## PAGE 88


၁ - ပျူနိုင်ငံ ဟန်လင်းခေတ်
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ

ယခုအခါ ဟန်လင်းပြည်သည် ရာဇဝင်နှင့် သာသနာဝင်တို့၌ စာတင်ခြင်းမခံရတော့ပေ။
ဟန်လင်းပြည်ကြီးကို ပါးစပ်ရာဇဝင်နှင့် စာတိုပေစသမိုင်းတို့ကသာ ကိုယ်စားပြုနေကြ၏။
ဟန်လင်းပြည်သည် ဒဏ္ဍာရီ ပြုနိုင်ငံ မဟုတ်ကြောင်း ရှေးဟောင်းပစ္စည်းများက မြေမှ
ထွက်ကာ သက်သေထူလျက်ရှိနေလေပြီ။ အထူးသဖြင့် မြန်မာနိုင်ငံ အရိယာများအကြောင်းကို
ထုတ်ဖော်ရာ၌ပင် ဟန်လင်းကို မမေအပ်ချေ။´´ဟန်လင်း သိမှတ်ဖွယ်ကို အနည်းငယ်
နောက်၌ ပြပါမည်။)

ဟန်လင်းပြည်မှ အံ့ဖွယ် ရဟန္တာတစ်ပါးအကြောင်း ရှေးပညာရှင်တို့ မော်ကွန်းတင်
လက်ခံထားသည့်အတိုင်း ဖော်ပြပါအံ့။ မော်ကွန်းတင်သည့် ပညာရှင်မှာ မင်းတုန်းမင်းလက်ထက်
ရတနာပုံ နေပြည်တော် သတင်းစာဆရာ အယ်ဒီတာ ‘ဘိုးဝဇီရ’ ပင် ဖြစ်သည်။
နဝဒေးဦးနု၏ မော်ကွန်းများနှင့် ရင်ပေါင်တန်း ရေးသားဖွဲ့ဆိုထားခဲ့သော ၂၇-ပုဒ် ရှိ
ခြေတော်ရာ သမိုင်းမော်ကွန်း ဖြစ်သည်။

ယင်းမော်ကွန်းအရ ဟန်လင်းခေတ်မှ ရဟန္တာ အရှင်မြတ်အကြောင်းမှာ အောက်
ဖော်ပြပါအတိုင်း ဖြစ်သည်။

ဈာဉ်အဘိညာဉ်ရ ရဟန္တာသာမဏေ

တစ်ရံရော့အခါက ဟန်လင်းပြည်၌ စိတ္တရာဇာမည်သောမင်း မင်းပြု၏။ မိဖုရား
ခေါင်ကြီးမှာ ပဒုမဒေဝီ ဖြစ်၍ အိမ်ရှေ့မင်းကား ညီတော် ဒိဗ္ဗရာဇာတည်း။

တရားသဖြင့် မင်းပြုတော်မူ၍ တိုင်းပြည် သာယာဝပြော၏။ သာသနာစည်ပင် ပွင့်
လင်း၏။ သို့စဉ် ကြိုက် ညီတော် အိမ်ရှေ့မင်းသားသည် နောင်တော်အား ထောင်ထားပုန်ကန်ရန်
ကြံစည်ရာ အချိန်မီ သိတော်မူသဖြင့် ထောင်သွင်း အကျဉ်းချ ခံရလေသည်။ ထောင်မှ
တိတ်တဆိတ် ထွက်ပြေးလွတ်မြောက်ကာ လက်နက်လူသူ စုရုံး၍ တော်လှန်ရန် ကြံစည်
ပြန်လေသည်။ ဗိုလ်ပါအင်အားဖြင့် နန်းတော်အား ဝိုင်းဝန်းတိုက်ခိုက်ရာ နောင်တော်နှင့်
မရီးတို့ ရုပ်ဖျောက် ထွက်ပြေးကြရသည်။ မိဖုရားခေါင်ကြီးမှာ နှုတ်ငုံတော်အရင့်အမာနှင့်
မပေါ့မပါး လိုက်ပါရရှာလေသည်။


