## PAGE 697

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၆၄၃

“မောင်ဘတုတ်၊ ဒီလမ်းကို ကောင်းကောင်းမွန်မွန် ထပ်ပြီး ပြင်ထားတာ မြင်သွား
ချင်တယ်၊ မြန်မြန်ဂရုစိုက် ပြင်စမ်း” စသည်ဖြင့် ဆရာတော်သည် စကားဆန်းများကို
အမိန့်ရှိတော်မူ၏။

တစ်ညတွင် တပည့်ငါးယောက်အား ဝတ်ဖြည့်ခံတော်မူရင်း-

“မောင်လှဘူး၊ ငါ့အခန်းထဲမှာ မြွေတစ်ကောင် ရှိတယ်၊ မင်း ဖမ်းပြီး ဘေးကင်းရာကို
သွားလွှတ်ချေ” ဟု မိန့်တော်မူ၍ အခန်းတံခါးတွင် လှည့်ပတ်ရှာရာ မတွေ့ဘဲ ရှိနေ၏။
ထိုအခါ ဆရာတော်က-

“မင်း ဒီမြွေမှ မမြင်ဘူးလားကွာ၊ အဲဒီတံခါး လက်ကိုင်ကွင်းမှာ” ဟု ထပ်၍
မိန့်တော်မူသည်။ ဝတ်ဖြည့်နေသော တပည့် ငါးဦးမှာ တစ်ယောက်မျှ မြွေကို မမြင်တွေ့ မိကြချေး၊

ဦးလှဘူးသည် လက်ကိုင်ကွင်းကို သွားကြည့်သောအခါ မြွေမှာ မာန်ဖီနေသည်ကို
တွေ့ရ၏၊ တစ်ကောင်လုံး.နီရဲနေသည်ကို တွေ့ရ၍ (ဆေးဝါး ကုသရာ၌ အဆိပ်ကို
နိုင်သော) ဦးလှဘူးပင် ထိတ်လန့်သွား၏။ အလွန်ရှားပါး၍ အဆိပ်ပြင်းထန်သော.အရပ်
ခေါ် မြွေပြဒါးမျိုးပင် ဖြစ်သည်။ ဦးလှဘူးသည် အိုးတစ်လုံး၌ ဖမ်းထည့်၍ လွှတ်လိုက်ရ၏။

နောက်မှ စဉ်းစားမိရာ တံခါးမှာ အလွန်ချောပြောင်နေသဖြင့် ထိုမြွေ အဘယ်ကဲ့သို့
တက်နိုင်ကြောင်း စဉ်းစား၍ မရအောင် ရှိကြရလေ၏။ စင်စစ် ထိုမြွေသည် နဂါးပင်တည်း။
မာရ်နတ်ကိုယ်စား နဂါးမင်း လာရောက် ပင့်လျှောက်ခြင်း ဖြစ်ပေလိမ့်မည်။

သပိတ်သွတ်လွတ် တရားဟောခြင်း

တော်သလင်းလထဲမှာပင် ဒကာရင်းဖြစ်သူ (ထေရုပ္ပတ္တိ ရေးသူ) ကျောင်းဒကာ
ဦးကျော်သိန်းအား-

“မောင်ကျော်သိန်း၊ မင်းလဲ ဘာကိစ္စရှိရှိ ဒီမှာလာနေဦး” ဟု အမိန့်ချကာ
တိုက်တွင်းရှိ လုပ်လက်စ အဆောက်အအုံများကို အမြန်ပြီးစီးအောင် စောင့်ကြပ်လုပ်စေ၏ ။
မည်သည့်အခါကမျှ လှည့်ပတ်မကြည့်စဖူး လှည့်လည် ကြည့်ရှုတော်မူသည်။

“ဒီ အဆောက်အအုံတွေ အားလုံးပြီးစီးပြီး နေသားတကျ ရှိနေတာကို ငါကြည့်
သွားချင်တယ်ကွာ”” ဟု အမိန့်ရှိရာ ကြိုးစားပြုလုပ်ကြရ၏။ ဆရာတော်ကား ကျန်းမာ
ဝဖြိုးလျက်ပင် ရှိသည်။ ရန်ကုန်ကြွမည်ဟု ထင်ကြ၏။

