## PAGE 70

၁၂


ဓမ္မာစရိယ ဦးဌေးလှိုင်

များ ပို၍ လျော့ပါးလာပါလျှင် “ပိဋက သူရဲကောင်းကြီးများ' ထို့ထက်များစွာ ထွက်ပေါ်

လာမည်မှာ သေချာလှပါသည်။)

ပဋိပတ္တိ ရေစီးကြောင်း

ဗြိတိသျှခေတ်မှ လွတ်လပ်ရေးခေတ်အထိ ပဋိပတ္တိသာသနာ၏ ခရီးစဉ်မှာ ပရိယတ္တိ
ထက်ပင် ခေတ်စော၍ နိုးကြားတက်ကြွလာသည်ကို တွေ့ရ၏။ ပဋိပတ်၏ အရှိန်အဝါကြောင့်
လည်း ပရိယတ်သည် ခေတ်ပြောင်း တိုးတက်လာရသည်ဟူ၍ ဆိုသင့်သည်။

နိကာယ်ကျမ်းကြီးများ ကျမ်းအိပ်(အိပ်နေသောကျမ်း) ဖြစ်ကာ စာတိုက် ဗီရို့၌
ဓမ္မစေတီအဖြစ် ကိုးကွယ်ပူဇော်ခဲ့ကြရာမှ ယခုအခါ အမျိုးသမီးငယ်များပင် ဖတ်ရှုလေ့လာ
နိုင်ကြပြီ ဖြစ်၏။ ရွတ်ဖတ်ပူဇော်ရုံအဖြစ် ကျက်မှတ်ခဲ့ကြသော ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်
နှင့် မဟာသတိပဋ္ဌာနသုတ် စသည်တို့သည်လည်း လက်တွေ့ ကျင့်ရသည့် စာများ ဖြစ်လာကြ
ကုန်၏။

ဂုဏ်တော်နှင့် မေတ္တာသုတ်စသည်ကို ဘုရားရှိခိုးစာအဖြစ် ရွတ်ဆိုမှုနှင့် စပ်၍
မိုးကုတ်ဆရာတော်က “သောက်ဆေးကို လိမ်းဆေးလုပ်နေကြတာ၊ ရောဂါဘယ်ပျောက်မှာလဲ”ဟု
မိန့်ဆိုဖူး၏။ စင်စစ် အရွတ်သည် အသားလောက် မကောင်း၊

ထုံးအိုင်၊ အင်းအိုင်များ ပြည့်လျှံသောအခါ ချောင်း၊ မြောင်းအဖြစ် စီးဆင်းသွားကြကုန်၏။
အရပ်ရပ် ချောင်းမြောင်းများ စုပေါင်း၍ မြစ်ငယ်များဖြစ်လာကုန်၏။ မြစ်ငယ်များမှ
မြစ်ကြီးများအသွင် ကူးပြောင်းကာ သမုဒ္ဒရာကြီး ဖြစ်လာ၏။

ထိုဥပမာကဲ့သို့ ကုန်းဘောင်ခေတ်ဦးပိုင်းအထိ ပဋိပတ်သာသနာကား မပြတ်မလပ်ရုံ
ဟိုတစ်ကွက် သည်တစ်ကွက် ထုံးအိုင်၊ အင်းအိုင်များသဖွယ် ရှိခဲ့၏။ စီးဆင်းနိုင်အောင်
အင်အားမပြည့်ခဲ့။ ကုန်းဘောင်ခေတ်နှောင်း

ထွဋ်ခေါင်ဆရာတော် (၁၁၆ဝ-၁၂၄၂)

ဘုန်းတော်ကြီး ဦးသီလ (၁၁၉၄-၁၂၆၉) တို့

ခေတ်တွင်ကား ချောင်းမြောင်းသဖွယ် အနယ်နယ် အရပ်ရပ် စီးဆင်းလာ၏။
အတန်ငယ် ထူထပ်မြင့်မားသော တောအုပ်, တောင်စွယ်များကိုမူ ကျော်လွှားဖြတ်သန်းနိုင်သော
| အင်အားမရှိသေး။

