## PAGE 709


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

သိမ်မွေ့သည်ဖြစ်၍ မဂ်ဖြင့် ပယ်, မပယ် လွန်စွာ သိနိုင်ခဲသည်။

၆၅၅

ယောဂီတစ်ဦးသည် ပါရမီလည်းရှိ၊ သက်စွန့် ့လည်း ကြိုးစား၊ ရုပ်နာမ်ဓမ္မ
သဘာဝအမှန်ကို ဉာဏ်ဝမှာ ထင်မြင်သည် ဖြစ်စေဦး၊ တစ်ခါတံစ်ခါ ရုပ်-နာမ်
ချုပ်ငြိမ်းသကဲ့သို့ဖြစ်၍ အေးငြိမ်းမှုကို တွေ့ ရှိ ခံစားရတတ်သည်။ ထိုအခါ ယောဂီ၏
စိတ်မှာ ဝီတိက္ကမ, ပရိယုဋ္ဌာန ကိလေသာတို့သည် ကြမ်းတမ်းသော အမူအရာမပေါ်ဘဲ
ငုပ်ကွယ်နေတတ်သည်။ ထိုအခါ ဆရာက တကယ်မဂ်ဖိုလ် ထင်၍ ဆုံးဖြတ်မှား
တတ်သည်။

ဆရာက စာနှင့်ကိုက်ကြည့်၍ ညီညွတ်သည်ထင်လျှင် သာဓုသုံးကြိမ် ခေါ်၍
ဗိုလ်ငါးပါးနှင့် ညီမျှအောင်ထား၍ ရှေ့သို့ ဆက်လက်အားထုတ်ရန် တိုက်တွန်းပေးရမည်။

ဆရာရော တပည့်ပါ အပြစ်မကင်း

ဥပမာအားဖြင့် ခက်လက် ရွက်ညွန် ့တို့ဖြင့် စည်ပင်နေသော မဟာဗောဓိ
ပင်ကြီးမှာ မြင်ရသူတိုင်း ကြည်နူးဖွယ် ဖြစ်သည်။ တစ်စုံတစ်ယောက်က ချိုးဖဲ့ လျှင်
လွန်စွာ အားနဲသွား၍ ရုတ်တရက် ပြန်၍ မစည်ပင်နိုင်။ ထို ့အတူ ယောဂီသည်
မဟာဗောဓိပင် ကြီးနှင့်တူသည်။ မဂ်ညွန့် ဖိုလ်ညွန် ့တွေ ဝေဆာနေသည်။ မဂ်ဖိုလ်
မဟုတ်ဘဲလျက် မဂ်ဖိုလ်ထင်မှတ်၍ ဆုံးဖြတ်ပေးသူသည် မဟာဗောဓိပင်မှ မဂ်ညွန့်
ဖိုလ်ညွန့် ့တွေကို ချိုးဖျက်သူနှင့် တူတော့သည်။

တပည့်ကလည်း “ငါ သောတာပန် ဖြစ်ပြီ' ဟုဟိန်းချ၍ တစ်စခန်း
အမောဖြေ နားနေတတ်သည်။ ဝိသာခါအနာထပိဏ်တို့ကဲ့သို့ သောတာပန်အဖြစ်နှင့်
ကာမရာဂ အနုသယ ဓာတ်ငုပ်တွေပေါ်ပေါက် သောင်းကျန်း၍ ခံစားနေတတ်သည်။
ယခု ဘဝမှာပင် တကယ် မဂ်ဖိုလ်ရထိုက်သူ ဖြစ်ပါလျက်နှင့် ဆရာက အဆုံးအဖြတ်
စော၍ စိတ်ချနေသောကြောင့် ရှေ့သို့အားထုတ်လိုမှု ရပ်စဲသွားတတ်သည်။ တပည့်မှာလဲ
အကျိုးယုတ်၏။ ဆရာမှာလဲ မဂ်ညွန့်ဖိုလ်ညွန့် ချိုးပစ်ရာ ရောက်သည်။ နှစ်ဦးနှစ်ဝ
အကျိုးယုတ်သည်။

တကယ် အရိယာ ထင်မှတ်၍ ဆုံးဖြတ်ပြီးသည့် နောက်တွင်လည်း အနုသယ
ဓာတ်ငုပ် ပေါ်, မပေါ်၊ ကံသုံးပါး သောင်းကျန်းမှုရှိ, မရှိကို အနည်းဆုံး ခုနစ်နှစ်
စောင့်ကြည့်ရမည်။ ကြပ်ကြပ် သတိရှိကြလေ” ဟု မိန့်တော်မူလေသည်။]

