## PAGE 73

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၅

ပဋိပတ္တိရောဂါပိုး

ယင်းသို့ တရားတု တရားယောင်များအကြား သဒ္ဓါ,ပညာ မမျှသော ယောဂီများ
နားယောင်ရှုပ်ထွေးကြရရှာ၏။ 'အမွေဓာတ်' တို့ကား ပရိယာယ် များပြားလှသည်။
ကမ္မဋ္ဌာန်းလောက၌ ဆင်တူယိုးမှား သိမ်မွေ့သော လှည့်ဖြားမှုများအပြင် ဓာတ်စီး၍ပင်
ကမ္မဋ္ဌာန်းပေးသည်အထိ အတင့်ရဲလာကြကုန်၏။ ပရိယတ္တိအသိဉာဏ် ခေါင်းပါးသော
အောက်ခြေ ဘာသာရေး ကိစ္စများတွင်မူ ကိုယ်စားလှယ်များ ခြေချင်းလိမ်မျှ ရှုပ်ပွေ၍ နေကြ
၏။ “ဘယ်အရာသည် အစစ်အမှန်” ဟု မခွဲခြား နိုင်ရှာကြတော့ပေ။

အရာရာ၌ တစ်စုံ တစ်ခုသော မျှော်လင့်ချက်ဖြင့် အလုပ်လုပ်သူတိုင်း မျှော်လင့်ချက်
ပေးနိုင်သူတို့၏ လှည့်ဖြားလိမ်လည်ခြင်း ခံရသည်မှာ ဓမ္မတာပင်တည်း။ လိမ်သူ၏
အပြစ်မဟုတ်။

လူတန်စား၊ အသိဉာဏ် အနိမ့်အမြင့် အလိုက် ကိုယ်စားလှယ် အဆင့်ဆင့် တန် ခိုး
အနုအရင့် ခွဲခြားအပ်နှံကာ အတ္တဝါဒ ဖြန့်ချိကြကုန်၏။

၁။

JO

၃။

လောက၌ အစိုးရသူတို့တွင် အကြီးအမှူးဖြစ်သော မာရသည် ဗုဒ္ဓသာသနာကို
ဖျက်ဆီးရာ၌ ကမ္ဘာ့အရိုးစွဲ အတ္တဝါဒကို ပဓာန လက်နက်ပြု၏။
အတ္တဝါဒသည် ဗုဒ္ဓတပည့်များကို ဖဲ့ထုတ်ကာ ဗုဒ္ဓဘာသာအသွင်အပြင်ဖြင့်
အတ္တဝါဒကိုပင် မဟာယာနဗုဒ္ဓဘာသာဟု တစ်စင်ထောင်စေခဲ့၏။
မဟာယာနကလည်း အောက်လမ်း အထက်လမ်း (ဂိုဏ်း) ကိုယ်စားလှယ်များကို
မွေးထုတ်၏။ ယင်းကိုယ်စားလှယ် တို့သည် အောက်တန်းစား နတ်များ၊သရဲ၊
တစ္ဆေ၊ မြေဘုတ်၊ စုန်း၊ ပြိတ္တာများကို အသုံးပြုကြသည်။

သရေခေတ္တရာ၊ ပုဂံ သင်ခန်းစာများအရ လာရင်းရှေးဟောင်း အရည်းကြီး
လမ်းကြောင်းသို့ ပြန်ပြောင်း၍ မသွားရန် သတိမူကြကုန်း၊

အဆိပ်ပိုးသည် နေရာတိုင်း၌ ရှိ၏။ ထိခိုက် ရှနာ ပွန်းပဲ့သော အနာဟောင်း
အနာသစ် မရှိသူအား အဆိပ်ပိုးမဝင်နိုင်။ သန့်စင်သော လက်ဖြင့် အဆိပ်ကို ကိုင်တွယ်သော်
လည်း ကြောက်ဖွယ်မရှိ။

ထို့အတူ သံသရာမှ ပါခဲ့သည့် အပရာပရိယ (အကုသိုလ်ကံဟောင်း) အနာဟောင်း
နည်းပါးသူ၊ စီးပွားလာဘ်လာဘ များပြားလိုခြင်း၊ အာဏာတန်ခိုး တရားထူး ကျော်ကြားမှု
တို့ကို မက်မောခြင်း၊ ပရိယတ် ပဋိပတ် မာန်ထောင်ခြင်း၊အသက်ရှည်ကြာ အနာကင်းလိုလှခြင်း
စသော အနာသစ်မရှိသူတို့ကား မာရကိုလည်းကောင်း၊ မာရ၏ တပည့်ကိုလည်းကောင်း
ကြောက်ရန်မလို။

သူတို့သည် အနာဟောင်း, အနာသစ်ရှိသူများကိုသာ ငန်းမန်းလိုက်၍ ဒုက္ခရောက်အောင်
(ကမ္မပထမြောက် အကျိုးပေးနိုင်အောင်) ကံတရားက စေခိုင်းလိုက်သော အလွန်အင်အား