သီတင်းကျွတ်လပြည့်နေ့ တရားဟောတော်မူရာ “သီတင်းကျွတ်ပြီ ဆိုတာ သေခါနီး
သွားတာပဲလို့ မှတ်ပါ” ဟု ဆုံးမတော်မူ၏။

“သစ္စာသိတဲ့ ပုဂ္ဂိုလ်တွေ ဆွမ်းသွတ်စရာ လိုသေးသလား၊ ကိုယ့်ကိုကိုယ်သိအောင်လုပ်ပါ၊
သိလို့ရှိရင်လဲအိမ်ကိုမှာခဲ့ ။ ငါသေရင် ဆွမ်းမသွတ်နဲ့ ဟေ့လို ့။ သေမှ အရှက်ကွဲမခံနဲ့”
စသည်ဖြင့် “သပိတ်သွတ်လွတ် တရားလို မှတ်” ဟု ဆိုကာ သေခြင်းဘေးကြီးကို ညွှန်ပြ
တော်မူ၏။


## PAGE 698


၆၄၄

ဓမ္မာစရိယ ဦးဌေးလှိုင်

“အလောင်းကောင် အသုဘကြီးကို မလွှဲသာလို့ ဒီကျောင်းပေါ်မှာ ထားမယ်ဆိုပါတော့၊
ဒီအသုဘကြီးထဲက ဘာတွေ ထွက်လာဦးမှာလဲ။ ကျင်ကြီးထွက်လာ။ ကျင်ငယ်ထွက်လာ။
လှုပ်လဲအသုဘ၊ ထိုင်နေလဲအသုဘ၊ ဒုက္ခသစ္စာဆိုတာပေါ်ပြီလား” ဟုလည်း လပြည့်နေ့တရားကို
ဟောတော်မူသည်။ (“ငါသေရင် ဆွမ်းမသွတ်နှင့်၊ ရက်ကြာ မထားနှင့်” ဟု မှာကော်မူလိုရင်း။)

ဆရာတော်ကား တရားကို အားရပါးရ ဟောတော်မူလျက်ပင် ရှိ၏။ လပြည့်ကျော်
နှစ်ရက်နေ့ ရန်ကုန်မှ (ဝန်ကြီးဟောင်းများ ဖြစ်ကြသော) မြန်အောင် ဦးတင်၊ ဦးအောင်ဇံဝေနှင့်
ကျားပျံ ဦးသန်းမောင်တို့အား အထူး ဦးစားပေး ဟောပြောရာ-

“ခင်ဗျားတို့လဲ ကြီးကုန်ပြီ၊ ဘုန်းကြီးလဲကြီးပြီ၊ နောက်ကို ဒီသာသနာ မရှိတော့ဘူး။
ကွယ်တော့မယ်၊ ဘယ့်နှယ်ကြောင့် ကွယ်ရသတုံး ဘုရားလို့ မေးလို ့ရှိရင် ကွယ်ချိန်တန်လို့
ကွယ်တာပေါ့။ ရထားက ထွက်ခါနီးနေပြီ။ မှီရုံကလေးပဲရှိတယ်” ဟု ဟောတော်မူသည်။
(“ဒီသာသနာ” ဟူသည် မိမိကိုယ်ကို တင်စား၍ ပြောခြင်းသာ ဖြစ်၏။)

လေးရက်နေ့ ရှင်ပြုကထိန် အလှူပွဲအတွက်လည်း သုံးရက်နေ့က အကြိုရေစက်ချ၍
အားပါးတရပင် တရားဟောတော်မူ၏။ ထိုညတွင် ဝတ်ဖြည့်သူများအား--

“အိမ်မှာ ဘာကိစ္စရှိရှိ၊ နက်ဖြန် ကျောင်းမလာဘဲ မနေကြနှင့်” ဟု ခေါ်တော်မူသည်။
ထိုစကားကို ကြားရသောအခါ တပည့်ရင်းကြီး ဦးလှဘူးတို့မှာ ပို၍ စိတ်ရှုပ်ထွေးသွား၏။

