## PAGE 703


ကသင်ပိုင်ဆရာတော် ဦးရေဝတ
- ( ၁၂၆၅ – ၁၃၂၇ )

•မိမိစိတ်ဖြင့် မိမိကိုယ်ပေါ်၌ ဖြစ်ပေါ်တာကို အမြဲမပြတ် ရှုမှတ်နေတဲ့ အလုပ်သည်
ဝိပဿနာ အလုပ်ဟူ၍ ခေါ်တယ်ဆိုတာ သေချာစွာ မှတ်ထားကြ”

GU:0

ဖြေ။

ဖြေ။

ဖြေး

ဖြေ။

မေး

ပိတ်ရဲ့ ရှုရမယ်ဆိုသဖြင့် ဝိပဿနာ အလုပ်ကို ကိုယ်နဲ့ လုပ်လို့ကော ရပါ

မလား

မရပါဘုရား

နိစ္စ ဒုက္ခ အနတ္တလို့ ပါးစပ်ကရွတ်ပြီး ပုတ်းဖိပ်နေရင်ကော ၀ိပဿနာအလုပ်
ဟုတ်ပါ့မလား
“မဟုတ်သေးပါဘုရား

ကိုယ်ဆိုတာကကော ဘယ်နေရာကို ခေါ်သလဲ၊

•

။အပ်ဖျားကလေးနဲ့ ဖြစ်စေ၊ စူးဖျားကလေးနဲ့ ဖြစ်စေ တစ်စုံတစ်ခုသော ဝတ္ထုဖြင့်
ထိလို ့ သိတဲ့နေရာကို ကိုယ်လို ့ ခေါ်ပါတယ် ဘုရား
ဒါဖြင့် ကိုယ်က ပေါ်တာ ဘယ်နှစ်မျိုး ရှိလဲ။

ငါးမျိုးပါဘုရား၊

။ဘာတွေလဲ။

ဖြေ။ ပူတာ၊ အေးတာ၊ လူပ်အခ၊ ဆင်းရဲတာ၊ ချမ်းသာတာပါဘုရား။

ကသစ်ပိုင် ဆရာတော်ကား အာက်ပါအတိုင်း ဝိပဿနာ ရှုကွက်ကိုအကျဉ်းချုံး၍
တရားဟော, တရားပြတော်မူသည်။ ဆယ်ရက် စခန်းများ ဖွင့်လှစ်ကာ တစ်နေ့လျှင်
အနည်းဆုံး တရား နှစ်ကြိမ်၊ တစ်ကြိမ်လျှင် နှစ်နာရီ အနည်းဆုံး ဟောပြော ပြသတော်မူရာ
အနှစ်-နှစ်ဆယ်ဗန့်ပင် ကြာညောင်းခဲ့၏။

တရားဟော ပလ္လင်ပေါ်သို့ ရောက်သည်နှင့် ကျောက်ရုပ်သဖွယ် နှစ်နာရီလုံးလုံး
ဟောတော်မူလေသည်။ ဟောပြောရာ၌လည်း ထိပါးခြင်းမရှိးစကားအသုံးအနှုန်းမှ စ၍
ယဉ်ကျေးသိမ်မွေ့ပေသည်း ဟောပြော ပြသခြင်း၌ တင်းတိမ် ရောင့်ရဲခြင်း ရှိတော်မမူချေ။

ကျယ်ပြန့် လွတ်လပ်သော သတိပဌာန်ရှုကွက်

ဆရာတော် ပေးသော တရားမှာ လူပြိန်းများ မလုပ်တတ်မရှိအောင် ပေါ်လွင်လှ
ပေ၏။ သို့ရာတွင် စာပေအမြင်ဖြင့် တစ်စုံတစ်ရာ လိုနေသေးသကဲ့သို့ ရှိနေ၏။ သတိပဋ္ဌာန်
လေးပါးလုံးကို ခြုံမိသည်ဟု ဆိုရန်လည်းအစက်၊ မရ္ဟိမိဟုဆိုရန်လည်း မလွယ်။ လုပ်ငန်းခွင်
ဝင်စ ပုဂ္ဂိုလ်များ သမာဓိအသား တက်လွယ်စေရန် မူလချည်တိုင် ရှုကွက်တစ်ခု ထားပေးလျှင်


