## PAGE 91


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၅

ရှားသား မီးကျီးဖြင့် ဖို့၍ သတ်ပါ” ဟု မိန့်ကြားရာ အားလုံးအံ့အားသင့်နေကြ၏။
ဒိဗ္ဗရာဇာလည်း မည်သို ့မျှ အဖြေမပေးနိုင်အောင် ဖြစ်နေစဉ် ရက်စက် ကြမ်းကြုတ်သော
အမတ်တစ်ဦးက.......

“သံတော်ဦးတင်ပါသည် မင်းတရားကြီးဘုရား၊ ဤတူတော်သည် သာမဏေပင်
ပြုလင့်ကစား ရာဇဝတ်သား၏ နန်းညွန့်လျာဖြစ်၍ ရန်စ အေးနိုင်စရာ မရှိး၊ မိမိက
ပြုသည်မဟုတ်။ သူ ့ထိုက်နှင့် သူ့ကံ တောင်းဆိုသည့်အတိုင်း စီမံသင့်ပါသည် ဘုရား” ဟု
ဟင်လျှောက်ရာ မိဖုရားကြီးမှာ တစ်ပူပေါ် နှစ်ပူဆင့်' ဖြစ်ရရှာ၏။ ရှင်ဘုရင်လည်း
မျက်နှာလွှဲတော်မူသဖြင့် အာဏာသားတို့ ကျင်းတူး၍ မီးကျီး ဖုတ်ကြလေသည်။

သာမဏေငယ်မှာ ကျင်းထဲသို့ ဝင်ရောက်သည့်တိုင်အောင် မယ်တော်ကြီးမှာ
သတိမရရှာတော့ပေ။ အာဏာသားတို့လည်း ရှားသားမီးကျီးများကို သူ့ထက်ပါ လောင်း
ဖိုကြ၏။ သာမဏေငယ်မှာ မျက်စိကို စုံမှိတ်၍ မရဏာနုဿတိ ပွားပြီးလျှင် မေတ္တာကမ္မဋ္ဌာန်းကို
စီးဖြန်းနေ၏။ လောင်းဖို ့ရန် မီးကျီးများသာ ကုန်သွား၏။ သာမဏေမှာ မည်သို့မျှ မဖြစ်။
ရုပ်နာမ်ဖြစ်ပျက် ဆင်ခြင်လျက် ထိုခဏ၌ပင် ရဟန္တာ ဖြစ်တော်မူလေသည်။ မီးကျီးများလည်း
ရုတ်တရက် မီးသေ၍ သာမဏေရှေ့တွင် ကြာဖူးကြီး ပေါက်၍လာသည်။ ဥက္ကောဋေယျ ဖြစ်
ကာ လူအများဝိုင်းအုံကြည့်ရှုကြ၏။ မင်းကြီးအား ပြေး၍သံတော်ဦး တင်သူက တင်ကြသည်။

ပရိသတ်များ ဝိုင်းအုံကြည့်ခိုက် ကြာငုံကြီးမှာ မုံအာစွင့်စွင့် ငွားငွားပွင့်၍ လာသောအခါ
ဟစ်နန်းတော်လုံး မွှေးကြိုင်သွား၏။ ရှင်သာမဏေသည် မင်းကြီးမရောက်မီပင် ကြာပွင့်အလယ်၌
ပရိက္ခရာ ရှစ်ပါးလွယ်ကာ ကောင်းကင်၌ ကြာပွင့်ပလ္လင်ပါ တက်ပျံဝဲနေတော့၏။ မင်းကြီး
ရောက်လာသောအခါ ကောင်းကင်မှနေ၍ .....

“ဘဝ တစ်သက်တာသည် ခဏမျှသာတည်း။ ကြီးသူတရားစောင့်မှ ငယ်သူစောင့်မည်း
လူတို့တရားစောင့်မှ ချမ်းသာကြမည်။ ပြုသူအသစ် ဖြစ်သူအဟောင်းပင်တည်း” ဟု တရား
ဟောတော်မူ၏။

ထိုအခါ ဒိဗ္ဗရာဇာသည် အပြစ်ကို ဝန်ချတောင်းပန်၍ နောင်တော်အား နန်း
လွဲအပ်လေသည်။ နောင်တော်လည်း

