## PAGE 82


ဓမ္မာစရိယ ဦးဌေးလှိုင်

သမ္ပဇဉ်ဖြင့် လဲလျောင်းတော်မူ၏။ခါးနာသော ဝေဒနာလည်းရှိ၊ ရုပ်ခန္ဓာကိုယ်၏ နွမ်းလျ
ညောင်းညာမှုလည်း ရှိ၍ “မအိပ်ဘူး” ဟု လုံးဝမပြောနိုင်ရုံမျှသာ မှေးစက်တော်မူသည်။
သစ္စက ကဲ့သို့ လူကပ်များ အပြောမလွတ်ရုံသာ ရှိ၏။

ရဟန်းပြုသည်မှ ပရိနိဗ္ဗာန် စံသည့်တိုင်အောင် နှစ်ပေါင်းခြောက်ဆယ်၊ ရှစ်ဆယ်
မကျိန်းစက်သော၊ လဲလျောင်း၍ပင်မနေ (နိသဇ်ဓုတင်ဆောင်) သော သာဝကတို့ပင် အများ
ရှိရာ ပို၍ပင် အသက်ရှည် ကျန်းမာကြသည်ကို တွေ့နိုင်၏။ ထို့ကြောင့် ကိုယ်ချင်းစာစိတ်ဖြင့်
မကြည့်သင့်ပေ။

ဘုရားရှင်၏ တစ်နေ့တာ လုပ်ငန်းစဉ် အကျဉ်းချုပ်မှာ-

၁။

နံနက်ပိုင်း ဆွမ်းခံဆွမ်စားခြင်း၊ ဆွမ်း အနုမောဒနာ တရားဟောခြင်း၊
၂။ (က) ဆွမ်းစားပြီး နေ့စဉ်ပင် ဒုလ္လဘတရား ငါးပါးကို ခြေဆေးရင်း ဟောပြော
သတိပေးပြီးနောက် ရဟန်းတို့အား ကမ္မဋ္ဌာန်းပေးခြင်း၊

၃။

၄။

ā

==

၅။

( ခ) ထို့နောက် ဂန္ဓကုဋိသို့ ဝင်တော်မူလျက် ရံခါ တစ်မုဟုတ်မျှ လဲလျောင်း
တော်မူ၍ တစ်ကိုယ်တည်း ကိန်းအောင်းကာ လောကဓာတ် တစ်ခုလုံးကို
သိမ်းကျုံး ကြည့်ရှုတော်မူခြင်း၊

( ဂ) ညနေချမ်းတွင် ကျောင်းတော်သို့ လာရောက်ဖူးမြော်သူ ဒကာ ဒကာမတို့အား
တရားဟောကြားတော်မူခြင်း၊

(က)

(လိုအပ်လျှင် ရေသုံးသပ်တော်မူပြီးနောက်) ဂန္ဓကုဋိ ပရိဝုဏ် အတွင်း၌ပင်
သီတင်းသုံးခိုက် ထိုမှ ဤမှ လာရောက် လျှောက်ထား မေးမြန်း
တောင်းပန်သော ရဟန်းတို့အား ညဉ့်ဦးယံ တစ်ချိန်လုံး ဖြေဆို
ဟောကြားတော် မူခြင်း၊

ရဟန်း ပရိသတ်များ ပြန်ကြသောအခါ တစ်သောင်းသော လောကဓာတ်မှ
လာရောက် မေးလျှောက်ကြသော နတ်ဗြဟ္မာ အသီးသီးတို့အား ညဉ့်လယ်ယံ
(သန်းခေါင်ယံ) တစ်ချိန်လုံး ဖြေဆိုဟောကြားတော်မူခြင်း၊
မိုးသောက်ယံတွင် အချိန်သုံးပိုင်း ပိုင်း၍-