ဤကား

မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်တွင်

ဂိုဏ်းဂဏမရွေး အမြဲစိုက်ထောင်ထားရမည့်
ကျောက်စာတော်ကြီးပေတကား။


## PAGE 710

၆၅၆


ဓမ္မာစရိယ ဦးဌေးလှိုင်

၁၃၅၃-ခု တော်သလင်းလပြည့်ကျော် ၆-ရက်
(၁၇၊ ၉၊ ၁၉၉၂)

ကွန်ပျူတာ စာစီရန် ထပ်မံမြည့်စွက်, တည်းဖြတ်ထားပါသည်။
ဤမူကို ရိုသေစွာ သိမ်းဆည်းထားပါ”

(အားလုံးချမ်းသာကြပါစေ......အမျှ အမျှ အမျှ....

## PAGE 711


*

ဥရောပသို့ မေတ္တာခရီးအတွက်၊ ဓမ္မာစရိယဦးဌေးလှိုင် အထူးစီစဉ်သည့်

တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏
ချမ်းမြေ့စွာ ဘဝနေနည်း

ကမ္မနိယာမ၊ မေတ္တာအာနိသင်၊ ပရိတ်စွမ်းအား၊ သေနည်းသင်တန်းနှင့် သမထဝိပသနာ
အခန်း (၅) ခန်း ပါဝင်သည်။

ကိုယ်တွေ့ ပစ္စုပ္ပန် ဝတ္ထုများ၊ တစ်သက်တာ ကိုယ်တွေ့ ကျင့်စဉ်နှင့် ဖြစ်ရပ်ဆန်းများ။
မေတ္တာဖြင့် သံရုံးရာထူးလုပွဲ၊ အိမ်ရှင် အိမ်ငှား အမှုကြီးများ စသည်အောင်မြင်ခဲ့ပုံ။
(၂) ကြိမ် တိုင်တိုင် ဝိဇ္ဇာဓိုရ်များနှင့် တွေ့ဆုံ၍ တောင်စောင့်နတ်မင်းကြီး (၆)
ကြိမ်လာပုံ။

ပရိတ်ရေပွက်၍ အံ့သြစွာ မီးကွင်းပုံများ၊ ကင်ဆာစသော ရောဂါမျိုးစုံ ပျောက်ကင်းပုံ၊
ချင်းတောင်ပေါ်မှ ထိုးထွက်နေသော သမထ အလင်းရောင်ကြီးနှင့် သမထ ဝိပဿနာ
အတွေ့အကြုံများ။

စီစဉ်သူ ဓမ္မာစရိယ ဦးဌေးလှိုင်၏ အမှာစကား၊ ဖြစ်ရပ်ဆန်းနှင့် ကောလာဟလ
သုံးသပ်ချက်များ။

ဓမ္မာစရိယ ဦးဌေးလှိုင် အထူးစီစဉ်သည့်
ဆရာတော် ဦးဥတ္တမသာရ

မေတ္တာခရီးသည်ကြီး (ပထမပိုင်း၊ ဒုတိယပိုင်း)

တောင်တန်း သာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့ မှတ်တမ်းများ
စီစဉ်သူ ဓမ္မာစရိယ ဦးဌေးလှိုင်၏ အထူးနိဒါန်းနှင့်၊

ခရီးသွား အတွေ့အကြုံများ၊ ပတ်ဝန်းကျင် အပေါ် ရှုမြင်ပုံ၊ အကျိုးရှိအောင် သဘော
ထားပုံ၊ တကယ့်ကိုယ်တွေ့ ဖြစ်ရပ်မှန်များ၊ သမိုင်းဝင် ဓာတ်ပုံများနှင့်၊
ထူးဆန်းအံ့သြဖွယ်ရာ မဟာမြိုင်တောကြီး အကြောင်း၊

အာသံ မဏိပူရ သာသနာသမိုင်းနှင့် သာသနာရေး အခြေအနေ၊ ကောသမ္ဗု ဗုဒ္ဓ
သာသနာဝင်များ၊ အတုယူမှားနေသော ဗုဒ္ဓရုပ်ပုံတော်များ၊ မာလာခေါ် စိပ်ပုတီးသမိုင်း၊
တောင်တန်း သာသနာပြု သမိုင်းနှင့် ချင်းရာဇဝင် စသည်တို့အပြင် ဘယ်ဆေးကျမ်းတွင်မှ
မရနိုင်သော လက်တွေ့ ဆေးနည်းကျော်များ . စသည် ပါဝင်သည်။
