## PAGE 97

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၁

ဝိပဿနာရှုရာမှ

အင်းဝိဇ္ဇာဖြစ်ခဲ့သော အရှင်ဥတ္တမသိရီ

သရေခေတ္တရာခေတ်တွင် အထူးမှတ်သားဖွယ် ကောင်းသော ဖြစ်ရပ်တစ်ခု ရှိခဲ့လေသည်။
ယင်းကား ၂၅-ဆက်မြောက် နောက်ဆုံးမင်းဖြစ်သော သုပညာနဂရဆိန္နမင်း လက်ထက်
ဖြစ်သည်။

ထိုမင်းလက်ထက် ကမ်းယံပြည်မှ သံတောင် ၈၈-တောင်ရှိ ရွှေဆင်းတုကြီးကို
အရည်ကျိုပြီး သုံးစွဲကြသဖြင့် သရေခေတ္တရာပြည်ကြီး ကပ်ဆိုက်ပျက်စီးခဲ့ရသော ခေတ်ဖြစ်သည်။

ထိုမင်းလက်ထက် ရှင်ဥတ္တမ ခေါ် ပုဂ္ဂိုလ်ထူးတစ်ပါး ပေါ်ပေါက်ခဲ့၏။ သူကား
မုဒ္ဓမင်းလက်ထက် ၅၉၆-ခုနှစ် တပို့တွဲလပြည့် တနင်္ဂနွေနေ့တွင် မြို့၏ အရှေ့ဘက်
မဇ္ဈဂုံးရွာ တောင်ယာရှင် ဦးပေါစ-ဒေါ်ညှာတို့မှ ဖွားမြင်သည်။ ၇-နှစ်အရွယ် နန်းတွင်း
ဆရာတော်ထံ သာမဏေပြုသည်။ ၁၉-နှစ်တွင် ပိဋကသင် ရိုးပေါက်၏။ ရဟန်းပြု၍
သမထအားထုတ်သည်။ နှစ်ဝါရတွင် ဝိပဿနာကို အားထုတ်ရာ ကမ္မဋ္ဌာန်းပေါက်ရောက်သည်ဟု
ကျော်ကြားကာ သုမုန္ဒရီမင်းကြီး ကိုးကွယ်သည်။ သံဃာ့အလယ်တွင် ‘သိရီ’ တပ်ကာ
“အရှင်ဥတ္တမသိရီ ” ဟူသော ဘွဲ့ကို လှူသည်။

နောင်အခါ သရေခေတ္တရာမြို့အရှေ့ နှစ်ယူဇနာအရပ် ဆင်ဦးခေါင်းသဖွယ် ရှိသော
တောင်၏ တောင်ဘက်၌ ဒိဗ္ဗစက္ခုရသေ့ နေဖူးသော ကျောက်ဂူတစ်ခု ရှိသည်။ ကျောက်ဂူ
အနီး၌ သက္ကရာဇ် ၆၁၉-ခုနှစ် သုပညာနဂရ ဆိန္ဒမင်း၏ အမတ်ကြီး ရာဇသင်္ကြံက
တောရကျောင်း တစ်ကျောင်း ဆောက်လှူသည်၊ ဝိပဿနာတရားကို ပွားများအားထုတ်နေ၏။
သို့ရာတွင် ဝဋ်မှထွက်ရာ ဝိပဿနာလုပ်ငန်းကို အပြီးတိုင် လုပ်ခွင့်မရအောင် ပြဿနာတစ်ခု
ဝင်လာခဲ့သည်။ ဝင်လာပုံမှာ -

.

တစ်ခုသော နေ့ခင်း ဆွမ်းစားပြီးချိန်တွင် ကပ္ပိယလူသူတော်သည် ဒိဗ္ဗစက္ခု ရသေ့
ဂူကြီး ပြိုပျက်၍ ကျောက်သေတ္တာမှ ကြေးပုရပိုက် တစ်ဆူရလာခဲ့သည်။ ကမ္မဋ္ဌာန်း ထိုင်နေ
သော ရှင်ဥတ္တမအား လာ၍ ပြသဖြင့် ချဉ်ရေဖြင့် ဆေး၍ ဖတ်ရာ ထူးဆန်းသော အက္ခရာ
များ တွေ့ရ၏။ ကမ္မဋ္ဌာန်းအလုပ်ဖျက်၍ တစ်နေကုန် ဖတ်ရှုရာ ဖတ်ပြီးသည်နှင့် တစ်ပြိုင်
နက် လေကြီး မိုးကြီး ပြင်းထန်စွာ ရွာသွန်း၍ မှောင်အတိကျသော ဟူ၏။ အနီးတွင် ချထား
သော ကြေးပုရပိုက်လည်း ထူးဆန်းစွာ ပျောက်ကွယ်သွားလေ၏။