“ညီတော်၊ ငါသည် နန်းစည်းစိမ်ကို ရေအိမ်ကဲ့သို့ အောက်မေ့တော်မူ၏။ ညီတော်သာ
လောဘဖိစီး ဒေါသကြီး၍ အစိုးရိမ် လွန်လေသည်။ ငါသည် သင့်မရီးတော်နှင့်အတူသားတော်
ဟောသောတရားကို နာယူကျင့်သုံး၍ နေတော့မည်။ ညီတော်သာလျှင် ရာဇဓမ္မ မချွတ်ယွင်းယို
လူဗိုလ်ချမ်းသာ သာသနာ ပွားစီးအောင် တရားသဖြင့်သာ မင်းပြုရစ်လေတော့” ဟု မိန့်
တော်မူကာ မူလနေရာဟောင်းသို့ သားအဖသုံးဦး ပြန်ခဲ့ကြလေသည်။ ညီတော်လည်း
ပစ္စည်းလေးပါး ဖိတ်မံ၍ ဆုံးမသမျှ .နာခံပါမည်ဟု ကတိပြုလိုက်သည်။

မီးပုံကြီးထဲမှ ပေါက်သော ကြာကဲ့သို့ အလွန်တရာ ဖြစ်ခဲသော သားရတနာသည်
ဈာန်အဘိညာဉ်ရ (ပဒုမုတ္တရ) ရဟန္တာဖြစ်တော်မူသဖြင့် ကောင်းကင်မှဟန်လင်းသို့ ဆွမ်းခံ
ကြွ၍ မိဘနှစ်ပါးအား တရားပစ္စည်း ဤနှစ်နည်းဖြင့် ချီးမြှောက် သင်္ဂြိုဟ် တော်မူ၏။ မဘ

## PAGE 92

PG


ဓမ္မာစရိယ ဦးဌေးလှိုင်

နှစ်ပါး ထာဝရ ဖူးမြော်နိုင်ရန် မန်းစက်တော်ရာမှ မြတ်စွာဘုရား ခြေတော်ရာကိုလည်း
သလင်းကျောက်ဖြင့် ပုံတူကူးကာ ကောင်းကင်မှ ပင့်ဆောင်၍ ထားတော်မူလေသည်။
ပဒုမဒေဝီ မိဖုရားကြီး၏ မီးထဲက ကြာသည် မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်၌
ထာဝစဉ် မွှေးပျံ့လေတော့သည်။

ကြီးကျယ်ခမ်းနားသည့် ပျူနိုင်ငံတော်

ဘုရားရှင်လက်ထက်က သူခိုးဟု ယိုးစွပ်ကာ တံကျင်လျှို၍ သတ်သော်လည်း
အသက်မသေသော ဥတ္တရသာမဏေကဲ့သို့ ဟန်လင်းပြည်မှ ဤသာမဏေကိုလည်း ဘိုးဝဇီရ
ကျေးဇူးကြောင့် ကြည်ညိုခွင့် ရပေသည်၊ ယင်းခြေတော်ရာတောင်လည်း ယခုတိုင် မြင်းမူနယ်တွင်
ရှိပေသည်။ (မော်ကွန်းကို မဟာဆွေရေး ဘိုးဝဇီရ စာအုပ်မှရသည်။)

မှန်ကန်သော အရာသည်ပင် အကြံအစည် ဉာဏ်မမီက ဒဏ္ဍာရီပင် ဖြစ်၏။ ဗိဿနိုး
မြို့သည် မယုံခင်က ပုံပြင် ဖြစ်သော်လည်း တူးဖော်သောအခါ မြေအောက်မြို့တော်ကြီး
ဖြစ်နေလေပြီ။ •

ပြူလူမျိုးတို့သည် အေဒီ ၈၀၀-ပြည့်နှစ်တွင် တရုတ်ပြည်သို့ ၃၅-ဦး ပါဝင်သော
အနုပညာအဖွဲ့ စေလွှတ်ခဲ့ဖူး၏။ ပျူတို့၏ နစ္စဂီတကို တရုတ်တို့ ခုံမင်ကာ “ဖိုးချူအိ’
ဆိုသော စာရေးဆရာကြီးက မှတ်တမ်းတင်ခဲ့ဖူးလေသည်။ သူတို့ဆိုသော သီချင်းများမှာ
ဗုဒ္ဓဘာသာနှင့် စပ်သော သီချင်းများဖြစ်၍ ၁၂-ပုဒ် ရှိသည်ဟု ဆိုသည်။

ထိုအချိန်က လွန်စွာကြီးကျယ် ခမ်းနားသော ပျူနိုင်ငံတော်ကြီးတစ်ခု အကြောင်း
မြန်မာရာဇဝင်၌ မရှိဘဲ တရုတ် ထန်ရာဇဝင်ဟောင်း,သစ် တို့၌ ရေးသားထားချက်ကို
အနည်းငယ် ကောက်နုတ် ဖော်ပြပါအံ့။ ထိုမြို့ ကော်သည် မြန်မာပြည် အလယ်ပိုင်းလောက်တွင်
ရှိမည်ဟု ကျောက်စာဌာနက ယူဆကြ၏။ ဟန်လင်းမြို့ ပင် ဖြစ်ဖွယ်ရာရှိပေသည်။
တရုတ်လို 'လင်းယန်ည်' ဟု ခေါ်သဖြင့် အသံ ဆင်တူယိုးမှား ရှိ၏။ ‘သာချင်း
ဆရာဦးအောင်ဖြို' ရေး ဟန်လင်း သမိုင်းတွင်လည်း တရုတ်တို့နှင့် အဆက်အသွယ်
ရှိကြောင်း ပါရှိ၏။

