# သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ — OCR Raw (V9, noise cleaned)

## PAGE 1
<!-- 4 paragraphs, raw extraction -->


သီတိုင်ခေါ်

စံတော်ဝင်အရိယာများ


## PAGE 2
<!-- 13 paragraphs, raw extraction -->

သီဟိုဠ်


ခေတ်

စံတော်ဝင်

အရိယာများ

ဖတ်ရှုတွေ့မြင်ရခဲသော ဓာတ်ပုံ မြေပုံ ကျောက်စာ သမိုင်းဝင်ပစ္စည်း အထောက်အထား များနှင့် သီဟိုဠ် မြန်မာ ရှေးဦးသာသနာသမိုင်း၊ အရှင်မဟာဗုဒ္ဓဃောသနှင့် အဋ္ဌကထာ -သမိုင်း၊ သီဟိုဠ်, မြန်မာဆက်ဆံရေး၊ သာသနာခေတ်စော၍ အရိယာပေါသော ငါတို့ ပြုနိုင်ငံ မြန်မာပြည်။

နိကာယ်အဋ္ဌကထာကြီးများနှင့် ရှေးသီဟိုဠ်မှတ်တမ်းများအရ ဆရာနှင့်ဒကာ၊ သာသနာနှင့် လောက၊ ပရိယတ်နှင့် ပဋိပတ် အားကျမခံ အသက်နှင့်ရင်း၍ ဆောင်ကြဉ်းခဲ့ကြပုံ အထွေထွေ သာသနာရေးဗဟုသုတများ၊

သမထ ဝိပဿနာ အလုပ်ခွင်နှင့်စပ်၍ ယောဂီတိုင်း ကျက်မှတ်ထားရမည့် ဒေသနာ အဆီ အနှစ်များ၊ စံယူအားကျဖွယ် လုပ်ထုံးများ၊ ရှောင်ကြဉ်, လိုက်နာဖွယ် တရားအတွေ့အကြုံများ၊

ဆရာတု, တရားတု စိစစ်ရေး၊ တရားပေါက်ပြီ ထင်မှတ်မှားနေသူများ အရေး၊ ဆရာပြိုင် တရားပြိုင် ယောဂီများအတွက် သံသရာနှင့်ချီ၍ ကြောက်လန့်ဖွယ် ကောင်းလှ သော အရိယူပဝါဒ ကံကြီးအကြောင်း၊

မဟာယာနာနှင့် ဗြာဟ္မဏအန္တရာယ်ကြားက သီရိလင်္ကာ-သီဟိုဠ်နိုင်ငံ၏ ရာဇဝင် သာသနာ ဝင် အချုပ်၊ သမိုင်းဝင် မြို့ရွာ ကျောင်းကန် ဘုရား ခရီးစဉ်၊ တရုတ်ရဟန်းတော် ဖာဟီယန် ကိုယ်တွေ့ ကျွန်းသီဟိုဠ်၊ မဟာယာနနှင့် ရှင်ဥပဂုတ်၊ ဟီနယာန မဟုတ်သော ထေရဝါဒ၊
ဂေါတမဗုဒ္ဓသည် ဗမာလူမျိုး

00000000

။

သာသနာတော် သမိုင်းရေစီးကြောင်းနှင့် အနာဂတ်ကမ္ဘာ့သာသနာအား တွန်းအားပေးတော်မူနေကြသော သီဟိုဠ်ခေတ် ရဟန္တာ ပုဂ္ဂိုလ်ထူးကြီးများအကြောင်း။

## PAGE 3
<!-- 10 paragraphs, raw extraction -->


နိကာယ် အဋ္ဌကထာကြီးများတွင် အရှင်မဟာဗုဒ္ဓဃောသ စံတင်ပြညွှန်းထားတော်မူသော

သီတို့ခေတ်

စံထောက်အရိယာများ

ဓမ္မာစရိယဦးဌေးလှိင်

[နိကာယ်ငါးရပ် ပါဠိစေတော်, အဋ္ဌကထာများနှင့် ရှေးသီဟိုဠ် မှတ်တမ်းများမှ အလုပ်ခွင် လက်တွေ့ သင်ခန်းစာနှင့် သာသနာရေးဗဟုသုတများ ပါဝင်သည်။]

nut:

ဖြန့်ချီရေး အမှတ် ၄၁၊ ၄၅ ရန်ကုန်မြို့။

လမ်း၊

7

## PAGE 10
<!-- 3 paragraphs, raw extraction -->


(၃) ဓာတ်တော်ကြုတ်အောက်ခြေအပြင်ဘက်၌ “သပ္ပုရိသဿမောဂ္ဂလိပုတ္တတိဿဿ” ဟု ရေးထားသော စာတမ်း(စာမျက်နှာ ၁ဝ ကြည့်)

(၄) သီဟိုဠ်သာသနာပြု အရှင်မဟာမဟိန္ဒထေရ် ကောင်းကင်မှကြွလာသက်ဆင်း၍ သီတင်းသုံးရာ မိဿကတောင်, စေတိယတောင်ခေါ် မဟိန္ဒတ္ထလ=မိဟိ န္တ လေတောင်

## PAGE 11
<!-- 3 paragraphs, raw extraction -->


(၅) အရှင်မဟာမဟိန္ဒထေရ်၏ ဓာတ်တော်များ ဌပနာ၍ အရှင်မြဘ်သီတင်းသုံးရာ စေတီယတောင် အမ္မတ္ထလ (သရက်ပင်ကုန်း)၌ တည်ထားသော အမ္မတ္ထလစေတီ (နိဒါန်းအခန်း ၃ အဆုံးကြည့်။)

(၆) ဝဲယာ စာရုတ်စကားပင်များ အစီအရီနှင့် ဒေဝါနံပိယ ဟိဿ မင်းကြီးကောင်းမှု ကျောက်လှေကားထစ်ပေါင်း ၁၀၄၀ရှိ ပိဟိန္တသေ့တောင်သို့

## PAGE 12
<!-- 15 paragraphs, raw extraction -->


အနုရာဓ နေပြည် တော်ရှိ ရှေးဦးသီဟိုဠ် သာသနာ သမိုင်းဝင် ကျောင်း ကန် ဘုရား စေတီများ၏တည်ရှိဟန် ကိုပြသော သီဟိုဠ်သာသ နိုက မြေပုံ၊

ဘသဝက် ရေကန် လက်၁ရာမစေတီ

အဘယဂီရိစေဒီ

ထူပါရာမစေ

လောပပါကြေး ပြသ

မဟာဒေတီ

တဝနေစေတီ

တိ

òa

ရေကန်

T11:0 မရိဝတ္တဓတီ

ဗေါဓိပင်

ကုဿခုခေတီ

နှစ်ပေါင်း ၂၂ဝဝ ကျော် ကမ္ဘာပေါ် တွင်အသက်အရှည် ဆုံး ဒက္ခိဏ သာခါ မဟာဗောဓိပင် (အ ဝင် မုခ်ဦးပုံ၊ နိဒါန်း အခန်း ၃-နှင့် နောက်ဆက်တွဲ ဂ-ကြည်)။

## PAGE 100
<!-- 15 paragraphs, raw extraction -->




ဝိနည်းပိဋက ပို ့ချရွတ်ဆိုပွဲကြီး ကျင်းပရန် အချိန် ကျရောက်သည်နှင့် သံသာတော်များအားလုံး တရားမဏ္ဍပ်ကြီး အတွင်းသို့ ကြွလာတော်မူကြရာ ဓမ္မာသနပလ္လင်အနီးသို့ရောက်လျှင် မထေရ်မြတ်က လက်ညှိုးညွန်၍-

•

“ငါ့ရှင် အရိဋ္ဌ…၊ အဲသည်ဓမ္မာသနပလ္လင်ပေါ်ကို ကြွပါ”ဟု မိန့်ဆို၍ မိမိမှာမူ မျက်နှာချင်းဆိုင် မြောက်ဘက် နေရာတော်ပေါ်သို့ တက်ကြွတော် မူသည်။ မထေရ်မြတ်နှင့်တကွ. ရဟန္တာ အရှင်မြတ်ကြီး ခြောက်ကျိပ် ရှစ်ပါး ဦးစီးသော ရဟန်းတော် ခြောက်သောင်းရှစ်ထောင်တို့သည် မဟာအရိဋ္ဌထေရ် သီတင်းသုံးရာ ဓမ္မာသနပလ္လင်တော်ကြီးကို လှည့်ပတ်ဝန်းရံ၍ အသီးအသီး နေရာ ယူတော်မူကြသည်။

မင်းကြီး၏ညီတော် မတ္တာဘယမထေရ်ကြီးမှူးသော သီဟိုဠ်သား မထေရ် ငါးရာတို့သည် မဟာအရိဋ္ဌ မထေရ်မြတ်အနီး ဓမ္မာသနပလ္လင်တော်ကြီး ခြေတော် ၎င်းသို့တိုးကာ ဝန်းရံ၍ သီတင်းသုံးကြလေ၏။

"

“ငါတို့တတွေ သာသနာတော်ရဲ့ အသက်ဖြစ်တဲ့ ဝိနည်း ပိဋကတော်ကို အလေးအနက်ထားပြီး နာကြားသင်ယူကြမည်”ဟု `သဒ္ဓာ ဆန္ဒ မလျော့သော ဝီရိယဖြင့် ကျုံ့ကျုံ့ကလေး ဝန်းရံရှိခိုး၍ နေကြလေသည်။

မင်းကြီးလည်း မင်းပရိသတ်ကြီးနှင့်အတူ ရွှေဆုံး၌ လက်အုပ်ချီ ထိုင်နေ လျက် တူတော် မဟာအရိဋ္ဌထေရ်သင်ကြားပို ့ချမည့် ဝိနည်းပိဋကဘော်ကို နာယူ ဆိုင်းငံ့ကြည်ညိုနေ၏။ ဝိနည်းပိဋကတော်ကို သင်ယူရွတ်ဆိုကြမည့် ရဟန်းတော် များကို ဖူးလိုက်ပြန်ပါလျှင်လည်း ညီတော် မတ္တာဘယထေရ်နှင့် တူတော်, ဆွေ တော်မျိုးတော်တွေချည်း ဖြစ်နေသည်ကို ဖူးမြင်ရရာ လွန်စွာရွှင်လန်းတက်ကြွနေ

လေ။

အနုရာဓ နေပြည်တော် ဒကာဒကာမများလည်း ပန်းဆီမီး အမွှေးနံ့သာ များ အသီးအသီး ယူဆောင်၍ “သာသနာတော် အမြစ်အရင်း သက်ဆင်းတာ ကြည်ညိုကြရအောင်”ဟု ဆိုကာ ကြိတ်ကြိတ်တိုး လာရောက်နာယူကြလေသည်။

မဟာအရိဋ္ဌမထေရ်သည် . သံဂါယနာ သုံးတန် ရဟန္တာဆရာမထေရ်ကြီး အဆက်ဆက်တို့ လက်ဆင့်ကမ်းသင်ယူလာသော ဝိနည်းပိဋကကို အနက်အဓိပ္ပာယ် (အဋ္ဌကထာ)နှင့် တကွ ရှင်မဟာမဟိန္ဒမထေရ်မြတ်ကြီးထံမှ သင်ယူတတ်မြောက် ပြီး ဖြစ်သည့်အတိုင်း မဆိုင်းမက္ခ ဦးစွာရွတ်ဆို၍ပြတော်မူလိုက်ရာ

"

“တေန သမယေန ဗုဒ္ဓော ဘဂဝါ ဝေရဉ္စာယံ ဝိဟရတိ နဠေရူပုစိ မန္ဒမူလေ”ဟူသော အသံတော်မှာ တခဲနက် ပဲ ့တင်ထပ်ကာ ပရိသတ် အများ

## PAGE 101
<!-- 12 paragraphs, raw extraction -->


ဒီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ


နားပီတိ ဖြစ်ကြရလေ၏။ အသံတော်မှာ ကောင်းကင်သို့ ပျံတက် မြည်ဟိန်း သွားသည်နှင့် တပြိုင်နက် ကောင်းကင်တခုလုံး ပြိုအက်မတတ် လျှပ်စစ်မိုးချုန်းသံ များ ထွက်ပေါ်လာကုန်၏။ သီဟိုဠ်တကျွန်းလုံး ရေအဆုံးတိုင်အောင် မြေငလျင် ကြီး လှုပ်ခါ၍ နတ်ဗြဟ္မာတို့လည်း သာဓုခေါ်ကြလေသည်။

သာသနာတော် အမြစ်အရင်း သက်ဆင်းလေပြီ။ “

[မင်းကြီးသည် မဟာအရိဋ္ဌမထေရ် စာချရန် ကျောင်းတိုက် ကြီးတတိုက်ကိုလည်း ဆောက်လှူလေ၏။ ထိုကျောင်းတိုက်ကြီး ကား ယခုအခါ လောဟပါသာဒ၏ အနောက်မြောက်၊ မဟာ စေတီအနောက်ဘက် တံတိုင်းကြီး၏ အပြင်ဘက်၊ အဘယဝါပိ ရေကန်အကြား၌ တည်ရှိ၍ ကျောင်းတိုက်ကြီး အလယ် ဗဟို၌ မဟာအရိဋ္ဌမထေရ် စာပို ့ချစဉ် ထိုင်သော ကျောက်ဖျာကြီး တချပ်နှင့် ကျောက်မဏ္ဍပ်ကြီး ရှိလေသည်။]

“ဝိနည်းသည် သာသနာတော်၏ အသက် ဖြစ်၍ ဝိနည်းတည်မှသာလျှင် သာသနာတော်အသက် ရှင်တည်နေသည်မည်၏။ ဝိနယေ ဌိတေ သာသနံ ဌိတံ၊
ဝိနယော ဟိ နာမ သာသနဿ အာယု”ဟု အဋ္ဌကထာဆရာတို့ မိန့်ကော်မူ ကြ၏။ ဝိနည်းတရားကို ကျင့်ဆောင်ထားသူမှ သာလျင်လည်း သာသနာတော် အရှည် ့တည်တံ ့အောင် ပြုလုပ်သူ မည်ကြောင်း၊ (သဒ္ဓမ္မဋ္ဌိတိယာ ပဋိပန္နော ဟောတိ - ဝိ၊ ၅− ၂ ၃ ၆) ဟောတော်မူရာ သာသနာတော်၌ အဘယ် အရေးအကြီးဆုံးဖြစ်သည်ကို သတိပြုရန်ပင် ဖြစ်၏။

-

ရှင်ရှင်လူလူ ဝိနည်း(သီလ) ရှိသူသည်သာ သာသနာတည်သူ၊
သာသနာပြုနေသူမည်၍၊ သာသနာတော် တည်ထံ ့ ပြန့်ပွားရေး ဆောင်ရွက် လိုသူတိုင်း သီလ မခိုင်မာ၍ မရချေ။ သီလသည်အာ စရဏ= ခြေလက်မည်၍ ခြေလက်ကျိုးသူ၏ လုပ်ဆောင်ချက်ကား အားကိုးဖွယ် မရှိ။

ရှင်မဟိန္ဒူပေးခဲ့သော သာသနာ သင်ခန်းစာ

အရာ

ဗုဒ္ဓသာသနာတော် စစ်မျက်နှာသစ်ဖွင့်ရာ၌ သင်ခန်းစာယူရမည့် အချက် များကို ဤသီဟိုဠ် သာသနာဝင်က ဖော်ပြလျက် ရှိ၏။

## PAGE 102
<!-- 10 paragraphs, raw extraction -->



အကျဉ်းချုပ်ကား….


+

၁။ သာသနာပြုပုဂ္ဂိုလ်သည် သီလ, သမာဓိ, ပညာ ပြည့်သော အရိယ ``တပည့်တော်ဖြစ်ရုံမျှမက တန်ခိုး ဣဒ္ဓိပါဒ်များပါ ပြည့်စုံမှ ပို၍ခရီး ရောက် အောင်မြင်ခြင်း၊ ဝါ-ပဋိပတ္တိနည်းဖြင့် ဦးစွာသာသနာပြုမှ အောင်မြင်ခြင်း။

ပရိယတ္တိစာပေလက်နက်တခုတည်းကိုသာ အားကိုး၍ ဗုဒ္ဓဟူသည်ဘယ်သို့ စသည်ဖြင့် ဟောပြော ဖတ်နာစေကာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ရွတ်ဆိုပါ ခိုင်း သော်လည်း ချွတ်မည်မဟုတ်၊ ဤဂုဏ်တော်ကို ကျက်မှတ်ပါ ဆိုသော်လည်း ကျက်မှတ်မည် မဟုတ်ချေ။

i

သဒ္ဓာတရားသည် လူတဦးထံမှရယူရန် အခက်ခဲဆုံးသော ရတနာဖြစ်၏။
သားအမိချင်းပင်လျှင် ပေးနိုင် ယူနိုင်ခြင်းမရှိ၊ “ယုံပါ”ဆိုတိုင်းလည်း ယုံကြသည် မဟုတ်။ စာမျှဖြင့် ယုံခြင်းသည်လည်း လေတိုက်မခံ၊ ပထမဦးဆုံး နှလုံးသားမှာ ယုံကြည်စိတ်ဝင်လာအောင် လုပ်ဖို့ အရေးကြီး၏။ တနည်းနည်းဖြင့် ဖျောင်းဖျ သိမ်းသွင်းကာ လက်တွေ့ (ပဋိပတ်) လုပ်စေခြင်းမှတပါး အခြားနည်း မရှိချေ။
ယင်းပဋိပတ်တွင်လည်း ကိုးတိုင်း ကိုးဌာန သာသနာပြု အရှင်မြတ်များ ကဲ့သို့ လိုအပ်၍ တန်ခိုးကိုသုံးနိုင်ပါမူ သာ၍ ခရီးရောက်၏။ သို့ရာတွင် ရေရှည် အတွက်ကား ပဋိပတ်မျှဖြင့်လည်း ရင်တည်၍မရ၊ တစတစ အယူအဆ ရှုပ်ထွေး လာကာ သာသနာ: ညစ်မှေးစေနိုင်၏။ ထို့ကြောင့်…

၂။ အတန်အသင့် ပဋိပတ်အရည်အသွေးများ ပြည့်စုံလာလျှင် (သီဟိုဠ် သာသနာ၌ကဲ့သို့) ပရိယတ္တိကိုပါ ပူးတွဲကျင့်ဆောင်ရ၏။ ပရိယတ္တိ ဆိုရာတွင်လည်း ဘာသာစာပေတရပ် သဘောမျှလောက် လေ့လာ ရုံမျိုးကို မဆိုထားဘိ။ သာမန် စာသင်စာချခြင်းမျိုးနှင့်လည်း မလုံ လောက်။စင်စစ် ဝိနည်း အဓိက-ပရိယတ္တိကို ထူထောင်ရပေလိမ့်မည်။
ဥရောပနိုင်ငံ၌ ပါဠိစာပေကို လွန်ခဲ့သော နှစ်ပေါင်နှစ်ရာခန့်ကပင် လေ့ လာခဲ့ကြသော်လည်း ဘာသာခြား စာပေတရပ် လေ့လာခြင်းမျိုး လောက်သာ ရှိခဲ့ကြ၍ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ကြ။ နှောင်းခေတ် သီဟိုဠ်မှ ဘာသန္တရ ကျွမ်းကျင်သော ပါဠိပညာရှင် ရဟန်းတော်များလည်း အပြည်ပြည်၌ ကျောင်းတည်၍ပင် သာသနာ ပြုခဲ့ကြစေကာမူ ပဋိပတ်ကိုထား၍' ပရိယတ်သည် ပင် လိုအပ်သော “ဝိနည်းအဓိက ပရိယတ်' မဟုတ်တတ်သဖြင့် လ ကမ္ဘာသို့ သွား နိုင်သည်ဆိုသော်လည်း ရောက်ရုံမှတပါး အကျိုးထူး မပေါ်သကဲ့သို့ ဖြစ်ခဲ့ကြရ လေသည်။

## PAGE 103
<!-- 13 paragraphs, raw extraction -->




ရှင်မဟာ မဟိန္ဒ မထေရ်မြတ်ကြီး ပေးခဲ့သော သာသနာ နယ်ပယ်သစ် တိုးချဲ့တည်ဆောက်ခြင်း သင်ခန်းစာကား လေးနက်လှပါပေ၏။

စင်စစ် ထေရဝါဒ ဗုဒ္ဓသာသနာတော် နယ်ပယ်သစ်ဖွင့်ရာ၌သာမက လက်ရှိ သာသနာတည်ဆဲဒေသများတွင်လည်းပရိယတ် ပဋိပတ် ဓုရ=တာဝန်နှစ်ရပ်စလုံး မထမ်းဆောင်နိုင်ပါက `ရေရှည်တည်တံ ့ရန် မဖြစ်နိုင်ချေ။

ဗုဒ္ဓဘာသာဝင် တဦးချင်း၏ သန္တာန်တွင်လည်း ဤအရည်အချင်းနှစ်မျိုး (တန်သလောက်) မပြည့်စုံလျှင် ဖြန့်ချီနိုင်သောအင်အား, ရပ်တည်နိုင်သောအင် အားများ ချည့်နဲ့လျက်သာ ရှိနေပေမည်။

ဤနေရာ၌ အထူး မှတ်သားခွင့်ရသည်မှာ...

လူမျိုးတမျိုးက အခြားလူမျိုးတမျိုးထံ သာသနာ့အမွေ လွှဲ ပြောင်းဖြန့်ချီကြရာ၌ ပေါင်းကူးပေးရုံမျှသာ တတ်နိုင်၏။
ဆက်လက်တည်တံ ပြန့်ပွားရန်မှာ ဒေသခံလူမျိုးထဲကပင် ရုရှ နှစ်ဖြာစာပေနှင့် လက်တွေ့ပြည့်စုံအောင်ဆည်းပူးကာ ကိုယ့်အမျိုး ကိုယ်ပြုနိုင်မှသာလျှင် ဝေါဟာရ ဓလေ့ ထုံးတမ်းကအစ ကျွမ်း ကျင်ပြီးဖြစ်၍ ခရီးပေါက်နိုဇ်လေသည်။

ဘဝကို တန်ဖိုးရှိရှိ သုံးစွဲသွားကြသူများ

လောက၌ အသက်တရာ မသေ နေရသူမရှိ၊ မိမိတို့ ဘဝကို တန်ဖိုးရှိရှိ သုံးစွဲနေထိုင်သွားနိုင်ခြင်းသည်သာ မွန်မြတ်၏။ မိမိ သူတပါး နှစ်ဦးသားလုံး၏ အကျိုး၊ ကမ္ဘာလောကသားတို့၏အကျိုးကို ဆောင်ရွက် ပေးစွမ်းနိုင်ခြင်းသည်သာ မွန်မြတ်၏။

ဘဝတန်ဖိုးရှိအောင်နေခြင်း၊ သူ့ အကျိုးဆောင်ခြင်းဆိုရာ၌ သာသနာ တော် နည်းမှတပါး မွန်မြတ်သောနေခြင်း၊ ဆောင်ရွက်ခြင်းကား အလွန် ရှား လှပ၏။ '

၁။ ကမ္ဘာသူကမ္ဘာသား သတ္တဝါအများ ကာင်းစား ချမ်းသာရေး အတွက်· ဘဝကို တန်ဖိုးရှိရှိသုံးစွဲ၍ သာသနာရေးအတွက် အသက် ပေးခဲ့သော အသောကမင်းကြီးသည် နန်းစံ ၃၇-နှစ် (သာသနာ- ၂၅၅)တွင် နတ်ရွာစံ ကံတော်ကုန်ခဲ့ရလေပြီ။

၂။ သီဟိုဠ် ကျွန်းသူ ကျွန်းသားတို့နှင့်တကွ ကမ္ဘာသူ ကမ္ဘာသားတို့ အတွက်ပါ. သာသနာ့အမွေ ပေးခဲ့သော ဒေဝါနံပိယတိဿမင်းကြီး လည်း များစွာသော ကျောင်းကန်ဘုရားကောင်းမှုတော်များကို တည်

## PAGE 104
<!-- 11 paragraphs, raw extraction -->


Go


..

ထားဆည်းပူးကာ နန်းစံ၄၀-နှစ် (သာသနာ-၂၇၆) တွင်နတ်ရွာ စံတော်မူခဲ့၏။

၃။ မင်းကြီး၌ သားတော်မရှိ၍ ညီတော် ဥတ္တိယမင်း နန်းတက်ရာ နောင် တော်၏ အရိုက်အရာ သာသနာနှင့် လောကအကျိုးကို သည်ပိုးတော် မူ၏။ ဥတ္တိယမင်း နန်းတက်၍ ရှစ်နှစ်မျှရှိသောအခါ (သာသနာ- ၂၈၃) တွင် အရှင်မဟာမဟိန္ဒ မထေရ်မြတ်ကြီး လည်း သက်တော် ရှစ်ဆယ်, ဝါတော်ခြောက်ဆယ်အရ၊မိဿကစေတိယတောင်ခေါ် မဟိန္တလေ့တောင်၌ပင် ဝါကပ်တော်မူယင်း သီတင်းကျွတ်လဆန်း ရှစ် ရက် နံနက် နေအရုဏ်နှင့်အတူ ပရိနိဗ္ဗာန် ပြုတော်မူခဲ့လေပြီ။

7

မထေရ်မြတ်၏ အလောင်းတော်ကို ရွှေပြာသာဒ်၌တင်၍ ကြီးစွာ သော ပူဇာသက္ကာရ ဓမ္မသံဝေဂဖြင့် မဟာဝိဟာရသို့ ရဟန်းရှင်လူများ တန်းစီ၍ ပင့်ဆောင်ကာ ခုနစ်ရက်ပတ်လုံး ကြိမ်မီးအုံးသို့ ယူကျုံးမရ ငိုယိုပူဇော်ကြကုန်၏။ ပြာသာဒ်ဆောင်ကြီး ကြီးစွာဆောက်လှူ၍ သုံးယူဇနာဝန်းကျင် မုခ်ဦးတုရိုဏ် တန်ခွန်တိုင်နှင့် ပန်းခိုင်ဆီမီး အမွှေးနံ့သာ အဖြာဖြာတို့ဖြင့် အားရအောင် ပူဇော်ကြပြီးလျှင် အလောင်းတော်ကို မဟာစေတီတည်မည့် နေရာအရပ်ကို လက်ျာ ရစ်ပတ် ရွှေပြာသာဒ်ဖြင့်ပင့်ဆောင်၍ (အရိယာပုဂ္ဂိုလ်တို့ သင်္ဂြိုဟ်ရာ) “ဣသိဘူမင်္ဂလာ” အရပ်ရှိ ထေရာနမ္ဗန္ဓမာလက”အဆောက်အအုံတော်၌ ထင်းနံ့သာတို့ဖြင့် မီးသင်္ဂြိုဟ်ကြသည်။

,

ကြွင်းကျန်သော ဓာတ်တော်များတွင် တဝက်ကျော်ကျော်ကို ရှင် မဟိန္ဒဓာတုစေတီ တည်ထားပြီးလျှင် ကျန် ဓာတ်တော်များကို စေ တိယတောင်နှင့် သီဟိုဠ်တကျွန်းလုံး နေရာများစွာ၌ ခွဲဝေပူဇော်ကြ၏။
သီရိမေဃဝဏ္ဏမင်း (သာသနာ-၈၄၆-၈၇၃) သည် မထေရ်မြတ် ကြီး၏ ကျေးဇူးဂုဏ်ကို အာရုံ မပြေ ပူဇော်သောအနေဖြင့် မထေရ် မြတ်ရွှေရုပ်တုတော်ပြုလုပ်၍ အမ္မတ္ထလစေတီမှာ တည်ထားကိုးကွယ် လေသည်။(ဓာတ်ပုံ၌ကြည့်ပါ။)

သီဟိုဠ်ကျွန်းသူ ကျွန်းသား ရာပေါင်းများစွာတို့သည် မထေရ်မြတ် ကြီးပရိဗ္ဗာန် ပြုသောနေ့ရောက်တိုင်း ရာစုနှစ်ပေါင်းများစွာ မျက် မှောက်ကာလအထိ လှည့်လည် ပူဇော်လျက်ကျေးဇူးတော်ကို ဆပ်၍ မတင်းမတိမ်ရှိကြချေသည်။

## PAGE 105
<!-- 7 paragraphs, raw extraction -->




၄။ တန်ခိုးအဘိညာဉ်နှင့်တကွ ခီဏာသဝရဟန္တာ အရှင်မကြီး ဖြစ်တော် မူသော သင်္ဃမိတ္တာထေရီမကြီးသည်လည်း မောင်တော်ကြီး မထေရ် မြတ် ပရိနိဗ္ဗာန်ပြုပြီးနောက်တနှစ်၊ သက်တော် ၇ ၉-နှစ်၊ သိက္ခာဝါ တော်၅၉-ဝါအရ ဟတ္ထာဠက ကျောင်းတော်၌ပင် ပရိနိဗ္ဗာန် ပြုတော် မူ၏။ ညီတော် ဥတ္တိယမင်းကြီးလည်း မထေရ်မြတ်နည်းတူ ပူဇော်၍ ထူပါရုံအရှေ့ စိတ္တသာလာ၏အနီး မဟာဗောဓိမည်သော ဘိက္ခုနီ ကျောင်း၌ ခမ်းနားကြီးကျယ်စွာ သင်္ဂြိုဟ်လေ၏။ ဓာတ်တော်များကို လည်း စေတီတည် ထားလေသည်။ (စွယ်တော်တိုက်ဟောင်းနှင့် တဖာလုံအကွာ ထေရီမကြီးသီတင်းသုံးရာ ကျောင်းတိုက်ဟောင်းကြီး ရှိ၍ ၎င်း၏ အနောက်မြောက်ဘက် အတောင် ရှစ်ဆယ်ခန့်အကွာ၌ ထေရီမကြီး၏ ဓာတုစေတီကို ဖူးတွေ့နိုင်သည်။)

ခမည်းတော် သာသနဒါယကာ အသောကမင်းကြီး၊ ဒေဝါနံပိယတိဿ မင်းကြီး၊ သားတော်မဟိန္ဒ၊ သမီးတော် သင်္ဃမိတ္တာတို့ကား အာဏာနှင့် ဓမ္မ ပူးပေါင်းတော်မူကြ၍ လောကနှင့် သာသနာ့အကျိုးကို ကမ္ဘာချင်းအောင် အသက်နှင့်ရင်း၍ ဆောင်ကြဉ်းတော် မူနိုင်ခဲ့ကြသော သာသနာ့ အာဇာနည် ကြီးများပင် ဖြစ်ပါတော့သည်။

ထေရဝါဒ ဗုဒ္ဓသာသနာ ´ တကမ္ဘာလုံး၏ ကျေးဇူးရှင်ကြီးများပင်

ဖြစ်ပါတော့သည်။

## PAGE 106
<!-- 7 paragraphs, raw extraction -->


(၄)

ရှင်မဟာ ဗုဒ္ဓဃောသနှင့် နိကာယ် အဋ္ဌကထာများ

“ရှင်မဟာဗုဒ္ဓဃောသနှင့် နိကာယ်အဋ္ဌကထာများ’ အကြောင်းသည် သီဟိုဠ်သာသနာနှင့် ဤစံတော်ဝင် အရိယာများ အတွက်သာမက ထေရဝ တသာသနာလုံး အတွက် သိရှိ ထားသင့်သော အကြောင်းပင် ဖြစ်၏။ အဘယ့် ကြောင့်ဆိုသော် ရှင်မဟာ ဗုဒ္ဓဃောသသည် “တသာသနာတွင်မှ တယောက်'ဟု ဆိုစလောက်သော အတုမဲ့ ပါရမီရှင်၊ ထေရဝါဒီ အားလုံတို့၏ … အားထားရာ သာသနာ့ မီးရှူးတန်ဆောင်ကြီး ဖြစ်သောကြောင့် ပေတည်း။

ကမ္ဘာပေါ်၌ ယနေ့အချိန်အထိ ရှင်မဟာ ဗုဒ္ဓသောသနှင့် စပ်၍သော် လည်းကောင်း၊ အဋ္ဌကထာကျမ်းများနှင့် စပ်၍သော်လည်းကောင်း၊ အမျိုးမျိုး သော ဆန့်ကျင်ဘက်ဝေဖန်ပြောဆိုခြင်းများ ရှိနေတတ်ကြရာ ထို ဒိဋ္ဌိ ဝိစိကိစ္ဆာ ဆန့်ကျင်ဘက် မိစ္ဆာစက်ကွင်းများမှ လွတ်ကင်းရန် အရေးကြီးလှပေသည်။
ရှင်မဟာ ဗုဒ္ဓဃောသအား မထေမဲ့မြင် အထင်သေး ရှုတ်ချခြင်းသည် သာသနာတော်အား မထေမဲ့မြင် အထင်သေး ရှုတ်ချခြင်းပင်ဖြစ်၏။
အဋ္ဌကထာကျမ်းများအား မထေမဲ့မြင် အထင်သေး ရှုတ်ချခြင်းသည် ထေရဝါဒ သာသနာတော်အား မထေမဲ့မြင် အထင်သေး ရှုတ်ချခြင်းပင်ဖြစ်၏။

ထေရဝါဒ

!

## PAGE 107
<!-- 10 paragraphs, raw extraction -->




ထေရဝါဒ သာသနာတော်အား မထေမဲ့မြင် အထင်သေးရှုတ်ချခြင်းသည် သဗ္ဗညုတ ဉာဏ်တော်သခင် ဘုရားရှင်အား မထေမဲ့မြင် အထင်သေး ရှုတ်ချခြင်း ပင် ဖြစ်၏။

ရှင်မဟာ ဗုဒ္ဓဃောသ၏ ဇာတိ

ရှင်မဟာ ဗုဒ္ဓဃောသနှင့် အဋ္ဌကထာကျမ်းများဖြစ်ပေါ်လာပုံကို လေ့လာ သိရှိထားခြင်း၊ လေးစား ကြည်ညိုခြင်းသည် ထေရဝါဒ သာသနာဝင်ကို လေ့လာခြင်းပင်ဖြစ်၍ သာသနာတော်အား လေးစားကြည်ညိုခြင်း မည်တော့ သည်။ ထိုမျှလောက် သာသနာတော်အတွက် အခြေခံကျ၍ ဘာသာဝင်တိုင်း သိအပ်လှသဖြင့် ဤ၌ တတ်စွမ်းသမျှ ခြုံငုံသုံးသပ်ကာ ဖော်ပြပါဦးအံ့။

ရှင်မဟာ ဗုဒ္ဓဃောသ ထေရုပ္ပတ္တိနှင့်စပ်၍ ရေးသားကြရာ၌ ဇာတိဌာနကို ဗောဓိမဏ္ဍိုင်အနီး ဗုဒ္ဓဂယာဟုလည်းကောင်း၊ မြန်မာပြည်ဟု လည်းကောင်း၊
ဣန္ဒိယတောင်ပိုင်းဟု လည်းကောင်း၊ ရေးသားကြလေသည်။ထိုတွင် အဘက်ဘက် က ခိုင်မာ၍ ပညာရှင်များ လက်ခံသော ဝါဒမှာ နောက်ဆုံးဝါဒပင် ‘ဖြစ်၏။
ရှင်မဟာဗုဒ္ဓဃောသ၏ ထေရုပ္ပတ္တိနှင့် စပ်၍ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နိဒါန်းတွင် ပါဠိ မြန်မာ နှစ်ဘာသာဖြင့် စိစစ်ဖော်ပြထားပြီး ဖြစ်လေသည်။
၁၃၁၉-ခုနှစ် သံဂါယနာတင်စဉ် ဝန်ဆောင် သံဃ အဖွဲ့ ကြီး၏ တာဝန်ပေးအပ်ချက်အရ ပါဠိနိဒါန်းကို ရေးသားခြင်း ဖြစ်၏။

၁၉၅၀-ပြည့်နှစ် ဟားဗဒ် ယူနီဗာစီတီမှ ထုတ်ဝေသော အင်္ဂလိပ်ဝိသုဒ္ဓိမဂ်ကျမ်း ရှေးဦးအမှာစကား၌ ဓမ္မာနန္ဒကောသမ္ဘီ ၏ အဋ္ဌကထာဆရာကြီးအား မချေမငံ မတန်မရာ ပြစ်တင်ရှုတ်ချ ရေးသားခြင်းနှင့် စပ်၍ ဆရာတော် ဘုရားကြီးက သာသနာ့ အထောက်အထား, လောက အထောက်အထားများဖြင့် အခိုင် အမာ စိစစ် ရေးသားထားခြင်း ဖြစ်သည်။

ပထမ

မြန်မာနိဒါန်းကို ဆရာတော်၏ ဝိသုဒ္ဓိမဂ်မြန်မာပြန့် တွဲ၌ အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ စူဠဝင်နှင့် ဗုဒ္ဓဃောသုပ္ပတ္တိ အဆိုများကို “သာသနာလင်္ကာရစာတမ်း’၌ ဖတ်ရှုနိုင်ပါသည်။
ဆရာတော်ဘုရားကြီးက ရှင်မဟာဗုဒ္ဓဃောသ၏ ဇာတိ ဌာနနှင့် စပ်၍ အောက်ပါအတိုင်း စိစစ်ထားပါသည်။

## PAGE 108
<!-- 11 paragraphs, raw extraction -->




==

ထို ့ပြင်…ဝိသုဒ္ဓိမဂ်ကျမ်း၏ နိဂုံး၌လည်းမောရဏ္ဍ-ခေဋကဝတ္တဗ္ဗေန မာရဏ္ဍရွာသားဟု ခေါ်ဆိုအပ်သော” ဟူသောပုဒ်ကို မိန့်ဆိုထား၏။ ဤပုဒ်၌ “ခေ’သဒ္ဒာသည် ရွာဟူသောအနက်၊ တောနယ်သား လယ်သမားတို့၏ နေရာ ဟူသော အနက်, မြိုငယ်ဟူသော အနက်တို့၌ ဖြစ်သည်ဟု အဘိဓာန်၌ ပြဆို

ထား၏။

ဣန္ဒိယတောင်ပိုင်း၌ ရွာကို “ခေ”ဟု ယခုထက်တိုင် ခေါ်ဝေါ် သုံးစွဲ လျက်ရှိ၏။ ထို့ကြောင့် မောရဏ္ဍ = ဒေါင်းဥ” မည်သော-ခေဋက’ = ရွာ၌ ဖြစ်သော သူသည် “မောရဏ္ဍ ဋ္ဌက’မည်၏။ “မောရှဏ္ဍ ခေဋက = မောရ ရွာသား'ဟု ခေါ်ဆိုအပ်သော သူသည် “မောရဏ္ဍ ခေဋကဝတ္တဗ္ဗ”မည်၏။ ဤသို့ ဝစနတ္ထပြု၍ “မောရဏ္ဍရွာ၌ ဖြစ်သောသူဟု ခေါ်ဆိုအပ်သော မထေရ်သည် ဟူသော အနက်ကို ယူအပ်၏။

ယခုခေတ် ဣန္ဒိယတောင်ပိုင်း ဂူန္တာ ဒိစတြိတ်တွင် နာဂါရ်ဇုန ကော ခေါ်သောအရပ်မှ ၅၁-မိုင်ခန့်၊ အမရဝတီ ခေါ်သောအရပ်မှမူ ၅ဂ-မိုင်ခန့် ဝေးသောအရပ်၌ “ကောနေလိ ပုရီဟူသော ဌာနနှင့် “ဂုန္ဒလပလ္လ”ဟူသော ဌာနတို့ ရှိကြ၏။ . ထိုအရပ်ဒေသ ပုတ်ဝန်းကျင်၌လည်း ဗုဒ္ဓ သာသနာတော်နှင့် စပ်ဆိုင်သော ရှေးဟောင်းအဆောက်အအုံ ပျက်များ ပြန့်ကျဲလျက် ရှိသည်ကို တွေ့ရ၏။

“နေမလိ’ဟူသော တေလဂူစကားသည် “မောရ = ဥဒေါင်း”၏ အမည် ဖြစ်သည်။ “ဂုရုလုဟူသော တေလဂူစကားသည် အဏ္ဍ = ဥ၏အမည်ဖြစ်သည်။
ထို ့ကြောင့် ထို နေမလိပုရီမည်သောဌာနနှင့် ဂုန္ဒလပလ္လမည်သော ဌာန နှစ်ခု သည် ရှေးက မောရဏ္ဍခေဋကဟု ခေါ်သော အရှင်မဟာဗုဒ္ဓဃောသ၏ ဇာတိရွာ ဖြစ်တန်ရာ၏ဟု ရှေးဟောင်းပစ္စည်းတို့ကိုရှာသော ဣန္ဒိယအစိုးရ စူးစမ်းရှာဖွေ ရေး ပညာရှိတို့က ယူဆထား၏။ ဤမောရဏ္ဍဋက ပုဒ်ကိုလည်း မထေရ်၏ ဇာတိဌာနကို သိသော ထိုခေတ်က ပညာရှင်တဦးဦးကနောက်မှထည့်ထားဟန် ရှိသည်။

ထိုမှတပါး အဋ္ဌကထာ,ဋီကာ ဆရာတို့သည် အများအားဖြင့် ဣန္ဒိယ တောင်ပိုင်းသားတို့ ဖြစ်ကုန်၏။

၁။ အရှင်မဟာဗုဒ္ဓဂေါသနှင့် ခေတ်ပြိုင် ဗုဒ္ဓဝံသစသော အဋ္ဌကထာ ကျမ်းများကို ရေးသားသူ အရှင်ဗုဒ္ဓဒတ္တထေရ်သည် စောဠတိုင်း တမ္ဗပဏ္ဏိမြစ်အနီး ဥရာ မြို့သားဖြစ်၏။

## PAGE 109
<!-- 11 paragraphs, raw extraction -->




၂။ အဘိဓမ္မတ္ထ သင်္ဂကစသော အဋ္ဌကထာကျမ်းများကို ရေးသားသူ အရှင်အနုရုဒ္ဓာထေရ် သည်လည်း ကဉ္စိဝရတိုင်း, ကာဝေရိမြို့သ ဖြစ်သည်။

၃။ ဥဒါန်းအဋ္ဌကထာစသော အဋ္ဌကထာ, ဝိသုဒ္ဓိမဂ် မဟာဋီကာ စသေ ဋီကာကျမ်းများကို ရေးသားသူ အရှင် ဓမ္မပါလထေရ်လည်း ဣန္ဒိယ တောင်ပိုင်းကဉ္စိပုရမြို့ (မဒရယ်မြို့၏ အနောက်တောင်ဘက် ၄၅-မိုင် က္ခာ ကဉ္စိဝရံမြို့)သားပင် ဖြစ်၏။

အရှင် မဟာ ဗုဒ္ဓဃောသ ကိုယ်တော်တိုင် ရေးသားသော အင်္ဂုတ္တရ အဋ္ဌကထာ နိဂုံး၌–

““ရှေးအခါက ကဉ္စိပုရမြို့ စသည်၌ အတူ နေဖူးသူ အရှင် ဇောတိပါလ မထေရ်က တောင်းပန် တိုက်တွန်း၍” ဆိုသော စကားသည်လည်းကောင်း၊ မဇ္ဈိမအဋ္ဌကထာ နိဂုံး၌လည်း’

“ရှေးအခါက မယူရဒူတသင်္ဘောဆိပ် (ယခု မဒရသ်မြို့အနီး “မိုက်လပိုရ်” အရပ်) ၌ … အတူ နေဖူးသူ အရှင် ဗုဒ္ဓမိတ္တထေရ်က တောင်းပန်တိုက်တွန်း၍” ဆိုသော စကားသည် လည်းကောင်း ဣန္ဒိယဘောင်ပိုင်းသား ဖြစ်ကြောင်း တနည်း တဖုံ အထောက် အထားပြုသင့်သော အချက်များပင် ဖြစ်လေသည်။

မဟာဝံသ၌လာသော အရှင်မဟာဗုဒ္ဓဃောသ ထေရုပ္ပတ္တိအကျဉ်း

ခေတ်အဆက်ဆက်သောသီဟိုဠ်ပညာရှင်တို့သည် အရှင်မဟာ ဗုဒ္ဓဃောသ အလွန်လေးစားခဲ့ကြ၏။ သီဟိုဠ်ကျွန်း၌ အရှင်မဟာမဟိန္ဒ ထေရ်မြတ်ကြီးကို ထောက်ထား၍ ဒုတိယမြောက် သီဟိုဠ်သာသနာပြုသူမှာ အရှင်မဟာဗုဒ္ဓဃောသ ဟုပင် ဂုဏ်ယူကြကုန်၏။

အရှင်မဟာဗုဒ္ဓဃောသနှင့် `ခေတ်ပြိုင် ဣန္ဒိယတောင်ပိုင်းသား ပညာ ရှင်များ၊ မရှေးမနှောင်းနှင့် အဆက်ဆက်သော ပညာရှင်များ အားလုံးကလည်း အရှင်မဟာဗုဒ္ဓဃောသကဲ့သို့ အဋ္ဌကထာကျမ်းကြီးများကို ရေးသားနိုင်စွမ်းသော အရည်အချင်း ရှိကြသော်လည်း အရှင်မဟာဗုဒ္ဓဃောသကို မကျော်လွန်ကြ၊
အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာများကို အဖွင့်ဋီကာရေးခြင်း,သင်္ခေပ အဋ္ဌ ကထာရေးခြင်းအားဖြင့်ပင် အလေးအမြတ် ထားကြလေသည်။

## PAGE 110
<!-- 14 paragraphs, raw extraction -->


6 6


ထိုသို့သော အကြောင်းများကြောင့် သီဟိုဠ်နိုင်ငံ၏ တခုတည်းသော သာသနာဝင်ကျမ်းဟု စံတင်ထားသောမဟာဝံသ ၃၇-အခန်း၌ အရှင်မဟာဗုဒ္ဓ ဃောသ၏ ထေရုပ္ပတ္တိကို ဂါထာပေါင်း ၃၂-ဂါထာတို့ဖြင့် ... မှတ်တမ်းတင်ထား ကြရ၏။

[မဟာဝံသ ဒုတိယပိုင်းကို စူဠဝံ့သဟုလည်းခေါ်ကြ၏။ ဒုတိယ ပရက္ကမဗာဟုမင်းလက်ထက် ခရစ်နှစ် -၁၂၃၆နှင့်၁၂၇၁-ခုနှစ် အတွင်း ထင်ရှားခဲ့သော ဓမ္မကိတ္တိမထေရ်က မဟာဝံသကို ဆက်၍ ရေးသည်ဟုဆို၏။ ယင်းသို့ဆက်၍ ဆက်၍ သမိုင်းတင်ခဲ့ကြရာ အင်္ဂလိပ်ခေတ်အထိ အခန်းပေါင်း ၉၉-ခန်းရှိ၏။]

ယင်းမဟာဝံသအခန်း- ၃ ၇၊ဂါထာနံပါတ်၂ ၁၅-မှ၂ ၄ ၆.အထိပါရှိသော ထေရုပ္ပတ္တိကို မူထား၍ နှောင်းခေတ် သုတေသနပညာရှင်တို့၏ အဆိုများကိုလည်း ဟန်သလောက်ဖြည့်စွက်ကာ ပြဆိုပါဦးအံ့။

အရှင်မဟာဗုဒ္ဓဃောသကား ခရစ်-၉၀၁မှ ၁၀၀၀-အတွင်း ပေါ်ထွန်း

ခဲ့သောပုဂ္ဂိုလ်ထူးတပါးဖြစ်၏။

ဝါဒပြိုင်ရာ အနိုင်အရှး

အရှင်မဟာဗုဒ္ဓဃောသလောင်းလျာသည် ဗောဓိမဏ္ဍိုင်အန်း (ဗုဒ္ဓယာ) အရပ်၌ ဖွားမြင်၍ ဝိဇ္ဇာသိပ္ပ ကလာခေါ်သောအတတ်များ တတ်မြောက်၍ ဗေဒင်သုံးပုံ၌ ကမ်းတဘက်ရောက်သူ ဖြစ်၏။

အယူဝါဒအမျိုးမျိုးတို့ကိုလည်း ကောင်းစွာတတ်သိ၍ အယူဝါဒရေးရာ၌ ပါရဂူမြောက်ရဲရင့်သူဖြစ်၏။ထိုလုလင်သည် အယူဝါဒရေးရာ အချေအတင် ပြော ဆိုမှု၌ အထူးစိတ်ဝင်စားသူဖြစ်၍ ဇမ္ဗူဒိပ်(ဣန္ဒိယ)တကျွန်းလုံးသို့ လှည့်လည်ကာ ါဒပြိုင်ဆိုင် ပြောဆိုနေခဲ့လေသည်။ (ဂါထာနံပါတ် ၂၁၅-၆။)

0

“ပီ-တီ-အက်စ်’သာသနဝံသကျမ်း၌ကား ဗုဒ္ဓဂယာရွာ၌ မဂဓပြည့်ရှင် ဘုရင်သင်္ဂါမမင်း၏ ပုရောဟိတ် ပုဏ္ဏားကြီးဖြစ်သူ ခမည်းတော် ကောသနှင့် မယ်တော် ကေသိနီပုဏ္ဏေးမကြီးတို့မှ မွေးဖွားသည်ဆို၏။ ငယ်မည် သေ၊
အရွယ်ရောက်လျှင် ပညာထူးချွန်၍ ဗြာဟ္မဏပဏ္ဍိတ်များ၏ အငြူအစူကိုပင် ခံရသည်။

ဃောသလုလင်သည် တနေ့သောအါ ဗြာဟ္မဏပဏ္ဏိတ်ကြီးများ စည်းဝေး နေကြစဉ် ဗြာဟ္မဏတို့ ကိုးကွယ်သော လိဝဘုရား စင်မြင့်ပေါ်သို့ တက်၍ ထိုင်

## PAGE 111
<!-- 14 paragraphs, raw extraction -->




လေ၏။ ဃောသသည် ဘုရားစင်မြင့်ပေါ်၌ ထိုင်လျက် မုယောမုန့်ကြွပ်များ ကိုလည်းစားလေ၏။ ထိုအခြင်းအရာကိုမြင်လျှင် အားလုံးက ဝိုင်း၍ရှုတ်ချကြ၏။
ဘုရင့် ပုရောဟိတ်ကြီး၏ သားဖြစ်၍ မည်သူ တဦး တယောက်ကမျှ ကိုယ်ထိ လက်ရောက် နှိပ်စက်ဝံ့ဟန်မတူချေ။

ဗြာဟ္မဏပဏ္ဏိတ်များနှင့်တကွ ပရိသတ်အားလုံးက ပြစ်တင်ရှုတ်ချလေလျှင် ဃောသလုလင်သည် မုန့်ကြွပ်ကိုဝါးစားလျက်က’

“မိတ်ဆွေတို့၊ ငါကဲ့သို့သောသူသည်သာလျှင်သတို့၏ ကိုး ကွယ်ရာ ဗိဿနုမည်၏။ ငါမှတပါးအဘယ်သူအား ဗိဿနု ဆိုအပ်ပါသနည်း” (မာသောဝ ဗိဿနုနာမ၊ ကော ဗိဿနုတိ ဂုစ္စတိ) စသည်ဖြင့် ထပ်၍ပင် ပြောဆိုလိုက်၏။ ဇာတ်ဝါဒကို ပထမဆုံး တော်လှန်စွန့်ပယ်ခဲ့လေသည်။

ထိုလုလင်သည် အယူဝါဒရေးရာ အချေအတင် ဆွေးနွေးပြောဆိုယှဉ်ပြိုင် ရန် လှည့်လည်စဉ် ကျောင်းတိုက်ကြီးတတိုက်သို့ ရောက်သွား၏။ ထိုကျောင်း တိုက်၌ ညအိပ်တည်းခိုကာ ညအခါတွင် ပတဉ္စလိ၏ အယူဝါဒကျမ်းစာကို အသံ နေ အသံထားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်နေလေသည်။

ထိုကျောင်းတိုက်၌ သီတင်းသုံးလျက် ရှိသော အရှင်ရေဝတ မထေရ်ကြီး သည် တရားစာပေ အသံနေ အသံထားဖြင့် ရွတ်နေသော လုလင်အနီးသို့ လာ၏။ အသံ၏ ထူးခြားမှုကို သတိပြုကာ “ဤသူက ဉာဏ်ပညာကြီး၏၊
ဆုံးမသွန်သင်ရလျှင် သင့်တော်မည်ဟု စဉ်းစားမိ၍

"

ဟေ...ဒီနားက မြည်းအော်သလို အော်မြည်နေတာ ဘယ်သူလဲဟော ဟု ပြောလိုက်ရာ . ထိုလုလင်က-

"

“မြည်းအော်တဲ့ အသံရဲ့ အဓိပ္ပာယ်ကိုကော နားလည်ပါသလား ဟု စကားအတင်မခံ ပြန်၍ပြောလိုက်၏။

"

“မင်းရွတ်ဆိုနေတာတွေ ဘာတွေဆိုတာ ငါမသိပဲ နေပါ့မလား၊ သိလို့ ပြောနေတာပေါ့၊ မင်းရွတ်ဆိုနေတဲ့ တရားစာတွေထဲက မင်း အဓိပ္ပာယ် မရှင်း တာ ရှိယင်လည်း မေးပေါ့”ဟု စိန်ခေါ်လိုက်ရာ လုလင်က ပြဿနာ တခုပြီးတခု ငမေးလိုက်သည်။ အရှင်ရေဝတမထေရ်လည်း မဆုတ်မဆိုင်းပင် မေးတိုင်းဖြေတော် မူလိုက်၏။ မေးခွန်း၏ချွတ်ယွင်းချက်ကိုပင် ထောက်ပြတော်မူလေသည်။ လုလင် သည် မိမိဝါဒနှင့်စပ်၍ နောက်ထပ် မေးစရာမရှိတော့သဖြင့်’

## PAGE 112
<!-- 17 paragraphs, raw extraction -->


၆ ဂ

"


ဒါဖြင့်...အရှင်ဘုရားဝါဒကိုလဲ ပြောပြပါဦး”ဟုတောင်းပန်၍ မထေရ် က အဘိဓမ္မာပါဠိသဘောများကို ဟောပြလိုက်ရာ ဘာတခုမျှ နားမလည်နိုင်ပဲ ရှိလေ၏။ ထို့ကြောင့်

"

"

“အရှင်ဘုရား…….ဒီဗေဒင် (ပညာအယူဝါဒ)ဟာ အဘယ်သူရဲ့ ဗေဒင် ပါလဲ”ဟု မေးလျှောက်ရာ ဗုဒ္ဓမန္တ =ဗုဒ္ဓဗေဒင်ဖြစ်ကြောင်း မိန့်တော်မူလျှင်- “အကျွန်ုပ်အား ထိုဗုဒ္ဓဗေဒင်ကို သင်ပြပေးပါ”ဟု တောင်းပန်၍ ‘ရဟန်း ပြုလျှင် သင်ပေးမည်”ဟု မိန့်တော်မူလေ၏။ အရှင် မဟာဗုဒ္ဓဃောသလောင်းလျာ သည် ဗုဒ္ဓဗေဒင်ကိုလိုချင်သဖြင့် ရဟန်းပြုပြီး ပိဋကသုံးပုံကို စ၍ သင်ယူလျှင်ပင်- “ဤ ဗုဒ္ဓဗေဒင် (ဗုဒ္ဓညွှန်ပြသော တရားတော်)သည်သာ ဆင်းရဲမှ လွတ် မြောက်ကြောင်း တကြောင်းတည်းသော လမ်းစဉ် ဖြစ်သည်”ဟု အကြွင်းမဲ့ သက်ဝင်နှစ်ခြိုက် သွားလေတော့သည်။

ဥပဇ္ဈာယ်ဆရာ အရှင်ရေဝတမထေရ်ကြီးကလည်း-

“ဤသူသည် မြတ်စွာဘုရားရှင်၏ အသံတော်ကဲ့သို့ နက်နဲသော အသံရှိသူ ဖြစ်၍ ဘုရားကဲ့သို့ပင် ကျော်စော ထင်ရှားမည့်သူ ဖြစ်သည်”ဟု မြော်တွေးကာ “ဗုဒ္ဓဃောသ”ဟူ၍ပင် ဘွဲ့ပေးတော်မူ၏။ [ဗုဒ္ဓ=ဘုရားကဲ့သို့+သောသ-ကျော် စောသံ ရှိသူ။

သီဟိုဠ်မကြွမီက ရေးသောကျမ်းများ

အရှင် ဗုဒ္ဓဃောသသည် ပိဋကသုံးပုံကို သင်ယူ တတ်မြောက်လေလျှင် ကျမ်းပြုရာ၌ ပါရမီရှိသူဖြစ်ရကား ထိုအရှိ်ရေဝက ဆရာမထေရ်အထံ၌ နေစဉ်

ကပင်-

၁။ ဉာဏောဒယကျမ်းကို ရေးပြီးလျှင်-

၂။ ဓမ္မသင်္ဂဏီအဖွင့် အဋ္ဌသာလိနီ အဋ္ဌကထာကျမ်း၊

၃။ နိကာယ်ဖွင့် အကျဉ်းချုပ်-ပရိတ္တ အဋ္ဌကထာကျမ်းတို့ကို ရေးစမ်း တော်မူလေ၏။ (ယခုအခါ မည်သည့်ဒေသ၌မျှ ထိုမူလ လက်သင် ကျမ်းများကိုမတွေ့ရှိရ။ အဋ္ဌသာလိနီအဋ္ဌကထာမှာလည်းယခုရှိသော ကျမ်းမဟုတ်နိုင်။ ရေးသင့်သလောက်သာ ရေးပြီး၍ ရေးရန် စီစဉ် စုဆောင်းခြင်းမျှသာ ဖြစ်ပေလိမ့်မည်။)

ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်ရေဝတ မထေရ်မြတ်ကြီးသည် အရှင်ဗုဒ္ဓ ဃောသ၏ ဉာဏ်ရည်ဉာဏ်သွားကို မျက်ဝါးထင်ထင် တွေ့မြင်အားရတော်မူသဖြင့် ပိဋကအဋ္ဌကယာရာဇဝင်နှင့်တကွ အောက်ပါအတိုင်းညွှန်ပြတိုက်တွန်းတော်မူ၏။

## PAGE 113
<!-- 13 paragraphs, raw extraction -->



၆-၉

“ငါ့ရှင် ဗုဒ္ဓဃောသ…၊ ဤဇမ္ဗူဒိပ်(ဣန္ဒိယနိုင်ငံ) ဒေသ၌ကား ဘုရား ဟော ပါဠိတော်မျှကိုသာ ဆောင်ရွက်လေ့ကျက်နေကြရ၏။ ပါဠိတော်၏အနက် အဓိပ္ပာယ်ကိုဖွင့်ပြသော အဋ္ဌကထာကျမ်းများလည်းမရှိ၊ ဆရာ့ ဆရာ အရှင်မြတ် တို့၏ မှတ်သားနာယူဖွယ် ထူးထူးထွေထွေ အယူအဆ (အာစရိယဝါဒ)များကို လည်း မရနိုင်။

"

“သံဂါယနာသုံးတန်တင်ထားပြီးသော ဘုရားဟော ဒေသနာတော် များနှင့်အရှင်သာရိပုတ္တရာ စသော သံဂါယနာတင် မထေရ်ကြီး အဆက်ဆက် တို့၏ဒေသနာအစီအစဉ်နှင့်အနက်အဓိပ္ပာယ်ဖွင့်ချက်(အဋ္ဌကထာ)များအားလုံးကို အရှင်မဟာမဟိန္ဒထေရ်မြတ်ကြီး ဤနိုင်ငံမှ သီဟိုဠ်ကျွန်းသို့ယူဆောင်သွားသည်။
သီဟိုဠ်ကျွန်းသို့ ရောက်သောအခါတွင်လည်း သီဟိုဠ်ကျွန်းသားတို့ နားလည် စေရန် သီဟိုဠ်ဘာသာဖြင့် စီရင်ရေးသားထားရာ သန့်ရှင်းစင်ကြယ်သည့် သီဟိုဠ် အဋ္ဌကထာများ သီဟိုဠ်ကျွန်း၌ ဖြစ်ပေါ်နေပြီ။

"

“ငါ့ရှင် ဗုဒ္ဓဃောသ…၊ သင်သည် သီဟိုဠ်ကျွန်းသို့ ကူးသွားပြီးနောက် ထိုသီဟိုဠ်အဋ္ဌကထာများကို မာဂဓဘာသာ(ပါဠိ)ဖြင့် ပြန်ဆိုချေပါ။ ထိုသို့ ပြန်ဆိုနိုင်လျှင် ငါ့ရှင်၏ မာဂဓဘာသာပြန် အဋ္ဌကထာကျမ်းများသည် တလော ကလုံးအတွက် အကျိုးသက်ရောက် ဖြစ်ထွန်းရန် ရှိပေသည်။”

အရှင်ဗုဒ္ဓဃောသ၏ ဉာဏ်ကိုစမ်းခြင်း

ဉာဏ်ကြီးရှင် အရှင်ဗုဒ္ဓဃောသသည် ဥပဇ္ဈာယ်ဆရာ၏ မိန့်ဆိုတိုက်တွန်း ချက်အရ သီဟိုဠ်ကျွန်း မဟာနာမမင်း လက်ထက် (သာသနာ-၉၅၃-၉၇၅) ဣန္ဒိယမှ သီဟိုဠ်သို့ ကြွရောက်လေ၏။

နာမည်ကျော် ထေရဝါဒ သာသနာ့ဦးဆောင် မထေရ်မြတ်များ သီတင်း သုံးရာ မဟာဝိဟာရ ကျောင်းတော်ကြီးသို့ရောက်ရှိ၍ မဟာဝိဟာရ၏ တောင် ဘက်၌ အရိပ်အာဝါသနှင့် ပြည့်စုံသော မဟာပဓာနဃရခေါ် ကမ္မဋ္ဌာန်းကျောင်း တိုက်ကြီး၏နာယက´ အရှင်သံဃပါလ စသော မထေရ်ကြီးများ အထံတော်၌ ထေရဝါဒပါဠိတော်များနှင့်(မဟာအဋ္ဌကထာ, မဟာပစ္စရီအဋ္ဌကထာ, ကုရုန္ဒီအဋ္ဌ ကထာဟူသော) သီဟိုဠ်ဘာသာ အဋ္ဌကထာကြီး သုံးစောင်တို့ကို သင်ယူ၏။
(ဝိနည်း အဋ္ဌကထာနိဂုံး။)

အရှင်ဗုဒ္ဓဃောသသည် ပါဠိအဋ္ဌကထာ ထေရဝါဒကို ကြားနာသင်ယူပြီး

သည်နှင့်’

## PAGE 114
<!-- 13 paragraphs, raw extraction -->


28


‘ဤသည်သာလျှင် မြတ်စွာဘုရားရှင်၏ အလိုတော်ဖြစ်သည်”ဟု အားရ ကျေနပ် ဆုံးဖြတ်ချက် ချလေ၏။ မဟာဝိဟာရ ကျောင်းတိုက်ကြီးအတွင်း သံဃာတော်များကိုလည်း စည်းဝေးစေတော် မူပြီးလျှင်’

“ကျေးဇူးရှင် သံဃာတော် အရှင်မြတ်များဘုရား၊ သီဟိုဠ် အဋ္ဌကထာ များကို မာဂဓဘာသာ ပြန်ဆိုရေးသားနိုင်ရန် တပည့်တော်အား ရှိသမျှ ပိဋက ပေစာများ ငှားရမ်းမစ၊ ကြည့်ရှုခွင့် ပေးတော်မူကြပါ”ဟု လျှောက်ထား၏။
သံဃာများက အရှင်ဗုဒ္ဓဃောသ၏ ဉာဏ်ရည်ကို စူးစမ်းသောအားဖြင့် “သီလေ ပတိဋ္ဌာယ နရော သပညာ စသော ဂါထာနှစ်ပုဒ်ကို ပေးပြီးလျှင်’

“ငါ့ရှင် ဗုဒ္ဓဃောသ…၊ ဤဂါထာပါဠိတော် နှစ်ပုဒ်တို့၌ သင်၏ စွမ်း ရှည်ကို ပြဦးလော့။ ထို သင်၏ ရေးသားချက်စွမ်းရည်ကို ကြည့်ဦးပြီးမှသာလျှင် ပိဋက ပေစာများအားလုံးကို သင့်အား ပေးကြမည်”ဟု ပြန်၍ မိန့်တော်မူကြ လေသည်။

အရှင်ဗုဒ္ဓဃောသလည်း မဟာဝိဟာရ သံဃာတော်တို့၏ အမိန့်အရ အဋ္ဌ ကထာနှင့်တကွ ပိဋက သုံးပုံလုံး၏ အနှစ်သာရ မှန်သမျှကို ထိုဂါထာနှစ်ပုဒ် အတွင်းသို့ အကျဉ်းရုံးထည့်သွင်း၍ “ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ” အမည်တပ်ကာ ဆုံးသော အဋ္ဌကထာကို ရေးစီရင်တော်မူ၏။

ရှေးဦးသင်သင့်သော လက်စွမ်းပြ ပထမဆုံးကျမ်း

ပထမ

ဝိသုဒ္ဓိမဂ်သည် သီလ သမာဓိ ပညာ ပိဋကသုံးပုံ၏ အနှစ်ချုပ် အဆီထုတ် စုပေးထားသော ကျမ်းဖြစ်၏။ ပိဋကသုံးပုံလုံးကို မလေ့လာနိုင်သူများ ထိုတကျမ်း တည်းကြည့်ရှုလေ့လာရုံမျှဖြင့် ပိဋကသုံးပုံကို ခြုံငုံ စမ်းဝါးမိနိုင်၏။ လက်စွမ်းပြ၊
ဉာဏ်စွမ်းပြ ကျမ်းပေတည်း။

သို့ရာတွင် မဟာဝံသ၌ မည်သည့် အဋ္ဌကထာ ပါဠိတော်ကိုမျှ မကြည့်ပဲ ဖွင့်ဆိုရေးသားသည်ဟု ဆိုလိုရာရောက်သဖြင့် ထို မဟာဝံသစကားကို ဂုဏ်တင် ချီးကျူးသော စကားမျှသာဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းဆရာ ကိုယ်တော်တိုင်(နိကာယ် အဋ္ဌကထာတို့၌)-

"

“ဤဝိသုဒ္ဓိမဂ်ကျမ်းသည်နိကာယ်လေးရပ်တို့၏ အလယ်၌တည် လျက် ထိုနိကာယ်လေးရပ်တို့၌ ဟောထားသမျှသော အနက် အဓိပ္ပာယ်ကို ပြမည်ဟူသော ရည်ရွယ်ချက်ဖြင့် ဝိသုဒ္ဓိမဂ်ကို ရေး သား စီရင်ခဲ့ပြီ”ဟု လည်းကောင်း၊ ဝိသုဒ္ဓိမဂ်၌ပင် နိကာယ်အဋ္ဌ

## PAGE 115
<!-- 11 paragraphs, raw extraction -->


သီဟိုဠ်ခေတ် စံတော်ဝင် အရိယာပျား

ကထာတို့၌ မည်သို့ဆိုထားကြောင်း၊ နိကာယ်ဆောင် ပုဂ္ဂိုလ်တို့က မည်သို့ယူဆကြောင်း ပြဆိုထား၏။


အထူးသဖြင့် မဂ္ဂာ မဂ္ဂ ဉာဏ ဒဿန ဝိသုဒ္ဓိအခန်း၌ မဟာဝိဟာရဝါသီ မထေရ်ကြီးများ အလေးမူ သင်ယူပို့ချချက်ဖြစ်သော “ဝိသုဒ္ဓိကထာနှင့် အရိယ ဝံသကထာ” ခေါ် အဋ္ဌကထာ အမည်မခံသောကျမ်းများ၏ အဆိုအမိန့်များကိုပါ တွေ့နိုင်ပေသည်။ နိဒါန်း နိဂုံးများအရလည်း ‘မဟာဝိဟာရဝါသီ မထေရ်မြတ် တို့၏ သင်ကြားပို့ချနည်းကို မူထား၍ နိကာယ်ငါးရပ် အဋ္ဌကထာ အဆိုအပိန့် များကို စုရုံးယူငင်၍ ရေးသားထားကြောင်း' ဝန်ခံထားပြီး ဖြစ်လေသည်။

ဂါထာပါဠိ နှစ်ပုဒ်ထဲသို့ ပိဋကသုံးပုံလုံးကို အနှစ်ချုပ်၍ နိကာယ်အဋ္ဌ ကထာကြီးများနှင့်မဟာဝိဟာရဝါသီဆရာ့ ဆရာကြီးများ၏အဆိုအမိန့်များအား လုံးကို သိမ်းကျုံး ယူငင်လျက် အပြစ်ကင်းစင်၍ ပညာရှင်အားလုံးတို့၏ အားထား ရာ၊ နိကာယ်အားလုံးတို့အတွက် တခုတည်းသော အိတ်ဆောင် အဋ္ဌကထာအဖြစ် ရေးသားတော် မူနိုင်ခြင်းသည်ပင်လျှင် အရှင်ဗုဒ္ဓဃောသ၏ ဉာဏ်စွမ်းသည် ပေါ် လွင်လှပါပေ၏။

အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံကို ကုန်စင် ပြီးဆုံးအောင် ဖတ်ရှုသင်ယူ ရန်မှာ မလှယ်ကူလှပေ။ စာသင်သားတထောင်လျှင်တဦး ကျမ်းပေါက်သင်ယူနိုင် သူ မရှိသလောတ်ဖြစ်လေသည်။ ထို ့ကြောင့် အဋ္ဌကထာကျမ်းများစွာတွင် ဝိသုဒ္ဓိ မဂ်ကို ဦးစွာ သင်ယူပို့ချနိုင်ကြပါလျှင် ထေရဝါဒ သာသနာတော်သည် ပို၍ ခိုင်မာကျစ်လျစ်ကာ အနှစ်အသားပြည့်ပြည့် ရပ်တည်နိုင်ရန် အကြောင်း များစွာ ရှိလေသည်။

အရှင် မဟာဗုဒ္ဓဃောသ၏ ကံကိုစမ်းခြင်း

အရှင်ဗုဒ္ဓဃောသသည် ဝိသုဒ္ဓိမဂ်ကျမ်းကို လက်စွမ်းပြ ပထမကျမ်းစာ အဖြစ်ရေးသားပြီးလျှင် ဘုရားအလိုတော်၌ လိမ္မာသောရဟန်းသံဃာတော်များ ကို စည်းဝေးပင့်ခေါ်လေ၏။

ဒက္ခိဏသာခါ မဟာဗောဓိပင်အနီး၌ ဝိသုဒ္ဓိမဂ်ကျမ်းကို သံဃာတော် များ ရွှေမှောက်၌ ဖတ်ကြားတင်ပြရန် စီမံလိုက်၏။ သို့ရာတွင် ဝိသုဒ္ဓိမဂ်ကျမ်း စာမူပေထုပ်ကြီး ရုတ်တရက်ပျောက်သွားသဖြင့် အကြံရခက်နေ၏။ မည်သို့မျှ ရှာဖွေစုံစမ်း၍မရသဖြင့် အသစ်တမူ ထပ်၍ရေးရ၏။ ရေးပြီး၍ စည်းဝေးကင်ပြ မည်ရှိစဉ် ထိုဒုတိယမူလည်း ပျောက်ခြင်းမလှပျောက်သွားပြန်၏။ သို့နှင့်သုံးကြိမ် တိုင်တိုင် ထပ်၍ရေးရပြန်သည်။

127

## PAGE 116
<!-- 11 paragraphs, raw extraction -->




သံဃအစည်းအဝေး၌ သုံးကြိမ်မြောက် ရေးသားသော စာမူတော်ကို ဖတ်ကြားမည်ရှိစဉ် သံဃာ့အလယ်၌ပထမ,ဒုတိယမူနှစ်မူလည်း ထူးဆန်းစွာရောက် ရှိနေနှင့်သည်ကို တွေ့ကြရလေ၏။ သုံးမူစလုံးကိုပင် တပြိုင်နက် ဖတ်ရှုနာယူကြ သောအခါ သုံးမူစလုံး တစုံတရာ ကွဲလွဲခြင်းမရှိ၊ တထပ်တည်း ဖြစ်နေသည်ကို ကြားသိတွေ့မြင်ရလျှင် သံဃမထေရ်ကြီးများ ပို၍ပင် အံ့အားသင့်ကာ- “အင်း ငါ့ရှင်ဗုဒ္ဓဃောသကား သာမညမဟုတ်၊ ဘုန်းနှင့်သမ္ဘာ ထက် ကြပ်ပါ၍ ပါရမီရင့်ညောင်းသော မေတ္တေယျဘုရားအလောင်းတော်ကြီး အစစ် ပါပဲ” ဟု ကောင်းချီးပေးတော်မူကြလေသည်။

မဟာဝံသဂါထာ နံပါတ်-၂၃ ဂ၌—

“အရှင်ဗုဒ္ဓဃောသ၏ သိမ်မွေ့ တက်မြက်သောဉာဏ်စွမ်းရည် ကို များစွာသော လူအပေါင်း၌ ထင်ရှားဖော်ပြခြင်းငှာ နတ်တို့ သည် ဝိသုဒ္ဓိမဂ် ပေစာထုပ်ကို ဝှက်ထားကြကုန်၏” ဟု ပြဆိုထား လေသည်။

ကျမ်းပြုရန် တောင်းဆို တိုက် တွန်းကြခြင်း

မဟာဝိဟာရ သံဃာတော်များလည်း ထိုအခါမှစ၍ အရှင်ဗုဒ္ဓဃောသ၏ ဉာဏ်အစွမ်းနှင့် ကြီးမားသော လုံ့ လဝီရိယကို သိရှိတော်မူကြသဖြင့် အလိုရှိသော ပိဋက, အဋ္ဌကထာ ပေစာထုပ်များကို ပေးအပ်ကြလေ၏။ အရှင်ဗုဒ္ဓဃောသ လည်း ထိုအခါမှစ၍ လူသူကင်းဆိတ်သော ပိဋကတိုက်ကျောင်း၌သီတင်းသုံးလျက် ထိုခေတ်က ရှိနေနှင့်သော သီဟိုဠ်ဘာသာ အဋ္ဌကထာ ကျမ်းအားလုံး တို့ကို ညှိနှိုင်းကာ မာဂဓဘာသာဖြင့် ပြန်ဆိုတော်မူလေသည်။

66

မဟာဝံသ-၂၄၅-ဂါထာ၌ ယင်းအဋ္ဌကထာသစ်များနှင့်စပ်၍’ “ပါဠိဘာသာဖြင့် ပြန်ဆိုထားသော အရှင်ဗုဒ္ဓဃောသ၏ အဋ္ဌကထာသစ်သည် ဘာသာအမျိုးမျိုးကို တတ်သိပြောဆို ကြသော ပုဂ္ဂိုလ်အားလုံးတို့အား အကျိုးကျေးဇူး များလှပါပေ သည်။ (သီဟိုဠ်ဘာသာဖြင့်သာ ရှိနေလျှင် သီဟိုဠ်သားတို့သာ အကျိုး၎ရှိမည်၊ ယခုမူ ပါဠိဘာသာပြန်ဆိုထား၍ လူမျိုးတိုင်း အား အကျိုးများသည်ဟု ဆိုလို၏။

“အလုံးစုံသော ထေရဝါဒ ဆရာ မထေရ်မြတ်တို့သည် ထို အဋ္ဌကထာသစ်ကို ဘုရားဟော ပါဠိတော်ကဲ့သို့ပင် အလေးတမူ အရေးယူလျက် နှစ်သက်လက်ခံတော် မူကြလေသည်” ဟု (နိဂုံး ဂါထာဖြင့်) ပြဆိုကာ-

## PAGE 117
<!-- 13 paragraphs, raw extraction -->



*


အရှင်ဗုဒ္ဓဃောသ သီဟိုဠ်ကျွန်း၌ ပြုဖွယ်ကိစ္စ ပြီးဆုံးသောအခါ မဟာ ဗောဓိကို ဖူးမြော်ရန် ၊ ဇမ္ဗူဒိပ်သို့ ပြန်ကြွတော်မူကြောင်း မှတ်တမ်းတင်ထား လေသည်။

စင်စစ်ထေရ၀ါဒ၏ အဆီအနှစ်များအားလုံးကို ရည်ရွယ်သည့် အတိုင်း ရရှိ၍ ဣန္ဒိယ ဇာတိမြေ၌ ပြန်လည်သာသနာပြုရန် ကြွတော်မူခြင်းပင်တည်း။
(အရှင်မဟာဗုဒ္ဓဃောသ ကျမ်းပြုရာဌာနမှာ စတုတ္ထသံဂါယနာတင်ရာ မယဇန ပုဒ် = ယခုမာတလေ့မြို့အနီး အာလောကလိုဏ်ဂူ = အလုဝိဟာရ ဖြစ်သည်ဟု လည်း သီဟိုဠ်မှတ်တမ်းအချို ့၌ တွေ့ရ၏။)

-

အရှင် မဟာဗုဒ္ဓဃောသ၏ ဂုဏ်သတင်းသည် ဝိသုဒ္ဓိမဂ်ကျမ်းနှင့်အကူ သီဟိုဠ်ကျွန်း၌ထင်ရှားလာလေတော့၏။ ဆရာသမားများနှင့် သီတင်းသုံးဖော် များကမူ သီဟိုဠ်အဋ္ဌကထာများကို သင်ယူစဉ်ကပင် အရှင်မဟာ ဗုဒ္ဓဃောသ၏ ဉာဏ်ရည် ဉာဏ်သွားကို သိရှိခဲ့ကြပြီးပင်ဖြစ်၏။ အထူးသဖြင့်-

“မြတ်စွာဘုရား သာသနာတော်၌ သစ္စာနှင့် ပညာ ညီညွတ် မျှတ၍ ဝီရိယကြီးမားသူဖြစ်ကြောင်း၊ စာရိတ္တသီလ, ဝါရိတ္တ သီလရှိ၍ ဖြောင့်မတ်သူ၊ သိမ်မွေ့ နူးညံ့သူဖြစ်ကြောင်း၊ ထေရ ဝါဒ ဗုဒ္ဓသာသနာတော်ဟူသော မိမိ၏ အယူဝါဒနှင့် ထိုခေတ် အခါ၌ ထင်ရှားသော အခြားစင်ပြိုင် အယူဝါဒများအပေါ်၌ နှိုင်းယှဉ်သုံးသပ်၍ ဆုံးဖြတ်နိုင် လောက်အောင် ဉာဏ်အစွမ်း ထက်မြက်သူ ဖြစ်ကြောင်း' ရင်းနှီးသော မထေရ်များလောက၌ ထင်ရှားတော်မူပြီး ဖြစ်နေခဲ့၏။

ဤကား အများသိနေကြသော အရှင်မဟာဗုဒ္ဓဃောသ၏ ကျေးဇူးဂုဏ် များ ဖြစ်ကုန်၏။ တို ့ကြောင့်လည်း ကျမ်းဆရာကိုယ်တော်တိုင် မိမိ၏ကျမ်း များ၌ ဖော်ပြထားလေသည်။

ထူးခြားထက်မြက်သော အရည်အချင်းများကို အတွင်းသိ အစင်းသိ သိတော်မူကြသဖြင့် မိမိတို့ ထက်သန်စိတ်ဝင်စားရာ နိကာယ်များကို အဋ္ဌကထာ သစ်များ ပြုစုပါရန် တောင်းပန်တိုက်တွန်းကြ၏။ အဋ္ဌကထာကျမ်းတိုင်း၏ နိဒါန်း, နိဂုံးတို့၌ တောင်းပန် တိုက်တွန်းသူများ၏ အမည်များ ကိုလည်း အသီးသီး ဖော်ပြပါရှိသည်။

အရှင်မဟာ ဗုဒ္ဓဃောသ ပြုစုခဲ့သော အဋ္ဌကထာသစ်များမှာ (ဝိနည်း ပိဋကဒီဃ-မဇ္ဈိမ-သံယုတ္တ-အင်္ဂုတ္တရ-နိကာယ် အပြည့်အစုံ။ အဘိဓမ္မ ပိဋက

=

## PAGE 118
<!-- 11 paragraphs, raw extraction -->




ခုဒ္ဒကပါဌ၊ ဓမ္မပဒ၊ သုတ္တနိပါတ်၊ ဇာတ်-၇ အုပ်၊ ပါတိမောက်နှင့် ဝိသုဒ္ဓိမဂ် ဟူ၍) ဆဋ္ဌသံဂါယနာ စာတော်မူအရ ကျမ်းစာအုပ်ကြီးပေါင်း ၃၅-အုပ်၊
စာမျက်နှာပေါင်း တသောင်းသုံးထောင် (၁၃၀၀၀)ကျော် ရှိလေသည်။

ဤမျှ များပြားသောစာများကို ပေရွက်၌ ရေးတင် ဖွင့်ဆိုတော်မူသည်ကို ကြည့်ရုံမျှဖြင့် အရှင်မဟာ ဗုဒ္ဓဃောသ၏ ကရုဏာ, သဒ္ဓာ ဆန္ဒနှင့် လွန်ကဲ ကြံ့ခိုင်သော ဝီရိယဦးစီးသော ဉာဏ်တော်ကို ကြည်ညိုမဆုံး ရှိကြရလေသည်။
ထို ့ကြောင့်လည်း အဋ္ဌကထာ နိဂု ံးတို့၌’

"

“အဋ္ဌကကာနှင့်တကွ ပိဋကသုံးပုံဟူသော ထူးထွေများပြား သည့် ပရိယတ်ကျမ်းဂန်နှင့် ပြည့်စုံသော (ဝါ-စာပေကျမ်းဂန် ဓမ္မက္ခန္ဓာတို့ဖြင့်အခိုင်အမာရပ်တည်လျက် ရှိသော) မြတ်စွာဘုရား ၏ သာသနာတော်၌ အပိတ်အပင် အဆီးအတားကင်းသည့်ဉာဏ် စွမ်းရည်နှင့် ပြည့်စုံသော (အကျွန်ုပ် = ဗုဒ္ဓဃောသ)” ဟူ၍ လည်း ရဲရင့်စွာ ဝန်ခံတော်မူထား၏။ (မိမိစာအတွက် အာမခံ လက်မှတ်ရေး၍ တာဝန်ယူလိုက်ခြင်းပင်တည်း။)

သီဟိုဠ်ရှေးဟောင်းအဋ္ဌကထာနှင့် ကျမ်းစာများ

ဤနေရာ၌အဘယ့်ကြောင့် အဋ္ဌကထာသစ်များရေးသားပြုစုရကြောင်း” ကို ဖော်ပြသင့်၏။မဖော်ပြမီ သီဟိုဠ်ကျွန်း၌ အရှင်မဟာဗုဒ္ဓဃောသ မရောက်မီက ရှိနှင့်သော အဋ္ဌကထာဟောင်းများအကြောင်း “အဋ္ဌကထာ သမိုင်း' အကျဉ်း ချုပ်ကို သိထားသင့်လေသည်။

အဋ္ဌကထာ(အတ္ထကဋ္ဌ = အနက်အဓိပ္ပာယ်ကို+ ကထာ = ဖွင့်ပြသော စကား) ဆိုသည်မှာ ပါဠိတော်ဟူသော ပိဋကသုံးပုံကို အနက်အဓိပ္ပာယ် အယူ အဆ မတိမ်းမယိမ်းရအောင် ထိန်းကွပ်ပေးသော အဖွင့်ကျမ်းဟု အဓိပ္ပာယ် ရ၏။ ယင်းသို့ဝေါဟာရ အထိန်းအကွပ် ကန့်သတ်ချက် မူချပေးမထားလျှင် မိမိ တို့ ထင်ရာ ဆွဲငင်၍ လိုသလို (ဝါ) ကြိုက်လျှင် ကြိုက်သလို၊မကြိုက်လျှင် မကြိုက် သလိုကိုယ့်ယူဆချက်အမှန် ဟု ယူဆကြသော် ကာလကြာလျှင် မြတ်စွာဘုရား၏ ဒေသနာစကားတော်များ အမှားမှား အယွင်းယွင်း ဖြစ်ကာ သတ္တဝါအများ အတွက် များစွာအကျိုးယုတ်စေနိုင်လေသည်။

၁။ ထိုသို့သော အကြောင်းများကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော် တိုင်ပင် အနက်အဓိပ္ပာယ်ကို ဖွင့်ဆို ပေးတော် မူခဲ့ရလေသည်၊

## PAGE 119
<!-- 12 paragraphs, raw extraction -->



-

29

ဝေါဟာရ ကန့်သတ်ချက် ပေးတော်မူခဲ့ရလေသည်။ ယင်းကို “ပကိဏ္ဏာကဒေသနာ = အထွေထွေ တရားတော်၊ ဗုဒ္ဓသံဝဏ္ဏ အဋ္ဌကထာ- ဘုရားရှင်ဖွင့်ပြသော အဋ္ဌကထာ” ဟု ခေါ်၏။
(အနုဋီကာ-၁၊ ၁ ၁။ ဒီ-ဋီ-၁၊ ၁၅။)

၂။ အရှင်မဟာကဿပစသော သံဂါယနာတင် ထေရဝါဒီ မထေရ် ကြီး အဆက်ဆက်တို့၏ အဆုံးအဖြတ် ဖွင့်ဆိုချက် - အနုဗုဒ္ဓသံဝဏ္ဏိတ အဋ္ဌကထာ=သာဝကကြီးများ၏ အဖွင့် မဂဓအဋ္ဌကထာ၊ (ဒီ-ဋ္ဌ-၁၊
၁၊ သာရတ္ထ-၃၊၆။ မဟာခံသ-၃၇-၂၄၄။)

ယင်းသို့ သံဂါယနာ သုံးတန်တင်ပြီး မထေရ်ကြီး အဆက်ဆက်တို့ ဖွင့်ဆိုခဲ့ကြသော အဋ္ဌကထာများကို အရှင် မဟာမဟိန္ဒထေရ်မြတ် သည် သီဟိုဠ်ကျွန်းသို့ ယူဆောင်သွားပြီးလျှင် သီဟိုဠ်ကျွန်းသားတို့ အတွက် သီဟိုဠ်ဘာသာဖြင့် ပြန်ဆိုရေးတင်ထားသည်။

ယင်း အဋ္ဌကထာကိုပင် မူလအဋ္ဌကထာဟု လည်းကောင်း၊ မဟာ အဋ္ဌကထာဟုလည်းကောင်း ခေါ်ဆိုသည်။ (ဒီ-မ-သံ-အံ-နိကာယ် အဋ္ဌကထာကြီး၏ ပဏာမနိဒါန်းဂါထာ။)

ယင်း မူလ, မဟာအဋ္ဌကထာများကိုပင် ပေါရာဏအဋ္ဌကထာ၊
သီဟိုဠ်အဋ္ဌကထာကြီးများဟုလည်း ခေါ်တွင်သည်။
(စရိယာ-ဋ္ဌ၊၃၂၇။ ဥဒါန-ဋ္ဌ၊၃ ၉ ၃)။

၃။ အရှင် မဟာ မဟိန္ဒထေရ်မြတ်၏ အဆက်အနွယ် ဖြစ်သော မဟာ ဝိဟာရ ထေရဝါဒီ မထေရ်မြတ်ကြီး သီဟိုဠ်ဘာသာသက်သက်ဖြင့် ဦးစွာရေးသားသော မဟာပစ္စရိအဋ္ဌကထာဟူ၍လည်းရှိ၏။ ပစ္စတိ သဒ္ဒာ ဖောင်ကိုဟောသဖြင့် ဖောင်ပေါ်၌နေ၍ ရေးသားပြုစုသော အဋ္ဌကထာဟုဆို၏။(ဝဇိရဋီကာ၊ ၁ဂ။)

၄။ ကုရုန္ဒီဝတ္ထိမည်သောကျောင်း၌ ရေးသော ကုရုန္ဒီအဋ္ဌကထာ၊

အရှင် မဟာဗုဒ္ဓဃောသ အဋ္ဌ ကထာသစ် ရေးစဉ် အခိုင်အမာ ကိုယ်ထည်အနှစ်သာရထား၍ အားကိုးရသော အဋ္ဌကထာများမှာ ယင်းသီဟိုဠ်အဋ္ဌကထာကြီး ၃-စောင်ပင်ဖြစ်၏။ (ဝိ-ဋ္ဌ-၁၊ ၁။ဝိ-ဋ္ဌ- ၄၊ ၂၆၃။) ယင်းအဋ္ဌကထာကြီး သုံးစောင်တွင်လည်း အရှင် မဟိန္ဒမထေရ်မြတ်ရေးပြုတော်မူသော မူလ အဋ္ဌကထာကြီးမှ တပါး ကျန်အဋ္ဌကထာကြီး ၂-ဧစာင်သည် ဝိနည်းပိဋက (ခုဒ္ဒက နိကာယ်) မှတပါး အခြား နိကာယ်များအတွက်ကား ရှိဟန်မတူချေ။

## PAGE 120
<!-- 9 paragraphs, raw extraction -->




၅။ စူဠပစ္စရီအဋ္ဌကထာ (မဟာပစ္စရီ၏ အကျဉ်းချုပ်)။
၆။ သင်္ခေပ အဋ္ဌကထာ-အဋ္ဌကထာအကျဉ်း။

၇။ အန္ဓက အဋ္ဌကထာမှာ ဣန္ဒိယ တောင်ပိုင်း အန္ဓကတိုင်း ဘာသာ (တေလဂူဘာသာ) ဖြင့်ရေးထားသော အဋ္ဌကထာဖြစ်သည်။
ယင်းအဋ္ဌကထာကြီးများအပြင် သီဟိုဠ်သာသနာဝင်၌ပရိယတ် ပဋိပတ်အရာ ကျော်ကြားထင်ရှားသော ထေရဝါဒီ မထေရ်မြတ်ကြီး များ၏ အယူအဆဆုံးဖြတ်ချက်=ထေရသလ္လာပများ (ဒီ-ဋ္ဌ-၃။ ၆ ၆) ဇမ္ဗူဒိပ်ကျွန်း၌ ထင်ရှားသော မထေရ်ကြီးများ၏ အယူအဆများ (မ-ဋ္ဌ-၃၊၁၉၅၊၁၉၈၊၂၁၀)၊ဝိသုဒ္ဓိမဂ်၌ ညွှန်းပြထားသော “ဝိသုဒ္ဓိ ကထာ၊ အရိယဝံသကထာ” စသော ကျမ်းစာများ၊ အေ-ဒီ၄-ရာစု အတွင်း(မဟာသေနမင်း သာသနာ ဂ၀ဂ-ဂ၃၅၊အေ-ဒီ ၃၂၅- ၃၅၂)က ဖြစ်ပေါ်ခဲ့သော ဒီပဝံသခေါ် ပထမဆုံး သာသနာဝင် ကျမ်းစသည်များသည် အရှင်မဟာဗုဒ္ဓဃောသ သီဟိုဠ် မရောက်မီက ရှိနှင့်သည့် ထေရဝါဒဆိုင်ရာ ခိုင်မာသန့်ရှင်းသော အဋ္ဌကထာနှင့် သီဟိုဠ် ကျမ်းစာများ ဖြစ်ပေသည်။

စံတော်ဝင် ထေရုပ္ပတ္တိများ

ယင်းအဋ္ဌကထာကျမ်းကြီးများမှာ အရှင် မဟာဗုဒ္ဓဃောသ မရောက်မီ လွန်ခဲ့သော အနှစ်သုံးရာကျော်က ရှိနှင့်ကြသော သီဟိုဠ် အဋ္ဌကထာကြီးများ ဖြစ်ကုန်၏။အဘယ့်ကြောင့်ဆိုသော် ထိုအဋ္ဌကထာ ဟောင်းကြီးများမှ ဘာသာ ပြန်ဆို ထည့်သွင်းထားသော စံတော်ဝင်မထေရ်ကြီးများ၏ ထေရုပ္ပတ္တိများကို ကြည့်လျှင်သာသနာတော်၆၀၉-၆၅၃ နှစ်များအတွင်း ဝသဘမင်း၏ လက် ထက်မှ နောက်ကာလ၌ ဖြစ်ပေါ်သော ထေရုပ္ပတ္တိများကိုလည်းမတွေ့ရ၊(နောက် အကျဆုံး မဟာသေနမင်း(၁၉-၈၄၆) ဝတ္ထုမှတပါးအခြား ဝတ္ထုများလည်း ပါရှိသောကြောင့်ဖြစ်၏။

မပ

အရှင်မဟာဗုဒ္ဓဃောသကား ဝသဘမင်းမှ နောက်နှစ်ပေါင်း သုံးရာခန့် နောက်ကျသော မဟာနာမမင်းလက်ထက် (၉၅၃-၉၇၅) ရောက်မှ သီဟိုဠ်သို့ ကူးကြွခြင်း ဖြစ်ပေသည်။

## PAGE 121
<!-- 11 paragraphs, raw extraction -->




ဤစံတော်ဝင် အရိယာပုဂ္ဂိုလ်ထူးကြီးများ” သည်လည်း . အရှင်မဟာ ဗုဒ္ဓဃောသ သီဟိုဠ်အဋ္ဌကထာကြီးများမှ ပါဠိဘာသာပြန်ဆို၍ ဖော်ပြပေး ထားခြင်းမျှသာ ဖြစ်သည်ဟုလည်း ဤ၌ မှတ်ယူခဲ့စေလိုပါသည်။

အရှင်မဟာဗုဒ္ဓဃောသ၏ သဘောသက်သက်မျှဖြင့် ဖော်ပြထားခြင်း မဟုတ်ရုံသာမက၊ ထေရဝါဒီ သီဟိုဠ်သာသနာစောင့်မထေရ်ကြီးအဆက်ဆက်တို့ အလေးအနက်ဂုဏ်ယူစံတင်ထားသော အများသိ ပုဂ္ဂိုလ်ထူးကြီးများ ဖြစ်သည် ဟုလည်း ထပ်ဆင့်ယုံကြည်သင့်ကုန်၏။

အဋ္ဌကထာသစ် ဖြစ်ပေါ်လာပုံ နောက်ခံရာဇဝင်

အရှင်မဟာ ဗုဒ္ဓဃောသပြုစုသော အဋ္ဌကထာများကို “အဘိန၀ အဋ္ဌ ကထာ=အဋ္ဌကထာသစ်’ ဟူ၍ လည်းကောင်း၊ သင်္ဂဟ အဋ္ဌကထာ=အကျဉ်းချုပ် အဋ္ဌကထာ” ဟူ၍ လည်းကောင်း ခေါ်ဆိုကြ၏။

အဋ္ဌကထာသစ်များ ဖြစ်ပေါ်လာရာ၌ အကြောင်းမဲ့မဟုတ်ချေ။ နောက်ခံ ရာဇဝင်များ ရှိနေခဲ့သည်ပင် ဖြစ်၏။ ဖြစ်သင့်၍ ဖြစ်ပေါ်လာရခြင်းဟု ဆိုရ ပေမည်။ မူလ အကြောင်းရင်းကား မဟာယာန တရားတုများ ထိုးနှက်လာ ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ရှင်းပါဦးအံ့’

အရှင် မဟာမဟိန္ဒထေရ်မြတ် ပြုစုပျိုးထောင်တော်မူခဲ့သော ထေရဝါဒ ပင်မ ဗုဒ္ဓသာသနာတော်သည် သီဟိုဠ်ကျွန်း၌ မိစ္ဆာဒိဋ္ဌိမင်းများနှင့် ဆိုးရွားလှ သော ရာသီဥတုဒဏ်ကို ခံခဲ့ရသော်လည်း အတွင်းသား အနှစ်သာရနှင့်စပ်၍ကား လျော့ပါးညစ်နွမ်းခြင်းမရှိ၊ နှစ်ပေါင်းနှစ်ရာကျော် ူဂါမဏိမင်း လက်ထက် (၄၄၀၊ ဒု-၄၅၅-၄၆၆) စတုတ္ထ သံဂါယနာ တင်သည့်တိုင်အောင် တရှိန် တည်း ဖွံ့ဖြိုးတိုးတက်လာခဲ့၏။

ထိုမင်းသည် ထေရဝါဒ သာသနာတော်အား ချီးမြှောက် ထောက်ပံ ့သူ သံဂါယနာ ဒကာတော်ဖြစ်သည်ဟု ယူဆဖွယ်ရှိသော်လည်း မဟာဝိဟာရ သံဃာ တော်များကို ကြည်ညိုအားပေးသူ မဟုတ်ချေ။ သူ ့လက်ထက်၌ သံဂါယနာ တင်၍ ထင်ရှားနေခြင်း ဖြစ်၏။

စင်စစ် ထိုမင်းသည် ပြည်တွင်းအရေး ရှုပ်ထွေး ပြေးပုန်းနေရစဉ်က ထမင်း တလုတ်ကျွေးဖူးသောကျေးဇူးကို ငဲ့ကွက်မိသဖြင့် ထမင်းရှင် မဟာဓိဿထေရ်

## PAGE 122
<!-- 10 paragraphs, raw extraction -->




,

အား အဘယဂီရိ ကျောင်းတိုက်ကြီး ဆောက်လှူခဲ့သည်။ မထေရ်လည်း မင်း ကိုးကွယ်ခံရခြင်းကို မာန်မူ၍ မဟာဝိဟာရမထေရ်ကြီးများ၏ဩဝါဒကိုမခံ၊အလဇ္ဇီ တို့၏ သဘောဓလေ့အရ လူတို့နှင့် ရောနှောဆက်ဆံသဖြင့် မဟာဝိဟာရဂိုဏ်းမှ အကြဉ်ခံရသည်။ အဘယဂီရိဂိုဏ်း သီးခြားထူထောင်လိုက်၏။

အသိဉာဏ်နှင့် ဘုန်းကံနည်းသော မင်းများ၏ အားပေးမှု၊ လူကုံထံတို့ ဆည်းကပ်မှုစသော အာဏာနှင့် လောကီသာယာဖွယ် (လောကာမိသ) များကို ဦးစားပေးကာ အဘယဂီရိဂိုဏ်းဝင်တို့၌ တစတစ ထေရဝါဒ အဇ္ဈတ္တိက ဗုဒ္ဓ သာသနာအင်အားများ လျော့ပါးလာ၏။ ထိုနောက် ဝိနည်းပညတ်များကို လိုရာ အဓိပ္ပာယ်ဖွင့်ဆို၍ ပြုမူ 'နေထိုင်လာကြသည်။ နောက်ဆုံး သီလ သမာဓိ ပညာ အား နည်းလာနှင့်အမျှ ဣန္ဒိယဘက်၌ ခေတ်စားနေသော အာဏာရှိသူနှင့် ခေတ်လူတို့ အကြိုက် သက္ကတဘာသာဖြင့် ခေတ်နှင့်အညီ တီထွင် ဆန်းသစ် ထားသော ဓမ္မရုစိဂိုဏ်း၏ ပိဋကလက်သစ်များကို ဦးစွာသင်ယူပို ့ချလာကြ၏၊ နောက်မဟာ ယာန ပိဋကများကို သင်ယူပို ့ချလာကြသည်။ အလဇ္ဇီမှ ဒုဿီလသို့ ဦးတည်နေ ကြ၏။

တတိယ သံဂါယနာတင်ခါနီးက ထေရဝါဒ ပင်မဗုဒ္ဓဘာသာမှ ထုတ်ပယ် ခံရသော အဓမ္မဝါဒီတို့တွင်သမ္မုတိယဂိုဏ်းသည် မြန်မာနိုင်ငံဘက်သို့လည်းကောင်း၊
ဓမ္မရုစိနှင့် ဝေတုလ္လစသောဂိုဏ်းသည် သီဟိုဠ်ဘက်သို့ လည်းကောင်း အဦးဆုံး လိုက်လံနှောင့်ယှက်ကြလေ၏။

မဟာဝိဟာရ၀ါသီ အရှင်မြတ်တို့ကား မင်းမှူးမတ်တို့၏ အကူအညီကို မရသော်လည်း ထေရဝါဒပင်မ ဗုဒ္ဓသာသနာတော်၏ ပိဋကများကို သံဂါယနာ တပ် စိစစ် ထိန်းသိမ်းပြီး အရိုးခံကြီးအတိုင်း ကျင့်ဆောင်မြဲ ကျင့်ဆောင်တော် မူနေကြ၏။ သို့ရာတွင် အသစ်အဆန်းကိုမှ ကြိုက်လေ့ရှိသော လူတို့၏ သဘာဝ အလျောက် ထိုခေတ်သီဟိုဠ် ဒယကာ,ဒါယိကာမတို့၏အမြင် ထေရ၀ါဒ ပင်မဗုဒ္ဓ ဘာဘာတရားတော်အပေါ်၌ ငြီးငွေ့ လာကြ၏။

အာဏ

ဏာရှိသူနှင့် ခေတ်မီ လူကုံထံတို့ ဝင်ထွက်ရာ အဘယဂီရှိ ကျောင်း တော်ကြီးသည် စွယ်တော်လှည့်ပွဲ စသော ပဓာန ဘာသာရေးပွဲတော်များကိုပင် ဦးစီးချုပ်ကိုင် လာနိုင်၏။ ထုံးစံအတိုင်း သဘောတရား အသစ်အဆန်းများကပင် အသိဉာဏ်မရှိသော လူတို့၌ ရေပန်းစား လာလေတော့၏။

## PAGE 123
<!-- 12 paragraphs, raw extraction -->



ဖာဟီယန်နှင့် အရှင် မဟာ ဗုဒ္ဓဃောသ


တရုတ်ရဟန်းတော် ဖာဟီယန်နှင့် အရှင်မဟာဗုဒ္ဓဃောသတို့ခေတ်၊ မဟာ နာမမင်းလည်း အဘယဂီရိကို အားပေးကြည်ညိုသူ ဖြစ်နေပြန်လေသည်။ ထို အချိန်က အဘယဂီရိ၌ သံဃာငါးထောင်ရှိ၍ မဟာဝိဟာရ၌ သုံးထောင်ခန့်ရှိ ကြောင်း ဖာဟီယန်မှတ်တမ်း၌ တွေ့ရ၏။

ကမ္မနိယာမ=ကံရေစီးကြောင်းကား အံ့ဖွယ်ကောင်းလေစွာ့။

ဖာဟီယန်သည် သီဟိုဠ်သို့ ၉၅၄-ခုနှစ်ရောက်၍ ၂-နှစ် နေထိုင်သွား၏။
သို့သော် အဘယဂီရိ၌သာ နေသွားရရှာသဖြင့် မဟိသာသကဂိုဏ်း ပိဋကများ ကိုလာ ကူးယူသွားရ၏။ အနုရာဓ နေပြည်တော်လမ်းမကြီးများ၌ ဥပုသ်နေ့တိုင်း တရားပွဲများရှိ၍ သွားရောက်နာယူလေရာ ဣန္ဒိယမှ တရားဟော ဆရာတဦး၏ အလွန်ထူးဆန်းလှသော “ဂေါတမဗုဒ္ဓ သပိတ်တော်နှင့် အရိမေတ္တေယျနတ်သား အကြောင်းများကို နာယူရသည်ဆို၏။ ထို သုတ္တန်ဒေသနာတော်ကို ကြည်ညိုလှ သဖြင့် ကူးယူခွင့်ပြုရန် တောင်းဆိုသောအခါ တရားဟောဆရာက’

"

“ဘုရားဟော မူရင်းမဟုတ်၊ ကျွန်ုပ်၏ စီစဉ်ချက်မျှသာ”ဟု ပြောဆို ကြောင်းကိုလည်း အကျဉ်းချုပ် မှတ်တမ်းတင်ထားလေသည်။

မဟာနာမမင်းလက်ထက် အရှင် မဟာ ဗုဒ္ဓဃောသတို့ ရောက်ရှိနေချိန် ဖြစ်သော သီဟိုဠ်သာသနာသည်ပင် မည်မျှရှုပ်ထွေး၍ အဓမ္မဝါဒီတို့ မည်မျှ အတင့်ရဲနေကြောင်း ရှုမြင်နိုင်ပေသည်။ ရှင် မဟာဗုဒ္ဓဃောသကား သီဟိုဠ်သို့ ၉၆၅-ခုနှစ်တွင် ရောက်၍ ဖာဟီယန်နောက် ၁၁-နှစ် နောက်ကျလေသည်။
သို့သော် ဖာဟီယန်၏ ကံရေစီးကြောင်းသည် မြောက်ဘက်သို့သာ စီးသွား၍ အရှင် မဟာဗုဒ္ဓဃောသ၏ ရေစီးကြောင်းကား တောင်ဘက်သို့သာ စီးဆင်း သွားလေ၏။

ထေရဝါဒသည် ဟိနယာန မဟုတ်

ဝဋ္ဋဂါမဏိမင်း လက်ထက်မှ မဟာနာမမင်း လက်ထက် တိုင်အောင် အသိဉာဏ်ခေါင်းပါးသော မင်းများနှင့် (သဒ္ဓာပညာ ညံ့ဖျင်းသည့်အလျောက်) သာသနာကို ခေတ်နှင့်အညီ ပြုပြင်ကျင့်သုံးလိုသော ရဟန်းများကြောင့် မဟာ

## PAGE 124
<!-- 14 paragraphs, raw extraction -->


00


ဝိဟာရဝါသီ ထေရဝါဒ သာသနာစောင့်မထေရ်ကြီးများ ကျောင်းပစ် ကန်ပစ် အသက်နှင့် လဲ၍ပင် စောင့်ရှောက်တော် မူခဲ့ကြရလေသည်။

(သီဟိုဠ်သို့ မဟာယာနများ လိုက်လံ၍ ထေရဝါဒမှ ထပ်၍ ဖဲ့ထုတ်ကြပုံ

ကို နောက်ဆက်တွဲ-ခ၌ ရှုပါ။)..

ဒုတိယ သံဂါယနာ (သာသနာ-၁,ဝဝ)မတင်မီ၊တင်အံ့ဆဲဆဲ ထေရ၀ါဒမှ ကြဉ်ဖယ်ထားသော အလဇ္ဇီရဟန်းများ...

ဗုဒ္ဓသာသနာ

တတိယ သံဂါယနာမတင်မီ၊ တင်ခါနီးက ထေရဝါဒ ပင်မ ဟော်မှဖဲ့၍ ထွက်သွားသော အလဇ္ဇီ ဒုဿီလ ရဟန်းများ၊ဣန္ဒိယတွင် နယ်စောင့် ကျန်ရစ်သော ထေရဝါဒမှလည်း ပဲ ့ထွက်သွားသော ရဟန်းများ..

ထိုရဟန်းများသည် သာသနာတော် အနှစ်တရာကျော်မှသည် အနှစ် ကိုးရာကျော် (အရှင်မဟာ ဗုဒ္ဓဃောသတို့ခေတ်)အထိ တဂိုဏ်းပြီး တဂိုဏ်း ဂိုဏ်း များထောင်ကာ ဝါဒစစ်ထိုးကြရာ အဆိုးရွားဆုံး အရှုပ်ထွေးဆုံး အချိန်သို့ ရောက်နေ၏။

ဝါဒရေးရာ အတွက် ပါဠိတော်အသစ်များကိုပင် ရှေးထုတ်ကြရာ နဂါး ပြည်မှရသည်၊ နတ်ပြည်မှရသည်” စသည် အဆန်းထွင်ကာ ဘုရားအမည်ကိုပင် သုံးလာကြ၏။ ဝါဒပြိုင်ဆိုင်ရာ၌ တဂိုဏ်းထက် တဂိုဏ်း သာလွန်အောင် မဆုံး နိုင်သော သက္ကတဘာသာ ဒေသနာသစ်များ, လိုရာဆွဲ၍ဖွင့်သော အဋ္ဌကထာ များ, ဝတ္ထုဇာတ်လမ်း ကဗျာကျမ်းများ သူ ့ထက်ငါရေးထုတ်ကာ ဗုဒ္ဓဝါဒဟု ကြေငြာကြကုန်၏။

အုပ်ချုပ်သူနှင့် လူများစု အကြိုက်ကိုလိုက်၍ တရားသစ်များနှင့် အတူ ဝတ်စားဆင်ယင်မှု အသုံးအဆောင် အမူအရာများ သူ့ထက်ငါ သာအောင် တီထွင်ကြ၊ ဂိုဏ်းခွဲကြ၊ ခံစစ်ဖြစ်လိုက်, ထိုးစစ်ဖြစ်လိုက်၊ အတိုက်အခံ ငြင်းခုံ နေခဲ့ကြရာ တဖြည်းဖြည်း ထေရဝါဒ ပင်မဗုဒ္ဓ သာသနာ မဇ္ဈိမပဋိပဒါ ပင်စည်မှ ဝေးကွာ၍ ဝေးကွာ၍ သွားကြလေတော့၏။

သာသနာ ၇ဝဝ-စု (၆၅၀-ခန့်)တွင် ကသ္မီရ ဂန္ဓာရှ၌ သဗ္ဗတ္ထိဝါဒ ဂိုဏ်းသည် သံဂါယနာတင်နိုင်သည်အထိ အားကောင်းလာခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် သဗ္ဗတ္ထိဝါဒသည် အနတ္တကို ကာကွယ်ယင်း အတ္တ ဖြစ်ကာ သံသရာ အရိုးစွဲ (ဗြာဟ္မဏဝါဒီတို့အကြိုက်) သဿတဝါဒ ဖြစ်သွား သောကြောင့် ပေတည်း။ သို့ရာတွင် အယူဝါဒအားလုံးကို သိမ်းကျုံး၍ ပို၍ ခေတ်မီသော ဗုဒ္ဓဝါဒ လုပ်လိုသည့် (သမာဓိ အဓိက) ယောဂါစာရဂိုဏ်းကြီး

## PAGE 125
<!-- 9 paragraphs, raw extraction -->



6

ပေါ်လာသောအခါ ဗြာဟ္မဏ (ဟိန္ဒူ)မင်းများမှာ တက္ကသိုလ်ကြီးများကိုပင် ထူထောင်ပေးသည်အထိ အစွမ်းကုန် အားပေးချီးမြှောက်လာကြ၏။ အဘယ့် ကြောင့်ဆိုသော် ထိုယောဂါစာရဂိုဏ်းသည် ဝိညာဏဝါဒဟု ကြွေးကြော်ကာ “လောကနှင့် နိဗ္ဗာန်အတူတူ၊ အနိစ္စနှင့် နိစ္စအတူတူ၊ အနတ္တနှင့် အတ္တအတူတူ စသည်ဖြင့် သဘောတရားသစ် (အဘိဓမ္မာ) ကျမ်းများကိုပင် ရေးသားကာ ဗုဒ္ဓဝါဒမှာ အပေါ်ယံ အထင်ခံ အသံအမည်မျှသာ ရှိတော့၍ ဗြာဟ္မဏတို့၏ အတ္တဝါဒကို အတွင်းသား အနှစ်သာရ အမာခံအမြုတေလုပ်ထားသောကြောင့် ပေတည်း။

ခေါင်း

ထိုအခါ သဗ္ဗတ္ထိဝါဒီတို့ပင် လက်မခံနိုင်တော့ပဲ ယောဂါစာရှဂိုဏ်းအား ခုခံဝေဖန်လာကြ၏။ ငြင်းခုံကြ၏။ ခုခံယင်း၊ ငြင်းခုံယင်း သဗ္ဗတ္ထိဝ ဆောင် ဝသုဗန္ဓုကဲ့သို့သော ကျမ်းပြုပုဂ္ဂိုလ်ကြီးများပင် နောက်ဆုံး သာသနာ ၁၀ဝ၀-ခန့်၌ ယောဂါစာရ ဂိုဏ်းထဲသို့ ထိုးကျ သွားလေတော့၏။

နောက်လိုက်အချို့မှာ ဆက်လက်ခုခံကြသော်လည်း အားမရှိဓောာ့ချေ။
ယောဂါစာရဂိုဏ်းကြီးလည်း ပို၍ပင် ခေတ်မီလာစဉ်ထို ထက်ခေတ်မီတိုးတက်သူ အချို့ဂ က တန္တရ, မန္တရမှ ဝဇီရယာနတိုင်အောင် သမာဓိအာရုံနိမိတ်ကို အခြေခံ ရာမှဂါထာမန္တန်အင်းအိုင်ခါးလှည့်လက်ဖွဲ့ မှော်သိဒ္ဓိ အဂ္ဂိရတ် ဓာတ်လုံး စုန်းနတ် ကဝေ ပယောဂပညာအထိ လျှို့ဝှက်တန်ခိုးများကို ဦးစားပေးလာကြလေသည်။
ထိုအတွင်း ဗြာဟ္မဏဝါဒကလည်းဗုဒ္ဓဝါဒီအမည်ခံဂိုဏ်းအမျိုးမျိုး ပူး၍တမျိုး၊ ခွာ၍တဖုံ၊ အနုအကြမ်းနည်းမျိုးစုံဖြင့် ထိုးနှက်မြဲ ထိုးနှက်နေခဲ့၏။
သဗ္ဗတ္ထိဝါဒစသော သဘောတရားသမားများသည် အစွမ်းကုန် တိုးတက် ၍ လူကြိုက်များနေသော ဘုန်းကြီးနတ်ကတော် မှော်ဆရာများကို မခုခံ မကာ ကွယ်နိုင်ကြတော့ပေ။ သမ္ပတ္တိဝါဒ ပိဋကများလည်း စုမတြ၊ ဂျားဗားကျွန်းများ ကို ကျော်ဖြတ်ကာ တရုတ်ပြည်၊ ဂျပန်ပြည်ဘက်သို့ နယ်သစ်ဖွင့် ထွက်နေခဲ့ကြ လေပြီ။

ဣန္ဒိယတပြည်လုံးလည်း ၀ါးအစည်းပြေကာ ရာဇဒင် မင်းစဉ်မင်းဆက် ဆက်စပ်၍မရအောင်သူတလူငါတမင်း ဖြစ်နေချိန်၊ဘုရင်နှင့်မှူးကြီးမတ်ရာ သေနာ ပတိသဌေးသူကြွယ်များမှအစ ဘုန်းကြီးနတ်ကတော် ဘုန်ကြီးမှော်ဆရာ, အင်း ဆရာ,ဓာတ်လုံးဆရာ, ဂိုဏ်းဆရာမျာ ကိုအားကိုးလာကြ၏။

ယောဂါစာရ (ဝိညာဏဝါဒ) မှ ဆင့်ပွားသွားသော တန္တရမန္တရဂိုဏ်း များသည် အားအကောင်းဆုံးဖြစ်ကာ သဗ္ဗတ္ထိဝါဒ, သုတ္တန္တိက, အန္ဓက စသော စင်ပြိုင်ဂိုဏ်းများမှာ လွန်စွာအားနည်းသွားကြ၏။ ထို ့ကြောင့် အယူဝါဒ ကျဉ်း မြောင်း၍ အရေအတွက်အားဖြင့်လည်း အားနည်းသူကို ဟိနယာန၊ အားကြီးသူ ကို မဟာယာန ဟု နောက်ကာလတွင် သတ်မှတ်လာကြလေသည်။

## PAGE 126
<!-- 11 paragraphs, raw extraction -->




ထိုမဟာယာန၊ဟီနယာန’ဟူသောငဝါဟာရသည် ထေရဝါဒ သာသနာဝင်နှင့် မည်သည့် ထေရဝါဒကျမ်းစာများမှာမျှ မလာ ရှိပဲ ဒုတိယသံဂါယနာမှစ၍ ထေရဝါဒ ပင်စည်ပင်မဗုဒ္ဓသာသနာ မှ ခွဲထွက်သွားကြရသော ဂိုဏ်းများအချင်းချင်း ထိုးစစ် ခံစစ် လုပ်ရာမှ ထွက်လာသောဝေါဟာရမျှသာ ဖြစ်လေသည်။ ထေရ ဝါဒနှင့် မည်သို့မျှ မဆိုင်ချေ။

ထေရဝါဒ၌ အရေအတွက် အရည်အချင်း ကျဉ်းမြောင်းသလော

ဂိုဏ်းကွဲဂိုဏ်းဖျားများအချင်းချင်း အပြိုင်အဆိုင် မတိုက်ခိုက် ကြမီကပင် ထေရဝါဒ ပင်စည်ပင်မဗုဒ္ဓသာသနာတော်သည် ဣန္ဒိယအတွင်း ခုနစ်ဌာန၊သီဟိုဠ်၊ မြန်မာနှစ်ဌာနအားဖြင့်စောစီး စွာ ကြိုတင်၍ နေရာယူထားနှင့်ပြီး ဖြစ်၏။ မည်သည့် အရော အနှော အပိုအလို မရှိ၊ သန့်စင်ကောင်းမွန်စွာ မြင့်မားသော အရှိန်အဟုန်ဖြင့် အခိုင်အမာ တသီးတခြား တပ်စွဲနေနှင့်ကြပြီး ဖြစ်လေပြီ။

ထိုအချက်ကို ထင်ရှားစေရန် အထောက်အထားများကား များစွာ

ရှိပေသည်။

ဂိုဏ်းကွဲများအချင်းချင်း ဝါဒစစ်ပွဲပြင်းထန်နေချိန် သာသနာ ၄၀၀-စု ဒုဋ္ဌဂါမဏိလက်ထက်၌ ရဟန္တာ အရှင်မြတ်များ ကုဋေချီ၍ရှိနေ၏။

ဣန္ဒိယသာသနာပြု နယ်မြေသစ်များ၌လည်း ရဟန္တာအရှင်မြတ်များ သိန်းသန်းချီ၍ ရှိတော်မူနေကြ၏။ (မဟာစေတီ ပန္နက်ချပွဲ-အခန်း၌ ရှု။) သာသနာ ၅၀၀-စု ဝဋ္ဋဂါမဏိမင်း လက်ထက်မှာပင် ရဟန္တာအရှင်မြတ် သုံးသောင်းခန့် (သီဟိုဠ်ကျွန်းမှာပင်) ထင်ရှား ရှိဘော်မူနေကြ၏။
ယင်းသာသနာ ၅၀၀-စု၊ ၆၀၀-စုတွင် ဂန္ဓာရတိုင်း (အရှင်နာဂသေန ခေတ်)၌လည်း ရဟန္တာအရှင်မြတ်များ ထောင်သောင်းချီ၍ တည်ရှိနေကြောင်း မိလိန္ဒပဉှာ၌ တွေ့နိုင်ပေသည်။

မဟာယာနရဟန်းတော် ဖာဟီယန် ကိုယ်တိုင်ပင် (သာသနာဆယ်ရာစု) မဟာ ဝိဟာရမှ ရဟန္တာ အရှင်မြတ်ကြီး တပါး ပရိနိဗ္ဗာန်ပြု၍ ထိုဈာပနပွဲ အကြောင်း ကိုယ်တွေ့မှတ်တမ်း ရေးထားခဲ့ပေသေးသည်။ (လဘောတရားမှန်၍ အကျင့်မှန်သည်ကိုလည်း သတိပြုရန်။)

## PAGE 127
<!-- 12 paragraphs, raw extraction -->




ထေရဝါဒသည် အရေအတွက်အားဖြင့် ဟီန=အားနည်းမှုမရှိရုံသာမက သဘောတရားအားဖြင့်လည်း မကျဉ်းမြောင်းချေ။ အကျယ်ပြန့်ဆုံးပင် ဖြစ်ပေ သည်။ အကြောင်းကား သာဝက ဖြစ်ရေးမျှလောက်ကိုသာ ဦးမတည်ပဲ ဗုဒ္ဓ, ပစ္စေက ဗုဒ္ဓ ဖြစ်ရေးကိုလည်း ဗုဒ္ဓဝံသ၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဂ္ဂဝိသာဏသုတ် စသည်ဖြင့် လမ်းဖွင့်ပေးထားပြီး ဖြစ်သည်။

စွမ်းအားရှိလျှင် ရှိသလောက်ရှယူနိုင်ရန် ပို၍ပင် ပြည့်စုံ ကျယ်ပြန့်သော အခွင့်အရေးကိုပေးထားရာ သဘောတရား လမ်းစဉ်အားဖြင့်လည်း အဘယ်မှာ ဟိနကျဉ်းမြောင်းပါလိမ့်မည်နည်း။

ထေရဝါဒ သာသနာသည် ဂိုဏ်းကွဲများအချင်းချင်း ဝါဒစစ်ခင်းနေချိန် တွင် အရေအတွက်ရေ, အရည်အချင်းပါ ခိုင်မာစွာဖြင့် သီးခြား ရပ်တည်နေ လာခဲ့သည်မှာ ထင်ရှားလှပေသည်။

အရှင်မဟာဗုဒ္ဓဃောသတို့ သီဟိုဠ်သို့ မကူးမီ (ငယ်ရာစုအစပိုင်း)မှ စ၍မူ ဣန္ဒိယရှိထေရဝါဒသာသနာသည် ဣန္ဒိယတောင်ပိုင်း ကဉ္စိပုရမြို့စသည်၌သာလျှင် စု၍ ပါဠိတော်လောက်ကိုပင် မပျောက်ပျက်, မရောနှောရအောင် ထိန်းသိမ်း နေကြရဟန် တူလေသည်။ နောက်...ရပ်တည်၍ မရသော အခါ သီဟိုဠ်သို့ . ကူးပြောင်းကာ အဋ္ဌကထာ, ဋီကာများကို လွယ်လွယ်ကူကူ ထက်ထက်သန်သန် ရေးသားပြုစုကြလေသည်။

သမိုင်းဆရာတော်တော်များများသည် သဗ္ဗတ္ထိဝါဒ စသော ဂိုဏ်းများကို ထေရဝါဒနှင့်အတူတူဟု ယူဆကာ ထေရဝါဒကိုလည်း ယခုအခါ ဟိနယာန မှားယွင်းစွာ ဖော်ပြနေမိကြလေသည်။

ပင်စည်သည် အကိုင်း မဟုတ်။

ထေရဝါဒသည် ဟိနယာန မဟုတ်ချေ။

ထိုအချက်ကို ထင်ရှားစေရန်….အရှင်မဟာဗုဒ္ဓဃောသတို့မပေါ်မီ လွန်ခဲ့ သော နှစ်ပေါင်းတထောင့်ငါးရာ(၁၅၀၀)ကျော်က ရေးသားခဲ့၍ အစောဆုံး သာသနာဝင်ကျမ်းဖြစ်သော ဒီပဝံသကျမ်း ဂါထာအမှတ်-၅၂၌ ဂိုဏ်းကွဲ-၁၇ ဂိုဏ်းကို ဖော်ပြပြီးနောက်’

““၀ါဒတို့တွင် အကောင်းဆုံးအမြတ်ဆုံးဖြစ်သော ထေရ၀ါဒ သည် ပညောင်ပင်ကြီးနှင့်တူစွာ မြတ်စွာဘုရားအဆုံးအမ သာသ နာတော် အပြည့်အစုံကို (အားလုံးကို) မပိုမဟုတ် ပြညွှန်လျက် ရှိပေ၏။ ကြွင်းသောဝါဒ(ဟိနယာန, မဟာယာနဂိုဏ်းကွဲအယူ) တဆယ့်ခုနစ်မျိုးတို့သည်ကား ထိုပညောင်ပင်ကြီး၌ မှီတွယ် ဖြစ် ပေါ်လာသော ဆူးငြောင့်တို့နှင့် တူကုန်၏။”ဟု ဖော်ပြထား၏။

## PAGE 128
<!-- 9 paragraphs, raw extraction -->


ing


လက်နက်ကောင်းရှိသော ထေရဝါဒ

ဗုဒ္ဓပွင့်ပေါ်ရာ ဣန္ဒိယနိုင်ငံကြီးအတွင်း အယူဝါဒရေးရာရှုပ်ထွေးသကဲ့သို့ နိုင်ငံရေးလည်း ရှုပ်ထွေးလျက်ရှိနေခဲ့၏။ နောက်ဆုံး ၁၃-ရာစု၊ ၁၄-ရာစုခေတ် တွင် အတုရော, အစစ်ပါ ဗုဒ္ဓဝါဒများ အားလုံး အပြီးတိုင် ချုပ်ငြိမ်းကာ သာသနာကွယ်ပခဲ့ရလေသည်။ (ဣန္ဒိယ၌ အဘယ်ကြောင့် သာသနာကွယ်ပရပုံကို “ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ'တွင်လည်း ဖော်ပြထားခဲ့ပြီ။)

အကြမ်းဖက်နယ်ချဲ့စစ်တပ်ကြီးများ ကျူးကျော်လာသောအခါ ရှင်ဘုရင် နှင့် သဌေးသူကြွယ်တို့ ကိုးကွယ်အားထားနေသော ဗုဒ္ဓဝါဒအမည်ခံ တန်ခိုးသိဒ္ဓိ မှော်ဆရာဂိုဏ်း ဘုန်းကြီးများလည်း ဥုံခံ မန်းမှုတ်ယင်းပင် ရှင်ဘုရင် သဌေး သူကြွယ် ဒကာ, ဒကာမများနှင့်အတူ ရန်သူ၏ဓားမှာ ထွက်ရပ်ပေါက်သွားကြရ ရှာ၏။ ဂိုဏ်းဘုန်းကြီးအကြွင်းအကျန်များလည်း ပုဂံ၊ နိပေါနှင့် အများအားဖြင့် တိဗက်သို့ ကုန်းကြောင်းထွက်ပြေး သွားကြရလေ၏။

ထိုရာဇဝင်ရိုင်းကြီးသည် ဗုဒ္ဓဘာသာ နာမည်ကိုသာမက ထေရဝါဒ၏ စစ်မှန်သော သီလသမာဓိပညာအင်အားများကိုပင် သံသယဝင်စေနိုင်လေသည်။
စင်စစ် ပိုးရှုခြပုန်းတို့ မည်သည် အကာ အဆွေးကိုသာ ဖျက်ဆီးနိုင်၍ အသားကျစ်အောင် အနှစ်တည်နေသောအရာကို ဖျက်ဆီးနိုင်ရိုးမရှိချေ။ ထေရ ဝါဒ၏ သီလ မေတ္တာစသော အခြေခံပင်မ အင်အားတို့ကား တန်ခိုးပြသကဲ့သို့ လူမမြင်ရသော်လည်း အလိုအလျောက် ပြီးမြောက်အောင်မြင်မြဲ ဖြစ်လေသည်။
“နှိပ်စက်ဖျက်ဆီးတိုင်း ပျက်စတမ်း' ဆိုပါမူ ထေရဝါဒသည် ၂၅ဝဝ ခရီးသို့ပင် ချီတက်မလာနိုင်လောက်ပေ။ အမှန်အားဖြင့် ထေရဝါဒ၌ အမတ- ခေါ် စစ်မှန် မြင့်မြတ်သော လောကလွန်မသေဓာတ်ကြီးနှင့် အတူ ခန္တီ မေတ္တာ ဟူသောအနှိပ်စက်ခံ ပြီးဆေးအောင်မြင်ရေးလက်နက်ကြီးများ ရှိနေကြပေသည်။
ထိုလက်နက်ကြီးများ သံချေးမတက်သမျှ နှစ်ပေါင်းထောင်နှင့် သောင်း နှင့်ချီ၍ ဆက်လက်ရှင်သန်တည်တံ ့နေဦးမည်မှာ ယုံမှားဖွယ် မရှိပါချေ။

ခေတ်ကတောင်းဆိုလာသော နယ်ခြားတံတိုင်းကြီး

အရှင်မဟာဗုဒ္ဓဃောသသည် အထက်ဖော်ပြပါအတိုင်းနှစ်ပေါင်းထောင် ချီ၍ ပွေလီရှုပ်ထွေးလှသော ဝါဒစစ်ဆင်ရေး ကြားတွင် မွေးဖွားလာရသူ ဖြစ် သည့်အတိုင်း ခေတ်ပေါ်ရှေးဟောင်း ဣန္ဒိယအယူဝါဒများအားလုံးကို(မကြား ချင်မှအဆုံး) ကောင်းစွာ နားလည်ခဲ့ပြီးသူ ဖြစ်၏။

## PAGE 129
<!-- 15 paragraphs, raw extraction -->


:

သိဟိုဠ်ခေတ် စံတော်ဝင် အရိယာများ


ထို ့ကြောင့်လည်း အရွယ်နှင့် မလိုက်အောင် ဝါဒယှဉ်ပြိုင် ငြင်းခုံရန် စိတ်အား ထက်သန်ခဲ့လေသည်။ ထေရဝါဒကိုမတွေ့ရမီ ဗြာဟ္မဏဝါဒကစ၍ မည်သည့်အယူဝါဒကိုမျှ အားရကျေနပ်ခြင်း မရှိသောကြောင့်လည်း ဖြစ်၏။
အရှင်ရေဝတမထေရ်ကြီးထံမှ ထေရဝါဒကိုသင်ယူရရှိပြီးသော်လည်း´ ပါဠိတော် သက်သက်မျှသာရှိ၍ အားရတင်းတိမ်ခြင်းမရှိ။

မ

သာသန၁၉၆၅-ခုနှစ် သီဟိုဠ်ကျွန်း မဟာဝိဟာရ ထေရဝါဒတက္ကသိုလ် ကျောင်းဟော်ကြီးသို့ ရောက်ရှိသောအခါ အဖွင့်အဋ္ဌကဘာများပါ သင်ယူ နာကြားရလျှင်ပင်’

66

“ဒါမှ ဘုရားရှင်၏ အဆုံးအမ အစစ်၊ ထေရဝါဒသာသနာ ပင်စည်ပင် မကြီးဖြစ်သည်” ဟု ကြည်နူးရွှင်ပျအားရနှစ်သိမ့်တော်မူလေသည်။ ထိုအမေ့ကို အသက်နှင့်လဲ၍ ထိန်းသိမ်းတော်မူခဲ့ကြပြီးလျှင် ရိုးရာကိုအထိမခံ၊ လူဆန်၍ခေတ် မိသည်ကို မလိုလားသော မဟာဝိဟာရဆရာ မထေရ်ကြီးများအားလည်း ကျေး ဇူးတင်ကြည်ညိုမဆုံးရှိရလေ၏။

သီဟိုဠ်ကျွန်းသို့ ရောက်ရှိသွားသောအခါ မိမိတို့ဣန္ဒိယပြည်ကြီးအတွင်း နှစ်ပေါင်းများစွာ ရှုပ်ထွေး ပွေလီနေခဲ့ကြသော ဓမ္မရုစိ,မဟိသာသက စသော သက္ကတကျမ်းစာများနှင့် မဟာယာနကျမ်းစာများကို အသစ်အဆန်း ပြုလုပ်၍ မဟာဝိဟာရထေရဝါဒီများနှင့် ဆန့်ကျင်လျက်သင်ယူပို့ချ နေခဲ့ကြသော— (၁) အဘယ.ဂီရိဝါသီဂိုဏ်း(သာသနာ-၄၅၅)၊
(၂) သာဂလိယဂိုဏ်း(သာ-၇၉၇-၈၁၀)၊

(၃) ဇေတဝနဝါသီဂိုဏ်း (သာ-၈၂၉—၈၄၅)များ ဖြစ်ထွန်းနေလေ ပြီကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရလေ၏။ (ထိုဂိုဏ်းခွဲများအကြောင်း နောက်ဆက်တွဲ-ခ၌ ကြည့်ပါ။)

“ဘဝပေါင်းများစွာ ကမ္ဘာပေါင်း အသင်္ချေ နေပင်နေရ သော်လည်း တရားစစ်တရားမှန်တခု ရရှိဖို့အရေးသည်` လွန်စွာ ခက်ခဲလှပါဘိတောင်း”ဟု ဓမ္မသံဝေဂဖြစ်ကာ ထေရဝါဒအဋ္ဌ ကယာကျမ်းသစ်များရေးရန် သန္နိဋ္ဌာန်ချတော်မူလိုက်၏။

ဗုဒ္ဓ

ဃောသ၏

မဟာယာန၊မဟာယာနနှင့် အလားတူသောအလဇ္ဇီဒုဿီလတို့၏ တရားတု တရားယောင်များ ရောနှော ပူးသတ်လာခြင်းသည် အရှင် မဟာ အဋ္ဌကထာကျမ်းသစ်ကြီးများ ထွန်းသစ်ထွက်ပေါ်လာစေရန် နှိုးဆော်တိုက်တွန်း ခြင်းအရင်းမူလ ပဓာနအကြောင်းကြီးဖြစ်ပေ၏။ အဋ္ဌကထာသစ်များသည်မြဲရာ သံပတ်´ဟူသကဲ့ … ဝေါဟာရအတိမ်းအယိမ်းမရှိ တိကျကျစ်လျစ်၍ အသေဆုပ်

## PAGE 13
<!-- 2 paragraphs, raw extraction -->


(၉) လွန်ခဲ့သောနှစ်ပေါင်း ၂၂၀၀-ကျော်က မင်းညီမင်းသား ရဟန်းတော်များ သီတင်းသုံးရာ ဣဿရမုနိ (ဣဆုရုမှနိယ) ကျောင်းနှင့်စေတီတော်

## PAGE 14
<!-- 6 paragraphs, raw extraction -->

( ၁ ၁ ) အမြင့်ဥာဏ်တော် ပေ ၃၅ ၀’ရှိ

လို, စတီတော်


(နောက်ဆက်တွဲ‘ခ’ကြည့်)

ပေါလောÉ (ပုလတ္ထိမြို့) ရှိ၊ အေ-ဒီ ၅၀၀ စုခန့်၊ သီဟိုဠ် ကျောက်ဆစ်ရုပ်ပွားတော်ကြီး၊(မူလထေရဝါဒ ရုပ်ပွားတော်များ တွင် ဦးခေါင်းတော်၌ အဆင်တန်ဆာမပါရှိပုံနှင့် လက်တော်ထားပုံ သတိပြုပါ၊)

(၁၁) >

## PAGE 15
<!-- 3 paragraphs, raw extraction -->


(၁၂) သီဟိုဠ်ကျွန်း မဟာစေတီတော်ကြီး

(အခန်း-၁-ကြည့်။)

## PAGE 130
<!-- 9 paragraphs, raw extraction -->


ဂ ၆


ကိုင်ထားနိုင်စွမ်းသော ပါဠိတော်(မာဂဓဘာသာ)ကို ပို၍ ခိုင်မြဲစေရန်ပါဠိနှင့် သက္ကတ၊ အနတ္တနှင့်အတ္တ၊ ပင်စည်နှင့် အကိုင်းတို့အကြား နယ်ခြားသတ်မှတ်ပေး လိုက်သောတံတိုင်းကြီးပင် ဖြစ်တော့သည်။

(၁) သိဟိုဠ်လူထုက အသစ် အဆန်းများကို ခုံမင်လိုက်စား နေချိန် ထေရဝါဒပိဋက သီဟိုဠ်အဖွင့်ကျမ်းများမှာ မူလက ရိုးတာလှသည့် အထဲ နှစ်ပေါင်း- ၃၀၀ကျော်က ပေရွက်ပေါ် ရေးတင်ခဲ့သောကျမ်း များဖြစ်ခြင်းကြောင့် ရှေးကျ၍ဝေါဟာရ အခက်အခဲများလည်း ရှိနေခြင်း။
၂။ မည်မျှပင်ပုံကောင်း၊အထည်အသားကောင်းသော်လည်း ကိုယ်တိုင်း နှင့်ချုပ်ထားသော သင်တိုင်းအင်္ကျီရှည်(ဘောင်းဘီရှည်)သည် ကိုယ် တိုင်းပေးသူသာ ဝတ်ဆင်နိုင်၍ အခြားသူများနှင့် မတော်သကဲ့သို့ သီဟိုဠ် အဋ္ဌကထာကျမ်းဟောင်းကြီးများလည်း သီဟိုဠ်သားတို့သာ နားလည်နိုင်၍ တိုင်းတပါးသားတို့ နားမလည်နိုင်သဖြင့် သာသနာ ပြုရာ၌ ခရီးမပေါက်ခြင်းတို့ကြောင့် မဟာဝိဟာရမထေရ်ကြီးများနှင့် တကွ အားလုံးကပင် မာဂဓဘာသာဖြင့် အဋ္ဌကထာကျမ်းသစ်များ ထွက်ပေါ်စေရန်လိုလားလျက် ရှိနေခဲ့ကြလေသည်။

အဋ္ဌကထာကို ဘယ်မူဖြင့်ရေးသနည်း

အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာကျမ်းများကိုရေးသားရာ၌မိမိသဘော ကျ၊ ကိုယ်ကြိုက်ကိုယ့်ဆန္ဒတခုတည်းဖြင့် ရေးသားခြင်းမဟုတ်သည်ကို ဤ၌အထူး မှတ်သားရန်လိုပေသည်။ထိုသဘောကိုမသိရှိ-မယုံကြည်ကြသဖြင့် မိမိတို့နှင့် 'နှိုင်း စာကာ မတန်မရာ ပြောဆိုဝေဖန်နေခြင်းဖြစ်၏။

ထိုအချက်ကို အရှင်မဟာဗုဒ္ဓဃောသသည် ကျမ်းစာတိုင်း၏ နိဒါန်းနိဂုံး တို့၌အတည့်အလင်း ဖွင့်ဟဝန်ခံထားပြီးဖြစ်၍. အကျယ်မဝေဖန်မဖော်ပြလိုတော့ ပေ။ အဋ္ဌကထာကျမ်းသစ်များပြုစုရာတွင်’

(၁) ဘုရားရှင်ဖွင့်ဆိုသော ပကိဏ္ဏက ဒေသနာအဋ္ဌကထာ၊ သံဂါယနာ သုံးတန်၌ပါဝင်သော မထေရ်ကြီးများဖွင့်ဆိုသည့် အဋ္ဌကထာအဆုံး အဖြတ်များ အားလုံးကို အရှင် မဟာ မဟိန္ဒထေရ်မြတ် သီဟိုဠ် ဘာသာဖြင့်ရေးတင်ထားသော မူလအဋ္ဌကထာခေါ် မဟာ အဋ္ဌ ကထာကြီးကို သရီယ =ကိုယ်ထည်အမာခံ ပြုထားခြင်း၊

## PAGE 131
<!-- 13 paragraphs, raw extraction -->




(၂) ဝိနည်းအဋ္ဌကထာများအကွက် မဟာပရိုနှင့် ကုရုန္ဒီအဋ္ဌကထာကြီး များကိုလည်း ကိုက်ဆိုင်ထည့်သွင်းထားခြင်း၊

(၃) အထူးသဖြင့် မဟာဝိဟာရဝါသီ ထေရဝါဒီ ပင်စည်သာသနာစောင့် မထေရ်မြတ်ကြီးများ၏ ချပို ့ သင်ကြားနည်းကို အခြေခံမူအဖြစ်

ထားခြင်း၊

(၄) နိကာယ်ဆောင် ပုဂ္ဂိုလ်ကျော်များ၏ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက် များ ထည့်သွင်းခြင်း၊

(၅) အရေးအမှတ် မှားယွင်းချက် (ဝမာဒ လေခ) ရှိနေလျှင်မူ မဟာ အဋ္ဌကထာကိုပင် ပြင်၍ထည့်ခြင်း (ပိ-ဋ္ဌ-၁၊ ၂၇၀။ ၂၇၇။)

(၆) ကျယ်လွန်းလျှင် ကျဉ်းပေး၍ ရှုပ်ထွေးနေလျှင် ရှင်းပေးခြင်း၊
(သဘောတရား အနှစ်သာရကို မပြင်ဆင်၊ မဖြည့်စွက်၊ မပယ်နုတ်။)

ဤမူကိုချ၍ ရေးသားတော်မူခြင်း ဖြစ်ပေသည်။ သီဟိုဠ် နိဿယများကို ဘာသာပြန်ဆိုရုံ သက်သက်မဟုတ်သကဲ့သို့၊ ကြိုက်လျှင် ကြိုက်သလို၊ မကြိုက်လျှင် မကြိုက်သလို၊ လိုရာယူ မလိုရာချန်ပစ်ထားကာ မိမိသဘောတခုတည်းဖြင့် ရေး သားခြင်းလည်း မဟုတ်ပေ။

လောက၌ ကိုယ့်ကျမ်းကို ကိုယ်ကြိုက်သလို ရေးလေ့ရှိကြရာ သာသနာ အတွက် တာဝန်နှင့်လာ၍ သစ္စာနှင့် လုပ်ဆောင် ရသူများအပေါ်တွင်လည်း ကိုယ်ချင်းစာ မှားတတ်ကြပေသည်။

အရှင် မဟာ ဗုဒ္ဓဃောသ အဋ္ဌကထာကျမ်းများ ပြုရာ၌ အနီးကပ်ဆုံး တင်ပြရသော် အဘိဓာန်ရေးသူ၏ တာဝန်နှင့် သစ္စာကဲ့သို့ပင် ဖြစ်ပေမည်။ ရှိသည့် အတိုင်းကို အရင်းအတိုင်း ပြည့်ပုံပေါ်လွင်အောင်သာ တင်ပြခွင့်ရှိ၍ အတ္တနော မတိ=ကိုယ်ပိုင် အယူအဆများကို မထည့်ရ၊ သို့မဟုတ် ဦးစားမပေးရပေ။

သို့ရာတွင် အဋ္ဌကထာဆရာသည် ပြဆိုခဲ့သည့် စည်းကမ်းများအရ ရေး သားပြုစုရာတွင် ဝါဒကွဲ၍ မိမိစိတ်ထဲ မကျေလည်သောအချက် ရှိနေလျှင်၊ သို့ မဟုတ် ဆုံးဖြတ်ချက်ကိုမကြိုက်လျှင်၊ သို့မဟုတ် ဆုံးဖြတ်သ လျက်´ မဆုံးဖြတ်ပဲ ထားခဲ့လျှင် ထိုအနာမျိုးကို ဗလုံးဗထွေးမထား၊ ပြည်ဖုံးကားချ၍လည်း မထား ခဲ့ပေ။ ကိုယ်ပိုင်အယူအဆသစ်တခု ရဲရဲရင့်ရင့် တင်ပြထားသည်ကိုလည်း နေရာ များစွာ၌ တွေ့ပြင်ရပေသည်။ (မ-ဋ္ဌ-၁၊ ၃ဝ။ အဘိ-ဋ္ဌ-၃၊ ၃၁၆။)

## PAGE 132
<!-- 11 paragraphs, raw extraction -->


ဂဂ


ထေရဝါဒ ပင်စည်ပင်မ သာသနာ့ တာဝန်ကြီးတခုလုံးကို တဦးတည်း ကျုံး၍ဆောင်ရွက်ရသေ တာဝန်နှင့်ဘုန်းကံကို ကြည့်လျှင်ပင် မည်သည့် ပြဿနာ မျှ ပေါ်စရာ မရှိပါချေ။ အသစ်အဆန်းများနောက်သို့- စုပြုံ လိုက်ပါနေကြသူ များအား ပြန်လည်၍ မျက်နှာမူလာအောင် ဆွဲဆောင်ရသည်မှာ အလွန် မလွယ် ကူလှချေ။ အချိတ်အဆက်,. အပို ့အယူ, အသုံးအနှုန်းစသော အရှင် မဟာ·ဗုဒ္ဓ ဃောသ၏ ဘဝပါရမီပေး ကိုယ်ပိုင်ရေးဟန်နှင့် အပြင်အဆင်တို့မှာလည်း ဘာ တခုမျှ ဆိုဖွယ်မကျန်ပေ။

ရှင်မဟာဗုဒ္ဓဃောသလုပ်ကြံ ရေးထည့်ထားသောအရာ” ဆိုသည်မှာလည်း စိတ်ကူးမျှဖြင့်ပင် မပြစ်မှား သင့်ပါချေ။ ပရိယတ်, ပဋိပတ် နှံ့စပ်ကျော်ကြား သော ရဟန္တာအရှင်မြတ်ကြီးများလည်း အရှင်မဟာ ဗုဒ္ဓဃောသ၏ အနီးမှာပင် ရှိနေတော် မူကြပေမည်။

ထိုမှတပါး အရှင်မဟာဗုဒ္ဓဃောသနှင့်စပ်၍ အထူးမှတ်သားသင့်သော အချက်တခု ရှိပေသေးသည်။ ယင်းကား အခြားမဟုတ်၊ ဗုဒ္ဓဝါဒနှင့် စင်ပြိုင်ပေါ် လာသော ဝါဒများမှအစ နောက်ဆုံးမဟာယာနဝါဒများအထိ မဇ္ဈိမပဋိပဒါနှင့် ဆန့်ကျင်သောဝါဒ ဗာဟိရအယူအဆမှန်သမျှ(မပြောလျှင်မပြီး၍ တန်သလောက် ညွှန်းပြရုံမှတပါး) မိစ္ဆာအယူများအားလုံးကို ပြည်ဖုံးကား ချထားခဲ့ခြင်းပင် တည်း။ တိတ္ထိကြီးများဝါဒနှင့် နောက်ပေါ် ကပိလရသေ့တို့၏ သင်္ချာဝါဒ၊
အကြုံမူဝါဒများကိုမူ အနည်းငယ် ညွှန်းပြခဲ့၏။)

မိစ္ဆာဒိဋ္ဌိဝါဒ၊မန္တန်အတတ်၊မာတုဂါမ … ဤအရာသုံးမျိုးကို ဖွင့်ဖော်ထားလျှင် သတ္တဝါတို့အား ဒုက္ခဖြစ်စေနိုင်သဖြင့်ဖုံးထားမှ သင့်တော်သောအရာများ”ဟု ဟောတော်မူသည် မဟုတ်ပါလော။
(အင်္ဂုတ္တရ၊ တိက၊ ပဋိစ္ဆန္န သုတ်။)

မိစ္ဆာမန္တန်၊ မာတုဂါမ်၊ ဖွင့်လှန် ကျိုးမရှိး

တရားလ,နေ၊ ဤသုံးထွေ၊ ဖုံးလေ ကျိုးမရှိ။

အရှင်မဟာဗုဒ္ဓဃောသ ယုံကြည်သောဝါဒ ထမ်းဆောင်ရသောတာဝန်၊
ရေးသားရခြင်းအကြောင်းများကို စဉ်းစားလျှင်ပင် “အဘယ့်ကြောင့်”ဆိုသည်မှာ ရှင်းလင်းလှပါသည်။

“ထိုအယူဝါဒများကို မတတ်ကျွမ်းလို့”ဟု ထပ်ဆင့်ကျူးကျော်၍ စော် ကားသည်ကို ကြားတော်မူလျှင်လည်း အဋ္ဌကထာဆရာကြီးသည် ထိုပညာရှိကြီး အား သနားသောအပြုံးဖြင့် ပြုံးပြုံးကြီး နားထောင်ကာ ခွင့်လွှတ်တော်မူမည် သာတည်း။

## PAGE 133
<!-- 12 paragraphs, raw extraction -->



အဋ္ဌကထာ ကိုယ်တွေ့ဝတ္ထုများ၏ ဆွဲအား

ဂ ၉

အဋ္ဌကထာကျမ်းသစ်ကြီးများ ပေါ်ထွက်လာသောအခါ မိစ္ဆာဝါဒများ နှင့် လောလောဆယ် ရှင်ဆိုင်နေကြရသော မဟာဝိဟာရ မထေရ်ကြီးများမှအစ တကျွန်းလုံး ဝမ်းသာမဆုံးကြတော့ပေ။

ကမ္ဘာပေါ်တွင် အထူးခြားဆုံး ဘုရားသုံးဘာသာ၊ပဋိသမ္ဘိဒါဉာဏ်ကိုပင် ရစေနိုင်သော ပါဠိဘာသာ (မာဂဓဘာဘာ)ဖြင့် ရေးသားခြင်းဖြစ်၍ သံဂါ ယနာအဆက်ဆက်၊ မဟာဝိဟာရ ထေရဝါဒီ မထေရ်ကြီးများ အဆက်ဆက်တို့ သင်ယူ ပို့ချလာခဲ့ကြသော ပါဠိတော်၏ အနက်အဓိပ္ပာယ်များသည် ပါဠိ ဘာသာကိုအကြောင်းပြု၍ တကမ္ဘာလုံးသို့ပင် ပြန့်ပွားသွားလေတော့၏။

ထိုအခါ-

(၁) မဟာယာန သက္ကတ ဝတ္ထုကဗျာဆရာကြီး“အဿဃောသ'စသော ပုဂ္ဂိုလ်များက ဗုဒ္ဓဝါဒအပေါ် သဒ္ဓာတရားရှိထားနှင့်ပြီးသူများ၏ အညှာလွယ်တတ်သော သဒ္ဓာနှင့် အထာကို သိထားသည့်အတိုင်း ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကကြီးများ၏ အမည်ကိုသုံးကာ “သုန္ဒရာနန္ဒ= ညီတော်မင်းနန်”စသော ခေတ်ပေါ်ဝတ္ထုကဗျာများနှင့် အသိဉာဏ် နည်းသော အပျော်စာဖတ်ပရိသတ်များကို အတ္တဝါဒ မဟာယာန မြှုးကြီးထဲသို့ ဆွဲဆောင် သိမ်းသွင်းခဲ့ကြ၏။

ထိုခေတ် သီဟိုဠ်သားများလည်း ယင်းဝတ္ထုကဗျာများကိုတကယ့်ဗုဒ္ဓဝင်၊
- တကယ့်ထေရုပ္ပတ္တိ- အဖြစ်အပျက်များထင်ကာ သူ ့ထက်ငါ ဖတ်ရှုလေ့လာနေခဲ့ ကြရာ အဋ္ဌကထာသစ်ကြီးများ ထွက်ပေါ်လာသောအခါ

“မုသာဝါဒ=အတ္တဝါဒကို ဘုရားဟော ဗုဒ္ဓစာပေအစစ် ဖြစ် လေဟန် လိမ်လည်ထားသည့်အပြင်၊

သပ္ဖပ္ပလာပ=ပြိန်ဖျင်းသောစကား အပါယ်လားမည့် စိတ်ကူး ယဉ် လုပ်ကြံ ဝတ္ထုစာပေများဖြစ်ကြောင်း” ကောင်းစွာ သိမြင် သွားကြလေသည်။

( ၂ ) မိမိ ခန္ဓာကိုယ်၌ ရှုမြင်ရမည့် ဗုဒ္ဓ အဘိဓမ္မာကို လောဂျစ်နည်း (တက္ကဗေဒ)၊ ဒိုင်ယာလက်တစ်နည်း (အညမညဗေဒ) စသည်ဖြင့် နာဂဇ္ဇုန(နာဂရ်ဂျန်)စသော ဆရာများ၏ မဇ္ဈိမပဋိပဒါ၊ စကြဝဠာ၊

## PAGE 134
<!-- 10 paragraphs, raw extraction -->


၉ ဝ


အဏုမြူ၊ သုညအတ္တ၊ အနတ္တ အတွေးအခေါ် ဖီလော်ဆော်ဖီများကို အထင်တကြီး လေ့လာဖတ်ရှုနေခဲ့ကြသော သီဟိုဠ်ကျွန်း၏ ထိပ်တန်း သုတေသနပညာရှင် သဘောတရားရေးရာ အဘိဓမ္မာ သမားများ လည်း အဋ္ဌကထာသစ်များ ကျေးဇူးငကြောင့် ထေရဝါဒ အဘိဓမ္မာ သဘောတရားများကို ကြည်ကြည်လင်လင် နားလည် သိမြင်ရ၍ ကျေးဇူးတင် ဝမ်းမြောက်မဆုံးကြတော့ချေ၊

စံတော်ဝင် ဖွဲ့စည်းပုံ

အထူးသဖြင့် ဝိသုဒ္ဓိမဂ်စသော အဋ္ဌကထာသစ်ကျမ်းကြီးများ၌ ကမ္မဿ ကတာဉာဏ် အခြေခံရတနာသုံးပါးမှ ထိပ်ဆုံး ကမ္မဋ္ဌာန်း လုပ်ငန်းများတိုင်အောင် သဘောတရားမှန်၍ ကျင့်ကြံပေါက်မြောက် ချမ်းသာ ရောက်သွားကြသော ရှေသီဟိုဠ်သူ၊ သီဟိုဠ်သား ရဟန်း ရှင်လူ များ၏ ကိုယ့်တွေ့.. ဖြစ်ရပ် အတ္ထုပ္ပတ္တိဝတ္ထုများကိုလည်းဖော်ပြထားရာ ထိုဝတ္ထုများ (စံတော်ဝင် အရိယာ ပုဂ္ဂိုလ်ထူးများ)သည် စာဖတ်နာယူသူတို့အား အဆွဲဆောင်နိုင်ဆုံး အချက်တခု ဖြစ်သွားလေတော့၏။ အားကျ ကြည်ညို၍ မဆုံးကြတော့ပေ။

အရှင် မဟာဗုဒ္ဓဃောသ၏ အရေးအသား အစို ့အယူ များမှာလည်း ဘယ်ခေတ်မျှမရိုးနိုင်သော အရေးအသားဟုပင် ဆိုရပေမည်။ ဓမ္မနှင့်စပ်သော ဟာသဝတ္ထုများကိုပင် ·ဖော်ပြထားရာ ဖတ်ရှူသူတိုင်း ပြုံးရွှင်ကြရ၏။

(အခန်း-၄ ဘုန်းကြီးဦးရွှာပျော် ပိယဂါမိထေရ်”၊ အခန်း-၃၊ အဖမ်း မခံရသော ဆွမ်းခံကိုယ်တော် “စူဠ ပိဏ္ဍပါတိယ တိဿထေရ်” ရှု။)

ဤစံတော်ဝင် အရိယာများ’ကား အရှင်မဟာဗုဒ္ဓဃောသအရှင်မြတ်ကြီး ၏ နိကာယ်အဋ္ဌကထာကျမ်းများမှ တုတ်နုတ်၍ သင့်လျော်ရုံ အခန်းကဏ္ဍဖွဲ့ကာ ဖော်ပြထားခြင်း ဖြစ်ပါသည်။ သို့ရာတွင် ရတနာသုံးပါး အခြေခံ ကံကံ၏ အကျိုးပြစသော ဝတ္ထုများကိုမူ စာမျက်နှာကိုငဲ့၍ ချန်လှပ် ထားခဲ့ရပါသေး သည်။ ပရိယတ်,ပဋိပတ်နှင့် တိုက်ရိုက် စပ်ဆိုင်တော ဝတ္ထုများ၊ ဆရာ ဒကာ ဆက်ဆံရေး သာသနာရေးနှင့် စပ်ဆိုင်သော ဝတ္ထုများကိုမူ တစုံတရာ ခြွင်းချန် ထားခြင်း မရှိ၊ အပြည့်အစုံ ဖော်ပြလိုက်ပါသည်။

အဋ္ဌကထာကျမ်းများနှင့် ဆက်နွှယ်နေသော မဟာဝံသနှင့် သဟဿဝတ္ထု စသော ရှေးသီဟိုဠ်မှတ်တမ်းများမှလည်း စံတော်ဝင် ပုဂ္ဂိုလ်များကို သီးခြား ရွေးထုတ်လျက် အောက်ပါအတိုင်း အခန်းကြီး ၉-ခန်းဖြင့် ဖွဲ့စည်းထားပါသည်။

## PAGE 135
<!-- 15 paragraphs, raw extraction -->





၁။ တိုင်းပြည်နှင့် သာသနာအတွက် အသက် ပေးခဲ့ကြသူ စံတော်ဝင်ပုဂ္ဂိုလ်

များ၊

၂။ ပရိယတ် ပဋိပတ် ပေါင်းစပ်မှုအရာ စံတော်ဝင် မထေရ်များ၊
၃။ အလှူပေးအလှူခံ စံတော်ဝင် ဆရာဒကာများ၊
၄။ သီလခုတင်နှင့် မေတ္တာအရာ စံတော်ဝင်မထေရ်များ၊
၅။ ဇွဲလုံ့လသည်းခံမှုအရာ စံတော်ဝင် မထေရ်များ၊

၆။

သွားလာ လုပ်ကိုင်ယင်း ရှုမှတ်မှုအရာ စံတော်ဝင် မထေရ်များ၊
၇။ ` တန်ခိုးဖန်ဆင်းမှုအရာ စံတော်ဝင်မထေရ်များ၊

.

