## PAGE 79


ဝေဘူဆရာတော်

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး၏ ပဋိပတ္တိ မြစ်ကြောင်းကြီးကား လှိုင်းတံပိုး
တိတ်၍ ဆိတ်ငြိမ်အေးဆေးစွာ စီးဆင်းနေသဖြင့် အင်အားကြီးသည် မထင်ရ တာတမံ
ကိုလည်း တမင် ဆည်ဖို့မထား၊ ကြီးမားခိုင်မာသော သယံဇာတ မြစ်ရိုးကြီးဖြစ်၍ အားကိုး
လောက်အောင် တောင့်တင်းသည်ကို မမြင်နိုင်ကြ။ ရေစီးသံလည်း တိုးလှပေ၏။ ထိုဟာသည်ပင်
အင်အားကြီးမားသည့် လက္ခဏာပင်တည်း။

ဆရာတော်၏ တရားစွမ်းအင်များကို ဖော်ပြရန်မှာ စာမျက်နှာနံပါတ် ညွှန်းဖြင့်
ထိုးပြနိုင်သော အရာမျိုးမဟုတ်၍ ထုတ်ဆိုရန် ဝန်လေးလှပါသည်။

မျက်စိရှိသူတို့သည်သာ မြင်နိုင်ကုန်၍ နားရှိသူတို့သည်သာ ကြားနိုင်ကြကုန်၏။
ပြဆိုခဲ့ပြီးသော သီလစသော အခြေခံ တရားတို့သည်သာလျှင် အနှောင့်အယှက်
ကင်းစွာ သမာဓိကို ဖြစ်စေ၍ ထိုသမာဓိကသာလျှင် အမှန်တကျ ထိုးဖောက် သိမြင် စေနိုင်
လေသည်။ ထို့ကြောင့် သီလ စသော အခြေခံ တရားတို့သည်သာလျှင် မြင်နိုင် ကြားနိုင်
သော မျက်စိ, နားတို့ ဖြစ်ပါကုန်၏။

ပုံကြမ်းအားဖြင့် အမြွက်မျှ ပြညွှန်းရသော် ဆရာတော်သည် ဝေဘူရိပ်သာ (ကျောက်ဆည်)
အောင်မြေရိပ်သာ (ရွှေဘို) နှင့် ဇာတိရွာဖြစ်သော ခင်းဦးမြို့ မြောက် ရှစ်မိုင် ဝေးကွာသည့်
အင်ကြင်းပင်ရိပ်သာတို့၌ လေးလခန့်စီ လှည့်ပြောင်း သီတင်းသုံးတော်မူ၏။ကျောက်ဆည်၌
ဝါကပ်တော်မူသည်။ ဆရာတော် သီတင်းသုံးရာ သုံးဌာနလုံး၌ပင် ထည်ဝါခန့်ညားသော
အဆောက်အအုံများနှင့် သွားလာဝင်ထွက် ဆည်းကပ်ကြသည်ကို ကြည့်ပါလျှင် “အာဟုနေယျ
ပါဟုနေယျ ဂုဏ်’ နှင့် သက်တော်ထင်ရှား ဘုရား ရွှေလက်ထက်တော်ကို ခန့်မျှော်-
ကြည်ညိုမိပေလိမ့်မည်။

ဆရာတော်သည် ယေဘုယျအားဖြင့် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တရားဟောသည်။
ပထမ ၁၀-မိနစ်၊ ၁၅-မိနစ်ခန့်မှာ ယောဂီအတွက် အကျဉ်းချုပ် နားလည်ကျင့်သုံးရမည့်
အခြေခံသဘောများကို ရေစက်ချသကဲ့သို့ ဟောလေ့ရှိရာ အသံတော်ကလည်း တိုးလှသဖြင့်
နာကြားစ မရှိသူများ စိတ်မဝင်စားဘဲ ရှိနေတတ်၏။ ထိုအကျဉ်းချုပ် (ဥဒ္ဒေသ) မာတိကာ
စကားများသည် အလွန်အရေးပါလှသည်။ အဓိပ္ပာယ်လည်း ကျယ်ဝန်းစွာ။

ရေစက်ချ စကားများတွင် အလှူဒါနပြုသူ၌ ရှိထားရမည့် အခြေခံသဘောများ .
အကုန်ပါ၏။ ထို့အတူ တရားဦး မာတိကာ၌ ယောဂီအတွက် အောက်ပါအချက်များ
ပါဝင်ကုန်၏။ .


## PAGE 80


JJ.