လယ်တီဆရာတော် ၁၈-၁၂၈၅)

သေက္ချတောင် ဆရာတော် (၁၂၃၃-၁၂၉၃) နှင့်

မိုးညှင်းဆရာတော် (၂၃၄- ၁၃၂၆) တို့

လက်ထက်တွင်ပဋိပတ္တိ ရေစီးကြောင်းသည် သိသိသာသာ အားကောင်းလာကာ ချောင်းမြောင်း
အသွင်မှ မြစ်ငယ်များအသွင် စီးဆင်းလာခဲ့၏။ ရေစီးအား ထက် ရေစီးသံသည် နိုင်ငံအဝန်း
ရိုက်ခတ်သွားခဲ့သည်။

(ယခုအခါ အမေရိကနှင့် ဥရောပတို့၌ “မြန်မာပြည်ပြန်’နိုင်ငံခြားသားတို့မှ
တစ်ဆင့် ကိုယ်တွေ့ ဝိပဿနာကျမ်းများ၊ ရုပ်မြင်သံကြား သတင်းများကြောင့်


## PAGE 71

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၃

မြန်မာနိုင်ငံနှင့် ဗုဒ္ဓဝါဒကို များစွာ အာရုံစိုက်လာကြသည်။ လယ်တီဆရာတော်၊
ဆရာသက်ကြီးတို့၏ ကျေးဇူးကြောင့် ကွယ်လွန်သူဆရာကြီး ဦးဘခင် (အင်းလျားမြိုင်
ပဋိပတ္တိဌာန)၏ တပည့်ကြီးများ ဖြစ်ကြသော မန္တလေးသား မာရဝါရီလူမျိုး
သူဌေးကြီး ဦးဂိုအင်ကာက စီးပွားရေး လုပ်ငန်းများကို လျစ်လျူပြု၍ အိန္ဒိယပြည်အနှံ့
တရားဌာနများ ဖွင့်လှစ် ပြသခဲ့ရာ ၁၉၇၄-ခုနှစ်ဦးကပင် ယောဂီပေါင်း
နှစ်သောင်းကျော်လေပြီ၊ အမေရိကန် အမျိုးသား မစ္စတာရောဘတ်ဟိုးဗားသည်
အမေရိကန်နှင့် ကနေဒါနိုင်ငံ၌ ယောဂီပေါင်း ၁၀၀၀ကျော်ကို တရားပေးခဲ့၏။
သူကား တိုက်ချင်းပစ်ဒုံးပျံနှင့် အာကာသယာဉ် တည်ဆောက်ရေးကို အစပြုသူ
သုတေသန ပါရဂူတစ်ဦး ဖြစ်သည်။ အင်္ဂလိပ် လူမျိုး မစ္စတာ ကိုးလ်မင်းကလည်း
အင်္ဂလန်၌ တရားပြသလျက် ရှိသည့်အပြင် ထိုသုံးဦး စုပေါင်း၍လည်း အိန္ဒိယ၊
အမေရိကနှင့် ဥရောပနိုင်ငံများတွင် ယာယီနှင့် အမြဲတမ်း ကမ္မဋ္ဌာန်းဌာနများ
တည်ထောင်ကာ ပဋိပတ္တိသာသနာကို ဆက်လက်ဖြန့်ချိ နေကြသည်ဟု ကြားသိရပေရာ
တစ်ခေတ်ဆန်းလာဦးမည့် ပဋိပတ္တိ သာသနာ၏ အနာဂတ် အတိုင်းတာကို
ခန့်မျှော်နိုင်ကြပေသည်။ “အနာဂါမ်ဆရာသက်ကြီး' စာအုပ်၌ အပြည့်အစုံ
ဖော်ပြထားပါသည်။)

