## PAGE 706


၆၅၂

ဓမ္မာစရိယဦးဌေးလှိုင်

စသော ဆရာတော်၏ တပည့်များအား ဘဏ္ဍာရေး ဝန်ကြီးဟောင်း မြန်အောင် ဦးတင်က-

““ကိုယ်တော်တို့၊ ဆရာတော့်ရောဂါ ဘာရောဂါလို ့ ထင်သလဲ။ ဘာရောဂါမှ
မဟုတ်ဘူး ကိုယ်တော်-ကရုဏာ ရောဂါ၊ ကရုဏာရောဂါ။ ကိုယ်တော်တို့လဲ သာသနာ
ကြာကြာပြုချင်ရင် ကြပ်ကြပ်သတိပြုပြီး ကရုဏာ ကြည့်ထားကြပေတော့” ဟု ဟောပြော
ပြသမှု လျှော့ရန် လျှောက်ထား၍ မရသဖြင့် ယင်းသို့ လျှောက်ထားခဲ့သည်ဟု ဖတ်ရှုရပေ၏။
(အပြည့်အစုံကို အရှင်တေဇောသာရ ထေရ် ပြုစုသော “ကသစ်ဝိုင် ဆရာတော် ထေရုပ္ပတ္တိနှင့်
တရားတော်များစာအုပ်' ၌ ရှုကြပါကုန်။)

ကသစ်ဝိုင် ဆရာတော် ဘုရားကြီးသည် ပဋိပတ္တိအရာ၌ မည်မျှ ပြည့်စုံတော်မူသည်ကို
အကဲဖြတ်ရန်မှာမူ ကျွန်ုပ်တို့၏ အရာလည်း မဟုတ်၊ ထုတ်ဆိုရန်လည်းမဝံ့ပါ။ လုပ်ဆောင်တော်
မူခဲ့သမျှ မိမိနှင့် သာသနာတော်၌ များစွာ အကျိုးသက်ရောက် စေခဲ့သည်သာ ဖြစ်ပါ၏။
စင်စစ်- “ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယ=နောက်ထပ် ပြုဖွယ်မရှိ၊ အကြွင်းမဲ့
ပြီးပြည့်စုံလေပြီ” ဟု မော်ကွန်း မတင်နိုင်သေးပါသမျှ ပဓာနအလုပ်၌သာ တစ်ရှိန်တည်း
အားသွန်၍ “အတ္တဒတ္ထ ပရတ္ထေန၊ ဗဟုနာပိ န ဟာပယေ' ဟူသော မိန့်ခွန်းတော်ကိုသာ
ကျွန်ုပ်တို့ ဦးထိပ်ရွက် ပန်ဆင်ကြရမည် ဖြစ်ပါသတည်း။

ဟု

တစ်ခုတည်းသော ဘဝအဓိပ္ပာယ်

ကျွန်ုပ်တို့၏ သက်တမ်းနှင့် တွက်စစ်ကြည့်ပါက ယူတတ်လျှင် ရနိုင်သော လက်လှမ်းတမှီ
အခွင့်ကောင်းကြီးများမှာ နီးလျက်ဝေးကာ လက်လွှတ်ခဲ့ကြရသည်က များကုန်၏။ လက်မလွန်
သေးသော၊ သို့သော် လက်မတင်ကလေးမျှသာ ဖြစ်နေသော ပစ္စက္ခမျက်မှောက် . အခွင့်
ကောင်းများလည်း ရပ်တည်လျက် ရှိကြပေသေးသည်။

ဘုရားအဆူဆူတို့သည် ပွင့်ပေါ်၍ ပွင့်ပေါ်၍လာကာ ပရိနိဗ္ဗာန် စံ၍-စံ၍သာ
သွားကြကုန်၏။ ကိုယ့်ဟာကလေးနှင့်ကိုယ် အတော်ဟုတ်နေကြသော ကာလ နဂါးတို့ကား
အိပ်၍ ကောင်းကြတုန်း။

အချိန်အခါကား မြင့်မြတ်လှပါ ပေ၏။

လက်ရှိဘဝသည် အရတော်လေစွာ့။ ကျွန်ုပ်တို့ထက် ပါရမီရှိသူကား အဘယ်မှာ
ရှိပါသေးတော့အံ ့နည်း။

“ခုနစ်နှစ် သမီးကလေးများပင် နားလည်ကျင့်သုံး၍ ရနိုင်သော မြတ်စွာဘုရားရှင်၏
တရားတော်ကို ကြားနာရသူတိုင်း ဘုန်းကံပါရမီ ကြီးသူများ” ဖြစ်ကြောင်း မိထွေးတော်
ဂေါတမီက ချီးကျူး လျှောက်တင်ခဲ့ဖူး၏။ (ဂေါတမီထေရီ ပဒါန်၊)

