## PAGE 694


ဇမ္မာစရိယ ဦးဌေးလှိုင်

ရဟန္တာ ဖြစ်တော်မူခဲ့ဖူးပြီ။

နိဗ္ဗာန်သို့ ဦးတိုက်သော စာသည် ဤမျှ တန်ဖိုးကြီးလှပါပေ၏။ ခေါင်းခေါင်းပါးပါး
ကျင့်ကြံ၍ အပြတ်အသတ် အသေအလဲလုပ်မှ ရသည်မဟုတ်။ ၃၁-ဘုံ၌ အငြိအတွယ်များကို
ဖြတ်တောက်ကာ သမာဓိ ထူထောင်သွားပါလျှင် စာအံရင်း၊ စာချရင်း၊ တရားဟောရင်း၊
ပရိယတ္တိ သာသနာပြုရင်းနှင့်ပင် ရဟန်းကိစ္စ ပြီးနိုင်သည်ကို ဆရာတော် ထောက်ပြလိုက်ခြင်း
ဖြစ်ပါ၏။

ပရိယတ္တိ ဝန်ဆောင် အရှင်မြတ်များအတွက် ထိုထက်အားကျဖွယ်ကောင်းသော
သာဓကကို မရရှိနိုင်တော့ပြီ။

မဟာစေတီ စိန်ဖူးတော်နှင့်အိပ်မက်

စစ်ပြီးစအချိန်၌ တစ်ခုသောညတွင် ဆရာတော်သည် အိပ်မက်တစ်ခုမက်သည်။
“သီဟိုဠ်ကျွန်းသို့ ကောင်းကင်မှ ပျံကြွ၍ မဟာစေတီကို ဖူးမြော်ကန်တော့ကာ စေတီတော်ကြီးကို
ပြုပြင်သန့်ရှင်း၍ သာသနာ ပြုရသည်” ဟု မြင်မက်သည်။

မကြာမီ သီဟိုဠ်ကျွန်း မဟာဗောဓိ ဂေါပက အဖွဲ့ဝင်များထံမှ ဆရာတော့်ထံ
တောင်းပန်စာ တစ်စောင် ရောက်လာ၏။ ချမ်းသာကြွယ်ဝသော ဆရာတော်၏ ဒကာများအား
ဟောပြော၍ စိန်ဖူးတော် တင်လှူရန် အကြောင်းဖြစ်သည်။ အဖိုး အနဂ္ဃ ထိုက်တန်သော
ရတနာမျက်စုံခြယ် စိန်ဖူးတော်ကြီးကို တင်လှူနိုင်ခဲ့၏။

၁၃၀၇-ခုနှစ်တွင် ညောင်လေးပင်၊ အမရပူရ၊ မန္တလေးနှင့် အထူးသဖြင့် မိုးကုတ်
တပည့်ဒကာများကို နှိုးဆော်ကာ ရန်ကုန်မြို့ ဗိုလ်တထောင် စေတီတော်၌လည်း ရတနာ
စိန်ဖူးတော်ကို တင်လှူတော်မူခဲ့၏။ ထိုအချိန်မှစ၍.ဆရာတော်၏ အိပ်မက်အတိုင်း အထွတ်
အထိပ်သို့ ရောက်ကာ သာသနာပြုနိုင်သော အရည်အချင်းများ လုံးဝ ပြည့်စုံသွားပြီဟု
ယူဆရသည်။

၁၃၁၄-ခုနှစ်မှစ၍ မိုးကုတ်မှ အမရပူရသို့ ဆရာတော် ပြန်ကြွလာရာ သံဃာမွေးမှု၊
စာချမှုများ ရပ်ဆိုင်း၍ တရားဟော၊ တရားပြမှုကိုသာ ဦးစားပေးလျက် ပဋိပတ္တိ သာသနာ
ပြုတော်မူသည်။

“မင်္ဂလာ မဂ္ဂင်ရိပ်သာ” ဟုပင် အမည်တပ်ကာ တရားဌာနကြီးတစ်ခု ဖွင့်လှစ်တော်မူ၏။
ယောဂီများအတွက် နေရာ ကျောင်းကန်များလည်း သူ့ ထက်ငါ အပြိုင်အဆိုင် ဆောက်လှူ
ကြသည်။ အရပ်ရပ် ယောဂီတို့လည်း များကုန်၏။ တရားပွဲတွင် ကားကြီး ကားငယ်တို့ဖြင့်
တရားနာ ပရိသတ် ကြိတ်ကြိတ်တိုးကာ နေ့စဉ် ဘုရားပွဲကြီးတမျှ စည်ကားနေတော့သည်။


## PAGE 695


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ယောဂီတို့ တရားကို လိမ်လျှောက်၍မရ