## PAGE 704


ပို၍ သင့်မြတ်ရာ၏။

ဓမ္မာစရိယ ဦးဌေးလှို

ယခုအခါ ဒုက္ခ ဝေဒနာရှုကွက်ဖြင့် (မိမိတို့စရိုက်အားလျော်စွာ) တရားတက်သူ၊
သို့မဟုတ် ပေါက်မြောက်ခဲ့သူများက တရားပေးသောအခါ “ဝေဒနာ လိုက် ဝေဒနာလိုက
ဟု ဆိုကာ ပေးတတ်ကြရာ ဘာမျှမသိသော လူတော်တော်များများမှာ ၁, ထိုင်လိုက်သည်နှင့်
ထုံကျဉ်မှု စသော ဒုက္ခဝေဒနာ ဖြစ်ပေါ်ရန်ကိုသာ ငံ့လင့်ကြောင့်ကြနေရသကဲ့သို့ ရှိနေကြ၏ ။
ပေါ်လာပြန်သော်လည်း ဒုက္ခ ဝေဒနာ ကျွတ်လွတ်သွားရန်ကိုသာ ရှုမှတ်မှု အားသန်ထားသဖြင့်
သမာဓိ မရနိုင်ဘဲ ရှိနေတတ်ကြသည်။ “သုခံ သမာဓတ္ထာယ=ကိုယ်စိတ်ချမ်းသာမှသာ
သမာဓိလည်း ရလွယ်ပေသည်။” နေပူကျကျမှ ခရီးရှည်လာသူ သစ်ပင်ရိပ် ခိုရသကဲ့သို့
ကိုမချိမဆံ့ ဒုက္ခမှ တဒင်္ဂ ကျွတ်သည့် သာကိုပင် မြိန်ရေ ရွက်ရ တရားထူး' ဟု
ပြောဆို ထင်မှတ်တတ်ကြပြန်လေသည်၊

ဆိုလိုသည်ကား မိမိတုန်းက ထို ဒုက္ခ ဝေဒနာ ရှုကွက်ဖြင့် တရားတက်ခဲ့သော်လည်း
အခြားသူများ၏ စရိုက်နှင့် ကိုက်ညီသော်မှ ကိုက်ညီပေမည်။ သို့ရာတွင် ယောဂီတို့မှာ
“တရားထိုင်တယ် ဆိုတာ ဒီဟာကိုသာ မှတ်ရတယ်” ဟု တရားသေ နားလည်သွားနိုင်သဖြင့်
“ဒီလိုဒီလိုလည်း ရှုမှတ်၍ ရသေး၏” ဟု ရှုကွက်ဟန် ကုန်အောင်မူ အသိပေးသင့်ကြပေသည်။
စာပေကျမ်းဂန်တို့၌ “သုခ ပဋိသံဝေဒီ သုခစသည့် ဝေဒနာများကိုလည်း ရှုမှတ်ရ၏။·ဒုက္ခ
ဒေဒနာ ခံစားရသော ဝတ္ထုများကို ကြည့်လျှင် ဒုက္ခကိုချည်း ဖိမှတ်၍ ရဟန္တာဖြစ်ကြသည်
မ ဟုတ်။ 'ဝေဒနံ ဝိက္ခမ္ဘိတွာ=ဒုက္ခဝေဒနာကို ခွာ၍” (ဝါ) ဒုက္ခ ဝေဒနာကို လျစ်လျူရှုထားပြီး
ရှုမှတ်မြဲ ထွက်လေဝင်လေ စသည် (မူလ ကမ္မဋ္ဌာန်း၊ ပင်မ, တရားရှုကွက်) ကိုလည်း ရှုမှတ်
ကြရကြောင်း တွေ့မြင်နိုင်လေသည်။ ဝေဒနာလွန်ဖို ့ထက် ဝေဒနာအဟုတ်သိဖို့က အရေးကြီး
လှပေ၏။

