## PAGE 94

၃၈


ဓမ္မာစရိယ ဦးဌေးလှိုင်

ဈာန်အဘိညာဉ်ရ ရဟန္တာ ဒိန်ကျောင်းအရှင် သုမေဓာ

ဟန်လင်းကြီးမြို့ ဈာန်အဘိညာဉ်ရ ဒိန်ကျောင်း ရှင်သုမေဓာခေါ် ရဟန္တာပုဂ္ဂိုလ်ကျော်
တစ်ပါးရှိသည်။ သူ ့အကြောင်း သာသနာလင်္ကာရ စာတမ်း၌ ပါ၏။ သာသန ဝံသပ္ပဒီပိကာ
(ပါဠိရေး)၌ အကျယ်ပါသည်။ မည်သည့် ခေတ်ဟုကား မဖော်ပြကြ။`

ဟန်လင်းကြီးမြို့ ဟောင်အရပ် မှက်ထိသရိုင်ရွာဟု ရှိ၏။ ထိုရွာ၏ အရှေ့တောင်ဘက်
ဒိန်ကျောင်း၌ သီတင်းသုံးသည်။ ထိုမထေရ်သည် ပံ့သုကူဓုတင်ဆောင်၏။ ဝိနည်းလေးစား
ရိုသေ၏။ ဈာန်အဘိညာဉ်ရ ရဟန္တာပုဂ္ဂိုလ်တည်း။ ထိုမထေရ်သည် နေ့စဉ် ရှစ်ယူဇနာ
ကိုးယူဇနာ ဝေးသော ခြေတော်ရာ စေတီသို့ကြွ၏။ စေတိယင်္ဂဏဝတ်များကို ပြုပြီးမှ
မှက်ထိသရိုင်ရွာ၌ ဆွမ်းခံလေ့ ရှိ၏။ နေ့စဉ်ပင် ဤသို့ ဘုရားဝတ်၊ ဆွမ်းခံဝတ်များကို
ပြုလေ့ရှိသည်။

ဒေသခံသမိုင်း အထောက်အထား

ဟန်လင်းဒေသတွင် ထိုအရှင်မြတ် နှစ်ပါးနှင့် စပ်၍ အထိမ်းအမှတ်များ ယခုတိုင်
တွေ့ရှိကြရသေးသည်မှာ ဝမ်းမြောက်ဖွယ် ကောင်းလှသည်။

သာသနာလင်္ကာရ စသော ကျမ်းတို့၌ “မှက်ထိသရိုင်ရွာ' ဟု ဖော်ပြကြရာ စင်စစ်
မှတ်ထိတစ်ရွာ၊ သရိုင်တစ်ရွာ ဖြစ်သည်။ မှက်ထိရွာ၌ ယခုတိုင် သုမေဓာဘုရားဟု
အထင်·အရှား ရှိ၏။ (ရွှေဘိုခရိုင် ဝက်လက်မြို့နယ်)။

သရိုင်ရွာ၌လည်း မဟာဝိသုဒ္ဓါရာမ ဆရာတော် ရဟန်းပြုရာ “ရဟန္တာ သိမ်တော်’
ရှိလေသည်။ ထိုသိမ်တော်နှင့် သိမ်တော်အနီးရှိ စေတီတော်လည်း ပျက်စီးယိုယွင်းလျက်
ရှိခဲ့ရာ အရှင်ဇနကာဘိဝံသ ဆရာတော်က ဦးထိန်ဝင်း၊ ဦးညီညီ၊ ဦးအောင်သိန်း၊ ဦးကိုကို
စသော ရန်ကုန်မှ စေတနာရှင်များ၏ အကူအညီဖြင့် ၁၃၃၆-ခုနှစ်တွင် ပြန်လည်
ပြုပြင်ခဲ့၏။ သမိုင်းဝင် အဆောက်အအုံများ ဖြစ်၍ အလွန်ဝမ်းမြောက်ဖွယ် ကောင်းလှပေသည်။