အရိယာ သူတော်ကောင်းကြီးများ သက်တော်ထင်ရှား ရှိနေကြသည်ဟု ဆိုစေ၊
နည်းပေး လမ်းညွှန်ရုံမျှသား၊ ကိုယ်တိုင်ယူမှ ကိုယ်ပိုင် ရကြမည် ဖြစ်၏။ ယူနိုင်သလောက်ကို
သာလျှင်လည်း ရကြပေလိမ့်မည်။


## PAGE 707


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၅၃

ခုနစ်နှစ်သမီးကလေးများပင် ရယူနိုင်သောတရားကား အဘယ်မှာလျှင် ခက်ခဲပါလေမည်
နည်း။ သို့သော် လွယ်ကူလှသည်ကား မဟုတ်ချေ။ “မလွယ်ကူ” သည်မှာ တရားတော်၏
ခက်ခဲမှုကြောင့် နားမလည်နိုင်သော မလွယ်ကူခြင်းမဟုတ်။ ယောဂီကိုယ်တိုင်က မလိုချင်၍သာ
ဖြစ်၏။ မလိုချင်သည်မှာလည်း ဘဝ အဓိပ္ပာယ်ကို သဘောမပေါက်သေးခြင်း မျှသာတည်း။ ,
ထို ့ကြောင့် “မလွယ်ကူ” ဆိုသည်မှာ တရား၏ အတိုင်းအတာမဟုတ်။ ယောဂီ၏
ပမာဏသာလျှင် ဖြစ်၏။ `ခေတ်အဆက်ဆက်လည်း လမ်းရှင်းပေးခဲ့ကြပြီး ဖြစ်သည်။
လျှပ်စစ်ကို ကြိုးစားရှာဖွေရန်မလို၊ ခလုပ်နှိပ်တတ်ရုံမျှသာ လိုတော့၏။

ကျွန်ုပ်တို့သည် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချရန် အချိန်မဆွဲသင့်တော့ပြီ။ ကိုယ့်တရားကို
ကိုယ်သာလျှင် စီရင်ပိုင်ခွင့်ရှိနေ၏။ ထိုဟာလည်း အခွင့်အရေးကြီး တစ်ခုပင်တည်း။
အလွန်တရာ ရခဲလှစွာသော လူ့ဘဝ၏ အရေးအကြီးဆုံး အနှစ်သာရ၊
၏ တစ်ခုတည်းသော အဖြေကား အဘယ်အရာ ဖြစ်ပါလေမည်နည်း။
ကျန်းမာရေးလော၊ စီးပွားရေးလော၊ လူမှုရေးလော၊ အာဏာလော၊ ရာထူးလော၊
ကျော်စောမူလော၊ စည်းစိမ်ခံစားမှုလော.....။

ဘဝတစ်သက်တာသည် အဘယ်မျှ ကြာရှည်ခံလေမည်နည်း။

ထိုတစ်ခုတည်းသော အဖြေကို မဖော်ထုတ်နိုင်သေးသမျှ ကျွန်ုပ်တို့သည် ဤဒုက္ခ
ဂင်္ကပါမှ လွတ်ရက်မရှိနိုင်သေး။

လူတိုင်းလူတိုင်း ချမ်းသာချင်ကြ၏။ ချမ်းသာအောင် လုပ်သမျှ ဒုက္ခအဖြေချည်း

ထွက်လာသည်။

ချမ်းသာဟူသည် အဘယ်နည်း။

“သန္တိသုခ” သည် အတုမဲ့ ချမ်းသာဖြစ်၏။

လူတိုင်းလူတိုင်း ငြိမ်းငြိမ်း နေထိုင်လိုကြ၏။
အငြိမ်းစား ယူလိုကြ၏။

အငြိမ်းစားရအောင် လုပ်သမျှ မီးထ၍ တောက်လာပြန်သည်။

ငြိမ်းမှုဟူသည် အဘယ်နည်း။

“နိဗ္ဗာန်သည် အငြိမ်းဆုံးသော ငြိမ်းမှုဖြစ်၏။

မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ

ဤတွင်ရွေ့ ရပ်နားပါဦးအံ့။


နိဗ္ဗာနပစ္စယော ပောတု ။

ဌေးလှိုင်
တန်ဆောင်တိုင်၊ ၁၉၃၇။

## PAGE 708

၆၅၄


7

ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး၏
ပဋိပတ္တိ သာသနာဝင် ကျောက်စာတော်