## PAGE 74

၆


ဓမ္မာစရိယ ဦးဌေးလှိုင်

နည်းသည့် အဆိပ်ကောင်များသာတည်း။ အနာဟောင်းပျောက်ရန်နှင့် အနာသစ်မပေါက်ရန်သာ
အရေးကြီး၏။ အနာဟောင်း-သစ် များကို ငန်းမန်းကျေ၍ အမြစ်ပြတ် ပျောက်စေနိုင်သည်
မှာလည်း ကမ္မဋ္ဌာန်း ဆေးတော်ကြီးမှ လွဲ၍ အခြားမရှိပေ။

"

“ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတိ။” (အင်္ဂုလိမာလသုတ်။)

လောကဇာတ်ရှုပ် ခုတ်ထွင်ရှင်းရေး

လောကကြီးကား အတိုင်းမသိ ကျယ်ပြော၍ အတောမသတ်အောင်ပင် ရှုပ်ထွေး
ပွေလိမ်လှပေ၏။ နိဗ္ဗာန်ကို လိုချင်လှ၍ တရားကျင့်သုံးနေသူ ဆိုရစေကာမူ သီလ အခြေခံ
မှအစ အရာရာ၌ မပြတ်မသား အားလျှော့ထိုင်းမျှဉ်း ပျင်းရိ လေးဆွဲ လျော့လျဲကျဲ လုပ်သော
ယောဂီကား ရှင်း၍ မလွယ်အောင် ပို၍ပင် ရှုပ်ထွေးလာတတ်၏။ “ဆရာယောင် လုပ်သူ
စုန်းကိုက်ခံရ” များတတ်လေသည်။

“သိထိလော ဟိ ပရိဗ္ဗဇော၊ ဘိယျော အာကိရတေ ရဇံ။” (ဓမ္မပဒ၊)

လောကချုံပုတ် လိမ်ရှုပ်ထွေးယှက် အဖျဉ်ရခက်သည်ကို သိမြင်နေသော နတ်သား

တစ်ဦးက ဘုရားရှင်အား

66

“ကော ဣမံ ဝိဇယေ ဇဋိ

-

အတွင်းရော အပြင်ပါ . ဖျဉ်ထွင်ခက်အောင်
ထွေးယှက် လိမ်ရှုပ်နေသော ဤလောက ချုံပုတ်ကြီးကို အဘယ်သူ ခုတ်ထွင်, ရှင်းနိုင်ပါ့မလဲ
ဘုရား” ဟု လျှောက်ထားဖူး၏။

“ပဋိသန္ဓေ ဉာဏ်ပါ၍ အရာရာတွင် သတိသမ္ပဇဉ်လည်းရှိ၊ ဝီရိယလည်း ထက်မြက်၊
အတွေ့အကြုံ စဉ်းစာဉာဏ် ရင့်ကျက်သော ယောဂီပင် ဖြစ်စေကာမူ သီလအခြေခံ ခိုင်မာ
တောင့်တင်းမှ ဖြည်ရှင်းနိုင်ကြောင်း” ဟောတော်မူ၏။

6

ရှင်မဟာ ဗုဒ္ဓဃောသ ကလည်း-

“ယောဂီတို့သည် မိစ္ဆာလွတ်ကင်း သန့်ရှင်းစင်ကြယ်မှုကို လိုလား၍ ကြိုးစား
အားထုတ်ကြပါကုန်သော်လည်း “ဤကားအရှုပ်၊ ဤကားအရှင်း' ဟု တည့်တည့်လင်းလင်း
မသိကြသဖြင့် စင်ကြယ်မှုကို မရနိုင်ရှာကြသောကြောင့် ဤဝိသုဒ္ဓိမဂ် အဋ္ဌကထာကို
ရေးပေးအံ့” ဟု ဖော်ပြ၍ မြတ်စွာဘုရား ဟောကြားတော်မူသော “သီလေ ပတိဋ္ဌာယ’
စသော (လောကဇာတ်ရှုပ် ခုတ်ထွင်ရှင်းနည်း) ဂါထာကိုပင် ဦးတည်ကာ မာတိကာချ၍
ဖွင့်ဆိုရေးသားတော် မူခဲ့၏။ “မိစ္ဆာ လွတ်ကင်း သန့်ရှင်းစင်ကြယ်၍ လွယ်ကူသော အကျင့်
လမ်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြပါစေ” ဟုလည်း နိဂုံးဆန္ဒ ပြုတော်မူခဲ့သည်။

နိဗ္ဗာန်သွားရာ ၃၁-ဘုံလောကီ တောအုပ်သည် ရှုပ်ပွေလိမ်ကောက်၍ လမ်းစပျောက်
မတတ်ရှိ၏။ လောကကို လွန်မြောက်မှလည်း လောကုတ္တရာ (လောက=လောကမှ + ဥတ္တရ
- လွန်မြောက်ရာ) နိဗ္ဗာန်သို့ ရောက်သည်။ အရှုပ်ကိုရှင်း၍ အလင်းကို ရှာရာ၌ .သီလသည်
ဤမျှ အရေးကြီး၏။

