## PAGE 76


မဟာစည်ဆရာတော်

သာသနာ ၂၅ဝဝ သက်တမ်းတွင် မြန်မာတို့စွမ်းရည်ကို ပြသခွင့် ကြုံခဲ့သော
ဆဋ္ဌသံဂါယနာ ပွဲကြီးသည် ဗုဒ္ဓဝါဒနှင့် မြန်မာနိုင်ငံကို ထွန်းပြရုံသာမက မဟာစည်
ဆရာတော်ဘုရားကြီး၏ ပရိယတ္တိ အားအစွမ်းကိုပါ ခန့်မှန်းကြည်ညိုခွင့် ပေးခဲ့လေသည်။
ဆဋ္ဌသံဂါယနာ၏ ပဓာနလုပ်ငန်းသည် ပါဠိတော်နှင့် အဋ္ဌကထာ ဋီကာ ၁၁၇ ကျမ်း
ကို စိစစ် တည်းဖြတ်၍ ပုံနှိပ်ထုတ်ဝေရသော လုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းကို တာဝန်
အများဆုံးယူ၍ ထိပ်ဆုံးနေရာ၌ ရပ်တည်ခဲ့သော ပုဂ္ဂိုလ်များမှာ မဟာစည်ဆရာတော်နှင့်
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင် ဝိစိတ္တသာရ တို့ ဖြစ်ကုန်၏။

မဟာစည်ဆရာတော်ကား စာပေစိစစ်ရေး၌ ပို၍ပင် တာဝန်ယူခဲ့ရ၏။ သာသနာ့ဘုန်းကံ၊
မြန်မာတို့၏ ကုသိုလ်ကြောင့် ပေါ်ပေါက်ခဲ့ရသော ကျက်သရေဆောင် ဆင်ဖြူတော်ကြီး
နှစ်စီးပင်။

ထိုအရှင်မြတ် နှစ်ပါးလုံးပင် သံဂါယနာတင်ပွဲ ကျင်းပရာ၌လည်း အသီးသီး အမေး
အဖြေပြု၍ သိမှတ်ကြည်ညိုဖွယ်များကို အလှည့်ကျ စိစစ် ဟောပြတော်မူခဲ့ကြရ၏၊
ထိုကိစ္စ၌ တိပိဋကဓရ ဆရာတော်က အများဆုံး တာဝန်ယူတော်မူခဲ့ရသည်။ တိပိဋကဓရ
ဆရာတော်၏ ဟောပြောမှုမှာ ဒကာ, ဒကာမတို့အတွက် ကြည်ညိုမှု သဒ္ဓါပွားကြရသကဲ့သို့
မဟာစည် ဆရာတော်၏ ဟောပြောမှုမှာ သမိုင်းကြောင်း သုတေသန အဆုံးအဖြတ်များဖြင့်
ဖောပြရာ ပါဠိကျမ်းတတ် ပုဂ္ဂိုလ်များအတွက် အသိဉာဏ်ပညာ ပွားကြရသည်။

ထိုစဉ်က သံဂါယနာတင်ပွဲ၌ အကြီးအကဲသံဃမဟာနာယက ဖြစ်တော်မူသော
“အဘိဓဇ မဟာရဋ္ဌဂုရု' မစိုးရိမ်ဆရာတော်ဘုရားကြီး (ယခု ၉၆-နှစ်) က

“မဟာစည် ဆရာတော်ဟာ သင်္ဂြိုဟ်ဆရာ-ဋီကာကျော်ဆရာတို့၊ အခြားကျမ်းပြု
ဆရာတို့ မမြင်တဲ့အမှားများကိုတောင် မြင်အောင် ကြည့်နိုင်တယ်။

.

“သင်္ဂြိုဟ်ကမ္မဋ္ဌာန်းပိုင်း ဒိဋ္ဌိဝိသုဒ္ဓိ အခန်းမှာ နာမ်ရုပ်တို့ကို လက္ခဏ-ရသ-
ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ဖြင့် ပိုင်းခြားသိရမည် ဆိုထားရာမှာ ပဒဋ္ဌာန်ကို ဒိဋ္ဌိဝိသုဒ္ဓိ အခန်းမှာ
မဆိုသင့်သေးဘဲ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ အခန်းကျမှသာ ဆိုသင့်ကြောင်း သံဂါယနာ
စိစစ်ဟောပြောစဉ်က. ထောက်ပြနိုင်ခဲ့တယ်။