ညဉ့်ဦးယံတွင် ကြေးပုရပိုက်ပါ အက္ခရာတို့ကို ပြန်လည် စဉ်းစား၍ မှတ်မိသမျှ
ညဉ့်သုံးယံလုံး သစ်ပုရပိုက်တွင် ရေးထား၏။ ညဉ့်တစ်ယံ တစ်ယံလျှင် အကျိုး ၃-မျိုး
ပြီးစေနိုင်သောကျမ်း ၃-ကျမ်းစီ (ပေါင်း ၉-ကျမ်း) ရေးသားပြီးလေသည်။ နံနက်
မိုးလင်းသောအခါ သစ်ပုရပိုက်မှ ပေသို့တစ်ဆင့် ရေးတင်လေသည်။

“စုဏ္ဏိယဗန္ဓ-ဂါထာနှင့် မရောသော စုဏ္ဏိယဗန္ဓကို၊ ကတွာ-ပြု၍၊ အဟံ= ငါသည်၊


## PAGE 98

၄၂


ဓမ္မာစရိယ ဦးဌေးလှိုင်

ပေါတ္ထကံ=ပေသို့၊ အာရောပေသိ= တင်ခဲ့ပြီ ' ဟု ၎င်းကျမ်းနိဂုံး၌ အကြောင်းအရာ
အပြည့်အစုံ ပါဠိ မြန်မာ နှစ်ဘာသာဖြင့် ရေးထား၏။ ၎င်းကျမ်းမှာ “သရဘူကိုးတွဲ' ဟု
ခေါ်၍ ယခုတိုင် ရှိလေသည်၊ ကပ္ပာလင်္ကာရ ကျမ်းကိုလည်း ပြုစုခဲ့သည်။

ယင်းကျမ်းတို့ကား ဂန္ဓာရီဝိဇ္ဇာရပ်ဝင် မဟာယာန အရည်းကြီးများ၏ အင်းကျမ်းများသာ
ဖြစ်ပေသည်။ ရှင်ဥတ္တမသိရီသည် အရွယ်နှင့် မလိုက်အောင် ကမ္မဋ္ဌာန်းပေါက်သည်
(အကြားအမြင်ရဟန်ရှိ၏။)´ ဟု ဆိုကာ အပူဇော်ခံရရာမှ နောက်ဆုံး အင်းကစား၍ အင်း -
ကျမ်းပြု ပုဂ္ဂိုလ်အဖြစ်၌သာ မွန်မြတ်သော ပဋိပတ္တိဘဝကို မြှုပ်နှံခဲ့ရရှာလေသည်။

အတတ်ပညာဟူသည် မည်သည့်အတတ်ပညာမဆို သတ္တဝါတို့အတွက် အထိုက်
အလျောက် အကျိုးပြုသည်ချည်းပင် ဖြစ်၏။ သို့ရာတွင် “ဆင်ဖြူတော် ဝင်ရမည်ကို ချည် .
တစ်ခင်နှင့် ကျိန်းကျေရ ” ဟူသကဲ့သို့ မနုဿတ္တ ဒုလ္လဘ ဘဝ ပဒေသာကြီးကို မည်မျှ
တန်ခိုးကြီးမားသော် မိစ္ဆာပုဂ္ဂိုလ်များ သွေးဆောင်လှည့်ဖြားသော်လည်း အသိဉာဏ်ရှေ့သွားဖြင့်
ကြိုးစားအားထုတ်ကြကုန်ရာ၏။

တာအထွက်တွင် ရည်ရွယ်ချက်မှန်မှန်ဖြင့် သက်စွန့်ကြိုးပမ်းသော်လည်း လမ်းခုလတ်၌
မမြင်နိုင်သော ဆွဲဆောင်မှုကြောင့် မဇ္ဈိမပဋိပဒါလမ်းမှ ခွဲထွက်ကြရရှာသူတွေ ယခုလည်း
အသင်္ချေပင်။

(သာသနာတော်နှစ် ၁၀၀-က ကာလာသောကမင်းနှင့် ခေတ်ပြိုင် ဒွတ္တဘောင်
မင်းကြီးလက်ထက် မင်းကြီးလည်း သောတာပန်တည်၍ မိဖုရား, သားတော်, သမီးတော်
များလည်း ထေရီ, ထေရာ ရဟန္တာ အရှင်မြတ်များ ဖြစ်ခဲ့ကြကြောင်း ကျွန်ုပ်တို့ ရေးသော
“သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ' စာအုပ်၊ ရှေးဦး မြန်မာ့သာသနာ အခန်း (၁၂၃)
၌ ကြည့်ပါကုန်။)