=


## PAGE 75


ရဟနှင့်ပုဂ္ဂိုလ်ထူးများ

၁၇

သီလ စသော အခြေခံ တရားတို့သည်သာလျှင် လောက၏၊ အရှုပ်၊ ဘဝ၏ အရှုပ်
တို့ကို ရှင်းပေးနိုင်၍ အရှုပ်လောက၊ အရှင်းလောက၊ အရုပ်ဘဝ၊ အရှင်းဘဝ၊ ရှုပ်သူ၊ ရှင်းသူ
မည်မျှလောက် ရှုပ်သည် ရှင်းသည်ကို ထိုအခြေခံတရားတို့ကသာ အဆင့်ဆင့်ခွဲခြား ရှုမြင်
စေလိမ့်မည်။ ဘဝအရှုပ်တို့ကို ခုတ်ထွင်ပယ်ရှင်း သန့်စင်လင်းပြီးသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်
မြတ် တို့ကိုလည်း ထိုအခြေခံ တရားတို့ကသာ ဖူးတွေ့ခွင့် ပေးလိမ့်မည်။

ယင်းအခြေခံ တရားလောက်ကိုမျှ မကျေလည် မကျင့်သုံး နိုင်ပါသေးပဲလျက်
“အမြင့်တက် အမှည့်ရနိုးနိုး' သမထ ဝိပဿနာနှင့် နိကာယ်ကြီးများ၊ အဘိဓမ္မာကြီးများကို
လှမ်းသော်လည်း ပင်ပန်းကျိုး နပ်မည် မဟုတ်ချေ။

ရေကိုသောက်၍မှ အစာမကျေ ဝမ်းမီးညံ့နေသူအတွက် သားပြွမ်းထမင်း (ဒန်ပေါက်)
သည် အော့အန် ဝမ်းလျှောတတ်ပေ၏။

လက်ရှိအခွင့်ကောင်းကြီးများ

ပဋိပတ္တိ လောက၌ မာရ၏လက်ရာ အမျိုးမျိုးသော အမွှေဓာတ် ချုံပုတ် သုံးဆယ့်
တစ်တောလုံး အုပ်နေသော အရှုပ်အထွေးတို့သည် မူဝါဒအားဖြင့် ထူထပ်များပြားလှသည်
ထင်ရစေကာမူ အင်အားကောင်းလာပြီ ဖြစ်သော ပဋိပတ္တိ ရေစီးကြောင်းကြီးကို ပြောင်းလဲ
ကွေ့ကောက်အောင် မထိုးဖောက်နိုင်ပေ။ နောက်ဆုတ်တန့်အီအောင်ကား သာ၍ပင် မတတ်
နိုင်ကြပြီ။ ဧရာဝတီ မြစ်ကြောင်းတွင် ပေါလောမျောပါသည့် ဒိုက်ဖတ်ပမာ အတန်ငယ်
ညစ်ပေရုံသာ တတ်နိုင်ကြလေ၏။

ခေတ်အဆက်ဆက် အားယူခဲ့ရသော ပဋိပတ္တိ မြစ်ကြောင်းကြီးများကား မကြာမီ
ကျယ်ပြောသော သမုဒ္ဒရာကြီးအဖြစ်သို့ ကူးပြောင်းသွားပေတော့မည်။ ဤကား မည်သည့်
အရာကမျှ မဟန့်တားနိုင်သော အင်အားတို့၏ နိယာမပင်တည်း။ သမုဒ္ဒရာ၏ တည်ငြိမ်
အေးဆေးသော အင်အားသည် တောချုံတောအုပ် ခလုပ်ကန်သင်း ကုန်းကြည်းမြေပြင်
တောင်စဉ် တောင်ဝှမ်း အားလုံးကို လွှမ်းမိုးဖိစီး၍ တစ်ပြင်တည်း၊ တစ်သားတည်းဖြစ်အောင်
စွမ်းဆောင်နိုင်လေသည်။

ယနေ့မျက်မှောက်ခေတ် ပဋိပတ္တိ သာသနာ၌ သတ်တော် ၈ဝ ကျော်ပြီဖြစ်သော
“ဝေဘူဆရာတော်ဘုရားကြီး” နှင့် သက်တော် ၇ဝ ကျော်ပြီ ဖြစ်သော “မဟာစည်
ဆရာတော်ဘုရားကြီး' နှစ်ပါးတို့၏ အရှိန်အဝါသည် နေ နှစ်ဆူ၊ လနှစ်စင်းတို့ကဲ့သို့
အထွန်းလင်း အတောက်ပြောင်ဆုံး ဖြစ်၏။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နိုင်ငံ
အဝှန့် တရားရောင် ဖြန့်နိုင်သော အင်အား ရှိတော်မူကြသည်ဟု ပညာရှိ သူတော်ကောင်း
ကြီးများက အားထားယုံကြည်နေကြ ကုန်၏။