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ အလုပ်ခွင်နှင့်စပ်သော အဆုံးအဖြတ်
သြဝါဒများမှာ နှောင်းခေတ်လူတို့ များစွာအတုယူ လိုက်နာဖွယ် ကောင်းလှ၏။ အထူးသဖြင့်
“ငါ သောတာပန် ဖြစ်ပြီ' စသည်ဖြင့်. ထင်မှတ်ပြောဆို ဆုံးဖြတ်ကြရသော အရာသည်
ပဋိပတ္တိ သာသနာဝင်၌ ထိပ်တန်း ပြဿနာကြီး တစ်ရပ် ဖြစ်နေ၏။ ထိုပြဿနာနှင့်စပ်၍
ဆရာတော်ဘုရားကြီး အမိန့်ရှိဖူးသည့်အတိုင်း မှတ်သားထားသော ပရိယတ်၊ ပဋိပတ်
စွယ်စုံတပည့်ကြီးတစ်ပါးဖြစ်သူ သိမ်တောင်ဆည်ကြီး ဆရာတော်၏ မှတ်တမ်းကို “အရိယာ
ဝိဇ္ဇာမဂ္ဂ အလင်းပြကျမ်း”မှ နောက်ဆက်တွဲအဖြစ် ထုတ်နုတ်ပြဆိုပါအံ့။

လယ်တီဆရာတော် ဘုရားကြီး သဲတော သိမ်တောင်တိုက်၌ သီတင်းသုံးနေခိုက်
ဖြစ်သည်။ မိတ္ထီလာမြို့ ရေလယ်ဆရာတော် ဦးအာဒိစ္စ၊ စွန်းလွန်း ဦးကဝိနှင့်
တရားအားထုတ်ဖော် ဦးဝိစာရနှင့် စွန်းလွန်း စက်စာရေးကြီး ဦးဘစံ တို့ ဆရာတော့်ထံ
လာရောက်ကြ၏။ ထိုအခါ ဦးဘစံက ဆရာတော်အား အောက်ပါ အတိုင်း
လျှောက်ထားသည်-

“ဆရာတော်ဘုရား၊ ဘုရားတပည့်တော်သည် သေကျွတောင် ဦးတိလောက၏
ပဏ္ဍိတ ဝေဒနီယကျမ်းလာ ကသိုဏ်း အားထုတ်နည်းများကို အားထုတ်ရာ
ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂ နိမိတ်များကို ကောင်းစွာ ရရှိပါသည်။ အပ္ပနာဈာန် သမာဓိ
ဖြစ်ပါသည်။ ထို့နောက် ဆရာတော်၏ အနတ္တဒီပနီ ဝေဒနာကမ္မဋ္ဌာန်းနည်း အတိုင်း-
ဝိပဿနာတက်ရာ ရုပ်ခန္ဓာကြီးမှာ နှမ်းများကို အိုးကင်း၌ ထည့်၍ လှော်သကဲ့သို့
တဖျစ်ဖျစ် ဖြစ်ပျက်နေသည်ကို ဉာဏ်မှာ မြင်ပါသည် ဘုရား။ ထို့နောက်
ဉာဏ်စဉ်အတိုင်းတက်၍ ရုပ်နာမ်အနိစ္စ သဘောများကို ကောင်းစွာ ထင်မြင်ပါသည်” .
စသည်ဖြင့် မဂ်ဇော ဖိုလ်ဇောကျပုံအထိ ပြည့်စုံစွာ လျှောက်ထား၏။ ဆရာတော်
ဘုရားကြီးက သာဓု သုံးကြိမ် ခေါ်တော်မူသည်။

အထင်နဲ့ မပြောကြနှင့်

ထို့နောက် ဆရာတော်ဘုရားကြီးက “အင်း-ငါ၏ တပည့်များ နောက်ကို
မဂ်ရသည် ဖိုလ်ရသည်ဟု မည်သူ့ကိုမျှ မပြောကြနှင့်။ ဧရာဝတီ မြစ်ရိုးတစ်လျှောက်
ပြည်၊ ရွှေတောင်၊ ညောင်တုံးစသော မြို့များတွင် 'သောတာပန်၊ သကဒါဂါမ်၊
အနာဂါမ် အရိယာတွေ အလွန်ပေါများနေကြောင်း လျှောက်ထားကြသည်။
ဆုံးဖြတ်ပေးဖို့ လျှောက်လွှာတွေလဲ ငါ့ထံမှာ အများကြီးပဲ။ မည်သူ သောတာပ
ဖြစ်ပြီ၊ ရဟန္တာဖြစ်ပြီဟု မုချ မဆုံးဖြတ်ကြနှင့်။ အနုသယ သဘောသတ္တိမှာ လွန်စွာ

