## PAGE 691


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၃၇

“ဘုန်းကြီးက စာပေကိုသာ ချပို ့နေတာ၊ ယခုလို မဏ္ဍပ်ကြီးထိုးပြီးလဲ မဟောဖူးသေး
ပါဘူး” ဟု ခပ်ရို့ရို့ဖြင့် စတင်ပွဲထွက်ခဲ့ရသော်လည်း ဆရာတော်၏ အဘိဓမ္မာ ပန်းဝတ်ရည်ကို
စွဲမက်၍သာ နေကြလေတော့၏။

ဓမ္မကထိကနှင့် ဘုရားပွဲကိစ္စ

(မူလ ပဏ္ဏာသ-မဟာဂေါသိင်္ဂသုတ်၌) –အဘိဓမ္မာကို ဆွေးနွေးဟောကြားနိုင်သော
ရဟန်းသာလျှင် အင်ကြင်းတောပမာ သာသနာတော်အား တင့်တယ်စေနိုင်သူဖြစ်သည်” ဟု
အရှင်မောဂ္ဂလာန်က သူ၏ထင်မြင်ချက်ကို ဟောပြတော်မူဖူး၏။ အဋ္ဌကထာဆရာကလည်း
အဲဘိဓမ္မ သဘာဝကို ဟောပြနိုင်သော ဓမ္မကထိကသာလျှင် 'သာသနာ့ ကျက်သရေဆောင်
ဓမ္မကထိကအစစ်” ဖြစ်ကြောင်း ဖွင့်ဆိုသည်။ (အဋ္ဌသာလိနီ-၃ဝ။ ဤ၌ အဘိဓမ္မာဟူသည်
နှလုံးသားက သိမြင်သော အဘိဓမ္မာ ဖြစ်၏။ စိတ်-တစ်ခုယုတ် ၉ဝ၊ စေတသိက်
၅၂။ ရုပ်
၂၈- ဟူသော သညာသိ အဘိဓမ္မာမဟုတ်။)
ယခုအခါ သီချင်းဆိုသော ဘုန်းကြီးများကပင် မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် ဉာဏ်စဉ်များကို
ဟောနေကြလေပြီ။

တစ်ခါက ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီး ယင်း ညောင်လေးပင်မြို့၌ပ
တရားဟောတော်မူရာ တရားဇရပ်နှင့် အထူးသဖြင့် တရားဟောပလ္လင်ကြီးမှာ ဖိတ်ဖိတ်တောက်
ကောင်းမွန်လှသည်ကို ကြည့်၍ တရားဟောရင်း သတိပေး သြဝါဒ စကားတစ်ခွန်း မိန့်မှာ
သည်ကို တစ်ဆင့်စကား ကြားနာရသည်မှာ မှတ်လောက်ပေ၏။

“အင်း….ဒကာကြီးတို့မြို့က သာသနာပြုသူတော်ကောင်းကြီးတွေ ထွက်ပေါ် သီတင်း
သုံးကြတဲ့မြို့' ဒကာ ဒကာမတွေကလဲ သာသနာရေး အားပေး စိတ်ဝင်စားတဲ့မြို့ ဖြစ်လို
တရားဟော ပလ္လင်ကြီးများလဲ ခမ်းနားကောင်းမွန်လှပေတယ်။ ဘုန်းကြီး သတိပေးချင်တာ
ကတော့ ဒီလို တရားဟောပလ္လင်မျိုးပေါ်မှာ သီချင်းဆိုတဲ့ ကိုယ်တော်တွေ မတက်ကြပါစေနဲ့”
ဟူ၍ ဖြစ်ပါသည်။ ဒကာများဘက်ကလည်း မျက်စိ နား ကြီးဖို ့ လိုလှသည်။

ရှေးအခါက အထက်ပါ ညောင်လေးပင်မြို့ ပြည်လုံးချမ်းသာ ဘုရားပွဲကား နှစ်စဉ်
ဇာတ် ရုပ်သေးများဖြင့် ကျင်းပကြရာ ၁၂၈၁-ခုနှစ်မှစ၍ လယ်တီ ဆရာတော်ကြီးက-

“တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ရွာဘုရားပွဲ– မလုပ်ကြပါနဲ ့ကွာ၊ ဇာတ်ပွဲတွေ ငါ့လှူကြပါ”
ဟု မိန့်တော်မူရာမှ ဖြစ်ပေါ်လာသော အဘိဓမ္မာတရားပွဲကြီး ဖြစ်သည်။ စင်စစ် ထိုပလ္လင်ကား
လယ်တီဆရာတော်၏ တရားပလ္လင်ဖြစ်၏။

ယင်းသို့ ရာဇဝင်နှင့်လာသော ညောင်လေးပင်ဒေသ၌ ကျေးဇူးရှင် မဟာစဉ်
ဆရာတော်ဘုရားကြီး၏ အမှတ်မထင် သြဝါဒတော်ကား ‘ရွှေဖလား အနားကွပ်' သကဲ့သို့
ရှိလေ၏။

ဆရာတော်သည် လယ်တီဆရာတော်၏ အဘိဓမ္မာအမွေနှင့် ပဋိပတ္တိအမွေကို ဆက်လက်


## PAGE 692

၆၃၈


ဓမ္မာစရိယ ဦးဌေးလှိုင်

ခံယူလိုက်ရကာ နိုင်ငံကျော် ဓမ္မကထိက အဖြစ်သို့ ရောက်မှန်းမသိ ရောက်လာ ခဲ့ပေသည်။
ထိုအချိန်မှစ၍ “ဝနပ္ပဂုမ္ဗေ သုံးထွေပိဋကတ် ငါးရပ်နိကာယ် ရောင်စုံခြယ်သော အသွယ်သွယ်
အဖုံဖုံ ပန်းရဂုံမှ ထုံနံ ့သင်းကြည် ပန်းဝတ်ရည်တို့ကို ကိုယ်တော်တိုင် ဝအီအောင် သောက်စို့
ပြီးကာမှ ဝေနေယျများစွာအတွက် အဘိဓမ္မာပျားလဘို့ကို သောက်စို့မကုန်အောင် တည်ခင်း
ကျွေးတော်မူခဲ့၏။

မိုးကုတ်ဆရာတော်နှင့် ဉာဏ်အမြင်

၁၂၉၄-ခုနှစ်မှစ၍ ဆရာတော်သည် မိုးကုတ်မြို့မှ ကျောင်းဒကာကြီး ဦးလယ်
ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ နှစ်စဉ် ကြွရောက်၍ တရားဟောတော်မူရသည်။
တရားနာ ပရိသတ်များမှာ တစ်နေ့တခြား များပြားကာ ပန်ချာပီ၊ ဂူဂျာရတီ စသော
လူမျိုးခြားများပင် `ဝိပဿနာအလုပ်စခန်းသို့ ဝင်လာကြလေသည်။ ၁၃၁၆-ခုနှစ်တွင်
ဒေါ်အုံ၊ ဒေါ်ဖုံတို့က “မင်္ဂလာတိုက်' ဟု ကမ္ပည်းထိုးကာ တိုက်ဆောက်လှူကြသည်။
က သုသာန်ကျောင်း စသည်၌ တရားပွဲများ လုပ်ရလေသည်။

ပထမ

ဆရာတော်သည် ၁၃၀၃-ခုနှစ်မှစ၍ ဒုတိယကမ္ဘာစစ်အတွင်း မိုးကုတ်၌ သီတင်း
သုံးသည်။ ဆရာတော်သည် မည်သည့်မြို့၌ သီတင်းသုံးသုံး၊ နေ့စဉ် အချိန်ဇယားကို
အဘိအကျ ရေးဆွဲနေထိုင်လေ့ရှိ၏။ ဝတ်ပြုချိန်၊ တရားထိုင်ချိန်၊ တရားဟောချိန်၊ စာချချိန်၊
လမ်းလျှောက်ချိန်၊ စားသောက်ချိန် အတိအကျပင် လုပ်တော်မူသည်မှာ အလွန်ထူးခြားလှသည်။

စစ်အတွင်း မိုးကုတ်သုသာန်ကျောင်း၌ ခေတ္တမျှနေ၍ စစ်ဘေးဒဏ်မှ ပို၍ စိတ်ချရစေရန်
ဦးလယ်၊ ဦးဘိုးလုံ၊ ဒေါ်ကြီးတို့၏ ပင့်လျှောက်ချက်အရ မြို့နှင့် လေးမိုင်ခန့် ဝေးသော
ဘော်ဘတန်းရွာသို့ ကြွရောက် သီတင်းသုံးရပြန်သည်။