အစိုးရ၏ အားပေးမှ

၁၃၀၉-ခု၊ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင်ကား ရေလှိုင်းစီးအား မြင့်မား
တိုးတက်ကာ ဧရာဝတီစသော မြစ်ကြီးများသဖွယ် အသွယ်သွယ်သော မြစ်ကြောင်း
ကြီးများ အားကောင်းချင်တိုင်း ကောင်း၍ လာပေတော့သည်။

သထုံ ဇေတဝန်ဆရာတော်

စွန်းလွန်းဆရာတော်

ကန္နီဆရာတော်

ဝေဘူဆရာတော်

မိုးကုတ်ဆရာတော်

(၁၂၃၁-၁၃၁၆)

(၁၂၃၉-၁၃၁၄)

(၁၂၄၁-၁၃၂၈)

(၁၂၅၇-၁၃၃၉)

(၁၂၆၁-၁၃၂၄)

(၁၂၆၆-၁၃၄၄) စသော-

မဟာစည်ဆရာတော်

ပဋိပတ္တိဝန်ဆောင် ဆရာတော်ဘုရားကြီးများသည် သာသနာ (၂၅၀၀) လွတ်လပ်ရေး
ကာလတွင် သာသနာ့ ကျက်သရေကို တိုးမြှင့်စေတော် မူခဲ့ကြ၏။

ထိုတွင် ဝေဘူဆရာတော်၊ မိုးကုတ်ဆရာတော်နှင့် မဟာစည် ဆရာတော်တို့၏
အရှိန်အဝါများသည် အလွှမ်းမိုးဆုံးဖြစ်ကုန်၏။

၁၃၈၃-ခုနှစ်မှစ၍ နိုင်ငံတော် အစိုးရကိုယ်တိုင် ပဋိပတ္တိသာသနာအား သီးခြား
အားပေးချီးမြှောက်ခဲ့သည်။ နှစ်စဉ် ငွေတစ်သိန်းခွဲ ည်းဆုံး လျားထားခဲ့၏။ သာသနာရေး
ဝန်ကြီး လက်အောက်ရှိ ဗုဒ္ဓသာသနာအဖွဲ့ ပဋိပတ္တိ သာသနာ ပြုဌာနတွင် တစ်နိုင်ငံလုံးရှိ


## PAGE 72

၁၄


မ္မာစရိယ ဦးဌေးလှိုင်
ကမ္မဋ္ဌာန်း ဌာနပေါင်း ၃၃၆ ဌာနရှိသည်။ ယောဂီဦးရေအလိုက် အတန်းအစား လေးမျိုး
ခွဲခြား၍ ထောက်ပံ့လှူဒါန်းလျက် ရှိသည်။ လေးမျိုးမှာ ယောဂီ ၅ ဦးမှ ၂၀ အထိ ရှိသော
ဌာနအား ဆွမ်းဆန်တော်ငွေ ကျပ် (၁ဝဝ)၊ ၂၁-၃၀ (၁၅ဝ)၊ ၃၁-၄၀ (၂ဝဝ)၊ ၄၁-
နှင့်အထက် (၂၅၀) ဖြစ်၏။ ပဋိပတ္တိ ကျက်သရေဆောင် ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီး
ကိုးပါးအား ကျပ် (၇၅၀) စီနှင့် သင်္ကန်းဒွိစုံ နှစ်စဉ်ဆက်ကပ်လျက် ရှိပေသည်။

ပဋိပတ္တိ ဌာနများနှင့်စာသော် အစိုးရထောက်ပံ့ငွေမှာ မပြောပလောက်စေကာမူ
နိုင်ငံတော်အစိုးရကိုယ်တိုင်က အသိအမှတ်ပြု လေးမြတ်ပူဇော်သည့် သဘောကို ဖော်ပြခြင်းဖြစ်၍
လိုအပ်လှပေသည်။ ဆွမ်းဆန်တော်ငွေအစား ပဋိပတ္တိဆိုင်ရာ ကျမ်းစာများကို အခါအားလျော်စွာ
လှူဒါန်းခြင်း၊ သို့မဟုတ် ပဋိပတ္တိဆိုင်ရာ မှတ်သားကြည်ညိုဖွယ် ‘လစဉ်သတင်းစာစောင်”မျိုး
ယုတ်ဝေခြင်းဖြင့် အားပေးရသော် ပို၍ပင် ကျေးဇူးကြီးမြတ်ပေရာ၏။