“ဒီကရှေ့ မဟာစည်ဆရာတော်ထက် သာသူကို မပြောနဲ့ ၊ တန်းတူ ပုဂ္ဂိုလ်ကိုတောင်
တွေ့ရဖို့ မလွယ်ဘူး၊ မဟာစည် ဆရာတော်ရဲ့ စွမ်းရည်သတ္တိကို သိလို့လဲ “ဝိသုဒ္ဓိမဂ်
မဟာဋီကာကြီး နိဿယ” ရေးဖို့ တို့များက တိုက်တွန်းခဲ့တယ်”ဟု အမိန့်ရှိခဲ့ဖူး၏။
မှန်လှပါပေ၏။ မဟာဋီကာကြီးမှာ ပါဠိကျွမ်းကျင်ရုံ၊ ပဋိပတ် နိုင်နင်းရုံမျှဖြင့်


## PAGE 77

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၉

မြန်မာပြန်နိုင်သည် မဟုတ်ချေ။ အိန္ဒိယ ရှေးဟောင်း အယူဝါဒများ ပါဝင်နေသဖြင့် ဟိန္ဒီ..
သက္ကတ-အင်္ဂလိပ်စာများကိုပါ တတ်ကျွမ်းမှသာလျှင် စွမ်းဆောင်နိုင်၏။ ထို့ကြောင့်လည်း
ယခုခေတ်ကျမှသာ မဟာဋီကာ၏ ပြည့်စုံသော အဓိပ္ပာယ်ကို နားလည်ကြရတော့သည်။

သတိပဋ္ဌာန် ကမ္ဘာအနှံ့

“ဝိပဿနာရှုနည်းကျမ်း” စသော ကျမ်းပေါင်းလည်း ၄ဝ ကျော်ပင် ရှိနေပြီ ဖြစ်ရာ
ထိုကျမ်းများက ဆရာတော်၏ “ဒေသနာ ပဋိဝေဓနှင့် ပဋိပတ္တိ ပဋိဝေဓဉာဏ်’ကို
ထုတ်ဖော်ပြနေကြကုန်၏။ အလွန် ရိုးတာ ခြောက်သွေ့လှသော သုတ္တန်ပါဠိတော် များကိုပင်
နာယူချင့်စဖွယ် ရှိအောင် တန်ဆာဆင်၍ ဟောပြော ရေးသားထားသည်မှာလည်း ဆရာတော်၏
“ဒေသနာ ဝိလာသဉာဏ်' ကို သိသာပေါ်လွင်စေ၏ ။

ဆရာတော်၏ စာများကို ဖတ်ရှုရသောအခါ . ကျမ်းဂန်တို့၌ လာသော “ပန္န
ပဋိသမ္ဘိဒါပတ္တ' ၏ အဓိပ္ပာယ်ကို အတိအကျ သိလိုသော ဆန္ဒများ တစ်ဖွားဖွား ဖြစ်ပေါ်
လာရပေသည်။

ထိုကျမ်းစာများသည် အတုနှင့် အစစ်ကို စိစစ်၍ ပြသော မှတ်ကျောက်များ ဖြစ်
ကုန်၏။ ` ပဋိပတ် ရေကန်ကြီးကို လေးဖက်လေးတန် ကျားကန်၍ တမံတုတ်ပေး :
လိုက်သည်နှင့်လည်း တူလှပေသည်။

ဆရာတော်သည် ၁၄ ဝါ အရကပင် စတင်၍ ကမ္မဋ္ဌာန်းပြခဲ့ရာ ၁၃၁၁-ခုနှစ်
ရန်ကုန်သို့ မကြွမီကပင် ဌာနခွဲပေါင်း ၃၀ ကျော် ရှိခဲ့၏၊ ယခုအခါ မြန်မာနိုင်ငံ၌
ဌာနခွဲပေါင်း ၂၄၆-ဌာနရှိ၍ ယောဂီပေါင်း ရှစ်သိန်းနီးပါး (၇၇၇၂၁၂) ရှိသည်။

သီရိလင်္ကာခေါ် သီဟိုဠ်နိုင်ငံ၌ ဌာနခွဲ ၃၀- ကျော်ရှိ၍ တရားအားထုတ်ပြီးသူ
နှစ်သောင်း ခန့် ရှိလေပြီ။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံများ၌ ဌာနခွဲပေါင်း ၃ဝဝ-
ကျော်၊ အင်ဒိုနီးရှား၌ ၇၀-ရှိ၍ ယောဂီပေါင်း မည်မျှရှိမည်ကို ခန့်မှန်းနိုင်ပေသည်။

မြန်မာနိုင်ငံ (သို့မဟုတ်) ဆရာတော်၏ ပဋိပတ္တိ ဂုဏ်မှာ သံဂါယနာ မတင်မီကပင်
ကမ္ဘာ၌ သင်းထုံနေလေပြီ၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှ လာရောက်၍ လေ့လာနည်းခံသည့်
ယောဂီများ အဆက်မပြတ် ရှိခဲ့သည်။ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီနှင့် သြစတြေးလီးယား
နိုင်ငံတို့မှ အများဆုံး လာရောက်ကြ၏။ အမျိုးမျိုးသော စာအုပ်စာတမ်းများကိုလည်း
ကိုယ်တွေ့ ရေးသားကြ၏။ ဂျာမန်ဘုန်းတော်ကြီး အရှင် ဉာဏ ပေါနိက (သီဟိုဠ်) စသော
ပုဂ္ဂိုလ်များကလည်း ဆရာတော် စာအုပ်များမှ လိုရင်း ကျမ်းများ၊ ကဏ္ဍများကို အင်္ဂလိပ်
ဘာသာပြန်၍ ကမ္ဘာသို့ ဖြန်ချိနေကြ၏။