ဘော်ဘတန်း ရွာကလေးသည် ပေလေးထောင်ကျော် အမြင့်၌ရှိသော တောင်ပေါ်
ရွာကလေးဖြစ်သည်။ သဘာဝ အလျောက် ကျောက်လိုဏ်ဂူများရှိရာ ဆရာတော်အတွက်
အခွင့်ကောင်းကြီးတစ်ခုဖြစ်နေ၏၊ ဒေါ်အုံ၊ ဒေါ်ဖုံ စသော ဆွမ်းဒကာများလည်း တရားနာရင်း၊
တရားဆိုင်ရင်း ဝတ်ပြုရင်း ထိုရွာကလေးသို့ ပြောင်းရွှေ့ လာကြပြန်ရာ “နတ်တို့ဖန်
ရေကန်အသင့် ကြာအသင့်' ဆိုသကဲ့သို့ ဖြစ်သွား၏။

ဒုတိယ ကမ္ဘာ့စစ်မီးအတွင်း သေကြ ကြ ငတ်ကြ လုကြ၊ စားရမဲ့ ဝတ်ရမဲ့၊
ဝိပတ္တိကာလဆိုးကြီးကား ဆရာတော့်အတွက် သမ္ပတ္တိဆိုက်လျက် ရှိခဲ့သည်။ အချိန်အခါနှင့်
ဘဝတန်ဖိုးကို သိသူတို့အတွက် ခေတ်ကြီးသည် အမြဲတမ်း ကောင်းနေ၏။ ကံပေးသမျှ
မိမိတို့ ရရှိနေထိုင်ရသော ဌာနလည်း နိဗ္ဗာန်ဆိပ်ဦးပင်တည်း၊ ဘော်ဘတန်းရွာ အနီးရှိ
သယံဇာတ ကျောက်ဂူကြီးသည် ဆရာတော်၏ နိဗ္ဗာန်ဆိပ်ဦး တရားထူးရရာ ဌာနကြီး
ဖြစ်ပေလိမ့်မည်။ စာချမှု၊ ဟောပြောမှု၊ သံဃာအုပ်ချုပ်မှုတို့ဖြင့် ဝိပဿနာအလုပ် မတွင်ခဲ့
ရသော ဆရာတော်အတွက် ဒုတိယကမ္ဘာစစ်ကြီးသည် အေးအေးဆေးဆေး စာရားဝင်နိုင်စေရန်


## PAGE 693

ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ


ဓားထမ်း၍ စောင့်ပေးနေသကဲ့သို ့ ရှိတော့သည်။

၆၃၉

ဒုတိယကမ္ဘာစစ်ကြီးသာ မဖြစ်ခဲ့သော် ဆရာတော်၏ ရဟန်းကိစ္စသည် ထိုမျှလောက်
စောစီးစွာ ပြီးကောင်းမှ ပြီးရာ၏။ ၁၁-နှစ်တိုင်တိုင် မိုးကုတ်မြို့၌သာ သီတင်းသုံးတော်မူ၍
“မိုးကုတ်ဆရာတော်” ဟု တွင်သည်။

ဆရာတော်သည် ကမ္ဘာစစ် မဖြစ်မီကပင် တရားကိစ္စ ပြီးသင့်သလောက် ပြီးနေပြီဟု
ယူဆရ၏။ ရဟန်းငါးဝါ ခြောက်ဝါ ကျောင်းထိုင်စာချ ဓမ္မကထိက အဖြစ်ဖြင့်ပင်
နေ ့စဉ်အချိန်ထား၍ စတင် အားထုတ်ခဲ့သည်။ ယင်းကို မသိကြသဖြင့် “စာချဘုန်းကြီးက
တရားဟာကာ စားလမ်းလိုက်နေပြီ” ဟု ထင်သူတို ့ ထင်ကြ၏။