ဂ။ အသိခက်သော အရိယသဘာဝနှင့် အရိယူပဝါဒကံကြီး၊
၉။ ရှေးသီဟိုဠ်မှတ်တမ်းလာ ရဟန္တာပုဂ္ဂိုလ်ထူးများနှင့် ` နောက်ဆက်တွဲ မှတ်သားဖွယ်များ။

အဆိုပါ အရှင်မဟာဗုဒ္ဓဃောသစသော ထေရဝါဒီပင်စည်သာသနာစောင့် မထေရ်မြတ်ကြီးများ စံတင်ဖော်ညွှန်းတော်မူခဲ့ကြသော သီဟိုဠ်ပုဂ္ဂိုလ်ထူးများကို ဖတ်ရှု ကြားနာရသူတိုင်း ပရိယတ် ပဋိပတ်၊ ဒါန, သီလ ဘာဝနာ သာသနာ လုပ်ငန်းတိုင်းအတွက် အရသာမျိုးစုံထွက်၍ အားတက်ကြည်ညိုမဆုံးကြရပေ။
သဒ္ဓာ, ဆန္ဒ ဝီရိယများလည်း တရှိန်ထိုး အားတိုး ထက်သန်ကြရ၏။
၁။ “သာသနာရေးရာတွင် မည်မျှခက်ခဲကျပ်တည်းသော ဘေးအန္တရာယ်ကြီး များနှင့် ရင်ဆိုင်ရပါစေ၊
အမှန်တရားတခုအတွက် အသက်နှင့်လဲ၍ပင် ထိန်းသိမ်း စောင့်ရှောက်ရမည်’ ဟူသော သင်ခန်းစာ (အခန်း-၁၊
အခန်း-၃)၊

၂။ ခွေးပိန်မကလေးအား ကျွေးရသော ထမင်းတလုတ် (ဒါန) သည်ပင် နိဗ္ဗာန်ဝင်ရာ၌ သူတကာနှင့် မယှဉ်သာအောင် လာဘ်.လာဘ တန်ခိုး သတ္တိကြီးမားပုံနှင့် ထမင်းတလုတ်အပေါ် ထားရှိရသောသစ္စာ၊ ထမင်း တလုတ်၏ အရေးပါပုံများ (အခန်း-၁၊အခန်း-၃၊ အခန်း ၉)မှာလည်း လွန်စွာ အတုယူဖွယ် ကောင်းလှပေသည်။

ငရုတ်သီးတစ်တောင့်ပင်လျှင် ရာဇဝင်တွင်၍ အထိမ်းအမှတ် စေတီတည်ရ သောခေတ် ပေတည်း။

၃။ ဗုဒ္ဓလက်တော်က ကျွတ်ဆုမရလိုက်သော သကုလုဒါယီပရိဗိုဇ်, သစ္စကပရိ ဗိုင်များလည်း အသောကခေတ်, သီဟိုဠ်ခေတ်တို့၌ သာသနာ့ဦးဆောင် ကြီးများအဖြစ် ကျွတ်တမ်းဝင်ကြပုံ စသည်တို့မှာလည်း မှတ်သားဖွယ် ကောင်းလှပါပေသည်။(အခန်း-၂၊ အခန်း-၄။)

## PAGE 136
<!-- 11 paragraphs, raw extraction -->




ရောနှော၍စားချင်သူနှင့် အစားထိုး၍စားချင်သူ

“ထေရဝါဒ ပိဋကကျမ်းစာများမှာ လာသည့်အတိုင်း ယုံယုံကြည်ကြည်နှင့် တကယ်လုပ်လျှင် အဟုတ်ဖြစ်သည်’ ဆိုသောအချက်ကို ဖော်ညွှန်းရာ၌ ခေတ်လူတို့ စိတ်ဝင်စားလာစေရန် အများသိ ဝတ္ထု၊ သက်သေတို့ဖြင့် ဆွဲဆောင်ထား လည်း သဘောတရားအနှစ်သာရကိုမူ လျှော့ဈေးမချ။ အရောအနှောများဖြင့် လည်း မပေးကြပေ။ အရိုးခံချည်းအတိုင်းကိုပင် လုပ်ချင်လာအောင် သဒ္ဓာ,ဆန္ဒ, ဝီရိယကို နှိုးဆွပင့်တင်ပေးတော်မူသည်ကို သင်ခန်းစာယူကြရပေလိမ့်မည်။

ဥပမာ-ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ နာမရူပံ အနိစ္စ၊ ဣတိပိသော ဘဂဝါ အရဟံ - အရဟံ ၀တ သော ဘဂဝါ စသည် ထေရဝါဒ ပိဋကတော်၌ တိုက်ရိုက်မလာသော အရောအနှော ဆင်တူယိုးမှားများ၊ “ဂုဏ်တော်ကို နှလုံး မသွင်းတတ်သေးခင် ပုတီးစိပ်ပေါ့၊ သီလငါးပါးလုံး မတတ်နိုင်ယင် နှစ်ပါး သုံးပါး အဓိဋ္ဌာန်ပြီး ထိန်းပါ”စသည်ဖြင့် အဆင့်မြင့် ဘာသာရေး အလုပ်ကြီး များ မလုပ်နိုင်သေးသော ဘာသာရေး အောက်ခြေသမားတို့အတွက် ဟုဆိုကာ သဘောတရား အနှစ်သာရကို လက်လှမ်းမီအောင်နှိမ့်၍၊ လျှော့ဈေးချ၍ ပေး သလိုလိုနှင့် အစားထိုး လမ်းလွှဲပေးခြင်းများ..။(အစစ်ကိုလျှော့၍ စားရမူကား မထောင်းတာ၊ တန်သလောက် အားဖြစ်ပေသေး၏။)

မြတ်စွာဘုရားရှင်သည် လူတို့မကျင့်နိုင်သော အကျင့်များကို ထားတော် မမူခဲ့ပေ။ ၀-လုံးတန်းအောက် နိမ့်သောအတန်းလည်းမရှိချေ။ အစ’မကောင်း လျှင် အနှောင်းလည်း မသေချာနိုင်။

မီးရထားလမ်းချော်၍ မှောက်ရာ၌ အများကြီးမဟုတ်။ တဆံချည်မှစ၍ လမ်းချော် သွားခြင်းဖြစ်သည်။

ဒီဂရီအချိန်ပိုလွန်၍ အဏုမြူပေါင်းဖိုကြီး ပေါက်ကွဲရခြင်းသည် တနာရီ၊
နှစ်နာရီ ပိုလွန်ခြင်းမဟုတ်၊ စက္ကန့်ကလေး မျှသာတည်း။

နတ်သုဒ္ဓာ တအိုးလုံး သွန်ပစ်လိုက်ရသည်မှာလည်း မစင် အရွေးသား ကြောင့်သာ ဖြစ်သည်။

စီးပွား ဥစ္စာ အာဏာ ရာထူးတိုး၍ သတ္တဝါတို့ အမျိုးမျိုး ချမ်းသာ ကြီး ပွားချင်နေကြသည်ကို ဘုရား အရိယာတိ သိမြင်တော်မူကြပြီးပင် ဖြစ်ပါ၏။
အရောအနှောနှင့် ပေးခြင်း၊ လျှော့ဈေးချခြင်း၊ အစားထိုးပေးခြင်းများကြောင့်

## PAGE 137
<!-- 11 paragraphs, raw extraction -->




မမြင်ရသော အင်အား သတ္တိများ မည်မျှ သေးသိမ် အားနည်းသွား၍ ထိုမှ ဆင့်ကာ ဆင့်ကာ တွဲလုံးမှောက်သည်အထိ ဆက်တိုက်လမ်းချော်စရာတွေ မည်မျှ ရှိနေသည်ကို ဘုရား, အရိယာ ပညာရှိ သူတော်ကောင်းများမှတပါး မည်သူ မည်သို့ သိနိုင် ပါချိမ့်မည်နည်း။

သတ္တဝါအများ ချမ်းသာစေရန် ဘုရားရှင်နှင့်တကွ ထေရဝါဒ မထေရ် မြတ်ကြီးများ ထုတ်ဖော် ပေးကျွေးတော် မူခဲ့ကြသော ဒါန သီလ ဘာဝနာ ဈာန် မဂ်ဖိုလ် အမြိုက်သုဓာများကို သည်ထဲကမှ ရောနှော၍ စားချင်ပါသည်။
အမြိုက်သုဓာအစစ်မဟုတ်၊ ဆင်တူယိုးမှားကိုပင် အစားထိုး၍၊ လျှော့၍ စားချင် ပါသည် ဆိုခဲ့သော် မည်သူ မည်သို့ တတ်နိုင်ပါချေတော့မည်နည်း။

ဘုရားဟော ဇကားတော်များကို ကိုယ်လိုသလို အဓိပ္ပာယ် ဖော်ခြင်း၊
ဘုရားဟောမဟုတ်သော တရားများကို ဘုရားဟောလုပ်ခြင်းစသော ဆင်တူ ယိုးမှား တရားအတုအယောင်များကြောင့်ပင် အဆက်ဆက် သံဂါယနာတင်ခဲ့ရ သည်ကို အထူး သတိမူသင့်ကြလေသည်။

အရှင်မဟာဗုဒ္ဓဃောသ သီဟိုဠ်ဘာသာမှ ပါဠိဘာသာဖြင့် အဋ္ဌကထာ ကျမ်းများ ရေးသားခြင်းသည်လည်း သံဂါယနာတင်သကဲ့သို့ပင် ကျေးဇူးများလှ သဖြင့် သာသနာလျှောက်စာတမ်းများတွင် “ဆဋ္ဌသံဂါယနာ”ဟူ၍ပင် သတ်မှတ် တော်မူခဲ့ကြ၏။

စလေဦးပုည၏ သာသနာလျှောက် စာတမ်း၌’

အရှင်နာဂသေနနှင့် မိလိန္ဒမင်းကြီးတို့၏ ဒေသနာဆွေးနွေး ပွဲကိုပဉ္စမသံဂါယနာ”ဟု သမုတ်၍၊ အနော်ရထာ မင်းကြီး လက် ဆက် အရှင်အရဟံ အမှူးပြုသော ရဟန္တာအရှင်မြတ်များ သရပါ တံခါးအနီး အမြင့် ၆ဝ-ပေ၊ အကျယ်စတုရန်း ၅၁-ပေရှိ ပိဋက တိုက်တော်ကြီး၌ သထုံမှရသော ပိဋကနှင့် သီဟိုဠ်မှ ရသော ပိဋကတော် မူနှစ်ခု ညှိနှိုင်းတော်မူကြသည်ကို၊ သတ္တမသံဂါယနာ” ဟု မော်ကွန်း ထိုးခဲ့ကြဖူး၏

ယင်း ပိဋကတိုက်ကြီးကို မြန်မာ-၁ ၁ ၃၅-ခုနှစ်က ဘိုးတော် မင်းတရားကြီး ထပ်မံ’ပြုပြင်တော်မူခဲ့သည်။

သထုံမှ ပိဋကကို ခရစ် ၁ဝ၅၆-ခုနှစ်ရ၍ သီဟိုဠ်မှ ခရစ် ၁ ဝ ၇၅-ခုနှစ် ရသည်ဟု ခေတ်သုတေသီတို့ သတ်မှတ်ကြသည်။

## PAGE 138
<!-- 4 paragraphs, raw extraction -->




အရှင်မဟာ ဗုဒ္ဓဃောသ၏ အဋ္ဌကထာသစ်များ ထွက်ပေါ် လာသော အခါ သီဟိုဠ် သာသနာတွင်မျှမက ခေတ်ပြိုင် ကမ္ဘာအရပ်ရပ်ရှိ ထေရဝါဒ သာသနာလည်း အနှစ်သာရအားဖြင့် ပို၍ တောက်ပြောင်လာခဲ့၏။ သီဟိုဠ် ကျွန်း၌ ရောက်ရှိနေကြသော ဣန္ဒိယတောင်ပိုင်းသား ထေရဝါဒ ပညာရှင်များ ကလည်း ကြွင်းကျန်သော အဋ္ဌကထာ,ဋီကာကျမ်းများကို ဆက်လက်ရေးသား ဖြန့်ဝေကြလေသည်။

## PAGE 139
<!-- 6 paragraphs, raw extraction -->


(၅)

သီဟိုဠ်’မြန်မာ ဆက်ဆံရေးနှင့် သာသနာရေး ရပ်တည်မှ

သာသနာတော် ဆယ်ရာစု (ရှင်မဟာ ဗုဒ္ဓဃောသတို့ခေတ်) နောက်ပိုင်းမှ စ၍ ဣန္ဒိယနိုင်ငံကြီးအတွင်း နိုင်ငံရေး ရှုပ်ထွေးသည်နှင့်အမျှ မဟာယာနတို့ လည်း တပြည်ထောင်လုံးလွှမ်းမိုးနိုင်ခဲ့ဟန် ရှိပေ၏။ သို့ရာတွင် ထေရဝါဒ အမာခံ များဖြစ်သော သီဟိုဠ်နှင့် မြန်မာနိုင်ငံတို့၌မူ နိုင်ငံတော်ဘာသာအဖြစ်သို့ ရောက် အောင် မလွှမ်းမိုးနိုင်ခဲ့ချေ ။

ပိဋကအနှစ်ချုပ် အလုပ်စခန်းပြဝိသုဒ္ဓိမဂ်ကျမ်းကြီး”ကား တရားတု တရား ယောင်များကို ဟန့်တားဖယ်ရှားရာ၌ လက်တွေ့အကျဆုံး၊ အင်အားအပါဆုံး ကျမ်းကြီးဖြစ်ခဲ့၏။

မဟာယာနတို့သည် အေဒီ ၇၀၀-စု၊ ၈၀၀-စု တွင်ကား အင်အား အကောင်းဆုံး ဖြစ်လာကာ တိဗက်နှင့် အရှေ့တောင်အာရှ တခွင်လုံးသို့ပင် နယ် ပယ်သစ် ဖွင့်လှစ်နေကြပေပြီ။ သီဟိုဠ်နှင့် မြန်မာနိုင်ငံတို့လည်း အပြင်းအထန် ခုခံ နေကြရ၏။ မြန်မာတို့ကား အေဒီ ၁၁-ရာစု(သာသနာ-၁ ၅ ၉ ၉-ခန့်၊ အနော်ရထာ သထုံသိမ်းစဉ်) အထိ အလူးအလဲ ခံခဲ့ကြရသည်။ ဣဒ္ဓိပြည်ကြီးနှင့် ပို၍နီးစပ်စွာ ရပ်တည်နေရသော သီဟိုဠ်နိုင်ငံကား ဆိုဖွယ်ရာမရှိပြီ။

## PAGE 140
<!-- 11 paragraphs, raw extraction -->

'



ယေ


[သီဟိုဠ်၌အေဒီ-၆ ၅ဝနှင့် ၇၅၀-အတွင်းကရေးထိုးခဲ့သောတိရိ ဂိရိကန္တု” ကျောက်စာ၊ ရခိုင် ဝေသာလီ၌ အေဒီ ၇၂၀-ခုနှစ် ရေးထိုးသော (မန္တလေးရှိ မဟာမုနိ ရုပ်ပွားတော် သွန်းခဲ့သူ မဟာယာန သာသန ဒါယကာ) အာနန္ဒစန္ဒြမင်း ကျောက်စာ၊
သထုံ ရွှေစာရံဘုရားအတွင်းရှိ ခေတ်ပြိုင်ဖြစ်သော မွန်ဘာသာရေး “တြာပ် ကျောက်စာနှင့် ပဏ္ဍိတ်ကျောက်စာ” စသည်။]

သာသနာဂိုဏ်းကွဲများကို ဖြေရှင်းရဲသော အာဇာနည်မင်းများ

အထူးသဖြင့် သီဟိုဠ်နိုင်ငံကလေးသည် …

၁။ စောဠတိုင်းသား ကျည်းကုလားများ၏ အန္တရာယ်(ဝါ)ဗြာဟ္မဏဝါဒ အတ္တဝါဒ အန္တရာယ်သည် သာသနာမျိုးစေ့ ကျပြီးသည်နှင့် မရှေး မနှောင်း ပူးကပ်လာသော အကြမ်းဖက် အဖျက်အဆီးတခုဖြစ်၏။
[ယခုတိုင် သီဟိုဠ်ရဟန်းတော်တို့အတွင်း၌ပင် ဇာတ်ဝါဒကို အကြွင်းမဲ့ မဖယ်ရှားနိုင်သေး။ ဘုန်းတော်ကြီးကျောင်းတွင်း၌ အပရိဝုဏ် ဗောဓိပင်နှင့်အတူ နတ်စင်များ ထားပေးနေရသေးသည်။ အချို့ ဘုရားပွဲများကိုလည်း . နတ်ပွဲနှင့် ရော၍ ပူးတွဲ ကျင်းပနေကြသည်။]

၂။ သာသနာ ၅၀၀-စု အလယ်ခေတ်လောက်ကစ၍ မဟာယာနအန္တရာယ် ကြီးက ထပ်မံဝင်ရောက် ပူးသတ်လာပြန်ရာ ပထမ ပရက္ကမဗာဟု မင်းကြီးလက်ထက် (သာသနာ-၁၇ဝ ဂ) တိုင်အောင်ပင် ဖြစ်သည်။
နှစ်ပေါင်း တထောင်ကျော်မျှ ပူးကပ်ရောသတ်ခြင်း ခံခဲ့ရ၏။
ဆင်တူယိုးမှား ပူးကပ်လှာသော မဟာယာန အန္တရာယ်သည် ပို၍ ကြောက် ဖွယ်ကောင်းလှသည်။

သီဟိုဠ်ဘုရင်တို့သည် လောလောဆယ် ရာဇပလ္လင်ကိုလုယက်၍ ထေရဝါဒ ကို ဒုတိယဖျက်ဆီးသော ကုလားအန္တရာယ်ကိုသာ မြင်လွယ်ကြ၏။ ခုခံ ကာကွယ် ကြ၏။ သီဟိုဠ်သားတို့၏ နှလုံးသည်းပွတ်ဖြစ်သော ထေရဝါဒကို ဖျက်ဆီးသည့် အလဇ္ဇီ ဒုဿီလနှင့် မဟာယာနအန္တရာယ်ကိုမူ ဘုရင်တိုင်း မမြင်ခဲ့ကြချေ။ မမြင် ရုံမျှသာမက ဝဋ္ဋဂါမဏိ, မဟာသေနတို့ကဲ့သို့သော ဘုရင်များသည်ပင် မဟာ ယာန သာသနဒါယကာ ခံယူမိရှာကြ လေတော့သည်။

## PAGE 141
<!-- 11 paragraphs, raw extraction -->




ဘုန်းကံနည်းပါး၍ အသိဉာဏ်ခေါင်းပါးသော မင်းများကြောင့်လည်း မဟာယာနသည် နှစ်ပေါင်းထောင်ကျော် အမြစ်တွယ်ခဲ့ရာ ဘုန်းကံကြီးမား၍ ဆရာသမားကောင်းအမှီရသော (အနော်ရထာ, ဘိုးတော်, မင်းတုန်းမင်းကြီးတို့ ကဲ့သို့သော)မင်းများလည်း ပေါ်ပေါက်ခဲ့၏။

မင်းဆက်ပေါင်းရာချီ၍၊ နှစ်ပေါင်းထောင်ချီ၍ မှားခဲ့သော အမှားကြီးကို ရဲဝံ့ပြတ်သားစွာ ဖယ်ရှားနိုင်သော ဘုန်းသမ္ဘာကံ ဉာဏ်အာဏာစက် ကြီးမားသည့် မင်းကောင်းမင်းမြတ်တပါးတလေ ပေါ်ထွန်း လာလျှင်ပင် တိုင်းပြည်နှင့် သာသနာအတွက် တခေတ်ပြောင်းပစ်နိုင်သည်သာ ဖြစ်၏။

သီဟိုဠ်ကျွန်း၌သီရိသင်္ဃဗောဓိမင်း၊ ဝေါဟာရိကတိဿမင်း၊ ဂေါဋ္ဌာဘယ မင်းနှင့် အထူးသဖြင့်´ ပထမ ပရက္ကမဗာဟုမင်းတို့သည် ထိုကဲ့သို့သောမင်းများ ဖြစ်လေသည်။ ပရက္ကမဗာဟုမင်းကြီးကား (အနော်ရထာမင်းကြီးကဲ့သို့) တိုးတက် သော နိုင်ငံတော် ပြုပြင်ရေး စီမံကိန်းများချ၍လည်း ဆောင်ရွက်ခဲ့၏။ သူ၏ လုပ်ဆောင်ချက်တို့ကား နောက်ပိုင်းခေတ်တွင် တိုင်းပြည်နှင့် သာသနာအတွက် အပြောင်မြောက်ဆုံး, အထိရောက်ဆုံး ဖြစ်ခဲ့သည်။

အထူးသဖြင့် သီဟိုဠ်သာသနာ၌ နှစ်ပေါင်းတထောင်ကျော် အခိုင်အမာ ကိုင်စွဲနေကြသော သာသနာဂိုဏ်းကွဲကြီး သုံးစုကို တခုတည်းပြုကာ အမှန်တရား အတွက် သတ္တိရှိရှိ ဆောင်ရွက်ခဲ့သူအဖြစ် သာသနာသမိုင်းတွင် သားစဉ်မြေးဆက် ကျေးဇူးတင် ဂုဏ်ပြုမဆုံး ရှိနေခဲ့လေသည်။ မြန်မာ့သာသနာဝင်တွင် အနော်ရထာ မင်းကြီးကဲ့သို့ ပရက္ကမဗာဟုမင်းကြီး၏ သာသနာရေး လုပ်ဆောင်ချက်သည် သာသနာနှင့်မကင်းသော မင်းတိုင်းအတွက် သင်ခန်းစာ မှတ်တိုင်ကြီးတခုအဖြစ် ရပ်တည်၍ ထွန်းပြနေဆဲပင် ရှိလေသည်။

ထို့ကြောင့်လည်း မဟာဝံသခေါ် ကမ္ဘာကျော် သမိုင်းကျမ်းကြီးနှင့် သာသနာလင်္ကာရစသော သမိုင်းကျမ်းများတွင် သီးခြားဂုဏ်ပြု ဖော်ကျူးခြင်း ခံယူရလေသည်။ သီဟိုဠ်သာသနာ ဂိုဏ်းကွဲများနှင့်စပ်၍ “သာသနာလင်္ကာရ စာတမ်း’၃၆-၌ အောက်ပါအတိုင်း မှတ်ဘမ်းတင်ထားခဲ့ရ၏။

..

.

“သီရိသင်္ဃဗောဓိမင်း၊ ဝေါဟာရိက တိဿမင်း၊ ဂေါဋ္ဌာဘယ မင်းတို့လက်ထက် (သာသနာတော်ကို) သုတ်သင် ပြုစုသော်လည်း အဓမ္မဝါဒီ ဂိုဏ်းကွဲဂိုဏ်းခြား မကင်း၍ အချင်းခပ်သိမ်း မသန့်ရှင်း မစင်ကြယ်လေ။ သီရိသင်္ခဗောဓိ ပရက္ကမဗာဟု မဟာရာဇာမင်း၊
ဝိဇယ ဗာဟုမင်းတို့လက်ထက်မူကား အဓမ္မဝါဒီ ဂိုဏ်းကွဲဂိုဏ်းခြား မရှိ ပျောက်ကင်း၍ အချင်းခပ်သိမ်း သန့်ရှင်းစင်ကြယ်လေ၏။”

## PAGE 142
<!-- 9 paragraphs, raw extraction -->




သာသနာတော်ကို ချီးမြှောက်၍ ပြုစုသူထက် ငါမှန် သူမှား အငြင်းပွား နေစဉ် အမှားအမှန်ကိုခွဲခြားသိမြင်လျက် အမှန်ဘက်က ပြတ်ပြတ်သားသားရပ် တည်ကာ သာသနာရန်စပင်းကို နှိမ်နင်း၍ပြုစုနိုင်သူကိုသာလျှင် သာ၍ အထူးချီး ကျူးအပ်ပေသည်။

သီဟိုဠ်နှင့် မြန်မာနိုင်ငံ ဆက်ဆံရေးသမိုင်း

သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံတို့သည် လူမျိုးရေးဇာတိအားဖြင့် ခြားနား ကြသော်လည်း နိုင်ငံကြီးများအနီး၌ ရပ်တည်ရသူ ဘဝတူချင်း၊ အသိအမြင်တူ ချင်း ဖြစ်ကြသဖြင့် အမြဲတမ်း အေးအတူ ပူအမျှ လက်တွဲခဲ့ကြ၏။ဘာသာရေး၊
စီးပွားရေး အားဖြင့် သာမက ´ နိုင်ငံရေးအားဖြင့်လည်း အပေးအယူ ရှိခဲ့ကြ လေသည်။

စင်စစ် သီဟိုဠ်-မြန်မာ ဆက်ဆံရေးသည် သမိုင်းစာတမ်း တကျမ်းတဖွဲ့ ရေးတင်လောက်ပေ၏။ ဤ၌ကား မာတိကာသဘောမျှလောက်ကိုသာ ဖော်ပြ နိုင်ပါသည်။ သို့ရာတွင် အနော်ရထာ ခေတ်မတိုင်မီ နှစ် ပေါင်း တ ထောင် ကာလကဆက်ဆံရေးသမိုင်း ကွင်းဆက်များကား လစ်လပ်လျက်ပင် ရှိနေခဲ့သဖြင့် ဆက်လက်၍ သုတေသနပြုရပေဦးမည်။

သထုံ ခေတ်ဦး

၁။ ဒုဋ္ဌဂါမဏိမင်းကြီး(၁၀၁–၇ ၇’ဘီ၊စီ)မဟာစေတီ ပန္နက်ချပွဲပြုလုပ် ရာတွင် သထုံပြည် ကေလာသကျောင်းတိုက်ကြီးမှ ဈာန်အဘိညာဉ်ရ ရဟန္တာအရှင်မြတ်ကြီး ကိုးသောင်းခြောက်ထောင်တို့ ကောင်းကင် ခရီးဖြင့် ကြွရောက် ချီးမြှောက်တော်မူခြင်းသည် တွေ့ရှိရသမျှတွင် ပထမဆုံးသော သီဟိုဠ် မြန်မာ သာသနာရေး ဆယ်ဆံမှုဖြစ်သည်။
(မဟာဝံသ-၂၉၊ ၃၃နှင့် သီဟိုဠ်-ဒေါက်တာသီဝလိ၏ ဗုဒ္ဓသမိုင်း ။) ၂။ -မွန် မြန်မာသမိုင်း စာတမ်းဟောင်းများ၌ အဋ္ဌကထာဆရာ အရှင် မဟာ ဗုဒ္ဓဃောသအား မြန်မာနိုင်ငံသားအဖြစ်ဖော်ပြကြရာ သီဟိုဠ်သို့ ပိဋကများ သွားရောက်ကူးယူကြောင်း ပြဆိုကြ၏။ မည်သို့ဖြစ်စေ သထုံပြည် မနူဟာမင်းဆရာတော်များ လက်ထက်တိုင်အောင် ရှိနေခဲ့ သော ပိဋကများလည်း သီဟိုဠ်မှပင် ကူးယူ ရရှိခဲ့ပေလိမ့်မည်။
.. (မွန်ရာဇဝင်၊ စေတီသမိုင်းပေါင်းချုပ် စသည်။)

## PAGE 143
<!-- 10 paragraphs, raw extraction -->



ပုဂံခေတ်


ဣန္ဒိယ၊ သီဟိုဠ်နှင့် အရှေ့တောင်အာရှတခွင်လုံး ထေရဝါဒသာသနာ တော် မှေးမှိန် ကျဆင်းနေချိန်တွင် မြန်မာနိုင်ငံ၌သာမကသီဟိုဠ် နိုင်ငံ၌ပင် ထေရဝါဒ သာသနာတော် စင်ကြယ်သန့်ရှင်း ထွန်းလင်း တောက်ပအောင် ဆောင်ရွက် နိုင်သသူမှာ အနော်ရထာမင်းကြီး (အေ-ဒီ- ၁၀၄၄-၁၀၇၇)ပင် ဖြစ်၏။

ယဉ်ကျေးမှုနှင့် လူမျိုးစုဆက်ဆံရေးတွင် ဣန္ဒိယနှင့် တရုတ်နိုင်ငံကြီးများ ကိုပင် ကျော်လွှားကာ ကုန်းကြောင်း၊ ရေကြောင်း ဆက်သွယ်ရေးကောင်းသော အရှေ့တောင်အာရှ စံပြနိုင်ငံတော်တခုအဖြစ် ရှပ်တည်ပြခဲ့လေသည်။

ထီးပြိုင် နန်းပြိုင်ဖြစ်သော သီဟိုဠ်ကျွန်း ပထမဝိဇယဗာဟုခေါ် သီရိ သင်္ဃဗောဓိမင်း (အေ-ဒီ- ၁ ၀ ၆၅-၁၁၂၀)က ဣန္ဒိယတောင်ပိုင်း စောဠတိုင်း သား ကုလားများနှင့် စစ်တိုက်ရစဉ် စစ်ရေးရှုံးနိမ့်သဖြင့်.. အနော်ရထာမင်းထံ စစ်ကူတောင်းခဲ့ဖူး၏။ တဖန် အေ-ဒီ-၁၀၇၁-ခုနှစ်တွင် စစ်ဘေးစစ်ဒဏ်ကြောင့် သီဟိုဠ်နိုင်ငံတွင် သာသနာဆက်ပြတ်လုဖြစ်နေ၍ သီဟိုဠ်မင်း၏မေတ္တာရပ်ခံချက် အရ အနော်ရထာမင်းသည် ပုဂံနေပြည်တော်မှ သာသနာပြု မထေရ်ကြီးများ စေလွှတ်၍လည်း သာသနာရေး တပ်ကူပေးခဲ့၏။

ထို စစ်ရေး, သာသနာရေး အကူအညီများကြောင့် နှစ်ပြည့်တပြည် ပို၍ ချစ်ကြည်ရင်းနှီးလာကြ၏။ပုဂံရွှေစည်းခုံစေတီ၌ဌပနာရန် စွယ်တော်နှင့်ပိဋကများ ကိုပါ သီဟိုဠ်မှ လက်ဆောင်ရရှိခဲ့လေသည်။ (မဟာဝံသ ခေါ် စူဠဝံသနှင့် ပုဂံ ရွှေစည်းခုံ စေတီ သမိုင်း။)

အလောင်းစည်သူ၊ ထိလိုင်မင်းခေါ် ကျန်စစ်မင်းနှင့် နရပတိစည်သူ မင်းတို့ လက်ထက်များတွင်လည်း သီဟိုဠ်-မြန်မာ ဆက်ဆံရေးတိုးပွားလျက်ပင် ရှိပေသည်။ ပြည်ရွှေဆံတော် မွန်ကျောက်စာ-နှာ- ဂ၊မဟာရာဇဝင်ကြီး-၂ ၅၅- ၂၆ဝ၊ ကျောက်စာပုံ ၁၉-ခ (၂၄) ဦးကုလား မဟာရာဇဝင်ကြီးအလို အလောင်းစည်သူ၊ တွင်းသင်း ရာဇဝင်သစ်အလို (၎င်း၏မြေး) နရပတိစည်သူ မင်းကြီးသည် သမုဒ္ဒရာခရီးထွက်တော်မူရာ သီဟိုဠ် မလေးရှား (မလ္လာယု)သို့ပင် ရောက်သည်ဟု ဆို၏။]

နရပတိစည်သူမင်းကြီး(အေဒီ- ၁၁၇၄-၁၂၁၁ ခန့်)လက်ထက်တွင်ကား မင်းကြီး၏ဆရာ ဥတ္တရာဇီဝမထေရ်နှင့် ပုသိမ် ငပုတောမြို့နယ် ဆပ္ပဒရွာသား

## PAGE 144
<!-- 8 paragraphs, raw extraction -->


000


ဆပ္ပဒသာမဏေတို့ သီဟိုဠ်သို့ကြွရောက်ရာမှ အပြန်တွင် တာမလိတ္တိသား သီဝလိ ထေရ်၊ ကမ္ဗောဇမင်းသားယခုအခေါ် ကမ်ပူးချားနိုင်ငံ၊သတ္တမ၊ဇယဝါရမန်မင်း (ခရစ်- ၁၁၈၁–၁၂၀၀)၏သားတော်] တာမလိန္ဒထေရ်၊ကဉ္စိပုရသား အာနန္ဒ ထေရ်၊ သီဟိုဠ်သား ရာဟုလထေရ်များပင် မြန်မာနိုင်ငံ ပုဂံနေပြည်တော်သို့ လိုက်ပါလာကြလေသည်။ (အကျယ်ကို သာသနာလင်္ကာရ ၅၉-၆၁။ မှန်နန်း-ပ၊
၃၂၀-၁ ရှု။) သီဟိုဠ်-မြန်မာ ဆက်ဆံရေးမှာ ပို၍ကျယ်ပြန့်လာ၏။ သို့ရာတွင် မာန်မာနကြောင့် သံဃာဂိုဏ်းကွဲမှုကြီး စတင်ဖြစ်ပေါ် ခဲ့ရသည်မှာ သာသနာ့ ဝန်ဆောင် အရှင်မြတ်တို့ သင်ခန်းစာယူဖွယ်ဖြစ်၏။

၄။ အလောင်းစည်သူမင်း၏ သားတော်ငယ်ဖြစ်သူ နရသူမင်း (အေဒီ- ၁ ၁ ၆ ၀ – ၁ ၁ ၆ ၅ခန့်) လက်ထက်၌ သီဟိုဠ်-မြန်မာဆက်ဆံရေးကား ရာဇဝင်ပြဿနာဘရပ် ရှိခဲ့၏။ ယင်းပြဿနာကိုထား၍ ထိုမင်းလက် ထက် မြန်မာ ရဟန်းတော်များ သီဟိုဠ်ကျွန်းသို့ အကူးအပြောင်း အသွားအလာများကြ၏။

ရက်စက်ကြမ်းကြုတ်သော မင်းဆိုးမင်းညစ် ဖြစ်သဖြင့် သန်စွမ်းသော ရဟန်းများကို လူထွက် အလုပ်လုပ်ခိုင်းသဖြင့် ရဟန်းတော်များ သီဟိုဠ်ကျွန်း၌ ခိုလှုံကြရသည်။ သာသနာပြု သုကူမထေရ်ကြီးမှာ နန်းတက်စကပင် သီဟိုဠ်သို့ ကြွကာ နရပတိစည်သူမင်း လက်ထက်ကျမှ ပြန်ကြွလာတော်မူ၏။ (မှန်နန်း-ပ၊
၃ဝ၁-၃၂၀။)

ဤ နရသူခေါ် ကုလားကျမင်းနှင့်စပ်၍ ဖြစ်ပေါ်ခဲ့သော ရာဇဝင် ပြဿနာကား သီဟိုဠ်နှင့် မြန်မာတို့ စစ်ဖြစ်ပွား၍ နရသူမင်း ကျဆုံးရသည်ဟု ရော်ရမ်းမှန်းဆသူများ ရှိခဲ့ဖူး၏။ ထိုသူများကား မြန်မာကို သေးသေးကလေး ဖြစ်အောင် ပိပိရိရိ ပညာသားပါပါရာဇဝင်ကို ပုံပြောင်းလေ့ရှိသော ဗြိတိသျှ သစ္စာတော်ခံ မြန်မာ သမိုင်းပညာရှင် အင်္ဂလိပ်လူမျိုး ဂျီ-အိပ်ချ်၊ လု-စ်နှင့် အပေါင်းပါများ ဖြစ်လေသည်။

ပြဿနာစတင်ရာကား စူဠဝံသဖြစ်၍ ပရက္ကမဗာဟုမင်းလက်ထက်(အေ-ဒီ ၁ ၁၅ ၃-၁၁၈၆) ခရစ်နှစ်- ၁ ၁ ၆၅၊ မေ-ဇွန်လအတွင်း သီဟိုဠ်က မြန်မာနိုင်ငံ တွင်းသို့ စစ်သည်သင်္ဘောများစွာဖြင့် စစ်ချီတက်ကာ ဥက္ကာမမြို့တွင်ရာမညမင်းကို သုတ်သင်လိုက်သည်ဟု စူဠဝံသ၌ ပါရှိလေသည်။ ထိုဖြစ်ရပ်နှင့် ဆက်စပ်သော သီဟိုဠ်ကျောက်စာတချပ်လည်း ရှိလေသည်။ ယင်းကို မြန်မာသမိုင်း. ဆရာတို့က နရသူအား ကုလားမင်းသတ်၍ ကုလားကျခေါ်သည့်နှင့်လည်း ရောထွေးကာ သီဟိုဠ်နှင့် မြန်မာနှစ်နိုင်ငံအကြား တမင်ရှုပ်ထွေးအောင် စဉ်းစားကြခြင်းပင် ဖြစ်၏။

## PAGE 145
<!-- 9 paragraphs, raw extraction -->



မြန်မာဘက်မှ ကျဆုံးရသူမှာ ပုဂံနေပြည်တော်မှ ဘုရင်မင်းမြတ်မဟုတ် နိုင်၊ ရာမညမြို့စား(ဥက္ကာမမြို့စား) အဆင့်ရှိသူသာ ဖြစ်သင့်ကြောင်း၊ စူဠဝံသ အင်္ဂလိပ်ပြန်သူ “ဒေါက်တာဒီ-ဒဗလျူ ဂိုင်ဂျာ၊ သီဟိုဠ် သမိုင်း ပညာရှင်များ ဖြစ်သော သီရိဝိကြမသီဟနှင့် သီဟိုဠ် ရှေးဟောင်း သုတေနသန မင်းကြီး ဒေါက်တာ စီ၊အီး-ဂိုဒကုမ်ဘူရာတို့ကိုယ်ဟိုင် နရသူမင်းမဟုတ်ကြောင်း ရှင်းလင်း ထားပြီးဖြစ်ပေသည်။ (စူဠဝံသနိဒါန်း၊ဒေါက်တာထင်အောင် အင်္ဂလိပ်လိုရေး၍ အောင်သန်း(မန္တလေး)မြန်မာပြန်သော “ပုဂံမပျက်မီက မြန်မာ့သမိုင်း”နှင့်မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီထုတ် “အခြေပြ မြန်မာ့ နိုင်ငံရေး သမိုင်း၊ ပထမတွဲ စာမျက်နှာ-၂၄ ၇တို့၌ အပြည့်အစုံ ရှုပါလေ။)

ပုဂံခေတ် ရာမည

သာ

မဟာ

၅။ အောက်မြန်မာနိုင်ငံ၌လည်း ပုဂံခေတ်ကပင် သီဟိုဠ်-မြန်မာ သနာရေး ဆက်ဆံမှုများ အဆက်မပြတ် ရှိနေခဲ့သည်ကို တွေ့နိုင်၏။
သီရိရတနာပုရခေါ် မုတ္တမမြို့မိဖုရားကြီးဆရာ ဗုဒ္ဓဝံသထေရ်၊
နာဂထေရ်၊ထို့နောက် မုတ္တမမြို့ ဆင်ဖြူရှင် မင်းကြီးမယ်တော်၏ ဆရာ ဖြစ်သော မေဓင်္ကရထေရ်၊ထို့နောက် သုဝဏ္ဏသောဘဏထေရ်စသည် တို့လည်း သီဟိုဠ်သို့ အသီးအသီး ကြွရောက်ကာ … မဟာဝိဟာရထေရ ဝါဒသာသနာကို ဆက်ခံသောအားဖြင့် ရေသိမ်၌ ပဉ္စင်းထပ်ခံ၍ မြန်မာနိုင်ငံ၌ ပြန်လည်သာသနာပြုကြသည်။ (သာသနာလင်္ကာရ- ၆၁-၂။)

အင်းဝ၊ ပြည်၊ ကေတုမတီ ခေ တ် ခက ခေ ..

၆။ အင်းဝခေတ်၊သီရိသုဓမ္မရာဇာမည်သော မိုးညှင်းမင်းတရားကြီး လက် ထက် မြန်မ၁၇၉၁-ခုနှစ်၊ သီဟိုဠ်မှ သီရိသဒ္ဓမ္မာလင်္ကာရနှင့် သီဟဠ မဟာသာမိ မထေရ်မြတ်နှစ်ပါး ပုသိမ်မှတဆင့် အင်းဝ နေပြည် တော်သို့ ဓာတ်တော်ငါးဆူပင့်ဆောင်၍ ကြွရောက်တော်မူလာကြ၏။
မင်းကြီးသည်ဓာတ်တော်များကိုစစ်ကိုင်းမြို့ဟောင်း၏အနောက်ဘက် ဆင်များရှင် ဘုရားခေါ် ရတနာစေတီတည်၍ ဌပနာတော်မူ၏။
စေတီပုံစံမှာ သီဟိုဠ်ပုံစံဖြစ်၍ ထူခြားသပ္ပာယ်လှသည်။ (ယခု မြေ ငလျင်ခ၍ မရှိပြီ။)

## PAGE 146
<!-- 11 paragraphs, raw extraction -->


၁ ဝ၂


စေတီ၏ အနောက်မြောက်ထောင့် ဂိုက်သုံးရာခန့်အက္ခာ၌ . ကျက်သရေ သုံးတိုက်၊ ပြတင်းတံခါး: ၇ဂ-တံခါးရှိသောလင်္ကာရာမ မဟာဝိဟာရ' ခေါ် ဥမင် ရွှေကျောင်းတော်ကြီးကိုလည်း မဟာဝိဟာရနွယ်ဝင် သီဟိုဠ်အရှင်မြတ် နှစ်ပါးအား တင်လှူလေသည်။ (မှန်နန်း-ဒု၊ ၇၉။ ရဘနာစေတီကျောက်စာနှင့် ရတနာစေတီ ဆင်များရှင်ဘုရားသမိုင်း၊သာသနာလင်္ကာရ–၉ ၉။)

၇။ ပြည်ဘုရင်သတိုးမင်းစော လက်ထက်တွင်လည်း - ရှင်မဟာ သာမိ ထေရ် သီဟိုဠ်ကြွရာ အပြန်တွင် သီဟိုဠ်သားရှင်သဒ္ဓမ္မစာရီထေရ်ပါ အဖော်ပါလာ၏။ဘုရင်က ကျောင်းအသီးအသီးဆောက်လှူကိုးကွယ် သည်။ ထိုအရှင်မြတ်နှစ်ပါးထံ စာပေသင်ကြားသောဘပည့်များစွာ ရှိ၏။(သာသနာလင်္ကာရ ၇-၁၀၃။)

ဂ။ ကေဘုမတီ တောင်ငူပြည်ကြီးကို `တည်ထောင်သော တောင်ငူ ဘုရင် မဟာသီရိဇေယျသူရ လက်ထက် မြန်မာ-၈၉၂-ခုနှစ် မဟာပရက္ကမ မည်သော သီဟိုဠ်ဘုန်းတော်ကြီးတောင်ငူသို့ကြွရောက်တော်မူလာ၏။
မင်းကြီးကိုယ်တိုင် ဒွာရာဝတီမြို့ တောင်အရပ်၌ သာယာလှစွာသော ကျောင်းကြီးဆောက်လှူတော်မူ၏။ (သာသနာလင်္ကာရ-၁ဝ၃-၄။)

၉။

ဟံသာဝတီခေတ်

။ ဟံသာဝတီ နေပြည်တော်၌ မြန်မာ ၇၄၅-ခုနှစ် နန်းတက်သော ဗညားနွဲ့ဘွဲ့ခံ ရာဇဓိရာဇ်မင်းထံ သီဟိုဠ်ကျွန်း ပဏ္ဍုရာမမင်းက ဗုဒ္ဓ စွယ်တော်ပွားတဆူနှင့် သုမုတ္တဒေဝီ ခေါ် သမီးတော် တပါး ဆက်သ ခဲ့၏။ ထိုစွယ်တော် သပိတ်ကို ရွှေမော်ဓောစေတီ၌ ဌပနာ ခဲ့သည်။
(ရွှေမော်ဓော သမိုင်းဟောင်း။)

၁၀။ သာသနာ ၂၀၀၂-ခု၊ မြန်မာ ဂ၂၀-ခုနှစ်၊ ဟံသာဝတီ (ပဲခူး)၌ နန်းတက်သော ဓမ္မစေတီဟု ကျော်ကြားသော ရာမာဓိပတိမင်း လက် ထက် (အေ-ဒီ-၁၄၇၂-၁၄၉၂) သီဟိုဠ်-မြန်မာ ဆက်ဆံရေးသည် အထင်ရှားဆုံး ဖြစ်သကဲ့သို့ ‘ကလျာဏီကျောက်စာ’အားဖြင့် ပြည့်စုံ ခိုင်လုံသော အထောက်အထားများလည်း ရှိနေပေသည်။

ရာမာဓိပတိမင်းကြီးသည် ရာမညတိုင်း၌ အလဇ္ဇီနှင့် ဂိုဏ်းကွဲ မရှိစေပဲ မဟာဝိဟာရ ထေရဝါဒ သာသနာတော် တခုတည်း သန့်ရှင်း စင်ကြယ်စွာ တည်တံ့ပြန့်ပွားရန် ရည်ရွယ်၍ စိတြဒူ, ရာမဒူတ . အမတ် နှစ်ယောက်တို့အား

## PAGE 147
<!-- 10 paragraphs, raw extraction -->



၁ ဝ ၃

သီဟိုဠ်မင်း ဘုဝနေကဗာဟုမင်းနှင့် စွယ်တော်, သံဃာတော်တို့အတွက်. လက် ဆောင်သံစာပဏ္ဏာပစ္စည်းများ အပ်နှင်း၍ ရာမညတိုင်းမှ ရဟန်းတော်-၄၄ပါး ကို စိတြတ, ရာမဒူတ ခေါ် သင်္ဘောနှစ်စင်းဖြင့် ပင့်ဆောင်စေလျက် သီဟိုဠ်၌ သိက္ခာသစ်တင်ရန် စေလွှတ်လေ၏။

အုပ်ချုပ်သူ ဆရာ ၂၂-ပါး၊ တပည့် ၂၂-ပါး၊ စုစုပေါင်း ၄၄-ပါးတို့ ဂ၃၇-ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁-ရက်၊ တနင်္ဂနွေနေ့ စတင်ခရီးထွက်ကြရာ သီဟိုဠ်သို့ ရောက်လျှင် ကလျာဏီမြစ်ရေသိမ်၌ ပဉ္စင်းသစ်ခံယူပွဲ' ကျင်းပသည်။
အပြန်တွင် လေမုန်တိုင်းမိ၍ သင်္ဘောနစ်သဖြင့် ဆရာ ခြောက်ပါးနှင့် တပည့် လေးပါးတို့ ပြန်လွန်ခဲ့ရ၏။

သီဟိုဠ်မှရဟန်းသစ် အပါး ၃ ဝတို့ ဟံသာဝတီနေပြည်တော်သို့ရောက်လျှင် မင်းကြီးသည် “ကလျာဏီ”သိမ်ကို ဦးစွာသမုတ်စေ၍ သာသနာတော်ကိုသန့်ရှင်း စင်ကြယ်စွာ ပြုစုအားပေးလေ၏။ ရာမညတိုင်းအတွင်း မြို့ရွာ ၃၉၇ ဌာနတို့၌ လည်း သိမ်များကိုသမုတ်စေလေသည်။ (ကလျာဏီ မွန်ကျောက်စာ။) ဂ၃၈- ခုနှစ်မှ ဂ၄၁-ခုနှစ်တိုင်အောင် ဂိုဏ်းအုပ်ဆရာတော် ဂ၀၀-နှင့်တကွ ရာမညတိုင်း ၌ မဟာဝိဟာရထေရဝါဒ သာသနာဝင် စင်ကြယ်သော သံဃာတော်ပေါင်း ၁၅၆ ၆ ၆-ပါး ပြန့်ပွား စည်ပင်လေသည်။

ရာမာဓိပတိမင်းကြီး လက်ထက် မြန်မာ နိုင်ငံ၌ သာသနာယုတ်လျော့ အားနည်းခြင်းမှာ ပြောပလောက်အောင် ရှိမည် မဟုတ်ချေ။ ဘုန်းကြီးလူထွက် ပညာရှိမင်းကြီးဖြစ်သည်အားလျော်စွာ ထေရဝါဒသာသနာ သာလွန်ကျစ်လျစ် စေရန် ထက်သန်ပြင်းပြသော သဒ္ဓာဆန္ဒအရ သာသနာပြုခြင်းမျှသာ ဖြစ်ပေ လိမ့်မည်။ (အကျယ်ကို ပိဋကဗျူဟာအဖွဲ့ထုတ် “ကလျာဏီ ကျောက်စာ မြန်မာ ပြန်၌ ကြည့်ပ-ါ။ )

၁၁။ ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို လူမှုရေး, သာသနာရေး ဘက်စုံ တိုးတက်အောင် တည်ထောင်နိုင်၍ ဒုတိယအနော်ရထာဟု ခေါ်ဆို သင့်သူကား ဟံသာဝတီ နေပြည်တော် ဘုရင့်နောင် မင်းတရားကြီး (အေ-ဒီ-၁၅၅၁-၁၅၈၁)ပင် ဖြစ်၏။

ထိုမင်းလက်ထက်တွင် အာရပ်, ဣန္ဒိယ, ဥရောပ နိုင်ငံသားများ အထူး တလည် ရောက်ရှိလာကြကာ ၎င်းတို့နှင့်အတူ ဗရင်ဂျီ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာများ ပါရှိလာကြ၏။

မင်းကြီးသည် ပြည်နယ်များ၌ သာသနာပြုရုံမျှမက သီဟိုဠ်ကျွန်းသို့လည်း သာသနာပြုမထေရ်များ စေလွှတ်ခဲ့လေသည်။ပိဋကတစုံနှင့်တကွ သီဟိုဠ်ကျွန်း၌

## PAGE 148
<!-- 10 paragraphs, raw extraction -->


၁၀ ၄.


ပျက်စီးယိုယွင်းလျက်ရှိသော ကျောင်းကန်စေတီများကို ပြင်ဆင်ရန် ပန်းရံ၊ပန်းချီ နှင့် သစ်စေးမျက်ပါး ( ရွှေချ)သမား အမှုထမ်းများကိုပါ သင်္ဘောဖြင့် ပို ့လွှတ် ပေးခဲ့၏။ (ပုဂံ-ရွှေစည်းခုံ၊ ဘုရင့်နောပ် ခေါင်းလောင်းစာ။)သီဟိုဠ်မှ ရရှိသော ဓာတ်တော်, စွယ်တော်များကို ဌပနာ၍ သံတောင်-၁၅၀ ရှိ မဟာစေတီကြီးကို မြန်မာ ၉၂၁-ခုနှစ်၌ တည်ထား ကိုးကွယ်သည်။

ဦးကုလား မဟာရာဇဝင်ကြီး၌ အေ-ဒီ-၁၅ ၇၄-ခုနှစ်က သီဟိုဠ်မင်း ဓမ္မ ပါလက ကွတ်တည်မင်း, ခန္တီမင်း သီတာဝတ်မင်း စသော ကုလားရန်ကို ကူညီ တိုက်ခိုက်ပေးရန် သင်္ဘောနှစ်စင်း ရဟန်းတော်များနှင့်အတူ လက်ဆောင် ပဏ္ဏာ ဖြင့် စစ်ကူတောင်းလာ၍ ဘုရင်နောင်မင်းကြီးက စန္ဒသူရိယနှင့် ရာဇဗညား သူရဲကောင်းကြီးနှစ်ဦးနှင့်ရဲမက်တော်များအား သင်္ဘောငါးစင်းဖြင့်ပို လွှတ်လိုက် သည်။ စစ်ဟန်ရေးပြရုံမျှဖြင့် ကုလားမင်းများကြောက်ရွံ့ကာ အညံ့ခံကြကြောင်း အကျယ်တဝင့် ရေးသားဖော်ပြထားလေသည်။

သီဟိုဠ်ကျွန်းရှိ စွယ်တော်မြတ်ကို ပေါ်တူဂီများလုယူသွားစဉ် ပေါ်တူဂီ ပိုင် မလက္ကာခံတပ်အတွက် ဆန်သင်္ဘောတစင်းစာနှင့်အတူ ငွေရှစ်သိန်းဖြင့်ရောင်း ရန် တမန်လွှတ်၍ ဘောင်းခံခဲ့ဖူး၏။ သီဟိုဠ်မှ စွယ်တော်နှင့်အတူ သမီးကညာ တဦး ဆက်သရာ ပုသိမ် သင်္ဘောဆိပ်သို့ သွားရောက်၍ ခမ်းနားကြီးကျယ်စွာ ကြိုဆိုလက်ခံရ၏။ (ဂျီ-အီ-ဟာဗီးရေး မြန်မာရာဇဝင်)

ခိုင်မာကျစ်လျစ် ခေတ်အဆက် ဆက်

၁၂။ ၁၇-ရာစုတွင် သီဟိုဠ်မှ ရခိုင်သို့ သာသနာပြု စေလွှတ်ခဲ့၏။ ရခိုင် ဆရာတော် .. ၃ ၃-ပါးတို့လည်း သီဟိုဠ်သို့ ကြွကာ အတုံ ့အလှယ် သာသနာ ပြုခဲ့ကြ၏။

၁၃။ (ကုန်းဘောင်ခေတ် သီဟိုဠ်-မြန်မာဆက်ဆံရေး နောက်၌ ပြမည်။) သီဟိုဠ်ကျွန်းရှိ မဟာစေတီကြီး၌ မြန်မာနိုင်ငံကပင် ခေတ် အဆက် ဆက် အဖိုးမဖြတ်နိုင်သော ကျောက်မျက် ရတနာ များနှင့် အတူ စိန်ဖူးတော်ကို တင်လှူခဲ့ကြ၏။

ဆဋ္ဌသံဂါယနာ မျက်မှောက်ခေတ် အထိ သီဟိုဠ်နှင့် မြန်မာ တို့သည် အထူးသဖြင့် သာသနာရေးကိစ္စမှန်သမျှ အမြဲလက်တွဲ၍ ဆောင်ရွက် ခဲ့ကြ၏။
ဆဋ္ဌသံဂါယနာတွင် အခြားထေရဝါဒနိုင်ငံများနည်းတူ သီဟိုဠ်နိုင်ငံမှ ရဟန်း ပညာရှိ၊ လူပညာရှိ အများအပြားပင် စာပေနှင့် ဝေယျာဝစ္စ လုပ်ငန်းများ၌

## PAGE 149
<!-- 12 paragraphs, raw extraction -->



၁ဝ၅

ကိုယ်ထိလက်ရောက် ပါဝင်အားပေး ဆောင်ရွက်ခဲ့ကြ၏။ ယခုတိုင် သီဟိုဠ် မထေရ်ကြီးများအား မြန်မာနိုင်ငံတော်အစိုးရက ဘွဲ့ထူး ဂုဏ်ထူးများ ဆက်ကပ်၍ ပင် ကိုးကွယ်လျက် ရှိပေသည်။

တနိုင်ငံနှင့် တနိုင်ငံ “တပည့်ခံသည်၊ ဆရာလုပ်သည်ဟု သဘောမထား၊
ပင်ရင်းမူလ မဟာဝိဟာရ ထေရဝါဒ သာသနာတော် ရှင်သန် ပြန့်ပွားရေး၊
မြတ်စွာဘုရားရှင် တရားတော်များ ထွန်းကား၍ သတ္တဝါအများ ချမ်းသာရေး တခုတည်းကိုသာဦးတည်၍ ခေတ်အဆက်ဆက် လက်တွဲကာ အမြဲတမ်းအပေးအယူ လုပ်ခဲ့ကြ၏။

တေ

မြန်မာနိုင်ငံ၌ အမြဲသီတင်းသုံးကာ သာသနာပြုနေသော သီဟိုဠ် ရဟန်း ဒ်များ ရှိနေသကဲ့သို့၊ သီဟိုဠ်နိုင်ငံ၌ အမြဲသီတင်းသုံးကာ သာသနာပြုနေသော မြန်မာရဟန်းတော်များလည်း ခေတ်အဆက်ဆက်ပင် ရှိနေခဲ့၏။ အထူးသဖြင့် ဗြိတိသျှခေတ် သီဟိုဠ်ကျွန်း ကိုလံဘိုမြို့ မကုဋာရာမ မြန်မာ ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူသော ဦးဝိနယာလင်္ကာရ အရှင်မြတ်ကြီးကား သီဟိုဠ်တကျွန်း လုံးက ကြည်ညိုလေးစားခံရသော မြန်မာဆရာဘော် တပါးပင်တည်း။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော အချိန်ကပင်လျှင် သက်စွန့်ကြိုးပမ်း သွားလာကူးလူးကြ၍ တနိုင်ငံနှင့် တနိုင်ငံ အပြန်အလှန် အားယူ တည်ဆောက် နိုင်ခဲ့သော ထေရဝါဒသာသနာသည် အဘယ်မျှ ခိုင်မာ ကျစ်လျစ်၍ စစ်မှန် စင်ကြယ်သည်ကို ကြည်ညိုဝမ်းမြောက်ဖွယ်ကောင်းလှပါပေ၏။ နှစ်ပြည်ထောင် သာသနာပြုမင်းနှင့် ဆရာမထေရ်ကြီးတို့၏ ကျေးဇူးလည်း ကြီးမားလှပါပေ၏။

အင်္ဂလိပ်ခေတ် ထေရဝါဒ သာသနာ့

မဟာ

သီဟိုဠ်ကျွန်း၌ အမြဲဘစေရင်ဆိုင်ခဲ့ရသော ကုလားအန္တရာယ်နှင့် ယာနအန္တရာယ်တို့အကြား ထေရဝါဒသာသနာ ထိန်းသိမ်းကြရသည်မှာ လွန်စွာ ကျပ်ဘည်းလှပေ၏။မည်မျှပင် ကြမ်းကြုတ်ရက်စက်၍ မည်မျှပင် ဆင်တူ ယိုးမှား သိမ်မွေ့ငြားသော်လည်း ထေရဝါဒ သာသနာအနှစ်အသားမှာမူကား ခိုင်မာ လျက်ပင် ရှိခဲ့ပေ၏။

ကြမ်းကြုတ်ရက်စက်ခြင်းလည်းမဟုတ်၊ ဆင်တူယိုးမှားလည်းမဟုတ်သော ဥရောပယဉ်ကျေးမှုသည်ကား ထေရဝါဒ သာသနာကို ပညာသားပါပါ သတ္တဝါ စရိုက် အကြိုက်ပေး၍ လိမ်မာ ယဉ်ကျေးစွာ အနှစ်သာရကို လှိုက်၍ စားခဲ့ရာ တိုင်တလုံးကိုခြစားသကဲ့သို့ မျက်မြင်အားဖြင့်မသိသာ၊ သာ၍ပင် တိုးတက်သည်ဟု

## PAGE 150
<!-- 14 paragraphs, raw extraction -->

၁ဝ၆



ထင်လိုက ထင်စရာရှိသော်လည်း အတွင်း အနှစ်သာရကား ကုန်ဆုံး နေတတ် ပေသည်။

တစ

သီဟိုဠ်ကျွန်း၌ ကမ်းရိုးတန်း မြို့ကြီးများကို ပေါ်တူဂီ, ဒတ်ချ်တို့ တစ အနိုင်ကျင့်ရာမှ နောက်ဆုံး သီရိဝိက္ကမ ရာဇသီဟမင်းလက်ထက် သာသနာ ၂၃၅၉-ခုနှစ် (မြန်မာ - ၁ ၁.၇ ၇-ဘိုးတော်လက်ထက်)တွင် အင်္ဂလိပ်တို့သည် တကျွန်းလုံးကို သိမ်းယူအုပ်စိုးခဲ့၏။

မဟာဝံသနောက်ပိုင်း စူဠဝံသ၌ အင်္ဂလိပ်အုပ်စိုးသည့်ခေတ်အထိ မှတ်တမ်း တင်ထားသော်လည်း ဗြိတိသျှအုပ်ချုပ်ရေး အာဏာစက်အောက်တွင် ရေးသား မှတ်တမ်းတင်ရသဖြင့် သီဟိုဠ် ထေရဝါဒသာသနာ၏ အတွင်းရေးကို ပီပီပြင်ပြင် မြင်ခွင့်မရနိုင်ပေ။ ထိုသမိုင်း တကဏ္ဍအတွက် ခေတ်ပြိုင် မြန်မာ မှတ်တမ်းများ အကူအညီနှင့်ကြည့်မှ အတွင်းသားကို မြင်ရမည်ဖြစ်ပေသည်။ ထိုအချက်နှင့် စပ်၍ “သာသနာလင်္ကာရစာတမ်း” – ၃ ၆ ၌-

"

'

-

“ထိုမှနောက် ကာလရှည်လျားလတ်သော် ဗရင်ဂျီ၊အာရမဏီ၊
ဗသီ၊ အင်္ဂလိပ်၊ အော်လန္တေစသော မိစ္ဆာဒိဋ္ဌိ လူမျိုးတို့ဘေးဖြင့် သီဟိုဠ်ကျွန်း၌ သာသနာတော် ယိုယွင်းပျက်စီး၍ ဂိုဏ်းပြည့်ရုံမျှ ရဟန်းသံဃာ မရှိသောကြောင့် မဟာဝိဇယဗာဟုမင်းလက်ထက် ရာမညတိုင်းက သံဃာတို့ကို ပင့်ဆောင်ရသည်။ ၎င်း နောက် ဝိမလဓမ္မသူရိယမင်း လက် ထက် ရ ခိုင် ပြည်က သံဃာတို့ကို ပင့်ဆောင်ရသည်။ ၎င်းနောက် ဝိမလမဟာရာဇာမင်း လက်ထက် ကလည်း ရခိုင်ပြည်က သံ ဃာ တို့ ကို ပင် ပင့် ဆောင် ရ သည်။
၎င်းနောက် ကိတ္တိသူရိယ ရာဇသီဟမင်း လကထက် ယိုးဓယား ပြည်က သံဃာတို့ကို ပင့်ဆောင်ရသည်။ ဤအကြောင်းအရာများ ကို သက္ကရာဇ် ၁ ၁၅၁-ခုနှစ်၊ သီဟိုဠ် သံဃာတို့ ဆက်စာတွင် ပါသည်ကို ထောက်၍ သိရသည်။

အမရပုရဂိုဏ်း သမိုင်း အ စ

တဖန် ယင်းစာတမ်း ၂၀၃-၄- ၌

“သက္ကရာဇ် ၁၁၆၂-ခုနှစ်၊ သီဟိုဠ်ကျွန်းက ဓာတ်တော်စစ် ဆယ်ဆူကိုပင့်ဆောင်၍ အမရပူရ ရွှေမြို့တော်သို့ရောက်လာသော အမ္မဂဟတိဿ၊မဟာဒမ္မ၊ ကောစ္ဆဂေါစ၊ဗြာဟ္မဏဝတ္ထု၊ဘောဂဟ

## PAGE 151
<!-- 12 paragraphs, raw extraction -->


:


ဝတ္ထု၊ ဝါတုရဂမ္မ မည်သော သာမဏေ ခြောက်ပါး တို့ကို (အမရပူရ) ဆင်ကြိုးရွှေဂူသိမ်တွင် ဉာဏာဘိဝံသ ဓမ္မသေနာပတိ (ပထမ မောင်းထောင် သာသနာပိုင်) ဆရာတော်ကို ဥပဇ္ဈာယ် ပြုစေ၍ မြောက်နန်းကျောင်း ဆရာတော်၊ ရွှေရေးဆောင် ကျောင်းဆရာတော်၊ ပြာသာဒ်ကျောင်း ဆရာတော် စသော ဆရာတော် ၃-ပါးစီ ကမ္မဝါစာဆရာ လဲလှယ် ဖတ်ရွတ်စေ၍ ပဉ္စင်းခံစေတော်မူ၏။ နာဒ မည်သော လူ ဥပါသကာကိုလည်း သာမဏေပြုစေတော်မူ၏။

..

“ထိုမှနောက် အကြိမ်များမှာ သီဟိုဠ်ကျွန်းက လာရောက် သော ရဟန်းပဉ္စင်းတို့ကို သိက္ခာအသစ်ထပ်၍ တင်စေတော်မူ၏။
သာမဏေတို့ကိုလည်း ပဉ္စင်းခံစေတော်မူ၏။ လူဥပါသကာတို့ကို လည်းသာမဏေပြုတော်မူ၏။ သီဟိုဠ်ကျွန်း သီရိဝခုန (ဓမ္မစေတီ မင်းခေတ် စွယ်တော်ကိန်းဝပ်ရာ ကော- ကိုတေးခေါ် သော) မြို့ ရာဇာဓိ ရာဇသီဟ မင်းသို့လည်း သာသနာပြုနည်း သံစာနှင့် သီဟိုဠ်ရဟန်းသာမဏေတို့ကို စေလွှတ်တော်မူ၏။ ဤအကြောင်း အရာများသည် သီဟိုဠ်သို့ ပေးမှာသောသန္ဓေသကထာ” စာများ တွင် အထင်အရှားရှိလေပြီ။

"

၁ဝ၇

သီဟိုဠ်ကျွန်း အင်္ဂလိပ် မသိမ်းပိုက်မီကပင် မြန်မာနိုင်ငံ အမရပူရနေပြည် တော်သို့ သီဟိုဠ်မှ ရဟန်းရှင်လူများ အကြိမ်ကြိမ် လာရောက်ကြ၏။ သာသနာ ရေး အကူအညီကို ရယူလေ့ ရှိကြ၏။

.

မြန်မာ၁ ၁ ၆ ၉-ခုနှစ်၊ ဝိဇယသီဟမင်း၏ညီတော် ဘောဂဟတိဿမထေရ် နှင့် မထေရ်ငါးပါးတို့ မောင်းထောင် သာသနာပိုင်ထံ ပဉ္စင်းသစ် ခံကြရ၏။
သိမ်နုတ် သိမ်သမုတ်နည်းအချုပ်ကို တောင်းခံကြ၍ “အာစရိယမုဋ္ဌိ နယပ္ပကာသနီ မည်သော(ဒီမိုင်း ၁ ၅-မျက်နှာရှိ) သီမဗန္ဓုနကထာ= သိမ် အဆုံးအဖြတ်”ကို ပါဠိ ဘာသာဖြင့်'ရေးသား ချီမြှင့်တော် မူလိုက်သည်။ သာသနာပိုင် ဆရာဘော်ကြီး ရေးသားသောသီလက္ခန်ဋီကာသစ် ကျမ်းကြီးကိုလည်း သီဟိုဠ်သို့ ယူဆောင်သွား ကြ၏။ သီဟိုဠ်သာသနာ သန့်ရှင်း ထွန်းလင်းရေးကို ဆောင်ရွက်ကြလေ၏။သီဟိုဠ် ၌ အမရပူရဂိုဏ်းဟု တွင်ခေါ်သည်။

သို့ရာတွင် နှစ်ပေါင်းထရာခန့် ရှိသောအခါ သျှမ်းဂိုဏ်းမှ ၃‘ဂိုဏ်း၊ အမရ ပူရဂိုဏ်းမှ ၇-ဂိုဏ်း ထပ်မံကွဲကြရာ ဝိနည်းနှင့်စပ်၍ ငြင်းခုံမှုများ များစွာ ဖြစ် ပွားလျက်ရှိကြောင်း သီဟိုဠ်၌နေသော မြန်မာဘုန်တော်ကြီး ဦးရာဇိန္ဒထံမှသီမ

## PAGE 152
<!-- 7 paragraphs, raw extraction -->


UOC


ဗန္ဓနကထာ” နိဿယရေးတော်မူသော စကုမြို့ သက်တော်ရှည်တိုက် “ပဏ္ဍဝါ လင်္ကာရာဘိဓဇ ဆရာတော်ထံ ၁၂၆၈-ခုနှစ်က ပေးစာကို ယင် းနိဿယနိဂုံး၌ ဖတ်ရှုရ၏။ (ယင်း နိဿယကို.. ပိဋကတ်ဆရာ ဦးဘိုးခက ကြည့်မြင်တိုင် လေးကျွန်းသီရိန် ပုံနှိပ်တိုက်၌ ၁၂၆၉-ခုနှစ်က ပုံနှိပ်ခဲ့သည်။)

သီဟိုဠ်ရဟန်းတို့သည် လယ်ယာ အုန်းခြံမြေ စသည် ချငှား စားသောက်ခြင်း၊ သင်းပိုင်ချုပ်ရိုး မဖြတ်မရှိ၊ ပန်းရောင် ဆိုးဝတ် ခြင်း၊ လှူဖွယ်ပစ္စည်းမှန်သမျှ သံဃိက ရေစက်ချ၍ ကျောင်းရောက် လျှင် ထီးတလက်ကိုပင်ဖြစ်စေ တန်ဖိုးသင့်၍ တမူးတပ် ခွဲဝေယူ ခြင်း၊ ပညာသင်ကြားရေး၌ အဘိဓမ္မာပိဋက လုံးလုံးကွယ်ပျောက် တရားဟောပြောရန် သုတ္တန်နှင့်စပ်လျဉ်းသော ငှက်ပျောသီး၊
အုန်းသီး၊ ယာဂုနှင့် အလားတူသော ဇာတ်နိပါတ်ဝတ္ထုများကို အသင်အကြားများခြင်း၊ နာဂရီ၊ ဗင်္ဂလီ၊ ဗာဟီရ သက္ကတစာများ ကိုသာ များစွာလေ့လာ သင်ကြားခြင်း စသည်ဖြင့် ဝိနည်းဓမ္မကံ နှင့်စပ်၍ များစွာငြင်းခုံကာ ဝိနည်းတော်နှင့် မအပ်မရာ သာသနာ ကျဆင်းလျက်ရှိကြောင်း သံဝေဂယူဖွယ် ၅-မျက်နှာခန့် ရေး သား ဖော်ပြထားလေသည်။

မင်းတုန်းမင်းတရားကြီး ခေတ်တွင်လည်း သီဟိုဠ်၌ သာသနာအင်အား နည်းပါးယိုယွင်း၍ရွှေကျင်ဆရာတော်(ဦးဇာဂရ) ထံမှ ဝိနည်းဓမ္မကံနှင့်စပ်သော သာသနာပြုပြင်ရေး နည်းပေးသည်များကို “လင်္ကာသာသန ဝိသုဒ္ဓိ ကျမ်းတွင် အပြည့်အစုံ `တွေ့နိုင်လေသည်။ (ယင်းကျမ်း သာသနာရေးဦးစီးဌာနတွင် ရိုက်နှိပ် ရန် ဤစာရေးသူပင် ကော်ပီမူဟောင်းတဆူ ပေးလှူ၍ ရိုက်နှိပ်ထားပြီး ရှိပြီ။) သီဟိုဠ်နိုင်ငံသည် သီရိလံကာအမည်ဖြင့် ၁၉၄၈-ခုနှစ်တွင်မှ လွတ်လပ်ရေး ရရှိခဲ့၏။ ဒုတိယကမ္ဘာစစ်မတိုင်မီ အင်္ဂလိပ်လက်အောက် ထေရဝါဒ သီဟိုဠ် သာ သနာ၏ အခြေအနေကို ( ၁ ၉ ၃၇-ခုနှစ်မှစ၍ သီဟိုဠ်၌ နှစ်ပေါင်းများစွာ နေလာ ခဲ့သော ပုလောမြို့ ဘိက္ခုဃောသဓမ္မ၏) “လံကာဒီပ နိုင်ငံခြားဗဟုသုတ” စာအုပ် ၉၅’၉ ၉-၌ အောက်ပါအတိုင်း တွေ့ရှိနိုင်ပေသည်။

“မဟာဝင်, ရာဇဝင်တို့၌ ရှေးအခါ သီဟိုဠ်ကျွန်းတွင် သိန်းသန်း ချီ၍ သံဃာတော်များစွာ ရှိ၏ဟု ဆိုသော်လည်း ယခုအခါ တသောင်း နှစ်ထောင့်လေးရာကျော်မျှသာ ရှိပေသည်။ ခရစ် ၁၉၃၅-ခုနှစ် စာရင်းဖြစ်၏။ မြန်မာပြည်၌ကဲ့သို့ သံဃာဂိုဏ်းကွဲ များကုန်၏။ ဇာတ်ယုတ် ဇာတ်မြတ်ခွဲခြားလျက် ရဟန်းဟော်များ ဖြစ်လာသည့်တိုင်အောင် မစွန့်သဖြင့် ဂိုဏ်းကွဲကုန်၏။

## PAGE 153
<!-- 7 paragraphs, raw extraction -->




သာသနာနှစ် တထောင်ကျော်၌ သီဟိုဠ်ရာဇသီဟ မင်းသား သည် ခမည်းတော်ကိုသတ်၍ နန်းတက်၏။ ဘုရင် ဖြစ်လာသော အခါ သံဃာတော်တို့ကို စည်းဝေးစေ၍ အဖကိုသတ်မိသော ကံ ကြီးကို ပြေပျောက်အောင် ကုစားပေးပါရန် လျှောက်သောအခါ ကုစား၍မရနိုင်ကြောင်း သံဃာတော်တို့က မိန့်ကြားကုန်၏။
ဘုရင်သည် မကျေနပ်သဖြင့် ဟိန္ဒူ ဆာဒူး ဒမ္မိလဘုန်းကြီးတို့အား ကဖန်လျှောက်ပြန်ရာ ပြေပျောက်နိုင်ကြောင်း ပြော၍ ဆင်၊ မြင်း၊
ကျွဲ၊ နွား တရာစီသတ်၍ ယဇ်နတ်ပူဇော်စေ၏။ မင်းကြီးလည်း ဗုဒ္ဓ ဘာသာ ရဟန်းတို့အား လူထွက်စေ၍ အချို့ကို သတ်ဖြတ်လျက် သာသနာတော်ကို ဖျက်ဆီး၏။

ဤသို့ အဘသတ်မင်းလက်ထက်၌ သီဟိုဠ်သာသနာ ဖရိုဖရဲ ပျက်စီးတိမ်ကောသဖြင့် ပထမ ဝိဇယဗာဟုမင်း နန်းတက်သော အခါ(သာသနာ-၁၆၀၉-၁ ၆၆၄၊အနော်ရထာနှင့် ခေတ်ပြိုင် မင်း။ပိဋကတိုက်ကို မီးရှို့ သော ရာဇသီဟမှာ သာသနာနှစ်ထောင် ကျော်ဖြစ်သည်။ စာရေးဆရာ အမှတ်မှားဟန်ရှိ၏။) မိစ္ဆာတို့အား နှိမ်နင်း၍ ဗုဒ္ဓသာသနာပြုအဖွဲ့များကို မြန်မာပြည်သို့ စေလွှတ်၏။
လမ်းလွဲသဖြင့် ယိုးဓယားသို့ဆိုက်ရောက်၍ ၎င်းမှ မျက်ခုံးမွေးရိတ် အတင်ဂိုဏ်း သာသနာကိုနည်းယူပြီးလျှင် အချို့ ရဟန်းဘောင်သို့ ဝင်ကုန်၏။ ထိုအခါမှစ၍ သီဟိုဠ်၌ ဆိုင်းယင်းမျက်ခုံးမွေးရိတ် အတင်ဂိုဏ်း စတင် ပေါ်လာ၏။ (ယခု အခါ သျှာမ်းဂိုဏ်း ခေါ်သည်။)

ဘုရင်သည် ဝမ်းမြောက်ဝမ်းသာရှိလှ၍ သာသနာ့ဝတ္တကမြေ ဘဏ္ဍာမြောက်မြားစွာလှူ၍ ချီးမြှင့်လေ၏။ ရှေးဟောင်းဘုရား အရာမ်စသည်တို့ကို လွှဲအပ်စောင့်ရှောက်စေ၏။ ဤသို့ တန်ခိုးကြီး လာသော ဘုန်းကြီးတို့သည် မိမိတို့ အမျိုးဇာတ် မြတ်ကြောင်း ကြွေးကြော်၍ အခြားသူတို့အား ရဟန်းပြုခွင့်မပေးရန် ဘုရင်နှင့် ပူးပေါင်း၍ ဥပဒေပြဋ္ဌာန်းကုန်၏။ ထိုအခါ မခံမရပ်နိုင် ဖြစ်၍ တိုင်းသူပြည်သားတို့သည် အခြားသာသနာပြုအဖွဲ့နှစ်ခုကို မြန်မာ ပြည် အထက်ပိုင်းသို့တဖွဲ့၊ အောက်ပိုင်းသို့တဖွဲ့ စေလွှတ်ပြန်၏။
ခရစ်၁၈၀၂-ခုနှစ်အထက်ပိုင်းမှ ဥပနိဿယ ခံယူလာသောအဖွဲ့ကို “အမရ ပူရဂိုဏ်း ခေါ်၏။ ၁ ၈.၆၄-ခုနှစ်၊ အောက်ပိုင်းမှလာသော အဖွဲ့ကို “ရာမညဂိုဏ်းဟု” ခေါ်၍ မြန်မာဂိုဏ်းနှစ်ဂိုဏ်း ဖြစ်ပေါ်

လာကုန်၏။

## PAGE 154
<!-- 10 paragraphs, raw extraction -->




ကာလကြာမြင့်လျှင် ယိုးယားမျက်ခုံးမွေးရိတ် အတင် ဂိုဏ်း(သျှာမ်းဂိုဏ်း)ရဟန်းအချို့သည် မြန်မာတို့ကဲ့သို့ သင်္ကန်းရုံ သဖြင့် အရုံဂိုဏ်း, အတင်ဂိုဏ်းနှစ်မျိုးကွဲပြန်၏။ မျက်ခုံးမွှေးရိတ် ဂိုဏ်းမှာ သံဃာဦးရေ-ဂ၀၀၀ ရှိသည်။ လာဘ်သပ္ပကာ ဥစ္စာ ပစ္စည်းပေါများချမ်းသာကုန်၏။ ၎င်းတို့၏စာသင်တိုက်ကြီးများ၌ ဆွမ်းခံလေ့မရှိ။ လခကြေးငွေပေးနိုင်သူကိုမှ နေခွင့်ပြုလေ့ ရှိ၏။
မြန်မာအမရပူရဂိုဏ်း၌ သံဃာ -၃၂၈ဝ ရှိ၍ ဒုတိယ လိုက်၏။ ကလျာဏီဂိုဏ်း၊ဝဇီရာရာမဂိုဏ်း၊ မာတရဂိုဏ်း စသည် ဖြင့် ၄ဂ-ဂိုဏ်းမျှကွဲကြပြန်၏။ ရာမညဂိုဏ်း၌ သံဃာ-၁ ဂိုဏ်းအုပ်တပါးတည်းဖြင့် ညီညွတ်လျက် ရှိ၏။

၂ဝဝ မျှ

သီဟိုဠ်ဘုန်းကြီးတို့သည် ယခုခေတ်၌ ဝိနည်း အဘိဓမ္မာ ထက် သုတ္တန်ကိုသာ အသင်များကုန်၏။ လောကီ အင်္ဂလိပ် ပညာကို အထူးလိုက်စား၍ ဒေါက်တ,အမ်အေ,ဘီအေဘွဲ့ရရှိရန် အားထုတ်သူကများကုန်၏။”

သာသနာအသက်ဆက်ရေး ကလေး ရှာပုံတော်

အမှန်စင်စစ်အားဖြင့် သီဟိုဠ်ကျွန်း၏ ပညာရေးကို တက္ကသိုလ်ကျောင်း တော်ကြီးများမှ မူလတန်းကျောင်းအထိ ပညာရေးဘတ်ဂျက်များကိုအများဆုံး သုံးစွဲကာ ဘုန်းကြီးကျောင်းအုပ်၊ ဘုန်းကြီးကထိကစသည်ဖြင့် ကျောင်းများကို လှည့်လည်စစ်ဆေးခြင်းများအထိ ဘွဲ့ရဘုန်းကြီးများကသာ ချုပ်ကိုင်လျက်ရှိ၏။
ဝိနည်းတော်ကိုအလေးမူလျက် ပရိယတ်သက်သက် ဆောင်ရွက်သော ဘုန်းကြီး အရေအတွက်ကား အလွန်နည်းပါးလျက်ရှိပေပြီ။

ယင်းသို့ခေတ်လူတို့အကြိုက် ခေတ်ပညာများကို မူလတန်းမှ ဘွဲ့ပေးသည် အထိ ဘုန်းကြီးများကသာ ချုပ်ကိုင်လာခဲ့ကြသော်လည်း မိမိတို့ ကျောင်းကန် ၌ကား အမွေဆက်ခံရန် ကိုရင်တပါးမျှ ရရှိဖို့အရေးသည် အလွန်ကြီးလေးသော ပြဿနာကြီးဖြစ်၍နေလေသည်။ ကျောင်းထိုင် ဘုန်းတော်ကြီးနှစ်ပါး အဖော် ညှိကာ သာမဏေ လောင်းလျာတဦး ရရှိရန် နွေဦး ပေါက်သည်နှင့် ၆-လခန့် တကျွန်းလုံးလှည့်လည်ရှာဖွေနေကြရ၏။ ဆင်းရဲချို့ငဲ့သော မိဘတို့၏ ကလေးငယ် များကို အာမခံစာချုပ်၍ သာသနာ့အမွေခံ မွေးထုတ်နေကြရသည်။

.

## PAGE 155
<!-- 11 paragraphs, raw extraction -->




ဤနေရာ၌ နောက်ပိုင်းခေတ်နှင့် လက်ရှိ သိဟိုဠ် သာသနာက (အနာဂတ် သို့ နယ်ပယ်သစ်ဖွင့်ရန် ဟန်ပြင်လျက်ရှိသော၊နယ်ပယ်သစ် ဖွင့်လှစ်နေပြီဖြစ်သော) ထေရဝါဒ ပညာရှင်တို့အား လေးနက်သော သင်ခန်းစာတခု ပေးနေခဲ့သည်ကို ကျွန်ုပ်တို့ ကြည်ကြည်လင်လင် ရှုမြင်သုံးသပ်နိုင်ရန် အရေးကြီးပေသည်။

ယခုအခါ အချို့သော ရဟန်းရှင်လူတို့သည် “မြန်မာရဟန်းတော်များ ခေတ်ပညာမတတ်၍ ကမ္ဘာသို့ သာသနာမဖြန့်နိုင်’ဟု ယူဆကာ “သာသနာ’ ဆိုသော ဝေါဟာရ၏ မူလအဓိပ္ပာယ်ကိုပင် မဆင်ခြင် မသုံးသပ်မိပဲ ရဟန်းတော် များအတွက် ခေတ်ပညာ သင်ကြားရေး ကျောင်းကြီးများကိုပင် ဖွင့်လှစ်တည် ထောင်ရန် ဆန္ဒရှိနေကြ၏။ “ဓမ္မဒူတ ဝိဇ္ဇာလယ’ခေါ် သီဟိုဠ်ပုံစံ သင်တန်းများ ကိုပင် အစိုးရအကူအညီဖြင့် လုပ်ဆောင်ခဲ့ကြဘူးသည်။

ဥရောပနိုင်ငံများတွင် ဗုဒ္ဓစာပေများကို နှစ်ပေါင်း. နှစ်ရာခန့် ကတည်းက လေ့လာ၍ ဘာသာပြန်ကျမ်းစာများ ကမ္ဘာသို့ ဖြန့်ချီခဲ့ခြင်းနှင့် သီဟိုဠ် ခေတ် ပညာတတ် ဒေါက်တာ ရဟန်းတော်များ ကမ္ဘာ အရပ်ရပ်သို့ စောစီးစွာကပင် သာသနာပြု နေခဲ့ကြခြင်းများကိုလည်း တဘက်က အကျိုးအပြစ် အရှုံးအမြတ် လေ့လာသင့်ကြပေသည်။

နှစ်များမကြာမီမှစ၍ မြန်မာပြည် ဘုန်းတော်ကြီးများ ကျောင်းတို့တွင် “ကျောင်းသားမရှိ၍ ကိုရင်မရှိ၊ ကိုရင်မရှိလျှင်လည်း ဦးပဉ္စင်းမရှိဟု ကြောင့်ကြ စိတ် ဝင်လာကြ၏။ “လူတို့အကြိုက် ခေတ်ပညာမပေးနိုင်၍’ဟု ထင်ကာ ခေတ် ပညာပေး၍ ကျောင်းသားကိုရင်ရှိရေးကို အလေးပေး ဆောင်ရွက်လာကြသည် ကိုလည်း တွေ့မြင်ရ၏။

တက္ကသိုလ် ဘွဲ့ကြီးများကိုပင် ပေးနေခဲ့ကြသော သီဟိုဠ် ဘုန်းကြီးများ ကိုယ်တိုင် အမွေဆက်ခံမည့် ကိုရှင်လောင်းလျာ ရှာဖွေနေကြရသော ဒုက္ခကို မြင်ယောင်မိပေသည်။

.

‘သာသနာ’ဟူသည် အဘယ်ကို ခေါ်ဆိုသနည်းဟူသော ပြဿနာကား တိမ်ယောင်နှင့်နက်၊ လွယ်ယောင်နှင့် ခက်လှပါပေသည်။

အင်္ဂလိပ်ယဉ်ကျေးမှုသည် သီဟိုဠ် ထေရဝါဒ သာသနာအား တိုးနှက် ရာ၌ အကြမ်းဖက်လေ့ရှိသော ကုလားအန္တရာယ်နှင့် အနုနည်း ရောနှောပူးသတ် လေ့ရှိသော မဟာယာန အန္တရာယ်တို့ထက် သိမ်မွေ့လှပေသည် တကား။

## PAGE 156
<!-- 10 paragraphs, raw extraction -->




သီဟိုဠ်နှင့် မြန်မာ ခေတ်ပညာ သင်ကြားရေး

မြန်မာ့နိုင်ငံ၌ ဗြိတိသျှများ အောက်ပိုင်း၌ အနှစ်တရာကျော်၊ အထက် ပိုင်း၌ အနှစ်ခြောက်ဆယ်ကြာ အုပ်စိုးသွားသော်လည်း အင်္ဂလိပ် ယဉ်ကျေးမှု ဒဏ်ကို အလူးအလဲမခံရချေ။ ခိုင်မာသော သုဓမ္မာသံဃာ့အဖွဲ့အစည်း သာသနာ့ ဦးကိုင် မထေရ်ကြီးများနှင့် ဘိုးတော်, အထူးသဖြင့် မင်းတုန်းမင်းကြီး၏ ကျေး ဇူးကြောင့်ပင် ဖြစ်၏။

အထက်မြန်မာနိုင်ငံကို အလွယ်ကလေးဖြင့် အချိန်မရွေးသိမ်းယူနိုင်သော အခြေအနေတွင် မင်းတုန်းမင်းကြီး၏ နိုင်ငံရေးရပ်ဘည်မှု၊ ပဉ္စမသံဂါယနာတင်၍ သုဓမ္မာသံဃ ဦးသျှောင် ဖွဲ့စည်းထားခြင်း၊ လေးပြင်လေးရပ် ဝတ်အသင်းများ ဖွဲ့စည်းပေးခြင်း စသော ဘာသာရေးရပ်တည်မှုခိုင်မာသည်ကို မြင်အောင် မကြည့် နိုင်ကြသဖြင့် ပျော့ညံ့သည်ဟု ထင်နေကြ၏။

သာသနာ့ဘုန်းကံ, မြန်မာတို့၏ ဘုန်းကံနှင့် မင်းတုန်းမင်းကြီး၏ ဘုန်းကံ ဆိုသည်များကိုမူ သာ၍ပင်လက်မခံနိုင်ကြသဖြင့် ထိုခေတ်ကပင်လျှင် “သာသနာ ငါးထောင်မရှိ၍ ယခုရှိသော သံဃာများ သံဃာစစ်မဟုတ်ဟု ထိုးနှက်သူတို့ ထိုးနှက်လာ၏။ “ဘုရားအကြိုက်၊ တရားလိုက်က၊ လူနှိုက်အရေးပျက်တတ်သည် ဟု ပြဇာတ် စာရေးဆရာများကလည်း ကွယ်ရာက အသံပစ်ကြ၏။ နောက်ဆုံး နန်းတွင်းရေး လုပ်ကြံသည်အထိ ဆန့်ကျင်လာကြလေသည်။

သမိုင်းရေစီးကြောင်းနှင့် ကံရေစီးကြောင်းကို ကောင်းစွာ မဆင်ခြင်နိုင် ကြသဖြင့် မျက်မှောက်ခေတ် မြန်မာစာရာဇဝင်ဆရာအချို့က အကြောင်းတစုံတရာ ခိုင်မာခြင်းမရှိသော ရေမြှုပ်ဗုံးလုပ်ကြံဇာတ်လမ်းဖြင့် ထေရဝါဒ သာသနာနှင့် မင်းတုန်းမင်းကြီးအား ခေတ်လူတို့ အထင်အမြင်လွဲအောင် အိုးမဲ သုတ်ပေးနေ ကြတုန်းပင် ရှိချေသေး၏။

-

အမေရိကန် ရုရှား စသော ကမ္ဘာ့နိုင်ငံကြီးများနှင့် သံတမန် စသည် ဆက်သွယ်မှု ပြုလုပ်၍ ဂျပန်နိုင်ငံနှင့် တချိန်တည်း နိုင်ငံခြား ပညာတော်သင် များ စေလွှတ်ကာ စက်ရုံပေါင်း – ၄ဝ ကျော် တည်ဆောက် ပေးနိုင်ခဲ့သော မင်းတုန်းမင်းကြီး၏ အမြော်အမြင်သည် အဘယ်မှာလျှင် ရာဇဝင် ဇာတ်ထုပ် လုပ်ကြံသော ဆရာတို့ ထင်သလို ဟုတ်ပါလိမ့်မည်နည်း။

## PAGE 157
<!-- 11 paragraphs, raw extraction -->



ပဉ္စမသံဂါယနာမှ ပါဠိ တက်က်စ်ဆိုဆိုက်ယတီးသို့


အင်္ဂလိပ်ဝန့်ရှင်တော်မင်းကြီး “ဆာ-အာသာဖယ်ရာ”သည် မြန်မာနိုင်ငံကို အပြီးအပိုင် တိုက်ခိုက် သိမ်းယူရန် အမြဲအကြံယူနေဘော ဗြိတိသျှ အစိုးရ၏ သံအဖြစ် မင်းတုန်းမင်းကြီးထံ အကြိမ်ကြိမ် အခစားဝင်လာရာ၌ မင်းတုန်းမင်း ကြီးသည် အလွန်အရေးကြီးသော နှစ်ပြည့်တပြည် အရေးအခင်းများ (စစ်ပြေ ငြိမ်းရေး စာချုပ် စသည်) ကို အရေးမကြီးလေဟန် လေသံမျှ မဟသေးပဲ မြန်မာစာတတ်သော ဖယ်ရာအား’

"

“ဖယ်ရာဇာတ်တော်ကြီးဆယ်ဘွဲ့ကို ဖတ်ဖူး၏လော”ဟူ၍ ဘာသာရေး နှုတ်ခွန်းဆက်ဖြင့် စတင်နှုတ်ဆက် အတွေ့ခံလေ၏။

နိုင်ငံခြား သံကြီးတမန်ကြီးများ တွေ့ဆုံသောညီလာခံ၌ အလွန်ရိုးတာလှ သော ဇာတ်ကြီးဆယ်ဘွဲ့အကြောင်း ရေးကြီးခွင်ကျယ်လုပ်၍ နှုတ်ခွန်းဆက်ဧည့်ခံ သော မင်းတုန်းမင်းကြီးအား နိုင်ငံကြီးသားတို့အမြင်၌ မည်သို့ရှိမည်ကို မခန့် မှန်းနိုင်။

ဤအချိန်အခါမျိုးမှာ ဤသို့သောစကားကို ပြောဆိုခြင်းသည်ပင် မြင် တတ်လျှင် ဖော်ပြမထားသော လျှို့ဝှက်ချက်နှင့် လေးနက် ခိုင်ကျည်သော စိတ်ဓာတ်စစ်ဆင်ရေးတစုံတရာ ပါဝင်ငုပ်ကွယ်နေမည်ကိုကား သိသာလှပေ၏။

ဇာတ်ကြီး ဆယ်ဘွဲ့က အလောင်းတော်ကြီးများ တိုင်းပြည် အုပ်ချုပ် မင်းလုပ်ကြရာ၌ အများပြည်သူတို့၏အကျိုးကို အဘယ်မျှ အနွံအတာခံ၍ သည်ပိုး ကြသနည်း၊ အဘယ်ရည်ရွယ်ချက်ဖြင့် မင်းလုပ်သကြနည်း၊ အဘယ်မျှတော်တည့် မှန်ကန်၍ အဘယ်မျှ ရဲစွမ်းသတ္တိလုံ လဝီရိယရှိကြသနည်း၊ သတ္တဝါအများနှင့် အမှန်တရားအတွက် အသက်ကိုပင် အသေခံနိုင်သူမှာ အလောင်းတော်ကြီးများ ဖြစ်ကြ၏။ မြန်မာတို့သည်၊ အထူးသဖြင့် မြန်မာခေါင်းဆောင်တို့သည် အရာရာ၌ ထိုဗုဒ္ဓဝါဒအမြင်အသိဖြင့် သတ္တိရှိရှိ၊ ဝီရိယသန်သန်၊နှိုင်းရှည့်ဝေဖန်၍ သည်းခံ လိုက်လျော၊ သဘောထားကြီးစွာပြုလုပ်ဆောင်ရွက်ကြမြဲ ဖြစ်ကုန်၏။

အင်အားကြီးတိုင်းလည်း အနိုင်မကျင့်၊အင်အားသေးသော်လည်း အရှူး ပေးလိမ့်မည်မဟုတ်။ မင်းတုန်းမင်းကြီး၏ ခံယူချက်နှင့် ဘာသာရေး ကြိုတင် ပြင်ဆင်မှုများသည် နယ်ချဲ့အရှိန်အဟုန်ကို ဟန်ဟားနိုင်ခဲ့ရုံမျှမက မတတ်သာ၍ အရှုံးပေးလိုက်ရစေကာမူ မြန်မာတို့၏ နှလုံးသည်းပွတ်သဖွယ် ဖြစ်သော ထေရ ဝါဒသာသနာကား သာ၍ပင် တောက်ပြောင်လာခဲ့၏။

## PAGE 158
<!-- 10 paragraphs, raw extraction -->




မြန်မာပြည်သို့အင်္ဂလိပ်များဝင်ရောက်လာသောအခါ တိုင်းပြည်အများစု ပညာရေး၊အထူးသဖြင့် ငြိမ်ဝပ်ပိပြား၍ လိမ္မာရေးခြားရှိရေးအတွက်ဘုန်းတော် ကြီးများကိုကျော်လွန်၍မရ၊ ရှေးမင်းစဉ်ဆက် ဆောင်ရွက်ခဲ့သောပါဠိပညာရေး နှင့် ဘွဲ့ထူး ဂုဏ်ထူးပေး စနစ်များကိုပင် ဆက်လက် တာဝန်ယူရလေတော့၏။
အုပ်ချပ်ရေးအမြင်ရာဇာဥပါယ်အရသာလျှင်မဟုတ်၊ မြန်မာတို့၏ ခံယူချက်နှင့် ရပ်တည်မှုကို ဥပေက္ခာပြု၍မရနိုင်သောကြောင့်လည်းဖြစ်၏။

အချုပ်ကိုဆိုရသော် ပဉ္စမ သံဂါယနာ ကျောက်တိုင် ကျောက်စာကြီး များသည်ပင် အင်္ဂလန် ပါဠိစာတော်မူ အသင်းကြီး ( ပါဠိတက်က်စ်ဆိုဆိုက် ယတီး) ဖြစ်မှန်းမသိ ဖြစ်သွားလေတော့၏။ ထိုအသင်းကြီးကား ယခုအခါ နှစ်ပေါင်းတစ်ရာပြည့်ပြီဖြစ်ရာ ပါဠိတော်နှင့် ဘာသာပြန်များကိုသာမက အဋ္ဌ ကထာ ဘာသာပြန်များကိုပင် တကမ္ဘာလုံးသို့ ဖြန့်ချီနေလေပြီ။

အင်္ဂလိပ်တို့မြန်မာပြည်မှရရှိသွားသော ရတနာတို့တွင် ထေရဝါဒ ပိဋက သာသနာသည် မျက်စိနားကြီးသော အင်္ဂလိပ်လူမျိုးတို့အဖို့တန်ဖိုးမဖြတ်နိုင်သော ရတနာကြီးဖြစ်၏။

နှစ်ဘက်မမြင်လိုသော လယ်တီဆရာတော်

အားလုံးခြုံ၍ဆိုရသော် ဗြိတိသျှအုပ်ချုပ်ရေး ဝင်လာသည့်အတွက် မြန် မာနိုင်ငံ သာသနာရေးသည် မင်း၏အကူအညီ အထောက်အပံ့ မရရှိ၍ တိုးတက် သင့်သလောက် မတိုးတက်သည်မှအပ ကျဆင်းဆုတ်ယုတ်ခြင်း မရှိချေ။ မဆုတ်ယုတ် ရုံမျှသာမက မြန်မာနိုင်ငံ သာသနာ့ဝန်ဆောင် အရှင်မြတ်များ၏ ပရိယတ် ပဋိပတ် ရပ်တည်မှု ခိုင်မာ၍ ဒကာ၊ ဒကာမတို့၏ ပစ္စယာနုဂ္ဂဟကြောင့် ကမ္ဘာတခွင်လုံးသို့ ထေရဝါဒသာသနာ ဖြန့်ပွားရာ၌မူ သာ၍ပင် အောင်မြင်မှု ရှိနေပေသည်။

“မြန်မာရဟန်းတော်များအင်္ဂလိပ်စာမတတ်ခြင်းကြောင့်ကမ္ဘာ၌သာသနာ ပြု၍ မရှနိုင်”ဟု သာမန်အားဖြင့် ထင်စရာရှိ၏။ စင်စစ် အင်္ဂလိပ်စာသည် သာမန် အကူမျှသာ ဖြစ်၏။ ပရိယတ် ပဋိပတ်ကို အဟုတ်အဟတ် တတ်သိနိုင်နင်းမှုသာ လျှင် ပဓာနဖြစ်သည်။ လုံချည် အင်္ကျီ လုံလဲအောင် ဝတ်စရာမရှိသေးပါပဲလျက် သနပ်ခါးလူး၊ပန်းပန်သူကဲ့သို့လည်းကောင်း၊ပုဆိုးမပါပဲ ခေါင်းပေါင်းစထောင်သူ ကဲ့သို့ လည်းကောင်း မဖြစ်သင့်ချေ။

တချိန်က ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးအား အင်္ဂလိပ်စာ လေ့လာရန် လျှောက်ထားကြဖူးသတတ်။ ထိုအခါ ဆရာတော်ဘုရားကြီးက

## PAGE 159
<!-- 13 paragraphs, raw extraction -->


"


“အေး… အင်္ဂလိပ်စာ တတ်ထားယင်တော့ ကောင်းသကွယ့်၊
ဒါပေမယ့် ဘာသာခြားတခုကို အဟုတ်တတ်ဖို့ဆိုတာလဲ မလွယ် ကူလှဘူး။ မတတ်ပေမယ့်လဲ သာသနာပြုလို့ ရပါတယ်၊ နှစ်ဖက် မြင်တာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် တဘက်ထဲကြည့်ရသ လောက် အားမကောင်းဘူး၊ နှစ်ဘက်ဆိုတော့ ဝိုးတိုးစါးတားပဲ မြင်ရတယ်”ဟု မိန့်တော်မူဘူးလေသည်။ (သက္ကတနှင့်စပ်သော လယ်တီဆရာတော်၏ အမြင်ကို ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ၌ ရေး ခဲ့ပြီ။)


အဟုတ်အဟတ် တတ်သိကျွမ်းကျင်ရန် ခက်ခဲလှသော ပရိယတ်,ပဋိပတ် အလုပ် ခိုင်မာမှုမရှိသေးပဲ တတ်မြောက်လာရသော အင်္ဂလိပ်စာလည်း မိတ်ဖြစ် ဆွေဖြစ် အခမ်းအနား ဘာသာရေးအဆင့်ထက် မကျော်လွန်နိုင်ချေ။ ကျမ်းစာ ရေးသားနိုင်သည်အထိ နှစ်ဘက်စလုံး နိုင်နင်းသည်ဆိုရန်မှာလည်း အလွန်ဖြစ်ခဲမျှ။

ယခုအခါကား အဘိဓမ္မာဝေါဟာရ၊ လက်တွေ့သဘာဝများ အထူးတိုး တက်လာသဖြင့် ဝေါဟာရ ပြောင်းလဲကပ်ကူးပေးရုံမျှဖြင့် မရချေ။ လက်တွေ့ အလုပ်ဖြင့် တတ်နိုင်သံမျှ သဘာဝဆိုက်အောင် ရေးသား ဟောပြောနိုင်မှသာ ဖြစ်နိုင်ပေသည်။

အကြောင်းကား ကမ္ဘာနှင့်အဝန်း ထေရဝါဒ သာသနာ၏ လက်တွေ့ သဘော(ပဋိပတ်အလုပ်)များ ပြန့်ပွားနေပြီ ဖြစ်သောကြောင့်တည်း။
အင်္ဂလိပ်စာမတတ်သော ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ဒီပနီ ကိုးကျမ်းခန့်နှင့်တကွ ပရိယတ်, ပဋိပတ်အမှုများ ယခုအခါ ကမ္ဘာတခွင်၌ ဆက်လက်သာသနာပြုလျက်ရှိနေကြ၏။ မိမိ၏ ပရိယတ်, ပဋိပတ်ဖြစ်သော ဓုရ နှစ်ဖြာ ပဓာနအလုပ်သည်သာလျှင် လိုရင်းဖြစ်ကြောင်း ကောင်းစွာ ရှုမြင်အပ် ပေသည်။

သာသနာရထားကြီး ဘီးချော်မကျအောင်

သီဟိုဠ်နိုင်ငံ ထေရဝါဒ သာသနာသည် နှစ်ရှည်လျားစွာ ကုလားရန်နှင့် မဟာယာနအန္တရာယ်တို့အကြား လုံးပါးပါးခဲ့ရာမှ အင်္ဂလိပ် ယဉ်ကျေးမှု ဝင်

လာသောအခါ…

“သာသနာတော် ယိုယွင်းပျက်စီး၍ ဂိုဏ်းပြည့်ရုံမျှ ရဟန်း သံဃာမရှိ သောကြောင့်(သာသနာလင်္က၁-၃၆) မြန်မာနိုင်ငံစသည်မှ သာသနာပြု တပ် ကူများပေးပို့ကူညီခဲ့ရခြင်း၊ယခုအခါ ပရိယတ်,ပဋိပတ်ဦးဆောင် ဆရာတော်များ

1

## PAGE 16
<!-- 4 paragraphs, raw extraction -->


(၁၃)အနုရာဓမြို့တော်၊ ဘုရားလေးဆူတို၏ဓာတ်တော်မွေတော်များကိန်းဝပ်ရာ ထူပါရုံစေတီတော်ကြီး (နိဒါန်း အခန်း ၃ ကြည်။)

(၁၄)ဓမ္မစေတီမင်းကြီးလက်ထက် သာဝတီ(ပဲခူး)ဟံ ရဟန်းတော်များရဟန်းခံရာ ကလျာဏီ မြစ်အနီးရှိ

ကလျာဏီစေတီတော်

## PAGE 17
<!-- 13 paragraphs, raw extraction -->


ရ ရ

ယ

က ဇ ဇ ယ စာတမ်းပါ

ည ည

အိုးခြမ်းပဲ့တခု။ (ဟန်လင်းမြို့တော်မှရရှိသည်။
မြန်မာလို 'ကျေးဇူးသိသူ ဖြစ်ပါစေ၊
ကျေးဇူးတင်ပါသည်' အဓိပ္ပာယ်ရ၏)

ကတညုတ

သံဃသီရိ

'ဒယာဒါနံ' စာတမ်းပါ ဖောင်းကြွတံဆိပ်တုံး (အေဒီ၊ ၅ ရာစုခန့်၊ ဟန်လင်းမှ၊ မြန်မာလို 'သနားသဖြင့် ပေးကမ်းလှူဒါန်းပါ'။)

A

ဗိဿနိုးမြို့တော် အမှတ် ၂-အဆောက်အဦမှ ကျောင်းထိုင်ဆရာတော်၏ ဘွဲ့တော်ဟုယူဆရသော ' သံဃသီရိ' စာတမ်းပါတံဆိပ်တုံး၊
(ရွံ့တုံး၌ခတ်နှိပ်ထားသည်။ အေ-ဒီ ၂-ရာစု။) (နိဒါန်းအခန်း ၅ ကြည့်)

(၁၅)

ဒယာဒါနံ

## PAGE 18
<!-- 4 paragraphs, raw extraction -->


(၁၆) အဘိဓမ္မာ ရွှေပေလွှာ (သရေခေတ္တရာ) (သရေခေတ္တရာမြို့တော်ဟောင်း ခင်းဘားကုန်းမှ တူးဖေါ်ရရှိသော ရွှေပေလွှာ အချပ် ၂၀-မှ ပထမ ၂-ချပ်။ အေ-ဒီ-၃ ရာစုက ဣန္ဒိယတောင်ပိုင်းသုံး ကဒမ္ဗအက္ခရာဖြင့် သိဒ္ဓံ အစချီကာ ပဋိစ္စသမုပ္ပါဒ်စသော အဘိဓမ္မာပါဠိတော်ကောက်နုတ်ချက်များ ရေးသားထားသည်။

ဗိဿနိုးမြို့တော်မှ (အမှတ်၃) စက်ဝိုင်း အဆောက်အဦ (ဓမ္မစကြာစေတီ)၊ အတွင်းစက်ဝန်း အချင်း၁၀ဂ-ပေ၊ အပြင်စက်ဝန်း ၁၄၁-ပေ၊ ၄-မျက်နှာ၌ ၅-ပေအကျယ် လှေကားတစုံစီတပ်ထားသည်၊
ဣန္ဒိယတောင်ပိုင်း၊ အန္ဓရဒေသ အမရဝတီ နာဂရ်ဂျနကွန်ဍ မြို့ဟောင်း၌ တွေ့ရှိရသော ထူပ-စေတီ ပန္နက်များနှင့် လုံးဝနီးပါး တူညီလျက်ရှိ၏။ (၁၇)

Source

## PAGE 160
<!-- 10 paragraphs, raw extraction -->


၁ ၁ ၆


ရှိနေကြသေးသော်လည်း လွန်စွာအရေအတွက်နည်းပါးခြင်း၊သာသနာမျိုးဆက် သာမဏေတပါးရရှိရန်ပင် ခက်ခဲခြင်းစသော အားနည်းချက်များသည် ထေရ ဝါဒသာသနာ ကမ္ဘာတခွင်လုံးသို့ဖြန့်ချီရန် တာစူနေသောဤအခါမျိုး၌ စံတော် ဝင် အရိယာများနှင့်အတူ သင်ခန်းစာ ယူရမည့် အကြောင်းများ .. ဖြစ်ပေ တော့သည်။

သီဟိုဠ်မြန်မာ သာသနာ သမိုင်းတလျှောက်တွင် မိစ္ဆာဒိဋ္ဌိ မင်းများအန္တရာယ်၊ မဟာယာန အန္တရာယ် တို့ထက် သာသနာ အတွင်းနေ အလဇ္ဇီဒုဿီလ(ခေတ်မီတိုးတက်သည်ဆိုသောအကျင့် ပျက်သွမ်း) ရဟန်းတို့၏ အန္တရာယ်က ပို၍ ကြောက်ဖွယ် ကောင်း လှသည်ကို တွေ့မြင်ရ၏။

အပြင်ပအန္တရာယ်သည် ညှိုးနွမ်းရုံမျှသာတတ်နိုင်၍ အတွင်းက လာသောအန္တရာယ်သည် ဆိုင်ရာဒေသ၌ သာသနာ အမြစ်ပြတ် သည်အထိ ဖြစ်သွားနိုင်လေသည်။

အလဇ္ဇီဒုဿီလရဟန်းတို့မလုပ်ရဲသော အလုပ်ဟူ၍မရှိတော့ပြီ။
ဘုရားကိုပင် ပုန်ကန်ရဲသူများပေတည်း။

ထို့ကြောင့်ဘုရားသားတော် ရဟန်းတော်တို့သည် မိမိတို့ မလွှဲ မသွေတတ်ပွန်ထမ်းဆောင်နေရမည့် ပရိယတ်, ပဋိပတ်၊ သီလ၊
သမာဓိ၊ပညာ၊စာပေနှင့်ကိုယ်ကျင့်လုပ်ငန်းမှတပါး အခြားစာပေ လုပ်ငန်းများတွင် လိုအပ်သည်ထက်ပိုလွန်၍ အာရုံမစိုက်သင့်ချေ။
အာရုံစိုက်ခွင့် မပေးသင့်ချေ။

သာသနာသည် လောကနှင့် မကင်းသောကြောင့် ရဟန်းတော်များ အတွက် လောကီစာပေနှင့် လောကီလုပ်ငန်းများ၏လိုအပ်သော အတိုင်းအစာာ ဆိုသည်မှာလည်းအကယ်စင်စစ် မရှိမဖြစ်၊မတတ်မဖြစ်သော ကိစ္စကားမဟုတ်ချေ။
ပရိယတ် ပဋိပတ်ပြည့်စုံတန်သလောက် ပြည့်စုံပြီးသော ရဟန်းတော်များအတွက် ပင်လျှင် မဆိုစလောက်သော အတိုင်းအတာမျှသာ ဖြစ်သင့်ပေသည်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ရဟန်းတော်များအတွင်း၌ နှစ်ပေါင်း ထောင်ချီ၍အတွင်းလှိုက်ပူးဝင်နေခဲ့သော မဟာယာနအမူအကျင့်များနှင့် အလဇ္ဇီ ရဟန်းများကို အကြွင်းမဲ့ဖယ်ရှားရန် မတတ်နိုင်ကြရသည့်အထဲ (သို့မဟုတ်၊ ဖယ် ရှားရကောင်းမှန်းပင် မသိတော့အောင် ပိရိစွာ ရောနှော ခံနေကြရသည့်အဲထဲ) “ခေတ်အားလျော်စွာ”ဟုဆိုကာ လောကီစာပေ, ကိစ္စများကိုပါ လက်ခံကြပါ မူကား(ခေတ်လူတို့အမြင် ` ဂုဏ်တင်ချီးပစရာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း)

## PAGE 161
<!-- 10 paragraphs, raw extraction -->




သာသနာတော်အတွက်ကား အနုတ်လက္ခဏာတခု၏နောက် အနုတ်လက္ခဏာတခု ထပ်ဆင့်လာခြင်းသာလျှင် ဖြစ်တော့သည်။

“ခေတ်အားလျော်စွာ”သည် မဟာယာနတို့၏ မူလ ဆောင်ပုဒ်ကြီးပင် ဖြစ်၏။ ထေရဝါဒသာသနာကား ခေတ်နှင့်အညီ ခေတ်မီအောင် တစုံတရာပြုပြင် ကျင့်သုံးဖွယ် မလိုချေ။

လောကီစာပေကိစ္စများသည် ပထမတွင် သာသနာအတွက် အထောက် အကူဖြစ်လေဟန် ထင်ရစေကာမူ လောကီအာရုံကြီးပွားမှုကိုသာ အမြဲစေ့စော် ဖန်တီးလေ့ရှိရာ သတ္တဝါတို့ကြိုက်ရင်းစွဲ အာရုံဖြစ်သည်နှင့်လည်း လျော်ညီစွာ သာသနာပြုယင်းပြုယင်းနှင့် ဖျက်မိလျက်သား ဖြစ်သွားကြရရှာလေသည်။
သီဟိုဠ်နှင့် မြန်မာနိုင်ငံရှိ ရဟန်းတော်အချို့သည် လောကီ စာပေ၊လောကီကိစ္စ၊လောကီအာရုံများကိုကျက်စားမိရာမှ ဝိနည်း သိက္ခာပုဒ်ငယ်များ၌ ပေါ့လျော့ပျက်ကွက်လာ၏။ ဒေသနာ ကြား ကုစားရန်ပင် သတိမမူ။ ကြွေးထူ မပူ၊ သန်းထူမယား ဖြစ်သွား၏။

သိက္ခာပုဒ်ငယ်များ၌ ကျူးလွန်ရန် ယဉ်ပါးလာရာမှ သိက္ခာ ပုဒ် ကြီး များ ကို လည်း အလွယ် တကူ ကျူး လွန် နိုင်လာလေ တော့၏။

ထိုအခါ(ရထားတွဲကြီးများ တစ တစ လမ်းချော်ကာ တွဲလုံး တိမ်းမှောက်သွားရသကဲ့သို့) ရဟန်းတော်တို့နှင့် မအပ်မရာလူမှု ကိစ္စများ၌သာမက၊ တိုင်းပြည် အုပ်ချုပ်သော မင်းများ၏ကိစ္စ (နိုင်ငံရေး) များအထိ တတိတတိ နယ်ကျွံ သွားကြပြီးလျှင် ကမ္ဘာကျော် နိုင်ငံတော် ရာဇဝတ်မှုကြီးများ ကျူးလွန်သည် အထိ ဖြစ်ခဲ့ကြရသည်မှာ ထေရဝါဒ သာသနာသမိုင်းတွင် အလွန် အကျည်းတန် ရိုင်းပြလှပေသည်။

“ဧကော အလဇ္ဇီ, အလဇ္ဇီသတံ ဟောတိ=တယောက်က စ တရာ” ရဟန်းကောင်းများအဖို့ ပေါင်းစရာပင် မရှိတော့ချေ။
သီဟိုဠ်သာသနာသမိုင်းကိုကြည့်လျှင် အရိယာပုဂ္ဂိုလ်ထူးများ အလွန်များပြားခဲ့သည်ကိုသာ သာမန်အားဖြင့်ကြည့်၍ “ပဋိပတ္တိ ထွန်းကားလွန်း၍ ပရိယတ္တိလျော့ပါးကာ သာသနာ ဆုတ်ယုတ် ခဲ့ရသည်”ဟု အချို့ပုဂ္ဂိုလ်များ ယူဆတတ်ကြရာ သမိုင်းရေစီး ကြောင်းကို ကောင်းစွာ သုံးသပ်ကြရာသည်။

!

## PAGE 162
<!-- 13 paragraphs, raw extraction -->



မည်သို့ဖြစ်စေ…ယခုအခါ မြန်မာနိုင်ငံထေရဝါဒသာသနာ ရေသောက် မြစ်ကြီးကား ကမ္ဘာသို့ မျိုးဆက်ဖြန့်ပွားပေးရန် အလွန် အင်အား ပြည့်စုံသော အခြေအနေ၌ ရှိနေပေသည်။ နှစ်ပေါင်းထောင်ချီ၍ လက်ဆင့်ကမ်းသည်ဆောင် လာကြသော သာသန ဒါယာာမင်းများနှင့် သာသနာစောင့် မထေရ်ကြီး အဆက်ဆက်တို့၏ ကျေးဇူးပင်ဖြစ်၏။

ဘုရားဟောပါဠိတော်နှင့်တကွ အဋ္ဌကထာဋီကာများ၏အဓိပ္ပာယ်သဘော သဘာဝကို ကျနသည်ထက်ကျန၊ ကျစ်လျစ်သည်ထက် ကျစ်လျစ်အောင် ခေတ် အဆက်ဆက် ကျောက်ဆစ်သကဲ့သို့ လေ့လာခဲ့ကြရာ ယခုအချိန်ကား ပြည့်စုံ

ကုံင၍ ပွင့်လင်းလာသောအခါဖြစ်၏။

66

ဘုရားဟောဒေသနာပါဠိတော်တို့၏ ပြည့်စုံသောအဓိပ္ပာယ် အနှစ်သာရ

ကို သိလိုလျှင် မြန်မာစာကိုတတ်မှ ဖြစ်မည်”ဟုပင် ဆိုသင့်၏။

မဝေး

ထေရဝါဒ၌ အာရုံစိုက်လာသော ဘာသာလူမျိုးခြားတို့သည် လှသောအနာဂတ်ကာလတွင် ထိုသို့ပင် သဘောသက်ဝင်ကာ မြန်မာစာကိုပင် သူ ့ထက်ငါလေ့လာသင်ယူရသောအဖြစ်မျိုး ဖြစ်မလာနိုင်ဟုမဆိုနိုင်ချေ။သို့သော် မြန်မာပညာရှိဆိုသူတိုင်းပင် မြန်မာစာကို မတတ်ကြသေး။

“ကိုယ်လုပ်ရမည့်အလုပ်ကိုသိမ်းထုပ် သေချာအောင် လုပ်နေခြင်းသည်ပင် အခြားသူတို့၏ အကျိုးကိုလည်း သည်ပိုးလုပ်ဆောင်ပေးပြီးဖြစ်နေသည်”ဟု ဟော တော်မူသော သေဒကသုတ္တန်ဒေသနာတော်သည် လွန်စွာ လေးနက်လှပေ၏။
အရှင်မဟာဗုဒ္ဓဃောသသည် ဝိသုဒ္ဓိမဂ်အဋ္ဌကထာကျမ်းကြီး စတင် ရေး ရသောအခါ ပိဋကသုံးပုံကို ခြုံမိငုံမိသော'သီလေပတိဋ္ဌာယဂါထာကို မတည်၍ ဖွင့်ဆိုရေးသားတော်မူခဲ့၏။

သီလသမာဓိပညာများ မိမိသန္တန်၌ ရှိနေ့သူသည်သာလျှင် သာသနာ တည်သူ၊ သာသနာ ပြုနေသူမည်၏။ သာသနာပြုလိုသော ရဟန်း ရှင်လူတိုင်း အောက်ထစ်ဆုံး လူဖြစ်က လူသီလ၊ ရဟန်းဖြစ်က ရဟန်းသီလ ရှိထားနှင့်ပြီး ဖြစ်ရ၏။

သီလ၏ အရှိန် အဝါသည်ပင် ကြီးကျယ် မြင့်မြတ်လှပါပေ၏။ လိုရာ ပြီးမြောက် ခရီးပေါက်စေနိုင်ပါပေ၏။ ထိုသီလသည် အာာသာများစွာ တတ် ကျွမ်း၍ မတိကျ မရေရာ ဇဝေဇဝါဘာသာပြန်ထားသော ဘာသာရေး ကျမ်း စာအုပ်ကြီးများ၊ ၀ါစာကမာ ဘာသာရေးအခမ်းအနား၊ ဘာသာရေး ဟော ပြောပွဲကြီးများထက် အဆပေါင်းများစွာ အကျိုးသက်ရောက်မှုများ ရရှိစေနိုင် သည်ကို မမြင်တတ်ကြ၍ မြင်အောင်ကြည့်နိုင်ဖို့ အရေးကြီးလှပါပေသည်။

## PAGE 163
<!-- 9 paragraphs, raw extraction -->


(၆)

သာသနာခေတ်စော၍ အရိယာပေါသော ဗြဟ္မဒေသ = ပျူ = ဗမာနိုင်ငံတော်

-

-

“ဤသို့ဆိုလျှင် မြန်မာတိုင်းနိုင်ငံ၌ သာသနာဝင် ဆရာစဉ် ဆက်တွင် ဈာန်အဘိညာဉ်မဂ်ဖိုလ်ရသော သီလ၀န်, ဂုဏဝန်ဆရာ စဉ်ဆက်ဖြင့်လည်း ယခုထက်တိုင် မြဲမြဲတည်ကြည်စွာ သာသနာ တော်မြတ် စည်ပင်သန့်ရှင်း ထွန်းလင်း၏။

(သာသနာလင်္ကာရ- ၁ဝ၅။)

သီဟိုဠ်နိုင်ငံသည် မြတ်စွာဘုရားရှင် သက်တော် ထင်ရှားရှိစဉ်က လူနေ ဒေသ မဖြစ်သေး။ မဟာပရိနိဗ္ဗာန်ပြုသည့် နေ့တွင်မှ ဝိဇယမင်းသား သီဟိုဠ်သို့ ကူးကာ ထိုအခါမှစ၍သာ လူနေဒေသ ဖြစ်လာသည်။

မြတ်စွာဘုရားရှင် သုံးကြိမ်သုံးခါ သမာပတ်ချမ်းသာဖြင့် လင်္ကာဒီပသို့ ကြွရောက်စံနေဖူးသော်လည်း သာသနာကား တတိယသံဂါယနာ ၂ ၃ ၆-ခုနှစ်မှ ရောက်ရှိ၏။ အခြားသာသနာပြုဌာန ရှစ်ဌာနတို့၏ နောက် တနှစ်ခန့် နောက်ကျ ပေသေးသည်။ သို့ရာတွင် ဗုဒ္ဓမရှိသည့်နောက် သာသနာငါးရာစုမှစ၍ကမ္ဘာပေါ် တွင် ထေရဝါဒသာသနာ ပဓာနခံတပ်မြို့တော်ကြီးအဖြစ် ကြံ့ကြံ့ကြီး ရပ်တည်

## PAGE 164
<!-- 29 paragraphs, raw extraction -->


၁၂ဝ


နှင်ခဲ့လေပြီ။ ဘုရားဟော ဒေသနာမူရင်းကျကျနှင့် အဋ္ဌကထာကျမ်းများအတွက် လည်း တကမ္ဘာလုံးကပင် အားထားခဲ့ကြရသော နိုင်ငံဖြစ်လေသည်။

ဣန္ဒိယ၊ သီဟိုဠ်၊ မြန်မာသာသနာပြုခေတ်ပြိုင်မင်းများ

ဗြဟ္မဒေသ (ဗရ်ဟ်မဒေရှ်) ခေါ် ပျူ-မှန်စသည်ပါဝင်သော မြန်မာနိုင်ငံ တော်သည်ကား ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ်ကပင် သာသနာ ရောက်ရှိ၍ ဒုတိယသံဂါယနာ (သာသနာအနှစ်-၁၀၀) ကာလာသောကမင်း လက်ထက်တွင်ကား ဒွတ္တဘောင်မင်းကြီး သရေခေတ္တရာ၌ နန်းတက်တော်မူရာ သာသနာလွန်စွာ စည်ပင်၍ ရဟန္တာအရှင်မြတ်များ အမြောက်အမြား ရှိတော်မူ နေကြပြီ။

ဤ၌ ရှေးဦးမြန်မာနိုင်ငံ သာသနာသည် လွန်စွာအားရကြည်ညိုဖွယ် ကောင်းလှပေ၏။ ရှေးဦးစွာ မဇ္ဈိမနှင့် သီဟိုဠ်သာသနာပြုမင်းများနှင့် ခေ တ်ပြိုင် စိုးစံသော မြန်မာမင်းများကို သိမှတ်ထားသင့်၏။

.

ဣန္ဒိယနှင့်သီဟိုဠ်

၁။ အဇာတသတ်မင်း' (မဇ္ဈိမ ဒေသ)

၂။ ကာလာသောကမင်း

သာသနာတော်နှစ် မြန်မာ

....

ဇမ္ဗူဒီပဓဇမင်း၊
တကောင်း၊သင်းတွဲပြည်။

…ဒ္ဓတ္တဘောင်မင်း၊
သရေခေတ္တရာပြည်။


၃။ သီရိဓမ္မာသောကမင်း


ရန်ပေါင်မင်း၊
သရေခေတ္တရာပြည်၊
သီရိမာသောကမင်း၊

....

၄၅ဝ

....


၄။ ဝဋ္ဋဂါမဏိမင်း (သီဟိုဠ်ကျွန်း) ၅။ မိလိန္ဒမင်း(ဂန္ဓာရ) (ရှင်နာဂသိန်ခေတ်) ၆။ မဟာနာမမင်း(သီဟိုဠ်) ၉၃ဝ (ရှင်ဗုဒ္ဓဃောသခေတ်)

....

...

သထုံပြည်။
ငတပါးမင်း၊
သရေခေတ္တရာပြည်၊

ပါပိယံမင်း၊
သရေခေတ္တရာပြည်၊

သေဉ်လည်ကြောင်မင်း၊
သိရိပစ္စယာ၊ ပုဂံ။

## PAGE 165
<!-- 20 paragraphs, raw extraction -->




၇။ မဟာဝိဇယဗာဟုမင်း ၁၆၀၉ (၅၅)

အနော်ရထားမင်း၊

(သီဟိုဠ်)

အရိမဒ္ဒန-ပုဂံနေပြည်တော်။

ဂ။ သီရိဝိက္ကမသီဟမင်း


ဘိုးတော်မင်း၊

(သီဟိုဠ်နောက်ဆုံးမင်း)

အမရပုရှနေပြည်တော်။

မှတ်ချက်။ သာသနာတော် နှစ်များမှာ နန်းစံနှစ်များ မဟုတ်၊
သံဂါယနာတင်နှစ်စသည် သိသာရုံပြထားခြင်းမျှသာ ဖြစ်၏။

ရှေးဦး မြန်မာ့ သာသနာ

သီဟိုဠ်နှင့် မြန်မာ့နိုင်ငံတို့သည် မဇ္ဈိမဒေသခေါ် ဣန္ဒိယပြည်ကြီး၏ အခြံ အရံ ကျွန်းငယ်များ ဖြစ်ကြ၏။ အထူးသဖြင့် မြန်မာနိုင်ငံသည် ပထဝီအနေ အ ထားအားဖြင့် မဇ္ဈိမဒေသကြီးနှင့် တဆက်တည်းတည်ရှိ၍အမြဲတမ်းကူးလူးဆက်ဆံ နိုင်သော ဒေသဖြစ်ရုံမျှမက တရုတ်, ဣန္ဒိယပြည်ကြီး နှစ်ပြည်ထောင်အကြား ရေလမ်း၊ ကုန်းလမ်း အဝင်အထွက် စခန်းသင့်သော နေရာလည်း ဖြစ်သည်။

.

ဗုဒ္ဓ မပွင့်ပေါ်မီက မဇ္ဈိမဒေသတွင် ရသေ ့သူတော်စင်ကြီးများ ရှိနေခဲ့ကြ ဖူးသကဲ့သို့ ရှေးဦးမြန်မာနိုင်ငံတွင်လည်း ရသေ ့သူတော်စင်ကြီးများ ရှိနေခဲ့ ကြသည်ပင်။ မဇ္ဈိမဒေသကြီးနှင့် မရှေးမနှောင်း ဖြစ်ပေါ်တည်နေသော ဒေသ ဖြစ်၍ ဗုဒ္ဓမပွင့်မီ နှစ်ပေါင်းများစွာကပင် လူနေဒေသဖြစ်ခဲ့ကြောင်းလည်း သမိုင်း အထောက်အထားများ ရှိနေပေသည်။

ဗြိတိသျှခေတ် မျက်နှာဖြူ သမိုင်းဆရာတို့ မည်သို့ပင် မြန်မာကိုသေးငယ် သိမ်ဖျင်းအောင် ကြံဆောင်၍ သမိုင်းတင်ကြသော်လည်း ပထဝီအနေအထား ကပင် ယဉ်ကျေးမှုခေတ်စောသော နိုင်ငံတနိုင်ငံဖြစ်ကြောင်း မည်သို့မျှငြင်းကွယ်၍

မရသာပေ။

ရှေးဦးမြန်မာနိုင်ငံသမိုင်းကိုကြည့်လျှင် မြန်မာနိုင်ငံသည် သာသနာခေတ် စော၍ အရိယာပေါများသော ထေရဝါဒနိုင်ငံကြီးတနိုင်ငံဖြစ်ကြောင်းမြေပေါ် မြေအောက်သမိုင်းများက ဖော်ပြလျက်ရှိ၏။ ခေတ်အဆက်ဆက် နိုင်ငံရေး ရှုပ်ထွေးမှုများ၊ ဗြာဟ္မဏနှင့် မဟာယာနအန္တရာယ်များကြားကပင် မျက်မှောက် ခေတ်အထိ အရိယာသူတော်ကောင်းကြီးများ အဆက်မပြတ် ဖြစ်ထွန်းပွင့်ပေါ် တော်မူနေခဲ့သည်မှာ မြန်မာနိုင်ငံ၏ ထူးခြားသော ဝိသေသလက္ခဏာပင် ဖြစ်၏။
အမြွက်မျှ ပြညွှန်းရပါမူ အောက်ပါအတိုင်း ဖြစ်၏။

## PAGE 166
<!-- 14 paragraphs, raw extraction -->


' ၁၂၂

၁။


ဗုဒ္ဓခေတ်

ဘုရားဖြစ်တော်မူဦးစ ၄၉-ရက်အရ၊ တပုဿ, ဘလ္လ ိက ညီနောင် နှစ်ပါးကို အကြောင်းပြု၍ သုဝဏ္ဏဘူမိတိုင်း၊ ဥက္ကလာပပြည်နယ်၌ သာသနာ စတင်ရောက်ရှိသည်။

“တပုဿကား သောတာပန်ဥပါသကာ၊ ဘလ္လ ိကကားရဟန္တာ၊
အပဒါန်ကျမ်းဝင်သာဝကဟူ၍ ထေရဂါတာ အပဒါန် ကျမ်းများ၌ ဆိုသည်။” (သာသနာလင်္ကာရ-၂၃-၄။)

၂။ မြတ်စွာဘုရား ရှစ်ဝါအရတွင် အရှင်ဂဝံပတိ ရဟန္တာအရှင်မြတ်ကို အကြောင်းပြု၍ သံဃာတော်နှစ်သောင်း ခြံရံလျက် သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွရောက်၍ တရားအမြိုက် တိုက်ကျွေးတော် မူ၏။
(ရွှေမော်ဓောကျောက်စာနှင့်ရာဇဝင်,သာသနာဝင်, သမိုင်းများ။)

သီဟိုဠ်သာသနာဝင် မဟာဝံသကျမ်းမှာကဲ့သို့ မြန်မာနိုင်ငံသို့မူ ဘုရားရှင် အကြိမ်ကြိမ် ကြွရောက်တော်မူလျက် သမာပတ်ဝင်စားကာ ဗျာဒိတ်ထားတော် မူသောအရာတို့ကား စေတီဝံသသမိုင်းကျမ်းဟောင်းတို့၌ များစွာလာရှိကုန်သည်။

။

မှတ်ချက်။ ။ပါဠိတော်တို့၌ မြတ်စွာဘုရားရှင်သည် မဇ္ဈိမဒေသမှတပါး အခြားဒေသတို့၌ ဒေသစာရီ ကြွချီကြောင်း မတွေ့ရခါမျှဖြင့် ထိုမှတ်တမ်း ဟောင်းများကို တမင်သိဒ္ဓိတင်ပြီးရေးထားသည်ဟုချည်း မဆိုသင့်။

သီဟိုဠ်-မြန်မာစသည်တို့၌ လက်ရှိသာသနာ့ အခြေအနေများအထိ

တင်၍ သိမြင်တော်မူကြပြီးပင်ဖြစ်သည်။ ယုံမှားဖွယ်မရှိ။လောက၌ အင်အား ကြီးသော လက်နက်နိုင်ငံရှင်များသည် မိမိတို့အာဏာသက်ရောက်မည့်၊သို့မဟုတ်.. သက်ရောက်ရာ နိုင်ငံနယ်ပယ်ဒေသတို့၌ ရုပ်ပိုင်းဆိုင်ရာ ရိက္ခာအကာအကွယ်များ လိုအပ်သလို တာဝန်ယူလေ့ရှိကြသည်။

ထို့အတူ ရုပ်ပိုင်းဆိုင်ရာ, နာမ်ပိုင်းဆိုင်ရာ အတုမဲ ့ တန်ခိုးရှင် ဖြစ်တော် မူသော ဘုရားရှင်သည်လည်း မိမိ၏ သာသနာတော် တည်အံ့သော ဒေသများ အတွက်မေတ္တာ,တန်ခိုးသတ္တိအကာအကွယ်များ တစုံတခုသောအတိုင်းအတာအရ စောင်မချီးမြှောက်ခြင်းပြုတော်မူခဲ့မည်ကို ယုံမှားစရာ မရှိပါချေ။

## PAGE 167
<!-- 14 paragraphs, raw extraction -->


၃။

"


သရေခေတ္တရာခေတ်၊ သာသနာတော် တစ်ရာစု


ဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီးနောက် သာသနာတော်နှစ် ၁၀၁-နှစ် ရှိသောအခါ သရေခေတ္တရာခေါ် ရသေ့ပြည်၌ ဒွတ္တဘောင်မင်းကြီး လက်ထက် ရဟန္တာအရှင်မြတ်သုံးထောင်ရှိ၏။ နေ့စဉ်ပစ္စည်းလေးပါး လှူဒါန်း၍ဓာတ်တော်မှုတော်များကိုလည်း “ဗောဗော၊ ညဉ်းညဉ်း၊
ဆဉ်းဆဉ်း၊ ယောယော၊ သောကြမာ၊သရမ္မာ၊ မြင်ဗာဟု၊မြသီတင်း၊
မြသိန်းတန်” စေတီကြီး ၉-ဆူ တည်တော်မူ၏။ ယခုတိုင်ဖူးမြော်နိုင် ကြသည်။(ရာဇဝင်ကြီးနှင့် သာသနာဝင်,သမိုင်းများ။)

“သိရီခေတ္တ (ရှရှီခရှစ်တရ) ရသေ့လည်း နှစ်သောင်းသော ရသေ့တို့နှင့် တကွ အဘိညာဉ်သမာပတ်ကို ဖြစ်စေလျက်နေ၏။ သိရီခေတ္တရာ ရသေ ့သား ဖြစ်သော နှစ်သောင်းသောရသေ ့တို့မှာ အရှင်ပုဏ္ဏထေရ်၏ တရားကို နာရသဖြင့် ရဟန္တာနှစ်သောင်း ဖြစ်ကုန်၏။”

(၁) ဒွတ္တဘောင် မင်းကြီးတွင် မိဖုရားကြီး လေးဦးရှိရာ သီရိစန္ဒာမိဖုရား သည် အရှင်သောဘိတ ရဟန္တာ၊

ဥမ္မာရဒေဝီသည် အရှင်သုမင်္ဂလ ရဟန္တာ၊

(၃) ပိဿတိုး မိဖုရားသည် အရှင် ဗောဓိရက္ခိတ ရဟန္တာ၊ အရှင်မြတ် များကို ကိုးကွယ် ဆည်းကပ်၍၊ ထိုအရှင်မြတ်တို့သည် အရိယာ တပည့်တထောင်စီခြံရံလျက် သီတင်းသုံးတော်မူကြသည်။

(၄) ဘေစန္ဒီမိဖုရားမှ ဖွားမြင်သော သုဝဏ္ဏမာလာ မင်းသမီးသည် မဟာ ယာမရဟန္တာအရှင်မြတ်ကြီး၏ တရားကို နာကြားရသဖြင့် အခြွေအရံ တထောင်နှင့်အတူ ဘိက္ခုနီမဝတ်ကာ သုဓမ္မာထေရီအမည်ဖြင့်ရဟန္တာ မကြီး ဖြစ်တော်မူ၏။

(၅) ဥမ္မာရဒေဝီလည်း ကာလာသောကမင်းကြီး၏ နှမတော်နန္ဒာထေရီ အမှူးရှိသော ဘိက္ခုနီမ -၅ဝဝတို့ထံ တရားနာ၍ အခြွေအရံတထောင် နှင့်အတူသောတာပန်ဖြစ်၏။ မင်းကြီးထံခွင့်ပန်၍၇-ရက်တရားရှုပွားရာ ဥမ္မာထေရီ အမည်ဖြင့် ရဟန္တာမကြီး ဖြစ်တော်မူ၏။

(၆) ဥမ္မာရဒေဝီမှ ဖွားမြင်သော သားကော် ဒွတ္တဇံမင်းသားသည်လည်း အရှင်ဓမ္မရက္ခိတထံ ရဟန်းပြုတော်မူရာ အရှင်စန္ဒသီရိ ဘွဲ့တော်ဖြင့် ရဟန္တာ ဖြစ်တော်မူ၏။

## PAGE 168
<!-- 12 paragraphs, raw extraction -->




(၇) ပိဿတိုး မိဖုရားမှ ဖွားမြင်သော ဥတ္တရာဇ်မင်းသားလည်း အရှင် စန္ဒသာဂရာဇ် ဘွဲ့တော်ဖြင့် ရဟန္တာဖြစ်တော်မူ၏။ အရိယာတပည့် အခြံအရံ တထောင်စီဖြင့် သီတင်းသုံးဘော်မူကြသည်။

တရံရောအခါ ဒွတ္တဘောင်မင်းကြီးသည် ပိဿတိုးမိဖုရားကြီးနှင့်(တောင် ညာစံဒေဝီ မဖြစ်ရသဖြင့်) ရန်ငြိုးမပြေရှိနေကြ၏။ အရှင်မဟာယသ ရဟန္တာ အရှင်မြတ်ကြီးက မင်းနှင့်မိဖုရားကြီးတို့အား တချိန်က တဦးပေါ်တဦး အလွန် ကြင်နာကြသော ပူးမောင်နှမဖြစ်ခဲ့ကြပုံ အတိတ်ဇာတ်ကို ဟောပြတော် မူရ လေသည်။ အရှင်မဟာယသ ရဟန္တာအရှင်မြတ်ကြီး၏ တရားတော်ကို နာကြား ကြရသဖြင့် မင်းနှင့်မိဖုရားတို့သင့်မြတ်ချစ်ခင်သွားကြသည်။မင်းကြီးလည်းမိဖုရား၊
သားတော်၊သမီးကော်တို့အား ဆန္ဒအလျောက် ရဟန်းပြုခွင့် ပေးတော်မူ၏။

မင်းကြီးကိုယ်တိုင် သားတော်နှစ်ပါး၏ တရားကို နာကြားရသဖြင့် သော

တာပန် တည်လေ၏။

"

“တနေ့တနေ့လျှင်ကိုးသိန်းကိုးသိန်းသောဥစ္စာတို့ကိုစွန့်ပေ၏။
ရဟန်း ယောက်ျား ၄-သိန်း၊ ရဟန်းမိန်းမ ၃-သိန်း၊ တနေ့ တနေ့လျှင် ၇-သိန်း ၇-သိန်းသော ရဟန်းသာမဏေတို့ကို စွန့်လှူ ကုန်၏။”

(၁၂၀ ဂ’ခုနှစ် မင်းကြီးမဟာမင်းလှမင်းခေါင် သေနာပတိအမတ်ကြီး တောင်းပန်၍ ဆရာတော် ဦးမေဓာပြုစုသော ပြည်ရွှေဆံတော် သမိုင်း'နှင့် ပြည်သမိုင်းဟောင်းကျမ်းများမှ ကောက်နုတ်ချက်။)

သထုံခေတ်၊ သာသနာ သုံးရာစုမှ ငါးရာစု

၄။ သာသနာတော်-၂၃၅၊ တတိယ သံဂါယနာခေတ်တွင် သုဝဏ္ဏဘူမိ သထုံပြည်၌ သီရိမာသောကမင်း နန်းတက်၏။ သာသနာပြု အရှင် သောဏ, အရှင်ဥတ္တရ ရဟန္တာအရှင်မြတ်ကြီးများဗြဟ္မဇာလသုတ္တန်ကို ဟောပြ သာသနာ ပြုရာ လူပေါင်းခြောက်သောင်း အရိယာဖြစ် ကြ၏။ ယောက်ျား သုံးထောင့်ငါးရာ၊ မိန်းမ တထောင့်ငါးရာတို့ ရဟန်းပြုကြသည်။ (ပါရာဇိကဏ် အဋ္ဌကတာနိဒါန်း။ သုဝဏ္ဏဘူမိ သိမှတ်ဖွယ် အကျယ် ရှေ့၌ပြမည်။)

## PAGE 169
<!-- 15 paragraphs, raw extraction -->




၅။ သာသနာတော်နှစ်၃၈၃-ခုနှစ်၊သီဟိုဠ်ကျွန်း ဒုဋ္ဌဂါမဏိ မင်းကြီး၏ မဟာစေတီပန္နက်ချပွဲသို့ သထုံပြည် ကေလာသ ကျောင်းတိုက်ကြီးမှ သူရိယဂုတ္တမဟာထေရ်အမှူးပြုသော ရဟန္တာအရှင်မြတ် ကိုးသောင်း ခြောက်ထောင်တို့ ကောင်းကင်မှ ကြွရောက် ချီးမြှောက်တော် မူ ကြသည်။ (မဟာဝံသ ၂၉။၃)

၆။ သာသနာတော်နှစ် ၄၃၃-ခုနှစ်၊ သရေခေတ္တရာ၌ ငတပါးမင်း မင်း ပြုရာ—

"

“ထိုမင်းလက်ထက် ထိုတိုင်းပြည်တွင် ရဟန္တာအရှင်မြတ်-၅၀၀ ရှိ၏။
ထိုရဟန္တာအရှင်မြတ်-၅ ဝ ဝ တို့အား နေ့စဉ်မပြတ် ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းတော်မူ၏။သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာ တို့ကား အရေအတွက်မရှိများပြားစွာ၏။” (သာသနာလင်္ကာရ-၁ ဝ၇-ဂ။)

"

ပုဂံခေတ်၊ ၁၆-ရာစုမှနောက်

၇။ “သာသနာ ၁၆၀၁-ခုနှစ်၊ သက္ကရာဇ် ၄၁၉-ခုနှစ်၊အနော်ရထာ မင်းစော သထု ံကိုအောင်မြင်၍ သာသနာကို ပုဂံသို့ ဆောင်ခဲ့သည့် ကာလ၊ သထု ံက ရဟန္တာပင် တထောင်မြောက်စင် ပုဂံသို့ ပါ၏ဟု ပရိတ္တနိဒါန်းတွင်ဆိုသည်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာတို့ကား အရေအတွက်မရှိများပြားစွာသတည်း။”(သာသနာ လင်္ကာရ-၉၃၊ ၁၀၈။)

ဂ။ အနော်ရထာမှ နောက်ပိုင်း ခေတ်အဆက်ဆက် မျက်မှောက်ခေတ် တိုင်အောင်မြန်မာနိုင်ငံ၌ ဖြစ်ထွန်းပွင့်ပေါ်တော်မူခဲ့ကြသောအရိယာ အရှင်မြတ်များအကြောင်းကားရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ”စာအုပ်၌

ဖော်ပြပါရှိလေပြီ။

ဤကား ရှေးဦးမြန်မာ့သာသနာအနှစ်ချုပ်မှတ်သားဖွယ်များ ဖြစ်၏။ မကျဉ်းမကျယ်ကား အောက်ပါအတိုင်း ဖြစ်သည်။

ရှေးဦးမြန်မာ ဘိက္ခုနီသာသနာ

ဗုဒ္ဓခေတ်မှ ယနေ့ကျအောင် မြန်မာနိုင်ငံတော်၌အရိယာ သူတော်ကောင်း ကြီးများ အဆက်မပြတ် ဖြစ်ထွန်းတော်မူလျက်ရှိသည်ကို ကြည်ညို ဝမ်းမြောက် ရသကဲ့သို့ ရှေးဦးမြန်မာ့ သာသနာတွင် ဘိက္ခုနီထေရီမကြီးများ ဒွတ္တဘောင်

## PAGE 170
<!-- 9 paragraphs, raw extraction -->




လက်ထက်၊ အရှင်သောဏ,ဥတ္တရတို့လက်ထက်မှာသာမက ပုဂံခေတ် လွန်ခဲ့သော အနှစ်-၅၀၀ ကျော်ကာလအထိပင် ရှိနေခဲ့ကြသေးကြောင်း သမိုင်းသုတေသန ဆရာတို့က ထုတ်ဖော်ကြ၏။

သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်း၏ “အသစ်မြင် ဗမာသမိုင်း´ စာအုပ်-၂၈၄-၅၌ ဘိက္ခုနီသာသနာသည် လွန်ခဲ့သော အနှစ်-၅၀၀ကျော်ကာလ အထိ ရှိနေသေးကြောင်း အောက်ပါအတိုင်း တွေ့ရှိရသည်။

"

“တောကျောင်း ဘိက္ခုနှင့်ယှဉ်၍ တောကျောင်း ဘိက္ခုနီ ရှိကြောင်းကို (အေ-ဒီ) ၁၂၈၁-ခုထိုး ကျောက်စာ (ဓာတ်ပုံ ၂၆ဂ/၁၆)အရ တအံ့ တဩသိရပါသည်။ ဘိက္ခုနီ၏အမည်မှာ “အိုဆီ’ဖြစ်၏။ စကားသင့်၍ ဖော်ပြလိုသည်မှာ ပုဂံခေတ်က ဘိက္ခုနီရှိကြောင်း သက်သေအခိုင်အမာ (ဓာတ်ပုံ၂၉/၇-၁၉။
ဓာတ်ပုံ၅၁/၇။, ဓာတ်ပုံဂ၉/၂၇။ ဓာတ်ပုံ ၉၂/၁၄။ဓာတ်ပုံ ၁၀ ၁/၂၀။ ဓာတ်ပုံ ၁ ၁၉-က/၂။ဓာတ်ပုံ၁၃၄-၁/၅။ဓာတ်ပုံ ၁၄၇-၁/၂၀-၁။ ဓာတ်ပုံ-၂၀၀/၁၁-၁၅။ ဓာတ်ပုံ ၂၁၄- ခ/၉။ ဓာတ်ပုံ ၂၂၀/၉။ဓာတ်ပုံ ၂၂၁/၇၂။ ဓာတ်ပုံ ၂၆ဂ/ ၁ ၆။ ဓာတ်ပုံ ၃၂၉/၁၅။ဓာတ်ပုံ ၅၁၀/၃။ဓာတ်ပုံ ၅၅ ၉-က/ ၁၄။ဓာတ်ပုံ၅၆၂-က/ဂ။ဓာတ်ပုံ ၅၇၆-က/၇)ရှိ၍အနည်းဆုံး အေ-ဒီ၁၄၀၈-ခုအထိ ဘိက္ခုနီ (ဓာတ်ပုံ ၅၁၀/၃၊ သကရစ် ၃၁၇။ စာရင်းဂ၃၄/၂၊ သကရစ်-၇၇ဝ၊ ရှေကျောင်သင်္ဃရာဇာ အိမ်တောဝ်ရိုဝ်) ရှိသည်ဟု ယူဆစရာ အကြောင်းရှိပါသည်။”

ပုဂံခေတ်ဦး (အေ-ဒီ-ဂ၀၀)စု က ပျူလူမျိုးတို့အကြောင်း ရေးသား ထားသော တရုတ်ထန်ရာဇဝင်သစ်လာ “ယောက်ျားကလေးရော မိန်းကလေး များပါအသက်ခုနစ်နှစ်ရှိလျှင် ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ရ၏၊ ခေါင်း ရိတ်ရ၏။အသက်နှစ်ဆယ်ပြည့်၍မှ တရားမကျင့်နိုင်လျှင် ဆံပင်ရှည်ထား၍ အိမ် မှာပင်နေရသည်’ဆိုသော အချက်မှာလည်းအမျိုးသားများသာမက အမျိုးသမီး များပါ ရဟန်းပြုရသည်ဆိုသောအချက်ကို ဖော်ပြခြင်းပင်ဖြစ်၏။

မြန်မာနိုင်ငံတော်သည် (ဝါ) ယနေ့မြန်မာဟူ၍ပင် ခေါ်ဆိုရမည့် ဗြဟ္မ ဒေသရှိ ရှေးဦးလူမျိုးစုများသည် အေ-ဒီ ၉၀၀-စုတွင် မြို့ပြနိုင်ငံရေးတည်ငြိမ်မှု မရရှိပဲ ဝါးအစည်းပြေသကဲ့သို့ ဖြစ်ခဲ့ကြရ၏။ သမိုင်းကွင်းဆက်များ ပျောက်ခဲ့ ရ၏။

## PAGE 171
<!-- 11 paragraphs, raw extraction -->




မည်မျှပင် သမိုင်းကွင်းဆက်များ ပျောက်ခဲ့သော် ငြားလည်း မြေပေါ် မြေအောက်ရနိုင်သမျှ အထောက်အထားများဖြင့်ပင် ဘုရားပွင့်တော်မူစကတည်း က ရရှိသော ထေရဝါဒနှင့် အတူ ယဉ်ကျေးသော လူမျိုးများ ဖြစ်ကြောင်း ကိုကား ယုံမှားစရာမရှိပေ။

ပြဆိုခဲ့သည့်အတိုင်း အနော်ရထာ သာသနာပြု မင်းတရားကြီးလက်ထက် (အေ-ဒီ ၁၀၄၄-၁၀၇ဂ)တွင် စစ်မှန်သောထေရဝါဒသာသနာ တည်ထောင် လိုသည်မှာ အကြောင်းမဲ့မဟုတ်ချေ။ ရှေးဘိုးဘေးဘီဘင်တို့လက်ထက်က ဆင်း သက်လာသော ထေရဝါဒသာသနာတော်အကြောင်း ကောင်းစွာ ကြားသိပြီး ဖြစ်နေသောကြောင့်တည်း။

ပုပ္ပားစောရဟန်မင်းနှင့် အနော်ရထာ၏ခမည်းတော် ကွမ်းဆော်ခေါ် ကျောင်းဖြူမင်းများလက်ထက်ကပင် ထေရဝါဒ သာသနာတည်ထောင်ရန် ကြိုး စားခဲ့ကြဟန်တူလေသည်။ အဘယ့်ကြောင့်ဆိုသော်ပုပ္ပားစောရဟန်သည် တုရင် တောင်ထိပ်၌ သိမ်သမုတ်ခြင်း၊ ကွမ်းဆော်လုလင်သည် ငယ်စဉ်ကပင် အနုဿတိ ဆယ်ပါးကို နှလုံးသွင်း တတ်နေခြင်းများသည် ထေရဝါဒ သာသနာဝင်တို့၏ လုပ်ငန်းများ ဖြစ်နေသောကြောင့်တည်း။

တဖန်အနော်ရထာမင်းတရားကြီးလက်ထက်၌ ထေရဝါဒသာသနာ စတင် တည်ထောင်သည်နှင့်တပြိုင်နက် ရဟန္တာစာထောင်ရှိ၍ အနာဂါမ်စသောအရိယာ တို့ကား အလွန်များပြားစွာရှိနေသည်ကိုထောက်လျှင် ထေရဝါဒသာသနာသည် မြန်မာပြည်တခွင်၌ အားကောင်းလျက်ပင် ရှိနေသည်မှာ ထင်ရှားလှပေ၏။
အနော်ရထာမင်းကြီးထံ သီဟိုဠ်နိုင်ငံမှ စစ်ရေးအကူအညီ၊ သာသနာရေး အကူ အညီများပင်တောင်းခံ၍ နှစ်နိုင်ငံဆက်သွယ်မှု ပြုသည်မှာလည်း အနော်ရထာ့ အလျင်က အစဉ်အလာရှိနိုင်ခဲ့ခြင်းနှင့် မြန်မာပြည်တခွင်၌ အနော်ရထာ့ အလျင် ကပင် နိုင်ငံရေး၊ သာသနာရေး ခိုင်မာမှု ရှိနေခဲ့သည်ကို သိသာ ပေါ်လွင်စေ လေသည်။

အနော်ရထာ့အလျင်က မြန်မာတို့လက်ထဲမှာပင် ထေရဝါဒ သာသနာ အမြစ်ပြတ်ပြီဟု မဆိုနိုင်ချေ။

ရှေးဦးမြန်မာ ပျူ- ထေရဝါဒသာသနာ

ဗြိတိသျှခေတ်သမိုင်းသုတေသနခေတ်မီ တိုးတက်လာသည်မှာ ငြင်းဖွယ်ရာ

မရှိ။ သို့ရာတွင် ရာဇဝင်ကြီးများ၌လာသော အဆိုအမိန့်များ၊ အထူးသဖြင့် သာသနာနှင့်စပ်သော အကြောင်းအရာများကို ယုတ္တိမရှိသော ဒဏ္ဍာရီများဟု

## PAGE 172
<!-- 12 paragraphs, raw extraction -->




ဆိုကာ လွယ်လွယ်ကလေးနှင့် ပယ်ဖျက်ပစ်ကြ၏။ ဘုန်းတော်ဘွဲ့ဟုလည်း ယူဆပစ် ကြ၏။ ရာဇဝင်ကြီးများကို နိဒါန်းကစ၍စေ့စေ့စပ်စပ်ဖတ်ရှုပါလျှင်ကျောက်စာ, သံပိုင်း သမိုင်း စာတမ်း အစောင်စောင်ကို ရှာဖွေနှိုင်းညှိ၍တာဝန်ရှိရှိ ရေးသား ပြုစုခဲ့ကြသည်ကို တွေ့ရမည်ဖြစ်၏။

ရှေးမှတ်တမ်းရှိ၍ ရေးထားသော ရာဇဝင်ကို စိတ်ကူးယဉ် မှန်းဆချက်က ပယ်ဖျက်အစားထိုးလိုက်ရာ ထိုစိတ်ကူးယဉ်မှန်းဆချက်များကိုပင် အတည်ပြု၍ အခိုင်အမာ လုပ်နေကြလေသည်။

ကြာလာသောအခါတကယ့်ဖြစ်ရပ်မှန်များက ကွယ်ပျောက်၍ အထင်နှင့် ရှမ်း၍ပြောသောစကားများက “သုတေသနမျက်နှာဖုံး”စွပ်ကာ ရွှေ့တန်း ရောက် လာကြ၏။ မြန်မာလူမျိုးသည်ပင် ၉-ရာစုခန့်ကနောက်မှ ရောက်လာသောလူမျိုး ဖြစ်လေဟန် မြန်မာအစတကောင်းက’ဟု တညီတညွှတ်တည်း ဖော်ပြကြသော မြန်မာရာဇဝင်အားလုံးကိုပင် အောက်ခြေက ကိုင်၍ လှဲပစ်လိုက်ကြသည်။

ပျုလည်းမြန်မာ၊ မြန်မာလည်းပျူ

မြန်မာတို့သည် သကျသာကီဝင် မင်းမျိုးများ ဖြစ်ကြောင်း မှန်နန်း ရာဇဝင်မပေါ်မီ “မင်းတရားရွှေထီးဧးချင်း’စသော ဧးချင်းဟောင်းများ၊ရာဇဝင် သမိုင်းဟောင်းများနှင့် အထူးသဖြင့် သက္ကတဘာသာဖြင့် ကာသိတိုင်း သီရိ အမတဆရာရေးပဗောဓ စန္ဒောဒယ” မည်သော ဂေါတမပုရာဏ် ကျမ်းတို့၌ တညီတညွှတ်တည်းပြဆိုခဲ့ကြ၏။ မြို့ရွာ မင်းအမည်မှစ၍ ဣန္ဒိယ ယဉ်ကျေးမှုအရ ပါဠိအမည်များချည်း မှည့်ခေါ်ခဲ့ကြသည်။သို့သော်ဣန္ဒိယကမင်းများ လာရောက် အုပ်စိုးသည်ဟုကား မယူဆသင့်ချေ။

ပျူလူမျိုးတို့သည်လည်း တကောင်းခေတ်မတိုင်မီကပင် မင်းဆက်ပေါင်း ၁၃ ၉ ၃’ဆက်အထိ ရှိခဲ့လေပြီ။တကောင်းနေပြည်တော်မှာပင် အဘိရာဇာမှစ၍ ပထမ ဒုတိယမင်းဆက်-၅၀အုပ်စိုးခဲ့ကြောင်း ရာဇဝင်ကြီးများ၌ အတည့်အလင်း ပြဆိုထားရာ တကောင်းသည်ပင် ခရစ်မပေါ်မီ အနှစ်ခြောက်ရာ၊ ဗုဒ္ဓလက်ထက် တော်က မြို့တော်ဖြစ်ကြောင်း ယူဆကြလေသည်။

“ပြူလည်းမြန်မာ၊မြန်မာလည်းပြု၊ မြန်မာဟူသည်၊ ပြူသား

ပြူမြေးများဖြစ်သည်

ကိုပယ်ဖျက်ရန် “မြန်မာအစ ကျောက်ဆည်က”နှင့်အတူပြုကို ရ-ရစ်နှင့်ရေးရမည့် အစား ယ’ပင့်နှင့်ရေးရန် မျက်နှာဖြူ သမိုင်းဆရာတို့ပင် တီထွင်ခဲ့ကြ၏။

## PAGE 173
<!-- 9 paragraphs, raw extraction -->




ဗြဟ္မဒေသ= ဗရိဟ်မ ဒေရှ်-ဗရမာ= (မွန်အခေါ်) ပရုမ်း=(ကမ္မော ဒီးယားအခေါ်)ဗရုမ်း-ဗရမ်း၊ပြူ=ပြူဂါမ=ပုဂါမ=ပုဂံ” ဟူသော ဝေါဟာရ ပြောင်းလဲထုံး ရှုထောင့်အမြင်အားဖြင့်ဖြစ်စေ၊ ‘ပြူစောထီး’ဟူသော ဝေါဟာရ ကဲ့သို့ ရခိုင်ရာဇဝင်၌ ရခိုင်မြောက်ပိုင်းကို အနော်ရထာမင်း စစ်ချီတိုက်ရာ ပြူ ကိုးသောင်းနှင့် ပြုမင်းလာသည်'ဟု လည်းကောင်း၊ မဟာဗောဓိ ကျောက်စာ (အေဒီ- ၁၂ရာစု)၌ လက်ျာမင်းနန်က သူ့ ကိုယ်သူ “ပြူတသိန်းမင်း’ဟု လည်း ကောင်း ရေးသား သုံးစွဲနေခဲ့ကြသည်ကို ထောက်ဆ၍ဖြစ်စေ၊ ရာဇကုမာရ် ကျောက်စာရေးထိုးချိန် (မြန်မာ- ၄၇၅၊ အေဒီ- ၁၁ ၆၃ခန့်)အထိ တည်ရှိနေ ဆဲသော ပြူလူမျိုးများ အစုလိုက်အပြုံလိုက် ပျောက်ခြင်းမလှပျောက်ကွယ်သွား ပုံကို စဉ်းစားရာ၌ ပြူဟူသည် မြန်မာမင်းများပင်ဖြစ်သည်” ဟု ယူဆခြင်းမှတပါး အခြားနည်းမဖြစ်နိုင်ဟူသော ယုတ္တိအရဖြစ်စေ၊မြန်မာမှတပါး သီးခြားပြူလူမျိုး ဟူ၍ မရှိနိုင်ချေ။ “သီးခြားရှိပါသည်' ဆိုလျှင် ထုထည်ကြီးထား၍ ယဉ်ကျေးမှု မြင့်မားသောပြူလူမျိုးများကို ရာစုနှစ်အနည်းငယ်မျှသောကာလအတွင်း ပိပိရိရှိ လုပ်ကြံဖျောက်ကွယ်ပစ်ရန် မည်မျှရင့်ကျက်သော ရာဇဝင်ပညာရှင်ကမျှ တတ်နိုင် မည် မဟုတ်ချေ။ နောက်မှရောက်လာသော မြန်မာလူနည်းစုက ပြူလူမျိုးကြီး တမျိုးကို မျိုပစ်လိုက်သည်ဟု ယူရန်မှာ သာ၍ပင် ယုတ္တိမရှိချေ။

S

ဟတ္ထိနပုရ တကောင်း သင်းတွဲပြည်သာသနာ

တကောင်းပြည်ကို မာကိုပိုလိုမှတ်တမ်းအရ တပ်ဂမာနေပြည် ခေါ်၍ ရာဇဝင်ကျောက်စာများ၌ သင်္ကဿရဋ္ဌ၊ ပဉ္စာလရာဇ်၊ ဟတ္ထိနပုရ၊ သင်းတွဲပြည် စသည်ဖြင့် သုံးနှုန်းသည်။

မဇ္ဈိမဒေသမှတဆင့် အာရိယန်လူမျိုးများ၊သာကီဝင်မင်းမျိုးများ ခေတ် အဆက်ဆက် လာရောက်ပူးပေါင်း၍ ပြည်တည် နေထိုင်ကြောင်း ရာဇဝင်တို့၌ များစွာလာရှိ၏။ ထေရဝါဒသာသနာလည်း စောစီးစွာကပင် ရောက်ရှိခဲ့ရပေ လိမ့်မည်။

အေဒီ ၄၂၈၊၄၈၁၊၆၁၀ ခုနှစ်များက ရေးထိုး၍ ပုဂံဂူဆိပ်ဘုရားမှရရှိ သော သက္ကဋ ကျောက်စာများအရ ဧရာဝတီမြစ်ကမ်း ဟတ္ထိနပုရ ပြည်ကြီးရှင် မဟာရာဇာဓိရာဇာဇေယျပါလက မဟာကဿပ ကျောင်းတော်ကြီးရှိ ရဟန်း တော်များနှင့် စေတီများအတွက် မြေရာနှင့် ငွေများလှူကြောင်းပါရှိရာ အခြား ဒေသများနည်းတူ နောက်ကာလ၌ မဟာယာနများကြီးစိုးသောဒေသဖြစ်သည်ကို

## PAGE 174
<!-- 10 paragraphs, raw extraction -->




တွေ့ရှိရ၏။ မင်းဆက်များလည်း ထိုကျောက်စာ၌ ရေးထိုး ပါရှိလေသည်။
တကောင်းကြံညှပ်မှ သက္ကဋဘာသာဖြင့် ရေးထိုးထားသော ဒင်္ဂါးများလည်း ရရှိခဲ့၏။

ဂေါတမဗုဒ္ဓသည် ဗမာလူမျိုး

တကောင်းကား ရှည်လျားလှပေ၏။ တစွန်းတစတွေ့ရုံမျှဖြင့် “တကောင်း ကား ဤသို့”ဟု တထစ်ချမပြောထိုက်ချေ။ မည်သို့ဆိုစေ မြန်မာအစ တကောင်းက ဆိုသည်ကို မငြင်းသာသကဲ့သို့ ဗုဒ္ဓလက်ထက်တော်ကပင် စာကောင်းပြည်၌ ထေရ ဝါဒ သာသနာ ထွန်းကားခဲ့သည် ဆိုသော အချက်ကိုလည်း မငြင်းနိုင်ပါချေ။

ဝေသာလီမှ လိစ္ဆဝီများ၊ ဒေဝဒ, ကောလိယ, ကပိလဝတ် ပြည်တို့မှ ဂေါတမဗုဒ္ဓ၏ အမျိုးအနွယ်များ ဖြစ်သော သာကီဝင် များသည် ခတ္တိယအမည်ခံ၍ အာရိယန် ဘာသာစကား ပြောဆို နေကြသော်လည်း တိဗက်-မြန်မာ စစ် စစ်များ ဖြစ် ကြောင်း နှင့် တကောင်း တဝိုက်သို့ ရောက်ရှိနေကြသော နောင် မြန်မာဟုခေါ် တွင်မည့် သူတို့နှင့် သကျသာကီဝင်တို့ မြို့ပြတည်ထောင်၍ ရောနှော ဆက်ဆံနေနိုင်ကြသည်မှာ လူမျိုးရေး အခြေခံတူညီခြင်း၊ ယဉ်ကျေးမူ တူညီခြင်းကြောင့်သာဖြစ်ကြောင်း ဣန္ဒိယဘိုင်းသား ထင်ရှားသော သမိုင်း ပညာရှင်ကြီးများက အခိုင်အမာ ဆိုကြလေသည်။
မြန်မာသည် သာကီဝင်မျိုးဖြစ်၍ သာကီဝင်တို့ ဟူသည့်လည်း မြန်မာမျိုးနွယ် ဖြစ်ကြောင်း ထင်ရှားလေသည်။

(The Cultural Heritage of India, VOL. 1, P.88 အခြေပြ မြန်မာနိုင်ငံရေးသမိုင်း၌ အကျယ်ရှု။)

ဗိဿနိုးပန်ထွာပြည် သာသနာ

ရာဇဝင်ကြီးများ၌ ရှေးဦးမြန်မာဖြစ်သော ပျူမင်းများ အကြောင်းကို မင်းဆက်အမည်သာမန်မျှနှင့် မှတ်သားဖွယ် အရိပ်အမြွက်မျှကိုသာ ဖော်ပြနိုင်ကြ တော့၏။ထိုဖော်ပြထားသလောက်ကိုပင် ဒဏ္ဍာရီဟုဆိုကာနုတ်ပယ်လိုက်ကြသည်။

## PAGE 175
<!-- 9 paragraphs, raw extraction -->



၁ ၃ ၁

သရေခေတ္တရာ၊အထူးသဖြင့် ဗိဿနိုးမြို့ဟောင်းများကို တူးဖော်သောအခါ ဒဏ္ဍာရီဟုဆိုကာ ပယ်ချထားသော ရာဇဝင်ကြီးများ၏ အဆိုအမိန့်များ လွန်စွာ အရေးပါကြောင်း သိရှိလာကြရ၏။ ၁၉၆၀-ပြည့်နှစ်က ဗိဿနိုး မြို့ဟောင်းကို တူးဖော်ကြသောအခါ ရာဇဝင်ကြီးလာ အရိပ်အမြွက် မှတ်တမ်းများသာမက ရာဇဝင်ထဲသို့ ရောက်မလာသော သမိုင်းဟောင်းများနှင့် ပစပ်ရာဇဝင်၊ အရပ် ရာဇဝင်တို့ပင်လျှင် အသက်ရှင်လာသည်ကို တွေ့မြင်ကြရလေသည်။ ကျွန်ုပ်တို့သည် မြန်မာတို့၏ ဘုန်းကံ၊ မြန်မာတို့၏ ဇာတိမာန်အတွက် တိုးတက်သည် ဆိုသော ခေတ်မီရာဇဝင်သုတေသနပြုချက်၊(ဝါ) လက်လွတ်စပယ် မှန်းဆချက်များထက် ရာဇင်ကြီးများရေးစဉ်ကနေရာမပေးနိုင်သဖြင့် ချန်ထားခဲ့ရသောလှည့်စားချက် မပါ၊ ရိုးသားသော ပေပုရပိုက်များကိုသာ ကြည့်လိုစိတ်များ ဖြစ်ပေါ်နေမိခဲ့၏။

ဗိဿနိုးမြို့တော် သံဃသီရိ ဆ ရာတော်

မြန်မာတို့၏ ရှေးဟောင်းမြို့တော်များမှာ ဗိဿနိုး၊ ဟန်လင်းနှင့် သရေ ခေတ္တရာတို့ ဖြစ်ကုန်၏။

ဗိဿနိုးမြို့ကို တူးဖော်၍ ကာဗွန်ဓာတ်ခွဲကြည့်သောအခါ … လွန်ခဲ့သော အနှစ် -၂ဝဝဝက မြို့တော်ဖြစ်ကြောင်း သိရှိကြရ၏။ ယင်း ဓာတ်ခွဲမှုလည်း မြို့ ပျက်မှ တွေ့ရှိရသောပစ္စည်းကို ဓာတ်ခဲ့ရခြင်းဖြစ်၍ စတင်တည်ထောင်သော အချိန် အခါသည် ထို့ထက်ပင် နှစ်များစွာ စောနိုင်ပေသေးသည်။

အထူးမှတ်သားထားရန်မှာ ရှေးဦးမြန်မာဖြစ်သော ပျူလူမျိုးတို့ စိုးစံခဲ့ရာ မြို့တော်ကြီးများတွင် ထေရဝါဒသာသနာ စတင်ခဲ့၍၊ ကြားကာလတွင် မဟာ ယာန အရောအနှော ရှိခဲ့သော်လည်း ထို ထေရဝါဒသာသနာသည် မြို့တော် ပျက်သည်အထိ ဆက်လက်တည်ရှိခဲ့ကြောင်း အထောက်အထားများ တွေ့ထား ကြလေပြီ။

ဦးစွာ ဗိဿနိုးမြို့ကိုတူးဖော်သောအခါ မြို့ပြအနေအထားမှာ သရေခေတ္တရာ နှင့် ခေတ်ပြိုင်ဟု အနည်းဆုံး ယူဆရသော အထောက်အထားများအပြင် ကျောင်း သင်္ခမ်းဟု ယူဆရ၍ အလွန်ဆန်းကြယ်သည့် အခန်းများ များစွာပါဝင်သော အုတ်တိုက်ကြီးများကို တွေ့ကြရ၏။ ဗိဿနိုးမြို့တော်၌ ဗုဒ္ဓဘာသာမှာ ဣန္ဒိယ တောင်ပိုင်း အန္ဓရဒေသမှလာသော (ဆင်းတုမကိုးကွယ်သော) ဗုဒ္ဓဘာသာဖြစ် ကြောင်း ခန့်မှန်းကြရ၏။

## PAGE 176
<!-- 12 paragraphs, raw extraction -->




အဘယ့်ကြောင့်ဆိုသော် ဣန္ဒိယတောင်ပိုင်း အရှင် မဟာ ဗုဒ္ဓဃောသ၏ ဇာတိနယ်မြေဟု ယူဆရသော အန္ဓရဒေသ အမရဝတီနှင့် နာဂဇ္ဇုနကောဏ္ဍ(နာဂရိ ဂျနကွန်ဍ)မြို့၌ တူးဖော်တွေ့ရှိသော ဝိဟာရများ၊ ထူပ(စေတီ)များနှင့် လုံးဝ နီးပါး တူနေသောကြောင့် ဖြစ်၏။

အထူးသဖြင့်အဆောက်အအုံ(၂)မှာအရှေ့ဘက်၌ဆင်ဝင်(ဆယ်ပေခွဲ ဆယ် ပေ)၊ အနောက်ဘက်ခြမ်း၌ အခန်းငယ် ရှစ်ခန်း (ဆယ်,ကိုးပေခွဲ)၊ တိုက် အရှေ့ဘက်ခြမ်း၌ အခန်းရှည်ကြီး ( ၈၉-ပေခွဲ ရှစ်ပေ ကိုးလက်မ) များဖြင့် ဆောက်လုပ်ထားသော ကျောင်းဆောင်ကြီး ဖြစ်၏။ စင်္ကြံ လမ်းရှည်ကြီးများ လည်း ပါပင်၏။

အံ့ဖွယ်ကောင်းသည်မှာ ကျောင်းထိုင်ဆရာတော်၏ ဘွဲ့တော်ဟု ယူဆရ သော “သံဃသီရိ” စာတန်းပါ ရွှံ့တုံး၌ခတ်နှိပ်ထားသည့် တံဆိပ်တခုကိုလည်း တွေ့ရှိရလေသည်။ ၂-ရာစုဟု ခန့်မှန်းကြ၏။

အမှတ်(၃) အဆောက်အအုံကြီးမှာ စက်ဝိုင်းသဏ္ဌာန် ဆောက်ထား၏။
ဗဟိုချက်မ အဆောက်အအုံကို ကာရံလှည့်ပတ်ထားသော အတွင်းတံတိုင်းစက်ဝန်း မှာအချင်း ၁၀၈-ပေ၊ အပြင်တံတိုင်းစက်ဝန်း ၁ ၄၀-ပေ၊လေးမျက်နှာ၌ ၅-ပေခန့် ကျယ်သော လှေကားတစုံစီ တပ်ဆင်ထားလေသည်။ (မြောက်ဘက်လှေကား မရှိ တော့ပြီ။) .