လယ်တီဆရာတော်များခေတ်က မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဉာဏနှင့်
ဦးရွှေဇံအောင်တို့ကဲ့သို့ ကမ္ဘာ့အတိုင်းအတာအထိ အင်္ဂလိပ်စာ အရည်အချင်းရှိ၍ ဗုဒ္ဓဝါဒ၌လည်း
လေ့လာကျွမ်းကျင်သူများ ပေါ်ပေါက်ခဲ့သော် မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ကျေးဇူး


## PAGE 78

• ၂ဝ


ဓမ္မာစရိယ ဦးဌေးလှိုင်

ဂုဏ်နှင့် ဗုဒ္ဓဝါဒ၏ အနှစ်သာရတို ့သည် ပို၍ တိကျခိုင်လုံစွာ၊ ဂုဏ်ရှိစွာ၊ ကျယ်ပြန် ့စွာ
ထွန်းတောက်လာနိုင်ရာ၏။ မြန်မာတို ့ပြောသော (မကုန်နိုင်သည့်) မြန်မာတို့၏ ဂုဏ်
ကျေးဇူးကား ကမ္ဘာ၌ နည်းပါးလှချေသေး၏။

မြန်မာကို ကမ္ဘာက သိသည်မှာ ဗုဒ္ဓဝါဒသာလျှင်ဖြစ်၍ ‘ကမ္ဘာကိုငြိမ်းချမ်းစွာ
ပြောင်းလဲပြုပြင်ပေးနိုင်သော အင်အားသည် မြန်မာ၌သာ ပြည့်စုံခိုင်မာစွာရှိသည်ဟု
အကြွင်းမဲ့ယုံကြည်သော (အဟုတ်တတ်သည့်) အင်္ဂလိပ်စာတတ်များ၊ ပါဠိစာတတ်များ
အထူးလိုအပ်နေကြောင်း ဤခေတ်က ဖော်ပြနေ၏။ သံဃာတော် အရှင်မြတ်တို့၏ တာဝန်
ကား ဗုဒ္ဓသာသနာတော်အတွက် (သို့မဟုတ်) တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်
ကျေပွန်လှပါပေသည်။

ဆရာတော်၏ ပဋိပတ် သာသနာသည် ကမ္ဘာနှင့်ချီ၍ ကျယ်ပြန့်လာသည်မှာ
ဆရာတော်၏ ပရိယတ်၊ ပဋိပတ် စွမ်းရည်ကြောင့်သာ မဟုတ်ချေ။ လုပ်နည်းလွယ်ကူခြင်း၊
စည်းကမ်းကြီးခြင်း၊ ကျောင်းတက်နေသော ကလေးများကဲ့သို့ နေ့စဉ်ဟောပြော ပြုပြင်
သင်ကြားပေးခြင်း၊ အမြဲတမ်း သုံးရာကျော်ရှိ ယောဂီများအား တစ်ဦးချင်း စောင့်ကြည့် စစ်
ဆေးပေးခြင်း (အမှတ်ပေးခြင်း) စသော စနစ်ကောင်းများကြောင့်လည်း ပြန် ့ပွားလာခြင်း
ဖြစ်သည်။

လူ ဒါယကာများဘက်ကလည်း ယာဂီသစ်များအား (လိုအပ်လျှင်) အခမဲ့
ကုသိုလ်ဖြစ် ကျွေးမွေးခြင်း၊ ဆေးဝါးကုသပေးခြင်း စသည်တို့ဖြင့် ‘သာသနကျွန်” အလုပ်တို့ကို
ရက်ရောစွာ လုပ်ဆောင်နိုင်ခြင်းတို့ကြောင့်လည်း ဖြစ်သည်။

ခြုံ၍ ဆိုရသော် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ ပဋိပတ္တိ
မြစ်ကြောင်းကြီးကား ကပ်ကိုးကပ်ဖဲ့ “အမွှေဓာတ်” များ ဖြစ်ကြသော သောင်ကမူ ချုံ အရှုပ်
တို့ကို အမြစ်ပြုတ် တိုက်စားနိုင်လောက်အောင် အင်အားလည်းကြီး၊ တာတမံလည်း ခိုင်ခံ့
လှပါပေသည်။

- 10