ယောဂီအတွက် လိုရင်းအချက်များ

ဓမ္မာစရိယ ဦးဌေးလှိုင်

၁။ သီလရှိလျှင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။
၂။ ၃၁-ဘုံချမ်းသာကား အထူးဆုတောင်းရန် မလို၊ ရှောင်တိမ်း၍ မဖြစ်အောင်ပင် ရရှိ
တတ်သဖြင့် သာဝကဗောဓိ စသော ဗောဓိဆုကိုသာ တောင့်တမျှော်မှန်းရန်။

၃။ သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ်
(စရဏ) ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်

၄။ အလှူပြုသောအခါ စေတနာ၊ အလှူဝတ္ထု၊ အလှူခံအပေါ်၌ သန့်သန့်ရှင်းရှင်း ရိုရိုသေသေ
ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းရန်။

၅။ ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တစ်ထစ်ချ နာယူရန် (သောဝစဿတာ)။
၆။ ယခုကဲ့သို့ တရားပွဲ လာရောက် နိုင်ခြင်းသည်ပင် “ပါရမီရှိသူ” မည်၍ အချိန်အခါ၊
ဘဝကောင်းသည်မှာ ဘုရားလက်ထက်တော်ကနှင့် မထူး၊ ဘုရား လက်ထက်တော်က
ရဟန်းရှင်လူများ ရရှိကြသည့်အတိုင်း ဘာမဆို လိုတိုင်း မရနိုင်တာ မဖြစ်နိုင်တာ
ဟူ၍ မရှိ၊ သိသလောက် တောင့်တ,မျှော်မှန်းထားခဲ့သမျှမက အပိုတွေပင် များစွာ
ရလာ တတ်သဖြင့် ရှေးပုဂ္ဂိုလ်တို့ကဲ့သို့ ဝီရိယကိုသာ အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
၇။ သင်ကြားမှတ်သားထားချက်တွေ ပြော၍မကုန်နိုင်အောင် အများကြီး တတ်သိကြ၏။
ထိုသို့ များစွာ ရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့်
မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်အထိ ထင်ရှားရှိနေသော
ထွက်ပေ-ဝင်လေကား လူတိုင်းသိလွယ် ထင်လွယ်သဖြင့် ဝင်တိုင်း-ထွက်တိုင်း
နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်။ ယခု လုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်း
ချမ်းသာ၏။ (အကာလိကော။)

၈။ ယင်းသို့ ရှုမှတ်နေခြင်းဖြင့် ကိုယ်နှုတ် သောင်းကျန်းမှုမရှိ (အဓိသီလ)၊ စိတ်သောင်းကျန်းမှ
မရှိ (အဓိစိတ္တ)၊ “ရုပ်နာမ်မျှသာ ရှိပါကလား' ဟု နှာဖျားဝမှ တစ်ကိုယ်လုံး
တလှုပ်လှုပ် တရွရွဖြစ်ပျက်နေသည်ကို မြင်ရမည် (အဓိပညာ)။

သို့ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွားပြီ။ သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးလည်း
ပါသွားပြီ။ သတိပဋ္ဌာန် လေးပါး စသော ဗောဓိပက္ခိယတရား ၃၇ ပါးလည်း
လုပ်ပြီးဖြစ်သွားပြီ။ အာနာပါန လုပ်နေခြင်းဖြင့် ပိဋက သုံးပုံလုံးပင် အကျုံးဝင်လေပြီ
ဖြစ်၍ “ထွေလီကာလီ” လျှောက်လုပ်မနေနဲ ့၊ တွေးသမျှ ထင်သမျှ မှားတတ်သည်။
၉။ ရေခပ်ရင်း၊ ထမင်းချက်ရင်းလည်း ရှုမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်ကိစ္စ
နှစ်ခုပြီးသည်။

မည်သည့် ဣရိယာပုတ်နှင့်ဆို ရှုမှတ်နိုင်၏။ “ကမ္မဋ္ဌာန်း ထိုင်ရတာ
ဘာမှလဲမတွေ့ပေါင်၊ မရပေါင်” ဟု မမှတ်ရ။ တစ်ခဏအတွင်း ရသည့် အကျိုးကား
ကုန်စင်အောင်ပင် မပြောနိုင်၊ တစ်နေ့ထက်တစ်နေ့ တိုးတက်ပြီးတော့သာ သွားတော့သည်။


## PAGE 81

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၃

၁၀။ အိမ်အမိုး မိုးသောအခါ စပ်အောင်မိုးလျှင် မိုးနေကာကွယ်နိုင်သကဲ့သို့ တစ်ရက် ၂၄
နာရီ တစ်ဆက်တည်း တစ်စပ်တည်း (မအိပ်စက်ဘဲ) ရှုမှတ်နိုင်အောင် ကြိုးစား
(နိသဇ်ဓုတင်ဆောင်)။ ၂၄ နာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။
၁၁။ ၃၁ ဘုံ ချမ်းသာ ဘုရင်ဖြစ်ရတာမှအစ ဘာမျှ မတောင့်တ မလိုချင်ရ။ ဒုက္ခချည်း
ဖြစ်သည်။

