## PAGE 712


သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ

ဤစာအုပ်ကား “ရဟန္တာပုဂ္ဂိုလ်ထူး” ပထမတွဲအဖြစ် သမိုင်းကွင်းဆက်များနှင့်တကွ
ဟန်လင်း, ဗိဿနိုး သရေခေတ္တရာ ရှေးဦး မြန်မာ့ သာသနာကို နောက်တွေ့ သမိုင်း
ပစ္စည်းအထောက်အထားများ၊ ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည်။

အရှင်မဟာ ဗုဒ္ဓဃောသနှင့် အဋ္ဌကထာသမိုင်း၊ သီဟိုဠ်-မြန်မာ ဆက်ဆံရေး၊
သီဟိုဠ်ပုဂ္ဂိုလ်ထူးများ၊ တရားအတွေ့အကြုံများ၊ သီဟိုဠ် သာသနာဝင် အပြည့်အစုံ၊
ထေရဝါဒသည် ဟိနယာနမဟုတ်၊ ရှင်ဥပဂုတ်ကား မဟာယာန၊ ဂေါတမဗုဒ္ဓသည်
ဗမာလူမျိုး...စသော သမိုင်းစိစစ်ချက်၊ ဗုဒ္ဓဝါဒရေးရာ သဘောတရား စိစစ်ချက်များ
များစွာပါဝင်သည်။

ကမ္ဘာကို ချုပ်ကိုင်မည့်သူ

၁၂-နှစ်တိုင်တိုင် ပျောက်ကွယ်နေရာမှ ယခင် မူရင်းအတိုင်း တရားဝင် ပြန်လည်
ရိုက်နှိပ်ထားသည်။

လောကီဝိဇ္ဇာ ဂန္ဓာရီ တန်ခိုးရှင်တို့၏ လျှို့ဝှက်ချက်နှင့် တဘောင်ကိန်းခန်းများ
ဈာန်ပျံ ရဟန်းတော်များ၏ အတ္ထုပ္ပတ္တိများ၊ သိပ္ပံ ပညာ, စိတ်ပညာ, ဗုဒ္ဓ
အဘိဓမ္မာရှုထောင့်မျိုးစုံမှ မျက်မှောက်ကမ္ဘာ့ အခြေအနေကို သုံးသပ်ထားသည်။
ကမ္ဘာအရပ်ရပ်မှ အကြားအမြင်ရ ပုဂ္ဂိုလ်များ၏ အနာဂတ်ကမ္ဘာ အတွက် အမြင်များ၊
သိပ္ပံပါရဂူတို့၏ ဟောကိန်းများ၊ ရဟန္တာအရှင်မြတ်ကြီးများ၏ ဗျာဒိတ်တော်များ၊
တစ်အုပ်တည်းဖြင့် သုတမျိုးစုံ တဝကြီး ခံစားရမည်။

လွန်ခဲ့သော နှစ်များက တစ်အုပ်လျှင် ၂ဝဝိ-ကျပ် အထိ ပေးဝယ် ဖတ်ရှုကြရသော်လည်း
ယခု ၃၅-ကျပ်မျှသာ၊

t

## PAGE 713


!

ဓမ္မာစရိယဦးဌေးလှိုင်

ရေးသားပြုစုသော ထွက်ပြီးကျမ်းစာများ
ရတနာသုံးပါး ကျေးဇူး
(ကိုယ်တွေ့ဝတ္ထုများ)

သားငယ် သမီးငယ်များအား စစ်မှန်စင်ကြယ်သော ဗုဒ္ဓအမွေကို … ပေးလိုသော
မိဘတိုင်းအတွက် ဘာသာရေး အခြေခံ အနိမ့်ဆုံးအဆင့်မှ သမထ ဝိပဿနာအလုပ်ခွင်
အထိ လက်တွေ့ကျသော ကျင့်စဉ်များ၊ ဒါနတန်ခိုး၊ သီလတန်ခိုး၊ မေတ္တာတန်ခိုး၊
သစ္စာစွမ်းရည်.....မယုံကြည်နိုင်လောက်အောင် အားကျဖွယ်, အံ့သြဖွယ် ကောင်းသော
ကိုယ်တွေ့ ဝတ္ထုပေါင်း ၄၀-ခန့် ပါဝင်သည်။ လူတိုင်းအတွက် ကြီးပွားချမ်းသာရေး
ကျမ်းကြီးဟု ဆိုနိုင်သော “ဆုတောင်းခန်း မြင်ကွင်းကျယ်' စသည်ဖြင့် စာမျက်နှာ
၅ဝဝ-ကျော်။