၆၄၁

ဆရာတော်သည် ၁၃၁၆-ခုနှစ်တွင် ရုတ်တရက် မမာမကျန်းဖြစ်လာ၍ မန္တလေး
ရွှေလှံရပ် ဦးချစ်ဆွေ-ဒေါ်မမတို့၏ ဝင်းခြံကြီးအတွင်း အိမ်တစ်အိမ်ကို ကျောင်းအဖြစ်လှူ၍
ဆရာဝန်များ၏ အကုသခံနေရာ ကျန်းမာလာသည်နှင့် ၁၃၁၇-ခုနှစ်မှစ၍ ထိုနေရာ၌ပင်
တရားဟောတော်မူသည်။ နှစ်စဉ် နတ်တော်လမှ တပေါင်းလအထိ ညစဉ်ဟောတော်မူရာ
လူများ အဆမတန် များပြားလှသဖြင့် လမ်းရှင်း လမ်းစောင့်ရဲများပင် ချထားရသည်။

ဆရာတော် ဟောသော တရားမှာ စာမတတ်သူများပါ နားလည်နိုင်လောက်အောင်
ရှင်းလင်းလှ၏။ ကမ္မဋ္ဌာန်းပေးရာတွင်လည်း ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ မရဏဿတိ အခြေခံ
များ ခိုင်းပြီးလျှင် သတိပဋ္ဌာန်လေးပါး၊ အာနာပါန၊ စရိုက် အားလျော်စွာ ပေးတော်မူသည်။
တရားထိုင်ခိုင်းရာတွင် အချို့ယောဂီများက ပိုပိုသာသာ လိမ်၍ လျှောက်တတ်ကြရာ
ဒကာတစ်ဦးအား...

+6

“အချို့ ဒကာ ဒကာမတွေက ငါ့ကို ဒိဗ္ဗစက္ခုရတယ်လို့ အတပ်ပြောနေကြတယ်။
အမှန်က ဘယ်သူဟာ ဘယ်လောက် တရားအားထုတ်လာတယ်၊ ဘယ်လိုကိစ္စမျိုး ဖြစ်ပေါ်
လာတယ် ဆိုတာ သမာဓိ အားကောင်းရင် သိနိုင်တဲ့နည်း ရှိတယ်။ (ဓာတ်ခြောက်ပါးသဘောကို
ရှင်းပြကာ) လက်တစ်ဆုပ်စာရှိတဲ့ နှလုံးသွေးမှာ ဟဒယဝတ္ထု ရုပ်ဟာ မှီနေတယ်၊ အဲဒီ
ဟဒယဝတ္ထုရုပ်ဟာ မနောဝိညာဏ ဓာတ်တို့ စိတ်စေတသိက်တို့ရဲ့ တည်ရာဌာနပဲ။

16

.

“အဲဒီတော့ နှလုံးသွေးဟာ တရားထိုင်ပြီး သမာဓိ ကောင်းကောင်းနှင့် ရတဲ့ အချိန်
မယ် သူ့အဆင့်အတန်းအလိုက် ကြည်လင်တောက်ပလာတယ်။

“လူရဲ့ အသွေးအရောင်ဟာလဲ ပြောင်းလဲလာတယ်၊ တရားထိုင်နေကျ ပုဂ္ဂိုလ်ချင်းဆိုရင်
ကြည့်လိုက်တာနဲ့ သူ့ကိုယ်ကာယက ထွက်လာတဲ့ အရောင်အံဝါကို မြင်နိုင်တယ်။ ညံ
ဆိုရင် ပိုပြီး ထင်ရှားတယ်။ မင်းတို့ လောကီနယ်ပယ်က ဘာပဲလုပ်လာလာ၊ ဘုန်းကြီးတို့
အနေနဲ့ ကတော့ အားလုံးသိတာပဲ” ဟု ဟောတော်မူသည်။

အဘိဓမ္မာ ဓာတ်သဘာဝကို ထောက်၍ သိနိုင်သော သဘောကို နည်းပေး ဟောပြ
ခြင်း ဖြစ်သည်။ ဆရာတော်ကား အဘယ်အထိ တိကျစွာ မြင်နိုင်သည်ကိုမူ အတပ်မဆိုသာချေ။

၁၃၂၂-ခုနှစ် တန်ခူးလတွင် ဆရာတော်၌ သွကျပါဒ ဆီးချိုရောဂါ စွဲကပ်၍
ခေတ္တ ပါးရွဲ့သွားသော်လည်း အမြဲတမ်း လမ်းလျှောက်ခြင်း၊ ချွေးငုပ်သည်ထင်လျှင် အခိုး
ပွင့်ဆေး သောက်ခြင်း စသည်ဖြင့် ကျန်းမာရေးကို ထိန်းထားနိုင်၏။ ညအခါများတွင်လည်း
ဆရာတော်သည် ကျိန်းစက်သည်မရှိ။ အမြဲတရားထိုင်လျက်ချည်းသာ။ ထိုအချက်သည်ပင် -
ဆရာတော်၏ “ပဋိဝေဓ” ကို ဖော်ပြနေ၏။ တရားနာပရိသတ်များလည်း ဟောရာဌာနတိုင်းတွင်
အလွန်များပြားစွာ ရှိနေ၏။ ဆရာတော်၏ တရားစည်မှာ ကြာလေမြည်လေ ရှိတော့သည်။


## PAGE 696

၆၄)