၁’ရာစုမှ ၅-ရာစုအတွင်း သာသနာ စည်ပင်ထွန်းကားခဲ့သော ပျူမြို တော်ကြီးတခုအဖြစ် တွေ့မြင်ကြရလေပြီ။ နိုင်ငံတော်အစိုးရ ရှေးဟောင်းသုတေ သနဌာန၏ ကျေးဇူးပင်။

ဗိဿနိုးနှင့်တကွ ပျူနိုင်ငံတို့၌ ထေရဝါဒ ရဟန်းတော်များ ထောင်ပေါင်း များစွာ ရှိခဲ့သည်ဟု ပြောဆိုကြသော မျက်မှောက်ခေတ် သမိုင်းပညာရှင်တို့၏ အဆိုအမိန့်များမှာ လွန်စွာ ယုတ္တိတန်လှပါပေသည်။

'Ex-

[ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန် ဦးအောင်သော် ရေး cavations at Beikthano (1968)” နှင့် ၎င်းရေး တက္ကသိုလ်ပညာ ပဒေသာ စာစောင်၊ တွဲ-၁၊ ပိုင်း-၂၊ ၁၉ ၆၆-မှ အထောက်အထား ရပါသည်။]

ဗိဿနိုးမြို့ကို ပိဿတိုးခေါ် ပန်တျာမင်းသမီးက အုပ်စိုး၍ ဒွတ္တပေါင်မင်း ကြီးက တိုက်ခိုက်သိမ်းပိုက်ကြောင်း ရာဇဝင်သမိုင်းဟောင်းများ၌ ပြဆိုကြသည်။
ပိဿတိုးမိဖုရား၏သားတော် အရှင်စန္ဒသာဂရာဇ်သည် အရိယာတပည့်သား တထောင်အခြံအရံဖြင့် သရေခေတ္တရာ၌ စံနေတော်မူကြောင်း ပြခဲ့ပြီ။

## PAGE 177
<!-- 12 paragraphs, raw extraction -->



သရေခေတ္တရာ ရသေ့ပြည် သာသနာ

၁ ၃ ၃

သရေခေတ္တရာ ထေရဝါဒ သာသနာအကြောင်း ရွှေ့၌ပြခဲ့ပြီ။ တူးဖော် ရရှိ၍ မငြင်းဆန်သာသော အထောက်အထားများအရ အနည်းငယ် ပြဆိုဦးအံ့။
သရေခေတ္တရာ(ရသေ့ ပြည်)ကို မှန်နန်းရာဇဝင်အရ ခရစ်မပေါ်မီ ၄၄၃- ခုနှစ်က တည်ကြောင်းပါရှိ၏။ တရုတ်စသော ခရီးသည် မှတ်တမ်းများအရ လည်း ကြီးကျယ်ခမ်းနားသော ဗုဒ္ဓနိုင်ငံတော်ကြီး ဖြစ်ကြောင်း ပြဆိုကြသည်။
ဘောဘောကြီး စေတီစသော လက်ရှိမျက်မြင် သာသနိက အဆောက်အအုံကြီး များ၊ ၁၉၁၁-၁၂၊ ၁၉၂၆-၂၇- ခုနှစ်များက တူးဖော်ရရှိသော ရွှေပေလွှာ ငွေပေလွှာနှင့် ငွေသားရုပ်ကြွ ဆင်းတုတော်များကို ကြည့်ခြင်းအားဖြင့် ခရစ်နှစ် အစ လွန်ခဲ့သော အနှစ် - ၂၀၀၀ ခန့်ကပင် ထေရဝါဒသာသနာ ထွန်းကား နေပြီ ဖြစ်ကြောင်း အလွယ်ဖြင့် ခန့်မှန်းနိုင်၏။

ရွှေပေလွှာများ၌ ပရိတ်ကြီးများ၊အဘိဓမ္မာ၊ပဋိစ္စသမုပ္ပါဒ်၊ပဋ္ဌာန်းပါဠိတော် များကို တွေ့ရှိရပေရာ “ယေဓမ္မာ ဟေတုပ္ပဘဝါ အဘိဓမ္မာသဘောများကို လက် ခံနိုင်၍ ဝရူပရိတ်စသော ပရိတ်ကြီးများကို ယုံကြည်နေသော လူမျိုးများ ဖြစ်ကြောင်း တွေ့ရှိရပေရာ ထေရဝါဒသာသနာပင် မည်မျှ ရင့်ကျက်နေပြီ ဖြစ်ကြောင်း ကောင်းစွာ သိမြင်နိုင်၏။

[ဗြိတိသျှသမိုင်းဆရာတို့ကမူ အေဒီ ၄-ရာစုမှ ၇-ရာစုခေတ်ဟုပင် သက္ကရာဇ်ကိုဆွဲ၍ ခန့်မှန်းခဲ့ကြလေသည်။ သရေခေတ္တရာအကြောင်း သီရိပျံချီ ဦးမြရေး ရှေးဟောင်းအုတ်ခွက် ရုပ်ပွားဆင်းတုတော်များ ဒု-တွဲ၌လည်း ကြည့်ပါ။]

ရှေးဦး မြန်မာ (ပျူ)တို့၏ သက္ကရာဇ်ရေတွက်ပုံကို ကြည့်ခြင်းအားဖြင့် သာသနာနှင့် တသားတည်း ရပ်တည်လာသူများ ဖြစ်ကြောင်း ထင်ရှားလေသည်။
အေဒီ ၇ဂ.ခုနှစ်က အိန္ဒိယတွင် စတင်သုံးစွဲသော သက္ကမင်းဆက်(ကနိသျှကမင်း) ၏ သက္ကရာဇ်စနစ်ကိုပင် ပျူတို့ လက်ခံ သုံးစွဲကြသည်။

မှန်နန်းရာဇဝင်၌ ပျူတို့ ကိုယ်ပိုင် သက္ကရာဇ်ကို အေဒီ ၇ဂ-ခုနှစ်၌ စတင် အသုံးပြုကြောင်း တိုက်ရိုက် ဖော်ပြထားသည်။

သုံးစွဲသော သက္ကရာဇ်များကလည်း မြန်မာတို့၏ ဘဝသနစ် အမှုန်ကို တနည်းတဖုံအားဖြင့် ထွက်ဆိုလျက် ရှိပေသည်။

သက္ကရာဇ်က ပြောသော မြန်မာ့ သမိုင်း

ယင်း သက္ကမင်း၏ နှပ်(သက္ကရာဇ်)ကိုပင် ယနေ့တိုင် အိန္ဒိယ၊ အင်ဒိုချိုင်း နား၊ အင်ဒိုနီးရှားနှင့် မြန်မာတို့ ဆက်လက် သုံးစွဲ လာကြလေသည်။ ယင်း

## PAGE 178
<!-- 11 paragraphs, raw extraction -->



-


သက္ကရာဇ်က သာသနာတော်နှစ် (ပရိနိဗ္ဗာန်စံသည့်နှစ်က စတင်ကာ အသောက မင်းကြီးကို အကြောင်းပြု၍ သုံးစွဲသောနှစ်)ကို အိန္ဒိယနှင့် အင်ဒိုချိုင်းနားတို့၌ ဖယ်ရှားအစားထိုးလိုက်သည်။မြန်မာတို့ ယခု သုံးစွဲနေသော သက္ကရာဇ်(ကောဇာ) မှာ ယင်း သက္ကရာဇ်နှစ်ပင် ဖြစ်သော်လည်း သရေခေတ္တရာပြည် သုမုန္ဒရီမင်း လက်ထက်က သာသနာနှစ် - ၆၂၄ရှိသောအခါ ၂-ခုချန်၍ သက္ကရာဇ်ဖြိုဖျက် ပြီးလျှင် ၂-ကစ၍ အသစ်အရေတွက်ခြင်း၊ တဖန် ပုဂံပြည် ပုပ္ပား စောရဟန်းမင်း လက်ထက် ၅၆၂-ရှိလာပြန်သောအခါ ၂-ခုကြွင်းပြု၍ ဖြိုဖျက်ပြန်ခြင်းတို့ကြောင့် အရေအတွက် နည်းနေခြင်းဖြစ်၏။ ဆိုလိုသည်မှာ ယခု သုံးစွဲသော သက္ကရာဇ်မှာ ပုပ္ပားစောရဟန်တိုင်အောင် ၂-ကြိမ်ဖြိုဖျက်ပြီးမှ ဆက်လက်သုံးစွဲလာသော သက္ကရာဇ်ဖြစ်သည်။ ထို ့ကြောင့် ကောဇာက သာသနာတော်နှစ်ကို မှီအောင်…

.

“ဒွေအဋ္ဌနှင့်၊ ဧကကာ၊ နှောတုံပါက၊ သာသနာနှစ်၊ အမှန်ဖြစ်၏”ဟု ၁၁၈၂-ခု၊ ကိန်းရော၍ ရေတွက်ရလေသည်။

(၁၁၀၂-သည် နှစ်ကြိမ် ဖြိုဖျက်ခဲ့သော ကိန်းဟုဆိုလိုသည်။ ခရစ်နှစ်မှာ ခရစ်တော်မွေးသည်ကစ၍ရေတွက်သည်။ သာသနာမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ နှစ်ကစ၍ ရေတွက်သည်။)

တဖန် တကောင်း၌ သကျသာကီဝင်တို့ လာရောက်နေထိုင်ပုံအကြောင်း၊
တကောင်းနှင့် တဆက်တည်းပင် သာကီဝင် ကံရာဇာကြီး မြို့ပြတည်ထောင်သော ရခိုင်ဘက်တွင်ကား ဣဒ္ဒိယ, မြန်မာတို့ကဲ့သို့ သာသနာနှစ်ကို မသုံးပဲ ဘိုးတော် အဉ္စနမင်းကြီး၏ အဉ္စနနှစ်ကို ၁၃၃၂-ခုနှစ် (အေဒီ-၆၄၀)အထိ ဆက်လက် သုံးစွဲနေခဲ့ကြသည်။

သာကီဝင် အဉ္စနနှစ်၊ ထေရဝါဒ အသောကမင်း သာသနာနှစ်၊ မဟာ ယာန ကနိသျှက သက္ကနှစ်များကို ပြောင်းလဲသုံးစွဲခဲ့ခြင်းအားဖြင့် မူလဗီဇသာကီ ဝင်များအဖြစ်ကို ညွှန်ပြသည့်အပြင် ထေရဝါဒ, မဟာယာန အပြိုင်အဆိုင်နေရာ ယူပုံကိုလည်း သိမြင်နိုင်လေသည်။ ကနိသျှကမင်းသည် သာသနာ - ၆၅ဝခန့်က မဟာယာန သာသနဒါယကာအဖြစ် ခံယူ၍ သဗ္ဗတ္ထိဂိုဏ်း သံဂါယနာ တင်စေ ခဲ့သည်။

တဖန် သရေခေတ္တရာမှ တူးဖော်ရရှိသော အရိုးအိုးများတွင် ပထမ မင်း ဆက်ကို ဆက်ခံသော ပိကြမမင်းဆက် တဆက်ကိုလည်း တွေ့ရ၏။ ပျူသက္ကရာဇ် များလည်း ပါရှိ၍ မဇ္ဈိမဒေသ (ဣန္ဒိယ) ဘွဲ့မည်ကို ခံယူထားသော ပျူမင်းများ ဖြစ်ကြသည်။

## PAGE 179
<!-- 11 paragraphs, raw extraction -->



သူရိယဝိကြမ ၅၀-ခုနှစ်(အေဒီ-၁၂၈)တွင် လွန်သည်။
ဟရိဝိကြမ ၅၇-ခုနှစ်(အေဒီ-၁၃၅)တွင် လွန်သည်။
သီဟဝိကြမ ဂဝ-ခုနှစ်(အေဒီ-၁၅၈)တွင် လွန်သည်။

၁ ၃ ၅

ဤသို့ နှစ်, လ ရက်၊ အသက်များပါ အတိအကျ ရေးထိုးထားလေသည်။
ဤမျှ တိတိကျကျ ခု၊လ၊ရက်နှင့် ဖော်ပြထားသော ပျူသက္ကရာဇ်များ ကိုလည်း ဗြိတိသျှသမိုင်းဆရာတို့က “လက်ရှိ သုံးစွဲနေသော ကောဇာသက္ကရာဇ် ဆိုကာ နှစ်ပေါင်း- ၅၆၀ လျှော့ချ၍ “သူရိယဝိကြမ အေဒီ-၆ဂ' စသည်ဖြင့် ( ၉-ရာစု မြန်မာနှင့်လိုက်လျောအောင်) သက္ကရာဇ်များကို ငယ်၍ပေးကြလေသည်။
အရိုးအိုးပါ ပျူမင်းများကိုယ်နှိုက်ကဣန္ဒိယမင်းဘွဲ့အမည်ကိုပင် ခံထားသူများ ဖြစ်ရာ မူလ သက္ကနှစ်များ ဖြစ်ရမည်မှာ သေချာလှပေသည်။

မည်သို့ဖြစ်စေ ဤသက္ကရာဇ်သုံးစွဲပုံကို ကြည့်ခြင်းအားဖြင့်လည်း ပျူ မြို့ တော်ကြီးများ၏ သက်တမ်း၊ ပျူသည်ပင် မြန်မာ၊ ဗုဒ္ဓမပွင့်ပေါ်မီကပင် မြို့ပြ တည်ထောင်၍ ဗုဒ္ဓသာသနာ စတင်သည်နှင့် တပြိုင်နက် လက်ခံကျင့်သုံးခဲ့သော လူမျိုး စသည်ဖြင့် ရှေးဦးမြန်မာ သာသနာနှင့် လူမျိုးသမိုင်းဆိုင်ရာ ပြဿနာ ပေါင်း များစွာကို ဖြေရှင်းပြီး ဖြစ်သွားနိုင်လေသည်။

သရေခေတ္တရာ၌ တကောင်းမင်းရိုး မဟာသမ္ဘဝမှ သုပညာ နဂရ ဆိန္န မင်းအထိ ၂၇-ဆက်မျှသာ ရာဇဝင်များ၌ ပြဆိုထားသော်လည်း “ဝရ်မာန် မင်ဆက်၊“ဝိကြမ” မင်းဆက်များ ရှိကြောင်းလည်း အရိုးအိုးစာများအရ တွေ့ရှိ ၎၏။

ခရစ်နှစ် အစောပိုင်းမှ အေဒီ - ၁၀ ရာစုခန့်အထိ ကြီးကျယ်ခမ်းနား၊
သာသနာထွန်းကား၍ ဗုဒ္ဓဘာသာ ဓမ္မသတ်ဥပဒေများဖြင့်ပင် တိုင်းပြည်အုပ်ချုပ် ခဲ့သော ဗုဒ္ဓနိုင်ငံတော်ကြီးဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဂေါတမ ဗုဒ္ဓသည်ပင်လျှင် မြန်မာလူမျိုး (တိဗက်တို ဗားမင်း) ဖြစ်ကြောင်း ဣန္ဒိယသမိုင်း ပညာကျော်တို့ ကိုယ်ဟိုင် အခိုင်အမာ ထုတ်ဖော် နေကြသည်ကိုလည်း မဒမသင့်ချေ။ ထို ့ကြောင့် မြန်မာ နှင့် သာသနာသည် ခွဲ၍မရ။

လွမ်းစရာ့· ဟန်လင်းပြည် သာသနာ

ဗိဿနိုး၊သရေခေတ္တရာနှင့်ဟန်လင်းပျူတို့သည် ပုဂံနေပြည်တော်မရောက်မီ တပြည်နှင့်တပြည် မရှေးမနှောင်း တည်ရှိခဲ့ကြသော ရှေးဦးမြန်မာ ပျူနိုင်ငံတော်

## PAGE 180
<!-- 10 paragraphs, raw extraction -->


၁၃၆-


ကြီးများ ဖြစ်ကြ၏။ ဗိဿနိုး၅-ရာစုအထိ၊ ဟန်လင်း ၉-စုအထိ၊ သရေခေတ္တရာ ၁၀-ရာစုထိ တည်ရှိခဲ့ကြကြောင်း သာမန်အားဖြင့် လက်ခံထားကြလေသည်။

ရာဇဝင်များ၌ ဟန်လင်းအကြောင်း ဖော်ပြခြင်း မရှိသော်လည်း ဓမြ အောက် တူးဖော်လေ့လာမှုအရ ဗုဒ္ဓဘာသာ ထွန်းကားကြောင်း အထောက် အထားများ တွေ့ရှိကြရ၏။ ထေရဝါဒ ဗုဒ္ဓဘာသာအပြင် ဟိန္ဒူနှင့် မဟာယာန တို့လည်း နောက်ပိုင်းတွင် ရောက်ရှိရောနှောနေပုံရသည်။

ဘိုးတော်လက်ထက် သက္ကရာဇ် ၁၁၄၃-၈၁-ခုနှစ် ဟန်လင်းရွာစား စည်သူကျော်ထင်ဘွဲ့ခံ သာချင်းဆရာ ဦးအောင်ဖြိုး ရေးသားသော “ဟန်လင်း သမိုင်းလင်္ကာ”အရ မဇ္ဈိမတိုင်းမှ မဟာသမ္မတ၏သားတော်‘ကရဘော်”မင်းသားက စတင်တည်ထောင်၍ မင်းဆက်ပေါင်း- ၇၉၉ပါး စိုးစံခဲ့ပြီး ပျူစောထီးမင်း လက်ထက်တွင် ပြာပူမိုးရွာ၍ ထီးနန်းပျက်သုဉ်းခဲ့ရသည်ဟု ဆိုလေသည်။

ရတနာပုံနေပြည်တော် သတင်းစာ အယ်ဒီတာ ဘိုးဝဇီရ၏ ၂၇-ပိုဒ်ရှိ “စက်တော်ရာမော်ကွန်းလင်္ကာ’အရ ဟန်လင်းနေပြည်တော် စိတ္တရာဇာ,ဒိဗ္ဗရာဇာ ညီနောင်မင်းနှစ်ပါး လက်ထက်က ရဟန္တာသာမဏေကျော်တပါး ထွန်းကားခဲ့ သည်။ (ယင်းအကြောင်း ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ” စာအုပ်၌ ဖော်ပြခဲ့ပြီ။)

နိုင်ငံခြားမှတ်တမ်းများအရ အေဒီ၊ဂ၃၂-ခုနှစ်တွင် နန်းစောလူမျိုးများ တိုက်ခိုက်၍ မြို့တော်ပျက်စီးခဲ့ရသည်ဟု ဆိုလေသည်။ ခေတ်ပြိုင် ပါရှအထောက် အထား၊ မြောက် အာဖဂန်နစ္စတန် အထောက်အထားများအရ ပျူနိုင်ငံ၏ အကျယ်အဝန်းမှာ အရှေ့ကမ္ဗောဇ၊တောင် ပင်လယ်၊ အရှေ့တောင် ဒွာရာဝတီ (ယိုးဒယား)၊ အနောက် ဣန္ဒိယ၊ မြောက် နန်းစောပြည်ဖြစ်၍ လက်အောက်ခံ ပြည်ထောင် ၁၈-ပြည်ထောင်ရှိ၏။ ဖလမ်းဗင်း၊ဂျာဗား ၊သာဝတ္ထိ၊စံပါတို့ကိုပင် ပျူနိုင်ငံဝင် တောင်ဘက်ဒေသများအဖြစ် ဖော်ပြထားသည်။ ခံတပ်မြို့ပေါင်း ၉-မြို့၊ တိုင်းရင်းသားလူမျိုးစုပေါင်း ၂၉၈-မျိုး ပါဝင်သည်ဟု ဆိုလေသည်။

တရုတ်တို့ပြောသော ပျူယဉ်ကျေးမှုနိုင်ငံကြီး

အေဒီ’၃ဝဝ စု တရုတ်မှတ်တမ်းများ၌ မြန်မာနိုင်ငံအလယ်ပိုင်းဟု ယူဆ ရသောဒေသတွင် ဗုဒ္ဓသာသနာထွန်းကားသော “လင်ယန်ပြည်ရှိကြောင်းဖော်ပြ ထား၏။လင်ယန်ပြည်ဆိုသည်မှာ ဟန်လင်းပင်ဖြစ်သည်ဟု အများယူဆကြသည်။
တရုတ်ဘုရားဖူး ဆွန်ဆန် (အေဒီ- ၆၄ဂ)နှင့် ဣဆင်(၆၇၅-ခန့်) တို့ကလည်း ပျူနိုင်ငံ(သရေခေတ္တရာ)ကို ဗုဒ္ဓသာသနာထွန်းကားသော နိုင်ငံအဖြစ် မှတ်တမ်း တင်ကြလေသည်။

## PAGE 181
<!-- 10 paragraphs, raw extraction -->




ခရစ် ဂ ဝဝ-ပြည့်နှစ်တွင်ပျူနိုင်ငံတော်မှ ၃၅-ဦး ပါဝင်သောဆို၊က၊တီး အနုပညာအဖွဲ့တဖွဲ့ တရုတ်ပြည်ဘုရင်မင်းမြတ်ထံ ဧည့်ခံဖျော်ဖြေကြရရာ တရုတ် အနုပညာရှင်တို့ပင် မနာလိုစိတ် ဖြစ်လောက်အောင် ပြောင်မြောက် ထူးချွန်ကြ သည်ဟု ဆိုလေသည်။ ပျူ အနုပညာသည်တို့ သီဆိုသော သီချင်းမှာ ၁၂-ပုဒ်ရှိ၍ ဗုဒ္ဓဘာသာနှင့်စပ်သော အကြောင်းများကို စပ်ဆိုထားကာ “အင်ကြင်းတော၊
ဈာန်၏ငြိမ်းအေးမှု၊ဥဒေါင်းမင်း'စသော ဘာသာရေးအထိမ်းအမှတ် အမည်များ ဖြင့် သီချင်းခေါင်းစဉ် တပ်ထားသည်ဟုလည်းဆို၏။ အသံ ဂ-မျိုးထွက်အောင် တီးမှုတ်နိုင်၍ တူရိယာ အမျိုးအစား ၂၂-မျိုးပါသည်ဟု တရုတ်မှတ်တမ်းအရ သိရှိရသည်။

တရုတ်တန်ရာဇဝင်သစ်၌ ပျူလူမျိုးတို့ယဉ်ကျေးဖွယ်ရာ၍ ခမ်းနားသော နိုင်ငံတော်ကြီးတခု ဖြစ်ကြောင်းများကိုလည်း မှတ်တမ်းတင်ထားကြ၏။ထိုမှတ် တမ်းကား အေဒီ- ဂဝဝစု အလွန်ကာလဖြစ်၍ ပျူခေတ်ကုန်ဆုံးခါနီး ပုဂံနေပြည် တော် ရွှေ့ပြေးခေတ်ဟု ဆိုရပေမည်။ (ပုဂံမြို့ကို မြန်မာရာဇဝင်တို့က အေဒီ- ၈၄၉-ခုနှစ် ပျဉ်ပြားမင်းတည်ကြောင်းပြဆိုသည်။) ထန်ရာဇဝင်လာ ပျူနိုင်ငံ တော်အကြောင်းများမှ ဗုဒ္ဓဘာသာနှင့် စပ်သော အချက်အလက် ကောက်နုတ် ချက်အချို့မှာဤသို့ဖြစ်၏။

‘ပျူနိုင်ငံတော်တွင် တံခါး ၁၂-ပေါက်ရှိသည်။ ထောင့်- ၄ ထောင့်၌ စေတီများရှိ၏။ မြို့တော်တံတိုင်းကြီးကို စဥ့်အုတ်တို့ဖြင့် စီထားရာ အချင်းလီ’ ၁၆၀ (တနေ့ခရီး) ရှိ၏။ လူတို့ တံတိုင်း အတွင်း၌ နေထိုင်ကြရာ အိမ်ခြေပေါင်း သောင်းပေါင်း များစွာ ရှိ၏။ အမိုးများကို ခဲပြား၊သံဖြူပြားဖြင့် မိုးထားသည်။

“ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းပေါင်း တရာကျော်၏။
တောက်ပသော နီဝါဆေးများ ခြယ်လှယ်ထား၍ ကော်ဇောများ အပြည့်ခင်းထားသည်။ လူများ တယောက်နှင့် တယောက် လက် မောင်းကိုဆုပ်ကိုင်၍ နှုတ်ဆက်လေ့ ရှိကြ၏။ ဦးခေါင်း ညွတ်၍ အရိုအသေ ပြုကြသည်။ နက္ခတ်တာရာ အတတ်ပညာတွင် လွန်စွာ ကျွမ်းကျင်၍ ဗုဒ္ဓတရားတော်ကို ကြည်ညိုလေးစားကြသည်။

"

“အသက် ၇’နှစ်ပြည့်လျင် ယောက်ျားကလေးများရော မိန်း ကလေးများပါ ဘုန်းတော်ကြီးကျောင်း၌ ပညာသင် ကြရသည်။
ခေါင်းရိတ်ရ၏။ အသက်- ၂ဝ ကျော်၍မှ တရား မဖြည့်နိုင်သော် ဆံပင်ရှည်ထား၍ အိမ်မှာနေရသည်။ အသက်သတ်မှု ရှောင်ကြဉ်

"

## PAGE 182
<!-- 14 paragraphs, raw extraction -->




ကြသည်။ ပိုးချည်အဝတ်ကိုပင် မဝတ်ကြ။ ရွှေငွေဒင်္ဂါး သွန်းလုပ် သုံးစွဲ၏။ ဒင်္ဂါး၌ လခြမ်းပုံ ပါသည်။

"

“ဘုရင့်နန်းတော်တွင် ရွှေငွေ ခေါင်းလောင်းနှစ်လုံး ထားရှိ သည်။(နန်းတော်မုခ်ဝနှင့် မျက်နှာချင်း ဆိုင်နေရာတွင်) ပေတရာ ဉာဏ်တော်အမြင့်ရှိသော ကျောက်သားဆင်းတု အဖြူကြီး တဆူ ရှိ၏။ တရားတပေါင်ဖြစ်သော အမှုသည်တို့သည် ဆင်းတုတော်ကြီး ရွှေ၌ ပုဆစ်တုပ် ဒူးချဝတ်ပြု၍ မိမိတို့ အမှားအမှန်ကို ဆင်ခြင်ပြီးမှ လိုရာသို့ သွားကြသည်။ လူ့ ခြေသလုံးနီးပါး ကြံပင်ကြီးများလည်း ရှိကြ၏။

"

I a

ပျားဖယောင်းနှင့် အမွှေးနံ ့သာရော၍ မီးထွန်းသည်။ အိမ် ထောင်သည် "မိန်းမတို့သည် ဆံပင်ကိုထုံးခွေ၍ ငွေနှင့် ပုလဲသွယ် အဆင်တန်ဆာများကို ဆင်မြန်းကြ၏။ အပြာရောင်. လျှော်ထဘီ များကို ဝတ်ဆင်ကြသည်။ ပဝါပါးပါးကို လွှမ်းခြုံကြ၏။ လမ်း လျှောက်ထွက်လျှင် ယပ်တောင်ကိုင်သည်။ အထက်တန်းကျသူများ၌ ယပ်တောင်ကိုင် အခြံအရံ အစေအပါး ၅-ယောက်၊ ၆-ယောက် ဘေးမှ လိုက်ပါလာကြသည်။’”

ကြင်နာရက်ရော၍ ကျေးဇူးသိသော ပျူလူမျိုးများ

ဗိဿနိုးနှင့်ဟန်လင်းကို ၁၉၀၅-ခုနှစ်က စမ်းသပ်ရုံမျှသာ စမ်းသပ်နိုင်ခဲ့ ကြ၍ ၁၉၅၈-၅၉ မှ ၁၉၆၂-၃ အထိ ဗိဿနိုး၌ ၆-ကြိမ်၊ ၁၉၆၃-မှ ၁၉၆၆ ထိ ဟန်လင်း၌ ၅-ကြိမ်  ံ ရှေးဟောင်းသုတေသနဌာနက တူးဖော်မှုလုပ်ငန်းများ အပတ်တကုတ် ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။

ပျူဒင်္ဂါး၊ဖန်ထည်စသော လူမှုရေးသမိုင်းအထောက်အထားများနှင့်အတူ သက္ကဋ ကျောက်စာကြီးတချပ်နှင့် ဗုဒ္ဓရုပ်ပွားတော် စသော သာသနာရေးသမိုင်း အထောက်အထားများကိုလည်း ထုတ်ဖော်နိုင်ခဲ့ကြ၏။ ဟန်လင်း၌ အမှတ် (၉) အဆောက်အအုံကြီးမှာ ပေ-၁၂၀ ရှည်လျား၍ သစ်သားတိုင်ပေါင်း-ဂဝ ကျော် ဖြင့် ဆောက်လုပ်ခဲ့သော ခန်းမကြီးတခုဖြစ်ကြောင်း အံ့ဩဖွယ် တွေ့မြင်ကြရ၏။

အနည်းဆုံး ခရစ် ၂-ရာစုမှ ၉-ရာစုအတွင်း သာသနာထွန်းကား၍ လူမှု ရေး ယဉ်ကျေးမှု မြင့်မားသောနိုင်ငံတခုအဖြစ် ရှေးဟောင်း သုတေသန ပညာ ရှင်တို့က သက်သေ ပြလိုက်ခြင်းပင် ဖြစ်၏။

.

## PAGE 183
<!-- 14 paragraphs, raw extraction -->




ခရစ် ၅-ရာစုခန့်ဟု ခန့်မှန်းရသော “ဒယာဒါနံ’စာတန်းပါ ခတ်နှိပ်ရန် ဖောင်းကြွ သေသပ်သော တံဆိပ်တုံး တခုကိုလည်း တွေ့ရှိခဲ့ကြ၏။ ကမ္ဗောဒီးယား တောင်ပိုင်း “အော့အီးယို’ မြို့ဟောင်း၌ တွေ့ရသော တံဆိပ်တုံးနှင့် တထပ်တည်း တူညီလျက်ရှိသဖြင့် ပျူတို့၏ ပြည်ပ ဆက်ဆံရေးကို ဖော်ပြနေ၏။ ဒယာဒါနံ ဆိုသည်မှာ “သနားသဖြင့် ပေးကမ်းလှူဒါန်းပါဟု အဓိပ္ပာယ်ရသဖြင့် ဗုဒ္ဓဝါဒ အသိအမြင်ဖြင့် ရပ်တည်ခဲ့သော ပျူ-မြန်မာတို့၏ နှလုံးသားကိုလည်း မြင်သာ လှပေသည်။

အိုးခြမ်းပဲ့တခုတွင် ဖောင်းကြွ ခတ်နှိပ်ထားသော ပျူစာတန်းတခုမှာ လည်း ရှေးဦး ပျူမြန်မာတို့၏ အနုပညာလက်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေး မှုကို ပေါ်လွင် စေလေသည်။ စာတမ်းမှာ

L

ရ ရ

ည ည

W

ဖြစ်၍ ပါဠိလို “ကတညုတ ကတဝေဒီနှင့် က ဇ ဇ ယ အဓိပ္ပာယ် တူလေသည်။
(မြစေတီကျောက် စာ စသည်၌ လာသော “ဣသွေ့, ကြေန္တု” ဝေါဟာရများနှင့် အဓိပ္ပာယ်လုံးဝ တူလေသည်။) မြန်မာလို “ကျေးဇူးသိသူဖြစ်ပါစေ၊ သို့မဟုတ် ကျေးဇူးတင်ပါ သည်’ဟု အဓိပ္ပာယ် ဖော်ဆောင်ပေနိုင်သည်။ တွေးတိုင်း လေးနက်လှသော အိုးခြမ်းပဲ့ကလေးပါပေ။

(တက္ကသိုလ်ပညာပဒေသာ စာစောင်၊ တွဲ-၃၊ ပိုင်း-၃၊ ၁၉၆၈၊ ဦးမြင့် အော် ‘သုတေသနဝန်ထောက်’ရေး “ဟန်လင်းမြို့ဟောင်း’နှင့် ယင်း တွဲ-၅၊
ပိုင်း-၃၊ ၁၉၇၀၊ ဦးစိန်မောင်ဦး ‘သုတေသန အရာရှိ’ရေး‘မြန်မာ နိုင်ငံရှိ ရှေးဟောင်းကမ္ပည်းတံဆိပ်အချို့’ကို အထောက်အထား ပြုပါသည်။)

I

ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ လမ်းညွှန်ချက်ကို ဦးထိပ်ရွက် ပန်ဆင်၍ လူမှုရေး၊ ဝိဇ္ဇာသိပ္ပံပညာရေး (ဖန်ချက်လုပ်ငန်းများ, ဒင်္ဂါးသွန်းစက်များ ရှိနေ သည်အထိ) အဘက်ဘက်က တိုးတက်စည်ပင်ခဲ့သော ရှေးဦး မြန်မာ ပျူ၊ ဗုဒ္ဓ ဘာသာဝင်တို့၏ လင်ယန်ခေါ် ဟန်လင်းနိုင်ငံတော်ကြီးသည် ခရစ် ဂ၃၂-ခုနှစ် နန်းစောလူမျိုးတို့ တိုက်ခိုက်၍ ထီးနန်းသုဉ်းခဲ့ရလေပြီ။

ဗိဿနိုး, ဟန်လင်း, သရေခေတ္တရာ (မရှေးမနှောင်းခေတ်ပြိုင်) ပျူနိုင်ငံ ကြီးများ တည်ရှိခဲ့ရာ၊ ပျူနိုင်ငံကြီးများ ပျက်စီး ချုပ်ငြိမ်း ခဲ့ရသော်လည်း သရေခေတ္တရာမှ ပုဂံ…….ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အထိ မြန်မာ့တို့၏ ဇာတိသွေး ဇာတိမာန်၊ မြန်မာတို့၏ဘုန်းကံနှင့် ဗုဒ္ဓသာသနာတော်ကား မြန်မာ တို့၏ နှလုံးသည်းပွတ်၌ ဆက်လက်ရှင်သန်လျက်ပင်…။

## PAGE 184
<!-- 13 paragraphs, raw extraction -->




ဟံသာဝတီ၊ ဝေသာလီ၊ သထုံပြည် သာသနာ

ပထမ

အောက်မြန်မာနိုင်ငံ ရှေးဦးသာသနာနှင့်စပ်၍ အနည်းငယ် ပြဆိုဦးအံ့။
ဟံသာဝတီ (ဥဿာ၊ပဲခူး)နေပြည်တော်သည်ပင် နှစ်ပေါင်း တထောင်ခန့် (၉၃၂-နှစ်)ကြာညောင်းခဲ့၏။ မြန်မာ ၁၈၇-ခုနှစ်၊
၁၇-ဆက်၊ မင်းမဲ့ ၃၁၂-နှစ်နှင့် ဒုတိယ ဗညားဦးမှ ၂ဂ-ဆက်၊ စုစုပေါင်း မင်းပေါင်း ၄ ၅-ဆက် စိုးစံ၍ အားပေးခဲ့ကြလေသည်။

သမလ မင်းမှစ၍ ဗြမိုင်းဓိရာဇာထိ ဒုတိယ ထေရဝါဒ သာသနာကို

သုဓမ္မပုရခေါ် သထုံပြည် သီရိမာသောကမင်းလက်ထက် သာသနာတော် နှစ် ၂ ၃ ၆-ခုနှစ်အရောက် ဘုရားရှင်၏ သွားတော်ဓာတ်ကို ဌပနာ၍ ရွှေမော်ဓော စေတီကို တည်ထားကြောင်း ဓမ္မစေတီမင်းလက်ထက်ရေး ကျောက်စာ၌ ဖော်ပြ ပါရှိ၏။ တပုဿ, ဘလ္လိကတို့၏လက်ထက်ကပင် ဆံတော်ဓာတ်ကိုဌပနာ၍ တည် ထားကြောင်း သမိုင်းဟောင်းများက ဆိုလေသည်။

မည်သို့ဖြစ်စေ၊ . ဟံသာဝတီနေပြည်တော် နှောင်းခေတ် ဓမ္မစေတီနှင့် ဘုရင့်နောင်တို့လက်ထက် ထေရဝါဒ သာသနာသည် လွန်စွာသန့်ရှင်း ထွန်းလင်း တောက်ပခဲ့သဖြင့် ရှေးဦးမဟုတ်စေကာမူ ခေတ်လယ် မြန်မာ သာသနာဝင်တွင် ဟံသာဝတီနေပြည်တော်၏ ရပ်တည်မှုမှာ အားရဖွယ် ကောင်းလှပေ၏။

ရခိုင်ဝေသာလီ သာသနာ

ရခိုင်ဒေသလည်း ပျူနိုင်ငံတော်ကြီးများနှင့် ခေတ်ပြိုင် ပေါ်ထွန်း နေ ကြောင်း တွေ့ရှိရ၏။, မဇ္ဈိမဒေသနှင့် ပိုမို၍ ကူးလူးဆက်ဆံမှုများရှိခဲ့၏။ ဟိန္ဒူ ၊
မဟာယာနတို့နှင့်အတူ ထေရဝါဒလည်း ထွန်းကားခဲ့လေသည်။

နီတိစန္ဒြမင်း (၅၂၀-၅၇၅)၏ သာဝိတာ စတြီယာမည်သော မိဖုရား ကျောက်စာတွင် “ယေဓမ္မာ ဟေတုပ္ပဘဝါ ဂါထာနှင့်တကွ အလှူဒါန မှတ်တမ်း များ ရေးသားပါရှိရာ ထေရဝါဒ သာသနာပြု မင်းဆက်များလည်း များစွာ ရှိခဲ့ရပေလိမ့်မည်။

အေဒီ ၇၂၀-ခုနှစ်ထိုး အာနန္ဒစန္ဒြမင်း၏ ကျောက်စာတွင် ရှေးမင်း ဆက်ကြီးသုံးဆက် မင်းပေါင်း ၃၆-ဦး အမည်, နန်းသက်, ခုနှစ်နှင့်တကွ ပြဆို ထားရာ ထိုမင်းဆက်များကိုထောက်၍ ရခိုင်ဒေသ၌ ခရစ်မပေါ်မီ ၅၁၅-ဘီစီ လောက်ကပင် မြို့ပြ တည်ထောင်ပြီးဖြစ်ကြောင်း တွေ့ရှိရလေသည်။

## PAGE 185
<!-- 10 paragraphs, raw extraction -->




နှောင်းခေတ်ရေး ဓညဝတီ ရာဇဝင်၌ကား ပထမ ဓညဝတီတွင် ၂၆ ၆ ၆- ဘီစီခန့်က မာရှယုမင်း တည်ထောင်ခဲ့သော မင်းဆက် ၅၄၊ ဒုတိယ ဓညဝတီ တွင် ၈၂၅-ဘီစီမှ အေဒီ-၇ဂဂတိုင်အောင် မင်းဆက် ၅၃-ဆက် ရှိကြောင်း ဖော်ပြ၍ ယင်းမင်းဆက်မှာ တကောင်းနေပြည်တော်မှ သာကီဝင် ကံရာဇာကြီး တည်ထောင်ခဲ့ကြောင်း ဖော်ပြထား၏။

ရခိုင်ဒေသတွင် ဝေသာလီသည် နိုင်ငံတော် တခုအဖြစ် ထင်ရှားခဲ့၏။
ပင်းယ နေပြည်တော် တည်ခါနီး ကောင်းကင်မှ ကြွလာ၍ သာသနာပြုသော “ရှင်ဒိဗ္ဗစက် ရဟန္တာထွေး”သည် ဝေသာလီမှ ကြွလာသည်ဆိုသဖြင့် ရခိုင်ဝေသာလီ ဖြစ်မည်ဟု ယူဆရလေသည်။ ယင်းယူဆချက် မှန်ကန်ခဲ့သော် ရခိုင်ဒေသတွင် ပင်းယခေတ်အထိ အရိယာသူတော်ကောင်းများ အဆက်မပြတ် ပွင့်ထွန်းခဲ့သည် ဟု ဆိုရပေမည်။

ရှင်ဒိဗ္ဗစက်အကြောင်း သာသနာလင်္ကာရ၊ ဝံသဒီပနီတို့၌ရှု၊ ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူးများစာအုပ် ပင်းယခေတ်၌လည်း ကြည့်နိုင်ပါသည်။ ဝေ သာလီမှာ မြို့ဟောင်းမြို့၏ မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ ရှိသည်။]

သုဝဏ္ဏဘူမိ သထုံပြည် သာသနာ

မြန်မာနိုင်ငံ ထေရဝါဒ သာသနာဝင်တွင် သာသနာတော်နှစ်- ၂၃၅ ခုနှစ် (တတိယ သံဂါယနာ)မှ စ၍ သုဝဏ္ဏဘူမိ သထုံပြည်သာသနာသည် အထူး ထင်ရှား တိုးတက်လာ၏။

သုဝဏ္ဏဘူမိနှင့်စပ်၍ သဘောကွဲလွဲမှုကား အနည်းအကျဉ်း ရှိနေခဲ့၏။
သံလွင်နှင့် ဧရာဝတီဖြစ်ခွဲဖြစ်သော တိုးမြစ်စပ်ကြား ပင်လယ်ကမ်း တဝိုက်သည် သုဝဏ္ဏဘူမိ ဖြစ်ကြောင်း ခေါမစာဘမ်းနှင့် တရုတ် ရာဇဝင်တို့၌ ဖော်ပြကြ၍ အာရပ်တို့ကမူ ဗင်္ဂလားဒေသ၏ အရှေ့ဘက်နှင့် မြောက်ဘက်နယ်မြေ တခုလုံးကို ခြုံ၍ “ရွှေပြည်တော်-ရွှေမြေဒေသ-သုဝဏ္ဏဘူမိ” ခေါ်ဝေါ်ကြ၏။ (တရုတ် မှတ် တမ်းများ၌ “ကျင်လင်”ဟု ခေါ်သည်။)

သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင် တဝိုက်သည် ရှေးရာစုနှ များစွာကပင်လယ်ဆိပ်ကမ်း ဖြစ်ခဲ့၏။ ထိုခေတ်က ပင်လယ်ကမ်းစပ်မှာ ယ အရက်သည်မ (ဟိုက်ကုလား)ရွာ ကေလာသခင်ခြေအထိဖြစ်၍ ယင်းအရက်

## PAGE 186
<!-- 8 paragraphs, raw extraction -->




သည်မရွာနှင့် သထုံမြို့နေရာတို့မှ လေးမြား၊ ကျောက်ကြိုး စသော နိုင်ငံခြား သင်္ဘောများ၏ အပိုင်းအစများကို တူးဖော်ရရှိခဲ့ဖူးကြောင်း “ သထုံဒိစတြိတ် ဗားမား ဂေဇက်တီးယား' (၁၉၃၁)၌ ဖော်ပြထား၏။ ယင်းဂေဇက်တီးယား၌ သုဝဏ္ဏဘူမိနှင့်စပ်၍ ဤသို့လည်း မှတ်ချက်ပြုထားလေသည်။

"

“အရှင်သောဏ, အရှင်ဥတ္တရတို့ သုဝဏ္ဏဘူမိသို့ သာသနာပြု ကြသည်ဟူသော အစဉ်အလာကို ငြင်းပယ်သူတို့၏ အကြောင်းပြချက် များမှာခိုင်လုံခြင်း မရှိပါပေ။ အသောကမင်းကြီး၏ ရည်ရွယ်ချက် မှာ သူ လက်လှမ်းမှီသမျှ နိုင်ငံတိုင်း၌ ဗုဒ္ဓသာသနာ ပြန့်ပွား ထွန်း ကား စေရန်ပင်ဖြစ်၏။ သို့ဖြစ်သောကြောင့် ဂရိကဲ့သို့သော နေရာ ဒေသ မျိုးကို သူသာသနာပြုရာ ဌာနအဖြစ် ရွေးချယ်ထားသေးရာ မြန်မာနိုင်ငံ ကဲ့သို့သော နေရာဒေသကို ခြွင်းချန်ထားခဲ့ခြင်းမှာ ယုတ္တိ မရှိပေ။”

မဟာရာဇဝင်ကြီး (ပ-၂၄၉)၌ ဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် အသောက ဓမ္မရာဇာ မည်သော မင်းသည် သထုံဒေသ၌ မင်းပြုကြောင်း ပြဆို၍ သထုံရာဇဝင်သမိုင်းဟောင်းကမူ တိဿဓမ္မသီဟရာဇာမင်းဟု ပြဆို၏။ ထိုမင်းက နောင်တော်ဖြစ်သူ ဂဝံပတိထေရ်ထံမှ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုသော အခါ သွားတော် ၃၂-ဆူကို အနှစ်ခြောက်ဆယ်တိုင် ကိုးကွယ်ပူဇော်ရသည်ဟု ဆိုသည်။
မွန်မြန်မာ ရာဇဝင်များအလို သထုံမြို့ကို ဘီ-စီ ၁၇- ရာစုကပင် တည်ထောင်ခဲ့ သည်ဟု သတ်မှတ်ကြလေသည်။

အရှင်သောဏ, အရှင်ဥတ္တရတို့ သာသနာပြုကြစဉ် ဘီလူးများရန်ကို နှိမ်နင်းရကြောင်း အဋ္ဌကထာ နိဒါန်း၌ လာရှိ၏။ မွန်ရာဇဝင်နှင့် ကလျာဏီ ကျောက်စာတို့၌လည်း သထုံပြည်ကို ရုက္ခပုရ(ရေဘီလူးနိုင်ငံ)ဟု ခေါ်ကြောင်း၊
ဘီးလင်းမြို့နယ် ဇုတ်သုတ်ရွာ ထီးဆောင်း ဘုရားကို ဘီလူးများတည်ကြောင်း၊
သံလွင်မြစ်ဝ၌ ယခုတိုင် ဘီလူးကျွန်းဟူ၍ ရှိနေကြောင်းတို့ကို ထောက်ဆ၍ လည်းကောင်း၊ တဖန် ခေါမ ပထဝီပညာရှင် တော်လမီက “ဗေစင်ဂ” ခေါ်သော မုတ္တမကွေ့ ပင်လယ်ကမ်းရိုးတလျှောက်တွင် အရပ်ပုကွဲ၍ ဆံပင်လိပ်၊ နှာခေါင်း ပြား၊ တုတ်ခိုင်သော (ဩစတြေလျှက်နွယ်)လူများ နေထိုင်ကြသည် ဟူသော အဆိုကို ထောက်ဆ၍လည်းကောင်း၊ဒုက္ခသ=ရက္ခ ိသိ=ရေဘီလူးများ အန္တရာယ် နှိမ်နင်းခဲ့ရသည်မှာ ဖြစ်နိုင်ကြောင်း(ဝါ) သထုံသည်ပင် မူလ သုဝဏ္ဏဘူမိ ဖြစ်ကြောင်း သမိုင်းပညာရှင်အများစုက လက်ခံ ယုံကြည်ထားကြ၏။

## PAGE 187
<!-- 14 paragraphs, raw extraction -->



မြေကြီးသက်သေ တည်ပါစေ


မျက်မှောက်ခေတ် သီဟိုဠ်သမိုင်းပညာရှင်များဖြစ်သော သီရိဝိကြမသင်္ဃ (အရှေ့တောင်အာရှနှင့် သီဟိုဠ်နိုင်ငံ ဆက်ဆံရေး)၊ ဒေါက်တာ သီဝလိ (ဗုဒ္ဓ သမိုင်း) တို့ကလည်း ဘီ-စီ ၂၀၀-ရာစုံက ဒုဋ္ဌဂါမဏိမင်းကြီး မဟာစေတီ ပန္နက် ချပွဲသို့ ကေလာသ ကျောင်းတိုက်ကြီးမှ သံဃာ့ ကိုယ်စားလှယ်များ ကြွရောက် ကြောင်း မဟာဝံသ အဆိုနှင့်စပ်၍ သထုံပြည် ကေလာသကျောင်းတိုက်ကြီးမှပင် ဖြစ်ကြောင်း ပြဆိုကြလေသည်။

သုဝဏ္ဏဘူမိသထုံမှာ ပထမ သထုံ, ဒုတိယသထုံဟု ခွဲခြား မှတ်သားရန်

ရှိပေသေး၏။

မြတ်စွာဘုရားရှင်လက်ထက် တိဿဓမ္မ သီဟရာဇာ တည်ထောင်သော သထုံမှာ ပထမသထုံ ဖြစ်၍ “ဗင်းကျိုက်တောင်၏ မြောက်ဘက် ခရီး မြန်မာတိုင် ခုနစ်တိုင်ကွာ၌ရှိ၏။ သာသနာတော်နှစ်- ၁ ၉ ၁ မှာ ပျက်၏။

ဒုတိယသထုံမှာ သံာသနာ၂၀ ၉-ခုနှစ်တွင် ရာဇာစောဝေမင်းက‘သုဓမ္မဝတီ အမည်ဖြင့် တည်ထောင်သည်။ တည်နေရာနှင့်စပ်၍ “ယခု ဒနုန်းချောင်းတောင် ကြီးရွာ၊ ကျောက်လုံးကြီးရွာ၊ ဝင်ကာ တလျှောက်တို့သည် သုဓမ္မဝတီ ဒုတိယ သထုံဟောင်းနေရာဖြစ်သည်။ ပထမသထုံမြို့သက် ၁၃၉၈-နှစ်၊ ဒုတိယ ၂၄၁. နှစ်။ မင်းဆက် ၅၈-ဆက်။ (မနူဟာ ကျောက်စာအလို ဂ၄-ဆက်)

ရှစ်ဝါမြောက် ဘုရားရှင် ကြွရောက်ရာ သထုံကား ယခုရှိသော

သထုံ၊ အရှင်သောဏ, အရှင်ဥတ္တရတို့ သာသနာပြုရာ သထုံကား ဒုတိယ သုဝဏ္ဏဘူမိ၊ ဒုတိယ သထုံဖြစ်ကြောင်း“စစ်ကဲဦးနော်”၏ မွန်ရာဇဝင်စေတီသမိုင်း ပေါင်းချုပ်၌ အကျယ်ပြဆိုထားသည်။

သာသနာပြု မထေရ်မြတ်နှစ်ပါးသည်…

“သာသနာ -၂၅၀ကျော်တွင် ပရိနိဗ္ဗာန်ပြုတော်မူကြ၏။ကုသိနာရုံဘုရား စေတီ၌ အလောင်းတော် နှစ်ဆူထား၏” (ယင်း နှာ-၃၀)ဟုလည်း ဆက်လက် ဖော်ပြထားလေသည်။

ယခုအခါတွင် သုဝဏ္ဏဘူမိနှင့်စပ်၍ အယူအဆ ဝါဒကွဲများ မည်မျှပင် ရှိနေစေကာမူ မွန်မြန်မာသမိုင်းဟောင်းများပင် ပြန်လည် အသက်ဝင်လာရန် မဝေးတော့ချေ။အဘယ့်ကြောင့်ဆိုသော် ၁၉၇၆-ခုနှစ်မှစ၍ နိုင်ငံတော် အစိုးရ ရှေးဟောင်း သုတေသန ဌာနက ဝင်းကရွာ၊ အရက်သည်မရွာ ဒေသတဝိုက်၌

## PAGE 188
<!-- 12 paragraphs, raw extraction -->




တူးဖော်မှုများ ပြုလုပ်ခဲ့ကြ၏။မဇ္ဈိမဒေသမှ ဇေတဝန် ကျောင်းတော်ရာကဲ့သို့သော အလျားအနံ ပေ-၉ဝ ရှိ မြေအောက် ကျောင်းတော်ကြီးများပင် ပေါ်ထွက် လာနေပေပြီ။

မကြာမီ သုဝဏ္ဏဘူမိ၏ သနစ်အမှန်ကို ဗကန်ပင် သိမြင်ကြည်ညိုကြရပေ

ဘော့မည်။

[မှတ်ချက်။ ။ရွေ့၌ ပြထားသော မြေပုံပါ သုဝဏ္ဏဘူမိမှာ ယေဘုယျ သဘောမျှသာ ဖြစ်၏။ သထုံသာလျှင် သုဝဏ္ဏဘူမိဖြစ်ကြောင်း သမိုင်းသာဓက အားကောင်းလျက် ရှိလေသည်။]

ကုလားရန်မကင်းသော အောက်မြန်မာနိုင်ငံ

သုဝဏ္ဏဘူမိ နိုင်ငံလည်း ပျူတို့ တန်ခိုးကြီးစဉ်က လက်အောက်ခံ နိုင်ငံတခု ဖြစ်ဟန်ရှိ၍ ပျူနိုင်ငံတို့နှင့်အတူ အေ-ဒီ-ဂ ၃၂-၃၅တွင် နန်းစောတို့ တိုက်ခိုက်၍ ပျက်ခဲ့ရသည်ဟု သမိုင်းပညာရှင်တို့ ယူဆကြ၏။ မနူဟာမင်း (မွန်မြန်မာ ပညာ ရှိတို့ မကုတဟု မွန်လို ့ရေးသည်လို မဖတ်တတ်၍ မှားယွင်းခေါ် ကြောင်း ဗြိတိသျှ ခေတ် အင်္ဂလိပ်သမိုင်းဆရာကြီးက ဆိုသေးသည်) လက်ထက်တွင် မဟာယာန၊
အထူးသဖြင့် ဟိန္ဒူဗြာဟ္မဏ အတ္တဝါဒများအန္တရာယ်သည် အလွန်ကြီးမားခဲ့ဟန် ရှိ၏။

ရာမည ဒေသခေါ် အောက်မြန်မာနိုင်ငံတော်သည် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သဖြင့် နိုင်ငံခြားဆက်သွယ်မှုများ ခေတ်အဆက်ဆက် ရှိခဲ့လေရာ တိဿ မင်းကြီးလက်ထက် (သာသနာ-၆၉၇) ကုလားတို့၏ ရန်ကြောင့် ဟ ံသာဝတီ တနိုင်ငံလုံး ဗုဒ္ဓဘာသာ ကွယ်ပျောက်လုမတတ် ရှိခဲ့ရာ၊ သုဘဒ္ဒာခေါ် ဘဒြာဒေဝီ ကြောင့် ပြန်လည် ထွန်းကားခဲ့သည်။

သုဝဏ္ဏဘူမိ သထုံပြည် သီရိမာသောကမင်း၏ သားတော် သမလ ဝိမလ နောင်ညီနှစ်ပါးသည် ကျေးကျွန်လူပေါင်း-၂၇ဝ၊ လှေတော် ၁၇-စင်းဖြင့် သုဝဏ္ဏဘူမိ သထုံပြည်မှ ဟံသာဝတီ (ပဲခူး)တည်မည့် ဌာနသို့ ရောက်လာကြရာ နှစ်ပေါင်း-၉ဝ ကျော်ကပင် သံတိုင်စိုက်၍ နယ်မြေမှတ်ထားသည်ဆိုသော ရှက်အဒူလာလော” စသော သင်္ဘောကုလားများနှင့် သူပိုင် ငါပိုင် တရားဆိုင် တိုက်ခိုက်ယူခဲ့ရဖူး၏။

သမလ ဝိမလ မင်းနှစ်ပါးသည် သာသနာဟော်နှစ် ၃ ၅-ခု နှစ်ကစ၍ ဟင်္သာဖိုမနားသည်ကိုစွဲ၍ “ဟ ံသာဝတီ” အမည်ဖြင့် နေပြည်တော်တည်ခဲ့၏။
မော်ဓော စေတီကိုလည်း တပြိုင်နက် တည်ထားခဲ့သည်။

## PAGE 189
<!-- 8 paragraphs, raw extraction -->




နောက်ပိုင်း အေ-ဒီ ၁၅- ရာစုတခုတွင် ပေါ်တူဂီ, ပြင်သစ်, ဒတ်ခ်ျ အင်္ဂလိပ် ကုန်သည်နှင့် သာသနာပြု အဖွဲ့ ့များ ခေတ်အဆက်ဆက် ရောက်ရှိလာ ကြကာ သန်လျင်စား ငစင်ကာခေါ် “ဖီးလစ်ဒီဗရစ်တိုနီကိုတီ”သည် ဗုဒ္ဓ သာသနာ တော်ကို ဖျက်ဆီးကာ မြန်မာနိုင်ငံတော် အာဏာကိုပင် လုပ်ကြံသည်အထိ ကျူး ကျော်ခဲ့လေသည်။

ရခိုင်ပြည်နယ်နှင့် သုဝဏ္ဏဘူမိ ရာမညဒေသသည် မြန်မာနိုင်ငံရှိ အခြား ဒေသများနှင့် စာသော် နိုင်ငံခြား ကူးလူးဆက်ဆံမှု လွယ်ကူသဖြင့် ပြည်ပမှ ကောင်းသော ယဉ်ကျေးမှုများ ရလွယ်သလောက် တိုင်းပြည်နှင့် သာသနာကိုပင် ကျူးကျော်ဖျက်ဆီးသော ကုလားများအန္တရာယ်လည်း နီးစပ်လှသဖြင့် ခိုင်မာ ကျစ်လျစ်သော အမျိုးဘာသာ သာသနာရပ်တည်မှုရှိရန် သမိုင်းက သတိပေး လျက်ပင် ရှိနေခဲ့လေသည်။

မည်သို့ဖြစ်စေ အထက်မြန်မာပြည်တွင် အနော်ရထာ ဘိုးတော်နှင့် မင်း တုန်းမင်းတို့ကဲ့သို့သော၊ အောက်မြန်မာပြည်တွင် ဓမ္မစေတီ ဘုရင့်နောင်တို့ ကဲ့သို့ သော တိုင်းပြု ပြည်ပြု သာသနာပြုမင်းများ ပေါ်ပေါက်လာသဖြင့် မြန်မာနှင့် ထေရဝါဒ သာသနာသည် တကမ္ဘာလုံးက အားကိုးရသောနေရာသို့ ရောက်ရှိခဲ့ လေသည်။

ပဉ္စမသံဂါယနာမှသည် ဆဋ္ဌ သံဂါယနာခေတ်သို့ ရောက်လာသော အခါ မြန်မာနိုင်ငံနှင့် ထေရဝါဒသာသနာအပေါ် ကမ္ဘာကပင် အာရုံစိုက်လာ ကြ၏။

ဗုဒ္ဓမရှိသည့်နောက် သီဟိုဠ်နိုင်ငံသည် ပထမဆုံးသော ထေရဝါဒ ခံတပ် မြို့တော်ကြီးအဖြစ် ရပ်တည်လာသကဲ့သို့ အနော်ရထာမင်းကြီးလက်ထက်မှ စ၍ ကား မြန်မာနိုင်ငံတော်သည် တည်ငြိမ်သော ကိုယ်ပိုင် အုပ်ချုပ်ရေးနှင့်အတူ ထေရဝါဒသာသနာ အချက်ချာကျသော ပဓာနနိုင်ငံအဖြစ် ပရိယတ်, ပဋိပတ် ဘက်စုံ ရပ်တည်လာနိုင်ခဲ့၏။

## PAGE 19
<!-- 2 paragraphs, raw extraction -->


(၁ဂ) ဗိဿနိုးမြို့တော်မှ သံဃသီရိ ကျောင်းတော်ကြီးပုံ (ဂ၉-ပေခွဲ အခန်းရှည်ကြီးနှင့် ၁၀-ပေခွဲ အခန်းငယ် ဂ-ခန်း ပါဝင်သည့် ဗိဿနိုးမြို့တော်ဟောင်းမှ တူးဖော်တွေ့ရှိရသော အမှတ် ၂ အဆောက်အဦ။)

## PAGE 20
<!-- 2 paragraphs, raw extraction -->


အနော်ရထာမင်းကြီးနှင့် ရှင်အရဟံတို့၏ ပိဋကတိုက်တော် ပုဂံနေပြည်တော် သရပါတံခါးအနီးအမြင့် ၆ဝ--ပေ၊ အကျယ်စတုရန်း ၅၁-ပေရှိ ဤပိဋကတိုက်ကြီး၌ခရစ် ၁ဝ၅၆-ခုနှစ် သထုံပြည်မှရသောပိဋကနှင့် ၁ဝ၇၅-ခုနှစ် သီဟိုဠ်မှရသော ပိဋကများကို ရှင်အရဟံအမှူးပြုသော မထေရ်ကြီးများ သံဂါယနာတင်သည်အလား ညှိနှိုင်းစိစစ်တော်မူကြသည်။
(၁၁၃၅-ခုနှစ် ဘိုးတော်မင်းတရားကြီး ပြုပြင်ခဲ့သည်။ နိဒါန်း အခန်း ၄-အဆုံးကြည်။)

## PAGE 21
<!-- 6 paragraphs, raw extraction -->


(၂၀) ပုဂံနေပြည်တော်၊

ဆပဒ

စေတီ

သီဟိုဠ်မြန်မာ ဆက်ဆံရေး သမိုင်းမှတ်တိုင်များတွင် တခု။

(နိဒါန်း အခန်း ၅-ကြည့်)

## PAGE 190
<!-- 7 paragraphs, raw extraction -->


(၇)

ဟန့်ချက်ညီသော ယနေ့ မြန်မာ့သာသနာ

မြန်မာနိုင်ငံရှိ သာသနာတော်ဝန်ထမ်း ရဟန်းတော်အရှင်မြတ်တို့လေ က၌ ရှေးအခါက စ၍—

..

“ဆယ်ဝါ စာသင်၊ ဆယ်ဝါ စာချ၊ ပြီးလျှင် တောထွက် တရားအား ထုတ်” ဟူသော အစဉ်အလာတရပ် ရှိနေခဲ့၏။ ပရိယတ်ကို ပဓာနထား၍ ဆောင် ရွက်ခိုက်မှာလည်း ပေါ့ပါးသော ပဋိပတ်(ဗုဒ္မာနုဿတိ, မေတ္တာစသည်)ကို ပူးဘွဲ့ ဆောင်တော်မူလေ့ ရှိကြသည်။ ပဋိပတ်ကို ပဓာနထား၍ ဆောင်ရွက်ခိုက်မှာလည်း ပေါ့ပါးသော ပရိယတ်တာဝန်ကို ပူးတွဲ ဆောင်ရွက်တော်မူလေ့ ရှိခဲ့ကြလေသည်။

သာသနာဟူသည် ပရိယတ်, ပဋိပတ် နှစ်မျိုးစလုံးကို ခေါ်သောအမည် ဖြစ်၍ ပရိယတ်ချည်းသက်သက်လည်း ပ်တည်၍မရ၊ ပဋိပတ် သက်သက်ချည်း လည်း ရပ်တည်၍မရ။

## PAGE 191
<!-- 11 paragraphs, raw extraction -->


"



“ပညဝါ ဘိက္ခု၊ တေပိဋကံ သုတွာဒေပို ပူရေတိ (ဝိဘင်္ဂ အဋ္ဌကထာ)=ပညာရှိသော ရဟန်းမည်သည် ဘုရားဟောဒေသနာ ပိဋကကျမ်းစာကို နာယူသင်ကြားပြီးသည်နှင့် ဂန္ထဓုရ(ပရိယတ်) ဝိပဿနာဓုရ (ပဋိပတ်) ၂-မျိုးလုံးကိုပင် ဖြည့်ကျင့်လေတော့၏။
“ဆယ်ဝါ စာသင်၊ ဆယ်ဝါ စာချ၊ ပြီးလျှင်တောထွက်”ဟူသော မြန်မာ နိုင်ငံ ထေရဝါဒသာသနာ အစဉ်အလာသည် မိမိသူတပါး အကျိုးနှစ်ခုပြီးစေ သော အစဉ်အလာကောင်းပင် ဖြစ်ပေသည်။ အကြောင်းအားလျော်စွာ ထိုအစဉ် အလာအတိုင်း အတိအကျ ဖြည့်ကျင့်ခွင့်မရသော အရှင်မြတ်များကား ပရိယတ် ပထမ, ပဋိပတ် ဒုတိယ၊ ပဋိပတ် ပထမ, ပရိယတ် ဒုတိယ ပူးတွဲကျင့်ဆောင်သော နည်းကို အသက်ထက်ဆုံး ပြုကျင့်တော်မူကြကာ မိမိနှင့်သူတပါး၊ တိုင်းပြည်နှင့် သာသနာ အကျိုးနှစ်ပါးကုံငအောင် ဆောင်ရွက်တော် မူကြလေသည်။

တာဝန်နှင့်လာသူမှ တာဝန်ကိုမကြောက်

ယခုအခါ မြန်မာနိုင်ငံ ထေရဝါဒ သာသနာ၏ ရပ်တည်မှုမှာ လွန်စွာ ခိုင်မာလှပေ၏။ ကမ္ဘာသို့ သာသနာမျိုးဆက် ဖြန့်ပွားနိုင်ရန် အဆင်သင့် ဘက်စုံ ရပ်တည်နေပေသည်။

လွန်ခဲ့သော အနှစ်တထောင်၏ ဤမှာဘက်တွင် ယခုကဲ့သို့ ဘက်စုံရပ်တည် နိုင်သော အခြေအနေမျိုး မရှိခဲ့ဖူးသေးချေ။ ဘုန်းကံကြီးမားသော သာသနာ ကော်နှင့် ထိုက်တန်၍ အမျိုးဘာသာ,သာသနာအတွက် ပြည့်စုံစွာ တာဝန်နှင့် လာသော တိုင်းပြုပြည်ပြု သာသနာပြုမင်းများ၊ သာသနာ့ဦးဆောင် ပုဂ္ဂိုလ်များ မရရှိနိုင်ခဲ့သောကြောင့်ပင် ဖြစ်၏။

တာဝန်နှင့်လာသူတို့မှသာ တာဝန်ကိုမကြောက်၊ တာဝန် ထမ်းဆောင် ယင်းသေရသည်ကိုပင် ဂုဏ်ယူကြသည်။

ယခုအခါ မြန်မာနိုင်ငံ ထေရဝါဒသာသနာနှင့်စပ်၍ တိုင်းပြည်အုပ်ချုပ် သောမင်းများနှင့်တကွ တိုင်းသူပြည်သားတို့၏ အားပေးမှု၊ အားကိုးမှုသည် လိုသည်ဟုမရှိသလောက် ပြည့်စုံလျက်ရှိ၏။ထို ကြောင့်လည်းသာသနာ့ဝန်ဆောင် အရှင်မြတ်တို့ဘက်ကလည်း (အများအားဖြင့်)ပရိယတ်၊ပဋိပတ်ဖြင့် အခိုင်အမာ ရပ်တည်ကာ ဓုရနှစ်ဖြာ တာဝန်ကျေကြုံတော်မူကြပါပေ၏။

တာဝန်နှင့်လာသော သာသနာပြု သာသနာ့ ဝန်ဆောင် အရှင်မြတ်တို့ သည် မြန်မာနိုင်ငံ၌အရေအတွက်ရော အရည်အချင်းပါ များစွာ ရှိတော်မူနေ

## PAGE 192
<!-- 16 paragraphs, raw extraction -->




ကြ၏။ ထိုအရှင်မြတ်များတွင် မည်သူကမျှ ရွေးကောက်တင်မြှောက်ခြင်း မပြုရပ် ရဟန်းရှင်လူတရပ်လုံးက အလိုအလျောက် ရွေးကောက်လက်ခံယုံကြည်နေကြပြီ ဖြစ်သော အရှင်မြတ်ကြီးနှစ်ပါး၏ ဟန်ချက်ညီညီ ကိုယ်ကျိုးစွန့် ရပ်တည်မှုကို ကြည့်ခြင်းအားဖြင့်ပင် ယနေ့မြန်မာတို့လက်စယ်ရရှိပိုင်ဆိုင်ထားသောထေရဝါဒ သာသနာ၏ အနာဂတ်အလားအလာကို အလွယ်ပင် မြင်သာလှပေ၏။

ထိုသည့်အရှင်မြတ်ကြီးနှစ်ပါးတို့ကား အခြားမဟုတ်။ အားလုံး သိရှိပြီး

ဖြစ်သော-

၁။ အဂ္ဂမဟာပဏ္ဍိတ၊ ဆဋ္ဌသံဂီတိ ဝိသဇ္ဇက၊ ကျေးဇူးရှင် မင်းကွန်း ဓမ္မနာ,တိပိဋက နိကာ့ ဆရာတော် ဘုရားကြီးနှင့်

၂။ အဂ္ဂမဟာပဏ္ဍိတ၊ ကမ္ဘာ့သတိပဋ္ဌာန်သာသနာပြု၊ ဆဋ္ဌသံဂီကိပုစ္ဆက၊
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး နှစ်ပါးတို့ပင် ဖြစ်တော်မူ ကြကုန်၏။

ပရိယတ်ပထမ၊ ပဋိပတ် ဒုတိယ

မင်းကွန်း ဓမ္မနာဘိပိဋက နိကာယဆရာတော်

“မင်းကွန်း ဦးဝိစိတ္တသာရာဘိဝံ့၊ တိပိဋကဓရ ဆရာတော်ဟု အများ ခေါ်ဝေါ်လျက်ရှိသော ကျေးဇူးရှင် မင်းကွန်း ဓမ္မနာဒ, တိပိဋက နိကာယ ဆရာတော်ဘုရားကြီးသည် မြင်းခြံမြို့နယ်၊ ကျည်းပင်(သဲဖြူဝ)ရွာ၌ ခမည်းတော် ရွာသူကြီးဦးဆုံ၊ မယ်တော်ဒေါ်ဆင်တို့မှ ၁၂၇၃-ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၁၁-ရက်၊ ဗုဒ္ဓဟူးနေ့(နေ့စက်နာရီ၃-နာရီကျော်)တွင် ဖွားမြင်တော်မူခဲ့၏။
မြန်မာနိုင်ငံ၌ အများလက်ခံဂုဏ်ပြုရသော စာမေးပွဲကြီးတိုင်းတွင် အဦး ဖျားဆုံးနှင့် အထူးခြားဆုံးအောင်မြင်တော်မူခဲ့၏။

၁။ အစိုးရပထမကျော်၊

၂။ ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ( အာဒိကမ္မိက=ပထမဆုံး) ဝသကာ၊

၃။ ရွှေတံဆိပ်ရ အဋ္ဌကထာပြန်အကျော်၊

၄။ သာသနဓဇ သီရိပဝရ ဓမ္မာစရိယ၊

၅။ ဗုဒ္ဓသာသနဝိသိဋ္ဌ (အာဒိကမ္မိက=ပထမဆုံး) တိပိဋကဓရ မဟာ တိပိဋက ကောဝိဒ (တိပိဋကဓရ စာမေးပွဲဘွဲ့)၊

## PAGE 193
<!-- 9 paragraphs, raw extraction -->




၆။ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက(ဆဋ္ဌသံဂါ ယနာ အဒုတိယက သီးခြား စာပေ၀န်ဆောင်ဘွဲ့)၊
၇။ ဆဋ္ဌသံဂီတိ(ဆဋ္ဌသံဂါယနာ)ဝိသဇ္ဇက၊

ဂ။ ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်ကျမ်းပြု။

သုတ်,ဝိနည်း အဘိဓမ္မာ ဆဋ္ဌသံဂါယနာမူတော် ပါဠိတော်စာအုပ် ဆိုက် ကြီး စာမျက်နှာပေါင်း -၆၉၅၀ကို အာဂုံနှုတ်တက် သဘာဝအချက်နှင့်တကွ ခဲရာခက်ဆစ်များကို အဝါးဝနိုင်နင်းတော်မူသဖြင့် ဆဋ္ဌသံဂါယနာ တင်သော အခါ ပါဠိ အဋ္ဌကထာ၊ ဋီကာစိစစ်ရေးနှင့် မေးသမျှ ဖြေဆိုရသော တာဝန်ကို ဆောင်တော်မူခဲ့ရ၏။ဆဋ္ဌသံဂါယနာအတွက် တာဝန်နှင့် ထွက်ပေါ်တော်မူလာ ရသော သံဂါယနာ ဖွားဘက်တော်ကြီး ဖြစ်တော်မူလေသည်။

ပါဠိတော် သံဂါယနာဘင်သောအခါ ပုစ္ဆက မဟာစည်ဆရာတော်ဘုရား ကြီးက မေးလေသမျှ ကမ္ဘာ့ ဗုဒ္ဓဘာသာခေါင်းဆောင်ကြီးများ အလယ်၌ မငြိ တွယ် မထွေးရှုပ်၊ မဆုတ်မဆိုင်း၊ အဇာနည်သိန္ဓောမြင်း စိုင်းသကဲ့သို့ သိုင်းဝိုင်း ချဲ့ထွင်၍ မြန်မာမှု အလင်္ကာဖြင့် သာယာခန့်ညားစွာ ကျမ်းစာအလွှတ် တတွတ် တွတ် ဖြေဆိုတော်မူရာ ကြားနာရသူမှန်သမျှ ကြက်သီးတဖြန်းဖြန်း ထခဲ့ရပေ၏။

အဋ္ဌကထာသံဂါယနာ တင်သောအခါတွင်ကား . အတွင်းသိ၊ အနီးကပ် ရှိတော်မူနေကြကော သံဃမထေရ်ကြီးများမှာ ပို၍ပင် အံ့ဩ ချီးကျူးခဲ့ကြရပြန် လေသည်။ အကြောင်းမှာ ပိဋကသုံးပုံ ပါဠိတော်များကိုသာမက အဋ္ဌကထာ ကျမ်းကြီးများကိုပင် (ဘယ်အချိန်က ကျက်ထားသည်မသိ) စာမကြည့်ပဲ ရွတ်ဆို ဖြေကြားနေသည်ကို အနီးကပ် တွေ့မြင်ကြရသောကြောင့်ပင် ဖြစ်လေသည်။
ဆရာတော်၏ဟောပြောချက်များသည် မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဟောပြောခဲ့ကြသော ဓမ္မကထိက အရှင်တို့၏ အစဉ်အလာ ဟောနည်း ပြောနည်း များကိုပင်(ဆင်သွားလျှင်လမ်းဖြစ်သည် ဆိုသကဲ့သို့) တခေတ် ပြောင်းပေးမှန်း မသိ ပေးတော်မူနိုင်ခဲ့လေပြီ။

တိမိလ,တိပိုင်္ဂလစသော ငါးကြီးများသည် သမုဒ္ဒရာ၌ ကျက်စားရမှသာ အားရကျေနပ်သည် ဆိုသကဲ့သို့ ဆရာတော်၏ တာဝန်နှင့် ယူလာရသော ပညာ ပညာပါရမီသည် ဆဋ္ဌသံဂါယနာနှင့်မှ လိုက်လျောညီထွေ ရှိလှပါပေ၏။
ပါဠိမတတ်ကျွမ်းသော တိုင်းသူပြည်သူ သာသနာ့ ကျေးဇူးရှင်ဒါယကာ ဒါယိကာမများအတွက်လည်း အနယ်နယ်အရပ်ရပ် ဒလစပ် (ရံခါတနေ့ ဆယ် ပွဲခန့်) ဟောပြောပေးတော်မူနေရသည့် ကြားက စာမျက်နှာပေါင်း ၅ ၁ ၆၃ မျက်နှာ၊၆-တွဲ၊ ဂ-အုပ်ရှိ ပိဋကသုံးပုံအနှစ်ချုပ် မဟာဗုဒ္ဓဝင်ကျမ်းကြီးကိုလည်း ရေးသားတော်မူခဲ့၏။

## PAGE 194
<!-- 9 paragraphs, raw extraction -->


၁၅ဝ


အာဇာနည်မိဘကမှ အာဇာနည်ကို မွေးဖွားလို ့ရ

ဆရာတော်သည် စစ်ကိုင်း-မင်းကွန်းတောင်ရိုးရှိ ရဟန်းသာမဏေ သီလ ရှင်တို့ ဆွမ်းကွမ်း အခက်အခဲနှင့်ကြုံလာသဖြင့် ရဟန်း, သာမဏေ,သီလရှင်များ ဆွမ်းကွမ်းပြည့်စုံ၍ သာသနာ့ဝန်ကိုလည်း ဆောင်နိုင်စေ၊ တိုင်းသူပြည်သား ဒကာ ဒကာမများ သာသနာပြု ဒါနမြောက်၍ သီလ,သမာဓိ, ပညာ အသိဉာဏ်လည်း တိုးစေ ရည်ရွယ်ချက်ဖြင့် ထက်အောက်စုန်ဆန် ပြန်ချည်သွားချည်၊ မနေမနား တရားဓမ္မ ဟောပြောတော်မူ၍ ရသမျှ နဝကမ္မများကို ဘိုးဘွားရိပ်သာ၊ စာသင် ကျောင်း၊ အများသုံးမီးစက်၊ ရေစက်၊ လမ်းဖောက်လုပ်မှု စသော (သတ္တုဿဒ) လူမှုရေးဒါနများကိုလည်း ဖြည့်တော်မူ၏။

ဘဝတသက်တာလုံး ရုပ်ရောနာမ်ပါ သတ္တဝါအများအတွက် အနားမရှိ အားထုတ်တော်မူသော်လည်း အားရတော်မမူ၊ တိုင်းပြည်နှင့် သာသနာအတွက် မျိုးဆက်ချ ပွားတော်မူရန် လက်ရှိသံဃာ စာသင်သား-၁၀ဝ ခန့်ရှိ ဓမ္မနာဒ ကျောင်းတိုက်ကြီးတာဝန်အပြင် အဘိဓဇ မဟာရဋ္ဌဂုရု ကျေးဇူးရှင် မစိုးရိမ်ဆရာ တော်ဘုရားကြီး၏ ဆန္ဒတော်ကိုလည်း အလေးမူ ပူဇော်သောအားဖြင့် ၁၃၄ဝ ပြည့်နှစ်၊ ဝါဆိုလဆန်း ၅-ရက်နေ့မှစ၍ မင်းကွန်းတောင်ရိုး မိုးမိတ်စေတီတော် ကုန်းမြေ၌ တိပိဋက နိကာယ ကျောင်းတိုက်ကြီးကိုပင် ဖွင့်လှစ်တည်ထောင်၍ ပရိ ယတ္တိ ချပ်တော် မူလေသည်။

•

တိပိဋက ဓရ ဆွမ်းဆန်တော် လစဉ် အစိုးရအလှူငွေ ၃၁၁-ကျပ်နှင့် အရပ်ရပ်အလှူငွေ ၁ ၅‘သိန်းခန့်ကို ဘဏ်၌ မတည်ငွေပင်စိုက်၍ တိပိဋက စာမေး ပွဲဖြေဆိုကြမည့် သာသနာ့အာနည်လောင်းလျာ အဆင့်မြင့်စာသင်သား တရာ နီးပါးတို့အား အာဖခံနည့်အရှင်မြတ်တို့နှင့် လျောက်ပတ် ထိုက်တန်သော နံနက် ဆွမ်း၊ နေ့ဆွမ်း အလုံအလောက် ကပ္ပိယကာရကဖြင့် အသင့် စီမံ ပေးတော်မူ၏။
တနေ့လုံး စာကျက် စာအံရသောဒုက္ခကို ခံနိုင်ရည်ရှိစေရန် ကိုယ်ချင်းစာအသိဖြင့် ဖျော်ရည်တကြိမ်၊ စတုမဓုတကြိမ် ဆက်ကပ်စေတော်မူသည်။

ယခုအခါ တိပိဋကဓရစာမေးပွဲကြီး၌ အောင်မြင်တော်မူကြသော သနာ့ အာဇာနည် ထက်ဝက်ခန့်မှာ ဆရာတော်၏ မိုးမိတ် တိပိဋက နိကာယ ကျောင်းတိုက်ကြီးမှ အရှင်မြတ်များ ဖြစ်နေပေပြီ။

## PAGE 195
<!-- 12 paragraphs, raw extraction -->




ဆရာတော်နှင့် တိပိဋကဓရ ခွဲ၍မရ

ပရိယတ္တိသာသနာတော်အတွက် ဆရာတော်၏ လုံ လဝီရိယနှင့် ကြောင့်ကြ စိုက်မှုသည် ကြီးမားတော်မူလှပါပေ၏။

ပထမ

ဆဋ္ဌသံဂါယနာအကြို ပိဋကအာဇာနည်များမွေးထုတ်ရန် ရည်ရွယ်ချက် ဖြင့် နိုင်ငံတော် အစိုးရနှင့် သာသနာ့ဝန်ဆောင် “ မထေရ်ကြီးများ တိုင်ပင်၍ တိပိဋကဓက စာမေးပွဲကြီးကို ၁၃၁၀-ပြည့်နှစ်က စတင်၍ကျင်းပခဲ့ရာ အကြိမ် ၆-ပါးဖြေသော်လည်း တပါးမျှ မအောင်။ဒုတိယအကြိမ် ၅-ပါးဖြေဆို ပြန်ရာ ဝိနယပိဋက အာဂုံပြန် ဂုဏ်ထူးဆောင် တပါးမျှသာ ထွက်ပေါ်ခဲ့သဖြင့် တာဝန်ရှိသောပုဂ္ဂိုလ်များအတွက် အထိုက်အလျောက် ကျေနပ်ဖွယ် ရှိရသော် လည်း ရည်ရွယ်ချက်မပြည့်မဝ ရှိနေခဲ့ကြရ၏။ အဘက်ဘက်က အဖျက်အဆီး အဟန့်အတားများလည်း ရှိခဲ့လေသည်။

(ပိဋကအာဂုံဆောင်သောခေတ် မဟုတ်တော့သယောင်၊ ပြည်သူ ့ဘဏ္ဍ ငွေ့များကို အလဟဿဖြုန်းသကဲ့သို့ အောင်မြင်သူမရှိပဲလျက် မလုပ်သင့်ကြောင်း ရပ်စဲပစ်ရန်ပင် သတင်းစာအချို့၌ ရေးသားလာကြ၏။ )

ဆရာတော်သည် ဆွမ်းရှင် ဒကာတို့၏ဆန္ဒ၊သာသနာတော်အတွက်အလွန် လိုအပ်သော ရည်ရွယ်ချက်ကြီး အကြောင်းတစုံတခုကြောင့် ပျက်ပြားသွားမည် ကို စိုးရိမ်လှသဖြင့် စာမေးပွဲစကတည်းက စာမေးပွဲကျင်းပရေး ဆရာတော်ကြီး များအပါးမှာနေ၍ ခဲတံချွန် စာအုပ်ရှာပေး စသော ဝေယျာဝစ္စများကို လုပ် အားပေးတော်မူခဲ့၏။ ထိုမျှဖြင့်လည်း ဆန္ဒမပြည့်ဝကြသဖြင့် မျက်နှာမကြည် မလင်ရှိနေကြသောအခါ တတိယအကြိမ် (၁၃၁၂-ခုနှစ်)ကစ၍ ကိုယ်တော်တိုင် ဝင်ရောက်ဖြေဆိုကာ သာလနာ့အပေါ်၌ တင်ရှိနေသော ဆွမ်းရှင် ဒကာ,ဒကာမ တို့၏ကြွေးကို ဆပ်ပေးတော်မူခဲ့သည်။

စင်စစ် တိပိဋကဓရ စာမေးပွဲကြီးကား ဆရာတော့်အတွက်ကြောင့်ပင် စီစဉ်ပေးရသကဲ့သို့ရှိ၍ ဆရာတော့်ကြောင့်ပင်လည်း ဆက်လက် ရှင်သန်ခဲ့ရသည် မည်လေရာ ဆရာတော်နှင့် တိပိဋကဓရသည် ခွဲခြား၍ပင် မရနိုင်တော့ပေ။

"

“ဘုန်းကြီးက အလုပ်ကို များများလုပ်ပေမယ့် အခွင့်အရေးကိုတော့ နည်းနည်းပဲယူလိုပါတယ်” (သာဝကဆုကို ဆိုလိုသည်)ဟုပင်ကြေငြာ၍ ဘုရား . အလောင်းတော်ကြီးများ၏ လုံ့လဝီရိယကို သုံးတော်မူ၏။ တိုင်းပြည်နှင့် သာ သနာအတွက် ခန္ဓာကိုယ်ကို အလျော်အစားလုပ်ကာ လွန်စွာ ကြောင့်ကြစိုက် တော်မူ၏။

## PAGE 196
<!-- 9 paragraphs, raw extraction -->




ဆရာတော်သည် ပရိယတ်နှင့်စပ်၍ ဤမျှအပန်းတကြီး ဆောင်ရွက်တော် မူနေသော်လည်း တပည့် ဒုင်္ကာ-ဒကာမတို့အား ဗုဒ္ဓာနုဿတိ, မေတ္တာ ဘာဝနာ စသော အိမ်တွင်းဝိပဿနာ အခြေခံတရားများကိုလည်း မလွတ်တမ်း ညွှန်ကြား ပြသပေးတော်မူ၏။

ဓာတ်ခြောက်ပါး ကမ္မဋ္ဌာန်း ရှုပွားနည်းကို အထွတ်တပ်ကာ ပဋိပတ် သာသနာကိုလည်း ပူးတွဲကျင့်ဆောင် စေတော်မူသည်မှာ “ပရိယတ်ပထမ သနာ့ဝန်ဆောင် အရှင်မြတ်တို့အတွက် ရှေ့သွား လမ်းပြတော်မူသကဲ့သို့ ရှိပေ တော့၏။ (ဆရာတော်ဘုရားကြီးအကြောင်းကား ကလေးငယ်များအထိ သိသူ များ၍ ဤမျှသာ ဖော်ပြရပေ၏။)

ပဋိပတ် ပထမ၊ ပရိယတ် ဒုတိယ ကမ္ဘာ့သတိပဌာန့်သာသနာပြု မဟာစည်ဆရာတော်

အဂ္ဂမဟာ ပဏ္ဍိတ၊ ဆဋ္ဌသံဂီတိပုစ္ဆက၊ ကမ္ဘာ့သတိပဋ္ဌာန် သာသနာပြု ကျေဇူးးရှင် မဟာစည်ဆရာတော်ဘုရားကြီးကား ၁၂၆၆-ခုနှစ်၊ ဒုတိယ ဝါဆို လပြည့်ကျော် ၃-ရက်(၂ ၉-၇-၁၉၀၄)၊ သောကြာနေ့ နံနက် ၃-နာရီခန့်အချိန် ရွှေဘိုမြို့ အနောက်ဘက် ၇-မိုင်ကွာ ဆိပ်ခွန်ရွာကြီး၌ ခမည်းတော် ဦးကံတော်, မယ်တော် ဒေါ်အုပ်တို့မှ ဖွားမြင်တော်မူ၏။

“ဆူးသည်ဖြစ်စ, ကတည်းက ချွန်၏’ဆိုသကဲ့သို့ ဆရာတော် လောင်းလျာ ကား ငယ်စဉ်ကပင် အသိဉာဏ်အရာ၌ လွန်စွာထူးချွန်၏။ ၁ ၆-နှစ်သား ရွယ်တွင် ဂဏန်းသင်္ချာကို စာအုပ်ကြည့်ကာမျှဖြင့် ဆရာမပြပဲ တတ်မြောက်ခဲ့၏။ နောက် ကာလ ပထမကြီးအဆင့်တွင် ဆန်းကျမ်းကိုသင်ယူစဉ် “အတန့်ပျောက်ရှာ ပထာ ဖြန့်နည်း”သင်္ချာကိန်းကြီးများကိုပင် အလွယ်နှင့် အဖြေတွက်နိုင်လေသည်။
ရှင်သာမဏေဘဝကပင် အရွယ်နှင့်မလိုက် နျာသ၊ မူလဋီကာစသော သင်သားလောက၌ ခက်ပေ့ဆိုသောကျမ်းများကိုပင် ကိုယ်ပိုင် အနက်ထင်အောင် ကြည့်၍ စာဆိုနိုင်သဖြင့် စာချဆရာတို့၏ ချီးကျူးခြင်းခံခဲ့ရ၏။ ရဟန်းဖြစ်သော အခါ မန္တလေးအနောက်ပြင် ခင်မကန်တိုက် ဘွားတော်ကျောင်း၌ စာပေသင် ကြားခဲ့သည်။

အစိုးရ ဓမ္မာစရိယ စာမေးပွဲပေါ်ခါစ ဒုတိယအကြိမ် (၁ ၃ ၀ ၃-ခုနှစ်) ၌ ဝင်ရောက်ဖြေဆိုတော်မူရာ ဂုဏ်ထူး ၅-ကျမ်းနှင့်တကွ သုတ်, ဝိနည်း, အဘိဓမ္မာ ကျမ်းရင်းသုံးကျမ်းကို နှစ်ချင်းအောင်မြင်တော်မူခဲ့သည်။ (ထိုစဉ်က ဖြေဆိုသူ ၁၀၀-ကျော်၊ အောင်မြင်သူ ၂၅-ဦးလောက်သာ အများဆုံး ရှိခဲ့၏။)

## PAGE 197
<!-- 11 paragraphs, raw extraction -->




ဆရာတော်ကား ပရိယတ်အရာ၌သာ ထက်မြက်စေ့စပ်သည်မဟုတ်၊ အကျင့် ပဋိပတ်အရာ၌လည်း အရွယ်နှင့်မလိုက်အောင်ပင် ထူးမြတ်သူ ဖြစ်ခဲ့၏။ ရဟန်း ဖြစ်၍ ပရိယတ် တာဝန်များ ထမ်းဆောင်နေသည့်ကြား၊ စာသင်သားဘဝကပင် ရုက္ခမူ, နိသဇ်စသော ဓုတင်အကျင့်များကိုလည်း လနှင့်ချီပြီး စမ်း၍ လေ့ကျင့်ခဲ့ လေသည်။

၁၂၉၃-ခုနှစ်၊မော်လမြိုင် တောင်ဝိုင်းကလေး တိုက်ကျောင်း၌ စာချ နေစဉ် သထုံမြို့ မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံ သတိပဋ္ဌာန်ဝိပဿနာ ရှုပုံကို နည်းခံအားထုတ်ခဲ့၏။ ၄-လအတွင်း နည်းပြဆရာကျေနပ်လောက်အောင် အားထုတ် ပြနိုင်ခဲ့သော်လည်း တိုက်ကျောင်း ဆရာတော် ပျံလွန်တော်မူသဖြင့် သထုံမှပြန်ကြွကာ ကျောင်းတိုက်တာဝန်ကို ယူရလေ၏။

•

၁၃၀၀-ပြည့်နှစ်၊ဇာတိဆိပ်ခွန်ရွာ၌ ၇-လခန့် နေထိုင်ရစဉ် _ သတိပဋ္ဌာန် ဝိပဿနာ ရှုနည်းများကို သွေးသား တော်စပ်သူများအား စတင် ပြသ ပေးရာမှ တစ တစ ထင်ရှားလာ၏။

ခုနစ်ကြိမ်မြောက် က မ္ဘာ့သာသနာပြုခရီးမှ ရလဒ်

ဗုဒ္ဓ သာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ပင့်လျှောက်၍ ၁၃ ၁၁-ခုနှစ်တွင် ရန်ကုန်သာသနရိပ်သာသို့ ကြွရောက်မလာမီကပင် ဆရာတော်၏ သတိပဋ္ဌာန် တရားပြဌာနခွဲပေါင်း -၃၀ကျော် ရှိခဲ့၏။ ယခုအခါ (၁၉၇၉-ခုနှစ်) စာရင်း အရ မြန်မာနိုင်ငံ၌ ဌာနခွဲပေါင်း ၂၉ဂ-ဌာနရှိ၍ သတိပဋ္ဌာန် ဝိပဿနာတရား စနစ်တကျ အားထုတ်ပြီးသူပေါင်း ကိုးသိန်းနီးပါး (ဂ၈၄၃၁၅) ရှိသွားပြီ ဖြစ်၏။

သီရိလင်္ကာခေါ် သီဟိုဠ်နိုင်ငံ၌ ၁၃၁၇(၄၊၈၊၁၉၅၅) ခုနှစ်မှစ၍ ဌာနခွဲ ပေါင်း -၃၀ကျော်၊ ယောဂီ နှစ်သောင်းခန့် ရှိလေပြီ။ ထိုင်း၊ ကမ္ဗောဒီးယား၊
လာအို၌ ဌာနခွဲပေါင်း-၃ဝဝ ကျော်၊ အင်ဒိုနေရှား၌ ၁၃၁၅(၁၇၊၁၂၊၅၃) ခုနှစ်မှစ၍ ဌာနခွဲပေါင်း -၇၀ကျော်ရှိရာ ယောဂီပေါင်း မည်မျှ ရှိနေမည်ကို ခန့်မှန်းနိုင်ပေသည်။

အထူးသဖြင့် ၁ ၉ ၇၉-ခုနှစ်၊ ဧပြီလ ၁-ရက်နေ့မှ ဇူလိုင်လ ၇-ရက်နေ့ အထိ လေးလနီးပါး'(ရက်ပေါင်း ၁၁ဂ-ရက်) ဂျပန်၊ အမေရိက၊ အင်္ဂလန်၊
ပြင်သစ်၊ ဆွစ်ဇာလန်၊ အီတလီ၊ ဟော်လန်၊ အနောက်ဂျာမနီနှင့် ထိုင်းနိုင်ငံ (၉-နိုင်ငံ)တို့သို့ နောက်ပါ သံဃာငါးပါးနှင့်အတူ ကမ္ဘာလှည့်၍ သတိပဋ္ဌာန် သာသနာ ဖြန့်တော်မူခဲ့၏။ ၇-ကြိမ်မြောက် နိုင်ငံခြား သာသနာပြု ကြွခြင်း

## PAGE 198
<!-- 12 paragraphs, raw extraction -->




"

ဖြစ်သည်။ ဝါရှင်တန်တွင် ယောဂီ ၂ဝဝအထိ ရှိသော တရားဟော တရား ပေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့၏။

ဝါရှင်တန် ဗုဒ္ဓဝိဟာရတွင် ဧပြီလ ၂၂- ရက်နေ့က ဣန္ဒိယ, သီဟိုဠ် ကမ္ဗောဒီးယား, ထိုင်း, မြန်မာ ငါးနိုင်ငံ ထေရဝါဒရဟန်းတော် ၁၃-ပါးတို့ စုဝေးမိကြရာ ဆရာတော်ဘုရားကြီး ကြီးမှူး၍ အမေရိက၌ ပထမဆုံး ထေရဝါဒ သာသနာ့ အောင်မြေ သိမ်တော်ကြီးကို သမုတ်နိုင်ခဲ့သည်မှာ အမေရိက၌ ထေရ ဝါဒ သတိပဋ္ဌာန် သာသနာ ပန္နက်ချလိုက်ခြင်းပင် ဖြစ်ပေသည်။

နိုင်ငံခြား၌ ဆရာတော်တရားကို နာကြား ကျင့်ပွားကြရသောအခါ ချုံး ပွဲချ ငိုယိုသူများပင် ရှိခဲ့၏။ ဈင်စသော ကျင့်စဉ်များကို ဗုဒ္ဓတရားဟု ထင်စား ကာ အချိန်ကြာမြင့်စွာ လမ်းမှားလိုက်ပါနေခဲ့မိသောကြောင့်ဟု ဆိုလေသည်။
ဆရာတော်သည် ကမ္ဘာလှည့် သတိပဋ္ဌာန်သာသနာပြု မကြွမီကပင် တရား တော် ၅-ပုဒ်ကို အင်္ဂလိပ်, မြန်မာ ၂-ဘာသာဖြင့် ကြိုတင် စီစဉ် ပုံနှိပ်သွားရာ ရောက်လေရာ၌ အင်္ဂလိပ်, မြန်မာ ၂-ဘာသာဖြင့် အလျဉ်းသင့်သလို ကိုယ်တော် တိုင် ဖတ်ပြ ဟောကြားတော်မူခဲ့၏။

ပေ

စီစဉ်သွားသော တရားများမှာလည်း အနောက်နိုင်ငံ သားတို့နှင့် တန် အောင် ရွေးချယ်စီစဉ်ထားခြင်းဖြစ်ရာ အကြောင်းအရာ ရွေးချယ်မှုသည်ပင် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ (ကမ္ဘာ့သာသနာပြု တရားတော် များ ပုံနှိပ်ထားပြီး။)

ခေတ်မီသတိပဋ္ဌာန် လက် တွေ့ အာ မ ခံ ချက်

ကံ ကံ၏ အကျိုး၊ ဗုဒ္ဓဝင်နှင့်မဂ္ဂင်ရှစ်ပါး၊ သီလ, သမာဓိ, ပညာ, သတိ ဋ္ဌာန်ဒေသနာတို့သည်ထေရဝါဒ၌ ပဓာန ရှေးဦးသိမှတ်ဖွယ်များချည်း ဖြစ်သည့် အပြင်(ဆရာတော်၏ အခြား စာအုပ်များတွင် တွေ့ခဲလှသော)အောက်ပါစကား ၀ါကျများမှာလည်း သတိပဋ္ဌာန် အလုပ်စခန်း၏ ခေတ်နှင့် ဆီလျော်မှု၊ စေ ့စပ် တိကျမှုနှင့် လက်တွေ့ကျကျ၊ အာမ,ခံနိုင်မှု စသည်တို့ကို သိသာပေါ်လွင်စေလေ သည်။

(၁) “ယခု (တရားရှုမှတ်တာ)၂-မိနစ်ရှိသွားပါပြီ၊ ကမိနစ် တမိနစ်အတွင်း မှာ မှတ်ချက်ပေါင်း -၅၀၊၆၀-အထိ ရနိုင်ပါတယ်။ တမှတ် တမှတ် အတွင်းမှာမဂ္ဂင်ရှစ်ပါး တရားတွေ ဖြစ်ပွားနေပါတယ်။”(နှာ-၁၁။) (၂) –ဒီ ဥရောပ အမေရိကမှ သိပ္ပံပညာရှင် တွေက ရုပ်ရှင် ပြရာမှာ တစက္ကန့် အတွင်း၌ ဖလင်အရိပ် -၃၀အထိ အပြောင်းအလဲ ရှိတယ်လို့

## PAGE 199
<!-- 14 paragraphs, raw extraction -->


"



ပြဆိုထားကြတယ်။ ဓာတ်မီးသီး(ဘတ်သီး)ထဲမှ အလင်းရောင်ဟာလဲ တစက္ကန့် အတွင်းမှာ အကြိမ်-၅၀ အပြောင်းအလဲ ရှိတယ်လို့ ပြဆို ထားကြတယ်။” ” (နှာ-၃၇။)

(၃) “ညွှန်ကြားတဲ့ အတိုင်း ရှုမှတ်ပြီး ဝိပဿနာဉာဏ်ထူး'ဂ်ဖိုလ်တရားထူး တွေကို ကိုယ်တိုင်တွေ့ရပြီး အားရ ကျေနပ်သွားကြကဲ့ ပုဂ္ဂိုလ်တွေဟာ တသိန်းမက များလှပါပြီ။” (နှာ-၃၃။)

"

(၎) “ယောဟိ ကောစိ ဘိက္ခဝေ (လ)အနာဂါမိတာ.. အဲ့ဒီ ဝန်ခံ မိန့်ကြား ချက်အရ အနာဂါမ်အထိ မဖြစ်သေးတောင်မှ သောတာပန် ဖြစ်ဖို့ ကတော့ သေချာပါတယ်။ ယခုနေ အခါမှာ ဒီ သတိပဋ္ဌာန်ဒေသနာ တော်က ပြဆိုထားတဲ့အတိုင်း ဖောင်းတာ ပိန်တာကို အစပြုပြီး ကိုယ် အမူအရာတွေ ထင်ရှားဖြစ်ပေါ်လာတိုင်း၊စိတ်အမူအရာတွေ၊ ခံစားမှု ဝေဒနာတွေ၊ မြင်မှု ကြားမှု စသော သဘောတရားတွေ ထင်ရှား ဖြစ်ပေါ်လာတိုင်း မပြတ် ရှုမှတ်ခြင်းဖြင့်တလ နှစ်လခန့်မျှ အားထုတ် သူတွေ မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်တွေ့မြင်သွား ကြရတာ များ စွာပင်ရှိနေပါပြီ” (နှာ-၅၀။)

(၅) “ဘုန်းကြီးက မိမိတဦးတည်း ထင်မြင်သဘောကျတာတွေကို လျှောက် ဟောနေတာ မဟုတ်ပါဘူး။ တပည့်ယောဂီ လေး ငါး ဆယ်ယောက် လောက် တွေ့မြင်ရုံနဲ့လဲ ဟောနေတာမဟုတ်ပါဘူး။ ယောဂီတွေ ရာပေါင်းများစွာ ဒီအတိုင်း တွေ့မြင်နေပြီ၊ ယခုလဲ တချို့က တွေ့မြင် ဆဲ ဖြစ်နေကြတယ်။ ဒါ့ကြောင့် ဟောနေတာပါ။”(၁၃၂၀-ပြည့်နှစ်၊
ဝိပဿနာ အခြေခံတရားတော်၊ စာမျက်နှာ-၁၁၅။)

ပရိယတ်မှာလဲ တာဝန်ရှိရှိ ကမ္ဘာသိ

ဆရာတော်သည် ပဋိပတ်သာသနာတော် စည်ပင်ပြန့်ပွား ထွန်းကားရေး အတွက် ဝိပဿနာတရားများကို ကမ္ဘာလှည့်၍ပင် ဟောကြား ပြညွှန်းတော်မူ နေရစေကာမူ ပရိယတ်တာဝန်ကိုလည်း မချ၊ ယခုတိုင် ဆောင်ရွက်တော်မူဆဲ ရှိ

ပေ၏။

၁။

၁၉-၀ါအရ၊ သက်တော် ၃၉-နှစ်၊ ၁၃၀၅-ခုနှစ်ကပင် ဂျပန်ခေတ် စက်သေနတ် ဗုံးတွေကြား စာမျက်နှာ-၉၅ဝ ရှိ ဝိပဿနာရှုနည်း ကျမ်းကြီး (ပ-ဒု)နှစ်တွဲကို ၇-လနှင့်အပြီး ရေးသားတော် မူခဲ့၏။ .

## PAGE 200
<!-- 11 paragraphs, raw extraction -->


၁၅.၆


[ယခု ဂ-ကြိမ် ရိုက်နှိပ်ပြီးလေပြီ။ ထိုစဉ်က စစ်အတွင်းကာလ ရွာသစ်ကြီးရွာ၊ စစ်ပြေးပုံနှိပ်တိုက်ကလေး၌ ရွာသစ်ကြီး၊ ရွှေစေတီ တောရ ဘုန်းတော်ကြီး ဦးသုန္ဒရ (ယခုအဂ္ဂမဟာပဏ္ဍိတ ရွှေစေတီ ဆရာတော်ဘုရားကြီး)၏ အကူအညီဖြင့် ဆေးလိပ် ဖင်အစီခံလုပ်မည့် စက္ကူများဖြင့် အုပ်ရေ-၅ ဝ ဝ စတင်ရိုက်ခဲ့ရ၏။ ဒုတိယတွဲ ရိုက်ပြီးခါနီး ရွာသစ်ကြီးဗုံးချခံခဲ့ရ၍ မီးထဲပါသွားသည်။]

၂။ မဟာသတိပဋ္ဌာနသုတ်နိဿယ( ၁.၃ ၁ ၁ ၊အဓိပ္ပာယ် ရှင်းလင်းချက်များ နှင့်တကွ)၊

၃။ ဝိသုဒ္ဓိမဂ္ဂ နိဒါနကထာ (၁၃၁၉၊ ပါဠိဘာသာရေး။ ဆဋ္ဌသံဂါယနာ ဝန်ဆောင်သံဃာအဖွဲ့၏ တိုက်တွန်းချက်အရ ဂန္ထဝင်နှင့် သမိုင်း စိစစ် ချက်များ ပါဝင်သည်။)

၄။ ဝိသုဒ္ဓိမဂ် မဟာဋီကာကြီး နိဿယ(၁၃၂၂၊ စာမျက်နှာ–၅၀၀ ခန့်စီ ရှိသော အုပ်ကြီး ၄-အုပ်။ အဏုမြူဝါဒ စသော ဟိန္ဒူ ဒဿန ဖီလို ဆိုဖီများကို ဟိန္ဒီသက္ကတ အင်္ဂလိပ်ကျမ်းတို့၏ အဆိုအမိန့်များနှင့် နှိုင်းရေးသားသည်။)

၅။ ဝိသုဒ္ဓိမဂ် မြန်မာပြန် (၁၃၂၃၊ စာမျက်နှာ ၅၀၀-ကျော် ဆိုက်ကြီး ၄-အုပ်။ ဆဋ္ဌသံဂါယနာ ဝန်ဆောင် သံဃာအဖွဲ့ဥက္ကဋ္ဌ၊ သံဃမဟာ နာယက၊ အဘိဓဇ မဟာရဋ္ဌဂုရု ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရား ကြီး၏ တိုက်တွန်းချက်အရ ကမ္မဋ္ဌာနာစရိယနှင့် ယောဂီ ရဟန်းတော် များအား စာချယင်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် ဋီကာကြီးတို့ကို မြန် မာပြန် နိဿယရေးခြင်း ဖြစ်သည်။)

၆။ ဝိပဿနာ အခြေခံတရားတော်၊ ပဋိစ္စသမုပ္ပာဒ်၊ ဓမ္မစကြာ၊ အနတ္တ လက္ခဏ၊ မဟာသမယသုတ်များ တရားတော်စသော ဟောပြောသော ကျမ်းစာများလည်း ၄၀-ကျော် ပုံနှိပ်ပြီး ရှိလေပြီ။

ဤသို့သော အကြောင်းများကြောင့် ၁၃၁၆-ခုနှစ် မှစ၍ ဆဋ္ဌသံဂါ ယနာ တင်သောအခါမတင်မီ ၁ ၃၁၄-ခုနှစ်မှစ၍ သံဂါယနာကိစ္စများကို ဆောင် ရွက်စီမံကြရရာ - ပါဠိအဋ္ဌကထာဋီကာ ကျမ်းပေါင်း တရာကျော်ကို ပြင်ဆင် တည်းပြတ်မှု၌ ဆရာတော်အား အခြားအဖွဲ့ဝင် ဆရာတော်များနှင့်အတူ အများ ဆုံး တာဝန် ပေးအပ်ခဲ့ကြရလေသည်။

သံဂါယနာ တင်သောအခါတွင်လည်း ပထမ သံဂါယနာတင်စဉ်က အရှင် မဟာကဿပ အရှင်အာနန္ဒာတို့ကဲ့သို့ မဟာစည်ဆရာတော် ဘုရားကြီးက မေးစိစစ် ၍ တိပိဋကဓရ ဆရာတော်က ဖြေကြားခြင်းပြုတော်မူခဲ့ကြရလေသည်။ ထို့ပြင်

## PAGE 201
<!-- 10 paragraphs, raw extraction -->




၁၃၁၈-ခုနှစ်မှစ၍ အဋ္ဌကထာ ဋီကာများကိုပါ သံဂါယနာ တင်သောအခါ တွင်လည်း ဆရာတော်သည် သံဂါယနာ စိစစ်ခန်းများကို ဆောင်ရွက်တော် မူရ ပြန်လေသည်။

ပထမတွင် ဆရာတော့်နေရာ၌ အစားထိုး စီစဉ်ကြည့်ကြသေးသော်လည်း တာဝန်နှင့်လာသော သူများမှသာ ဆောင်ရွက်နိုင်သည့်ကိစ္စဖြစ်၍ ထိုအရှင်မြတ် ကြီးနှစ်ပါးသည်သာလျှင် စာပေစိစစ် တည်းပြတ်မှုနှင့် ဟောပြော မေးဖြေမှု အားလုံးအတွက် အစမှအဆုံး ဆဋ္ဌသံဂါယနာ၏ လက်ရုံးကြီးနှစ်ဆူ တာဝန် အများဆုံး ယူတော်မူခဲ့ကြရလေသည်။

ကျေးဇူးရှင် တိပိဋကဓရ ဆရာတော်ဘုရားကြီးအား ဆဋ္ဌသံဂါယနာ အတွက် ၁ ၃၁၅-ခုနှစ်ကပင် တနှစ်ကြိုတင်၍ တိကျလှသော ကံကြမ္မာ စီရင်မှုအရ တိပိဋကဓရ ဖြစ်တော်မူခဲ့သဖြင့် ဆဋ္ဌသံဂါယနာ၏ ဖွားဘက်တော်ကြီးဖြစ်ကြောင်း အားလုံးကပင် လက်ခံခဲ့ကြ၏။ သို့ရာတွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရား ကြီးကိုမူ ပဋိပတ္တိပုဂ္ဂိုလ် (ကမ္မဋ္ဌာန်းဘုန်းကြီး) ဟူသော သာမန်အသိဖြင့်သာ လက်ခံခဲ့ကြ၍ အစောပိုင်းက နီးစပ်သူများမှတပါး ဆရာတော်၏ ပရိယတ္တိအရည် အချင်းကို သိသူ နည်းပါးခဲ့လေသည်။

ပဋိယတ္တိနှင့်စပ်၍ ဆရာတော်နှင့် အနီးကပ် ထိတွေ့ဖူးသော နိုင်ငံခြားမှ ပါဠိပညာရှင်ကြီးအချို့ကား သံဂါယနာ မတင်မီကတည်းက နီးစပ် သိမြင်ခွင့် ရကြသဖြင့် မဆွကပင် လေးစားပြီးဖြစ်၏။ဥပမာ-ဆဋ္ဌသံဂါယနာတင်ရန် ကြိုတင် စီစဉ်ရေးအတွက် သီဟိုဠ်နိုင်ငံမှ ဘိက္ခု အာနန္ဒ မေတ္တေယျ (အဂ္ဂမဟာပဏ္ဍိတ)၊
ဘိက္ခုဗုဒ္ဓဒတ္တ (အဂ္ဂမဟာပဏ္ဍိတ)စသော ပညာရှိဆရာတော်များ ပါဝင်သော သာသနာရေးမစ်ရှင်အဖွဲ့တဖွဲ့ ပထမဆုံး မြန်မာနိုင်ငံသို့ လာရောက်၏။ သီဟိုဠ်သို့ ပြန်ရောက်လျှင် သီဟိုဠ်မှရင်းနှီးသော ရဟန်းရှင်လူများအား အာနန္ဒမေတ္တေယျ ဆရာတော်ကြီးက’

"

“ဗမာပြည်မှာ တိပိဋကဓရ နှစပါး တွေ့ခဲ့ရတယ်” ဟုပင် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ နာမည်ကို ထုတ်ဖော်ကာ ပိဋကနှင့် စပ်၍ မေးလျှောက်သမျှ ခဲရာခက်ဆစ်များကို ဖြေဆိုတော် မူနိုင်ကြောင်း ချီးကျူး ဂုဏ်ပြုစကား ပြောကြားခဲ့ဖူးလေသည်။

[ခေတ်အဆက်ဆက် သီဟိုဠ်-မြန်မာ ဆက်ဆံရေးသမိုင်းတွင် ဆရာ တော်ဘုရားကြီး၏ မြန်မာမှသီဟိုဠ်သို့ သတိပဋ္ဌာန်သာသနာပြုသမိုင်း သည် မျက်မှောက်ခေတ် သီဟိုဠ်သာသနာအား တခေတ်ပြောင်းစေ နိုင်သည့် ကဏ္ဍပင် ဖြစ်ပေသည်။ ]

## PAGE 202
<!-- 12 paragraphs, raw extraction -->




ကျေးဇူးရှင် အဘိဓဇ မဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘုရားကြီးကလည်း ဝိသုဒ္ဓိမဂ် မဟာဋီကာကြီး နိဿယနှင့် စပ်၍ ဆဋ္ဌသံဂါယနာတင်စဉ်က ဆရာ တော် စိစစ် လျှောက်ထားချက်များကို ပြန်လည်ကြားယောင်မိကာ-

..

“မဟာစည်ဆရာတော်ဟာ သင်္ဂြိုဟ်ဆရာ,ဋီကာကျော်ဆရာတို့၊
အခြားကျမ်းပြုဆရာတို့ မမြင်ခဲ့တဲ့ အမှားများကိုတောင် မြင်အောင် ကြည့်နိုင်တယ်။ သင်္ဂြိုဟ်ကမ္မဋ္ဌာန်းပိုင်း ဒိဋ္ဌိဝိသုဒ္ဓိအခန်းမှာ နာမ်ရုပ် တို့ကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့ဖြင့် ပိုင်းခြား သိရမည် ဆိုထားရာမှာ ပဒဋ္ဌာန်ကို ဒိဋ္ဌိဝိသုဒ္ဓိအခန်းမှာ မဆိုသင့်သေးပဲ၊ ကင်္ခါ ဝိတရဏဝိသုဒ္ဓိအခန်းကျမှသာ ဆိုသင့်ကြောင်း သံဂါယနာ စိစစ် ဟောပြောစဉ်က ထောက်ပြနိုင်ခဲ့တယ်။

“ဒီက ရွှေ မဟာစည်ဆရာတော်ထက် သာသူကိုမပြောနဲ့၊ တန်းတူ ပုဂ္ဂိုလ်ကိုတောင် တွေ့ရဖို့မလွယ်ဘူး။ မဟာစည်ဆရာတော်ရဲ့စွမ်းရည် သတ္တိကို သိလို့လဲ ဝိသုဒ္ဓိမဂ် မဟာဋီကာကြီး နိယဿရေးဖို့ တို့များက တိုက်တွန်းခဲ့တယ်” ဟူ၍ပင် ချီးကျူး ဂုဏ်ပြု အားပေးတော် လေသည်။

ဤစံတော်ဝင်လည်း တတပ်တအား

IL O

ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးနှင့် ကျေးဇူးရှင် မင်းကွန်း တိပိဋကဓရ ဓမ္မနာဒ, တိပိဋက နိကာယ ဆရာတော် ဘုရားကြီး နှစ်ပါးအား အမည်နာမတော်ကို ထုတ်ဖော် ရေးသားရသော်လည်း စင်စစ် မျက်မှောက်ခေတ် မြန်မာနိုင်ငံ ထေရဝါဒသာသနာ၏ ဘက်စုံ အခိုင်အမာ ရပ်တည်မှု မှန်ကန်ပုံကို ဓမ္မဓိဋ္ဌာန်အားဖြင့် ပြလိုရင်း ဖြစ်ပါသည်။

ပရိယတ် ပဓာနထားသော်လည်း ပဋိပတ်မက္ခာ၊ ပဋိပတ် ပဓာန ဆောင် သော်လည်း ပရိယတ်မလွှတ်၊ အမည် အသံအားဖြင့် သူ့ရေစီးကြောင်းနှင့်သူ ခြားနားသည် ထင်ရစေကာမူ သာသနာ့ တာဝန်ကို ထမ်းဆောင်တော်မူကြရာ၌ တသားတည်းပင်ဖြစ်၍ ခေတ်အဆက်ဆက် နမူနာတင်ရန် သင်ခန်းစာပေးသကဲ့သို့ လည်း ရှိပေ၏။

ဤသို့သော အာဇာနည်အရှင်မြတ်ကြီးများ ဦးဆောင်သည့် သာသနာ ရိပ်တွင် မြန်မာဖြစ်ရသည်မှာ ဂုဏ်ယူမဆုံးအောင် ရှိအပ်လှပေသည်။

## PAGE 203
<!-- 10 paragraphs, raw extraction -->




ယနေ့ ကမ္ဘာ တခွင်လုံးသို့ ထေရဝါဒ သာသနာ မျိုးဆက် ပြန့်ပွား၍ ကမ္ဘာသူကမ္ဘာသားတိုင်းအား ချမ်းသာမှု ကိုယ်စီ ဝေငှရန် မြန်မာတို့၌ သမိုင်း ပေး, ဘဝပေး တာဝန် ကျရောက်နေပြီ ဖြစ်သည် အားလျော်စွာ ထိုတာဝန်ကို လွယ်လင့်တကူထမ်းဆောင်ရန် မြန်မာတို့လက်ဝယ် စစ်မှန်သောဘဝမြင့်မားရေး ငြိမ်းချမ်းရေး နည်းပညာကောင်းများလည်း အဆင်သင့်ရှိနေကြောင်း ကောင်း စွာ ရှုမြင် သုံးသပ်ကြရာသည်။

ထေရဝါဒသာသနာ မြန်မာမှကမ္ဘာသို့ လက်ဆင့်ကမ်းရာ၌ ဤသီဟိုဠ် ခေတ် စံတော်ဝင် အရိယာများ သည်လည်း အားပေးထောက်ကူမှု ပြုပါစေခလို။

အသိမှန်ရ၍ ချမ်းသာကြပါစေ။

သူတော်ကောင်းဓာတ်၊တရားမြတ်၊လွှမ်းပတ် ကမ္ဘာ တည်ရမည်။

၁၃၄၀-ပြည့်နှစ်၊ တပေါင်းလပြည့်နေ့၊

(၁၂-၃-၁၉၈၈)

ဌေးလှိုင်

## PAGE 204
<!-- 6 paragraphs, raw extraction -->


ကျမ်းအဖွင့်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အပဏ္ဏက ပဋိပဒါ

ကိန်းသေ ကြီးပွားချမ်းသာရေး

လောက၌ သတ္တဝါတိုင်း၏ တူညီသော ဆန္ဒမှာ ကြီးပွား ချမ်းသာလိုခြင်းပင် ဖြစ်၏။ သို့သော် ကြီးပွားချမ်းသာအောင် ကြံစည် ပြောဆို လုပ်ကိုင်ကြရာ၌ကား တဦးနှင့်တဦး တူညီချင်မှ ထူညီကြပေလိမ့်မည်။

ဗုဒ္ဓရှင်တော်မြတ်၏ သဗ္ဗညုတဉာဏ်တော်အမြင်အရ သတ္တဝါ တိုင်း ကြီးပွားချမ်းသာရအောင် ညွှန်ပြတော် မူထားသည်မှာ ကားနည်းလမ်းသုံးခုသာလျှင် ရှိပေ၏။ ဒါန၊သီလ၊ဘာဝနာ၊
ပေးရခြင်း, ရှောင်ရခြင်းနှင့် ကျင့်ရခြင်းပင်တည်း။

## PAGE 205
<!-- 10 paragraphs, raw extraction -->




ပေးလှူကျင့်တာ အညံ့ခံတာ

နစ်နာ ဆုံး ရှုံး ရ ခြင်း လော သတ္တဝါအများစု၏အထင်နှင့်ကား ဆန့်ကျင်ကောင်းဆန့်ကျင် နေမည် ဖြစ်၏။ ပွဲဦးထွက် ပေးရသည်ကိုပင် ဆုံးရှုံးခံရသည်ဟု ထင်နေတတ်၏။ ရှောင်ရသည်ကို အညံ့ခံရ၊ သက်သက်မဲ့ အခွင့် အရေးကို လက်လွှတ်ရသည် ထင်နေတတ်၏။ ကျင့်ရသည်ကိုမူ သာ၍ပင် အနစ်နာခံရသည်၊ ကိုယ့်ကိုကိုယ် ညှဉ်းဆဲနေသည်ဟု ထင်နေတတ်၏။

လောကအထင်နှင့် ဗုဒ္ဓရှင်တော်မြတ်၏ အမြင်သည် ယေဘုယျ အားဖြင့် ဖီလာဆန့်ကျင်မှု ရှိကောင်း ရှိနိုင်၏။ သို့သော် ဗုဒ္ဓ ရှင်တော်မြတ်၏ ဒေသနာတော်ကား ပွင့်လင်းလှပေ၏။ အာမခံ ချက်များလည်း ရဲတင်းလှပါပေ၏။

၁။ ဒါန လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာမှစ၍ ယနေ့ကျ အောင် အလှူရဲလို့ မွဲရသူ တဦးတလေမျှ မရှိ၊ ကြီးပွားချမ်းသာ နေသူ မှန်သမျှ ဒါနရှင်တွေသာ ဖြစ်ခဲ့ကြောင်း “သဠာယတန သံယုတ်-ကုလသုတ်”စသည်၌ အတည့်အလင်း ဟောပြတော်မူခဲ့ သည် ( သံ-၂၊၅ ဝ ၇)။

၂။. သီလ ပတ်ဝန်းကျင်၏ ချစ်ခင် ရိုညွတ်ခြင်း ခံရ၍ ပဒေသာပင်ကဲ့သို့ လိုတ, ရစေနိုင်သည်မှာ သီလသာလျှင် ဖြစ် ကြောင်း “မူလပဏ္ဏာသ’အာကင်္ခေယျသုတ်' စသည်၌ ရဲရဲတင်း တင်း အာမခံထားတော်မူသည်(မ−၁၊၃၉)။

၃။ ဘာဝနာ ကိုယ့်အကျိုး ကိုယ်ဆောင်ရုံမျှနှင့် သူ ့အကျိုး ပါ အောင်ခြင်း၊ သူ ့အကျိုး ဆောင်ရုံမျှနှင့် ကိုယ့်အကျိုးပါ အောင်ခြင်း၊ တချက်ခုတ်နှစ်ချက်ပြတ်၊ သတ္တဝါအများ ကြီးပွား ချမ်းသာအောင် အကောင်းဆုံး လုပ်ဆောင်ပေးခြင်းမှာ တရား ဘာဝနာအလုပ်ပင် ဖြစ်ကြောင်း “မဟာဝဂ္ဂ သံယုတ်’သေဒက သုတ်” စသည်၌ (တကိုယ်ကောင်း ကိုယ်လွတ်ရုန်းသော အလုပ် မဟုတ်သည်ကို) ဥပမာ ဥပမေယျံဖြင့် ပွင့်ပွင့်လင်းလင်း ညွှန်ပြ တော်မူထားသည်။

တလောကလုံး ကြီးပွားချမ်းသာစေရန် အနည်းဆုံး ရဲဝံ့စွာ ဒါနပြုလိုသူ့အတွက်ပင်လျှင် တနေရာရာ၌ အဆင်သင့် ငံ့လင့်နေ

## PAGE 206
<!-- 10 paragraphs, raw extraction -->



ကြသော ဒါနဝတ္ထုများက ရှိနေကြသည်ပင်။ ထို့ထက် “သော မံ လောကံ ပဘာသေတိ”ဟု မိန့်တော်မူသည့်အတိုင်း တလောကလုံး ကြီးကိုပင် အလင်းရောင်ပေးနိုင်သူ “အဂ္ဂဒက္ခိဏေယျ” အဖြစ် ကျင့်ဆောင်လိုပါမူလျှင်လည်း အဆင့်ဆင့်လွယ်ကူသောလက်တွေ့ ကျင့်စဉ်များမှာ ပူပူနွေးနွေးပင် ရှိနေကြပါသေးသည်။ လူတို့ မလိုက်နာနိုင်သော ကျင့်စဉ်ကိုလည်း ဟောတော်မမူခဲ့ချေ။
တကိုယ်ကောင်း မဟုတ် လှည့်လည် ဖော်ထုတ်ကြ

အထက်ပါ သုံးနည်းတို့တွင်လည်း တာဝန်နှင့်အရင်းအနှီးမှာ တခုထက်တခု ပိုမိုသက်သာ၍ သတ္တိအင်အား (အကျိုးသက် ရောက်မှု)မှာလည်း တခုထက်တခု သာ၍သာ၍ ကြီးမားကြောင်း “အင်္ဂုတ္တရ-ဝေလာမသုတ်၊ သီလက္ခန္ဓဝဂ္ဂ-ကူဋဒန္တသုတ် စသည် တို့၌ တခုနှင့်တခု အင်အားချင်းနှိုင်းယှဉ်၍ အကျယ်တဝင့် ဟောပြ ထားတော်မူလေသည် (အံ−၃၊၁၉၅။ဒီ-၁၊၁၃၆)၊

ယုံချင်ယုံ မယုံချင်နေ၊ကျင့်ချင်ကျင့် မကျင့်ချင်နေ၊‘အပဏ္ဏက ပဋိပဒါ= ကိန်းသေ ကြီးပွားချမ်းသာရေးကျင့်စဉ်များ” ဖြစ်သည် မှာကား ထင်ရှားလှပေသည် (မ—၂၊၆၂)။

ထို ဘဝကြီးပွားချမ်းသာရေးနည်းလမ်းများသည် တကိုယ်ရေ တကာယ လိုက်နာကျင့်သုံးသူ တဦးတည်းသာ ကြီးပွားချမ်းသာ ရသောနည်းများမဟုတ်ကုန်။ ကျင့်သုံးသူတို့၏ အင်အားအလိုက် ထိုသူနှင့်စပ်သမျှ တမိသားစု တရပ်တရာမှအစ အနန္တစကြဝဠာ သို့ပင် အကျိုးသက်ရောက် စေနိုင်လေသည်။

ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်သည် ထိုသဘောတရားကို ကောင်းစွာ သိမြင်ညွှန်ပြနိုင်သော ရဟန္တာအရှင်မြတ် ခြောက် ကျိပ်မျှ စုစည်းရရှိလာသည်နှင့် တပြိုင်နက်…

86

“ချစ်သားတို့…၊ တလောကလုံး ကြီးပွားချမ်းသာကြစေရန်၊
သနားစောင့်ရှောက်ရန်… ဒေသစာရီ လှည့်လည် (ဟောပြော ဖြန့်ချီ)ကြကုန်လော့။ တကြောင်းတည်းသောခရီးကိုပင် နှစ်ပါး မသွားကြကုန်လင့်”ဟု စေလွှတ်တော်မူခဲ့လေသည်။


## PAGE 207
<!-- 13 paragraphs, raw extraction -->

၁၆ ရ



သမာပတ် ချမ်းသာဖြင့် တကိုယ်တော် လွတ်ငြိမ်းမှုကို ခွင့်ပြု လိုလားတော် မမူချေ။ (မဟာဝဂ္ဂ-ဝိ-၃၊ ၂၇) အဘယ့်ကြောင့် ဆိုသော် ယင်း ကိန်းသေကြီးပွားချမ်းသာရေးနည်း’ များသည် တဘဝ, နှစ်ဘဝ၊ ဘဝတရာ, ဘဝတထောင် လေ့လာရှာဖွေရုံမျှ ဖြင့် ရရှိခဲ့သော နည်းများမဟုတ်ကုန်။ လေးသင်္ချေနှင့် ကမ္ဘာ တသိန်း၊ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစ္စာ၊ စည်းစိမ် ပေါင်းများစွာကို အရင်းအနှီးပြုပြီးမှ ရရှိလာသော နည်းများ ဖြစ်သောကြောင့် ပေတည်း။

ယင်းသို့ ခက်ခက်ခဲခဲ ရှာဖွေတော်မူခဲ့ရသော်လည်း သတ္တဝါ တွေက ပိန်းလွန်း၊ နည်းက လွယ်ကူသော်လည်း သိမ်မွေ့လွန်း သဖြင့် ရုတ်တရက် ယုံကြည်စွာ လက်ခံနိုင်ကြမည် မဟုတ်၍ ထုတ် ဖော် ညွှန်ပြရန်ပင် ပထမတွင် ဆုတ်ဆိုင်းဆိုင်း ဖြစ်တော်မူခဲ့ရပေ သေး၏။ (မဟာဝဂ္ဂ’ဗြဟ္မယာစနကထာ) ။

သဘာဝ

တရား၌ ပုဂ္ဂိုလ်

အခါ, နေရာဒေသဟူ၍မရှိ

ထိုမှတပါး ထိုကြီးပွားချမ်းသာရေး နည်းလမ်းများကို “ဗုဒ္ဓ လက်ထက်တော်၌သာ ကျင့်လို့ ရနိုင်သည်၊ ယခုခေတ် မရနိုင်၊
မည်သည့် ပုဂ္ဂိုလ်မျိုးသာ ရနိုင်သည်၊ မည်သည့် ပုဂ္ဂိုလ်၌မရ၊
မည်သည့် အဆင့်ရှိ ပုဂ္ဂိုလ်များ မည်မျှလောက်သာ ကျင့်ရသည် စသည်ဖြင့်လည်း ကန့်သတ်ချက် မရှိချေ။

ကြီးပွားချမ်းသာ လိုသလောက် ကျင့်ပိုင်ခွင့်ရှိ၍ ကျင့်သ လောက် ကြီးပွားချမ်းသာနိုင်လေသည်။

“အလံတရာ ရေမှာငုပ်သော်လည်း ငရုတ်သီးမှန်လျှင် စပ်ရ သည်’ ဟူသကဲ့သို့ သဘာဝ တရားဟူသည် အချိန်အခါ, နေရာ ဒေသမရွေး၊ ပုဂ္ဂိုလ်ရေး မျက်နှာ မလိုက်ချေ။

ဤ စံတော်ဝင် ပုဂ္ဂိုလ် ထူးကြီးများသည်လည်း ယင်း အချက်ကို သက်သေထူကာ ထွန်းပြတော်မူနေကြ၏။

ယခုအခါ လူဦးရေ ၁၃-သန်း ပတ်ဝန်းကျင်၌ သာရှိ၍ ကမ္ဘာ့ ဧရိယာတွင် မပြောပလောက်သော သီရိလံကာခေါ် သီဟိုဠ်ကျွန်းကလေးမှာပင် ဗုဒ္ဓ မရှိသည့်နောက် ဒါန, သီလ

## PAGE 208
<!-- 12 paragraphs, raw extraction -->



သူရဲကောင်းကြီးများနှင့်အတူ တန်ခိုးအဘိညာဉ်ရ အရိယာ သူ တော်ကောင်းကြီးများ ကုဋေချီ၍ ပွင့်ထွန်းဖြစ်ပေါ်တော် မူခဲ့ ကြလေပြီ။

ရုပ်ပိုင်းဆိုင်ရာ, နာမ်ပိုင်းဆိုင်ရာ အထောက်အထားများ ယခု တိုင် တွေ့မြင်နိုင်ကြပါသေး၏။

ဝေးဝေးလံလံ နာမ်ပိုင်းဆိုင်ရာလည်း မဟုတ်ပါသေး၊ လွန်ခဲ့ အနှစ်တစ်ရာ နှစ်ရာကလူများသည် ယခုအခါ လူ့ ပြည် လူ ရွာ လူ့ကမ္ဘာ၌ ညအခါ လျှပ်စစ်မီး တထိန်ထိန်ဖြင့် ရုပ်မြင် သံကြားများ နားထောင်ကြည့်ရှုကာ အာကာသတွင် သွားလာ နေကြပြီ ဆိုသည်ကို အဘယ်သို့ ယုံကြည်နိုင်ရှာကြပါမည်နည်း။

ခေတ်သည် ဆုတ်၍ ဆုတ်၍ မသွား တိုးတက်၍ တိုးတက်၍ လာနေ၏။

အနိမ့်ဆုံး ကျင့်စဉ်ဖြစ်သော ဒါနနှင့်စပ်၍ အနာထပိဏ်သူဌေး ကြီးသည် ဗုဒ္ဓခေတ်၌ ၅၄-ကုဋေ လှူခဲ့၏။ ဗုဒ္ဓ မရှိသည့်နောက် အသောက မင်းတရားကြီးသည် ( အသောကာရုံကျောင်းတော် ကြီးအတွက်) ကုဋေ-၁၀၀လှူခဲ့၏။ သီဟိုဠ်ခေတ် ဒုဋ္ဌဂါမဏိ အဘယမင်းကြီးသည် ကုဋေ -၁ဝဝဝကျော် လှူခဲ့၏။
လူအချို့ ထင်သကဲ့သို့ ခေတ်သည် ဆုတ်၍ ဆုတ်၍ မသွားပဲ၊
တိုး၍ တိုး၍သာ လာနေသည်ကို သမိုင်းက ပြညွှန်နေလေသည်။
အနိမ့်ဆုံး ဒါန၏ နောက်ကွယ်မှာပင် နက်ရှိုင်းစွာ တည်ရှိ နေသည့် မမြင်ရသောအင်အားတို့ကား ထုထည်ကြီးမားလှပေ၏။
ဘုရားတဆူပွင့်ရာ တင်္သာသနာတွင် တဦးတည်းအတွက်သာ နေရာရှိနိုင်သော လက်ဝဲ လက်ယာ စသော ဝိသေသ အရာထူး အခွင့်ထူးများမှအပ၊ ဓမ္မအင်အားနှင့် စပ်၍ကား ဗုဒ္ဓခေတ် ဗုဒ္ဓသာဝကကြီးများနှင့်မခြား၊ ဒါန, သီလ, ဘာဝနာ လိုရာ အင်အားများကို အချိန်အခါမရွေး၊ လူမျိုးဘာသာ နေရာဒေသ မရွေး ရယူနိုင်ကြောင်း သီဟိုဠ်ခေတ် စံတော်ဝင် ပုဂ္ဂိုလ်ထူးကြီး များ၏ ဘဝနှင့် ရင်း၍ ပေးတော်မူခဲ့ကြသော သင်ခန်းစာများ ကို ရိုသေစွာ နာယူမှတ်သားကြပါကုန်စို ့။

"

“သတဉ္စ ဓမ္မော န ဇရံ ဥပေတိ။

"

(မဟာသုတသောမဇာတ်)။


## PAGE 209
<!-- 4 paragraphs, raw extraction -->




သူတော်ကောင်းတရားကား မည်သည့် အခါတွင်မျှ ဟောင်း နွမ်းဆွေးမြည့် ပျက်စီး၍ သွားသည်မရှိ၊ အခေတ်ခေတ်တိုင်း ထွန်းသစ်တောက်ပကာ အစဉ်သဖြင့် နုပျိုလန်းဆန်းလျက်သာ ရှိနေပေတော့၏။

## PAGE 210
<!-- 8 paragraphs, raw extraction -->


အခန်း (၁)

တိုင်းပြည်နှင့် သာသနာအတွက် အသက်ပေးခဲ့ကြသူ စံတော်ဝင် ပုဂ္ဂိုလ်များ

သာသနာနှင့် ထိုက်တန်သူ

သာသနံ ပုညဝန္တဿ

ပုညဝန္တာ,ဝ လဗ္ဘရေ၊
နာပ္ပံပုညာ ကရစိ

ပဂ္ဂဏှိတု မဝိသဟာ။

ဘုန်းကံနည်းသူတို့သည် သာသနာတော်ကို အနည်းငယ်မျှပင် ချီးမြှောက် ခွင့် မရကြကုန်၊ ဘုန်းကံရှိသူတို့သာလျှင် ရနိုင်ကုန်၏၊ အဘယ့်ကြောင့်ဆိုသော် သာသနာတော်သည် အတုမရှိ ဘုန်းကံကြီးမားတော်မူသော ဘုရားရှင်၏ သာသနာတော် ဖြစ်သောကြောင့်ပေတည်း၊ (ပေါရာဏ ဂါထား)

## PAGE 211
<!-- 10 paragraphs, raw extraction -->




ဆီပူအိုးကင်းပေါ်မှ ဂါထာတရာ ကလျာဏီယထေရ်

သီဟိုဠ်ကျွန်း အနောက်တောင်ပိုင်း ကလျာဏီမြစ်အနီး ကလျာဏီမြို့၌ ကလျာဏီတိဿမင်း (၃၀၆−၂၀၇-ဘီ-စီ) မင်းပြု၏။ “ယဌာလတိဿ” ဟုလည်း ခေါ်သည်။

ညီတော် အယျဥတ္တိယအား အိမ်ရှေ့ဥပရာဇာအရာနှင်းတော်မူ၏။ ညီတော် နောင်တော်နှစ်ဦးစလုံး ကလျာတိယ မထေရ်ကြီးထံ ပညာသင်ခဲ့ကြရသည်။ မင်း ဖြစ်သောအခါ မိမိတို့၏ ဆရာမထေရ်ကြီးအား နောက်ပါသံဃာများနှင့်အတူ နန်းတော်သို့ပင့်၍ နေ့စဉ် ဆွမ်းကပ်လှူလေ၏။

မကြာမီ ညီတော်အိမ်ရှေ့မင်းသည် မရီးတော် မိဖုရားကြီးနှင့် အကျွမ်းတဝင် ယဉ်ပါးဆက်ဆံ ဖောက်ပြန်လျက်ရှိရာ နောင်တော် ရိပ်မိသိရှိလေလျှင် ညီတော်မှာ ရွာသိမ်ရွာငယ်တခုသို့ ထွက်ပြေးတိမ်းရှောင် နေရသည်။

ညီတော် ဥတ္တိယမင်းသားလည်း ကာလကြာသောအခါ မရီးတော်ကို သတိရ လွမ်းဆွတ်သဖြင့် စာတစောင်ရေးကာ မိမိ၏ ကျွန်ယုံတော်တဦးအား မိဖုရားကြီးထံ အပို ့လွှတ်လေ၏။ ထို ကျွန်ယုံတော်သည် တခုသော နံနက်တွင် ရဟန်းယောင်ဆောင်၍ သင်္ကန်းဝတ်ကာ နန်းတော်တံခါးမုခ်က စောင့်နေကာ ကလျာဏိယ မထေရ်ကြီး နောက်ပါသံဃာများနှင့်အတူ နန်းတွင်းသို့ဆွမ်းစား ကြွအလာတွင် သံဃာများနှင့်တတူ ရောယောင် လိုက်ပါသွားလေသည်။

ဆွမ်းကျွေးပွဲမှာ ချစ်စာခွေမိ

ကလျာဏိယမထေရ်ကြီး၏ စိတ်တွင်‘မင်းနှင့် အကျွမ်းဝင်သော ရဟန်းတ ပါးဖြစ်မည် အထင်ဖြင့် တစုံတရာ မမေးမမြန်းပဲ အမှတ်မဲ့ပင် ကြွတော်မူ၏။ မင်း ကြီးလည်း “မထေရ်ကြီး၏ တပည့်တပါးဖြစ်မည်” ဟုပင် ယုံကြည်၍ တစုံတရာ ပြောဆိုစစ်ဆေး မေးမြန်းခြင်းမပြု။ ထုံးစံအတိုင်း မင်းနှင့်မိဖုရားတို့ ဆွမ်း ဆက် ကပ်ကြ၏။ ဆွမ်း အနုမောဒနာတရားပြီးလျှင်မင်းကြီးက ဦးစွာထ၍ နန်းတွင်းသို့ ဝင်သွားခိုက် မိဖုရားကြီးမှာ သံဃာတော်အများအနီးသို့ တိုးသွားကာ ပန်းကန် ခွက်ယောက်များကို သိမ်းဆည်းစေရန် စီမံလေ၏။

## PAGE 212
<!-- 12 paragraphs, raw extraction -->



၁ ၆ ၉

သံဃာတော်များလည်း ပြန်ကြွရန် ဟန်ပြင်နေခိုက် သင်္ကန်းဝတ် တမန် လည်း မိဖုရားကြီးအနီး ကြမ်းပြင်ပေါ်သို့ ပေဖူးလွှာ စာခွေတခု ပစ်ချလိုက်၏။
မင်းကြီးလည်း အတွင်းဘော်သို့ မဝင်ရောက်သေးမိ အသံကြား၍ နောက်သို့ လှည့်ကြည့်လိုက်သည်။ ပေဖူးလွှာ စာခွေကို မြင်ရသဖြင့် ချက်ချင်း ပြန်လှည့် လာ၏။ စာကို ကောက်ယူ၍ ကြည့်လိုက်ရာ ဒေါသ အမျက် ခြောင်းခြောင်း ထွက်လေတော့သည်။

နန်းတော်မှ ထွက်ခွာကြွသွားသော သံဃာများထံ ချက်ချင်း နောက်က လိုက်စေ၍ ယနေ့မှ ဆွမ်းကျွေးရာသို့ လိုက်ပါလာသူ ရဟန်းယောင်အား မင်းချင်း များက ခေါ်ဆောင်လာကြရသည်။

ရဟန်းယောင်လည်း အမှန်အတိုင်း ၀န်ခံလျှင် မိမိရော၊မိမိဆရာ မင်းသား ကိုပါ ကွပ်မျက်မည်ကို သိသဖြင့် ကလျာဏိယ မထေရ်ကြီးအား အကာအကွယ် ယူရန်. သတိရလေသည်။ မထေရ်ကြီးမှာ မင်းကြီး၏ ငယ်ဆရာလည်းဖြစ်၊အလွန် လည်း အကြည်ညိုခံရသည်ကို သိထားသည့်အတိုင်း မင်းကြီးက စစ်ဆေးလျှင်-

"

“ဒကာတော်မင်းကြီး..၊ ဒီစာကို ဦးပဉ္စင်းအား ဆရာတော်ကြီးက မိဖုရားကြီးရှေ့မှာ ချခဲ့ရမယ်ဆိုလို့ချခဲ့ရပါတယ်”ဟု ပြောလေ၏။ မင်းကြီးလည်း ပို၍ပင် ဒေါသထွက်ကာ—

“ငါကတော့ ရဟန္တာအမှတ်နဲ့ ကိုးကွယ်ခဲ့ဘယ်။ ယခုတော့ ညီတော်ရဲ့ တမန်အလုပ်ကို လုပ်ရက်ပါပေတယ်။ ငါ့ဆရာဟာ ငါ့မိဖုရားကြီးကိုပဲယူပြီး ဘုရင် များ လုပ်ချင်သေးလို့လား”ဟု ရေရွတ်ပြောဆိုလေ၏။

ကလျာဏီယ မထေရ်နှင့် ဆီပူအိုးကင်း

အာဏာပါးကွက်သား သူသတ်သမားများကိုလည်း ချက်ချင်းဆင့်ခေါ် ကာ ကလျာဏိယမထေရ်ကြီးအား ကျောင်းသို့ သွားရောက် ဆွဲခေါ်စေ၏။ နန်း တွင်း၌ပင် ဆီအိုးကင်းကြီးတခု၌ ဆီများအပြည့်ထည့်ကာ ကျိုက်ကျိုက်ဆူအောင် မီးထည့်ခိုင်းလေ၏။ မထေရ်ကြီးရောက်လာလျှင် ဒေါသတကြီး ရေရွတ် ကြိမ်း မောင်းကာ တစုံတရာ မေးမြန်းစိစစ်ခြင်းမရှိ၊ ဆီအိုးကင်း၌ထည့်၍ ကြော်ပြီး သတ်ရန် တချက်လွှတ်အမိန့် ချလိုက်လေသည်။

မင်းကြီးသည် မစူးမစမ်း မဆင်မခြင်ပဲ ဒေါသတကြီး သူသတ်သမား မင်းခ ယောက်ျားများအား အမိန့်ချနေသည့်အချိန်မှစ၍ ပညာရှိ မှူးကြီးမတ်ကြီး များလည်း တဦးပြီးတဦး သတိပေးစကားများ လျှောက်ထား သံတော်ဦး တင်

## PAGE 213
<!-- 13 paragraphs, raw extraction -->




ကြ၏။ အသက်ကိုပင်စွန့်၍ ဝံ့ဝံ့စားစား အကြောင်းအကျိုးပြ တားမြစ်ကြသော် လည်း မင်းကြီးမှာ မည်သူ့စကားကိုမျှ အလေးမမူ လျစ်လျူရှု၍သာနေလိုက်၏။
သတ်ရန်အမိန့်ကိုသာ တွင်တွင် ချမှတ်နေသည်။

မထေရ်ကြီးမှာ အမှန်အတိုင်းဖွင့်၍ ပြောသော်လည်း အခြား တစုံတဦး အား … အသက်ဘေးမှ ချမ်းသာခွင့်ပေးမည်မဟုတ်သည်ကို သိတော်မူသဖြင့် မည် သို့မျှ အမိန့်ရှိတော်မမူတော့ချေ။ သူသတ်သမားများ ဆွဲခေါ်ရာသို့သာ လိုက် ါ၍ များစွာသံဝေဂဖြစ်တော်မူရလေ၏။ မေတ္တာနှင့် ဝိပဿနာ တရားကိုသာ ပွားများလိုက်ပါယင်း နန်းတွင်းသို့ရောက်လျှင်လည်း သူသတ်သမားများ စီမံ ဆွဲတင်သည့်အဟိုင်း ဆီပူအိုးကင်းကြီးထဲသို့ ဆင်းသက်တော်မူရလေ၏။

မတုန်မလှုပ်ပင် ရုပ်နာမ်သဘောများကို ဆင်ခြင် သုံးသပ်ယင်း ဆီပူအိုး ကင်းကြီးထဲသို့ ဆင်းတော်မူရာ ဆီပူထဲသို့ မကျရောက်မီမှာပင်· မဂ်ဖိုလ်လေးဆင့် ဉာဏ်မြတ်ရင့်၍ အမြင့်မြတ်ဆုံးသော အရဟတ္တဖိုလ်သို့ ရောက်တော် မူလေ၏။
အရဟတ္တဖိုလ် ဂုဏ်သတ္တိကြောင့် မထေရ်ကြီး၏ မွှေးညင်းတော်မျှကိုပင် ပူလောင် ခြင်း မရှိချေ။

မထေ

ထေရ်ကြီး၏ အတိတ်ကိ

မထေရ်ကြီးလည်း ဣန္ဒနီလာ ပတ္တမြားကျောက်ဖျာ၌ ရွှေဟင်္သာ တန့်နား သကဲ့သို့ ဆီပူအိုးကင်းကြီးပေါ်၌ ရပ်တော်မူလျက်က ခန္ဓာကိုယ်၏ အပြစ် သံသရာ ဘေးကြီးအကြောင်း အနီးရှိပရိသတ်အား ဟောကြားတော်မူရာ ဂါထာပေါင်း တစ်ရာ ရှိလေ၏။ “တေလ ကဋာဟ ဂါထာ”ဟု ခေါ်လေသည်။

မထေရ်ကြီးသည် တရားဟောပြီးလျှင် မိမိ၏ ဘဝဝဋ်ကံကြမ္မာကို ဆင်ခြင် တော်မူရာ ရှေးဘဝတခုက နွားကျောင်းသားဖြစ်စဉ် ယင်တကောင်ကို လိုသော စေတနာဖြင့် ကျိုက်ကျိုက်ဆူသော နွားနို ့ရည်၌ နှစ်သတ်ခဲ့ဘူးသော အကုသို၏ကို တွေ့ရလေ၏။

"

“ဪ…ငါ့အား ထိုမကောင်းမှု အကျိုးကား ဆိုက်ရောက်လာလေပြီ။
ရှောင်၍မရ၊ မလွဲမသွေ အကျိုးပေးတော့မည်။ ငါသည် ဤဝိပါက် ဝဋ်ကြွေးမှ မလွှဲမဖယ်နိုင်တော့ချေတကား”ဟု ဆင်ခြင်တော်မူမိသည်နှင့် ဆီပူအိုးကြီးထဲသို့ သက်ဆင်းကာ ခန္ဓာဝန် ချတော်မူရလေသည်။

ကလျာဏီတိဿ မင်းကြီးသည် ရဟန်းယောင်သင်္ကန်းဝတ် တမန်ကိုလည်း သုံးပိုင်းပိုင်း သတ်စေကာ မထေရ်ကြီးအလောင်းတော်နှင့်အတူ သမုဒ္ဒရာ၌ ပစ်ချ

## PAGE 214
<!-- 15 paragraphs, raw extraction -->




စေ၏။ ထိုအခါဘုမ္မစိုးနတ်, ရုက္ခစိုးနတ်, သမုဒ္ဒရာစောင့်နတ်မှအစ နတ်များ ဒေါသထွက်ကာ--

"

“တိုင်းကားပြည်ရွာနှင့်တကွ ကလျာဏီတိဿမင်းယုတ်အား ဖျက်ဆီးကြ ကုန်အံ့”ဟု တိုင်းပင်ကြသည်။ အခါမဲ့ သမုဒ္ဒရာရေများလွှမ်းတက်လာစေကုန်၏။
တမြို့နယ်လုံး သမုဒ္ဒရာရေများ လွှမ်းမိုးလာရာ နေပြည်တော်. ကလျာဏီမြို့နှင့် နှစ်ခါဝုတ်(လေးမိုင်)မျှသာ ဝေးတော့၏။ (ကလျာဏီမြစ်ကား ပင်လယ် ကမ်း ခြေနှင့် ၁၆-မိုင်မျှသာဝေးကွာ၍ စေတီပါဒတောင်ကြားမှ မြစ်ဖျားခံ စီးဆင်း လာကာ မိုင်ကိုးဆယ်မျှ ရှည်လျား၏။)

သမုဒ္ဒရာရေသည် တရွေ့ရွေ့ တက်လာရာ တဂါဝုတ်မျှသာ လိုတော့သော အချိန်၌ မိစ္ဆာအယူသည်းသော ဗြာဟ္မဏ အမတ်အချို့က—

"

“အရှင်မင်းကြီး…၊ အခါမဲ့ရေကြီးလာရာ သတ္တဝါတွေ သေကြေကုန်ကြရ ပါပြီ။ ကလျာဏီမြို့တော်လည်း တဂါဝုတ်မျှသာ လိုပါတော့သည်။ မဏိမေခလာ သမုဒ္ဒရာစောင့်နတ်ကို ပသ ပူဇော်မှသာလျှင် ချမ်းသာရာ ရကြပါတော့မည်”ဟု သံတော်ဦး တင်ကြ၏ ။

။

ကံတရား၏ ဆန်းကြယ် ပုံ

မင်းကြီးလည်း အသိဉာဏ် အဆင်ခြင်ပညာ နည်း၍ အကုသိုလ်ကံကြီးကို ကျူးလွန်မိသူပီပီ မိစ္ဆာအယူရှိသော အမတ်များ အကြံပြုချက်ကို လက်ခံမိကာ ဆက်၍မှားပြန်၏။ မိမိရင်သွေး တဆယ့်နှစ်နှစ်မျှသာ ရှိသေးသော ဒေဝီခေါ် သမီးတော်ကလေး တပါးအား နတ်ဝတ်တန်းဆာများ ဆင်ယင်စေ၍ ရွှေအိုးစ ရည်းကြီးတလုံးအတွင်း၌ ထည့်ကာ ရေ၌မျှောချလျက် နတ်ပူဇော် ပသလိုက်ရ လေ၏။ အိုးအတွင်း၌လည်း စားရေရိက္ခာနှင့်တကွ “ကလျာဏီတိဿမင်းကြီး၏ သမီးတော်ဒေဝီ”ဟူသော စာတန်းနှင့်အတူ သမုဒ္ဒရာစောင့်နတ်အား ပူဇော် လိုက်ကြောင်း စာရေး၍ ထည့်လိုက်လေသည်။

ကံတရားတို့ကား ဆန်းကြယ်လှပေစွ။

သမီးတော်ကလေး ဒေဝီအား ရေချမျှောလိုက်သောအခါ ရွှေအိုးစရည်း ကြီးသည် လှိုင်းအဟုန်ဖြင့် မျောပါသွားသော်လည်း နတ်များ စောင့်ရှောက်ကြ သဖြင့် သီဟိုဠ်ကျွန်းကို လက်ဝဲရစ်ပတ်ကာ ရောဟဏတိုင်း၊ မဟာဂါမ နေပြည် တော်အနီး “တောလက’ကျောင်းကြီးဆိပ်ကမ်း၌ ကပ်ရောက်လာလေ၏။

[ “ပိဋကတော်လာ ပါဠိအမည်များ အဘိဓာန် Dictionary of Pali Proper Names. ၌ မဟာဝံသဋီကာ-၄၃၂ကို ထောက်၍“တောလက

## PAGE 215
<!-- 11 paragraphs, raw extraction -->




ကျောင်းအန်းဆိပ်’ဟု ဆိုသည့်အတိုင်း ပြလိုက်သည်။ မဓုရ ရသဝါဟိနီနှင့် မဟာ ဝင် ဝတ္ထုတို့၌ “ကောဋ္ဌလက၊ ယောဠကလင်္ကာ”ဟု ရှိနေကြသည်။] ရေဆိပ်စောင့် ဆိပ်ကမ်းမှူးလည်း ထိုရွှေအိုးကြီးကို တွေ့မြင်ရ၍ ဆယ်ယူ ကြည့်ရာ လှပသော သတို့သမီးငယ်တဦးကို တွေ့ရသဖြင့် အလွန် အံ့အားသင့်သွား လေသည်။ ကလျာဏီတိဿမင်းကြီး၏ သမီးတော်ဖြစ်ကြောင်းသိရလျှင် ပို၍ပင် အံ့အားသင့်နေလေ၏။

တောလကဆိပ် ကျောင်းနေ မထေရ်ကြီးအား လျှောက်ထား၍ မထေရ် ကြီးက ခေတ္တ မွေးမြူ စောင့်ရှောက်ထားရ၏။ ဆိပ်ကမ်းမှူးလည်း အိမ်ခြေ သုံးသောင်းရှိ မဟာဂါမ နေပြည်တော် ကာကဝဏ္ဏတိဿမင်းကြီးထံ သွားရောက် သံတော်ဦးတင်လေသည်။မင်းကြီးလည်း “မဟာဝိဟာရဒေဝီ” အမည်ဖြင့် မိဖုရား အရာ မြှောက်စားတော်မူလိုက်၏။ သုံးဝမ်းကွဲ မောင်နှမလည်း တော်စပ်လေ သည်။

ဝိဟာရဒေဝီဟူသည် သာသနာပြုသူရဲကောင်းကြီး ဒုဋ္ဌဂါမဏိမင်းကြီးနှင့် ညီတော် သဒ္ဓာတိဿမင်းကြီးတို့၏ မယ်တော်ပင်တည်း။

ကလျာဏီတိဿမင်းကြီးမှာ မိစ္ဆာဒိဋ္ဌိအမတ်တို့၏စကားကို ယုံစား၍ မိမိ ချမ်းသာရရေးအတွက် သမီးတော်ကလေးအား သမုဒ္ဒရာသို့ မျှောချလိုက်သော် လည်း သမီးတော်ကား မသေ၊ မိဖုရားခေါစ်ကြီးပင်ဖြစ်ရလေ၏။ သမီးတော်အား ရေမျောချသောအချိန်မှစ၍ ကလျာဏီမြို့တော်ကြီးအတွင်း ရေလွှမ်းမိုးလာဘဖြင့် ပြည်သူတို့သာ အကုသိုလ်စက်ကွင်းမိကာ မင်းနှင့်အတူတကွ မရှုမလှသေကြေ ပျက်စီးခဲ့ကြရရှာလေသည်။

ကံတရားတို့ကား ဆန်းကြလှပါပေစွ။

အဆိုးကိုပင်သော်လည်း အကောင်းဟုထင်ကာ သတ္တဝါတို့သည် ပြုံးရွှင် နေတတ်ကြ၏။ အကောင်းကိုပင် သော်လည်း အဆိုးဟုထင်ကာ မရွှင်နှလုံး ယူကျုံးမရ ဝမ်းနည်းနေတတ်ကြ ပြန်သည်။ အဆိုးနှင့်အကောင်း တို့ကလည်း သောင်းပြောင်းရောထွေးကာ ရံခါ မျက်လှည့်ပြတတ်ကြသေး၏။ “ကမ္မဝိပါကော အစိန္တေယျော' မဟုတ်ပါလော။

ကံဆန်းကြယ်သလောက်၊ သတ္တဝါတို့ကလည်း မိမိတို့ အသိဉာဏ်ကလေး မျက်တောင်မွေးတဆုံးကို အထင်ရောက်လွန်းကြ၏။ ထို့ကြောင့်လည်း မည်သည့် အခါမျှ မှန်းခြေပေါက်ရသည်မရှိ၊ အတိဒုက္ခရောက်လျက်သာ နေကြရ၊သေကြရ ကုန်သည်။

ချမ်းသာမည် အထင်ဖြင့် ဒုစရိုက်တွေကိုသာ ဇက်ရဲလက်ရဲ တွင်တွင်ကြီး လုပ်နေကြ၏။ ကာယကံ, ၀စီကံကောင်းအောင် သီလကို ကြိုးကုတ်၍၊ မနောကံ ကောင်းကောင် သမာဓိအလုပ် လုပ်ရမည်ကိုမူ ခက်ခဲသည် ထင်နေကြလေ၏။

## PAGE 216
<!-- 7 paragraphs, raw extraction -->




တွေးချင်သလောက်တွေး၊ ပြောချင်သလိုပြော၊ ထင်ရာလုပ်ချင်သလို လုပ် ရသည်ကို အမြင်မှန် လွတ်လပ်သည်ဟု ခံယူနေကြသော သတ္တဝါတို့ အတွက် မြတ်စွာဘုရားရှင်၏ ကံဟောင်းပယ်မြစ်, ကံသစ်ထူထောင်ရေး တရားတော်ကား သိမ်မွေ့ လွန်းစွာ့။

ထို့ထက် ကောင်းဆိုးနှစ်တန် ကမ္မနိယာမ ယန္တရားကြီးကို ချိုးဖျက်၍ ၃ ၁-ဘုံနယ်နိမိတ်မှ ထွက်မြောက်ရာကျင့်စဉ်ကား သာ၍ပင် သိမ်မွေ့နက်နဲစွာ။
လက်တွေ့ စမ်းသပ်ရဲသူများ သည်သာလျှင် ချမ်းသာလွယ်ကူသော ` နည်းဖြစ် ကြောင်း သိမြင်ကြရလေသည်။

ဝိဟာရဒေဝီသည် ကမ္မနိယာမ၏ နက်ရှိုင်းပုံကို သာဓကတင်ခဲ့၍၊ ကလျာ ဏီယ အရှင်မြတ်ကြီးကမူ “မလွယ်ကူ’ဟု ထင်ရသော ဈာန်မဂ်ဖိုလ် စခန်းသည် လက်တကမ်းမျှ၌သာ တည်ရှိနေကြောင်း ပြညွှန်တော်မူခဲ့လေသတည်း။

[မဟာဝံသ-ပါဠိ-၂၂၊ အခန်း-၁၃၊ ၂၂-ဂါထာ။ မဓုရဝတ္ထု နံပါတ်-၂၂၊ ကာကဝဏ္ဏတိဿဝတ္ထု။ သဟဿဝတ္ထု (သီဟိုဠ်မူ) ဝတ္ထုနံပါတ်-၃၉။ မဟာဝင်ဝတ္ထု၌ ကလျာကိယထေရ်ကို အဘယ ထေရ်ဟုလည်းကောင်း၊ မဓုရ၌ ဓမ္မပါလဟုလည်းကောင်း ဆို၏။
နာမည်ကျော် “တေလ ကဋာဟ ဂါထာ ၁၀၀”ကို ပဲနွယ်ကုန်းမြို့ သိမ်ကျောင်း ဦးစန္ဒောဘာသက မြန်မာအက္ခရာပြန်ဆို၍ မာန်လည် ဆရာတော် ဘုရားကြီးက ၁၂၈၁-ခုနှစ် အနက်မြန်မာပြန်ထားသည်။
D.P.N. § 00-0 ဂါထာဟု ဆိုသည်။ “သီဟိုဠ် ပါဠိစာပေသမိုင်း= The Pali Literature of Ceylon-162 ၌ အကျယ်ရှု ပါလေ။]

## PAGE 217
<!-- 6 paragraphs, raw extraction -->


ထေရပုတ္တာဘယ စစ်သူကြီးနှင့် ဒု-ဋ္ဌ ဂါမဏိ အဘယ မင်းကြီး (သာသနာ-၃၈၃-၄၀၇။ ၁၀၁-၇၇-ဘီ-စီ)

ကာကဝဏ္ဏတိဿမင်းကြီးသည် သားအကြီးဂါမဏိ(နောင်အခါဒုဋ္ဌ ဂါမဏိ)ငါးနှစ်ပြည့်၍ ညီတော်တိဿ(နောင်အခါသဒ္ဓာတိသာ) သုံးနှစ်ရှိလျှင် သံဃာတော်အရှင်မြတ်များအား ပင့်ဖိတ်၍ ထမင်းခွံ ့ မင်္ဂလာ ကျင်းပ၏။

သံဃာတော်များ ပေးပြီး၍ ကျန်သောနို ့ဃနာထမင်းကို ဝိဟာရဒေဝီ မိဖုရားကြီးအားကျွေး၏။ သားတော်နှစ်ပါးအားလည်း’

“ကဲ…သားတော်တို့လဲ စားကြ။ သင်တို့ဟာ မြတ်စွာဘုရား သာသနာ တော်ကို ပစ်ပယ်လျှင် ဤစားတဲ့ထမင်းများ အဆိပ် ဖြစ်ပါစေ”ဟုဆိုကာကျွေး လေ၏။ မင်းသားနှစ်ဖော်လည်း ဝမ်းသာအားရ စားကြလေသည်။

သိတတ်သောအရွယ်မှစ၍ သာသနာသွေး မွေးပေးလိုက်ခြင်း ဖြစ်ပေသည်။

## PAGE 218
<!-- 17 paragraphs, raw extraction -->




သားကြီးဂါမဏိ

တဖန်၁၂-နှစ်၊ ၁၀-နှစ်ရှိလာသောအခါတွင်လည်း သံဃာယော် ငါးရာ ဘုဉ်းပေးပြီးသော ထမင်းကျန်၊ဟင်းကျန်များကို ပန်းကန်သုံးခုဖြင့်ထည့်၍ ဦးစွာ တပန်းကန်စီကို သားတော်နှစ်ဦးအား ပေးပြီးနောက်

"

-

“ကဲ…သားတော်တို့၊ဒီထမင်းကိုသစ္စာဆိုပြီးစားကြရမယ်၊ ငါတို့သည် ဘိုး ဘေးစဉ်လာမပျက် ဆင်းသက်ကိုးကွယ်လာသော သံဃာတော်အရှင်မြတ်တို့အား အဘယ်အခါမှ မျက်ကွယ်မပြု၊ဂရုမမူ၊မကြည်ဖြူ မလှူဒါန်းပဲ မနေပါ။ အကယ်၍ နေမိခဲ့လျှင် ဤထမင်းသည် အစာမကြေ အဆိပ်သဖွယ်ဖြစ်ပါစေ”ဟုသစ္စာဆို၍

စားစေ၏။

သားတော်နှစ်ပါးလည်း ခမည်းတော် ဆိုပေးသည့်အတိုင်း သစ္စာဆို၍ ဝမ်းသာအားရ စားကြလေ၏။

ဒုတိယထမင်းတပန်းကန် ပေးသောအခါ ညီနောင်နှစ်ပါး ‘မည်သည့်အခါ မျှ မသင့်မတင့်မဖြစ်ပါ”ဟုသစ္စာဆိုကြရ၏။ ထိုအခါလည်း ဝမ်းသာအားရပင် စားကြလေသည်။

တတိယ တပန်းကန်ကိုမူ သားတော်တို့၏ စိတ်အလိုကို စမ်းသည့် အနေ ဖြင့် ဂင်္ဂါမြစ် တဘက်ကမ်း မြောက်ဘက်ဒေသရှိ သီဟိုဠ်နိုင်ငံအား မိစ္ဆာဒိဋ္ဌိ ကျေးကုလား(ဒမိဠ=တမယ်)မင်းများအုပ်စိုးနေသည်ကိုအကြောင်းပြု၍ထိုကျေး ကုလားများကို စစ်မတိုက်ပါ”ဟု သစ္စာဆို၍ အစားခိုင်းရာ ညီတော် တိဿသည် ထမင်းကိုယူ၍ပစ်လိုက်၏။ နောင်တော်ဂါမဏိကား ထမင်းများကိုပစ်ချချေမှုပြီး မစားပဲ ခမည်းတော်အား ရှိခိုး၍ထသွားလေ၏။

အိပ်ရာသို့ရောက်သောအခါ စန့်စန့်ရန့်ရန့် မအိပ်ပဲ ကောက်ကွေးကွေး … တဆစ်ချိုးကြီးလုပ်၍ အိပ်နေရာ မယ်တော်ကြီး အနားလာ၍’

"

“သားကြီးရယ်… ဘာဖြစ်လို့ ခွေခွေခေါက်ခေါက်ကြီး အိပ်နေရတာလဲ၊
ခြေလက်ဆန့်တန်းပြီး ချမ်းချမ်းသာသာ အိပ်ပါခံတာ့လား သားရယ်”ဟု ချော့ မော့ ပြောဆိုလျှင်’

"

“မယ်မယ်ဘုရား…၊ဂင်္ဂါမြစ်တဘက်ကမ်းမှာ ကျေးကုလားတွေ အုပ်စိုး နေတယ်မဟုတ်လား၊ ပြီးတော့ဂေါဌသမုဒ္ဒရာကြီးကလဲ အိမ်နားမှာပဲ ကပ်နေ တယ်၊ ဒီဆောက်ကျဉ်းကျပ်တဲ့နေရာကလေးမှာ သားတော်ဘယ်လိုလုပ် ခြေလက် ဆန့်ပြီး အိပ်လောက်မှာလဲ မယ်မယ်ဘုရား”

## PAGE 219
<!-- 8 paragraphs, raw extraction -->




သီဟိုဠ်ကျွန်း တောင်ဘက်ဆုံး ရောဟဏနယ်၊ မဟာဂါမ၌ နန်းစိုက်၍ မဟာဝေလိဂင်္ဂါ၏မြောက်ဘက်နယ်များအားလုံး စောဠတိုင်းသား ကျေးကုလား များသာအုပ်စိုးနေ၍ မဟာဂါမနေပြည်တော်မှာ ကျဉ်းကျဉ်းမျှသာ ရှိကြောင်း ပြောဆိုခြင်းဖြစ်၏။ (ရှေးအခေါ် မဟာဝါလုကဂင်္ဂါ-နဒီခေါ်၏။) “မင်းဖြစ်မည့်သူရောင်ကလေးနှင့်’ဆိုသကဲ့သို့ အရွယ်နှင့်မလိုက်အောင်ရာဇ မာန်နှင့်မျိုးချစ်စိတ်ရှိသော သားတော်၏စကားများကိုကြားရသောအခါ ခမည်း တော်,မယ်တော်တို့သည် ဝမ်းထဲကကျိတ်၍ ကျေနပ်မဆုံး တပြုံးပြုံးရှိကြရလေ၏။
(မဟာဝံသ-၂၂၊၇၃-၈၇။)

အဘယ သူရဲကောင်း

ခမည်းတော် မင်းကြီးနတ်ရွာမစံပင်မှာမီ ဂါမဏိ၏လက်ရုံးပမာ သာသနာ တော်နှင့် တိုင်းပြည်အတွက် အသက်ပေး၍ အရှင့်သစ္စာကို နာခံသော(ဂါမဏိ နှင့် မတိမ်းမယိမ်း) သူရဲကောင်းစစ်သူကြီးဆယ်ဦးတို့ ပေါ်ပေါက်လာလေသည်။
ထိုတွင် အဘယ်သူရဲကောင်းစစ်သူကြီးကား ဂါဏိနှင့် တိုင်းပြည်အတွက် သေဖော်သေဖက်လောကီရဲဘက်တော်ကြီးတဦးဖြစ်သကဲ့သို့ သာသနာပြု လုပ်ငန်း နှင့် သံသရာအတွက် လောကုတ္တရာ မိတ်ကောင်းကြီးတဦးလည်း ဖြစ်လေသည်။
သူကား ကောဋတောင်အနီး ကိတ္တိရာသူကြီး ရောဟဏ၏သားဖြစ်၏။
လူကြီးငါးယောက် မချီ မ မနိုင်သော ကျောက်ဖျာကိုပင် ထွေလုပ်၍ကစားနိုင်၏။
အဘယ ဆယ့်ခြောက်နှစ်သားအရွယ် ရောက်လျှင် သူ၏ဖခင်က သုံးဆယ့်ရှစ် လက်သစ်အလုံးရှိ၍ တဆယ့်ခြောက်တောင် ရှည်သောတုတ်ကို လုပ်ပေးထားရ သည်။(မဓုရ ရသ၌ ၂၈-သစ်၊မဟာဝံသပါဠိ-၂၃၊ ၅၈၌၃ဂ-သစ်။ နောက်၌မူ ကွဲလျှင် မဟာဝံသအရ ပြဆိုသွားပေအံ့။)

အဘယသည် ထိုတုတ်ဖြင့် ထန်းပင်အုန်းပင်များကို ရိုက်ချိုးနိုင်သဖြင့် အားကောင်းသူအဖြစ် တစတစနာမည်ကြီးလာလေ၏။ကာကဝဏ္ဏမင်းကြီးကြား၍ သားတော်ကြီး ဂါမဏိထံခစားရန် ရွေးကောက်လိုက်သည်။ဖခင်ဖြစ်သူ သူကြီးမှာ မင်းမှုထမ်းဘဝ မဖြစ်စေလိုသဖြင့် မိမိသားအား သာမဏေပြုရန် အမြန်စီစဉ် ရလေ၏။

ဖခင်သူကြီးမှာ ကောဋခေါ် တောင်ပေါ်ကျောင်း၌ သီတင်းသုံးတော် မူသော မဟာသုမ္မ မထေရ်ကြီး၏ ပစ္စည်းလေးပါးဒကာ, အလုပ်အကျွေးဒကာ ဖြစ်၏။ မဟာသုမ္မ မထေရ်ကြီး၏ တရားကိုနာရ၍ သောတာပန် ဖြစ်သွားသည်။
မကြာမီ မင်းကြီးအား သူကြီးတာဝန်များကို ခွင့်ပန်၍ ရှိသမျှပစ္စည်းများကို သားဖြစ်သူအား လွှဲအပ်ကာ ထိုကျောင်း၌ ရဟန်းပြုသွား၏။ တရားဘာဝနာများ

## PAGE 22
<!-- 7 paragraphs, raw extraction -->

လွတ်လပ်ရေးခတ် သီဟိုဠ်-မြန်မာ ဆက်ဆံရေး သတင်းဓာတ်ပုံ

သီဟိုဠ် မြန်မာ နှစ်နိုင်ငံ အစိုးရ နှင့် ပြည်သူတိုကိုယ်စား သီဟိုဠ် ဆရာတော် ဥာဏရတနနှင့် ပဲခူး မြို့မဆရာတော်တို ့ ဗောဓိပင်ပျို သုံးပင် ပေးအပ်လက်ခံစဉ်။
(၂၀၊ ၆၊ ၁၉၈ဝ။)

(ပုံ-၂၁၊ ၂၂၊ ၂၃)

သီဟိုဠ်၌သတိပဌာန် သာသနရိပ်သာ ဌာနခွဲများဖွင့်လှစ်ရန် နှစ်နိုင်ငံအစိုးရ၏ဆန္ဒအရ ဦးသုဇာတနှင့်အဖွဲ့ဝင်ဆရာတော် ၃ပါးတို ့အား မဟာစည် ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် လေဆိပ်သို ့ လိုက်ပါပို့ဆော်မူစဉ်။ (၂၁၊ ၇၊ ၁၉၅၅။)

ဣန္ဒိယပြည် ဆံချီမှ ရရှိ သောသာဝကကြီးနှစ်ပါး၏ ဓာတ်တော်များကို ကမ္ဘာ အေး စေတီ၌ထားရှိပူဇော် ရန် သီဟိုဠ်မှ လာရောက်

ပိုလှူစဉ်။

(၅၊ ၃၊ ၁၉၅၂၊)

## PAGE 23
<!-- 60 paragraphs, raw extraction -->



၅၀။

ဗုဒ္ဓနှစ်၂၀ဝ ကျော်မှ၂၀၀၀-အတွင်းဗုဒ္ဓသာသနာပျံ့နှံ့ တည်ယှိခဲ့ဘူးရာ၊အရိယ(ဧယှ) ဗုဒ္ဓသာသနိက မြေပုံ

ယောနက



“တူရကိဋ္ဌာန(မြောက်)

အာဖဂါနိဋ္ဌာန ဂန္ဓာရ

ဗေလုစိဋ္ဌား

(၂၄) (သုဝဏ္ဏဘူမိယူပုံ နိဒါန်း ၆-အဆုံး၌ ကြည့်။ ကိုးတိုင်းကိုးဌာန နိဒါန်း ၂ ကြည့်။)

2


အပရန္တ

ဇာလန္ဓရ

မဟာ

m


ယာ (ရုရှား)

တုရကိဋ္ဌာန (အရွှေ )

ဟိမဝန္တာပဒေသပဉ္စစိနရဋ္ဌ တိ ဗ္ဗက်ပြည်

ပါဋလိပုတ်

(ဘာရတ) မဟာဗောဓိ

တာ

ဗမာပြည်

30

၁ဝ၅

၁၂ဝ


န် ဂို လိ ယာ

is


၅ဝ

မန် နျုရိယား


ခမရ(၄)

လာအို

Dow.