အရိယာလျှော့ဈေး

လွတ်လပ်ရေးခေတ်မှ ဤယနေ့ကျအေင် ပဋိပတ္တိ သာသနာတော် အရှိန်အဝါအင်အား
ကြီးမားတိုးတက်လာသည်နှင့်အမျှပင် မြင်ရ-မမြင်ရသော မိစ္ဆာဒိဋ္ဌိဝါဒများလည်း အကွက်စေ့စေ့
ထိုးနှက်ဝင်ရောက်လာသည်ကို တွေ့ရပေသည်။ အမြွက်မျှ ဆိုရသော်-

၂။

၁။ “ကမ္မဋ္ဌာန်းတရား အထူးရှုပွားဖို့ မလို' (မောဟကို နိဗ္ဗာန်ထင်) သောဝါဒများ၊
‘သမာပတ် ဝင်စားသည်' ဟု ဆိုကာ ရှင်ငယ်၊ အမျိုးသမီးငယ်များကိုပင် ဓာတ်ပုံဖြင့်
ဖော်ပြကာ ပဋိပတ်သာသနာကို ဂုဏ်ငယ်စေသော ကမ္မဋ္ဌာန်းအမည်ခံ စိတ်ညှိဝါဒများ၊
၃။ ရဟန္တာဟု လူပြိန်းတို့ သမုတ်သည်ကို သာယာလျက် ‘မဂ်လေးဆင့်၊ ဖိုလ်လေးဆင့်'
ဆိုက်ပုံကို ပွင့်ပွင့်လင်းလင်းကြီး ကြေညာသောဝါဒများ၊

၄။ အရိယာဖြစ် လက်မှတ်' ထုတ်ပေးသော ဝါဒများ၊

၅။ ပရိယတ္တိ မတတ်ဘဲလျက် အတွေးကောင်း အရေးကောင်းသဖြင့် အကြောင်းယုတ္တိ
ဆင်ခြေဆင်လက် အထွန့်တက်ကာ မိမိကိုယ်ကိုလည်း အရိယာထင်မှတ်၍ “အကျဉ်းအကျပ်
အခက်အခဲနှင့် ကြုံလျှင် သောတာပန်သည် ငါးပါးသီလ မလုံ၊သောတာပန်အရက်သောက်သေး
သည်'ဟု ခံယူသော အတွေး ပဋိပတ်များ။

.

ဤသို့ စသည်ဖြင့် “ဆွမ်းဆန်ထဲကြွက်ချေးရော” သကဲ့သို့ မြတ်စွာဘုရား သာသနာအား
အညံ့စား (အပေါစား) ဖြစ်အောင် ညစ်ပေစေသော အယူမှားတို့လည်း များပြားရှုပ်ပွေလှ၏။
အနှစ် ၃၀-ကျော် တရားထိုင်မိကာမှ မိစ္ဆာဒိဋ္ဌိ ဖြစ်ခဲ့ရသော သီဟိုဠ်ခေတ်မှ ဒကာမျိုး၊
ရဟန္တာဟု ထင်စေရန် အိုးစရည်းထဲ ဝင်ပုန်းရသော ရဟန္တာမျိုး နှင့် သောတာပန်အဖြစ်မှ
မလျှောကျစေရန် ငါးပါးသီလကို မဲဟင်းအောင့်ထားရသော သောတာပန်၊ မအောင့်နိုင်တော့
သောအခါ “စာကိုပင် အမှားဖြစ်အောင် ကောက်ကျစ်စဉ်းလဲသော အရိယာ' မျိုး တို့လည်း
များကုန်၏။