တစ်ချိန် စင်္ကြံ ကြွတော်မူခြင်း၊

( ခ) ဂန္ဓကုဋိသို့ ဝင်ရောက်၍ လျောင်းစက်တော်မူခြင်း၊

( ဂ) လျောင်းစက်ရာမှ ထိုင်တော်မူ၍ ကမ္ဘာလောကဓာတ် တစ်ခုလုံး ချေချွတ်
ထိုက်သော သတ္တဝါတို့ကို ဉာဏ်ကွန်ရက်ဖြင့် ဖြန့်ကြက် ရှုကြည့်
တော်မူခြင်း၊ (ကျွတ်ထိုက်သော သတ္တဝါ ရှိလျှင် အခြား စကြဝဠာသို့ပင်
ကြွရောက် ဟောကြားလေ့ရှိကြောင်း မဟာပရိနိဗ္ဗာနသုတ်၌ ဟော
တော်မူ၏။)

ဘုရားရှင်၏ တပည့်သား သာဝကများသည်လည်း မိမိတို့အင်အား ရှိသလောက်
မအိပ်မနေ ချီးမြှောက်တော်မူကြမြဲ ဖြစ်၏။


## PAGE 83

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၇

…

အရိယာ သာဝကကြီး တို့အင်အားလည်း လူသာမန်တို့ နားမလည်နိုင်အောင်
စွမ်းပကား ကြီးမားလှပေသည်။ စကြဝဠာ တစ်ထောင်ဖြင့် တိုင်းတာရ၏။ လောကဓာတ်ပေါင်း
တစ်ထောင်ခေါ် စကြဝဠာ တစ်ထောင်လုံးကိုပင် နယ်နိမိတ်ပြုကာ သွားလာထိတွေ့
ကျက်စားနိုင်လေသည်။ တစ်နိုင်ငံ, တစ်ကမ္ဘာ, တစ်စကြဝဠာလောက်ကိုမူ ဆိုဖွယ်ရာမရှိ။

တစ်စုံတစ်ရာ စွမ်းဆောင်နိုင်သော၊ သို့မဟုတ် လက်နက်အင်အား ကောင်းရှိသော
ပုဂ္ဂိုလ်တို့သည် ထိုအင်အားတို့ကို (ဘဝအဆက်ဆက် ခက်ခဲစွာ ရှာဖွေလေ့ကျင့်ပြီးမှ
ရယူထားရသည့် အတိုင်း) အသုံးမချဘဲ အချည်းနှီး သိမ်းဆည်းထားကြသည် မဟုတ်ချေ။
ငြိမ်သက်စွာ နေခြင်းဖြင့် ထိုင်ရာမထ နေ့ညမအား ထိုစွမ်းအားတို့ကို အသုံးပြုနေခြင်းပင်

ဖြစ်၏။

ဂင်္ဂါမြစ်ကမ်း၌ နေသော ဗကဗြဟ္မာလောင်း ရသေ့ကြီးသည်ပင် မိမိသင်္ခမ်းကျောင်းနှင့်
မလှမ်းမကမ်း ဂေါစရဂါမ် ရွာငယ်သို့ ဓားပြများ ဝင်ရောက်ကာ ရတနာ ရွှေငွေနှင့် ကျွဲနွား
များပါ ယူဆောင် တိုက်ခိုက်သွားကြစဉ် တန်ခိုးဖြင့် စစ်တပ် ဖန်ဆင်း၍ ရှေ့မှ ဆီးကြိုလျက်
ကိုယ်ရောင်ပြရာ ဓားပြများ ပစ္စည်းချ၍ ထွက်ပြေးကြရသည်။