တိုင်း

°


3.

ညွှန်ပြချက်

ာဋ္ဌ

အပါးပိုင်း ...မြောက်ပိုင်း ဗဟာယာန သာသနာ့ပျံ့နှံ့ရာ ၂. အရင့်ပိုင်း ..... တောင်ပိုင်း ယာန သာသနာပျံ့နှံ့ရာ ၃- ဇာလ႕ရ-မျှလ- မြောက်ပိုင်း သာသနာ့ပျံ့စေရာဌာန - ဗုဒ္ဓ နှစ်-၆၀၀ ကျော်..

မဟံသ ၊
ဝါသိ

၄ - ပါဋလိပုတ် - ကျလ- တရဝါဒ တောင်ပိုင်း သာသနာ ပျံ့စေ ရာဌာန -ဗုဒ္ဓနှစ် -၂၃၆.... ၅- တောင်ပိုင်းသာသနာပြု လွှတ် ရာကိုးဌာန ..... သည်ထက်အကျယ် စာအုပ်အတွင်းမှာပါဋ္ဌိသည်

သာရဲ့

သာဝယား)

ယိုးယား

၅လသုဝဏ္ဏဘူမိ

သာ

၁ဝ၅

07:

Go



Pc

၂ဝ


## PAGE 24
<!-- 53 paragraphs, raw extraction -->

G.



ယာဝ

ဇမ္ဗူကောလ

(၂၅)

ပတိဋ္ဌာ

တမ္ဗပဏ္ဏိ


သီဟိုဠ်ကျွန်းမြေပုံ

အလွန်ထင်ရှားသောသုသ ဇစတီယနှင့် ဖူးမျှော်ရန် အရေးကြီးသော ဌာနများကို ဖေါ်ပြထားသည်၊ သေသ ဋ္ဌာနများကို ၁-၂-စသော နံပါတ်လက္ခဏာဖြင့် ညွှန် ပြထားသည်။

100

၁ ၁ ၉ ၁ ၉ န ဒ ဓဥပတိဿ

လင်္ကာရာမ တူပါရာမ ဘဘယဝါဒီ စ

၄ မရိစဝနို

ဒက္ခိဏသာခါ (ပေါဠာန ရု၀) မဟာဗောဓိ

မိဿကတောင်

စဘမ္ဗတ္ထလစေတီ ခံသိလာစေတီ ကာဠောဒတပေါက္ခဏိ အရာမ လောဟပါသာဒ

အဘယဂိရိ ၅ ဟာဗောဓိ ကုဿရမု

G

ပုလတ္ထိ

အာလောကလ

စကုတ္ထသင်္ဂါယနာတင်ရာဓ

(မာတုလ

မဟာဝါလုကာဂင်္ဂါ

(မာတလှေ)) မဟိယင်ဏ

မာယာသော်ဏ္ဍသေလဲ

.

က

ဂင်္ဂါရာမ နှနွယ်တော်တိုက်

သောမဝတီ

ာ စေတီ

ဟတ္တဝနဂလ္လဥလ္လပနဂါမ

(သေလန္တရ)

(အတ်ဝနဂလ္လဥလပမှဂါမ)


ကလျာဏီ

(သယ်ဗောဓိ) စမုတိယင်္ဂဏ ၉

• ဒိဝါဟာ ၁၀

၁ ဗန္ဓုလ

သုမန (ခြေတော်ရာ) ၁၁ ရတနာပုံရ

ရာ

ကတရဂါမ ၁၃ စ (ကာစရဂါမ)

ဖိတ္တလပဗ္ဗတဝိဟာရ တိဿမဟာရာဇ ဇ

မလဂရိ ဟမ္မန်ကော ကောင်

ဂါလ ဂါလု) မဟာတိတ္ထ

မှာတရ

0

မဟာဂါမ၊


.G

ဂရု


## PAGE 220
<!-- 11 paragraphs, raw extraction -->




အားထုတ်လေရာ မကြာမီ ရဟန္တာ ဖြစ်တော်မူသွားသည်။ ထို့ကြောင့် အဘယ သူရဲကောင်းကိုလည်း.. ထေရပုတ္တာဘယ (ဘုန်းကြီးသား အဘယ)ဟု ခေါ်ဆိုကြ လေ၏။ (မဟာဝံသ-၂၃၊ ၅၅−၆၃။)

ရဟန္တာဖြစ်သောခမည်းတော်ကြီးလည်း သားအဘယအတွက် စိတ်မအေး သဖြင့် မင်းကြီးအား ပန်ကြားကာ ချက်ချင်း သာမဏေပြုပေးလိုက်၏။
အဖနှစ်ဦးလုံး ကပ္ပကန္ဒရအရပ်၌ အတူတကွ သီတင်းသုံး နေထိုင်ကြလေသည်။
အဘယသာမဏေသည် ဗောဓိပင်နှင့်တကွ ရဟန်း သံဃာများအတွက် ထန်း အုန်းစသော အသီးအပင်များကို များစွာ စိုက်ပျိုးထား၏။ တနေ့သော အခါ အဘယသာမဏေ ရွာတွင်းသို့ ခရီးသွားနေခိုက် ကာကဝဏ္ဏ တိဿမင်းကြီး၏ သူရဲကောင်းတဦးဖြစ်သူ ဂေါဌဣမ္မရသည် အပေါင်းအဖော်များနှင့်အတူ မဟာ ါမသို့သွားယင်း ထို ကပ္ပကန္ဒရကျောင်းသို့ ဝင်လာ၏။ ထမင်းစားပြီးနောက် အပေါင်းအဖော်များကအုန်းသီးစားချင်သည်ဆို၍ ဂေါဌဣမ္မရကအုန်းပင်များကို လှုပ်ခါချွေချ၍ ကျွေး၏။ စားပြီးနောက် အားလုံး တရေးတမော အိပ်နေကြ လေသည်။

ထိုနောက် မကြာမီ အဘယသာမဏေ ရွာမှ ပြန်ရောက်လာ၏။ အုန်းပင် များ ကျိုးကျသည့်အပင်က ကျိုးကျ၍ မကုန်နိုင် မခန်းနိုင် စားသောက်၍ အုန်းခွံ အုန်းဆန်များ ဖရိုဖရဲ ပစ်ကြဲထားသည်ကိုမြင်ရ၍ ဒေါသထွက်ကာ အကျိုး အကြောင်းကိုမေးလျှင် ဂေါဌဣမ္ဗရ ပြုလုပ်ကြောင်း သိရသည်နှင့် အနည်းငယ် ပုက္ခသော ၎င်းအား—

“ဒီ ငက္ခဟာ ကိုယ့်ခွန်အားကိုသာ အထင်ကြီးပြီး သူတဖက်သား၏ ခွန် အားကို မသိလေ၊ ဒင်း…ငါ့အကြောင်းကို သိစေမည်”ဟု ကြံစည်ကာ အိပ်နေ သော ဂေါဌဣမ္မရအနီးသို့ ကြွသွား၏။ ၎င်း၏ခြေကို မိမိခြေမနှင့်ညှပ်လျက် ဒရှုတ် ဆွဲသွားငလရာ မည်သို့မျှ မရုန်းသာပဲ· နာကျင်လူးလွန့်လျက်သာ ပါသွားရသည်။
ကျောင်း တလင်းပြင်တလျှောက် ဒရွတ်ဆွဲသွားပြီး ချာချာလည်အောင် လမ်း လိုက်ရာ အပေါင်းအဖော်များက လွှတ်မြောက်စေရန် သာမဏေအနီးသို့ အပြေး လိုက်လာကြသည်။

"

ရောက်လာသူတိုင်းအား လက်ဖြင့် တောက်ရုံမျှ တောက်လိုက်ရာ အတုံး အရုံး လဲသူလဲကျ၍ ဖူးဖူးရောင်သူ ရောင်သွားလေ၏။ အနားသို့ မသီရဲကြတော့ပေ။
“ကိုရင်...တပည့်တော်ကို လွှတ်ပါတော့၊ ကိုရင့်အုန်းသီးဖိုး လျော်ပါ့ မယ်၊ လွှတ်ပါတော့”ဟု တောင်းပန်၏။ အနီးပတ်ဝန်းကျင်ရှိ သံဃာများက လည်း ပိုင်းဝန်း တောင်းပန်ကြသဖြင့် လွှတ်ပေးလိုက်လေသည်။

«

“ကိုရင်…၊ တပည့်တော် ပြိုင်ဘက်မရှိ သန်လှပြီ အောက်မေ့နေတာ၊ ယခု ကိုရင့်ကိုတွေ့ရတော့ တပည့်တော် ဝမ်းသာပါတယ်။ အဖော်ရတာပါပဲ”ဟုပင်

## PAGE 221
<!-- 14 paragraphs, raw extraction -->




စိတ်မဆိုးသည့်အပြင် ကျေးဇူးတင်စကားပြောကာ ရှင်လူထွက်ပြီး မင်းမှုထမ်းရန် ပြောကြားလေ၏။ ဆုတော် လာဘ်တော် လခရိက္ခာ များစွာရမည့်အကြောင်း ကိုပါ ပြောဆို သိမ်းသွင်းလေရာ-

"

“ဟေ့....ကွ….၊ ငါ့မှာ ဘုရင့်ထံကရဖို့ မလိုပါဘူး။ ငါ့မိဘတွေမှာ အများ

ကြီး ချမ်းသာကြပါတယ်”

ဂေါဌဣမ္မရလည်း သာမဏေအဘယအား ဆွဲဆောင်၍ မရသဖြင့် မဟာ ဂါမသို့ ခရီးဆက်သွားလေတော့၏။

နန်းတော်သို့ ရောက်သွားသောအခါ တနေ့တွင် ကာကဝဏ္ဏတိဿ မင်း ကြီးက “ဂေါဌဣမ္မရမှတပါး ခွန်အားကြီးသူများ ရှိ-မရှိ’ မေးတော်မူလျှင် ထိုသာမဏေအကြောင်းကို သံတော်ဦးတင်လေ၏။ (မဓုရ၌ ဒုဋ္ဌဂါမဏိ မင်းကြီး ဟု ဆို၏။) မင်းကြီးက အခေါ်ခိုင်းသဖြင့် ဘုရင့် ဘဏ္ဍာ အသပြာနှင့် လှူဖွယ် တန်းရံများကိုပါ ယူဆောင်၍ ဂေါဌဣမ္မရသည် ကပ္ပကန္ဒရကျောင်းသို့ သွားရ သည်။

ကျောင်းရှိ ရဟန်းသံဃာတော်များအား ကျွေးမွေး လှူဒါန်းပြီးနောက် အဘယသာမဏေထံ သွား၍-

ဂေါဌ ကိုရင်.. ယခု ကိုရင့်မှာ ရဲဟန်းပြုပြီး ပဋိပတ်ကို အားမထုတ်နိုင် သေးပါဘူး၊ လူ ဝတ်ကြောင်နဲ့နေပြီး. ကုသိုလ်ကောင်းမှုလုပ်ယင် လဲ လူနတ်ချမ်းသာ ရနိုင်တာပါပဲ။မင်းကြီးက ကိုရင့်အကြောင်း သိရလို့ ဝမ်းသာနေပါတယ်။ လူဝတ်လဲပြီး ယခုလိုက်ခဲ့ပါ။
ကိုရင် ဒကာ…၊ ကိုရင်ဟာ ရခဲလှတဲ့ဘဝ၊ သာသနာနှင့် ကြုံကြိုက်ရတဲ့ အခိုက် သာမဏေပြုကာ သီလကို ကြိုးစားဖြည့်ကျင့်နေပါတယ်။
ဘဝသံသရာ ဆင်းရဲတွေက ကင်းလွတ်ချင်လို့ပါ။ လောလော ဆယ် မလွတ်မြောက်နိုင်သေးပေမယ့် နေ့အခါတုန်းက တွင်းကြီး ချောက်ကြီးမှန်း သိမြင်ထားတော့ ညအခါမှာ ဒီထဲမကျအောင် သတိပြုရပါတယ်။

ဂေါဌ

ဟုတ်ပါတယ်ကိုရ... လူတွေဟာ ရေထဲမျောပါပြီး သေကြေ ပျက်စီးနေကြရတာ မြင်နေလျက်နဲ့၊ ကယ်ဆယ်လဲ ကယ်ဆယ် နိုင်လျက်နဲ့ သည်အတိုင်း ကြည့်နေမယ်ဆိုယင် ကရုဏာရှိရာ မရောက်ဘူး။

ယခုအခါ ကျေးကုလားတွေဟာ ဗောဓိပင်နှင့်တကွ စေတီ ရုပ်ပွား ဘုရားကျောင်းကန်တွေ ဖျက်စီးပြီးနေကြတာ ကိုရင်အသိ ပဲမဟုတ်လား။ ရဟန်းသံဃာတော်တွေလဲ ပစ္စည်းလေးပါးချိုင့်၊
ဒကာ ဒကာမတွေလဲ အကျိုးမဲ့ သေကြရ၊ ဘုရားတောင်မှ

## PAGE 222
<!-- 12 paragraphs, raw extraction -->




ဒီပင်္ကရာ ခြေတော်ရင်းမှာ နိဗ္ဗာန်ကို ရနိုင်ပေမယ့် မယူခဲ့ဘူး၊
သတ္တဝါတွေကို ကယ်ဖို့ ပါရမီ ဖြည့်ခဲ့ရတာ ကိုရင်သိပြီး ဖြစ်ပါ

တယ်။

ယခုလိုအချိန်မှာ မင်းကြီးရဲ့သားတော်ကြီးနှင့် ပြန်ပေါင်းပြီး တိုင်းပြည်ရန်ကို ဖြိုခွင်းကာ သာသနာထွန်းလင်းအောင် လုပ်ရ မယ့်အခါ ဖြစ်ပါတယ်။

သည်လို တိုင်းပြည်နှင့် သာသနာအတွက် ဆောင်ရွက်ပြီးမှ သာသနာတော်မှာဝင်ပြီး တရားဘာဝနာနှင့် နေချင်လဲ ချမ်းချမ်း သာသာနေလို့ ရသွားနိုင်ပါတယ်။

ဂေါဌ အပြောကောင်းသဖြင့် အဘယသာမဏေ လူထွက်ရလေ၏။ ဆံပင် မရှည်မချင်း ဂေါဌအိမ်၌ပင် နေရကာ ကာကဝဏ္ဏမင်းကြီးမှတဆင့် သားတော် ကြီး ဂါမဏိထံ ခစားရလေ၏။

ယခင် ရက်ပိုင်း လပိုင်းမျှ ခစားရစဉ်ကမူ ၁၆-နှစ်မျှသားသာ ရှိသေး၍ စွမ်းရည်များ မသိသာလှသေးချေ။ ယခုမူ ၁၈-နှစ် ၁၉-နှစ်သားရှိနေပြီဖြစ်၍ သားတော်ကြီး ဂါမဏိနှင့်အတူ အရွယ်မာန်နှင့် ဇာတိမာန်ထက်၍ လက်စွမ်း ပြရန် ဟန်ရေးငင်သော အရွယ်ဖြစ်လေသည်။ (မဟာဝံသ-၂ ၃၊ ၅ ၄’၆၃။
မဓုရ ရသဝါဟိနီ-၂ ၆-ထေရပုတ္တာဘယ သူရဲကောင်းဝတ္ထုမှ။)

မိဘအမြော်အမြင်နှင့် သံဃာတော်အရှင်တို့၏ မေတ္တာ ဗောဓိမာတု မဟာတိဿထေရ်

ကာကဝဏ္ဏတိဿမင်းကြီးသည် အရှည်မျှော်ကာ ၁၈-နှစ် ၁၉-နှစ်ရွယ်ရှိ အားကောင်း မောင်းသန်သော သူရဲကောင်းကြီး တကျိပ်ကို စုဆောင်း၍ သား တော်ကြီးထံ ခစားစေ၏။ လစာရိက္ခာများစွာ ထောက်ပံ ့ထားသည်။ ဆင် အာဇာနည်များလည်း ထွက်ပေါ်လာ၏။

သူရဲကောင်းတဦးလျှင် စိတ်ကြိုက် ရဲဘော်ဆယ်ဦးစီမှအစ တစ်ထောင့် တစ်ရာဆယ်ဦးခန့်စီအထိရအောင် အသီးအသီး စည်းရုံးခိုင်းရာ တစ်သောင်းတစ် ထောင့်တစ်ရာ စုစည်းမိလေသည်။

## PAGE 223
<!-- 12 paragraphs, raw extraction -->




သားတော်ကြီး ဂါမဏိနှင့် သူရဲ. သူခက်တို့သည် မဟာဂါမ နေပြည် ခမည်းတော်ကြီး အနီး၌ ၁စားကာ ဆင်စီး မြင်းတက် စစ်ရေးများ လေ့ကျင့် နေကြရ၏။ သားတော်ငယ် တိဿကိုမူ နယ်ပယ်လုံခြုံရေးအတွက် ဒီဃဝါပိ အရပ်၌ နေစေ၏။

ဂါမဏိသည် စစ်သည် သူရဲသူခက် လက်နက်အင်အား တိုးပွားခိုင်ဖြီး၍ လာလျှင် မိစ္ဆာဒိဋ္ဌိသာသနာဖျက် ကျေးကုလားများကို သီဟိုဠ်ကျွန်းမှ တိုက် ထုတ်ရန် ခမည်းတော်အား သုံးကြိမ်တိုင်တိုင် ခွင့်တောင်းရာ မရလေ။ လက်ရှိ နယ်ပယ်မျှနှင့် ကျေနပ်နေရန် ဖျောင်းဖျပြောဆို၏။

စိတ်ဓာတ်ကြွနေသော ဂါမဏိသည် ခမည်းတော်ကိုပင် သတ္တိနည်းသူဟု တင်လာကာ ရဲဘော်တဦးအား မိန်းမ အသုံးအဆောင်များကို ခမည်းတော်ထံ အပို လွှတ်လေရာ မင်းကြီး မျက်တော်မူလေ၏။သားဘော်ကြီးအား ဖမ်းချုပ်ရှန် ရွှေခြေကျဉ်း အလုပ်ခိုင်းရာ ဂါမဏိသည် မလယဇနပုဒ်သို့ ထွက်ပြေးသွားလေ သည်။

ထိုအခါမှစ၍ ဖခင်အား ပြစ်မှားသူ ဖြစ်သဖြင့် “ဒုဋ္ဌ’(ပြစ်မှားသူ) ဂါမဏိဟု တွင်လေသည်။(အမည်အပြည့်အစုံမှာ“ဒုဋ္ဌဂါမဏိအဘယ”ဖြစ်သည်။) တနေ့သောအခါ အမြော်အမြင်ကြီးသော ခမည်းတော် မင်းကြီးသည် စိတ္တလတောင်၌ သီတင်းသုံးတော်မူကြသော ရဟန္တာ အရှင်မြတ်ကြီးများ များစွာ ပါဝင်သည့် သံဃာတော် တစ်သောင်း နှစ်ထောင်တို့အား ပရိက္ခရာအစုံလှူကာ မင်္ဂလာစေတီ ပူဇော်ပွဲ ကျင်းပ၏။ စစ်သူကြီးများကိုလည်း စည်းဝေးခေါ်ယူကာ သံဃာတော်များရှေ့၌ “ညီတော် နောင်ဘော်နှစ်ပါး မသင့်မမြတ် ဖြစ်ခဲ့သော် မည်သူ့ ဘက်ကိုမျှ မလိုက်ပါကြရန်’ သစ္စာအဆိုခိုင်းလေ၏။

သက်တော် ၆၄-နှစ်၊ ၆၄-မျိုးသော ကျောင်းကန်စေတီ သာသနာပြု ကုသိုလ်ကြီးများ လုပ်ဆောင်အပြီး မင်းကြီး နတ်ရွာစံလေသည်။

ရုတ်တရက် ပေါ်ပေါက်လာသော စစ်ပွဲကြားက တော

ာင်ကြီး

ခမည်းကော်နတ်ရွာစံသင်္ဂြိုဟ်ပြီးသည်နှင့် ညီတော် နော်တော် စစ်ဖြစ်ကြ ၏။ စူဠင်္ဂဏိယအရပ်၌ တိုက်ပွဲကြီးဖြစ်ရာ စစ်သည်ထောင်ပေါင်းများစွာ ကျဆုံး ကြရသည်။

နောင်တော်ဒုဋ္ဌဂါမဏိ စစ်ရှုံး၍ တိဿ အမတ်နှင့်အတူ မြင်းမ,တကောင် စီးကာ ထွက်ပြေးရလေ၏။ ညီတော် တိဿလည်း ဆပ်အာဇာနည် ကက္ကုလကို

## PAGE 224
<!-- 16 paragraphs, raw extraction -->




စီးကာ စစ်သည် အလုံးအရင်းနှင့် လိုက်ပါ တိုက်ခိုက်လေရာ ရှေးအခါက မရှိဖူး သော တောင်ကြီးတလုံးသည် ရွှေကဆီးကာနေသည်ကို တွေ့ရသဖြင့်–

“အဘိညာဉ်ရသော ရဟန္တာ အရှင်မြတ်ကြီးများ တားမြစ်တော်မူလေမှ ကော”ဟု သိသည်နှင့် ပြန်နစ်လေ၏။ နောင်တော်လည်း တန်ခိုးကြီးသော သာသနာစောင့် မထေရ်ကြီးများ၏ အစောင်အမကို ရပြီဟု သိသည်နှင့် စိတ်ချ လက်ချ ကပ္ပကန္ဒရမြစ် ဇီဝမာလီဆိပ်သို့ တိမ်းရှောင်သွားလေသည်။(မဟာဝံသ’ ၂၄၊ ၁-၂၂။)

စစ်ပြေးယင်းလှူရသော ဆွမ်းတနပ်

ဒုဋ္ဌဂါမဏိမင်းသည် ကျွန်ယုံတော် တိဿအမတ်၊ မြင်းတကောင်နှင့်ထွက် ပြေးလာကြရရာ ပင်ပန်းဆာလောင်လှသဖြင့်’

"

ရွှေ

“နောင်တော် တိဿ၊ ကိုယ်တော်မြတ် ယမန်နေ့ကလဲ ပွဲတော် မတည် ရဘူး၊ ဆာလဲဆာလှပြီ၊ ဘယ်လိုလုပ်ကြမလဲ”ဟု မေးလျှင် တိဿ အမတ်က ခွက်ဖြင့် ထည့်ယူလာကော တယောက်စာ ထမင်းတော့ ရှိကြောင်း သံတော်ဦး တင်လျှင် ညီတူညီမျှ လေးပုံ ပုံရန် မိန့်တော်မူ၏။

တိဿ မင်းကြီး…၊ ကျွန်တော်မျိုးတို့ မြင်းနှင့်ပါမှ သုံးဦးတည်းရှိရာ ဘယ် နှယ်ကြောင့် လေးပုံပုံရပါသလဲ။

3C

ဒုဋ္ဌ နောင်တော် တိဿ၊ ကိုယ်တော်မြတ်ဟာ သိတတ်တဲ့အရွယ်ကစပြီး သံဃာတော်အရှင်မြတ်များကို ဆွမ်းဦး မပေးလှူပဲ မစားဖူးဘူး၊
ယနေ့လဲ မလှူရသေးပဲနဲ့တော့ ပွဲတော်မတည်လိုဘူး။

(သို့နှင့် တိဿ အမတ်လည်း လေးပုံ ပုံရ၏။ ပြီးလျှင်–) ... နောင်တော်၊ ပုံပြီးယင်“ဆွမ်းဘုဉ်းပေးချိန်စာန်ပါပြီး အရှင်မြတ်တို့ ဘုရား”လို့ လျှောက်ထား ကြွေးကြော်ပါ။

တိဿ မင်းကြီး…၊ ဒီတောကြီး မျက်မည်းထဲမှာ ဘယ်ကလာ အလှူခံ ပုဂ္ဂိုလ် ရနိုင်ပါ့မလဲ။

ဒုဋ္ဌ ... အို….ဒါ သင်ပူစရာ မရှိပါဖူး။ ပီပီသသ ကြွေးကြော် လျှောက် ထားပါ။ ကိုယ်တော်မြတ် သမ္မာတရားရှိရိုးမှန်လျှင် အလှူခံအရှင် မြတ်များ ရလာမှာပေါ့။

## PAGE 225
<!-- 12 paragraphs, raw extraction -->




တိဿ အမတ်လည်း အသံနေအသံထားဖြင့် သုံးကြိမ်တိုင်တိုင်ကြွေးကြော် လျှောက်ထားလိုက်လျှင်ပင် ပိယင်္ဂုကျွန်းနေ ဗောဓိမာတု မဟာတိဿမထေရ်ကြီး သည် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြားသိတော်မူ၍ အကြောင်းစုံ သိမြင်တော် မူသဖြင့် မင်းကြီးအားချီးမြှောက်ရန် ကောင်းကင်ခရီးဖြင့် ကြွလာတော်မူ၏။

မင်းကြီးလည်း မထေရ်ကြီးတပါး သင်္ကန်းရုံသပိတ်ပိုက်၍ ကြွရောက် အလှူ ခံလေလျှင် “ကဲ…နောင်တော် တိဿ၊ တွေ့တယ်မဟုတ်လား”ဟုဆိုကာ သပိတ်ကို ယူပြီးလျှင် ပို၍သဒ္ဓာတရား . ပေါက်လာသဖြင့် မထေရ်အတွက် ဝေစုကိုသာမက မိမိ ဝေစုကိုပါ လောင်းလှူလိုက်၏။

“အရှင်ဘုရား…၊ ဤကောင်းမှုကြောင့် နောင်သောအခါ စားရေရိက္ခာ အတွက် တစုံတရာသော အနှောင့်အယှက်ကိုမျှမတွေ့ကြုံရပါစေသား”ဟုလျှောက် ၍ ရှိခိုးပြီး ရပ်နေခိုက် တိဿအမတ်လည်း ကြုံခေါင့်ကြုံခဲ ဖြစ်၍ သူ့ ဝေစုကိုပါ လှူလိုက်သည်။

မင်းကြီးသည် လောင်းလှူပြီးကြသောအခါ အနီးရှိ မြင်း(မြည်း)မကြီးကို ကြည့်မိလေရာ မြင်းမကြီးမှာလည်း သူ့ဝေစုကိုပါ လောင်းလှူလိုသော အရိပ် လက္ခဏ၁မြင်ရသဖြင့် ဝေစုအားလုံးကိုပင် လှူလိုက်ကြလေသည်။

မထေရ်ကြီးလည်း ဆွမ်းအလှူခံပြီး ကောင်းကင်ခရီးဖြင့်ပင် ပြန်ကြွလေရာ မိမိနေရာသို့ရောက်လျင် သံဃာတော်တစ်သောင်း နှစ်ထောင်တို့အားလည်း ကပ်လှူ တော်မူရလေ၏။ မင်းကြီးလည်း’

..

“ဆာလိုက်တာ အလွန်ပဲ၊ ဆွမ်းကျန်ကလေးများ ပို ့လိုက်ယင်တော့ ကောင်းမှာပဲ”ဟုစဉ်းစားမိသည်ကို မထေရ်ကြီးသိတော်မူသဖြင့် ဆမ်းစားအပြီး သုံးဦးစာချန်၍ သပိတ်ကိုတန်ခိုးတော်ဖြင့် ကောင်းကင်မှစေလွှတ်တော်မူလိုက်၏။
မင်း အမတ်နှင့် မြင်းမကြီး သုံးဦးသားလည်း ဝလင်အောင်စားကြရလေ၏။

မင်းကြီးသည် သပိတ်ကို ကိုယ်တော်တိုင် ဆေးကြောပြီးနောက် သပိတ် ချည်း မပို ့လိုသဖြင့် တံဘက်ကိုဖြေကာ သပိတ်သုတ်ပဝါအဖြစ် ချည်၍ မထေရ် ကြီး လက်တော်ရောက်အောင် အဓိဋ္ဌာန်၍ မြှောက်လိုက်သည်။ သပိတ်လည်း ကောင်းကင်၌ ပျံတက်သွားကာ မထေရ်ကြီးလက်တော်သို့ ရောက်သွားလေ၏။

[အံ-ဋ္ဌ-၂၊ ၁၀၅-၇’နိဒါနသုတ်အဖွင့်။မဟာဝံသ-၂၄၊၂၄-၃၁ ၌ကား ဒုဋ္ဌဂါမဏိမင်းအား သရဏဂုံသီလပေးသော ပိယဂုံကျွန်းနေ ဂေါတမမည်မသာ ဆရာမထေရ်ကြီး ဒိဗ္ဗ သောတဖြင့် ကြားတော်မူ၍ တပည့် ကုဋမ္မိယတိဿအား ကောင်းကင်ခရီးဖြင့် သွားရောက်အလှူခံ ` စေသည်ဟု ဆို၏။]

## PAGE 226
<!-- 12 paragraphs, raw extraction -->



ဆရာတော် သရဏံ ဂစ္ဆာမိ


ဒုဋ္ဌဂါမဏိသည် ဇီဝမာလီဆိပ်မှ နေပြည်တော် မဟာဂါမသို့ပြန်၍ လူသူ စုရုံးကာ စစ်သည် ခြောက်သောင်းမျှရလျှင် ညီတော် တိဿအား ထိုးစစ်ဆင် ပြန်၏။ ညီတော်သည် ခမည်းတော်နတ်ရွာစံ သင်္ဂြိုဟ်သည့်အချိန်က ခေါ်ဆောင် သွားသော မယ်တော်ဝိဟာရဒေဝီနှင့် ကမ္မူလဆင် အာဇာနည်ကို လက်လွှတ် ရကာ ထွက်ပြေးရ၏။ စစ်သည်လည်း များစွာ ဆုံးရှုံးနစ်နာသွားသည်။

နောင်တော် မင်းကြီးက နောက်ကလိုက်၍ ဖမ်းလေရာ ကျောင်းတိုက် တခုထဲသို့ ပြေးဝင် ပုန်းခိုသွား၏။ မထေရ်ကြီးလည်း မင်းသားအား ခုတင် အောက်သို့ ရုတ်တရက် ထိုးသွင်းထားကာ အပေါ်က သင်္ကန်း လွှမ်းဖုံး ထား လိုက်၏။

ဒုဋ္ဌဂါမဏိ မင်းကြီးလည်း နောက်မှ ထက်ကြပ်မကွာ လိုက်ပါလာရာ မထေရ်ကြီးအား’

66

အရှင်ဘုရား…၊ငမိုက်သားတိဿ ဘယ်မှာပါလဲ”ဟု မေးလျှောက်လျှင်’ “မင်းကြီး…၊တိဿ ငုတင်ပေါ်မှာမရှိပါလား”ဟု လှီးလွှဲဖြေတော်မူရာ (သိလျက်နှင့်ပင် သံဃာတော်ကို လေးစားသောအားဖြင့်) ကျောင်းအပြင်သို့ ထွက်လာခဲ့၏။ သို့ရာတွင် ကျောင်းဝင်းကိုမူ အစောင့်ချထားလိုက်သည်။ မထေရ် ကြီးလည်း ကြာလျှင် လွှတ်ရန်မရှိ၍ တိဿ မင်းသားအား ခုတင်ငယ် တခု၌ လျောင်းအိပ်စေ၍ ရဟန်းတော် အလောင်းချသည့်ဟန်ဖြင့် သင်္ကန်း ဖုံးကာ ရဟန်းငယ်လေးပါးကို ထမ်း၍ ကျောင်းအပြင်သို့ ထုတ်ဆောင်စေ၏။ မင်းကြီး လည်း ထိုအပြုအမူကို သိမြင်တော်မူသဖြင့်

"

“ဟယ်….ငမိုက်သား တိဿ…နင်ဟာ ငါတို့ ဘိုးဘွားအစဉ်အဆက် ကိုး ကွယ်သော သံဃာတော်တို့ရဲ့ ခေါင်းပေါ်ကနေ ထွက်ပြေးတယ်ပေါ့လေ….၊ငါ ဟာ ငါတို့ ကိုးစားရာ သံဃာတော်အရှင်မြတ်တို့ထံက ဗလက္ကာရ လုမယူလိုဘူး။
သင်သာ မသေမချင်း အမျိုးတို့ကိုးကွယ်ရာ သံဃာတော်အရှင်မြတ်တို့ရဲ့ ကျေးဇူး ဂုဏ်ကို အာရုံပြုပါလေ”ဟု ပြောဆိုကာ မယ်တော်နှင့် ကက္ကူလ ဆင်အာဇာနည် ကို ခေါ်ဆောင်ကာ မဟာဂါမသို့ ပြန်လေ၏။

ညီတော် တိဿလည်း ဒီဃဝါပိအရပ်သို့ ထွက်ပြေးကာ မိမိအပြစ်ကို သတိ ရသဖြင့် ဂေါဓဒတ္တတိဿ မထေရ်ကြီးထံ ချဉ်းကပ်၍ သံဃာငါးရာ ပင့်ဆောင်ကာ နောင်တော်အား လာရောက်ဝန်ချ ကန်တော့လေသည်။ (မဟာဝံသ-၂၄။) သိတော် မြင်တော်မူကြသော သံဃာတော်အရှင်မြတ်တို့သည်ပင် တိုင်းပြည် နှင့် သာသနာအတွက် ဘုန်းနှင့်သမ္ဘာ ထက်ကြပ်ပါသော ညီနောင် မင်းသား နှစ်ပါးအား အမျိုးမျိုးကူညီ စောင်မတော် မူကြရလေသည်။

## PAGE 227
<!-- 12 paragraphs, raw extraction -->




စစ်ပွဲပြန်မင်းကြီး နောင်တကြောင့် ကြွလာရသော ပိယင်္ဂုကျွန်းနေ ရဟန္တာ မထေရ်ကြီးများ

အမြဲတမ်း ညီညွတ်နေကြရမည့်သူအချင်းချင်း မသင့်မမြတ်ဖြစ်နေကြသဖြင့် မူလ ရည်ရွယ်ရင်း တိုင်းပြည်နှင့် သာသနာ့ရန်သူဘက်သို့ မျက်နှာမမူနိုင်ပဲ ရှိခဲ့ကြ ရ၏။

ရတနာသုံးပါး ဦးထိပ်ထား၍ ညီနောင်အချင်းချင်းလည်း သင့်မြတ်ကာ သူရဲကောင်းတကျိပ်နှင့် ရဲဘက်စစ်သည် အင်အားလည်း ကောင်းလာ၏။ နှစ် ပေါင်းများစွာ ဂင်္ဂါမြစ်တဘက်ကမ်း၌ အခြေစိုက် ကြီးစိုးနေခဲ့သော မိစ္ဆာဒိဋ္ဌိ ကုလားများကို ဖြိုဖျက်ရန် စီမံကြလေ၏။

မက

"

စစ်ချီမည်ရှိသောအခါ မဟာဂါမနေပြည်တော်ရှိ တိဿ မဟာ ဝိဟာရ ခေါ် ကျောင်းတော်ကြီးသို့ ဦးစွာသွားရောက်၍ သံဃာတော်များကို ရှိခိုး ကန် တော့လေ၏။ ထိုကျောင်းတော်ကြီး၌ကား ရဟန္တာအရှင်မြတ်ကြီးများ ရာထောင် သီတင်းသုံးတော်မူနေကြသည်။ မင်းကြီးသည် သံဃံ မထေရ်ကြီးများအား- “အရှင်မြတ်တို့ဘုရား…၊ဒကာတော်သည် သာသနာတော်ထွန်းပ၍ တိုင်း သားပြည်သူ ရှင်လူ ရဟန်းတို့ချမ်းသာကြစေရန် ဂင်္ဂါမြစ်တဘက်ကမ်းသို့ သွားရ ပါမည်ဘုရား။ ရဟန်းသံဃာတော် အရှင်မြတ်များကို အစဉ်ဖူးမြင်ရခြင်းသည် “သမဏာနဉ္စ”ဒဿန”မင်္ဂလာဖြစ်သည့်အပြင် သူတော်ကောင်းတို့၏ သီလ သမာဓိ ပညာကြောင့် ဘေးရန်အကာအကွယ်လည်း ရနိုင်ပါသည်။ အစဉ်မပြတ် ဖူးမြော် ရ၍ ဒါနကုသိုလ်လည်း မြောက်စေရန် ရဟန်းတော်များကို ဒကာတော်နှင့်အတူ ထည့်ပေးတော်မူကြစေချင်ပါသည် အရှင်ဘုရား”ဟု လျှောက်ထားရာ သံဃ မထေရ်ကြီးများလည်း ရဟန်းငယ်ငါးရာ ခွင့်ပြုတော်မူလိုက်ကြသည်။

မူလကပင် စစ်သည်ပေါင်း ခြောက်သောင်းကျော်ရှိသော မင်းကြီးသည် ဤကဲ့သို့ ရဟန်းတော်များအား ပင့်ဆောင်သည်မှာ လောကရေးရာ သာမန်အကူ အညီ အကာအကွယ်အတွက်မဟုတ်ချေ။ တိုင်းပြည်နှင့် သာသနာအတွက် ရတနာ သုံးပါး ဦးထိပ်ထားခြင်းသာလျှင် ဖြစ်ပေသည်။

မြို့ရွာအသီးသီးကြီးစိုးအုပ်ချုပ်နေသော ကျေးကုလား မင်းပေါင်းပင် ၃၂-ဦး ရှိလေရာ တနှစ်ကျော်ကျော် တမြို့ပြီးတမြို့ ချီတက်သိမ်းပိုက်ရရာ ကျေး မင်းနှင့် ကျေးကုလားပေါင်း အက္ခောဘိဏီ (၂၁၈၇၀၀)မက များပြားစွာ သုတ်သင်ရလေ၏။

စစ်သည်တော်များ ဓားလှံဆေးသော ကန်ကြီးပင် ခြင်းခြင်း နီနေ၍ “ကုလတ္ထဝါပီ”ဟု ထင်ရှားလေသည်။

## PAGE 228
<!-- 16 paragraphs, raw extraction -->


:


သာသနာအတွက် စစ်တိုက်ရခြင်းနှင့် နောင်တ


မင်းကြီး၏စစ်သည်များ အမှတ်သင်္ကေတပင် မထားနိုင်လောက်အောင် များပြားလှသဖြင့် အချင်းချင်းပင် လက်လွန်မိကြရလေ၏။ ထိုအခါ မင်းကြီး သည် အောက်ပါအတိုင်း သစ္စာဆိုတော်မူသည်။

!

ရဇ္ဇ သုခါယ ဝါယာမော၊
နာ’ယံ မမ ကဒါစိပိ။
သမ္ဗုဒ္ဓ သာသနာဝ၊

ဌပနာယ အယံ မမ။ ။(၂၅၊၁၇)

a

“ငါ ယခု စစ်တိုက်ခြင်းသည် မင်းစည်းစိမ်ဟူသော ငါ၏ ကိုယ် ကျိုးစီးပွားရလိုမှုလုံ ့လ ဘယ်အခါမျှ မရှိခဲ့ဖူးပါ။ မြတ်စွာဘုရားရှင့် သာသနာတော် စည်ပင်ပြန့်ပွား၍ သတ္တဝါအများချမ်းသာရန်အလို့ ငှာသာ ဖြစ်ပါသည်။ ဤသစ္စာစကားကြောင့် ငါ၏ စစ်သည်တော် များ ဝတ်ဆင်ထားသော အဝတ်တန်ဆာများသည် မီးအလှူအဝါ ကဲ့သို့ လွန်စွာတောက်ပလျက် အောင်ပွဲရပါစေသတည်း။

"

ဤသို့ သာသနာကိုဦးတိုက်၍ သစ္စာဆိုလိုက်ရာ စစ်သည်တော်များကို မြင်လိုက်ရရုံဖြင့် ရန်သူတို့ ကြောက်ရွံ့ ကြရလေသည်။ နှစ်ဆယ့်ကိုး (၂၉) ကြိမ် စစ်ထိုးရ၏။ (၂)နှစ်ကျော်ကာလ ကြာလေသည်။

ထေရပုံတ္တာဘယစသော ဖွားဖက်တော် သူရဲကောင်းကြီးများနှင့်အတူ တမြို့ပြီးတမြို့သိမ်းပိုက်အောင်မြင်၍ ထီးနန်းဥကင်ဖွင့်သောအခါ များစွာသော လူတို့အား သတ်ဖြတ်ခဲ့ရသည်ကို ဆင်ခြင်စဉ်းစားမိရာ “သာသနာပြုချင်၍ လုပ် သော်လည်း အပါယ်လားမည့်အလုပ်ပင် ဖြစ်လေမည်”ဟု ကုက္ကုစ္စ နောင်တဖြစ် ကာ အိပ်စက်၍ မရလေ။

ထိုအကြောင်းကို ပိယင်္ဂုကျွန်းနေ အဘိညာဉ်ရ ရဟန္တာမထေရ်ကြီးများ သိမြင်တော်မူကြသဖြင့် မင်းကြီးအား တရားဓမ္မပြရန် ရဟန္တာမထေရ်ကြီးရှစ်ပါး ကို နန်းဆောင်သို့ လွှတ်တော်မူကြလေသည်။ မင်းကြီးက အကျိုးအကြောင်း မေးလျှောက်ရာ တရားဟောရန်လာသည်ဆို၍ မိမိ၏နောင်တဖြစ်ပုံကို လျှောက် လျှင်-

“ဒကာတော်မင်းကြီး…၊ ကျေးစစ်သည် မိစ္ဆာဒိဋ္ဌိတို့ကို သတ်ဖြတ်ရသော အကုသိုလ်ကံသည် နတ်ရွာသုခကို မရအောင်လည်း မတားနိုင်။မဂ်ဖိုလ်နိဗ္ဗာန်ရရန်

## PAGE 229
<!-- 11 paragraphs, raw extraction -->




အနှောင့်အယှက်လည်းမဖြစ်။ သေကြရသော စစ်သည်များတွင် လူတယောက် နှင့်တပိုင်းသာ သတ်မိသည်။ ကျန်သမျှမှာ မိစ္ဆာချည်းဖြစ်၍ သားနွားသတ်သော အပြစ်မျိုးမျှသာ ရှိပေ၏။ (ငါးပါးသီလတည်သူတဦးနှင့် သရဏဂုံတည်သူတဦး ဟု ဆိုလိုသည်။)”ဟု မိန့်တော်မူကြသည်။

ကုက္ကုစ္စစိတ် (နောင်တ)ကို ဖြေဖျောက်၍ စိတ်ချမ်းချမ်းသာသာဖြင့် သာ သနာပြုရန်ကိုသာ မိန့်မှာပြီး ပြန်ကြွတော် မူကြ၏။

ဒုဌဂါမဏိမင်းကြီး၏ ငရုတ်သီးတတောင့်

မင်းကြီးလည်း မိမိဘဝတလျှောက်၌ နတ်ရွာစံ ခမည်းတော်ကြီး ထမင်းခွံ့ မင်္ဂလာလုပ်ပေးသော အချိန်မှစ၍ တဖွဖွ ဆုံးမတော်မူခဲ့သည့်အတိုင်း သံဃာ တော်အား အဦးအဖျား မလှူမတန်းပဲ တစုံတရာ စားသုံးခဲ့ဖူးခြင်း ရှိမရှိ ဆင်ခြင် စဉ်းစား၍ နေမိ၏။

စဉ်းစားသောအခါ စစ်တိုက်ရစဉ်က တခုသော နံနက်စာစားစဉ် သံဃာ တော်အား မပေးလှူပဲ ငရုတ်သီးတတောင့် စားမိခဲ့ဖူးသည်ကို . သတိရလေရာ မိမိကိုယ်ကို ဒဏ်ခတ်သောအားဖြင့် ထိုနေရာ၌ (လုံးပတ်-၅၆၀၊ အမြင့် ၆ဝ-ပေရှိ ငရုတ်သီးတတောင့်စေတီ (မရီစဝဋ်)နှင့် ကျောင်းအရံကို ဦးဦးဖျား ဖျား သာသနာအတွက် အသပြာ တဆယ့်ကိုးကုဋေ စွန့်ကြဲ လှူဒါန်းလေ၏။
[သုတ္တနိ-ဋ္ဌ-၁၊ ၆၃။ အပ-ဋ္ဌ-၁၊ ၁၇၄။ စူဠနိ-ဋ္ဌ၊ ၁၀ ၃-နှင့် မဟာဝံသ-၂ ၅- အခန်း။ ရတနာတန်ဖိုး မပါသေး။ ထိုကျောင်း ရေစက်ချပွဲ ဗြာဟ္မဏတိဿပြည် ပျက်ဘေးကြီးအကြောင်း၌ ပြမည်။]

ရာထူးမယူလိုသော ထေရပုတ္တာဘယံ

ဒုဋ္ဌဂါမဏိ မင်းကြီးသည် သာသနာတော် ၃၈၃-ခုနှစ်တွင် သီဟိုဠ်ကျွန်း မြောက်ပိုင်း … အနုရာဓ နေပြည်တော်၌ နန်းစိုက်ကာ ရာဇဘိသေက သဘင် ဆင် ယင်၍ သီဟိုဠ်တကျွန်းလုံး၏ ဧကရာဇ်ဘုရင် ဖြစ်တော်မူ၏။

ထီးနန်းဥကင်၌ ညီလာခံသဘင် စတင်သောနေ့မှာပင် ဒုဋ္ဌဂါမဏိမင်း ဘရားကြီးသည် တိုင်းပြည်နှင့် သာသနာတော်အတွက် သက်စွန့်ကြိုးပမ်း အတူ တကွ ထမ်းဆောင်ခဲ့ကြသော သူရဲကောင်း စစ်သူကြီးများအား ဆုတော်လာဘ် တော်များ ချတော်မူ၏။ မြို့စားရွာစား ပေးသနားကာ မှူးကြီးမတ်ရာ သေနာ

## PAGE 230
<!-- 12 paragraphs, raw extraction -->




ပတိစသော ရာထူး ဌာနန္တရများကို အသီးအသီး ခွဲဝေမြှောက်စားတော် မူ လေသည်။

အသီးအသီး ဝမ်းမြောက်ဝမ်းသာ ရာထူးဌာနန္တရများ ခံယူကြသော် လည်း ဘုန်းကြီးသား ကိုရင်လူထွက်ဖြစ်သူ ထေရပုတ္တာဘယခေါ် အဘယစစ်သူ ကြီးကား ပေးသောရာထူးကို ငြင်းပယ်လိုက်သဖြင့် မင်းကြီးနှင့်တကွ အားလုံး အံ့ဩကြလေ၏။

မင်းကြီး အမောင် အဘယ... တိုင်းပြည်နှင့် သာသနာအတွက် အသက် ကိုပင် စွန့်ပြီး ဆောင်ရွက်ခဲ့ကြရာ သာသနာပြုရမယ့်အခါ ချမ်း သာစွာ နေရမယ့်အချိန်မျိုးမှာမှ ဘာ့ကြောင့် ပေးတဲ့ရာထူးကို ငြင်းပယ်ရသလဲ။

အဘယ မှန်လှပါ အရှင်မင်းကြီး..၊ ကျွန်တော်မျိုးကြီးမှာ စစ်တိုက်ရန် ကျန်ရှိနေသေးလို့ပါ။

မင်းကြီး အလို...ဘယ်လိုသံတော်ဦး တင်လိုက်တာလဲ အဘယ...၊ မောင် မင်းနှင့်တကွ ငါကိုယ်တော်အရှင်မြတ်များ တိုင်းပြည်နှင့်သာသနာ ကို ဖျက်ဆီးနေတဲ့ မိစ္ဆာဒိဋ္ဌိ ရန်သူများကို အောင်မြင်လို့ ယခုအခါ ငါကိုယ်တော် အရှင်မြတ်သည်ပင်လျှင် တကျွန်းလုံးရဲ့ ဧကရာဇ် ဘုရင် ဖြစ်နေမှကော၊ ဘယ်ရန်သူတွေ ကျန်ရှိနေသေးလို့ ဘယ် . လိုများ တိုက်ပွဲဝင်စရာ ရှိသေးလိုလဲ။

အဘယ မှန်လှပါ အရှင်မင်းကြီး…၊ တိုင်းပြည်နှင့် သာသနာ့ရန်၊ အရှင် မင်းကြီးရဲ့ အန္တရာယ်မှန်သမျှ အမြစ်မကျန် သုတ်သင်ခဲ့ရပါပြီ။
အလွန်တရာ အောင်နိုင်ခဲသော ကိလေသာ အတွင်းရန်သူများနှင့် စစ်တိုက်ဖို့ ရှိနေပါသေးတယ်။ ကိလေသာရန်သူနှင့် စစ်မူခြင်းကို ခွင့်လွှတ်တော်မူပါ။

ညီလာခံ သဘင်တွင် မင်းကြီးနှင့်တကွတအံ့တသြဖြစ်ကြရလေ၏။မင်းကြီး မှာ မငြင်းမဆန်သာ ကျေနပ်ဖွယ်ရာလည်းဖြစ်နေသဖြင့် ရုတ်တရက် စကားမဆို သာရှိလေ၏။ သို့ရာတွင် သေဖော် သေဖက် ကျေးဇူးရှင်တဦး ဖြစ်နေ၍လည်း ရုတ်တရက်ခွင့်မပြုလို။ အကြိမ်ကြိမ်တားတော်မူ၏။ အဘယလည်း အကြိမ်ကြိမ် ခွင့်တောင်းကာ နောက်ဆုံးတွင် ခွင့်ပြုချက်ရသဖြင့် နှစ်ကြိမ်မြောက် သာသနာ့ ဘောင်သို့ ဝင်တော်မူ၏။

သက်ရွယ်တော် နှစ်ဆယ်ကျော်ရုံမျှသာရှိသေး၍ ဒ..ယမထေရ်အတွက် ကိလေသာစစ်ပွဲသည် အခက်ခဲမရှိ အောင်ပွဲရတော်မူလေသည် ရဟန်းပြု၍ မကြာ

•

## PAGE 231
<!-- 12 paragraphs, raw extraction -->

·




မီပင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်တော်မူ၍ နောက်ပါ ရဟန်း ငါးရာ ပင် ခြံရံလျက်အရဟတ္တဖိုလ်ထီးဖြူဖွင့်ကာ အမြင့်မြတ်ဆုံးသော သည်ပိုးခြင်းဖြင့် သတ္တဝါတို့၏ အကျိုးကို သည်ပိုးတော်မူလေ၏။

ထိုအကြောင်းကို မင်းကြီးကြားသိရသောအခါ “ငါတို့စစ်တိုက်သောအမှု သည် နတ်ရွာ မဂ်ဖိုလ်နိဗ္ဗာန်၏ အန္တရာယ်မဖြစ်ဟု မိန့်တော်မူကြသည်မှာ မှန်လှ ပါပေစွ”ဟု အားရရွှင်မြူးကြည်နူးဝမ်းမြောက်တော်မူလေ၏။ (မဟာဝံသ-၂၆၊
၁-၅။မဓုရ ရသဝါဟိနီ။)

ဒုဋ္ဌဂါမဏိကုသိုလ်တော် ကုဋေတထောင်ကျော်

ဒုဋ္ဌဂါမဏိ မင်းတရားကြီးလည်း ကလေးငယ်ဘဝမှစ၍ မိဘ၏စကား, သူတော်ကောင်းများ၏ မေတ္တာကို ခံယူတော်မူရသဖြင့် အထိကရ သာသန အဆောက်အအုံကြီးများကို တခုပြီးတခု တည်ထားကာ နန်းစံ ၂၄-နှစ် လုံးလုံး သာသနာပြုတော်မူလေ၏။

ကုသိုလ်တော်အရပ်ရပ်အတွက် ကိန်းဂဏန်းတပ်၍ရသော ကုသိုလ်ကာင်းမှု (ဒါတဗ္ဗဝတ္ထု)အစုစုကား ငွေအသပြာချည်းသက်သက် ကုဋေပေါင်းတထောင်နှင့် လေးဆယ့်ကိုးကုဋေဖြစ်၏။တန်ဖိုးမဖြတ်နိုင်သောရတနာအလှူနှင့် မှတ်တမ်း မတင် သော နိစ္စဗဒ်အလှူများ မပါသေးချေ။

လောဟပါသာဒ ကြေးပြာသာဒ်ကြီး

သာသနာတော်နှစ်၂၃ ၆-ခုနှစ် နန်းတက်သော ဒေ၀ါနံပိယတိဿမင်းကြီး သည် အရှင်မဟိန္ဒ မထေရ်ကြီး၏ ဗျာဒိတ်စကားများကို နန်းစဉ် မှတ်တမ်း၌ ရေးသား၍ သံသေတ္တာ၌ သိမ်းဆည်းထား၏။ ဒုဋ္ဌဂါမဏိမင်းကြီးသည် ထိုသံ သေတ္တာကို ဖွင့်ကြည့်သောအခါ မိမိအမည်နာမနှင့်တကွ သာသနာတော်အတွက် ဆောင်ရွက်ရမည့်ကုသိုလ်တော်စာရင်းများကို ဖတ်ရှုရသဖြင့် အတိုင်းမသိ ဝမ်း သာတော်မူလေသည်။

ထိုတွင် ဒေဝါနံပိယတိဿ မင်းကြီး၏ ကောင်းမှုတော် မဟာဝိဟာရ ကျောင်းတိုက်တော်ကြီးအတွင်း၌ သံတောင်၁၂၀-ရှိ မဟာစေတီကြီး တည်မည့် အကြောင်း၊ ဘုံကိုးဆင့်၊တဆင့်တဆင့်လျှင် စုလစ်မွန်ချွန် အဆောင်တရာစီ ပါ၍ အလျား အနံ အမြင့် သံတောင်တရာစီရှိသော ကြေးအုတ်ကြွပ်မိုး ပြာသာဒ်ကြီး

## PAGE 232
<!-- 11 paragraphs, raw extraction -->



၁ဂ ၉

(လောဟပါသာဒ) ဆောက်လှူမည့် အကြောင်းများကို ဖတ်ရှုရလေရာ မဟာ ဝိဟာရ ရဟန္တာအရှင်မြတ်ကြီးအား လျှောက်ထား၍ ဦးစွာ ကြေးပြာသာဒ်ကြီး ကို ဆောက်လုပ်စေလေသည်။

ပြာသာဒ်ကြီးပုံစံကို ရဟန္တာအရှင်မြတ်များ နတ်ပြည်ကြွရောက်၍ ကူးယူ ခဲ့သော ဘရဏီနတ်သမီး၏ဗိမာန်နှင့်အတူ ရတနာမျိုးစုံ ခြယ်လှယ်၍ ဆောက် လုပ်၏။ လေးဘက်မျက်နှာစာ၊လေးဘက်တံခါးမုခ်၊ မဟာရံတံတိုင်း၊အရှေ့ဘက်၌ အမ္ဗလဋ္ဌိကအဆောင်၊အနောက်ဘက်၌ ပဉ္စနိကာယမဏ္ဍလ အဆောင်များ၊ ခင်းနှီး ကမ္ဗလာ ရတနာ အသုံးအဆောင်များဖြင့် ခမ်းနားကြီးကျယ်စွာ ဆောက်လှု လေသည်။

ဘုံ ၉-ဆင့်တွင် ပထမထပ်၌ ပုထုဇဉ် ရဟန်းတော်များ၊ ဒုတိယထပ်၌ ပိဋကသုံးပုံဆောင် ရဟန်းတော်များ၊ တတိယထပ်၌ သောတာပန်၊ စတုတ္ထ သက ဒါဂမ်၊ ပဉ္စမ အနာဂါမ်၊ ဆဋ္ဌ သတ္တမ, အဋ္ဌမ, နဝမ လေးထပ်တို့၌ ရဟန္တာ အရှင်မြတ်များ အသီးအသီး သီတင်းသုံးတော်မူကြလေသည်။(မဟာဝံသ-၂၇၊
၄၄-၅။)

တန်ဖိုးမဖြတ်နိုင်သော ကျောက်မျက်ရတနာများ မပါ အသပြာငွေ သက် သက်ပင် ကုဋေသုံးဆယ် ကုန်ကျ၏။

သုဝဏ္ဏမာလီ (ဟေမမာလီ)မဟာစေတီကြီ

မင်းကြီးသည် တန်ဖိုးအနဂ္ဃထိုက်သော ကြေးပြာသာဒ်ကြီး အပြီးတွင် သံတောင်-၁၂ဝ (ထီးတော်နှင့်တကွ ၁၃၇၊ ဘိနပ် အကျယ်သံတောင် - ၆ ၆ ၆ နှင့် ၂-မိုက်၊
အချင်း ၂၂၂-တောင် ၄-လက်မ)ရှိ မဟာစေတီကြီးကို ဆက်၍ တည်ရန် စံနန်းဘော်၌ လျောင်းနေစဉ် စိတ်ကူးဖြင့် စီစဉ်ကြည့်နေမိ၏။

တိုင်းပြည်တွင်လည်း, နှစ်နှစ်ကျော်ကျော် စစ်ဖြစ်ရ၍ တိုင်းသူပြည်သား များ ရှိရှားနွမ်းပါးသည်ကိုလည်း သိမြင်တော်မူပြီးဖြစ်၍ အခွန်အတုတ်လည်း မကောက်ယူလို၊ လုပ်အားဖြင့်လည်း မညှဉ်းဆဲလို၊ သို့နှင့် ဦးစွာ အုတ်ရရှိဖို အရေးကိုပင် တရားသဖြင့် ပြည့်စုံပြီးမြောက်အောင် မည်သို့ စီမံရမည်မသိ ဖြစ် နေလေ၏။ တိုင်းပြည်၌ ငွေကြေးရော လုပ်အားပါ ပင်ပန်းပြီးခါစ ဖြစ်နေသည်။

ထိုသို့ ကြံစည်နေသည်ကို နန်းပြဿဒ်ရှိ ထီးချက်စောင့် နတ်သမီး သိ၍ သိကြားမင်းထံ သတင်းပို ့လိုက်၏။ နောက်တရက် နံနက်တွင် အနုရာဓမြို့တော်နှင့် တယူဇနာ (ရှစ်မိုင်)ဝေးသော ဂမ္ဘီရမြစ်အနီး၌ ဖုတ်လုပ်ပြီး အုတ်များကို တွေ့

## PAGE 233
<!-- 16 paragraphs, raw extraction -->




ရှိရကြောင်း တောလိုက်မုဆိုးတဦး လာရောက် သံတော်ဦးတင်သည်ကို ဆုတော် ချလိုက်လေသည်။

တဖန် အနုရာဓ ပတ်ဝန်းကျင် သုံးလေးယူဇနာရှိ အာစာရပိဋ္ဌိ၊ တမ္မပိဋ္ဌ၊
သုမနဝါပိ စသောရွာများမှ ပတ္တမြား, ပုလဲ, လှုံခဲ, ကြေးနီ, ရွှေချောင်းများ လှည်းအစီးပေါင်း များစွာဖြင့် တိုက်ယူလောက်အောင် မရှေးမနှောင်း အသီး အသီး တွေ့ရှိသူများ သတင်းပို ့လာကြလေသည်။ ဆုတော်များ ချတော်မူ

လေ၏။

စေတီ တည်ရန် အုတ်မှအစ ရတနာများ ရလာပုံမှာ အံ့ဩလောက် သကဲ့သို့ ကိုးကွယ် ဌပနာရန် ဓာတ်တော် မွေတော်များ နဂါးပြည်စသည်မှ ရလာသည်မှာလည်း မဖြစ်ဖူးမြဲ ထူးကဲလှပေသည်။

သာသနာဦးတိုက်သော ဒါန၏ နောက်ဝယ်

ထိုကိစ္စမျိုးတွင် တမင်ချဲ့ထွင်၍ ဂုဏ်ဘင်ရေးသည်ဟု အသိဉာဏ် နည်း သူတို့ ထင်ဖွယ်ရှိပေသည်။ သိနိုင်ရန် အခြေခံအင်အားကို မွေးမြူကြရာ၏။

"

သာသနံ ပုညဝန္တဿ၊
ပုညဝန္တာဝ လဗ္ဘရေ။
နာပ္ပပုညာ ကရဟစိ၊
ပတု မဝိသဟ၁။ ။

“ဘုန်းကံနည်းသူတို့သည် သာသနာတော်ကို အနည်းငယ်မျှပင် ချီး မြှောက်ခွင့် မရကြကုန်။ ဘုန်းကံ ရှိသူတို့သာလျှင် ရနိုင်ကုန်၏။ အဘယ် ကြောင့် ဆိုသော် သာသနာ တော်သည် အတုမရှိ ဘုန်းကံ ကြီးမားတော် မူသော ဘုရားရှင်၏ သာသနာ ဖြစ်သောကြောင့်တည်း။”

"

“ကမ္မဝိပါကော အစိန္တေယျော” ဟူသော ဒေသနာအရ … အရာကို ကြံဆ၍ မရစကောင်းချေ။ကိုယ်တွေ့ပညာဖြင့် လက်မခံနိုင်သေးသော်ရှိစေ၊ ဘုရား အစရှိသော သူတော်ကောင်းကြီးများအား ယုံကြည်သောအားဖြင့် (သဒ္ဓာဖြင့်) အနည်းဆုံး လက်ခံနိုင်အောင် စိတ်ကိုဖြောင့်မတ်စေသင့်၏။

သာသနာတော်အားဦးတိုက်၍ကိုယ်ကျိုးမဖက်မျှော်လင့်ချက်မပါသော

ဒါနသီလများတွင် နောက်ပိုင်း၌ ငုပ်ကွယ်နေသည့် မမြင်ရသော အင်အားများ များစွာရှိနေတတ်လေသည်။ အမြွက်မျှ ဆိုပါဦးအံ့။

## PAGE 234
<!-- 10 paragraphs, raw extraction -->




အနာထပိဏ်သဌေးကြီး ဇေတဝန်ကျောင်းဆောက်လှူရာ ၅၄-ကုဋေ ကုန် ကျ၏။ နေ့စဉ် သံဃာ့ ဝေယျာဝစ္စအတွက်လည်း များစွာကုန်ကျ၊ ရောင်းပန်း ဝယ်ပန်းလည်းမလှ၍ ကာလမကြာမီ စီးပွားရေးချိုင့်လာ၏။ အမွှေဓာတ်ဝင် လာခြင်းပင် ဖြစ်သည်။ နောက်မိစ္ဆာဒိဋ္ဌိ အိမ်တံခါးစောင့်နတ်အား အလှူဒါန ပိတ်ပင်စကားပြောလှာ၍ နှင်ထုတ်လိုက်ရာ ထိုနတ်သည်သိကြားမင်းထံ ပြန်နေခွင့် ရှရန်အသနားခံ၏။ သိကြားမင်းက သဌေးကြီးမှာ ဆုံးရှုံးသွားသော ရတနာ များကိုပြန်ရအောင် အလုပ်ခိုင်းလေ၏။ (ဒါနစေတနာ=ကံစီမံပုံကို သတိပြုပါ။)

ကုန်သည်များ ချေးငှားယူထားပြီး မဆပ်ပဲနေသော ၁၈-ကုဋေ၊ အစီရ ဝတီမြစ်ကမ်း၌ မြှုပ်ထားရာ ရေစားကမ်းပြို၍ ပင်လယ်ထဲ မျောပါသွားသော ၁ဂ-ကုဋေ၊ မည်သူမျှမပိုင်ဆိုင်သော အခြားတနေရာရှိ ၁ဂ-ကုဋေ၊ စုစုပေါင်း ၅၄-ကုဋေကို ထိုမိစ္ဆာဒိဋ္ဌိနတ်ကပင် ယူငင်၍ အခေါင်းချည်းသာ ဖြစ်နေသော သဌေးကြီး၏ ဘဏ္ဍာကျီကြများတွင် ထည့်သွင်းပေးရဖူးလေသည်။ (ဧကနိ ပါတ်-ခဒိရင်္ဂါရဇာတ်၊ဇာ-ဋ္ဌ-၁၊၂၄၃။)

မြတ်စွာဘုရားသာသနာ၌ ဒါနလောက်ကိုပင် ကျေလည် သဘောပေါက် ရန် မလွယ်ကူပါချေ။

သာသနာတော်အတွက် အစစ်အမှန် သုံးစွဲလိုသူများအဖို့ ရတနာတို့သည် အသင့်ရှိနေကြကုန်၏။ နားကင်းကြီးနှင့်လာ၍ ပေးလှာမည်ကား မဟုတ်။ ရယူ နိုင်သော အင်အားကိုထူထောင်ကြရန်သာ ရှိပေသည်။ ပိတ်ချင်းသီးနှင့် ထွန် ချေးခဲတို့ကိုပင် ရွှေဖြစ်စေနိုင်သောနည်းသည် ဤသာသနာတော်၌ အမှန်ပင်ရှိနေ လေသည်။

တစ်တောင်ရေနေရှိသော ရေတွင်းမှရေကို နှမြော၍မသုံးမစား မဝမငှ လျှင်လည်းရေတစ်တောင်သာရှိ၏။ သုံးစားဝေငှလျှင်လည်းတစ်တောင်က လျော့ သွားသည် မရှိချေ။

ဘုရားသောက်တော်ရေတခွက်လောက်ကိုပင် စောက်ကျ အံကျ မလှူ ဖူးသဖြင့် ဆီတစ်ကျပ်သားလောက်ကိုပင်အောင်စ ဝင်ပုလင်းကလေးဖြင့် လီ၍လီ၍ ဝယ်ယူသုံးစွဲနေရသူများ ယုံကြည်အောင် ပြောပြရန်မှာ ခက်ခဲလှပါ၏။
ကွင်းဆက်ထွေ အများကြီး ကျော်လွန်နေလေပြီ။

ထိုလူစားမျိုးကပင် ဆန်၊ ဆီ၊ ဆား မကြားရ၊ မမြင်ရ၊ မသုံးစားရသော ဘဝမျိုးသို့ပင် ဦးတည်နေသော ကျူးလွန်ပြစ်မှားစကားမျိုးကို နှုတ်ထွက်ရဲတတ် ကြပြန်လေ၏။

## PAGE 235
<!-- 12 paragraphs, raw extraction -->




သထုံပြည်မှ ရဟန္တာကိုးသောင်း

မဟာဝံသ၌ ဒုဋ္ဌဂါမဏိမင်းကြီး၏ မဟာစေတီတည်ခန်းသည် အံ့ဩဖွယ်, အားကျဖွယ် ကောင်းလှ၏။

ဘုန်းကံ၏ အဓိပ္ပာယ်ကို ဖွင့်ဆို ဖော်ပြရန် သာဓကဝတ္ထုကြီးတပုဒ် ဖြစ် တော့သည်။

သိကြား နတ် ဗြဟ္မာ အထူးသဖြင့် အရိယာ သူတော်ကောင်းကြီးများ ကိုယ်တော်တိုင် တန်ခိုးကို အသုံးပြုကာ ရတနာသိုက်များကို ဖော်ညွှန်ပေးခြင်း၊
နဂါးပြည်ရှိ ဓာတ်တော် မွေတော်များကို ပင့်ဆောင်ပေးခြင်း၊ မာရ်နတ်ရန်ကို ဟန့်တားပေးခြင်း၊ ဘုရားဖူးပရိသတ်များ မိုးလေမမိအောင် လုပ်ဆောင်ပေးခြင်း စသည်ဖြင့် အားကျကြည်ညိုဖွယ် ရှိလှပေသည်။

သာသနာတော်နှစ် ၃၇၂-ခုနှစ် ပန္နက်ချသည့်အချိန်ကစ၍ အပြည်ပြည်ရှိ (တကမ္ဘာလုံးရှိ) အရိယာ သူတော်ကောင်းကြီးများ ကောင်းကင်ခရီးဖြင့် ကြွလာ ချီးမြှောက်တော်မူကြရာ ၉ ၆-ကုဋေရှိယည်ဟု ဆိုပေသည်။
ထူးခြားသည်မှာ’

သထုံပြည် ကေလာသ ကျောင်းတိုက်ကြီးမှ သူရိယဂုတ္တ မထေရ်ကြီး ဦးဆောင်ကာ ကိုးသောင်း ခြောက်ထောင်သော ရဟန္တာ အရှင်မြတ်ကြီးများ ကောင်းကင်မှ ကြွရောက်တော်မူကြသည်ကို တွေ့ရပေသည်။ (မဟာဝံသ-၂ ၉၊ ၄ ၃ နှင့် သီဟိုဠ်ရေး ဗုဒ္ဓသမိုင်း။)

မဟာစေတီနှင့် စပ်၍ အဆင့်ဆင့်သော ပူဇော်ပွဲများ၌ ကျွတ်တမ်းဝင်သူ အပေါင်းမှာလည်း ထောင်ပေါင်းများစွာ ရှိကြလေ၏။

ဒုဋ္ဌဂါမဏိ မင်းတရားကြီးသည်ကျောင်းတိုက်ကြီးပေါင်း ၉ ၉-တိုက်လည်း တည်လှူတော်မူခဲ့၏။ (မဟာဝံ-၃၂၊ ၂၆-ဂ။) ထိုသို့ တိုင်းပြည်နှင့် သာသနာ အတွက် ရက်ရက်ရောရော စွန့်စွန့်စားစားဆောင်ရွက်တော်မူနိုင်ခဲ့သဖြင့် နိကာယ် အဋ္ဌကထာကြီးများ(ဒီ-ဋ္ဌ-၂၊ ၂၃၃-စသည်)၌ မကြာခဏ ဂုဏ်တင်ဖော်ပြခဲ့ ရသည်။ အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာများမပေါ်မီ မဟာအဋ္ဌကထာ စသော ရှေးအဋ္ဌကထာဆရာကြီးတို့လည်း ဖော်ပြဂုဏ်ပြုတော်မူခဲ့ကြရလေသည်။

(ထိုခေတ်၌ အထူး တန်ခိုးကြီးတော်မူကြသော ဣန္ဒဂုတ္တ, သောဏုတ္တရ, ပိယဒဿီစသောရဟန္တာ အရှင်မြတ်ကြီးများ တန်ခိုးဖြင့် ကူညီ စောင့်ရှောက်ပုံ . များကို မဟာဝံသ၌ အသေးစိတ်ရှုပါကုန်။)

## PAGE 236
<!-- 11 paragraphs, raw extraction -->



ထေရပုတ္တာဘယနှင့် သာသနဒါယကာ၏ နောက်ဆုံးနေ့


သံတောင် တစ်ရာ့နှစ်ဆယ် ရှိသော မဟာစေတီကြီးကား အုတ်ရိုးစီ၍ ပြီးသွား၏။ အင်္ဂတေ မလိမ်းကျံရသေး။ ထီးတော်မတင်နိုင်သေး။

သာသနဒါယကာ ဒုဋ္ဌဂါမဏိ မင်းတရားကြီးမှာ သလွန်တော်မှ မထ မပြောင်းနိုင်အောင် ရောဂါဖိစီးလာ၏။ ညီတော် သဒ္ဓာတိဿအား ဆက်လက် ဆောင်ရွက်ရန်သာ မှာကြားဘော်မူသည်။

ညီတော်လည်း ထိုရောဂါမှ လွန်မြောက်ရန် မမြင်တော့သဖြင့် နတ်ရွာ စံခါနီး ကြည်ညိုသွားနိုင်ရန် အင်္ဂတေ,ရွှေထီးအစား ပန်းချီသမားများ အပ် ချုပ်သမားများကို ခေါ်၍ အဝတ် အထည် သစ်များ ဖုံးအုပ် ခြယ်သ, စေကာ စေတီတော်ကြီးအား ရှက်ပိုင်းမျှဖြင့် ပြီးစီးအောင် ယာယီထည်အဖြစ် ပြင်ဆင် မွမ်းမံလိုက်လေသည်။ မင်းကြီးအားလည်း မဟာစေတီကြီး ပြီးပြေကြောင်း ပြောဆိုလေ၏။

မင်းကြီးအားလည်း ထမ်းစင်သလွန်တော်ပေါ်၌ လဲလျောင်း လိုက်ပါ စေ၍ မဟာစေတီဖူးမြော်ရန် ပို့ကြရသည်။

ညီတော်နှင့် မှူးမတ်များလည်း နောက်မှလိုက်ပါလျက် စေတီကြီးအား လက်ျာရစ်သုံးပတ်လှည့်၍ မင်းကြီးကို ပင့်ဆောင်ကြရာ မင်းကြီးလည်း သလွန် တောင်ပေါ်၌ လဲလျောင်းလျက်က လက်အုပ်ချီ၍ ဖူးမြော်ယင်း လိုက်ပါခဲ့ လေသည်။

တောင်ဘက်မုခ်မြေပြင်၌ သလွန်တော်ကို ချပေးကြရာ လက်ယာဘက်ဖြင့် လျောင်းယင်း အာရုံပြုတော်မူ၏။ စေတီကြီးကား ပကတိ ထုံးသင်္ကန်းရောင်, ရွှေရောင်ထက်ပင် ကြည်ညိုဖွယ်ဆောင်နေရာဖူး၍မဝအောင် ရှိလေ၏။ အတန် ကြာလျှင် လက်ဝဲဘက်သို့ ပြောင်းလှည့်ပေးကြရ၏။ (အရှေ့တောင်ဘက် သုံးဖာလုံ ခန့်သာ ဝေးကွာသော) လောဟပါသာဒ ကြေးပြာသာဒ်ကြီးဆီသို့ လှမ်းမျှော် ကြည်ညို နေပြန်လေသည်။

စေတီ ရင်ပြင်တော် လေးဘက် လေးမုခ်လုံး အပြည်ပြည်မှ ရဟန္တာ မထေရ်ကြီးများ ၉ ၆-ကုဋေ ရင်ပြင်အပြည့် စုဝေး ချီးမြှောက်တော်မူလာကြ၏။
မင်းကြီးအား ရည်မှတ်၍ တရားကျမ်းဂန်များ အစုလိုက် အဖွဲ့လိုက် ရွတ်ဖတ်ပေး တော် မူနေကြလေသည်။

## PAGE 237
<!-- 15 paragraphs, raw extraction -->




မင်းကြီးကား တိုင်းပြု ပြည်ပြု သာသနာပြုဘက် ရဲဘက်တော်ကြီးတဦး ဖြစ်ခဲ့သူ ထေရပုတ္တာဘယကို ရုတ်တရက် သတိရလာတော်မူ၏။ ဟိုဟိုဒီဒီ စူးစမ်း ကြည့်ရှုဘော်မူရာ မတွေ့ရသဖြင့် -စိတ်မချမ်းမသာ ရှိရလေသည်။

ထေရ ပုတ္တာဘယ ရဟန္တာအရှင်မြတ်ကြီးကား ကရိန္ဒမြစ်ညာ ပဉ္စလိ တောင်၌ရဟန္တာငါးရာ ခြံရံလျက် နေတော်မူခိုက် ဖြစ်၏။

“အင်း...အဘယဟာ ၂ ၉-ကြိမ်တိုင်တိုင် ကျေးကုလားများနဲ့ စစ်တိုက် ရတုန်းကတော့ ငါကိုယ်တော်မြတ်နိုင်မှာကို သိလို့ ရဲဘက်တော် အဖော်တယောက် ဖြစ်ခဲ့ပေတယ်။ ယခု သေမင်းနှင့် စစ်တိုက်ရာမှာ ငါကိုယ်တော် . ကျရှုံးမှာမြင်လို့ မလာတာဖြစ်မှာပဲ”

တော့ပေ။

မင်းကြီးမှာ မျက်ရည်များ ဝေ့၍ပင်နေရှာ၏။ ဘုရားအာရုံပင် မဝင်နိုင်

“ထေရပုတ္တာဘယ”ခေါ် အဘယမထေရ်လည်း မင်းကြီး၏ စိတ်အကြံကို သိတော်မူသဖြင့် နောက်ပါရဟန္တာငါးရာခြံရံ၍ ကောင်းကင် ခရီးဖြင့် မင်းကြီး အနီးသို့ ကြွလာတော်မူ၏။ မင်းကြီးလည်း အားတက် ဝမ်းမြောက်သွားကာ… မင်းကြီး အရှင်ဘုရား…..အဘယ…၊ ရှေးတုန်းကတော့ တိုင်းပြည်နှင့် သာ သနာ့ ရန်သူကို အရှင်ဘုရားတို့နှင့်အတူ တိုက်လို့ နိုင်ခဲ့ပါတယ်။
ခုတော့ …သေမင်းကို တပည့်တော် တယောက်တည်းတိုက်နေရပြီ။
ဒီတချီမှာတော့ တပည့်တော်ရှုံးရပါဘော့မယ်။
ဒကာတော်မင်းကြီး...၊ အားမလျှော့ပါနှင့်

အဘယ

ကြောက်စ

ပါဘူး၊ ကိလေသာရန်ကို မအောင်သေးယင် သေမင်းရန်ကို အောင်တယ်မဆိုရဘူး။ ရုပ်နာမ်တရားတွေ ဆိုတာမလဲ အမြဲ ဖြစ် ပျက် သေပျောက်နေကြတာ ဓမ္မတာပဲ။ ဒါကိုကြောက်ရွံ့ ခြင်း မရှိတဲ့ မြတ်စွာဘုရားရှင်ကိုတောင်မှ ဒီတရားတွေဟာ နှိပ်စက်ခဲ့ကြ

ပါတယ်။

ရုပ်နာမ်ခန္ဓာ ဒီသင်္ခါရတရားတွေဟာ အမြဲတရစပ် ဖြစ်ပျက် နေကြတဲ့ အနိစ္စတရားတွေချည်းပါကလား..။မမြဲလို့ ဆင်းရဲရပါ ကလား…….။ ဆင်းရဲလို့ ချမ်းသာစေလိုသော်လဲ ကိုယ့် အလိုသို့ မလိုက်ပါ၊ သူ ့သဘော သူဆောင်နေတာပါကလား..လို့သာ မိမိရဲ့ ခန္ဓာကိုယ်တနေရာရာမှာ ခဏကလေး စူးစိုက်ရှုမှတ် ဆင်ခြင် နေလိုက်ပါ…ဒကာတော်မင်းကြီး။

ရုပ်နာမ်အစုအဝေးဖြစ်တဲ့ ခန္ဓာကိုယ်ကြီးဟာ ဘယ်နေရာမှာမှ မလပ်ရအောင် တဖျတ်ဖျတ် တဖျောက်ဖျောက် ဖြစ်ပျက် ချုပ်

## PAGE 238
<!-- 11 paragraphs, raw extraction -->




ပျောက်နေကြတာဖြစ်လေတော့ တအောင့်ကလေးမျှ သက်သာ တယ်, ချမ်းသာတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ ဉာဏ်နဲ့ စူးစိုက်ပြီး မခံသာဆုံး နေရာမှာ ဒုက္ခ ဝေဒနာရဲ့ ဒဏ်ချက်ကို ကွက်ကွက် ကွင်းကွင်း မြင်အောင်သာ ရှုမှတ်ဆင်ခြင်နေပါလေ...ဒကာဘော် မင်းကြီး။

(မည်သို့ပင် အနားက တရားပြပေးနေသော်လည်း မင်းကြီး မှာ တရားဘဝနာကို နှလုံးမသွင်းနိုင်။ ဝမ်းနည်း ဝမ်းသာ မျက် ရည်တို့သာ တဖြိုင်ဖြိုင် စီးကျလာကုန်၏။

မင်းကြီး အရှင်ဘုရား…..အဘယ... (တပည့်တော်ရဲ့ တိုက်တိုင်းအောင်) ကက္ကူလ ဆင်ကြီးအစား ယခုအခါ သေမင်း ဆင်ကြီးကသာ တပည့်တော်တကိုယ်လုံး နင်းဖိနေပါပြီ။ တပည့်တော် သေရမယ့် အချိန် ရောက်နေပါပြီကော ဘုရား…။

အဘယ

မင်းကြီး၊ ဝမ်းနည်းစရာမဟုတ်ပါ။မင်းကြီးဟာ လွန်ခဲ့တဲ့ဘဝက ဒီသီဟိုဠ်ကျွန်းမှာပဲ ကောဋိပဗ္ဗတကျောင်းမှာ ရှင်သာမဏေ ဖြစ် ခဲ့ပါတယ်။ အမျိုးမျိုးသော သံဃံ ဝေယျာဝစ္စ သီလကျင့်ဝတ် တွေ၊ စေတီ စောင်းတန်းတွေလုပ်ခဲ့တဲ့ ကုသိုလ်လောက်နဲ့တောင်မှ နတ်ပြည်ကို ရောက်ခဲ့ရပါတယ်။

တိုင်းပြည်နဲ့သာသနာတော်ကို ပြုစုရမယ့်ဘုန်းကံကြောင့် ယခု ဘဝ ဒကာတော်မင်းကြီး ဖြစ်လာခဲ့ပါတယ်။ (မဟာဝံသ-၂၂၊
၂၅-၃၉။ ၃၂၊ ၂၁-၂၂။)

လူသာမန်တွေရဲ့ဘဝသံသရာဟာ အလွန်ကြောက်စရာ ကောင်း ပေမယ့် ဒကာတော်မင်းကြီးဟာ သာသနာတော် ထွန်းလင်း အောင် အတုမရှိ များပြားလှတဲ့ ကုသိုလ်တော်တွေ ဆည်းပူးခဲ့ ရပြီ မဟုတ်လား။ ဒါတွေကို ယခုလိုအခါမှာ အစကအဆုံး ပြန် လည် နှလုံးသွင်းရမယ့် အခါပါပဲ။ ဒီလိုနှလုံးသွင်းရုံနဲ့ နတ်ချမ်း သာဟာ မကြာမတင်ရလာဖို့ ဘာမှ ယုံမှားစရာ မရှိဘူး။ ဒီ မဟာ စေတီကြီးနှင့် လောဟပါသာဒကြီးဟာဆိုယင် ရဟန်းရှင်လူတွေ ကအစ နတ်ဗြဟ္မာတွေအဆုံး ဝမ်းမြောက်လို့ မဆုံးနိုင်ကြဘူး။

(အဘယမထေရ်လည်း အဇ္ဈာသယလိုက်၍ ဘာဝနာကုသိုလ် အစား ဒါနကုသိုလ်ကိုသာ လှည့်ပြောင်း ဟောပြောလေရာ မင်း ကြီးလည်း မဟာစေတီနှင့် ကြေးပြာသာဒ်ကြီးဆီသို့ တချက် စောင်းငဲ့၍ဖူးမြော်ကာ အားတက်ဝမ်းမြောက်လာပြန်လေသည်။)

## PAGE 239
<!-- 13 paragraphs, raw extraction -->


၁ ၉ ၆ မင်းကြီး


အရှင်ဘုရား…၊ အရှင်မြတ်ဟာ ဒကာတော်..သေမင်းနဲ့တိုက်ရတဲ့ ဒီ ဒုတိယစစ်ပွဲမှာလည်း အဖော်သဟဲ ရဲဘက်တော်ကြီးတဆူ ဖြစ် တော်မူပါပေတယ် ဘုရား…။ သာဓု…သာဓု။

(မင်းကြီးသည်နန်းစံနှစ်ဆယ့်လေးနှစ်ပတ်လုံးသာသနာအတွက် ဆောင်ရွက်ခဲ့သမျှ ကုသိုလ်တော်စာရင်း “ပုည၀ခုနစာတမ်း' ကို အနီး၌ ခ,စားနေလော မော်ကွန်းထိန်းအမတ်အား အစမှအဆုံး တိုင် ဖတ်လျှောက်ခိုင်းကာ နာယူကြည်နူး နေလေ၏။)

ဂုဏ်ယူမပြီး “သံဃကျွန်” ရာထူးကြီး

မော်ကွန်းထိန်းအမတ်လည်းမဟာစေတီ တည်သည့်အချိန်အထိ တန်ဖိုးဖြတ် ၍မရသော ရတနာများနှင့်တကွ ငွေအသပြာချည်းသက်သက် ကုန်ကျသော တစ်ထောင့်လေးဆယ့်ကိုး (၁ဝ၄၉) ကုဋေကျော် ကုသိုလ်ဘော်စာရင်းများကို အသီးအသီး တခုစီ တခုစီ ဖတ်လျှောက်၍ ပြသည်။

ပြီးလျှင်…မင်းကြီး မလယ ဇနပုဒ်=မလယပြည်နယ်၌ နေတော်မူစဉ် တိုင်း ပြည်အဝန်း ဒုဗ္ဘိက္ခန္တရကပ်ကြီးဆိုက်၍ လူအများ မရိုးသီး ပြုတ်စားနေရသော အချိန် ရဟန်းသံဃာတော်များ ဆင်းရဲနွမ်းပါးသည်ကို မြင်တော်မူရသဖြင့် တန် ဖိုးဖြတ်၍မရသော နန်းစဉ် နားတောင်းနှစ်ဘက်ကို ဖြုတ်၍ ရောင်းချပြီးဆပ်ဆန် များကို ဝယ်ယူတော်မူခဲ့၏။ ထိုဆပ်ဆန်ကို ဟင်းလေးယာဂု ဆွမ်းချက်၍ နာ မည်ကျော် မလိယ မဟာဒေဝ(ရွှေ၌ပြလတ္တံ့ )မထေရ်နှင့်တကွ ရဟန္တာအရှင်မြတ် ကြီး ငါးပါးအား လောင်းလှူခဲ့ဖူးရာ ထိုကုသိုလ်ကိုလည်း ဖတ်လျှောက်၍ပြ၏။

ထို့နောက်….ညီတော်နှင့် စစ်ဖြစ်ရစဉ်က တောထဲ၌ ကျွန်ယုံတော် တိဿ အမတ်နှင့်အတူ ပုန်းအောင်းနေရစဉ်ကထမင်းတနပ်ကိုမစားပဲလှူခဲ့ဖူးသောကောင်း မှုကိုလည်း အငယ်စား ကုသိုလ်တော်များအဖြစ် ဆက်လက် ဖတ်လျှောက်လေ၏။

ထိုအခါ မင်းကြီးက ဖတ်လျှောက်သောအမတ်အား လက်ကာပြတော်မူ သည်။ စာရင်းမဘင်သော နေ့စဉ် အလှူဝတ်များ၊ ကျောင်း စေတီ ပူဇော်ပွဲကြီး များအကြောင်းကိုလည်း စီကာပတ်ကုံး ကိုယ်တော်တိုင်ဆက်၍ မိန့်တော်မူ၏။
ခေတ္တ အမောဖြေပြီးနောက်….

“အင်း….ကုသိုလ်တော်တွေ အများကြီးပါပဲ။

“သို့သော်လဲ....ကုသိုလ်...ကုသိုလ်တော်ကြီးတွေဟာ ကြီးကျယ်လှပေ

မယ့် ငါကိုယ်တော် ဝမ့်းမသာလှသေးပါဘူး။ အင်း...အတိဒုက္ခ ရောက်နေရတဲ့

## PAGE 240
<!-- 15 paragraphs, raw extraction -->




အချိန်က လှူရတဲ့ဆပ်ဆွမ်းနဲ့ တောထဲမှာလှူရတဲ့ တထပ်စာဆွမ်းဟာဖြင့် ကိုယ် တော်မြတ် ဝမ်းအမြောက်ဆုံးပါပဲ”

ထိုစကားကို အနီးရှိ အဘယမထေရ်ကြီး ကြားတော်မူလျှင်· အဘိညာဉ် ဖြင့် ဆင်ခြင်တော်မူပြီးနောက် မင်းကြီး သာ၍ ဝမ်းမြောက်တော်မူစေရန်—

အဘယ

၁။

ဒကာတော်မင်းကြီး... အဲဒီ ဆပ်ဆွမ်းလှူဒါန်းစဉ်က မင်းကြီးဟာ မထေရ်ကြီးငါးပါးကိုပဲ လောင်းလှူရပေမယ့် တကျွန်းလုံး တနိုင်ငံ လုံးရှိ သံဃာတော် အရှင်မြတ်တွေကို လောင်းလှူရတာနဲ့ မထူးပါ

ဘူး...ဒကာတော်။

မလိယဒေဝ မထေရ်ကြီးဟာ အဲဒီဆွမ်းကို ဒကာတော်မင်းကြီးထံက အလှူခံယူသွားပြီးတဲ့နောက် သုမနကုဋ (ခြေတော်ရာ) တောင်မှာ ဆွမ်း မဘုဉ်းပေးရတဲ့ ရဟန်းတော်ကိုးရာကိုပါ ခွဲဝေလှူဒါန်း ရပါ သေးတယ်။ ကိုယ်တိုင်လဲ ဘုန်းပေးတော်မူပါတယ်. မင်းကြီး။(မလိယ ဒေဝမထေရ် အခန်း-၂-ကြည့်။)

၂။ မြေငလျင် လှုပ်ခြောက်၊ နှစ်ယောက်မရှိ တန်းခိုးဣဒ္ဓိပါဒ်ကြီးလှတဲ့ ကလျာဏီယကျောင်းနေး ဓမ္မဂုတ္တ မထေရ်ကြီဟာလဲ ဒကာတော်ရဲ့ဆပ် ဆွမ်းကို ကလျာဏီကျောင်းရှိ ရဟန်းတော်ပေါင်း ငါးရာတို့နှင့်အတူ ဘုဉ်းပေးတော် မူပါတယ်။

၃။ တလင်္ဂရအရပ်မှာ သီတင်းသုံးတော်မူတဲ့ ဓမ္မဒိန္ မထေရ်ကြီးဟာလဲ ပိယင်္ဂုကျွန်းမှာ ဆွမ်းအာဟာရပြတ်လပ်တော်မူနေကြတဲ့ ရဟန်းတော် တစ်သောင်းကိုသွားရောက်ခွဲလှူ အတူတကွ ဘုဉ်းပေးတော်မူတာပါပဲ။
(ဓမ္မဒိန္နမထေရ် အခန်း-ဂ ကြည့်။)

၄။ မင်္ဂဏအရပ်မှာ သီတင်းသုံးတော်မူတဲ့ အလွန်တန်ခိုးကြီးတော်မူသော ခုဒ္ဒ(ခုဇ္ဇ=ကုဋ ?)တိဿ မထေရ်ကြီးလည်း ကောလာသ ကျောင်းနေ ရဟန်းတော် ခြောက်သောင်းနှင့်အတူ ဘုဉ်းပေးတော် မူပါတယ်။
(ကုဋတိဿနှင့် မဟာဗျဂ္ဃ မထေရ်တို့ ထူးဆန်းစွာ ပရိနိဗ္ဗာန်စံပုံ အခန်း-၇ကြည့်။)

၅။

မဟာဗျဂ္ဃ မထေရ်ကြီးဟာ ဆိုယင်လဲ ဥက္ကနဂရ ကျောင်းမှာ သီတင်းသုံးကြတဲ့ ရဟန်းတော်ခုနစ်ရာတို့နှင့်အတူ ဝေငှပြီး ကိုယ်တော် တိုင် ချီးမြှောက်ဘုဉ်းပေးတော်မူပါတယ်။

## PAGE 241
<!-- 12 paragraphs, raw extraction -->




ငါးပါးစာဆွမ်းဟာ တကျွန်းလုံးရှိ သံဃာတော်များ ဘုဉ်းပေး ကြရပါတယ်။ . ဘုဉ်းပေး လောက်အောင်လဲ ချီးမြှောက်တော်မူကြ တာပါ။

နောက်ပြီး….တိဿအမတ်နဲ့အတူ တောထဲမှာ စံတော်မူရစဉ်က လှူလိုက်ရတဲ့ တယောက်စာ တနပ်စာ ဆွမ်းဟာလဲ တကယ်တော့ ပိယဂုံကျွန်းက ရဟန်းတော် တစ်သောင်းနှစ်ထောင် ဘုဉ်းပေးတော် မူကြရပါတယ်...ဒကာတော်မင်းကြီး။(မဟာဝံသ-၃ ၂၊၅၅-ကို ၂၄၊
၂ ၉-နှင့် ညှိရန်။)

(ထိုအခါ မင်းကြီးမှာ အဘယမထေရ်၏ တရားကို နာယူယင်း ပီတိများတသိမ့်သိမ့်ဖြစ်ကာ လက်အုပ်တချီချီနှင့် သာဓုခေါ်၍ မပြီး တော့ချေ။ များစွာဝမ်းမြောက်တော်မူလေ၏။)

မင်းကြီး အရှင်ဘုရား….အဘယ၊ အရှင်ဘုရားယခုလို အမိန့်ရှိခါမှ ဒကာ တော် သာ၍ဝမ်းမြောက်မဆုံးရပါ ဘုရား။

ဒကာတော်ဟာ နှစ်ဆယ့်လေးနှစ်တိုင်တိုင် သာသနာ့ဝန်ဆောင် သံဃာတော်အရှင်မြတ်တို့ရဲ့ အကျိုးကျေးဇူးကို များစွာဆောင် နိုင်ခဲ့တဲ့ သာသနာ့ကျွန်, သံဃာ့ကျွန်ကြီးပါဘုရား…။သံဃာ့ကျွန် ကြီးပါဘုရား…….။

သံဃာ့ကျွန်ဖြစ်တဲ့ ဒကာတော်ရဲ့ ဒီခန္ဓာကိုယ်ရုပ် အစုကြီးကို လဲ နောက်ဆုံး သံဃာဘော်ကိုသာ လှူခဲ့လိုပါတယ် ဘုရား။
မဟာစေတီအနီးမှာရှိတဲ့ ဒကာတော်ရဲ့ ကုသိုလ်တော်တခုလဲဖြစ်၊
အရှင်ဘုရားများ ကံကြီးကံငယ်ပြုရာလဲဖြစ်တဲ့ ဥပုသ်အိမ် (သိမ်) တော်မှာ ဒကာတော်ကို ချီးမြှောက်သောအားဖြင့် မီးသင်္ဂြိုဟ်ခွင့် ပြုတော်မူကြပါဘုရား။

(မင်းကြီးသည်ပြောယင်း အသံများပျော့ မောနေသဖြင့် နား၍နား၍ လျှောက်နေရ၏။ အတန်ကြာလျှင်အနီးရှိ ညီတော် တိဿအား မျက်စိကို အားကုန် စိုက်ထုတ်၍ စိန်းစိန်း ကြည့်တော်မူနေ၏။ ညီတော်လည်းမင်းကြီးအား တက်အုပ်ချီကာ မင်းကြီး မျက်နှာအနီးသို့ကပ်၍)

တိဿ နောင်တော်ဘုရား…၊ ညီတော်အား ဘာများ ဆုံးမလိုပါသေး သလဲ၊ ညီတော်ပြင်မှားမိသမျှ ခွင့်လွှတ်ရန် ထပ်မံ ကန်တော့

ပါတယ်။

## PAGE 242
<!-- 17 paragraphs, raw extraction -->




သာသနာ့တာဝန် သံဃာ့ကျွန်အမှုတို့ကို တိုးပြီး ဆောင်ရွက်

ပါ့မယ် နောင်တော်ဘုရား။

မင်းကြီး သာဓုသာဓုညီတော်…၊ ဆုံးမစရာ မရှိပါဘူး၊ နောင်တော်တည် လက်စ ဒီမဟာစေတီကြီးကိုလဲ ညီတော် ဆက်လက်တည်ရစ်ပါ။
ဆွမ်းပန်းရေချမ်းလဲ မညှိုးနွမ်းပါစေနဲ့။

နတ်ရွာစံ ခမည်းတော်ကြီး ဆုံးမခဲ့တဲ့အတိုင်း နော်တော်ရဲ့ သာသနာ့ကျွန် သံဃာ့ကျွန်အလုပ်တွေကို ဆက်လက် လုပ်ဆောင် ရှစ်ပါလေ ညီတော်…၊ အလို…ဘုရား…ဘုရား။

မင်းကြီးသည် ညီတော်အား မှာကြား ဆုံးမယင်း စကားရပ်သွား၏။
အထူးအဆန်းတစုံတရာ ကြားမြင်ရဟန်ရှိကာ မျက်စိကို အပေါ်သို့ လွှဲပြောင်း စူးစိုက်၍ တွေတွေကြီး ရှုစားတော် မူနေသည်။

နှုတ်ခမ်းများ ပြုံးယောင်သန်းလာ၏။

မင်းကြီးမှာ လက်ကာ၍လည်း ပြလိုက်သည်။

တခဲနက်ရွတ်ဖတ်သရဇ္ဈာယ်သံများ ချက်ချင်းရပ်စဲသွားလေ၏။ မရွတ်ဖတ် ရန် လက်ကာပြခြင်းမဟုတ်ကြောင်း လျှောက်ခါမှ ဆက်၍ရွတ်ဖတ်ကြလေသည်။
ရွှေနောက် မစပ်သော စကားများကို ပြောဆိုလျှောက်ထား နေသဖြင့် အနားရှိသူများမှာ မင်းကြီး ယောင်ယမ်း ပြောဆိုနေသည် ထင်ကြလေ၏။
ထိုသံသယကိုလည်း ပြေပျောက်စေ၍ ပရိသတ်အများလည်းထင်ရှားသိသာစေရန် မင်းကြီးကိုယ်စား မင်းကြီးဆန္ဒရှိရာ လက်ညှိုးညွှန်သည့်အတိုင်း အဘယမထေရ်က ကောင်းကင်သို့ ပန်းကုံးတကုံးကို ပစ်မြှောက်၍ တင်ပေးလိုက်ရာ ထိုပန်းကုံးသည် ရထားခြောက်စင်းတွင် တုလိတာ ရထား၌ သွား၍ငြိစွပ်နေသည်ကို မြင်ကြရ

လေ၏။

လေသည်။

ရထားမှကျိုးကျိုးကျည်ကျည် မြည်သံများကိုပင် ပရိသတ်အများ ကြားရ မင်းကြီးလည်း မဟာစေတီအား လက်အုပ်ချီအာရုံပြုယင်း ဝိညာဉ်ချုပ်

ငြိမ်းလေ၏။

မကြာမီပင် မဟာစေတီ ရင်ပြင်တော်ရှိ ထောင်ပေါင်း များစွာသော ရဟန်း ရှင် လူ ပရိသတ်ကြီးမှာ အုတ်အော်သောင်းနင်း တခဲနက် ပြောဆိုကာ အားလုံးကောင်းကင်ထက်သို့ မော်ကြည့်နေကြပေသည်။

တုသိတာနတ်ရထားမှ ဒုဋ္ဌဂါမဏိ နတ်သားသည် လှပသော နတ်ဝတ် တန်ဆာများဆင်ယင်ကာ ကိုယ်ထင်ရှားပြလျက် မဟာစေတီနှင့် သံဃာတော် အရှင်မြတ်များအား လက်ျာရစ်သုံးပတ်လှည့်၍ ပြုံးရွှင်စွာရှိခိုးဝတ်ပြုသွားသည် ကို မကြုံစဖူး ချီးကျူး အံ့ဩ၍ နေကြ လေသတည်း။

## PAGE 243
<!-- 12 paragraphs, raw extraction -->




ဗြာဟ္မဏတိဿ ပြည်ပျက်ဘေးကြီးအတွင်း အသက်နှင့်ရင်း၍ဆောင်ကြဉ်းခဲ့ရသောသာသနာ

စတုတ္ထသံဂါယနာ၏ ရာဇဝင်နောက်ခံ မြင်ကွင်းကျယ်

သဒ္ဓာတိဿမင်းကြီး၏သားတော် ဝဋ္ဋဂါမဏိအဘယ (သီဟိုဠ်အခေါ် ဝဠဂံဗာဟု)မင်းကြီးသည် သာသနာတော် လေးရာ့လေးဆယ် ပြည့်နှစ် ပထမ အကြိမ်နန်းတက်၏။ ငါးလရှိလျှင် စောဠတိုင်းသား ကျေးကုလား များနှင့် ဗြာဟ္မဏတိဿ(သီဟိုဠ်အခေါ် ဗြာဟ္မဏတီယ) ပုန်ကန်မှုကြီး ပေါ်ပေါက်၏။
တိုင်းပြည်ရန်အေး၍ လေးရာ့ငါးဆယ့်ငါးခုနှစ် ဒုတိယအကြိမ် နန်းတက်သည်။

သီဟိုဠ်ကျွန်း၌ သာသနာတော်၄၄၀-ကျော်မှစ၍ တဆယ့်ငါးနှစ်ကာလ သည် တိုင်းရေးပြည်ရေး အရှုပ်ထွေးဆုံး ကာလကြီး ဖြစ်၏။ သာသနာလည်း မှောင်ကျလုမတတ် ရှိခဲ့ရလေသည်။

အင်္ဂုတ္တရအဋ္ဌကထာ(၁-၁၇)အလို စဏ္ဍာလတိဿဟုလည်း ခေါ်သော တိုင်းဖျက်ပြည်ဖျက်သာသနာဖျက် သူပုန်ဘေးကြီးနှိပ်စက်သည့်ကြား မိုးလေဝသ လည်း အလွန်ခေါင်းပါးသဖြင့် ရဟန်းရှင်လူအများ သေကြေ ပျက်စီးခဲ့ကြရ လေသည်။

သံယုတ်အဋ္ဌကထာ၊ နိဒါန-ပုတ္တမံသူပမသုတ်အဖွင့် (သံ-ဋ္ဌ-၂၊ ၁၀၂)၌ ထိုခေတ်က အစာရေစာ ပြတ်ကြသဖြင့် “လင်စိတ် သားစိတ်ပင် မရှိ။ သူပုန်ရန် အေးမှ ကလေးကင်ပွန်းတပ် ပုခက်တင်မင်္ဂလာများ ယူဇနာတရာရှိ တကျွန်းလုံး သူ့ ထက်ငါ ကျင်းပကြလေသတတ်”ဟု ဖွင့်ဆိုထားသည်။

တိဿသူပုန်ဗိုလ်ကြီးနှင့် တမယ် သူပုန်ဗိုလ်များ

တိဿခေါ် တီယသည် သီဟိုဠ်ကျွန်းတောင်ပိုင်းရောဟဏနယ်(ကုလနဂရ) သားဗြာဟ္မဏလူမျိုးဖြစ်သည်။ ငယ်စဉ်က နက္ခတ်ဗေဒင်ဆရာ တဦးက မင်းဖြစ် မည်ဟု ဟောဖူးသည်ကို အကြောင်းပြု၍ လူဆိုး လူမိုက်များကို စုဆောင်းကာ ဝဋ္ဋဂါမဏိနန်းစံငါးလတွင် ဗြာဟ္မဏတိဿအမည်ခံကာ သူပုန် ထလေတော့၏။

သီဟိုဠ် တောင်ပိုင်း ရောဟဏမှ မြောက်ပိုင်း နေပြည်တော် အနုရာဓအထိ မြို့ရွာစဉ်တလျှောက် တိုက်ခိုက် သိမ်းယူလာပြီးနောက် ဝဋ္ဋဂါမဏိမင်းကြီးထံ “နန်းအပ်မည်လော၊ စစ်ထိုးမည်လော” တမန်စေလိုက်သည်။

## PAGE 244
<!-- 11 paragraphs, raw extraction -->




ထိုအချိန်မှာမှ ဒမိဝါကျေးမင်း၏ အဆက်ဖြစ်သော တမယ်ကျေးကု (ဒမိဠ) သူပုန်ခေါင်းဆောင် ခုနစ်ဦးတို့လည်း နောက်လိုက်များနှင့်အတူ မဟာတိတ္ထဆိပ်ကမ်းသို့ ရောက်လာကြ၏။ မင်းကြီးထံ တမန်စေကြပြန်သည်။

လား

ဤ၌ မဟာတိတ္ထဆိပ်ကမ်းဟူသည် မြေပုံ၌ပါသော သီဟိုဠ် တောင်စွန်း ကမ်းခြေ မဟာတိတ္ထ “မာတရ” ဟုတ်ဟန် မရှိ။
အနောက်မြောက်ဘက်စွန်း ယာဝနေ ယခုအခေါ် ဂျပ္မနား ခေါ် မဟာတိတ္ထသာ ဖြစ်ဖွယ်ရှိ၏။ .ရှေးက ယင်းဌာနကိုလည်း မဟာ တိတ္ထပင်ခေါ်၍ ကျေးကုလားများဝင်ရောက်ရာလမ်းဖြစ်ကြောင်း D.P.N. ၌ပြ၏။ အရှင်မဟာဗုဒ္ဓဃောသ ကြွရောက်လာရာ ဆိပ်လည်းဖြစ်သည်ဆို၏။ လံကာဒီပ-၁၅၄။]

ဟု

ဝဋ္ဋဂါမဏိမင်းကြီးသည် စစ်မျက်နှာနှစ်ခု ဖြစ်လာစဉ် ပရိယာယ်ဖြင့် ဗြာဟ္မဏတိဿထံ “တကျွန်းတည်းသားဘာသာအယူ တူသူချင်းဖြစ်၍ `တီးနန်း အပ်မည့်အကြောင်း၊ကျေးကုလားများကိုသာ ဦးစွာ တိုက်ထုတ်ရန်” တမန်စေ လိုက်သည်။သို့နှင့် တိဿသည် ကျေးသူပုန်ခုနစ်ဦးနှင့် တိုက်ပွဲဖြစ်ရာ “သင်္ကေတ ဟာလ’အနီးတိုက်ပွဲ၌ ကျဆုံးလေ၏။

မင်းကြီးလည်း တိဿရန် အေးသွားသော်လည်း ကျေးကုလားများနှင့် ရင်ဆိုင်ရပြန်ရာ အရေးနိမ့်၍ ၁၄-နှစ်နှင့် ခုနစ်လလုံးလုံး တတော ထွက်ဝင် ပုန်းလျှိုးနေရလေ၏။ အနဠာဒေဝီ၊ သောမာဒေဝီ မိဖုရားနှစ်ဦးနှင့် သားတော် နှစ်ဦးပါခေါ်ဆောင်ထွက်ပြေးနေရစဉ် ကုပ္ပိလကအရပ် မဟာတိဿထေရ်စသော မထေရ်များက ကျွေးမွေးစောင့်ရှောက်ထားကြလေသည်။

[နောင်အဘယဂိရိ ကျောင်းတည်သောအခါ ထိုကျေးဇူးကို ထောက်၍ ကျောင်းတင်လူမှားကြောင်း နောက်ဆက်တွဲအဘယ ဂိရိဂိုဏ်း သုတ်သင်ရပုံ၌ ရှုပါ။ ဒေသအမည်မှာ D.P.N. ၌ “ကုပိက္ကလ၊ ကုဝိက္ကလ၊ ကုဗ္ဗိကာလ၊ ကုက္ကိုကုလဟု မူကွဲများ ထား၏။

သူပုန်ဗိုလ်ကုလားခုနစ်ဦးတွင် တဦးက အနုရာဓ၌ ကျန်ခဲ့သော ဘုရား သပိတ်တော်ကိုယူ၍ ထွက်ပြေး၏။ တဦးက မိဖုရားသောမာဒေဝီကို ခေါ် ဆောင် ထွက်ပြေးရာ ကျန်ဗိုလ်ငါးဦးတို့ တဦးကိုတဦးသတ်ကာ ၁၄-နှစ်၊၇-လ တိုင်တိုင် တယောက်ဆင်း တယောက်တက် နန်းစံကြလေ၏။

## PAGE 245
<!-- 11 paragraphs, raw extraction -->




ရှေးမင်းအဆက်ဆက်တို့ ကိုးကွယ်တည်ဆောက်ခဲ့သောကျောင်းကန်ဘုရား များကိုလည်း ရစရာမရှိအောင် ဖျက်ဆီးကြလေတော့သည်။ (မဟာဝံသ -၃၃- အခန်း။)

အဋ္ဌကထာတို့၌ “တဆယ့်နှစ်နှစ်ကာလ စဏ္ဍာလ(ဗြာဟ္မဏ)တိဿသူပုန် ဘေးကြီး ဆိုက်ရောက်ခဲ့စဉ်က” ဟုသာ ပြဆိုတော်မူလေသည်။ ဤ၌ တိုင်းပျက် ပြည်ပျက် ဘေးကြီးနှင့်အတူ ဒုဗ္ဘိက္ခန္တရကပ်ကြီးပါ ပူးတွဲ နှိပ်စက်စဉ်ကာလ သာသနာ့ဝန်ဆောင် မထေရ်ကြီးများ၏ အသက်နှင့်ရင်း၍ သာသနာ စောင့် ရှောက်ခဲ့ကြပုံကို ဖော်ပြပါအံ့။

ယင်းအကြောင်း မြန်မာသာသနာဝင် ကျမ်းတို့၌ အမြွက်မျှသာ ဖော်ပြ ကြသဖြင့် မြန်မာစာဖတ်ပရိသတ်များအတွက် အဋ္ဌကထာမှာ လာသည့်အတိုင်း အပြည့်အစုံသိစေချင်သောကြောင့်ဖြစ်ပါသည်။ စတုတ္ထ သံဂါယနာ ဖြစ်ပေါ် လာရခြင်း၏ ရာဇဝင်နောက်ခံကြီးဖြစ်၍လည်း သိစရာ ကောင်းလှပေသည်။

ငရုတ်သီးတောင့် ကျောင်းရေစက်ချပွဲမှ အုန်းမှုတ်ခွက်က လေးကြောင့်

တိုင်းပျက်ပြည်ပျက် ဘေးကြီးနှင့် ရံဖန်ရံခါ ကြုံကြိုက်တတ်ကြရာ သာသ နာစောင့် မထေရ်ကြီးများ သာသနာဆက် မပြတ်စေရန် အခက်အခဲ အမျိုးမျိုး ကြားမှ- ဆင်းရဲပင်ပန်းစွာ ကြိုးစားတော်မူကြရ၏။

တိုင်းပြည်နှင့်, ကမ္ဘာနှင့်ချီ၍ ကြီးလေးလှသော တာဝန်ကြီးကို မဆိုထား ဘိ၊ မိမိတို့ တကိုယ်ရေ (တနိုင်) သာယနာကိုပင် မထိန်းသိမ်းနိုင်သူက များလေ သည်။ ခေတ်ဆိုးခေတ်ပျက်ကြီးနှင့် ကြုံရသောအခါ တကိုယ်ရေ သာသနာ ကိုပင် မနိုင့်တနိုင် ထိန်းနေရသူများ (တိုယ်ပိုင် အတ္ထိက သာသနာအင်အား နည်းပါးသူများ)မှာ လွယ်လွယ်နှင့်ပင် သာသနာ ကွယ်ကြရရှာလေ၏။

အောက်ပါ ဖြစ်ရပ်သည် ဤ၌ သာဓကတရပ် ဖြစ်ပေတော့သည်။တနည်း အားဖြင့် ကြီးငယ်မဟူ၊ ရှင်လူမရွေး တဏှာပေမ အစေးငြိလျှင် ဘေးထိ တတ် ကြောင်း ဝတ္ထုသက်သေ တခုလည်း ဖြစ်ပေ၏။

ဒုဋ္ဌဂါမဏိမင်းကြီး၏ ငရုတ်သီးတတောင့် ဘုရားနှင့် ကျောင်းသည် အံ့ဩ ဖွယ် ကောင်းလှသကဲ့သို့ ထိုကျောင်း ရေစက်ချပွဲ၏ နောက်ဆက်တွဲ ဖြစ်ရပ် ကလေးမှာလည်း ထူးဆန်းလှပေ၏။

## PAGE 246
<!-- 9 paragraphs, raw extraction -->



၂ဝ ၃

မင်းကြီးသည် မင်းအဖြစ် အဘိသိက်ခံပြီး ခုနစ်ရက်ရှိသောအခါ မှူးမတ်၊
မိဖုရား အခြံအရံဖြင့် တိဿဝါပိ ရေကန်သို့ ထွက်ချီတော်မူ၏။ အမြို့မြို့မှ လက် ဆောင်များကိုလည်း ကျောင်းစေတီ တည်မည့် နေရာဖြစ်သော ယာယီ စံနန်း အတွင်းသို့ ယူဆောင်လာကြရသည်။ ဓာတ်တော်များ ဌပနာထားသော လက် သုံးတော်လှ လည်း အနီး၌ စိုက်ထား၏။ တနေကုန် ရေကစား, စားသောက်ပြီး၍ ပြန်မည်ရှိစဉ် ထိုလှမှာ ဗိုလ်ခြေအများ ဝိုင်း၍ နုတ်သော်လည်း မရ၍ ထိုနေရာ၌ ငရုတ်တတောင့် စေတီ တည်ခဲ့၏။

လှ=(ပါဠိလိုကုန္တ)ကို ဌပနာ၍ တည်သောကြောင့် မရီစဝရွှေစေတီကို ကုန္တစေတီဟုလည်း ခေါ်လေသည်။ စေတီပြီးလျှင် မရီစဝကျောင်းကြီးကိုလည်း စေတီအနီး၌ တည်ဆောက်ထား၏။ သုံးနှစ် တည်ရလေသည်။

ထိုကျောင်းနှင့် စေတီကြီးသည် အနုရာဓမြို့၏ ကျက်သရေဖြစ်သော တိဿ ဝါပိ ရေကန်ကြီးနှင့် အဘယဝါပိ ရေကန်ကြီး နှစ်ကန်၏ အကြား၌ တည်ရှိသည်။
တိဿဝါပိကန်ကြီးမှာ အရှေ့အနောက် သုံးမိုင်၊ တောင်မြောက်နှစ်မိုင်ရှိ၏။ ဣသိ ဂိလိကျောက်တောင်၏ အနောက်ဘက် ကပ်လျက်ရှိသည်။ ကန်တာရိုးကြီးမှာ အောက်ခြေ၌ အတောင်-၅၀၊ ထိပ်ပိုင်း -၂၀၊ အမြင့် ၁၅- တောင်ရှိ၍ အနု ရာဓနှင့် မဟိယင်္ဂဏာသွား လမ်းမကြီးဖြစ်၏။ တမြို့လုံး ပိုက်လိုင်းများဖြင့် ရေ ပေးသော ကန်ကြီး ဖြစ်သည်။

အဘယဝါကန်ကြီးမှာ ယင်း၏ သုံးပုံ နှစ်ပုံမျှ ရှိ၍ ချိုးကန် ဖြစ်သည်။
သီဟိုဠ်သားတို့က “ဘကဝဲ၀ဲ”ဟု ခေါ်၏။ အဘယဝါပိသည် မဟာစေတီကြီး၏ အနောက်တည့်တည့် တာငါးဆယ်အကွာ၊ တိဿဝါပိကန်ကြီး၏ မြောက်ဘက် တမိုင်ကွာလောက်တွင် တည်ရှိ၏။

ငရုတ်သီး တတောင့်ကျောင်းကြီး ရေစက်ချုံပွဲ လုပ်သောအခါ ကြီးကျယ် သော မဏ္ဍပ်ကြီးများ ထိုးထား၏။ ရဟန်းသံဃာတော်များ သီတင်းသုံးရန် မဏ္ဍပ်ကြီးကိုမူ အဘယဝါပိ ရေကန်ကြီးအလယ်၌ ဆောက်လုပ်သည်။ ခုနစ်ရက် တိုင်တိုင် ကျောင်းလွှတ်(ပူဇော်)ပွဲ ပြုလုပ်လေ၏။

ကျောင်းရေစက်ချပွဲ၌ ရဟန်းတော်တသိန်း၊ ရဟန်းမိန်းမ ကိုးသောင်း ကြွရောက်၍ မထေရ်ကြီးများအား တသိန်းတန်၊ မထေရ်ငယ်များအား တထောင် တန် ပရိက္ခရာ အပ်စပ်သောပစ္စည်းများ လှူလေသည်။ (မဟာဝံသ-၂ ၆-အခန်း။) ကျောင်းရေစက်ချပွဲ၌ စားသောက် ဖွယ်များမှာလည်း လိုလေသေးမရှိ၊
ပြည့်ပြည့်ဝဝ လောင်းလှူလေသည်။ သာမဏေငယ်တပါးသည် သပိတ်၌ အပြည့် အလျှံ လောင်းလှူလိုက်သော ယာဂုပူပူကို ပွေ့ပိုက်လာစဉ် ပူလွန်း၍ မကိုင် နိုင်သဖြင့် သင်္ကန်းထောင့်စွန်းများ လုံးထွေးခုခံပြီး ပွေ့ရ၏။ ကြာလာလျှင် သင်္ကန်းများပါ ပူလာ၍ သပိတ်ကို မြေကြီးပေါ်သို့ ချလေ၏။

## PAGE 247
<!-- 16 paragraphs, raw extraction -->


:



တဖန် သင်္ကန်းများ လုံးထွေးခုခံကာ ခရီးတထောက်သွားပြန်၏။ သွား လိုက် နားလိုက် လုပ်နေရသည်ကို သာမဏေရီ(အမျိုးသမီး ‘သာမဏေမ)ကလေး က မြင်နေရသဖြင့်’

66 O

ကိုရင်…၊ ပူလို့ရှိယင် တပည့်တော်မဆီက ဟောဒီ အုန်းမှုတ်ခွက်ကို အောက်ကခံဖို့ ယူသွားပါ။ တပည့်တော်မ ကို၎င့်ကို လှူလိုက်ပါတယ်”ဟု ပြုံးရွှင် သော စကားဖြင့် အကူအညီ ပေးလှာ၏။

ထိုအခါကျမှ ကိုရင်ကလေးမှာ အပူလည်းသက်သာ၊ ပွေ့ယူရာတွင်လည်း အဆင်ပြေသွားသဖြင့် ဝမ်းမြောက်သွားလေသည်။

ကျေးဇူးတင်လွန်း၍ ရွှေ့ဆက်မသွားသေးပဲ သာမဏေ မကလေးအား တချက်လှမ်းပြီး တွေတွေကြီး ကြည့်နေလိုက်မိ၏။

သာမဏေမ ကလေးကလည်း ကိုရင်ကလေးအား ကရုဏာမှ မုဒိတာသို့ ပြောင်းကာ ဝမ်းသာစွာ အပြုံးဖြင့် နှုတ်ဆက်နေမိလေသည်။

ထို့နောက် ကိုယ့်လမ်း ကိုယ်သွားကာ သမင်လည်ပြန် ခွဲခွာကြလေ၏။
ခုနစ်ရက် ခုနစ်လီ ကျောင်းရေစက်ချ အသဒိသ အလှူပွဲကြီး၏ နောက်ဆုံး နေ့ ဖြစ်၍ ပြန်လည် တွေ့ဆုံခွင့် မရကြတော့ပေ။

နှစ်ပေါင်းငါးဆယ်ခန့် ရှိသောအခါ ဝဋ္ဋဂါမဏိမင်းကြီးလည်း ဗြာဟ္မဏ တိဿ သူပုန်ဘေးကြီးကြောင့် ထွက်ပြေးနေရစဉ် တိုင်းပြည်၌ ငတ်မွတ်ခေါင်းပါး သော ဘေးကြီးလည်း ပူးတွဲလာသဖြင့် သီဟိုဠ်ကျွန်းမှ ရဟန်းသာမဏေများ မဇ္ဈိမဒေသ(ဣန္ဒိယ)ဘက်သို့ အများအားဖြင့် ကူးပြောင်း သီတင်းသုံးကြရသည်။

ဣန္ဒိယပြည် တောရွာဘရာသို့ရဟန်းမိန်းမ(ဘိက္ခုနိမ)များလည်း သီဟိုဠ်မှ ကူးလာခဲ့ကြ၏။ ထိုရွာရှိ ရဟန်းတော်များ သီတင်းသုံးရာ ကျောင်းတွင် သီဟိုဠ် ဘုန်းတော်ကြီး တပါးလည်း မကြာမီက လာရောက် သီတင်းသုံးလေသည်။

သက်တော် ခြောက်ဆယ်ခန့်ရှိသော ဘိက္ခုနီမကြီး တဦးသည် ရဟန်း တော်များ ကျောင်း၌ သီဟိုဠ်ဘုန်းကြီးတပါး ရောက်လာကြောင်း သတင်းရ၍ ဇာတိသံယောဇဉ်ကြောင့် သတင်းမေးရန် ထိုကျောင်းသို့ သွားလေ၏။ အဆင် သင့်ပင် ဘဝတူ, ဇာတိတူ ဘုန်းတော်ကြီးကို တွေ့ရသဖြင့် တိုင်းရေးပြည်ရေး အခြေအနေများကို ပြောဆို မေးမြန်းလေသည်။

ယခင်က သိကျွမ်းဖူးသူများ မဟုတ်သော်လည်း သီဟိုဠ်ဇာတိ၊ စစ်ပြေး ဘဝတူ အချင်းချင်း ဖြစ်၍ တထိုင်အတွင်းမှာပင် ခင်မင်ရင်းနှီး သွားကြလေ၏။
ဒုက္ခတွေ့သောအခါ ရွှေထီးဆောင်းခဲ့ရသည်ကို သတိရတတ်ကြသည့် အတိုင်းက ဘိက္ခုနီမကြီး (ဘုန်းတော်ကြီးအား လေးလေးနက်နက် စူးစိုက်ကြည့်ကာ) အရှင်ဘုရား ငရုတ်သီးတငတာင့်ကျောင်း ရေစက်ချပွဲကြီး မှီရဲ့

လား ဘုရာ့။

## PAGE 248
<!-- 17 paragraphs, raw extraction -->



၂ဝ၅

ဘုန်းတော်ကြီး အား...မှီပါပြီလား၊ တသက်နှင့်တကိုယ် အပျော်ဆုံး ပွဲတော်

ကြီးပေါ့”

"

ဘိက္ခုနီမကြီး (တခဏမျှ စဉ်းစားပြီး) “ဒါဖြင့် အရှင်ဘုရား အဲဒီတုန်းက ဘယ် အရွယ်လောက် ဖြစ်မလဲ”

"

ဘုန်းတော်ကြီး “ဘာရှိအုံးမလဲ…ခုနစ်နှစ်သားလောက် ရှိမှာပေါ့၊ သင်လဲ အဲဒီ တုန်းက ဘယ်အရွယ်လောက် ရှိပြီလဲ”

"

ဘိက္ခုနီမကြီး “တပည့်တော်မလဲ ရှိရင် ခုနစ်နှစ်သမီးလောက်ပါပဲ။ အဲဒီတုန်းက တော့ သာသနာဟာ သိပ် စည်ကားတာပဲဘုရား။ အလွန်မှလဲ ပျော်စရာကောင်းပါတယ်။

ဒါထက်….တခု သတိရလို့ တပည့်တော်မ လျှောက်ရအုံးမယ်။
အဲဒီ ကျောင်းရေစက်ချပွဲ နောက်ဆုံး နေ့မှာပေါ့ဘုရား၊ တပည့် တော်မကလဲ မဟာစေတီဘက်က ပြန်အလာ၊ လမ်းမှာ ကိုရင် ကလေးတပါး ယာဂုပူပူနဲ့ … သပိတ်ကို မကိုင်နိုင်လို့ ပွေ့လိုက် ခြုံလိုက် လုပ်နေတာ တွေ့လို့ တပည့်တော်မ အုန်းမှုတ်ကြီးတခု တောင် လှူလိုက်ရသေးတယ်။ သူ ့ခမျာ အတော် ့ကို ကျေးဇူး တင်သွားပုံ ရပါရဲ့ ။ ခုထိ တပည့်တော်မဖြင့် မျက်စိထဲ မြင်ယောင်

သေး..။

1

ဘုန်းတော်ကြီး (ဘုန်းတော်ကြီးမှာ သက်ပြင်းချလျက်) အာ ... အဲဒါသူများ ဟုတ်ပါရိုးလား။ကျုပ်ပဲပေါ့(ပြောပြောဆိုဆိုသင်္ကန်းစုတ်ကလေး ဖြင့် လုံးထွေး သိမ်းဆည်းထားသော အုန်းမှုတ်ကို ထုတ်၍ ပြလေ၏။)

ဘိက္ခုနီမကြီးသည် “ဩော်” ဟု ဆိုကာ စကားကိုပင် ဆက်၍ မပြောနိုင်တော့ပဲ ကတုန်ကယင် ဘုန်းတော်ကြီး မျက်နှာကိုသာ စိုက်၍ ကြည့်နေလေ၏။

ဘုန်းတော်ကြီးလည်း အုန်းမှုတ် ခွက်ကြီးကိုင်ကာ ဘာကိုမျှ ဆက်၍ မပြောနိုင်တော့ပဲ သက်ပြင်းရှည်ကြီးဆွဲကာ ဘိက္ခုနီ မကြီး၏ မျက်နှာကိုသာ ကြောင်ကြောင်ကြီး ကြည့်နေလေ၏။
နောက်တနေ့တွင် ထိုရွာမှ အသက်ခြောက်ဆယ်ကျော် စပ်ပြေး ဘုန်းတော်ကြီး တပါးနှင့် ဘိက္ခုနီမကြီးတဦး ထူးထူးခြားခြား ပျောက်ကွယ်သွားလေတော့သတည်း။ (မ-ဋ္ဌ-၂၊ ၅၁-၂-ရထ ဝိနီတသုတ်။)

## PAGE 249
<!-- 12 paragraphs, raw extraction -->


၂ ၀ ၆


ရဟန္တာ နှစ်သောင်း လေးထောင် ပရိနိဗ္ဗာန်စံပွဲ

အဆိုပါ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီး ဖြစ်စဉ်က သီဟိုဠ်ကျွန်း တောင် ပိုင်း ရောဟဏနယ်စွန်ရှိ နာမည်ကျော် နိဗ္ဗာန်ဆိပ်ဦး ဌာနကြီးတခု ဖြစ်သော စိတ္တလ တောင်ကြီး၌ ရဟန္တာပေါင်း တသောင်း နှစ်ထောင် သီတင်းသုံးတော် မူလျက်ရှိကြ၏။

ယင်းနယ် မဟာဂါမ နေပြည်တော်ဟောင်းရှိ တိဿမဟာရာမ ခေါ် တိဿမဟာဝိဟာရ ကျောင်းတော်ကြီး၌လည်း ရဟန္တာပေါင်း တသောင်း နှစ် ထောင်ပင် သီတင်းသုံးတော်မူလျက် ရှိကြလေသည်။

(စိတ္တလတောင်နှင့် တိဿမဟာဝိဟာရ ကျောင်းတော်ကြီးမှာ တဆယ့် နှစ်မိုင်ခန့်သာ ဝေးကွာ၏။)

ပုဂ္ဂိုလ် တဦးတယောက်အတွက်ဖြစ်စေ၊ သာသနာတော် တခုလုံး အတွက် ဖြစ်စေ ရံခါ တွေ့ကြုံရသော အနှောင့်အရှက်များမှာ အံ့ဩ လောက်ပေ၏။
ကံတရားတို့ကား ဆန်းကြယ်လှပေသည်။

အဆိုပါ စိတ္တလတောင်နှင့် တိဿမဟာဝိဟာရ နှစ်ကျောင်း လုံး၌ပင် သံဃာတော်များ ချမ်းသာစ္စာ ပရိယတ်, ပဋိပတ် ဆောင်နိုင်စေရန် ဒကာ, ဒကာမများက ကပ္ပိယများ ထားရှိကာ စပါးဆန်ရေ ရိက္ခာများ သုံးနှစ်စာခန့်ပင် လှူထားကြလေသည်။ မိုးလေဝသ ခေါင်သော်လည်း သူတော်ကောင်းများ အတွက် မဆင်းရဲရအောင် ပိုပိုကြိုကြို စီစဉ်ကြခြင်းဖြစ်၏။

သို့ရာတွင် ထိုသံဃာတော် နှစ်သောင်း လေးထောင်ခန့် သုံးနှစ်စာ သို လှောင်ထားသော ဆန်စပါးများမှာ ကြွက်ကြီးများ အုပ်လိုက်ချီ၍ ဖျက်ဆီး ကြရာ တညတည်းဖြင့် အချို့အဖွဲ့မျှသာ ကျန်လေတော့သည်။

စိတ္တလတောင် ကျောင်းတိုက်ကြီးမှ ရဟန္တာပေါင်း တသောင်း နှစ်ထောင် တို့သည် စားရေရိက္ခာ အာဟာရ ပြတ်လပ်တော် မူကြရလေ၏။ “တိဿမဟာ ဝိဟာရ ကျောင်းတော်ကြီး၌ကား စားရေရိက္ခာ ရှိတန်ကောင်း၏” အထင်ဖြင့် တိဿမတာဝိဟာရ ကျောင်းဘက်သို့ ထွက်ခွာတော်မူကြလေ၏။

တိဿမဟာဝိဟာရမှ ရဟန္တာအရှင်ပေါင်း တသောင်း နှစ်ထောင် တို့မှာ လည်း ကြွက်ကြီးများ နှိပ်စက်၍ အာဟာရပြတ်လပ်ကာ “စိတ္တလတောင်ကျောင်း တော်ကြီး၌မူ ရိက္ခာရှိတန်ကောင်း၏ အထင်ဖြင့် စိတ္တလတောင်ဘက်သို့ ထွက်ခွာ တော်မူခဲ့ကြလေသည်။

## PAGE 25
<!-- 4 paragraphs, raw extraction -->


တ ရား တော်

ဒေဝါနံပိယ ပိယဒဿီ ဘွဲ့တော်ချီသော (အသောက)မင်းတရားကြီးသည် ဤသို့ မိန့်ဆို တော်မူ၏။ဤဓမ္မစာရားစောာ်ကျောက်စာကို အဘိသိက်ခံ၍ ၂၆ နှစ်မြောက်သောအခါ ရေးထိုးစေတော်မူမလသည်။ ပစ္စုပ္ပန်ဘဝနှင့် နောင်တမလွန်ဘဝတို့၏ ကောင်းကျိုး ချမ်းသာမည်သည်မှာ(၁)စာရားတော်ကို အလွန်အမင်းနှစ်သက် မြတ်နိုးခြင်းနှင့်ကင်း ၍၎င်း၊ (၂)စာရားစောာ်ကို အသေအချာလေ့လာ စူးစမ်းခြင်းနှင့် ကင်း၍၎င်း၊
(၃)စာရားစောာ်ကိုတရိုတသေလိုက်နာကျင့်ဆောင်ခြင်းနှင့်ကင်း၍၎င်း၊(၄) ဒုစရိုက် အပြစ်ကိုများစွာ ကြောက်ရွံ့ ထိတ်လန့်ခြင်းနှင့်ကင်း၍၎င်း၊(၅)စာရားစောာ်ကို အား သွန် ကြိုးပမ်းလိုသော စိတ်နှင့်ကင်း၍၎င်း….ရိုနိုင်ရန် ခဲယဉ်းလှချေသည်။ သို့သော် ငါ၏ သွန်သင်ဆုံးမချက်ဖြင့် စာရားတော်ကို အလေးဂရုပြုခြင်း၊ နှစ်သက်မြတ်နိုး ခြင်းတို့သည် စာနေ့တခြား တိုးစာက်ပွားများလာပေလိမ့်မည်။ နောင်ကိုလည်း ထို ထက် တိုးတက်ပွားများ လာပေဦးမည် ဖြစ်သတည်း။ ငါ့၏ ကိုယ်စားခန့်ထားသူ အရာရှိကြီးငယ်တို့သည်လည်း တရားတော်ကို လိုက်နာကျင့်ဆောင်ကြသည့် အတိုင်း လူတို့ကိုလည်း ထိုနည်းအတူ ပြုမူကျင့်ဆောင်ကြစေခြင်းငှာ တိုက်တွန်းနှိုးဆော် ကြပေလတ္တ။နယ်ခြားတိုင်းပြည်ရှိ အမတ်ကြီးတို့လည်း ထိုနည်းအတူ လုပ်ကိုင် ဆောင်ရွက်ကြပေလတ္တံ့။ ထိုသိုအမတ်ကြီးတို့အား ဆင့်ဆိုထားသော အမိန့် ဩဝါဒတို့မှာကား လူတို့အား တရားတော်နှင့်အညီ စောင့်ရှောက်ကြရန်၎င်း၊
တရားတော်နှင့်အညီ စီမံခန့်ခွဲ ကြရန်၎င်း၊ စာရားတော်နှင့်အညီ နှစ်သိမ့် ချမ်းသာအောင် ဆောင်ရွက်ကြရန်၎င်း၊. တရားတော်နှင့်အညီ (ကိုယ်)နှုတ် စောင့်စည်း.. ကြရန်၎င်း ဖြစ်ပေသည်။ [ သီရိဓမ္မာသောကမင်းကြီး၊
ပြာကရိတစားသာ, ဗြဟ္မီအက္ခရာတို့ဖြင့် ရေးထိုး စေ စောာ် မူ ခဲ့ သော ကျောက်တိုင် ၇-လုံးတွင် ပထမကျောက်တိုင်စာစောာ်။ ]

ပုံ (၂ ၆ )

## PAGE 26
<!-- 4 paragraphs, raw extraction -->


သံ ဃာ တော်

ဒေဝါနံ ပိယမည်သော မင်းတရားကြီးသည် ဤသို့ အမိန့်စောာ်ရှိ၏။
ပါဋလိပုတ်နေပြည်တော်ရှိ ရဟန်းသံဃာတော်တို့အား မည်သူမျှ သင်းခွဲခြင်း မပြုစေရ။ အကယ်၍ သင်းခွဲခဲ့လျှင် ရဟန်းယောက်ျား ဖြစ်စေ၊ ရဟန်း မိန်းမဖြစ်စေ၊ အဝတ်ဖြူလဲစေပြီးလျှင် ရဟန်းတို့နေရာမဟုတ်သော နေရာ၌ နေထိုင်စေရမည်။ ဤအမိန့်တော်ကို. ရဟန်းယောက်ျားနှင့် ရှဟန်းမိန်းမတို့ ကြားသိအောင် ပြန်ကြားကြစေ။ မင်းတရားကြီးသည် ဤသို့ အမိန့်တော် ရှိပြန်၏။ ဤအမိန့်တော် မိတ္တူကျောက်စာတော်တခုကို ကျောင်းသင်္ခမ်း၌ထား ၍ အခြားမိတ္တူကျောက်စာတော်စာခုကို ဥပါသကာတို့ မြင်သာသည့်နေရာ၌ ထားစေ၊ဥပါသကာတို့သည်ဤအမိန့်တော်ကျောက်စာကို ကြားသိစေခြင်းငှာ ဥပုသ်သီတင်း နေ့တိုင်း လာရောက်ကြစေ။ အမတ်တို့လည်း ဥပုသ်သီတင်း နေ့တိုင်း အလှည့်ကျလာရောက်ကြစေ။ထိုမှတပါး အမတ်တို့သည် မိမိတို့နယ် အတွင်း ဤ အမိန့်တော်ကိုဆောင်ယူ၍ နယ်လှည့်ထွက်ကြစေ။ ထို ့အတူ မြို့ရွာနယ်ပယ်ရှိ လက်အောက် အရာရှိတို့အား ဆိုင်ရာဆိုင်ရာ နယ် အတွင်း ဤ အမိန့်တော်ကို ဆောင်ယူ၍ နယ်လှည့် ထွက်ကြစေကုန်။
(အမှတ် ၁‘မှ။)ငါ၏သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော် အညွန့်တို့သည် နေနှင့် လ တို့ .. စတည်ရှိသရွေ့ကာလပတ်လုံး အဆက် ဆက် စတည်ရှိကြပြီးလျှင် ထိုသံဃာတော်အဖွဲ့အစည်းကို စာဖွဲ့တည်း တစည်းတည်းဖြစ်အောင် စောင့်ရှောက်ကြစေကုန်။ ငါ၏အလိုဆန္ဒ တော်ကား သံဃာတော်အဖွဲ့သည် 'တဖွဲ့တည်း တစည်းတည်း ဖြင့်အဓွန့်ရှည်ကြာ မြဲမြံစွာ တည်ရှိစေရန်ဖြစ်ပေသစာည်း။(အမှတ် ၃’မှး) [အမှတ် ၁ ဆာရ်နာ့သ်ကျောက်တိုင် (အပြည့်အစုံ) နှင့် အမှတ် ၃ သာသ္မိံ=ဆံချီ ကျောက်တိုင်မှ ကောက်နုတ်ချက် ကျောက်စာတော်များ။]

ပျံ(၂၇)

## PAGE 27
<!-- 5 paragraphs, raw extraction -->


ဘိုးတော်မင်းတရားကြီးလက်ထက်. မောင်းထောင်သာသနာပိုင် သာသနာပြုအဓိဋ္ဌာန်စာတမ်း

သက္ကရာဇ် ၁၁၅ဝ-ပြည့်

ရတနာဘုံကျော် ကျောင်းတော်ကြီးကို မတင်လှူမီ တနှစ်တွင် “ဉာဏာဘိဝံသ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိ ရာဇဂုရု” ဆရာတော်ကို သာသနာပြု သာသနာပိုင် အပ်စေတော်မူပြန်၏။
ယခင် (ပူးတွဲသာသနာပိုင်) ဆရာတော် ၁၂-ပါးတို့ ပြုစုစီရင်သော အရာသည် ပုထုဇဉ် ဂတိအားဖြင့် စာပါးပါးသို့လိုက်၍ စီရင်ကြသောကြောင့် ( မင်းတရားကြီးစိတ်၌ အလိုတော်ရှိတိုင်း မပြီး မပြေနိုင် ထင်မှတ်စေတော်မူ၍ အသီးအခြား စာပါးတည်းသာ အပ်တော်မူပြန်သည်။(မောင်းထောင်) သာသနာပိုင် ဆရာတော်လည်း အပ်တော် မူသည့်နေ့ပင် သံဃာတော်များအလယ်တွင် ကျောင်းဦး ဘုရားရွှေမှာ ဤသို့ အဓိဋ္ဌာန် သည်။ သာသနာရေး သာသနာမှုနှင့် စပ်သမျှကို ဆန္ဒာ ဒေါသာ ဘယာ မောဟာ အဂတိလေးပါးမလားပဲ တရားရှိရာ ရွက်ဆောင်မည်။ အသက် ကိုသော်လည်း စွန့်မည်၊ တရားကိုမစွန့်ပြီး သာသနဒါယကာ တရားမင် မြတ်က အမိန့်တော် အထူးပြန် သော်လည်း မှန်ရာကိုသာ လိုက်မည် တရားကိုစွန့်၍ မလိုက်ပြီ။ . မနာခံသော် ခပ်မဆိတ်သာ နေမည်၊
ဤသို့ အဓိဋ္ဌာန်ပြုပြီးလျှင် သာသနာရေး သာသနာမှုကို ကောင်းစွာရွက်ဆော ပြုစုသတည်း။ ယခုတိုင်ပင် အဓိဋ္ဌာန်စာ လက်စွဲရှိသေး၏။ [ ၁၁၉၃-ခု၊ ဓါခေါ လပြည့်ကျော် ၁၄-ရက် နေ့တွင် ပေထက်ရေးတင်၍ မောင်းထောင်သာသနာပိုင် လူထွက် မဟာဓမ္မသင်္ကြံအမတ်ကြီး ဆက်သွင်းသော “သာသနာ လင်္ကာရ စာတမ်း’မှ မူရင်းအတိုင်း ကောက်နုတ်ချက်။ တစုံတခုသော အကြောင်း ကြောင့် သာသနာပိုင် ဘဝအမြင့်မြတ်ဆုံးသော ရာထူး ဂုဏ်ထူးကြီးကိုပင် တိုင်းသိပြည်သိ စွန့်လွှတ်ကာ လူဝတ်ကြောင်ဘဝသို့ ရောက်ခဲ့ရသော်လည်း အသက်ကိုပင် စွန့်၍ သာသနာပြုနိုင်ခဲ့သည်ကို ဂုဏ်ယူကာ အဓိဋ္ဌာန်စာစာဖိုး ကို အမြဲ စွဲကိုင် ထားတော် မူသည်။

ပုံ (၂၈)

## PAGE 250
<!-- 14 paragraphs, raw extraction -->



joz

ထိုရဟန္တာ အရှင်မြတ်ပေါင်း နှစ်သောင်းလေးထောင်တို့သည် လမ်းခွတ် လတ်ရှိ ဂမ္ဘီရချောင်းကြီးထိပ်၌ ဆုံမိကြလေရာ အချင်းချင်း ပြောဆို မေးမြန်း ကြလျှင် အကြောင်းစုံ သိရှိတော်မူကြ သဖြင့် ရွှေ့သို့ ခရီးဆက်တော် မမူကြ

တော့ပေ။

ဂမ္ဘီရချောင်းကြီးဘေးရှိ တောအုပ်ကြီးထဲသို့ အသီးအသီး ကြွဝင်ကာ ရဟန္တာအရှင်မြတ်ပေါင်း နှစ်သောင်း လေးထောင်စလုံး ထိုင်လျက် ပရိနိဗ္ဗာန် ပြုတော်မူကြရလေသည်။ပြည်ဖျက် သူပုန်ဘေးကြီး ငြိမ်းအေးခါမှ သိကြားမင်း၏ အကူအညီဖြင့် အရိုးဓာတ်တော်များ ကောက်ယူကာ စေတီတည်ထားကြရလေ၏။
(ဝိဘင်္ဂ-ဋ္ဌ၊ ဉာဏဝိဘင်း-၄၂ ၆-၇။)

မြတ်စွာဘုရားရှင်နှင့်တကွ တန်ခိုးဣဒ္ဓိပါဒ်ကြီးမားကြသော အဂ္ဂသာဝက ကြီးများသည် ဝေရဉ္စပြည်၌ ဝါကပ်စဉ်က မြင်းစားဂျုံများကိုသာ တဝါတွင်း လုံး ဘုဉ်းပေးတော် မူကြရဖူး၏။ ကံတရား၏ အစီအမံကို မည်မျှ တန်ခိုးကြီးသော ပုဂ္ဂိုလ်တို့မျှ မလွန်ဆန်နိုင်ကြကုန်ပြီ။

ကံကောင်းအောင်သာ ကြိုးစားကြရကုန်၏။ ကာယကံ, ၀စီကံ ကောင်း အောင် သီလကို ဆောက်တည်၍၊ မနောကံပါကောင်းအောင် သမာဓိ အလုပ်ကို လုပ်ကြရလေသည်။

သံယုတ္တနိကာယ်ကြီးကို ၁၄-နှစ်ကျော် သစ်ရွက်စား၍ ဆောင်ခဲ့ရသော

စူဠသီဝထေရ်

ဗြာဟ္မဏတိဿ သူပုန်ကြီးသည် သီဟိုဠ်တကျွန်းလုံးအား ဖျက်ဆီးနေ၍ သံဃာတော်များ စည်းဝေးကာ သူပုန်ကြီးကို တားမြစ်ပေးရန် သိကြားမင်းထံ မထေရ်ရှစ်ပါးကို စေလွှတ်ကြ၏။

<

“အရှင်မြတ်တို့ဘုရား၊ တပည့်တော်သည် ဖြစ်ပေါ်နေသော သူပုန်ကြီးကို ဟန့်တားနိုင်ခြင်း မရှိပါ။ သမုဒ္ဒရာ တဘက်ကမ်း (မဇ္ဈိမဒေသ-ဣန္ဒိယ)ကိုသာ ကြွတော်မူစေချင်ပါတယ်။ သမုဒ္ဒရာကို ကူးမြောက်ရန်အတွက်ကိုမူ တပည့်တော် စောင့်ရှောက်နိုင်ပါတယ်”ဟု သိကြားမင်းက အကြောင်းပြန်လိုက်၏။

သီဟိုဠ်တကျွန်းလုံးရှိ အရပ်လေးမျက်နှာမှ ရဟန်းတော်များလည်းမိုးလေ ဝသမှန်ကန်၍ သူပုန်ရန်မှ ကင်းလွတ်ရာ ဣန္ဒိယသို့ကူးရန် သီဟိုဠ်အနောက်မြောက်

## PAGE 251
<!-- 11 paragraphs, raw extraction -->




ဘက်ရှိ နာဂဒီပကျွန်းသို့ ကြွရောက်စုဝေး၍ ဇမ္ဗူကောလဆိပ်၌ သိကြားမင်း ဖန်ဆင်းသော သုံးထပ်ဖောင်ကြီးကို စီးကြရ၏။ (ဇမ္ဗုကောလဆိပ်နှင့် နာဂဒီပ မြေပုံနှင့် နောက်ဆက်တွဲ၌ ရှုပါ။) အောက်ဆုံးထပ်မှာ ရေ၌မြုပ်နေ၏။ တထပ် မှာ သံဃာတော်များစီးနင်းလိုက်ပါ၍ ကျန်တထပ်၌ ပရိက္ခရာများ ထားကြလေ သည်။ (ဝိဘင်္ဂ’ဋ္ဌ၊ ၄၂၇။)

ဖောင်သင်္ဘောကြီးပေါ်၌ ရဟန်းခုနစ်ရာရောက်နေကြ၏။ ဆိပ်ကမ်းပေါ် ၌လည်း အပါးခုနစ်ဆယ်ခန့် ရပ်လျက်ရှိနေကြသေးသည်။ ထိုအခါ သင်္ဘောမှူး (သိကြားမင်း)က ဆိပ်ကမ်းပေါ်၌ ရပ်နေကြသော မထေရ်များ အနီးသို့လာ၍- “အရှင်ဘုရားတို့၊ အကြီးအကျယ် ဘေးကြီး ဆိုက်ရောက်ပါတော့မယ်။
မိုးလည်း ကောင်းကောင်းမွန်မွန် ရွာမှာ မဟုတ်ဘူး။ အရှင်ဘုရားများ ပစ္စည်း လေးပါးအတွက် ခက်ခဲဆင်းရဲနေရပြီး ပရိယတ္တိသာသနာတော်ကြီးကို ထိန်းသိမ်း စောင့်ရှောက် နိုင်ကြတော့မှာ မဟုတ်တော့ပါဘုရား။

“မဇ္ဈိမဒေသ ကြွရောက်ပြီးအသက်တချောင်းစောင့်ရှောက်ဖို့သင့်ပါတယ်။
သင်္ဘောပေါ်ကြွတော်မူကြပါဘုရား။ နေရာထိုင်ခင်းမလုံလောက်လျှင်လဲ ဟောဒီ ပျဉ်ချပ်ပေါ်မှာ ဝမ်းလျားမှောက်ပြီး ကူးတော်မူကြပါ။ စိတ်ချတော်မူကြပါ။
မည်သည့်ဘေးအန္တရာယ်မျှ မဖြစ်စေရပါဘူး။”

(ထိုခေတ်ကား ပိဋကကို နှုတ်ဖြင့်သာ ဆောင်ထားကြ၏။ ပေစာ၌ များများစားစား ရေးမှတ်ထားခြင်း မရှိသေးချေ။)

ဆိပ်ကမ်းပေါ်၌ ရပ်နေကြသော ရဟန်းတော်များတွင် ခြောက်ကျိပ် သော မထေရ်များသည်…

“ကဲ…တပည့်တော်တို့ မလိုက်ပါကြစို ့နှင့်။ ဒီမှာပဲနေခဲ့ပြီး ပိဋကသုံးပုံ ကိုသာစောင့်ရှောက်နေကြစို့ ”ဟုအချင်းချင်းကတိထားကာသီဟိုဠ်ကျွန်းအလယ် လောက်တွင်ရှိသော (ကန္ဒီမှအနုရာဓသွား လမ်းဘေး ၁၅-မိုင်ကွာ မာတလေ့ ခေါ်) မလယနယ်ဘက်သို့ ကြွသွားတော်မူကြလေသည်။ (အံ-ဋ္ဌ-၁၊ ၇၁။) အသက်အရွယ်ကြီးရင့်လှပြီ ဖြစ်သော မထေရ်အိုကြီးတပါးနှင့် အလုပ် အကျွေးကိုရင်တပါးလည်းတောဘက်သို့ထွက်သွားကြလေ၏။ (ဝိဘင်္ဂ-ဋ္ဌ၊ ၄ ၃ဝ ။) သင်္ဘောပေါ်၌ ပါသွားကြသော သံဃာများ၏ ဆရာ မထေရ်ကြီးများ ဖြစ်ကြသော သံယုတ္တနိကာယ်ဆောင် စူဠသီဝမထေရ်၊ ဣသိဒတ္တမထေရ်နှင့် မဟာ သောဏမထေရ်ကြီးသုံးပါးသာလျှင် ဆိပ်ကမ်းပေါ်၌ရပ်ကာ တစုံတခု စဉ်းစား တော်မူနေကြ၏။

"

“အရှင်ဘုရားများ၊ သင်္ဘောပေါ်ကြွတော်မူကြပါဘုရား” သင်္ဘောမှူးက လျှောက်ပြန်၏။ ဣသိဒတ္တထေရ်နှင့် စူဠသီဝမထေရ်ကြီးနှစ်ပါးက မဟာသောဏ မထေရ်အား-

## PAGE 252
<!-- 19 paragraphs, raw extraction -->



၂ ဝ ၉

“ကဲ’ငါ့ရှင် မဟာသောဏ၊အချိန်လင့်ပြီ၊ သင်္ဘောပေါ်တက်ပေတော့” ဟု ဝိုင်း၍ နားချကြ၏။

.

“အရှင်ဘုရားများကော ဘုရား”ဟု မဟာသောဏက ပြန်၍မေးလျှောက် ရာ စူဠသီဝမထေရ်ကြီးက--

"

“ငါ့ရှင် မဟာသောဏ၊ တို့များ အသက်အရွယ်ကြီးပြီ။ ရေမှာသေသေ၊
ကုန်းမှာသေသေ သေတာအတူတူပဲ။ တို့များ မလိုက်ကြတော့ဘူး၊ ဒါပေမယ့် ငါ့ရှင်ကတော့ဖြင့် ငယ်လည်းငယ်သေးတယ်။ နောင်တချိန်မှာ တို့များသာသနာ ဟာ ငါ့ရှင်ကို အမှီသဟဲပြုပြီး သားစဉ်မြေးဆက် ဆက်လက် အရှည်တည်တံ ့ဖို အကြောင်းရှိတယ်။ ကဲ…ငါ့ရှင်၊ တို့များ တောင်းပန်ပါတယ်။ သင်္ဘောပေါ် ကြွပါ။”

"

“အရှင်ဘုရားများမှ မကြွလျင် ဘုရားတပည့်တော်လည်း လိုက်ပါမသွား ပါဘုရား။ သည်းခံတော်မူကြပါ။

,,

သုံးကြိမ်တိုင်တိုင် ပြောဆိုနားချသော်လည်း မရ၍ မထေရ်ကြီးများ လက်လျှော့ လိုက်ကြရ၏။

သင်္ဘောမှူးလည်း မည်သို့မျှကြားဝင်မလျှောက်သာတော့ပဲ သင်္ဘောပေါ် သို့သာ ပြန်၍တက်သွား၏။ သင်္ဘောကြီးလည်း ဇမ္ဗူကောလဆိပ်မှ တရိပ်ရိပ် ထွက်ခွာသွားလေတော့သည်။

မထေရ်ကြီးသုံးပါးလည်း ဇမ္ဗူကောလဆိပ်ကမ်း၌ ရပ်၍ ကျန်ရစ်တော် မူကြရာ စူဠသီဝမထေရ်ကြီးက ဣသိဒတ္တမထေရ်ကြီးအား မခွဲခွာမီ-

“ငါ့ရှင် ဣသိဒတ္တ၊ နောင်အခါမှာ တပည့်တော်များ သာသနာဟာ ဒီ မဟာသောဏကိုအကြောင်းပြုပြီး သာသနာစဉ်ဆက် ဆက်လက်ပြန့်ပွားရမယ့် အခြေအနေ ရှိပါတယ်။ တပည့်တော်အထူးမှာခဲ့ပါရစေ၊ အရှင်ဘုရား။ သူ့ကို လက်မလွှတ်ပါလေနဲ့” ဟု မှာကြားနေစဉ် ဣသိဒတ္တမထေရ်ကြီးက— “အရှင်ဘုရားကော ဘယ်ကိုကြွမှာပါလဲ။”

"

"

“တပည့်တော်များ မဟာစေတီကြီးကို ဖူးမြော်ချင်ပါသေးတယ်ဘုရား” ဟုပြောပြောဆိုဆို လမ်းခွဲတော်မူကြလေ၏။ စူဠသိဝမထေရ်ကြီးကားအနုရာဓမြို့ ဆီသို့ တရွေ့ရွေ့ ကြွသွားတော်မူလေ၏။ဣသိဒတ္တမထေရ်ကြီးကား မဟာသောဏ ထေရ်ကိုခေါ်ဆောင်၍ သင်္ဘောဆိပ်မှ ဦးတည့်ရာ ကြွတော်မူကြသည်။ (ဇမ္ဗု ကောလမှ အနုရာဓသို့ခြေကျင်ငါးရက်ခရီးခန့်ရှိသည်။ D.P.N. )

တိုင်းပျက်ပြည်ပျက်ကြီးအတွင်း ရဟန်းတော်တို့သည် ဣန္ဒိယသို့ ကြွသူကြွ၊
ကျန်သူကျန်၊ မိမိတို့ဆန္ဒအလျောက် သီတင်းသုံးတော်မူကြလေရာ ရဟန်းတော် ပေါင်းများစွာ အကျိုးမဲ့ ပျံလွန်တော် မူကြရလေ၏။

## PAGE 253
<!-- 13 paragraphs, raw extraction -->




သာသနာစောင့်မထေရ်ကြီးများကား ကပ်ဘေးဆိုးကြီးက လွန်မြောက် ကာ သာသနာတော်ကြီးအား မည်သို့အသက်ဆက်ကြရမည်ကိုသာ ကြည့်ရှုစီစဉ် တော်မူကြရလေသည်။ ခန္ဓာကိုယ် ပင်ပန်းမည်ကို ငဲ့ညှာတော်မမူ၊ အသက်ပင် သေသော်လည်း ချမှတ်သော သာသနဝန်ကိုသာ ရှေးရှု ဓိဋ္ဌာန်တော် မူကြလေ သည်။

စူဠသီဝမထေရ်ကြီးသည် အနုရာဓနေပြည်တော် မဟာဝိဟာရ ကျောင်း တိုက်ကြီးသို့ ရောက်သွားသောအခါ များစွာသံဝေဂဖြစ်တော်မူရ၏။

သီဟိုဠ်ကျွန်းသို့ သာသနာရောက်စ ဒေဝါနံပီယတိဿမင်းကြီး(သာသနာ ၂၃ ၆-၂ ၇ ၇)တည်ထားခဲ့သော နှစ်ပေါင်းများစွာ သံဃာတော်ထောင်သောင်း သီတင်းသုံးတော်မူခဲ့ရာ မဟာဝိဟာရကျောင်းတော်ကြီးကား ယိုယွင်း ဖျက်စီး ကာ ကြည်းနှင် ဖုတ်ဖုတ် ရှိလေ၏။ သုံးဖာလုံခန့်ဝေးသော မဟာစေတီဘက်သို့ ဆက်၍သွားရာ ပို၍ပင် သံဝေဂဖြစ်တော်မူရလေသည်။ စေတီကြီးမှာ ရေညှိ ရေမှော်များငြိကပ်၍ ချုံနွယ် ပိတ်ပေါင်းများရှစ်ပတ်လွှမ်းဖုံးနေ၏။ စေတီတော် ရင်ပြင်တခုလုံးလည်း ကြက်ဆူပင်များသာ မင်းမူနေတော့သည်။

မထေရ်ကြီးသည် တနေရာ၌ ရိုသေစွာထိုင်၍ သက်တော်ထင်ရှား မြတ်စွာ ဘုရားရှင်အား ဝတ်ပြုသည့်ပမာလေးလေးမြတ်မြတ်ကြီး ဦးချ ကန်တော့၏။
ပြီးလျှင် စေတီကြီးအနောက်မုခ်ဇရပ်တခုသို့ဝင်နားကာ စေတီတော်အား ဖူးမြော် ကြည်ညိုနေယင်း...

