## PAGE 700


၆၄၆

ပြောပြရာ-

ဓမ္မာစရိယ ဦးဌေးလှိုင်

“ဆရာတော် ရန်ကုန် ကြွမလို ဖြစ်မှာပေါ့” ဟုသာ မှတ်ချက် ပေးလေသည်။
ဆရာတော်ကား ရန်ကုန်ဌာနသို့ ကြွပေတော့မည်။ ၊

"

“ဆရာတော်သည် ကွေကာအုပ် ဘုဉ်းပေးပြီးနောက် သင်္ကန်းလဲကာ ကထိန်ဆွမ်းကျွေး
အတွက် ကြွသွားလေသည်။ မိုးကုတ် ဦးချစ်လှ-ဒေါ်သောင်းတို့က သား ရှင်ပြုကထိန်ပွဲအတွက်
နံနက် ၆-နာရီမှစ၍ မင်္ဂလာတိုက်တွင် သံဃာအပါး နှစ်ရာ ဆွမ်းကပ်ကြ၏။ ဆရာတော်ကား
မဘုဉ်းပေး။ ဆရာတော်ကြီးများ အပါးတွင် တရားအာရုံဖြင့် ထိုင်နေတော်မူသည်။

သံဃာများ ဆွမ်းဘောဇဉ်’ဘုဉ်းပေးပြီးလျှင် ဆရာတော်ကိုယ်တိုင် ဆရာတော်ကြီး
များအား လှူဖွယ် ပစ္စည်းများကို လိုက်၍ လိုက်၍ ဆက်ကပ်၏။ ပြီးလျှင် ထေရ်ကြီး ဝါကြီး
ဆရာတော်ကြီးများ ပြန်ကြွကြလေရာ ဆရာတော်သည် တိုက်ပေါ်မှဆင်းလျက် တစ်ပါးပြီး
တစ်ပါး လိုက်လံ၍ တွဲပို့ဝတ်ပြုကာ ကားများပေါ်သို့အရောက် ရွှန်လန်းဝမ်းမြောက်စွာ
အခေါက်ခေါက် သွားချေပြန်လှည့် နှုတ်ဆက်တော်မူသည်။

အလှူပွဲပြီးလျှင် တပည့်ကြီး ဦးလှဘူးအား ခေါ်၍ ရိပ်သာဘက်သို့ ကူးလာ၏။
“အင်း.....ငါ့ခန္ဓာကိုယ်ကြီးကတော့ လေးလှပြီ” ဟု မိန့်တော်မူရာ ဦးလှဘူးမှာ
နားမလည်၍ အကျိုးအကြောင်း ပြန်လျှောက်ရာ.....

“မင်း……..တယ်အ, တဲ့ အကောင်ပဲ” ဟုသာ ပြုံး၍ မိန့်တော်မူ၏။

နောက် ဒေါ်တင်လှအား ကော်ဖီလာ၍ကပ်ရန် အမိန့်ရှိသဖြင့် ဒေါ်တင်လှ ရောက်လာ
၏။ ကော်ဖီ ဘုဉ်းပေးလျက်....

“တင်လှ၊ ခုရက်ပိုင်း နင် အိပ်မက်များ ထူးထူးထွေထွေ မမက်ဘူးလား” ဟု
မေးတော်မူ၍...

“ရိပ်သာထဲမှ စေတီကြီး တစ်ဆူအနီး၌ ဆရာတော် တရားရှုမှတ်နေရာ စေတီကြီးမှာ
မီးခိုးအူ၍ ဖောင်းရစ်မှ တအိအိ ပြိုကျလာရာ ဆရာတော့်အပေါ်၌ ပိကျသော်လည်း
ဆရာတော်မှာ မည်သို့မျှ မဖြစ်ကြောင်း” လျှောက်ထားသည်။