## PAGE 99

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၃

၃-သထုံခေတ် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ

အရှင်ဂဝံပတိမထေရ်

အရှင် ဂဝံပတိမထေရ်၏ အကြောင်းသည် အတန်ငယ် ဒဏ္ဍာရီဆန်၏။ သို့သော်
လည်း ရာဇဝင် သာသနာဝင်နှင့် ရွှေမော်ဓောစေတီ ကျောက်စာတို့၌ ဖော်ပြထားကြသည့်အပြင်
အောက်မြန်မာပြည်သို့ သာသနာ ရောက်ရာတွင် တပုဿ, ဘလ္လိက တို့ပြီးလျှင် အရှင်ဂဝံပတိပင်
သာသနာတော်ကို ယူဆောင်ခဲ့ကြောင်း မှတ်တမ်းတင်ကြ၏။ ရာမည တိုင်းသားတို့၏
နှလုံးသည်းပွတ်၌ မြတ်နိုးတနာ လွန်စွာ ကြည်ညိုခြင်း ခံရသော မထေရ်ပင် ဖြစ်၏။
အကြည်ညိုလွန်ကြ၍လည်း ဒဏ္ဍာရီဆန်ရခြင်း ဖြစ်ရာ၏။ ဗုဒ္ဓခေတ် ဂဝံပတိမထေရ်ပင်တည်း။

ထိုအရှင်မြတ်၏ အဋ္ဌပ္ပတ်အကျဉ်းကား အောက်ပါအတိုင်း ဖြစ်၏။ ဘုရားမပွင့်မီ
ရှေးအခါက ကရဏ္ဏကတိုင်း သုဘိန္နမြို့ တိဿမင်းကြီးလက်ထက် အမတ်ကြီးသား
တိဿကုမ္မာနှင့် ဝိဇယကုမ္မာတို့ သမုဒ္ဒရာအနီး ဂဇ္ဇဂီရိ ကျောက်တောင်၌ ရသေ့ပြုနေကြ၏။
ထိုအခါ နဂါးမင်းနှင့် ဝိဇ္ဇာဓိုရ်တို့ ဆက်ဆံကြ၍ ဥနှစ်လုံး မွေးဖွားရာ ရသေ့နှစ်ပါး
တစ်လုံးစီ သိမ်းယူကြ၏။ ဥနှစ်လုံးမှ သားနှစ်ယောက် ဖွား၍ ညီတော်ရသေ့၏ သားမှာ
၁၀-နှစ်သားတွင် ကွယ်လွန်၍ ဘုရားရှင်လက်ထက် မိမိလာပြည်၌ လူဖြစ်၏။ ၇ နှစ်
အရွယ် ရဟန္တာ ဖြစ်တော်မူသည်။ နောင်တော်ရသေ့၏ သားမှာ သီဟရာဇာဟူသော
အမည်ဖြင့် မင်းဖြစ်သည်။

ရဟန္တာဖြစ်၍ မကြာမီ မယ်တော်ကွယ်လွန်ရာ “မယ်တော်သည် အဘယ်အရပ်၌
ဖြစ်လေသနည်း” ဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်ရာ ရာမညတိုင်း တံငါမျိုး၌ ဖြစ်၍ ကောင်းကင်မှ
ကြွရောက် တရားဟောသည်။ သထုံပြည်ခေါ် သုဓမ္မပုရ၌ နောင်တော် တော်ဖူးသော
သီဟရာဇာက တောင်းပန်၍ မြတ်စွာဘုရား ၈-ဝါအရတွင် ရာမညဒေသသို့ ပင့်ဆောင်လာ၏။
ဘုရားရှင်သည် တိုင်းသူပြည်သားတို့အား တရားဟောတော်မူပြီးလျှင် ရသေ့ ၆-ဦးအား
ဆံတော် ၆-ဆူ ချီးမြှင့်တော်မူ၏။ ပရိနိဗ္ဗာန် စံပြီးနောက်တွင်လည်း ဂဝံပတိ ရဟန္တာက
သွားတော် ၃၃-ဆူ ပင့်ဆောင်ပေးသဖြင့် ကျောက်စေတီ ၃၃-ဆူ တည်ထားကြလေသည်။
(အကျယ်ကို မွန်ရာဇဝင် စေတီသမိုင်းပေါင်းချုပ်မှ ယူပါလေ။)

ဂဝံပတိထေရဂါထာနှင့် အပဒါန်ပါဠိတော်တို့၌ကား ဤအကြောင်းမပါရှိပေ။ သို့ရာတွင်
ဂဝံပတိထေရ်ကို မွန်တို့သာမက မြန်မာတို့လည်း အလေးအမြတ် ပြုကြ၏။ အနော်
ရထာမင်းကြီးကား ကိုယ်တော်တိုင် ရုပ်တုထု၍ပင် ကိုးကွယ်ခဲ့သည်။ ကျန်စစ်မင်းကြီး
နန်းသစ်တွင် ဗုဒ္ဓရုပ်ပွားတော်နှင့်အတူထား၍ ကိုးကွယ်လေသည်။ (ရွှေစည်းခုံ ကျောက်စာ-
စသည်။)