“အင်း..ဤမျှအတုမရှိသော ပူဇော်သကာ ရရှိတော်မူသော ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သရီရ ဓာတ်တော်များ ကိန်းဝပ်ရာ မဟာစေတီကြီး သည်ပင် ထိန်းသိမ်းစောင့်ရှောက်သူမရှိပါတကား”ဟုသံဝေဂဖြစ်ကာ စဉ်းစား ယင်း ထိုင်နေတော်မူ၏။

ထိုသို့စဉ်းစားနေခိုက် ဒကာတဦးသည် ဆန်ကျည်တောက်နှင့်ထန်းလျက်ခဲ များကိုယူဆောင်၍ မထေရ်ကြီးအနီးသို့ လာရောက်ဝတ်ပြုကာ—

ဒကာ အရှင်ဘုရားများ ဘယ်ကိုကြွကြမှာပါလဲ။

မထေရ် တို့များ(ဒက္ခိဏဒေသ)တောင်ပိုင်းအရပ်ဆီသွားဖို့ပဲ။
ဒကာ … တပည့်တော်များလဲ အဲဒီကိုပဲသွားမှာပါ၊ အတူတကွ သွားကြ ပါစို့ဘုရား။

မထေရ် ဒကာ…၊ တို့များလူအိုဆိုတော့ ဒကာကို မီအောင် လိုက်နိုင်မှာ မဟုတ်ဘူး၊ ဒကာသာ ရှေ့က သွားလေတော့။

ကိစ္စမရှိပါဘုရား၊ အရှင်ဘုရားများ ကြွနိုင်သလောက်ပဲ တပည့် တော် သွားပါ့မယ်။

## PAGE 254
<!-- 13 paragraphs, raw extraction -->



၂ ၁ ၁

ဒကာသည် မထေရ်ကြီး၏ သပိတ်သင်္ကန်းကိုယူကာ ခရီးအတူထွက်ကြရာ (မဟိယင်္ဂဏမှ အနုရာဓသွား တာရိုးလမ်းဖြစ်သော) တိဿဝါပိကန်တာရိုးပေါ် အရောက်တွင် ပါလာသောထန်းလျက်ကို သပိတ်ဖြင့် ဖျော်ရည်လုပ်၍မထေရ်ကြီး အား ကပ်လေ၏။ မထေရ်ကြီးမှာ ထူးထူးခြားခြား အားအင်များ ပြည့်လာ သည်။'

နောက်မကြာမီပင် ဝေဏုမြစ်အနီးကျောင်းဟောင်းတခုသို့ ရောက်သွား ကြရာ ဒကာက ထေရ်အားရှင်းလင်း၍ နေရာလုပ်ပေး၏။ နောက်တနေ့ နံနက် မထေရ်ကြီးမျက်နှာသစ်ပြီးလျှင်ပင် ဒကာသည် ယာဂုကျို၍ကပ်၏။ ဆွမ်းအချိန် ဆွမ်းကပ်လေသည်။

"

“ဒကာ၊သင့်အတွက် ချန်ထားဦး”ဟု သပိတ်ကို လက်ဖြင့်ပိတ်ရာ“တပည့် တော်သွားရမယ့်ခရီးမဝေးတော့ပါဘုရား”ဟု ဆိုကာ ဆွမ်းကိုအကုန် ဆက်ကပ် ၏။ မကြာမီပင် ဗရမြစ်ဆိပ်သို့ရောက်လေ၏။ (ယခုအခေါ်Deduru Oya) “အရှင်ဘုရား……၊ဒီအရပ်ဒေသဟာ သစ်ရွက်စားတဲ့လူများ နေရာဒေသပါ ဘုရား၊ဟိုမှာမီးခိုးတောင်မြင်နေရပါပြီ၊ တပည့်တော်ကိုလဲ ခွင့်ပြုပါဦးဘုရား၊
ရွှေ့သွားရပါအုံးမယ်”ဟုလျှောက်ပြီး ထွက်သွားလေ၏။

ဤမျှဝေးကွာသောခရီးကို မပင်မပန်း အချိန် တိုတိုဖြင့် ရောက်လာနိုင် သည်ကို စဉ်းစားသောအခါမှ ထိုဒကာသည် လူဒကာမဟုတ်ကြောင်း စဉ်းစား

မိလေ၏။

စူဠသီဝမထေရ်ကြီးလည်း တိုင်းပျက်ပြည်ပျက် ခေတ်.ကြီး အတွင်း သစ်ရွက်ကိုသာ ဘုဉ်းပေး၍ သံယုတ္တနိကာယ်ကြီးကို နှလုံးသွင်း ဆင်ခြင်ကာ အသက်ဆက်တော်မူနေရလေ၏။ (ဝိဘင်္ဂ–ဋ္ဌ၊၄၂၇-ဂ။

(ခေတ်ပျက်ကြီးအတွင်း နတ်ဆွမ်းစား၍ သာသနာပြုခဲ့ကြသော “နာဂ ထေရ ထေရီမောင်နှမအကြောင်း အခန်း-၃၌ ရှုပါ။)

ခတ္တာအရာမှာလည်း 'စံတော်ဝင်

စူဠသီဝမထေရ်သည် သီဟိုဠ်ကျွန်းတခင်၌ နာမည် ကျော်ကြားလှသဖြင့် ဖူးမြော်လှူဒါန်းသူများ များပြား လာဘ်ပူဇော်မှုလည်း များပြား လှသဖြင့် ငြီးငွေ့ တော် မူနေရ၏။ သို့နှင့် ဆိတ်ငြိမ်မှုရရန် မဟာ တိတ္ထိ ဆိပ်ကမ်းမှ သင်္ဘောဖြင့် ဇမ္ဗူ ဒိပ်(ဣန္ဒိယ)ဘက်သို့ ကြွသွားတော်မူခဲ့ဖူး၏။

## PAGE 255
<!-- 13 paragraphs, raw extraction -->


၂ ၁ ၂


လမ်းခရီးအကြား သင်္ဘောစီးယင်း ပင်လယ် ရေပြင်ကြီးကို တစိမ့်စိမ့် ကြည့်ရှုနေစဉ် ချက်ချင်းပင် အာပေါကသိုဏ်း ဝင်စားတော် မူနိုင်လေသည်။
(ဝိသုဒ္ဓိ-၁၊၁၆ ၅-အာပေါ ကသိဏကထာ။)

ပါဠိတော်၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌လည်း မဟာသီဝစသော မထေရ် ကြီးများကဲ့သို့ အဋ္ဌကထာဆရာကြီးများ စူဠသီဝမထေရ်၏ဝါဒကို ကိုးကားဖော် ပြရလေ့ရှိ၏။ (ဒီ-ဋ္ဌ-၃၊ ၆၆-သမ္ပသာဒနီယသုတ်၊ဓမ္မအဘိညာ အဓိပ္ပာယ်။)

သို့ရာတွင် ယင်းစူဠသီဝထေရ်နှစ်ပါးမှာ အမည်တူ အခြားတပါးစီလော၊
ဤမထေရ်ချည်းပင်လော၊ အတပ်မဆိုသာ။ ဝိသုဒ္ဓိမဂ်(၁၊ ၃၀၇-မေတ္တာ ဘာ ဝနာ၊ အံ-ဋ္ဌံ-၃၊၃၄၆)၌ကား’

““မေတ္တာဘာဝနာနှင့်နေသူအား သံယုတ္တ ဘာဏက စူဠသီဝ မထေရ်ကဲ့သို့ ပင် အဆိပ်မသင့်နိုင်”ဟု တိုက်ရိုက်ပြဆိုထား၏။မည်သို့ အဆိပ်ထိကြောင်းကိုမူ အကျယ်မတွေ့ရချေ။ D.P.N. ၌ ဗြာဟ္မဏတိဿ ခေတ်ကြီး အတွင်းက အဖြစ် အပျက် ဖြစ်ကောင်းဖြစ်မည်ဟု ခန့်မှန်းရ၏။

မည်သို့ဖြစ်စေ စူဠသီဝမထေရ်ကြီးသည် မေတ္တာ အရာတွင် စံတော်ဝင် တပါးဖြစ်တော်မူသကဲ့သို့ ၁၂-နှစ်မှ သည်၁၄-နှစ်ကျော်ကျော် သစ်ရွက်ကိုသာ ဘုဉ်းပေး၍ သံယုတ္တနိကာယ်ကြီး မကွယ်ပရအောင် အာဂုံနှုတ်တက် ဆောင်ရွက် တော်မူခဲ့သော ပိဋကကျေးဇူးရှင်ကြီးတပါးလည်း ဖြစ်တော်မူသည့်မှာ ငြင်းဖွယ် မရှိ၊ ကြည်ညိုဖွယ်အတိ ဖြစ်ပါတော့သည်။

သစ်ဥသစ်မြစ်စား၍ သာသနာ့အသက် ဆက်ခဲ့ကြသော ဣသိဒတ္တနှင့် မဟာသောဏထေရ်

ဣသိဒတ္တမထေရ်ကြီးလည်း ဇမ္ဗူ ဒိပ်သွား သင်္ဘောဆိပ်မှ လှည့်ပြန်ကာ မဟာသောဏထေရ်ကိုခေါ်၍ သူပုန်ဘေး လွတ်ကင်းမည်ထင်သော ဒေသများသို့ လှည့်လည် ကြွတော်မူရာ သီဟိုဠ်ကျွန်းတောင်ပိုင်း ဒေသတခုဖြစ်သော အဋ္ဌဇန ပုဒ် နယ်ကြီးသို့ ရောက်သွား၏။

ထိုဒေသရှိ လူများမှာ. သစ်မည်စည်သီးများကို မမှည့်တမှည့် ဆွတ်ခူး၍ အစေ့ကိုသာယူပြီးလျှင် အခွံများကိုစွန့်ပစ်ထားလေ ့ရှိကြသည်။

ဣသိဒတ္တ မထေရ်ကြီးလည်း မည်သည့်အာဟာရကိုမျှ မဘုဉ်းပေးရပဲ ခရီး

လည်း ပင်ပန်းလှသဖြင့်-

## PAGE 256
<!-- 15 paragraphs, raw extraction -->


"


၂ ၁ ၃

ငါ့ရှင် မဟာသောဏ…၊ ဒီနေရာမှာ ဆွမ်းခံလို့ရမယ်ထင်တယ်”ဟု ပြော ပြောဆိုဆို သင်္ကန်းရုံ သပိတ်ပွေ့ပိုက်လျက် သစ်မည်စည်သီး ခူးနေသော ဒကာ များထံ နှစ်ပါးအတူသွား၍ ဆွမ်းရပ်တော် မူကြသည်။

အနီးအနားရှိ ကလေးသူငယ်များကလည်း အသုံးကျ၍ အလှူခံသည် အထင်ဖြင့် သစ်မည်စည်သီး အခွံများကို သဲစင်အောင် လက်ဖြင့်ပွတ်၍ လောင်း လှူလိုက်ကြ၏။ မထေရ်နှစ်ပါးလုံး အဠဇနပုဒ်၌ခုနစ်ရက်တိုင်တိုင် သစ်မည်စည်သီး အခွံ့ကိုသာ ဘုဉ်းပေးတော် မူကြရသည်။

ရွှေသို့ဆက်၍ ခရီးကြွတော်မူကြလျှင် စောရိယဿရခေါ်သော ရွာငယ်သို့ ာက်သွားကြ၏။ ကြာပန်းများကို ခူးယူပြီး ပစ်ထားခဲ့သော ကြာရိုးများကို မြင်လျှင် ရှေးနည်းဆွမ်းရပ်ရာ ကလေးငယ်များက ကြာရိုးများကို လောင်းလှူ ကြသည်။ ထိုဒေသ၌ ခုနစ်ရက်ပတ်လုံး ကြာရိုးကိုသာ ဘုဉ်းပေး၍ ပရိယတ်,ပဋိ ပတ်များကို ဆောင်တော် မူကြရလေ၏။

ရွှေသို့ဆက်၍ ကြွတော်မူကြလျှင် သစ်ရွက်ကိုသာ စားသုံးကြသော လူ များနေရာ ရွာတံခါးသို့ ရောက်သွားကြပြန်၏။

ထိုရွာ၌ သူငယ်မလေးတဦးသည် ၎င်း၏မိဘများ အလုပ်ကိစ္စအတွက် တောထဲသို့ သွားခါနီးတွင်-

"

“သမီးရေ…၊ ရဟန်းတော်များ တပါးတလေ ကြွများလာယင် ဘယ်ကိုမှ မသွားစေနှင့်၊ သီတင်းသုံးဖို့ နေရာကိုသာ သမီးက လျှောက်ထားညွှန်ပြလိုက်”ဟု မှာထားခဲ့သည့်အတိုင်း မထေရ်နှစ်ပါး ဆွမ်းခံ ဝင်လာသည်ကိုမြင်လျှင် ချက် ချင်းပင် သပိတ်ကိုသွားယူကာ နေရာထိုင်ခင်း ပေးလေ၏။ ထိုဒေသကား ဆန်ရေ စပါးရှိသော ဒေသ မဟုတ်ချေ။

ခေတ္တမျှ သီတင်းသုံးရန် ရှိခိုးလျှောက်ထားပြီးလျှင် ဓားငယ်တချောင်းကို ယူ၍ အိမ်အပြင်သို့ ထွက်သွား၏။ ချင်ရွေးရွက်၊ ချင်ရွေးနွယ်၊ ငှက်ပျောပင်စည် ပပ်များကိုယူပြီး အိမ်ထဲသို့ ပြန်ဝင်လာသည်။ ၎င်းတို့ကို ဆုံတခု၌ ထောင်းထု လုံးထွေးကာ အဆုပ်သုံးဆုပ်လုပ်ပြီး ပန်းကန်ပြားတချပ်ဖြင့်ယူ၍ မထေရ်များအား လောင်းလှူ၏။

သူငယ်မကလေးသည် တပါး အဆုပ်တဆုပ်ကျ လောင်းလှူပြီး ကျန်တဆုပ် ကိုဣသိဒတ္တ မထေရ်ကြီး သပိတ်ထဲသို့ လောင်းမည်ဟု စိတ်ကူး၍ လက်ကိုဆန့်ပြီး ထည့်လှူလိုက်ရာ လက်မှာ မဟာသောဏ သပိတ်ဆီသို့ အလိုလိုရောက်သွားကာ ကျန်တဆုပ်မှာ မဟာသောဏ သပိတ်ထဲသို့ ကျရောက်လေ၏။

66

ငါ့ရှင် မဟာသောဏ…၊ အဲဒါကိုပဲကြည့်တော့…။ အလွန်မှ ငတ်မွတ် ခေါင်းပါးနေရတဲ့ ဗြာဟ္မဏတိဿ ခေတ်ဆိုးကြီးအတွင်း ချင်ရွေး ငှက်ပျောပပ် ဆွမ်းမှာတောင် ဒီလောက် အကျိုးပေးတဲ့ကံဟာ ဒေသကာလ သမ္ပတ္တိသာ ဖြစ်

## PAGE 257
<!-- 17 paragraphs, raw extraction -->


.



မယ်ဆိုယင် ဘယ်လောက် အကျိုးပေး သန်လိုက်မလဲဆိုတာ ပြနေတာပဲ ငါ့ရှင်”ဟု မိန့်တော်မူကာ သူငယ်မ ညွှန်ပြသော လူမနေ ရဟန်းမရှိသော ကျောင်းတခု၌ ဝင်ရောက် ဘုဉ်းပေးကြလေ၏။

လူကြီးများ တောထဲမှ ပြန်လာကြသောအခါ သမီးငယ်၏ ပြောပြချက် အရ ကျောင်းသို့ ဝမ်းသာအားရ လိုက်လာကြကာ…

66

“အရှင်မြတ်များ ဘုရား… တပည့်တော်တို့အား ချီးမြှာက်သောအားဖြင့် ဝန်မလေးပါက ဒီမှာပဲ သီတင်းသုံးတော်မူကြပါ၊တပည့်တော်များ ရှာဖွေရတတ် သန္ဓေ လောင်းလှူပြုစုပါရစေ ဘုရား”ဟု လျှောက်ထားကြသည်။

မထေရ်နှစ်ပါးလည်း ၁ ၄-နှစ်တိုင်တိုင် နေရာမရွှေ့ပြောင်းတော့ပဲ ထိုဒေသ ၌ပင် သီဘင်းသုံးတော် မူကြရလေ၏။ သစ်ရွက် သစ်ခေါက် သစ်ဥများကိုသာ အာဟာရ ပြုတော်မူကြလျက် ပရိယတ် ပဋိပတ်ကို ဆောင်တော်မူကြရလေ၏။
(ဝိဘင်္ဂ’ဋ္ဌ၊ ၄၂၈-၉။)

သစ်ရွက်စား၍ တပည့်ကိုအသေခံစောင့်ရှောက်သွားသော နိဂြောဓသာမဏေ၏ဆရာ မထေရ်ကြီး

ဝတ္တဗ္ဗက နိဂြောဓ မထေရ်လည်း တိုင်းပြည်ပျက် ဘေးကြီး ဆိုက်စဉ် သာမဏေဘဝဖြင့်သာ ရှိလေသေး၏။ ဥပဇ္ဈာယ်ဆရာ မထေရ်အိုကြီးကို လုပ်ကျွေး ပြုစုနေရသည်။

ဇမ္ဗူဒိပ်သို့ မကူးလိုဟု မထေရ်ကြီးကဆို၍ သီဟိုဠ်ကျွန်းမှာပင် မထေရ် ကြီးကို ပြုစုယင်း သူပုန်ဘေးလွတ်ရာ တောစွန်တောရပ်များသို့ ဆရာတပည့် လှည့်လည် သီတင်းသုံးကြရလေ၏။

တိုင်းစွန်ပြည်ဖျား ပစ္စန္တရစ်အရပ်တခုသို့ ရောက်သွားကြသောအခါ ခုနစ် ရက်လုံးလုံး အာဟာရပြတ်လပ်တော် မူနေကြသဖြင့် ရွာအနီး အသီးများမှည့်နေ သော ထန်းပင်များကို တွေ့ရလျှင်’

"

“အရှင်ဘုရား……၊ ခဏ ဆိုင်းငံ ့တော်မူပါဦး၊ ထန်းပင်ပေါ်တက်ပြီး တပည့်တော် ထန်းသီးမှည့် ခူးပရစေ”ဟု သာမဏေက ဥပဇ္ဈာယ်ဆရာအား လျှောက်ရာ ဆရာက

"

“ငါ့ရှင် နိဂြောဓ…၊ မတက်ချင်နှင့်တော့၊ ကိုရင့်မှာ အားနည်းနေပြီ”ဟု တားသော်လည်းမရပဲ ဓားငယ်တခုယူပြီး ထန်းပင်တက်ရာ ထန်းခိုင်ကိုခုတ်လှီးစဉ် ဓားမှာ အောက်သို့ကျသွား၏။

## PAGE 258
<!-- 14 paragraphs, raw extraction -->



၂ ၁ ၅

အစာပြတ် အားနည်းနေသည့်ကြားက ထန်းပင်တက်ရာ ဓားကျသွားသ ဖြင့် မည်သို့လုပ်လေမလဲဟု ဆရာက စိတ်ပူစဉ်းစားနေစဉ် သာမဏေသည် ထန်းရွက် များကို လက်ဖြင့်ဆုတ်ဖြဲ၍ တခုနှင့်တခု ကြိုးဖြစ်အောင် ဆက်ချည်ပြီး မြေကြီးသို့ ချပေးလိုက်၏။

"

“ဆရာတော်ဘုရား…၊ မရိုမသေ ထန်းရွက်နဲ့ဓားရိုးကို ချည်ပေးတော်မူပါ” ဟု လျှောက်ရာ ဆရာမှာ ဉာဏ်ရှိပေသားပဲ”ဟု ချီးကျူး၍ ချည်ပေးလိုက်၏။
သာမဏေလည်း ထန်းသီးများကို ခုတ်လှီးချပြီးလျှင် အောက်သို့ ဆင်းလာရာ ဆရာသည် ချပေးလိုက်သောဓားဖြင့် လိမ့်စဉ်သွားသော ထန်းသီးတလုံးကို ကောက် ယူလှီးက၁-

"

"

“ကိုရင်… မောနေပြီပေါ့။ ဒါကလေး အယင်စားလိုက်အုံး”ဟု ပေးလျှင်- “အာ…ဆရာတော် မဘုဉ်းပေးရသေးပဲနဲ့ တပည့်တော် မစားလိုပါဘုရား” ဟု ဆိုကာ သပိတ်ထဲသို့ ထန်းသီးများ လှီးခွဲထည့်ကာ ဆရာမထေရ်အိုကြီးအား ဦးစွာကပ်လိုက်သည်။ ပြီးမှ စားလေ၏။ ဆရာတပည့် ထန်းပင် အောက်၌ပင် ထန်းသီးဆွမ်းဖြင့်ဝလင်အောင် ဘုဉ်းပေးပြီးနောက် သစ်ရွက်စားသော လူနေဒေသ အနး တောလမ်းခရီး၌ လစ်လပ်နေသော ကျောင်းဟောင်း ကျောင်းပျက်တခု တွေ့ကြရသဖြင့် စတည်းချနေကြလေသည်။

ဆရာအတွက် နေရာထိုင်ခင်းများ ရှင်းလင်း ပြင်ဆင်ပေးရာ မထေရ်ကြီး လည်း တပည့်ငယ်အား တရားစကား အနည်းငယ် သတိပေး ဟောပြောကာ ကျောင်းထဲဝင်၍ အနားယူတော်မူလေ၏။ သာမဏေလည်း ကျောင်းထဲရှိ စေတီ တဆူကိုလှမ်းမျှော်ကြည့်ရှုရင်း-

“အင်း...မည်သည့်အရပ်မှာ သေရမယ်လို့ မသိနိုင်ဘူး။နေရာအတည်တကျ မမှန်းဆ မသိမြင်ရပဲ သေခဲ့ရတဲ့ဘဝတွေ များခဲ့ရလှလေပြီ။ ရတနာသုံးပါးကျေးဇူး ကြောင့် အသိဉာဏ်ရရှိတဲ့ဘဝ အသက်ကလေးရှင်နေရတုန်း ဘုရားရှင်ရဲ့ဝေယျာဝစ္စ လုပ်ယင်း ဘုရားအာရုံပြုဦးမှပဲ”ဟု ဆင်ခြင်၍ စေတီရင်ပြင်သို့ သွားလေ၏။

စောင့်ရှောက်သူ ကင်းမဲ့နေသော စေတီရင်ပြင်၌ မြက်ပင်များ တရပ်တသူ ခန့် တောထနေလေရာ မြက်များကိုနုတ်၍ စုပုံလိုက် စွန့်ပစ်လိုက်လုပ်နေရာ ခုနစ်ရက် အာဟာရပြတ်နေသဖြင့် အားပြတ်ကာ မတ်တတ်က လဲကျသွားလေ၏။ ထိုအခါ သေခြင်းတရား၏အန္တရာယ်မှာ ပို၍နီးကပ်နေပြီကို ဆင်ခြင်မိသဖြင့် တရားအာရုံ ပြုယင်း မြက်တောထဲ၌ လဲကျလျောင်းလျက်က အနီးရှိ လက်လှမ်းတမှီ မြက်ပင် များကို နုတ်နေလေသည်။

တောထဲမှ အစာအာဟာရ ရှာဖွေ၍ ထင်းခွေပြန်လာကြသော ရွာသား အချို့ ကျောင်းအနီးသို့ရောက်လေလျှင် မြက်ပင်များ လှုပ်နေသည်ကိုမြင်၍ သား သမင်အထင်ဖြင့် အနီးသို့ ရောက်လာကြ၏။

°

## PAGE 259
<!-- 23 paragraphs, raw extraction -->


၂ ၁ ၆

ဒကာ

ကိုရင်

ဒကာ

ကိုရင်


ကိုရင်ပါလား..၊ ကိုရင် ဒီမှာ ဘာလုပ်နေတာလဲဘုရား။
ဒကာ…၊ ဒီ စေတီရင်ပြင်မှာ’ မြက်ပေါင်းသင်နေတာပါ။ · ဪ….၊ ဒီမှာ ကိုရင် တပါးတည်းလား၊ အဖော်ကော ပါသေး

သလား။

ကိုရင့်ဆရာ ဥပဇ္ဈာယ်ဆရာတော်ကြီးတပါးလဲ ပါပါတယ်၊လူကြီး ဆိုတော့ ခရီးပန်းလို့ ကျောင်းခန်းထဲမှာပဲ အမောဖြေနေတယ်။
ဒကာများလည်း သာမဏေအား တောထဲကရလာသော ပျားအုံပျားလပို့ တခုကို ပေးလှူပြီး’

"

“ကိုရင်…ကိုရင့်ဆရာတော်ကြီးကပ်ပြီး ကိုရင်လဲဘုဉ်းပေးပါ။ တပည့်တော် တို့ကို ခွင့်ပြုပါဦး။ တပည့်တော်တို့ဆီလဲ ကြွခဲ့ပါဘုရား၊ လမ်းမှာ သစ်ခက်ချိုးပြီး ချ- ချ ထားခဲ့ပါ့မယ်။ ကိုရင့်ဆရာတော်ကြီးကိုပါ ပင့်ပြီး ဆွမ်းခံကြွပါဘုရား”ဟု လျှောက်ထားသွားကြလေ၏။

သာမဏေလည်း ဝမ်းသာအားရ ပျားလပို ့ကိုယူကာ ဆရာမထေရ်ကြီးနေ သောကျောင်းကလေးသို့ သွား၏။တံခါးအပြင်ဘက်မှနေ၍ “ဆရာတော်ဘုရား” ဟု လျှောက်ရာ' အင်း...ကိုရင်တော့ ဆာလောင် မောပန်းလာပြီထင်တယ်'ဟု စဉ်းစား ကာ ခွန်းတုံ ့မပြန်ပဲ ဆိတ်ဆိတ်ပင်နေတော်မူလေ၏။

ကိုရင်

ဆရာ

ကိုရင်

ဆရာ

ဆရာတော်ဘုရား….။

ကိုရင်.. ဘာဖြစ်လို့ ဘုန်းကြီးအိုကြီးတွေကို ချမ်းချမ်းသာသာ နားနားနေနေ အိပ်နေတာ နှောင့်ယှက်ချင်ရတာလဲ။
တံခါကလေး ခဏ ချီးမြှင့်ပါဘုရား။

(ထ၍ တံခါးဖွင့်ပေးပြီးလျှင်) ကိုရင့်လက်ထဲက ဘာတွေလဲ။
(သာမဏေလည်း အကြောင်းစုံ လျှောက်ပြီးနောက် ဆရာမထေရ်အိုကြီး ဆန္ဒအရ ဖျော်ရည်လုပ်၍ကပ်လေ၏။ မထေရ်ကြီးလည်း အတော်အတန် အားပြည့် လာကာ)

ကိုရင်

ဆရာ

ကိုရင်၊လူနေ အိမ်ရာဌာရှိတဲ့နေရာကလေးများမမေးလိုက်ဖူးလား။
သူတို့ကိုမမေးရပဲ လျှောက်ထား ပင့်ဖိတ်သွားကြပါတယ် ဘုရား။
အိမ်း…၊ ဒါဖြင့်လဲ ကောင်းသာပဲ ကိုရင်၊ မနတ်မှသွားယင် အစာမရှိလို့ မောပန်းနေကြရဦးမယ်၊ အားကလေးရှိတုန်း ယခုပဲ သွားကြစို့ရဲ့။

## PAGE 260
<!-- 14 paragraphs, raw extraction -->




ဆရာတပည့် ပြောပြောဆိုဆို ခရီး တထောက် ဆက်ကြ ပြန်လေသည်။
သာမဏေလည်း ဆရာမထေရ်အိုကြီး၏သပိတ်သင်္ကန်းများယူကာ သစ်ခက်ချထား သော အမှတ်သညာဖြင့် ကြွကြရာ နေဝင်ခါနီး ရွာအနီးသို့ ရောက်သွားကြလေ ၏။ ရွာထဲသို့ မဝင်တော့ပဲ ထိုတညအတွက် ရွာဝင်ပေါက်နှင့်မနိးမဝေး နေရာ၌ ကျိန်းစက်ကြလေသည်။

လူသားစားသော ဒေသ နိဂြောဓ ပျောက်နေ၍

•

မိမိတို့မရောက်ဖူးသော ဒေသလည်း ဖြစ်နေ၍ စိတ်ချလက်ချ မနေရဲကြ ပေ။ သူပုန်သူကန် မရှိသော်လည်း ဘောကြီး မျက်မည်းဖြစ်၍ သားရဲတိရစ္ဆာန် များ ဘေးကို စိုးရိမ်သည့်အခါ စိုးရိမ်နေကြရ၏။ အချို့ ပစ္စန္တရစ် အရပ်ဒေသ များမှာ လူသားစားသောသူများပင် ရှိနေသည်ကိုလည်း ကြိုတင် သိရှိတော် မူကြသဖြင့် သူတော်ကောင်းကြီးများမှာ ကြောက်ရွှံ့ခြင်း မရှိသော်လည်း သတိ ဝီရိယနှင့် နေတော်မူကြရလေ၏။

သာမဏေနိဂြောဓကား ရွာအနီးရှိ သစ်ပင်ကြီးတပင် အောက်၌ ဆရာ မထေရ်အိုကြီးအတွက် နေရာ ရှင်းလင်းပေးပြီးနောက် ဆရာနှင့် မလှမ်း မကမ်း နေရာ၌ လဲလျောင်းနေ၏။ မထေရ်ကြီးလည်း တပည့်အား ပရိယတ် အမွေမပေး နိုင်ပဲ တရားဘာဝနာကိုသာ လူငယ်နှင့် တန်သလောက်နှလုံးသွင်းနေထိုင်ရန် သတိ ပေးပြီး ကျိန်းစက်တော်မူလေ၏။

သာမဏေကား လူငယ်ပီဝီ စိုးရိမ်ကြောင့်ကြခြင်းမရှိ၊ မထေရ်ကြီး တရား နှလုံးသွင်းယင်း မှေးကနဲအိပ်ပျော်သွားခိုက် မိမိ သပိတ်ကလေးကို ကောက်ယူ လွယ်ပြီး ရွာနှင့် ခပ်လှမ်းလှမ်း တောထဲသို့ ညကြီး မင်းကြီး တပါးတည်း ကြွသွားသည်။

မထေရ်ကြီး အိပ်ရာမှ နိုး၍ကြည့်သောအခါ သာမဏေကို မတွေ့ရသဖြင့် မှောင်နှင့်မည်းမည်း သစ်ပင်ရိပ် တလျှောက် လှည့်ပတ် ရှာဖွေကြည့်သေး၏။

မတွေ့ရချေ။

"

“အင်း….၊ ငါ့ကိုရင်တော့ လူသားစားတဲ့သူတွေ ဖမ်းခေါ်သွားပြီ ထင် ပါရဲ့”ဟု စဉ်းစားမိကာ ကြောင့်ကြစိတ်ဝင်နေသဖြင့် အိပ်စက်၍မရ၊ တညလုံး ငုတ်တုတ်ထိုင်ယင်း တရားရှုပွား၍သာ နေတော်မူရ၏။

နေအရုဏ်တက်ပြီးသည်နှင့် သာမဏေလည်း တောထဲမှ ပြန်ကြွလာ၏။
သပိတ်ဖြင့် မျက်နှာသစ်ရေခပ်ယူခဲ့ပြီး တောထဲမှ ယူလာသော ဒန်ပူ(သွားတိုက်

## PAGE 261
<!-- 16 paragraphs, raw extraction -->




တံ)ကို ဆရာမထေရ်ကြီးအား ဆက်ကပ်လိုက်သည်။ မထေရ်ကြီးမှာ မျက်နှာကို ပင် မသစ်အားသေးပဲ-

“ကိုရင်..ကြည့်စမ်း၊ မင်းညက ဘယ်သွား နေတာလဲ၊ တကတဲ... မထေရ်အိုကြီးတွေကို ကြောင့်ကြဝင်အောင် တယ်လုပ်သကိုး၊ ........၊ မင်းကို ဒဏ်ပေးရမယ်”ဟု မြည်တွန်လေရာ’

လေ၏။

“မှန်လှပါဘုရား၊ ပေးတဲ့ဒဏ် ထမ်းပါ့မယ်”ဟု သာမဏေလည်း ဝန်ခံ

မျက်နှာသစ်ပြီးလျှင် ဆရာ တပည့် ရွာတွင်းသို့ အရုဏ်ဆွမ်းခံ ဝင်ကြ လေ၏။ လူများလည်း မိမိတို့စားနေကျ သစ်ဥသစ်မြစ်နှင့် အသီးအရွက်များကို လောင်းလှူကြလေ၏။ ဆရာတပည့် အရုဏ်ဆွမ်းကိစ္စပြီး၍ မိမိတို့ ညက ကျိန်းစက် သော သစ်ပင်ကျောင်းသို့ ပြန်လာကြရာ သာမဏေမှာ သပိတ်ဖြင့် မထေရ်ကြီး အတွက် ခြေဆေးရေကို ခပ်ယူခဲ့၏။ ကျောင်းသို့ ရောက်လျှင်—

ကိုရင်

ဆရာ

ကိုရှင်

ဆရာ

အရှင်ဘုရား၊ ဒီမှာ ခြေဆေးရေ ခပ်ယူခဲ့ပါတယ်၊ တပည့်တော် ခြေဆေးပြီးပေးပရစေဘုရား။

(မထေရ်ကြီးလည်း ဝတ္တရားကျေ၍ အလိုက်သိလှသောတပည့်ကို ကြည့်ယင်း ညက အဖြစ်အပျက်ကို ပြန်လည် သတိ ရလာကာ) ကိုရင်…ညက ဘယ်သွားနေတာလဲ၊ တို့များစိတ်မချလို့ကြောင့်ကြ ပြီး တညလုံး တရားကောင်းကောင်း ရှုမှတ်လို့တောင် မရဘူး။
မှန်လှပါဘုရား၊ ဘုရားတပည့်တော် သာမဏေဝတ်တဲ့နေ့က စပြီး ရွာထဲကိုမဆိုထားနှင့် ရွှာစွန်ရွာနားမှာပင် အရုဏ်မတက်ဘူးပါ။
ဒါလဲ ဆရာတော်သိပါတယ် ဘုရား။ ဒါကြောင့် ညကလဲ ရွာနီး အနားမှာ အရုဏ်မတက်ချင်လို့ တောရအရုဏ်ရချင်တာနဲ့ တောထဲ ကိုသွားနေတာပါဘုရား။ ဆရာတော်လဲမှေးစက်နေလို့ အိပ်ရေး လဲပျက်၊ တရားအနှောင့်အယှက်လဲ ဖြစ်မှာစိုးလို့ မလျှောက်ထား မိတာပါ ဘုရား။

အင်း…သာဓု သာဓု ကိုရင်၊ ဒီလိုဆိုတော့ ကိုရင်ဟာ ဒဏ်မထမ်း ထိုက်ဘူး။ ကဲ…….တို့ပဲ ဒဏ်ထမ်းပါ့မယ်။

မထေရ်ကြီးလည်း အရညကင်ဓုတင်မပျက်အောင် စောင့်ရှောက်၍ အရွယ် နှင့် မလိုက်အောင် ဘုရားအဆုံးအမကိုလေးစားသော မိမိတပည့်အားပို၍မြတ်နိုး တော်မူလေ၏။ ထိုပစ္စန္တရစ်ဒေသ၌ပင် ဆရာတပည့် သီတင်းသုံးနေကြရစဉ်-

## PAGE 262
<!-- 15 paragraphs, raw extraction -->


"


၂ ၁ ၉

“ကိုရင်၊ တို့များလဲ အသက်ကြီးပြီ၊ တနေ့ ဘာဖြစ်မယ်ဆိုတာ မပြော နိုင်ဘူး။ ကိုရင်တို့မှာ သာသနာအတွက် အောင်ရွက်ရန် အချိန်တွေအများကြီး ရှိသေးတယ်။ တို့များကိုချည်းငဲ့ညှာအားကိုးမနေနဲ့။ မတတ်သာယင် လျစ်လျူ ရှူတန်ရှုပြီး သာသနာပြုနိုင်အောင် ကိုယ့်ကိုကိုယ်သာ သတိဝီရိယနဲ့စောင့်ရှောက် နေ”ဟုသတိပေးစကား ပြောကြားမှာထားတော်မူ၏။

မထေရ်ကြီးကား အနာဂါမ် ပုဂ္ဂိုလ်ကြီး ဖြစ်လေသည်။

များမကြာမီ မထေရ်ကြီးမှာ လူသားစားသူများကြောင့် ပြန်လွန်တော် မူသွားရရှာ၏။

သာမဏေ နိဂြောဓလည်း ဆရာပြန်လွန်သဖြင့် အားငယ်ကာတတောထွက် ဝင် ဆရာစားရှာရလေ၏။ မိမိကိုယ်ကိုစောင့်ရှောက်ယင်းဆရာသမားကောင်း များနှင့် တွေ့ရ၍ ခေတ်ပျက်ကြီးအတွင်း ပရိယတ်စာပေများ သင်ကြားယင်း ရဟန်းဖြစ်လေ၏။

တိပိဋကဓရ ဝတ္တဗ္ဗက နိဂြောဓမထေရ်ဟုပင် ထင်ရှားခဲ့လေသည်။
(ဝိဘင်္ဂ-ဋ္ဌ၊ ၄၃၀၊ ၄၃၂။)

စစ်ပြီးခေတ် သာသနာ့ဝန်ဆောင် ရဟန္တာ အရှင်မြတ်များ မလယပြည်နယ်၌ ပထမဆုံး တွေ့ဆုံခြင်း

မလယ န

ဇမ္ဗူကောလ သင်္ဘောဆိပ်သို့ ရောက်ပြီးမှ ဇမ္ဗူဒိပ် မကူးလိုပဲ “ဖြစ်သလို နေပြီး ပိဋကသုံးပုံကိုသာ စောင့်ရှောက်နေတော့မည်' ဟု ဆုံးဖြတ်၍ လှည့်ပြန် လာကြသော ရဟန်းတော် ခြောက်ကျိပ်တို့မှာလည်း သင်္ဘောဆိပ်မှ ပုဒ်=မလယပြည်နယ် (ကန္ဒီမှ ၁ ၅-မိုင်ခရီး) ဘက်သို့ ကြွသွားတော် မူကြ၏။
မလယ ဇနပုဒ်မှာ တောတောင်ထူထပ်သော ဒေသဖြစ်သည်။ (ဟခုအခါ “မာတလေ”ဟု ခေါ်၍ စတုတ္ထ သံဂါယနာတင်ရာ ဒေသဖြစ်၏။)

ရဟန်းတော် ခြောက်ကျိပ်မှာ အသီးအသီး မိမိတို့လေ ကျက်ရာ နိကာယ် များကို မမေ့မပျောက်အောင်သာ စိတ်စော၍ ရွတ်ဖတ် သရဇ္ဈာယ် နေကြ၏။
မလယ တောထဲ၌ စားသောက်ရသော အာဟာရမှာ သစ်ဥ သစ်မြစ် သစ်ရွက် များသာ ဖြစ်၏။

အထိုက်အလျောက် ရွတ်နိုင် ဖတ်နိုင်လောက်အောင် သစ်ဥသစ်မြစ် အာ ဟာရ မှီဝဲရသောအခါ စုပေါင်း၍ထိုင်ကာ သရဇ္ဈာယ်ကြကုန်၏။ ခန္ဓာကိုယ် မခံ ကျန်းသောအခါ သဲပုံကြီးတခု ပုံထားပြီးလျှင် ထိုသဲပုံ၌ လှည့်ပတ်ဝိုင်းထိုင်ကာ ခေါင်းချင်းဆိုင်၍ ပိဋကကျမ်းစာများကို စိတ်ထဲကသာ နှလုံးသွင်း နေကြရ

လေ၏။

## PAGE 263
<!-- 11 paragraphs, raw extraction -->




ဤနည်းဖြင့် ၁၂-နှစ် (၁၄-နှစ်ခန့်)တိုင်တိုင် အဋ္ဌကထာနှင့်တကွ ပိဋက သုံးပုံကို နှုတ်ငုံ ဆောင်တော်မူကြရသည်။ ဇမ္ဗူဒိပ် (ဣန္ဒိယ)သို့ ကူးသွားကြသော ရဟန်းတော်ခုနစ်ရာတို့လည်း မိမိတို့ အသီးအသီး နေထိုင်သီတင်းသုံးရာ အရပ်တို့၌ အဋ္ဌကထာနှင့်တက္ခ ပိဋကသုံးပုံကို နှုတ်ငုံဆောင်၍ သရဇ္ဈာယ် နေခဲ့ကြ၏။ (အံ-ဋ္ဌ- ၁၊ ၇၁။)

ယင်းသို့ နေရာဒေသအသီးအသီးသို့ ရောက်ရှိနေကြသော ရဟန်းတော်တို့ သည် ပရိယတ် ပဋိပတ်၌ အထူးကြောင့်ကြစိုက်ကာ မြတ်စွာဘုရား ဟောတော် မူသော ပိဋကသုံးပုံတွင် တလုံးတပါဒမျှ ကျပျောက် မေ့ကျန် တိမ်းယိမ်း ချော်ခြင်းမရှိအောင် စောင့်ရှောက်သော မထေရ်များ အများအပြားရှိကြသကဲ့သို့ “ကာလဝိပတ္တိ=ခေတ်ပျက်ကြီး များ၌ ဖြစ်လေ ့ ဖြစ်ထရှိသော သဘာဝအတိုင်း သီလသမာဓိ အင်အားနည်းသော ရဟန်းယောက်ျား ရဟန်းမိန်းမ အများ အပြားလည်း လူထွက်သူ ထွက်၊ သေသူသေ ခေတ်ဆိုး ကပ်ဆိုးကြီးကို မကျော် လွန်နိုင်ခဲ့ကြပေ။

°

ပြည်တွင်းစစ်ကြီး ပြီးဆုံးချိန် သာသနာတော်နှစ် ၄၅၅။

ဗြာဟ္မဏတိဿနှင့် ကျေးကုလားမင်းများရန် ပြေငြိမ်းသဖြင့် ဝဋ္ဋဂါမဏိ မင်းကြီး ဒုတိယအကြိမ် နန်းတက်လာ၏။

နောင်တော် ခလ္လာဋမင်း၏ မိဖုရားကြီး အနုဠာဒေဝီနှင့် ထီးမွေနန်းမွေခံ ထိုမင်း၏သားတော် တူဖြစ်သူ မဟာစူဠိကမင်းသားအား အဘအရာတည်၍စောင့် ရှောက်သောကြောင့် မင်းသားက ဝဋ္ဋဂါမဏိ ဘထွေးဘော်အား “ပိတု-ခမည်း တော်’ဟုသာ ခေါ်ရာမှ ပိတုရာဇာ (သီဟိုဠ်အခေါ် ပိတိရာဇာ)ဟု တွင်လေသည်။
ထို့ကြောင့် ဝဋ္ဋဂါမဏိမင်းကြီးကိုပင် အဋ္ဌကထာတို့၌ “ပိတုမဟာရာဇာ” ဟု သုံး စွဲခြင်း ဖြစ်လေသည်။

၁၄-နှစ်နှင့် ခုနစ်လရှိ၍ ဝဋ္ဋဂါမဏိမင်းကြီး နန်းပြန်ရသောအခါ တိုင်း ပြည်လည်း တစတစ အေးချမ်း၍လာ၏။ ကစဉ့်ကလျား ပြေးလွှား ပုန်းခိုနေရ သော ရဟန်းရှင်လူ ပြည်သူအများလည်း မိမိတို့နေရင်း မြို့ရွာသို့ ပြန်လည်လာ ကြလေသည်။

မလယဇနပုဒ် တောအုပ်တောင်ခြေ၌ သီတင်းသုံးနေကြသော မထေရ် ခြောက်ကျိပ်တို့သည် လည်းကောင်း၊ ဣသိဒတ္တ၊ မဟာသောဏ၊ နိဂြောဓစသော

## PAGE 264
<!-- 12 paragraphs, raw extraction -->




ပြည်တွင်းတောစွန်စုံပြား၌ ပုန်းအောင်းခိုလှုံနေကြသော မထေရ်တို့သည် လည်း ကောင်း၊ သီဟိုဠ်ကျွန်းတောင်ပိုင်း (ဒက္ခိဏဒေသ) နယ်မြေ ကာလကရွာမဏ္ဍလာ ရာမ.. ကျောင်းတိုက်ကြီး ဆီသို့ ရှေးရှုကြွလာကြကုန်၏။ (ကာလကရွာကား ဘောက္ကန္တရာအနီးဖြစ်ဖွယ်ရှိ၏-D.P.N.)

ကြကု

ကာလကရွာသည် အိမ်ခြေခုနစ်ရာခန့်ရှိ၍ မဏ္ဍလာရာမကျောင်းတိုက်ကြီး ၌ တိဿဘူတိမထေရ်ကြီး သီတင်းသုံးတော်မူနေ၏။ စစ်ဘေးစစ်ဒဏ် အတန်ငယ် သက်သာသောရပ်ရွာဖြစ်၍ အနယ်နယ်မှစစ်ပြေးရဟန်းတော်များအားလုံး ဦးစွာ ပေါင်းဆုံသီတင်းသုံးရာ ဌာနကြီးတခု ဖြစ်လေသည်။

ဇမ္ဗူ ဒိပ်(ဣန္ဒိယ) သို့ ကူးသွားသော မထရ်ခုနစ်ရာတို့လည်း တိုင်းပြည် ငြိမ်ဝပ်ပိပြားအေးချမ်းလာပြီဟု သတင်းရ၍ သီဟိုဠ်ကျွန်းသို့ ပြန်ကြွလာကြ၏ ထိုမထေရ်တို့တွင် ဣသိဒတ္တ, မဟာသောဏ မထေရ်ကြီးများ၏ တပည့်များလည်း ပါဝင်လေရာ ထိုရဟန်းတော်များ မဟာတိတ္ထဆိပ်ကမ်းသို့ သင်္ဘောကပ်သည်နှင့် “မဟာသောဏမထေရ် ဘယ်မှာသီတင်းသုံးတယ်လို့ ကြားသလဲ” စသည်ဖြင့် စုံစမ်း ထောက်လှမ်း၍ ကာလကရွာသို့ပင် လိုက်လာကြလေသည်။

မဟာသောဏ မထေရ် အခိုက်အတန့်သီတင်းသုံးရာ မဏ္ဍလာရာမကျောင်း တော်ကြီး၌ မထေရ်၏ တပည့်ရဟန်းတော်ပေါင်း ငါးရာအထိ ဆုံစည်းမိကြ၏။
ယင်းသို့ ဆုံစည်းမိသောညတွင် ကာလကရွာရိုးတလျှောက်နတ်များကကြွေးကြော် နှိုးဆော်ကြလေ၏။

“အို… …ကာလက ရွာသူရွာသား သူတော်ကောင်း အပေါင်းတို့….. မဟာ သောဏမထေရ်နှင့် ရဟန်းတော်ငါးရာတို့ မဏ္ဍလာရာမ ကျောင်းတော်ကြီးမှာ ကြွရောက် သီတင်းသုံးတော်မူနေကြပါတယ်။ တအိမ်လျှင် သင်္ကန်းလျာအဝတ်စ ကိုးတောင်နှင့်အတူ အသပြာတကျပ်တန် ဆွမ်းတအုပ်စီ လောင်းလှူကြကုန် လော့။”

ကျောင်းခံ နာယက တိဿဘူတိမထေရ်ကြီးကို အကြီးအမှူးပြု၍ သောဏထေရ်လည်း နောက်ပါသံဃာငါးရာနှင့်အတူ နောက်တရက် နံနက် ရွာ တွင်းသို့ ဆွမ်းခံကြွတော်မူ၏။

စစ်ဘေးစစ်ဒဏ်ကြောင့် သံဃာတော်များအား ဤမျှ များများပြားပြား မဖူးတွေ့ရ၊ မလှူဒါန်းရသဖြင့် ရွာသူရွာသားများလည်း သူ့ ထက်ငါ ယောင်း လှူပူဇော်ကြလေ၏။ နေရာထိုင်ခင်းများ ကောင်းမွန်စွာ ခင်းကျင်း၍ ဦးစွာ ယာဂုကျွေးလှူကြရာ တိဿဘူတိ နာယက-မထေရ်ကြီးအနီးသို့ ဥပါသကာကြီး တယောက် လာရောက်ဝတ်ပြုကာ-

.

## PAGE 265
<!-- 11 paragraphs, raw extraction -->


JJJ

"


“အရှင်ဘုရား…၊မဟာသောဏဆိုတာဘယ်မထေရ်အရှင်မြတ်ပါလဲ” ဟု လျှောက်ထားမေးမြန်းနေ၏။ မဟာသောဏမှာ ဂုဏ်သတင်းကြီးမားသော်လည်း မထေရ်ငယ်မျှသာ ရှိသေးသဖြင့် ပရိသတ်အစွန်၌ပင် ထိုင်နေတော်မူ၏။ မထေရ် ကြီးက လက်ညှိုးညွှန်ပြလိုက်လျှင် ထိုဥပါသကာကြီးလည်း အရှင်သောဏ အနီးသို့ ချဉ်းကပ်ရှိခိုးပြီး သပိတ်ကိုတောင်းယူ၏။ အရှင်သောဏကား သပိတ်ကိုမပေးပဲ နေသည်ကို မထေရ်ကြီး မြင်၍’

"

ငါ့ရှင် သောဏ၊ သင့်လိုပါပဲ တို့များလည်း သိလို့ရယ်မဟုတ်ပါ့ဘူး။
ဘုန်းကံရှိတဲ့ ပုဂ္ဂိုလ်များအတွက် နတ်တွေဟာ အစာကိုပြုလုပ်ချက်ပြုတ်လေ့ ရှိကြ တယ်။ ငါ့ရှင်၊ ငါ့ရှင်ရဲ့ သီတင်းသုံးဘော်တွေကိုလည်း ချီးမြှောက်တဲ့ အနေနဲ့ သပိတ်ကို အဲဒီဒကာကြီးလက်ထဲ ပေးသာ ပေးလိုက်ပါ” ဟု လှမ်း၍ မိန့်တော် မူလိုက်၏။ ထိုသို့ သံဃမထေရ်ကြီးက အမိန့်ရှိခွင့်ပြုခါမှ အရှင်မဟာသောဏလည်း သပိတ်ကို ပေးလိုက်သည်။

ဥပါသကာလည်း သပိတ်ထဲသို့ တကျပ်ဘန်ဆွမ်းများ အပြည့်ထည့်၍ ကိုးတောင် (သို့မဟုတ်ကိုးမိုက်) ရှိသော အဝတ်ပိုင်းကိုလည်း သပိတ်အောက်က ချပ်ချပ်ရပ်ရပ်ခေါက် ခံ၍ မဟာသောဏမထေရ်လက်သို့ လာရောက်ဆက်ကပ် လေသည်။

ထိုနောက် ဥပါသကာတယောက်လည်း အရှင်မဟာသောဏထံက သပိတ် ကိုပင်တောင်းယူ၍ ရှေးနည်းအတိုင်းလောင်းလှူလေ၏။ အရှင်သောဏကလည်း အခြားမထေရ်များ၏ သပိတ်များကိုပင်ယူ၍ အလှူခံရလေသည်။ တရွာလုံးရှိ ဥပါသကာအားလုံးပင် အရှင်မဟာသောဏကိုသာ လောင်းလှူကြသဖြင့် ပြည် တွင်းစစ်ဘေးကြီးအပြီး ပထမဆုံးဆွမ်းအုပ်ခုနစ်ရာ, သင်္ကန်းလျာအဝတ် ခုနစ်ရာ အလှူခံ ရရှိလေ၏။

ထိုဘုန်းကံကိုကြည့်၍ စစ်အတွင်း တောထဲ၌ ချင်ရွေးရွက်နှင့် ငှက်ပျောပင်စည် ဖပ်ဆွမ်းစားကြရစဉ်က ဣသိဒတ္တမထေရ်ကြီးက မိန့်တော်မူခဲ့ခြင်း ဖြစ်လေသည်။
(ဝိဘင်္ဂ-ဋ္ဌ၊ ၄၂၉-၄၃၀။) ဝတ္တဗ္ဗက နိဂြောဓမထေရ်လည်း မဟာသောဏမထေရ်ကဲ့သို့ ကြွလေရာ၌ တကျွန်းလုံးက တခဲနက် လှူဒါန်းပူဇော်ကြလေသည်။

[မည်မျှရှေးဘုန်းရှေးကံကြီးမားသူပင်ဖြစ်စေသမ္ပတ္တိလေးပါး(ဂတိ=ဘဝ၊
ဥပဓိ၊ ကာလ၊ ပယောဂ=ကောင်းစွာလုပ်ကိုင်ခြင်း)နှင့်ပြည့်စုံမှ အကျိုးကျေးဇူး ရနိုင်သည်။ ဝိပတ္တိလေးပါးတွင် တပါးပါးနှင့် တိုးမိပါက ထိုရှေးကံများ အကျိုး မပေးနိုင်ကြောင်းအဋ္ဌကထာဆရာကြီးက ပြတော်မူလို၍ ဤဝတ္ထုများကို ထုတ် ပြလေသည်။ ဤ၌ကား သာသနာဝင်သမိုင်း တကဏ္ဍအဖြစ် ဖော်ပြခွင့်ရပေ၏။]

## PAGE 266
<!-- 12 paragraphs, raw extraction -->



ပိဋကတော်ကို တိုက်ဆိုင်စိစစ်ခြင်း


အထက်ဖော်ပြပါအတိုင်း သီဟိုဠ်ကျွန်း၌ စဏ္ဍာလတိဿ သူပုန်ဘေး၊
ဒမိဠ ကျေးကုလားများ သူပုန်ဘေး၊ ဒုဗ္ဘိက္ခန္တရ ကပ်ဆိုးကြီးများ တပြိုင်နက် ပေါင်းဆုံ နှောင့်ယှက် လာလေရာ ပရိယတ်, 'ပဋိပတ်သာသနာတော်ကြီး မကွယ် မပျောက်ရအောင် အသက်နှင့်လဲ၍ စောင့်ရှောက်ခဲ့ကြရသည်မှာ လွန်စွာ ခက်ခဲ ကျပ်တည်းလှပေ၏။

အထူးသဖြင့် သုတ်, ဝိနည်း, အဘိဓမ္မာ, နိကာယ်ငါးရပ် ပိဋကသုံးပုံခေါ် သော မြတ်စွာ ဘုရားရှင်၏ အဆုံးအမ ပရိယတ္တိ ဓမ္မများမှာ ယခု အခါကဲ့သို့ ကျမ်းစာဖြင့် ပြည့်ပြည့်စုံစုံ ရေးမှတ်ထားခြင်း မရှိသေး။ စိတ်သန်ရာ သန်ရာ၊
တာဝန်ကျရာ ကျရာ မိမိတို့ စွမ်းဆောင်နိုင်သလောက် သားစဉ်မြေးဆက် နှုတ် တက်အာဂုံဆောင်၍ လာခဲ့ကြရ၏။

ထို အာဂုံဆောင်မထေရ်ကြီးများ ထိုကပ်ဘေးဆိုးကြီးအတွင်းက ဆုံးပါး ခဲ့ကြသော် ပိဋကသုံးဖြာ ပရိယတ္တိ ကျမ်းစာများ တည်ရှိကြတော့မည် မဟုတ် ချေ။ ထိုပိဋကကျမ်းစာများ ကွယ်ပခဲ့လျှင်လည်း ငါးပါးသီလမူအစ ဘုရား အဆုံးအမ အပဏ္ဏက ပဋိပဒါ ကိန်းသေ ကြီးပွားချမ်းသာရေး ကျင့်စဉ် ပဋိပတ္တိ သာသနာလည်း တသီးတခြား တည်ရှိနေနိုင်ခဲ့မည် မဟုတ်ချေ။

ယင်းသို့ သစ်ဥသစ်ဖုများစားသောက်ကာ ပရိယတ္တိစာပေများ မ ပျောက်ရအောင် နှုတ်ငုံဆောင်တော်မူခဲ့ကြရသော သာသနာ့ဝန်ဆောင် မထေရ် ကြီးများ၏ အမြော်အမြင်နှင့် လုံ ့လဝီရိယတို့သည် မြတ်စွာဘုရားသာသနာ၊
ထေရဝါဒ သမိုင်းတွင် ထိပ်ဆုံးက မှတ်တမ်းတင်ရမည့် ပဓာန အခန်းကြီးတခန်း ဖြစ်ခဲ့ရလေသည်။

ထိုသာသနာဖျက် တိုင်းဖျက် ပြည်ဖျက် ကပ်ဘေးဆိုးကြီးမှ လွတ်မြောက် လာကြရသော သာသနာ့ဝန်ဆောင် မထေရ်ကြီးများ အစုံအလင် မဏ္ဍလာရာမ ကျောင်းတိုက်ကြီး၌ ကံအားလျော်စွာ ပေါင်းဆုံမိကြစဉ် စတုတ္ထ သံဂါယနာ တင်ရန် အခွင့်အလမ်းကြီးတခုပါ ပွင့်ပေါ်၍ လာလေတော့သည်။

မထေရ်ကြီးများသည် နိကာယ်ငါးရပ် ပိဋက သုံးပုံကို အာဂုံဆောင်သော မထေရ်များ အချင်းချင်း တပါးနှင့်တပါး၊ တဖွဲ့နှင့်တဖွဲ့ ကွဲလွဲမှုရှိ-မရှိ ညှိနှိုင်း တိုက်ဆိုင်ကြရ၏။

ညှိနှိုင်းတိုက်ဆိုင် ကြည့်ကြသောအခါ (ဧကက္ခရမ္ပိ ဧကဗျဉ္စနမ္ပိ အသမေန္တံ နာမ န ပသု-အံ-ဋ္ဌ-၁၊၇၁။) အက္ခရာ တလုံးတပါဒမျှ ကွဲလွဲခြင်း၊ ကျပျောက်

မ

## PAGE 267
<!-- 14 paragraphs, raw extraction -->




ခြင်း၊ မှားယွင်းချွတ်ချော်ခြင်း မရှိ။ အားလုံး တညီတညွတ်တည်း ပြန်လည် ရရှိကြသည်မှာ သာသနာတော်၏ ဘုန်းကံပင် ဖြစ်ပေတော့သည်။

ပါဠိတော်တကျမ်း ပျောက်ဆုံးနေ၍

မထေရ်ကြီးများ အားလုံး ဆုံစည်း ညှိနှိုင်း၍ စိစစ်ကြည့်ကြသောအခါ ပါဠိကော် ကျမ်းလေးဆယ်ကျော်တွင် မဟာနိဒ္ဒေသပါဠိဘော်တကျမ်း ပျောက် ဆုံးနေသည်ကို တွေ့ကြရ၏။

သံဃာတော်အားလုံးအား တပါးစီ စစ်မေးကြည့်ရာ မဟာနိဒ္ဒေသပါဠိ တော်ကို အာဂုံဆောင်ထားသူ တပါးတလေမျှ မပါပဲ ဖြစ်နေလေသည်။

ထိုအတွက် သံဃာမထေရ်ကြီးများက နိကာယ်လေးရပ် ဆောင်တော် မူသော (စတုနိကာယိက) တိဿမထေရ်အား မဟာနိဒ္ဒေသကျမ်းကြီး စုံစမ်း ထုတ်ဖော်ရန် တာဝန်ပေးကြ၏။ စုံစမ်းထောက်လှမ်းသောအခါ ယင်းကျမ်းကို အာဂုံဆောင်ထားသူမှာ တကျွန်းလုံးတွင် တပါးတည်းသာ ကျန်ရှိနေကြောင်း၊
ထိုပုဂ္ဂိုလ်မှာလည်း ဒုဿီလ ဖြစ်နေကြောင်း သိရသဖြင့် တိဿမထေရ်ကြီးက မိမိ ၏ ဥပဇ္ဈာယ်ဆရာ မဟာတိပိဋကမထေရ်အား အကျိုးအကြောင်း လျှောက်ထား လေသည်။

မဟာတိပိဋက မထေရ်ကြီးလည်း ချက်ချင်းပင် စဉ်းစား ဆုံးဖြတ်၍ တပည့်တပါးဖြစ်သူ မဟာရက္ခိတထေရ်အား-

ဆရာ ငါ့ရှင် မဟာရက္ခိတ၊ အဲဒီ မဟာနိဒ္ဒေသဆောင် မထေရ်ထံသွားပြီး ငါ့ရှင် မဟာနိဒ္ဒေသပါဠိတော်ကြီးကို သင်ယူရမယ်။

တပည့် အဲဒီပုဂ္ဂိုလ်ဟာ ဒုဿီလ ရဟန်းယုတ်လို့ ဆိုပါတယ်။ တပည့်တော် ဒုဿီလထံမှာ တပည့်မခံလိုပါဘုရား။

ဆရာ ငါ့ရှင် သွားပြီး သင်သာသင်ပါ၊ ဒါသာသနာ ပူဇော်တာပဲ။ ငါ့ရှင်နဲ့ အတူ ဒို ့များလဲလိုက်ပြီး စာနာမယ်။

တပည့် ဒီလိုဆိုယင်တော့ တပည့်တော် သွားသင်ယူပါ့မယ်ဘုရား။

ယင်းသို့ ဆရာတပည့် အရှင်သာရိတ္တရာ မထေရ်မြတ်ကြီး ဟောကြား ဖွင့်ဆိုတော်မူခဲ့သော မဟာနိဒ္ဒေသ ပါဠိတော်ကြီးကို ဒုဿီလမထေရ်ထံ သွား ရောက်၍ နည်းခံသင်ယူစေရ၏။ နေ့ညဉ့်မပြတ် သည်းခံသင်ယူ၍ ပြီးဆုံးသော နေ့၌ပင် ထိုဒုဿီလမထေရ်၏ ခုတင်အောက်၌ မာတုဂါမ တယောက် ရှိနေသည်ကို မဟာရက္ခိတထေရ် မြင်သွားသဖြင့် ဆရာအား

## PAGE 268
<!-- 13 paragraphs, raw extraction -->


"



“အရှင်ဘုရား ယခင်ကတော့ သူများပြောစကား ကြားရုံပဲ ကြားရပါ တယ်။ ခုတော့ တပည့်တော်များ မျက်မြင်ပဲ။ ဒီလိုမှန်းသိရင် ဒီဒုဿီလထံမှာ မဟာနိဒ္ဒေသကို တပည့်ခံပြီး မသင်ပါဘူး အရှင်ဘုရား”ဟု လျှောက်လေ၏။

ပျားသည် ဆူးရှိသော, စပ်ပူသော ရှားစောင်းပင်,ခံပင်တို့မှလည်း စုပ်ယူ ရသကဲ့သို့ မလွှဲမရှောင်သာသဖြင့် သာသနာတော် မျက်နှာကိုသာ ထောက်၍ အခြားမထေရ်များလည်း ထိုဒုဿီလ ရဟန်းယောင်ထံ၌ သင်ယူခဲ့ကြရလေသည်။
(ဝိ-ဋ္ဌ-၂၊ ၂၇၄-၅-ရူပိယ သိက္ခာပုဒ်အဖွင့်။)

ပဋိသမ္ဘ ိဒါအရာ စံတော်ဝင် သူကြွယ်သား တိဿထေရ်

သီဟိုဠ်သာသနာ ခရီးတလျှောက် နှစ်ပေါင်း လေးရာ့ ငါးဆယ် ခန့် ပိဋကကို နှုတ်ဖြင့်သာ ဆောင်ရွက်ခဲ့ကြသဖြင့် စာအုပ်ကိုသာအားကိုးလေ့ ရှိကြ သော ယခုခေတ် အဝေဖန်များသူအချို့က “ဒီပါဠိတွေအားလုံး အမှန်ချည်းပဲလို့ စိတ်ချရပါ့မလား’စသည်ဖြင့် အထင်ရောက်တတ်ကြ၏။

“ကျမ်းစာမလို၊ ကိုယ်သိတာသာ ပဓာန’ဟူသော စာလွတ် ပေလွတ် ကျင့်စဉ်ကို ဆုပ်ကိုင်နေသူ အချို့ကလည်း ပိဋကကျမ်းစာကို ပထမဆုံး ထုတ်ပယ် ရန် တာဝန်ရှိနေသည့်အတိုင်း အနောက်တိုင်းမှ စာစဉ်များပင် ထုတ်ဝေကာ ထိုအာဂုံဆောင်သမိုင်းကို ရည်ညွှန်း၍ ထေရဝါဒအား‘နွှဲကြည့်’ နေကြပြန် လေသည်။

မည်သို့ပင် ထင်မြင်ယူဆကြစေ၊ ထေရဝါဒ သာသနာစောင့် မထေရ်ကြီး အဆက်ဆက်တို့ကား “အက္ခရာတလုံး ဘုရားတဆူ ခံယူတော်မူကြသည့် အတိုင်း တကျမ်းတဖွဲ့ကို မဆိုထားဘိ၊ အက္ခရာ စာလုံးမျှ အတွက်ဖြင့်ပင် ယူဇနာတရာ (မိုင်ရှစ်ရာ)ခရီးကို ခြေကျင်ကြွကာ လေ့လာ အတည်ပြုတော် မူခဲ့ကြလေသည်။

သာသနာစောင့် မထေရ်ကြီးများ၏ လုံ ့လ ဝီရိယနှင့် အမြော် အမြင်ကို ဆင်ခြင်သုံးသပ်ကြရာ၏။ ဘဝတသက်တာ နှစ်ပေါင်းတရာ နှစ်ရာလောက်ကိုသာ ကြည့်၍ စီစဉ်သော ခန့်မှန်းခြေ အထင်များ မဟုတ်ကုန်။ ခေတ်လူတို့ မည်သို့မျှ ကိုယ်ချင်းစာ၍ မသိနိုင်, အလှမ်းမမီနိုင်သော ဉာဏ်တော် အမြင်များသာ ဖြစ် ကုန်၏။

တတိယ သံဂါယနာပွဲအပြီး ကိုးတိုင်း ကိုးဌာန သာသနာပြု လွှတ် ရပတွင် အသောက မင်းကြီး၏ သားတော်,သမီးတော် အရှင်မဟိန္ဒနှင့် သင်္ဃမိတ္တာ

1

## PAGE 269
<!-- 12 paragraphs, raw extraction -->




တို့အား သီဟိုဠ်ကျွန်း၌သာ စေလွှတ်ပုံ၊ စေလွှတ်ရာ၌လည်း ခုနစ်လ နောက်ချန် ပြီးမှ ကြွပုံမှအစ ထေရဝါဒ သာသနာ့ဝန်ဆောင် မထေရ်ကြီးများ၏ ဉာဏ်တော် အမြင်ကို ထောက်ဆ ဆင်ခြင် ကြည့်လျှင် အနည်းငယ် ရိပ်စားမိနိုင်ပါ၏။

မူ၏။

ပါဠိတပုဒ် ယူဇနာနှစ်ရာ

သီဟိုဠ်ကျွန်း၌ ပုနဗ္ဗသု သူကြွယ်၏သား၊ ပဋိသမ္ဘိဒါအရာ စံတော်ဝင် ပါးဖြစ်တော်မူသော တိဿမထေရ်ခေါ် ရဟန္တာအရှင်မြတ်တပါး ရှိတော်

ထိုအရှင်တိဿမထေရ် ပရိယတ္တိကိုသင်ယူရာ၌ အလွန်အံ့ဩ ကြည်ညိုဖွယ် ကောင်းလှသည်။

မထေရ်သည် သီဟိုရ်ကျွန်း မထေရ်ကြီးများထံ ပိဋကသုံးပုံကိုသင်ယူပြီး နောက် ပို၍ ပြည့်စုံကြွယ်ဝစေရန် ဇမ္ဗူ ဒိပ်သို့ ကြွရောက်၍ ယေဒနက ဓမ္မရက္ခိတ အရှင်မြတ်ကြီးထံ ထပ်မံသင်ယူပြန်လေသည်။

[ယောနကတိုင်းကား ဣန္ဒိယ အနောက်မြောက်မှသည် ဂရိတိုင် အောင်သော နယ်ဖြစ်၏။ တတိယသံဂါယနာခေတ် မဟာရက္ခ ဦးဆောင်သောအဖွဲ့ သာသနာပြုကြွရာဌာနဖြစ်၏။ ကိုးတိုင်းကိုးဌာန တွင် သာသနာအထူးစည်ပင် ပြန့်ပွားသောဌာနတခုဖြစ်သည်။ ဒုဋ္ဌ ဂါမဏိမင်းကြီးလက်ထက် မဟာစေတီပန္နက်ချပွဲတွင် ထိုယောနက တိုင်းမှ ယောနက မဟာဓမ္မရက္ခိတ ရဟန္တာအရှင်မြတ်ကြီး ဦးစီးသော ရဟန္တာသုံးသောင်း ‘ကြွလာတော်မူဖူးသည်။ သီဟိုဠ်နှင့် မြန်မာက လွဲလျှင် နှစ်ရှည်ကြာစွာ သာသနာတည်ထွန်းသောဌာနဟု ဆိုသင့်၏။
Buddhism in Pakistan ၌လည်းရှုပါ။]

ယခု သူကြွယ်သား တိဿမထေရ်၏ဆရာလည်း ယောနကဓမ္မရက္ခ ိတဟု ဆိုရာ ဒုဋ္ဌဂါမဏိခေတ်ကမထေရ်ကြီး ဖြစ်ကောင်းဖြစ်နိုင်၏။ မည်သို့ဆိုစေ တိဿ မထေရ်ကား ဆရာ့ထံမှ ပိဋကသုံးပုံ အလုံးစုံကို သင်ယူမှတ်သား ပြီးလျှင်သီဟိုဠ် ကျွန်းသို့ပြန်ရန် ဇမ္ဗူဒိပ်သင်္ဘောဆိပ်သို့ ရောက်လာ၏။

သင်္ဘောတက်မစီးမီ ပါဠိဝေါဟာရ ပုဒ်တခုနှင့်စပ်၍ သံသယဖြစ်ပေါ် လာသဖြင့် အမှန်တိကျမဝေခွဲ မဆုံးဖြတ်နိုင်ပဲရှိလေ၏။ ထို့ကြောင့်သီဟိုဠ်သွား သင်္ဘောကိုမစီးတော့ပဲ သင်္ဘောဆိပ်မှလှည့်ပြန်ကာ ယူဇနာတရာ ဝေးကွာသော ယောနကတိုင်းဆရာ့ထံ လျှောက်ထားမေးမြန်းရန် ပြန်ကြွလေ၏။

## PAGE 270
<!-- 12 paragraphs, raw extraction -->

{



က မ္ဘာလုံးရှိ ထေရဝါဒီတို့၏ ပိဋက

တက

JJ2

ထိုသို့ကြွစဉ် လမ်းခရီးအကြား၌ သူကြွယ်တဦးနှင့်တွေ့ဆုံမိ၍ သူကြွယ်က ပိဋကဒေသနာလာ မရှင်းမလင်းသော ပြဿနာများကို လျှောက်ထား၏။ တိဿ မထေရ်လည်း ကျေနပ်လောက်အောင် ဖြေဆိုနိုင်သဖြင့် သူကြွယ်က ကြည်ညို၍ အဖိုးတသိန်းတန်သော ကမ္ဗလာစောင်ကြီးတထည် လှူသည်ကိုခံယူရ၏။
ထိုကမ္ဗလာစောင်ကြီးကိုလည်း ဆရာအားပင် ပေးလှူလိုက်လေသည်။
စောင်ကြီးကိုလည်း ဓားငယ်ဖြင့်ဖြတ်လှီး၍ နေထိုင်ရာ၌ အခင်းလုပ်ထားလိုက်၏။
“ပုဒ်တခုအတွက် ယူဇနာနှစ်ရာတိုင်တိုင် ငါသွားရ ပြန်ရသောခရီးကို ဆင်ခြင်၍ နောင်အခါလာရောက်ကြမည့် ညီတော့်ညီတော် သီတင်းသုံးဘော် တို့သည် ဤအခင်းကိုကြည့်ကာ ဘုရားအဆုံးအမကို လိုက်နာဖြည့်ကျင့်လိုစိတ် ပေါ်ပေါက်ကြပါစေ” ဟူသော ရည်ရွယ်ချက်ဖြင့် သာသနာအစဉ်အဆက် ဥဒါန်းတွင်၍ သင်ခန်းစာတခု ဖြစ်ရစ်စေရန် အဖိုးတသိန်းတန်သော ကမ္ဗလာ ကြီးကို ဓားဖြင့် လှီ းဖြတ်၍ ခင်းထားခဲ့ခြင်း ဖြစ်လေသည်။

"

တိဿမထေရ်လည်း ယောနကဓမ္မက္ခိတဆရာမထေရ်ထံ သံသယဖြစ်သော ပုဒ်တခုကို ကျေနပ်လောက်အောင် ဖြေဆိုရှင်းလင်းချက် ရယူပြီးနောက် ဇမ္ဗု ကောလဆိပ်မှတက်ကာ သီဟိုဠ်ကျွန်းသို့ ပြန်ကြွလာလေ၏။

ရှေးခေတ်သီဟိုဠ်သာသနာ ပရိယတ္တိဝန်ဆောင်အရှင်မြတ်တို့သည် မိမိတို့ ဆရာ့ထံမှရရှိထားသော ပိဋကကိုချည်းပြည့်စုံပြီဟု အကြွင်းမဲ့လက်ခံနေကြသည် မဟုတ်ချေ။ ဣန္ဒိယစသော ခေတ်ပြိုင် တိုင်းပြည်များသို့လည်းကြွရောက်၍ အမြဲ လေ့လာ နှီးနှော့ခြင်း ပြုခဲ့ကြသော အလေ့အထကောင်းများ ရှိခဲ့ကြလေသည်။
တခါက တိပိဋက တိဿမထေရ်သည် ပိဋက သုံးပုံတို့ကို စင်ကြယ်သည်ထက် စင်ကြယ်အောင် သုတ်သင်တည်းပြတ်မည်” ဟု ရည်ရွယ်၍ ဣန္ဒိယဘက်သို့ ကြွခဲ့ ဖူးကြောင်း (သံ-ဋ္ဌ-၃၊ ၂၇၂- ဧကဗီဇီသုတ်အဖွင့်) မှတ်သားရပေသည်။

ထို ့ကြောင့် ယနေ့ရှိနေသော ပိဋကသည် သီဟိုဠ်၌ မှတ်တမ်းတင်ထား သော်လည်း သီဟိုဠ်ပညာရှင်များ သက်သက်၏ လက်ခံအတည်ပြုချက် မျှသာ မဟုတ်ချေ။

တိဿမထေရ်သီဟိုဠ်ကျွန်းသို့ ရောက်သွားသောအချိန်ကား ရဟန်းတော် များထုံးစံအရ စေတီရင်ပြင်၊ ကျောင်းရင်ပြင်၊ တံမြက်စည်းလှည်းချိန် ဖြစ်၍ မိမိရောက်ရာ ဇမ္ဗူကောလဆိပ်အနီးရှိ ဝါလိကကျောင်းတွင်း၌ ဝင်ရောက်၍ တံမြက်လှည်းနေလေ၏။

## PAGE 271
<!-- 16 paragraphs, raw extraction -->




ရဟန္တာအရှင်မြတ်ကြီးများလည်း ထိုကျောင်း၌ရှိနေတော်မူကြရာ တံမြက် စည်းလှည်းရာကို ကြည့်ရုံမျှဖြင့် ရဟန္တာတပါး တံမြက်လှည်းထားသော နေရာဟု သိမြင်တော်မူကြသည့်အတိုင်း တံမြက်လှည်းနေသော တိဿမထေရ်အား ခဲရာ ခက်ဆစ် ပြဿနာများကို ပိုင်း၍ မေးမြန်း စမ်းကြည့်တော်မူကြသည်။ တိဿ မထေရ်လည်း မေးတိုင်း မေးတိုင်း မဆုတ်ဆိုင်းပဲ မြင်းကောင်းစိုင်းသကဲ့သို့ ခဏချင်း ဖြေဆိုလျှောက်ထားလေ၏။ (ဝိဘင်္ဂ-ဋ္ဌ၊ ၃၇၂-၃၊ပဋိသမ္ဘိဒါဝိဘင်း။)

ပဋိသမ္ဘိဒါဉာဏ်ရကြောင်းငါးပါး

အဋ္ဌကထာ၌ ပဋိသမ္ဘိဒါဉာဏ်ရင့်သန် ရှင်းလင်း ကြည်လင်ခြင်းအကြောင်း ငါးမျိုးကို ပြတော်မူ၏။

၁။ အဓိဂမ= ရဟန္တာဖြစ်ပြီးရခြင်း၊

၂။ ပရိယတ္တိ= ပါဠိကျမ်းဂန် သင်ယူဖူးခြင်း၊

၃။ သဝန= တရားစာပေကို တရိုတသေနာယူခြင်း၊
၄။ ပရိပုစ္ဆာ= အနက်အဓိပ္ပာယ် ဖွင့်ဆိုဟောပြခြင်း၊

18

၅။ ပုဗ္ဗယောဂ= ရှေးရှေးဘဝက ကမ္မဋ္ဌာန်တရား အားထုတ်ရာ ဂတ ပစ္စာဂတိကဝတ် ကျင့်ခဲ့ဖူးခြင်း။ (ဝါ) သတိပဋ္ဌာန်အမှတ် ဒလစပ်

စွဲမြဲခြင်း။

ယင်း ၅-မျိုးကို ပြဆိုရာတွင် ကမ္မဋ္ဌာန်းအားထုတ်စဉ်က လျောင်း၊ ထိုင်၊
ရပ်၊ သွား ဣရိယာပုထ်လေးပါးစလုံး ရှေ့ နောက် အမှတ်ချင်းစပ်အောင် မှတ် နိုင်၍ ရဟန်းကိစ္စပြီးသောအခါ ပဋိသမ္ဘိဒါရသူတို့တွင် ပို၍ ကြည်လင်ထက်မြက် ကြောင်း တိဿမထေရ်ကို စံတင် သာဓကပြခြင်း ဖြစ်၏။

ဤကျမ်း၌ကား ထေရဝါဒ သာသနာစောင့် မထေရ်ကြီးများ၏ လုံ ့လ ဝီရိယနှင့် သာသနာနောင်ရေး မျှော်တွေးကျင့်ဆောင်ပုံကို တနည်းတဖုံ ရည်ညွှန်း ရပါ၏။

စတုတ္ထသံဂါယနာ ရှေ့ပြေးအစည်းအဝေးကြီး ပရိယတ်, ပဋိပတ် အချေအတင်ဆွေးနွေးခြင်း

တိုင်းဖျက်၊ ပြည်ဖျက်၊ သာသနာဖျက် ဘေးကြီးမှ ကံအားလျော်စွာ လွတ်မြောက် လာကြသော ထေရဝါဒ သာသနဝန်ဆောင် မထေရ်ကြီးများ တိုင်းပြည်အေးချမ်းစ ဒက္ခိဏဒေသ ကာလကရွာ မဏ္ဍလာရာမ ကျောင်းတိုက်ကြီး

## PAGE 272
<!-- 19 paragraphs, raw extraction -->




သို့ အမှတ်မထင် ဆုံစည်းတော်မူကြရာတွင် မမြင်ရသောတွန်းအားသည် နောက် ကွယ်၌ အမှန်တကယ် ရှိနေလေသည်။

အမှန်သော်ကား သာသနာတော် နောင်အရှည် တည်တံ့ ပြန့်ပွားစေရန် စတုတ္ထသံဂါယနာတင်ရေး ရှေ့တော်ပြေးအစည်းအဝေးကြီး ဖြစ်မှန်းမသိ ဖြစ်ခဲ့

လေ၏။

ပထမဆုံး မြတ်စွာဘုရားရှင် မုခပါဌ် ပိဋကတော်များကို အရေးတကြီး ညှိနှိုင်းစိစစ်ကြ၏။ တစုံတရာ ကွဲလွဲ ကျပျောက်ခြင်း မရှိသည်ကို တွေ့ကြရမှ သာသနာနောင်ရေး စိတ်အေးတော်မူကြရလေ၏။ ထိုသံဃအစည်းအဝေးကြီး တွင် တကျွန်းလုံးရှိ ပရိယတ်, ပဋိပတ်အကျော် သံဃာတော်များအားလုံးလောက် နီးနီး ဆုံစည်းမိကြစဉ် သာသနာတော်အကြောင်း ဆွေးနွေးကြယင်းက ပြဿနာ တရပ် ပေါ်ပေါက်ခဲ့လေသည်။

ပြဿနာကား— “မြတ်စွာဘုရားသာသနာတော် အရှည်တည်တံ့ ပြန့်ပွား ခြင်း၏ အခြေခံအကြောင်းရင်းသည် ပရိယတ္တိလော၊ သို့မဟုတ် ပဋိပတ္တိလော” ဆိုသည့် ပြဿနာပင် ဖြစ်သည်။

ပဋိပတ်သာ သာသနာမူလ

ပံ့သုကူဆောင် မထေရ်များက “ပဋိပတ္တိ = အကျင့်တရားသာလျှင် သာသနာ တော်၏ အခြေခံ ဖြစ်ကြောင်း” ဖြေဆိုကြကုန်၏။

ဓမ္မကထိက မထေရ်များကမူ “ပရိယတ္တိသာလျှင် အခြေခံဖြစ်ကြောင်း” ကန့်ကွက် ပြောဆိုကြလေသည်။

"

သံသမထေရ်ကြီးများ “ကဲ… ငါ့ရှင်တို့၊ သင်တို့ နှစ်ဦးနှစ်ဘက် အပြောချည်း သက်သက်ဖြင့် တို့လက်မခံ နိုင်သေးဘူး။ မြတ်စွာဘုရား ဟော ကြားတော်မူခဲ့တဲ့ သုတ္တန် စကားတော် အဆိုအမိန့်များကို ထုတ် ဆောင်ကိုးကားပြီး ပြောဆိုကြပါ”ဟု တိုက်တွန်းလိုက်၏။

ပံ့သုကူဆောင်မထေရ်များ – ပါဠိတော် သာဓကပေးရန် အခက်အခဲ မရှိပါ

ဘုရား။

"

“ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျ၊ အသုညော လောကော အရဟန္တေဟိ အဿ= ချစ်သားသုဘဒ္ဒ… င =

ငါ၏သားတော်

များ မဂ္ဂင်ရှစ်ဖြာကို ကောင်းစွာကိုယ်တိုင်လည်းကျင့်ကြံ၊ တပါးသူတို့ ကိုလည်း ကိုယ်နှင့် ထပ်တူ ကျင့်ကြံစေခြင်းအားဖြင့် ကောင်းမှုန်

## PAGE 273
<!-- 15 paragraphs, raw extraction -->


၂၃ ဝ


ဖြောင့်မှန်စွာ နေကြမည်ဆိုလျှင် ဤလောကကြီးသည် ရဟန္တာတို့ဖြင့် မဆိတ်သုဉ်းနိုင်ဘူး”လို့ မဟာပရိနိဗ္ဗာနသုတ်တော် (ဒီ-၂၊၁၂၅)မှာ အတည့်အလင်း ဟောတော်မူထားခဲ့ပါတယ်။

66

"

“ဆက်၍ လျှောက်ထားပါမည်ဘုရား-

ထိုမှတပါး မိလိန္ဒပဉှပါဠိတော်မှာ အရှင်နာဂသိန် ကိုယ်တိုင် မိလိန္ဒမင်းကြီးအား ဒီပြဿနာကို ဖြေဆိုတော်မူခဲ့ပြီး ဖြစ်ပါတယ်။
“ပဋိပတ္တိမူလကံ မဟာရာဇ သတ္ထု သာသနံ ပဋိပတ္တိ သာရကံ၊
ပဋိပတ္တိယာ ဓရန္တာယ တိဋ္ဌတိ= မြတ်သောမင်းကြီး မြတ်စွာဘုရား သာသနာဟာ ပဋိပတ္တိသာလျှင် အရင်းမူလဖြစ်၍ ပဋိပတ္တိသာလျှင် အနှစ်သာရ ရှိတယ်။ ပဋိပတ္တိသာသနာ ထင်ရှား ရှိနေသေးယင် သာသနာ ရှိနေတာပဲ”လို့လဲ မိလိန္ဒပဉှာ ပါဠိတော်မှာ ဖြေဆို ခဲ့ပါတယ်ဘုရား။ (မိလိန္ဒပါ.၁၃၆)

ပရိယတ်သာ ပဓာန

ဓမ္မကထိကမထေရ်များ(မိမိတို့အယူဝါဒ ခိုင်မာစေရန် အောက်ပါ ဂါထာများ ကို ရွတ်ဆို ချေပကြလေသည်။)

"

"

(၁) “ယာဝ တိဋ္ဌန္တိ သုတ္တန္တာ၊ ဝိနယော ယာဝ ဒိပံ္ပတိ။
တာဝ ဒက္ခန္တိအာလောကံ၊ သူရိယေ အဗ္ဘဋ္ဌိတေ ယထာ။
“သုတ်အဘိဓမ္မာ တရားတော်များ တည်ရှိနေသေးသမျှ၊ ဝိနည်း တရားတော် ထွန်းပနေသေးသမျှ နေမင်းကြီးထွက်ပေါ်တည်ရှိနေ သေးလျှင် အလင်းရောင်ကြောင့် အကောင်းအဆိုးခွဲခြားသိမြင်ခွင့် ရနေသကဲ့သို့ ဤလောလ၌ သူတော်ကောင်းတရား အလင်းရောင်ကြီး ကြောင့် အမှန်အမှား ခွဲခြားသိမြင်ခွင့် ရနေကြရမှာပဲ ဖြစ်ပါတယ်။” (၂) သုတ္တန္တေသု အသန္တေသု၊ ပမုဋ္ဌိ ဝိနယမှိ စ။

တမော ဘဝိဿတိ လောကော၊ သူရိယေ အတ္ထင်္ဂတေ ယထာ။
“သုတ်အဘိဓမ္မာတရားတွေ မပျောက်ကွယ် ကုန်ကြမယ်ဆိုယင်၊
ဝိနည်းတရားတွေမေ့ ပျောက်ကွယ်ပနေမယ်ဆိုယင် နေဝင်တဲ့အခါလို ဤကမ္ဘာလောကကြီးတခုလုံး မှောင်အတိကျတော့မှာပါပဲ။”

(၃) သုတ္တန္တေ ရက္ခိတေ သန္တေ၊ ပဋိပတ္တိ ယောတိ ရက္ခိတာ။ ပဋိပတ္တိယံ ဌိတော မီရော၊ ယောဂက္ခေမာန ဓ ံသတိ။ ။–ဒါကြောင့် ပရိယတ္တိ

## PAGE 274
<!-- 14 paragraphs, raw extraction -->




ခေါ်တဲ့ သုတ်, ဝိနည်း, အဘိဓမ္မာ ကျမ်းစာတွေကို စောင့်ရှောက် ထားနိုင်ယင် ပဋိပတ္တိဟာ စောင့်ရှောက်ပြီးသား ဖြစ်ပါတယ်။ ပဋိပတ္တိ မှာ ရပ်တည်နိုင်တဲ့ အရိယာပညာရှင်ဟာ ပဋိဝေဓခေါ်တဲ့ နိဗ္ဗာန် ချမ်းသာကြီးမှ မလွဲချော် မဆုံးရှုံးနိုင်တော့ပါဘူး။”

ထရ်ကြီးများ၏ ဆုံးဖြတ်ချက်

(ထိုအခါ ပံ့သုကူဆောင် မထေရ်များမှာ ပြန်လည် မချေပကြတော့ပဲ ဆိတ်ဆိတ်ပင် နေတော်မူကြလေ၏။) သံဃမထေရ်ကြီးများက အောက်ပါအတိုင်း ဆက်၍ ဓမ္မကထိက မထေရ် တို့၏စကားကို ထောက်ခံ ရှင်းပြတော်မူကြသည်။

“နှစ်ဘက်စလုံးက ဖြေဆိုကြတာတွေဟာ အလွန်မှတ်သားစရာ ကောင်း ပါတယ်။ အားလုံးလဲ အမှန်ချည်းပါပဲ။ သို့သော်လဲ အရှည်သဖြင့် သာသနာ တည်တံ့ ပြန့်ပွားအောင်ဆိုယင်တော့ ပရိယတ္တိ သာသနာ၊ ပရိယတ် ဝန်ဆောင် ပုဂ္ဂိုလ်တွေဟာ ပိုပြီးအရင်းမူလ ပဓာနဖြစ်ပါတယ်။

"

“နွားလားဥသဘကြီးတွေ အရာအထောင် ရှိနေကြစေကာမူ ဒီအထဲမှာ အဆက်အနွယ်ကို ထိန်းသိမ်းစောင့်ရှောက်မယ့်နွားမ မရှိယင် နွားမျိုးဆက် ပြတ် သွားနိုင်သလို ဒီအတိုင်းပဲ ဝိပဿနာ အားထုတ်တဲ့ ရဟန်းတော်တွေ အရာ အထောင် ရှိနေကြစေကာမူ ပရိယတ္တိ-ပရိယတ္တိဝန်ဆောင် မရှိယင် `ပဋိဝေဓ သာသနာ (အရိယမဂ်ကို ထိုးထွင်းသိမြင်ခွင့်)ဆိုတာ မရှိနိုင်တော့ပါဘူး။

"

..

“တနည်းအားဖြင့် ပြောမယ်ဆိုယင် ရွှေအိုးကြီး မြှုပ်တားတဲ့ နေရာကို အတိအကျ သိဖို့ရာ အက္ခရာ ကျောက်စာတိုင်သာ ရှိနေသေးယင် ရွှေအိုးကြီး ပျောက်ဆုံးသွားပြီလို့ မဆိုရပါဘူး။ ထို ့အတူပဲ ကျောက်စာတိုင်ပမာ ပရိယတ္တိ သာသနာတော်ကြီး တည်ရှိနေသေးသမျှ သာသနာကွယ်ပပြီလို့ မဆိုရပါဘူး။
(အံ-ဋ္ဌ-၁၊၇၁-၇၂-ဒုတိယ ပမာဒါဒိဝဂ်။) “တနည်းအားဖြင့် ပြောရမယ်ဆိုယင် ပရိယတ္တိဟာ ကန်ဘောင်နှင့် တူပါ တယ်။ ပဋိပတ္တိဟာ ရေနှင့် တူပါတယ်။ ပဋိဝေဓဟာ ကြာနှင့်တူပါတယ်။ ဒါ ကြောင့် ကန်ဘောင်မရှိယင် ရေမရှိနိုင်သလို၊ ရေမရှိယင် ကြာမရှိနိုင်တော့ ပါဘူး။

"

“ဣတိ ပဋိပတ္တိတောပိ ပရိယတ္တိယေဝ ပမာဏံ=ဒါ့ကြောင့်လဲ ပဋိပတ်ထက် ပရိယတ်သာ ပမာဏ ဖြစ်ပါတယ်။(သံ-ဋ္ဌ-၂၊ ၁၈၇- ဂ-သဒ္ဓမ္မပ္ပဋိရူပကသုတ် အဖွင့်။)

## PAGE 275
<!-- 17 paragraphs, raw extraction -->



"


နွားကျောင်းသား နို ့စားရရေး

“နောက်ဆုံး ပြောချင်တာကတော့ သာသနဋ္ဌိတိယာ ပန ပရိယတ္တိယေဝ ပမာဏံ=သာသနာတည်မှုအတွက် ပရိယတ်သာ ပမာဏ ဖြစ်တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။

"

“ဘာကြောင့် ပရိယတ္တိ-ပရိယတ္တိဆောင် ပုဂ္ဂိုလ်တို့သာ လိုရင်း ပဓာန ဖြစ်သလဲ ဆိုတာကို ဆက်ပြီး စဉ်းစားယင်’

“ပဏ္ဍိတော ဟိ တေပိဋကံ သုတူ၁ဗ္ဗေပိ ပူရေတိ=ခက်ခက်ခဲခဲ ပိဋကကျမ်းစာတွေကို ကျွမ်းကျင်အောင် သင်ယူရတာဟာ အထူး သဖြင့် ပုထုဇဉ်များအတွက် ကျင့်ဖို့ သင်ရတာ ဖြစ်ပါတယ်။ အဲဒီလို သင်ယူပြီးတဲ့ ပရိယတ် ပညာရှင်တိုင်း ပဋိပတ်၊ ပဋိဝေဓဆိုတဲ့ သာ သနာ နှစ်ရပ်ကိုလဲ မကျင့်ပဲမနေ၊ ဆက်လက် ဖြည့်ကျင့်မြဲ ရရှိမြဲ ဖြစ်လို့ ပရိယတ်လိုရင်းပဲလို့ ပြောရခြင်း ဖြစ်ပါတယ်။

““ထိုကဲ့သို့ မကျင့်နိုင်ဘူးဆိုယင်တော့ နွားကိုသာ ထိန်းကျောင်းနေရပြီး နို့အရသာ မခံစားရတဲ့ နွားကျောင်းသားနှင့် အတူတူပဲလို့ မြတ်စွာဘုရားရှင် ဟောတော်မူတဲ့အတိုင်း အရှင် နာဂသေနကို သူ့ ဆရာ ပါဋလိပုတ်ပြည် အသော ကာရုံကျောင်း ဓမ္မရက္ခိတ မထေရ်ကြီး ဆုံးမသလို ဖြစ်နေတတ်ပါတယ်။(ဒီ-ဋ္ဌ-၃၊
၈၂-သမ္ပသာဒနီယသုတ် အဖွင့်နှင့် မိလိန္ဒပဥ၁။)

{

ဗဟုမ္မိ စေ သီဟိတဘာသမာနော၊

န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊
န ဘာဂဝါ သာမညဿ ဟောတိ။

။

(ဓမ္မပဒ-၁၉၊ ဋ္ဌ-၁-၁၀၁-ဒ္ဓေသဟာယက ဘိက္ခုဝတ္ထု။)

“ပိဋကသုံးပုံခေါ် မြတ်စွာဘုရား စကားတော် (သံဟိတ) ကို များစွာ ဆောင်ထား ဟောကြားသင်ပြနေသော်လည်း မိမိကိုယ်တိုင် ကမူ မေ့လျော့နေကာ စာလာအတိုင်း မလိုက်နာ မကျင့်သုံးသော သူသည် သူတပါးတို့၏ နွားကိုသာ အငှားကျောင်းရသော နွား ကျောင်းသားသည် နို ့အရသာ မခံစားရ သကဲ့သို့ သာမညဖလ ရဟန်းသုခဝေစုကို ရသည် မမည်ချေ။”

"

## PAGE 276
<!-- 13 paragraphs, raw extraction -->




အင်ကြင်းတာထဲက ပြဿနာ

“ဒီနေရာမှာ နောက်ဆုံး ဒီကိစ္စမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ အလိုတော်ကျအောင် စဉ်းစား လိုက်နာရမှာပဲ ဖြစ်ပါတယ်။

"

"

“အားလုံးသိရှိတော်မူပြီး ဖြစ်တဲ့အတိုင်း တချိန်က မြတ်စွာဘုရားရှင်ဟာ အရှင်သာရိပုတ္တရာ အရှင်မဟာ မောဂ္ဂလ္လာန် အရှင်မဟာကဿပစသော ထင်ရှား သော သာဝကကြီးများနှင့်အတူ အင်ကြင်းတောထဲမှာ သီတင်းသုံးတော်မူကြ ရစဉ်က မထေရ်ကြီးများ အတွင်းမှာ ပြဿနာတခု ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
“အင်ကြင်းတောပမာ ဤသာသနာတော်ကြီးကို ဘယ်လို အရည်အချင်း ရှိတဲ့ ့ပုဂ္ဂိုလ်မျိုးကသာ တင့်တယ်စေနိုင်မလဲ၊ တည်တံ ့ပြန့်ပွားအောင် ရွက် ဆောင်နိုင်မလဲ ဆိုတဲ့ ပြဿနာပါပဲ။ ဒီပြဿနာကို မထေရ်ကြီးများက မိမိတို့ သန်ရာ သန်ရာ ထင်မြင်ချက် အသီးအသီးကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
ယနေ့ ပြောဆိုကြမယ့် အရေးမျိုးကို မြင်တော်မူကြလို ့ ယခုလို ကြိုတင် ဆွေး နွေး အဖြေပေးခြင်းလဲ ဖြစ်နိုင်ပါတယ်။ အဲဒီ ပြဿနာကို’

၁။ အရှင်အာနန္ဒာက ပရိယတ္တိ ပါရှိသူမှ ဟုလည်းကောင်း၊ -

၂။ အရှင် ရေဝတက သမထ ဝိပဿနာ အကြွင်းမဲ့ ပြည့်စုံ နိုင်နင်းသူ မှ ဟုလည်းကောင်း၊

၃။ အရှင်အနုရုဒ္ဓာက ဒိဗ္ဗစက္ခု ရရှိသူမှ ဟုလည်းကောင်း၊
၄။ အရှင်မဟာကဿပက ဓုတင်ဆောင်သူမှ ဟုလည်ကောင်း၊
၅။ အရှင်မဟာ မောဂ္ဂလ္လာန်က အဘိဓမ္မာ နိုင်သူမှ ဟုလည်းကောင်း၊
(ဤ၌ “အဘိဓမ္မာ”မှာ သင်္ဂြိုဟ် ကျက်စာသိလောက်ကို ဆိုသည် မဟုတ်။)

"

၆။ အရှင်သာရိပုတ္တရာကတော့ စိတ်နောက်ကို မိမိကမလိုက်ပါပဲ စိတ်ကို မိမိအလိုအတိုင်း ပါအောင်လုပ်ဆောင်(သမာပတ်) နိုင်နင်းသူမှသာ အင်ကြင်းတောပမာ ဤသာသနာတော်ကြီးကို တင့်တယ်စေနိုင်သူဖြစ် ကြောင်း အသီးအသီး ထင်မြင်ချက်များကို မိန့်ဆိုတော်မူကြပါတယ်။
“အရှင်သာရိပုတ္တရာမထေရ်ကြီးဟာ မထေရ်များအားလုံးရဲ့ ထင်မြင်ချက် များကို သူကိုယ်တိုင် တပါးစီ မေးမြန်းပြီး အားလုံးကို ခေါ်ဆောင်သွားကာ ဘုရားရှင်အား ထင်မြင်ချက်များကို အားလုံး၏ကိုယ်စား အသီးအသီး တင်ပြပါ တယ်။“ဘယ်သူအဖြေဟာ အကောင်းဆုံး ဖြစ်ပါသလဲ ဘုရားလို့လဲ လျှောက် ထားတော့ မြတ်စွာဘုရားက’

## PAGE 277
<!-- 12 paragraphs, raw extraction -->



"


သာရိပုတ္တရာ…၊ ပရိယာယ်အားဖြင့် သင်တို့ ထင်မြင် ဖြေဆိုချက်တွေ့ အားလုံး အကောင်းချည်းပါပဲ။ ဒါပေမယ့် ငါဘုရား၏ ထင်မြင် ယူဆချက် ကိုလည်း နားထောင်ကြဦးလို့ မိန့်တော်မူကာ “ဆွမ်းခံသွား, ဆွမ်းစားပြီးသည် နှင့် တင်ပျဉ်ခွေထိုင်ကာ အရဟတ္တဖိုလ်မရသမျှ ဒီတင်ပျဉ်ခွေ မဖျက်တော့ဘူး၊
မထတော့ဘူးဆိုတဲ့ ဇွဲလုံ ့လဆန္ဒယုံကြည်ချက်နှင့် ရှုမှတ်နိုင်တဲ့ပုဂ္ဂိုလ်မျိုးသာလျှင် အင်ကြင်းတောပမာ ဒီသာသံနာတော်ကို တင့်တယ်စေနိုင်တယ်၊တည်တံ ပြန့်ပွား အောင် ဆောင်ရွက်နိုင်မယ်’ လို့မိန့်တော်မူခဲ့ဖူးပါတယ်။ (မူလပဏ္ဏာသ၊ မဟာ ဂေါသိင်္ဂသုတ်၊ မ–၁၊ ၂၇၂-၂၈၁။)

"

“ကဲ…ယခုလဲ အရှင်မြတ်များအားလုံးဟာ ဘုရားရှင်၏ အလိုတော်ကို ဦးတိုက်ပြီးသကာလ ပရိယတ်နှင့် ပဋိပတ်သည် ဝေါဟာရအားဖြင့် ကွဲပြား သော်လဲ အငြင်းပွားစရာ မရှိ၊ ထသားတည်း ဖြစ်အောင်သာ မိမိတို့အင်အား အလျောက် ဓုရနှစ်ဖြာစလုံး ပူးတွဲကာ ဆောင်ရွက်တော်မူနိုင်ကြပါစေ။”

.

[အဋ္ဌကထာ၌ ပံသုကူဆောင်နှင့် ဓမ္မကထိကများ စကား အချေ အတင်ဆိုပုံကိုသာ တိုက်ရိုက်ပါရှိ၍ သံဃမထေရ်ကြီးများ ပြောပုံ တိုက်ရိုက်မလာရှိပါ။ ထိုထိုအဋ္ဌကထာဖွင့်များကို ခြုံငုံ သုံးသပ်၍ “ဉာဏဝခုန=ဉာဏ်ပွား”စေရန်နှင့် သဘောသက်ရောက်သလို နှလုံး သွင်းနိုင်ကြပါစေရန် ရည်သန် ရေးထည့်လိုက်ပါသည်။]

တကမ္ဘာလုံးရှိ ထေရဝါဒီ အားလုံးတို့၏ ကိုယ်စား စတုတ္ထ သံဂါယနာတင်ပွဲ

ယင်းသို့ မထေရ်ကြီးများ တွေ့ဆုံပြောဆိုညှိနှိုင်းစိစစ်ကြခြင်းသည် စတုတ္ထ သံဂါယနာတင်ရန် အနီးကပ်ဆုံးသော အကြောင်းကြီးဖြစ်ကာ ရဟန္တာအရှင် မြတ်ငါးရာတို့ဦးစီးကာ ပေထက်အက္ခရာ တင်တော်မူခဲ့ကြလေသည်။

တင်ရာဌာနကား မလယဇနပုဒ် မာတုလ (သီဟိုဠ်အခေါ် မာတလေ့မြို့) အနီး ဖိုခနောက်ဆိုင်သဖွယ် ကျောက်တောင်များတည်ရှိရာ တောင်နှစ်လုံးတို့၏ နံပါး အာလောကလိုဏ် (သီဟိုဠ်အခေါ် အာလုံတ ဝိဟာရ)၌ သာသနာတော် နှစ် ၄၅၅-ခုနှစ်မှာပင့် အဋ္ဌကထာနှင့်တကွ ပါဠိတော်များကို စတုတ္ထ သံဂါ ယနာ ပေထက်အက္ခရာ တင်တော်မူခဲ့ကြလေသည်။

## PAGE 278
<!-- 13 paragraphs, raw extraction -->




ဤ၌ အထူးသတိပြုသင့်သည်မှာ - လက်ရှိပိဋကတော်များသည် သီဟိုဠ် ကျွန်း၌ ပေထက်တင်အတည်ပြုခဲ့ရသဖြင့် သီဟိုဠ်မထေရ်များ၏ ဆန္ဒနှင့် ပညာ အရသာလျှင် အတည်ပြုခဲ့ခြင်း မဟုတ်၊ ခေတ်ပြိုင် တကမ္ဘာလုံးရှိ ထေရဝါဒီ မထေရ်ကြီးအားလုံးတို့၏ ဆန္ဒနှင့်ပညာကိုလည်း ရယူပြီးမှ အတည်ပြုခြင်း ဖြစ် ကြောင်း တိဿမထေရ်အကြောင်း၌ ရေးခဲ့ပြီ။

အပေး

ထိုမျှသာမက သီဟိုဠ်ကျွန်း ဗုဒ္ဓဘာသာဝင်တို့သည် အရှေ့ဘက် ထေရ ဝါဒီနိုင်ငံတို့နှင့်လည်း ယုတ်စွအဆုံး စစ်ရေးကအစ ခေတ်အဆက်ဆက် အယူရှိခဲ့ကြလေသည်။ သီဟိုဠ်ကျွန်း၌ မဟာစေတီ ပန္နက်ချပွဲကဲ့သို့ သာသန ရေးကိစ္စကြုံတိုင်း တကမ္ဘာလုံးရှိ ထေရဝါဒီမထေရ်ကြီးများ ပါဝင်အားပေးခဲ့ ကြသည်ကိုလည်း ထောက်ဆ၍ လက်ရှိပိဋကသည် ထေရဝါဒီအားလုံးတို့၏ အတည်ပြုချက်ပင်ဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ထိုက်ပေ၏။

ယင်းစတုတ္ထသံဂါယနာကို အဋ္ဌကထာ, ဋီကာနှင့် ဝံသကျမ်းတို့၌ အပြည့် အစုံ တခန်းတကဏ္ဍအဖြစ် ရေးသားမှတ်တမ်းတင်ခြင်းမရှိသဖြင့် ရာဇဝင်နောက်ခံ နှင့်တကွ တတ်စွမ်းသမျှ ကွင်းဆက်ပြု၍ ရေးသားလိုက်ပါသည်။
ဒီပဝံသ(၂ဝ၊၂၀-၁)နှင့် မဟာဝံသ(၃၃၊၁၀၂-၃) တို့၌ အောက်ပါ အတိုင်း ဂါထာနှစ်ပုဒ်ဖြင့်သာ မှတ်တမ်းတင်ခဲ့ကြလေသည်။

(၁) ပိဋကတ္တယပါဠိစ၊ တဿ အဋ္ဌကထမ္ပိစ။

မုခပါဌေန အာနေသုံ၊ပုဗ္ဗေ ဘိက္ခူ မဟီမတီ။ ´။

(၂) ဟာနိ ဒိသွာန သတ္တာနံ၊ တဒါ ဘိက္ခု၊ သမာဂတာ။
စိရဋ္ဌိတတ္ထ ံ ဓမ္မဿ၊ ပေါတ္ထကေသု လိခါပယုံ။

။

သံဂါယနာတင်သည့်နှစ်ကိုလည်း ဝဋ္ဋဂါမဏိမင်းကြီး နန်းစံနှစ်ကိုယူ၍ ၄၅၅-ခုနှစ် ဟုသာ ပြဆိုကြလေသည်။ အချိန်အခါ အတိအကျမပြု။ အမှန် အားဖြင့် ဗြာဟ္မဏတိဿဘေးကြီးကင်းဝေးပြေငြိမ်းစ၄၅၅-ခုနှစ်၌ တင်ဟန်မရှိ၊
အဘယဂိရိ ရဟန်းတော်များအတွင်းသို့ မိစ္ဆာအယူဝါဒ ဝေတုလ္လ အယူမှားများ ဝင်ရောက်ပြီးသည့်နောက်မှ သာသနာ့အတွင်းရန်၊ အပြင်ရန်များကို သံဝေဂ ယူကာ သာသနာအရှည် တည်တံ ့ပြန့်ပွားအောင် လုပ်ဆောင်တော် မူကြဟန် ရှိပေသည်။

မဟာဝံသဂါထာ အသွားအလာကို ကြည့်လျှင်လည်း ဤအဓိပ္ပာယ်ပင် ရလေသည်။ မဟာဝင် မြန်မာဝတ္ထု(၃၂၄-နှာ)၌ကား ဤသို့ ပြန်ဆိုထား၏။
[ဒက္ခိဏကျောင်း၌, နေသော ရဟန်းတို့လည်း အဘယဂီရိ ကျောင်းနေ ရဟန်းတို့နှင့် ကွဲပြားကုန်၏။

## PAGE 279
<!-- 10 paragraphs, raw extraction -->




ဤသီဟိုဠ်ကျွန်း၌ . အရှင်မဟိန္ဒ ရောက်သည်မှစ၍ ဝဋ္ဋဂါမဏိ မင်း၏ လက်ထက် တိုင်အောင် အဆက်ဆက်သော ဆရာတို့သည် ပိဋကသုံးပုံဖြစ်သော ပါဠိတော်၊ အဋ္ဌကထာကို နှုတ်ဖြင့်သာ ဆောင် ရွက်ခဲ့ကြကုန်သည်။ စက္ကူထက်၊ ပေထက်၌ကား အနည်းငယ်သာ ရေးထားကြသည်။ (ဝဋ္ဋဂါမဏိ)မင်း၏လက်ထက်၌ကား’

နောင်သောအခါသတ္တဝါတို့၏ ပညာသတိ ဆုတ်ယုတ်ကြသဖြင့် မုခပါဌပြု၍ မဆောင်နိုင်အံ့သည်ကို ဆင်ခြင်မိရကား မင်းကြီးအား အကြောင်းကြားပြီးလျှင် အညီအညွတ်စည်းဝေးကြ၍တရားတော်၏ မြင့်ရှည်စွာ တည်ခြင်း အကျိုးငှာ ပါဠိတော် အဋ္ဌကထာတို့ကို ပေ ထက်၌ ရေးတင်၍ ထားကုန်၏။ ]

ဝဋ္ဋဂါမဏိမင်းကြီး လက်ထက်၌ သံဂါယနာတင်သည် ဆိုသော်လည်း မင်းကြီးကား သံဂါယနာဒါယကာ မဟုတ်ချေ။မင်းမှူးမတ်တို့၏ အကူအညီကို မရ၊ ကိုယ့်အားကိုယ်ကိုးကြိုးစားတော်မူခဲ့ကြရလေသည်။ (မင်းကြီးကားမဟာ ဝိဟာရကိုဆန့်ကျင်သော အဘယဂီရိဂိုဏ်းကို အားပေးသူဖြစ်၏။)

အထူးမှတ်သားရန်မှာ အဋ္ဌကထာတို့၌ သံဂါယနာသုံးတန်ကိုသာ ဖော်ပြ၍ စတုတ္ထသံဂါယနာကို မဖော်ပြ။ဝဇီရဗုဒ္ဓိ(၅၄၃)၊
(၃၊၄၅၆)နှင့် ဝိမတိ (၂၊၂၇၂) ဋီကာတို့၌လည်း “စတုတ္ထသင်္ဂ သာရတ္ထ သဒိသာ ပေါတ္ထကာရုဒ္ဓ-သင်္ဂတိ=စတုတ္ထ သံဃာယနာ တင်သည့် အလား ပေထက်တင်သော သံဂါယနာ” ဟူ၍သာ သုံးနှုန်းကြ၏။
သံဂါယနာဟု ဆိုရလောက်အောင် လေးနက် ခိုင်မာခြင်း မရှိသော ကြောင့် မဟုတ်တန်ရာပေ။ စင်စစ် စုပေါင်း ရွတ်ဆိုခြင်းကို ပဓာန မထား၊ပေ၌ရေးသားခြင်းကိုသာ ပဓာန ပြုခဲ့သောကြောင့် သံဂါ ယနာဟု တိုက်ရိုက်မသုံးနှုန်းခြင်းသာ ဖြစ်ရာ၏။

သာသနာတော်နှစ်၂၄၂၃-ခုနှစ်က သီဟိုဠ်ကျွန်း အမရပုရ နိကာယဝင် ဝိမလသာရမဟာထေရ်ရေးသားသော ၈ါထာ-၁ ၆၇၁-ဂါထာရှိ “သာသနဝံသ ဒီပပါဌ်၌ စတုတ္ထ သံဂါယနာတင်ခန်းကို ၁၀၇၅-နံပါတ် ဂါထာမှစ၍ ဂါထာ နှစ်ဆယ်မျှ မှတ်တမ်းတင်ထားသည်ကို တွေ့ရ၏။ ဂါထာနံပါတ် ၁၀၉၀၌။

“နိဋ္ဌာပေ”သေကဝဿန၊

စတုတ္ထ ဝိယ သင်္ဂဟံ”ဟု ဖော်ပြကာ တနှစ်တိုင်တိုင် ပေထက်၌ ရေးတင် ရသည်ဟု ဆိုထားရာ ယုတ္တိတန်၍ အမှန်ဖြစ်သင့်သောအချက်ဟု ဆိုရပေမည်။

## PAGE 28
<!-- 39 paragraphs, raw extraction -->


နိဒါန်း မာတိကာ

သီဟိုဠ် မြန်မာ သာသနာသမိုင်းပြ နိဒါန်းစကား

(၁) စံတော်ဝင် ပဲ ့တင်သံ

ရဟန်းမှန်ယင် ပုထုဇဉ် မရှိ နိကာယ်အဋ္ဌကထာကြီးများနှင့် သီဟိုဠ်မှတ်တမ်းများ ပဲ ့တင်သံထွန်းအားနှင့် တဆက်တည်း ပါဠိတော်နှင့်အဋ္ဌကထာ သာသနာ၏ရေသောက်မြစ် ထေရဝါဒ သာသနာ နယ်ပယ်သစ် ဖွင့်ရာ၌

(၂) သီဟိုဠ်ဣန္ဒိယ သာသနာ့နောက်ခံရာဇဝင်

ဗုဒ္ဓမရှိသည့်နောက် ပဓာန ဗုဒ္ဓနိုင်ငံတော် ရဟန္တာကြီးများ အမြင်ဉာဏ်နှင့် ကျွန်ုပ်တို့ဘုန်းကံ အသောကမင်းကြီး၏ နိုင်ငံရေးနှင့် ဘာသာရေး သာသနာဝင်၍ ဝမ်းကျောင်းသူနှင့် သန့်ရှင်းလိုသူ မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးအားအမိန့်စောာ်နှင့် ဆင့်ခေါ်မိ၍

ဝါဒရေးရာ သင်တန်းဆင်းအပြီး

သံဂါယနာတင် နယ်သစ်တွင် အောင်မြင်အဆင့်ဆင့်

ကိုးတိုင်းကိုးဌာန ဖြည့်စွက်ယူဆဖွယ်

(၃) ရှင်မဟာ မဟိန္ဒထေရ် သီဟိုဠ်သာသနာပြု မှတ်တမ်းကြီး

သာသနာပြုခရီးအထွက် နှုတ်ဆက်ကန်တော့

ပထမဆုံး နှင့် နောက်ဆုံး ဉာတတ္ထစရိယာ

လူမင်းဘုန်းကြီး နတ်မင်း မနေသာ

မင်းကြီး အသိဉာဏ် ရှိ-မရှိ စုံစမ်းခြင်း

ရွှေသမင် အသိုက်မှား၍ စာရားတွေ့

ဒီပ ပသာဒက…ကျွန်းလုံးကြည်ဖြူ ညွှတ်ရသူ နန်းတော်ကြွ၍ စာရားမိုးသွန်ချခြင်း



022067


၅.





~copa ce n-203522





၂၁.




J


..၃၀


## PAGE 29
<!-- 53 paragraphs, raw extraction -->


မာတိကာ

တိတ်ကြီးနိမိတ်ကြီးများနှင့် ဘုရားအာဏာစက်ထွင်းမှာ နေလိုသူ

လင်္ကာဒီပ မူလစံတော်ဝင် ငါးကျိပ်ငါးပါး

စာန်ဆောင်တိုင် ဓာတ်တော်လှည့်ပွဲနှင့် ထူပါရုံစေတီဝင် တန်ခိုးပြာဋိဟာ နှင့် ထူပါရုံကျောင်း ဒက္ခိဏသာခါ နှင့် သမီးတော် သင်္ဃမိတ္တာ မင်းကြီးအာရုံနိမိတ် နှင့် မဟာဗောဓိဗျာဒိတ်တော် မင်းစည်းစိမ်ဖြင့် သုံးကြိမ်ပူဇော်ခြင်း အသောကမင်းကြီး သောက နှင့် ကျန်ရစ်ခြင်း ဗောဓိပင်စာန်ခိုးကြောင့် ရဟန္တာစာထောင်တိုး

သာသနာတော်၏ ပဓာန ရေသောက်မြစ်ကြီး








၄ဂ



ရှင်မဟိန္ဒ ပေးခဲ့သော သာသနာပြု သင်ခန်းစာ


ဘဝကို တန်ဖိုးရှိရှိ သုံးစွဲသွားကြသူများ

(၄) ရှင်မဟာဗုဒ္ဓ ဃောသ နှင့် နိကာယ်အဋ္ဌကထာများ

ရှင်မဟာ ဗုဒ္ဓဃောသ၏ ဇာတိ



6

J


ရှင်မဟာ ဗုဒ္ဓဃောသ ထေရုပ္ပတ္တိအကျဉ်း

ဝါဒပြိုင်ရာ အနိုင်အရှုံး


အာဖာဖာ


သီဟိုဠ်မကြွမီက ရေးသောကျမ်းများ

အရှင်မဟာ ဗုဒ္ဓဃောသ၏ ဉာဏ်ကိုစမ်းခြင်း ရှေးဦးသင်သင့်သော လက်စွမ်းပြ ပထမဆုံးကျမ်း ရှင်မဟာဗုဒ္ဓဃောသ၏ ကံကိုစမ်းခြင်း ကျမ်းပြုရန် တောင်းဆိုတိုက်တွန်းကြခြင်း သီဟိုဠ်ရှေးဟောင်း အဋ္ဌကထာနှင့် ကျမ်းစာများ အဋ္ဌကထာသစ် ဖြစ်ပေါ်လာစုံ နောက်ခံရာဇဝင် ဖာဟီယန်နှင့် ရှင်မဟာ ဗုဒ္ဓဃောသ

ထေရဝါဒသည် `ဟိနယာနမဟုတ်

ထေရဝါဒ၌ အရေအတွက်၊အရည်အချင်းကျဉ်းမြောင်းသလော

လက်နက်ကောင်းရှိသော ထေရဝါဒ

ခေတ်ကတောင်းဆိုလာသော နယ်ခြားတံတိုင်းကြီး

အဋ္ဌကထာကိုအဘယ်မူဖြင့်ရေးသနည်း

အဋ္ဌကထာကိုယ်တွေ့ဝတ္ထုများ၏ဆွဲအား

ရောနှော၍စားချင်သူနှင့် အစားထိုး၍စားချင်သူ

၆၉ . ၇၀



29

22








i

## PAGE 30
<!-- 70 paragraphs, raw extraction -->


မာတိကာ

(၅) သီဟိုဠ်မြန်မာဆက်ဆံရေးနှင့်သာသနာရေးရပ်တည်မှု သာသနာဂိုဏ်းကွဲကို ဖြေရှင်းရဲသော အာဇာနည်မင်းများ

သီဟိုဠ်နှင့်မြန်မာနိုင်ငံ ဆက်ဆံရေးသမိုင်း

ခိုင်မာကျစ်လျစ်ခေတ်အဆက်ဆက်

အင်္ဂလိပ်ခေတ် ထေရဝါဒသာသနာ

သာသနာအသက်ဆက်ရေး ကလေးရှာပုံတော်

သီဟိုဠ်နှင့်မြန်မာ ခေတ်ပညာသင်ကြားရေး


၉၆ ၉ဂ




ပဉ္စမသံဂါယနာမှပါဠိတက်က်စ် ဆိုဆိုက်ယတီးသို့

နှစ်ဘက်မမြင်လိုသော လယ်တီဆရာတော်


၁၁၃-


သာသနာရထားကြီး ဘီးချော်မကျအောင်


(၆) သာသနာခေတ်စော၍ အုရိယာပေါသော

ရှေးဦးမြန်မာ သာသနာ

ဟတ္ထိနပုရ စာကောင်းသင်းတွဲပြည်သာသနာ

ဗိဿနိုးမြို့တော် သံဃသီရိဆရာတော်

ဟံသာဝတီ၊ဝေသာလီ၊သထုံပြည်သာသနာ

ဗြဟ္မဒေသ-ပြူ-ဗမာနိုင်ငံတော်

ဣန္ဒိယ၊သီဟိုဠ်၊မြန်မာ သာသနာပြုခေတ်ပြိုင်မင်းများ

ရှေးဦးမြန်မာဘိက္ခုနီသာသနာ

ရှေးဦးမြန်မာ ပြုထေရဝါဒသာသနာ

ဂေါတမဗုဒ္ဓသည် ဗမာလူမျိုး ဗိဿနိုးပန်ထွာ ပြည်သာသနာ

သရေခေတ္တရာ ရသေ ပြည် သာသနာ

သက္ကရာဇ်ကပြောသော မြန်မာ့သမိုင်း

လွမ်းစရာ့ ဟန်လင်းပြည် သာသနာ

ကြင်နာရက်ရော၍ ကျေးဇူးသိသောပြုလူမျိုးများ

ကုလားရန်မကင်းသော အောက်မြန်မာနိုင်ငံ








၁၃ဝ








(၇) ဟန်ချက်ညီသော ယနေ့ မြန်မာ့သာသနာ


စာာဝန်နှင့်လာသူမှ တာဝန်ကိုမကြောက်


မင်းကွန်းဓမ္မနာဒတိပိဋက နိကာယဆရာတော်


အာဇာနည်မိဘကမှ အာဇာနည်ကို မွေးဖွားလို့ရ


ဆရာတော်နှင့် တိပိဋကဓရ ခွဲ၍မရ


ကမ္ဘာ့သတိပဋ္ဌာန် သာသနာပြု မဟာစည်ဆရာတော်


ခုနစ်ကြိမ်မြောက် ကမ္ဘာ့သာသနာပြုခရီးမှ ရလဒ်

၁၅ခု

ခေတ်မီသတိပဋ္ဌာန် လက်တွေ့အာမခံချက်


ပရိယတ်မှာလည်း တာဝန်ရှိရှိ ကမ္ဘာသိ


ဤစံစောာ်ဝင်လည်း စာတပ်စာအား


## PAGE 280
<!-- 6 paragraphs, raw extraction -->



၂ ၃ ၇

မြတ်စွာဘုရားသာသနာတော်သည် အတွင်းရန်၊ အပြင်ရန်များနှင့် ရံခါ အကျဉ်းအကျပ်ရင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် မဟာယာနဝါဒသည် ထေရဝါဒ ပင်မဗုဒ္ဓဝါဒီများကိုပင်လျှင်ဟိနယာနအဖြစ်အထင်မှားအမြင်မှားလောက်အောင် အမြဲတမ်း သွားလေရာ နောက်ကလိုက်ပူးကပ်၍ နှောင့်ယှက် ခဲ့ကြလေသည်။
(နောက်ဆက်တွဲကိုလည်းရှုပါ။)

ဥယျာဉ်ကြီးတခုအတွင်း၌ ပေါင်းမြက်ပင်တို့သာ မစိုက်မပျိုးမပြုမပြင်ရပဲ အလိုလိုကြီးထွားရှင်သန်နေကြစေကာမူ အသုံးဝင်သော အသီးအပင်တခု ဖြစ် ထွန်းရှင်သန်အောင် စိုက်ပျိုးပြုစုရသည်မှာကား ခက်ခဲလှပေ၏။ ဆစ်ပိုး၊မြစ်ပိုး၊
မိုး လေ နေ အန္တရာယ်များလှချေ၏။

အပြည်ပြည်ဆိုင်ရာ အတိတ်သာသနာသမိုင်းစဉ်ခရီးကြမ်းကြီးကိုမျှော်မှန်း ထောက်ရှု၍ အမှန်တရားတခုရရှိဖို့အရေးသည် မည်မျှခက်ခဲလှကြောင်း ဆင်ခြင် တော်မူကြလျက် တိုတောင်းလှသော သက်တမ်းကာလကလေးအတွင်း ပြင်းပြ ထက်သန်စွာ ကြိုးစားအားထုတ် သင့်လှပါတော့သည်။

## PAGE 281
<!-- 9 paragraphs, raw extraction -->

..


တင်ထွန်းကျော်

အခန်း (၂)

ပရိယတ် ပဋိပတ် ပေါင်းစပ်မှုအရာ စံတော်ဝင် မထေရ်များ

စာနှင့် လက်တွေ့ ပူးတွဲ၍

ပိဋကသုံးပုံခေါ် မြတ်စွာဘုရားရှင်၏ စကားတော် (သံဟိတ) ကို များ စွာဆောင်ထား ဟောကြားသင်ပြ နေသော်လည်း မိမိကိုယ်တိုင်ကမူ မေ့ လျော့ကာစာလာအတိုင်း မလိုက်နာ မကျင့်သုံးသောသူသည် သူစာပါးတို့၏ နွားကိုသာလျှင် အငှားကျောင်းရ၍ နိုမစားရသော နွားကျောင်းသားကဲ့သို့ သာမညဖလ ရဟန်းသုခဝေစုကို ရသည်မမည်ချေ။ (ဓမ္မပဒ။)

ပဏ္ဍိတော ဟိ စောပိဋကံ သုတွာ ဗ္ဗေပိ ပူရေတိ = ပညာရှိသူတိုင်း ပရို ယတ် သင်ယူပြီးလျှင် ပဋိပတ်ကိုလည်း ပူးတွဲ ဖြည့်ကျင့်သည်သာ။

(ဒီ-ဋ္ဌ-၃၊ ဂ၂။)

## PAGE 282
<!-- 11 paragraphs, raw extraction -->



၂ ၃ ၉

ဆရာအတွက် အသက်ကိုပင် စွန့်လွှတ်နိုင်သော ယောဂီ ရဟန်းတော် သုံးပါး

သီဟိုဠ်ကျွန်း သာသနာ အလွန်ထွန်းကားစဉ်က “စူဠပိဏ္ဍပါတိက တိဿ ခေါ် မထေရ်ကြီးတပါး ရှိ၏။သီဟိုဠ် ပဋိပတ္တိသာသနာဝင်၌ ကျော်စော ထင်ရှား သော မထေရ်များတွင် တပါးအပါအဝင် ဖြစ်တော်မူသည်။

တနေ့သောအခါ မထေရ်ငယ် သုံးပါးတို့သည် ကမ္မဋ္ဌာန်းတရား နည်းခံ ကျင့်ပွားရန် ထိုမထေရ်ကြီးထံ အတူတကွ .ရောက်လာကြ၏။

“ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော=အသိမှန်ရရန် သင်ပြ နည်းညွှန်တတ်သော ဆရာကို ရှာရမည်။ (ဆရာမရှိပဲ မလုပ်ရ။)” ဟု မိန့်တော် မူသည့်အတိုင်း သတင်းစကား နားထောင်ကာ ဆရာကောင်း ရှာဖွေ ရောက်ရှိ လာခြင်းဖြစ်၏။ ဆရာ ရရှိထားရရုံမျှမက ဆရာ့အပေါ် မည်မျှ ယုံကြည်ကိုးစား အားထားကြောင်းကိုလည်း “ဝိသုဒ္ဓိမဂ် အဋ္ဌကထာ” ၌ အောက်ပါအတိုင်း ဆက် လက်ဖော်ပြတော်မူထားလေသည်။

အဆိုပါ မထေရ်ကြီးသည် မိမိထံ ရောက်ရှိလာကြသော ယောဂီရဟန်း တော် သုံးပါးတို့အား ဆရာသမားနှင့် ကမ္မဋ္ဌာန်းတရားအပေါ် မည်မျှလောက် ယုံကြည်ကိုးစား အားထားကြောင်း မေးစမ်းတော်မူ၏။ ထိုအခါ အာဂန္တု ယောဂီရဟန်းတော် သုံးပါးတို့တွင်’

ပထမရဟန်း အရှင်ဘုရားများအတွက် အကျိုး တစုံတရာဖြစ်မည်ဟု ဘုရား တပည့်တော်အား တစုံတဦးက ပြောဆိုလာပါလျှင် ဘုရား တပည့်တော်သည် … အရှင်ဘုရားများအတွက် အသူတရာနက်တဲ့ ချောက်ကမ်းပါးထိပ်က ခုန်ချပြီး သေပေးဝံ့ပါတယ် အရှင်ဘုရား။

ဒုတိယရဟန်း လူတကိုယ်လုံး အမှုန့်ပြု၍ အရှင်ဘုရားများအတွက် … တစုံတရာ အကျိုးရှိမည်ဟု တစုံတဦးက ပြောဆိုလာပါလျှင် ဘုရားတပည့် တော်တကိုယ်လုံး ဖနောင့်ကစ ခေါင်းသို့ကျအောင် ကျောက် ပျဉ်ပေါ်မှာ သွေး၍ လှူလို့ရမည်ဆိုပါက စွန့်လှူနိုင်ပါတယ် အရှင်

ဘုရား။

## PAGE 283
<!-- 14 paragraphs, raw extraction -->


၂၄ဝ


တတိယရဟန်း ဘုရားတပည့်တော်၏ ထွက်လေ ၀င်လေများ အောင့်ချုပ် သေ ပေး၍ အရှင်ဘုရားများအတွက် ဆေးဘက် ဝါးဘက်အဖြစ် အကျိုးတစုံတရာ ရှိမည်ဟု တစုံတယောက်က ဆိုလာပါလျှင် ဘုရားတပည့်တော်လဲ အရှင်ဘုရားများအတွက် အသက်ကိုပင် စွန့်လှူနိုင်ပါတယ် အရှင်ဘုရား။

ဤသို့ အသီးအသီး လျှောက်ထားဝန်ခံ ကြလေ၏။

ယင်းသို့ သဉ္ဇာ ဆန္ဒ ဝီရိယဖြင့် အသက်ပေးယုံကြည်ကြောင်း လျှောက် ထားကြလျှင် မထေရ်ကြီးတ-

“ဤ ရဟန်းငယ်သုံးပါးလုံး ကမ္မဋ္ဌာန်းတရား ပေးထိုက်သူများဖြစ်ပေပြီ”” ဟု သဘောပိုက်ကာ ရှုမှတ်နည်းများကို သင်ပြပေးတော်မူလိုက်သည်။ရဟန်းငယ် သုံးပါးလည်း ဆရာမထေရ်ကြီး ညွှန်ကြားပြသသည့်အတိုင်း ရိုရိုသေသေ၊ ယုံယုံ ကြည်ကြည်၊ လိုလိုချင်ချင်၊ ကြိုးကြိုးစားစား ရှုမှတ်ပွားများကြရာ မကြာမီပင် သုံးပါးလုံး ရဟန်းကိစ္စ ပြီးမြောက်သွားကြလေသည်။

ဤကား ဆရာသမားအပေါ် မိမိ၏ခန္ဓာကိုယ်နှင့် အသက်ကို စွန့်လွှတ်နိုင် သည်အထိ ယုံကြည်သော သဒ္ဓာထရား၏ အကျိုးဖြစ်ပေသည်။ (ဝိသုဒ္ဓိမဂ်-၁၊
၁၁၂- ကမ္မဋ္ဌာန်းယူခန်း။)

"

တရားထူးရမည့်သူ အရည်အချင်း ငါးမျိုး

ထိုကြောင့် ကမ္မဋ္ဌာန်းတရား အားထုတ်လိုသော ယောဂီတို့သည်… “သက္ကောစ= သူတော်ကောင်းတရားတို့ကို အမှန်တကယ် သက်စွန့်ကြိုး ပမ်း အားထုတ်နိုင်ရခြင်းသည် လည်းကောင်း၊ သုဝစောစ=ဆရာ့စကားကို တသဝေမတိမ်း လိုက်နာလွယ်သူ ဖြစ်ရခြင်းသည်လည်းကောင်း”ဟု ဟောတော် မူသော မေတ္တာကမ္မဋ္ဌာန်း (မေတ္တသုတ်)လာ ရွှေ့ပြေးအရည်အချင်းများ ရှိထား ကြရလေသည်။

တရားအားထုတ်မည့်သူများ၌ ကြိုတင်ပြည့်စုံထားရမြဲဖြစ်သော (ယခုဘဝ မှာပင် တရားထူးရစေနိုင်သည့်) အင်္ဂါအရည်အချင်း (ပဓာနိယင်္ဂတရား)ငါးမျိုး ရှိ၏။

၁။ ရတနာသုံးပါးနှင့် ကမ္မဋ္ဌာန်းဆရာအပေါ် အကြွင်းမဲ့ယုံကြည်ရခြင်း၊
၂။ ကျန်းမာရေး ကောင်းသူ ဖြစ်ရခြင်း၊

၃။ မိမိမှာ မရှိသောဂုဏ်ကို မဖော်၊ ရှိသောအပြစ်ကိုလည်း မဖုံးကွယ်၊
ရိုးသားဖြောင့်မှန်သူ ဖြစ်ရခြင်း၊

## PAGE 284
<!-- 19 paragraphs, raw extraction -->




အရေ

၄။ အသား အသွေးတွေ ခန်းခြောက်ချင် ခန်းခြောက် ပါစေ၊
အကြောအရိုးမျှ ကျန်လိုက ကျန်ပါစေ၊ တရားထူးမရမချင်း မပြတ် မလပ် ငါ အားထုတ်မည်ဟူသော (စတုရင်္ဂ)ဝီရိယ ရှိရခြင်း၊
၅။ ရုပ်နာမ်ဖြစ်ပျက်ကို သိမြင်သော (ဥဒယဗ္ဗယ)ဉာဏ် ဖြစ်ပေါ်ခြင်း။
(မ-၂၊ ၃ဝဝ- ဗောဓိရာဇ ကုမာရသုတ်။)

..

ထို ့ကြောင့်လည်း အမှတ်တစ် အင်္ဂါအရ ကမ္မဋ္ဌာန်း၏ ရှေ့ပြေးအလုပ် (ပုဗ္ဗကိစ္စ)ဖြစ်သော သီလယူ၊ ဂုဏ်တော်ပွား၊ မေတ္တာပို့ ၊ အမျှဝေ စသည် ပရိကံ ပြုဖွယ်များနှင့်တကွ ဘုရားရှင်နှင့် ကမ္မဋ္ဌာန်းပေးမည့်ဆရာအား မိမိခန္ဓာကိုယ်ကို စွန့်လှူ အပ်နှင်းကြရလေသည်။ ယုံကြည်မှုကို ပြသရခြင်းဖြစ်သည်။

"

ဘုရားလှူ “ဣမာဟံ ဘဂဝါ အတ္တဘာဝံ တုမှာကံ ပရိစ္စဇာမိ=မြတ်စွာဘုရား၊
ဘုရားတပည့်တော်သည် ဤခန္ဓာကိုယ် အတ္တဘောကြီးကို မြတ်စွာ ဘုရားအား အပ်နှင်းစွန့်လှူပါသည်ဘုရား။”

"

,,

“သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ ကမ္မဋ္ဌာနံ မေ ဒေထ= ဘုရားတပည့်တော်အား သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကျွတ်လွတ် ပါရခြင်းအကျိုးငှာ ကမ္မဋ္ဌာန်းတရား ပေးသနား၍ ချီးမြှင့်တော်မူပါ ဘုရား။””

..

ဆရာလှူ “ဣမာဟံ ဘန္တေ အတ္တဘာဝံ တုမှာကံ ပရိစ္စဇာမိ= (“မြတ်စွာဘုရား နေရာ၌ “အရှင်ဘုရား”ဆိုရုံသာ ထူးသည်။)

သံသာရ ဝဒုက္ခတော မောစနတ္ထာယ ကမ္မဋ္ဌာနံ မေ ဒေထ။
(ရွှေက အတိုင်း။)

ဘုရားနှင့်ဆရာအား ခန္ဓာကိုယ်စွန့်လှူအပ်နှင်းရကျိုး

,,

ယင်းသို့ စွန့်လှူအပ်နှင်၊သည့်အတွက် အဘယ်အကျိုးရှိသနည်း။
အကျိုးများစွာရှိပေ၏။ ဤသို့ပြုလုပ်ခြင်းသည် ဆရာသမားအား ရိုသေ ကျိုးနွံကြောင်း ဖော်ပြခြင်းပင်ဖြစ်၏။ ရိုသေကျိုးနွ ံ၍ မြေဝယ်မကျ နာယူသူတို့ မှလည်း မြှောက်စားအားပေးခြင်း ခံယူရသည်။ ဆရာသမား မြှောက်စားအား ပေးခြင်း ခံရသူမှသာလျှင်လည်း လိုရာပန်းတိုင်သို့ရောက်ရ၏၊ ချမ်းသာရ၏။

ထိုမှတပါးလည်း မိမိ၏ သဒ္ဓာ, ဆန္ဒ, ဝီရိယကို ထုတ်ဖော် ပြရာလည်း ရောက်သည်။ ထိုသို့ နှုတ်မြွက်စွန့်လှူကတည်းက မိမိ၏ ရုပ်နာမ်အစဉ်၌ ကြည်လင် ပြတ်သားသော ယုံကြည်မှုအင်အား (သဒ္ဓာဓာတ်)၊ မရမနေလိုလားသော စိတ် ဓာတ်အင်အား.(ဆန္ဒဓာတ်)၊မဖြစ်မနေ ကြိုးစားနိုင်သောအင်အား(အာရမ္ဘ-

## PAGE 285
<!-- 17 paragraphs, raw extraction -->




နိက္ကမ္ပရက္ကမဓာတ်ခေါ် ဝီရိယဓာတ်)များ တရိပ်ရိပ်ဝင်လာသည်ကို တွေ့ရမည် ဖြစ်၏။

ထို သဒ္ဓ, ဆန္ဒ‘ဝီရိယဓာတ်တို့သည် ပရမတ္ထသဘာဝ အမှန်တကယ် ရှိသော အင်အားများ, သတ္တိထူးကြီးများဖြစ်ကုန်၏။ ကမ္မဋ္ဌာန်းတရားအားထုတ် မည့်သူ၌ ထိုအင်အားသုံးခု မရှိ၍ မဖြစ်ချေ။

.

မိမိတကိုယ်တည်း တရားထိုင်နေသည်ဟု ထင်ရသော်လည်း မဟုတ်ချေ။
သုံးလောကထွတ်ထား ဘုရားရှင်နှင့်တကွ မိမိကမ္မဋ္ဌာန်းဆရာတို့၏ ဘုန်းတန်ခိုး မေတ္တာ ကရုဏာ အရှိန်အဝါများ သက်ဝင်ကာ စင်စစ်ဘုရားရှင်နှင့် ဆရာသမား များသည် သင်ယောဂီနှင့် အတူ ရှိတော်မူနေကြ၏။

စိတ္တဗေဒအရလည်း ရှေးအခါက စစ်ပွဲများတွင် စစ်သူကြီး ဦးစီးတိုက် သော စစ်ပွဲနှင့် တိုင်းပြည်သခင် ရှင်ဘုရင်ကိုယ်တိုင် ဦးစီးထွက်ချီသော စစ်ပွဲများ အောင်ပွဲရပုံချင်း မတူကြချေ။စစ်သည်များ ပို၍ စိတ်အားထက်သန် တက်ကြွခြင်း၊
ဘုရင့်အရှိန်အဝါ ကြီးမားခြင်းတို့ကြောင့်ပင် ဖြစ်သည်။

တည်း။

တရားထိုင်ခြင်းဟူသည် မာရ်စစ်သည်များနှင့် တိုက်ပွဲဝင်နေရခြင်း ပင်

နတ်ဗြဟ္မာများ အားပေး၍ မာရ်နတ်ကြောက်ရှူသောအလုပ် “ဣတိဝုတ်ပါဠိတော်၊ ဒေဝသဒ္ဒသုတ်၌ မြတ်စွာဘုရား ဟောတော်မူသည် မှာ တန်ခိုးဣဒ္ဓိပါဒ်ကြီးမားသော သူတော်ကောင်း နတ်ဗြဟ္မာများ မာရ်နတ် နှင့် တိုက်ပွဲဝင်၍ ဝမ်းသာအားရ သာဓုခေါ် အားပေးသောအခါသုံးမျိုးရှိ၏။
ရှင်, ရဟန်းပြုသောအခါ၊

၁။

၂။

တရားစတင် အားထုတ်သောအခါနှင့်

၃။ ရဟန်းကိစ္စ ပြီးမြောက်သောအခါများ ဖြစ်ကြသည်။တဖန်-“ဝိသုဒ္ဓိမဂ် နေသဇ္ဇကင်္ဂဓုတင်ကို ပြရာ’၌’ အာဘုဇိတွာန ပလ္လင်္က ံ၊
ပဏိဓာယ ဥ တနု။
နိသီဒန္တော `ဝိကမ္မေတိ၊

မာရဿ ဟဒယံ ယတိ။ ။

“ယောဂီသည် တရားအားထုတ်ရန် တင်ပျဉ်ခွေလျက် အထက်ပိုင်း ကိုယ် ကို ဖြောင့်မတ်စွာ ထား၍ ထိုင်လိုက်လျှင်ပင် (ကမ္မဋ္ဌာန်းရှုမှတ်ဖို့ တင်ပျဉ်ခွေ ထိုင်လိုက်ရုံမျှဖြင့်) မာရ်နတ်၏ နှလုံးသားကို တုန်လှုပ် ချောက်ချားသွားစေ သည်”ဟု ဆိုလေသည်။

## PAGE 286
<!-- 11 paragraphs, raw extraction -->



၂၄၃.

ခန္ဓာကိုယ် စွန့်လှူအပ်နှင်းထားရခြင်းနှင့်စပ်၍ ဝိသုဒ္ဓိမဂ်လာ အောက်ပါ မှာထားချက်ကိုလည်း ကြိုတင် သိထားသင့်၏။

“ဤကဲ့သို့ စွန့်လှူအပ်နှင်း၍ မထားပါပဲ တောစွန်စုံပြား နေရာ များသို့ သွားရောက်၍ တရားရှုပွားသည်ရှိသော် တစုံတခုသော ကြောက်ရွံ့ထိတ်လန့်ဖွယ် အနှောင့်အယှက် အန္တရာယ် အာရုံ နိမိတ် များ တွေ့ကြုံထင်မြင်လာလျှင် ယောဂီသည် ကြံ့ကြံ့ခိုင်ခိုင် မခံရပ်နိုင် တော့၍ ရွာနီးချုပ်စပ်သို့ ကပ်ရောက်လာရကာ လူတို့နှင့် ရော၍ မလိုလားအပ်သော အကျိုးမဲ့ ပျက်စီးခြင်း ပျက်စီးသွားနိုင်လေသည်။
““ဘုရားရှင်အား ခန္ဓာကိုယ် စွန့်လှူအပ်နှင်းထားသော ယောဂီ မှာကား အကယ်၍ တစုံတရာ ကြောက်ရွံ့ ထိတ်လန့်ဖွယ် အနှောင့် အယှက် အန္တရာယ် အာရုံနိမိတ်များ တွေ့ကြုံရသော်လည်း ကြောက် ရွံ့ထိတ်လန့်ခြင်း မဖြစ်တော့ပြီ။ မဖြစ်ရုံမျှသာမက

"

“အသိဉာဏ်ရှိသော အို ယောဂီ…၊ သင်သည် သင်၏ ခန္ဓာ ကိုယ်နှင့် အသက်ကို ဘုရားရှင်အား ရှေးမဆူကပင် နှင်းအပ် စွန့် ခဲ့ပြီ မဟုတ်ပါလားဟု ဆင်ခြင်လိုက်သည်နှင့် တပြိုင်နက်၊ “တွင်းပြင် နှစ်ဖြာ လွန်စွာ အန္တရာယ်များလှသော ငါ၏ ခန္ဓာကိုယ်ကြီးကို သင့် လျော်လုံခြုံရာ၌ သိမ်းဆည်းအပ်နှံ့ ထားခဲ့ရပေပြီ”ဟု ဝမ်းမြောက် ဝမ်းသာ၍ပင် နေတော့သည်။ (မဟာဋီကာ။) “ဥပမာအားဖြင့် သော်ကား-

မိမိ

အဖိုးတန် ကောင်းမွန်လှသော အဝတ် အစား ရှိထားသူသည် အဝတ်အစားများကို ပိုးရွ၊ ခြပုန်း၊ကြွက် စသည် ကိုက်ဖျက် ခံရသော အခါ လွန်စွာ စိတ်ဆင်းရဲရ၏။ အကယ်၍ ထိုအဝတ်အစားများကို အရှင်မြတ် တပါးပါးအား ပေးလှူပြီးသည့် နောက်မှ အပိုင်းပိုင်း ပြတ်ကာ ရစရာမရှိအောင် ပျက်စီးသွားသည်ကို မြင်တွေ့ရသော်လည်း (ငါ, ငါ့ဟာ အတ္တ, အတ္တနိယ မပါ မရှိတော့သဖြင့်) စိတ်ဆင်းရဲခြင်း မဖြစ်။ “ငါ့လက်ထဲမှာလဲ ပျက်စီးသွားနိုင်တာပဲ၊
ယခုမူ ငါ၏ အလှူ ါန မြောက်ရပေစွ”ဟု ဝမ်းမြောက်၍သာ နေသကဲ့သို့တည်း။”

စစ်မတိုက်မီက အောင်ပွဲရ

စင်စစ်အတုမဲ့ ဘုန်းတန်ခိုး ကြီးမြတ်တော်မူသော ဘုရားရှင်၏ ဂုဏ်တော် အောင်လံများ အမြဲစိုက်ထောင် လွှင့်ထူထားသော ဘုရားသားတော် သမီး

## PAGE 287
<!-- 14 paragraphs, raw extraction -->




တော် ယောဂီတို့အား မည်မျှတန်ခိုးကြီးသူ နတ်လူ ဗြဟ္မာတို့ကမျှ မနှိပ်စက် မဖျက် ဆီးရဲကြ၊ လောက၌ ဘုရင့်သားကို မည်သူမျှ မစော်ကားရဲ။

ဘုရားရှင် ပိုင်ဆိုင်ထားသော ပစ္စည်းများကိုလည်း မည်သူကမျှ မလုယူ၊
မဖျက်ဆီးနိုင်ချေ။ (ဗုဒ္ဓာနံ ဥဒ္ဒိဿ အဘိ ဟဋာနံ စတုန္န ံ ပစ္စယာနံ နသက္ကာ ကေနစိ အန္တရာယောကာတုံ တထာ မေ ဟောတု။)

ယင်းသို့ တရားအားမထုတ်မီ ကြိုတင်ပြင်ဆင်ရုံ ကလေးမျှ၌ပင် ရရှိထား သော အရှိန်အဝါ အင်အား သတ္တိများကား အားရကျေနပ် ထိုက်လှပါပေစွ။
တင်ပျဉ်ခွေ ထိုင်မိခါမျှ၌ပင် ရန်သူတပ်များ ဆုတ်လန်ခွာရှဲ၍ ပြိုကွဲသွားပုံမှာလည်း ထင်ရှားလှပေတော့၏။

သက်စွန့်ကြိုးပမ်းကြပါလေ...သူတော်ကောင်းတွေ...။

အမှန်တရားဟူသည် ယုံကြည်မှုပေးကာ အသက်နှင့်လဲ၍ပင် ယူနိုင်သူမှ ရနိုင်ကြလေသည်တကား။

စာတတ်ပုဂ္ဂိုလ်ဟု အသိမခံလိုသော သာကေတ တိဿထေရ်

သူတော်ကောင်းတို့သည် အကျင့် ပဋိပတ်အရာ၌သာ မိမိဂုဏ်ကို လျှို့ဝှက် သိုသိပ်တော် မူကြသည်မဟုတ်၊ ပရိယတ် အရာ၌လည်း “စာတတ်ပုဂ္ဂိုလ်, ဓမ္မ ကထိက ပုဂ္ဂိုလ်ဟု အသိမပေးလိုကြပေ၊ ပရိယတ္တိ အပ္ပစ္ဆာဟု ခေါ်သည်။

ပရိယတ္တိအရာ အလွန်ကျော်ကြားလှသော သာကေတ တိဿမထေရ်သည် အချိန်ကြာမြင့်စွာ ပရိယတ်ကို သင်ကြား ပို့ချလျက်ရှိရာ မထေရ်၏ တနေ့တာ လုပ်ငန်းစဉ်တွင် ရှေ့နောက် အချိန်များ အကြားအလပ်မရှိ၊ သီးသန့် စာတဝါ တက်ခွင့်ရရန်၊ ယုတ်စွအဆုံး ခရီးလမ်းကြုံမှာပင် ပြဿနာ တစုံတခုလောက် လျှောက်ခွင့်ရရန်ပင် အချိန်မရှိပေ။ ပရိယတ္တိကို အချိန်ပြည့် အသုံးချတော်မူ၏။

ယင်းသို့ နေစဉ် မထေရ်တပါးက စာဝါတောင်းခံရာ အချိန်မရှိကြောင်း

မိန့်တော်မူ၍’

“ဒီလိုဆိုယင် …အရှင်ဘုရား…၊ သေဖို့ အချိန်မှ ရှိပါသေးရဲ့လား” ဟု အလျှောက်ထားခံရသည့် အချိန်မှစ၍ သံဝေဂ ဖြစ်ကာ တပည့်သံဃာများကို စွန့်ခွာ၍ ပဋိပတ်လုပ်ရန် ကဏိကာရ ၀ါလိက သမုဒ္ဒ ခေါ် ကျောင်းသို့ကြွသွား လေတော့၏။

## PAGE 288
<!-- 16 paragraphs, raw extraction -->




ထိုကျောင်းသို့ ရောက်သော အခါ၌လည်း ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် ရဟန်းတော် အရှင်မြတ်တို့အား ပရိယတ် ဗဟုဿုတများဖြင့် အခါ အားလျော်စွာ အထောက်အကူ ပြုပေးလျက်ရှိ၏။ တရားကိုလည်း တဝါတွင်းလုံး အားထုတ်တော်မူသည်။

သီတင်းဝါလကျွတ်၍ မဟာပဝါရဏာ ပြုသောနေ့တွင်ရဟန်းသံဃာများ နှင့်ဒကာ,ဒကာမများအား တရားဟောပြောရန် ရှိသဖြင့် အရှင်သာကေတတိဿ ကပင် တရားပလ္လင်သို့တက်၍ ဟောပြောကူညီတော်မူ၏။

ပရိသတ်များ အားလုံး အထူးဝမ်းမြောက်ကာ ကြက်သီး မွေးညင်း ထ လောက်အောင် သဒ္ဓာဝီရိယ ဖြစ်ကြလေ၏။

“ဒီ မထေရ်ရဲ့ တရား ဘယ်တော့များမှ နောက်တကြိမ် နာရပါ့မလဲ”ဟု သူ့ ထက်ငါ ရွှင်လန်း တက်ကြွ နေကြလေ၏။ တရားပွဲပြီးလျှင် ပရိသတ်များ အားလုံး လှိုက်လှိုက်လှဲလှဲ တခဲနက် သာဓုခေါ်၍ ဦးချနေချိန်မှာပင် အရှင်မြတ် သည် ပလ္လင်မှ အလျင်အမြန် ဆင်းကြွပြီးလျှင် သံဃပရိသတ်ထဲသို့ ဝင်ကာ ကျောင်းသို့ ပြန်ကြွ သွားတော်မူလေသည်။

"

“တရားဟောတဲ့ မထေရ်ဘယ်မထေရ်ပါလိမ့်မလဲ”ဟု သိသွားမည်စိုးသော ကြောင့် ဖြစ်လေသည်။ (မ-ဋ္ဌ-၁၊ ၄၆။ အံ-ဋ္ဌ-၁၊၅၉။ အံ-ဋ္ဌ-၃၊၂၂၆၊)

သည်။

၁။

ပရိယတ္တိသင်ယူနည်း သုံးမျိုး

ပရိယတ္တိကို သင်ယူလေ့လာကြရာ၌ သင်ယူလေ့လာနည်း ၃-မျိုး ရှိလေ

=

အလဂဒ္ဒူပမ ပရိယတ် = မြွေအလမ္ပယ်ဆရာ စာသင်နည်း။ မြွေပွေး ခါးပိုက်ပိုက် စာသင်နည်း။ အနက်အဓိပ္ပာယ် သဘောသဘာဝကို မဆင်ခြင်၊ နှလုံးမသွင်း၊ ဝါဒရေးရာ စကားစစ်ထိုးရန်၊ တဘက်သား အပေါ် အနိုင်ကျင့်ရန်စသည်ဖြင့် မကောင်းသော ရည်ရွယ်ချက်ဖြင့် သင်ယူသည့်အတွက် သံသရာနှင့်ချီ၍ ဒုက္ခပေးတတ်သော စာသင်နည်း ဖြစ်သည်။

၂။ နိတ္ထရဏတ္ထ ပရိယတ်= ထွက်မြောက်ရေး စာသင်နည်း။ စာသင်၍တတ် သိလာလျှင် သိသည့်အလျောက် သီလ, သမာဓိ, ပညာများကို ဆည်း ပူးရန် ကောင်းသောရည်ရွယ်ချက်ဖြင့်ကောင်းစွာ သင်ယူသည့်အတွက် မိမိသူတပါး အများချမ်းသာစေသော စာသင်နည်းဖြစ်သည်။

## PAGE 289
<!-- 16 paragraphs, raw extraction -->


:

၂ ၄ ၆

၃။


ဘဏ္ဍာဂါရိက ပရိယတ် = ဘဏ္ဍာစိုး စာသင်နည်း။ ရဟန္တာ ပုဂ္ဂိုလ် များ၏ ပရိယတ် သင်ယူချပို့ ခြင်း၊ ကျမ်းစာပြုခြင်းများ ဖြစ်၏။
သူတော်ကောင်းတရားများ မပျောက်ပျက်ရအောင် ထိန်းသိမ်းစောင့် ရှောက်ပေးသည့် သဘောဖြစ်လေသည်။

ဝိနည်း တရားကို မတတ်လျှင်၊ သို့မဟုတ် မကောင်းသဖြင့် ကိုင် တွယ်လျှင် ဒုဿီလ ဖြစ်တတ်၏။

သုတ္တန့် ကို မတတ်လျှင်၊သို့မဟုတ် မကောင်းသဖြင့် ကိုယ်တွယ်လျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်၏။

အဘိဓမ္မာကို မတတ်လျှင်၊ သို့မဟုတ် မကောင်းသဖြင့် ကိုင်တွယ် လျှင် မတန်မရာ အကြံလွန်ကာ ရူးသွပ်တတ်လေသည်။

(မ-၁၊၁ ဂ ၆-အလဂဒ္ဒူပမသုတ်။ ဝိ-ဋ္ဌ-၁၊၂၀-ဗာဟိရနိဒါန်း။) ယာဝ ဒေဝအနတ္ထာယ၊ ဉတ္တံဗာလဿဇာယတိ” ဟူသည့်အတိုင်း သဒ္ဓာသီလနည်းလျှင် နည်းသလောက် ကယ်မယ့်သူမရှိအောင် မိုက်တွင်းနက်ကာ ဒုက္ခ ရောက်တတ် လေသည်။

စာပေပရိယတ်သင်ကြားခြင်းအားဖြင့် ထိုထိုပါဠိတော်များစွာတို့၌-

"

“တာ=အာဂုံ ဆောင်ခြင်း၊ ဝစသာပရိစိတာ=အာဂုံရပြီးရွတ် ဆိုသရဇ္ဈာယ်ခြင်း၊ မနသာနု ပေက္ခိတာ=ရွတ်ယင်း သဇ္ဈာယက မထေရ်ကဲ့သို့သဘောတရားကို နှလုံးသွင်းခြင်း၊ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓာ= ထိုသို့ နှလုံးသွင်းဆင်ခြင်နိုင်သဖြင့် လက္ခဏာရေး သုံးပါး မြင်ကာ အရိယာဖြစ်ခြင်း” စသည်ဖြင့် သင်ယူရှုတ်ခံရခြင်း၏ ကွင်းဆက် အကျိုးများကို ပြညွှန်တော်မူလေသည်။ ထိုအကျိုးတရား ရမှသာ သင်ယူရကျိုးနပ်၏။

သို့မှသာ နိတ္တရဏတ္ထ=ဘဝလွတ်မြောက်ရေးကို ပေးနိုင်သော ဘုရားရှင့် အကြိုက် စာသင်နည်း ဖြစ်နိုင်သည်။ဤသင်နည်းကိုရည်ရွယ်၍သာလျှင် ပရိယတ် သည်သာ သာသနာတည်မှုပဓာန”ဟုဆိုခြင်းဖြစ်လေသည်။ထိုသို့မဟုတ်ပါက’ ““လူမှာမတတ်၊ စာမှာတတ်၊ ဂါဟတ်ကိုက်တတ်သည်”ဆိုသော “ဒီပဲရင်း ဆရာတော်ဘုရားကြီး ဩဝါဒကဲ့သို့ တဏှာ၊ မာန၊ ဒိဋ္ဌိ ဂါဟဟူသော မြွေကြီး

၏အစာဖြစ်တတ်၏။ အထိုက်အလျောက် ထိန်းသိမ်းနိုင်၍ မြွေပေါက်

မခံရစေကာမူ နို ့ကိုမူမစားရပဲ နွားကိုသာ ကျောင်းနေရသော နွားကျောင်း သား ဘဝက လွတ်ရန် မရှိတော့ချေ။

## PAGE 290
<!-- 9 paragraphs, raw extraction -->



ပရိယတ်သက်သက်ဖြင့် အခက်အခဲကိုမဖြေနိုင်


ပရိယတ်သက်သက်မျှကိုသာ နိုင်နင်း၍ ကိုယ်တွေ့ပဋိပတ်မရှိပါလျှင်လည်း ဘိုးတော်မင်းတရားကြီး လက်ထက်က မင်းဆရာတော်ကြီးများ အရိယာဟုတ် မဟုတ်စစ်ဆေးရန် ရေစကြိုမြို့နေပဋိပတ်အရှင်နှစ်ပါးထံ သွားကြရာ ပြောသမျှ နားထောင်ပြီး ပြန်ရကာ ဘာတခုမျှ အဖြေမပေးနိုင်၊ မညွှန်ကြားနိုင်ကြသကဲ့သို့ လည်းကောင်း၊ ရံခါအရိယာ ပုဂ္ဂိုလ်ကြီးများကိုပင် အထင်အမြင်သေး၍ပြောဆို မိသော စာချဆရာတော်အချို့ကဲ့သို့ လည်းကောင်း ဖြစ်တတ်သဖြင့် သာသနာ့ တာဝန်လည်းမကျေ၊အပြစ်ပင်ပို၍လေးတတ်ပြန်လေသည်။ (ဘုရားရှင်လက်ထက် တော်က သာဝတ္ထိသူငယ်ချင်းနှစ်ပါးအကြောင်း၊ မြင်းခြံ ဦးကဝိအား စစ်ဆေး သော စာတတ်ပုဂ္ဂိုလ်အချို့၏ သဘောထားစသည်။)

မောဂ္ဂလိပုတ္တတိဿလမ်းစဉ်

စင်စစ် ပဋိပတ် ထွန်းကားသောခေတ်တွင် သာသနာတွင်း အယူအဆ အပြောအဆိုများ သူတမျိုးငါတဖုံရှိနေတတ်ရာ မကိုင်တွယ်တတ်လျှင် အလွန် ဝန်လေးလှပေသည်။ ထိုအမျိုးမဆုံးနိုင်သော အယူအဆ အပြောအဆိုများကို သုတ်သင်ရှင်းလင်းနိုင်ရန်မှာ ပရိယတ်သက်သက်တတ်ရုံမျှဖြင့် မလုံလောက်တော့ ချေ။ ပဋိပတ်သက်သက်မျှသာရှိသူများကား ထိုကိစ္စအတွက်သာ၍ မှီခိုရာ ဖြစ်ခဲ လှပေသည်။ ထို ့ကြောင့် ပရိယတ် တတ်မြောက်ပြီး၍ ပဋိပတ် ဆောင်တော် မူဒသာအရှင်မြတ်တို့သာလျှင် စွမ်းဆောင်နိုင်သော ကိစ္စ ဖြစ်တော့သည်။

သာသနာဧတာ်တွင် အယူဝါဒများ ရှုပ်ထွေးလာမည်ကို အရှည် မြင် တော်မူကြသော အရှင်သိဂ္ဂဝမထေရ်ကြီးသည် တတိယ သံဂါယနာတွင် အယူ ဝါဒများစွာကို ဖြေရှင်းကာ သာသနာပြုမည့် သာသနာ့ အာဇာနည် လောင်း လျာ “မောဂ္ဂလိပုတ္တတိဿ” အား ခက်ခဲစွာ သိမ်းသွင်း၍ သာသနာ့ ဘောင်သို့ ဆောင်ကြဉ်းခဲ့ရ၏။ သာမဏေပြုပေးပြီး မကြာမီ ကောဋ္ဌာသ ကမ္မဋ္ဌာန်းပေး၍ သောတာပန်ဖြစ်သွားသောအခါကျမှသာလျှင် စာပေသင်ကြားရန် “စဏ္ဍဝဇ္ဇ မထေရ်ကြီးထံပို ့လွှတ်လေသည်။

( သောတပန်ဖြစ်သွား၍ ဝိဝေကနိမ့်စွဲမြဲသွားလျှင် ) သာသနာတော်မှ လူမထွက်တော့ရုံမျှမက၊ လုံ ့လရှိရှိသမာဓိခိုင်ခိုင်ဖြင့် စာပေသင်ယူရန် အခြေခံ အားကောင်းလာရုံမျှသာ ရပ်တန့်ကာ တရားကို ဆက်၍မပေးပဲ ထားလိုက်၏။

## PAGE 291
<!-- 16 paragraphs, raw extraction -->

{




°

ရဟန္တာ ဖြစ်သွားလျှင်ကား အချို့ ရဟန္တာ ပုဂ္ဂိုလ်များ တရား အရသာဖြင့် - အချိန်ကုန်ကာ ပရိယတ်၌ ကြောင့်ကြမဲ့နေတတ်သောကြောင့်လည်း ဖြစ်သည်။
(ဝိ-ဋ္ဌ-၁၊ ၃ ၁-တတိယသံဂီတိခန်း။) ထို ့ကြောင့် ထိုက်ထိုက် တန်တန် သာသနာပြုလိုသော အရှင်မြတ်တိုင်း သာသနာပြု မထေရ်ကြီးများ၏ ထုံးကို နှလုံးမူကြလေသည်။

ပဋ္ဌာန်းကျမ်းကြီး သင်အံပို ့ချ၍ ရဟန္တာဖြစ်သော မဟာဂတိဂမိယတိဿ ဒတ္တထေရ်

မဟာဂတိဂမိယ တိဿ ဒတ္တမည်သောမထေရ်သည် အဘိဓမ္မာခုနစ်ကျမ်း တွင် အဆန်းကြယ် အနက်နဲဆုံးဖြစ်သော ပဋ္ဌာန်းကျမ်းကြီးကို သင်အံပို့ ချ လေ့ ကျက်မှုများသော မထေရ်ဖြစ်သည်။

ထိုမထေရ်သည် တနေ့သောအခါ သီဟိုဠ်ကျွန်းမှ မဇ္ဈိမဒေသ (ဣန္ဒိယ) သို့ မဟာဗောဓိကိုဖူးမြော်ရန် ပင်လယ်ခရီး၌ သင်္ဘောစီး၍ ကြွတော်မူ၏။ခရီး တဝက်လောက်ရောက်လျှင် သင်္ဘောပေါ်မှနေ၍ ပင်လယ်ရေပြင်ကြီးကိုတမျှော် တခေါ်ကြည့်ရှုနေမိသည်။

ထိုအချိန်၌ ပင်လယ်ရေပြင်ကြီးမှာ အလွန်ပင် ကျယ်ပြောကာ ဟိုမှာ ဘက်ကမ်းကိုလည်း မမြင်ရ၊ ဒီမှာဘက်ကမ်းကိုလည်း မမြင်ရ။ အိမ်လောက်မက ကြီးမားသော လှိုင်းလုံးဖြူကြီးများသာ တက်ကြွရိုက်ခုန်နေတော့၏။ ကမ်းမမြင် ရသကဲ့သို့ မည်မျှနက်ရှိုင်းမည်ကိုလည်း မခန့်မှန်းနိုင်တော့ချေ။

"

ထိုအခါ မထေရ်၌ အဘိဓမ္မာပဋ္ဌာန်းကျမ်းကြီးကို လေ့ကျက်ဖန် များ သည့်အတိုင်း ပဋ္ဌာန်းကျမ်းကြီးနှင့်စပ်သော စိတ်ကူးအကြံတခုဝင်လာလေသည်။
ဤ မဟာ သမုဒ္ဒရာကြီး၏ လှိုင်းတံပိုး အဟုန်ကပင် အင်အားကြီး သလော။ထိုသို့မဟုတ်၊ ၂၄-ကျမ်းရှိသော မဟာပဋ္ဌာန်းကျမ်းကြီး၏ ဆန်းကြယ် သော နည်းပညာကပင် အင်အားကြီးသလော”

ထိုအခါ မထေရ်၏ ဉာဏ်အမြင်၌–

“မဟာသမုဒ္ဒရာသည် မည်မျှပင် ကျယ်ပြောသော်လည်း အပိုင်းအခြား ကား ရှိပေသေးသည်၊ အထက်မှာ ကောင်းကင်၊အောက်မှာမြေပြင်၊ တဘက်တွင် စကြဝဠာတောင်နှင့် ပင်လယ်ကမ်းခြေ၊ ပိုင်းခြား သတ်မှတ်လို့ ရပေသေးသည်။
ပဋ္ဌာန်းကျမ်းကြီး ဆန်းကြယ်နက်ရှိုင်းမှုမှာကား အပိုင်းအခြား အကန့်အသတ် မရှိပါတကား”ဟု ပဋ္ဌာန်းကျမ်းကြီးကို ရင်းဖျား တုံ့လှည့် နှိုင်းရှည့် ဆင်ခြင်မိ

လေ၏။

1

## PAGE 292
<!-- 12 paragraphs, raw extraction -->


}



သိမ်မွေ့နက်ရှိုင်းသော အဘိဓမ္မာ ပဋ္ဌာန်းဒေသနာများကို သက်တုံ တက်တုံ အစုန်အဆန်အပြန်ပြန်အလှန်လှန် သုံးသပ်ဆင်ခြင်တော်မူရာတကိုယ်လုံး ပီတိများ လွှမ်းဖုံးသွားတော့၏။

ဖြစ်ပေါ်လာသောပီတိကို လျစ်လျူရှုကာ မိမိခန္ဓာကိုယ်ပေါ်၌အမြဲမပြတ် ဖြစ်ပေါ် ချုပ်ပျက်နေသော ရုပ်နာမ်သဘောများကို အကြောင်းနှင့်အကျိုး၊
အာရုံနှင့် အာရမ္မဏိကစသည်ဖြင့် ရှုမှတ်တော်မူရာ သင်္ဘောပေါ်၌ပင်ကိလေသာ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်တော်မူလေသည်။

ပရိယတ္တိအဖြစ်လေ့လာထားခဲ့သော ပဋ္ဌာန်းဒေသနာ အဘိဓမ္မာ သဘာဝ များသည် ပဋိပတ္တိအဖြစ်ခန္ဓာကိုယ်၌တင်၍ ရှုဆင်ခြင်သောအခါ စာပေ အဆို အမိန့်အတိုင်း ကိုယ်တွေ့လက်တွေ့သိမြင်ရသဖြင့် သင်္ဘောပေါ်၌ အောက်ပါ အတိုင်း ဥဒါန်းကျူးရင့်တော်မူခဲ့၏။

အတ္ထဝ ဂမ္ဘီရဂတံ သုဒုဗ္ဗေဓံ၊

သယံ အဘိညာယ သဟေတုသမ္ဘဝံ။
ယထာနုပုဗ္ဗေ နိခိလေန ဒေသိတံ၊
မဟေသိနာ ရူပဂတံဝ ပဿတိ။

““မြတ်စွာဘုရားရှင်သည် ကိုယ်တော်တိုင် ထိုးထွင်း သိမြင်သော ဉာဏ်တော်ဖြင့် အကြွင်းအကျန်မရှိအစီအစဉ်တကျ ဟောကြားတော် မူအပ်သော နက်နဲ၍သိနိုင်ခက်လှသော ကြောင်းကျိုးဆက်ဖြာမဟာ ပဋ္ဌာန်းကျမ်းကြီးကို လက်ဝယ်တင်ထားပတ္တမြားပမာ သိမြင်နိုင်သော ဘုရားရှင့်တပည့်သည်အမှန်ပင်ရှိပေ၏တကား။”(အဋ္ဌသာလိနီ-၁၂။) ပရိယတ်ပညာရှင်မှန်က ပဋိပတ်လုပ်မြဲ

သင်္ဂါထာဝဂ္ဂ သံယုတ် ပါဠိတော်၌ စာအံယင်း မိမိအသံကို အာရုံပြု ဆင်ခြင်၍ ရဟန္တာဖြစ်သွားသော “သဇ္ဈာယမထေရ်”ဟုလည်း ရှိခဲ့ဖူး၏။
'နှုတ်ဖြင့် ရွတ်ဆိုခြင်းသည် စိတ်ဖြင့်ရွတ်ဆိုခြင်းအား ကျေးဇူးပြု၏။
(စိတ်ဖြင့်ရွှတ်ဆို=နှလုံးသွင်းခြင်း၏ အကြောင်းဖြစ်၏။) စိတ်ဖြင့် ရွတ်ဆိုခြင်းသည် လက္ခဏာရေးသုံးပါးကို ထိုးထွင်း သိမြင်ကြောင်းဖြစ်၏။ လက္ခဏာရေးသုံးပါး ကို ထိုးထွင်းသိမြင်ခြင်းသည် နိဗ္ဗာန်ရကြောင်း ဖြစ်၏” (ဝိသုဒ္ဓိမဂ်နှင့် သမ္မော အဋ္ဌကထာ ကောဋ္ဌာသခန်း၌)ဖွင့်ဆိုတော်မူကြ၏။

ပရိယတ်အရှင်မြတ်များ ပဋိပတ်ဘက်သို့ ကူးပြောင်းရန် အထူးအားစိုက် ဖွယ်မရှိ၊ သမာဓိအခြေခံတန်သလောက်ရှိနေပြီဖြစ်၍ စိတ်အာရုံ ပြောင်းလွှဲပေးရုံ တည်းဘည်းကလေးမျှသာ ရှိနေကြောင်း သတိပြုတော်မူကြရန်ဖြစ်ပါ၏။

## PAGE 293
<!-- 13 paragraphs, raw extraction -->


၂၅ဝ


စာ,သဒ္ဓာသန်သော ယောဂီရဟန်းကို နှင်လွှတ်သော ဝိဇယာရာမဝါသီ ခီဏာသဝထေရ်

ဝိဇယာရာမကျောင်းတိုက်၌ သီတင်းသုံးတော်မူသော ရဟန္တာ အရှင်မြတ် ကြီး တပါးရှိ၏။ ထိုကျောင်းတိုက်ကား အနုရာဓမြို့ မဟာဝိဟာရ နယ်နိမိတ်ကို ဖြတ်သွားရသော ဥယျာဉ်တခု၌ ဆောက်လုပ်ထားသည်။ ထိုအရှင်မြတ်ကြီးထံ ကမ္မဋ္ဌာန်း နည်းခံရန် ယောဂီရဟန်းတော်နှစ်ပါး ရောက်လာကြရာ မထေရ်ကြီးက သုတ္တန်ပါဠိတော်များ ရွတ်ဆိုကိုးကားလျက် ကမ္မဋ္ဌာန်းတရားပေးတော်မူ၏။

ထိုမထေရ်ကြီး ရွတ်ဆိုသော ပါဠိတော်များတွင် “သမုဒ္ဓော သမုဒ္ဓော”ဟု ပါရှိလေရာ သမုဒ္ဓောဟု ဒ-အက္ခရာနှင့် ရွတ်ဆိုရမည့်အစား -အက္ခရာနှင့် ရုတ် ဆိုမိသဖြင့် သဒ္ဒာကို ဦးစားပေးလွန်းသော ယောဂီရဟန်းတပါးက

"

“ရှင်ဘုရား……၊ သမုဒ္ဓော သမုဒ္ဓော ဆိုတာ ဘာကို ဆိုလိုပါသလဲဘုရား” ဟု ကြားဖြတ်၍ လျှောက်လိုက်ရာ—

<

“ငါ့ရှင်… သမုဒ္ဓောပဲဆိုဆို၊ သမုဒ္ဓောပဲဆိုဆို၊ တို့များဟာ ဆားငန် ပင် လယ်ကိုပဲ နားလည်ကြတယ်။ လက်စသတ်တော့ ငါ့ရှင်တို့ဟာ အနက်အဓိပ္ပာယ် ကို. ရှာဖွေသူများ မဟုတ်။ အက္ခရာ သဒ္ဒာကိုပဲ ရှာနေကြတာကိုး။...ဒါဖြင့်လဲ ငါ့ရှင်တို့..မဟာဝိဟာရကျောင်းကိုပဲ ပြောင်းကြ။ အဲဒီမှာ သဒ္ဒာအရာ တဘက် ကမ်းခပ် တတ်ကျွမ်းလေ့လာတဲ့ ဆရာတွေဆီမှာ သဒ္ဒာသင်ယူချေကြ”ဟု မိန့် တော်မူကာ ကမ္မဋ္ဌာန်းမပေးပဲ နှင်လွှတ်တော်မူလေသည်။

ထိုရဟန်းသည် နောင်သောအခါ မဟာဝိဟာရ ကျောင်းတော်ကြီး အတွင်း၌ စည်တီးခတ်ကြေငြာစေ၍ ရဟန်းသံဃာတော်များကို ပင့်ဖိတ်တော် မူ၏။ ရဟန်းသံဃာတော်များ စုံညီစည်းဝေးကြသောအခါ မဂ်လေးပါးနှင့် စပ်သော ပြဿနာများကို ဖြေဆိုဟောကြားကာ ထိုနေရာ၌ပင် ပရိနိဗ္ဗာန်ပြုတော် မူသွားလေသည်။

သဒ္ဒာနေ သဒ္ဒာထား အနည်းအကျဉ်း မှားယွင်းရုံမျှဖြင့် မဂ်ဖိုလ် နိဗ္ဗာန် . တရားထူးအတွက် အနှောင့်အယှက် မဖြစ်နိုင်ကြောင့် သင်ခန်းစာပေးသည့် အနေဖြင့် ယင်းကဲ့သို့ သံဃာများ ပင့်ဖိတ်၍ ဟောကြားသွားတော်မူခြင်း ဖြစ် လေသည်။

ဝိနည်းအရာတွင်ကား “သမုဒ္ဓော သမုဒ္ဓော” (သိထိလ, ဓနိတ=အပျော့ နှင့်အပြင်း) ရွတ်ဆိုမှုလောက်ကိုပင် အတိမ်းအယိမ်း မရှိစေရပေ။ သုတ္တန်အရာ

## PAGE 294
<!-- 11 paragraphs, raw extraction -->




သမထ ဝိပဿနာ အလုပ်တွင်ကား မဆိုစလောက်သော သဒ္ဒာနေ သဒ္ဒာထား တိမ်းယိမ်းမှုကို ပဓာန မပြုရ။ သဘောသဘာဝကိုသာ အလေးမူရလေသည်။

မြတ်စွာဘုရားရှင်သည် ဥပရိပဏ္ဏာသပါဠိတော် “ကိန္တိသုတ်’(၂၆-၃၁)၌ ပစ္စည်းလေးပါး ပေါများကြွယ်ဝရန် တရားကို ဟောကြားခြင်းမဟုတ်၊ ကိုယ် တော်တိုင် ထိုးထွင်းသိမြင်သည့် အတိုင်း ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ဟောကြား ထားသော သတိပဋ္ဌာန်စသော ဗောဓိပက္ခိယ တရားတို့၌ အညီအညွတ် ဝမ်းပန်း ၁၁(ငြင်းခုံခိုက်ရန်ပြုခြင်း မရှိပဲ)ကျင့်ကြရန် တိုက်တွန်းတော်မူထားလေသည်။

တသာ

အကယ်၍ သဒ္ဒာ အမြင်အားဖြင့် သော်လည်းကောင်း၊ အနက်သဘာဝ အမြင်အားဖြင့် သော်လည်းကောင်း နှစ်ဦး နှစ်ဝ နှစ်ပက္ခလုံး ညီညွတ်နေပါ လျက်လည်း ငြင်းခုံလေ့ ရှိကြရာ ဝိဝါဒ ပြေငြိမ်းအောင် ရွက်ဆောင်ရမည့် နည်း လမ်းများကိုလည်း ဟောတော်မူထားလေသည်။ (မ-ဋ္ဌ-၄၊ ၁၉- ကိန္တိသုတ် အဖွင့်။)

သဒ္ဒာအနက်၊ ထိုနှစ်ချက်၊ အနက်သည်သာ ပဓာန

ယခုအခါတွင်လည်း ပရိယတ်သက်သက်ကိုသာ အလေးအမြတ်ပြုသူများ က ပဋိပတ် ကိစ္စတွင် “စိတ်စေတသိက် ရုပ်အဋ္ဌဝီသမှ မသိပဲ တရားအားထုတ်လို့ ဘာရမှာလဲ”စသည်ဖြင့် တာဝန်ကြီးလေးလှသော စကားမျိုးကို ပြောဆို တတ် ကြရာ သတိပြုကြကုန်ရာ၏။ အဋ္ဌကထာတို့၌ နေရာများစွာ“ဗျဉ္စနံ အနာဒိယိတွာ= သဒ္ဒာဝေါဟာရကို အလွန်အမင်း မစွဲကိုင်ရ၊ အတ္ထော ဟိ ပဋိဿရဏံ=အဓိပ္ပာယ် အနက်သဘာဝသာလျှင် နောက်ဆုံး အားကိုးရာ ဖြစ်သည်”ဟု မာခဏ မိန့် ‘မှာတော်မူကြလေသည်။ (အတ္ထ ံ ဟိ နာထော သရဏံ အဝေါစ၊ နု ဗျဉ္ဇနံ လော ကဟိတော မဟေသီ’ဝိနည်း အဋ္ဌကထာ။)

အ.