၁၂။ မိမိအနားရှိ မြင်သမျှ ကြားသမျှ ကျေးဇူးရှင်ချည်း ဖြစ်သည်။ အသံဗလံဆူနေ၍
နေရာမပြောင်းနှင့်။ “ငါဝီရိယ၊ သမာဓိကောင်းလှပြီ” ဟု အလွတ်အထင် ရောက်
နေတတ်၏။ ဆူညံသံများက “ဝီရိယတိုးလိုက်ပါဦး” ဟု ပြောသော ကျေးဇူးရှင်များ
ဖြစ်သည်။ မေတ္တာထား သည်းခံရှုမှတ်။

၁၃။ မိဘ၊ သားမယား ဝတ္တရားများကို ပြုလုပ်ရခြင်း၊ “ကလေးငို၍ ချော့ရထိန်းရခြင်းမှအစ
သီလ၊ စရဏကုသိုလ်' ချည်း ဖြစ်သည်။

၁၄။

မိမိ အာနာပါန ရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ
နတ်တွေ ဗြဟ္မာတွေ မရေမတွက်နိုင်အောင်ပင် ကျေးဇူးများကုန်ကြတော့သည်။

စာတွေ့ အတွေးအထင်နှင့် လက်တွေ့ အသိအမြင်

ဆရာတော် ဟောလေ့ဟောထ ရှိသော မာတိကာ စကားပြေမှာ သုံးမျိုးခန့် ရှိ၍
အားလုံးခြုံလိုက်လျှင် အထက်ပါ အချက်များကို တွေ့ရမည်ဖြစ်၏။

ရံခါ တစ်နေ့တည်း၌ တရားလေးငါကြိမ် ဟောရသည့် ရက်များရှိ၏။ ဟောတိုင်းပင်
ထိုအခြေခံ အချက်များကို ပထမဟောသည်။ ဆယ်ကြိမ်ဟောရလျှင် ဆယ်ခါပင် ထပ်၍
ဟောတော်မူ၏။ မည်မျှ အရေးကြီးသည်ကို စဉ်းစားကြရာသည်။ ကျမ်းဂန်တို့၌ သိမှတ်ရန်၊
လိုက်နာရန် အချက်များစွာ လာကုန်သည်။ ကမ္မဋ္ဌာန်း အလုပ်ခွင်မဝင်မီကပင် ကြိုတင်ရှောင်ရန်၊
ဆောင်ရန် အချက်များမှာ အလုပ်ခွင် မဝင်ရဲလောက်အောင်ပင် များကုန်၏။ ပဓာန အချက်
ကို ဖမ်းမိရန် ခက်လှသည်။

6

မိမိတို့ အလှမ်းမီသလောက် ကျမ်းစာများကိုလည်း ကြိုးစား ဖတ်ရှုကြရာ “အဘယ်
အရာသည် အရေးအကြီးဆုံး ဖြစ်သည်” ဟု နားလည်ရန်ကား လွယ်သယောင်နှင့် ခက်လှ
ပေသည်။ ပထမဆုံး လိုက်နာရ၊ ရှောင်ကြဉ်ကြရမည့် လိုရင်းအချက်များကို အရေးမကြီးဟု
ထင်ကာ ကျော်လွှားသွားတတ်ကြ၏။ သဒ္ဓါ ဝီရိယ အားပေးသော ဆုံးမစကား၊ ဇာတ်သွား
ဇာတ်ကြောင်းများကိုလည်း အနှစ်အသား မဟုတ်သေးဟု ယူဆကာ ကောင်းစွာမနာ၊

မဖတ်။

နီဝရဏငါးပါး၊ ဈာန်အင်္ဂါငါးပါး၊ ဉာဏ်စဉ်တက်ပုံ၊ မဂ်ဝင်ပုံ၊ ဖိုလ်ဝင်စားပုံ၊ သစ္စာ
လေးတန်၊ နိဗ္ဗာန်ဆိုက်ပုံ စသည်တို့ကိုသာ ဖတ်ရှုကြ၏။ ဝိပဿနာကျမ်းများကလည်း
ဦးစားပေး ရေးကြ၏။ ဟောပြောသူများကလည်း “တကယ့် မဂ်ခန်း ဖိုလ်ခန်း” ကိုချည်း