“ဟ....နှင့် အိပ်မက်က တယ်စင်းပါလား၊ “ပုဗ္ဗနိမိတ်' ဆိုတာ ဒီလိုပဲဖြစ်ပေါ်စမြဲပဲ။
ငါ့လို ခံနိုင်ရည်ရှိအောင် တရားကို နာနာဖိပြီး အားထုတ်ရစ်ကြ” ဟု အမိန့် ရှိကာ
“ခဏစောင့်ဦး” ဟု မိန့်တော်မူ၍ အခန်းတွင်းသို့ ကြွသွား၏။ ပြီးလျှင် သင်္ကန်းလဲကာ
စောစောက ဝတ်ထားသော ဧကသီ၊ သင်းပိုင်နှင့် အံသကိုဋ်နှစ်ထည်ကို ကိုင်၍ ထွက်လာ၏။

“ရော့.....ဒီသင်္ကန်းတွေ နှင့်ဇရပ်ယူသွား၊ သိမ်းထား၊ ရေမလျှော်နဲ့ ” ဟု ပေးတော်
မူလိုက်သည်။ ဒေါ်တင်လှခမျာ ဇဝေဇဝါဖြင့် ဘာမျှ ပြန်မလျှောက်ရဲဘဲ သင်္ကန်းများကို
ယူ၍ မိမိဇရပ်သို့သာ ပြန်လာခဲ့ရရှာ၏။

ထိုနေ့ ၁၁-နာရီခွဲတွင် ကော်ဖီနှင့် စွပ်ပြုတ် ဘုဉ်းပေးတော်မူ၏။ ဆရာတော်
သုံးပါးနှင့်အတူ ဘုဉ်းပေးပုံကို ဓာတ်ပုံရိုက်ခံတော်မူသေးသည်။ ဆရာတော်သည် ဆုံးမစကား
ပြောဟောလျက်ပင် ရှိနေ၏။ ပြောဟောသော စကားများမှာ အံ့အားသင့်စရာတွေချည်း


## PAGE 701


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ဖြစ်၍ ဆရာဝန်ပင့်ရန် ဒကာများက လျှောက်ကြရာ....

၆၄၇

“ကိစ္စမရှိပါဘူး။ မနေ ့က ပန်ကာလေမိသွားလို ့ အခိုးနည်းနည်းငုပ်သွားတာပါ။
ဆရာဝန်ပင့်ချင်လျှင် တစ်ချက်ခွဲမှပင့်” ဟု မိန့်တော်မူ၏။ ဆုံးမစကားကိုသာ တွင်တွင်
ဟောတော်မူသည်။ ရုပ်လက္ခဏာနှင့် အသံတော်ကား ပကတိ အတိုင်းပင်။

"

“ခန္ဓာဝန်ကြီးကလဲ တယ်လေးတာပဲ။ ကဲ.....ဦးသန်းမောင်၊ ဝမ်းချူပေးစမ်းပါဦး"
ဟု ဆိုကာ ကုဋီသို့ ကိုယ်တော်တိုင် ကြွတော်မူသည်။

ရဟန်းရှင်လူ ပရိသတ်များကား ဆရာတော့် ကျောင်းပေါ်၌ အားလုံးစု၍ လာကြ၏။
ဒေါက်တာ ဆိုနီနှင့် ဆရာဝန်ကြီး စောမြအောင်တို့ ရောက်လာကြသည်။

“ကဲ-နောက်ထပ် ဆေးထိုးစရာရှိသေးရင် မြန်မြန်ထိုးကြ။ အချိန်မရှိဘူး။ မင်းတို့
ဆေးလဲ ဘာမှမတတ်နိုင်ပါဘူး” ဟုပင် မိန့်တော်မူ၏။ နေ့ တစ်နာရီထိုးပေပြီ။