“ပုဗ္ဗာရုံကြောင်း”ဟု ရုရှစ်နှင့် ရေးသော်လည်း မည်သူမျှ ပုဗ္ဗာရုံအိမ်”ဟု မဖတ်-ဆိုသကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန် အလုပ်စခန်းနှင့်စပ်၍ လွန်စွာ မခြားနားလှသော အသုံးအနှုန်းကလေးမျှဖြင့် တစင်ထောင် ငြင်းခုံကာ သာသနာ့ အခွင့်ကောင်း ကြီးများ လက်မလွှတ်ကြစေလိုသော မေတ္တာ ကရုဏာတော်ဖြင့် မြတ်စွာဘုရား ရှင်၏အလိုတော်ကို အဋ္ဌကထာ ဆရာကြီး ထုတ်ဖော်တော်မူခြင်း ဖြစ်ပေသည်။
သို့ရာတွင် “စိတ်-စိတ်အတိုင်းထားဝါဒ” ကဲ့သို့ ဝေါဟာရမှာသိုးကာသီကာ ထင်ရ သော်လည်း တသံသရာလုံးသွားမည့်ကွဲလွဲချက်မျိုးကို ဆိုလိုသည် မဟုတ်ကြောင်း ကိုလည်း သတိပြုကြကုန်ရာ၏။

## PAGE 295
<!-- 14 paragraphs, raw extraction -->




သစ္စက ပရိဗိုဇ် ဝင်စားသော ကာဠ ဗုဒ္ဓရက္ခိတ ထေရ်

နာမည်ကျော် သစ္စကနိဂဏ္ဍခေါ် သစ္စက ပရိဗိုဇ်သည် ဘုရားရှင်အား အတိုက်အခံလုပ်၍ ဝါဒပြိုင်ဆိုင်လာလေရာ နှစ်ကြိမ်တိုင်တိုင် ဖြစ်သည်။ ထို ကြောင့် သူ့အား ဟောကြားသော တရားတော်မှာ မဇ္ဈိမနိကာယ် မူလပဏ္ဍာသ ပါဠိတော်၌ဠသစ္စကသုတ်၊ မဟာသစ္စကသုတ်'ဟူ၍ နှစ်သုတ်ပင် ရှိနေ၏။
သစ္စကသည် တရားနှစ်ကြိမ် နာရသော်လည်း အကျွတ်တရား မရသည့် အပြင် သရဏဂုံမျှပင် မတည်လေ။

မြတ်စွာဘုရားရှင်တို့မည်သည် မိမိဝါဒကို ယုံကြည်သူ၊ ချက်ချင်း လက်ခံ နိုင်မည့်သူ၊ တရားထူးရမည့် သူကိုသာ ဟောတော်မူသည်မဟုတ်။ တချိန်ချိန်၌ တရားထူးရရန် အခြေခံဝါသနာ ပါရမီအထုံ ဓမ္မမျိုးစေ ့ ရသွားမည်ကို မြင်တော် မူလျှင်လည်း ဟောကြားတော်မူသည်ပင် ဖြစ်၏။

.

သစ္စကကဲ့သို့သော အညတိတ္ထိယ (ဘာသာခြား)များကို တရားဟောရ ခြင်းနှင့်စပ်၍—

"

°

“ကျပ်တီးကုန်းဆားငန်မြေမှာ နွားစာမှ ရရ၊ စိုက်ပျိုးရသကဲ့သို့ လည်း ကောင်း၊ အိုးပဲ ့ အိုးပေါက်မှာ ဆေးရေကြောရေမှ ရရှ၊ ဝင်နိုင်သမျှဝင်အောင် ရေကိုငင်၍ ထည့်ထားရသကဲ့သို့ လည်းကောင်း အညတိတ္ထိယ (ဘာသာခြား) များကိုလည်း ငါဘုရား ဟောတော်မူသည်”ဟု မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် (သံယုတ်၊ ခေတ္တူပမသုတ်၌) မိမိဝါဒကို ထုတ်ဖော်တော်မူခဲ့ဖူးလေသည်။

တချိန်က မြတ်စွာဘုရားရှင်အား ကတ်ကိုးကတ်ဖဲ့ ဝါဒပြိုင်ဆိုင်ခဲ့သူ သစ္စက သည် ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း နှစ်ရာအလွန် သီဟိုဠ်၌ သာသနာ ထွန်းကားချိန် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်တော်မူလေ သည်။

ထိုအချက်ကို ဗုဒ္ဓရှင်တော်မြတ် အကြွင်းမရှိ သိမြင်တော်မူသွားခဲ့ပေသည်။
သစ္စက ပရိဗိုဇ်သည် ကွယ်လွန်သောအခါ ဘုရားရှင်အား ဆွမ်းကပ်လှူရ ခြင်း၊ တရားတော်ကို ကျေနပ်ဝမ်းမြောက်ခြင်း စသည့် ကုသိုလ်အရှိန်ကြောင့် နတ်ပြည်၌ ဖြစ်ရ၏။

သာသနဒါယကာ အသောကမင်းတရားကြီးနှင့် အရှင်မဟာမောဂ္ဂလိပုတ္တ တိဿစသော သာသနဝန်ဆောင် ရဟန္တာ မထေရ်ကြီးများ၏ ကျေးဇူးတော် ကြောင့် သီဟိုဠ်နိုင်ငံ၌ ဘုရားရှင်၏ သာသနာငဘာ် ထွန်းကားသောအခါ သစ္စက

## PAGE 296
<!-- 15 paragraphs, raw extraction -->




နတ်သားသည် သီဟိုဠ်ကျွန်း ဒက္ခိဏဂိရိကျောင်းတိုက်ကြီး၏ ဂေါစရဂါမ်ရွာ၌ အမတ်ကြီးတဦး၏သား ဖြစ်လာလေသည်။

အရွယ်ရောက်သောအခါ ရှင်ရဟန်းပြု၍ ပိဋကသုံးပုံကို သင်ယူ တတ် မြောက်လေရာ ဂိုဏ်းခေါင်းဆောင် မထေရ်တပါး ဖြစ်လာလေသည်။ ဘွဲ့အမည် တော်ကား “ကာဠဗုဒ္ဓရက္ခိတ’ဟု တွင်လေ၏။

တပည့်ခြံရံ၍ စာသန်သူအား ဆုံးမခြင်း

စာပေ

တနေ့သောအခါ ကာဠဗုဒ္ဓရက္ခိတ မထေရ်သည် တပည့် ရဟန်းအများ ခြံရံကာ ဥပဇ္ဈာယ်ငယ်ဆရာ သီဘင်းသုံးရာ အရပ်သို့ ကြွသွား၏။ ဥပဇ္ဈာယ် ဆရာလည်း စာသန်လှသော တပည့်အား ဆုံးမ ရန် ကြံစည်နေစဉ် ပရိယတ်များ တဘက်ကမ်းခပ် တတ်မြောက်ပြီး၍ ဆရာအား ကန်တော့ရန် လာသော ကာဠဗုဒ္ဓရက္ခိတအား စကားတခွန်းမျှ မြွက်ဟ၍ ပြောဆို မေးမြန်းခြင်း မပြုချေ။ ဆိတ်ဆိတ်ပင် နေတော်မူလေ၏။

ကာဠဗုဒ္ဓရက္ခိတလည်း တညတာ နေပြီးနောက် ဆရာ၏ သဘောကို မေးလျှောက်ရန် နောက်တနေ့ နံနက်တွင် ဆရာ့ထံ တပါးတည်း အကန်တော့ ဝင်လေ၏။ '

မထေရ် ကျေးဇူးရှင်ဘုရား...တပည့်တော်များ ဆရာ့အမိန့်တော်အရ ပိဋကစာပေများ သင်ယူခဲ့ရာ ယခုအခါ သင်ယူတတ်မြောက်၍ ကျေးဇူးရှင် ဆရာ ဘုရားအား ကန်တော့ရန် လာပါသည်ကို နှုတ်တော်ဖွင့်ဟ၍ စကားတခွန်းမျှပင် မိန့်တော်မမူပဲ ဆိတ်ဆိတ် နေတော်မူသည်မှာ ဘုရားတပည့်တော်တို့မှာ အပြစ်တစုံတရာများ ရှိနေပါသလားဘုရား။အပြစ်ရှိလျှင်လည်း ဆုံးမတော်မူပါ အရှင်

ဆရာ

ဘုရား။

ငါ့ရှင်….ဗုဒ္ဓရက္ခိတ…ငါ့ရှင်ဟာ ပိဋကသုံးပုံကို စုန်ဆန်မွှေနှောက် တတ်မြောက်ကျွမ်းကျင်နေရုံနှင့်များ ငါ့မှာ ရဟန်းတို့ပြုဖွယ်ကိစ္စ ပြီးဆုံးပြည့်စုံသွားပြီ”လို့များ ထင်မှတ်နေသလား။

(ဘုရားခုနစ်ဆူလုံး၏သာသနာတွင် တိပိဋကဖြစ်ခဲ့သောပေါဋ္ဌိလမထေရ်” စာချဆရာတော်ကြီးဖြစ်ခဲ့သော ကပိလ ရွှေငါးကြီးကိုလည်း ထောက်ပြဖွယ်ရှိပေ သည်။ ဓမ္မ-ဋ္ဌ-၂၊၂၆၂၃၂၈။ သုတ္တနိပါတ် ကပိလသုတ်။)

မထေရ် ဘာလုပ်ရမည်ဆိုတာ မိန့်တော်မူပါ အရှင်ဘုရား။

## PAGE 297
<!-- 14 paragraphs, raw extraction -->



ဆရာ


ငါ့ရှင်…၊ သင့်မှာ ဒီကိုလာတာတောင် တပည့်အခြံအရံတွေနဲ့ ဆိုတော့ ဒီဂိုဏ်းဂဏ တပည့်ဒကာ ဒီပလိဗောဓတွေကို အယင်ဆုံး ဖြတ်ရမယ်။ ပပဉ္စကိလေသာ အရာရာမှာ ဇာချဲ့ နေတာတွေ အကုန်ရှင်းပြီး’စေတိယတောင်ကျောင်းကို ငါ့ရှင်သွားမှဖြစ်မယ်။
အဲဒီသွားပြီး ရဟန်းတရား အားထုတ်ချေဦး။

မထေရ်လည်း ဥပဇ္ဈာယ်ငယ်ဆရာ၏ ဩဝါဒကို မဆန်မလှန် ဦးထိပ်ဖြင့် ခံယူကာ စေတိယတောင်ကျောင်းလို သပိတ်တလုံး၊ သုံးထည်သော သင်္ကန်းမျှဖြင့် တပါးတည်း ကြွသွားလေ၏။

ပါရမီရှိသူ ဖြစ်သည့်အတိုင်း မကြာမီပင် ပဘိန္န ပဋိသမ္ဘိဒါလေးပါးနှင့် တကွ အရဟတ္တဖိုလ်သို့ ရောက်တော်မူသွား၏။ ထို စေတိယတောင်ကျောင်း၌ပင် ဆက်လက်၍ သီတင်းသုံးတော်မူရကာ ရှင်ဘုရင်အကိုးကွယ်ခံ ဘုန်းကံကြီးမား၍ တပည့်အခြံအရံလည်း များပြားလှသော မထေရ်တပါးဖြစ်လေဘော့၏။

ကာဠကာရာမသုတ္တန်ကို ဟောခြင်း

သဒ္ဓာတိဿမင်းကြီး (သာသနာ-၄ဝ ၇။၇၇-၅ ၉-ဘီ-စီ)လည်း ကာဠဗုဒ္ဓ ရက္ခိတမထေရ်အား အထူးကြည်ညိုလေးစားကာ ထိုအချိန်က စေတိယတောင်ရှိ မင်းလိုဏ်ဂူတော်၌ပင် ဥပုသ်သီတင်း စောင့်သုံး နေလေသည်။ မင်းကြီးမှာ မထေရ်၏အလုပ်အကျွေး ရဟန်းငယ်တပါးအား-

"

“အရှင်ဘုရား……၊ မထေရ်မြတ် ပုစ္ဆာပြဿနာ ဖြေဆိုရမည်ဖြစ်စေ၊ တရား ဓမ္မ ဟောပြသည်ဖြစ်စေ ဒကာတော်ကို အသိပေးပါဦး”ဟု ကြိုတင် မှာထား

လေ၏။

မထေရ်လည်း တရားဟောလေ့ရှိသောတနေ့တွင် တပည့်များခြံရံ၍ ကဏ္ဍက စေတီရင်ပြင်သို့ တက်တော်မူ၏။ ဘုရားဝတ်ပြုပြီးလျှင် တည်ပင်ညိုကြီး တပင် အောက်၌ ရပ်တန့်နေတော်မူခိုက် ပိဏ္ဍပါတိက မထေရ်သည် ကာဠကာရာမသုတ္တန် နှင့် စပ်၍ ပြဿနာများကို လာ၍လျှောက်ထား၏။

ထိုအခါ မထေရ်က တရားနာယူ ဟောကြားရမည့် နေ့လည်း ဖြစ်နေ၍ ပြဿနာကိုလည်း ဖြေပြီးသား ဖြစ်စေရန် ပိဏ္ဍပါတိက မထေရ်အား အကျိုး အကြောင်းမိန့်တော်မူကာ တရားပလ္လင် အပြင်ခိုင်းတော်မူ၏။ ပြီးလျှင် တည်ပင်ညို ကြီးအောက်ရှိ တရားပလ္လင်ထက်သို့ တက်ကြွတော်မူကာ အမေးရှိထားသော ကာဠကာရာမသုတ္တန်ကိုပင် ဟောကြားရန် ရှေးဦးစွာ တရားအဖွင့်ဂါထာတပုဒ် - ကို ရွတ်ဆိုတော်မူလိုက်၏။

## PAGE 298
<!-- 12 paragraphs, raw extraction -->




“ကာဠကာရာမသုတ္တန်”ဟူသည် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ်၌ ဘုရား ရှင်၏ ကျေးဇူးတော် ဂုဏ်တော် ဉာဏ်တော်များအကြောင်း ဟောကြားတော် မူထားသော သုတ္တန်ဖြစ်သည်။

[ကာဠကာရာမသုတ္တန်ကို ဟောတော်မူသော ကာဠဗုဒ္ဓရက္ခိတ မထေရ် သီတင်းသုံးတော်မူသည့် “ကာဠေဒကပေါက္ခရဏီသို့မဟုက် ကာဠသိလာပေါက္ခရဏီ ကျောက်ရေကန်နှင့် ၎င်းအနီး ကာဠတိမ္ဗရု ရုက္ခ=အထူးမည်းနက်သော ပင်စည်အဆင်းရှိသော တည်ပင်ပေါက်ရာ အရပ်လည်း ၎င်းမိဿက တောင်ခေါ် စေတိယ တောင်၏အနီး အနောက်တောင်ထောင့်အရပ်မှာ ရှိသည်’ဗုဒ္ဓသာသနိက ပဌဝီဝင်- ၁၇၀။ အဋ္ဌကထာ၌ “တိဿာ”ဟု သာမညဆို၏။ D.P.N. ၌ သဒ္ဒာ တိဿ ဖြစ်သင့်မည်ဟု ဆိုသည်။]

တရားပွဲအပြီး တိုင်းပြည်ကို လှူဒါန်းခြင်း

တိဿမင်းကြီးလည်း မထေရ်၏အလုပ်အကျွေး ရဟန်းငယ် အချိန်မီ လာ ရောက်သတင်းပေးသဖြင့်. မင်းလိုဏ်ဂူတော်မှ ထွက်လာကာ တရားပွဲပရိသတ် အစွန်၌ မထင်မရှားရပ်လျက် တရားနာယူနေ၏။

..

တရားပွဲမှာ ညတရားပွဲဖြစ်၍ မိုးလင်းသည်အထိ ဟောကြားသည်ကိုနာယူ ကြလေသည်။မထေရ်သည် မိုးလင်း၍ တရားလည်း ပြီးဆုံးသွားသဖြင့် ဣဒ’ မဝေါစ ဘဂဂါ= သိတော်မူ မြင်တော်မူသော၊ ဘုန်းတော်ကြီး သော မြတ်စွာဘုရား ဤသို့ဟောကြားတော်မူခဲ့ပါသူ့တည်း”ဟု တရားကို အဆုံး သတ်တော်မူလိုက်ရာ ပရိသတ်က သာဓုခေါ်ကြ၏။ ပရိသတ်အစွန်မှ နှစ်ခြိုက် လေးပင်စွာ သာဓုခေါ်သံတသံကို ကြားမိသဖြင့် သတိပြုတော်မူရာ တိဿဘုရင် မင်းမြတ်ဖြစ်ကြောင်း မထေရ်သိတော်မူလျှင်-

မထေရ်

ဒကာတော်မင်းကြီး...၊အဘယ်အချိန်ကစပြီး ရောက်နေပါသလဲ။
မင်းကြီး မှန်လှပါ…၊ အရှင်ဘုရား တရားအဖွင့်ဂါထာ ပြီးဆုံးစကပင် ရောက်ရှိနေပါတယ် ဘုရား။ (မင်းကြီးသည် ပရိသတ်အစွန်၌ တညလုံး မတ်တတ်ရပ်၍ တရားနာနေသည်ကို ရည်ညွှန်းလျက်—) မထေရ် … မင်းကြီး၊ အသင်မင်းကြီးဟာ လူသာမာန်တို့ ပြုနိုင်ခဲသော အမှုကို ပြုပါပေတယ်။

မင်းကြီး အရှင်ဘုရား….၊ ဤအမှုကား ပြုနိုင်ခဲသောအမှု မဟုတ်သေးပါ။
အရှင်ဘုရား တရားတော် ဟောသောအခါမှစ၍ မိုးသောက်

## PAGE 299
<!-- 9 paragraphs, raw extraction -->




ကာလ အဆုံးကျအောင် ဟောသမျှတရားစကားများတွင် တလုံး တပါဒကိုပင်သော်မျှ သတိချွတ်ယွင်းကာ နှလုံးမသွင်းပဲ နေမိခဲ့ သော် ဤ သီဟိုဠ်ကျွန်းကြီး တခုလုံးကို မဆိုထားဘိ၊ လှံတံ တထောက်စာမျှ မြေအရပ်မှာပင် အစိုးရသောသူ မဖြစ်ပါစေ သား အရှင်မြတ်ဘုရား။(မင်းကြီးက ကျိန်ဆို၍ပင်လျှောက်ထား လေ၏။မထေရ်ဟောကြားသော သုတ္ထန်မှာလည်း ဘုရားရှင်၏ ကျေးဇူးတော် ဂုဏ်တော်များဖြစ်၍ လွန်စွာကြည်ညိုသဒ္ဓာစိတ် ပေါက်ကာ မထေရ်၏ ဒေသနာဉာဏ်စွမ်းနှင့် အနန္တကျေးဇူး ဂုဏ်တော်များကိုလည်း အဆန်းတကြယ် နာကြားလိုလှသဖြင့်) အရှင်ဘုရား..၊ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော်ဂုဏ်တော် များဟာ ထိုမျှလောက်သာရှိပါသလား၊အခြားတပါးဂုဏ်တော် များ ရှိပါသေးသလား ဘုရား။

မထေရ် … မင်းကြီး…၊ ယခုဟောပြခဲ့သော ကျေးဇူးတော် ဂုဏ်တော်များ ထက် မဟောမပြရသေးသော ကျေးဇူးတော် ဂုဏ်တော်များက ပို၍ပင် များပြားစွာရှိ၍ အတိုင်းမသိဖြစ်ပေတယ် မင်းကြီး။

မင်းကြီး … အရှင်ဘုရား…၊ ဥပမာပြတော်မူပါဦး။

မထေရ် ကောင်းပြီ မင်းကြီး...၊ ဥပမာအားဖြင့် မင်းပယ်တထောင် (ဧကတသောင်းကျော်ခန့်) ကျယ်ဝန်းသော သလေးစပါးခင်း ထဲက သလေးစပါးနှံ့တခုမှာ ပါဝင်တဲ့စပါးထက် ကြွင်းသော စပါးက အတိုင်းအဆမရှိ များပြားသလို မဟောမပြရသေးတဲ့ ကျေးဇူးတော် ဂုဏ်တော်များဟာ ထိုဥပမာအတိုင်း မနှိုင်းယှဉ် သာအောင် များပါပေတယ် မင်းကြီး။

မင်းကြီး အရှင်ဘုရား….၊ ထိုမှတပါး အခြားဥပမာတခု ပြတော်မူပါဦး။
မထေရ် … မင်းကြီး၊ရေအယဉ်ပြည့် ကမ်းလုံးအိမျှ တည်ရှိနေတဲ့ ဂင်္ဂါမြစ် ရေများကို အပ်နဖားဝဖြင့် ခပ်ယူခဲ့လျှင် အပ်နဖားဝမှာပါလာတဲ့ ရေထက် ဂင်္ဂါမြစ်ထဲမှာ ကြွင်းကျန်နေစာ့ရေက များသလို၊ ယခု ဟောကြားခဲ့တဲ့ ကျေးဇူးတော် ဂုဏ်တော်ထက် မဟောကြားရ သေးတဲ့ ကျေးဇူးတော် ဂုဏ်တော်က အတိုင်းအဆမရှိ များပြား ပါပေတယ် မင်းကြီး။

မင်းကြီး အရှင်ဘုရား….၊ ထိုမှတပါး အခြားဥပမာတခုပြတော်မူပါဦး။
မထေရ် ကောင်းပြီ မင်းကြီး…၊ လောက၌ နွံစုတ်ငှက်ခေါ်တဲ့ သေးငယ် သော ငှက်တမျိုးရှိသည် မဟုတ်ပါလား မင်းကြီး။

## PAGE 300
<!-- 15 paragraphs, raw extraction -->


•


မင်းကြီး မှန်လှပါ...၊ ရှိပါတယ် ဘုရား။


မထေရ် ထိုနှံစုတ်ငှက်ငယ် ကောင်းကင်မှာ မြူးထူးပျံလွှား ကျက်စားတဲ့ အခါ ထိုငှက်ငယ် အတောင်ပံ ဖြန့်လွှမ်းထားတဲ့ ကောင်းကင် နေရာက များသလား၊ အတောင်ပံ မဖြန့်လွှမ်းသေးတဲ့ နေရာက များသလား မင်းကြီး။

မင်းကြီး မှန်လှပါ…၊ နှံစုတ်ငှက်ငယ် အတောင်ပံ ဖြန့်လွှမ်းထားနိုင်တဲ့ နေရာက အနည်းငယ်မျှသာရှိ၍ မဖြန့်လွှမ်းမိနိုင်တဲ့ နေရာကသာ လျှင် များပြားလှပါတယ် ဘုရား။

မထေရ် … မင်းကြီး…၊ ထိုဥပမာအတိုင်းပင် ယခုဟောပြခဲ့တဲ့ ကျေးဇူးတော် ဂုဏ်တော်ထက် ဟောမပြရသေးတဲ့ ကျေးဇူးတော် ဂုဏ်တော် ကသာ အတိုင်းအဆမမြင် အဆုံးမထင်သော ကောင်းကင်ပမာလို များပြားလှပါပေတယ် မင်းကြီး။

မင်းကြီး အရှင်ဘုရား…၊အတိုင်းမသိသော ကောင်းကင်ဖြင့် နှိုင်းယှဉ်ကာ အလွန်ကောင်းမြတ်သောဥပမာကို မိန့်တော်မူနိုင်ပါပေတယ်။

ဒကာတော်သည် အရှင်မြတ်အား များစွာ ကြည်ညိုလှပါ တယ်။
အရှင်မြတ်တရားတော်နှင့်ထိုက်တန်အောင် တုံ့ ပြန်ပူဇော် နိုင်စွမ်းမရှိပါဘုရား။ ဤ သီဟိုဠ်ကျွန်းကြီးမှာ ယူဇနာ တရာ ရှိသော ရေမြေသနင်း မင်းအဖြစ်ကို အရှင်မြတ်အား ပေးလှူ ပါတယ်ဘုရား။

ပါ

ဤကား ဆင်းရဲလှစွာသော တကာတော်ရဲ့ တရားအလှူတော်

ဘုရား။

မထေရ် မြတ်သော ဒကာတော် မင်းကြီး…. ဤကိစ္စကား ဒကာတော် မင်းကြီး ကြည်ညိုသောအခြင်းအရာ သဒ္ဓာဆန္ဒအလျောက် ပြုလုပ် ခြင်း ဖြစ်ပါပေတယ်။

အကျွန်ုပ်တို့ကလဲ ဒကာတော်မင်းကြီး ပေးလှူသော မင်း အဖြစ်ကို ဒကာတော် မင်းကြီးအားသာ ပြန်လည် နှင်းအပ်ပါ တယ်။ ဒကာတော်မင်းကြီးကသာ တရားနှင့်လျော်စွာ မင်းပြုမြဲ ပြုစေချင်ပါတယ်။(မ-ဋ္ဌ-၂၊၁ ၉၄-၆။မဟာသစ္စကသုတ်အဖွင့်။)

## PAGE 301
<!-- 11 paragraphs, raw extraction -->




တရားထူးမရနိုင်၍ မျက်ရည်ကျရသော မဟာသီဝထေရ်

“ရွာအနီး တောင်လိုဏ်ဂူ (ဂါမန္တပဗ္ဘာရ)၌ သီတင်းသုံးတော်မူသော မဟာသီဝမထေရ်ကြီး”ဟူ၍ ထင်ရှားသော မထေရ်ကြီးသည် မဟာဂါမရွာ၊တိဿ မဟာဝိဟာရ ကျောင်းတိုက်ကြီး၌ နေတော်မူ၍ သံဃာတထောင်, နှစ်ထောင်စီ ရှိသော ဂိုဏ်းကြီး တဆယ့်ရှစ်ဂိုဏ်းမှ သံဃာတော်များအား ပါဠိ အဋ္ဌကထာ ပိဋကကျမ်းစာများကို ပို ့ချတော်မူရာ၌ အထူးထင်ရှားတော်မူ၏။

နိကာယ်အဋ္ဌကထာကြီးများတွင် နေရာများစွာ၌ “မဟာသီဝမထေရ်ကြီး ကား ဤနေရာ၌ ဤသို့ဆုံးဖြဘ်တော်မူထားသည်”ဟု အဋ္ဌကထာ ဆရာကြီးများ ပင် အထူးအရေးတယူ အလေးမူရသော မထေရ်ကြီး ဖြစ်လေသည်။ (ဒီ-ဋ္ဌ ၂၊
၁၃၃။ ဒီ-၄-၃၊၆၆-၌ ဒီဃဘာဏက တိပိဋက မဟာသီဝထေရ်´ ဟုလည်း သုံးနှုန်းသည်။)

(

ဤ မထေရ်ကြီး၏ ပရိယတ် ပဋိပတ်ဩဝါဒများကိုခံယူ၍ ရဟန္တာဖြစ်ကြ ရသော ပုဂ္ဂိုလ်ပေါင်းမှာ သုံးသောင်းမျှ (အံဋ္ဌ-၁၊ ၃၁-၌ ခြောက်သောင်း) ရှိသည်ဟူ၏။ ထိုသို့ ရဟန္တာဖြစ်သွားကြသော တပည့်များတွင် မထေရ်တပါးသည် မိမိရရှိထားသောတရားကို နှလုံးသွင်းတိုင်း အတိုင်းမသိ ဝမ်းသာ ငြိမ်းအေးမှု ရသဖြင့် မိမိအား ထိုချမ်းသာကို ညွှန်ပြပေးသော ကျေးဇူးရှင်ဆရာကို ကျေးဇူး တင် သတိရနေလေ၏။

“ဤ ငါ၏ဂုဏ်များ, ချမ်းသာများကား အတိုင်းမသိ များပြားပေစွ။
ငါ၏ဆရာ၌ ဤဂုဏ်များ, ချမ်းသာများ ရှိမှရှိပါလေစ’ဟု ဆင်ခြင်လိုက်ရာ ဆရာမထေရ်ကြီးမှာ ပုထုဇဉ်မျှသာ ရှိနေသေးကြောင်း တွေ့မြင်ရသဖြင့်

ဪ… ငါတို့ရဲ့ဆရာတော်ကြီးကား သူတပါးတို့၏ ကိုးကွယ်အားထား ရာသာလျှင်ဖြစ်ပြီး သူ ့ကိုယ်သူ ကိုးကွယ် အားထားရာကား မဖြစ်ရှာသေးပါ ကလား။ ဥပါယ်တမျဉ်ဖြင့် ငါ့ဆရာအား သတိသံဝေဂရအောင် ကြံဆောင် ဦးမှပဲ’ဟု စဉ်းစားကာ ချက်ချင်းပင် ကောင်းကင်ခရီးဖြင့် မတေရ်ကြီးထံကြွသွား

လေ၏။

## PAGE 302
<!-- 15 paragraphs, raw extraction -->




စာတတ်ဆရာကို တပည့်က ဆုံးမခြင်း

ကျောင်းအနီးသို့အရောက် ကောင်းကင်မှ သက်ဆင်း၍ ဆရာမထေရ်ကြီး ထံ ရိုသေစွာ ချဉ်းကပ်ဝတ်ပြုလျက် ရှိခိုးနေစဉ်-

ဆရာ ငါ့ရှင် ဘာကိစ္စ လာသလဲ။

တပည့် ခွင့်ပြုတော်မူပါလျှင် အနုမောဒနာ တရားတပုဒ်လောက် သင်ယူ ရန် ခြေတော်ရင်းသို့ လာရပါသည်ဘုရား။

ဆရာ ငါ့ရှင်…. သင်ယူနေကြတဲ့ တပည့်တွေက များနေတယ်။ ငါ့ရှင် အတွက် အချိန်မပေးနိုင်ပါဘူး။

တပည် သီးသန့်အချိန်မရှိလျှင်လဲ ဆွမ်းခံသွားဖို့ စည်းဝေးစုရုံးတဲ့ တန် ဆောင်းထဲရပ်နေတုန်းမှာပဲ မေးလျှောက်ပါ့မယ်ဘုရား။

ဆရာ .. အဲဒီနေရာမှာ ဒီလိုပဲ မေးလျှောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေ တာပဲ။

တပည့် ဒါဖြင့်လဲအရှင်ဘုရား….၊ဆွမ်းခံကြွတုန်း လမ်းမှာပဲ မေးလျှောက် ပါ့မယ်။

ဆရာ အာ... အဲဒီမှာလဲ ဒီလိုမေးလျောက်တဲ့သူတွေ ရှိနေတာပဲ။
တပည့် (သင်္ကန်းရုံရာ၊ သပိတ်ကို အိတ်ထဲမှာထည့်ရာ၊ ယာဂုသောက်ရာ၊
ဆွမ်းခံရွာမှ ထွက်ခိုက်၊ ကျောင်းအပြန်လမ်း၊ ဆွမ်းစားပြီးစ၊
နေ့ခင်းနေ့လယ်၊ အိပ်ရာဝင် ခြေဆေးခိုက်၊ အိပ်ရာထ မျက်နှာ သစ်ခါနီး၊ မျက်နှာသစ်ပြီးစ၊ အခန်းတွင်း၌ ခေတ္တထိုင်နေချိန် တို့ကိုလည်း တခုပြီးတခု အချိန်တောင်းရာ “အဲဒီမှာလဲ မေး လျှောက်သူများ ရှိနေသည်”ဟုချည်း မိန့်တော်မူနေသဖြင့်)

"

“အရှင်ဘုရား…၊ မျက်နှာသစ်ပြီး ကျောင်းခန်းသို့ ဝင်နေတုန်း ပူနွေးရုံ သုံးလေးထိုင်လောက်တော့ဖြင့် တရားနှလုံး သွင်းတဲ့အချိန် ထားရှိဖို့ သင့်ပါသေးတယ်။ ခု အတိုင်းသာဆိုလျှင် အရှင်ကရာဘုရား မှာ သေဖို့အချိန်တောင်မှ ရှိပါအုံးတော့မလား မသိ။ အရှင်ဘုရား သည် နောက်ခံအမှီခုံကြီးလို ဖြစ်နေပါပြီ။ သူများကသာမှီရ၍ ကိုယ့် ဟာကိုယ်တော့ မှီနေခွင့်မရ။ အရှင်ဘုရားထံက အနုမောဒနာတရား ကိုလည်း တပည့်တော် မလိုချင်တော့ပါဘူးဘုရား´

တပည့်မထေရ်လည်း ပြောပြောဆိုဆို ချက်ချင်းပင် ဈာန်အဘိညာဉ်ဝင် စားကာ (ရဟန်းဆိုတာ ဒီလိုမှဟုဆုံးမသည့်သဘောဖြင့်) ထိုနေရာမှပင်ကောင်း ကင်သို့ ပျံတက်သွားလေတော့သည်။ ထိုအခါကျမှ မဟာသီဝမထေရ်ကြီးလည်း’

## PAGE 303
<!-- 12 paragraphs, raw extraction -->




“အင်း..လက်စသတ်တော့ စာသင်ယူဖို့လာတာမဟုတ်၊ ငါ့ကိုသတိပေး ဆုံးမဖို့လာတာကိုး' ဟု သဘောပေါက်သွားကာ နေ့ဝါညဝါစာဝါများကို ချပ် ပြီး၊နောက်တရက် နံနက်မှစ၍ သပိတ်သင်္ကန်းများယူဆောင်ကာ တရားအလုပ်ခွင် ဝင်ရန် မဟာတိဿဝိဟာရကျောင်းတိုက်ကြီးမှ ထွက်ခွာသွားလေတော့၏။
စာသင်နေသော နောက်ပါတပည့်ရဟန်းငယ်တပါးကိုသာ ခေါ်ဆောင် ၍ ရွာအနီးတောင်လိုဏ်ဂူကို ရှင်းလင်းသုတ်သင်ကာ … ဓုတင် ၁၃-ပါးကိုလည်း ဆောက်တည်လိုက်၏။

“ငါကဲ့သို့သော ပုဂ္ဂိုလ်မှာ အရဟတ္တဖိုလ်ရရန် ဘာမျှမခဲယဉ်း၊ နှစ်ရက် သုံးရက်မျှဖြင့် ရဟန္တာဖြစ်ပြီးလျှင် ကျောင်းသို့ပြန်နိုင်မည် ဟု ထင်မိသော ကြောင့် တပည့်များကိုလည်း အကျိုးအကြောင်းမှာမထားခဲ့ချေ။

ထိုနေ့ကား ဝါဆိုလဆန်း ၁၃-ရက်နေ့ဖြစ်၏။ လိုဏ်ဂူအတွင်း၌ တပည့် ဖြစ်သူက အင်းပျဉ် (ခုတင်) တချပ်ကို ခင်းပေးထားလေသည်။
လပြည့်နေ့သာ ကျရောက်လာ၏။ တရားထူးကား မရသေးချေ။
ဪ...တရက်နှစ်ရက်မျှဖြင့် အရဟတ္တဖိုလ်ရရမယ်ဟု ငါထင်ခဲ့တယ်။
ယခုမရသေးပါကလား။ ရှိပါစေလေ…၊ ဒီဝါတွင်းသုံးလကို သုံးရက်လောက် သဘောထားပြီး ကြိုးစားရမှာပဲ။ ဝါကျွတ်လျှင်တော့ သိရောပေါ့။”

ဟု

ထိုသို့ နှလုံးသွင်း၍ ထိုလိုဏ်ဂူ၌ပင် ဝါဆိုရလေ၏။ “ယနေ့ပင် ရ ရမည် ထင်စား အားခဲသော်လည်း သုံးလကြာ၍ သီတင်းဝါလသာ ကျွတ်သွား၏။
မဂ်ဖိုလ်တရားထူးကား မရပေ။သီတင်းကျွတ်၍ပဝါရဏာပြုရန် ရက်ပိုင်းလောက် ကတည်းက’

“မဟာတိဿကျောင်းတိုက်ကြီးကိုသွားပြီး ရဟန္တာအဖြစ်နှင့် အစင်ကြယ် ဆုံးပဝါရဏာပြုမည်။ ပုထုဇဉ်အဖြစ်နှင့် မပြုစေရဖူး’ ဟု မိမိကိုယ်တိုင်လည်း အားခဲတော်မူထား၏။ သီတင်းကျွတ်၍ပဝါရဏာပြုရန်ရက်သို့ပင်ရောက်လေရာ’

“ဪ… နှစ်ရက်သုံးရက်နဲ့ ရဟန်းကိစ္စပြီးမည်ထင်၍ လာခဲ့ရာ သုံးလပင် ကြာသော်လည်းဘာတရားထူးမျှ ငါ့မှာမရ၊ အင်း… ငါ့သီတင်းသုံးဖော်များက တော့ ရဟန္တာကြီးများအဖြစ်နှင့် ပဝါရဏာပြုကြရပေမှာပဲ” ဟု စဉ်းစားမိကာ မဟ: သီဝမထေရ်ကြီးမှာ မျက်ရည်များသာ တသွင်သွင်ကျရရှာလေတော့၏။

နိသဇ်ဓုတင် ခက်သလား

“အင်း...အိပ်ရာဝင်တဲ့အခါ ခြေဆေးရ၊ အင်းပျဉ် (ခုတင်) ခင်းပြီး အိပ်နေရလို့ မဂ်ဖိုလ်မရနိုင်တာဖြစ်မယ်။ ကဲ...ဒါလောက်ရှိတာ ...ဒီကနေ့ကစပြီး

## PAGE 304
<!-- 11 paragraphs, raw extraction -->



၂ ၆ ၁

အရဟတ္တဖိုလ်မရမချင်း ဒီအင်းပျဉ်ပေါ်မှာငါကျောမခင်းတော့ဘူး။ အိပ်ရာမဝင် လို့ ခြေဆေးရတဲ့တာဝန်လဲ မရှိတော့ဖူး။”

မထေရ်ကြီးသည် ကြောင့်ကြဝေယျာဝစ္စနည်း၍ တရားရှုမှတ်ချိန် များ များရရန် အကြံရသည်နှင့်တပြိုင်နက် အင်းပျဉ်ကို ခေါက်ထားခိုင်းလိုက်၏။
အိပ်ခြင်းဣရိယာပုထ်မထား၊ မအိပ်ရုံမျှမက၊ ကျောဆန့်ရုံမျှပင် မလျောင်းတော့ပဲ သွား၊ ရပ်၊ ထိုင် ဣရိယာပုထ်သုံးမျိုးဖြင့်သာလဲလှယ်၍ နေ့ညမပြတ်တရစပ်ရှုမှတ် ပွားများလေတော့သည်။

မည်မျှပင် လုံ့လဝီရိယကြီးမားစ္စာ အားထုတ်ပါသော်လည်း ၂၉-နှစ်သာ ကြာညောင်းသွား၏။ မဂ်ဖိုလ်တရားထူးကား တစုံတရာမျှ မရပေ။၂ ၉-နှစ်၊ ၂၉- ကြိမ်တိုင်တိုင် သီတင်းကျွတ်လပြည့်ကျော် ၁-ရက် ပဝါရဏာပွဲနေ့သို့ ရောက်တိုင်း မျက်ရည်ကျတော်မူရလေသည်။

အနှစ်- ၃၀လုံးလုံး မအိပ်ရုံမျှသာမက ကျောဆန့်ခြင်း၊ လျောင်းခြင်းမျှကိုပင် မပြုပဲနေသည်ဆိုခြင်းမှာ “နေသဇ္ဇကဓုတင်”အကျင့်ကျင့်ခြင်းပင် ဖြစ်၏။ လူဒကာ များလည်း ကျင့်ရသည်ပင်။

မအိပ်မလျောင်းပဲ´ နေရခြင်းကို အလွန်ခက်ခဲ ပြင်းထန်သော အလုပ်ဟု ထင်ရသော်လည်း လက်တွေ့တွင်ထင်သလောက် မခက်ခဲ။ အတ္တကိလမထဟုလည်း မခေါ်ရ။ သမ္မာဝါယာမ မဂ္ဂင်သာ ဖြစ်၏။

အနားယူခြင်း၊ အိပ်စက်ခြင်းဟူသည် တနေကုန်ပူလောင်လှုပ်ရှားနေသော ခန္ဓာကိုယ် (ရုပ်နာမ်) ကို အနားပေးခြင်း အအေးဓာတ်သွင်းပေးခြင်းသာဖြစ်၏။
မိုင်ပေါင်းများစွာ, နာရီပေါင်းများစွာ မောင်းနှင်လည်ပတ်သော ကား, စက် ယန္တရားများ အနားပေး,အအေးခံရသကဲ့သို့ ဖြစ်၏။

လူတို့သည် နေထွက်မှနေဝင်အချိန်ရှိသမျှတကိုယ်လုံးအပူလောင်ခံနေရ၏။
မျက်စိ နား နှာ လျှာ ကိုယ် စိတ်၊ တဆိတ်ကလေးမျှ အနားရသည် မရှိ။ ဗဟိဒ္ဓ အာရုံအပူများ၏ `တရစပ်ပွတ်တိုက်လောင်မြိုက်ခြင်း ခံနေရသည်။ “စက္ခုသို့မို့ အာဒိတ္တံ=မျက်စိလည်းလောင်... သဗ္ဗမ္မိအာဒိတ္တံ-တကိုယ်လုံးလောင်။

လူတို့သည် ကြည့်ရ၊ နားထောင်ရသည်ကို အရသာရှိသည်ထင်၍ ပေါက် လွှတ်ပဲစားအာရုံများကို တနေကုန် လိုက်လံဖမ်းယူနေကြ၏။ ပူလောင်မှန်းမသိ။
ထိုလူများအတွက် မကြာမီပင် အအေးဓာတ်ပေးရန် လိုအပ်လာ၏။ အိပ်စက်ပေး ရ၏။ ထိုလူများအအေးဓာတ်မပေးလျှင်လောင်မြိုက်သေကြေသွားနိုင်လေသည်။
ယောဂီတို့ကား ၂၄-နာရီလုံးလုံး ပီတိ, သုခ, ပဿဒ္ဓိအအေးဓာတ်များနှင့် ချည်း နေရသူများဖြစ်၏။ အအေးဓာတ်များပြည့်နေ၍ အနားယူရန်၊ အအေး ဓာတ်ပေးရန်၊ အိပ်စက်ရန် မလိုတော့ချေ။

## PAGE 305
<!-- 14 paragraphs, raw extraction -->




ဘုရားရှင် ခိုင်းတော်မူသည်မှာ “ဆင်းရဲမည်၊ရောဂါရမည်၊ သေများသွား မလား'စသည်ဖြင့် ထင်ချင်သလို ထင်နေကြသော်လည်း ချမ်းသာဖို့ချည်းပင်။

မဟာသီဝမထေရ်ကြီးမှာ နေသဇ္ဇကဓုတင်ဖြင့် နေ့ညမအားရှုပွားတော် မူရာ အနှစ်သုံးဆယ်မြောက်ပဝါရဏာနေ့သို့ပင် ရောက်လာသော်လည်းမည်သည့် တရားထူးမျှ မရရှိနိုင်ပဲ ဖြစ်နေလေရာ…

“အင်း..ငါ တရားအားထုတ်တာ အနှစ်- ၃၀တောင်ရှိသွားပြီ။ တကယ် ပင် အရဟတ္တဖိုလ်ကို မရသေးပါကလား၊ ခက်ခဲလှချည်ရဲ့။ သည်လောက်တောင် သက်စွန့်ကြိုးပမ်းအားထုတ်တာမှ မရသေးလျှင် ဒီဘဝမှာ ငါတော့မဂ်ဖိုလ်ရတော့၊
မှာ မဟုတ်တော့ဘူးထင်ပါရဲ့။ သီတင်းသုံးဖော်များနှင့်အတူ ‘ရဟန္တာအဖြစ်နှင့် စင်ကြယ်တဲ့ပဝါရဏာပြုရတော့မှာလည်း မဟုတ်တော့ပါဘူး' ဟု စဉ်းစားမိပြန် သဖြင့်အကြိမ်သုံးဆယ်မြောက် အပြင်းထန်ဆုံး ကြေကွဲဝမ်းနည်းကာ ခြိုက်ကြီး တငင် ငိုကြွေးတော် မူရပြန်လေသည်။

မထေရ်ကြီးနှင့် အပြိုင်ငိုသော နတ်သမီး

မထေရ်ကြီးနှင့် မနီးမဝေး တောင် လိုက်ဂူဘေး၌ “နတ်သမီးတယောက် လည်း မဟာသီဝ မထေရ်ကြီးကဲ့သို့ပင့် ရပ်၍ ငိုကြွေးနေရှာ၏။ထိုသို့ ငိုကြွေးသံကို ကြားရသဖြင့်’

မထေရ် ဟဲ...သည်နားမှာ ငိုနေတာ ဘယ်သူလဲ။

နတ်သမီး တပည့်တော်မ နတ်သမီးပါ ဘုရား၊

မထေရ် သင်……ဒီမှာ ဘာ့ကြောင့် လာငိုနေရတာလဲ။

နတ်သမီး အရှင်ဘုရား ငိုနေတာ မြင်ရလို့ ငိုလျှင်လဲ မဂ်ဖိုလ် ရနိုင်တယ် ထင်မိတဲ့အတွက် နှစ်မဂ် သုံးမဂ်လောက် ရမလားလို့ ငိုနေတာပါ အရှင်ဘုရား။

ထိုအခါ မထေရ်ကြီးမှာ ရှက်လည်းရှက်၊ သတိလည်းရသဖြင့်—

“မဟာသီ….၊ ကဲ…ဘယ့်နှယ်ရှိစ၊ ကြည့်စမ်း..နတ်သမီးကတောင် သင့် ကို လှောင်နေပြီ။ဒီအမူအကျင့်ဟာ သင်နှင့်လျော်ကန်ပါရဲ့လား သင်စဉ်းစားစမ်း ဟု စိတ်ကို လျှော့ကာ ဝမ်းနည်းမှု့ စိတ်ဆင်းရဲမှု (နိရာမိသ ဒုက္ခ, နေက္ခမသိတ ဒေါမနဿ)ကို ဖြေဖျောက်ကိုက်၏။

## PAGE 306
<!-- 10 paragraphs, raw extraction -->



၂.၆ ၃

သီတင်းကျွတ် လပြည့်ကျော် တရက်နေ့ည ဖြစ်၍’လရောင်ဖြင့် သာယာ ကြည်နူးဖွယ် ကောင်းလှသော ညဉ့်ဦးယံဖြစ်၏။ မိမိတရားအားထုတ်ရာ တောင် လိုဏ်ဂူအပေါ် ညစ်ကြေးမထင် တိမ်ကင်းစင်သော ကောင်းကင် အလယ်၌ ကြည်နူးစဖွယ် ပြည့်ပြည့်ဝဝ ထွန်းလင်းနေသော လမင်းကြီးကို လှမ်း၍ တချက် မျှော်ကြည့်လိုက်မိ၏။

“အင်း...ဒီလမင်းကြီးနှင့် ငါရဲ့ သီလဟာ ဘယ်အရာက သာလွန်သန့်ရှင်း ထွန်းလင်းပါလိမ့်မလဲ”ဟု စိတ်ထဲတွင် နှိုင်းယှဉ်စဉ်းစား နေမိ၏။

“အလွန်သာယာ ထွန်းလင်းတဲ့ လမင်းကြီးမှာ ယုန်ရေးလက္ခဏာ မှိုင်း ပြာသော အညစ်အကြေး ရှိနေသေးတယ်။ ရဟန်းပြုသည့် အချိန်ကစပြီး ဒီကနေ့ ကျအောင် ငါရဲ့ စတုပါရိသုဒ္ဓိသီလမှာမူကား မညှိုးမခြောက် မပြောက်မကျား စင်းလုံးချော ဖြူစင်လှပါပေစွာ့တကား”ဟု ဆင်ခြင်မိသည်နှင့် ပီတိ သောမနဿ စိတ်များ တဖွားဖွား တလှိုက်လှိုက် ဖြစ်ပေါ်လာလေသည်။

အသိဉာဏ် ရင့်ကျက်တော်မူသော သံဃနာယက မဟာထေရ်ကြီး ဖြစ် တော်မူသည် အားလျော်စွာ ထိုဖြစ်ပေါ်လာသော ပီတိကို ဖယ်ခွာမေ ဖျောက်၍ မိမိခန္ဓာကိုယ်ရှိ ရုပ်နာမ်ဓမ္မ သဘာဝများကိုသာ ဖြစ်ပျက် ဆင်ခြင်တော်မူရာ ပဋိသမ္ဘိဒါလေးတန် ဂုဏ်ထူးဝိသေသ ခြံရံလျက် ထိုည၌ပင် ရဟန္တာ ဖြစ်တော် မူလေသည်။(ဒီ-ဋ္ဌ-၂၊ ၂ဂဂ-သက္ကပဉ္စသုတ် အဖွင့်။ အံ-ဋ္ဌ-၁။ ၃၁။)

ဓုတင် ၁၃-ပါးဖြင့် ကိလေသာ ခေါင်းပါးနေသောကြောင့် “ယနေ့ပင် အရဟတ္တဖိုလ်ကိုရမည်´ဟု အထင် ရောက်နေ၏။ သို့ရာတွင် ပရိယတ္တိ ဗဟုသုတ များ ကြွယ်ဝများပြားသော မထေရ်ကြီးဖြစ်၍ (အရှင် သာရိပုတ္တရာကဲ့သို့) အကျယ်အကျယ် ရှုပွားသုံးသပ်နေမည်ဖြစ်သဖြင့်သီလအင်အား ပြည့်စုံငြားလည်း တရားမရနိုင်ပဲ ရှိလေသည်။

(ဤဝတ္ထုကို အင်္ဂုတ္တရ အဋ္ဌကထာ၌ ဓုတင်ကြောင့် ကိလေသာ နိဝရဏ ခွာရှဲပုံကို သာဓက ထုတ်၏။ “ငါဒီဘဝမှာ တရားထူးမရ တော့ဘူး ထင်ပါရဲ့” စသည်ဖြင့် တရားနှင့်စပ်၍ စိတ်ဆင်းရဲမှု စိတ် ပျက်မှု ဖြစ်တတ်၏။ ယင်းကို “နိရာမိသဒုက္ခ”ဟု လည်းကောင်း၊
“နေက္ခမ္မဿိတ ဒေါမနဿ'ဟု လည်းကောင်း ခေါ်သည်။ သက္ကပဥ သုတ် အဋ္ဌကထာ၌ကား ယင်းဒုက္ခ ဒေါမနဿကို သာဓက ထုတ် ပြခြင်း ဖြစ်လေသည်။)

မထေရ်ကြီးသည် နှစ်ပေါင်း သုံးဆယ်တိုင်တိုင် ထိုင်ခြင်း၊ ရုပ်ခြင်း၊အထူး သဖြင့် စင်္ကြံလျှောက်ခြင်း ဣရိယာပုထ် သုံးမျိုးဖြင့်သာ နေတော်မူသည်ဖြစ်၍ မထေရ်ကြီး၏ ခြေထောက် ခြေဖဝါးများမှာ ကြည့်မကောင်း ရှုမကောင်းအောင် ကြေးညှော် အထပ်ထပ်တက်၍ ခြေဖဝါး နှစ်ဘက်စလုံး ကွဲအက်၍ပင်နေလေပြီ။

## PAGE 307
<!-- 12 paragraphs, raw extraction -->




အိပ်ရာဝင်လျှင် ခြေထောက်ကို ရေဆေးရ၏။ ရေဆေးလျှင်လည်း ခြေ ပွတ်အိုးခြမ်းဖြင့် ပွတ်တိုက်လေ့ရှိကြရာ မထေရ်ကြီးကား အိပ်လည်းမအိပ်၊ ခြေကို လည်းမဆေး၊ ကြောင့်ကြမှု တာဝန်နည်းနိုင်သမျှ နည်းအောင် ကျင့်တော်မူ၍ အထူးသဖြင့် ခြေဖဝါးများမှာ ကမ္မဋ္ဌာန်းဒဏ် အခံရဆုံး ဖြစ်ကုန်၏။ ကျောင်း အနီးရှိ ဂေါစရဂါမ်ရွာမှ ကလေးများပင် တယောက်နှင့် တယောက် ကျီစယ် ကြသောအခါ…

"

“မဟာသီဝ မထေရ်ကြီး ခြေထောက်တွေလို ဖြစ်ပါစေ၊ ဖြစ်ရပါစေရဲ့” ဟု ပြောင်လှောင် ကျိန်ဆိုကြလေသည်။

သိကြားမင်းလာ၍ ခြေဆေးပေးခြင်း

မထေရ်ကြီး အနှစ်သုံးဆယ်မြောက် မဟာပဝါရဏာနေ့ ညဉ့်ဦးယာမ်တွင် ပဋိသမ္ဘိဒါလေးတန်နှင့်တကွ ရဟန်းကိစ္စပြီးမြောက်တော်မူလျှင် သက်ရွယ်တော် လည်းကြီး၊ ရည်ရွယ်ချက်လည်း ပြီးပြည့်စုံသဖြင့် “ကျောဆန့်ယျောင်းဦးမှပဲ’ယူဆ ကာ အနှစ်သုံးဆယ် လုံးလုံး ခေါက်၍ သိမ်းထားသော ကွပ်ပျစ်ကို ဖြန့်ခင်း လိုက်၏။

အနှစ်သုံးဆယ်လုံးလုံး တခါမျှ ရေမဆေးဖူးသော ခြေတော်များကို လည်း ရေဆေးလိုသဖြင့် ခြေဆေး အင်းပျဉ်ရှိရာ စောင်းတန်းထိပ်သို့ ကြွရောက် ရပ်နေတော်မူ၏။ ထိုအခိုက် သီဟိုဠ်တကျွန်းလုံးရှိ ရဟန္တာတပည့်ကြီးများကလည်း မိမိတို့ဆရာ မဟာသီဝ မထေရ်ကြီး ရဟန်းကိစ္စပြီး-မပြီး ဆင်ခြင်ကြည့်ကြရာ ရဟန်းကိစ္စပြီး၍ ခြေတော်ဆေးရန် ဟန်ပြင်နေသည်ကို မြင်ကြရလေ၏။

ငါတို့လို အတွင်းနေ တပည့်ကြီးတွေ ရှိနေပါလျက် ငါတို့ဆရာ ကိုယ့် ခြေတော်ကို ကိုယ်ဆေးရန် မသင့်လျော်ဘူး။ ငါသွားပြီး ဆရာ့ခြေတော်ကို ဆေးပေးချေဦးမှ”ဟု စိတ်ကူးကာ ကောင်းကင်မှ တပည့်ရဟန္တာ မထေရ်ကြီး ပေါင်း သုံးသောင်းတို့ ချက်ချင်း ဆုံစည်း ရောက်ရှိလာကြလေသည်၊ ရောက်လျှင် ပင် ခြေဆေးပေးခွင့် တောင်းကြလေရာ အခွင့်မပေး။ ကိုယ်တော်တိုင် မည်ဟု မိန့်ဆို မြစ်တားတော်မူလိုက်၏။

ဆေး

ထိုအခိုက် သိကြားမင်းလည်း ရဟန္တာမထေရ်ကြီးများနှင့် အကြံတူ တပြိုင် နက် ဆုံစည်းရောက်လာသည်ကိုပင် ခြေတော်ဆေးခွင့် မပြုပဲ ငြင်းဆန်နေသည်ကို မြင်လေရာ ခြေဆေး ပူဇော်ရန် သုဇာတာကို ခေါ်၍ ချက်ချင်း ရောက်ရှိလာ လေ၏။ မထေရ်ကြီး သုံးသောင်းမျှ စုဝေးနေတော်မူကြသဖြင့် မဟာသိဝမထေရ် ကြီး အနီးသို့ တိုးသွား ချဉ်းဦးကပ်ရန် မလွယ်ကူသဖြင့် သုဇာတာကို ရွှေက ထား၍

## PAGE 308
<!-- 15 paragraphs, raw extraction -->


"


၂ ၆ ၅

“အရှင်ဘုရားများ လမ်းချီးမြှင့် တိမ်းဖယ် ပေးတော်မူကြပါ.... ဒီမှာ မာတုဂါမ ဖြစ်နေလို့ပါ”ဟု အခွင့်အရေးရရန် ကြံဖန် တိုးဝင်သွားပြီးနောက် မထေရ်ကြီးအနီးသို့ ရောက်လျှင် ဆောင့်ကြောင့်ထိုင်၍ ခြေတော်ဆေးခွင့်လျှောက်

တောင်းလေ၏။

"

“ဒကာတော် သိကြားမင်း၊ ငါ၏ ခြေထောက်များ မဆေးမကြောတာ အနှစ်သုံးဆယ်တောင် ရှိနေပြီ။ သင်တို့ နတ်တွေဆိုတာ အလိုလိုကမှ လူနံ့ကို မခံနိုင်ကြ၊ ရွံရှာကြတယ်။ ယူဇနာ တရာလောက်ဝေးတဲ့ နေရာမှာ ရပ်နေတာ တောင် လည်ပင်းမှာ ခွေးသေကောင် အဆွဲခံရသလို သင်တို့မှာ နံစော်ကြတယ် ဆိုတော့… နေပေ ့စေ၊ မဆေးနှင့်၊ တို့ဟာတို့ ဆေးကြမယ်”ဟု မိန့်တော်မူလျှင် သိကြားမင်းက’

"

“လူအနံ့ဟာ မပြောလောက်ပါဘုရား။ ယခု အရှင်ဘုရားများရဲ့ သီလ ရနံ့ဟာ တပည့်တော်များ နတ်ပြည်ခြောက်ထပ်ကိုပင် ကျော်တက်ကာ အထက် ဘဝဂ်ထိအောင် သင်းပျံ့ ကြိုင်လှိုင် နေပါတယ်ဘုရား။ သီလရနံ့ထက် သင်းပျံ့ သာလွန်တဲ့, လှမ်းနိုင်တဲ့အနံ့ လောကမှာ မရှိပါဘုရား။ အရှင်ဘုရားများရဲ့ ဒီမွှေး ပျံ့တဲ့ သီလရှနံ့ကြောင့်ပင် ဒကာတော် လာရောက်ရခြင်း ဖြစ်ပါတယ်ဘုရား” ဟု ပြောပြောဆိုဆို ဗယ်ဘက်လက်ဖြင့် မထေရ်ကြီး၏ ခြေဖမျက်ကို ကိုင်၍ ညာဘက် လက်ဖြင့် ခြေဖဝါးတော်ကို စောင်းငဲ့ပြီး ပွတ်တိုက်ပေးလေ၏။

မဟာသီဝ မထေရ်ကြီး၏ ခြေတော်များမှာ ကလေးငယ်ကလေးများ ခြေ ထောက်ကဲ့သို့ နူးညံ့ပျော့အိ၍ သွားလေတော့သတည်း။

ရဟန္တာတိုင်း ခြေဖဝါးတော် နုသလား

တခါက အညာဒေသရှိ ရဟန္တာဟု ထင်ရှား ကျော်ကြားသော ဆရာ တော်ကြီး တပါးထံ ဤစာရေးသူသည် သာသနာရေးဦးစီးဌာန ပါဠိ အဘိဓာန် ကျမ်းပြုမှူး အယ်ဒီတာ ယောဂီ ဓမ္မမိတ်ဆွေကြီး ဦးမျိုးမြင့်နှင့် သွားရောက် ဖူးမြော်ခဲ့ကြစဉ် ကံအားလျော်စွာ တညဉ့် တည်းခို၍ ဆရာတော်ဘုရားကြီးအား တပည့်အများနှင့်အတူ ဝတ်ဖြည့်(နှိပ်) ခွင့် ရခဲ့ကြ၏။

6

သင်္ကန်းတော်များ ခြေဆုံးအထိ ခြုံလွှမ်းထားသည့်အပြင် အသားတော် ကိုလည်း မထိစေရန် မျက်နှာသုတ်ပဝါ ရှည်ကြီးများ တင်လွှမ်း၍ ဝတ်ဖြည့်ကြရ ဖြဲ ဖြစ်ရာ ဦးမျိုးမြင့်က ရုတ်တရက် မဟာသီဝမထေရ်ကြီး၏ ခြေတော်အကြောင်း သတိရလာသဖြင့်“ရဟန္တာတို့၏ ခြေတော်သည် ကလေးငယ်များကဲ့သို့ နူးညံ့သည် ဟုပင် နားလည်ထားသည့် အတိုင်း ဆရာတော်ကြီး၏ ခြေဖဝါးကို ကိုင်၍ ကြည့် လိုစိတ် ပေါက်လာသည်ဆို၏။

## PAGE 309
<!-- 15 paragraphs, raw extraction -->


၂ ၆ ၆


ကံအားလျော်စွာ သင်္ကန်းများ, တဘက်များကို ဘေးသို့ကျအောင် ခြေ တော်လှုပ်ခါတော်မူလိုက်သဖြင့် အလိုက်သင့် ထိတွေ့ခွင့် ကြုံရရာ ပြန်လာသော အခါ ဦးမျိုးမြင့်က “ဟုယ်တယ် ကိုဌေးလှိုင်ရေ ”ဟု ဆိုပါသည်။ ယင်း နူးညံ့ မှုမှာ အလွန် သဘာဝ ယုတ္တိ ရှိသော်လည်း ဓမ္မတာ တခုကဲ့သို့ ယူရန် သင့်-မသင့် ကား အတပ် မဆိုသာပါ။)

°

စာသင်ရင်း ဆွမ်းဖိုးဆပ်၍ အရဟတ္တဖိုလ်ရသော မလိယဒေဝထေရ်

ပရိယတ် ကျမ်းဂန် သင်အံပို ့ချခြင်းသည်လည်း ကိလေသာ ခေါင်းပါး ကြောင်း အကျင့်တခု ဖြစ်၍ ထိုကိုလေသာတို့ ခေါင်းပါးငုပ်ကွယ်နေသောအခိုက် လက္ခဏာရေးသုံးပါး ဆင်ခြင်လျှင် အလွယ်တံကူပင် တရားထူး ရနိုင်ပုံကို သီဟိုဠ် ခေတ် မလိယဒေဝ ရဟန်းငယ်က သက်သေထူခဲ့လေသည်။

မလိယဒေဝကား သုံးဝါမျှသာ ရသေး၏။ကလ္လလ္လာ မဏ္ဍလာရာမကျောင်း တိုက်ကြီး၌ ပရိယတ်စာပေများ သင်ယူလျက် တဘက်က တရားကိုလည်း အတန် အသင့် နှလုံးသွင်းသည်။ တနေ့သောအခါ ကလ္လရာထွင်းသို့ မေတ္တာ ဘာဝနာ, အပ္ပမာဒ သတိပဋ္ဌာန်အမှတ်ဖြင့် ဆွမ်းခံဝင်လေရာ ဒါယိကာမကြီးတဦးက မလိယ ဒေဝ၏ အမူအရာကိုကြည့်၍ ကြည်ညိုသဒ္ဓာသဖြင့် ယာဂုဆက်ကပ်၏။
ယာဂုဘုဉ်း ပေးသောအခါတွင်လည်း တရားအမှတ်ဖြင့် ဘုဉ်းပေးရာ ဒါယိကာမကြီးမှာ ပို၍ ပင်ကြည်ညိုလာ၏။ ယာဂုဘုဉ်းပေးပြီးလျှင်’

"

"

“သုခီ ဟောတု = ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ။

==

ဒုက္ခာ မုစ္စတု = ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ”ဟု မေတ္တာ ဆုပေးရာ သားတမျှပင် ကြည်ညိုသွား၏။ အိမ်တွင်းသို့ ပင့်လျှောက် ကာ ကောင်းမွန် မြိန်မြတ်သော ဆွမ်းဘောဇဉ်များကို ဆက်ကပ်လေ ၏။ ပြီးလျှင် ပေးမြဲဆုကို ပေးလေသည်။

“သားတော် ဘယ်ကျောင်းမှာ သီတင်းသုံးပါသလဲ”

“မဏ္ဍာလာရာမ ကျောင်းကြီးမှာ ဦးပဉ္စင်း စာသင်နေပါတယ်” “ဪ…ကောင်းပါလေဘုရား၊ သားတော်မောင် စာသင်နေသမျှ ကာ လပတ်လုံး ဒကာမကြီး အိမ်မှာပဲ ဆွမ်းအလှူခံတော်မူပါ”ဟု လျှောက်၍ နေ့စဉ် အိမ်မှာပင် ဆွမ်းကပ်လေ၏။

## PAGE 31
<!-- 43 paragraphs, raw extraction -->


ပုဂ္ဂိုလ်ထူး မာတီကာ

ကျမ်းအဖွင့် “ကိန်းသေကြီးပွားချမ်းသာရေး”

အခန်း ၁၊ တိုင်းပြည်နှင့်သာသနာအတွက်အသက်ပေးခဲ့ကြသူ စံတော်ဝင်ပုဂ္ဂိုလ်များ

ဆီပူအိုးကင်းပေါ်မှ ဂါထာစာရာ ကလျာဏိယထေရ် ထေရပုတ္တာဘယ(စစ်သူကြီး) နှင့် ဒုဋ္ဌဂါမဏိအဘယမင်းကြီး မိဘအမြော်အမြင်နှင့် သံဃာတော်အရှင်တို့၏မေတ္တာ ဗောဓိမာတု မဟာတိဿထေရ်

(၄) စစ်ပွဲပြန်မင်းကြီးနောင်စာကြောင့် ကြွလာရသော ပိယင်္ဂုကျွန်းနေရဟန္တာမထေရ်ကြီးများ။

၉၂၉ - ၈၅၅ ၉

သထုံပြည်မှ ရဟန္တာကိုးသောင်း

(၆) ရဟန္တာနှစ်သောင်းလေးထောင်ပရိနိဗ္ဗာန်စံပွဲ

(ဂ)

(၉)

(၁၀)

သံယုတ္တနိကာယ်ကြီးကို ၁၄နှစ်ကျော်သစ်ရွက်များ၍ ဆောင်ခဲ့ရသောစူဠသီဝထေရ်

သစ်ဥသစ်မြစ်စား၍ သာသနာအသက်ဆက်ခဲ့ကြသော ဣသိဒတ္တနှင့် မဟာသောဏထေရ်

သစ်ရွက်စား၍ စာပည့်ကို အသေခံစောင့်ရှောက်သွားသော နိဂြောဓသာမဏေ၏ ဆရာမထေရ်ကြီး

ပဋိသမ္ဘိဒါအရာ ‘စံတော်ဝင်သူကြွယ်သား တိဿထေရ်

အခန်း ၂၊ ပရိယတ် ပဋိပတ် ပေါင်းစပ်မှုအရာ စံတော်ဝင်မထေရ်များ

(၁၁) ဆရာအတွက် အသက်ကိုပင် စွန့်လွှတ်နိုင်သော ယောဂီရဟန်းတော် သုံးပါး

(၁၂) စာဓာတ်ပုဂ္ဂိုလ်ဟု အသိမခံလိုသော

သာကေစာ တိဿံထေရ်

.

(၁၃) ပဋ္ဌာန်းကျမ်းကြီးကို သင်အံပို့ ချ၍ ရဟန္တာဖြစ်သော မဟာဂတိ ဂမိယတိဒတ္တထေရ်

(၁၄) စာ, သဒ္ဒါသန်သော ယောဂီရဟန်းတို့ကို နှင်လွှတ်သော ဝိဇယာရာမ၀ါသီ ခီဏာသဝဧထရ်

(၁၅) သစ္စက ပရိဗိုဇ်ဝင်စားသော ကာလဗုဒ္ဓရက္ခိတထေရ် (၁၆) ထီးထူးမရနိုင်၍ မျက်ရည်ကျသော မဟာသီဝထေရ်



















၂၅ဂ

## PAGE 32
<!-- 50 paragraphs, raw extraction -->


မာတိကာ

(၁၇) စာသင်ယင်း ဆွမ်းဖိုးဆပ်၍ အရဟတ္တဖိုလ်ရသော မလိယဒေဝ ထေရ်

(၁ဂ) ဂန္ထပလိဗောဓအရာ စံတော်ဝင် မဟာဓမ္မရက္ခိစာထေရ် (၁၉) ကုလပလိဗောဓအရာ စံတော်ဝင်ကောရဏ္ဍကာ စာသင်သား ရဟန်းငယ်

(၂ဝ) မိခင်ကြီးအား သားအဖြစ်မသိစေပဲ ချီးမြှောက်သော

နာဂထေရ် ညီနောင်

အခန်း ၃၊ အလှူပေးအလှူခံ စံတော်ဝင်

ဆရာဒကာများ

(၂၁) ရှင်စာဆူ လူစာယောက်







(၂၂) ဆင်းရဲသား ဆွမ်းတထုပ်ကြောင့် ရဟန္တာဖြစ်သွားသော ပိဏ္ဍပါတိက တိဿထေရ်

(၂ ၃) (သာမီစိပ္ပဋိပန္နအရာ စံတော်ဝင်) ပိင်္ဂလ ဗုဒ္ဓရက္ခိစာထေရ် (၂၄) ဆင်းရဲသားဆွမ်းကို ကျေးဇူးဆပ်သူ မဟာမိတ္တထေရ် (၂၅) ဆွမ်းခံယင်း ငှက်သင့်သော တိဘူတိထေရ် (၂၆) အဖမ်းမခံရသော ဆွမ်းခံကိုယ်တော်

စူဠပိဏ္ဍပါတိယ တိထေရ်

(၂၇) သာရဏီယကျင့်ဝတ်ကြောင့် သစ်ပင်ရှိယင်ဆွမ်းရှိသော ထိထေရ်နှင့် နာဂထေရ ထေရီမောင်နှမ

အခန်း ၄၊ သီလ, ခုံတင်နှင့် မေတ္တာအရာ စံတော်ဝင် မထေရ်များ

(၂ဂ) သီလဲကြောင့် ဘေးရန်အောင်သော အရိယကောဋိယဝါသီ မဟာဒတ္တထေရ်

(၂၉) အမ္မာခါဒက မဟာတိထေရ်

(၃၀) သီလကို အသက်ပေး၍ ကျင့်တော်မူကြသော မထေရ်ကြီးများ (၃၁) သစ္စာဆိုလောက်အောင် ဣန္ဒြေစောင့်စည်းသော မဟာမိတ္တထေရ် (၃၂ ) မျက်စိကိုနိုင်သော စိတ္တဂုတ္တထေရ်

(၃၃) အရိမေတ္တေယျဖူးချင်၍ ရဟန္တာမဖြစ်နိုင်သော

မဟာသံဃရက္ခိာထေရ် တူအရီး

(၃၄) · ဓုတင်ကိုလျှို့ဝှက်သော မထေရ် နှင့် လာဘ်များအောင်ကျင့်သော

•

ဘုန်းကြီးဦးရွှာပျော် (ပိယဂါမိထေရ်)

(၃၅) အာဝါသ ပလိဗောဓအရာ စံတော်ဝင်

ထူပါရုံကျောင်းနေ မထေရ်

(၃၆) မေတ္တာဘာဝနာအရာ စံတော်ဝင် ဝိသာခထေရ်


၃ဝ ၃

၃ဝ၅

၃ဝဝ






၃၃ဝ

၃ ၃ ၃






(၃၇) သကုလုဒါယီပရိဗိုဇ်ဝင်စားသော မေတ္တာတဒဂ်ရ အဂုတ္တထေရ် ၃၅ဝ

(၃ဂ) မဟာယာနတို့ အလေးမူသော ရှင်ဥပဂုတ်


## PAGE 33
<!-- 48 paragraphs, raw extraction -->


မာတိကာ

အခန်း ၅၊ ဇွဲလုံ ့လ, သည်းခံမှုအရာ စံတော်ဝင် မထေရ်များ

(၃၉) ဝေယျာဝစ္စလုပ်ယင်း ရဟန္တာဖြစ်သွားသော မုဆိုးဘဝ တဖြစ်လဲ မိလက္ခတိဿထေရ်

(၄၀) ဝေဒနာသည်းမခံနိုင်၍ ရှင်ဘုရင်အထင်သေးခံရသော ကန္ဒရသာလထေရ်

(၄၁) အပူအအေးဒဏ်ကို သည်းခံရှုပွားသော လောမသ နာဂထေရ်

(၄၂) မြွေကိုက်ခံရ၍ စာရားရသော ပဓာနိယထေရ်

(၄၃) မြွေကိုက်ခံရ၍ အနာဂါမ်ဖြစ်သွားသော ပိဏ္ဍပါတိကထေရ်

(၄၄) စာရားဟောကောင်း၍ ဆဲရေးသည်ကိုခံနိုင်သော

ဒီဃဘာဏက အဘယထေရ်

(၄၅) လေရောဂါကြောင့် အရဟတ္တဖိုလ်ရသော စိတ္တလတောင်နေ ပဓာနိယထေရ်

(၄၆) ခြေထောက်ကိုရိုက်ချိုး၍ စာရားရှာသော

ကုဋမ္မိကပုတ္တ တိဿထေရ်

(၄၇) ကျားပါးစပ်၌ အရဟတ္တဖိုလ်ရသော မထေရ်

(၄ဂ) သစ်ငုတ်ငြောင့်စူး၍ တရားထူးရသော ကဏ္ဍက ဝိဒ္ဓထေရ်

(၄၉) လက်ဝှေ့ကျော်ဘဝမှ ရှင်ဝလှံစူး၍

ရဟန္တာဖြစ်သွားသော ပီစာမလ္လထေရ်













အခန်း ၆၊ သွားလာလုပ်ကိုင်ယင်း ရှုမှတ်မှုအရာ စံတော်ဝင် မထေရ်များ ၄ဝ၂

(၅ဝ) တံမြက်လှည်းယင်း ဂုဏ်တော်ပွား၍ ရဟန္တာဖြစ်သွားသော

ဖုဿဒေဝ ထေရ်

၄ဝ၃

(၅၁) ဗုဒ္ဓာနုဿတိပီတိကြောင့်ကောင်းကင်ပျံတက်သော မဟာတိဿထေရ် ၄၁ ၉ (၅၂) ကျောင်းကန်စီမံယင်း ရဟန္တာဖြစ်သော

စိတ္တလတောင်ကျောင်းနေ တိဿထေရ်

(၅၃) ကာမဝိတက်ဆေးသုံးလက်ဖြင့် ရောဂါပျောက်သော ကိုရင်တိဿ

(၅၄) သင်္ကန်းဝိတက် နှိပ်စက်၍ အမှိုက်ပုံရှိခိုးသော ပံ့သုကူထေရ်

(၅၅) ပြေးနေသောစိတ်ကို ကန့်သတ်ချက်ပေးထားနိုင်သော မထေရ်ကြီးသုံးပါး

(၅၆) သွားလာသမျှ သတိမလွတ် ဂာပစ္စာဂစာဝတ်အရာ စံတော်ဝင် မဟာဓုဿဒေဝထေရ်

(၅၇) ကာဠဝမဏ္ဍပဝါသီ မဟာနာဂထေရ်

(၅၈) ကလမ္မတိတ္ထကျောင်းနေ ရဟန်းတော်ငါ့းကျိပ်








## PAGE 310
<!-- 15 paragraphs, raw extraction -->



"


နေ့စဉ် ဆွမ်းဘုဉ်းပေးရာ တဝါတွင်းသာ ကုန်လွန်သွားသော်လည်း မည် သည့်တရားစကားမျှ မဟောပြော၊ “သုခီဟောတု၊ ဒုက္ခာမုစ္စတု” ဟုသာ မိန့်ဆို ဟောကြားပြီး ပြန်ကြွမြဲဖြစ်သည်။ သို့ရာတွင် ဆွေမတော် မျိုးမတော် မည်သည့် ကျေးဇူးခံ ကျေးဇူးစားမျှမရှိ၊ မည်သည့်မျှော်လင့်ချက်မျှမပါ၊ သာသနာတော် ကို ကြည်ညိုသော စိတ်သက်သက်ဖြင့် နေ့စဉ်ပေးလှူသော ဆွမ်းကို ဘုဉ်းပေးရ သည့်အတွက် စိတ်ထဲတွင်.. ပိုပြီး တာဝန်တက်နေ၏။

"

“ဆွမ်းကို ထိုက်တန်အောင် စားမည်၊ ဆွမ်းလှူသူပို၍ အကျိုးကျေးဇူး များအောင် လုပ်မည်” ဟု ဆုံးဖြတ်ထားသည်။

လူဒကာတို့ ပြုသော ရိုသေခြင်း၊ လှူဒါန်းခြင်းနှင့် ထိုက်တန်အောင်၊အလှူ အကျိုးရှိအောင် လုပ်ပေးနိုင်သည်မှာ တလောကလုံးတွင် သံဃာတော်များသာ ဖြစ်ပေ၏။ ယင်းကိုပင်သာမီစိပ္ပဋိပန္နော ဟု ခေါ်သည်။ မိမိသန္တာန်၌ကိလေသာ ကုန်ခန်း၍ ရဟန္တာဖြစ်သည်အထိ ကျင့်ကြံခြင်းအားဖြင့် လှူသူတို့အား ပြန်လည် ချီးမြှောက်ခြင်း၊ ဆွမ်းဖိုးဆပ်ခြင်း၊ လူဒကာတို့အကျိုးများအောင် ဆောင်ရွက် ပေးခြင်း ဖြစ်တော့သည်။ (မဟာမိတ္တထေရ်လည်း ကြည့်။)

မလိယဒေဝရဟန်းငယ်လည်း ဆွမ်းဒါယိကာမကြီး၏စေတနာကို ထောက် ၍ အစွမ်းကုန် ချီးမြှောက်မည်ဟု ရည်ရွယ်ကာ စတင်ဆွမ်းအလှူခံယူသောနေ့မှ စ၍ တဘက်က စာသင်ရင်း တရားကိုလည်း ထက်ထက်သန်သန်နှလုံးသွင်းနေခဲ့၏။
သီတင်းဝါလကျွတ်၍ ပဝါရဏာပြုသောအခါ ပဋိသမ္ဘီဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်တော်မူလေသည်။

ရဟန်းတော်များ ထုံးစံအတိုင်း ပဝါရဏာပွဲကို သီတင်းကျွတ်နှင့်အတူ ပြုလုပ်လေ့ရှိရာ ထိုနေ့မျိုးတွင် ဒကာ ဒကာမများလည်း တတ်စွမ်းသမျှ လှူဖွယ် တန်းရန်များနှင့်တကွ ကျောင်းသို့လာရောက် ပူဇော်လေ့ရှိကြရာ. မဏ္ဍလာရာမ ကျောင်းထိုင် မထေရ်ကြီးက’

“ငါ့ရှင် မဟာဒေဝ၊ ယနေ့ကျောင်းမှာ ဒကာ, ဒကာမတွေလာရောက် စုဝေးကြလိမ့်မယ်။ ငါ့ရှင် တရားဓမ္မ ချီးမြှင့်ရမယ်” ဟု အမိန့်ချတော်မူ၏။
(ကျောင်းထိုင်မထေရ်ကြီး၏ အသိဉာဏ်ကိုလည်း ကြည်ညိုနိုင်ပေသည်။)

အရှင်မလိဒေယဝ ရဟန်းငယ် တရားဟောမည်ကို ကိုရင်များက ဆွမ်းအမ

ကြီးအား ဆွမ်းခံယင်း အသိပေး ဖိတ်ကြားခဲ့ကြသည်။

“ဒကာမကြီး၊ ဒကာမကြီးသား ဒီကနေ့ ကျောင်းမှာ တရားဟောလိမ့် မယ်။ ဒကာမကြီး ကျောင်းလာပြီး တရားနာပါအုံး။

"

## PAGE 311
<!-- 12 paragraphs, raw extraction -->




“မလှောင်ကြပါနဲ့ ကိုရင်တို့ရယ်... တရားဆိုတာ ပုဂ္ဂိုလ်တိုင်းဟောနိုင် ကြတာ မဟုတ်ပါဘူး၊ တပည့်တော်မ,သား မောင်ပဉ္စင်းဟာ ခုလောက်သာ ကြာတယ်၊ “သုခီဟောတု၊ ဒုက္ခာမုစ္စတု ဒီနှစ်ပုဒ်လောက်ပဲ ဟောတတ်တာပါ။” “မဟုတ်ပါဘူး ဒကာမကြီးရယ်၊ တတ်တတ်, မတတ်တတ်၊ တရားနာလာ ဖြစ်အောင်သာ လာခဲ့စမ်းပါ။

"

ဆွမ်းအမကြီးမှာလည်း ကိုရင်များ သတင်းပေး, တိုက်တွန်းချက် အရ ပန်းနံ့သာစသည့် လှူဖွယ်များကိုယူ၍ ကျောင်းသို့ ရောက်လာ၏။ သားရဟန်း ဟောမည့်တရားကို မရှုံမရဲတထိတ်ထိတ်ဖြင့် ပရိသတ်အစွန်ကပင် နာယူနေလေ၏။

နေ့ခင်းနေ့လယ်ပိုင်း အလှည့်ကျ ဟောပြောရွတ်ဖတ်သည့် ပုဂ္ဂိုလ်များ ပြီးဆုံးသွားသောအခါ မလိယဒေဝရဟန်းငယ်လည်း ကြည်ညိုစဖွယ် သပ္ပာယ် တည်ငြိမ်စွာ ဓမ္မကထိကကြီးများကိုင်ဆောင်လေ့ရှိသောယပ်တောင်ကိုကိုင်ဆောင် ၍ ကရားပလ္လင်ထက်သို့ တက်ကြွတော်မူလာ၏။ ထုံးစံအတိုင်း သီလစသည်ပေးပြီး လျှင် ဟောရမည့်တရားကို စဉ်းစားသောအခါ ဆွမ်းအမကြီးအား တဝါတွင်းလုံး ဟောခဲ့ဘူးသော တရားကိုပင်ဟောရန် ဆုံးဖြတ်လိုက်၏။

(အချိန်မှာ နေဝင်စပြုလေပြီ၊ ကျောင်းထိုင်မထေရ်ကြီးနှင့်တကွ စာသင် ဘက်ရဟန်းတော်များ, ကိုရင်ငယ်ကလေးများမှအစ သင့်တော်ရာနေရာ၌ အသီး အသီး နေရာယူကာ နာယူနေကြ၏။ အကဲခတ်နေကြ၏။)

မလိယဒေဝရဟန်းငယ်သည် “သုခီဟောတု၊ ဒုက္ခာမုစံတု’ တရားနှစ်ပုဒ် ကိုပင် တရားကိုယ်အမာခံထားလျက် နိကာယ်ငါးရပ်, ပိဋကသုံးပုံ ခြုံငုံသုံးသပ်၍ အကျယ်ဖွင့်ဆိုဟောကြားတော်မူရာ ညဉ့်နက်သည်ထက် နက်၍လာသော်လည်း ကြာသည်မထင်၊ နာ၍မငြီး ရှိကြလေ၏။

"

“တလောကလုံး၊ တသံသရာလုံး သတ္တဝါတိုင်း၏ဆင်းရဲရပုံများကို

ပြဆိုပြီးလျှင် သောတာပန်ပုဂ္ဂိုလ်၏ ချမ်းသာပုံ၊ ဆင်းရဲမှ လွှတ်ပုံ၊
သကာဒါဂါမ်ပုဂ္ဂိုလ်၏ ချမ်းသာပုံ၊ ဆင်းရဲမှလွတ်ပုံ၊ အနာဂါမ်ပုဂ္ဂိုလ်၏ ချမ်းသာပုံ၊ ဆင်းရဲမှလွတ်ပုံများကို အဆင့်ဆင့်နှိုင်းယှဉ်ဝေဖန်၍ နောက် ဆုံး အရဟတ္တဖိုလ်သို့ မရောက်ကြရသေးသမျှ ချမ်းသာအပြည့်အဝ မခံ စားရသေးပုံ၊ ဆင်းရဲမှလုံးဝကင်းငြိမ်းပြီ မဆိုနိုင်သေးပုံများကို အသေး စိတ်ရှင်းလင်းဟောပြကာ တရားမိုးကြီး ရွာသွန်းတော်မူလေသည်။” “ချမ်းသာပါစေ၊ ဆင်းရဲကင်းပါစေ” စကားနှစ်ခွန်းသည် ပိဋကသုံးပုံလုံး ခြုံငုံမိ၍ အလွန်အရေးပါသော မေတ္တာဘာဝနာ စကားဖြစ်ကြောင်း ပရိသတ် များ အားလုံး သဘောပေါက်သွားကြ၏။

## PAGE 312
<!-- 13 paragraphs, raw extraction -->



4


(ဓမ္မပဒအဋ္ဌကထာ-၁၊ ၃၃၃-လ၁ ဝနဝါသီတိဿ သာမဏေလည်း ယင်းနှစ်ပုဒ်ကိုပင် တညလုံးဟောရကြောင်း “မေတ္တာဝါဒ' စာအုပ်၌ရေးခဲ့ပြီ။) တရားပွဲ ပြီးဆုံးသောအချိန်နှင့် အရှေ့လောကဓာတ်မှ နေအရုဏ်တက် သောအချိန်သည် အချိန်ကိုက်ဖြစ်နေ၏။ တရားပွဲပြီးလျှင် ဆွမ်းအမကြီးလည်း သောတာပန် တည်လေတော့သတည်း။

(ဂန္ထပလိဗောဓအရာ စံတော်ဝင် ' မဟာဓမ္မရက္ခိတထေရ် အခန်း၌လည်း မလိယဒေဝမထေရ်အကြောင်း ရှုပါဦး။ ဝိသုဒ္ဓိမဂ်-၁၊ ၉၂။)

ဓာတ်ခိုက်လှသော  ်ဆ ဆက္က သုတ္တန်” ဟောကြားခြင်း

မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော်၌ ဆဆက္ကသုတ်ဟူ၍ရှိသည်။ (မ-၃၊
၃၂၇-၃၃ ၅။) ထိုသုတ်ကို မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌ ရဟန်း များကို ဟောတော်မူ၏။

ဟောကြားသောတရားများမှာ’အတွင်းအာယတနခြောက်ပါး၊ အပြင် အာယတနခြောက်ပါး၊ 'ဝိညာဏ်ခြောက်ပါး၊ ဖဿခြောက်ပါး၊ ဝေဒနာခြောက် ပါး၊ တဏှာခြောက်ပါးတို့ ဖြစ်ကုန်၏။

"

“စက္ခုစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏ ံ သင်္ဂတိ ဖဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ထဏှာ ဤပါဠိကိုမူတည်၍ ၆×၆=၃၆-မျိုးသော တရားသဘောတို့သည် ဖြစ်မှု ပျက်မှု ထင်ရှား၍ ငါ, ငါ့ဥစ္စာဟု မသုံးသပ်ထိုက်ကြောင်း အကျယ်ဟောတော် မူခြင်းဖြစ်၏။

{

ထိုသုတ်ကိုဟောတော်မူ၍ ပြီးဆုံးသောအခါ ရဟန်း ခြောက်ကျိပ်တို့ ရဟန္တာဖြစ်တော်မူကြသည်။ ယင်းသုတ္တန်ကို အရှင်သာရိပုတ္တရာ ဟောတော်မူရာ တွင်လည်း ရဟန်းခြောက်ကျိပ်တို့ ရဟန္တာဖြစ်တော်မူကြ၏။ အရှင်မောဂ္ဂလ္လာန် ဟောတော်မူရာတွင်လည်း ထို ့အတူ ရဟန်းခြောက်ကျိပ်တို့ ရဟန္တာ ဖြစ်တော်မူ ကြ၏။ အခြားသော အသီတိသာဝကမထေရ်ကြီးများ ဟောတော်မူကြရာတွင် လည်း အလားတူ ရဟန်းခြောက်ကျိပ်တို့ ရဟန္တာ ဖြစ်တော်မူကြရာ ခြောက် ခြောက်လီသုတ္တန်သည် သာသနာတော်၌ အလွန်ထူးခြားလှသော သုတ္တန်ကြီးဖြစ် လေသည်။

## PAGE 313
<!-- 16 paragraphs, raw extraction -->


၂၇ဝ

++


ထိုမျှသာမက သီဟိုဠ်ကျွန်း၌ သာသနာ ပွင့်ထွန်းသောအခါ မလိယဒေဝ (ဥပရိပဏ္ဏာသ အဋ္ဌကထာအလို-မာလေယျဒေဝ) ထေရ် ဘုံကိုးဆင့်ရှိ ကြေးပြာ သားကြီးအောက်၌ ယင်း ခြောက်ခြောက်လီ သုတ္တန်ကို ဟောတော်မူရာ၌လည်း ရဟန်းခြောက်ကျိပ်တို့ ရဟန္တာ ဖြစ်တော်မူကြလေသည်။

လောဟပါသာဒခေါ် ကြေးပြာသာဒ်ကြီးရွှေ့ ရဟန်းတော်များ သီတင်း သုံးရန် ပြုလုပ်ထားသော အဝတ်မိုးမဏ္ဍပ်ကြီးတွင်လည်း ဟောတော်မူရာ ရဟန်း ခြောက်ကျိပ်တို့ ရဟန္တာဖြစ်တော်မူကြရပြန်လေသည်။

မလိယဒေဝထေရ်သည် အလွန်တန်ခိုး အာနုဘော်ကြီးသော မထေရ် ဖြစ်တော်မူ၏။ ယင်းမထေရ်သည် မဟာဝိဟာရ ကျောင်းတိုက်ကြီးမှ ထွက်ခွာ၍ စေတိယတောင်၌ ကြွရောက် သီတင်းသုံးတော်မူစဉ်ကလည်း ယင်းသုတ္တန်ကြီးကို ဟောတော်မူပြန်ရာ အထက်ပါအတိုင်း ရဟန္တာဖြစ်တော်မူကြလေသည်။
ထိုမှတပါး သာကိယဝံသကျောင်း၊ ကူဋာလိကျောင်း၊ အန္တရသောဗ္ဘ၊
မုတိင်္ဂဏ၊ဝါတကတောင်၊ပါစိနယရက၊ ဒီဃဝါပိ၊လောကန္တရ၊နောမဏ္ဍလ တလ (သီမူအလို-ဂမေဏ္ဍဝါလ)၊ ထိုနေရာဌာနတို့၌လည်း မလိယဒေဝထေရ်ပင် ယင်း သုတ္တန်ကိုဟော်တော်မူရာ ရှေးနည်းအတူ အသီးအသီး ရဟန္တာ ဖြစ်တော်မူကြ လေသည်။

မထေရ်သည် စိတ္တလတောင်သို့ ကြွတော်မူသောအခါကလည်း.. စိတ္တလ တောင်ကျောင်း၌ သီတင်းသုံးသော ဝါခြောက်ဆယ်ကျော် မထေရ်ကြီးတပါး သည်တနေ့သောအခါ စိတ္တလတောင်ရှိရေကန်ကြီးတခု၌ ကုရုဝကဆိပ်ခေါ်သော လုံခြုံသောရေချိုးရာ ဌာနတခုရှိရာ ထိုဌာနသို့ ရေချိုးရန် ကြွတော်မူ၏။
မလိယဒေဝထေရ်လည်း နောက်မှလိုက်ပါသွားကာ မထေရ်ကြီးအနီးသို့ ရောက်လျှင် ရိုသေစွာရှိခိုး၍’

"

“အရှင်ဘုရား…ဘုရားတပည့်တော် ရေချိုး၍ပေးပါရှစေ၊ ခွင့်ပြုတော် မူပါ”ဟု လျှောက်လျှင် မထေရ်ကြီးသည် ခေတ္တမျှစဉ်းစား၍ “အင်း..မလိယ ဒေဝထေရ်လို့ ပြောနေကြတယ်၊ သူများဖြစ်လေမလား”ဟုဆင်ခြင်လျက်— “ငါ့ရှင်..။ သင်ဟာ အများပြောနေကြတဲ့ ဒေဝထေရ်ပဲ မဟုတ်လား”

ဟု မေးတော်မူ၍။

"

"

“မှန်လှပါဘုရား”ဟု လျှောက်ရသည်။

“ငါ့ရှင်…၊ တို့များ ဝါခြောက်ဆယ်ကျော်လာပြီ၊ ဒီလောက်သာ ကြာ ပေမယ့် တို့များကိုယ်ကို မည်သူ့ လက်နှင့်မှ ထိခွင့်မပေးခဲ့ဖူးဘူး၊ ငါ့ရှင်ကိုတော့ ခွင့်ပြုရပေမပေါ့”ဟု မိန့်တော်မူကာ ကန်ဘောင်ပေါ်သို့တက်ကာ ကိုယ်လက်

1

## PAGE 314
<!-- 14 paragraphs, raw extraction -->




ဆုပ်နယ်ချေးပွတ်ပေးရန် ခွင့်ပြုတော်မူလိုက်၏။ မလိယဒေဝထေရ်လည်း စိတ် တိုင်းကျ မထေရ်ကြီးအား ပူဇော်ရလေသည်။

ထိုနေ့ကား တရားဓမ္မ ဟောပြောနာယူ ကြသောနေ့ ဖြစ်သည့်အတိုင်း ရေမိုးချိုးပြီးသောအခါ မထေရ်ကြီးက—

ပန်၍-

"

“ငါ့ရှင်……ဒေဝ၊ ဒီယနေ့ တို့များကို တရားအလှူပေးပါဦး”ဟု တောင်း

“ကောင်းပါပြီ အရှင်ဘုရား”ဟုဝန်ခံကာ နေဝင်သောအခါ အားလုံး တရားနာကြွရောက်ကြရန် ထုံးစံအတိုင်း နှိုးဆော်ကြလေ၏။ ထိုနေ့ တရားပွဲသို့ ထူးထူးခြားခြား ဝါတော်ခြောက်ဆယ်ကျော်မထေရ်ကြီး ခြောက်ကျိပ်တို့ တရား နာ ကြွတော်မူလာကြ၏။

မလိယဒေဝထေရ်လည်း တရားအမွှမ်း အနည်းငယ် ရွတ်ဆိုပြီးနောက် အထက်ပါခြောက်ခြောက်လီ သုတ္တန်ကိုပင် ဟောတော်မူ၏။ တရားပွဲ ပြီးလျှင် အဆိုပါ ဝါခြောက်ဆယ်ကျော် မထေရ်ကြီး ခြောက်ကျိပ်စလုံး ရဟန္တာဖြစ်တော် မူကြလေသည်။

မလိယဒေဝထေရ်လည်း စိတ္တလတောင်မှ ထွက်ခွာ၍ သီဟိုဠ်သာသနာ ဝင်တွင် ထင်ရှားသော တိဿမဟာဝိဟာရ၊ နာဂမဟာဝိဟာရကာဠကစ္ဆရာ ကလျာဏီမဟာဝိဟာရ ရှိ ဥပုသ်ကျောင်းတော် ပြာသာဒ်ကြီး အောက်ထပ်၊
ယင်းအထက်ထပ် စသည်တို့၌လည်း လှည့်လည်ကြွရောက်၍ ယင်းခြောက်ခြောက် လီ သုတ္တန်ကြီးကိုပင် ဟောတော်မူရာ ဟောကြားသောဌာနပေါင်းခြောက်ဆယ့် ခြောက်ဌာနစလုံး၌ပင် ရဟန်းတော် ခြောက်ကျိပ်-ခြောက်ကျိပ်စီ ရဟန္တာဖြစ် တော်မူကြလေသည်။

အမ္ဗလကာဠကျောင်းနေ တိပိဋက စူဠနာဂမထေရ် ယင်းသုတ္တန်ကိုပင် ဟောကြားတော်မူစဉ်ကလည်း လူပရိသတ်သုံးဂါစုတ်၊နတ်ပရိသတ်တယူဇနာပင် ရှိလေရာ တရားဆုံးလျှင် ရဟန်းတော်တထောင် ရဟန္တာ ဖြစ်တော်မူကြ၏။ ထိုထို အရပ်မှလာရောက် နာယူကြသော နတ်တို့တွင်လည်း အနည်း အကျဉ်းမျှသာ ပုထုဇဉ်အဖြစ် ကြွင်းကျန်၍ အများအပြား အရိယာ ဖြစ်ကြရလေသည်။

ခြောက်ခြောက်လီ သုတ္တန်ကြီး၏ အာဏာစက် ဓာတ်ခိုက်ပုံမှာ အလွန် ကြည်ညို အားကျဖွယ်ကောင်းလှပေသည်။ (မ-ဋ္ဌ-၄၊ ၂၄၆-ဆဆက္ကသုတ်အဖွင့် နှင့် ဋီက’၃၊၄၃၂။)

မလိယဒေဝအကြေနင်း‘သီဟိုဠ်ဓမ္မဝတ္ထုများ တွင် ဝတ္ထုနံပါတ် ၃၆၊
၄၆၊၅၉-တို့၌လည်း ပါရှိသည်။ ဆက်လက်ကြည့်ရှုပါလေ။] .

## PAGE 315
<!-- 23 paragraphs, raw extraction -->




ဂန္ထ ပလိဗောဓိအရာ စံတော်ဝင် မဟာဓမ္မရက္ခိတ ထေရ်

သီဟိုရ်ကျွန်း၌ နာမည်ကျော် မဟာဝိဟာရကျောင်းတိုက် ဟူ၍ ရှိ၏။
ထိုကျောင်းတိုက်မှ ပိဋကသုံးပုံဆောင်အဘယမထေရ်ကလေး(တိပိဋကစူဠာဘယ) ခေါ် မထေရ်တပါးသည် အဋ္ဌကထာကို မသင်ယူဖူးပဲလျက် နိကာယ်သင်ယူ လေ့ လာပြီးသော ပရိသတ်အလယ်၌ ပိဋကသုံးပုံကိုဖွင့်ဆိုပြမည်ဟု စည်တီး၍ ကြေငြာ

စေ၏။

"

ထိုအခါ သံဃဒ္ဓမထေရ်ကြီးများက’

“ဒါ ဘယ်ကဆရာ့နည်းလဲ၊ မိမိတို့ဆရာ (မဟာဝိဟာရ) ပိုချစဉ်အတိုင်း သာ ပို ့ချပါစေ။ (ထင်သလိုဖွင့်ဆိုနေကြသော) တခြားဆရာတို့ ပိုချစဉ်နှင့် ပို ့ချလျှင် ခွင့်မပြုနိုင်ဘူး” ဟု ပြောဆိုနေကြ၏။

အဘယမထေရ်၏ ဥပဇ္ဈာယ် ဆရာတော်ကြီးကလည်း မိမိထံသို့ဝတ်ပြုရန် လာသော အဘယမထေရ်အား-

ဆရာ

အဘယ

ဆရာ

အဘယ

ဆရာ

အာယ

ဆရာ

ငါ့ရှင် အဘယ၊ သင် စည်တီးခိုင်းတယ်ဆိုတာ ဟုတ်သလား။
မှန်လှပါ အရှင်ဘုရား။

ဘယ်အတွက်လဲ။

ပိဋကကို ဖွင့်ဆိုပြဖို့ရည်ရွယ်လို့ပါ အရှင်ဘုရား။

ငါ့ရှင် အဘယ...ဆရာတို့ (...)ဒီပုဒ်ကို ဘယ်လို ဖွင့်ဆိုကြသလဲ။
မှန်လှပါ(..) ဤသို့ ဖွင့်ဆိုကြပါတယ် အရှင်ဘုရား။

ဟင်...

(ဆရာတော်ကြီးက “ဟင်..” ဟု ဆိုလိုက်သဖြင့် အဘယမထေရ် မှာ အခြားနည်းများဖြင့် သုံးကြိမ်တိုင်တိုင် ပြင်၍ ပြင်၍ လျှောက်ရာ “ဟင်..ဟင်” ဟုသာ ငြင်းပယ်ခြင်းခံရလေ၏။) ရှင် အဘယ…ငါ့ရှင် ပထမ ပြောတဲ့ အဖွင့်သာလျှင် ဆရာတို့ရဲ့ ပိုချစဉ် ဖြစ်တယ်။ သို့သော်လည်း ငါ့ရှင်ဟာ ဆရာသမားများ တ်က သင်ယူထားခဲ့တာမဟုတ်လေတော့ ဆရာစဉ်ဆက်ဒီအတိုင်း ဖွင့်ဆိုကြပါတယ်” လို့ ကြံ့ကြံ့မရပ်တည်နိုင်ပဲ ဖြစ်ရတယ်။ငါ့ရှင် ဆရာသမားများထံမှာ.သွားရောက် သင်ယူချေပါအုံး။”

## PAGE 316
<!-- 16 paragraphs, raw extraction -->


ဆရာ



အကယ အဘယ်အရပ် အဘယ်ဆရာထံ သွားရပါမည်နည်း အရှင်ဘုရား။
ဟို’ဂင်္ဂါမြစ်တဘက်ကမ်း ရောဟဏဇနပုဒ် တုလာဓာရကျောင်း မှာ မဟာဓမ္မရက္ခိတ ခေါ်တဲ့ မထေရ်ကြီးတပါး ရှိတယ်။ ပိဋက သုံးပုံကို အလုံးစုံ ကျွမ်းကျင်နိုင်နင်းတော်မူတယ်။ အဲဒီကိုသွားပေ

တော့။

စူဠာဘယ မထေရ်လည်း ဥပဇ္ဈာယ်ဆရာ အမိန့်အရ နောက်ပါ တပည့် ငါးရာခေါ်ဆောင်၍ သွားလေရာ မဟာဓမ္မရက္ခိတ မထေရ်ကြီးက လာရင်း အကြောင်းမေးတော်မူလျှင် အဋ္ဌကထာဓမ္မ ပိဋကအဖွင့်နာယူရန် လာကြောင်း လျှောက်ထားလေ၏။

"

“ငါ့ရှင် အဘယ…….တို့များဒီဃနှင့်မဇ္ဈိမနိကာယ်ကိုတော့ရံဖန်ရံခါအမေး အမြန်းရှိလို့ အာရုံပြုမိသေးတယ်။ ကျန်နိကာယ်များကိုမူ တို့များ ပြန်လည် မကြည့်ပဲထားတာ အနှစ်သုံးဆယ်ရှိသွားပြီ။ သို့သော်လည်း ငါ့ရှင် ညအခါမှာ တို့များထံ လာရောက်ပြီးပါဠိတော်ကို ပြန်ဆိုပြလှည့်။ နေ့အခါကျယင်ငါ့ရှင်အား အဋ္ဌကထာကို ပို ့ချပေးရတာပေါ့” ဟု အဘယထေရ်အား ခွင့်ပြုတော်မူလိုက်၏။
စူဠာဘယမထေရ်သည် ညအခါ ပါဠိတော်များကို . ဆရာ့ထံ၌ ရွတ်အံ ပြရ၍ ညကတပည့်ရွတ်ပြသောပါဠိတော်များကို ဆရာကနေ့အခါအဋ္ဌကထာဖွင့်ဆို သင်ပြပေးတော်မူ၏။ ရွာသူရွာသားများလည်း ကျောင်းပရိဝုဏ်အနီး မဏ္ဍပ်ကြီး ထိုးကာ နေ့စဉ် စာနာလာကြလေသည်။

..

ဤနည်းအားဖြင့် ဆရာတပည့် သင်ပြနာယူပြီးသောအခါ မဟာမမ္မရက္ခိတ ပိဋကဆောင် မထေရ်ကြီးက အမြင့်အင်းပျဉ်ပေါ်မှ ဆင်းကာ မိမိတပည့်ရွှေ့ မြေကြီးဖျာပေါ်၌ထိုင်လျက်-

"

“ငါ့ရှင် အဘယ... တို့များကို ကမ္မဋ္ဌာန်းတရား သင်ကြားပြသပေးပါ” ဟု တောင်းပန်ရာ’

"

“အရှင်ဘုရား…။ ဘယ်လို မိန့်တော်မူပါသလဲ။ တပည့်တော်များမှာ အရှင်ဆရာများထံ နာယူသင်ကြားနေရသောတပည့်တပါးမဟုတ်ပါလားဘုရား။
အရှင်ဘုရားများ သိတော်မမူသေးတဲ့တရားကို တပည့်တော်များက ဘယ်လိုလုပ် ပြီး ဟောပြနိုင်ပါ့မလဲဘုရား”ဟု စူဠာဘယမထေရ်ကရိုသေစ္စာပြန်၍လျှောက်၏။

ငါ့ရှင် အဘယ... ပဋိပတ်ကို ကျင့်ကြံပြီး ကိုယ်တိုင်အမှန် သိပြီးသော ပုဂ္ဂိုလ်များရဲ့ အကျင့်စခန်း ကမ္မဋ္ဌာန်းကျင့်စဉ် ဆိုတာက တသီးတခြားဖြစ်ပေ ဘယ်”(အညော ဧသ အာရှသော ဂတကဿ ပဋိပတ္တိဂမနေန ဂတ ဒိဋ္ဌသစ္စဿ'မဂ္ဂေါ နာမ)

## PAGE 317
<!-- 13 paragraphs, raw extraction -->


J29


စူဠာဘယမထေရ်လည်း ဆရာသမား၏တောင်းပန်မှုအရ ကမ္မဋ္ဌာန်းပြပေး ရ၏။ စူဠာဘယမထေရ်ကား ထိုစဉ်ကပင် သောတာပန်ဖြစ်နေပြီဟု ဆိုလေသည်။
ဆရာအားကမ္မဋ္ဌာန်းပေး၍ ပြန်လာပြီးနောက် လောဟပါသာဒ=ကြေးပြာသာဒ် ၌ ပိဋကသုံးပုံပါဠိတော်ကို ဖွင့်ဆို ပို ့ချတော်မူလေ၏။

ထိုသို့ စာပို့ချနေစဉ်မှာပင် “ရောဟဏဇနပုဒ်မှာ မဟာ ဓမ္မရက္ခိတမထေရ် ကြီး ပရိနိဗ္ဗာန်စံတော်မူသတဲ့” ဟူသော သတင်းကို အရှင်စူဠာဘယ ကြားသိ တော်မူလျှင် စာလိုက်သံဃာတော်များ ရွှေ့၌ပင် (ဆရာအား လေးမြတ်ပူဇော် သောအားဖြင့်) သန့်ပြန့်သော သင်္ကန်းအသစ် အယူခိုင်း၍ လဲလှယ်ပြီး လက် ကတော့ထိုးကာ ဆရာရှိရာအရပ်သို့ လက်အုပ်ချီလျက်-

"

“ငါ့ရှင်တို့……. ငါတို့ ဆရာအား အရဟတ္တမဂ်ဟာ သင့်မြတ်လှပါပေ တယ်။. (ရဟန်းကိစ္စပြီးဖို့ရာ ယုံမှားစရာ မရှိဘူး။) ငါတို့ဆရာဟာ ဖြောင့်လဲ ဖြောင့်မတ်တော်မူပါပေတယ်။ အာဇာနည်မထေရ်မြတ်ကြီးပါ။မိမိတပည့်စာသင် သား၍ရွှေမြေကြီးက ဖျာပေါ်မှထိုင်ပြီး ကမ္မဋ္ဌာန်းပြပေးရန် တောင်းခံခဲ့ဘူးတယ်။
ငါ့ရှင်တို့…. ငါတို့ဆရာအတွက် အရဟတ္တမဂ်ဟာ ဖြစ်သင့်ပါပေတယ်”” ဟု ချီးကျူး ပြောဆိုတော်မူလေသည်။

အလုပ်ခွင်မှာ စာမဝင်စေရ

ဟု

ပရရိယတ္တိသင်ယူနေသော သံဃာတော်များအတွက်လည်း အားကျဖွယ်၊
အတုယူဖွယ် ဖြစ်ပေတော့သည်။ ပရိယတ်အလုပ်သည် မလုပ်၍မရ၊ ပဋိပတ်၏ ပင်မ အခြေခံဖြစ်သည်။ သို့သော် ပရိယတ်မျှဖြင့်လည်း ရောင့်ရဲမနေရ။ ပဋိပတ် အလုပ်ခွင်သို့ ဝင်သောအခါမှစ၍လည်း စာပေ သင်အံပို့ချခြင်းများကို အမြဲ ကြောင့်ကြစိုက်၍ မနေရချေ။ တရားအလုပ်အား နှောင့်နှေးစေတတ် သဖြင့် “ဂန္ထပလိဗောဓ”=စာပေကြောင့်ကြမှု’ဟု ဆိုရလေသည်။ ထို့ကြောင့် “မဟာဓမ္မရက္ခိတ မထေရ်ကြီးထုံးကို နှလုံးမူရမည်” ဟု အဋ္ဌကထာ ဆရာကြီးက ပြညွှန်တော်မူလိုရင်း ဖြစ်ပေသည်။

တစေ

အလားတူ စာပေ ပရိယတ္တိနှင့်စပ်၍ အခြား အတ္ထုပ္ပတ်များကိုလည်း အမြွက်မျှ ဖော်ပြသတိပေးတော် မူထားပြန်လေသည်။

မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်သည် မလယအရပ်၌ သီတင်းသုံးသော ဒေဝမထေရ်ထံ၌ ကမ္မဋ္ဌာန်းတောင်းရာ-

## PAGE 318
<!-- 17 paragraphs, raw extraction -->




မလယထေရ် ငါ့ရှင်…ပရိယတ်မှာဘာတွေကို လေ့ကျင့်ခဲ့ဖူးသလဲ။
မှန်လှပါ၊ မဇ္ဈိမ နိကာယ်ကို နှုတ်တက်ဆောင်ပါတယ်

မဇ္ဈိမ

:

မလယ

ဘုရား။

ငါ့ရှင်…. မဇ္ဈိမနိကာယ်ဆိုတာ အလွန်ခက်ပေတယ်။ မူလ ပဏ္ဏာသကို ရွတ်ဆိုနေတုန်း မဇ္ဈိမပဏ္ဏာသက ဝင်လာ ပြန်တယ်။ မဇ္ဈိမ ရှုတ်နေပြန်တော့လဲ ဥပရိပဏ္ဏာသက ရောက်လာပြန်ရော…၊ငါ့ရှင် ဘယ်မှာ ကမ္မဋ္ဌာန်းကို နှလုံး သွင်းလို့ ရပါတော့မလဲ။

မဇ္ဈိမ မှန်လှပါ၊ အရှင်ဘုရားများ အထံတော်က ကမ္မဋ္ဌာန်းတရားယူပြီး သည်နှင့် ပရိယတ်ကို နောက်ထပ်တဖန် ပြန်၍ မကြည့်တော့ပါ

ဘုရား။

ယင်းသို့လျှင် မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်သည် ၁၉-နှစ်လုံးလုံး ပရိယတ်ကို ရွတ်အံသဇ္ဈာယ်ခြင်းမပြုပဲ တရားကိုသာဖိဖိစီးစီး (ဂန္ထပလိဗောဓကြီး မဝင်အောင်) နှလုံးသွင်းတော်မူရာ အနှစ်နှစ်ဆယ်ရှိသောအခါရဟန္တာဖြစ်တော် မူလေသည်။

ထိုသို့ ပရိယတ္တိကို အနှစ်နှစ်ဆယ်လုံးလုံး မရွတ်အံ မသရဇ္ဈာယ်ပဲ ထားခဲ့ သော်လည်း ရဟန်းကိစ္စပြီး၍ တပည့်များက စာဝါတောင်းခံသဖြင့် ပို ့ချရာ အစမှအဆုံးတိုင်တလုံးတပါဒမျှ ချွတ်ချော်တိမ်းပါးခြင်းမရှိအောင် ရွတ်ဆိုသင်ပြ ပေးတော်မူနိုင်လေသည်။

ထိုနည်းအတူပင် ကရဏ္ဍိယတောင်၌ သီတင်းသုံးတော်မူသော နာဂမထေရ် သည်လည်း ၁၈-နှစ်လုံးလုံး ပရိယတ္တိကို စွန့်လွှတ်ပြီးနောက် တပည့်များအား ဓာတုကထာပို ့ချရာ ၎င်း၏တပည့်များက အနုရာဓမြို့နေ မိတ်ဆွေစာသင်သား များနှင့် နှီးနှောကြည့်ရာ နာဂမထေရ်၏ ချပို့ ့စဉ်၌ တလုံးတပါဒမျှ ချွတ်ယွင်း ခြင်းမရှိကြောင်း တွေ့ကြရလေ၏။

ပရိယတ်ပြည့်စုံပြီးသော အရှင်များအတွက် ပဋိပတ်အလုပ်ခွင်သို့ ဝင်ရာ နှစ်ပေါင်.များစွာ ပရိယတ်ကို ရပ်တန့်မေ့ဖျောက်ထားသော်လည်း သမာဓိ ပရိဘာဝိတာ ပညာ=သမာဓိထုံမှ ပညာရှ” ဟူသည့်အတိုင်း ပဋိပတ်သမာဓိသည် ပရိယတ်ပညာအား ရှေးကထက်အဆပေါင်းရာထောင်မက စူးရှထက်မြက်စေနိုင် လေသည်။

•

ပြဆိုပြီး စူဠာဘယမထေရ်သည် အဋ္ဌကထာများကိုမသင်ကြားဖူးပဲလျက် တနိုင်ငံလုံးစည်တီး၍ “အဋ္ဌကထာဖွင့်ပြမည်’ ဟု မဟာဝိဟာရဂိုဏ်း မထေရ်ကြီး ဟု များ သက်တော်ထင်ရှား ရှိနေစဉ်မှာပင် အထင်ကရ ကြေငြာထုတ်ဖော်ရဲသော

## PAGE 319
<!-- 16 paragraphs, raw extraction -->




သတ္တိကို ကြည့်ရှုပါလျှင်လည်း ပဋိပတ်သမာဓိက ပရိယတ္တိပညာအား များစွာ ဖွင့်ဖော်ပေးနိုင်ကြောင်း သိသာနိုင်ပေသည်။ (ဝိသုဒ္ဓိမဂ်-၁၊ ၉၂-၃ ။)

ပလိဗောဓံ-ကြောင့်ကြမှုကြီး ဆယ်မျိုး

ကမ္မဋ္ဌာန်းအလုပ်ခွင်သို့ ဝင်ရောက်နေပြီဖြစ်သော ယောဂီများ အလုပ်ခွင် နှောင့်နှေးမှုဖြစ်စေတတ်သော ကြောင့်ကြမှုကြီးဆယ်မျိုး (ပလိဗောဓဆယ်ပါး) ဟူ၍ရှိ၏။ ယင်းဆယ်မျိုးကား-

အာဝါသောစ ကုလံ လာဘော၊ ဂဏော ကမ္မဉ္စ ပဉ္စမံ။
အဒ္ဓာနံ ဉာတိ. အာဗာဓော၊ ဂန္တော ဣဒ္ဓိတိ တေဒသ။

(ဝိသုဒ္ဓိမဂ်-၁၊ ၈၆။)

၁။ အာဝါသပလိဗောဓ=ကျောင်းကန် နေရာအတွက် ကြောင့်ကြစိုက် နေရခြင်း၊

၂။ ကုလပလိဗောဓဒကာဒကာမ၊ မိတ်ဆွေသင်္ဂဟအတွက် ကြောင့်ကြ စိုက်နေရခြင်း၊

၃။ လာဘပလိဗောဓပစ္စည်းရမှုအတွက် ကြောင့်ကြ စိုက်နေရခြင်း၊
ဘုန်းကြီးသော ပုဂ္ဂိုလ်များအတွက် မိမိက မလိုသော်လည်း လှူသူ များ၍ အနှောင့်အယှက် ဖြစ်ရခြင်း၊ (မာတုဂါမသည်ရဟန္တာ အား မနှောင့်မယှက်နိုင်၊ လာဘ်လာဘကား အထိုက်အလျောက် နှောင့်ယှက်နိုင်လေသည်။)

၄။ ဂဏပလိဗောဓ=ဂိုဏ်းဂဏအသင်းအဖွဲ့ ရှိနေသူများအတွက် ထိုဂိုဏ်း ဂဏအသင်းအဖွဲ့ဆိုင်ရာ ကြောင့်ကြစိုက်နေရခြင်း၊

၅။ ကမ္မပလိဗောဓ=နဝကမ္မပြုဖွယ်အမှုကိစ္စ၌ ကြောင့်ကြစိုက်ရခြင်း၊
၆။ အဒ္ဓာနပလိဗောဓ=ခရီးသွားမှု၌ ကြောင့်ကြစိုက်ရခြင်း၊
(သာသနာရေးအတွက်ဖြစ်စေကာမူ မကောင်း။ )

၇။ ဉာတိပလိဗောဓ=ဆရာတပည့် မိဘ သားသမီး ဆွေမျိုးတို့အတွက် ကြောင့်ကြစိုက်နေရခြင်း၊ (ဆရာသမားမိဘတို့ မမာမကျန်းရှိ၍ ပြုစုရခြင်းနှင့် သက်ဆိုင်ရာ ဆောင်ရွက်ရမြဲဖြစ်သော ကျင့်ဝတ် များကိုမူ လှုပ်မြဲလုပ်ရသည်။ ပလိဗောဓ မဆိုရ။)

=

ဂ။ အာဗာဓ ပလိဗောဓ = မိမိ ရောဂါ အတွက် ကြောင့်ကြစိုက်နေ ရခြင်း၊ (အနာရောဂါရှိနေလျှင် အမြန် ပျောက်ကင်းအောင် လုပ်

## PAGE 320
<!-- 11 paragraphs, raw extraction -->



J22

ရ၏။နာတာရှည်ဖြစ်နေခဲ့သော်“စက်ဆုပ်ဖွယ်ရာအိုခန္ဓာကိုယ်ကြီး၊
ငါသည် သင်၏ ကျွန်လည်း မဟုတ်၊ အခစားလည်း မဟုတ်။
သင့်ကိုပဲ လုပ်ကျွေးခဲ့ရသဖြင့် အစမထင်သော သံသရာမှာ ဆင်းရဲ ရှည်ခဲ့ရလေပြီ”ဟု လျစ်လျူရှု၍ တရားကိုသာ တွင်တွင်အားထုတ် ရမည်။)

နာ’ဟံ ဒါသော ဘုတော တုယှ ံ၊ နာ’ဟံ ပေါ့သေမိ ဒါနိ တံ။
'မေဝ ပေါသေန္တော ဒုက္ခ၊ ဝဇ္ဇေ ပတ္တော အနပ္ပကံ။
(ပေါရာဏ ဂါထာ)

၉။ ဂန္ထ ပလိဗောဓ = စာပေ ကျမ်းဂန် သင်အံပို့ချ နာကြားရမှု၌ ကြောင့်ကြစိုက်နေရခြင်း၊

1

၁၀။ ဣဒ္ဓိ ပလိဗောဓ=တန်ခိုးရနေသည့်အတွက် တန်ခိုး၌ ကြောင့်ကြစိုက် နေရမှု၊ (ပုထုဇဉ် တန်ခိုးကို ဆိုလိုသည်။ ယင်း ပုထုဇဉ်တန်ခိုး ကား မွေးကင်းစ ကလေးငယ်နှင့် ကောက်ပင်ငယ်များ ပမာ စောင့်ရှောက်ရခက်သည်။ အနှောင့်အယှက် အနည်းငယ်မျှနှင့် လည်း ပျက်စီးသွားနိုင်၏။ သို့ရာတွင် ဝိပဿနာရှုသူ အတွက် သာလျှင် တန်ခိုးသည် အနှောင့်အယှက် ဖြစ်သည်ဟု ဆိုရှ၏။
သမာဓိ(သမထ)အတွက်ကား အနှောင့်အယှက် မဖြစ်၊သမာဓိရှိမှ တန်ခိုး ရနိုင်သောကြောင့် ဖြစ်သည်။)

အထက်ပါပလိဗောဓများတွင် ယောဂီ၌ တခုခုသောပလိဗောဓနှင့် ရှင်ဆိုင် တွေ့ကြုံနေရလျှင် မြန်မြန် ပြီးပြတ်အောင် လက်စသတ် လုပ်ဆောင်ရ၏။ ပြီးမှသာ အလုပ်ခွင် ဝင်ရသည်။ အလုပ်ခွင်၌ တစုံတရာ ကြောင့်ကြနေရလျှင် အလုပ်မတွင်ပြီ။

အသေးစား ကြောင့်ကြမှုများ

ဤကား ပလိဗောဓကြီးများဖြစ်ကုန်၏၊ ပလိဗောဓငယ်များဟူ၍လည်း ရှိသေးသည်။ ယင်းတို့ကား ဆံပင်, ခြေသည်း, လက်သည်း, မုတ်ဆိတ်များ ရှည်နေလျှင် ဖြတ်ပယ်ခြင်း၊ သင်္ကန်း, သပိတ်, ညောင်စောင်း အင်းပျဉ် စသည် ပြုပြင်ဖွယ်များကို ပြုပြင်ရခြင်း၊၎င်းကြောင့်ကြဖွယ်ကမလးများကိုလည်း ပြီးပြတ် အောင် လုပ်ပြီးမှ အလုပ်ခွင် ဝင်ကြရ၏။(ဝိသုဒ္ဓိမဂ်-၁၊ ၁၁၉။)

## PAGE 321
<!-- 12 paragraphs, raw extraction -->




မဆုံးနိုင်သော နဝကမ္မ သာမန်ရဟန်းကိစ္စ, လူမှုကိစ္စများနှင့် စပ်၍ကား (စူဠဝါ ပါဠိတော်၌) မဟာနာမ်မင်းသားက ညီတော် အနုရုဒ္ဓာအား “လူမှုကိစ္စ များကား ဘယ်တော့မျှ ပြီးဆုံးသည်ဟူ၍ မရှိ၊ တနေ့လာလဲ ဒီအလုပ်၊ တနှစ် လာလဲ ဒီအလုပ်၊ ရှေးကမိဘတွေလဲ ဒီလိုပဲ လုပ်ယင်းနှင့်သေ သေကုန်ခဲ့ကြလှပြီ” ဟု ရဟန်းပြုရန် နားချသကဲ့သို့ မဆုံးနိုင်သောအလုပ်များကို ကိုယ်က မလုပ်ခြင်း အားဖြင့်သာ အဆုံးသတ်ပစ်ရလေသည်။

ရဟ န္တာသော်မှ ကြောင့်ကြနှိပ်စက်

ကြောင့်ကြမှု တစုံတရာရှိနေလျှင် ရဟန္တာ အရှင် မြတ်ကြီးများသော်မှ သမာပတ် ဝင်စား၍မရ ဖြစ်တတ်ပေသေးသည်။

ရဟန္တာအရှင်မြတ်ကြီးတပါးသည် ရဟန္တာဖြစ်သော တပည့်သာမဏေကို နောက်ပါ ခေါ်၍ တောအရပ်သို့ ကြွတော်မူကြရာ မထေရ်ကြီးအတွက်သာလျှင် ကျောင်းနေရာ ရှိ၏။ သာမဏေအတွက် ကျောင်းမရှိသဖြင့် သားရဲ သစ်ကျား ထူပြောလှသော တောထဲ၌ မိမိတပည့်ငယ်အတွက်နေစရာကျောင်း ဘယ်လို လုပ် ရပါ့မလဲ”ဟု ကြောင့်ကြတော်မူနေရ၍ တဝါတွင်းလုံး တရက်မျှ သမာပတ် ဝင် စား၍ မရချေ။

ခဲ့ရာ-

သာမဏေငယ်မှာကား တဝါတွင်းလုံး သမာပတ် ချမ်းသာဖြင့် ကုန်လွန်

“အရှင်ဘုရား’၊ဤတောအရပ်မှာ သပ္ပာယ.မျှတပါရဲ့လား”ဟုတပည့်က လျှောက်လျှင် မမျှတကြောင်း ပြန်လည် မိန့်တော်မူလေသည်။ (မ-ဋ္ဌ-၄၊၄၆- ဂဏက မောဂ္ဂလ္လာနသုတ် အဖွင့်။

ကုလပလိဗောဓအရာ စံတော်ဝင် ကောရဏ္ဍကရွာ စာသင်သား ရဟန်းငယ်

သီဟိုဠ်ကျွန်း - ကောရဏ္ဍက ခေါ်သော တောရွာတရွာရှိ ကောရဏ္ဍက ကျောင်းတိုက်ကြီး၌ နှစ်မဖြစ်သူ ဇနီး မောင်နှံက ကျောင်းတဆောင် ဆောက်လှူ ကာ အစ်ကိုဖြစ်သူက ကျောင်းနေ ဘုန်းကြီး ဖြစ်၏။ ကျောင်းအမဖြစ်သူ နှမ၏ သားဦးပဉ္စင်းတပါးလည်း ဦးရီးတော်နှင့်အတူနေရာ ကျောင်းအမ ဇနီး မောင်နှံ ကပင် ဆွမ်းကွမ်းပါ တာဝန်ယူလုပ်ကျွေးလေသည်။

## PAGE 322
<!-- 16 paragraphs, raw extraction -->




တနေ့သ၌ တူဦးပဉ္ဇင်းမှာ ရောဟဏဇနပုဒ်သို့ စာသင်ကြလိုသဖြင့် ဦးရီး တော် မထေရ်ကရော ခမည်းတော် မယ်တော်များကပါ ခွင့်ပြုလိုက်ကြရ၏။ မယ် တော်ကြီးသည် သားဦးပဉ္စင်း စာသင်ကြွ၍ အချိန်ကြာမြင့်သောအခါ အစ်ကို တော် မထေရ်ကြီးအား သားဦးပဉ္စင်းအကြောင်းကိုသာ နေ့ရှိသမျှ မေးလျှောက် နေလေတော့၏။

"

ကြာလာသောအခါ မထေရ်ကြီးက နှမဖြစ်သူအားက

“အေး …ကောင်းပြီ၊ ဦးပဉ္စင်းကို ငါ သွားပြီးခေါ်ပေးမည်ဟုမိန့်တော် မူကာ ကြွသွားလေ၏။ ၀ါဆိုရန် အချိန်နီးကပ်လာသော်လည်း မထေရ်ကြီးလည်း ပြန်ကြွမလာ၊ သားဦးပဉ္စင်းကိုလည်း မတွေ့ရသဖြင့် မယ်တော်ကြီးမှာ တစုံတခု ဖြစ်နေပြီ အထင်ဖြင့် ပို၍ပင် သောက ရောက်နေလေ၏။ သို့ရာတွင် ကျောင်း ဒကာမှာ ၀ါကပ်မည့်နေ့တွင် ရောက်လိုရောက်ငြား 'ကောရဏ္ဍကကျောင်းဘက်သို့ ထွက်သွားရာ ကျောင်း၌ မိမိ မျှော်လင့်သောသား ဦးပဉ္စင်းနှင့် မထေရ်ကြီးကို မတွေ့ရ၊ အာဂန္တုရဟန်းငယ်တပါး ရောက်နေသည်ကို တွေ့ရ၏။

"

ကျောင်းဒကာလည်း ချက်ချင်း ကျောင်းရှိ သံဃာတော်များထံသွား၍-

“အရှင်ဘုရား……၊ တပည့်တော်များ ကျောင်းမှာ အဘယ်မထေရ်ဝါကပ် ပါမလဲ ဘုရား”ဟု လျှောက်ရာ သံဃာတော်များက ယနေ့မှ ကြွလာသော အာဂန္တုရဟန်းငယ်တပါး ဝါကပ်မည့်အကြောင်း မိန့်တော် မူလိုက်ကြသည်။
ကျောင်းဒကာလည်း မိမိကျောင်း၌ ဝါကပ်မည့်ဘုန်းကြီးတပါးရရှိနေ၍ အတန်ငယ် စိတ်သက်သာရာရကာ မိမိ ကျောင်း၌ သီတင်းသုံး ဝါကပ်မည့် ရဟန်းငယ်ထံ သွားရောက်၍-

·

“အရှင်ဘုရား… တပည့်တော် ဒီကျောင်းဒကာပါ၊ တပည့်တော်များ ကျောင်းမှာ ဝါကပ်တဲ့ ပုဂ္ဂိုလ်အတွက် တပည့်တော်များမှာ ဝတ်ရှိပါတယ်”ဟု လျှောက်ရာရဟန်းငယ်က’

"

“ဘာဝတ်င ဒကာကြီး”ဟု မေးတော်မူလျှင်-

“မှန်လှပါ……တပည့်တော်များ ကျောင်းမှာ ဝါကပ်တဲ့ပုဂ္ဂိုလ်ဟာ တပည့် တော်များအိမ်မှာပဲ တဝါတွင်းလုံး ဆွမ်းအလှူခံပါမယ် ဘုရား၊ ဝါကျွတ်လို့ ပဝါရဏာပြုပြီးနောက် တနေရာရာကြွသွားဘော်မူလျှင်လဲ တပည့်တော်များအား ပြော့ကြား အသိပေးရပါမယ် ဘုရား”ဟု လျှောက်လေသည်။ ရဟန်းငယ်ထံမှ ဝန်ခံချက်ရယူပြီး ကျောင်းဒကာ အိမ်သို့ပြန်လာ၏။

“ရှင်မရေ..တို့ကျောင်းမှာ ဒီနှစ်ဝါကပ်မယ့် အာဂန္တု ကိုယ်တော် တပါး တော့ ကြွရောက်နေတယ်၊ ညည်းတို့ ရိုရိုသေသေ ပြုစုလုပ်ကျွေးကြပါက္ခယ်”ဟု

## PAGE 323
<!-- 14 paragraphs, raw extraction -->




ပြောလေ၏။ ကျောင်းအမကလည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ မှုံန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ်များကို စီမံထား၏။ အာဂန္တု ရဟန်းငယ်လည်း ဝါတွင်း သုံးလပတ်လုံး ကျောင်းဒကာ,ကျောင်းအမ အိမ်၌သာ နေ့စဉ်ကြွ၍ ဆွမ်းဘုဉ်း ပေးရသည်။

မိဘကိုပင် သံယောဇဉ်မထားသော စာသင်သား

သီတင်းဝါလကျွတ်၍ ပဝါရဏာပြုပြီးသောအခါ“ဦးပဉ္စင်းကြွတော့မယ်” ဟုပြောဆိုပန်ကြားရာ နောက်တရက်မှကြွရန်တားထားကြသည်။ နောက်တရက် တွင် အိမ်မှာပင် ဆွမ်းကပ်၍ ဆီကျည်တောက်ကို ဆီအပြည့်ထည့်ပြီးလျှင် တင်လဲ တခဲ၊ ကိုးတောင်ရှိသောအဝတ်စတစကို လှူလိုက်ကြသည်။ အာဂန္တုရဟန်းငယ် လည်း ဆွမ်းအနုမောဒနာတရား ' ဟောကြားပြီး မိမိ မူလနေရာသို့ပြန်ကြလေ၏။
အစ်ကိုမထေရ်ကြီးလည်း အာဂန္တုရဟန်းနှင့် အထွက်အဝင် ကျောင်းသို့ ပြန်ရောက်လာပြီးလျှင် နောက်တနေ့ နံနက် သပိတ်လွယ်လျက် ကောရဏ္ဍကရာ နှဲမအိမ်သို့ကြွ၏။ နှမဖြစ်သူ ကျောင်းအမမှာ အစ်ကိုကြီးက သားကိုခေါ်ပြီး တနေ့ကြာ လာနိုးနိုးဖြင့် နေ့စဉ် လမ်းဘက်သို့ မျှော်ကြည့်လျက်သာ နေခဲ့ရာ အစ်ကိုမထေရ်တပါးတည်း ကြွလာသည်ကိုမြင်လျှင်

“အစ်ကိုကြီးတပါးထဲ ကြွလာတယ်..။ အမယ်လေး…. ငါ့သားလေး…. သေပြီထင်ပါရဲ့”ဟု အတွေးဝင်၍ အစ်ကိုမထေရ်ကြီး ရောက်လျှင် ရောက်ချင်း ခြေရင်း၌ တုပ်ဝပ်ကာ အမျိုးမျိုးဖွဲ့နွဲ့ မြည်တမ်း၍ ငိုလေတော့သည်။ အစ်ကို မထေရ်ကြီးကလည်း’

“အင်း...တူမောင်ဟာ အလိုနည်းပါးတဲ့အတွက် အသိမပေးပဲ သွားတာ ဖြစ်မှာပဲဟု စဉ်းစားမိသဖြင့်-

"

နေစမ်းပါအုံး…….ငါ့နှမ၊ ဘာမပြောညာမပြော ဘောက်မဲ့ ငိုရတာလဲ” “တပည့်တော်မသား မောင်ပဉ္စင်းသေပြီ မဟုတ်လား ဘုရာ

66

"

“ဪ…..တကတဲပါမှပဲ ဒီကို မေးများ မေးပါအုံးတော့၊ ငိုတာက အယင်၊ ငါလဲ ကျောင်းကထွက်အသွား၊ သူကလဲ နင်တို့ငါတို့ကို ဖူးရ, တွေ့ရ အောင်ဆိုပြီး ရောဟဏဇနပုဒ်က အလာ၊ ငါနဲ့ မဟာဝေလိ ဂင်္ဂါမြစ်ကမ်းမှာ တို့တူအရီး ဆုံမိကြတာပဲ။

“ဒါနဲ့…ငါလဲ မင့် မယ်တော်ကြီးက မျှော်နေတဲ့ အကြောင်း၊ ယခု ငါ ကိုယ်တိုင် လာခေါ်တဲ့ အကြောင်း ပြောလိုက်တယ်၊ သူ.ကျောင်းမှာ တဝါ တချီတော့ နေအုံးမှာပဲထင်လို့ ငါလဲ ဟိုမှာပဲ ဒီတဝါနေအုံးမယ်လို့ သူ့ ကိုတောင် မှာလိုက်သေးတယ်။

## PAGE 324
<!-- 13 paragraphs, raw extraction -->


"



“အခုဝါကျွတ်လို့ ငါပြန်လာတော့လဲ လမ်းမှာ တို့တူဝရီးဂင်္ဂါမြစ်ကမ်း မှာပဲ ဆုံမိလို့ နင်တို့နှင့်တွေ့ခဲ့ကြောင်း၊ နေထိုင်ကောင်းကြောင်း အကြောင်းစုံ ငါ့ကို လျှောက်သွားတာပဲ”

နှမလုပ်သူမှာ အကိုမထေရ်ကြီး ရှင်းပြခါမှ ဝမ်းသာရမလိုလိုနှင့် နားထဲ တွင် ပို၍ ရှုပ်လာ၏။ စိတ်ထဲတွင်လည်း တစုံတခုသော မတင်မကျ သံသယက ဝင်လာပြန်သဖြင့် စိတ်မရှည်တော့ပဲ…

"

“အနို ့ တပည့်တော်မ မောင်ပဉ္စင်းက ဘယ်မှာလဲ”

“နေပါအုံးလေ….ငါ့စကားဆုံးအောင် နားထောင်ပါအုံး၊ ဒါနဲ့….အရိပ် အာဝါသကောင်းတဲ့သစ်ပင်ကြီးတပင်အောက်မှာ တူဝရီး စကားတပြောပြောနဲ့ အမောဖြေယင်း သူကတောင် ငါ့ကို ဆီကျည်တောက်ထဲက ဆီငွေ့ပြီး ခြေထောက် ကို ပွတ်သပ်နှိပ်နယ်ပေးသေးတယ်။ ပါလာတဲ့တင်လဲခဲနဲ့ ဖျော်ရှည် ဖျော်ကပ်၊
ပြီးတော့ (သပိတ်အိတ်ကိုဖြေ၍ဖွင့်ကာ တစုံတခု နှိုက်ယူလိုက်ပြီးလျှင်) နင်တို့ လူလိုက်တဲ့အဝတ်စကိုတောင် ငါ့ကိုလှူလိုက်သေးတယ်၊ ရော့ ဒါ နင်တို့လူလိုက် တဲ့ ပိတ်စ မဟုတ်လား” ပြောပြောဆိုဆို ပိတ်စကိုပြလိုက်ရာ နှမလုပ်သူမှာ ရုတ်တရက် စကားမပြန်နိုင်တော့ပဲ’

“ဩော်၊ ဒါ တပည့်တော်မသား မောင်ပဉ္စင်းလား” ဟု ဆိုကာ အလွန် ဝမ်းသာသွား၏။ သားဦးပဉ္စင်းကြွရာ အရပ်ဘက်လှည့်၍လည်း မြေကြီး၌ ၎င်ဖြင့် တုံ ့ဝပ်ကာ အားရပါးရ ရှိခိုးဦးချပြီးနောက်’

“ဒါမှ ငါ့သား၊ ဒီလို ငါ့သားနဲ့တူတဲ့ ရဟန်းတော်တွေ သက်သေ တင်ပြီး ရထဝိနီတသုတ်လာ အကျင့်တွေ၊ ရောင့်ရဲမှုနဲ့ဘာဝနာမှာ မွေ့ လျော်ပျော် ပိုက်အောင်ဟောတဲ့ မဟာအရိယဝံသတရားတွေကို ဘုရားရှင်ဟောတော်မူခဲ့တာ ဖြစ်မှာအမှန်ပါပဲဘုရား၊ တဝါတွင်းလုံးအမေ့အိမ်မှာ နေ့တိုင်း ဆွမ်းစားနေပါ လျက်ကနဲ့ မယ်တော်ကြီးလို့ တခွန်းမဟဘူး၊ဒါမှအမေ့သားအံ့ဩဖွယ် အာဇာနည် ယောက်ျားပါလား ဘုရား” ဟု သားကိုလှမ်း၍လျှောက်ထားလိုက်လေသတည်း။
(ဝိသုဒ္ဓိမဂ်-၁၊ ဂဂ-လာ ဝတ္ထုကို ပေါ်လွင်အောင် ရေးလိုက်ပါသည်။)

အာဇာနည်ရဟန်းမြတ်တို့၏ ကျင့်ဝတ် ၄-မျိုး

၁။ ရထဝိနီတသုတ်လာအကျင့်များ ဆိုသည်မှာ - ဝိသုဒ္ဓိ ခုနစ်ပါးကို ရထားခုနစ်စင်း ဥပမာပြ၍ဟောကြားသော မူလပဏ္ဏာသ ရထဝိနီတ သုတ်ပင်တည်း။ ဤ၌ ဆိုလိုရင်းကား ယင်းသုတ်လာ ယောဂီ သူတော်ကောင်းတို့ ပြောရမည့်စကားဆယ်မျိုးပင် ဖြစ်၏။ ဆယ်မျိုး ကား အလိုနည်းခြင်းနှင့်စပ်သော စကား၊ ရော့င့်ရဲခြင်း၊ ဆိတ်ငြိမ်

## PAGE 325
<!-- 13 paragraphs, raw extraction -->




ခြင်း၊ လူသူမရောယှက်ခြင်း၊ ပြင်းထန်စွာ အားထုတ်ခြင်း၊ သိလ သမာဓိ၊ ပညာ၊ ဝိမုတ္တိ၊ ဝိမုတ္တိဉာဏဒဿနှင့် စပ်သော စကားမျိုး ကိုသာ ပြောရမည်ဟု ဆိုလိုသည်။

၂။ မောနေယျအကျင့်ကား-နာလကထေရ်အား ဟောသော သုဓာနိပါတ် ပါဠိတော် ၃ ဂဂ-လာအကျင့်များပင်တည်း။ အကျဉ်းအားဖြင့် တော ထဲတွင် သစ်ပင်ရင်း၌ ထိုင်၍ ရပ်၍ တရားကို ပြင်းထန်စွာ အားထုတ်။
နံနက်ဆွမ်းခံဝင်၊ အိမ်စဉ်လှည့်၍ရသော ဆွမ်းကိုစား။ ပင့်ဆွမ်း ပို ဆွမ်း လက်မခံရ။ ဒကာ, ဒကာမတို့နှင့်ပြောဟော မနေရ။ ရွာတရွာ သို့မဟုတ် သစ်ပင်တပင်၌ တရက်သာ ဆွမ်းခံ၊ တရက်သာနေ၊
ဤကား မောနေယျအကျင့်အကျဉ်း။

၃။ တုဝဋကအကျင့်မှာ သုတ္တနိပါတ် တုဝဋကသုတ်လာ အကျင့်များ ပင်တည်း။ လူတို့နှင့်မရောရ၊ လာဘ်ရအောင် မဟောရ၊ တဏှာ, မာန, ဒိဋ္ဌိ, အဝိဇ္ဇာတို့ကို အမြစ်ပြတ်ပယ်သတ်ရန် ဟောသည်။
၄။ မဟာအရိယဝံသအကျင့်မှာ- အင်္ဂုတ္တရ-၁၊ ၃၃၆-လ၁ ပစ္စည်းလေး ပါးရောင်ရဲရပုံနှင့် ဘာဝနာ၌ မွေ့ လျော်ရပုံကို ဟောသည်။
န မုနိဂါမ'မာဂမ္မ၊ ကုလေသု သဟသာ စရေး

"

ဃာသေသန ဆိန္နကထော၊ နဝါစံ ပယုတံ ဘဏေ။

El

“ရဟန်းသည် ရွာသို့ဝင်လျှင် လူဒကာတို့နှင့် အရောတဝင်မနေရ။ ဆွမ်း ရှာရာ၌ စကားမပြောတတ်သောသူ အ,ကဲ့သို့ပြုလျက် ဆွမ်းရရေးနှင့်စပ်၍ စကား မဆိုရ။” (သုတ္တနိပါတ်-၃၈၉၊နာလက။)

မိခင်ကြီးအား သားအဖြစ်မသိစေပဲ ချီးမြှောက်သော နာဂထေရ်ညီနောင်

“ကုလပလိဗောဓခေါ် ဒကာ ဒကာမတို့နှင့်စပ်၍ ကြောင့်ကြနေရမှု’ ဆို ရာ၌ သာမန် ဆွမ်းဒကာ, ကျောင်းဒကာမျိုးလောက်အတွက် ကြောင့်ကြစိုက်ရပူ ကိုပင် မဆိုထားဘိ၊ မိဘအပေါ်၌ပင် ကြောင့်ကြစိုက်ခြင်း ကင်းတော်မူပုံမှာ ကြည်ညိုဖွယ် ကောင်းလှ၏။

ကောရဏ္ဍကရွာစာသင်သား ရဟန်းငယ်ကဲ့သို့ပင် စံတင်ရသော ညီနောင် နှစ်ပါးလည်း ရှိပေသေးသည်။ မဟေဠုမြို့သား စူဠနာဂ,မဟာနာဂခေါ် တော်,နောင်တော်နှစ်ပါး ရှိကြ၏။ စိတ္တလတောင်၌ အနှစ်သုံးဆယ် ကာလပတ်လုံး အတူတကွ သီတင်းသုံးကြသည်။

## PAGE 326
<!-- 10 paragraphs, raw extraction -->




ညီနောင်နှစ်ပါးစလုံး ရဟန်းကိစ္စ ပြီးမြောက်ကြသောအခါ မဟေမြို့ရှိ မယ်တော်ကြီးအား ချီးမြှောက်ရန် စိတ္တလတောင်မှ မဟေမြို့ ကျောင်းတိုက်သို့ နှစ်ပါးအတူ ကြွလာကြ၏။ နောက်တရက် နံနက်တွင် မယ်တော်ကြီးအိမ်ရှေ့၌ အခြား ရဟန်းတော်များကဲ့သို့ပင် အရုဏ်ဆွမ်းအလှူခံ ကြွကြလေ၏။ မယ်တော် ကြီးသည် ဆွမ်းရပ်လာသော မထေရ်၏သပိတ်၌ ယာဂုတမှုတ် လောင်းလှူလိုက် သည်။ သားမထေရ်ကို မမှတ်မိသော်လည်း စိတ်ထဲ၌ သားကဲ့သို့ ကြည်ညိုသွား၍- “ချစ်သား…၊ သင်ဟာ ဒကာမကြီးသား မဟာနာဂများလေလား” ဟု သံသယစကားဖြင့် လျှောက်ရာ မဟာနာဂမထေရ်ကာ

"

"

“ဒကာမကြီး…နောက်ကကြွလာနေတဲ့ မထေရ်ကို လျှောက်ကြည့်ပါဦး” ဟုသာ မိန့်ဆို ကြွသွားလေ၏။ သို့နှင့် ခပ်လှမ်းလှမ်းနောက်က လိုက်ပါကြွလာ သော စူဠနာဂ မထေရ်အားလည်း ယာဂုလောင်းလှူပြီးလျှင်-

..

“ချစ်သား…၊ သင်ဟာ ဒကာမကြီးသား စူဠနာဂများ ဖြစ်နေရော့လား” မတင်မကျ မရွှံ့မရဲ မျက်စိမွဲမွဲ ကတုန်ကယင်ဖြင့် လျှောက်ရပြန်ရာ စူဠနာဂ မထေရ်က’

“ဒကာမကြီး……၊ ဘာဖြစ်လို့ ရွှေက ကြွသွားတဲ့မထေရ်ကို မမေးလျှောက် သလဲ”ဟူ၍သာ မိန့်ဆို ကြွသွားပြန်လေ၏။ မယ်တော်ကြီးခမျာ “ငါ့သားနှင့် တူပေမယ့် မဟုတ်လို့ထင်ပါရဲ့” ဟုသာ စိတ်ကို ဖြေသိမ့်ရရှာလေတော့၏။
(သံ-ဋ္ဌ-၂၊ ၁၅၅။) နိဒါနဝဂ်-ကဿပသံယုတ်-စန္ဒူပမသုတ်၌ အရှင်မဟာကဿပ မထေရ်ကြီး သည် ဒကာဒကာမတို့၌ တွယ်တာကပ်ငြိမှု မရှိရုံမျှမက “နိစ္စနဝက’‘တွေ့တိုင်း တွေ့တိုင်း အသစ်အသစ် (တစိမ်းတရံဆံ) ချည်းဖြစ်၍နေသည်။ ရဟန်းတော်တိုင်း ထိုသို့ကျင့်ရမည်ဟု သင်ခန်းစာ ပေးတော်မူခဲ့လေသည်။

## PAGE 327
<!-- 8 paragraphs, raw extraction -->


ရာ

"

အခန်း(၃)

အလှူပေး အလှူခံစံထော်ဝင် ဆရာ ဒကာများ

တာဝန်ကိုယ်စီ

“ငါတို့သည် ဘိုးဘေးစဉ်လာမပျက် ဆင်းသက်ကိုးကွယ်လာသော သံဃာ တော် အရှင်မြတ်တို့အား အဘယ်အခါမျှ မျက်ကွယ်မပြု၊ ဂရုမမူ၊ မကြည်ဖြူ မလှူဒါန်းပဲ မနေပါ၊ အကယ်၍ နေမိခဲ့လျှင် ဤထမင်းသည် အစာမကြေ အဆိပ်သဖွယ် ဖြစ်ပါစေ။” (ဒုဋ္ဌဂါမဏိမင်းကြီး။)

“ဒကာ,ဒကာမတွေဟာ မင့်ဆီက လယ်ယာမိုးမြေ ရွှေငွေရတနာ ဘာတွေ ကိုမှ မြှော်လင့်ပြီး လူကြာာမဟုတ်၊ ဆွေမျိုးလဲ မတော်စပ်၊ လူ နတ် နိဗ္ဗာန် ချမ်းသာကိုသာမျှော်ပြီး လှူကြတာ၊ ကောင်းပြီ…၊ သင်ကကော သူတို့လိုချင် တာပေးနိုင်မတဲ့လား၊ ရာဂ ဒေါသ မောဟတွေ ဒင်းကြမ်းနဲ့၊ မင်း ဒီဆွမ်း ကို မစားသင့်တော့ဘူး။ (မဟာမိတ္တထေရ်)

## PAGE 328
<!-- 12 paragraphs, raw extraction -->



ရှင်တဆူ လူတယောက်


သီဟိုဠ်ကျွန်း၌ “ဓမ္မိက တိဿမဟာရာဇာ”ဟု ကမ္ဗည်းထိုးရလောက်အောင် တရားသဖြင့် မင်းပြုသော (ဒုဋ္ဌဂါမဏိမင်းကြီး၏ ညီတော်) ‘သဒ္ဓာတိဿ” မင်း ကြီး (၇၇-၅ ၉-ဘီစီ) လက်ထက်၌ ခုနစ်နှစ်ရွယ် သာမဏေငယ် ပုဂ္ဂိုလ်ထူးတပါး ပေါ်ပေါက်ခဲ့၏။

တနေ့သောအခါ မင်းကြီးထံ ပဏ္ဏတော် ထန်းလျက်များ လှည်းအစီး ငါးရာ ရောက်ရှိလာ၏။ မင်းကြီးလည်း ရတနာသုံးပါး လေးစားကြည်ညိုသူ ဖြစ်သည့်အတိုင်းက

“ဤလက်ဆောင် ပဏ္ဏာများကား အလွန် နှစ်သက်ဖွယ် ကောင်းလှသည်။
သံဃာတော် အရှင်မြတ်များအား မလှူမတန်းဦးပဲ မစားသုံးထိုက်'ဟု နှလုံးပိုက်၍ လှည်းအစီး နှစ်ရာ့ငါးဆယ်ကို သံဃာအများဆုံး သီတင်းသုံးတော်မူလျက်ရှိသော မဟာဝိဟာရ ကျောင်းတိုက်ကြီးသို့ ပို ့လှူစေသည်။ မင်းကြီးလည်း ပွဲတော်တည် (ထမင်းစား) ပြီးသောအခါ ကျောင်းသို့ ကိုယ်တော်တိုင် လိုက်သွား၏။

...