ဒုက္ခ ဝေဒနာကိုလည်း အဓိဝါသန ခန္တီ သဘောအရ မိမိတို့ ခံနိုင်ရည် ရှိသလောက်
အမြင့်ဆုံး စံချိန်အထိ ပေခံ၍ ရှုပွားကြရသည်မှာ ထုံးစံပင်တည်း။ သို့သော် ‘တရားရှုမှတ်
ရသည်မှာ ဤမျှသာ” ဟု ကျဉ်းမြောင်းစွာ ဘောင်ခတ်ပေးရာ မရောက်စေမူ၍ ယောဂီတို့၌
မိမိတို့စရိုက်နှင့်လျော်စွာ ကျယ်ကျယ်ပြန့် ပြန် တစ်ခုမမိ တစ်ခုမိ လွတ်လပ်စွာ ရှုမှတ်နိုင်စေရန်
သတိပဋ္ဌာန်ရှုကွက်များကို ဟန်ကုန်အောင် လမ်းဖွင့်ပေးထားသင့်၏။

မည်မျှပင် လမ်းများစွာ ဖွင့်ပေးထားသော်လည်း ယောဂီကမူ သူ ့စိတ်ကြိုက် သူ့
စရိုက်နှင့် သင့်မြတ်သော သူထင်လွယ်မြင်လွယ်သည့် တစ်ခုတည်းသော လမ်းကပင်
လျှောက်သွားပေလိမ့်မည်။ ထို ့ကြောင့် လွတ်လပ် ကျယ်ပြန့် စွာ နည်းပေးတော်မူကြစေလိုပါ၏။
ဘုရားရှင် နည်းပေးတော်မူခဲ့သော သတိပဋ္ဌာန်ကား လိုရာရွေးချယ် ကျယ်ပြန့် လွတ်လပ်၍
ထိမိလှပါပေ၏။ (ဒါကိုမှ “ဝိပဿနာ ဘုံကျယ်” ဟု ငြင်းပယ်နေလျှင်လည်း ကျန်ရစ်ရုံသာ။)

i


## PAGE 705

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၆၅၁

ပရိယတ္တိ အနှစ် နှစ်ဆယ်

ဆရာတော်သည် ပဲခူးခရိုင် ပေါမြို့အပိုင် အဗျားအလယ်စုရွာ ဦးဘိုးကန်- ဒေါ်စိမ်းရင့်တို့မှ
၁၂၆၅-ခုနှစ် တပေါင်းလဆန်း ၁၀-ရက်၊ ဗုဒ္ဓဟူးနေ့ ၁၂-နာရီအချိန် ဖွားမြင်တော်မူခဲ့သည်။
ငယ်မည် မောင်ရွှေဘ၊ ဘွဲ့ ဦးရေဝတ။

ရှစ်နှစ်အရွယ်သို့ ရောက်သောအခါ အဗျား အထက်စုကျောင်း ဦးကလျာဏထံ၌
သာမဏေ ပြုသည်။ သာမဏေဘဝဖြင့်ပင် ကျိုက်ထိုမြို့ အနီး မရမ်းချိုကျောင်း၊ ရန်ကုန်
သရက်တောတိုက် အင်းဝကျောင်း ပထမကျော် ဦးကောသလ္လထံ၌ အောက်ခြေစာများကို
သင်ယူ၍ ၁၂၈၅-ခုနှစ် ရဟန်းဖြစ်ပြီးနောက် ပခုက္ကူ၊ မဟာဝိသုတာ ရာမတိုက်၊ မန္တ လေး
ရွှေရေးဆောင်၊ ဘုံကျော်၊ ဘုရားကြီးတိုက် (ဦးနာရဒ၊ ဦးဣန္ဒာသဘ) ၌ ပရိယတ္တိ သင်ယူရာ
ပထမကြီးကို အောင်မြင်တော်မူခဲ့၏။ ၆-ဝါ အရမှစ၍ ဝေါမြို့ အနီး ကြုံတူကျောင်းနှင့်
ပြည်မြို့ တက္ကသိုလ် ကျောင်းကြီးတို့၌ စာဝါများ ပို ့ချပေးခဲ့ရာ ၁၂-ဝါမှစ၍ ၂၂-ဝါအထိ
၁၀-နှစ်တိုင်တိုင် အဗျား အထက်စုကျောင်း၌ စာချဆရာတော် ဖြစ်တော်မူခဲ့၏။