ထိုထ ် ပမ်းမြောက်ဖွယ်ကောင်းသည်မှာ ထိုရဟန္တာသိမ်တော်၏ အနီး၌ပင် ဟန်လင်း
မှ ရဟန္တာသာမဏေ တည်ထားသော ‘လေးကျွန်းမြေ” ခေါ် စေတီငယ် တစ်ဆူရှိသည်။ ယခု
ပြုပြင်ထားကြ၏။ အရပ်သားတို့က 'မောင်ရင်ဈာန်ရဘုရား' ဟုသာ ခေါ်ကြသည်။

ဟိုမှ တစ်ပါး ရွှေညောင်ရွာ ဘုရားဝိုင်း အတွင်း၌လည်း မောင်ရင် ဈာန်ရ
ဈာန်ပျံကြွသောအခါ ဈာန်ဝင်စား၍ တက်ကြွရာ အထိမ်းအမှတ် အုတ်ပလ္လင်ကို ယခုတိုင်
ဖူ·ကွေ့ နိုင်လေသည်။

## PAGE 95

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


ကလေးနှင့် နိဗ္ဗာန် မြန်မာတို့ သာဓက

သာမဏေ၊

စာပေကျမ်းဂန်တို့၌ အရှင်ဒဗ္ဗ၊ ပဏ္ဍိတသာမဏေ၊ သောပါက
သုမနသာမဏေတို့ ခုနစ်နှစ်သားကပင် ရဟန္တာ ဖြစ်ကြကြောင်း၊ အပဒါန် ပါဠိတော်
ပဉ္စသီလ သမာဒါနိယ မထေရ်မှာ ငါးနှစ်သားကပင် ရဟန္တာ ဖြစ်ကြောင်း ဖတ်ရှုကြည်ညိုရ၏။
ဝိသာခါလည်း ခုနစ်နှစ်သမီးကလေး အရွယ်ကပင် သောတာပန် ဖြစ်ခဲ့သည်။

မိထွေးတော် ဂေါတမီထေရီမကြီး ပရိနိဗ္ဗာန် စံဝင်ခါနီး မြတ်စွာဘုရားရှင်ကံ
သွားရောက်၍ နောက်ဆုံးကန်တော့ခြင်းဖြင့် ကန်တော့စဉ်-

“မြတ်စွာဘုရား သားတော်ကြီး၊ ဘုရားအမည်ခံ တိတ္ထိဆရာကြီး အဆက်ဆက်တို့
မတွေ့မြင်နိုင်ခဲ့သော အသင်္ခတဓာတ်နိဗ္ဗာန် ချမ်းသာမြတ်ကြီးကို (သားတော်ကြီး၏
ကျေးဇူးကြောင့်) ယခုအခါ ခုနစ်နှစ်သမီးကလေးများပင် တွေ့မြင်ခံစားနေကြရပါပြီ
အရှင်ဘုရား” ဟု ဘုရားရှင်၏ ကျေးဇူးကြီးမားပုံနှင့် ကလေးငယ်များပင် သဘောပေါက်ပြီး
ကျင့်သုံးနိုင်လောက်အောင် တရားတော်၏ သိလွယ်ပေါ်လွင်ပုံ၊ အလွယ်တကူ ကျင့်သုံးနိုင်ပုံများကို
လျှောက်ထား ခဲ့ဖူးသည်။

..

ယခုဖော်ပြခဲ့သော “မောင်ရင်ဈာန်ရ’ အတ္ထုပ္ပတ္တိဖြင့်လည်း မြန်မာနိုင်ငံ ပဋိပတ္တိ
သာသနာဝင်ကလည်း “ကလေးငယ်များပင် တရားထူး ရနိုင်သည်” ဆိုသည်ကို ထောက်ခံ
အားဖြည်လျက် ရှိပေသတည်း။