မင်းကြီးရောက်လျှင်ပင် သံဃမထေရ်ကြီးက စည်တီး စေလိုက်သောအခါ ရဟန်းသာမဏေပေါင်း တသောင်းနှစ်ထောင် တပြိုင်နက် စုဝေး ရောက်ရှိလာကြ လေသည်။ မင်းကြီးလည်း သင့်လျော်သော နေရာတခု၌နေ၍ သံဃာ့ အလုပ် အကျွေးဒကာ (ကပ္ပိယ) တဦးအား ခေါ်ဆောင်တော်မူလျက် —

+

“အမောင်…ဒါ…ရှင်ဘုရင့်အလှူနော်၊ မောင်မင်းခွက်ပြည့်အောင်ခပ်ပြီး လောင်းလှူရမယ်၊ သံဃာတော်များ ကိုင်ဆောင်လာတဲ့ သပိတ်လဲ ပြည့်လျှံသွား အောင်ထည့်၊ လျော့မနေစေနှင့်၊ ဒါထဲကမှ တိုင်းတိုင်းဆဆနဲ့ အလှူခံတဲ့ ပုဂ္ဂိုလ် ရှိနေသေးယင်လဲ ဘယ်ကိုယ်တော်လဲဆိုတာ ချက်ချင်း သံတော်ဦးတင်လှည့်”ဟု ကြိုတင် မှာထားတော်မူလေ၏။

ထိုအချိန်၌ မဟာဝိဟာရှမှ မထေရ်ကြီး တပါးသည် စေတီယတောင်မှ မဟာဗောဓိ မဟာစေတီများကို ဖူးမြော်ပြီး ပြန်လာရာ ကျောင်းတိုက်သို့ဝင် လာစဉ် ကြေးပြာသာဒ်ကြီးရွှေ့ရှိ မဏ္ဍပ်ကြီးအတွင်း၌ ရဟန်းသံဃာများ တန်းစီ ကာ ထန်းလျက် အလှူခံကြွနေကြသည်ကို တွေ့ရလေ၏။ မထေရ်ကြီးသည် နောက်ဆုံးမှ အလှူခံရန် တန်းစီနေသော သာမဏေကလေးထံ သွား၍’

## PAGE 329
<!-- 19 paragraphs, raw extraction -->

*


၂၈.၆

"

"


“ငါ့ရှင်…၊ ကိုရင့်မှာ ထန်းလျက် အလိုမရှိဘူး မဟုတ်လား” “မှန်လှပါ အရှင်ဘုရား……၊ အလိုမရှိပါ”

“ဒါဖြင့်လဲ ငါ့ရှင်၊ တို့များ ခရီးပန်းလာလို့ ထန်းလျက်ခဲကလေး သီးသီး လုံးလောက် အလိုရှိတယ်”ဟု မိန့်တော်မူလျှင် သပိတ်ကို ထုတ်၍ မထေရ်ကြီး ကိုယ်စား သွားရောက် အလှူခံလေ၏။ ထန်းလျက် လောင်းလှူသော ဒကာက ခွက်ကို ပြည့်ပြည့်ကြီး ခပ်ယူကာ လောင်းထည့်ရန် ဟုန်ပြင်နေခိုက် သာမဏေက လက်ကာ၍ တားလိုက်၏။ ထိုဒကာက—

“ကိုရင်ကလေး၊ ရှင်ဘုရင့်အလှူဆိုတာ အပြည့်အလျှံ လောင်းလှူရတာ ထုံးစံပဲ၊ သပိတ်ပြည့်အောင် ခံယူတော်မူပါ”ဟု လျှောက်ရာ –

"

-

“ဟုတ်ပါတယ် ဒကာကြီး၊ မင်းကြီးစိတ်က အများကြီးလောင်းလှူချင် တယ်ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ကိုရင့်ဥပဇ္ဈာယ်ဆရာက ဒီလောက်ပဲ အလို ရှိလို့ ဒီလောက်ပဲ အလှူခံတာပါ”ဟု ပြောပြ၏။

မင်းကြီးလည်း လောင်းသူ ဒကာနှင့် ကိုရင်ကလေး ရပ်၍ အချီအချ ပြောနေသည်ကို မြင်လျှင် ချက်ချင်း ထသွားရာ ဒကာက အကျိုးအကြောင်းကို ရှင်းပြ သံတော်ဦးတင်သဖြင့် မင်းကြီးကပင်’

"

“ကိုရင်- ယူဆောင်လာတဲ့ သပိတ်ပြည့်အောင်တော့ အလှူခံသွားတော်မူ ပါ”ဟု ထပ်၍ လျှောက်ရာ သာမဏေကလေးကား

“ဒကာတော် မင်းကြီး၊မင်းကြီးစိတ်ဆန္ဒက အများကြီး ခွက်ပြည့်လောင်း လူလိုတာလဲ မှန်ပါတယ်၊ ဒါပေမယ့် ကိုရင့်ဥပဇ္ဈာယ်ဆရာက ဒီလောက်ပဲအလိုရှိ လို့ပါ၊ သည်းခံပါ”ဟု ထပ်၍ အမိန့်ရှိလိုက်လေသည်။

“ကိုရင့် ကြည့်ရတာကဖြင့် ခုနစ်နှစ်သားလောက် ရှိသေး၊ ပါးစပ်က နို့ နံ့မှ မပျောက်သေးဘူး၊ နေ့ဖို့ ညစာ ဗူးနဲ့ ကြုတ်နဲ့ ထည့်ထားပြီး စားမယ်လို့ မပါ ဘူး၊ အင်း…အရွယ်နဲ့ မလိုက်အောင် မြတ်စွာဘုရား အဆုံးအမကို စောင့်ရှောက် နိုင်ပါပေရဲ့”ဟု ဝမ်းမြောက်ကာ အောက်ပါအတိုင်း မှူးမတ်များအား အမိန့်ပေး လိုက်လေသည်။

:

“မောင်မင်းများ၊ ငါကိုယ်တော်မြတ် ဒီ ကိုရင်ကလေးကို ကြည့်ရတာ အလွန်ကြည်ညို သဒ္ဓာ ဖြစ်မိတယ်၊ ကျန်တဲ့ ထန်းလျက် လှည်းအစီးနှစ်ရာ့ငါးဆယ် ကိုလဲ သွားပြီး ယူချေကြ၊ သံဃာတော်အရှင်မြတ်များအား အကုန် လှူရမယ်”

## PAGE 330
<!-- 18 paragraphs, raw extraction -->


i


သံဃာတော်ကိုသတိရ၍·မျိုမကျသော ခါသား


ထိုတိဿမင်းကြီးသည်ပင် တနေ့သ၌ နားရောဂါအတွက် ခါသားကင် ဓာတ်စာပွဲတော်တည်ရန် ဆန္ဒရှိနေ၍‘မည်သို့ပံ့သုကူရနိုင်ပါ့မလဲ”ဟု စဉ်းစားရာ အကယ်၍ မင်းကြီး ခါသားကင် ပွဲတော်တည်ရန် အလိုရှိကြောင်း တစုံတဦးအား ဖွင့်ဟ ပြောဆိုမိလျင်ပင် တယူဇနာအတွင်းမှာပင် ခါငှက်များအား ဒုက္ခပေးကြ မည်ကို စိုးရိမ်တော်မူသဖြင့် သုံးနှစ်တိုင်တိုင် ထိုအာသာဆန္ဒကို မျိုသိပ်ခဲ့ရဘူး၏။
သူတော်ကောင်းတို့သည် သတ္တဝါအား ကိုယ်တိုင်သတ်ခြင်း၊သတ်စေခြင်း မပြုရုံမျှသာမက မိမိအားရည်ရွယ်၍ သတ်သောအသား (ဥဒ္ဒိဿမံသ) ကိုပင် မစားကြပေ။

တနေ့သောအခါ မင်းကြီးနားကအနာမှာ ပြည်တည်လာသဖြင့် ဓာတ်စာ အတွက် ခါသားကို အလိုရှိတော်မူ၍ မင်းချင်းများအား ဥပါယ်တမျဉ်ဖြင့် မေးတော်မူ၏။

66

ရှိသလဲ။”

အမောင်တို့…၊ ငါတို့မင်းချင်းတွေထဲမှာ သီလမြဲတဲ့လူ ဘယ်သူများ

"

“မှန်လှပါ… ရှိပါကြောင်းဘုရား၊ အမတ်ကြီးသား တိဿဟာ ငါးပါး သီလကို မကျိုးမပေါက်အောင် စောင့်ရှောက်ကြောင်း သိရပါတယ်။
“ကဲ… ဒါဖြင့်လဲ ကောင်းပြီ၊ တိဿကို ငါ၏ရွှေ့တော်သို့ ခေါ်ဆောင်

ခဲ့ကြ။”

"

မင်းကြီးလည်း တိဿဆိုသူကို လူသိရရုံ ခေါ်ယူမေးမြန်းပြီး ချက်ချင်း ပြန်လွှတ်လိုက်၏။ မကြာမီ မင်းချင်းတဦးအား ကြက်အရှင်တကောင်ကိုပေးအပ်၍ တိဿထံ အပို့ လွှတ်လိုက်၏။ ၎င်းကြက်ကိုသတ်၍ အချက်, အကင်, အကြော် ဟင်းသုံးမျိုး ပွဲတော်တည်ရန်လည်း မှာကြားလိုက်သည်။ ထိုမင်းချင်း ကြက်ကို ယူဆောင်၍ တိဿအား အမိန့်တော်ကို ပြောပြလျှင် တိဿက-

660

မိတ်ဆွေ…… ခက်တာပဲ……၊ မိတ်ဆွေကြက်က အသေဆိုယင်လဲ ကိုယ်တတ် သလို ချက်ပြုတ်စီမံပြီး ပွဲတော်ဆက်ဖို့ မခဲယဉ်းပါဘူး။ ခုတော့ အရှင်ဖြစ်နေ တော့ ကျုပ် ပါဏတိပါတ မလုပ်ဝံ့ပါဘူး”ဟု ပြောပြလိုက်သည်။

ထိုမင်းချင်းက မင်းကြီးအား ပြန်၍သံတော်ဦးတင်ရာ မင်းကြီးက ထိုသူ အား တခေါက်ပြန်လွှတ်ကာ မင်းချင်းချင်း အနေဖြင့် အပြောခိုင်းပြန်သည်။
“မိတ်ဆွေ တိဿ…၊ စဉ်းစားပါအုံး၊ ရှင်ဘုရင်ကို ခစားရတယ်ဆိုတာ အလွန်ဝန်လေးလှပါတယ်။ ဒီလိုမလုပ်ပါနဲ့။ ခင်ဗျားသီလက ထပ်ပြီးဆောက်

## PAGE 331
<!-- 14 paragraphs, raw extraction -->

၂၈.၈.



{

တည်လဲ ရှနိုင်သားပဲဟာ၊ အမိန့်တော်အတိုင်း ချက်သာ ချက်ပေးလိုက်ပါ”ဟု မင်းချင်းက ပြောလျှင် …

“အင်း… ရှိပါစေ မိတ်ဆွေ..၊ သတ္တဝါဟာ မည်သူမဆို တဘဝမှာ နှစ်ခါပြန်သေရိုးထုံးစံ မရှိပါဘူး။ တဘဝမှာ တခါပဲသေကြရတာပဲ။ တကယ်ပဲ ကျုပ် ပါဏတိပါတ မလုပ်ဝံ့လို့ပါ။ သည်အတိုင်းသာ သံတော်ဦးတင်ပေးပါ” ဟုသာ တိဿက ငြင်းပယ်လိုက်၏။

သုံးကြိမ်တိုင်တိုင် စေခိုင်းသော်လည်း ဇွတ်ငြင်းပယ်နေသဖြင့် မင်းကြီး ကိုယ်ကော်တိုင်' ရွှေတော်ခေါ်၍ အမိန့်တော်ကို နာခံရန် အတန်တန်ပြောပြရာ တိဿမှာ မည်သို့မျှ မလုပ်ဆောင်နိုင်သဖြင့် ငြင်းပယ်မြဲ ငြင်းပယ်ရလေ၏။
မင်းကြီးလည်း အာဏာဖီဆန်သူ တိဿအား သုသာန်ထုတ်ဆောင်၍ ခေါင်းဖြတ်ကွပ်မျက်ရန် , သူသတ်သမား မင်းချင်းများအား ချက်ချင်း အမိန့် ချမှတ်တော်မူလိုက်သည်။မင်းချင်းများက သူသတ်ကုန်းသို့ခေါ်ဆောင်သွားကာ တိဿ၏ခေါင်းကိုဖြတ်ရန် ခြိမ်းခြောက် ပြင်ဆင်နေကြ၏။ တိဿအား သူသတ် ကုန်း၌ တုံးလုံးလှဲအိပ်စေကာ ကြက်အရှင် တကောင်ကိုလည်း တိဿလက်ထဲသို့ ပေးလိုက်၏။ အမိန့်တော်အတိုင်း ဆောင်ရွက်ရန် ချော့၍ ခြောက်၍ ပြောဆို ကြစဉ် တိဿသည် လက်ဖြင့်ကိုင်ထားသော ကြက်ကို–

"

“ကဲ… ချစ်သား၊ သင့်အား ငါ့အသက်ကို ပေးလှူပါတယ်၊ သင့်ကိုယ်စား အသေခံ၍ သင့်အသက်ကို ငါလဲလှယ် ယူလိုက်ပါပြီ၊ သင် ချမ်းချမ်းသာသာ သွားလိုရာသွားပေတော့”ဟု သူသတ်သမားများရွှေ့၌ပင် ပြောဆိုလွှတ်လိုက်၏။
ကြက်ကြီးမှာ ဝမ်းသာလွန်း၍ အတောင်ပံများ ရိုက်ခတ် တွန်မြည်ကာ ပျံတက် ပြီးလျှင် ပညောင်ပင်၌ သွား၍ ပုန်းခိုနေလေ၏။ (ကြက် ဘေးမဲ့ပေးရာ ဌာန ကို ယခုအခါ “ကုက္ကုဋ္ဌဂီရိ-ကြက်တောင်”ဟု ခေါ်သည်။)

မင်းချင်းများမှာ မင်းကြီး မှာကြားလိုက်သော အတွင်း စကား အရ တိဿလုလင်အား မသတ်ပဲ မင်းကြီးအား ပြန်၍သံတော်ဦးတင်ကြရ၏။ မင်းကြီး လည်း အကြောင်းစုံသိရသောအခါ တိဿလုလင်အား ကောင်းမွန်သော အဝတ် တန်ဆာများ ဆင်ယင်စေ၍ ရွှေတော်၌ ခစားစေ၏။

တော်ပါပေစွ အမောင်တိဿ၊ ငါကိုယ်တော်မြတ်ဟာ သင့်အား ဒီရည်ရွယ်ချက်နှင့် စုံစမ်းခြင်းဖြစ်တယ်၊ ငါကိုယ်တော်မြတ် နားမှာ အနာ ဖြစ် ပေါ်နေ၍ ခါသားကင် ဓာတ်စာစားလိုသည်မှာ သုံးနှစ်ပင်ကျော်ခဲ့ပြီ အမောင်၊
အမောင်ဟာ ငါကိုယ်တော်မြတ် အတွက် ခါသား ပံ့သုကူစစ်စစ် ရအောင် ကြံဆောင် ဆက်သနိုင်ပါ့မလား”ဟု အကြောင်းစုံ ဖွင့်ဟမိန့်တော်မူလျှင်…

"

“ထိုကိစ္စမှာ ကျွန်တော်မျိုးတို့၏ တာဝန်ပင် ဖြစ်ပါတယ်”ဟု သံတော်ဦး

တင်လိုက်သည်။

## PAGE 332
<!-- 13 paragraphs, raw extraction -->

:


နေစဉ်



တိဿ အမတ်သားလည်း . မြို့တံခါးဝတခု၌ စောစောထ၍ စောင့်ကြို ခါအသေသုံးကောင်ကိုယူဆောင်ကာမြို့တွင်းသို့ဝင်လာသောလူတယောက် ကို အဆင်သင့် တွေ့ကြုံရသဖြင့် အသပြာ ငွေနှစ်ကျပ်ပေး၍ ဝယ်ယူလိုက်၏။
ခါသေများကို ကောင်းစွာ ကိုင်တွယ်စီရင်ပြီးနောက် ချင်း၊ ဗီယာ စသည်တို့ဖြင့် ထုံ၍ မီးကျီး၌ကင်ပြီးလျှင် မင်းကြီးအား ဆက်သလေ၏။

.

မင်းကြီးလည်း နန်းရင်ပြင် ရာဇပလ္လင်ထက်၌စံနေခိုက် ခါသားကင်များ လာရောက် ဆက်သ သဖြင့် သုံးနှစ်သုံးမိုး စောင့်နေရသည် အားလျော်စွာ ချက်ချင်းပင် ခါကင်တခုကိုချိုးဖဲ့ပြီးဝါးစားလိုက်ရာ လွန်စွာအရသာတွေ့သွား၏။
မင်းကြီးလည်း ခါသားကို အားပါးတရ ၀ါးစားနေယင်း ပါးစပ်ထဲမှ ခါသားကိုထွေး၍လက်ဖြင့် ယူလိုက်ပြီး မြေကြီးပေါ်သို့ ပစ်ချရန် ဟန်ပြင်နေခိုက် တိဿသည် ဒူးတုပ်လျက်က အနားသို့ တိုးကာ ပါးစပ်ဟ၍ ခံယူလိုက်သည်။
မည်သည့်အန္တရာယ်မျှမရှိ၊ လတ်ဆတ် ကောင်းမွန်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် မင်းကြီးကား မကောင်း၍စွန့်ပစ်ခြင်းမဟုတ်၊ ကောင်းလွန်း၍ စွန့်ပစ်ခြင်းဖြစ်လေသည်။
အလွန်အရသာရှိသော အသားကို သုံးဆောင်ရသဖြင့် သံဃာတော်များကို သတိရတော်မူသောကြောင့် ဖြစ်သည်။

“ရေမြေသနင်းမင်းဖြစ်သော ငါကိုယ်တော်မြတ်တောင်မှ ခါသားပံ့သုကူ ကို စားချင်နေတာ သုံးနှစ်ပင် ကြာသော်လဲ စားခွင့် မရခဲ့ဘူး။ သူတကာ လောင်းလှူမှ ဘုဉ်းပေးတော်မူရတဲ့ သံဃာတော်အရှင်မြတ်များ ဘယ်မှာ ဒါမျိုး ရနိုင်ပါ့မလဲ”

"

စွန့်ပစ်သည်ကို ပါးစပ်ဖြင့် ခံလင့်နေသော တိဿ အမတ်သားကိုလည်း’ “မောင်မင်း ခါသားဟာ ဘာအပြစ်မှ မရှိဘူးဆိုတာသိပါတယ်ကွယ်”ဟု မိန့်တော်မူကာ ထူးစွန့်ရခြင်း၏ အကြောင်းကို ရှင်းပြလိုက်၏။ ကျန် ခါ နှစ်ကောင်ကိုလည်း ကောင်းစွာ ပြန်ကပ်ပြီး သိမ်းဆည်းထားရန် မိန့်မှာလိုက်လေ သည်။

အလှူခံ ပမာဏ မသိသူနှင့် သိသူ

နောက်တရက် နံနက် နန်းတော်သို့ ကြွနေကျမထေရ်တပါး ဆွမ်းခံကြွ လာလျှင် အမတ်သား တိဿလည်း မြင်လျှင်မြင်ချင်း သပိတ်ကို လှမ်းယူကာ နန်းတွင်းသို့ ပင့်သွား၏။ တောထွက် ကိုယ်တော်ကြီး တပါးလည်း ထိုမထေရ်၏ နောက်ပါတပည့်အသွင် နောက်က ထက်ကြပ် လိုက်ပါ၍ ဝင်သွား၏။ မထေရ်

## PAGE 333
<!-- 14 paragraphs, raw extraction -->


၂၉ဝ


ကလည်း ထိုတောထွက် ကိုယ်တော်ကြီးအား ရှင်ဘုရင်က အပင့် ခိုင်းထားသော ပုဂ္ဂိုလ်ဖြစ်မည် ထင်လိုက်၏။ အမတ်သား တိဿကလည်း မထေရ်၏အလုပ်အကျွေး တပည့်ဖြစ်မည်ဟု ထင်လိုက်သည်။

နန်းတွင်းသို့ ရောက်လျှင်  ့ အထူးမေးလျှောက်မနေပဲ နှစ်ပါးစလုံးကိုပင် ယာဂုများကပ်၏။ မင်းကြီးကိုယ်တိုင် မြတ်နိုးလှသော ခါသားကင်များကို ဆက် ကပ်ရာ မထေရ်က တကောင်အလှူခံသကဲ့သို့ တောထွက် ကိုယ်တော်ကြီးကလည်း တကောင် အလှူခံလိုက်သည်။

"

“လိုတာ ရှိလျှင် အမိန့်ရှိတော်မူပါ”ဟု မင်းကြီးက လျှောက်၍ ထပ်မံ လိုက်ပွဲကပ်ရာ မထေရ်က လက်ကာ၍ တားလိုက်၏။ တောထွက် ကိုယ်တော်ကြီး ကား သပိတ်ကို ထိုးပေး၍ ခံယူလိုက်သည်။ မင်းကြီးမှာ တောထွက်ကြီး၏ ဘုဉ်းပေး ပြုမူ နေထိုင်ပုံများကို ကြည့်ကာ စိတ် မချမ်းသာလှသဖြင့် မထေရ် ပြန်ကြွလျှင် သပိတ်ပွေ့၍နောက်မှ လိုက်ပါသွားကာ-

"

“အရှင်ဘုရား……၊ ဒကာ, ဒကာမတို့ထံ ကြွတဲ့ မထေရ်များဟာ .အလှူခံ ကျင့်ဝတ် သိနားလည်တဲ့ တပည့်များကိုသာ ခေါ်ဆောင်ကြွသင့်ပါတယ်ဘုရား ဟု လျှောက်ရာ မထေရ်မှာ ထိုအခါကျမှ တောထွက်ကြီးအား ရှင်ဘုရင်ပင့်ထား သော ကိုယ်တော် မဟုတ်ကြောင်း သိတော်မူလေ၏။

နောက်တနေ့ နန်းတော်သို့ ကြွရာတွင်ကား သာမဏေငယ် တပါးကို နောက်ပါ ခေါ်၍ ကြွတော်မူလာ၏။

မင်းကြီးမှာ နောက်တနေ့တွင်လည်း ယာဂုနှင့် မိမိမြတ်နိုးသော ခါသား ကင်ကို ဆက်ကပ်လေရာ မထေရ်က တကောင် ခံယူ၏။ သာမဏေငယ်အား ကပ် ရာတွင် သာမဏေမှာ ကြိုတင် မှာကြားထားခြင်းမရှိပဲလျက် လက်ဖြင့် အမူအရာ ပြလျက် တဝက်ခွဲပြီး အလှူခံလေသည်။ ထိုတဝက်ကိုပင် မင်းကြီးက မထေရ်အား ကပ်လှူပြန်ရာ လက်ကာ၍ တားမြစ်တော်မူ၏။ သာမဏေအား တဖန် ထပ်၍ ကပ်ပြန်၏။ လက်ကာ၍ ပြလိုက်လေသည်။

မင်းကြီးသည် မိမိမြတ်နိုးသော သံဃာတော်များအား နှစ်ခြိုက်လှသော ခါသားကင်ကို နှစ်ရက်တိုင်တိုင် ဆက်ကပ်ပြီးမှ ကျေနပ်လှသဖြင့် မလှမ်းမကမ်း တနေရာ၌ ထိုင်လျက် ခါသားကင်နှစ်ကောင်ခွဲကို ချိုးဖဲ ့၍ မြိန်ရေရှက်ရေစားသုံး

လေ၏။

“အင်း….ကျင့်ဝတ် နားလည်သော သူတော်ကောင်းများကို မှီခိုခွင့် ရတဲ့ အတွက် ငါစားချင်နေတဲ့ ခါသားကင်မှာ ယခုမှ စားရပေတော့တယ်”ဟု ပြောပြောဆိုဆို ဝမ်းသာ အားရ စားနေခိုက်မှာပင် နားနှစ်ဘက်ရှိ အနာက ပြည် ပုပ်များ ပွက်၍ ထွက်ကျသွားကုန်၏။ ထို့နောက် ခံတွင်းကို ဆေးကြော (ပလုပ် ကျင်း)ပြီးနောက် သာမဏေငယ်ထံ ချဉ်းကပ်၍—

## PAGE 334
<!-- 20 paragraphs, raw extraction -->



၂ ၉ ၁

မင်းကြီး ကိုရင်…၊ ဒကာတော်မင်းကြီး အလွန် ကြည်ညိုသဒ္ဓာ ပွားလှပါ တယ်။ ကိုရင့်အား ဒကာတော် နေ့စဉ် ဆွမ်းရှစ်ပွဲလှူပါတယ်။
မင်းကြီး…၊ ထို ဆွမ်းရှစ်ပွဲကို ကိုရင့် ဥပဇ္ဈာယ် ဆရာတော်အား လှူပါ၏။

ကိုရင်

မင်းကြီး `ဒါဖြင့် ဘုရား...၊ နောက်ထပ် ရှစ်ပွဲ လှူပါတယ်။

ကိုရင်

အဲဒီရှစ်ပွဲကို ကိုရင့် စာချဆရာတော်အား လှူပါ၏။

မင်းကြီး နောက်ထပ်လဲ ရှစ်ပွဲလှူပါဦးမယ်ကိုရင်။

ကိုရင် ဒါကိုတော့ ဥပဇ္ဈာယ်ဆရာတော်နှင့် သက်တူရွယ်မျှ မထေရ်ကြီး များအား လှူပါ၏…မင်းကြီး။
နောက်ထပ်လဲ ရှစ်ပွဲလှူပါတယ် ကိုရင်။

မင်းကြီး

ကိုရင် ဒီရှစ်ပွဲကိုတော့ သံဃာများအား လှူပါ၏။
မင်းကြီး နောက်ထပ်လဲ ရှစ်ပွဲထပ်ပြီး လှူပါတယ်ဘုရား။

ကိုရင်

(လက်ခံသောအားဖြင့်) ဆိတ်ဆိတ်နေလေ၏။

(သံ-ဋ္ဌ-၃၊ ၆ဂ-ရထောပမသုတ်အဖွင့်။)

အလိုက်မသိလျှင် မိဘပင် မကြည်ဖြူ

ထိုတိဿမင်းကြီးသည်ပင် စေတီယတောင်၌ သံဃာတော်များအား နေ့စဉ် ဆွမ်းလောင်းလှူတော်မူရာ ဒီတနေရာတည်းပဲ လောင်းနေရသလား။ တခြား ဌာနတွေမှာ မလောင်းရကောင်းလား”ဟု ပြောဆိုကြသဖြင့် အနုရာဓမြို့၌ လောင်း လှူရပြန်သည်။

အနုရာဓမြို့၌ လောင်းလှူရာတွင် ဆွမ်းသံဃာ တပါးတလေမျှ အတိုင်း အရှည်ပမာဏကိုသိသော ရဟန်း မရှိချေ။ ဆွမ်းဘောဇဉ်များကို တပါးတည်းက နှစ်ပါး သုံးပါး ဘုဉ်းပေးလောက်အောင်ပင် အပိုအလျှံ ခံယူကြ၏။

နောက်တနေ့တွင် စေတီယတောင်၌ သီတင်းသုံးသော သံဃာတော်များ အား နန်းတော်သို့ ကြွရောက် အလှူခံရန် ပင့်ဖိတ်လေ၏။ သံဃာတော်များ ကြွလာလျှင် မင်းကြီးက စိတ်တိုင်းကျ လောင်းလှူရန်—

“သပိတ် ချီးမြှင့်ပါဘုရား”ဟု လျှောက်ရာ

## PAGE 335
<!-- 11 paragraphs, raw extraction -->




“ဒကာတော် မင်းကြီး သည်းခံပါ(နေပါစေ)၊ ရဟန်းသံဃာတော်များ ကိုယ့်ပမာဏ ကိုယ်သိပြီးအလှူခံတော်မူကြပါလိမ့်မယ်”ဟု မိန့်တော်မူကာတပါးမျှ သပိတ်ကို မပေးအပ်ကြချေ။ ကိုယ့်ပမာဏ ကိုယ်ကြည့်၍ တန်သလောက် လက် ရိပ်ပြကာ ခံယူတော်မူကြလေသည်။

ဆွမ်းလောင်းပြီးသောအခါ မင်းကြီးက မထေရ်များအား

“အရှင်ဘုရားများ ဘုရား…၊ ရဟန်းတော်တွေထဲမှာ တပါးတလေမျှ ပမာဏ မသိကြပါလားဘုရား။ မနေ့ကဆိုယင် တဇွန်းစာမျှ မကျန်ဘူး။ ကနေ့ ကျတော့လည်း အလှူခံတာကနည်းနည်း၊ ကျန်နေတာက အဆမတန် များနေ ပါတယ်။ ကြည့်ပါအုံးဘုရား"ဟု ကျန်နေသော ဆွမ်းဘောဇဉ်များကို ညွှန်ပြ၍ လျှောက်ထားလိုက်၏။

များများ လောင်းလှူလိုသော်လည်း နည်းနည်းမျှသာ လိုအပ်သလောက် အလှူခံ၍ ဝမ်းသာ ဝမ်းမြောက် လျှောက်ခြင်းဖြစ်၏။ ယမန်နေ့က လောင်းလှူ ရာတွင် ပမာဏမသိသော ရဟန်းများ အကြောင်းကိုလည်း စိတ်မကောင်းလှ သဖြင့် အသိပေးခြင်း ဖြစ်ပေသည်။

ဤအကြောင်းအရာနှင့် တဆက်တည်းပင် အဋ္ဌကထာဆရာကြီးက “အလို ကြီးသော ရဟန်းအား မွေးသမိခင်ကပင် မကြည်ညိုကြောင်း၊ မီးပုံကြီးသည် လောင်စာကို အားရပြီ မရှိသကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသည် ဝင်လာသမျှ ရေကို လက်ခံကာ ပြည့်လျှံတန်ပြီ မရှိသကဲ့သို့ လည်းကောင်း၊ အလိုကြီးသူအား ပစ္စည်းလေးပါးများစွာ (လှည်းဖြင့်တိုက်၍) ပေးသော်သည်း အားရ ကျေနပ် ပြီမရှိ၊ ပြည့်နိုင်ခဲကြောင်း” ဘုရားဟော ဒေသနာကို ထောက်ပြတော်မူ၏။
သားအမိ ဝတ္ထုတပုဒ်ကိုလည်း ဖော်ပြထားလေသည်။

မုန့်ခဲဖွယ်ကို ကြိုက်နှစ်သက်လှဘော သားဦးပဉ္စင်းတပါးအား မိခင် ဒကာမကြီးက အကျင့်ကို စုံစမ်းသော အနေဖြင့်’

“တကယ်လို့ ငါ့သားမောင် ပဉ္စင်း....အလှူခံ ပမာဏသိလျှင် တဝါတွင်းလုံး မုန့်ခဲဖွယ်လှူမည်'ဟု စိတ်ကူးကာ ဝါဆို ဝါကပ်သော နေ့တွင် ပထမ မုန့်တခု ကို ကပ်လိုက်၏။ ကုန်သွား၍ ဒုတိယတခု ကပ်ပြန်၏။ ကုန်သွားပြန်၍ ထပ်ပြီး ကပ်ပြန်၏။ တော်လောက်ပြီ ဒကာမကြီး´ဟု တခွန်းမဟ၊ ကပ်သမျှ အကုန် ဘုဉ်းပေးပစ်လိုက်သည်။

“အင်း… ငါ့သားကဖြင့် တဝါတွင်းလုံး နေ့တိုင်းကပ်မယ့်မုန့်ကို ဒီနေ့ တရက်တည်းနဲ့ ကုန်အောင် ဘုဉ်းပေးလိုက်ရန်ကော”ဟု သဘော မတွေ့သဖြင့် နောက်နေ့မှစ၍ မုန့်တခုမျှ မကပ်တော့ ဟူ၏။ (ဝိဘင်္ဂ-ဋ္ဌ၊ ၄၅၅-ခုဒ္ဒက၀တ္ထု ဝိဘင်းအဖွင့်။ မ-ဋ္ဌ-၂၊ ၄၅။)

## PAGE 336
<!-- 13 paragraphs, raw extraction -->



အလှူခံရာ အလိုနည်း၍ ပမာဏသိရခြင်း

၂ ၉ ၃

ရဟန်းသံဃာတော်တို့သည် ဒကာ,ဒကာမတို့၏ သဒ္ဓာဒေယျ (ယုံကြည် သဖြင့် လှူအပ်သော) ပစ္စည်းလေးပါးကို အမှီသဟဲ ပြုနေကြသရဖြင့် သုံးစွဲရာ၌ အလိုနည်းရ၊ ပမာဏ သိရသကဲ့သို့ အလှူခံယူရာ၌လည်း အလိုနည်းရ၊ ပမာဏ သိကြရလေသည်။

အလှူခံရာ၌’(၁)ဒါယကာ၏ အခြေအနေ၊ (၂)ပစ္စည်းဝတ္ထု၏ အခြေ အနေ၊ (၃)မိမိ၏ အခြေအနေ သုံးမျိုးဖြင့် ခြင့်ချိန်တွက်ဆ ပမာဏကိုကြည့်၍ အလှူခံရ၏။

၁။ လှူဖွယ်ဝတ္ထု များစ္စာရှိနေစေကာမူ ပိုင်ရှင်ဒကာက နည်းနည်းသာ လှူလိုပုံရလျှင် ဒကာကိုငဲ့၍ နည်းနည်းသာ ခံယူရ၏။

၂။ ဒကာက သဒ္ဓာကောင်း၍ များများ လှူလိုသော်လည်း ဝတ္ထုပစ္စည်း နည်းနေလျှင်(ဆင်းရဲသားသော် လည်းကောင်း ဖြစ်လျှင်) ဝတ္ထု ပစ္စည်းကိုငဲ့၍ နည်းနည်းသာ ခံယူရ၏။

၃။ ဒကာကလည်း များများလှူလို၏။ ဝတ္ထုပစ္စည်းကလည်း ပေါပေါ များများရှိနေ၏။ သို့ရာတွင် အလှူခံပုဂ္ဂိုလ်က မိမိတို့၌ သုံးစွဲလောက် ရုံသာ ခံယူရသည်။

ယင်းသို့ ပမာဏသိသော အလှူခံပုဂ္ဂိုလ်အား မရရှိသေးသော လာဘ် လာဘများ အလွယ်ထကူ ရတတ်၏။ ရပြီး လာဘ်လာဘများ အစိုင်အခဲ အမြဲ တည်တံ ့၏။ ပျောက်ရှလေလွင့်ခြင်း မရှိ။ (သံ-ဋ္ဌ-၃၊ ၆ဂနှင့် အပိစ္ဆတာ,ဘော ဇနေမတ္တညူ-ပုဒ်အဖွင့် အဋ္ဌကထာများ။)

သဒ္ဓာများ၍ ပစ္စည်းရှားသော သောတာပန် သပိတ်ဒကာ

ဘုရားလက်ထက်တော်ကလည်း ကပိလဝတ်မြို့သား သောတာပန် သပိတ် ဖုတ်သမားသည် နိဂြောဓာရုံ သံဃာများအား သပိတ်အလှူ ဖိတ်မန်ထားရာ ရဟန်းများက အလိုက်မသိ အလှူခံ နှိပ်စက်ကြသဖြင့် ရောင်းဖို့ဝယ်ဖို့ သပိတ်ကို အလျဉ်မီအောင် မဟုတ်လုပ်နိုင်။ မှီခိုသူ မိသားစုအားလုံး စားဝတ်နေ ဆင်းရဲ ကျပ်တည်းခဲ့ကြရဖူး၏။

သောတာပန်ဖြစ်၍ စိတ်ဆင်းရဲခြင်း၊ မတော်မတရား စီးပွားရှာခြင်း၊
လူခြင်းစသည် မရှိခဲ့ပေ။ (ဝိ-ဋ္ဌ-၂၊ ၂၈၆။ ပါဠိ-၃၅၅-ဦနပဉ္စဗန္ဓနသိက္ခာပုဒ်။)

## PAGE 337
<!-- 16 paragraphs, raw extraction -->




မလိုချင်မှများများရ

"

တခါက ဥဒေနမင်းကြီးသည် မိဖုရားငါးရာတို့အား မိမိ အမြတ်တနိုး ဆုချထားသော အထည်ငါးရာစလုံး သိမ်းကျုံး အလှူခံရကောင်းလား” ဟု အရှင် အာနန္ဒာအား ကဲ့ရဲ့ရှုတ်ချလျက် ကျောင်းတော်သို့ လိုက်ပါ လျှောက်ထားရာ အဝတ်သင်္ကန်းများကို အမှုန့်ဖြစ်သည်အထိ စွန့်ပစ် လေလွှင့်ရခြင်း မရှိအောင် စနစ်တကျ သံဃာတော်များ သုံးစွဲကြောင်း သိရသောအခါ နောက်ထပ် အဝတ် အထည် ငါးရာကိုပင် ထပ်၍ လှူလိုက်လေသည်။ (ဝိနည်းစူဠဝဂ္ဂ-ဗြဟ္မဒဏ္ဍကထာ- ၄၈၇။)

ဒုကနိပါတ်-ဂုဏဇာတ် (ဇာဋ္ဌ-၂၊ ၂၁)၌ ကောသလမင်းကြီးလည်း ဥဒေန မင်းကြီးကဲ့သို့ပင်ဖြစ်၍ နောက်ထပ် တထောင်စီတန်သော အဝတ်အထည် ငါးရာ အရှင်အာနန္ဒာအား လှူခဲ့ရဖူးလေသည်။

JIL

အရှင်မောဂ္ဂလ္လာန်ပင် သစ္စာတရားကို အာမ မခံနိုင်

"

သုပ္ပာဝါသာ ဆွမ်းအလှူကိစ္စအတွက် အလျင်ပင့်ထားနှင့်သော ဒကာအား သွား၍ ရက်ရွှေ့ရာ ဒကာက အရှင်မောဂ္ဂလ္လာန်အား အာမခံပေးရန် သုံးချက် တောင်းဆိုလေရာ- “ဒကာ….၊ ခုနစ်ရက်အတွင်းမှာ သင့်အသက်နှင့် ပစ္စည်းများ မသေမပျောက်ရအောင် ငါ တာဝန်ခံနိုင်တယ်၊ ဒါပေမယ့် သင့်သဒ္ဓာတရားကို တော့ သင့်ဟာသင် စောင့်ရှောက်ပါ၊ ငါ အာမ မခံနိုင်ဘူး”ဟု ပြောပြရသည်။

တန်ခိုး ဣဒ္ဓိပါဒ် ကြီးမြတ်သော အရှင်မောဂ္ဂလ္လာန် မထေရ်ကြီးပင် သဒ္ဓာ တရားကို အာမ မခံနိုင်ချေ။ ပုထုဇဉ်တို့၏ သဒ္ဓာတရားသည် စွဲမြဲခိုင်မာခြင်းမရှိ၊
ခြေတလှမ်းအတွင်းမှာပင် ပြောင်းလဲသွားနိုင်လေသည်။ (ဥဒါန-သုပ္ပဝါသာ သုတ်-ခုဒ္ဒကာဒိ-၉၆။ အံ-ဋ္ဌ-၁၊ ၁၃၁-သမ္မုခိဘာဝသုတ်အဖွင့်။)

ထို့ကြောင့်လည်း “ဒုလ္လဘာ သဒ္ဓာသမ္ပတ္တိ ဟု ဟောတော်မူခဲ့၏။ ဒကာ ဒကာမတို့၏ သဒ္ဓာတရားကို ပန်းဝတ်ရည် စုပ်ယူသော ပျားပိတုန်းပမာ သတိ ကြီးစွာ စောင့်ရှောက် အပ်လှပါပေသည်။

တောင်းသူ မပေးနိုင်သူ ငိုသည် မည်ပုံ

တောင်းသောသူသည်၊ ငိုသောမည်၏။ မကြည်မဖြူ၊
သူလည်း၊ ထို ့တူခေါ်လေ့၊ ပြန်၍ငိုသည်၊ သူပင်မည်၏။

မပေး

## PAGE 338
<!-- 13 paragraphs, raw extraction -->




စိတ်ကြည်မနူး၊ နှစ်ဦးနှစ်ဝ၊ တူအမျှပင်၊ ဒေါသ (အပြစ်) မလွတ်၊ ဖြစ်သတတ်ကြောင့်၊ သူမြတ်သူလျာ၊ သူတော်စွာတို့၊
ဗာရာပြည့်ရှင်၊ ဒကာစင်လျက်၊ လက်တွင်ဆောင်ယူ၊ တောသလူ ရွက်၊ထီးတလက်နှင့်၊ သက်သက်တထပ်၊ လွှာဖိနပ်မျှ၊ လိုအပ်လျက် ကဲ့၊ခံတွင်းမဲ့သို့၊ ဆယ့်နှစ်နှစ်ကျော်၊ တိုင်အောင်သော်လည်း၊ နှုတ် တော်ဖွင့်လှစ်၊ မတောင်းဖြစ်တည်း။(မဃဒေဝ။) ယာစန ရောဒနံ အာဟု၊ ပဉ္စာလာနံ ရထေသဘ။
ယော ယာစနံ ပစ္စက္ခာတိ၊တ'မာဟု ပဋိရောဒနံ။ ။
(စတုက္က ဗြဟ္မဒတ္တဇာတ်-ဗ၁-ဋ္ဌ-၃၊ ၇၄။)

“တောင်းလျှင် မပေးပဲမနေရ၊ နည်းနည်းပင်ဖြစ်စေ ပေးရ၏။ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော” (ဓမ္မပဒ)

ဆင်းရဲသား ဆွမ်းတထုပ်ကြောင့် ရဟန္တာဖြစ်သွားသော ပိဏ္ဍပါတိကတိဿ ထေရ်

ထိုနေ့ကား သီဟိုဠ်ကျွန်း တိဿမဟာဝိဟာရ ကျောင်းတိုက်ကြီး၌ ရဟန်း ရှင်လူများ ပျားပန်းခပ်မျှ စည်ကားလှသော နေ့ကြီး ဖြစ်၏။

ထူးဆန်းသော ဖြစ်ရပ်တခုကြောင့် ကာကဝဏ္ဏတိဿမင်းကြီးပင် မင်းခမ်း မင်းနားဖြင့် လာရောက် ပူဇော်လေသည်။

အကြောင်းကား အာဂန္တက ရဟန်းတော်တပါး သံဃပရိသတ်အလယ်၌ ထူးဆန်းစွာ စုတိကမ္မဇရုပ် ချုပ်ငြိမ်းသွားသောကြောင့် ဖြစ်၏။ ရဟန်းသံဃာ တော်များ ဓမ္မသံဝေဂဖြစ်ကာ လူဒကာ, ဒကာမများလည်း ပန်းဆီးမီးနံ့သာ များဖြင့် သူ ့ထက်ငါ လာရောက်ပူဇော်ကြ၏။ တအံ့တဩ ပြောဆို ချီးမွမ်း ကြသည်။ မင်းကြီး ကိုယ်တိုင် ဦးစီး၍ အလောင်းတော်ကို စံကျောင်းပြာသာဒ်၌ တင်လှူပူဇော်ကြ၏။

ခန္ဓာဝန်ချပုံ ထူးဆန်းသကဲ့သို့ မီးသင်္ဂြိုဟ်မည် ရှိသောအခါတွင်လည်း အံ့ဩကြရပြန်သည်။ သာဓုကီဠန ဓမ္မ သဘင်ကြီး ပြီးစီး၍ အလောင်းတော်ကို မီးသင်္ဂြိုဟ်ရန် ပင့်ဆောင်ကြရာ လူအားဖြင့် ပင့်မ, သော်လည်း မရပဲ ရှိလေ၏။
မည်သို့မျှ မကြံတတ်အောင် ရှိနေကြစဉ် မင်းကြီးက ရုတ်တရက် အကြံရသဖြင့် သံဃမထေရ်ကြီးထံ ချဉ်းကပ်၍’

"

“ဆရာတော်ဘုရား……၊ ပြန်လွန်တော် မမူမီက မည်သို့သော စကားအထူး များ မိန့်ကြားသွားပါသေးသလဲ ဘုရား”ဟု လျှောက်ရာ မထေရ်ကြီးမှာလည်း

..

## PAGE 339
<!-- 15 paragraphs, raw extraction -->


၂ ၉ ၆


အရှင်တိဿမထေရ် မပြန်လွန်မီက သံဃပရိသတ်အလယ်၌ လျှောက်ထားသွား သော အကြောင်းကိုသာ ပြန်လည် အမိန့်ရှိတော်မူလေသည်။

အရှင်တိဿမထေရ် ထုတ်ဖော်အမိန့်ရှိသွားသော စကားများမှာ အောက် ပါအတိုင်းဖြစ်ပေ၏။

မဟာဂါမ နေပြည်တော်ကြီး၌ ထင်းခွေ ထင်းရောင်း၍ အသက်မွေး ရခြင်းကြောင့် “ဒါရုဘဏ္ဍက မဟာတိဿ'ခေါ်သော သူဆင်းရဲတဦး ရှိ၏။ တနေ့ သောအခါ မဟာတိဿသည် သူ၏ ဇနီးသည်အား−

“ရှင်မရေ……၊ငါတို့မှာ အသက်မွေးဝမ်းကျောင်းရတာ တယ်ဆင်းရဲလှပါ ကလား။ မြတ်စွာဘုရားက ဆင်းရဲသားများ အလှူဒါနဟာ တယ်ပြီး အကျိုး များတယ်လို့ ဟောဖူးတယ် မဟုတ်လား။ ငါတို့ နိစ္စဗဒ် နေ့စဉ် အလှူတခု ပြုကြဖို့ မလွယ်ဘူး၊ ဒီတော့ လပြည့် လကွယ် ဆွမ်းဖြစ်ဖြစ်၊ စာရေးတံဆွမ်း ဖြစ်ဖြစ် လှူကြရအောင်ကွယ်။”

"

ထိုအကြံကို အိမ့်ရှင်မကပါ သဘောတူသဖြင့် နောက်တနေ့မှာပင် ပက္ခဆွမ်း (လဆန်းတကြိမ်, လဆုတ်တကြိမ်လှူသောဆွမ်း) လောင်းလှူကြ၏။ ထိုအချိန်ကား သံဃာတော်များ ပစ္စည်းလေးပါး ပေါများသောအခါဖြစ်၍၊ သာမဏေများ သည်ပင် အစားကောင်းများ ရရှိနေကြသဖြင့် ထင်းရောင်းသမအလှူကို ခံယူရုံသာ ခံယူကြ၏။ မြင်လောက်သော နေရာ၌ပင် စွန့်ပစ်ခဲ့ကြသည်။ ထိုထင်းသည်မသည် အိမ့်ရှင် ယောကျ်ားအား ပြန်လည် ပြောပြရုံမှတပါး စိတ် ထိခိုက် ခြင်းကား မဖြစ်ပေ။

"

သမီးကို ပေါင်နှံ၍ နွားမတကောင် ဝယ်ခြင်း

“ရှင်မ….တို့မှာ၊ ဆင်းရဲသားလှူ လှူရတာဆိုတော့ အရှင်မြတ်များ ကောင်း ကောင်းမွန်မှုန် ဘုဉ်းပေးလို့ရအောင် လှူဖို့က မလွယ်ဘူးကွယ့်။ အရှင်မြတ်များ စိတ်ကျေနပ် ချမ်းသာအောင် ဘယ်လိုလုပ် ကြံရမလဲ။”

a

II

“ကိုတိဿာ..၊ ဘယ်လိုပြောလိုက်တာလဲ၊ သားသမီး ရတနာရှိတဲ့လူဟာ ဆင်းရဲတယ်လို့ မခေါ်နိုင်ပါဘူး၊ (အနီးရှိ သမီးငယ်ကို လက်ညှိုးထိုး၍)ဒါရှင်နဲ့ ကျွန်မတို့ သမီးပဲ။သူ ့ကို တအိမ်အိမ်မှာ အစေအပါးလုပ်ဖို့ သွားအပ်၊အသပြာငွေ ၁၂-ကျပ်လောက်ရယင် နို့စားနွားမ တကောင် ဝယ်ခဲ့ပေါ့။ အရှင်မြတ်များ ကို နို ့သံနာ စာရေးတံဆွမ်း လောင်းလှူရယင် အရှင်မြတ်များ စိတ်ချမ်းသာ တော်မူကြမှာ အမှန်ပဲ” ဟု အိမ့်ရှင်မ အကြံပေးသည့်အတိုင်း သမီးငယ်ကို ချမ်း

## PAGE 34
<!-- 48 paragraphs, raw extraction -->


မာတိကာ

(၅၉) အသမ္မောဟသမ္မဇဉ်ကြောင့် နာရီမလိုသော ဂေါဒတ္တထေရ်၊ ကာဠဒေဝထေရ်

(၆၀) အာနာပါနဿတိဖြင့် အံ့ဖွယ်ပရိနိဗ္ဗာန်ပြုသော စိတ္တလတောင် ညီနောင်နှစ်ပါး

(၆၁) သတိကောင်းသော မထေရ်များ

(၆၂) မာတုဂါမကလေး၏ အပြုံးကြောင့် ရဟန္တာဖြစ်သော စေတီယတောင်နေ မဟာတိဿထေရ် ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်းအရာ စံတော်ဝင် .. မလ္လက နှင့် မဟာဒေဝထေရ်

(၆၃)

(၆၄) ခြေတရပ်မျှ အသုဘရှု၍ အနာဂါမ်ဖြစ်သော

တောသား ဦးပဉ္စင်း နှင့် ကိုရင်

အခန့်း ၇၊ တန်ခိုးဖန်ဆင်းမှုအရာ စံတော်ဝင်မထေရ်များ

(၆၅) ဂဠုန်ရန်ကို အမြန်ဆုံးကာကွယ်နိုင်သောဗုဒ္ဓရက္ခိစာထေရ် (၆၆) မာရ်နတ်၏ မီးကျီးမိုးကိုစာားသော မထေရ်











(၆၇) ဝေဇယန္တာပြာသာဒ်ကို ခြေညှပ်၍လှုပ်ယမ်းသော ကိုရင် သံဃရက္ခိတ ၄၅၄ ၆၈) နိရောဓသမာပတ် ဝင်စားမှုအရာ စံတော်ဝင် မဟာနာဂထေရ် (၆၉) ရဟန်းခုနစ်ရာကို ဘန်ခိုးဖြင့်ပင့်ဆောင်သော စူဠ သမုဒ္ဒထေရ် (၇၀) မဟာဗောဓိပင်ကို တန်ခိုးဖြင့်ပင့်၍ဖူးသော တိဿ ဒတ္တထေရ် (၇၁) ရေကို ထောပတ်နိုလုပ်သော မထေရ်

(၇၂) ရှင်ဘုရင်အထင်မှားသည်ကို ပြန်လည်စောင့်ရှောက်သော

ကုဋတိဿ ထေရ်

(၇၃) ကောင်းကင်ပျံတတ်၍ ပရိနိဗ္ဗာန်ပြုသော မဟာဗျဂ္ဃထေရ် (၇၄) မိုးနတ်သားကို ချက်ချင်းမိုးရွာစေခိုင်းသော ကာလကူဋကထေရ်

(၇၅) ကိုရင်ကလေး တော်တော်ဈာန်ကစား

(၇၆) မှန်ကင်းစာလှည့် ထင်းစာလှည့် ဈာနလာဘီ ပုဂ္ဂိုလ်




၄၆ဇ





အခန်း ဂ၊ သိခက်သော အရိယသဘာဝ နှင့် အရိယူပဝါဒ ကံကြီး


(၇၇) ငရဲ နှင့် နတ်ပြည်ကိုပြ၍ စာရားဟောသော

ပုဂ္ဂိုလ်ကျော် ဓမ္မဒိန္နထေရ်


(၇ဂ)

သမာပတ်ကြောင့် အရဟတ္တဖိုလ်ရပြီထင်နေသော

ဟင်္ကနဝါသီ မဟာဒတ္တထေရ် နှင့် နိကပေန္နကဝါသီ

စူဠသုမနထေရ်

(၇၉) အရှင် ဓမ္မဒိန္နဲတူ ပဋိသမ္ဘိဒါအရာ စံတော်ဝင် ရှင် သုဓမ္မ

(၈၀) အဘိညာဉ်မျှဖြင့် ရဟန်းကိစ္စပြီးပြီထင်မှတ်နေသော မဟာနာဂထေရီ ၄၈၅



## PAGE 35
<!-- 40 paragraphs, raw extraction -->


မာတိကာ

(ဂ၁) သမာပတ်ရှစ်ပါးဖြင့် ရဟန်းကိစ္စပြီးပြီ ထင်မှတ်နေသော

မဟာတိဿထေရ်


(ဂ၂) အရိယာကို ပုထုဇဉ်တို့ သိနိုင်ခက်ပုံ စိတ္တလတောင်နေ ဦးပဉ္စင်းကြီး ၄၉ဝ (ဂ၃) အသောကမင်းကြီးဆရာ အဋ္ဌိစ္ဆာစံတော်ဝင် မဇ္ဈန္တိက ထေရ် (ဂ၄) အရိယာပုဂ္ဂိုလ်အား ကဲ့ရဲ့မိသော မထေရ်ငယ်တပါး



(ဂ၅) အရိယူပဝါဒ ကံကြီးမသင့်အောင် စောင့်ရှောက်သော ယသ ထေရီ ၅ဝ၂ (ဂ၆) သောတာပန်တို့၏စိတ်ထားနှင့် ယုံကြည်ချက်ကိုပြသော မထေရ်စာပါးနှင့် ဒကာတဦး

(ဂ၇) တထိုင်တည်း နှင့် ရဟန္တာဖြစ် ကမ္မဋ္ဌာန်းပေးနိုင်သည်ဆိုသော

ပထမတန်း ကမ္မဋ္ဌာန်းနည်းပြ မထေရ်ကြီး

(ဂဂ) တရားထိုင်ခါမှ မိစ္ဆာဒီဌိ ဖြစ်သွားရရှာသော

မဟာ ဝါစကာလ ဒကာကြီး

(ဂ၉) အနစ်နာဆုံး အလိမ်ခံရသူ တာလပုဋဇာတ်အုပ်ဆရာကြီး

(၉၀) . အိုးစရည်း ရဟန္တာ (စံာဋိ အရဟန္တ)

(၉၁) မြစ်ပျဉ်းရဟန္တာ (ပါရော အရဟန္တ)

(၉၂) တိပိဋက စူဠနာဂ မထေရ်တရားပွဲထွင် အနိစ္စ ကြောက်၍ ထွက်ပြေးသူ

(၉၃) အခြေခံကောင်းသူတိုင်း တရားထူးရလွယ်သည်ကိုပြသော မဟာနာဂထေရ်၏ တပည့်တပါး

(၉၄) ရဟန္တာဟုတ်-မဟုတ် စုံစမ်းနည်းများနှင့် ရဟန္တာစုံစမ်းခဲ့သူများ (၉၅) ကိုယ်တွေ့ ဘဝသံသရာဒုက္ခကို ဖော်ထုတ်ပြခဲ့သော သုမနာ ထေရီမကြီး

၅ဝ၅



.၅၂၃

၅၂၅.

၅၂ ၆ ၅၂ ၈

၅ ၃ဝ



အခန်း ၉၊ ရှေးခေတ် သီဟိုဠ်မှတ်တမ်းလာရဟန္တာ့ ပုဂ္ဂိုလ်ထူးများ


(၉၆) ဆွမ်းဒါနကြောင့် သာသနာပြုရ၊ သာသနာ့အမွေခံရသော ဂေါဌဣမ္မရ သူရဲကောင်.ထေရ်

(၉၇) ဦးရီးတော်ဆရာနှင့်မိဘကို တရားပြသောမိဂ ပေါတက သာမဏေ (၉၈) ကောရကျောင်းနေ မဟာအဘယထေရ်

(၉၉) ခွေးပိန်ကလေးအား ကျွေးဖူးသော ထမင်းတလုတ်နှင့်

သူပုန်ခေတ်အတွင်း အဘယထေရ်

(၁၀၀) ကံကန်ခိုးနှင့် အဘိညာဉ်တန်ခိုး နှစ်မျိုးစုံသော ကမ္မသုမနထေရ် (၁၀၁) တိုင်းပြည်ကို မပုန်ကန်၊ ဘဝကိုတော်လှန်သော ဒါဌာသေန သူရဲကောင်းထေရ်






## PAGE 36
<!-- 16 paragraphs, raw extraction -->


မဒုတိကာ

၅၆ဂ

(၁၀၂) သီဟိုဠ်ကျွန်း ရှင်သီဝလိခေါ်ဆိုလောက်သော စူဠနာဂ ထေရ် (၁၀၃) ဒေဝဒူစာ သုတ္တန်ဖြင့် မုဆိုးဘဝမှ ရဟန္တာဖြစ်ရသော ပိယောလထေရ် ၅၇၃ (၁၀၄) ငတ်မွတ်သူတို့အား အလှူအကျိုးကြီးစေသော ရူဝက ဝိဋ္ဌိရွာ ဆွမ်းခံထေရ်

(၁ဝ၅) ဆင်ရိုင်းကြီးဝမ်းဗိုက်အောက်မှ အရဟတ္တဖိုလ်ရသော

ထိဿ မဟာနာဂထေရ်

နောက်ဆက်တွဲ မှတ်ဖွယ်များ

(က) တရုတ်ရဟန်းတော် ဖာဟီယန်ကိုယ်တွေ့

ကျွန်းသီဟိုဠ်၊ ရဟန္တာဈာပနနှင့် ပုဂ္ဂိုလ်ထူးများ

( ခ ) သီဟိုဠ်ကျွန်းသို့ သာသနာသက်ဆင်းပုံ နှင့် ထေရ၀ါဒ




အတွင်းသို့သွင်းလာသော ဝါဒဆန်းများရှင်းရခြင်း ၊ ၅၉၀ .

( ဂ ) သီရိလံကာ သီဟိုဠ်ကျွန်းထင်ရှားသော မြို့ရွာဒေသ

ကျောင်းကန်စေတီများ ခရီးစဉ် သမိုင်းအချုပ်... ၆၀၃

## PAGE 340
<!-- 12 paragraphs, raw extraction -->




သာကြွယ်ဝသော အိမ်တအိမ်၌ အပ်နှံထားလိုက်သည်။ နို ့စားနွားမမှာ သူတို့၏ ဘုန်းကံကြောင့် နို ့များ အလွန်အကျွံ အံ့ဩလောက်အောင် ထွက်လေသည်။
( နံနက် သုံးတင်း,ညသုံးတင်း=တီဏိမာဏိကာ ဟု ဆို၏။ )ဒိန်ချဉ် လုပ်တန်သရွေ့ လုပ်၊ ထောပတ် ချက်တန်ချက် ထားရသည်။

စာရေးတံ နို ့ဃနာဆွမ်းကို ထောပတ်ဆမ်း၍ လောင်းလှူလိုက်ရာ ထင်း ရောင်း ဇနီး မောင်နှံတို့ အိမ်မှ စာရေးတံဆွမ်းကို ကံကောင်းသော ရဟန်း သာမဏေများ ဝမ်းမြောက်ဝမ်းသာ အလှူခံကြရသည်။

တနေ့တွင် ထင်းရောင်းသမား မဟာတိဿသည် စိတ်အကြံတခု ပေါ် လာ၍ အိမ့်ရှင်မအား’

"

“ရှင်မရေ…၊ သမီး ကယ်ပေလို့သာ ငါတို့မှာ အရှက်မကွဲတာ၊ ငါတို့ နို ့ဃနာဆွမ်းကလဲ အရှင်မြတ်များအတွက် ဘုဉ်းပေးဖို့ ထိုက်တန်ပါတယ်၊ ရှင်မ ....၊ ဒါထက် ငါ့မှာ ခရီးထွက်စရာကိစ္စတခု ပေါ်လာလို့ ငါမရောက်မချင်း ဒီအလှူဝတ်မပျက်ကွက်ရစ်ပါစေနှင့်နော်၊ ငါ့မှာ တစုံတရာဆောင်ရွက်လုပ်ကိုင်ပြီး သမီးကို ပြန်ခေါ်နိုင်ဖို့က ရှိနေသေးတယ်။”

ဇနီးမောင်နှံ့ ပြောဆိုတိုင်ပင်ကာ မဟာတိဿသည် တရုပ်တရွာသို့သွား၍ ကြံကြိတ်ကြံချက်လုပ်ငန်းတွင် အခစားဝင်ရောက်လုပ်ကိုင်ရလေသည်။ ခြောက်လ တိတိ အခစားလုပ်ရာ ငွေအသပြာ ၁၂-ကျပ်စုမိဆောင်းမိသောအခါ “ဒီလောက် ဆိုယင် ငါ့သမီးကို ရွေးနိုင်လေပြီ” ဟု ဆုံးဖြတ်၍ အသပြာကို ပုဆိုးစွန်မှာထုပ်ပြီး အိမ်ပြန်ခဲ့လေ၏။

ထိုအချိန်၌ပင် အမ္ဗရိယရာ ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူသော ပိဏ္ဍပါတိယ တိဿ မထေရ်လည်း တိဿမဟာဝိဟာရသို့ ဘုရားဖူးရန် အကြွ မဟာဂါမ နေပြည်တော်သွား လမ်းခရီးဖြင့် ကြွတော်မူ၏။ ထင်းရောင်း ဒကာ လည်း မထေရ်ကို ခပ်လှမ်းလှမ်းကပင် ဖူးတွေ့နေရသဖြင့် သီလရှိသော သူတော် ကောင်းများကို အမြဲတစေဖူးတွေ့ခွင့် ရနိုင်တာမဟုတ်၊ ထိုအရှင်မြတ်နှင့် အတူ လိုက်ပါပြီး တရားစကား နာကြားယင်း သွားရလျှင် ကောင်းမှာပဲ” အကြံဖြင့် မထေရ်ကို အမီလိုက်၍ ရှိခိုး နှုတ်ဆက်လျက် ခရီးအတူ သွားလေ၏။

သမီးရွေးရန် ငွေ ၁၂- ကျပ်

သွား၍မကြာမီတွင် မွန်းတည့်ရန်အချိန်နီးကပ်နေသဖြင့် “ငါ့မှာလဲထမင်း ထုပ် မပါခဲ့၊ အရှင်မြတ်မှာလဲ ဆွမ်းစားချိန် ရောက်နေပြီ၊ တတ်နိုင်ပါဘူးလေ…၊
ရွေ့ရွာအဝင်ရောက်မှပဲ ပါလာတဲ့ အသပြာနဲ့ ဝယ်ခြမ်း ကပ်ရတော့မှာပဲ”ဟု..

## PAGE 341
<!-- 13 paragraphs, raw extraction -->




စဉ်းစားနေဆဲမှာပင် ထမင်းထုပ်နှင့် ခရီးသွား တယောက်ကို မမျှော်လင့်ပဲ တွေ့လိုက်ရသဖြင့်-

“အရှင်ဘုရား၊ ခဏ ဆိုင်းငံ ့တော်မူပါဦး”ဟု လျှောက်၍ ထမင်းထုပ် ပါလာသော ခရီးသည်ထံ ခပ်သုတ်သုတ် သွားတွေ့လိုက်သည်။

“ဒီမှာမိတ်ဆွေ…၊ ခင်ဗျားထမင်းထုပ်ကလေးကို ရောင်းခဲ့ပါ၊ ကျွန်တော် အသပြာတကျပ်ပေးပါ့မယ်။””

ခရီးသည်မှာ “ကာလတန်ဖိုးအရ တပဲမျှတောင်မတန်တဲ့ ငါ့ထမင်းထုပ်ကို ချက်ချင်း အသပြာတကျပ်ပေးမယ်ဆိုတော့…၊ ဒါအကြောင်းတခုခု ရှိရမယ်’ဟု ရုတ်တရက် စဉ်းစားကာ-

“မိတ်ဆွေ…၊ အသပြာတကျပ်နဲ့တော့ မရောင်းနိုင်ပါဘူး”ဟု ဆိုလေ၏။
နှစ်ကျပ်မှစ၍ တိုးကာ တိုးကာ နောက်ဆုံး ပါသမျှ အကုန်ပေးသော်လည်း နောက်ထပ်ငွေရှိလိမ့်မည်အထင်ဖြင့် မရောင်းချနိုင်ကြောင်း ငြင်းမြဲငြင်းနေသဖြင့်-

“မိတ်ဆွေ…၊ကျွန်တော် မှာ ဒါ အကုန်ပါပဲ၊ သည့်ထက်ပါလာခဲ့ယင်လဲ ပါတာအကုန်ပေးဆိုပေးဖို့ပါပဲ၊ ဒါလဲ ကျွန်တော် အတွက်မဟုတ်ပါဘူး မိတ်ဆွေ၊
ဟောဟို သစ်ပင်ရိပ်မှာ ပင့်လျှောက်ထားတဲ့ အရှင်မြတ် အတွက်၊ အချိန်လဲ မရှိ တော့လို့ပါ။ မိတ်ဆွေရဲ့ကုသိုလ်ဆိုလဲ မမှားပါဘူး။ တဆိတ် ကျေးဇူးပြုပါ”ဟု ပြောခါမှ အသပြာ ၁၂-ကျပ်ဖြင့် ဝယ်ယူရရှိလေ၏။

ချက်ချင်းပင် ထမင်းထုပ်ကိုဝယ်ယူပြီး လက်များဆေးကြောကာ“အရှင် ဘုရား...သပိတ်ဖြင့် အလှူခံတော်မူပါ”ဟု လျှောက်၍လှူလိုက်သည်။ မထေရ်လည်း သပိတ်ကို အိတ်မှထုတ်ကာ အဖုံးကိုဖွင့်ပေးလိုက်၏။ ပါလာသော ထမင်းတဝက် လောက် သပိတ်ထဲရောက်သောအခါ လက်ကာ၍ သပိတ်ဖုံးကို ပိတ်လိုက်သည်။

"

“အရှင်ဘုရား၊ 'ဒီဆွမ်းဟာ တယောက်စာပဲရှိတာပါဘုရား၊ ဒီထဲက ခွဲပြီး တပည့်တော် မစားလိုပါ။ အရှင်ဘုရားဘုန်းကံကြောင့် ယခုလို လွယ်လင့်တကူ ရတာ ဖြစ်ပါတယ်။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် အားလုံး လက်ခံ တော်မူပါ”ဟု မရမနေ လျှောက်ထား၍ ထမင်းအားလုံး လောင်းလှူလိုက်သည်။

မထေရ်လည်း “အကြောင်းတစုံတရာ ရှိလေမည်´ဟု အောက်မေ့လျက် အားလုံး ဘုဉ်းပေးတော်မူ၏။
ဆွမ်းဘုဉ်းပေးပြီးလျှင် ထင်းရောင်း ဒကာလည်း ရေကို ရေစစ်ဖြင့်စစ်၍ ကပ်လိုက်၏။ ပြီးလျှင် အတူတကွ ရွှေ့သို့ ခရီးဆက်ကြ ပြန်သည်။

## PAGE 342
<!-- 12 paragraphs, raw extraction -->



ဆွမ်းဖိုးကျေအောင် ကြံဆောင်ဖြည့်ကျင့်

!


မထေရ်လည်း “ဒကာ…… သင် ဘာ့ကြောင့် ထမင်းမစားသလဲ”ဟု မေး တော်မူရာ အကြောင်းစုံ လျှောက်ထား,ကြားသိရသဖြင့် များစွာ သံဝေဂ ဖြစ်တော်မူ၏။ တစုံတခုသော ဆုံးဖြတ်ချက်ကိုလည်း ချလိုက်လေသည်။

“အင်း.. ထင်းရောင်းဒကာကား လူသာမန်တို့ ပြုနိုင်ခက်သော အမှုဆို ပြုပါပေတယ်။ ငါဟာ ဒီလိုဆွမ်းမျိုးကို စားပြီး ဆွမ်းဒကာကျေးဇူးကို ဆပ်နိုင်ဖို့ ကောင်းတယ်။ သင့်တော်တဲ့ နေရာမျိုးကိုသာရခဲ့လျှင် အရေအသားအသွေးတွေ ခန်းခြောက်ချင် ခန်းခြောက်ပါစေ၊ အရဟတ္တဖိုလ် မရသေးသမျှ ဒီတင်ပျဉ်ခွေ မဖျက်တော့ဘူးဆိုတဲ့ သမ္မပ္ပဓာန်လုံ လနဲ့ ကြိုးစားမှ တော်တော့မယ်။”

မထေရ်သည် တလမ်းလုံး ထိုကဲ့သို့ စဉ်းစားဆုံးဖြတ်ပြီး လာခဲ့ရာ တိဿ မဟာဝိဟာရကျောင်းတိုက်ကြီးသို့ရောက်လျှင် အာဂန္တုကဝတ်စသည်ကို ပြုလုပ် ပြီးသည်နှင့် ဆိတ်ငြိမ်ရာ၌ နေရာထိုင်ခင်းကာ အပြင်းအထန် တရားရှုမှတ်တော် မူ၏။ သို့ရာတွင် ထိုည မိုးစင်စင်သာ လင်းသွားသော်လည်း အရောင်အလင်း နိမိတ်ကိုမျှပင်.မရရှိပေ ။

(နောက်တရက် နံနက်တွင် စဉ်းစားမိသည်မှာ–

“ငါဟာ ဆွေမတော် မျိုးမတော်, ဘာမျှော်လင့်ချက်မှမပါ, သာသနာ တော်အတွက် သက်သက်သဒ္ဓာတရားနဲ့ လှူတဲ့ဆွမ်းတွေ စားခဲ့လှပြီ၊ လူဒကာတွေ မှာ ထမင်းတလုတ်ရဖို့ရာ နည်းမျိုးစုံနဲ့ ပင်ပန်းကြီးစွာ လုပ်ကိုင် ရှာဖွေကြရရှာ တယ်၊ သဒ္ဓာဖြင့်လှူတဲ့ သူ့ ဆွမ်းဖိုးကိုတောင် ကြွေးမကျေသေးဘူး၊ နောက်ထပ် ကြွေးဆက်ပြီး ခံယူဦးမယ်ဆိုယင် မသင့်တော်တော့ဘူး”ဟု သံဝေဂဝင်ကာ)ဆွမ်း ခံပင် မကြွ၊ ဆွမ်းကိုပင်မစားတော့ပဲ ဆက်တိုက် တရားအလုပ်ခွင်၌သာ နှစ်မြှုပ် လိုက်တော့၏။ တရားကိုသာ ထပ်ပြန်တလဲလဲ ဇွဲနဘဲကြီးစွာ ရှုမှတ်လေ၏။

ခုနစ်ရက်လုံးလုံး မည်သည့်ဆွမ်းဘောဇဉ်အာဟာရကိုမျှ မသုံးဆောင်ပဲ အားထုတ်ရာ ခုနစ်ရက်မြောက်နေ့နံနက် အရုဏ်တက်တွင် ပဋိသမ္ဘိဒါလေးတန်နှင့် တကွ အရဟတ္တဖိုလ်ဆုကြီးကို ရတော်မူလေသည်။

“အင်း…. ငါရဲ့ကိုယ်ခန္ဓာတို့ လွန်စွာပင်ပန်းနွမ်းလျသွားပြီ။ ငါရဲ့ အသက် ဇီဝိတိန္ဒြေဟာ ကြာရှည် ခံမှ ခံပါတော့မလား”ဟု ဆင်ခြင်စဉ်းစား၍ ကြည့်ရှုတော် မူရာ မိမိနေရမည့် အသက်အပိုင်းအခြားကို သိမြင်တော်မူသည်နှင့် ကျောင်းနေရာ ထိုင်ခင်းများ သိုမှီးသိမ်းဆည်းလိုက်၏။ ပြီးလျှင် ကျောင်းတိုက်အလယ်လောက်ရှိ အကြောင်းရှိလျှင် တီးရန်ထားသော စည်ကြီးရှိရာသို့ ကြွသွားပြီးနောက် စည်ကို

## PAGE 343
<!-- 11 paragraphs, raw extraction -->




ရိုက်တီးလိုက်၏။ တိုက်တွင်းရှိ ရဟန်းသံဃာတော်များအားလုံး ကြွရောက်စည်း .ကြရန် ပင့်ဖိတ်လိုက်ခြင်းပင် ဖြစ်လေသည်။

ပရိနိဗ္ဗာန်မပြုမီ ဆွမ်းတ လု တ်မော်ကွန်းတင်

သံဃပရိသတ်စုံသောအခါ သံဃမထေရ်ကြီးက မည်သည့် အကြောင်း ကိစ္စကြောင့် မည်သူမည်ဝါက စည်တီး၍ သံဃာတော်များကို ပင့်ဖိတ်ကြောင်း ဧမ်းတော်မူရာ အရှင်တိဿ မထေရ်က သံဃ ပရိသတ်အလယ်၌ လက်အုပ်ချီကာ စည်းဝေးပင့်ဖိတ်ရခြင်း အကြောင်းကို လျှောက်ထား၏။

“ယခုကဲ့သို့ ပင့်ဖိတ်ရတာ အခြားကိစ္စမဟုတ်ပါဘုရား။ အားလုံးသော ညီတော် နောင်တော် သီတင်းသုံးဖော်များဘုရား။ သူတော်ကောင်းတရား မဂ် ဖိုလ်နိဗ္ဗာန်နှင့်စပ်လို့ တစုံတရာ ယုံမှားသံသယရှိလျှင် ယခုနေ မေးမြန်းနိုင်ကြပါ တယ်ဘုရား”ဟု လျှောက်ရာ သံဃာများ ဆိတ်ဆိတ်ပင်နေကြ၏။ ထိုအခါ သံဃ မထေရ်ကြီးက’

“ငါ့ရှင် သူမြတ်…၊သူတော်ကောင်းတို့မည်သည်မှာ မိမိသန္တာန်၌ အမှန် မရှိသော ကျေးဇူးဂုဏ်ကို ဝါကြွား ပလွှားပြီး ပြောဆိုတော်မမူကြ။ ဒီအတွက် ငါတို့မှာ မည်သည့် ယုံမှားသံသယမျှ မရှိ။

“ငါ့ရှင်သူမြတ်….ငါ့ရှင်ကသာ အဘယ်သို့သော သံဝေဂရ၍မည်သို့သော အကြောင်း အထောက်အပံ့ကြောင့် ရဟန်းကိစ္စ ပြီးမြောက်ရသည်ကိုသာ သံဃာ ပရိသတ်မှာ တဆိတ်ဟောပြပါ”ဟု တိုက်တွန်းရာ အရှင်တိဿမထေရ်လည်း (ပြဆိုခဲ့သည့်အတိုင်း) အကြောင်းစုံ ရှင်းပြလျှောက်ထားရာ အားလုံး သာဓု ခေါ်ကြလေသည်။ ကြည်ညိုအားကျသည့် စိတ်များလည်း တဖွားဖွား ဖြစ်ပေါ် ကြ၏။

“ခုနစ်ရက်မျှတကယ်အားထုတ်လျှင် ဧကန်ဘရားထူးရနိုင်သည်”ဟု မြတ်စွာ ဘုရားရှင် အာမခံတော်မူသည်ကို အရှင်တိဿက ထပ်ဆင့်ထောက်ခံကာ စံတင် ပြတော်မူလေပြီ။

အရှင်တိဿမထေရ်လည်း ဒကာတို့လှူသော ဆွမ်းကို ယင်းကဲ့သို့ အလေး အမြတ်ပြု၍ ပူဇော်, ကျေးဇူးဆပ်ရကြောင်း အကျယ်တဝင့် လျှောက်ယင်း လျှောက်ယင်း အသံများ တိမ်၍တိမ်၍ လာ၏။ လက်အုပ်ချီ၍ ငြိမ်သက်စွာ မျက် စိကို စုံမှိတ်လျက်က “ငါ၏ အလောင်းတင်ရာ စံကျောင်းပြာသာဒ်ကို ကျေးဇူးရှင် ဆွမ်းဒကာ ထင်းရောင်းသမား မဟာတိဿလက်နှင့် ထိတို့မှသာလျင် လှုပ်ရှား ရွှေ့လျားပါစေသား”ဟု အဓိဋ္ဌာန်ပြီး ခန္ဓာဝန်ကို ပစ်ချတော် မူသွား၏။

## PAGE 344
<!-- 18 paragraphs, raw extraction -->



၃ ဝ ၁

ကြွရောက်လာသော ပရိသတ်များလည်း တိုး၍ပင် သံဝေဂ ဖြစ်တော် မူကြလေ၏။ ကာကဝဏ္ဏတိဿ- မင်းကြီးကိုယ်တော်တိုင် ကြွရောက်ပူဇော်ရာ အလောင်းတော်ကို မီးပူဇော်ရန် ရှိသောအခါပင့်၍ မရသဖြင့် သံဃမထေရ် ကြီး ပြန်လည် အမိန့်ရှိသည်များကို အထပ်ထပ် စဉ်းစားနေ၏။ မင်းကြီးလည်း ရုတ်တရက် အကြံပေါ်လာသဖြင့် မင်းချင်းယောက်ျားများအား ထင်းရောင်း သမား မဟာတိဿဆိုသူကို လိုက်လံရှာဖွေ ဆင့်ခေါ်စေ၏။

ဝမ်းနည်၊ဝမ်းသာ ဆွမ်းဒကာဘုန်းကံ

ထင်းရောင်းစားရသူ ဆင်းရဲသားဆွမ်းဒကာ မဟာတိဿ ရှေ့တော်သို့

လျှောက်လျှင် မင်းကြီးက’

"

“အမောင် မဟာတိဿ…၊ လွန်ခဲ့တဲ့ခုနစ်ရက်မြောက်က ခရီးသွား ဘုရားဖူး ရဟန်းတော်တပါးကို ဆွမ်းထုပ်များ ကပ်လှူခဲ့ဖူးသလား။

"

“မှန်လှပါ အရှင်မင်းကြီး…၊ ကပ်လှူခဲ့ဖူးပါတယ်။”

"

"

“ဘယ်လို ကပ်လှူခဲ့ရတယ်ဆိုတာ အကြောင်းစုံ သံတော်ဦး တင်ပါအုံး။
ဆွမ်းဒကာ မဟာတိဿသည် ဖြစ်ကြောင်းကုန်စင် သံတော်ဦး တင်ရပြန် လေသည်။ မင်းကြီးသည် ခေါင်းကို အသာညိတ်လျက်’

“အင်း…သာဓု သာဓု၊ ကောင်းပါပြီ မဟာတိဿ၊ ရှိပါစေတော့။အဲသည် မထေရ်ကို မြင်တွေ့ရလျှင်လည်း သင် မှတ်မိလောက်ပါတယ်၊ သင်ရဲ့ ဆွမ်းတထုပ် ကလဲ သာသနာတော်မှာ အလွန်ကျေးဇူးများပါဘိ၊ ကဲ….ကဲ၊ ရှိပါစေတော့။
ကိုယ့်ချွေးနှီးစာ အလှူဒါနကို အာရုံပြုပြီး ဝမ်းမြောက်စွာ နေပါ”ဟု မိန့်တော် မူကာ မဟာတိဿအား အလောင်းတော်ကို သွားရောက် ဖူးမြော်စေ၏။

မဟာတိဿလည်း စံကျောင်းပြာသာဒ်ပေါ်မှအလောင်းတော်ကို မျက်နှာ တော်ဖွင့်၍ ကြည့်ရာ အံ့အားကြီးသင့်၍ ကြက်သေ သေနေရှာတော့၏။ မည်သို့မျှ မပြောမဆို ဝိုင်၍၊ ခေါင်းစိုက်၍သာ နေလေတော့၏။ အတန်ကြာလျှင် မျက် ရည်များ တသွင်သွင် ကျဆင်းကာ ရင်ဘတ်ကိုတီးလျက် အမျိုးမျိုး အထွေထွေ ရေရွတ် မြည်တမ်းရှာလေတော့၏။

မင်းချင်းများက မဟာတိဿအား တဘက်တယောက် တွဲခေါ်ကာ မင်းကြီးထံ အခစားဝင်လာကြရာ မဟာတိဿမှာ မရှက်မကြောက်နိုင်တော့ပဲ… “မင်းကြီး…၊ကျွန်တော်မျိုး ဦးပဉ္စင်း..ကျွန်တော်မျိုး ဦးဖဉ္စင်း၊ ပြန်လွန် ကော်မူပြီ” ဟူ၍သာ ဆို ငိုကြွေး နေရှာတော့သည်။ ပရိသတ်ကြီးမှာလည်း

"

## PAGE 345
<!-- 12 paragraphs, raw extraction -->


၃ဝ၂


နောက်ဆုံး မီးသင်္ဂြိုဟ်မည့် အချိန်ကျနေသဖြင့် အလောင်းဘော်ကိုလည်း ပင့်၍ မရကြောင်း သိထားကြသည့်အတိုင်း အမျိုးမျိုး ပြောဆို ဝေဖန်နေကြ၏။

မဟာတိဿ ငိုယို မြည်တမ်း၍ ပင်ပန်း နွမ်းဟိုက်နေရာ အတန်ကြာလျှင် မင်းကြီးကပင် “သာသနာတော်မှာ မဟာတိဿ၏ ဆွမ်းတထုပ်သည် .. အလွန် တန်ဖိုး ကြီးမား ကျေးဇူးများကြောင်း” အမျိုးမျိုး ချီးမွမ်း ပြောဆိုကာ နှစ်သိမ့် စေတော်မူ၏။

မဟာတိဿ သဒ္ဓာ ရွှင်လန်း ဝမ်းပန်းတသာ ရှိလာသောအချိန်၌ မဟာ တိဿအား ထီးသုံး နန်းသုံး ဝတ်စားတန်ဆာများကို ချီးမြှင့်လိုက်သည်။ ဆင်းရဲ သားအဝတ်များကို ချွတ်ကာ ချက်ချင်း လဲလှယ် ဝတ်စားစေပြီးနောက် ချစ်စနိုး ခေါ်ဝေါ်ကာ-

“နောင်တော် မဟာတိဿ၊ နောင်တော်ရဲ့စေတနာနှင့် ပါရမီ ဘုန်းကံဟာ ယခု ကြွလာကြတဲ့ ပရိသတ်ကြီးထဲမှာ အကောင်းဆုံး အမြင့်မြတ်ဆုံး ဖြစ်နေတာ ကိုလဲ နောင်တော်မဟာတိဿ သတိထားပါဦး။

“ယခု မီးပူဇော်ဖို့ အချိန်ကျနေပြီ၊ နံ့သာ ထင်းများလဲ အဆင်သင့်ဖြစ် နေပြီ။ နောင်တော် မဟာတိဿပဲ နောက်ဆုံး ပူဇော်ခြင်းအနေဖြင့် အားလုံး ကိုယ်စား ပင့်ဆောင်ပေးပါ”ဟု တိုက်တွန်းစကား ပြောကြားလျှင် မဟာတိဿ လည်း . အလောင်းတော် တင်ထားသော စံကျောင်း ပြာသာဒ်တော်သို့ သွား၍ အလောင်းတော်၏ ခြေတော်အစုံကို ရှိခိုးပြီးနောက်’

"

“ကျေးဇူးရှင် ပိဏ္ဍပါတိက တိဿအရှင်မြတ်ဘုရား၊ တပည့်တော် ဆင်းရဲ သား ဆွမ်းဒကာ မဟာတိဿ . အရှင်မြတ် ခြေတော်ရင်းမှာ ရောက်ရှိပါပြီ။ ပူဇော် ခွင့်ပေးတော်မူပါဘုရား”ဟု အလောင်းတင် စံကျောင်း ပြာသာဒ်တော်ကို မိမိ ခေါင်းပေါ်သို့ ချီမပင့်တင်လိုက်ရာ အလွယ်တကူပင် ကြွတက်လာလေသည်။

သူ့ ထက်ငါ တိုးဝှေ့ ကြည်ညိုနေကြသော ပရိသတ်ကြီးမှာ မကြုံစဖူးအထူး အံ့ဩနေကြ၏။ ပရိသတ်အားလုံး တအံ့တဩ ပြောဆိုနေခိုက် အလောင်းတော် တင်ထားသော စံကျောင်း ပြာသာဒ်ဘော်သည် မဟာတိဿ ခေါင်းပေါ်၌ ကိန်း ဝပ်နေရာမှ ကောင်းကင်ပျံတက်ကာ အသင့်ပြင်ဆင်ထားသော နံ ့သာထင်းပုံကြီး ပေါ်သို့ သူ ့အလိုအလျောက် ကြွရောက် ကိန်းစံလေသည်ကို ဖူးတွေ့ကြရ၏။

အလောင်းတော် ထင်းပုံပေါ်သို့ ရောက်လျှင် ရောက်ချင်း နံ့သာထင်းပုံ ကြီးမှာလည်း လေးဘက်လေးတန်မှ မီးလျှံများ အလိုလို တက်ကြွ တောက် လောင်လာကာ အရှင်တိဿမထေရ်အား ပူဇော်ကြလေသတည်း။(အင်္ဂုတ္တရ အဋ္ဌ ကထာ-၁၊ ၃၉၅-ဝီရိယသမ္ဗောဇ္ဈင်အဖွင့်။ မဓုရ ရသဝါဟိနီ၌ နကုလ ဝတ္ထုဟု လာ၏။ ဝတ္ထုနံပါတ် ၄၄။ အနည်းငယ် ကွဲလွဲ၏။)

## PAGE 346
<!-- 17 paragraphs, raw extraction -->



ပိင်္ဂလဗုဒ္ဓရက္ခိတထေရ်

တာဝန်ကြီးလှသော ဆွမ်းတလုတ်ကျေးဇူး

g

၃ ဝ ၃

သံဃာတော်ဂုဏ်’ ၉-ပါးတွင် “လူဒါယကာတို့က ပြုလုပ်သော ရိုသေခြင်း, လေးစားခြင်း, လှူဒါန်းပူဇော်ခြင်းများနှင့် ထိုက်တန်အောင် တုံ ့ပြန်သောအား ဖြင့် ကျင့်ကြံသော=သာမီစိပ္ပဋိပန္န’ဂုဏ်တော်ဟူသည် အထက်ပါအတိုင်း ကျေး ဇူးတုံ့ပြန် ကျင့်ကြံခြင်းကို ဆိုလိုပေသည်။

ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း=ဝီရိယထွက်အောင်လုပ်ရသော အကြောင်း

၁ ၁-မျိုးတွင်လည်း’

"

“ဒါယကာနံ မဟပ္ဖလဘာဝ ကရဏေန ပိက္ခာပစာယနတာ-ဒကာတို့၏ ကောင်းမှုကို အကျိုးကြီးအောင် ပြုလုပ်ပေးသောအားဖြင့် ဆွမ်းတုံ ပူဇော်ခြင်း” ဟူ၍ လာရှိရာ တရားကို ကြိုးကြိုးစားစား အားထုတ်ဖြစ်ခြင်း၏ အကြောင်း တခုပင် ဖြစ်လေသည်။

“မူလပဏ္ဏာသ-မဟာအဿပုရသုတ်သည် စေတနာသဒ္ဓာတရား ကောင်းကြ သော အဿပုရ ရွာသူ ရွာသားများ ရတနာသုံးပါးကြည်ညိုပုံ ထက်သန်လှသဖြင့် ဘုရားရှင်က ရဟန်းတို့အား “ပိဏ္ဍပါတာပစာယန’= ဆွမ်းတုံ ပူဇော်ရန် အထူး သတိပေး ဟောကြားသော သုတ်ဖြစ်ပေသည်။

ခေါင်းတုံးသဌေး အသက်မွေးနည်း

.

ရဟန်းသည် ဆွမ်းလောင်းသူကို ဒကာပင် ဖြစ်စေကာမူ မျက်'နှာ ကို မကြည့်ရ၊ကြည့်လျှင် ဒုက္ကဋ်အာပတ်သင့်လေသည်။(ဝိ-၄၊၃ ဂ၄။ယင်း ဋ္ဌ-၁၂၁။
ဝိ-၅-၃၆၇။ ဋ္ဌ-၂၃၃။)

ဆွမ်းရကြောင်း သွယ်ဝိုက်လှည့်ပတ်၍ ပြောဆိုခြင်းကို “နိမိတ္တကထာ” ရဟန်းတို့ လှိမ့်နည်း မြှူဆွယ်နည်းဟု ဆိုရသည်။ (ဝိသုဒ္ဓိမဂ်-၁၊ ၂၈-စသည်။) ဆွမ်းခံစားလေ့ရှိသော ရဟန်းသူတော်ကောင်းတို့ကား “ဘယ်တော့များမှ မိုးထဲလေထဲ ဆွမ်းခံစားရပါ့မလဲ'ဟုပင် တောင့်တကြ၏။ ဂုဏ်ယူကြ၏။ ဘုရား ရှင်သည်ပင် ဘုရားဖြစ်တော်မူစ ခမည်းတော်ကြီး၏ ဆွမ်းကို မစား၊ ဥတ္တိဋ္ဌ နပွဲမဇ္ဈေယျ=ဆွမ်းခံဝတ်ကို မချွတ်ရာ’ ဟု သင်ခန်းစာ ပေးတော်မူရန် ဆွမ်းခံ ကြွ၍ ဘုဉ်းပေးတော်မူ၏။

ထိုသို့ မဟုတ်မူ၍ ကျောင်းမှာပင် ဆန်ဆီဆား ငါးပိ သိုလှောင်ကာ ချက်ပြုတ် စားသောက်သော ရဟန်းများလည်းရှိတတ်ရာ ထိုရဟန်းမျိုးမှာရဟန်း

## PAGE 347
<!-- 11 paragraphs, raw extraction -->


၃ ဝ၄.


ကျင့် ကျင့်သူ မဆိုရ။ “မုဏ္ဍကုဋမ္မိက ဇီဝိက= ခေါင်းတုံးသဌေးအသက်မွေးနည်း ဟု ခေါ်၏။ (ဒီ-ဋ္ဌ-၁၊ ၈၁-အာမိသပုဒ်အဖွင့်။) ရဟန်းကျင့် မကျင့်၊ လူကျင့် ကျင့်သော ထိုရဟန်းမျိုးသည် သာသနာကွယ်ကြောင်းပင် ဖြစ်၍ သာသနာကို ရ ပြုစော်ကားသူဟုလည်း ခေါ်ရသည်။(ပဉ္စက အင်္ဂုတ္တရ+အနာဂတ ဘယသုတ်။)

ရဟန်းတော် အရှင်မြတ်တို့သည် မိမိတို့ အင်အားအလိုက် ပစ္စည်းလေးပါး က, ဒကာမတို့ အကျိုးစီးပွား ချမ်းသာ များအောင် အမြဲတစေ ကြောင့်ကြ စိုက် စောင့်ရှောက်တော်မူကြမြဲ ဖြစ်၏။

ယင်းသို့ အလှူဝတ္ထုစင်ကြယ်အောင်၊ အကျိုးကြီးအောင် ဆောင်ရွက်သူတို့ တွင် “အရှင်သုဘူတိ” သည် ဧတဒဂ်ရတော်မူ၏။ဆွမ်းခံ ကြွတော်မူလျှင် အိမ်တအိမ် ရွှေသို့ ရောက်သည်နှင့် တပြိုင်နက် မေတ္တာဈာန်ကို ဝင်စားတော်မူ၏။

“ဆွမ်းဒကာ ဒကာမတွေကအစ သတ္တဝါတွေအားလုံး ချမ်းသာကြပါ စေ”ဟူသော မေတ္တာဈာန်ကိုဝင်စားပြီးမှသာလျှင် ထိုအိမ်က ဆွမ်းကိုအလှူခံတော် မူ၏။ ရဟန်းတော်များ မေတ္တာပွားရုံကလေး ပွားကာမျှဖြင့်ပင် ဆွမ်းဖိုး ကျေ သည်ဟု (ဧကက အင်္ဂုတ္တရ-အစ္ဆရာသင်္ဃာတဝဂ်၌)လည်း ဟောတော်မူထားလေ သည်။ (အရှင်သုဘူတိအကြောင်းအကျယ်ကို မေတ္တာဝါဒ (ဗြဟ္မဝိဟာရအဖွင့်)၌ ရေးခဲ့ပြီ။)

ထို့အတူ အရှင်သာရိပုတ္တရာ အရှင်မြတ်ကြီးလည်း ဆွမ်းခံရာ အိမ်ရှေ့၌ နိရောဓသမာပတ် ဝင်စားပြီးမှသာလျှင် ဆွမ်းကို အလှူခံယူတော်မူလေ့ရှိသည်။

သီဟိုဠ်ကျွန်း၌လည်း ပေါရာဏကမင်း လက်ထက် ပိင်္ဂလ ဗုဒ္ဓရက္ခိတမထေရ် ဟူ၍ ရှိ၏။ ထိုမထေရ်သည် ဥတ္တရဂါမရွာကြီး (ဥတ္တရဝနုမာနတောင်၊ အမ္မရိယ ကျောင်း)၌ သီတင်းသုံးရာ ထိုရွာကြီးမှာ အမျိုး (မိသားစု) ခုနစ်ရာ နေထိုင် ကြသော ရွာကြီးဖြစ်သည်။ ပိင်္ဂလဗုဒ္ဓရက္ခိတ မထေရ် သမာပတ်` မဝင်စား ဖူးသော အိမ်တံခါးဝဟူ၍မရှိ၊ အိမ်ပေါက်စေ သမာပတ် ဝင်စားတော်မူသည်။
ဆွမ်းဒကာ, ဒကာမများ အကျိုးစီးပွားများစေရန် ဒက္ခိဏေယျ, သာမီစိပ္ပဋိပန္န ဖြစ်အောင် ကျင့်ဆောင်တော်မူခြင်း ဖြစ်လေသည်။

ထိုမထေရ်၏ ဒကာတဦးလည်း သီလကို အသက်နှင့် လဲနိုင်သူအဖြစ် ဝိရတီ ဝတ္ထု (မ-ဋ္ဌ-၁၊ ၂ဝ ၇။ သံ-ဋ္ဌ-၂၊ ၁၃၉၊ အဋ္ဌသာလိနီ-၁၄၆ စသည်)များ၌ စံတော်ဝင် ဥပါသကာအဖြစ် မော်ကွန်းတင် ခံရသူဖြစ်လေသည်။

(မ-ဋ္ဌ-၄၊ ၁၉၃-၄-အရဏဝိဘင်္ဂသုတ်အဖွင့်။)

## PAGE 348
<!-- 19 paragraphs, raw extraction -->



ဆင်းရဲသားဆွမ်းကို ကျေးဇူးဆပ်သူ မဟာမိတ္တထေရ်

၃ဝ ၅

ကာက

လိုဏ်ဂူ

အယျမိတ္တဟုလည်း ခေါ်သော မဟာမိတ္တထေရ်သည် တောကျောင်း၌ သီတင်းသုံးတော်မူ၏။ မထေရ် ဆွမ်းခံရွာမှ သူဆင်းရဲ သားအမိ သည် မထေရ်အား သားရင်းတမျှ ကြည်ညိုလုပ်ကျွေးကြသည်။

တခုသောနံနက် ဆွမ်းခံဝင်ချိန် ကျရောက်သဖြင့် မထေရ်သည် လိုဏ်ဂူမှ ထွက်ကာ သင်္ကန်းရုံပြီးလျှင် အသင့်ထားသော သပိတ်ကို လှမ်းယူလိုက်စဉ် (ဋီကာ အလို အဘိညာဉ်ဖြင့် ရုတ်တရက် သားအမိ စကားပြောဆိုသံကို ကြားလိုက် မိသည်။ မတ်တတ်ရပ်လျက်က စကားဆုံးအောင်ပင် နားထောင်နေမိ၏။ မိမိအား သားတမျှ လေးစားကြည်ညိုကာ ဆွမ်းဝတ်ပြုနေကြသော သားအမိနှစ်ဦး အချီ အချ စကားပြောနေခြင်း ဖြစ်၏။ တောထဲသို့ အလုပ်ထွက်ခါနီး မိခင်ကြီးက

သမီးအား-

"

“သမီးရေ…ခဏလာအံ့း၊ အမေအလုပ်သွားအုံးမယ်၊ မီးဖိုချောင်က အိုးထဲမှာ ဆန်ဟောင်းကလေး … ဖွပ်ရွေးပြီး ထားခဲ့တယ်။ အဲဒီနားမှာ နို ့ရော ထောပတ်တင်လဲရော အဆင်သင့် ထားတယ်။ သင့်အစ်ကိုကြီး ဆွမ်းခံကြွလာတဲ့ အခါ ကောင်းကောင်း မွန်မွန် ချက်ပြီး လောင်းရစ်၊နို ့နဲ့ ထောပတ်တင်လဲ လှူလိုက်၊ ကျန်တာ သမီးလဲစားပေါ့။ အမေတော့ မနေ့က ကျန်တဲ့ ထမင်းကြမ်း အသိုးကိုပဲ ဆန်ပုန်းရည်နှင့် စားပြီးပြီ။”

"

"

“နေ့လယ်စာကော အမေ ဘာစားမလဲ။”

“ဆန်ကွဲကလေးကို ဆန်ပုန်းရည်နှင့် ကျိုထား၊ ချခါနီး ဟင်းရွက်ကလေး ခတ်လိုက်၊ ဒါဆို တို့သားအမိ တော်ရောပေါ့။

"

မဟာမိတ္တထေရ်သည် သားအမိ ပြောဆိုသံကို အစမှ အဆုံးတိုင် နားစွင့် ပြီးနောက် မတ်တတ်ရပ် သပိတ်ကိုင်လျက် တွေတွေကြီး စဉ်းစားနေမိ၏။ သာမန် အားဖြင့် မိမိထင်ထားသည်နှင့် တခြားစီ ဖြစ်နေ၍ ကြောင်ကြောင်ကြီး ရပ်ကာ ငိုင်နေမိ၏။

"

“မဟာမိတ္တ…၊ မင်းကြားရဲ့လား၊ သူ့ခမျာများ ထမင်းကြမ်း ထမင်း သိုးနဲ့ ဆန်ပုန်းရည်နဲ့ ထမင်းတထပ် မသေရုံ စားကြရရှာတယ်။ မင်းအတွက်တော့ ဆန်ကောင်း ဆန်းဟောင်းကလေးနဲ့ နို့ ထောပတ်တင်လဲနဲ့ အကောင်းဆုံး လောင်း လှူဖို့ စိတ်စောနေရှာကြရတယ်။

## PAGE 349
<!-- 15 paragraphs, raw extraction -->


၃ဝ၆


““ဒီလို လှူတာဟာ မင့်ဆီက လယ်ယာ မိုးမြေ ရွှေငွေရတနာ ဘာတွေကိုမှ မျှော်လင့်ပြီး လှူကြတာမဟုတ်ဘူး၊ ဘာဆွေမျိုးမှလဲမတော်၊ မင့်ကို မှီခိုနေကြ ရတဲ့ မင်းရဲ့ အလုပ်အကျွေး အခိုင်းအစေလည်းမဟုတ်။

"

“သူတို့ဟာ လူ နတ် နိဗ္ဗာန် သုံးတန်ချမ်းသာကို လိုချင်နေကြတယ်...၊
ကောင်းပြီ၊ မင်းကကော သူတို့ လိုချင်နေတဲ့ ချမ်းသာကို ပေးနိုင်မတဲ့လား။

“ဘုရားရှင်ကလဲ ဒီလို ပစ္စည်း ကောင်းတွေကို သုံးစွဲပြီး အိပ်လိုက် စားလိုက်နဲ့ ကြောင့်ကြမဲ့ - တကိုယ်ကောင်းချမ်းသာ (ဇိမ်ခံ)ဖို့ ပေးသနားခွင့် ပြုခဲ့တာ မဟုတ်ဘူး။ တရားသဖြင့်, သဒ္ဓာသဖြင့် သူတပါးလှူတဲ့ ပစ္စည်းလေးပါး ကို သုံးစွဲပြီးသကာလ ရဟန်းတရား အားထုတ်ကာ ကိုယ်တိုင် သံသရာဘေးက လွတ်အောင်, ဒကာ ဒကာမတွေကိုလဲ ဟောပြေခညွှန်ပြ ဆုံးမနိုင်အောင် ရည် ရွယ်ပြီး ပေးသနားခွင့် ပြုခဲ့တာ မဟုတ်လား။

“မဟာမိတ္တ၊ မင်းစဉ်းစား၊ မင်းဟာ ရာဂ,ဒေါသ, မောဟ မောဟတွေ ဒင်းကြမ်းနဲ့ ဒီဆွမ်းမျိုးကို မစားထိုက်တော့ဘူး။ မင်း ဒီအတိုင်းသာဆိုယင် ဘယ် နည်းနှင့်မှ စားလို့ မတော်ပေဘူး။ မင်းစဉ်းစား။”

မဟာမိတ္တသည် ဆွမ်းခံကြွရန် ဟန်ပြင်နေရာမှ သူဆင်းရဲ .. သားအမိ၏ စကားသံကြောင့် လွန်စွာ သံဝေဂ ဖြစ်သွား၏။ သုတ်လက်စ သပိတ်ကို သပိတ် အိတ်ထဲထည့်ကာ ခုတင်အောက် ထိုးသွင်းထားလိုက်သည်။ သင်္ကန်းရုံထားသည် ကိုလည်း ဖျက်ကာ သင်္ကန်းတန်း၌ တင်လွှမ်းထားလိုက်၏။ ထိုနေ့အတွက် ဆွမ်း ခံလည်းမကြွ၊ ဆွမ်းလည်း မစားတော့ပဲ ကဿက လိုဏ်ဂူထဲသို့သာ ကြွဝင်သွား

လေ၏။

“ငါသည် အရဟတ္တဖိုလ်ဆုကြီးကို မရသမျှ ကာလပတ်လုံး ဤလိုဏ်ဂူမှ မထွက်တော့”ဟုပင် သန္နိဋ္ဌာန်ချလိုက်၏။ သမ္မပ္ပဓာန်ဝီရိယမြှင့်တင်တော်မူလိုက် သည်။ မထေရ်သည် ရှေးယခင်ကပင် နေ့ညဉ့်မပြတ် ဝိပဿနာတရားကို ကြိုးစား အားထုတ်တော် မူခဲ့သော မထေရ်တပါး ဖြစ်တော်မူ၍ မွန်းမလွဲမီ အချိန်ပိုင်း အတွင်းမှာပင် ရဟန်းကိစ္စ ပြီးတော်မူသွား၏။

နေအရုဏ်သင့်၍ ပွင့်သော ကြာပန်းအသွင် ကြည်ရွှင် လန်းဆန်းလျက် လိုဏ်ဂူမှထွက်တော်မူစဉ် လိုဏ်ဂူပေါက်အနီးရှိသစ်ပင်မှ ရုက္ခစိုးနတ်မင်းကြီးသည် ဤသို့ ဥဒါန်းရင့်ကြွေးကာ ကောင်းချီးပေးလေ၏

နမောတေ ပုရိသာဇည၊ နမော တေ ပုရိသုတ္တမ။

ယသာ တေ အာသဝါ ခီဏာ၊ ဒက္ခိဏေယျောသိ မာရိသ။

“အို…. အာဇာနည် ယောက်ျား အရှင်မြတ်ဘုရား၊ အရှင်မြတ်အား အကျွန်ုပ် ရှိခိုးပါရှိ၏။ အို-ယောက်ျားမြတ် ဖြစ်တော်မူသော အရှင်မြတ်ဘုရား၊
အရှင်မြတ်အား အကျွန်ုပ် ရှိခိုးပါ၏။ အရှင်မြတ်အား ကိလေသာ အာသဝေါတို့

## PAGE 350
<!-- 16 paragraphs, raw extraction -->



၃ဝ၇

က္ခာလျှောခန်းခြောက် ကုန်လေပြီ ဖြစ်၍ လှူရသူ အကျိုးကြီးအောင် ချီးမြှောက် တော်မူနိုင်ပါပြီ အရှင်မြတ်ဘုရား။”

"

ါန်းကျူးရင့်ပြီးလျှင် (ဆွမ်းခံချိန် ရှိသေးကြောင်း သတိပေးသည့် အလား) “အရှင်မြတ်ဘုရား၊ အရှင်မြတ်တို့ ကဲ့သို့သော ဆွမ်းအလှူခံ.ရဟန္တာ အရှင် မြတ်တို့အား ဆွမ်းလှူရသော ဒကာ ဒကာမတို့သည် ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဘေးဒုက္ခတို့မှ ကင်းဝေးခွင့်ရကြပါမည် အရှင်မြတ်” ဟုလည်း လျှောက်ထားလိုက်၏။

မဟာမိတ္တထေရ်သည် အချိန်ကို ကြည့်လိုက်ရာ ဆွမ်းခံချိန် ရှိနေသေးသဖြင့် ရွာတွင်းသို့ ဆွမ်းခံကြွလေ၏။ သူဆင်းရဲ သမီးလည်း မိခင်ကြီး မှာထားသည့် အတိုင်း ကောင်းမွန်စွာ ချက်ပြုတ်၍ ထားရာ အချိန်ကျသော်လည်း ကြွလာတော် မမူသဖြင့် လမ်းဘက်သို့ တမျှော်မျှော် ဖြစ်နေသည်။

ထော

အိမ်ထဲသို့ ကြွဝင်လာလျှင်ပင် ဝမ်းသာအားရ သပိတ်ကို လှမ်းယူ၍ ပတ်တင်လဲ များနှင့် ကျိုချက်ထားသော နို ့ဃနာဆွမ်းကို ထည့်လှူ ဆက်ကပ် လိုက်၏။

“ချမ်းသာကြပါစေ”ဟု ဆုပေးကာ ကြွတော်မူလျှင် သူဆင်းရဲ သမီး လည်း မျက်စိတဆုံး ကြည့်ကာ ပီတိဖြစ်နေရှာ၏။ ကိုယ်တိုင် ကြောင့်ကြ စိုက် ထုတ်၍ လှူရသော ဒါနဖြစ်သည့်အပြင် အစ်ကိုကြီးပမာ လွန်စွာ ကြည်ညိုနေသော မဟာမိတ္တထေရ်၏ အသားအရေကို ဖူးရသည်မှာ ခါတိုင်းနှင့်မတူ၊ ပို၍ သန့်ရှင်း ကြည်လင်ကာ အရောင် ထွက်နေသလားဟုပင် ထင်ရ၏။ “ချမ်းသာကြပါစေ” ဆိုသောအသံနှင့် အမူအရာတွေကလည်း ခါတိုင်းထက်ပိုပြီး ကြည်ညိုဖွယ်ကောင်း နေ၏။ မျက်နှာတော်ကလည်း အညှာမှ ကျွေစ ထန်းသီးမှည့်ကဲ့သို့ ကျက်သရေ ရှိလှသည်ဟု ထင်မိ၏။

"

ထိုသို့ စဉ်းစားနေခိုက် မိခင်ကြီး တောအလုပ်ခွင်မှ ပြန်ရောက်လာ၍’

"

“သမီးရေ…၊ သင့် အစ်ကိုကြီး ဆွမ်းခံကြွလာရဲ့ မဟုတ်လား”ဟု အိမ်ထဲ မဝင်မီကပင် လှမ်း၍ မေးနေသဖြင့် အကြောင်းစုံ ဖြေဆို ပြောပြရသည်။ခါတိုင်း နေ့ထက် ပို၍ ကြည်ညိုဖွယ် ကောင်းပုံကို သူမ ထင်သည့်အတိုင်း အသေးစိတ် ပြောပြရာ ငါ့သားကြီး.....ဒီကနေ့ ရဟန်းကိစ္စ ပြီးလေမှကိုး'ဟု အတပ်သိသော မိခင်ကြီးက’

"

“အေး.. ညည်း အစ်ကိုကြီးတော့ သာသနာတော်မှာ ပျော်ပျော်ကြီး နေသွားနိုင်ပြီပေါ့အေ”ဟု ပြောကာ ဆင်းရဲသား သားအမိ နှစ်ဖော်လည်း အပျော်ဆုံးနေ့ ဖြစ်နေကြလေသတည်း။ (အံ-ဋ္ဌ-၁၊ ၃၉၃။ ဒိ-ဋ္ဌ-၂၊ ၃၇၉။
မ-ဋ္ဌ-၁၊ ၂၉၈။ သံ-ဋ္ဌ-၃၊ ၁၉၆)

## PAGE 351
<!-- 13 paragraphs, raw extraction -->




သောတာပန်ရဟန်း လူထွက်၊မထွက်

အနာဂါမ်၊ ရဟန္တာ ဖြစ်သွားသော ပုဂ္ဂိုလ်များ လူမထွက်တော့ကြောင်း ရည်ရွယ်၍ ပြောခြင်း ဖြစ်ပေသည်။

(စကုက္ကအင်္ဂုတ္တရ-ပုတ္တသုတ်၊ ပပတိကသုတ်၊ တိက-ပထမသိက္ခာ သုတ်၊ နိဒါနသံယုတ်-ကဠာရသုတ် ပါဠိနှင့် အဋ္ဌကထာ၊ ဝိ-ဋ္ဌ-၁၊ ၃၁- ၂၀၉။ ပုဂ္ဂလ ပညတ် အဋ္ဌကထာ-၇၀-တို့၌ ကြည့်ပါလေ။ သော တာပန် ရဟန်းမှာမူတား ဝိဝေကနိန္နမဖြစ်လျှင် လူထွက်နိုင်သေး ကြောင်း ကျေးဇူး ရှင်မဟာ စည်ဆရာတော်ဘုရားကြီး ဆုံးဖြတ်တော် မူ၏။)

ဆွမ်းခံယင်း ငှက်သင့်သော တိဿဘူတိထေရ်

တိဿဘူတိခေါ် ရဟန်းငယ်တပါးလည်း ကလ္လရာ မဏ္ဍလာရာမကျောင်း တိုက်ကြီး၌ပင်နေ၍ ဝိနည်းပိဋကကို သင်ယူနေ၏။

တနေ့သောအခါ ရွာတွင်းသို့ ဆွမ်းခံကြွယင်း ဝိသဘာဂ (မာတုဂါမ) တဦးကို မြင်မိရာမှ စွဲလမ်းတပ်မက်သောစိတ်က အတွင်းကျိတ် ထိုးအောင့်လာကာ တဏှာကြောင့်စူးဝင်ခြင်း ပြင်းစွာ ခံစားရရှာ၏။ ဆောက်ဘည်ရာမရအောင် ပြင်း ထန်လှသဖြင့် ရွှေဆက်၍ မကြုံတော့ပဲ ရုပ်ထားသော ခြေကိုပင် မလှုပ်မယှက် ထိန်းမတ်ပြီး သပိတ်ထဲက ယာဂုကိုပင် နောက်ပါကျောင်းသားငယ်၏ သပိတ်ထဲ သို့ သွန်ထည့်ကာ ထိုနေရာမှ လှည့်၍ ပြန်ခဲ့သည်။

“ဒီ ကာမဝိတက်ကြီးသာ ကြီးထွားလာယင် ငါ့ကို အပါယ်ချတော့မှာ အမှန်ပဲ”ဟု ထိတ်လန့်သွား၏။

ကျောင်းသို့ ရောက်လျှင် ရောက်ချင်း စာချ ဆရာတော်ထံ သွားရောက် ဦးချက၁—

“ဆရာတော်ဘုရား၊ တပည့်တော် ရုတ်တရက် ရောဂါတခု ဖြစ်ပေါ် ခံစားနေရပါတယ်။ အမြန်ကုစားပစ်လိုပါတယ်ဘုရား၊ ဘုရားတပည့်တော် ဒီရော ဂါကို ကုလို့ပျောက်လျှင် ကျေးဇူးရှင် ဆရာ့ထံ ပြန်လာခဲ့ပါမယ်၊ မပျောက်လျှင် လာတော့မည် မဟုတ်ပါဘုရား။ ထို့ကြောင့် နေ့ခင်းစာဝါနှင့် ညနေပိုင်း စာဝါ များအတွက် ဘုရားတပည့်တော်ကို စောင့်မနေပါနှင့် ဘုရား။ သို့သော်လဲ နောက် တရက် နံနက်ပိုင်းစာဂါကိုမူ ဆိုင်းငံ ့ထားနိုင်လျှင် ဆိုင်းငံစေချင်ပါတယ်။

.

## PAGE 352
<!-- 15 paragraphs, raw extraction -->



၃ဝ၉

ခွင့်ပြုတော်မူပါဦးဘုရား”ဟုလျှောက်ကာ ချက်ချင်းပင်ထွက်ခွာ၍ မလယကျောင်း မဟာသံဃရက္ခိတ မထေရ်ကြီးထံ သွားရောက်လေ၏။

သံဃရက္ခိတ မထေရ်ကြီးလည်း ကျောင်းရှိ သစ်ရွက်မိုး တရားမဏ္ဍပ် အတွင်း၌ အသုံးအဆောင်များ နေရာတကျ သိမ်းဆည်းနေသည်ကို တွေ့ရလျှင် အနီးသို့သွား၍ ဦးချလိုက်၏။

မထေရ်ကြီးသည် သပိတ်ကိုလွယ်၊ နှစ်ထပ်သင်္ကန်းကြီး ပခုံးပေါ်တင်ကာ အမောတကော ရောက်လာသော တိဿဘူတိ ရဟန်းငယ်အား ကြည့်မျှပင် မကြည့်မူ၍—

ငါ့ရှင်၊ သင်၏ သပိတ်သင်္ကန်းများကို နေရာတကျ သိမ်းဆည်းထား ချေဦး”ဟု မိန့်တော်မူလျှင်’

"

“အရှင်ဘုရား၊ တပည့်တော်မှာ ရောဂါဝေဒနာတခု စွဲကပ် နေပါတယ်။
ဒီရောဂါကို ကုသပေးနိုင်လျှင် ဘုရားတပည့်တော် သပိတ်သင်္ကန်းများကို နေရာ တကျ သိမ်းဆည်းပါ့မယ်ဘုရား”ဟု လေးစား ခြေငံစွာ ပြန်၍ လျှောက်၏။

“ငါ့ရှင်…၊ ယခု သင့် ရောဂါကို ကုပေးနိုင်တဲ့ ဆရာသမားထံမှာ ရောက် နေပြီကပဲ၊ သိမ်းသာ သိမ်းထားလိုက်”ဟု မိန့်တော်ပူ၍ “ဒီဆရာတော်ကြီးဟာ မသိမမြင်ပဲနဲ့ ဒီလို မမိန့်တန်လောက်ဘူး”ဟု ဆင်ခြင်မိကာ သပိတ်သင်္ကန်း သိမ်း ဆည်းချထားပြီး ဝတ်ကြီး ဝတ်ငယ်များပြုလျက် မထေရ်ကြီးအနီး ချဉ်းကပ် ရှိခိုး နေ၏။

မထေရ်ကြီးသည် ဤမောင်ပဉ္စင်းကား ရာဂ စရိုက်ရှိသော သူပေပဲ”ဟု ဆင်ခြင်တော်မူကာ အသုဘ ကမ္မဋ္ဌာန်းကို စီးဖြန်းတတ်အောင် ဟောကြား သင်ပြပေးတော်မူ၏။ တိဿဘူတိ ရဟန်းငယ်လည်း တရားပေးပြီးသည်နှင့် ကြာ ကြာ မထိုင်တော့ပဲ ချက်ချင်း နေရာမှထကာ ချထားသော သပိတ်သင်္ကန်းများကို ကောက်ယူ၍ ပခုံးတဘက်၌ လွယ်ပြီးလျှင် မထေရ်ကြီးအား မတ်တတ်ရပ်လျက် အကြိမ်ကြိမ် ဦးနှိမ်ရှိခိုးနေလေ၏။

"

“ငါ့ရှင် မဟာဘူတိ၊ အဘယ့်ကြောင့် အလွန် အမင်း အကြိမ်ကြိမ် အရို အသေပြုနေရလဲ”ဟု မေးတော်မူလျှင်…

"

“မှန်လှပါ ကျေးဇူးရှင်ကြီးဘုရား၊ (ဘုရားအစရှိသော ဆရာသမားများ ဟာ နည်းပေးရုံသာ တတ်နိုင်ကြပြီး ကိုယ့်အလုပ် ကိုယ်လုပ်ကြရမှာပါဘုရား) ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်သိပြီး အဟုတ်လုင်နိုင်မှပဲ ကောင်းပါတယ်ဘုရား။
မလုပ်နိုင်ယင် နေရာမကျပါ။ ခွင့်ပြုပါဦးဘုရား။ ဒါ နောက်ဆုံး ဖူးမြော်ကန် တော့ခြင်းပါ ဘုရား။”

## PAGE 353
<!-- 11 paragraphs, raw extraction -->


၃ ၁ ဝ

"


အရှင်တိဿဘူတိက မတ်တတ်ရပ် လျှောက်ထားယင်း ထွက်ခွာမည်အပြု- “သာဓု သာဓု ငါ့ရှင် မဟာဘူတိ၊ ကြွပေဦးတော့။ သို့ကလောက် ဇွဲလုံ့ လ ရှိသော ပုဂ္ဂိုလ်များအတွက် ဈာန်မဂ်ဖိုလ်တရားဟာ မရနိုင်စရာ အကြောင်းမရှိပ | ဘူး ငါ့ရှင်” ဟု ကောင်းချီး ပေးတော်မူလိုက်သည်။

အရှင်တိဿဘူတိလည်း အလာကပင် အရိပ်အာဝါသ ကောင်း၍ ဆိတ်ငြိမ်. သော ချုံပုံပြောင်းတခုကို ရည်ရွယ် သတ်မှတ်ပြီး လာခဲ့ရာ ထိုနေရာအရောက် ထိုချုံ ဖုတ်ထဲသို့ ဝင်ရောက် နေခိုတော်မူလိုက်၏။ ဆရာသမား မိန့်မှာသည်များကိုလည်း ဦးထိပ်တွင် သံမှိုနှက်သကဲ့သို့ အလေးအနက် ခံယူကာ ထိုချုံအတွင်းမှာပင် ပံ့သုကူ သင်္ကန်းကို ဖြန့်ခင်းပြီးနောက် တင်ပျဉ်ခွေထိုင်၍ မိမိဆံပင် မွှေးညင်းမှအစ တကိုယ် လုံး၏ မတင့်မတယ် စက်ဆုပ်ဖွယ် သဘောများကို တခုပြီး တခု နှလုံးသွင်းလေ၏။

အသုဘ ကမ္မဋ္ဌာန်းကို နှလုံးသွင်းရာ ဥပစာရသမာဓိမှ အပ္ပနာသမာဓိ ကျအောင် မိမိရရ ရှုပွားနိုင်လာ၏။ ယင်း အသုဘ ကမ္မဋ္ဌာန်းကို အခြေခံ၍ ခန္ဓာ ကိုယ်၏ ရုပ်နာမ်နှစ်ချက် ဖြစ်ပျက်သဘာဝကို ဆက်လက် သုံးသပ်ရာ တညလုံး အိပ်စက်ချိန်ပင် မထားတော့ပေ။ နံနက်` အရုဏ်တက်သည်နှင့် … ရ ဟန်း ကိစ္စ ပြီးမြောက်လေတော့၏။

အရှင်တိဿဘူတိသည့် နေအရုဏ်တက်သည်နှင့် ထို ချုံပုပြောင်းထဲမှ ထွက် ခွာ၍ ကလ္လရွာ မဏ္ဍလာရာမ ကျောင်းတိုက်ကြီးသို့ ပြန်လည် ကြွလာခဲ့၏။ကျောင်း ထိုင် စာချ ဆရာတော်လည်း နံနက်ခင်း စာဝါကို ချပို ့ရန် ပြင်ဆင်ယင်း အရှင် တိဿဘူတိ၏ အမှာစကားအရ သူ့ အား စောင့်ကြိုတော်မူလျက် ရှိလေသတည်း။
သူ့

(မူလပဏ္ဏာသ အဋ္ဌကထာ-၁၊ သဗ္ဗာသဝသုတ်အဖွင့် ၆ဂ-၌)“အရှင်တိဿ ဘူတိ’ဟု လာ၏။ မထေရ်ငယ်ကား ဉာဏ်ထက်မြက်သူဖြစ်၍ စုပေါင်း ရွှတ်ဆိုရာ၌ ခေါင်းဆောင်သူဖြစ်ကြောင်း၊ တရားရှုမှတ်ရာ အနာဂါမ် ဖြစ်သွားသော်လည်း “ငါ အနာဂါမ်ဖြစ်ပြီ”ဟု စာပေ ပရိယတ္တိ၌ တွန့်ဆုတ်မှု မရှိပဲ နောက်တနေ့ နံနက် စာဝါအမီ ရောက်လာကြောင်း ယင်းဋီကာ၌ ဆိုလေသည်။

ကိလေသာ အာသဝေါတရားတို့ကို မဖြစ်စေရန် ကာကွယ် နှင်ထုတ်နည်း အမျိုးမျိုးကို ယင်း “သဗ္ဗာသဝသုတ်၌ ဟောတော်မူရာ အရှင်တိဿဘူတိကဲ့သို့ စာပေသင်ကြားခြင်း၊ ဆွေးနွေး မေးမြန်းခြင်း၊ ကမ္မဋ္ဌာန်းပေးတတ်သူထံ ချဉ်း ကပ်နာယူခြင်းများ ပြုလုပ်ကာ သင့် မသင့် ဆင်ခြင်နိုင်သော ဉာဏ်မျက်စိရအောင် ကြိုးစားရမည်ဟု ဖော်ပြလေသည်။

(ပရိယတ္တိ အရှင်များ နမူနာယူဖွယ် ဖြစ်လေသည်။)

## PAGE 354
<!-- 12 paragraphs, raw extraction -->



အဖမ်းမခံရသော ဆွမ်းခံကိုယ်တော် စူဠပိဏ္ဍပါတိယ တိဿထေရ်


စူဠပိဏ္ဍပါတိယ တိဿ ခေါ်သော မထေရ်တပါးသည် မိမိဂေါစရဂါမ် ရွာသို့ ဆွမ်းခံကြွတော်မူရာ သဒ္ဓာကြည်ညိုသော ဒကာမကြီး တဦးသည် ၁၂-နှစ် တိုင်တိုင် ဆွမ်းဝတ်ပြုလေ၏။

တနေ့သ၌ ထိုဆွမ်းခံရွာမီးလောင်ရာ အိုးအိမ် အသုံးအဆောင်များ ဆုံးရှုံး နစ်နာကြရလေ၏။ ဒကာ,ဒကာမများနှင့် ချမ်းသာမကွဲ ဆင်းရဲအတူ (သဟသော ကီ, သဟနန္ဒီ)လူနှင့်ရောနှောကာ လူပေါင်း ပေါင်းသော ကုလူပကဘိက္ခု ခေါ် အိမ်လည်ရဟန်း ဆွမ်းခံကိုယ်တော်များမှာ ရွာမီးလောင်သည် ကြားရသည်နှင့် သက်ဆိုင်ရာ ဒကာ, ဒကာမများထံ ရောက်သွားကြ၏။

“ကိဥပါသိကေ အပိ ကိဉ္စိ ဘဏ္ဍကံ အရောဂီ ကာတုံ အသက္ခိတ္တ=ဘယ် နှယ်လဲ ဒကာမကြီး…၊ အတွင်းပစ္စည်းကလေး ဘာလေးများ တော်တော် ရလိုက် သေးရဲ့ မဟုတ်လား”စသည်ဖြင့် မီးသတင်း မေးကြလေသည်။

၁၂-နှစ်တိုင်တိုင် ရိုရိုသေသေ လေးလေးမြတ်မြတ် ဆွမ်းဝတ်ပြုနေသော ဒကာမကြီးမှာလည်း “အမေကြီး”ဟု ခေါ်ကာ တရွာလုံးက လေးစားရသော ဒကာမကြီးဖြစ်၏။ ထိုဒကာမကြီးအိမ်လည်း မီးထဲပါဘွားရာ အုတ်နံရံမျှသာ ကျန်ရစ်လေ၏။

:

၁၂-နှစ်တိုင်တိုင် ဆွမ်းခံကိုယ်တော်အား ဆွမ်းဝတ်ပြုနေရာ ဒကာမကြီး ကလည်း ဆွမ်းခံ ကိုယ်တော်ထံ မည်သည့် အကူအညီမျှ မတောင်းခံစဖူး၊ ” ကိုယ် တော်ကလည်း တရားနှင့်စပ်၍ မေးလျှောက်လျှင် တခွန်းစ နှစ်ခန်းစ အမိန့် ရှိသည်မှတပါး လာဘ်ရရာရှကြောင်း အရောတဝင် ခင်မင်လေဟန် တရင်းတနှီး ပြောဆိုဆက်ဆံခြင်း၊ တစုံတရာ အလှူခံခြင်းမရှိ။ အချိန်ကျလျှင် ဆွမ်းလောင်း သူက လောင်း၍ အလှူခံသူက အလှူခံပြီး ပြန်ကြွမြဲ ဖြစ်၏။

ထိုအခြင်းအရာကို သိထားသော အိမ်နီးနားချင်းများက မီးလောင်၍ အုတ် နံရံကလေးမျှသာ ကျန်နေရာ ထိုနံရံအရိပ်မှာပင် ဆွမ်းကွမ်းများ စီစဉ် လုပ်ကိုင် နေသော ဒကာမကြီးအား--

!

## PAGE 355
<!-- 16 paragraphs, raw extraction -->


၃၁.၂

"


လာ

“အမေကြီး…၊ အမေကြီး ကိုယ်တော်ကတော့ ဆွမ်းစားချိန်ကျမှပဲ လိမ့်မယ်ထင်တယ်။ဆွမ်းစားချိန်ကျယင်တော့ မနေပါဘူး လာမှာပါ”စသည်ဖြင့် ခန့်၍ ပြောင်လှောင် ပြောဆိုကြ၏။

မထေရ်လည်း ဆွမ်းစားချိန်ကျ၍ ကြွလာလေရာ လူဒက, ဒကာမတို့နှင့် ရင်းရင်းနှီးနှီး တအိမ်ဝင် တအိမ်ထွက် နှုတ်ဆက် ပြောဆိုလေ့ရှိသော ကုလူပက ရဟန်းများလည်း ဆွမ်းကိစ္စပြီး၍ အသီးသီး မီးကြောင်း ရွှာကြောင်း ပြောဆို နေကြလေသည်။

ဒကာမကြီးလည်း မိမိကိုယ်တော် ကြွလာလျှင် ထုံးစံအတိုင်း ကောင်းမွန်စွာ စီမံဆက်ကပ်၏။
မထေရ်လည်း “သုခီဟောတု”ဟု ဆိုကာ ဆွမ်းအနုမောဒနာပြုပြီး ပြန်ကြွလေသည်။ ရှပ်ကြောင်း ရွာကြောင်း တစုံတရာ အပိုပြောဆို မေးမြန်းခြင်း မရှိ။ မထေရ် ပြန်ကြွသွားလျှင် အိမ်နီးချင်းများက—

“ကဲ… အမေကြီး…၊ကျွန်မတို့(ကျွန်တော်တို့)ပြောတာ မဟုတ်ဘူးလား၊
အမေကြီး ကိုယ်တော်ကတော့ ဆွမ်းစားချိန်ကျယင်တော့ ကြွလာမှာပဲဆိုတာ” ထိုအခါ ဒကာမကြီးက အိမ်နီးချင်းများအား အောက်ပါအတိုင်း ပြန်၍ ပြောလိုက်လေ၏။

“အေးပါလေ….၊ ‘ညည်းတို့ ကိုယ်တော်တွေနဲ့ ညည်းတို့နှင့်တော့ လိုက်လဲ လိုက်ပါပေရဲ့။ အံကိုက်ပါပဲ။ အမေကြီးလဲ အမေကြီး ကိုယ်တော်နဲ့ အမေကြီး ပေါ့။”

အလွှတ်နှင့် အဖမ်း

ရဟန်းနှင့်လူ ဆက်ဆံနည်း ၄-မျိုး

ရဟန်းတော်များနှင့် လူဒကာ, ဒကာမတို့သည် မကွေမက္ခာ ဆက်ဆံ နေကြရသူများဖြစ်၍ ခွဲခွာ၍ မရစကောင်း။ သာသနာ့ တာဝန်ကို ဆောင်ရွက် ကြရာ၌ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ၊ ပစ္စယနှင့် ဓမ္မ၊ လောကနှင့် လောကုတ္တရာ ဒွန်တွဲနေသဖြင့် ခွဲခွာ၍မရ။ သို့ရာတွင် လိုအပ်သည်ထက် ကျော်လွန်၍ ပူးတွဲခြင်း မရှိစေရချေ။

၁။ .

ဂါဟ ဂါဟက=အပြန့်အလှန်ဖမ်းခြင်း၊ အချို့လူ ဒကာ, ဒကာမတို့ သည် ရဟန်းတော်များအား ရှိခိုးပူဇော်လှူဒါန်းကြရာ၌ အလွန် ရခဲ သော ဒက္ခိဏေယျ သံဃာတော်ဂုဏ်ကို အာရုံမပြုနိုင်ကြ။ ရဟန်းများ ထံမှ သီလ, သမာဓိ, ပညာ ရရာရကြောင်း၊ လူ, နတ်, နိဗ္ဗာန်သုံးတန် ချမ်းသာ ရရာရကြောင်း အခွင့်ကောင်းကြီးများကို မဆင်ခြင်နိုင်။

i

## PAGE 356
<!-- 14 paragraphs, raw extraction -->


"


၃ ၁ ၃

လောလောဆယ် အပေးအယူ အကူအညီ ရယူလိုသောစိတ်ဖြင့် ဆက် ဆံကြ၏။ ထို ကာ, ဒကာမမျိုးကို လာဘ်ပေး လာဘ်ယူ နည်းအရ အာမိသပစ္စည်းကို မိမိက အရင်ပေးကာ မိမိကိုယ်ကျိုးအတွက် ဖြား ယောင်း၍ အမိဖမ်းသူဟု ခေါ်၏။

ပါဠိလို “ဂါဟ” ဟု ခေါ်၏။ တဏှာ မာန ဒိဋ္ဌိ တမျိုးမျိုးဖြင့် ဖမ်းယူ ခြင်းဟု ဆိုလိုသည်။

အချို့ ရဟန်းတော်များလည်း ထို ့အတူပင် ဒကာ ဒကာမတို့အား အသိ ဉာဏ်ပေးခြင်း၊ ရဟန်းတရား ကျင့်ကြံခြင်း အားဖြင့် အလှူ အကျိုးများအောင် ဆောင်ရွက်ပေးခြင်းမျိုးဖြင့် မပေါင်းပဲ လာဘ်ရရေးအတွက် လူပေါင်းပေါင်းကာ ဝမ်းကျောင်းအလှူခံရုံမျှမက မိမိကပင် သစ်သီးပေးခြင်း၊ ပန်းပေးခြင်း၊ ငွေချေး ခြင်း၊ အစေအပါးလုပ်ခြင်း၊ လူမှုကိစ္စတွင် ပါဝင် အကူအညီပေးခြင်း၊ ဗေဒင် ဟောခြင်း၊ ဆေးပေးခြင်း စသည်ဖြင့် ကုလဒူသန ခေါ် လူဒကာတို့၏ ပင်ကိုယ် ယုံကြည်စိတ်, သဒ္ဓာစိတ်ကလေးကိုပင် လမ်းပြောင်းသွားအောင် ဖျက်ဆီးတတ်ကြ လေသည်။ အလဇ္ဇီ=အရှက်မရှိသော ရဟန်းတည်း။

ဤနည်းဖြင့် ဆက်ဆံသည်ကို ရဟန်းတော်များဘက်က ဖမ်းယူခြင်း “ဂါဟ”ဟု ဟောတော်မူလေသည်။ထို ့ကြောင့် ဂါဟဂါဟက‘ဒကာ ဘက်ကလဲ ဖမ်း၊ ရဟန်းဘက်ကလဲဖမ်း၊ အဖမ်းအဖမ်းချင်း ဆက်ဆံနည်း (ချိတ်ချင်း ချိတ် ယူနည်း)။

ထိုရဟန်းမျိုးကို သာသနာဖျက်ဆီးသူဟု ခေါ်ရ၍၊ လှူဒါန်းအားပေးသူ ဒကာ ဒကာမတို့လည်း သာသနာဖျက် အားပေးသူများ ဖြစ်၍ သေလျှင် ငရဲသို့ ကျခံရတတ်ကြောင်း “စူဠဝါဂဏ္ဌိ”၌ မိန့်ဆိုထား၏။

၂။ ဂါဟမုတ္တက = ဒကာကသာ ဖမ်း၍ ရဟန်းဘော်ဘက်က အဖမ်းမခံ ခြင်း၊ လွှတ်ခြင်း။

၃။

မုတ္တဂါဟက = ဒကာဘက်က လွှတ်ထားသော်လည်း ရဟန်းဘက်က ဖမ်းနေခြင်း။

=

၄။ မုတ္တမုတ္တက = ဒကာဘက်ကရော ရဟန်းဘက်ကပါ မဖမ်းပဲ လွှတ် ထားခြင်း။ ဆက်ဆံနည်း လေးမျိုးရှိရာ နောက်ဆုံးနည်းကိုသာ ဘုရား ကြိုက်တော်မူလေသည်။ (မ-ဋ္ဌ-၂၊ ၅၂-ရထဝိနီတသုတ်အဖွင့်။) မလိုချင်မှ များများရ၊ ဘုရားအဆုံးအမအတိုင်းနေမှ ပို၍ ကြီးပွား ချမ်း သာသည်ကို မမြင်ကြသော ဘုရားသားတော်များလည်း ရှိတတ်ကြ၏။

## PAGE 357
<!-- 13 paragraphs, raw extraction -->


၃၁.၄


သာရဏီယ ကျင့်ဝတ်ကြောင့် သစ်ပင်ရှိလျှင် ဆွမ်းရှိသော တိဿထေရ်နှင့် နာဂထေရ,ထေရီ မောင်နှမ

မဟာဂိရိစ္ဆာကို ဂေါစရဂါမ်ပြုသော လေဏဂိရိ(သေနှင့်ရှိ) ခေါ်တောင် လိုဏ်ဂူကျောင်းနေ အရှင်တိဿမထေရ်သည် သာရဏီယ ကျင့်ဝတ်ကို ဖြည့်ကျင့်ရာ စံတော်ဝင် မထေရ်တပါး ဖြစ်တော်မူ၏။(D.P.N. ၌ မဟာခီရဂါမ၊ လေဒဏ ဂိရိဟုလည်း ပြထားသည်။)

တခါက နာဂဒီပကျွန်းသို့ ဘုရားဖူးကြွကြသော မထေရ် ငါးကျိပ်တို့သည် ဘုရားဖူးသွားရာလမ်းခရီးနာဂဒီပနယ်အဝင်၌တည်ရှိသော ထိုမဟာဂီရိရွာတွင်းသို့ ဆွမ်းခံလှည့်လည်ကြ၏။ ဆွမ်းခံ၍ မရကြသဖြင့် သပိတ်ချည်းလွယ်ကာ ရွှ ့အပြင် ဘက်သို့ ထွက်လာကြရသည်။

အရှင်တိဿမထေရ်လည်း ဆွမ်းခံကြွလေရာ ရွာအဝင်၌ပင် မထေရ်များကို

တွေ့မြင်ရသဖြင့်

တိဿ`အရှင်ဘုရားများ၊ ဆွမ်းရတော်မူကြပါရဲ့လား ဘုရား။
မထေရ်များ ငါ့ရှင်၊အိမ်ပေါက်စေ့တော့ ရုပ်ခဲ့ကြတာပါပဲ။

တိဿ ( မထေရ်သည် ဆွမ်းမရကြောင်း သိ၍)အရှင်ဘုရားများ ဘုရား တပည့်တော် ပြန်လာသည်အထိ ဒီကပဲ ခဏစောင့် ့တော်မူကြပါ ဦးဘုရား။

မထေရ်များ ငါ့ရှင်၊ ကောင်းပါပြီ၊ ငါတို့ ရဟန်းတော် ငါးကျိပ်လုံး သပိတ် စိုစွတ်ရုံကလေးတောင် မရခဲ့ကြပါဘူး ငါ့ရှင်။
ငါ့ရှင်တို့လို အမြဲ နေ. ပုဂ္ဂိုလ်များမှာတော့ စွမ်းဆောင်နိုင်တတ်ကြပါရဲ့။ အနဲဆုံး ဆွမ်းခံလမ်း အထာကိုတော့ သိနေတတ်ကြပါဘယ်။

ထိုသို့ လျှောက်ထား ပြောဆိုကြပြီးလျှင် အရှင်တိဿမထေရ်လည်း ရွာ တွင်းသို့ဆွမ်းခံဝင်လေ၏။

မိမိအမြဲဆွမ်းခံအိမ်မှ ဒကာမကြီးမှာလည်း အရှင်မြတ် အလာကို စောင့် မျှော်ယင်း နို ့ဃနာဆွမ်းများကို လောင်းလှူရန် ပြင်ဆင်နေ၏။ . အိမ်တံခါးသို့ မထေရ်ရောက်လျှင်ပင် မထေရ်လက်မှ သပိတ်ကိုယူကာ အပြည့် လောင်းလှူလိုက် သည်။

## PAGE 358
<!-- 12 paragraphs, raw extraction -->



၃ ၁ ၅

မထေရ်လည်း သပိတ်ကိုလွယ်၍ ရှူ ့အပြင်၌စောင်ဆိုင်းငံ ့လင့်နေကြသော အာဂန္တုမထေရ်ငါးကျိပ်တို့ထံသွားပြီးလျှင်သံဃာမထေရ်ကြီးထံ ဦးစွာချဉ်းကပ်၍ သပိတ်ကို ဖွင့်ပြီး ခပ်ယူ ဘုဉ်းပေးရန် လျှောက်ထား၏။ မထေရ်ကြီးမှာနို ့ဃနာ ဆွမ်းများကို မြင်လျှင် အံ့ဩကာ အခြားအဖော်များကို လှမ်းကြည့်နေ၏။
ငါတို့မှာ ရွာရိုးလျှောက် အကြာကြီး လှည့်လည်ကြတာတောင်မှ ဘာမျှ မရခဲ့ကြဘူး။ခု ချက်ချင်း သွား ခုချက်ချင်း ပြန်လာ ရလာတယ်။ ဘယ်လိုပါလိမ့် မလဲဟူသော အကြည့်မျိုးဖြင့် ကြည့်နေစဉ် အရှင်တိဿမထေရ်က-

"

“အရှင်ဘုရားများ၊ ဘာမှ သံသယ ကုက္ကစ္စ ရှိတော်မမူကြပါနှင့်၊ ဒီဆွမ်း ဝိနည်းတော်အရ တရားသဖြင့် ရသော ဆွမ်း ဖြစ်ပါတယ်၊ အလှူခံယူတော်မူ ကြပါ ဘုရား…”ဟု မထေရ်ကြီးမှအစပြု၍ ထေရ်စဉ်ဝါလိုက် အပါးစေ့ အလို ရှိသလောက် ဝလင်အောင် ပေးလှူပြီးနောက် မိမိလည်း ဝဝလင်လင် ဘုဉ်းပေးရ

လေ၏။

သံဃာတော်များ အားလုံး ဆွမ်းတသပိတ်မျှဖြင့် သံဃာ ငါးကျိပ် တပါး ဘုဉ်းပေးနိုင်သည်ကို တွေ့မြင်ရ၍ သံဃာ့မထေရ်ကြီးက အရှင်တိဿအား- မထေရ်ကြီး´ ငါ့ရှင်၊ ဒီလောကုတ္တရာတရားထူးကို 'ဘယ်အချိန်က ရခဲ့ပါသလဲ။
တိဿ မှန်လှပါ၊ ဘုရားတပည့်တော်မှာ လောကုတ္တရာ တရားထူး မရ ရှိသေးပါဘုရား။

မထေရ်ကြီး … ဒါဖြင့် ငါ့ရှင်-ဈာနလာဘီပေါ့။

တိဿ မှန်လှပါ အရှင်ဘုရား၊ ဘုရား တပည့်တော်မှာ ဈာန်ကိုလဲ မရ ရှိပါ။

မထေရ်ကြီး … အနိုဘာမှ မရဘူးသာဆိုတယ်၊ ဒါ တန်ခိုးပဲ့မဟုတ်လားငါ့ရှင်။
တိဿ မှန်လှပါ၊ သူရားတပည့်တော် သာရဏီယ ဝတ်ကိုတော့ ဖြည့်ခဲ့ဖူး ပါတယ်ဘုရား။ ဒီသာရှဏီယ ဝတ်ကို ဖြည့်ပြီးတဲ့ အချိန်ကစပြီး သံဃာတရာ တထောင်ရှိပါစေí ဘုရားတပည့်တော် သပိတ်ထဲက ဆွမ်းဟာ ဘယ်တော့မှ ကုန်သွားတယ်ရယ်လို့ မရှိပါဘုရား ။
(မထေရ်များ ဝိနည်းသံသယ ကင်းရှင်းအောင်လျှောက်ထားခြင်း ဖြစ်သည်။)

မထေရ်ကြီး သာဓု-သာဓု-ငါ့ရှင် သူတော်ကောင်း၊ ငါ့ရှင်ရဲ့ ကျင့်ဝတ်ဟာ အလွန်သင့်မြတ် အတုယူအပ်လှပါပေတယ်။

## PAGE 359
<!-- 16 paragraphs, raw extraction -->


၃ ၁ ၆

3


ဒလှူပွဲတကာမှာ အသာဆုံးရခြင်း

ဤအရှင်တိဿ မထေရ်မြတ်သည်ပင် တခါက စေတီယတောင် “ဂီရိဘဏ္ဍ မဟာပူဇာခေါ် ဘုရားမီးပူဇော်ပွဲ သံဃဒါန အလှူပွဲကြီးတခုသို့ ကြွရောက်တော် မူရ၏။

ရဟန်းသံဃာများအား လောင်းလှူရန် လှူဖွယ်ဝတ္ထုအမျိုးမျိုးကို ကြည်ညို ဖွယ် ခင်းကျင်းပြသထားသောနေရာသို့ ကြွသွားကာ-

"

“ဒကာတို့- ဒီထဲမှာ ဘယ်ဟာ အကောင်းဆုံးလဲ”ဟု မေးတော်မူရာ သင်္ကန်းချုပ်ရန် ပိတ်စ နှစ်ခု အကောင်းဆုံးဖြစ်ကြောင်း လျှောက်ထားလျှင်

“အဲဒီ အကောင်းဆုံး ပိတ်စ နှစ်ခု ဦးပဉ္စင်းပဲကျမှာပါ”ဟု ပြောဆို ထွက်သွားလေ၏။ အမတ်ကြီးတဦးသည် ထိုသို့ ပြောဆိုသည်ကို ကြားရသဖြင့် မထေရ်ငယ်တပါးက ဤသို့ပြောသွားကြောင်း မင်းကြီးအား သွား၍ လျှောက် လိုက်သည်။ မင်းကြီးက-

"

“ကိုယ်တော်ငယ်ကလေးတွေဆိုတာ ဒီလိုပဲ၊ အကောင်းကြိုက်တာ ထုံးစံ ပါပဲ။ ဒါပေမယ့် ဒီနူးညံ့ချောညက်တဲ့ အဝတ်နှစ်ထည်ကတော့ မထေရ်ကြီးများ နှင့်ပဲ တော်ပါတယ်”ဟု ဆိုကာ သတ်သတ်မှတ်မှတ် အထက်ဆုံးက တင်ထား

လေ၏။

သံဃာတော်များ ဝါစဉ်အလိုက် မထေရ်ကြီးများမှစ၍ ကြွလာ အလှူခံ တော်မူကြရာ - မင်းကြီး ကိုယ်တိုင်ပင် လောင်းလှူလေ၏။ သို့ရာတွင် မထေရ်ကြီး များအတွက် သီးသန့် ရည်ရွယ်ပြီး အပေါ်ဆုံးက တင်ထားသော အဆိုပါ ပိတ်စ နှစ်ခုမှာ မင်းကြီး လက်ထဲသို့ ရောက်မလာ၊ အခြား လှူဖွယ်ဝတ္ထုများကိုသာ ကိုင်မိလျက်သား ဖြစ်နေလေ၏။

မထေရ်ကြီးများ အားလုံးအား လောင်းလှူပြီးနောက် အရှင်တိဿ မထေရ် ငယ်အလှည့်သို့ ရောက်သော အခါ၌မူ အဆိုပါ ပိတ်စနှစ်ခုကို ကိုင်မိလျက်သား ဖြစ်နေ၏။ မင်းကြီးလည်း မထေရ်ငယ်၏ လက်ထဲသို့ ဆက်ကပ်လိုက်ပြီးနောက် အနီး၌ ရှိနေသော အမတ်ကြီးအား ပြုံး၍ မျက်ရိပ် မျက်ခြည်ပြကာ မထေရ် ငယ်အား ခေတ္တ ဆိုင်းငံ ့ရန် တားထားလိုက်၏။

သံဃဒါန အလှူပွဲကြီးလည်း ပြီးဆုံး၍ သံဃာအများ ပြန်လည် ကြွသွား ကြလေ၏။ မင်းကြီးနှင့် အမတ်များကမူ အရှင်တိဿ မထေရ်အား လှူဖွယ်တန်း ရှန်များ ထပ်မံ လှူဒါန်းကာ မထေရ်ငယ်ရွှေ့၌ ရိုသေစွာ ထိုင်၍ ရှိခိုးပြီးလျှင် မင်းကြီးက’

## PAGE 360
<!-- 14 paragraphs, raw extraction -->




မင်းကြီး အရှင်ဘုရား….၊ ဘယ်အချိန်က ဒီတရားထူးကို ရခဲ့ပါသလဲဘုရား’ဟု လျှောက်လေ၏။ မထေရ်လည်း မိမိ၌ ထင်ရှားမရှိသော, တကယ် မရသောဂုဏ်ကို ပရိယာယ်မျှဖြင့်ပင် မပြောဆိုပဲ…

မထေရ် ဒကာတော်မင်းကြီး…၊ ဦးပဉ္စင်းမှာ လောကုတ္တရာ တရားထူး မရရှိ သေးပါဘူး’ဟု အမှန်အတိုင်း ပြောဆိုလိုက်ရာ-

မင်းကြီး အရှင်ဘုရား…၊ ဒါဖြင့် ဒီပိတ်စနှစ်ခုကတော့ ဦးပဉ္စင်းပဲ ကျမှာပဲလို့ ဘယ်လိုလုပ်ပြီး ပြောဆိုနိုင်ပါသတုံး။

မထေရ် မှန်ပါတယ် ဒကာတော်မင်းကြီး၊ ဦးပဉ္စင်းဟာ ဘုရားဟောတော်မူထား တဲ့ သာရဏီယကျင့်ဝတ်ဆိုတာ ရှိပါတယ်။ အဲဒါကို ကျင့်နေတာပါပဲ။
ဦးပဉ္စင်း အဲဒီ သာရဏီယဝတ်ကို ကျင့်တဲ့ အချိန်ကစပြီး လှူဖွယ်ပစ္စည်း အမျိုးမျိုး ခွဲဝေလှူဒါန်းကြတဲ့ နေရာမျိုးမှာ အကောင်းဆုံး ပစ္စည်း ဟာ ဦးပဉ္စင်းလက်ထဲ အလှူခံရလေ့ ရှိပါတယ်။

မင်းကြီး သာဓုဘုရား…၊ သာဓု သာဓု၊ အရှင်ဘုရားရဲ့ အကျင့်ဟာ တယ်လဲ မွန်မြတ်လှပါပေတယ်။

ဤသို့ လျှောက်ကာ မင်းနှင့် အမတ်ကြီးကိုလည်း အရှင်တိဿ မထေရ် ငယ်အား ဝမ်းသာ အားရ ဝတ်ပြုကာ ပြန်ကြလေ၏။

တိုင်းပျက် ပြည်ပျက် ဘေးကြီးအတွင်း နာဂထေရ် မောင်နှမ

နာဂထေရီမည်သော အရှင်မသည် တပည့် ထေရီမ တကျိပ်နှစ်ပါးကို အုပ်ချုပ်ကာ ဘာတရရွာ၌ သီတင်းသုံး နေထိုင်လေ၏။

သီဟိုဠ်ကျွန်း၌ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီး ပေါ်ပေါက်လာသော အခါ ဘာတရ ရွာသူ ရွာသားတို့သည် အရှင်မ နာဂထေရီအား အသိပေးချိန် မရတော့ပဲ ရွာလုံးကျွတ် ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်ကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့သွားကြ၏။

အရှင်မလည်း နံနက် မိုးသောက်သောအခါ-

“ရှင်မတို့...၊ တရွာလုံးလဲ ဘာသံမှ မကြားရ၊ . တိတ်ဆိတ်လှချည်လား၊
သွားပြီးများ စုံစမ်းကြည့်ကြပါဦး”ဟု ထေရီမကလေးများကို လွှတ်၍ စုံစမ်း စေရာ တရွာလုံး ညကပင် ပြောင်းရွှေ့သွားကြကြောင်း အရှင်မအား လျှောတ်. ထားကြကုန်၏။

## PAGE 361
<!-- 14 paragraphs, raw extraction -->


၃ ၁ ၈

"


“ရှင်မတို့…၊ ရှင်မတို့တတွေ ဒကာ, ဒကာမတွေ ပြောင်းရွှေ့ ပြေးသွား ကြလို့ ဘာမှ စိုးရိမ်ကြောင့်ကြ မနေကြနှင့်။ ကိုယ့်စာ ကိုယ်ကြိုးစားပြီး ကိုယ့် တရားကိုသာ နှလုံးသွင်းမြဲ သွင်းနေကြပါ”ဟု နှစ်သိမ့်ဖွယ်စကား ပြောကြား အားပေးလေသည်။

ဆွမ်းခံကြွချိန် ရောက်သောအခါ အရှင်မ နာဂထေရီနှင့်အတူ ထေရီ တကျိပ်နှစ်ပါး ထုံးစံအတိုင်း သင်္ကန်းရုံပြီး ကြွမြဲရွာသို့ ထေရ်စဉ် ၀ါလိုက် ကြွကြ လေ၏။ ထေရီမကလေးများမှာ မည်သို့မျှ မဝေခွဲတတ် ရှိနေစဉ် အရှင်မ နာဂ ထေရီသည် ရွာအဝင်ပေါက်သို့ ရောက်သောအခါ ရွာအဝင်ဝရှိ ညောင်ပင်ကြီး တပင် အောက်သို့ ကြွရောက် ရပ်တန့်နေလေ၏။

ညောင်ပင်စောင့် ရုက္ခစိုး နတ်မင်းကြီးလည်း ရုတ်တရက် ဆင်းလာကာ မထေရ်မ တကျိပ်နှစ်ပါးလုံးအား ဆွမ်းကွမ်းလုံလောက်အောင် လှူလိုက်သည်။
“အရှင်မတို့…၊ အရှင်မတို့ ဆွမ်းကွမ်းအတွက် တခြား ဘယ်ကိုမှလဲ ကြွ မနေကြပါနှင့်၊ နေ့စဉ်ဒီမှာပဲ ဆွမ်းအလှူ ခံယူတော်မူလှည့်ကြပါ”ဟုပင် ပင့်ဖိတ် လိုက်လေသည်။

အစ်မတော်ဆွမ်းကို ငြင်းပယ်သော မောင်ပဉ္စင်း

အရှင်မနာဂထေရီတွင် နာဂထေရ်ခေါ်သော မောင်မထေရ် တပါးလည်း ရှိလေသည်။ အခြား မြို့ရွာတခု၌ နေတော်မူ၏။

ထိုနာဂထေရ်လည်း တပည့်များအား’

"

ငါ့ရှင်တို့ …၊ တိုင်းပြည်မှာလဲ တနေ့တခြား ဘေးအန္တရာယ် များလာ တယ်။ ငါတို့ ဒီမှာနေလို့ ဆွမ်းကွမ်းမျှတဖို့ မလွယ်ဘူး။ တခြားတနိုင်ငံပြောင်း ကြမှ သင့်မယ်”ဟု ဆိုကာ နောက်ပါ တပည့် တကျိပ်တပါးကို ခေါ်ဆောင်ကာ မိမိနေရာမှ ထွက်ခွာလာကြရာ အစ်မတော် နာဂထေရ်ရီကို တွေ့ပြီးမှ သွားမည်”ဟု ယူဆကာ ဘာတရရွာဘက်သို့ ထွက်ခွာလာကြလေ၏။

အရှင်မလည်း မောင်တော် မထေရ်များ မိမိထံ ကြွလာကြောင်း သိရသည် နှင့် သွားရောက်၍ ခရီးဦးကြိုဆိုလျက် သူပုန်သူကန် အခြေအနေ မည်သို့ မည်ပုံ ရှိကြောင်း လျှောက်ထား ပြောဆိုနေကြ၏။ အကြောင်းစုံ သိရသောအခါ အရှင်မက’

“ဒီလိုဆိုယင်,မောင်တော်များ တညတလေ ဒီမှာပဲ သီတင်းသုံးပြီး နက် ဖြန်မှ ခရီးဆက် ကြွတော်မူကြပါဘုရား”ဟု လျှောက်၍ ကျောင်း၌ပင် မထေရ် တကျိပ်နှစ်ပါးတို့ ညအိပ် နားနေတော်မူကြရလေ၏။

## PAGE 362
<!-- 17 paragraphs, raw extraction -->



၃ ၁ ၉

အရှင်မသည် နောက်တရက် ဆွမ်းခံချိန် ရောက်သောအခါ ညောင်ပင်သို့ ကြွကာ ဆွမ်းခံခဲ့ပြီးနောက် မောင်တော် မထေရ်များအား’ အရှင်မဤဆွမ်းကို ဘုဉ်းပေးတော်မူကြပါဘုရား။

မထေရ် ဝိနည်းနဲ့ အပ်ပါ့မလား..၊ အစ်မတော်။ (မဘုဉ်းပေးပဲ ရပ်တန့်တော် မူနေ၍)။

အရှင်မ … မောင်တော်ဘုရားတို့…၊ ဘာမှ သံသယကုက္ကုစ္စ ရှိတော်မမူကြပါနှင့်။
တရားသဖြင့် ရတဲ့ဆွမ်းပါ၊ ဘုဉ်းပေးတော်မူကြပါဘုရား။

မထေရ် အပ်ပါ့မလား…..အစ်မတော်။

အရှင်မသည် မောင်တော်များအား နောက်ထပ်မလျှောက်တော့ပဲ တရား သဖြင့် ရသော ဆွမ်းဖြစ်ကြောင်း သက်သေ ပြသော အနေဖြင့် အဓိဋ္ဌာန်ဖြင့် သပိတ်ကို ကိုင်၍ အပေါ်သို့ မြှောက်တင်လိုက်ရာ သပိတ်မှာ လေထဲ၌ ရပ်တည် နေလေသည်။ သို့ရာတွင် ဝိနည်းကို လေးစားလွန်းသော မောင်တော်မထေရ်မှာ’

“အစ်မတော်…၊ ထန်းခုနစ်ဆင့် အမြင့်မှာ တည်နေပေမယ့် ဘိက္ခုနီမရဲ့ ဆွမ်းဟာ ဘိက္ခုနီမဆွမ်းပဲ အစ်မတော်…။ကိုယ့်သလုံး မြင်းခေါင်းနဲ့ ရင်းပြီးရတဲ့ ဆွမ်း မဟုတ်ဘူး။

"

“တိုင်းပျက် ပြည်ပျက် ဘေးကြီးဟာလဲ အမြဲတမ်း ခုလိုပဲ ရှိနေမှာ မဟုတ် ပါဘူး အစ်မတော်။ တိုင်းပြည် ငြိမ်ဝပ်ပိပြားလို့ အေးအေးချမ်းချမ်းရှိတဲ့အခါမှာ ကျောင်းသင်္ကန်းဆွမ်း ရသမျှနှင့် ရောင့်ရဲ ရမယ်ဆိုတဲ့ အရိယဝံသတရားကိုများ မောင်တော် ဟောရမယ်ဆိုတဲ့ အခါမျိုးမှာ “ငါ့ရှင်…၊ သင်ကိုယ်တိုင်ကတော့ ဘိက္ခုနီမ ဆွမ်းကို စားပြီး နေခဲ့တာ မဟုတ်လား”လို့ ကိုယ့်စိတ်က ကိုယ့်ကိုယ်ကို ပြန်ပြီး မေးစစ်ယင် အခိုင်အမာ ဖြေဆိုနိုင်ဖို့ ခက်လိမ့်မယ် အစ်မတော်။ ကိုယ့် စိတ်နှင့်ကိုယ် ကြည်ညိုနိုင်မှ ကောင်းတယ်။

..

“ကဲ….ကဲ…အစ်မတော်များလဲ မမေ့မလျော့ပဲ အပ္ပမာဒတရား လက်ကိုင် ထားပြီး ကိုယ့်တရားကိုယ်သာ နှလုံးသွင်းနေရစ်ကြပါတော့။'

အထက်ပါအတိုင်းပြောဆိုကာ မောင်တော်နှင့်တကွ မဓထရ် တကျိပ် နှစ်ပါးတို့သည် ဆွမ်းမစားပဲ ခရီးထွက်ကြလေ၏။

ဘာတရံရွာအဝင်မှ ညောင်ပင်စောင့် ရုက္ခစိုးနတ်မင်းကြီးလည်း တဘက် တလမ်းက စောင့်ရှောက်ကူညီရန် သူ့ စိတ်ကူးနှင့်သူ စဉ်းစားနေလေ၏။

“မထေရ်မြတ်များ… အစ်မတော် .ထေရီမကြီးလက်က လှူတဲ့ဆွမ်းကို ဘုဉ်း ပေးကြမယ်ဆိုယင်တော့ မကြွပါနဲ့လို့ တားဖို့မလိုပေဘူး။ မဘုဉ်းမေးဘူးဆိုယင် တော့မကြွဖို့ တားကြည့်ရဦးမှာပဲ”ဟု စဉ်းစား၍ ရပ်နေရာ မထေရ်များခရီးဆက် ရန်ထွက်လာကြသည်ကို ဖူးတွေ့ရသဖြင့် သစ်ပင်မှဆင်းကာ’

-

## PAGE 363
<!-- 13 paragraphs, raw extraction -->


၃၂ဝ

"


“အရှင်ဘုရား….၊ သပိတ်ချီးမြှင့်တော်မူပါ”ဟု လျှောက်ထား ယူငင်၍ မထေရ်ကို ညောင်ပင်ရင်းသို့ပင့်လျက် နေရာထိုင်ခင်းများ ခင်းကျင်း စီစဉ်ကာ ဆွမ်းကပ်လေ၏။ ဆွမ်းဘုဉ်းပေးပြီး နောက်တွင်လည်း အမြဲ ဆွမ်းခံကြွရန် ပင့် လျှောက်ကာ ဘုရားသားတော် သမီးတော် နှစ်ကျိပ် လေးပါးတို့အား ခုနစ်နှစ် ပတ်လုံး ရုက္ခစိုးနတ်မင်းကြီးကပင် ဆွမ်းကွမ်းဆက်ကပ်လေ၏။

အရှင်မ နာဂထေရီမကြီးသည်လည်း သာရဏီယဝတ်ကို ဖြည့်ကျင့်သူ ဖြစ်၍ အခက်အခဲကြုံလျှင် နတ်များကူညီကြပုံ သာဓကဖြစ်ပေသည်။
(မ-ဋ္ဌ-၂၊
၂၉၅-၇-ကောသလ္လိယသုတ်အဖွင့်။)

သာရဏီယဝတ် ဖြည့်ကျင့်နည်း

သာရဏီယကျင့်ဝတ်တရား ခြောက်ပါးရှိ၏။ ယင်းတို့ကို (ဆက္က အင်္ဂုတ္တရ ပါဠိတော် သာရဏီယဝဂ်နှင့် မူလပဏ္ဏာသ-ကောသမ္ဗီယသုတ်စူဠဂေါသိင်္ဂသုတ်၊
သာမဂါမသုတ်၊ ဝိနည်းမဟာဝဂ္ဂတို့၌) အောက်ပါအတိုင်း မြတ်စွာဘုရား ဟော တော်မူထား၏။

“ရဟန်းတို့…၊ သီတင်းသုံးဖော် (အတူတကွနေရသူ) များ၏ ချစ်ခင်ခြင်း, လေးစားခြင်းကို ပြုတတ်ကုန်သော ဤသာရဏီယတရား ခြောက်မျိုးတို့သည် သီတင်းသုံးဖော်တို့အား သင်္ဂြိုဟ်ထောက်ပံ့ရန်၊
မငြင်းခုံရန်, ညီညွတ်ရန်, တပေါင်းတည်း စည်းလုံးရန် ဖြစ်ကုန်၏။
တရားခြောက်မျိုးကား —

၁။ မေတ္တာကာယကံ ထားခြင်း၊
၂။ မေတ္တာ ဝစီကံ ထားခြင်း၊
၃။ မေတ္တာ မနောကံ ထားခြင်း၊

၄။ မိမိပိုင် ပစ္စည်းများကို သီလရှိသော သီတင်းသုံးဖော်တို့နှင့် မခွဲခြား မကန့်သတ်ပဲ အတူတကွ (အများဘုံဆိုင်ကဲ့သို့ သဘောထား၍) သုံးစွဲခြင်း၊

၅။ တူညီသော ကိုယ်ကျင့်သီလရှိခြင်း၊

၆။ တူညီသော အယူဝါဒ(ဒိဋ္ဌိ=အမြင်)ရှိခြင်းတို့ ဖြစ်ကုန်၏။” သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်လိုသောပုဂ္ဂိုလ်သည် ဤအင်္ဂါ ခြောက်ခု နှင့် ပြည့်စုံရ၏။ မေတ္တာသုံးမျိုးထားပုံမှာ လွယ်သယောင်နှင့် ခက်လှပေသည်။
(မေတ္တံာဝါဒ ဗြဟ္မဝိဟာရအဖွင့်၌ အပြည့်အစုံရေးခဲ့ပြီ။)

## PAGE 364
<!-- 12 paragraphs, raw extraction -->




ထို ၆-မျိုးတွင်’ မိမိပိုင်ပစ္စည်းဆိုသည်မှာ ပထမဆုံးခံ၍ရသော ဆွမ်းပင် တည်း။ ထိုဆွမ်းမှစ၍ သီတင်းသုံးဖော်များနှင့် မခွဲမခြား-မကန့်မသတ်ပဲ အများ ဘုံဆိုင်ကဲ့သို့ သဘောထားပြီး. သုံးဆောင်ရသည်။

“ဘယ်ပုဂ္ဂိုလ်ကိုသာ ပေးမည်၊ ဘယ်လောက်ကိုသာ ပေးမည်’ ဆိုသော အကန့်အသတ်မထားရ။ ဓမ္မိယလဒ္ဓ=တရားသဖြင့် အပ်စပ်သော ပစ္စည်းလည်း ဖြစ်ရမည်။ ဆွမ်းကို ခံယူကတည်းက သံဃာတော်များနှင့်အတူ သုံးစွဲမည်ဟု ရည်မှတ်ထားရ၏။

မိဘနှင့် ဆရာဥပဇ္ဈာယ်စသူတို့အား ရဟန်းသည် ပေးကျွေးကောင်း၏။
အပြစ်မရှိ။ သို့သော် ဤသာရဏီယဝတ် ကျင့်လျှင်ကား ပလိဗောဓတခုပင်ဖြစ်၏။
ကန့်သတ်ရာ ရောက်၏။ မပေးရ။

အကယ်၍ ပေးလိုက ကန့်သတ်ပေးနိုင်သောပုဂ္ဂိုလ်များကား ရှိသေး၏။
ဥပမာ- သူနာရဟန်း,သူနာပြုရဟန်း, အာဂန္တုရဟန်း, ခရီးသွားရဟန်း သပိတ် သင်္ကန်း ကိုပင် မကိုင်တွယ်တတ်သေးသော ရဟန်းသစ်များကိုမူ ပေးလိုလျှင် ပေးနိုင်၏။

ယင်းသို့ ပေးစရာရှိလျှင် ပေး၍ ကျန်သောဆွမ်းကို တိုက်တာရှိ အတူနေ မထေရ်ကြီးကစ၍ နောက်ဆုံး မထေရ် အငယ်ဆုံးအထိ ကြီးစဉ်ငယ်လိုက် ပုဂ္ဂိုလ် စေ့အောင် လိုက်၍ ပေးလှူရသည်။ အနည်းငယ် အနည်းငယ် စတိပေး ပေးလှူခြင်း မဟုတ်။ ထိုသံဃာများ အလိုရှိသလောက် လှူရသည်။ “ မလုံလောက်လျှင်၊ မကျန် တော့လျှင် ထပ်မံ၍ ဆွမ်းခံပြီး ရှေးနည်းတူ မထေရ်ကြီးမှစ၍ ကောင်းမွန်သမျှကို အကုန် ပေးလှူရ၏။

အားလုံး သံဃာများအား ပေးလှူပြီး ကြွင်းကျန်သော ဆွမ်းကိုသာ မိမိ စားရသည်။ (ဒုဿီလကိုမူ မပေးပဲ နေနိုင်၏။)

ကျင့်ရမည့်ကာလနှင့် ရသောအကျိုးများ

ဤသာရဏီယ ကျင့်ဝတ်ကို ကျင့်ရသည်မှာ အသိဉာဏ်ရှိ၍ ယဉ်ကျေးသော ပရိသတ်တွင် ကျင့်ရလျှင် ပြည့်မြောက်လျက်ရှိ၏။ . ထိုပရိသတ်မျိုးကား အခြား တနေရာရာက ရထားလျှင် မယူဘော့ချေ။ မရရှိသေးစေကာမူ အတိုင်းအရှည် ပမာဏကို သိပြီး အလှူခံ၏။ အပိုအမို လက်မခံ။

ဤကျင့်ဝတ်ကား လိုအပ်လျှင် အထပ်ထပ်ပင် ဆွမ်းခံလှည့်၍ ရသမျှ သံဃာအား ပေးလှူ၊ ကျန်သည်ကိုသာ စားရသောအကျင့်ဖြစ်ရာ တဆယ့်နှစ်နှစ် ကျင့်လျှင်ပင် ထိုဝတ် ပြည့်စုံ ပြီးမြောက်သည်ဟု ဆိုရ၏။ ထို ့အောက်ကား မလျော့စေရ။

## PAGE 365
<!-- 11 paragraphs, raw extraction -->


PJJ

.