ပဋိပတ္တိ အနှစ် နှစ်ဆယ်

ရဟန်း ၂၂-ဝါ အရ ဒုတိယ ကမ္ဘာစစ်ဒဏ်ကြောင့် အဗျားအထက်စုကျောင်းကြီး
မီးလောင် ပျက်စီးခဲ့ရာမှအစ သပိတ်တစ်လုံး သုံးထည်သော သင်္ကန်းမျှဖြင့် ဖက္ကလိပ်ကျောင်းသို့
ပြောင်းရွှေ့ကာ ပဋိပတ္တိ အလုပ်စခန်းကို ကြိုးပမ်းတော်မူလေသည်။ ၂၃-ဝါ ရသောအခါ
မကင်းရာ မကင်းကြောင်း ငဲ့ညှာထောက်ထားရမည့် မိဘ စသည်တို့ကြောင့် ကသစ်ဝိုင်ကျောင်း
၌ ရွှေ့ပြောင်းကာ အတ္တ, ပရကျိုးနှစ်ဝကို ဆောင်တော်မူရသည်။ ၄၂-ဝါ ပျံလွန်တော်မူသည်
အထိပင် ဖြစ်သည်။

ဆရာတော်၏ ပဋိပတ္တိ သာသနာပြုအလုပ်တွင် လူဒါယကာများဘက်၌ ပဲခူးမြို့
ကျုံးရိုးတန်း ဦးမောင်ကြွယ်၊ ဒေါ်မြညွန် ၊ အဗျား အလယ်စုရွာ ဦးဘညွန် ့ ဒေါ်စိန်ညွန် ့
ဦးရွှေအေး၊ ဒေါ်ငွေရှင်နှင့် အထူးသဖြင့် ညောင်လေးပင်မြို့မှ ကျောင်းအမကလေး ဒေါ်ချိုချိုစသော
အနယ်နယ် အရပ်ရပ် ယောဂီများက ၁၂-ဧကရှိ ကသစ်ဝိုင် ပဋိပတ္တိဌာနကြီးကို အဆောက်
အအုံပေါင်း လေးဆယ်ကျော်ဖြင့် မွေ့လျော်ဖွယ်ရာ ပစ္စယာနုဂ္ဂဟဘက်က တာဝန်ယူ
သာသနာပြုခဲ့ကြရာ ယခုအခါ ‘ကသစ်ဝိုင် ကမ္မဋ္ဌာန်းနည်း' ဟူ၍ပင် ပေါ်ထင် လျက်
ရှိပေသည်။

ဆရာတော်သည် ပရိယတ်, ပဋိပတ် ဘဝကို ကတ္တားခြားခွဲဝေ၍ လုံ ့လဝီရိယကြီးစွာ
သာသနာပြုတော်မူခဲ့ရာ သက်တော် ၆၂-အရ၊ ၁၃၂၇-ခုနှစ် ပြာသိုလပြည့်ကျော် ၉-ရက်
စနေ့နေ့ နံနက် ၁၁-နာရီ ၅၀-အချိန်၌ ပျံလွန်တော်မူသည်။

ပျံလွန်တော်မမူမီ ပမ - ရန်းဟုန် ဒကာများ ဝိုင်းအုံ၍ ပြုစု ကုသနေခဲ့စဉ် ဦးတေဇောသာရ