## PAGE 89

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၃

ဟန်လင်းမှသည် တောင်စူးစူး အရပ်သို့ ထစ်တောထွက်လျှင် တစ်မှော်ဝင်၊ တစ်ခင်ငုံလျှိုး
တစ်ချုံတိုး အမျိုးမျိုးသော ဒုက္ခကြီးဖြင့် ခရီးဆက်ခဲ့ကြရာ (ယခု မြင်းမူမြို့နှင့် အုန်းတောကြား
လက်ယာဘက် ၃-မိုင်ခန့်ရှိ) - တောင်ရိုးခင်ငူတစ်ခုသို့ ရောက်လာကြ၏။ သစ်သီးဝလံ
ပန်းမာလ်မညှိုး ရေမိုးလည်း အဆင်ပြေသောဌာနဖြစ်၏။ တောလည်းနက်ရှိုင်းတိုင်းပြည်နှင့်လည်း
အလှမ်းကွာသဖြင့် ထာဝရနေရန် သဘောကြိုက်ညီကြလေ၏။ နတ်တို့ဖန် ရေကန်အသင့်
ဟူသကဲ့သို့ ထိုတောင်ရိုးတွင် ဂူဟောင်းကြီး တစ်ခုပါ အဆင်သင့် တွေ့ ရသဖြင့် ဝေဿန်မဒ္ဒီ
ထုံးကိုမှီ၍ သီလသီတင်းစောင့်သုံးကာ နေထိုင်ကြသည်။ မကြာမြင့်မီ ထိုတောခင်ငူ
ထိုလိုဏ်ဂူ၌ပင် စင်ဖြူဖွံ့ထွားသော သတိုးသား ရတနာကို ဖွားမြင်၏။

သားငယ်လည်း စကားပီ နားလည်သော အရွယ်မှစ၍ ၅-ပါး သီလကို စောင့်ထိန်း၏။
မိဘများနှင့်အတူ သူတော်စင် ရှင်သာမဏေကဲ့သို့ သစ်ခေါက်ဆိုးအဝတ်ကိုသာ ဝတ်ရုံရသည်။
ရံခါ မိဘများနှင့် သစ်သီးရှာလိုက်၍ ရံခါ ဂူဝမှာပင် နေခဲ့၏။ သားသမင်ငယ် ယုန်
ဒရယ်များနှင့် သူငယ်ချင်းအတူ ကလူကျီစယ်၍ နေရသည်မှာ သူ့အဖို့ ကြည်နူးလှဘိသည်။
ထိုအခါမျိုးတွင် မိဘများခေါ်သော်လည်း မလိုက်ဘဲနေခဲ့၏။

မိဘများ သစ်သီးရှာအတွက် တစ်ခုသော နံနက်ခင်းတွင် သမင်ငယ်များကို
အစာကျွေးနေစဉ် သူ့လက်ထဲမှ အစာကို စားနေသော သမင်တစ်ကောင်မှာ ဗိုင်းခနဲ
လဲကျသွားသည်။ အခြားသမင်များ ထွက်ပြေးသွားကြ၏။ ဘာ့ကြောင့်လဲသည် ပြေးသည်ကိုမူ
သူမသိ။ မချိသော နှလုံးဖြင့် ဗုန်းဗုန်းလဲ၍ လူးလွန့်နေသော သမင်ငယ်အား ကြည့်လျက်
ငိုင်နေရှာ၏။ မြားတန်းလန်း စူးဝင်နေသည်ကိုပင် သူမမြင်ချေ။ ခပ်လှမ်းလှမ်း ချုံကွယ်မှ
မုဆိုးကမူ သစ်ခေါက်ဝတ်ရုံနှင့် သမင်ရောင် မကွဲသဖြင့် နောက်တစ်ချက် ဒူးလေးနှင့်
ပစ်ရန် ညှို့ကြိုးကို ဆွဲတင်လိုက်စဉ် ပြန်လာသော မိဘများအား လှမ်းခေါ်လိုက်သော
သူငယ်၏ အသံကြောင့် မုဆိုးသားသည် နောင်တဖြစ်ကာ အနီးသို့ ရောက်လာပြီး လွန်သမျှ
ဝန်ချလေတော့သည်။