ထူးဆန်းသော စကားသံနှင့် အလင်းရောင်ကြီး

ဦးလှဘူးတို့သည် ဆရာတော် ကျိန်းစက်သော အခန်းအပြင်ဘက်ဝ၌ အိပ်ကြရသူများ
ဖြစ်ရာ လပြည့်ကျော် တစ်ရက်နေ့ ည ၁၂-နာရီခန့်တွင် ဆရာတော်သည် တစ်စုံတစ်ယောက်နှင့်
စကားပြောနေသံကို မသဲမကွဲ ကြားကြရ၏။ နားစွင့်နေခိုက် ဆရာတော့် အခန်းတွင်းမှ
အလင်းရောင်ကြီးများ ပေါ်ထွက်လာသည်ကို တွေ့ရသဖြင့် ပို၍ အံ့အားသင့်နေကြသည်။
သို့နှင့် ဦးလှဘူးက နောက်ညတွင် ဝတ်ပြုသူများအား သတိဝီရိယနှင့် အိပ်ရန် မှာထား၏။
နောက် ည ၁၂ နာရီခန့်တွင် ပထမညက ကဲ့သို့ပင် စကားပြောသံလည်း ကြားရ၏။
အလင်းရောင်ကြီးကိုလည်း မြင်နေကြရသည်။

“ဆရာတော် ဘယ်သူနဲ ့ စကားပြောနေပါသလဲဘုရား၊ ခုနက အလင်းရောင်ကြီးလဲ
မြင်လိုက်ရတယ်” ဟု လျှောက်ရာ-

“လှဘူးရာ မင်းသိသားပဲ” ဟုသာ မိန့်တော်မူ၏။ ဆရာတော်ကိုကား အခန်းတွင်း၌
ထုံးစံအတိုင်း တရားထိုင်လျက်ချည်းသာ ဖူးတွေ့ရ၏။ ဦးလှဘူးတို့လူစု မဝေခွဲနိုင်အောင်
ရှိနေကြသည်။

မိုးကုတ်မြို့မှ ဦးချစ်လှနှင့်ဇနီးတို့ လေးရက်နေ့တွင် ရှင်ပြုကထိန်ပွဲအတွက် ရောက်ရှိလာ
ကြ၍ ကျောင်းတိုက်ရှိဇရပ်တိုင်းတွင် ဧည့်သည်များ ပြည့်ညှပ်လျက် ရှိသည်။ သုံးရက်နေ့
ညတွင်လည်း ဧည့်သည်များနှင့် မြို့ထဲမှ လူအချို့ပါ ဆရာတော်၏ ကျောင်းပေါ်၌ မီးလုံးကြီး


-

## PAGE 699

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၆၄၅

:

ကျဆင်းသွားကာ မကြာမီ ဝင်းကနဲအလင်းရောင်ကြီး ပြန်တက်သွားသည်ကို မြင်ကြရ၏။
ဦးလှဘူးသည် ဆရာတော်အား ထပ်၍ လျှောက်ထားပြန်ရာ-

“လှဘူးရာ မင်းကလဲ သိရက်သားနဲ့ ထပ်မေးနေပြန်ပါပြီ၊ အချိန်သိပ်မလိုတော့ဘူး”
ဟုသာ မိန့်တော်မူ၏။ စိတ်ထဲတွင် မတင်မကျ ရှိနေသော်လည်း ဦးလှဘူးသည် ထပ်၍
မလျှောက်ရဲဘဲ အခန်းအပြင်သို့ ထွက်လာခဲ့ရရှာ၏။

*

ဆရာတော်ကား ခန္ဓာဝန်ချပေတော့မည်။ နတ်ဗြဟ္မာတို့ပင် နှုတ်ခွန်းဆက်တရားနာ
လာနေကြပြီထင့်။