ကမ္ဘာပေါ်တွင် အလုပ်အလုပ်ဆုံး

အဘိညာဉ် အင်အားရှိသော အရိယာ သူတော်ကောင်းကြီးများသည်လည်း ကံကြမ္မာ၏
အတိုင်းအတာနှင့် ဝိနည်းဒေသနာ၏ ဘောင်အတွင်းသာ ဖြစ်ခဲ့သော် သတ္တဝါတို့၏ အကျိုး
ကို စွမ်းအားရှိသမျှ ဆောင်တော်မူမည်မှာ ယုံမှားစရာမရှိအပ်။ ထိုသို့ ဆောင်တော်မူသော်လည်း
သတ္တဝါတို့အား အသိပေးလိုကြသည်မဟုတ်။ ထိုကြောင့် ဂင်္ဂါမြစ်ကမ်း ရွာသားတို့သည်
“ရသေ့ကြီး၏ ကျေးဇူးကိုမမြင်၊ ဘုရင့်တပ်မတော်ကြီး၏ ကယ်တင်မှု” ဟုသာ ထင်ခဲ့ကြသည်။
သတ္တဝါတို့၏ အမြင်သည် သနားလောက်အောင်ပင် ကျဉ်းမြောင်းစွာ။

လယ်တီဆရာတော်သည် ဟင်္သာတ တစ်နယ်လုံး နောက်မိုးမသိမ်း၍ လယ်ဧက
များစွာ ပျက်စီးမည့်အရေး သစ္စာပြု၍ မိုးကြီးသည်းစွာ ရွာသွန်းပေးခဲ့ဖူး၏။ မိုးညှင်းဆရာတော်ကမူ
“စစ်ဖြစ်လို ့ ဒုက္ခရောက်နေတဲ့ နိုင်ငံတွေကို မေတ္တာပို့ပေးရမယ်ကွယ့်၊ ထိုစစ်ဘေးကြီး
တစ်နည်းနည်းနဲ့ အေးရင်ပဲ ကိုယ့်မေတ္တာ အောင်ပြီလို ့ မှတ်ရမယ်” ဟု မိန် ့ခဲ့ဖူး၏။ မိမိတို့
အင်အားအလျောက် (သတ္တဝါတို့က မသိသော်လည်း) အရိယာ သူတော်ကောင်းကြီးများကမူ
အချိန်ရှိသမျှ ကယ်မတော်မူနေကြပေ၏။

“အားချိန် နားချိန်မျှ မထားဘဲ” ဟူသော စကားနှင့် မိမိက မသိသော်လည်း အပို
တွေပါရလျက် “ကိုယ့်အတွက်နဲ့ လူတွေ၊ ' နတ်တွေ၊ ဗြဟ္မာတွေ မရေမတွက်နိုင်အောင်
အကျိုးများကြသဗျာ” ဆိုသော ကျေးဇူးရှင် ဝေဘူဆရာတော် ဘုရားကြီး၏ စကားကို
အဘယ်မျှ တာသွားကြောင်း နားလည်အပ်ပေသည်။

64

ယနေ့ အရိယာ သူတော်ကောင်းကြီးများ၏ တစ်နေ့တာ လုပ်ငန်းစဉ် ” ကိုလည်း


## PAGE 84


၂၈

မ္မာစရိယ ဦးဌေးလှိုင်

အနီးကပ် လေ့လာ နည်းယူသင့်လှ၏။ ရှေးရှေး သူတော်ကောင်းကြီးများ၏ အခြေအနေကို
ပွင့်ပွင့်လင်းလင်းကြီး လှမ်း၍ ညွှန်ပြတော်မူသည်ကို ထောက်ဆခြင်းအားဖြင့်လည်း “ယနေ့
အဘယ်သို့” ဟု သဘောပေါက်သင့်ပြန်လေသည်။

စာပေအထောက်အထားများ အရလည်းကောင်း၊ (အလှမ်းမီသမျှ) မျက်မြင် အရ
လည်းကောင်း အရပ်ပြောပြောရသော် ကမ္ဘာပေါ်တွင် အလုပ်အလုပ်ဆုံး ပုဂ္ဂိုလ်မှာ ဗုဒ္ဓနှင့်
ဗုဒ္ဓသာဝကကြီးများသာ ဖြစ်ကုန်၏။ အိမ်တစ်အိမ်တွင် ကလေးများ မိမိတို့ အဝတ်အစားနှင့်
ကစားစရာကိုပင် သိမ်းဆည်း လုပ်ကိုင်ရကောင်းမှန်း မသိ။ အကျိုးအပြစ် သိမြင်သော
လူကြီးများကား အလုပ်များကို မဆုံးနိုင်အောင် လုပ်နေကြရသည်။ အရိယာ သူတော်ကောင်း
ကြီးတို့အား – သံသရာမှ´ကျွတ်အောင် ကိုယ်လွတ်ရုန်း နေသူများသာ
ဟု မသိသူတို့
ထင်စရာ ရှိသော်လည်း သတ္တဝါအများ ကောင်းစားရေးအတွက် (ကျွန်ုပ်တို့ မသိမမြင်နိုင်သော
စောင့်ရှောက်ခြင်း အမျိုးမျိုးဖြင့်) မအိပ်မနေ အလုပ်လုပ်တော်မူနေကြသည်မှာ ထင်ရှားလှပေ၏။