တစ်ဖန် အဘိဓမ္မာ တရားများကို ဟောရာမှ ဝိဿနာတရားများကို တွင်တွင်ကြီး
ဟောလာပြန်သောအခါ (ဇာတ်မင်းသားလေသံဖြင့် ယပ်လန်အောင် ဟောကြားသော
ဓမ္မကထိက အချို့ပင် ဝိပဿနာ ဉာဏ်စဉ်တွေ ဟောလာကြသဖြင့်) “ခေတ်မီအောင်
ဝိပဿနာတရား ဟောသည်’ ဟု အောက်မေ့ကြပြန်သည်။ ဆရာတော် လျှောက်ခဲ့သော
လမ်းကြောင်းမှာ ပါရမီဗီဇ ဘဝအခြေခံနှင့် အမြင်မခံသော လုပ်ဆောင်မှုတို ့ကိုကား
မမြင်ခဲ့ကြရှာပေ။ မသိသူကား မသိသည်ကိုပင် မသိချေ။ ထိုမျှသာမက-

"

“မင်းတို့ အမေမိဘတွေ အဘိုးအဘွားတွေ ဒီတရားမျိုး နာမသွားကြရရှာဘူး။
ဘုရားဒကာ၊ ဘုရားအမ၊ ကျောင်းဒကာ၊ ကျောင်းအမလောက်နဲ့ သေသွားကြရရှာတယ်။
ကြိုးစားနာကြ”ဟု တစ်ချိန်က ဆရာတော် ဟောဖူး၏။

ပဋိပတ္တိသာသနာ ပြန်လည် ပွင့်ထွန်းလာသည့်သဘောကို တိုက်တွန်းဟောကြား
လိုရင်းဖြစ်၏။ ပရိယတ္တိ သန်သူများက မကြိုက်ကြချေ။ မည်သူတွေက မည်သို ့ တို ့ကြ၊
တိုင်ကြ၊ စောဒနာကြသည် မသိ။ ဝိနိစ္ဆယဌာနသို ့ပင် ထိုပြဿနာ တက်လာသည်ဟု
ထင်သည်။ ကောင်းစွာ မမှတ်မိ။ သူတော်ကောင်းကြီးတို ့နှင့် ဖက်၍ ရန်ဖြစ်ရသည်မှာ
နစ်နာလှချေ၏။

စင်စစ် ဆရာတော်ကား ကြောင်းကျိုးဉာဏ် သူမတူ ရင့်သန်လှသူဖြစ်၏။
အဘိဓမ္မာ ညဝါပဋ္ဌာန်းတို ့ကို ဖြန်းဖြန်းကွဲ ထိုးထွင်းနိုင်ခဲ့ပေသည်။

"

ရှေးအခါ သီဟိုဠ်ကျွန်း၌ “မဟာဂတိ ဂဓိယ တိဿဒတ္တ မထေရ်' ဟူ၍ ရှိဖူး၏။
ထိုမထေရ်သည် အဘိဓမ္မာ ပညာရှင်ဖြစ်၍ မဟာဗောဓိသို ့ ဘုရားဖူးကြွစဉ် “ပဋ္ဌာန်းကျမ်းနှင့်
သမုဒ္ဒရာ အဘယ်အရာက ကျယ်ပြောနက်ရှိုင်းသနည်း” ဟု စဉ်းစားဆင်ခြင်ရင်း ဖောင်
သင်္ဘောပေါ်၌ ရဟန္တာ ဖြစ်တော်မူခဲ့ဖူး၏။ (အဋ္ဌသာလိနီနိဒါန်း ၁၂) ။“ဆရာတော်၏
မဂ်ဖိုလ်သည် ထိုသို ့ပင်ဖြစ်ရမည်” ဟု ကျွန်ုပ်တို့ ယုံကြည်မိပါ၏။

အဘိဓမ္မာ ဒေသနာများကို အမြဲဆောင်ထားသော (တာ)၊ ရွတ်ဖတ်ဟောပြော
ပိုချ၍နေသော (ဝစသာ ပရိစိတ)၊ အမြဲတမ်း စဉ်းစားတွေးကြံ၍နေသော (မနသာနုပေက္ခိတ)
ဆရာတော်သည် အဘယ်မှာလျှင် (ဒိဋ္ဌိယာသုပ္ပဋိဝိဒ္ဓါ) ဖြစ်ပျက်မြင်ကာ အရိယာအဖြစ်သို
မရောက်ဘဲ ရှိနိုင်ပါချေမည်နည်း။

(သဂါထာဝဂ္ဂ-သံယုတ်ပါဠိတော်၌) သာယက မထေရ်ငယ်သည်လည်း စာအံရင်းပင်

Anum