အားငယ်သော မျက်နှာဖြင့် ရဟန်းရှင်လူများ စိုးရိမ်တကြီး ဖူးမြော်နေကြစဉ်-
“မောင်ချစ်ဆွေ၊ ဒီတစ်ခါတော့ မရတော့ဘူး။ ဟေ့ တင်ငွေကြီး၊ ငါ့မျက်စိ
တွေတောင် ပြာလာပြီ။ ကဲ-အားလုံး ဦးပဉ္စင်းများရော၊ ဒကာ ဒကာမတွေရော ခန္ဓာရှိသူတိုင်း
ခံစားရမယ့် ဝေဒနာကို ကျော်လွန်အောင် ရှုကြ။ မင်းတို့ ခန္ဓာဝန်ကြီးရဲ့ ဒုက္ခကို လက်တွေ့
ဒီမှာကြည့်ထားကြ။ မမေ့မလျော့ နေရစ်ကြပေတော့” ဟု ဆုံးမ သြဝါဒပေးပြီး ၁၅-
မိနစ်ခန့် ငြိမ်သက် အေးဆေးစွာ တရား နှလုံးသွင်း၍ နေတော်မူ၏။

တစ်နာရီနှင့် မိနစ် ၂၀-တွင် ခန္ဓာဇာတ်သိမ်း၍ ချုပ်ပြတ် ငြိမ်းတော်မူလေ၏။

ထူးဆန်းသော မျက်ရှင်တော်နှင့် ဓာတ်တော်များ

ထိုအခြေအနေအတွက် သုံးလေးလကပင် ကြိုတင်၍ အမိန့်ရှိခဲ့သော်လည်း ကျန်းမာ
ပကတိဖြစ်၍ မရိပ်မိခဲ့ကြပေ။ ရောက်လာသူများ အားလုံး မျက်ရည်ဖြင့် ကန်တော့ကြရလေ၏။
မင်္ဂလာရိပ်သာ၌ တရားစည်သံအစား ငိုကြွေးသံတို့သာ ပဲ့တင်ထပ်လေတော့သည်။

၁၃၂၄-ခုနှစ် ပြာသိုလဆန်း ၉-ရက်နေ့မှစ၍ ခုနစ်ရက်တိတိ ဈာပနပွဲကြီး ကျင်းပကာ
ခမ်းနားကြီးကျယ်စွာ ပူဇော်ကြကုန်၏။ ဤမျှ စည်ကား၍ `ခမ်းနားကြီးကျယ်သော
ဈာပနပွဲကား မရှိသလောက် ရှားပါးလှသည်။

ထိုဈာပနပွဲတွင်လည်း ဦးကျော်သိန်း ဒေါ်တင်လှတို့၏ မဏ္ဍပ်၌ လူအများ ကြားမှပင်
ပျားများ စုဝေးပျံသန်းလာကာ အသိုက်အအုံ ပြုလာကြသည်ကို တွေ့ကြရ၏။ အလောင်း
တော်လည်း ထိုမဏ္ဍပ်၌ ကျိန်းဝပ်ပူဇော်ရန် အလှည့်ကျသောနေ့ ဖြစ်ရာ အလောင်းတော်
မကြွလာမီ နှစ်မိနစ်အတွင်း ပျားများ အအုံဖွဲ့နှင့်ပြီး ဖြစ်ကြလေသည်။ ဆရာတော်နှင့်
ပျားသည် တတိယအကြိမ်မြောက် အမှတ်အသားကြီး တစ်ခု ဖြစ်လာ၏။

လပြည့်နေ့တွင် မီးသင်္ဂြိုဟ်ရာ လူထုပရိသတ်မှာ နှစ်သိန်းနီးပါးရှိသည်။ မီးသင်္ဂြိုဟ်
သောအခါ အုတ်ပလ္လင်ပေါ်၌ အထူးကြပ်မတ်၍ သင်္ဂြိုဟ်ကြရာ ဓာတ်တော်များ အလုံးအလုံး