"

ရတနာသုံးပါး၏ ကျေးဇူးကား ကြီးမားမြင့်မြတ်လှပေစွာ့။ မိမိ၏ တစ်ဝမ်း တစ်ခါး
အတွက်မျှပင် မဝရေစာ စားသောက်နေရသော သူဖုန်းစား၏ နား၌ နေ့စဉ် ကုဋေချီ၍
အလှူပေးနေသော သူဌေးကြီးအကြောင်းသည် ယုံကြည်ဖွယ် မရှိချေ။

အကောင်းကြိုက်တိုင်း အကောင်းမရ

ယင်းသို့ဆိုသော် အကျိုးရှိသည်ထက် ရှိသည်ကို ရွေးချယ်၍ သတ္တဝါအများ
ကောင်းစားရေးအတွက် နေ့မအား ညမအား မအိပ်မနေ ကြိုးစားတော်မူနေကြသော
အရိယာ သူတော်ကောင်းကြီးများထံ ချဉ်းကပ်ကြရာ၌ ကျွန်ုပ်တို့ သတိပြုရမည့် အချက်များ
များစွာ ရှိပေလိမ့်မည်။ ချဉ်းကပ်ခြင်းဖြင့် နှောင့်ယှက်ရာ မရောက်စေရန် အရေးကြီးသကဲ့သို့
မိမိတို့အတွက်လည်း ရတောင့်ရခဲ အခွင့်ကောင်းကြီးများကို ယူနိုင်သလောက် ရနိုင်စေကာမူ
ကောင်းသည်ထက် ကောင်း၍ အကောင်းဆုံးကို ရွေးချယ်ယူတတ်ရန် အသိဉာဏ်
အရေးကြီးလှ၏။

အရိယာ သူတော်ကောင်းကြီးများကား အသိဉာဏ် ခေါင်းပါးသော အကျွန်ုပ်တို့အာ
ပို၍ သနားငဲ့ညှာကြကုန်၏။ သည်းခံကြကုန်၏။ လိုက်လျောကြကုန်၏။ ခွင့်လွှတ်ကြ
`ကုန်၏။အများနှင့်စုဝေး၍ ကပ်လှူကြသောအခါ လောလောဆယ် စားသောက်ရန်မဟုတ်သော
စားသောက်ဖွယ်များ ကိုယ်ထိလက်ရောက် (မလှူအပ်သည်ကို) ကပ်လှူမိသည့်အတွက်
အလှူခံပုဂ္ဂိုလ် မသုံးစွဲရတော့ပေ။ ငွေစက္ကူများကိုလည်း မကပ်လှူကောင်းချေ။ မာတုဂါမတို့
ရှိခိုးသောအခါ ဆံပင်, လက် စသည်တို့ဖြင့် မထိကောင်းချေ။ သူတော်ကောင်းကြီးများ၌
တစ်စုံတစ်ရာ အပြစ်မရှိနိုင်စေကာမူ လှူသူ၊ မြင်ရသူတို့၌ အကျိုးဆုတ်ယုတ်တတ်ပေသည်။
ထို့ကြောင့်လည်း မလိမ္မာသော ဆည်းကပ်သူများကို ကြည့်၍ သူတော်ကောင်းကြီးများ၏
အရည်အချင်းကို မဆုံးဖြတ်ကြရာ။