ဖြစ်ကြောင်းစုံ ပြောဆိုတောင်းပန်၍ မုဆိုးပြန်မည်အပြု မိဖုရားကြီးမှာ သောကတစ်ခု
ဝင်လာလေသည်- “နေပြည်တော် ပေါက်ကြားသွားမှဖြင့် ခက်ရချေရဲ့”။ သို ့နှင့် ရုတ်တရက်
အကြံရကာ လက်မှ လက်ဝတ်ရတနာကို ချွတ်ပြီးနောက် မုဆိုးအား “အမောင်၊ အမယ်တို့
တစ်တွေ ဤအရပ်မှာ နေသည်ဟု မည်သူ့ကိုမျှ မပြောပါလင့်””ဟု ဆိုကာ လက်စွပ်တစ်ခြည်ကို
နှုတ်ပိတ်ခ ပေးလိုက်ရသည်။

ကံကြမ္မာ၏ စုံထောက်ခြင်းကို ရှောင်ကွင်း၍မရ၊ အေးစေရန် လာဘ်ထိုးသော်လည်း
ဂြိုဟ်ဆိုးက မွှေလေပြီ။ မုဆိုးသားသည် လက်စွပ်ကိုယူ၍ အိမ်သို့ ပြန်ကာ လူသိမည်လည်း
စိုး၍ တိတ်တခိုး ရောင်းချရာ ဝယ်ယူသုံးစွဲနိုင်သော ငွေကြေးဘုန်းကံ ရှိသူမပေါ်၍
နောက်ဆုံး ဟန်လင်း နေပြည်တော် ဒိဗ္ဗရာဇာမင်းထံ ရောက်လေသည်။ မင်းက အကျိုးအကြောင်း
စစ်မေးတော် မူရာ ဖုံးကွယ်မရ။ အကြောင်းစုံ သံတော်ဦးတင်ရ၏။ ထိုအခါ ဒိဗ္ဗရာဇာသည်
“ငါ့ရန် မအေးသေး”
ဟု မိန့်တော်မူ၍ စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့် တောတွင်းသား


## PAGE 90


မုဆိုးအား လမ်းပြစေကာ တောနင်းချီ တက်၍ ဖမ်းဆီးစေ၏။

ဓမ္မာစရိယ ဦးဌေးလှိုင်

ဆင်သံ မြင်းသံများကို ကြားရလျှင်ပင် စိတ္တရာဇာသည် နဝရတ် လက်စွပ်ကို
အခြေခံ၍ ရန်သူများ ဝိုင်းရံလာနေပြီကို အတပ်သိရကား မိဖုရားနှင့် သားတော်အား....

“အဘယ်နှမတော်၊ သံသရာဝဋ်ကြွေးကား ပြေး၍မရ၊ ဤအကုသလ ဝိပါက်သည်
မောင်တော့် အတွက်ချည်း ဖြစ်ပါစေသား၊ နှမတော်တမူ သားတော်ကို ယခုခေါ်၍ လျော်ရာ
လွတ်ကြောင်း ပုန်းအောင်းပချေ ” ဟု အမြန်ပင်စေလွှတ်၍ မိမိမှာ ဂူဝ၌ တရားကို နှလုံး
သွင်းလျက်သာ နေရစ်၏။ မကြာမီ စစ်သည်များ၏ ဝိုင်းရံဖမ်းဆီးခြင်း ခံရရှာလေသည်။

"

.

