စည်ကားလာသောအခါ ရဟန္တာ မဟုတ်ကြောင်း
ပွင့်ပွင့်လင်းလင်းကြီး မိန့်ဆိုနှင်ထုတ်သည်။ တံတားဦးမြို့ နယ် ဖောင်းကားလေး ရွာ ညောင်
ကုန်းကြီးရပ်၊ ဦးစိုး ဒေါ်အေးမတို့မှ ဘွားမြင်တော်မူသော ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ် ထူးကြီးပင်တည်း။

ဦးဝိမလလည်း 'အဟောကောင်း၊ စာချကောင်း' ဟူသော ယာယီ အကောင်းများကို
ရှောင်လွှဲသာ သေးသဖြင့် အိပ်ချိန်မှပင်ဖဲ့၍ အကောင်းဆုံး ပဓာနအလုပ်ကို လုပ်မိအောင်
လုပ်ယူနေရ၏။. မုံရွာ-မန္တလေးမြို့ များသို့လည်း သွားရောက် အားထုတ်တော်မူသည်။
နံနက်နှင့် ညနေပိုင်းတို့၌ အမြဲလမ်းလျှောက်လေ့ရှိ၏။

ဆရာတော်သည် ၁၂၈၆-ခုနှစ်မှစ၍ အမကြီး ဒေါ်သုစာရီနှင့် စာသင်ဖက် ဒေါ်မိလာသိ၏
ပင့်လျှောက်ချက်အရ ဆောင်းလေးလတွင် မင်းကွန်း မိုးကုတ်ချောင်၌ စာဝါ ချပို ့ဘော်
မူလေ့ရှိသည်။ ထိုချောင်၌လည်း ဆရာတော်ကို အကြောင်းပြု၍ ဇရပ်ကျောင်းကန်များ
တစ်နေ့တခြား စည်ကားလာ၏။

ထိုအချိန်က အောက်ပြည် အောက်ရွာ၌ အဘိဓမ္မာတရားပွဲများလည်း အလွန်
ခေတ်စားလျက်ရှိ၏။ လယ်တီဆရာတော်နှင့် တပည့်ကြီးများဖြစ်ကြသော လယ်တီ ဦးပဒုမ၊
သေကျတောင် ဦးတိလောကစသော နိုင်ငံကျော် ဓမ္မကထိကကြီးများ တစ်ပါးဆင်းတက်
ဟောကြားတော်မူလေ့ ရှိကြသည်။

၁၂၉၁-ခုနှစ်တွင် ညောင်လေးပင်မြို့ ပြည်လုံးချမ်းသာဘုရား၌ နှစ်စဉ် ကျင်းပမြဲ
အဘိဓမ္မာတရားပွဲအတွက် စစ်ကိုင်းတောင်ရိုး ဇမ္ဗုပတိချောင် ဦးပဒုမ ဆရာတော်အား
လာရောက် ပင့်ကြရာ-

“ငါ့မှာ သူကျပါဒ ဖြစ်နေပြီ၊ ဒါပေမယ့် မင်းတို့ အဘိဓမ္မာ တရားပွဲနှင့် သင့်တော်
မယ့် ကိုယ်တော်ကလေးတစ်ပါးတော့ တွေ့ထားပြီ။ ဆယ်ဝါပဲရှိသေးတယ်” ဟု ဆိုကာ
ဆရာတော်အား ညွှန်ကြားသဖြင့် ၁၂၉၂-ခုနှစ်မှစ၍ နှစ်စဉ် တပေါင်းလဆန်း ရှစ်ရက်
နေ့တိုင်း ကြွရောက် ဟောပြောရ၏။