ဆရာတော်၏ နောက်ဆုံးတစ်နေ့တာ

ဤနေ ့သည်ကား ဆရာတော်၏ နောက်ဆုံးနေ့ဖြစ်၏။ ၁၃၂၄-ခုနှစ် သီတင်းကျွတ်
လပြည့်ကျော် လေးရက် ဗုဒ္ဓဟူးနေ့။

* ရှင်ပြုကထိန်ပွဲရှိ၍ မင်္ဂလာတိုက်၌ ရဟန်းရှင်လူ အစည်ကားဆုံးနေ့ ဖြစ်သည်။
လူအများ အလှူအတွက် ချက်ပြုတ် ပြင်ဆင်နေကြ၏။ ဆရာတော်ကား ယမန်နေ့ ကပင်
ကြိုတင်ရေစက်ချပေးကာ တစ်နာရီခန့် တရားဟောခဲ့ပြီး ဖြစ်သည်။

နံနက်ငါးနာရီတွင် ကျောင်းအမကလေး ဒေါ်တင်လှနှင့် ဒေါ်ကုမ္မာတို့ ကွေကာအုပ်ဖျော်၍
ဆရာတော်ကျောင်းသို့ ဝင်လာကြသည်။

“ဟဲ့ တင်လှ၊ ငါ့အိပ်ရာ ပြင်ခင်းထားချေစမ်း” ဟု အချိန်မဟုတ် မခိုင်းစဖူး ခိုင်း၍
ကျောင်းအမကလေးမှာ အံ့အားသင့်နေ၏။ လူရှုပ်ပင်ပန်းလှသဖြင့် အနားယူချင်၍ဟုသာ
ထင်သည်။

“တင်လှ၊ နင်တို့ငယ်သေးတယ်၊ ကမ်းမမြင်တဲ့ ရေပြင်မှာ လက်ပစ်ကူးနေကြရတယ်
လောကဓံကို ခံနိုင်အောင်လုပ်၊ ရေမျောရင်း ကမ်းစပ်က သစ်ပင်ကို ကံအားလျော်စွာ
တွေ့ရလို ့ အားကိုးတကြီး ဆွဲကိုင်မိပေမယ့် သစ်ပင်ကလဲ လှိုင်းဒဏ်ကြောင့် အမြစ်အုံပါ
ကြွပြီးနေတဲ့ သစ်ပင်အိုကြီးဆိုတော့ နင်တို့အပေါ် ပိလာဦးမှာပဲ” ဟု မိန့်တော်မူကာ
ဒေါ်တင်လှ၏ ခင်ပွန်း အပါးတော်မြဲ ကျောင်းဒကာကလေး ဦးကျော်သိန်းအား လွှတ်လိုက်ရန်
မိန့် တော်မူ၏။

ကျောင်းဒကာကလေး ရောက်လာလျှင်...

“အင်း……..သုံးဖို့၊ စားဖို့တော့ လူတိုင်း ထိုက်တန်သလောက် ရှိနေကြတာပဲ'
တော်လောက်ပြီ၊ မင်းတို့ စီးပွားရှာတာက ဖြုန်းဖို့ ရှာနေကြတာ။ မင်းတို့ပစ္စည်း ဥစ္စာကို
တွယ်တာမနေနဲ့၊ ဉာဏ်နဲ့ စွန် ့၊ လောကဓံ လှိုင်းပိမယ်။ ငါမရှိလဲ ငါ့တရားခွေတွေ ရှိတယ်။
ကြိုးစားနာရစ်” ဟု မိန် ့တော်မူရာ နားမရှင်းသော်လည်း ဘာမျှ ပြန်၍မလျှောက်ဝံ့။
ရုပ်လက္ခဏာနှင့် အသံသည် အရင်က အတိုင်းပင် ရှိ၍ “မည်သို့” ဟု မထင်တတ် ရှိနေ၏။
သို့ နှင့် ပြန်လာပြီး (အမြဲဝတ်ပြုရသူ ရှေ့မီနောက်မီ) ဦးသာဆိုင်အား အကျိုးအကြောင်း