တရုက် ထန်ရာဇဝင်၌ “ပျူမြို့တော်တွင် တံခါး ၁၂ ပေါက် ရှိ၍ ထောင့်လေးထောင့်၌
စေတီများရှိ၏။ မြို့ တော်တံတိုင်းကို စဉ့်အုတ်ဖြင့် စီထားရာ အချင်းလိ ၁၆၀-ရှိ၏။
(တစ်နေ့ခရီးရှိ၏။) တံတိုင်းအတွင်း၌ အိမ်ခြေပေါင်း သောင်းပေါင်းများစွာ ရှိ၏။ ဗုဒ္ဓဝါဒီ
ဘုန်းကြီးကျောင်း တစ်ရာကျော်၏။ တောက်ပသော နီဝါဆေးများ ခြယ်လှယ်ထား၏။
ကော်ဇောများ အပြည့်ခင်းထားသည်။ ၇-နှစ်ပြည့်လျင် ယောက်ျားကလေးရော မိန်းကလေး
များပါ ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ရသည်။ ခေါင်းရိတ်ရ၏။ အသက် ၂၀-ကျော်
၍မှ တရားမဖြည့်နိုင်သော် ဆံပင်ရှည်ထား၍ အိမ်မှာနေရသည်။ အသက်သတ်မှု ရှောင်
ကြဉ်ကြသည်။ ပိုးချည်အ၁တ်ကိုပင် မဝတ်ကြ။ ရွှေ ငွေ ဒင်္ဂါးများ သွန်းလုပ်၏။ နန်းတော်

## PAGE 93


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၇

တံခါးတစ်ဘက်တွင် ပေတစ်ရာခန့် မြင့်သော ကြီးမားသည့် ကျောက်ဆင်းတု အဖြူကြီး
တစ်ဆူရှိ၏။ ထိုရုပ်ပွားရှေ့တွင် အမှုသည်တို့သည် အမှုထွက်ဆိုရသည်။” ဤသို့ စသည်ဖြင့်
ကြီးကျယ်ခမ်းနား၍ ယဉ်ကျေးသော တိုင်းပြည်ကြီး တစ်ပြည်ဖြစ်ကြောင်း မှတ်တမ်း
တင်ကြလေသည်။

အေဒီ ၈၃၂-ခုနှစ်တွင် နန်းချောင်း (ယူနန်) လူမျိုးတို့ တိုက်ဖျက်၍ ပြုနိုင်ငံကြီး
ပျက်စီးခဲ့ရလေသည်။

ဤသို့သော အခြေအနေ အရပ်ရပ်ကို ထောက်ထားလျှင် အတ္တလန္တိတ် ရာဇဝင်ကဲ့သို့
ငုပ်ကွယ်လျက် ရှိနေသော ဟန်လင်း . နေပြည်တော်ကြီးသည် တစ်နေ့သောအခါတွင်
ဟန္တာ သာမဏေ ပဒုမုတ္တရတို့၏ သနစ်အမှန်ကို ထောက်ခံလာအံ့ ထင်သည်။

သုသာန်သွားရင်း ဝေဒနာရှ

“အကျိုးဖြစ်တဲ့ တဏှာကို သတ်မနေနှင့်။ အကြောင်း ဝေဒနာကိုသာ
သတ်။ ဝေဒနာကို အမြဲဖြစ်ပျက်ရှု။ နေ့တိုင်းရှု၊ အမြဲရှု။ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ
တရွေ့ရွေ့ အမြဲသုသာန်ကို သွားနေတယ်။ သုသာန်သွားရင်း ရှု။ ဒီတစ်ခါပဲ
သွားရတော့မယ်။ မရှုဘူးဆိုရင် ဒီသုသာန် ပြန်ရောက်ဦးမှာပဲ။ သူများအသုဘ
သွားပို့ပြီး စကားတပြောပြောနှင့် ပြန်လာတာတွေက များတယ်။ တရားနှလုံး
မသွင်းဘူး။ ခင်ဗျားတို့လဲ နီးနေပြီ။ အိုခြင်းဆိုး၊ နာခြင်းဆိုး၊ သေခြင်းဆိုးက
လွတ်ချင်ရင် ဝေဒနာကို အမြဲ ဖြစ်ပျက်ရှု။

မိုးကုတ်ဆရာတော်