သားအမိ နှစ်ဖော် သူတော်စင် နှစ်ဦးမှာ ခြေဦးတည့်ရာ ပြေးသွားရင်း တောတွင်းရှိ
ဘုန်းတော်ကြီး တစ်ပါး၏ တောရ သင်္ခမ်းကျောင်းသို့ ရောက်သွားကြ၏။ ဘုန်းတော်ကြီးသည်
ပဋိသန္ဓာရ (နှုတ်ခွန်းဆက်) စကားပြောကြားပြီးလျှင် – တရားမှတစ်ပါး ကိုးကွယ်ရာ မရှိ
ပြီ။ ချမ်းသာဟူသည် ဧည့်သည်သာတည်း” ဟု အမိန့်ရှိကာ သောကကို ဆေးကြောပေး၏။
သားအမိ နှစ်ယောက်လုံး မရဏာ နုဿတိနှင့် မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းခိုင်းလေသည်။
တရားဟောပြ၍ နေ့ညမကြာပင် သားငယ်အား ရှင်သာမဏေ ပြုပေးလေသည်။

သားတော်ကလေးကား တစ်ကိုယ်တည်း တရားရှုမှတ်နေရသည်မှာ သမင်ငယ်
အဖော်များနှင့် နေရတုန်းကထက် ပို၍ ပျော်လာ၏။ အဖော်မလိုသော ချမ်းသာ ကို သူ့မှာ
ပီတိဖြစ်သလောက် မယ်တော်မှာမူ သူ့ ခမည်းတော်အတွက် ရတက်မအေးနိုင်ပေ- “ခုလောက်ဆို
မောင်တော် ကံကုန်ရှာရော့မည်။ သားငယ်ကို မြင်စေချင်စမ်းပါဘိ”။အဆွေးဓာတ်ခံ ရှိသူအား
ဝမ်းမြောက်ရန် မင်္ဂလာသည်ပင် သောကလောင်စာ ဖြစ်ရပြန်လေသည်။ သို့နှင့် ရံခါ
ကျောင်းသင်္ခမ်းသို့ ရောက်လာတတ်သော အရပ်သားတို့ထံ ချဉ်းကပ်၍ တီးတိုး စုံစမ်းရသည်။

နောက်ဆုံး “ထောင်သွင်းအကျဉ်းချထားသော စိတ္တရာဇာအား ညီတော်က ကွပ်မျက်ရန်
စီစဉ်နေပြီ ” ဟူ သော သတင်းမှာ တရားရှုနေသော မိဖုရားကြီးအား မူးမေ့စေတော့သည်။
သတိရလျှင် ဘုန်းတော်ကြီးအား အတန်တန်လျှောက်ထား၍ သားရှင်သာမဏေကို လက်ဆွဲကာ
ဟန်လင်းပြည်သို့ လိုက်လာခဲ့ကြ၏။ သားကလည်း အရွယ်နှင့်မလိုက် အားပေးစကားပြော၍
ယ်တော်အား နှစ်သိမ့်လေသည်။ မင်းသွေးပီပီ ခမည်းတော်အတွက် သေစား အသေခံမည်ဟုပင်
ကြိမ်းဝါး၏။

ကြာပလ္လင်နှင့် ကောင်းကင်ပျံကြွ

သားအမိ နှစ်ယောက်သည် ဆိုက်ဆိုက်မြိုက်မြိုက် ညီလာသဘင် ကျင်းပနေဆဲ
ညီလာခံသို့ ရောက်မဆိုက်ပင်-

“ဘထွေးတော် ဒကာမင်းကြီး၊ ကျွန်ုပ်သည် သင်၏ တူတော် ဖြစ်၍ သူကား
သင်၏မရီး၊ ကျွန်ုပ်၏ မယ်တော်ကြီး ဖြစ်သည်။ ကျွန်ုပ်သည် ခမည်းတော်၏ ကိုယ်စား
အသတ်ခံရန် လာခြင်းဖြစ်သည်။ ယခုချက်ချင်း တွင်းကြီးစွာ တူးပါစေ။ ကျွန်ုပ်အား