## PAGE 702


၆၄၈

ဓမ္မာစရိယ ဦးဌေးလှိုင်

ကျလာသည်ကို တွေ့ကြရသည်။ အချို့မှာ အရိုးမကြီး၌ အတွဲလိုက်အပြွတ်လိုက် သီ၍ ဥ
နေ၏။ အရိုးတစ်ပိုင်း ဓာတ်တော်တစ်ပိုင်း ဖြစ်သည်လည်း ရှိသည်။ နွားနို ့နှစ်ရောင်နှင့်
အဝါရောင် နှစ်မျိုး ဖူးတွေ့ ရ၏ ။

အရိုးတော်များကို အိမ်၌ယူ၍ ပူဇော်ထားကြရာ အလုံးအလုံး ဖြစ်လာသည်ကို
တွေ့ကြရပြန်၏။ ဆင်ဆေးလိပ်ကုမ္ပဏီ ဦးသောင်း အိမ်၌မူအရိုးတော်မှ ဓာတ်တော်ဖြစ်လျက်
ရောင်ခြည်တော်များပင် … ကွန့်မြူးနေသည်ကို ဖူးတွေ့ ကြရသည်ဆို၏။

ဆရာတော် သက်တော်ထင်ရှား ရှိစဉ်က ပူဇော်ထားရှိခဲ့ကြသော ဆံပင်တော်များမှာလည်း
ပရိနိဗ္ဗာန်ပြုပြီး နောက်ကာလတွင် ဓာတ်တော်ကဲ့သို့ လုံးဝန်းသွားသည်ကို ဖူးတွေ့ ကြရသည်။
နောက်တစ်ခု အံ့ဖွယ်ကောင်းသည်မှာကား မီးသင်္ဂြိုဟ်ရာတွင် မီးမစွဲဘဲ သူငယ်အိမ်မပျက်
တည်ရှိသော 'မျက်လုံးတော်အစုံ နှင့် ချိတ်ဆက်နေသော လက်ဆစ် ရိုးတော်များ ဖူးတွေ့
ရခြင်းပင်တည်း။ ဓာတ်တော်များကို ဌာပနာ၍ ပွဲတော် အင်းအလယ်၌ “မင်္ဂလာဓာတုဓမ္မစေတီကို
တည်ထားကိုးကွယ်ကြသည်။ (ရတနာ့ဂူ မီးရထားလမ်းနှင့် ကားလမ်းဆုံအနီး။)

(အရိုးအဆက်အစပ်နှင့် စပ်၍ မဟာပရိနိဗ္ဗာနသုတ်၊ “နာဂါပလောကိတ” ပုဒ် အဖွင့်
၁၄၅-၌ “လူအများ၌ တေ့ဆက်၊ ပစ္စေက ဗုဒ္ဓါ၌ ချိတ်ဆက်၊ ဘုရား၌ ကွင်းဆက်’ ဟု
ဖွင့်သည်။)

ရဟန်းရှင်လူတို့သည် ထိုအခါမှပင် အလွန်ကျေးဇူးများမြတ်သော လောကုတ္တရာ
ရတနာမြတ်ကြီးဖြစ်ကြောင်းအလေးအနက်ပို၍ သက်ဝင် ယုံကြည်လာကြကာ အဖိုးအနဂ္ဃ
ထိုက်တန်သော လောကီ ကျောက်မျက်ရတနာမျိုးစုံဖြင့် ဝိုင်းအုံ ပူဇော်၍ မပြီး ချီးကျူးတ,
သ၍ မကုန်၊ ကျေးဇူးဂုဏ်ကို အောက်မေ့၍ မဆုံးနိုင်အောင် ရှိကြရလေတော့၏။ (မိုးကုတ်
တရာတော်၏ ဥပနိဿယ အတိုင်း အားထုတ်၍ ရဟန်းကိစ္စပြီး မြောက်တော်မူသော
မြိုင်မြို့ ဇီးတောဆရာတော် အကြောင်း ရှေ့၌ ဖော်ပြမည်။)