#3

၃၉

## PAGE 96


၄၀

ဓမ္မာစရိယ ဦးဌေးလှိုင်

၂ - သရေခေတ္တရာခေတ်
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ

သရေခေတ္တရာခေါ် ရသေ့ပြည်တွင် သာသနာ ၁၀၁-ခုနှစ် ဒွတ္တဘောင်မင်းကြီး
လက်ထက် ရဟန္တာ အရှင်မြတ်သုံးထောင်ရှိကြောင်း၊ နေ့စဉ် ပစ္စည်းလေးပါး ထောက်ပံ့
လှူဒါန်းကြောင်း၊ ဓာတ်တော် မွေတော်များကိုလည်း သောကြမ္မာ၊ ညည်းညည်း၊ စည်းစည်း၊
ပေါပေါ၊ လျောလျော၊ မြသိထင်၊ ဘုရားတောင်၊ ဆုတောင်းပြည့်၊ မြင်ဗာဟု၊ ပုထိုးကြီး
စေတီများကိုလည်း တည်ထားကြောင်း ရာဇဝင်ကြီးနှင့် သာသနာဝင်တို့၌ ဆိုသည်။

"

တစ်ရံရောအခါ သိကြားမင်းဆက်သော လှံလည်း စေတိုင်းမသွား၊ စည်ကြီးခေါင်းလောင်း
ကြီးတို့လည်း တီးတိုင်းမမြည် ရှိ၏။ ထိုအကြောင်းကို ရဟန္တာ အရှင်မြတ်တို့အား လျှောက်
ထားရာ “ဒကာတော်မင်းကြီး၊ သင်မင်းကြီးသည် မုန့်သည်မတစ်ဦးက သူ့ဆရာအား
လှူသည့် ကျောင်းဝတ်မြေ ၅-ပယ်ကို မတရား သိမ်းယူ၍ ယခုကဲ့သို့ ဖြစ်ရချေသည်” ဟု
မိန့်တော်မူကြ၏။ မြေကို ပြန်၍ ပေးလှူသည်။

မြို့တည်သောအခါကပင် တန်ခိုးဣဒ္ဓိပါဒ် ကြီးမား၍ အဘိညာဉ် ၅-ပါးနှင့်
ပြည့်စုံသော ဗိဿနိုးမည်သော ရသေ့တစ်ပါး ပါဝင်ကြောင်း ကျန်စစ်သားမင်းကြီး
ကျောက်စာ၌ ပြဆိုထား၏။ သရေခေတ္တရာ၌ ဗုဒ္ဓဝါဒစစ်စစ် ထွန်းကား၍ ရဟန္တာ အများ
ရှိသည်ကိုမူ ယုံမှားဖွယ် မရှိ။ တူးဖော်ရရှိသော ရှေးဟောင်း ပစ္စည်းများနှင့် စေတီများက
သက်သေမူလျက် ရှိကြကုန်၏။ သို့ရာတွင် ကြိုးတကြားကာလတွင် မဟာယာန, ဗြာဟ္မဏ
(ဟိန္ဒူ) ဝါဒများ ရောထွေးယှက်တင်၍ အားပြိုင်လျက် ရှိခဲ့ကြောင်းမှာလည်း ထင်ရှားလှပေသည်။

သာသနာတော်နှစ် - ၄၃၃-ခုနှစ်တွင် ကြက်ခေါင်းစား ငတပါးမင်း မင်းပြု၏။
ထိုမင်းလက်ထက် ရဟန္တာ ၅ဝဝ-ရှိရာ နေ့စဉ် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းကြောင်း၊
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ကား လွန်စွာ များပြားကြောင်း သာသနာဝင်တို့၌
မှတ်တမ်းတင်ကြသည်။ သို့ရာတွင် မဟာရာဇဝင်ကြီး၌ ရက္ခန်မင်း၊ ဘေရိန္ဒမင်းစသော
မင်းများ ဟူးရားဗေဒင်ဆေးဝါးအတတ်၌ အလွန်တတ်မြောက်ကြောင်း ပါရှိသည်ကို ထောက်လျှင်
ဗုဒ္ဓဝါဒသည် လောကိယဝိဇ္ဇာ၊ လောကာယတ ပညာရပ်များနှင့် ဘတစ်ပြန် ကျားတစ်ပြန်
ရှင်သန်ခဲ့ရကြောင်း တွေ့ ရပေသည်။

