## PAGE 715


:

မြန်မာ့သာသနာ မော်ကွန်းတင်

ဓမ္မတ

(ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ )

ဒါနသူရဲကောင်း၊ သီလသူရဲကောင်း၊ ဘာဝနာ သူရဲကောင်းများအကြောင်း တကယ့်
ဖြစ်ရပ်မှန်များအံ့ဖွယ်မေတ္တာ၊ မုန်တိုင်း, ဓားပြ, လူသတ်သမား ပယောဂ, အမနုဿ
ဘေးရန်အမျိုးမျိုးနှင့် ဂုဏ်တော် ကိုယ်တွေ့ ဝတ္ထုများ။

အမေရိကန်နှင့် အိန္ဒိယသို့ ဓမ္မဒူတ ခရီးမှတ်တမ်းများ၊ မဟာစည် သာသနာ့ရိပ်သာ၏
ကမ္ဘာ့သာသနာပြု ဓမ္မဒူတ အောင်မြင်မှု သတင်းများ။

ရှိသမျှ အကုန်လှူသော ပါမောက္ခကြီး၊ နေ့စဉ် ပိဋက သုံးပုံ ရွတ်ဖတ် ပူဇော်သော
ဆရာတပည့်၊ သတိပဋ္ဌာန်နှင့် ခွဲစိတ်ကုသခံရမည့် ဒေါက်တာ၊ ဗန်းမောက် မြို့နယ်နှင့်
ဟန်လင်းကြီးမှ ရဟန္တာအရှင်မြတ်များ'၊

မူလတန်းမှ ဒီဂရီ ကောလိပ် ကျောင်းကြီးများထိ တည်ထောင်၍ အိန္ဒိယမှာ
ရာသက်ပန် သာသနာပြုတော်မူခဲ့ သော ဆရာတော် ဦးစန္ဒြမဏိထံ အိန္ဒိယအမျိုးသားများ
သိန်းချီ၍ ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းကြပုံ၊ ဗုဒ္ဓဖွားမြင်ရာ မဇ္ဈိမဒေသ၌ သာသနာတစ်ကြော့
ပြန်လည် ပွင့်လင်းရန် ဘဝကို အလျော်အစားပြုလုပ် မြှုပ်နှံသွားကြသော အနာဂါရိက
ဓမ္မပါလ၊ အမေရိကန် ရေတပ် ဗိုလ်မှူးကြီး အော်လကော့၊ ဥပဒေပါရဂူ အမ်ဘေဒကာ။

မဏိပူရ၊ အာသံနိုင်ငံတို့၌ ထေရဝါဒ သာသနာပြုတော်မူခဲ့သော ရာဇဂုရု ဘွဲ့တံဆိပ်
တော်ရ၊ တန်ခိုး ဣဒ္ဓိပါဒ်နှင့် ပြည့်စုံတော်မူသော “ပယင်းတွင်း” ဆရာတော် ဘုရားကြီး၊
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ထေရဝါဒ သာသနာ ပြန်လည် ပျိုးထောင်ပေးတော်မူခဲ့သော
ရာဇဂုရု သုံးဘွဲ့ရ၊ အရှင် ‘သာရမေဓာ’ ရခိုင် ဆရာတော် ဘုရားကြီး။

နိပေါနိုင်ငံ သာကီဝင် ဘုရားအနွယ်တော် လောက၌ ထေရဝါဒကို အသက်စတေး၍
ထူထောင်ကြပုံ၊ သာသနာဝင် သမိုင်းတွင် အထူးမော်ကွန်းတင်ရမည့် ဖြစ်ရပ်များ......အသေးစိတ်
မှတ်တမ်းတင်ထားပါသည်။

ဗုဒ္ဓအသံ စာပေ
စာတိုက်ဗူးအမှတ်-၁၃၂၃
ဗဟိုစာတိုက်ကြီး၊ ရန်ကုန်။
ဖုန်း - ၆၅၂၁၁။

## PAGE 716


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

(ဒုတိယအုပ်)

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူး ရေးသားစဉ်က သက်တော်ထင်ရှားရှိ၍ ခြွင်းချန်ခဲ့သော
ပုဂ္ဂိုလ်ထူးများ၊ ထိုစဉ်က မသိ၍ ကြွင်းကျန်ခဲ့သော ပုဂ္ဂိုလ်ထူးများ
ဆက်လက်ရေးသားလျက်ရှိပါသည်။

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ “စတုတ္ထပိုင်း-မျက်မှောက်ခေတ်နှင့် ဖြည့်စွက် တွဲ
အဖြစ် ဒုတိယအုပ် (ဆိုက်ကြီး) ဆက်လက်ထွက်ပေါ်လာပါဦးမည်။

ဝေဘူ၊ မဟာစည်၊ တောင်ပုလု၊ ခန္တီး၊ ရွှေဥဒေါင်းတောင်၊ စစ်ကိုင်း-စာရေး
စလင်း-ကန်လယ်၊ မြိုင်ဇီးတော၊ ဗန်းမောက်-ဝှေသုက္ခံ၊ ဟန်လင်းကြီး၊
အင်းဝ-တံတားဦး၊ ကျောက်ပန်းတောင်းမြောက်ဂူ၊, ပုဂံကျပ်ဂူဆရာတော်၊
တော်ကူးဆရာတော် စသော မျက်မှောက်ခေတ် ရဟန္တာပုဂ္ဂိုလ်ထူးကြီးများ
အကြောင်း ကြည်ညိုဖွယ်၊ အားကျဖွယ် ဖတ်ရှုကြရပါမည်။

ဝေဘူ၊ စာရေး၊ ကန်လယ်၊ ဇီးတော၊ တံတားဦး၊ သထုံဇေတဝန်၊ မိုးကုတ်
ဆရာတော်ကြီးများ၏ ပုံတော်နှင့် ဓာတ်တော်များကိုလည်း ဖူးတွေ့ ကြရပါမည်။

အထက်ပါ အရှင်မြတ်ကြီးများနှင့် အနီးကပ် ထိတွေ့ဆည်းကပ်ဖူးသူများထံမှ
အကြောင်းအရာနှင့်အကြံဉာဏ်များ၊ ဓာတ်ပုံများ ပေးပို့ကြရန်လည်း မေတ္တာ
ရပ်ခံအပ်ပါသည်။