အနာဂါမ် ဆရာသက်ကြီး

အာနာပါန သတိပဋ္ဌာန်အလုပ်ကို စာဖတ်တတ်သူတိုင်း နားလည်အောင် အရှင်းဆုံး
..ရေးထား သော စာအုပ်။ သူ့ ဘဝ သူ့တရားနှင့် သူ့ ကျေးဇူး အပိုင်းကြီးသုံးပိုင်း။
နိုင်ငံရပ်ခြားမှ ပါမောက္ခကြီးများ၊ ပါရဂူကြီးများပင်လျှင် ဆရာသက်ကြီး ကမ္မဋ္ဌာန်း
နည်းဖြင့် ထူးခြားစွာ ပြောင်းလဲသွားကြပုံ ကိုယ်တွေ့ ရေးသားချက်များ။ သမိုင်းဝင်
ဓာတ်ပုံများကို ကြွေရောင် စက္ကူချောဖြင့် တခမ်းတနားဖော်ပြထာ.သည်။

:

မေတ္တာဝါဒ ဗြဟ္မဝိဟာရအဖွင့်]

နိကာယ်ငါးရပ်လာ မေတ္တာ၏ စွမ်းအားသတ္တိထူးများကို ဖော်ပြ၍ သိပ္ပံပညာ
စိတ်ပညာတို့နှင့် နှီးနှော စိစစ်ထားခြင်း။ ပုဂ္ဂိုလ်ထူးများစွာတို့၏ မေတ္တာလက်တွေ့
အသုံးချပုံများ။ ကမ္ဘာဦးခေတ်မှ ယနေ့ခေတ်အထိ ထူးခြားသော မေတ္တာ ကိုယ်တွေ့
ဇာတ်လမ်းများ။ မေတ္တာ ဓာတ်ရိုက်ပုံ၊ မေတ္တာ ဈာန်ထူထောင်နည်း၊ မေတ္တာဈာန်မှ
ဝိပဿနာတက်ပုံ….မေတ္တာနှင့်စပ်၍ အရှင်းလင်းဆုံး၊ အလေးနက်ဆုံး၊ အလွယ်ကူဆုံး

စာအုပ်။

## PAGE 714


ခရီးဖော်

ခရီးဖော်စာစဉ်လည်း တစ်အုပ်ပြီးတစ်အုပ် ထွက်ပေါ်လာပါလိမ့်မည်။ ခရီးဖော်သည်
စာဖတ်သူတို ့အား ခရီးလမ်းဖြောင့်ဖြောင့်တိုတိုနှင့် လိုရာပန်းတိုင်ကို ညွှန်ပြပေးပါ
လိမ့်မည်။

ခရီးလမ်းတစ်လျှောက်တွင် မှောင်နှင့်မည်းမည်း အခက်အခဲတွေကများပါ၏။ ချောက်ထဲ
ကျရန်လမ်းခွဲတွေကလည်းများပါ၏။ စင်ကြယ်သော ထေရဝါဒသာသနာမှာ ရောနှော
ပူးဝင်လာသော အဆိပ်အတောက်များကို ဖယ်ထုတ် ရှင်းလင်းပေးပါလိမ့်မည်။

လျှောက်ရမည့် ခရီးလမ်းတွင်လည်း မပါ၍မဖြစ် အရေးအကြီးဆုံး ယူဆောင်သွားရမည့်
အဓိကအချက်များကိုသာ ရွေးထုတ်ညွှန်ကြားပေးပါလိမ့်မည်။

ဟိုက ဒီက ရေးကြ ဟောကြ၊ ပိဋကသုံးပုံ အကောင်းတွေချည်း ဖြစ်ရာ ဖတ်လို ့မပြီး၊
နာလို မညည်း၊ အသက်တမ်းက တိုတို၊ အလုပ်ပိုတွေက များများ၊ အခက်အခဲတွေ
ကြားမှာ မဆုံးနိုင်သော ဗဟုသုတတွေနှင့် အချိန်ကုန်မခံဘဲ လက်တွေ့ လုပ်ရမည့်
ရှောင်စရာဆောင်စရာတို ့ကိုသာ ရွေးထုတ်လမ်းညွှန်သွားပါလိမ့်မည်။