ဓမ္မာစရိယဦးဌေးလှိုင်

ထူးဆန်းသော မြွေနဂါး

၁၃၂၄-ခုနှစ် ဝါဆိုလဆန်း ခုနစ်ရက် (၈-၇-၆၂) နေ့တွင် သာသနာ့ရိပ်သာ
ဖလ်ယဉ်ဓမ္မာရုံ၌ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်ကို ခံယူရရှိတော်မူသည်။ အဂ္ဂမဟာပဏ္ဍိတ
ဘွဲ့ အလှူခံရန် ရန်ကုန်သို့ကြွရာ ညောင်လေးပင် ဒကာ ဒကာမများလည်း ဆီးကြိုလိုက်ပါလျက်
ရှေးယခင်ကကဲ့သို့ တရားဟောကြွပါရန် လျှောက်ထားကြသည်။

“ငါ့နာမ်ရုပ် မပြိုကွဲသေးလို့ အကြောင်းညီညွတ်ရင် ချီးမြှင့်ရမှာပေါ့၊ အမြန်ဆုံး
တရားပေါက်အောင် အားထုတ်ကြ၊ ခန္ဓာကိုယ်ကြီးကဖြင့် သေဘက်ကို ဒုန်းစိုင်းနေပြီ” ဟု
ဆုံးမတော်မူ၏။

မီးရထား လမ်းတစ်လျှောက် မြို့များမှာ ကြိုတင် အကြောင်းကြားမထားရဘဲလျက်
အသင့်ကြိုဆို ကန်တော့ကြသည်ကို တွေ့ရသောအခါ တပည့်များ အံ့သြနေကြ၏။

ရန်ကုန်မြို့ရောက်ခိုက် တရားများလည်း ယခင်ကကဲ့သို့ပင် ဟောပြော ချီးမြှင့်တော်မူ၏။
ဦးသံဒိုင်၊ ဦးထွန်းရင်တို့သည် အများဆုံး ကံအခွင့်ပေးသူများ ဖြစ်ခဲ့ကြသည်။ ထိုပုဂ္ဂိုလ်များ
ကြောင့်လည်း ဆရာတော်၏ တရားများ ပြန့်ပွားရပေ၏။

ဆရာတော်သည် လမ်းလည်း မှန်မှန်လျှောက်သည်။ လမ်းလျှောက်ရင်းလည်း
အလစ်မပေး၊ ရင်းနှီးသူများအား သတိပေးတရား ဟောတော်မူ၏။

တစ်နေ့ မြန်အောင် ဦးတင်၊ ဟင်္သာကဦးမြတို ့နှင့် … လမ်းလျှောက်ကြွတော်မူရာ
ဦးမြအား-

“ဝေဒနာကျော်အောင် အားထုတ်ထား၊ အသေက ဦးသွားလိမ့်ဦးမယ်နော်၊ လိုရင်းကို
ပြောနေတယ်” ဟု သတိပေးတော်မူခဲ့သေး၏။ ထိုနှစ်ဝါတွင်း ကားဖြင့် ကြွ၍ ပုထိုးတော်ကြီးအနီး
စင်္ကြံလျှောက်ရာ အတူပါသူ ဦးစောမောင်အား-

“အခု ရန်ကုန်က ပြန်လာတာ တစ်လပဲ ရှိသေးတယ်။ ဦးမြတစ်ယောက်တော့
သပြီ” ဟု မိန့်တော်မူသည်။ ဦးမြကား-

“တပည့်တော်လို ပန်းနာသမား သေခဲပါတယ်” ဟုပင် လျှောက်လိုက်သေး၏။
သူတော်ကောင်းကြီးများ၏ အထာကို အနီးကပ်နေသော်လည်း သိချင်မှသိကြသည်။ ပြောင်ဖွင့်၍
ပြောသော်လည်း မရိပ်စားမိကြ။ မျက်စိ နားရှိအောင် လုပ်ကြကုန်။

“မောင်စောမောင်၊ ` သူတော်ကောင်းများ .. ပြောတဲ့စကားကို လေးလေးနက်နက်
မှတ်နော်။ အကြောင်းမဲ့မပြောဘူး၊ ရန်ကုန်က ဒကာ ဒကာမတွေ ငါ့ဆီအရောက် နောက်ကျ
သကွာ” ဟု လမ်းလျှောက်ရင်း ဦးစောမောင်အား အမိန့်ရှိရာ ဦးစောမောင်က-
“ရှေ့နှစ် ရန်ကုန်ကြွဦးမလား” ဟု လျှောက်သောအခါ-

“ဒါကတော့ ငါ့ခန္ဓာကိုယ်က ပြောပါလိမ့်မယ်ကွာ” ဟု မိန့်တော်မူသည်။
ထိုနှစ် တော်သလင်းလဆန်း တွင် ညီဝမ်းကွဲတော်သူ ဦးဘတုတ်အား ရိပ်သာအလွန်
ဈေးကောင့်လမ်းမှာ အနည်းငယ် ပျက်ယွင်းနေသဖြင့်-