အကယ်၍ ၁၂-နှစ် ပြည့်ခါနီးမှ ဆွမ်းသပိတ်ကို ဆွမ်းစားကျောင်း၌ ထား၍ ရေချိုးသွားစဉ် သံဃာများက သာရဏီယကျင့်နေသူ၏သပိတ်မှန်းသိ၍ အားလုံး ခွဲဝေစားပစ်လိုက်သော်လည်း “ငါ့ဆွမ်းတွေကို အကုန်စားပစ်ကြသည်။
ချန်မှချိန်မထားကြလေ”ဟု စိတ်မကွက်ရ၊ ဒေါမနဿ မဖြစ်ရ။ ထိုစိတ် ဖြစ်လျှင် သာရဏီယဝတ် ပျက်သွားသည်။ တရက်တာမျှ ပြန်အစားကျင့်၍မရ။ အစကစ၍ ၁၂-နှစ်ပင် ပြန်လည်ကျင့်သုံးရသည်။

“ငါ့သီတင်းသုံးဖော်များ ငါ့ကိုမပြောဆို မပန်ကြားပဲတောင်မှ ဘုဉ်းပေး ချီးမြှောက်ကြပေတယ်။ ငါ ကံ ကောင်းလေစွ”ဟု ဝမ်းမြောက် ဝမ်းသာ ၁၂-နှစ်တာတွင် တစုံတရာ စိတ်ကွက်ခြင်း မရှိရအောင် ကျင့်ရလေသည်။
ဣဿာ မစ္ဆေရစိတ် လုံးဝ ကင်းရသည်။

ထိုသို့ ၁၂-နှစ်ပတ်လုံး ချွတ်ယွင်းချက် မရှိ၊ ပြည့်စုံ ပြီးမြောက်အောင် ကျင့်နိုင်ပါလျှင် (ပြဆိုခဲ့သော သာဓက ဝတ္ထုများအတိုင်း)

၁။ လူများ'ဣဿာ မစ္ဆေရ မရှိ၊ ချစ်ခင် ကြည်ညိုခြင်း၊
၂။ နတ်များ ချစ်ခင် ကြည်ညိုခြင်း၊

၃။ ပစ္စည်း လာဘ်လာဘ ရလွယ်ခြင်း၊

၄။ သပိတ်တလုံး၌ရှိသော ဆွမ်းမျှဖြင့် ပေးလှူ၍ မကုန်နိုင်ခြင်း၊
၅။ ပစ္စည်း ခွဲဝေ လှူဒါန်း ခွဲခြမ်းရာ (မဲချရာလည်း ပါဝင်နိုင်၏)တွင် အကောင်းဆုံးပစ္စည်းကို ရခြင်း၊

၆။ တိုင်းပြည်ပျက်ခြင်း၊ငတ်မှုတ်ဘေးဆိုက်ခြင်းမျိုးနှင့်ကြုံလျှင်နတ်များ ကြောင့်ကြစိုက် ကူညီခြင်းအကျိုးများ မုချ ရနိုင်ပေသည်။ (မ-ဋ္ဌ ၂၊
၂ ၉ ၃-၅-ကောသပ္ပိယသုတ်နှင့် အံ-ဋ္ဌ-၃၊ ၉၂။ ဒီ-ဋ္ဌ-၂၊၁၂၄။)

## PAGE 366
<!-- 10 paragraphs, raw extraction -->

mix

i


အခန်း (၄)

သီလခုတင်နှင့် မေတ္တာအရာ စံတော်ဝင်မထေရ်များ

ထောင်မြင် ရာစွန့်

ဓနံ စဇေ အင်္ဂဟေတု

အင်္ဂ° ဇီဝိတပ္ပစ္စယာ ဓနံ အင်္ဂဉ္စ ဇီဝိတံ

သဗ္ဗမ္ပိ ဓမ္မပ္ပစ္စယာ။

ခြေလက်အင်္ဂါအတွက် ဥစ္စာကိုစွန့်ရာ၏။အသက်အန္တရာယ်အတွက် ခြေလက်အင်္ဂါကိုစွန့်ရာ၏။ တရားဓမ္မအထွက်မူကား စီးပွားဥစ္စာ အင်္ဂါခြေလက် အသက်ကိုပင် စွန့်ရာ၏။ (ဝိသုဒ္ဓိမဂ်မှီး။)

## PAGE 367
<!-- 12 paragraphs, raw extraction -->


၃ ၂ ၄


သီလကြောင့် ဘေးရန်အောင်သော အရိယကောဠိယဝါသီ မဟာဒတ္တထေရ်

အရိယကောဋိယအရပ်နေ မဟာဒတ္တထေရ်သည် ကိစ္စတစုံတခုကြောင့် ခရီး ဒေသစာရီကြွရစဉ် တောအုပ်တခုသို့ အရောက်၊ ခရီး ပင်ပန်းလှသဖြင့် အရိပ် အာဝါသကောင်းလှသော သစ်ပင်ကြီးတပင်အောက်၌ ဝင်ရောက်နားခိုနေ၏။
“အင်း...တနေ့တာ ဒီမှာနားခိုယင်း တရားအားထုတ်ပြီးမှပဲ ခရီးဆက် တော့မယ်” ဟုဆုံးဖြတ်ကာ နှစ်ထပ်သင်္ကန်းကြီးခင်းလျက် ထိုသစ်ပင်ရင်း၌ပင် တရားအားထုတ်လေ၏။

မထေရ်ရောက်လာလျှင် ရုက္ခစိုးနတ်မင်းကြီး၏ကလေးများမှာ (မထေရ်၏ သီလတန်ခိုးတော်ကြောင့် နေမထိ ထိုင်မထိ လန့်ဖျပ် အော်ငို ကုန်ကြ၏။
ထို့ ကြောင့် ဖခင်ရုက္ခစိုး နတ်မင်းကြီးမှာ မထေရ်အား စိတ်ဆိုးကာ သစ်ပင်ကို ယမ်း လှုပ်ခါနေ၏။ မထေရ်ကား မတုန်မလှုပ်ပင် တရားရှုမြဲ ရှုမှတ်တော် မူနေသည်။

မထေရ်မှာ မည်သို့မျှကြောက်ရွံ့ ထိတ်လန့်ပုံမပေါ်သဖြင့်ရုက္ခစိုးကြီးသည် မီးလျှံမီးခိုးများကို အဆက်မပြတ် လွှတ်ထုတ်ပြန်လေသည်။ မထေရ်ကား မတုန် လှုပ်။ မည်သို့မျှ ခြောက်လှန့်နှင်ထုတ်၍ မရသဖြင့် နောက်ဆုံး ဒကာတဦးအသွင် ဖန်ဆင်း၍ မထေရ်ထံ လာရောက်ရှိခိုးလျက် ရပ်လှာ၏။

မထေရ် သင်ဘယ်သူလဲ။

နတ် တပည့်တော် ဒီအပင်မှာစောင့်နေတဲ့ နတ်မင်းကြီးပါဘုရား။
မထေရ် ယခုတွင်က ခြောက်လှန့်တာ သင်ပဲမဟုတ်လား။
နတ် မှန်လှပါဘုရား။

မထေရ် ဘာ့ကြောင့် ဒီလိုလုပ်ရတာလဲ။

နတ် အရှင်ဘုရား ဒီအပင်အောက်မှာနေတဲ့အတွက် အရှင်ဘုရားရဲ့သီလ အရှိန်အဝါကြောင့် တပည့်တော် ကလေးတွေ အပေါ်မှာ နေလို့ ထိုင်လို့မရလို့- ကြောက်လန့် အော်ငိုနေကြရပါတယ်၊ ` ဒါကြောင့် အရှင်ဘုရားထွက်သွားအောင် လုပ်မိပါတယ်ဘုရား။

မထေရ် ကောင်းပြီဒကာ…၊ သို့သော်လဲ ဘာဖြစ်လို့ “အရှင်ဘုရား……. ဒီမှာ မနေလာပါနဲ့၊ တပည့်တော်တို့မှာ အနေရ အထိုင်ရ ဆင်းရဲရပါ တယ်'လို့ စောစောက မလျှောက်သလဲ။

## PAGE 368
<!-- 19 paragraphs, raw extraction -->




ကဲ….ခုမှတော့မထူးဘူး၊ ဘာမှလဲ ပြောမနေချင်တော့နဲ့၊ မဟာ ဒတ္တထေရ်ဟာ အမနုဿဘေးကြောင့် ထွက်ပြေးရတယ်လို့ ပြောမှာ ရှက်စရာကောင်းတယ်၊ ဒါ့ကြောင့် ဒီတနေ့တာတော့ ဒီမှာပဲနေတော့ မယ်။ သင်တို့မိသားစု ဒီတရက်တော့ဖြင့် သင့်တော်ရာခဏတိမ်းရှောင် နေကြပေဦးတော့။

မဟာဒတ္တမထေရ်သည် အထက်ပါအတိုင်း ပြောဆိုကာ တရားကိုသာဆက် လက် ရှုပွားလေတော့သည်။ (မ-ဋ္ဌ-၁၊ ၁၆၅-မူလပဏ္ဏာသ အာကင်္ခေယျသုတ် အဖွင့်။)

"

သီလဟူသည် ဣစ္ဆာသယပတ္တမြား (အာကင်္ခေယျသုတ္တန်)

မြတ်စွာဘုရားရှင်သည်

သစေ မယံ စတူဟိ ပစ္စယေဟိ နကိလမေယျာမ၊ သီလာဒိ ပူရေတုံ သက္ကုဏေယျာမ=ငါတို့မှာ စီးပွားဥစ္စာပစ္စည်းမချိုဘူး ဆိုယင်တော့ သီလစတဲ့ တရားတွေကို မကျင့်ရလေလား၊ ယခုတော့ အူမ-မတောင့်လို့ သီလ မစောင့် နိုင်ဘူး”စသည်ဖြင့် ဆင်ခြေကန်တက်သော လူညံ့ရဟန်းညံ့များအတွက် မည်သို့မျှ မဟရဲအောင် ရဲရဲကြီး အာမခံတော်မူထားလေသည်။

"

“ရဟန်းတို့..

၁။ သီတင်းသုံးဖော် မိတ်ဆွေများ၏ ချစ်ခင် လေးစားခြင်းခံရပြီး သမထ ဝိပဿနာ လွယ်ကူစွာပေါက်မြောက်လိုလျှင်-

၂။ ပစ္စည်းလာဘ်လာဘပေါများလိုလျှင်-

၃။ မိမိရဲ့ ဒကာဒကာမတွေ (သတ္တဝါတွေ) ဘေးရန်ကင်းကွာ ကြီးပွား ချမ်းသာစေလိုလျှင်’

၄။ ကွယ်လွန်သူ မိဘာတကာတို့ကို များစေလိုလျှင်’

ကောင်းရာသုဂတိပို့ ကာ အကျိုး

၅။ သူတော်ကောင်းအလုပ်မှာ ပျော်ပိုက်နိုင်ပြီး လောကီ အာရုံတွေကို လွှမ်းမိုး အောင်နိုင်လိုလျှင် (အရတိရတိသဟော)

၆။ တောတောင်အရပ်တို့၌ အနှောင့်အယှက်ဘေးရန် အန္တရာယ်မှန်သမျှ ခံနိုင်ရည်ရှိကာ အောင်မြင်လိုလျှင် (ဘယဘေရဝသဟော)

၇။ လောကီဈာန်သမာပတ်တွေကို ရရှိရုံမျှမကနိုင်နိုင်နင်းနင်းကျွမ်းကျွမ်း ကျင်ကျင်ရရှိကာ ချမ်းချမ်းသာသာကြီးနေလိုလျှင်–

## PAGE 369
<!-- 16 paragraphs, raw extraction -->



"

ဂ-၁၁။


လောကီ အဘိညာဉ်မှစ၍ အာသဝက္ခယဉာဏ်အထိ (ရဟန္တာဖြစ်ရသည်အထိ)ဂုဏ်ထူးဝိသေသနှင့်တကွ နိဗ္ဗာန်ကို မျက်

မှောက်ပြုလိုလျှင်’

“သီလေက္ခေ”ဝဿ ပရိပူရကာရီ=သီလကိုသာလျှင် ပြည့်စုံ လုံလဲအောင် ဆောက်တည်ကြကုန်”ဟု ` အတည့်အလင်းမိန့်မှာတော်မူလေသည်။(ရချင်လို့တော့ မလုပ်နှင့်၊လုပ်လျှင်တော့ရမှာအမှန်ပဲ ဟူ၏။)

အထက်ပါ မဟာဒတ္တထေရ်ဝတ္ထုမှာ ဘေးရန် အောင်နိုင်မှု အတွက်သာ ပြဆိုခြင်းဖြစ်၏။ အချုပ်အားဖြင့် သီလဟူသည် လောကီနယ်ပယ်အတွင်း၌ ချမ်း မြေပြည့်စုံစွာနေနိုင်ရေးမျှသာမက လောကုတ္တရာနယ်ပယ်၌လည်းတန်ခိုးအဘိညာဉ် နှင့်တကွ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သည်အထိ ကြီးမားသော ပင်မ တွန်းအားကြီး ဖြစ်ပေတော့သည်။

ကျောကုန်းပေါ် လိုက်ပါယင်း သီလကိုသုံးသပ်၍ ရဟန္တာဖြစ်သော

အမ္ဗာခါဒက မဟာတိဿထေရ်

သီဟိုဠ် သာသနာထွန်းကားစဉ်က သီလအရာတွင် စံတင် ညွှန်ပြလောက် ၁၁ မထေရ်တို့တွင် စိရဂုမ္မအရပ်၌ သီတင်းသုံးတော်မူသော အမ္မာခါဒက မဟာ တိဿမထေရ်ကြီးသည်လည်း သီလအရာ စံတော်ဝင် အရှင်မြတ်တပါး ဖြစ်တော်

မူ၏။

မထေရ်ကြီးသည် သီဟိုဠ်တကျွန်းလုံး ဒုဗ္ဘိက္ခန္တရ ကပ်ကြီး ဆိုက်ရောက် နေစဉ် ကိစ္စတခုဖြင့် ခရီးထွက်တော်မူရရာ သက်ရွယ်တော်ကြီး၍ ခရီးလည်း ပင်ပန်း၊ အာဟာရလည်း ပြတ်လပ်သဖြင့် မလှမ်း မသယ်ချင်အောင် နွမ်းနယ် အားပြတ်၍ ခရီးတဝက်မှာပင် ရပ်နားတော်မူရ၏။ ရှေ့ဆက်၍ မကြွသွားနိုင်

တော့ပေ။

လမ်းအနီးရှိ အရိပ် အာဝါသကောင်းလှသော သရက်ပင်ကြီး၏ ပင်ခြေ အမြစ်ရင်း၌ လှဲမှီနားနေတော်မူရ၏။ သရက်ပင်ကြီးအောက် မြေပြင်တလျှောက် တွင် ဝင်းထိန်နေသော သရက်သီးမှည့်များ ကြွေကျ ပြန့်ကျဲနေသည်ကိုလည်း မြင်တော်မူရ၏။ဆာလောင် မွတ်သိပ်လှသဖြင့် ဘုဉ်းပေးတော်မူလိုလှသော်လည်း မိမိ သီလကို ဆင်ခြင်ကာ အာသာကို မျိုသိပ်ရလေ၏။

## PAGE 37
<!-- 47 paragraphs, raw extraction -->


စာကိုယ်ကောင်းမဟုတ်၊ လှည့်လည်ဖော်ထုတ်ကြ

မှတ်သားဖွယ် မာတိုကာ ကျမ်းအဖွင့်

ပေးလှူကျင့်တာ အညံ့ခံ နစ်နာဆုံးရှုံးရခြင်းလော



သဘာဝစာရား၌ ပုဂ္ဂိုလ်, အခါ နေရာဒေသဟူ၍ မရှိ


ခေတ်သည် ဆုတ်၍ ဆုတ်၍ မသွား၊ တိုးတက်၍ တိုးတက်၍

လာနေ၏


အခန်း ၁

ဆွမ်းကျွေးပွဲမှာ ချစ်စာခွေ မိ

ကလျာဏီယ မထေရ်နှင့် ဆီပူအိုးကင်း

စစ်ပြေးယင်း လှူရသော ဆွမ်းတနပ်

ကံတရား၏ ဆန်းကြယ်ပုံ

ရုတ်တရက် ပေါ်ပေါက်လာသော စစ်ပွဲကြားက စောဒင်ကြီး

ဆရာတော် သရဏ ံ ဂစ္ဆာမိ

သာသနာအတွက် စစ်တိုက်ရခြင်းနှင့် နောင်စာ

ဒုဋ္ဌဂါမဏိမင်းကြီး၏ ငရုတ်သီးတာာင့်

ဒုဋ္ဌဂါမဏိ ကုသိုလ်တော် ကုဋေတထောင်ကျော်

လောဟပါသာဒ ကြေးပြာသာဒ်ကြီး

သုဝဏ္ဏမာလီ မဟာစေတီကြီး

သာသနာဦးတိုက်သော ဒါန၏ နောက်ဝယ်

ထေရပုတ္တာဘယ နှင့် သာသနဒါယကာ၏ နောက်ဆုံးနေ့

ဂုဏ်ယူမပြီး “သံဃကျွန်” ရာထူးကြီး

ဗြာဟ္မဏတိဿ ပြည်ပျက်ဘေးကြီးအတွင်း အသက်နှင့်ရင်း၍

ဆောင်ကြဉ်းခဲ့ရသော သာသနာ

စတုတ္ထသံဂါယနာ၏ ရာဇဝင်နောက်ခံမြင်ကွင်းကျယ်

တိဿံသူပုန်ဗိုလ်ကြီး နှင့် တမီးလ်သူပုန်ဗိုလ်များ

ငရုတ်သီးတတောင့် ကျောင်းရေစက်ချပွဲမှ

အုန်းမှုတ်ခွက်ကလေးကြောင့်
















## PAGE 38
<!-- 57 paragraphs, raw extraction -->


မာတိကာ

စစ်ပြီးခေတ် သာသနာ့ဝန်ဆောင် ရဟန္တာအရှင်မြတ်များ မလယပြည်န ယ်၌ ပထမဆုံးတွေ့ဆုံခြင်း

ပိဋကတော်ကို တိုက်ဆိုင် စိစစ်ခြင်း ပါဠိတော် တကျမ်း ပျောက်ဆုံးနေ၍ ပါဠိတပုဒ် ယူဇနာနှစ်ရာ

1.

တကမ္ဘာလုံးရှိ ထေရဝါဒီတို့၏ ပိဋက ပဋိသမ္ဘိဒါဥာဏ်ရကြောင်းငါးပါး စတုတ္ထသံဂါယနာရွှေ့ပြေး အစည်းအဝေးကြီး ပရိယတ်, ပဋိပတ် အချေအတင် ဆွေးနွေးခြင်း



JJG, ၂ ၂ ၆

JJ2


။

။

နွားကျောင်းသားနို့စားရရေး


အင်ကြင်းတောထဲက ပြဿနာ


တကမ္ဘာလုံးရှိ ထေရဝါဒီအားလုံးတို့၏ ကိုယ်စား

စတုတ္ထ သံဂါယနာတင်ပွဲ .

၂ ၃ ၄

အခန်း ၂

တရားထူးရမည့်သူ အရည်အချင်း ငါးမျိုး

ဘုရားနှင့်ဆရာအား ခန္ဓာကိုယ်စွန့်လှူအပ်နှင်းရကျိုး

နတ်ဗြဟ္မာများ အားပေး၍ မာရ်နတ်ကြောက်ရွံ့သောအလုပ်

ပရိယတ္တိ သင်ယူနည်း သုံးမျိုး





ပရိယတ္တိသက်သက်ဖြင့် အခက်အခဲကို မဖြေရှင်းနိုင်


မောဂ္ဂလိပုတ္တ တိဿလမ်းစဉ်

ပရိယတ်ပညာရှင်မှန်က ပဋိပတ်လုပ်မြဲ


သဒ္ဒါအနက်၊ ထိုနှစ်ချက် အနက်သည်သာ ပဓာန


တပည့်ခြံရံ၍ စာသန်သူအား ဆုံးမခြင်း


ကာဠကာရာမသုတ္တန်မဟာ၍ တိုင်းပြည်လှူခြင်း


စာာတ်သောဆရာကို စာပည့်က ဆုံးမခြင်း


နိသင်ဓုတင် (မအိပ်ပဲနေသောအကျင့်) ခက်သလား

၂၆ဝ

မထေရ်ကြီးနှင့် အပြိုင်ငိုသော နတ်သမီး


သိကြားမင်းလာ၍ ခြေဆေးပေးရခြင်း


‘ရဟန္တာတိုင်း ခြေဖဝါးတော် နုသလား


ဓာတ်ခိုက်လှသော “ဆဆက္က သုတ္တန်'


အလုပ်ခွင်မှာ စာမဝင်စေရ

ပလိဗောဓ ကြောင့်ကြမှုကြီး ဆယ်မျိုး

1 အသေးစား ကြောင့်ကြမှုများ

၂ ၇ ၃ ၂ ၇ ၆


## PAGE 39
<!-- 56 paragraphs, raw extraction -->


မာတိကာ

ရဟန္တာသော်မှ ကြောင့်ကြ နှိပ်စက်၍

မိဘကိုပင် သံယောဇဉ်မထားသော စာသင်သား



အာဇာနည် ရဟန်းမြတ်တို့ ကျင့်ဝတ်လေးမျိုး (အဓိဝံသ)


အခန်း ၃

သံဃာတော်ကို သတိရ၍ မျိုမကျသော ခါသား


အလှူခံပမာဏ သိသူနှင့် မသိသူ


အလိုက်မသိလျှင် မိဘပင် မကြည်ဖြူ


တာဝန်ကြီးလှသော ဆွမ်းတလုတ်ကျေးဇူး

အလှူခံရာအလိုနည်း၍ ပမာဏသိရခြင်း

သဒ္ဓါများ၍ ပစ္စည်းရှားသော သောစာာပန် သပိတ်တကာ

အရှင်မောဂ္ဂလာန်ပင် သဒ္ဓါတရားကို အာမ-မခံနိုင်

တောင်းသူ၊ မပေးနိုင်သူ ငိုသည်မည်ပုံ

ခေါင်းတုံးသဌေး အသက်မွေးနည်း

သောတာပန်ရဟန်း လူထွက်၊ မထွက်


၂ ၉ ၄

H

၃ဝ၃


အလွှတ်နှင့်အဖမ်း ရဟန်းနှင့်လူ ဆက်ဆံနည်းလေးမျိုး


သာရဏီယဝတ် ဖြည့်ကျင့်နည်း

၃၂ ဝ

ကျင့်ရမည့်ကာလနှင့် ရရှိသောအကျိုးများ


1

အခန်း ၄

သီလဟူသည် ဣစ္ဆာသယ ပတ္တမြား (အာကခေယျသုတ္တန်)


ကျောကုန်းပေါ်က အရဟတ္တမဂ်


နတ်စည်းစိမ်နှင့် မလဲနိုင်သော သီလ


အလိုနည်းရခြင်း လေးမျိုး (အပို၌တာ)


မေတ္တာအကျိုး ဆယ့်တမျိုး

၃၅ဝ

ပုဂ္ဂိုလ်ကျော် အရှင်နာဂသေန၏ ဆရာ


ဝဇီရှဗုဒ္ဓိဋီကာ စဉ်းစားဖွယ်


မှန်နန်းရာဇဝင်၊ ဇိနတ္ထနှင့် မဟာဝင်


စာတိယသံဂါယနာတွင် ရှင်ဥပဂုတ်ပဓာနလား

၃၆ဝ

အောင်ဓာတ်စေနိုင်သူ(ရှင်ဥပဂုတ်)

အနှစ်သာရရှုထောင့်မှ အမြင်


## PAGE 370
<!-- 12 paragraphs, raw extraction -->



ဘဝနှင့် ဓမ္မ တန်ဖိုးဖြတ်နည်း

ဓနံ စဇေ အင်္ဂဟေတု၊ အင်္ဂ ဇီဝိတပ္ပစ္စယာ။
ဓနံ အင်္ဂဉ္စ ဇီဝိတံ၊ သဗ္ဗမ္ပိ ဓမ္မပ္ပစ္စယာ။

"


“ငါ့ရှင်တိဿ၊ လောက၌ ခြေ လက် အင်္ဂါ ဖြတ်တောက်ဖို့ အရေးကြုံလာ၍ ဥစ္စာ စီး ပွား ကို ပေး က လွတ်မြောက် နိုင် သည်ဆိုလျှင် ခြေလက်အင်္ဂါဟူသော အကြောင်းကြောင့် ဥစ္စာ စီးပွားကိုစွန့်လွှတ်သင့်ကစွန့်လွှတ်ရသည်။တဖန်၊အသက်အန္တရာယ် ရှိလာ၍ ခြေလက်အင်္ဂါ ဖြတ်တောက်ပစ်မှ ချမ်းသာရမည် ဆိုပါ လျှင်လည်း အသက်ကိုငဲ့ပြီး ခြေလက်အင်္ဂါကို စွန့်ပစ်တန် စွန့်ပစ် ရသည်။

“ငါ့ရှင်တိဿ၊ သီလ, သမာဓိ, ပညာ သူတော်ကောင်းတရား နှင့် အလျော်အစားကြုံလာပါမူကား စီးပွားဥစ္စာ အင်္ဂါခြေလက် အသက်ပါမက ရှိသမျှ အကုန်လုံးကို စုန်းစုန်းမြုပ် စွန့်ပစ်နိုင် ရမယ် ငါ့ရှင်”ဟု သရက်သီးမှည့်များကို ကြည့်ယင်း အာသာကို မျိုသိပ်လျက် မိမိ ကိုယ်ကို နှိပ်ကွပ် ဆုံးမတော် မူလေသည်။
(ဝိသုဒ္ဓိမဂ်လာ ဂါထာကို ရွတ်ဖတ် လွယ်ကူစေရန် ပြင်ဆင်ထား ပါသည်။)

မထေရ်ကြီးသည် မိမိကိုယ်ကို မည်သို့ နှိပ်ကွပ် ဆုံးမနိုင်သော်လည်း တစုံ တရာအာဟာရ မရရှိလျှင် ထိုနေရာ၌ပင် ပျံလွန်တော်မူရန် အချိန်မဝေးတော့ချေ။
ဇီဝိန်ငွေ မရွှေ့ မထနိုင် အသက်နေ တဲ့တဲ့ကလေး မျှသာ ရှိလေ၏။ မည်သို့ ဖြစ်စေ မထေရ်ကြီးကား မိမိ သီလကိုသာ အသက်ပေး၍ အရယူရန် သန္နိဋ္ဌာန် ချတော်မူလေသည်။

66

“ငါ့ရှင် တိဿ၊ ယခုအချိန်ကား သီလနှင့်အသက်ကို အလျော်အစား လုပ် ရမည့်အခါပေတည်း။ ဝိနည်းနှင့်မအပ်မရာ အာဏာ ဒေသနာတော်ကို ဖီဆန်ကာ သီလကို အပျက်ခံ၍ သရက်သီးမှည့်ကို စားပြီး အသက်ကို ယူမည်လော၊အသက် အသေခံ၍ သီလကို အရယူမည်လော။

“ရဟန်းတို့၏ စတု ပါရိသုဒ္ဓိ သီလတော်ကား အကျဉ်း နှစ်ရာ့ နှစ်ဆယ့် ခုနစ်သွယ်၊ အကျယ်အားဖြင့် ကုဋေ ကိုးထောင် တရာ့ ရှစ်ဆယ့် ငါးသန်း သုံး သောင်း ခြောက်ထောင် များပြားသည်ဟု အရေအတွက်အားဖြင့် ပိုင်းခြားချက် ရှိသော်လည်း ငါ့ရှင်သည် အရေအတွက်အားဖြင့် ပိုင်းခြား ကန့်သတ်၍ ဤရွှေ့

## PAGE 371
<!-- 14 paragraphs, raw extraction -->




ဤမျှကိုသာလျှင် ငါကျင့်မည်ဟုလည်း ကန့်သတ်ချက် မထား။
မထား။ ရဟန်းပြုသည်မှ စ၍ အရွယ်အချိန်အားဖြင့်လည်း ပိုင်းခြားခြင်း မရှိ “အပရိယန္တ” ဖြစ်ခဲ့ပြီ။

6

“သီလကို စင်ကြယ်စွာ ဆောက်တည်နိုင်လျှင် မရရှိသေးသော စီးပွား လာဘ်လာဘ, အခြံအရံ ကျော်စောကိတ္တိများ ရလာနိုင်၍ ရရှိပြီးသော စီးပွား လာဘ်လာဘ အခြံအရံကျော်စောကိတ္တိများလည်း ဟိုးပွားကြောင်း… မိမိ အင်္ဂါ ခြေလက် အသက်နှင့်တကွ ကွယ်လွန်လေပြီးသော မိဘ ဆွေမျိုး သားချင်းများမှ အစ သွေးသားတော်စပ်သူများအားလုံးဘေးရန်မသန်းချမ်းသာကြီးပွားကြောင်း အထောက်အပံ့ကောင်း ဖြစ်သည်ကိုလည်း ဘုရားရှင် ဟောကြားတော်မူသည့် အတိုင်း သိပြီး ဖြစ်ပေသည်။ (မူလ ပဏ္ဏာသ-အာကင်္ခေယျသုတ်) သို့ရာတွင် ငါ့ရှင် သီလကို စောင့်ခဲ့သည်မှာ လာဘ်ခြံရံကျော်စောကိတ္တိလိုချင်၍လည်းမဟုတ်၊
မိမိ၏ အင်္ဂါ ခြေလက် အသက်နှင့်တကွ မိဘ ဉာတကာတို့ ချမ်းသာရာရစေတော့ ဟူသော မျှော်လင့်ချက်လည်းမပါ၊ “ပါရိသုဒ္ဓိ=ထက်ဝန်းကျင် ပြည့်စုံ စင်ကြယ် သောသီလဖြစ်သည် မဟုတ်လော။

“သေချင်လဲသေပါစေ၊ အသက်ကလေး တချောင်း ရှင်ရရေး အတွက် ဒီအသက်အရွယ်ကျမှတော့ မြတ်စွာဘုရား အာဏာတော်ကို မတော်လှန်မဖီဆန် လေနှင့်၊ မိမိ၏သီလကိုသာ နှလုံးသွင်းလေတော့”

ယင်းသို့ အပြီးအပိုင် ဆုံးဖြတ်ချက်ချကာ သရက်ပင်ရင်း . မြစ်ခြေ ပါးပျဉ်းကြား၌ အသာမှေးစက်တော်မူ၍ မိမိသီလကိုသာ နှလုံးသွင်း ဆင်ခြင် တော်မူလေ၏။

ကျောကုန်းပေါ်မှ အရဟ တ္တ မဂ်

သီလ၏တန်ခိုးတော်ကြောင့်လည်း မကြာမီ ခရီးသွား ဒါယကာကြီးတဦး ရောက်လာ၏။ သရက်ပင်ခြေရင်း၌ပင်ပန်းနွမ်းလျ၍ ယဲ ့ယဲ ့မျှသာရှိသောမထေရ် ကြီးကိုမြင်လျှင် အနီးသို့ လာရောက်ဦးချကာ—

မေးရာက

“အရှင်ဘုရား၊ ဘယ်ကို ကြွမှာပါလဲ၊ ဘယ်မှာ သီတင်းသုံးပါသလဲ”ဟု

.

“စိရှဂု... ”ဟု လေသံမျှ ဖြေဆိုတော်မူနိုင်တော့၏။ ခရီးသွား ဒါယကာ ကြီးမှာလည်း လိမ္မာပါးနပ်စွာ အကဲခတ်တတ်သူ ဖြစ်သည့် အတိုင်း အာဟာရ ပြတ်နေကြောင်းသိ၍ သရက်သီးမှည့်များကို ကောက်ယူကာ ဖျော်ရည်လုပ်၍ ဆက်ကပ်လိုက်သည်။ မထေရ်ကြီးမှာ တဝကြီး ဘုဉ်းပေးတော်မူရသဖြင့် အတန် ငယ် အားပြည့်သွား၏။ သို့သော် မိမိခြေဖြင့် မကြွလှမ်းနိုင်သေးချေ။

## PAGE 372
<!-- 10 paragraphs, raw extraction -->


"



“အရှင်ဘုရား… ကြောင့်ကြတော်မမူပါနှင့်၊ ဘုရား တပည့်တော်အား ချီးမြှောက်သောအားဖြင့် ဘုရားတပည့်တော်ရဲ့ကျောပေါ်က လိုက်ကြွတော်မူပါ၊
စိရဂူမွ် ရောက်အောင် ပို ့ဆောင် ပေးပါ့မယ် ဘုရား”ဟု လျှောက်ထားကာ ကုန်းပိုး ပင့်ဆောင်ခဲ့လေ၏။

မထေရ်ကြီးလည်း ဒကာ၏ ကျောကုန်းပေါ်က လိုက်ပါယင်း လမ်း တလျှောက်လုံး မိမိသီလဂုဏ်ကျေးဇူးကိုသာ ဆင်ခြင်ဝမ်းမြောက်နေမိ၏။

န ပိတာ နပိ တေ မာတာ၊ န ဉာတိ နပိ ဗန္ဓဝေါ။
ကရောတေ တာဒိသံ ကိစ္စံ၊ သီလဝ န္တဿ ကာရဏ၁။

“ဪ…ယခု ငါ့ကို ကုန်းပိုး ပို ့ဆောင်တဲ့ . ဒါယကာကြီးဟာ ဓိဘလဲမတော်၊ သားချင်းဆွေမျိုးစပ်၍လဲ မဟုတ်။ အသက်နှင့် လဲခဲ့ ရသော ငါ့ရဲ့ သီလကြောင့်သာ ယခုလို လုပ်နိုင်ခဲသော အလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်ပေတယ်။”

သံဝေဂံ ဇနယိတွာန၊ သမ္မာသိက္ခာန ယောနိသော။
တဿ ပိဋ္ဌိဂတော သန္တော၊ အရဟတ္တံ အပါပုဏိ။

““ယခုလို အသက်နှင့်လဲ၍ သီလကိုသာ မစောင့်ထိန်းနိုင်ခဲ့လျှင် အကျိုးမဲ့ ဆုံးရှုံးရတော့မှာပါကလား'ဟု သံဝေဂ ဖြစ်ကာ သီလာ နုဿတိ ပီတိကို အခြေခံ၍ မိမိ ခန္ဓာကိုယ် ရုပ် နာမ် ဓမ္မ တို့၏ ဖြစ်ပျက် သဘာဝကို အမှန်အတိုင်း သုံးသပ်ရှုမှတ်.တော်မူနိုင်၍ ဒါယကာ၏ကျောကုန်းပေါ်၌ လိုက်ပါလျက်က မဂ်ဖိုလ်အဆင့်ဆင့် ဉာဏ်ရောင်ဝင့်ကာ အရဟတ္တဖိုလ်ထီးဖြူကို ဖွင့်တော်မူခဲ့လေသည်။” (ဝိသုဒ္ဓိမဂ်-၁၊ ၄၄-အဆိုအမိန့်ကို မဟာဋီကာ-၁၊ ၃၄၊ ၇၀-နှင့် လုံးစေ့ ပါဌ်စေ့ ညှိနှိုင်း ဖော်ပြပါသည်။ . အမ္ဗ သရက်သီး+အခါဒက=ကောက်ယူ၍ မစားသော့သူ။ သီလနှင့်စပ်၍ လိုရင်းမှတ်ချက်ကို အခန်း-၅ ကန္ဒရသာလမထေရ် အကြောင်း၌ ကြည့်ဖြစ်အောင်ကြည့်ပါဦး။)

## PAGE 373
<!-- 10 paragraphs, raw extraction -->




သီလကို အသက်ပေး၍ ကျင့်တော်မူကြသော မထေရ်ကြီးများ

မဟာဝတ္တနီ ခေါ်သော တောအုပ်ကြီးတခုအတွင်း၌ အမည်မသိ မထေရ် တပါးကို ခိုးသားတို့သည်( မိမိတို့အကြောင်း အခြားသူတို့အားသွား၍မပြောကြား နိုင်ရန်)`နွယ်ငန်းများဖြင့်တုပ်နှောင်၍ လဲလျောင်းအိပ်နေစေကြ၏။

မထေရ်လည်း လျောင်းမြဲလျောင်းကာ ခုနစ်ရက်ပတ်လုံး ဝိပဿနာ တရား ကိုသာရှုပွားတော်မူနေ၏။(တုပ်နှောင်ထားသည်ကို ဖြေဖျက် ထွက်ပြေးသွားလျှင် ဝိနည်းတော်အရ တာဝန်မကင်းဟုလည်း သံသယ ရှိတော်မူဟန်တူလေသည်။) တရားရှုမှတ်ယင်းပင် အနာဂါမ် ဖြစ်တော်မူ၏။ ထိုတောအုပ် အတွင်းမှာပင် ကွယ်လွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်တော်မူလေသတတ်။

အခြား မထေရ်တပါးလည်း ထို့အတူပင် ခိုးသားတို့ ဆင်သမနွယ်ဖြင့် တုပ်နှောင်ပစ်လွှဲထားကြစဉ် တောမီးကြီး လောလာသော အခါ တုပ်နှောင် နွယ်ကိုမဖြတ်ပဲ ဝိပဿနာကိုသာ ရှုပွား၍နေတော်မူသဖြင့် ထိုနေရာ၌ ပင် သမသီသီ (ရဟန္တာလည်းဖြစ် အသက်လည်းသေရသော) ရဟန္တာ ဖြစ်တော် မူလေသည်။

[သမသီသီ ဟူသည် ဝဋ်ဆင်းရဲ၏ဦးခေါင်း=သီသသဖွယ်ဖြစ်သော အသက်ဇီဝိတိန္ဒြေနှင့် ကိလေသာ၏ဦးခေါင်းသဖွယ်ဖြစ်သော အဝိဇ္ဇာ တို့ မရှေးမနှောင်း တပြိုင်နက် ချုပ်ငြိမ်းပြတ်ဆုံးသည်ကို “သမသီသီ” ဟု ခေါ်သည်။ အရပ်စကားအားဖြင့် သေချိန်နှင့် ရဟန္တာဖြစ်ချိန် အချိန်ကိုက်ဖြစ်သော ရဟန္တာမျိုးဟုဆိုလိုသည်။ သမသီသီ သုံးမျိုး လေးမျိုး အဓိပ္ပာယ် ကျမ်းဂန်တို့၌ရှု။

ဒီဃဘာဏက အဘယမထေရ်ကြီးသည် နောက်ပါတပည့်ငါးရာနှင့် ခရီး ကြွတော်မူရာ တောကြီးအတွင်း၌ ထိုမထေရ်၏ အလောင်းတော်ကို တွေ့မြင် ရလေရာ ရဟန္တာဖြစ်ကြောင်း အဘိညာဉ်ဖြင့် သိမြင်တော်မူ၍ မီးသင်္ဂြိုဟ်ကာ စေတီတည်ထား ကိုးကွယ်ခဲ့လေသည်။

ဤကား တီတီတူးငှက်မသည် အသက်ကို မငဲ့မထောက်ပဲ မိမိ၏ အဥကို စောင့်ရှောက်သကဲ့သို့ လည်းကောင်း၊ စမရီမည်သော သားကောင် (တိဗက် နွားတမျိုး)သည် မိမိ၏အမြီးဆံများ တစုံတရာနှင့် ငြိတွယ်နေလျှင် ရွှေ့သို့ဆက်၍ မသွား၊ အသက်ကိုသာလျှင် အသေခံ၍ မိမိအမြီးဆံကို စောင့်ရှောက်သကဲ့သို့

## PAGE 374
<!-- 12 paragraphs, raw extraction -->



၃ ၃ ၁

လည်းကောင်း သီလကို အသက်နှင့်လဲ၍ စောင့်ရှောက်တော်မူကြပုံ ဖြစ်သည်။
(ဝိသုဒ္ဓိမဂ်-၁၊ ၃၄-၅။)

ပါတိမောက္ခ ဝိသောဓေန္တော၊ အဝ ဇီဝိတံ ဇဟေ။
ပညတ္တံ လောကနာထေန၊ နဘိန္တေ သီလသံဝရံ။ ။
ပါတိမောက္ခ သံဝရသီလကို ဖြူစင်စေလိုလျှင် မိမိ၏အသက်ကိုပင် သော်လည်း စွန့်၍ကျင့်ရာ၏။ လူသုံးပါးတို့၏ အားထားကိုးကွယ်ရာ ဘုရားရှင် ပညတ်တော်မူအပ်သော သီလစောင့်စည်းမှုကို မကျူးလွန် မဖျက်ဆီးရာ။

နတ်စည်းစိမ်နှင့်မလဲနိုင်သောသီလ

မထေရ်ကြီးတပါးသည်လည်း အသည်းအထန် မမာမကျန်း ဖြစ်နေရာ မိမိလက်ဖြင့်ယူ၍ အာဟာရကိုမျှ မသုံးဆောင်နိုင်။ မိမိ ကျင်ကြီးကျင်ငယ်၌သာ ကျွံနစ်ပေကျံကာ တပြောင်းပြန်ပြန် လူးလှိမ့်နေရ၏။

ထိုသို့ လူးလှိမ့်နေသောမထေရ်ကို ရဟန်းငယ်တပါးက မြင်ရ၍–

"

“ဪ… အသက်ရှင်နေရမှုအတွက် ကြောင့်ကြရခြင်း၊ အသက်ရှင်နေရ ခြင်းကား ဆင်းရဲလှပါတကား” ဟု ညည်းတွားပြောဆိုမိလေ၏။ ထိုအခါ မထေရ်က ရဟန်းငယ်အား

“ငါ့ရှင်…၊ ငါယခုများသေသွားလျှင် နတ်စည်းစိမ်ရဖို့ရာ အလွန်သေ ချာတယ်။ ဘာမှ သံသယမဖြစ်ဘူး။ ဒါပေမယ့် ယခုလို မြင့်မြတ်တဲ့ရဟန်းသီလ ကို ပစ်ပယ်ထားခဲ့ရပြီးမှရမယ့် နတ်စည်းစိမ်ဟာ သိက္ခာချပြီး လူထွက်ရတာနဲ့အတူ တူပဲ။ (နတ်စည်းစိမ်လောက်နဲ့မလဲနိုင်ဘူး။ ဘဝတစုံတခုကို ရှဦးယူဦးမယ်ဆိုယင် ဒီမြင့်မြတ်တဲ့ ရဟန်းသီလကို စွန့်လွှတ်ခွဲခွာပြီး ဒီသီလကိုဖျက်ဆီးရတာနဲ့မထူးဘူး။
ဒါ့ကြောင့် ငါ့သီလကို ဘယ်ဘဝနှင့်မှ လဲပြီး မယူလိုဘူး)ဒီသီလကိုသာ ဖက်ပြီး သေတော့မယ်”ဟု မိန့်တော်မူလိုက်၏။

ယင်းသီလမျိုးကိုပင်လျှင် ငါ, ငါ့ဥစ္စာဟု တဏှာဒိဋ္ဌိတို့ဖြင့် မှားယွင်းစွာ မသုံးသပ်အပ်သော၊ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော သီလ=အပရာမဋ္ဌသီလ ဟု ခေါ်၏။ လောကဝေါဟာရဖြင့်ဆိုရသော် ချမ်းသာကြွယ်ဝအောင်၊နတ်ပြည် စသော၊ ကောင်းရာသုဂတိရောက်အောင် စသော၊ တဏှာလောဘအကြောင်းခံ၍ စောင့်သော သီလမျိုးကို တဏှာပရာမဋ္ဌသိလဟု ခေါ်၏။ အညတိတ္ထိယတို့ကဲ့သို့ “ဤအကျင့်ဖြင့် သံသရာဆင်းရဲက လွတ်မည်”ဟု ယုံကြည်၍ အမှားကျင့်သုံးသော သီလဗ္ဗတပရာမာသ သီလမျိုးကို ဒိဋ္ဌိပရာမဋ္ဌသီလဟု .ခေါ်၏။

## PAGE 375
<!-- 17 paragraphs, raw extraction -->




ဤမထေရ်၏သီလကား တစုံတရာမှားယွင်းသောအကျင့်, မျှော်လင့်ချက် ပါသော သီလမဟုတ်၍အရဟတ္တဖိုလ်ကလွဲ၍ မည်သည့်စည်းစိမ်ချမ်းသာမျိုးနှင့်မျှ မလဲနိုင်ကြောင်း ပြောဆိုလိုရင်း ဖြစ်ပေသည်။

မထေရ်လည်း ထိုသို့ပြောဆိုပြီးနောက် အိပ်ရာထဲ၌ လဲလျောင်းလျက်က ပင် နာကျင်ခံခက် နှိပ်စက်လှသောရောဂါ (ဟုဆိုအပ်သော) ဝေဒနာကို ရှုမှတ် တော်မူလေသည်။

ရောဂါ(ဟုဆိုအပ်သော) ဝေဒနာကို ရှုမှတ် သုံးသပ်ယင်းကပင် ကြွင်း သော ခန္ဓာလေးပါး ရုပ်နာမ်ဓမ္မများကိုလည်း ရှုမှတ်တော်မူရာ ဂိလာနညောင် စောင်းပေါ်၌ပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူ၏။

ရဟန်း သံဃာတော် များကိုလည်း အောက်ပါသုံးဂါထာတို့ဖြင့် ပြော ကြား သတိပေးတော်မူလေသည်။

"

ဖုဋ္ဌဿ မေ အညတရေန ဗျာဓိနာ၊
ရောဂေန ဗာင္ငံ ဒုခိတဿ ရုပွဲတော။
ပရိသုဿတိ ခိပ္ပါမိဒံ ကန္ဓေဝရံ၊
ပုပ္ဖ ံ ယထာ ပံသုနိ အာတပေ ကတံ။

“ငါ့ရှင်တို့…၊ တစုံတခုသော အနာရောဂါ နှိပ်စက်လှသဖြင့် အပြင်းအထန်ဆင်းရဲဖောက်ပြန်နေတဲ့ တပည့်တော်ရဲ့ ခန္ဓာကိုယ်ဟာ နေပူလောင်ထားတဲ့ မြေမှုန့်ပေါ်မှာ ပစ်ချထားတဲ့ပန်းလို မကြာခင် မှာပဲ ကုန်ခန်းသွေ့ ခြောက်သွားပေလိမ့်မယ်။

,,

အဇညီ ဇညသင်္ခါတံ၊ အသုစိ ံ သုစိသမ္မတံ။
နာနာကုဏပ ပရိပူရီ၊ ဇညရူပံ အပဿတော။
ဓီရတ္ထုမို အာတုရံ ပူတိကာယံ၊
ဒုဂ္ဂန္ဓိယံ အသုခိ ဗျာဓိဓမ္မံ။
ယတ္ထပ္ပမတ္တာ အဓိမုစ္ဆိတာ ပဇာ၊

"

ဟာပေန္တိ မဂ္ဂ သုဂတူပ ပတ္တိယာ။

“အပုပ်ကောင်၌ ရာဂကြောင့်မေ့လျော့ကာ မက်မောတွေဝေနေ ကြတဲ့ သတ္တဝါတွေဟာ သုဂတိရောက်စေနိုင်တဲ့ သီလလောက်ကိုပင် လျှင် လျော့ချပစ်နေကြတယ်။

"

“ခန္ဓာကိုယ်ကြီးကို စက်ဆုပ်ဖွယ်ဖြစ်ပါလျက် နှစ်သက်ဖွယ်လို့သတ် မှတ်ကြတယ်။ မစင်ကြယ်ပါပဲလျက် စင်ကြယ်တယ်လို့ သတ်မှတ်ကြ တယ်။ ကျင်ကြီးကျင်ငယ် အသွယ်သွယ်သော အပုပ်မျိုးစုံတို့နဲ့ ပြည့်နေ

## PAGE 376
<!-- 15 paragraphs, raw extraction -->



၃ ၃ ၃

တယ်။ အမှန်မမြင်နိုင်တဲ့ လူမိုက်သတ္တ၀ါအပေါင်းကို နှစ်သက်ဖွယ် ထင်အောင် အယောင်ဆောင်၍လဲ ပြနေတယ်။

"

“ရောဂါမျိုးစုံကလဲ နှိပ်စက်၊ စက်ဆုပ်ရွံရှာဖွယ် အနံ့တထောင်း ထောင်းထပြီး မစင်မကြယ် နှစ်သက်တွယ်တာဖွယ်မပါ၊ နာ၍သာ နေတော့တယ်။ ဒီအပုပ်ကောင်ကြီးကို ငါ့ရှင်တို့ စက်ဆုပ်ရွံမုန်းနိုင်ကြ ပါစေ။” (ဝိသုဒ္ဓိမဂ်’၁၊၄၆။)

သစ္စာဆိုလောက်အောင် ဣစောင့်စည်းသော

မဟာမိတ္တထေရ်

မဟာမိတ္တထေရ်သည် ဣန္ဒြေကိုစောင့်စည်းတော်မူရာတွင် သီဟိုဠ်သာသနာ ဝင်၌ စိတ္တင်္ဂုတ္တမထေရ်ကြီးနှင့်အတူ စံတင်ရတော်မူသော မထေရှိ ဖြစ်တော်မူသည်။
စောရက မဟာဝိဟာရ၌ သီတင်းသုံးတော်မူ၏။ မထေရ်၏ နှမတော်တဦးလည်း ဘိက္ခုနီ(ရဟန်းမိန်းမ)ပြု၍ နေလေ၏။

တနေ့သောအခါ မယ်တော်ကြီးမှာ ဝိသဂဏ္ဍခေါ် ဆိပ်အိုင်းနာ(နို့ အိုင်း ·နာ)ပေါက်၍ အိပ်ရာထဲ၌ အလူးအလဲ ခံစားနေရသဖြင့် သမီးဘိက္ခုနီမအား— “ချစ်သမီး၊ သင်ရဲ့ မောင်တော်ကြီးဆီ သွားပြီး မယ်တော်ကြီး မကျန်း မာကြောင်း ပြောချေပါ။သင့်မောင်တော်ကြီးဆီက ဆေးများလဲ တောင်းခဲ့ပါ” ဟု ဆိုသဖြင့် သမီးဘိက္ခုနီမသည် မောင်တော်ထံသွား၍ အကျိုးအကြောင်း လျှောက်ထားလေ၏။ မဟာမိတ္တ မောင်တော်ကြီးက—

"

“နှမငယ်….၊ ငါ့မှာ သစ်ဥ သစ်မြစ်များကို စုဆောင်း ထောင်းထုပြီး ကျိုချက်ရတဲ့ ဆေးဆိုတာလဲ နားမလည်ဘူး။ ငါ့မှာ ဘာဆေးမှလဲ မရှိပါလား။
ဒါပေမယ့် မယ်တော်ကြီး ရောဂါပျောက်စေနိုင်တဲ့ဆေးကိုတော့ မောင်တော်ကြီး ပြောပြလိုက်မယ်၊ နှမတော် မသေသေချာချာ မှတ်သွားပေတော့”ဟု မိန့်တော် မူကာ အောက်ပါအတိုင်း သစ္စာစကားကို မိန့်ကြားတော်မူလိုက်၏’။

“ငါသည် ရဟန်းပြုသည့် အချိန်မှ အစပြု၍ လောဘသဟဂုတ် တပ်မက် စိတ်ယုတ်ဖြင့် မျက်စိစသော ဣန္ဒြေကို ဖျက်၍ ဝိသဘာဂ (မာတုဂါမ) အာရုံကို မကြည့်ရှုခဲ့စဖူးပါ။ဤမှန်သော သစ္စာစကားကိုဆိုရခြင်းကြောင့် ငါတို့၏ မယ်တော်ကြီးရောဂါ ပျောက်ကင်း ချမ်းသာခြင်း ရှိပါစေသတည်း။

"

ကဲ….နှမတော်၊ ဒီ အတိုင်း မှတ်သားပြီး မယ်တော်ကြီးရွှေ့မှာ သွား ရောက်ဆိုချေ။ သစ္စာဆိုယင်း မယ်တော်ကြီးရဲ့ ကိုယ်ကိုလဲ နှမတော်ရဲ့ လက်နဲ့ ပွတ်သပ်ပေးလိုက်ပေါ့”ဟု မိန့်တော်မူလိုက်သည်။

## PAGE 377
<!-- 12 paragraphs, raw extraction -->




နှမတော် ထေရီမလည်း မောင်တော်ကြီး မဟာမိတ္တအား ဦးချ ပြန်လာ ပြီးနောက် မယ်တော်ကြီးအား အကျိုးအကြောင်း ပြောပြကာ မောင်တော်ကြီး မှာကြားလိုက်သည့် အတိုင်း သစ္စာဆို၍ မယ်တော်ကြီး ကိုယ်ကို ပွတ်သပ်ပေး လိုက်၏။

မယ်တော်ကြီး၏ အနာသည် ချက်ချင်းပင် ရေမြှုပ်ကဲ့သို့ ကြေပျက်၍ သွားလေ၏။ မည်သည့် ဝေဒနာမျှ မခံစားရတော့ချေ။ မယ်တော်ကြီးလည်း ဝမ်းသာ အားရ နေရာမှထကာ

“မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိနေမယ်ဆိုယင် ငါ့သားကြီးလို ရဟန်းတော်မျိုးရဲ့ ဦးခေါင်းတော်ကို လက္ခဏာဗာကွန်ရက်တို့ဖြင့် ဆန်းကြယ် တော်မူတဲ့ ရွှေလက်တော်နဲ့ သုံးသပ်တော်မမူပဲ နေတော်မူမှာ မဟုတ်ပါဘူး”ဟု ကျူးရင့် မြွက်ဆိုလိုက်လေ၏။ (ဝိသုဒ္ဓိမဂ်-၁၊ ၃၇-၈။)

မျက်စိကို နိုင်သော စိတ္တ ဂုတ္တ ထေရ်

သီဟိုဠ်ကျွန်း မဟာဂါမမြို့တော်ကို ဂေါစရဂါမ်ပြု၍ ကုရဏ္ဍက လိုဏ်ဂူ တော်ကြီး၌ သီတင်း သုံးတော်မူသော စိတ္တဂုတ္တမထေရ်ကြီးသည်လည်း ရဟန်းတို့ ဣန္ဒြေကို စောင့်စည်းရာ၌ ပဋ္ဋိပတ္တိ သာသနာဝင် စံတင်ရတော်မူသော မထေရ် ကြီးတပါး ဖြစ်တော်မူ၏။

ယင်းကုရဏ္ဍက လိုဏ်ဂူတော်ကြီး၏ နံရံနှင့် အမိုးတို့၌ ရှေးဘုရားရှင် ခုနစ် ပါးတို့၏ တောထွက်ခန်း ဆေးရေးပန်းချီများ အဆန်းတကြယ် ရေးခြယ် ပူဇော် ထား၏။ တနေ့သောအခါ ဘုရားဖူးရဟန်းငယ်များသည် စေတီပုထိုး ကျောင်း ကန်များကို လှည့်လည် ဖူးကြရာ လိုဏ်ဂူတော်ကြီးသို့ ရောက်လျှင် ပန်းချီဆေး ရေးကားများကို တအံ့တဩ ကြည့်ရှု ပြောဆိုနေကြ၏။ စိတ္တဂုတ္တ မထေရ်ကြီးအား ဝင်ရောက် ကန်တော့ယင်း..

“အရှင်ဘုရား….၊ လိုဏ်ဂူတော်ကြီးက ပန်းချီဆေးရေး ဗုဒ္ဓဝင် တောထွက် ခန်းတွေဟာ တယ်ပြီး အဆန်းတကြယ် ကြည်ညိုဖွယ် ကောင်းလှပါလားဘုရား”ဟု လျှောက်ကြသည်။

မတေရ်ကြီးကား……

အဓော ဒိပေယျ စက္ခုနိ၊ ယုဂမတ္တဒသော သိယာ။
ဝန မက္ကဋလောလ၊ န စိတ္တဿ ဝသံ ဝဇေ။

## PAGE 378
<!-- 12 paragraphs, raw extraction -->




“မျက်စိတို့ကို အောက်သို့ချ၍ ရထားထမ်းပိုးတပြန်မျှသာ ကြည့် လေ့ရှိ၏။တောမျောက်ပမာ လျှပ်ပေါ် လော်လည်သော စိတ်၏ အလို သို့ လိုက်ပါလေ့မရှိ။”

စက္ခုနြေစသည်တို့ကို စောင့်စည်းကာ မိမိ သီတင်းသုံးသော လိုဏ်ဂူတော် ကြီး၏ နံရံနှင့် အမိုးများကိုပင် မော်၍ ကြည့်ဖူးခြင်း မရှိသဖြင့် ဘုရားဖူး ရဟန်းများအား …

"

“ဪ….ဟုတ်ပေလိမ့်မယ်၊ ဒို့များဒီလိုဏ်ဂူကြီးထဲမှာ နေလာတာ အနှစ်ခြောက်ဆယ် ကျော်သွားပြီ။ ဒီ ပန်းချီ ဆေးရေးကားတွေ ရှိနေတယ်လို့ သတိမပြုမိဘူး။ ခုမှပဲ မျက်စိကောင်းတဲ့ ငါ့ရှင်များ ပြောလို့ သိရပေတယ်”ဟု မိန့်တော်မူလေသည်။

စိတ္တဂုတ္တမထေရ်ကြီးသည် မိမိသီတင်းသုံးသော လိုဏ်ဂူတော်ကြီးကိုသာ မက ထိုလိုဏ်ဂူတော်ကြီးအဝင်ဝ၌လည်း မြင့်မားသော ကံ ကော်ပင်ကြီးတပင် ရှိရာ ထို ကံကော်ပင်ကြီးကိုလည်း အနှစ်ခြောက်ဆယ်ကျော်သော်လည်း တခါမျှ မော်၍ မကြည့်စဖူး။ ရှိနေသည်ကိုပင် သတိမမူမိချေ။ တနှစ်တကြိမ် ကံ ့ကော် ပွင့်များပွင့်၍ ပွင့်ချပ် ဝတ်ဆံများ မြေပေါ်၌ ကြွေကျသောအခါမှသာ ကံ ကော် ပင်ရှိနေကြောင်း သိတော်မူလေသည်။

သားသည်မိခင်တို့ သားမြတ်ချိပ်ပိတ်ခံရ

ကာကဝဏ္ဏတိဿ မင်းကြီးလည်း မထေရ်ကြီး၏ ဂုဏ်ကျေးဇူး သတင်း စကားများကို ကြားသိရသဖြင့် ဖူးမြော်လို၍ အမတ်များအား . နန်းတော်သို့ ကြွရောက် အပူဇော်ခံရန် သုံးကြိမ်တိုင်တိုင် ပင့်လျှောက်ခိုင်း၏။ မထေရ်ကြီးကား ကြွမလာ။

(လူတို့သည် တစုံတရာ သတင်းထွက်လာလျှင် “ပုဂ္ဂိုလ်ထူး” ဟု ဆိုကာ သူ ့ထက်ငါ ဖူး ပူဇော်လိုကြ၏။ လူတို့က တအံ့တဩ ပြောဆို အံ့ဩနေကြ သော “အထူး’ များသည် သူတော်ကောင်းကြီးများ၌ ဘာမျှ အဆန်းတကြယ် အံ့ဩဖွယ်မဟုတ်၊ သာမန်မျှသာ ဖြစ်နေတတ်၏။ မည်သို့ ဖြစ်စေ အလိုက်မသိ သော, သာသနာကို မငဲ့သော,ကိုယ်ကျိုးကိုသာ ရှုလေ့ရှိသော မလိမ္မာသည့် ဒကာ, ဒကာမတို့ကြောင့် ကျင့်ကြံဆဲ ရှိနေသေးသော သူတော်ကောင်း ယောဂီ ကြီးများ၌ ကြီးစွာသော အနှောင့်အယှက်ကြီး ဖြစ်ရလေ၏။

သတ္တဝါအများ ချမ်းသာရေးအတွက် ရှေးရှုကျင့်ကြံ၍ နေကြသည်ဖြစ်ရာ အချိန်ကျ၍ ပြည့်စုံပြီးမြောက်ပါလျှင် မည်သူကမျှ မပင့်ဖိတ် စေကာမူ ကိုယ်

## PAGE 379
<!-- 14 paragraphs, raw extraction -->


၃ ၃ ၆


တော်တိုင် ကြွရောက် ချီးမြှောက်ကြမည်မှာ ယုံမှားဖွယ် မရှိအပ်။ သာသနာ အညွန့် အညှောက်များကို မဖျက်ဆီးမိအောင် သတိပြုကြရာ၏။ )

မင်းကြီးသည် သုံးကြိမ်တိုင်တိုင် ပင့်လျှောက်သော်လည်း ကြွလာတော် မမူသဖြင့် မဖူးရ၊ ဖူးရအောင် အကြံထုတ်ကာ မထေရ်ကြီးအား အကျပ်ကိုင်လေ တော့သည်။

မဟာဂါမမြို့တော်ကြီးရှိ သားသည်မိခင်များအားလုံး စာရင်းကောက် ရွေးထုတ်ကာ သားမြတ်ကို ရင်စည်းအဝတ်စည်းလျက် မင်းတံဆိပ် ခတ်နှိပ်လိုက် လေသည်။

“စိတ္တဂုတ္တ မထေရ်ကြီး ငါ၏နန်းတော်သို့ မကြွရောက်လာသေးသမျှ မိခင် များအားလုံး မိမိတို့ကလေးများကို နို ့မတိုက်ရ”ဟုလည်း အမိန့်ထုတ်လေတော့ သည်. မဟာဂါမမြို့တော်ကြီး တခုလုံး ကလေးငိုသံများ ဆူညံသွားလေ၏။

မထေရ်ကြီးလည်း ကြားသိတော်မူကာ ကလေးငယ်များကို သနားကြင်နာ တော်မူ၍ မဟာဂါမ မြို့တော်ဘက်သို့ နောက်ပါ. တပည့် ရဟန်းတော်များနှင့် အတူ ကြွလာတော် မူရလေ၏။ ။ မထေရ်ကြီး ကြွလာပြီဖြစ်ကြောင်း မင်းကြီး ကြားလေလျှင် အမတ်များကို

"

“သီလယူကြရအောင် မထေရ်ကြီးကို နန်းတော်သို့ အမြန် ပင့်ဆောင် ခဲ့ကြ”ဟု စေလွှတ်ကာ နန်းတော်သို့ ရောက်လျှင် မိဖုရားကြီးနှင့်အတူ ရှိခိုးကန် တော့၍ ကျွေးလှူ ပူဇော်ကြ၏။ ဆွမ်းကျွေးပြီးလျှင်—

“အရှင်ဘုရား… တပည့်တော်များ ဒီကနေ့ သီလယူရန် အခါအခွင့်မရ အောင် ရှိနေကြပါတယ်ဘုရား။ နက်ဖြန်ကျမှသာ သီလယူကြပါတော့မယ်”ဟု အချိန်ဆွဲ၍လျှောက်ရာ မထေရ်ကြီး နန်းတော်မှ ပြန်ကြွတော်မူလာရ၏။
မင်းကြီးနှင့် မိဖုရားကြီးတို့လည်း မထေရ်ကြီး၏သပိတ်ကို ယူဆောင် လိုက်ပါကာ ပို ့တော်မူကြသည်။ ဤနည်းဖြင့် နန်းတော်သို့ ခုနစ်ရက်တိုင်တိုင် ကြွရောက်တော် မူရလေ၏။

မထေရ်ကြီးသည် မင်းကြီးက ရှိခိုးသည်ဖြစ်စေ၊ မိဖုရားကြီးက ရှိခိုးသည် ဖြစ်စေ-

မြတ်သောမင်းကြီး ချမ်းသာပါစေ သုခီဟောတု မဟာရာဇ”ဟူ၍သာ ဆုပေးတော် မူလေ့ရှိ၏။ နေ့တိုင်းပင် ထိုသို့ချည်း ဆုပေးတော်မူနေသဖြင့် နောက် ပါတပည့်များက

“အရှင်ဘုရား …မင်းကြီးက ရှိခိုးလဲ“မြတ်သောမင်းကြီး ချမ်းသာပါစေ၊
မိဖုရားကြီးက ရှိခိုးလာလဲ မြတ်သောမင်းကြီး ချမ်းသာပါစေ”လို့ ဘယ်နှယ့် ကြောင့် မိန့်တော်မူရပါသလဲဘုရား”ဟု လျှောက်ထားကြရာ’

## PAGE 380
<!-- 10 paragraphs, raw extraction -->




“ငါ့ရှင်တို့… များမှာ မင်းကြီးပဲ, မိဖုရားကြီးပဲရယ်လို့ ကြည့်ရှုခွဲခြားပြီး မနေဘူး”ဟု မိန့်တော်မူလိုက်၏။ (အထီး အမ မည်သူမည်ဝါဟု မျက်စိဖွင့်၍ ကြည့်တော်မမူ၊ ရိပ်ကနဲ မြင်လိုက်မိလျှင် မြင်ကာမျှသာ တန့်ရပ်၍ “သတ္တဝါ တဦး ဟုသာ သိနေခြင်း ဖြစ်လေသည်။ သတိပဋ္ဌာန် အရှုအမှတ်များ အမြဲတမ်း ရှုမှတ် နေခြင်း ဖြစ်လေ၏။)

ခိုင်မာသော စင်္ကြံသမား

ကာကဝဏ္ဏတိဿ မင်းကြီးသည် “မထေရ်ကြီး ဤရှပ်ရှာအတွင်း သီတင်း သုံးရတာ ပင်ပန်းတော်မူပြီ ဟု သိ၍ ပြန်လွှတ်သဖြင့် စိတ္တဂုတ္တမထေရ်ကြီးလည်း ဝဋ်ကျွတ်ကာ ကုရုဏ္ဍက လိုဏ်ဂူတော်ကြီးသို့ ပြန်ကြွတော် မူရသည်။
လိုဏ်ဂူတော်ကြီးသို့ရောက်လျှင် ညအခါ တရားရှုမှတ်ယင်း စင်္ကြံလျှောက် တော်မူရာ ကံ ့ကော်ပင်စောင့် နတ်မင်းကြီးက “အလွန်လျှင် သီလစင်ကြယ်တော် မူသောအရှင်မြတ်ကြီးပါတကား'ဟု သိ၍ မထေရ်ကြီး စင်္ကြံလျှောက်တိုင်း မီးရှူး တိုင်ကို ကိုင်၍ ရပ်တည်လာ၏။

(စိတ္တဂုတ္တမထေရ်ကြီးမှာ ကျော်ကြားသည်ဆိုကာ လူဒကာတို့ နှောင့် ယှက်ခြင်းဘေးမှလည်း ကင်းဝေး လွတ်မြောက်လာသဖြင့် သပ္ပာယမျှကာ) စင်္ကြံ ခြေလှမ်းများ ခါတိုင်းနှင့်မတူ၊ ကြွမှု၊လှမ်းမှု၊ မြေကြီးနှင့်ခြေထိမှုစသည်၌ ဣရိယာပထပဗ္ဗနည်းအရ သတိများကပ်၍ ရှုမှတ်တော်မူရာ ကြုံလို၊ လှမ်းလို၊ချလို သောစိတ်(နာမ်)ကြောင့် စိတ္တဇဝါယောဓာတ်(ရုပ်)များ အလယ်ပိုင်း ကိုယ်၊
အထူးသဖြင့် ခြေနှစ်ဘက်၌ သက်ရောက် လှုပ်ရှား၍ အဆင့်ဆင့်ရိုက်ခတ်သွားပုံ၊
အဆင့်ဆင့်ပျက်၍ ပျက်၍ သွားပုံများကို တကန့်စီတကန့်စီ ဉာဏ်၌မြင်တော်မူ နေရ၏။

'

အမှတ်သတိ အသိဉာဏ်များ ကြည်လင်ပြတ်သား၍၊ ပြတ်သား၍လာရာ ခြေထောက်မှစတင်သော၊ဝါယောဓာတ်မှစတင်သော သတိနှင့်အသိသည် ခြေမှ ခေါင်းသို့လည်းကောင်း၊ ဝါယောဓာတ်မှ အခြားဓာတ်ကြီးသုံးပါးနှင့် ရုပ်နာမ် အစဉ်များသို့လည်းကောင်း၊ခြေဆုံးခေါင်းဆုံးပြောင်းလှည့်ရှုကြည့်နေမိရာ အသိ ဉာဏ်များ တခုနှင့်တခု တချိန်နှင့်တချိန် မသိမသာ ကွဲပြားထူးခြား၍ .တိုးတက် သိမြင်လာ၏။

အသိဉာဏ်သည် မိမိခန္ဓာကိုယ်ပေါ်မှ မပြောင်းရွှေ့တော့ပဲ ပို၍အသေး စိတ်ကာစိတ်ကာ ကြည်ကြည်လင်လင်ကြီး သိမြင်လာသဖြင့် ကံ ့ကော်ပင်စောင့် နတ်ကြီး မီးရှူးတိုင်ကိုင်၍ ရပ်တည်နေလှာသည်ကိုလည်းမမြင်၊ မီးရောင်များရှိနေ သည်ဟူ၍ပင် မသိတော့ချေ။

## PAGE 381
<!-- 12 paragraphs, raw extraction -->




တဖြည်းဖြည်းချင်း စင်္ကြံကြွတော်မူရာ ညဉ့်နက်သည်ထက်နက်ကာ သန်း ခေါင်ကျော်၍ပင်လာလေပြီ။ ဤမျှကြာသွားပြီဟုလည်း မထင်မှတ်ချေ။) “ဘယ့်နှယ်လဲ…ယနေ့ညငါရဲ့တရားမှာ အလွန်ကြည်လင် ထင်ရှား ပြတ် သားလှပါကလား”ဟု အောက်ဇမူ မိလေသည်။ (ထိုသို့ပင် စူးစိုက်ရှုမှတ်ယင်း ကြွလှမ်းတော်မူလေရာ စင်္ကြံတနေရာ၌ တလှမ်းပြီးတလှမ်း လှမ်းနေသော ခြေလှမ်း များနှင့်အတူ သိမှတ်၍ သိမှတ်၍နေသော စိတ်အသိတရားနှင့် သိမှတ်စရာသဘော တရားများ (အသိခံများ)အားလုံး ရုတ်တရက် ချုပ်ဆုံး ငြိမ်းပျောက် ကုန်ကြ လေသည်။)

ကုရဏ္ဍကလိုဏ်ဂူတော်ကြီးတည်ရှိရာ တောင်ကြီးစာတောင်လုံး အိုးထိန်း စက်ပမာ သွက်သွက်ခါလွှဲ၍တခဲနက်သောအသံကြီးမြည်ဟည်းကာငလျင်ကြီးလှုပ် နေသည်ကိုပင် စိတ္တဂုတ္တမထေရ်ကြီး သိလိုက်ဟန်မတူချေ။

အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသတည်း။ (ဝိသုဒ္ဓိမဂ်-၁၊၃၆-၇။)

အရိမေတ္တေယျ ဖူးချင်၍ ရဟန္တာမဖြစ်နိုင်သော မဟာသံဃ ရက္ခိတ ထေရ် တူဝရီး

သက်တော် နှစ်ဆယ်၊ ဝါတော် ခြောက်ဆယ် ရပြီးသော မဟာ သံဃ ရက္ခိတ မထေရ်ကြီးလည်း သီလအရာတွင် စံတော်ဝင်ဖြစ်တော်မူ၏။ ထို မထေရ် ကြီးသည် ရဟန်းပြုသည်မှစ၍ ဝါတော် ခြောက်ဆယ်ကျော်လွန်သည့်တိုင်အောင် ရဟန်းသီလ တစုံတရာ ညစ်ညူးခြင်း မရှိ၊ ကောင်းစွာ သွေးအပ်သော ပတ္တမြား အနှစ်၊ ကောင်းစွာ ကျင်အပ်သော ရွှေစင်အစစ်သဖွယ် ထက်ဝန်းကျင် ပြည့်စုံ စင်ကြယ်သော ပရိပုဏ္ဏ ပါရိသုဒ္ဓိ သီလ ဖြစ်လေသည်။

ထိုသီလမျိုးသည် အရဟတ္တဖိုလ် ရရန် နီးသော အကြောင်း (ပဒဋ္ဌာန်) ဖြစ်သော်လည်း မထေရ်ကြီးသည် အရဟတ္တဖိုလ်ကို မရနိုင်ပဲ ရှိလေ၏။
သက်ရွယ်တော်ကြီး၍ ပျံလွန်မည်ရှိရာ သေအံ့သော ညောင်စောင်း၌ လျောင်းတော်မူရစဉ် တပည့်သံဃာများက တရားထူးနှင့် စပ်၍ မေးလျှောက် ကြ၏။

(

“ငါရှင်တို့၊ ဒို့များမှာ လောကုတ္တရာတရားထူး မရရှိသေးပါဘူး”ဟုသာ ဖြေတော်မူသဖြင့် အတွင်းနေ သူနာပြုရဟန်းငယ်တပါးက-

,

## PAGE 382
<!-- 14 paragraphs, raw extraction -->



PPE

“အရှင်ဘုရား၊ “မဟာသံဃ ရက္ခိတ မထေရ်ကြီး ပရိနိဗ္ဗာန် ပြုတော့မတဲ့ ဆိုပြီး ပတ်ဝန်းကျင် ၁၂-ယူဇနာအတွင်းက ဒကာ, ဒကာမတွေ လာရောက် စုရုံးနေကြပါပြီ ဘုရား။ အရှင် ဘုရားများ ပုထုဇဉ် သေခြင်းမျိုးနှင့် သေလွန် သွားပါလျှင် လာတဲ့သူတွေ အားလုံးဒို ဒီကို လာကြရတာ၊ အလကားပါပဲ' ဆိုပြီး စိတ်မချမ်းမသာဖြစ်ကုန်ကြတော့မှာပါ ဘုရား”ဟု ဝမ်းနည်းစွာ လျှောက် ထားလိုက်၏။

"

ထိုအခါ မထေရ်ကြီးက--

“ငါ့ရှင်…၊ ဒို့များ မေတ္တေယျ ဘုရားရှင်ကို ဖူးတွေ့ချင်သေးလို့ ဝိပဿနာကို အားမထုတ်ပဲ နေခဲ့တာ။ ရှိပါစေတော့လေ၊ ဒါဖြစ်ယင်လဲ နို့များကို ထူမ,ပြီး နောက်မှီမှာ မှီပေးခဲ့၊ ကဲ …ငါ့ရှင် ခဏ အပြင်ထွက်ချေဦး”ဟု မိန့်တော် မူသဖြင့် သူနာပြုတပည့်ရဟန်းငယ်မှာ အခန်းအပြင်သို့ ထွက်မယ်၍ပေးလိုက်၏။

ရဟန်းငယ် အခန်းမှထွက်ကာမျှ၌ပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူ၍ မထေရ်ကြီးက တပည့် ရဟန်းငယ်အား ချက်ချင်းပင် လက်ဖျစ် တီး၍ ခေါ် လိုက်၏။ အကြောင်းစုံ သိရှိရသောအခါ သံဃာများ အားလုံး ဝမ်းမြောက် ဝမ်းသာ စည်းဝေး လာရောက်ကြပြီးလျှင်-

“အရှင်ဘုရား၊ ယခုလို သေခါနီးကာလကလေးအတွင်းမှာ လောကုတ္တရာ တရားကိုရအောင် လုပ်နိုင်တာဟာဖြင့် အခက်အခဲကြီးတခုကို လုပ်လိုက်ခြင်းပါပဲ ဘုရား”ဟု လျှောက်ထားကြရာ-

"

“ငါ့ရှင်တို့၊ ဒါ ဘာမှ အခက်အခဲ မဟုတ်သေးဘူး။ ဒို့များ သည့်ထက် ခက်ခဲတာကို ပြောပြအုံးမယ်။ ဒို့များ ရဟန်းပြုတဲ့နေ့ကစပြီး အမှတ်သတိကင်းပြီး မသိပဲ့ မှားမှားယွင်းယွင်း လုပ်မိတာ တခုမှ စဉ်းစားကြည့်လို့မမြင်ဘူး ငါ့ရှင်တို့” ဟု မိန့်တော်မူလေသည်။

တူတော်သံဃရက္ခိတမထေရ်လည်း ၀ါတော်ငါးဆယ်အရတွင် အလားတူ အရဟတ္တဖိုလ် ရတော်မူလေ၏။ (ဝိသုဒ္ဓိမဂ်-၁၊ ၄၅။)

‘ပညာ

အရဟတ္တဖိုလ်သို့ တုတ်တုတ်ထိ ရောက်စေနိုင်သော သီလနှင့် သတိ များ ထိုမျှ အားကောင်း ပြည့်စုံ လုံလောက်နေသော ပုဂ္ဂိုလ်ကြီးများကိုပင် “နောက်ဘုရား အာသာ”သည် တဘဝတာလုံး ဆုပ်ဆွဲထားနိုင်ခဲ့၏။ နောက်ဘုရား ဝါဒနှင့် ဘုရားလောင်းဝါဒကိုကျနစွာ လေ့လာ ဆင်ခြင်ကြကုန်ရာ၏။

## PAGE 383
<!-- 12 paragraphs, raw extraction -->


၃၄.ဝ.


ခုတင်ကိုလျှို့ဝှက်သော မထေရ်နှင့် လာဘ်များအောင်ကျင့်သော ဘုန်းကြီး ဦးရွာပျော်

(ပိယဂါမိထေရ်)

သူတော်ကောင်းတို့သည် မိမိတို့ရရှိထားသော တရားထူး၊ ကျင့်ကြံဆဲသော အကျင့် ပဋိပတ်နှင့် ပရိယတ် ဂုဏ်ကျေးဇူးများကို အမြဲ လျှို့ဝှက်တော်မူကြ၏။
သူတပါးတို့ သိသွားမည်ကို စိုးရိမ်တော် မူကြသည်။ အကျိုးထူး တစုံတရာ ဖြစ် ဖွယ်မမြင်လျှင် လူဒကာတို့ကို မဆိုထားဘိ၊ တရားကျင့်ဖက် သီတင်းသုံးဖော် ရဟန်းတော်အချင်းချင်းကိုပင် အသိမပေးလိုကြပေ။ အပိစ္ဆတာ=အလိုနည်းရ ခြင်း' ဂုဏ်ဟု ခေါ်လေသည်။

သူယုတ်မာတို့ကား သူတော်ကောင်းတို့နှင့် ပြောင်းပြန် ဆန့်ကျင်ဘက် ဖြစ်ကြသည့်အတိုင်း မဟုတ်ပဲလျက် သူတော်ကောင်း တရားရေးရာတွင် ဟန်ဆောင် ခြင်း၊ လုပ်တာထက် ပို၍သိအောင် ပြခြင်း စသည်ဖြင့် အတွင်းစိတ် ယုတ်မာ သလောက် ကာယကံ ဝစီကံ ကောက်ကျစ်ကြကုန်၏။

မဟာသုမ ထေရ်ကြီးသည် သုသာန်ဓုတင်ကို နှစ်ပေါင်း ခြောက်ဆယ်ပတ် လုံး ကျင့်သုံးဆောက်တည်လေရာ မည်သည့်ရဟန်း တပါးတလေကမျှ သုသာန် ဓုတင်ဆောင်ကြောင်း မသိကြရချေ။ (မ၊ဋ္ဌ၊၂။၄၆။ အံ၊ဋ္ဌ၊၁၊၅ဂ-၌ကားမဟာ ကုမာရထေရ်’ဟု ရှိ၏။)

.

သီဟိုဠ်ကျွန်း စေတီယတောင်၌ ညီတော် နောင်ဘော် သီတင်းသုံးနေထိုင် ကြရာ နောင်တော်မထေရ်ကြီးသည် ဓုတင်များကို ဆောင်တော်မူ၏။ မည်သူ့ အားမျှ မသိစေခဲ့ပေ။

တနေ့သောအခါ ညီတော်မထေရ်သည် ၎င်း၏ အလုပ်အကျွေး ဒကာ တဦးက ပို လှူလိုက်သော ကြံပိုင်းတို့ကိုယူ၍ နောင်တော်ကြီးထံ သွားပြီးလျှင်’ “သုံးဆောင်တော်မူပါ အရှင်ဘုရား”ဟု ဆက်ကပ်လိုက်၏။ နောင်တော် ကြီးကား ဆွမ်းစားပြီး၍ နှုတ်ခံတွင်း ဆေးကြောနေချိန် ဖြစ်၏။ ထို့ကြောင့် နောင်တော်ကြီးက’

“ငါ့ရှင်…၊ တော်ပြီ…၊ အလိုမရှိပါ”ဟု မိန့်တော်မူလျှင် ညီတော်က’ “ဘယ်လိုပါလဲ အရှင်ဘုရား…၊ အရှင်ဘုရားများ ဧကာသနိက်ဓုတင်များ ဆောင်ထားကြပါသလား”ဟု လျှောက်သည်နှင့် အနှစ်ငါးဆယ်ပတ်လုံး သနိက်ရုံတင် ဆောင်လာသည်ကို မသိစေလိုသောကြောင့်’

## PAGE 384
<!-- 12 paragraphs, raw extraction -->




“ကဲ….ကဲ၊ ဒါဖြင့်လဲ ကြံပိုင်းများကို ယူခဲ့ပါ ငါ့ရှင်”ဟုဆိုကာ ဓုတင်ကို ဖျက်၍ သုံးဆောင်တော် မူရလေသည်။ ပြီးမှ ခံတွင်းဆေးကြော ပလုပ်ကျင်းကာ မိမိဓုတင်ကို ပြန်၍ ဆောက်တည်တော် မူရ၏။ (မ-ဋ္ဌ-၂၊၄ ၆။ အံ-ဋ္ဌ-၁၊၅၉။) တဖန်-နောင်တော်မထေရ်ကြီးနေသဇ္ဇက(မအိပ်၊မလျောင်းရသော) ဓုတင် ဆောင်သည်ကို မည်သူမျှ မသိကြ။ တခုသောညတွင် လျှပ်စစ်ရောင်ဖြင့် နောင် တော်မထေရ်ကြီး အိပ်ရာအင်းပျဉ်၌ မအိပ်မလျောင်းပဲ ငုတ်တုတ် မိုးအလင်း ထိုင်နေတော်မူသည်ကို ညီတော်မထေရ် မြင်သွားပြန်၏။

“အရှင်ဘုရားများ နေသËကဓုတင် ဆောင်တော် မူကြပါသလား” ဟု ညီတော်က(မမေးအပ်သည်ကို မေး၍ မသိစေလိုသောကြောင့်) နောင်တော် မထေရ်ကြီးသည် ချက်ချင်းပင် အိပ်ရာအင်းပျဉ်ပေါ်၌ လဲလျောင်းတော် မူရလေ သည်။ နောက်မှ ဆက်လက်ဆောက်တည်ကာ ဆောင်မြဲ ဆောင်သွားလေ၏။
(ဝိသုဒ္ဓိမဂ် မဟာဋီက၁-၁၊ ၉၁-အဆို။ အံ-ဋ္ဌ-၃၊၂၂ ၆-၌ “ဝတ္ထု ဝိသုဒ္ဓိမဂ်၌ ဆိုခဲ့ ပြီ”ဟု မှာထားသော်လည်း ဝိသုဒ္ဓိမဂ်၌ အကျယ်မလာ။)

ပိယဂါမိထေရ်-ဘုန်းကြီးဦးရွာပျော်

ရှေးအခါက ဂါမ၀ါသီဖြစ်သော ပိယဂါမိ မထေရ်တပါးသည် ဓုတင် ဆောက်တည်သော ရဟန်းများ၌ လာဘ်လာဘ များပြားသည်ကိုမြင်၍ “ငါလဲ ဓုတင်ကျင့်ပြီး လာဘ်ရှာမည်´ဟု နှလုံးသွင်းပြီးလျှင် တခုသောသုသာန်သို့သွား၍ သောသာနိကဓုတင်= သုသာန်နေအကျင့်ကို ကျင့်၍နေလေ၏။

စား

တနေ့သ၌ အလုပ်ခွင်၌ အသုံးမဝင်တော့၍ ထမ်းပိုးလွှတ်ထားသော နွား အိုကြီးတကောင်သည် နေ့အခါ နွားစားကျက်များ၌ လှည့်လည်ရှာဖွေ သောက်၍ ညအခါ ထိုမထေရ်နေသော သုသာန်ရှိ ပန်းချုံကြီးတခု၌ ခေါင်း ဆိုက် အိပ်ယင်း တညလုံး တကျွိကျွိမြည်အောင် စားမြုံ့ပြန်၍ နေလေ၏။

ပိယဂါမိထေရ် (ပိယောဂါမော တဿ=ဘုန်းကြီး ဦးရွှာပျော်-ဋီကာ) လည်း ညအခါ တိတ်တိတ်ဆိတ်ဆိတ် သုသာန်အတွင်း စင်္ကြံလျှောက်နေစဉ် ထို နွားအိုကြီး စားမြုံ့ပြန်သံ ကြားရသဖြင့်-

“အင်း...ဒီကိုယ်တော် လာဘ်ပေါများအောင် သုသာန်ထဲလာပြီး နေ တယ်လို့ ငါ့အကြုံတွေ သိကြားမင်းကြီး သိသွားပြီနှင့် တူတယ်...။ ဒါနဲ့ ငါ့ကို နှိပ်စက်ဖို့လာတာ ဖြစ်မှာပဲ…။ မလွှဲပေဘူး”ဟု အတွေးဝင် သွားလေသည်။
သို့နှင့် ဘုန်းကြီးဦးရွှာပျော်သည် ကြောက်ကြောက်နှင့် နွားအိုကြီးရှေ့သို့

သွားကာ လက်အုပ်ချီ၍”

## PAGE 385
<!-- 15 paragraphs, raw extraction -->


"


"


“အို.. သိကြားမင်း သူတော်ကောင်းကြီး၊ ကျွန်ုပ်ကို ချမ်းသာပေးပါ၊
ဒီတညတော့ နေပရစေအုံး၊ နက်ဖြန်ကစပြီး ဒီလို မလုပ်တော့ပါဘူး”ဟု တညလုံး မိုးစင်စင်လင်းအောင် နွားအိုကြီးကို ရှိခိုးလိုက်၊ တောင်းပန်လိုက် လုပ်နေလေ ၏။ နွားအိုကြီး တလှုပ်လှုပ်နှင့် စားမြုံ့ ပြန်နေသည်ကို သူပြောသည့်အတိုင်း ကျေနပ်၍ သိကြားမင်းကြီးက သည်းခံနေသည်ဟု ထင်လေ၏။

နံနက်မိုးလင်း၍ သဲသဲကွဲကွဲ မြင်ရခါမှ နွားအိုကြီးမှန်း သိသွားလျှင် “ဒင်း…တညလုံး ငါ့ကို ခြောက်လှန့်ခဲ့တဲ့အကောင်…သေပေတော့”ဟု ရေရွတ် ကာ တောင်ဝှေးဖြင့် ရိုက်ခြောက် မောင်းထုတ် လေတော့သတည်း။(မ-ဋ္ဌ-၁၊
၁၂၀-မဟာ သတိပဋ္ဌာနသုတ်အဖွင့်။ အရှင်မဟာ ဗုဒ္ဓဃောသ ဆရာတော်ကြီး၏ အရေးအသား စာသွားစာဟန်မှာ တုဖက် ကင်းတော်မူပါပေသည်။ လေးလေး နက်နက် မှတ်သားရမည့်နေရာ၌ လေးလေးနက်နက်ပင် ဖွင့်ဆို့သွားကာ ပုံပြင် သဘောပြရမည့် နေရာမျိုး၌လည်း ဆရာတော်ကြီး၏စာမှာ အရသာခံယင်း ပြုံးရွှင်ရပါ၏။)

အလိုနည်းရခြင်း လေးမျိုး

အလိုနည်းခြင်း-အပ္ပစတာဂုဏ်သည် လေးမျိုးရှိ၏။
ပစ္စယအပ္ပစ္စ=လာဘ်လာဘအရာ အလိုနည်းရခြင်း၊

၂။ ဓုတင်္ဂအပိစ္စဓူတင်သီလအရာ အလိုနည်းရခြင်း၊
၃။ ပရိယတ္တိ အပိန္တံ=ပရိယတ္တိအရာ အလိုနည်းရခြင်း၊

၄။

အဓိဂမ အပိစ္စတရားထူးရမှုအရာ အလိုနည်းရခြင်း (မခင်ပေါ် စေလိုခြင်း၊ လျှို့ဝှက် ဖုံးကွယ်ခြင်း။)

အာဝါသ ပလိဗောဓအရာ စံတော်ဝင်

ထူပါရုံကျောင်းနေမထေရ်

သီဟိုဠ်ကျွန်း အနုရာဓမြို့သားနှစ်ဦးသည် သဘောတူတိုင်ပင်၍ ထူပါရုံ ကျောင်းသို့သွားကာ ရဟန်းပြုကြ၏။ ထိုရဟန်းနှစ်ပါးတွင် တပါးမှာ ဒွေမာ တိကာကို နှုတ်တက်ရအောင်ဆောင်၍ ငါးဝါအရ သီတင်းကျွတ် ပဝါရဏာပွဲ အပြီး အနုရာဓမြို့အရှေ့ဘက် တောင်တန်းတောအုပ်အရပ် (ပါစိန ခဏ္ဍရာဇိ) သို့ ကြွသွားတော်မူ၏။ တပါးကမူ ထူပါရုံကျောင်းမှာပင် နေခဲ့သည်။

## PAGE 386
<!-- 14 paragraphs, raw extraction -->



ထိုတော၌ ငါးဝါသီတင်းသုံးအပြီး ဆယ်ဝါအရတွင်…


“ဤအရပ်ကား တကိုယ်တည်း ကိန်းအောင်းနေထိုင်ရန် သင့်လျှော်ပေ တယ်၊ ငါ့မိတ်ဆွေကိုလဲသွားပြီး အကြောင်းကြားဦးမှပဲ”ဟု အကြံရကာ မိတ်ဆွေ ရှိရာ ထူပါရုံကျောင်းသို့ သွားလေ၏။ ထူပါရုံမထေရ်လည်း ဆယ် ၀ါရ ဝါတူ ဖြစ်သည်။ တော မှ မိတ် ဆွေ ကြွလာလျှင်ပင် ခရီးဦးကြိုဆိုလျက် သပိတ်သင်္ကန်းလှမ်းယူကာ အာဝါသိကဝတ်ကိုပြု၏။ ကျောင်းတွင်းသို့ ဝင်ပြီး နောက် တောမှကြွလာသော မထေရ်စိတ်ထဲ၌ သူ၏မိတ်ဆွေမှာ မြို့နေကြာသဖြင့် “ဒကာဒကာမများအား ထောပတ်တင်လဲ အဖျော်ယမကာ စသည် အကပ်ခိုင်း လိမ့်မည်”ဟု မျှော်လင့်နေ၏။ အိပ်ချိန်သာ ရောက်လေ၏။ ည ဘုဉ်းပေးရန် တစုံ တခုမျှ မရောက်လာ။ ခရီးပန်းလာ၍ ဆာဆာနှင့်ပဲ အိပ်ပျော်သွားသည်။

နံနက် အရုဏ်တက်လျှင်လည်း “အလုပ်အကျွေးဒကာတို့အား ယာဂုခဲဖွယ် အပို့လွှတ်လိမ့်မည်” ထင်ထားနေပြန်၏။အချိန်ကုန်သွားသော်လည်း တဦးတလေမျှ ပို့လွှတ်ခြင်း မရှိ။ သို့ရာတွင် ဆွမ်းခံဝင်သောအခါကျမှ ဝိုင်းဝန်း၍ မိမိတို့နှစ်ပါး လုံးအား လှူဒါန်းဆက်ကပ်ကြမည်အထင်ဖြင့် ကျောင်းခံမြို့နေ မိတ်ဆွေနှင့်နှစ်ပါး အတူ အရုဏ်ဆွမ်းခံ ဝင်ကြရသည်။ အိမ်တအိမ်မှ ယာဂုတမှုတ်စီ ရလျှင်ပင် ကျောင်းခံမိတ်ဆွေက ကျောင်းသို့ ပြန်လှည့်လာသဖြင့် တောနေရဟန်းလည်း ၎င်းနှင့်အတူ ပြန်ကြွလာကာ ဆွမ်းစားဇရပ်၌ နှစ်ပါးအတူ ယာဂုသောက်ကြရ၏။

“ယာဂုဝတ် အမြဲတာဝန်ယူတဲ့ ဒကာရှိဟန်မတူ၊ နေ့ခင်းဆွမ်းချိန်ကျမှသာ မွန်မွန်မြတ်မြတ် လာရောက် ကပ်လှူကြမယ် ထင်ပါရဲ့”ဟု ထပ်၍ ထင်စားနေမိ ပြန်ရာ အချိန်ကျ၍ ဆွမ်းခံကြွရန်ခေါ်သဖြင့် မြို့တွင်းသို့ ဆွမ်းခံလိုက်ပါသွား ရ၏။ အရေးတယူ လောင်းလှူမည့်သူကို မတွေ့ရပဲ ရသမျှနှင့် ဆွမ်းတထပ် ပြီးရ ပြန်လေသည်။ မြို့နေကျောင်းခံမိတ်ဆွေအပေါ် အထင်နှင့်အမြင် ကွာခြားကာ အံ့အားကြီးသင့်လျက်–

တောနေမထေရ် အရှင်ဘုရား...ခါတိုင်းလဲ ဒီလိုပဲ ရသမျှနဲ့ မျှတနေတာပဲလား

ဘုရား။

မြို့ခံမထေရ် ဟုတ်ပါတယ် ငါ့ရှင်။

တော

ဒါဖြင့် ဘုရားတပည့်တော်နေတဲ့ အရှေ့တောင် တောတန်းအရပ် မှာ ချမ်းသာပါတယ်။ အဲဒီကို ကြွကြရအောင်။

တောကမိတ်ဆွေ အကြံပြုချက်အရ မြို့ခံ ထူပါရုံမထေရ်လည်း မြို့တောင် ဘက်တံခါးမှထွက်ကာ . အိုးထိန်းသည် ရှူာလမ်းအတိုင်း ရွှေကကြွရန် ဟန်ပြင်

လေ၏။

## PAGE 387
<!-- 13 paragraphs, raw extraction -->


:


တော

တော


အရှင်ဘုရား..ဘယ်ကိုကြွမှာလဲ။

အချို့… အရှင်ဘုရားက အရှေ့တောင်တောတန်းအရပ်မှာ ချမ်းသာ တယ်ဆို၊ အဲဒီကို ကြွကြမယ်လေ။
(အသုံးအဆောင်များစွာ

ယူမလာသည်ကိုကြည့်၍)အရှင်ဘုရား။
ဒီမြို့မှာ သီတင်းသုံးတာ ကြာလှပြီပဲ။ သည့်ပြင် အပိုပရိက္ခရာ မရှိတော့ဘူးလား၊ ဒါပဲလား။

မြို့ခံ မရှိပါဘူး ငါ့ရှင်၊ ညောင်စောင်းနဲ့ အင်းပျဉ်တော့ရှိပါရဲ့။ ဒါလဲ ကျောင်းပိုင်သံဃိက ပစ္စည်းဆိုတော့ ခရီးသွားခါနီး ထုံးစံအတိုင်း သိမ်းဆည်းထားခဲ့ရတယ်လေ။

တော အရှင်ဘုရား… တပည့်တော်တောင်မှ ယခုအလာတောင်ဝှေးရယ်၊
ဆီကျည်တောက်ရှယ်၊ ဖိနပ်အိတ်ရယ်၊ အရှင်ဘုရား ထူပါရုံမှာပဲ ကျန်ရှိရစ်ပါသေးတယ်။

မြို့ခံ (ထူပါရုံမထေရ်မှာ အံ့ဩလျက်) ဪ…. ဖြစ်မှဖြစ်ရလေ၊ တနေ့ တာ ခဏကလေး လာတာတောင်မှ ဒီလောက်များတဲ့ ပရိက္ခရာ တွေကို ယူလာထားပစ်ခဲ့ရသကိုး။

ဧတာ (ဝန်ခံလျှောက်ထားပြီး ခရီးသွားယင်းပင် ထူပါရုံမိတ်ဆွေမထေရ် ကို ကြည်ညိုလေးစားသွား၏။အရှေ့တောင်တောတန်းသို့အရောက် နောက်တရက်တွင် တောနေမိတ်ဆွေက ထူပါရုံ မထေရ်အား လက်အုပ်ချီ ရှိခိုးလျက်) အရှင်ဘုရား... အရှင်ဘုရားတို့လို ပုဂ္ဂိုလ် မျိုးဟာ ဘယ်အရပ်ဒေသမှာမဆို တောရ နေရသလိုပါပဲလား ဘုရား။ ထူပါရုံစေတီကြီးဟာလဲ လေးဆူသော ဘုရားရှင်တို့ရဲ့ ခါးပန်းကြိုး၊ ရေစစ်၊ ရေသနုပ်၊ ညှပ်ရိုးတော်များ ဌပနာပြီး တည်ထားတဲ့ စေတီတော်ကြီး လောဟပါသာဒ=ကြေးပြာသာဒ် ကြီးမှာဆိုယင်လဲ တရားတော်များ နာခွင့်ရပါတယ်။မဟာစေတီ ကြီးနဲ့ မထေရ်ကြီးများကိုလဲ အမြဲ ဖူးခွင့်ရပါတယ်။ မြတ်စွာ ဘုရားရှင်ပွင့်တော်မူတဲ့ အခါအတိုင်းပါပဲ။ တပည့်တော်တော့ အနုရာဓကိုပဲ ပြန်ပါတော့မယ်၊ အရှင်ဘုရားပဲ ဒီအရှေ့တောင် တောတန်းမှာ ချမ်းချမ်းသာသာ သီတင်းသုံး နေရှစ်ပေတော့။
တောနေ မိတ်ဆွေရဟန်းမှာ အရွှေတောင်တောတန်းအရပ်၌ တညနေပြီး နောက်တရက်နံနက် သပိတ်လွယ်ကာ အနုရာဓဘက်သို့ ထွက်ခွာသွားလေတော့၏။
ထူပါရုံနေ မထေရ်ကား မည်သည့်အရပ်ဒေသ ကျောင်းပရိဝုဏ်၌မဆို ကျောင်းကန် ပြင်ဆင်မှု၊ စည်ပင်မှု၊ ကျောင်းပရိဘောဂ၊ ကျောင်းနှင့်စပ်၍

## PAGE 388
<!-- 10 paragraphs, raw extraction -->




မည်သည့်တာဝန်ပိုမျှ ကြောင့်ကြဖွယ်မရှိ၊ အာဝါသပလိဗောဓ ကင်းပြတ်ရာ၌ စံတော်ဝင် မထေရ်တပါးဖြစ်ပေသည်။ (ဝိသုဒ္ဓိမဂ်-၁၊ ၈၇။)

(ထူပါရုံမထေရ်နှင့် စာသင်သားရဟန်းတော်များ “အရိယာ”ဟု မပါရှိ သော်လည်း အရိယလမ်းစဉ် ကျင့်သုံးနေသူများဖြစ်၍ ဖော်ပြလိုက်ပါသည်။
သီလ၊ ဓုတင် စသော ူတော်ကောင်းတရားများ၌ အရိယာဖြစ်တော်မူသွား၍ ပြည့်စုံစွာ ကျင့်ဆောင်တော်မူနိုင်ခြင်းကား အဆန်းမဟုတ်ပြီ။ပုထုဇဉ် အဖြစ်ဖြင့် သဒ္ဓာ၊ ဝီရိယထားကာ အပြည့်အစုံ အလုံအလဲ ကျင့်ဆောင်နိုင်ခြင်းက ချီးကျူးထိုက်လှသည်။)

မေတ္တာဘာဝနာအရာ စံတော်ဝင် . ဝိသာခ ထေရ်

မြတ်စွာဘုရားမရှိသည့်နောက် မဇ္ဈိမဒေသ ပါဋလိပုတ်ပြည်၌ ဝိသာခ ခေါ်သော သူကြွယ်တဦးရှိ၏။ သူကြွယ်သည် ပါဋလိပုတ်ပြည်၌ ရောင်းဝယ် ဖောက်ကားယင်း နေထိုင်စဉ် သာသနာ ထွန်းသစ်စဖြစ်သော သီဟိုဠ်ကျွန်း၏ သာသနာရေးဆိုင်ရာ ကောင်းသတင်းများကို မကြာခဏ ကြားသိနေရသည်။
“တမ္ဗပဏ္ဏဒီပ ခေါ် သီဟိုဠ်ကျွန်းသည် စေတီပုထိုးများ ပန်းကုံးသဖွယ် ကြည်ညိုဖွယ်ကောင်းလှသည်။ သင်္ကန်းရောင်များ တောက်ပလျက်ရှိ၏။ သီဟိုဠ် တကျွန်းလုံး မည်သည့်နေရာ၌မဆို မိမိတို့နှစ်သက်ရာ နေထိုင်ချင်စဖွယ် ရှိသည်။
နေရာထိုင်ခင်း မရှား။ ရာသီဥတုကောင်း၏။ ဗုဒ္ဓသာသနာ ဘုရားအဆုံးအမနှင့် စပ်၍ ဆွေးနွေးမေးမြန်းရမည့် ပုဂ္ဂိုလ်, ဆည်းကပ်ရမည့်ပုဂ္ဂိုလ်များ ပေါများ၏။
ဗုဒ္ဓတရားတော်များ လေ့လာနာယူကျင့်သုံးရန် သင့်မြတ်သောဒေသ ဖြစ်သည်။
မည်သည့်အရာမဆို အလွယ်တကူရရှိနိုင်သည်….။”

ဝိသာခသူကြွယ်သည် အဆိုပါသတင်းများကို အမြဲလိုလို ကြားနေရသဖြင့် လွန်စွာစိတ်ပါဝင်စားနေ၏။

နောက်ဆုံး သီဟိုဠ်သို့သွားရန် ဆုံးဖြတ်လိုက်၏။ ရှိသမျှ စီးပွားဥစ္စာနှင့် စီးပွားရေးကိစ္စအားလုံးကို သားမယားများအား လွှဲအပ်လိုက်သည်။ မိမိမှာမူ အသပြာတကျပ်မျှသာယူ၍ ပုဆိုးစွန်၌ထုပ်ကာ ပါဋလိပုတ်နေအိမ်မှ ထွက်ခွာခဲ့ လေ၏။ သီဟိုဠ်ကျွန်းသို့ကူးရန် သင်္ဘောကြုံမရနိုင်၍ ပင်လယ်ဆိပ်ကမ်း၌တလခန့် ဆိုင်းငံ့နေရသေးသည်။

သူကြွယ်သည် အချိန်ပိုလည်းရ၊ ရောင်းရေးဝယ်ဘာလည်း ကျွမ်းကျင်သူ ဖြစ်သည့်အတိုင်း ၊ ပင်လယ်ဆိပ်ကမ်းမှာပင် သင်္ဘောစောင့်ယင်း ပါလာသော

## PAGE 389
<!-- 14 paragraphs, raw extraction -->


၃.၄ ၆


ငွေအသပြာတကျပ်နှင့် လုပ်အားကို အရင်းပြုလျက် တရားသဖြင့် ကုန်ရောင်း ကုန်ဝယ်လုပ်ရာ တလအတွင်းမှာပင် အသပြာတထောင် စုမိဆောင်းမိ ရှိသွား သည်။

ဝိသာခ ရဟန်းခံပွဲ ငွေကြ

သင်္ဘောကြုံရသဖြင့် သီဟိုဠ်ကျွန်းသို့ ကူးသွား၏။ နာမည်ကျော် မဟာ ဝိဟာရကျောင်းတိုက်ကြီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။
`မဟာဝိဟာရကျောင်းတိုက် မထေရ်ကြီးများအား အကျိုးအကြောင်း လျှောက်၍ ရှင်ရဟန်းပြုခွင့် တောင်းခံရာ မထေရ်ကြီးများက အခွင့်ပေးကြ လေသည် ။

ဝိသာခ ရဟန်းလောင်းအား ဉတ္တိစတုတ္ထ ကမ္မဝါဖြင့် ရှင်ရဟန်းပြု၍ သိမ်သို့ မထေရ်ကြီးများက ခေါ်ဆောင်သွားကြရာ လမ်းတဝက်၌ ဝိသာခ ခါးပိုက်ထဲ (ခါးတောင်းကျိုက်တွင်း)မှ အသပြာ ထောင်ထုပ်သည် ရုတ်တရက် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေလျှင် မထေရ်ကြီးများက

"

“ဝိသာခ…၊ အဲဒါ ဘာလဲ.....ဘာလဲ....

“မှန်လှပါ…၊ အသပြာငွေ တထောင်ပါဘုရား။”

“ဝိသာခ…၊ ရှင်ရဟန်းများဟာ ရှင်ရဟန်းပြုတဲ့အချိန်ကစပြီး အသပြာ ငွေများကို မကိုင်တွယ် မစီမံကောင်းဘူး။ ယခုကတဲက ဒီအသပြာကို သင့်လျော် အောင် စီမံလိုက်ဦး”ဟု မိန့်တော်မူကြ၏။

ဝိနည်းတော်အရ ဆွေမျိုးသားချင်း၊ သို့မဟုတ် ကပ္ပိယကာရက တဦးဦး အား အပ်လိုက အပ်ထားနိုင်သော်လည်း ဝိသာခကမူ “ ငါ့ရဟန်းခံပွဲလာတဲ့လူ အားလုံး လက်ချည်းမပြန်စေရ”ဟုဆုံးဖြတ်၍ အသပြာငွေတထောင်ကို အာလယ ပြတ် စွန့်လွှတ်ပြီးနောက် လာသမျှပရိသတ်အားသိမ်မဝင်မီ ကြဲဖြန့်ပေးလှူလိုက်၏။
ပြီးလျှင် မထေရ်ကြီးများက ဝိသာခအား ရှင်ရဟန်းပြုပေးတော်မူလိုက်ကြသည်။

တောတွင်းခရီးသည် ယောဂီဝိသာခ

ဝိသာခသူကြွယ် ရဟန်းပြုသွားရာ ရဟန်းဘွဲ့တော်လည်း ဝိသာခထေရ် ဟူ၍သာ ခေါ်တွင်၏။ ဝိသာခထေရ်သည် ရဟန်းဝါ ငါးဝါရသည်အထိ ဒွေမာ တိကာနှင့်တကွ ပရိယတ္တိကို မဟာဝိဟာရ မထေရ်ကြီးများထံ လေ့လာသင်ယူ၏။
ငါးဝါအရ သီတင်းဝါလကျွတ်၍ ပဝါရဏာပွဲပြီးလျှင်ပင် မထေရ်ကြီးများထံ သင့်လျော်သော ကမ္မဋ္ဌာန်းများကို တောင်းခံ၍ မဟာဝိဟာရမှ ထွက်ခွာသွား

## PAGE 390
<!-- 11 paragraphs, raw extraction -->




လေ၏။ သမထ, ဝိပဿနာတရား ကြိုးစားအားထုတ်ရန် သီဟိုဠ်တကျွန်းလုံးရှိ သပ္ပာယဖြစ်သော နေရာများသို့ ကြွတော်မူ၏။ မေတ္တာ ဘာဝနာ ကမ္မဋ္ဌာန်းကို အထူးရှေ့တန်းတင်၍ အားထုတ်တော်မူလေသည်။

ဝိသာခမထေရ်၌ သီဟိုဠ်တကျွန်းလုံး လှည့်လည် သီတင်း သုံးရာတွင် အဓိဋ္ဌာန်တခုရှိ၏။ မည်သည့်ကျောင်း, မည်သည့် နေရာ၌မဆို၊ တကျောင်း တကျောင်း, တနေရာ တနေရာလျှင် လေးလ လေးလမျှသာ သီတင်းသုံးတော် မူခြင်းဖြစ်သည်။ လေးလပြည့်လျှင် နေရာသစ်တခု၌ ပြောင်းရွှေ့ သီတင်းသုံးတော် မူလေ၏။

အထူးသဖြင့် ကမ္မဋ္ဌာန်း ယောဂီတို့အား သင့်လျော်သော တောတောင် အရပ်တို့၌သာ လှည့်လည် သီတင်းသုံးတော်မူရာ တနေ့တွင် ဝိသာခ မထေရ်သည် နာမည်ကျော် စိတ္တလတောင်သို့ အသွား….တောတောင် စိမ့်စမ်းတို့ဖြင့် အေးချမ်း ဆိတ်ငြိမ်သော တောကြီးအတွင်း ချင်းနင်းဝင်ရောက်၍ သွားရ၏။ သက်တုံတက် တုံ တရားအာရုံကိုသာလျှင် အဖော်ပြုရတော့သည်။

တောစောင့်နတ် တောင်စောင့်နတ်များ၊ ကျေးဇူးရှင် ဆရာသမားများမှ အစ သတ္တဝါအားလုံးအပေါ် ‘ချမ်းသာကြပါစေ’ဟု လမ်းသွားယင်းကလည်း မေတ္တာများပို ့လျက် နေ၏။

ခရီးပင်ပန်းလှသဖြင့် ခေတ္တ ခဏ ရပ်တန့် နားနေယင်း အံ့ဩဖွယ်ကောင်း လှသော မိမိ၏ ဘဝဖြစ်စဉ်ကို ဆင်ခြင် စဉ်းစားနေမိလေသည်။

မဇ္ဈိမဒေသ ပါဋလိပုတ်နေပြည်၌ မွေးဖွားကာ ပညာရှာချိန်မှအစ သားမ္ယားအိမ်ထောင်သည်ဘဝ၏ ဒုက္ခ၊ ကြွယ်ဝချမ်းသာသော ကုန်သည်ကြီး တဦး၏ လေးသောက၊ အမှန်တရားကို စွန့်စား ရှာဖွေရသော အခက်အခဲ ..

လောကီအာရုံ အမျိုးမျိုးနှင့် ပြည့်စုံ ကြွယ်ဝ ချမ်းသာရခြင်း၏ ဒုက္ခ၊
ဃရာဝါသ သမ္ဗာဓ=ကျဉ်းမြောင်းလှသော ဘဝမှ ကံကောင်း ထောက်မ၍ လွတ်မြောက်လာရပုံ၊ ရခဲလှသော ရဟန်းအဖြစ်ကို ရရုံမျှမက စတုပါရိသုဒ္ဓိ သီလ ကို စင်ကြယ်အောင် ထိန်းသိမ်းနိုင်၍ ကာယကံ, ဝစီကံ စင်ကြယ်ပုံ၊ သမထ ဝိပဿနာတရားကိုလည်း ကံအားလျော်စွာ အားထုတ်ခွင့်ရ၍ မနောကံပါ စင်ကြယ်ပုံ စသည်တို့ကို အပြန်ပြန် အလှန်လှန် စဉ်းစားကာ စဉ်းစားယင်း စဉ်း စားယင်း မိမိဘဝအတွက် ဝမ်းသာ အားရ ဖြစ်ပြီး တယောက်တည်း ကြုံးဝါး နေမိလေသည်။ ရှင်နှင့်မဆံ့ ဝမ်းသာလွန်း၍ နှုတ်ကပင် ကျူးရင့် နေမိ၏။

ယာဝတာ ဥပသမ္ပန္နော၊ ယာဝတာ ဣဓ အာဂတော။
ဧတ္ထန္တရေ ခလိတံ 'နတ္ထိ၊ အဟော လာဘာ တေ မာရှိသ။

## PAGE 391
<!-- 12 paragraphs, raw extraction -->



"


“အချင်း ဝိသာခ……၊ ရဟန်းပြုသည့် အချိန်ကစပြီး ဒီတောကြီး မျက်မည်းထဲ ရောက်လာတဲ့အထိ ထိုသည့် အချိန် တလျှောက်လုံး သင်၏ ကိုယ်နှုတ်နှလုံး သုံးပါးလုံးမှာ ဘုရားအစရှိသော သူတော် ကောင်းတို့ ကဲ့ရဲ့စရာ အပြစ်အနာအဆာ ချွတ်ယွင်းချက်ဆိုလို့ တခုမှ မရှိပါလား။ အချင်းဝိသာခ…၊ သင့်ဘဝကား အရတော် လေစွ…အရတော်လေစွ….။”

ဝိသာခ မထေရ်သည် မိမိဘဝကို ဆင်ခြင်ရာ ပီတိများ လျှံ၍ ထွက်ကာ နှုတ်မြွက် ရင့်ကျူးရသည်အထိ အားရ ကျေနပ်နေမိ၏။ အရတော်လှ ဆည်းပူး ခဲ့သမျှသော မိမိကုသိုလ်များကိုလည်း တောစောင့် နတ်များမှအစ အမျှဝေယင်း ခရီးတထောက် ဆက်ပြန်လေသည်။

မိမိသွားလိုသော နာမည်ကျော် စိတ္တလ တောင်ကြီးကား ရွှေတွင် ထီး တည်းကြီး မြင်နေရ၏။ သို့သော် တောင်သွားလမ်းမှာ နှစ်ခွ ဖြစ်နေ၍ ခဏ ရပ်ပြီး စဉ်းစားနေရ၏။ “ဒီဘက်လမ်းလား၊ ဟိုဘက်လမ်းလား စဉ်းစားလျက် ရပ်နေစဉ် “ဒီဘက်က လမ်းပါ အရှင်ဘုရား”ဟု တောင်စောင့် နတ်မင်းကြီးက လက်ညှိုးညွှန်၍ပင် ပြလိုက်၏။ စိတ္တလတောင် တောကျောင်းသို့ ကောင်းမွန်စွာ ရောက်သွားလေတော့သည်။

နတ်ချစ်သော ဝိသာခ

ဝိသာခ မထေရ်သည် စိတ္တလတောင် ကျောင်း၌လည်း လေးလမျှသာ သီတင်းသုံးမည်ဟု ဆုံးဖြတ်ထား၏။

“တနေရာ၌ လေးလမျှသာ နေသည်’ ဆိုသော်လည်း ဝိသာခ မထေရ်၏ စိတ်တွင် “ငါ….ဒီမှာ အာဂန္တုပ်’ ဟု မည်သည့် အခါမျှ သဘောမထား။
နှစ်ပေါင်းများစွာ နေရသော ဌာနကဲ့သို့ ရောက်လေရာ … ကျောင်းကန်ဘုရား ဆရာသမား သီတင်းသုံးဖော်တို့၏ ဝတ်ကြီး ဝတ်ငယ်များကိုလည်း မလစ်ဟင်း စေခဲ့ပေ။ ပန်း, ရေချမ်း, တံမြက်, သောက်ရေ သုံးရေမှအစ လိုလေသေးမရှိ စရဏဝတ်ကို ဖြည့်မြဲ ဖြည့်တော်မူ၏။ (သမပ္ပဝတ္တဝါသ)

ယင်းသို့ ရောက်လေရာ ဒေသခံကျောင်းခံ မထေရ်များနှင့် လိုက်လျော ညီထွေ နေတော်မူလေ့ရှိသဖြင့်လည်း လေးလစေ ့၍ ဝိသာခ မထေရ် ပြန်ကြွသွား လျှင် သီတင်းသုံးဖော်တိုင်း ဝိသာခ မထေရ်အား တ, သ-လျက်သာ ကျန်ရှိခဲ့ရ လေသည်။

စိတ္တလတောင် ကျောင်းကြီး၌လည်း ဝိသာခ မထေရ်သည် စရဏ, ဝိဇ္ဇာ နှစ်ဖြာမချွတ် ရဟန်းဝတ်ကို ဆောင်တော်မူလေရာ လေးလပြည့်၍ “နောက်တရက်

## PAGE 392
<!-- 20 paragraphs, raw extraction -->



၃ ၄ ၉

နံနက် အရုဏ်တတ်လျှင် ပြန်တော့မည်”ဟု စဉ်းစားယင်း စင်္ကြံကမ္မဋ္ဌာန်းကျောင်း၌ လျောင်း၍ နေလိုက်၏။

ထိုအခိုက် ကမ္မဋ္ဌာန်းကျောင်းကလေး စင်္ကြံလှေကားဆီမှ ငိုသံလိုလိုကြား၍ ထသွားပြီး ကြည့်တော်မူလျှင် လှေကားထစ် ပျဉ်ပြားပေါ်၌ နတ်မင်းကြီးတဦး ထို၍ ငိုယိုနေသည်ကို တွေ့ရလေ၏။

မထေရ် … ငိုနေတာ ဘယ်သူလဲ။

နတ်

တပည့်တော်..၊အရှင်မြတ်ရဲ့ စင်္ကြံကျောင်းခေါင်းရင်း သပြေပင်က ရုက္ခစိုးနတ် “မဏိလိယ”ပါ

ဘုရား။

မထေရ် သင်…၊ ဘာ့ကြောင့် ငိုနေရတာလဲ။

နတ်

အရှင်မြတ် ကြွသွားတော့မှာမို့ ငိုနေရပါတယ်ဘုရား။

မထေရ် ငါကြွသွားမှာ သင်နဲ့ ဘာဆိုင်လို့လဲ။ ငါဒီမှာနေလို့ သင်တို့မှာ ဘာကျေးဇူးရှိလို့လဲ။

နတ်

-

ရှိပါပြီလားဘုရား……၊ အရှင်မြတ် ဒီမှာ သီတင်းသုံးတော် မူက တည်းက တပည့်တော်တို့ နတ်တွေမှာ တဦးနှင့် တဦး ချစ်ခင် ညီညွတ်မှု ရနေကြပါတယ်။ ယခု အရှင်မြတ်သာ ကြွသွားတော် မူပါလျှင် တပည့်တော်က အစ နတ်တွေ အချင်းချင်း ခိုက်ရန် ငြင်းခုံ ရန်ဖြစ် ကုန်ကြရတော့မှာပါဘုရား။ ကြမ်းတမ်း ယုတ်မာ နားမခံသာအောင်လဲ ဆဲရေး တိုင်းထွာ ကုန်ကြ တော့မှာပါ

ဘုရား။

ရုက္ခစိုး နတ်မင်းကြီးသည် လျှောက်ထား ပြောဆိုယင်းလည်း ငိုကြွေး လေ၏။သူ၏ စကားကြောင့် ဝိသာခ မထေရ်လည်းခဏမျှ ဆိုင်းငံ့ စဉ်းစားကာ- “ငါ ဒီမှာ နေတဲ့အတွက် သင်တို့ တတွေပါ ချမ်းသာညီညွတ်မှု ရရှိကြ တယ်ဆိုယင်လဲ…ကောင်းပြီလေ၊ ငါ မသွားသေးပါဘူး”ဟု မိန့်တော်မူ နတ် များအားလုံး ဝမ်းမြောက်ကြလေ၏။

မထေရ်သည် နောက်ထပ် လေးလ စိတ္တလ တောင်၌ပင် သီတင်းသုံးရန် ထပ်မံစီစဉ်ရလေ၏။ လေးလစေ ၍ ပြန်မည် စဉ်းစားသောအခါ သပြေပင်စောင့် နတ်သည် ရှေးနည်း လာရောက် ငိုယိုပြန်၏။ သို့နှင့် နောက်ထပ် လေးလ ရွှေ့ရ ပြန်သည်။

မေတ္တာ ဘာဝနာကို အခြေခံ၍ အရဟတ္တဖိုလ် ရတော်မူသော ဝိသာခ မထေရ်ကြီးသည် လေးလစေ တိုင်း ပြန်မည်အပြု ဤနည်း နှင်နှင်ချည်း ဖြစ်နေ၍ မည်သည့် နေရာသို့မျှ . မပြောင်းရွှေ့ဖြစ်တော့ချေ။ သတ္တဝါ အများကို သနား

## PAGE 393
<!-- 10 paragraphs, raw extraction -->


•

၃၅ဝ


ငဲ့ညှာသောအားဖြင့် သီတင်းသုံးတော်မူရလေရာ စိတ္တလတောဝ် တောကျောင်း ကလေး၌သာ ခန္ဓာဝန်ချ၍ ပရိနိဗ္ဗာန် စံလွန်ဘော်မူခဲ့ရလေသတည်း။

[ဝိသုဒ္ဓိမဂ် အဋ္ဌကထာ-၁၊ ၃၀၆-၌ မေတ္တာပွား၍ နတ်အများ ကပါ ချစ်မြတ်နိုးပုံ သာဓကဝတ္ထု ဖြစ်၏။ အဆိပ် အတောက် ပြေ ပျောက်ပုံ သာဓကဝတ္ထုကိုလည်း “သံယုတ္တဘာဏက စူဠသိဝမထေရ် ကဲ့သို့”ဟု ညွှန်ပြထားသော်လည်း အကျယ်ကို မတွေ့ရချေ။ မေတ္တာနှင့် စပ်၍ ကိုယ်တွေ့ဝတ္ထုများနှင့်တကွ လက်တွေ့ လုပ်ထုံး၊ အဆုံးအဖြတ် အကျယ်ကို သိရှိ ကျင့်ကြံလိုသူများ ကျွန်ုပ်တို့ ရေးခဲ့ပြီး “မေတ္တာဝါဒ’ (ဗြဟ္မဝိဟာရအဖွင့်)၌ ကြည့်ရှုကြပါကုန်။]

မေတ္တာအကျိုး ၁၁-မျိုး

အိပ်, နိုး-ချမ်းသာ၊ ကောင်းစွာ အိပ်မက်၊ ချစ်လျက် လူ့နတ်၊
စောင့်လတ်နတ်များ၊ မီး ဆိုပ် ဓားတို့၊ ရှောင်ရှား ကိုယ်မှာ၊
လျင်စွာ စိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမတွေ၊ လားလေ ဗြဟ္မ၊ ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။

သကုလုဒါယီ ပရိဗိုဇ်ဝင်စားသော မေတ္တာ ဧတဒဂ်ရ အဿဂုတ္တ ထေရ်

သကုလုဒါယီ ပရိဗိုဇ်ကား ရာဇဂြိုဟ်ပြည်၌ တပည့် အခြံအရံ များပြား၍ ကျော်ကြားသော ပရိုဗိုင်တဦး ဖြစ်သည်။ ဝေဠုဝန် ကျောင်းတော်နှင့်.မနီး မဝေး ဥဒေါင်းတို့ကို ဘေးမဲ ့ပေးရာ အရပ်၌ ဆောက်လုပ်ထားသဖြင့် “မောရ နိဝါပ'ခေါ် ပရိဗိုလ်ကျောင်းမှ ကျောင်းအုပ် ခေါင်းဆောင်ကြီးလည်း ဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွတော်မူရာတွင် အနည်းငယ်မျှ အချိန်စောနေသေးသဖြင့် ပရိဗိုဇ်ကျောင်းသို့ ဝင်တော်မူ၏။
သကုလုဒါယီပရိဗိုဇ်လည်း ဘုရားရှင်အား လေးစား ရိုသေသူ ဖြစ်သည်။ မြတ်စွာ ဘုရားရှင်သည် ထိုကျောင်းသို့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်တော်မူကာ သကု ဒါယီအား တရားနှစ်ကြိမ် ဟောဖူးလေသည်။ ထိုတရားများမှာ ပိဋက သုံးပုံကို ခြုံမိ၍ အစမှ အဆုံးတိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ဟောတော်မူထားသော အလုပ်ပေးတရားလည်း ဖြစ်သည်။ “အယူဝါဒရှင်းတမ်း”ဟုလည်း ဆိုနိုင်၏။

## PAGE 394
<!-- 10 paragraphs, raw extraction -->



၃ ၅ ၁

ပူရဏကဿပစသော တိတ္ထိဆရာကြီးများအကြောင်းကိုလည်း သကုလု ဒါယီသည် ဝါဒစုံအောင် လေ့လာထားပြီးသူ ဖြစ်သည့်အတိုင်း တပည့်များနှင့် ဆွေးနွေး ဟောပြလေ့ ရှိ၏။ ဗုဒ္ဓနှင့် ခေတ်ပြိုင် ထိုဝါဒရေး ခေါင်းဆောင် ကြီးများ၏ အားနည်းချက်များကိုလည်း တပည့်များအား ထောက်၍ဆောက်၍ ပြလေသည်။ ဗုဒ္ဓကိုမူ အပြစ်ဆိုစရာ မတွေ့သဖြင့် ကြည်ညိုနေသူဖြစ်၏။

` တနေ့တွင် မြတ်စွာဘုရားရှင်က အဘယ့်ကြောင့် မိမိအား ကြည်ညိုလေး စားသူ များပြားရကြောင်း မေးတော်မူလျှင် သကုလုဒါယီသည် သူထင်သည့် အတိုင်း အဝတ်အစား အနေအထိုင် ခေါင်းခေါင်းပါးပါးကျင့်၍ ဆိတ်ငြိမ်ရာ၌ နေသောကြောင့်ဟု လျှောက်ရာ မြတ်စွာဘုရားက မဟုတ်ကြောင်း ငြင်းပယ် လေသည်။ မိမိထက် ခေါင်းပါးစွာ ကျင့်နေသူများ အများအပြား ရှိကြောင်း ကိုလည်း ထောက်ပြတော်မူသည်။

ယခုကဲ့သို့ ကြည်ညို လေးစားသူ များပြားရခြင်းမှာ သီလ, သမာဓိ,ပညာ ကြောင့် ဖြစ်ကြောင်း သစ္စာလေးပါးအထိ အခြေခံနှင့်တကွ သာသနာ့ ကျင့်စဉ် များကို ဟောပြတော်မူလေသည်။

မဇ္ဈိမ နိကာယ် မဇ္ဈိမပဏ္ဏာသ-မဟာသကုလုဒါယီသုတ်ဟု ခေါ်လေသည်။
နောက်တကြိမ် ကြွရောက် ဟောတော်မူသေး၏။ စူဠသကုလုဒါယီသုတ်ဟု ခေါ်သည်။ နောက်တကြိမ်ဟောသောအခါ တရားဟောပြီးလျှင် သကုလုဒါယီ ပရိဗိုဇ်သည် လွန်စွာ နှစ်သက် အားရလှသဖြင့် သရဏဂုံ သုံးပါးဆောက်တည်ကာ ရှင်ရဟန်းပြုခွင့်ကိုပင် တောင်းခံလေ၏။ သို့သော် တပည့်များက ဝိုင်းအုံကန့်ကွက် ကြလေသည်။

“ဆရာ၊ ဆရာကြီးတဆူ လုပ်ပြီးမှ ဂေါတမဗုဒ္ဓထံမှာ တပည့်မခံပါနှင့်၊
တပည့်အဖြစ်ဖြင့် မနေချင်ပါနှင့်၊ အိုးစရည်းကြီး ဖြစ်ပြီးမှ ရေခပ်သော ခွက်ငယ် မလုပ်သင့်ပါဘူး”စသည်ဖြင့် ကန့်ကွက်ကြ၍ သကုလုဒါယီသည်. ' ရဟန်းလည်း မပြုလိုက်နိုင်၊ မည်သည့်တရားကိုမျှလည်း မရရှိလိုက်ချေ။

ထိုသို့ ဖြစ်ရသည်မှာ ကဿပဘုရားရှင် လက်ထက်တော်က သူငယ်ချင်း ရဟန်းတပါး လူထွက်လို၍ (သကုလုဒါယီလောင်း)ရဟန်းအား တိုင်ပင်လေရာ ထိုရဟန်း၏ သပိတ် သင်္ကန်းကို လိုချင်သဖြင့် လူ ့ဘဝကောင်းကြောင်း ချီးကျူး ပြောဆိုမိသော ဝစီကံကြောင့် ငါတို့ဘုရားရှင် လက်ထက်တော်၌ ရဟန်းပြုခွင့် မရခြင်းဖြစ်သည်ဟု အဋ္ဌကထာ၌ ဆိုလေသည်။

မည်သို့သော အကျိုးထူးကိုမျှ လောလောဆယ် ရမသွားသော်လည်း “တချိန်ချိန်၌ အကျိုးသက်ရောက်စေမည်”ဟု မြင်တော်မူသဖြင့် ကြိုးစား၍ တရား ချီးမြှင့်တော်မူခြင်းဖြစ်လေသည်။

## PAGE 395
<!-- 13 paragraphs, raw extraction -->




သကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီးနောက် ပါဋလိပုတ် နေပြည်၊ ဓမ္မာသောကမင်းကြီးလက်ထက်၌ ရဟန်းပြုကာ အဿဂုတ္တ မထေရ်ကြီးအဖြစ် ထင်ရှားခဲ့လေ၏။

ယူဇနာ သုံးဆယ်ရှိ ကမ္မဋ္ဌာန်းတိုက်ကြီး

ပေး

မြတ်စွာဘုရား သက်တော် ထင်ရှားရှိတော်မူစဉ် ဧတဒဂ်ဘွဲ့ထူးများ တော်မူရာ၌(သီးခြား) မေတ္တာ ဝင်စားမှုအရာ၌ အသာလွန်ဆုံး အမြတ်ဆုံးဘွဲ့ (မေတ္တာ ဧတဒဂ်) ရရှိသော ရဟန်း ဟူ၍ မရှိခဲ့ဖူးချေ။

°

“ဤသင်္ကလုဒါယီ ပရိဗိုဇ်သည် နောင်သောအခါ ငါဘုရား သာသနာ တော်၌ ရဟန်းပြု၍ မေတ္တာဈာန်ဝင်စားနိုင်သူတို့တွင် အမြတ်ဆုံးဖြစ်ပေလတ္တံ့ ဟု ကြိုတင်၍ ဗျာဒိတ်ပေးတော်မူခဲ့၏။ထို့ကြောင့် အဿဂုတ္တမထေရ်သည် မေတ္တာ ဧတဒဂ်ရ မထေရ်ပင် ဖြစ်သည်။

အဿဂုတ္တမထေရ်သည် ဇမ္ဗူဒိပ် တကျွန်းလုံးရှိ ရဟန်းသံဃာ အားလုံး၏ ဩဝါဒါစရိယ မထေရ်ကြီး ဖြစ်တော်မူ၏။ ဝိဉ္စာတောင်တန်းကြီးနှင့် စပ်လျက် ရှိသော ယူဇနာ သုံးဆယ်ရှိ တောအုပ်ကြီး `အတွင်း၌ သီတင်းသုံးတော်မူသဖြင့် အဋ္ဌဝိတောကျောင်း(ဋီကာအလို။ အဋ္ဌကထာ၌ ဝတ္တနိ သေနာသန)ဟု ခေါ်၏။
ယူဇနာ သုံးဆယ်ရှိ တောကြီးတတောလုံး မထေရ်၏ ဩဝါဒခံ ရဟန်း ယောဂီ ထောင်ပေါင်းများစွာနေထိုင်ကြသဖြင့် တခုတည်းသောယူဇနာသုံးဆယ်ရှိ ကမ္မဋ္ဌာန်းကျောင်းတိုက်ကြီးဖြစ်လေသည်။(ဝိဉ္စ၂၁ တောင်တန်းမြေပုံ၌ကြည့်ပါ။) မထေရ်၏မေတ္တာတန်ခိုးကြောင့် ယူဇနာသုံးဆယ်အတွင်းရှိ သားရဲတိရစ္ဆာန် တို့လည်း မေတ္တာစိတ်ဝင်ကာ ယဉ်ပါး၍နေကြလေ၏။ တစုံတရာအန္တရာယ်ပြုခြင်း မရှိ။

များ

မထေရ်သည် ထောင်ပေါင်းများစွာသော ယောဂီရဟန်းတော်များအား ကောင်းကင်ထက်ဝယ် စမ္မခဏ်(သားရေနွယ်)အခင်းပေါ်၌ ထိုင်လျက်ကမ္မဋ္ဌာန်း ပေးတော်မူ၏။ ကာလ ကြာသောအခါ ဆွမ်းခံခြင်းကိုပင် မပြုတော့ပဲ ကျောင်း မှာပင် ကမ္မဋ္ဌာန်းပြတော်မူလေရာ ဝိဉ္စာ တောင်တန်းတလျှောက်ရှိ ရွာများမှ ဒက ဒကာမများသည် ထိုတောအုပ် ကမ္မဋ္ဌာန်းကျောင်းကြီးသို့ ဆွမ်းကွမ်းဒါန များ လာရောက် ပြုစုကြလေသည်။

ဓမ္မာသောကမင်းတရားကြီးသည် အဿဂုတ္တမထေရ်ကြီး၏ ကျေးဇူးဂုဏ် သတင်းများကို ကြားသိရ၍ ကြည်ညို ဖူးမြော်လိုလှသဖြင့် သုံးကြိမ်တိုင်တိုင် မင်းချင်းများကိုစေလွှတ်ကာ ပင့်ဆောင်လေ၏။
မထေရ်ကြီးကား မကြွ။ကမ္မဋ္ဌာန်း

## PAGE 396
<!-- 14 paragraphs, raw extraction -->



၃၅.၃

တရားဟောကြား သင်ပြခြင်းအလုပ် ပျက်ကွက်မည်စိုး၍ မင်းကြီး၏ ပင့်လျှောက် ချက်ကို လက်ခံတော်မမူခဲ့ချေ။

မဇ္ဈိမ ဒေသ သာသနာဝင် နောက်ပိုင်းခေတ် ဖြစ်သော်လည်း ဤ၌ ဖော်ပြလိုက်ပါသည်။ မ-ဋ္ဌ ၃− ၁၉ဝ။ စူဠ သကုလုဒါယီသုတ် အဖွင့်)

အဿဂုတ္တမထေရ်ကြီးသည် တန်ခိုးဣဒ္ဓိပါဒ်လည်း ကြီးမားတော်မူ၏။
တခါက ကျောင်းရှိသံဃာတော်များ ဟင်းမရရှိပဲ ဆွမ်းချည်း သက်သက် ဘုဉ်း ပေးနေကြသည်ကို သိမြင်တော်မူသဖြင့် ကျောင်းအတွင်းရှိကျောက်ရေကန်ကြီးကို နံနက်ပိုင်း၌ နို ့ဓမ်းအရသာရှိအောင် ဖန်ဆင်း၍ပေးတော်မူထားသတတ်။ ညနေ အချိန်ခပ်ယူလျှင်ကား ပကတိ ရေ ဖြစ်မြဲဖြစ်နေသည် ဟူ၏။(ဝိသုဒ္ဓိမဂ်-၂၊၆ဝ။
အဘိ-ဋ္ဌ-၁၊၄၄၄-အာရမ္မဏ တိက် အဖွင့်)

ပုဂ္ဂိုလ်ကျော် အရှင်နာဂသေန၏ ဆရာ

အဆိုပါ အဿဂုတ္တ မထေရ်ကြီးကား ပုဂ္ဂိုလ်ကျော် အရှင်နာဂသေန၏ ဆရာလည်း ဖြစ်တော်မူ၏။ မိလိန္ဒပဉှာ၌ ထိုအကြောင်းကို တွေ့နိုင်ပေသည်။
(မြန်မာပြန်—၁၆–၂ဝ-ရှူး)

အဿဂုတ္တ မထေရ်ကြီးနှင့် အရှင်နာဂသေနတို့၏ အကြောင်း သဘော အချုပ်ကား အောက်ပါအတိုင်းဖြစ်သည်။

အရှင်နာဂသေနသည်, အသက် နှစ်ဆယ် ပြည့်သော အခါ ဟိမဝန္တာ တောင် ရက္ခိတကုန်းပြင်၌ များစွာသောရဟန္တာအရှင်မြတ်ကြီးများ၏ ချီးမြှောက် မှုအရ ရဟန်းဖြစ်၏။ ဥပဇ္ဈာယ်မထေရ်ကြီး၏ ဘွဲ့တော်ကား ရောဟဏမထေရ်ဟု ခေါ်လေသည်။ ထိုအခါ အရှင်နာဂသေနကား ဥပဇ္ဈာယ်ဆရာထံမှ အဘိဓမ္မာ ပိဋကကို သင်ယူတတ်မြောက်ပြီး ဖြစ်လေ၏။

ရဟန်းပြုပြီးနောက်တရက် ဥပဇ္ဈာယ်ဆရာနှင့် အတူ ဆွမ်းခံဝင်စဉ် မိမိ အား အဘိဓမ္မာကိုသာ သင်ပေးရ ကောင်းလား”ဟု ဆရာအား စိတ်ထဲက ပြစ်တင် ရှုတ်ချနေမိ၏။ ထိုသို့ စိတ်အကြံ၌ ပြစ်မှားနေသည်ကို သိတော်မူ၍ ချက်ချင်းပင် မသင့်လျော်ကြောင်း မိန့်တော်မူသဖြင့် အရှင်နာဂသေန ဝန်ချ တောင်းပန်ရလေ၏။

C

“ငါ့ရှင်နာဂသေန၊ သည်လောက်နှင့် ငါသည်းမခံနိုင်သေးဘူး၊ သာဂလ မြို့သို့သွားကာ ရဟန်းသံဃာများကို အယူဝါဒဖြင့် နှိပ်စက်နေသော မိလိန္ဒ မင်းကို ဆုံးမပြီး သာသနာတော်ကို ကြည်ညိုအောင်လုပ်နိုင်မှသာ ငါသည်းခံ မယ်”ဟု မိန့်တော်မူလျှင် အရှင်နာဂသေနသည် မိလိန္ဒမင်းတဦးကိုမဆိုထားဘိ၊

!

## PAGE 397
<!-- 9 paragraphs, raw extraction -->


၃၅.၄


.

ဇမ္ဗူ ဒိပ်တကျွန်းလုံးရှိ မင်းများ အားလုံးကိုပင်လည်း အယူဝါဒပြဿနာကို ဖြေရှင်းနိုင်ကြောင်း၊ ဖြေရှင်းမည့် အကြောင်း၊ မိမိ အပြစ်ကိုသာ ခွင့်လွှတ် သည်းခံပါမည့်အကြောင်းလျှောက်သော်လည်း သည်းမခံနိုင်ဟု မိန့်တော်မူ၍— “ဒါဖြင့် အရှင်ဘုရား၊ ဒီဝါတွင်း သုံးလ အတွင်း အဘယ် ဆရာ့ထံမှာ နေရပါ့မလဲ အရှင်ဘုရား”ဟု အရှင်နာဂသေနက လျှောက်ရာ ဥပဇ္ဈာယ်ဆရာ ရောဟဏမထေရ်ကြီးက ဝိဉ္စာတောင်တန်း အခိ(ဝတ္တနိယ)တောကျောင်းနေ အဿဂုတ္တမထေရ်ကြီးထံ လွှတ်တော်မူသည်။ ကျန်းမာချမ်းသာကြောင်း သတင်း စကား စသည် ပြောဆိုမှာကြား၍ လွှတ်တော်မူရာ အဿဂုတ္တ မထေရ်ကြီးလည်း အရှင်နာဂသေနအား အမည် နေရပ်, ဆရာ စသည်တို့ကို မေးမြန်းပြီးနောက်— “အိမ်း … င ါ့ရှင် နာဂသေန၊ ကောင်းပြီ။ သင့်ရဲ့ သပိတ်’ သင်္ကန်းများ သိမ်းဆည်းထားချေ”ဟု မိန့်တော်မူသည်။

အရှင်နာဂသေနသည် နောက်တနေ့၌ ကျောင်းဝင်း အတွင်း တံမြက် လှည်းပြီးလျှင် ဆရာအတွက် မျက်နှာသစ်ရေ ဒန်ပူတို့ကို တည်ထားရာ အဿဂုတ္တ မထေရ်ကြီးကား ရှင်နာဂသေန တံမြက်လှည်းပြီး နေရာ၌ ထပ်၍ လှည်းတော် မူ၏။ ဆက်ကပ်ထားသောရေကိုလည်းသွန်၍ အခြားတနေရာမှ ခပ်ယူသုံးစွဲတော် မူသည်။ ထိုဒန်ပူကိုလည်း အသုံးပြုတော်မမူချေ။

အသုံးမပြုရုံသာမက ခုနစ်ရက်ပတ်လုံး စကားတခွန်းမျှ ပြောဆိုမေးမြန်း ခြင်းမပြုချေ။ ခုနစ်ရက်မြောက်သော နေ့၌ ရှေးနည်းအတူ အမည် နေရပ် ဆရာ, လာရင်းအကြောင်းကို ထပ်ပြီးမေးတော်မူသဖြင့် ဆရာကလွှတ်၍ တဝါ တွင်းနေခွင့်ပြုရန် ထပ်မံ လျှောက်ရ ပြန်လေသည်။ ထိုအခါမှ နေခွင့်ပေးကာ အဿဂုတ္တမထေရ်ကြီးထံ နည်းခံ၍ တဝါ ဆိုရလေ၏။

သီတင်းဝါလကျွတ်လျှင် ဒါယိကာမကြီးတဦးက ဆရာတပည့်နှစ်ပါးလုံး ဆွမ်းစားပင့်ရာ ဆွမ်းကိစ္စပြီးလျှင် မထေရ်ကြီးက အရှင်နာဂသေနအား ဆွမ်း အနုမောဒနာတရားဟောရန် မိန့်တော်မူ၍ ကျောင်းသို့ ပြန်ကြွနှင့်လေ၏။
“အရှင်ဘုရားနာဂသေန၊ တပည့်တော်မ အသက်ကြီးရင့် အိုမင်းသူဖြစ်၍ နက်နက်နဲနဲ ရုပ်နာမ်တရားများ ဟောကြား ချီးမြှင့်တော်မူပါ”ဟု ဒါယိကာမ ကြီးက လျှောက်ရာ အရှင်နာဂသေနလည်း လောကမှ လွန်မြောက်ကြောင်း ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါဆိတ်သုဉ်းကာ ရုပ် နာမ် အဖြစ်အပျက်မျှသာ ရှိသော တရားသဘော ဝိပဿနာ=အဘိဓမ္မာကို ဟောပြတော်မူလေ၏။

တရားပြီးဆုံးလျှင် ဆွမ်းဒါယိကာမကြီး သောတာပန်ဖြစ်၏။ ဓမ္မကထိက အရှင်နာဂသေနလည်း မိမိ ဟောသောတရားကို ပြန်လည်၍ ဆင်ခြင် သုံးသပ် လျက် ထိုင်နေရာ ထိုနေရာ၌ပင် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်တော် မူလေသည်။

## PAGE 398
<!-- 15 paragraphs, raw extraction -->




အဿဂုတ္တမထေရ်ကြီးလည်း မိမိ ကျောင်းတွင်းရှိ စည်းဝေးညီမူရာ မဏ္ဍပ် တန်ဆောင်းကြီး အတွင်း၌ ထိုင်တော်မူနေလျက် ဆင်ခြင် ကြည့်တော်မူလျှင် ဟောသူ နာသူ နှစ်ဦးစလုံး သောတာပန်ဖြစ်သွားကြသည်ကို မြင်တော်မူသဖြင့်… အင်း…သာဓုသာဓု ငါ့ရှင် နာဂသေန၊ မြားချက် တခုတည်းဖြင့် ခန္ဓာ

66.

"

ဂ

ကိုယ် နှစ်ခုကို ထွင်းဖောက်အောင် ပစ်ခွင်းနိုင်ပါပေတယ်”ဟု ရေရွတ်၍ ကောင်း ချီးပေးတော်မူနေလေ၏။ တရားဟောပြီး၍ အရှင်နာဂသေနပြန်ရောက်လာလျှင်- “ငါ့ရှင် နာဂသေန၊ သင်သည် ပါဋလိပုတ်ပြည်သို့ သွားချေ။ အသော ကာရုံကျောင်းတိုက် အရှင်ဓမ္မရက္ခိတထံမှာ ပိဋကသုံးပုံကိုသင်ယူချေ”ဟု မိန့်တော် မူလျှင် ယူဇနာတရာဝေးက္ခာသော ခရီးကို သွားရမည် ဖြစ်၍ ဆွမ်းကွမ်း ခက်ခဲ မည်ကို ပြန်လည်လျှောက်ရာ’

"

“ငါ့ရှင် နာဂသေန၊ သွားသာသွားလော့။ လမ်းခရီးမှာ ဆန်မဲကင်း၍ စမ်ဟင်းလျာနှင့်တကွ သလေးဆွမ်းကို ရလိမ့်မယ်”ဟု တိုက်တွန်းစကား ပြော ကြားတော်မူသဖြင့် ဆရာ့အား အရိုအသေပြုကာ အဋ္ဌဝီ တော့ကျောင်းမှ ပါဋလိပုတ်ပြည်သို့ ယူဇနာတရာခရီးကို ကြွတော်မူရလေ၏။

အရှင်နာဂသေန၏ သာသနာပြု ခရီးစဉ်

ပါဋလိပုတ်ပြည်သွားလမ်းခရီးအကြား၌ ပါဋလိပုတ်ပြည်သို့ လှည်းငါးရာ ဖြင့် သွားနေသော ပါဋလိပုတ်ပြည်သား ကုန်သည်သဌေးတဦးနှင့် တွေ့ဆုံမိကြရာ သဌေးက ကြည်ညိုလှသဖြင့် ဆွမ်းကွမ်းများ တာဝန်ယူ ဆက်ကပ်သွား၏။
သဌေး အရှင်ဘုရား…၊အမည်ဘယ်လိုခေါ်ပါသလဲ။
အရှင် … ဒကာ……၊အရှင်နာဂသေနလို့ ခေါ်ပါတယ်။

သဌေး … အရှင်ဘုရား…၊ မြတ်စွာဘုရား စကားတော် (ပိဋက) ဆိုတာကို သိတော်မူပါသလား။

အရှင် ဒကာ……၊ အဘိဓမ္မာ ပိဋကလောက်ကိုသာ သိပါတယ်။
သဌေး … အရှင်ဘုရား…တပည့်တော်တို့ အလွန်ကံကောင်းကြပါပေတယ်၊
လူ့ဘဝအရတော်ကြပါပေတယ်ဘုရား၊တပည့်တော်လဲ အဘိဓမ္မာ ပိဋကကိုဆောင်နေပါတယ်၊အရှင်ဘုရားလဲဆောင်နိုင်ပါပေတယ်။
တပည့်တော်အား အဘိဓမ္မာပိဋကကို ရွှတ်ဆိုဟောကြားတော် မူပါဦးဘုရား။

အရှင်နာဂသေနက အဘိဓမ္မာပိဋကဆောင် ကုန်သည်သဌေးအား ဟော ကြားတော်မူရာ ကုန်သည်သဌေးမှာ ဖြစ်ခြင်းသဘောရှိသော တရားအားလုံး

## PAGE 399
<!-- 14 paragraphs, raw extraction -->




ချုပ်ဆုံးပျက်သုဉ်းခြင်းသဘောရှိ၏”ဟု တရားမျက်စိ သောတာပတ္တိအသိဉာဏ် အလင်းရရှိသွားလေသည်။ပါဋလိုပုတ်ပြည်အနီးသို့ရောက်လျင် _ အရှင်နာဂသေန အား အသောကာရုံကျောင်းတိုက်သို့ သွားသော လမ်းခွဲကိုပြညွှန်၍ အလျား ၁၆-တောင်၊ အနံဂ-တောင်ရှိသော အလွန်ကောင်းမွန်သည့် ကမ္ဗလာရတနာ ဝတ်ထည်တခု လှူဒါန်းလိုက်၏။

အရှင်နာဂသေနလည်း အသောကာရုံကျောင်းတိုက် ဓမ္မရက္ခိတ မထေရ် ကြီးအထံတော်၌ ပိဋကသုံးပုံကို ပါဠိသဒ္ဒာအာဂုံအဖြစ်သုံးလမျှဖြင့် ဆက်တိုက် ရွတ်အံသင်ယူပြီးနောက် အနက် အဓိပ္ပာယ်များကို သုံးလတိုင်တိုင် နှလုံးသွင်း ဆင်ခြင်၍ နေလေ၏။တနေ့သောအခါ မထေရ်ကြီးက အရှင်နာဂသေနအား’

"

“ငါ့ရှင်နာဂသေန…၊ နွားကျောင်းသားဟာ နွားတို့ကိုသာ ထိန်း ကျောင်းရပြီး နွားနို ့မှဖြစ်သောအရသာကိုမူ အခြားသောသူတို့သာ သုံးဆောင် ကြရသကဲ့သို့ ငါ့ရှင် သင်ဟာ ပိဋကသုံးပုံတည်းဟူသော ဘုရားစကားတော်ကို အာဂုံနှုတ်တက် ဆောင်ရွက်နေသော်လဲ မဂ်ဖိုလ်အဖို့အစု ရရှိသူ မဖြစ်ခဲ့” ဟု မိန့်တော်မူလျှင်–

"

“အရှင်ဘုရား……၊ ရှိပါစေတော့၊ ဒီလောက်ဆိုလျှင် ကျေနပ်တော်မူပါ၊
ဘုရားတပည့်တော်သဘောပေါက်ပါပြီအရှင်ဘုရား”ဟု လျှောက်၍ ဝိပဿနာ တရားကို အားထုတ်လေရာ ထိုနေ့တရက်တည်မျှဖြင့် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်တော်မူလေသည်။

ထိုအခါနတ်တို့သည်သာဓုခေါ်ကာ ကောင်းချီးဩဘာ ပေးကြကုန်၏။
မြေငလျင်သည်းစွာလုပ်၏။ ဗြဟ္မာမင်းတို့သည် လက်ပန်းပေါက်ခတ်ကြကုန်၏။
နတ်ပန်းမိုး ရွာသွန်းကြဲချကြကုန်၏။

ဟိမဝန္တ၃တောင် ရက္ခိတကုန်းမြေရှိ ရာပေါင်းများစွာသော ရဟန္တာ အရှင်မြတ်တို့လည်း စည်းဝေးကာ အရှင်နာဂသေနထံ တမန်စေလွှတ် ပင့်ခေါ် ကြ၍ ဟိမဝန္တာသို့ ကြွရလေသည်။ ရဟန္တာအရှင်များက’

“ငါ့ရှင်နာဂသေန…၊ မိလိန္ဒမင်းဟာ ရဟန်းသံဃာများကို ပြဿနာ မေးကာ ညှဉ်းဆဲနေတယ်၊ ငါ့ရှင်ကို ဒို့များ ဘောင်းဖန်ပါတယ်၊ သာဂလမြို့သို့ သွားရောက်ဆုံးမပါ”ဟု တောင်းပန်တိုက်တွန်းကြလျှင်’

“အရှင်ဘုရားတို့…၊မိလိန္ဒမင်းတယောက်တည်းကို မဆိုထားဘိ၊ ဇမ္ဗူ ထိပ်

တကျွန်းလုံးရှိ မင်းအားလုံးလာပြီး ပြဿနာမေးဦးတော့၊ ဘုရားတပည့်တော် ကောင်းစွာဖြိုခွင်းဖြေရှင်းနိုင်ပါဘယ်၊ အရှင်ဘုရားများ ကြောက်ရွံ့ စိုးရိမ်ခြင်း မရှိပဲ သာဂလမြို့သို့ ကြွသွားတော်မူကြပါ”ဟု လျှောက်လေသည်။

## PAGE 4
<!-- 8 paragraphs, raw extraction -->


မြန်မာ တို့၏ ဘာသာရေး ခံယူ, ရပ်တည်ချက် နှင့်တက မ္ဘာလုံးက လေးစားရှိညွှတ်လာ ရမည့်, အရိယာ မဆိတ်သုဉ်းသော မြန်မာ

မြန်မာနိုင်ငံသည် ဗုဒ္ဓတရားတော် မြှင့်တင်, ပြန့်ပွားရေး မျက်မှောက် လုပ်ဆောင်ချက်များအရ သီဟိုဠ်စသော ကမ္ဘာ့နိုင်ငံတို့၏ ဦးဆောင် လမ်းညွှန် နိုင်ငံအဖြစ်သို့ ရောက်ရှိလာပါသည်။

ယခုအခါ ဗုဒ္ဓသာသနာတော် ထွန်းကား၍ သူတော်ကောင်း တရားများ ပြန့်ပွားလာစေရန် ရဟန်းရှင်လူတို့၏ထက်သန် အားသစ်မှုများမှာလည်း ကမ္ဘာနှင့် အဝန်း ဆင့်ကာ ဆင့်ကာ တိုးတက်လာနေရိပ်ရှိပါသည်။ ကျွန်ုပ်အထင်သော်-- မဝေးတော့သော အနာဂတ်ကာလ တချိန်ချိန်မှာ ဗုဒ္ဓ သာသနာတော်သည် တကမ္ဘာလုံးကိုပင် တကျော့ပြန့်လွှမ်းသွားပါလိမ့်မည်။

ထိုအခါ မြန်မာနိုင်ငံသည် မိမိဆောင်ရွက်ချက်အားလျော်စွာ ကမ္ဘာ့နိုင်ငံ အားလုံးတို့၏ လေးစားရိုညွတ်ခြင်းကို မလွဲမသွေ ထိုက်ထိုက်တန်တန် ခံယူရပါ လိမ့် ဦးမည်။

မြန်မာလူမျိုးတို့၏ တိုးတက်မှုဟူသမျှသည် ဗုဒ္ဓဝါဒ၌သာ အခြေခံ၍ ဗုဒ္ဓ သာသနာတော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင် ဖြစ်ပါ တော့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်းမှာကဲ့သို့သော ဆင်းရဲဒုက္ခမျိုးစုံကိုပင် ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား နိုးကြားထကြွ ဇွဲလုံ့လဖြင့် ကြံ့ကြံ့ခံ တော်လှန်လွတ်မြောက်နိုင် ခဲ့ကြသည်အထိ မြန်မာလူမျိုးတို့အား သူရသတ္တိနှင့် ခံနိုင်ရည်စွမ်းအင်များကို ပေးခဲ့သည်မှာ - ယင်းသည့် ဗုဒ္ဓဝါဒသာလျှင်ဖြစ်ပါသည်။

လွတ်လပ်ရေး ရပြီးသည်နှင့် အမျိုးသား ဖွံ့ဖြိုးရေး ယဉ်ကျေးမှုနှင့်အတူ သံဂါယနာဘင်ခြင်း၊ သာသနာတော် သန့်ရှင်း, တည်တံ့ပြန့်ပွားမြဲ ပြန့်ပွား အောင် ဆုံးဖြတ်လုပ်ဆောင် လိုက်နိုင်ခြင်းမှာလည်း ကွက်တိ လုပ်ရပ်မှန် ဖြစ်၍ ကမ္ဘာကို မြန်မာတို့က စံနမူနာပြလိုက်ခြင်းပင် ဖြစ်ပါတော့သည်။

## PAGE 5
<!-- 10 paragraphs, raw extraction -->


သာသနာဟူသည် သုံးမျိုးရှိရာ ပရိယတ်, ပဋိပတ်နှစ်မျိုးမှာ အခြား ထေရဝါဒ နိုင်ငံများမှာလည်း အတန်ကျေနပ်ဖွယ် တွေ့မြင်ရပါ၏။ သို့သော် ပဋိဝေဓ သာသနာမှာမူကား ချို့တဲ့လျက်ပင် ရှိနေခဲ့ကြပါသေးသည်။ မြန်မာနိုင်ငံ မှာကား ပရိယတ်, ပဋိပတ်သာမက ပဋိဝေဓပါ ဘက်စုံဖွံ့ဖြိုးတိုးတက်နေကြောင်း ရဲရဲကြီးပြောဝံ ့ပါသည်။ ထို ့ကြောင့်လည်း မြန်မာနိုင်ငံတွင် အရိယာ ပုဂ္ဂိုလ်ထူး ကြီးများအနှံ့အပြားရှိနေကြမည်ကို ကျွန်ုပ်အနေဖြင့် အကြွင်းမဲ့ စိတ်ချ်ယုံကြည် နေပါသည်။

ဤအချက်ကလည်း ကမ္ဘာမှာ မြန်မာက အသာရနေကြောင်း ထင်ရှား စေပါသည်။ထိုမျှဖြင့် ဤမည်သော မြန်မာတို့အဖို့ အံ့ချီးဖွယ်မရှိပါ။ ဗုဒ္ဓသာသနာ တော်၌ အလေးအနက် သက်ဝင်ခံယူထားသူများပီပီ သာသနာအတွက် ဆင်းရဲ ချမ်းသာ၊ဥစ္စာနည်းများမဟူ အသက်ကိုပင်လျှင် စွန့်လှူရန် အသင့်ရှိနေသော လူ မျိုးများဖြစ်ကြပါသည်။ ထို ့ကြောင့်လည်း ဖြစ်ထိုက်၍ ဖြစ်ပေါ်လာရသော ဆိုထုံးတခု တွင်ရှိနေပါသည်-

"

“သင်သည် ဗုဒ္ဓဝါဒကို အမှန်တကယ် စိတ်ပါမြတ်နိုး၍ လက် ကွေ့ကျကျ အဟုတ်ကျင့်ကြံသည်ကို လေ့လာလိုပါလျှင် မြန်မာ နိုင်ငံသို့ သွားပါ။”

In the present' effort of hoisting up and propagating the Buddha-Dhamma, this country of Burma, has become the leader and guide of all other countries - as Ceylon, etc.

Now enthusiasm both of Bhikkhus and laymen in raising up the Sasana, in spreading the Dhamma, as it seems, is gradually increasing in every country. I hope the Sasana of the Omniscient Buddha will spread all over the world once again before long.

In this activity, this country of Burma will be duly paid honour and respect by all the other countries.

The whole progress of Burmese nation. is due only to Buddhism, and the decline of Buddhism is the downfall of Bur- mese nation. ▷.

သီဟိုဠ်သံဂီတိကာရက သံဃကိုယ်စားလှယ်ခေါင်းဆောင် အဂ္ဂမဟာပဏ္ဍိတ အာနန္ဒမေတ္တေယျံဆရာတော်၏ အမြင် [ကမ္ဘာ့ ဗုဒ္ဓဘာသာခေါင်းဆောင်များအလယ် ပြောကြားချက်

## PAGE 6
<!-- 9 paragraphs, raw extraction -->


And further, it is the very Buddha-Dhamma that has given them the courage and preserving energy to stand unhesitatingly and unmoved even in the times of war, facing bravely and endur- ingly all sorts of troubles and tribulations with a heroic vigour.

So, they are quite right that they have determined, im- mediately after they got Independence, to enhance the Sasana and bring it back to its pristine purity; as a consequence of which, this sangayana has come to pass. Thus doing their duty to their religion, and thereby to their culture as well, the Burmese people have set an example to other nations.

2

Last of all, there is one more fact that I cannot neglect mentioning here. You know, I think, that our Sasana consists of three devisions, namely Pariyatti, Patipatti and Pativedha. The first two of these three are still to be found in a somewhat satisfactory condition in other Theravadin countries, whereas with regard to the third division they lack it. But here in Burma, I believe and boldly express my personal view, there are not only. Pariyatti and Patipatti in a perfect condition, but also Pativedha Sasana too is still existing and so, I believe, there are Ariya-puggalas still in this country.'

V.

Thus, in this aspect too, Burma excels all other coun- tries, and it is no wonder that people of such a country are extremely pious and so inclined to their religion that they are ready at any moment to sacrifice their health, wealth and even their life for the sake of their religion. So, rightly it has become a proverbial saying:

"If you want to see the ardent love for Buddha- Sasana and earnestly put to practice, go to Burma and see."

[၁၇၊ ၅၊ ၁၉၅၄-၅၆ ဆဋ္ဌသံဂါယနာမှတ်တမ်းမှ။]

## PAGE 40
<!-- 59 paragraphs, raw extraction -->


မာတိကာ

အခန်း ၅

ထိနမိဒ္ဓ ပယ်ဖျောက်နည်း ခုနစ်မျိုး

ကိလေသာ ခွာရှိထားနိုင်သော အလုပ်ခြောက်မျိုး

သာသနာအလုပ်မှာ “အတ္တကိလမထ' ဟူ၍ မရှိ

ဝီရိယ ထုတ်လုပ်နည်း ၁၁-မျိုး

ဝီရိယအင်္ဂါလေးရပ်

ဝီရိယ ဖြစ်ကြောင်း ရှစ်မျိုး

သီလကို လိုအပ်သည်ထက် မကြောင့်ကြသင့်

`ကိလေသာပယ်သတ်နည်း ခုနစ်မျိုး

လျှဥပမာ ဒေသနာ

ရောဂါဝေဒနာဖြစ်ရာ အကြောင်း ရှစ်မျိုး

နေမကောင်း၍သေလျှင် နတ်ပြည်ရောက်နိုင်

အရှင်ဂီရှိမာနမ္မံ နေမကောင်းစဉ်က

နကုလ ပိတု ဒကာကြီး အိုနာ

ရောဂါဖြစ်တာ.ဝမ်းသာစရာ၊ နာတာရှည်လေကေဒင်းလေ

အဆန်ပုဂ္ဂိုလ်=ပဋိသောတဂါမီ

အခန်း ၆

တံမြက်လှည်းရကျိုး ငါးမျိုး

ဒတ္တံထေရ်နှင့် ဩဒါက ကသိုဏ်း

တံမြက်လှည်းရာဌာနနှင့် ပုဗ္ဗေနိဝါသဉာဏ်

ရဟန်းတပါးနှင့် အမတ်သားတို့ အလှပြိုင်ပွဲ

ယောဂီများ သတိပြုဖွယ်

၃၆၈ ၃၇ဝ








။


၃၉၉ ၄၀၁



=


အရှင်သာရိပုတ္တရာ တံမြက် မလှည်းမိ၍


ဝေဘူဆရာတော် ဩဝါဒ


တရားအရေးကြီးလျှင် ဝေယျာဝစ္စတွေ ရပ်စာန်ရပ်ထား


လယ်တီဆရာတော်ဘုရားကြီး ဖွင့်ဆိုထားသော

မာရှိတပ်မကြီး ဆယ်တပ်


မာရ်နတ်ပရိယာယ် သိမှတ်ဖွယ်

ဒုက္ကရစရိယာ အလုပ်ခွင်မှ ကြုံးဝါးသံ



ပီတိ ငါးမျိုး


သီဟိုဠ်ခေတ်ကမ္မဋ္ဌာန်း ၄-မျိုးနှင့် ဗုဒ္ဓာနုဿတိ ပန်းပဲ

ဗုဒ္ဓါနုဿတိ ကြံရည်အမောပြေဆေး

`စေတီကျောင်းကန် စီမံတိုင်း အကောင်းမဖြစ်



## PAGE 41
<!-- 62 paragraphs, raw extraction -->


မာတိကာ

ဝိတက်ပယ်ဖျောက်နည်း ငါးမျိုး

ဝိတက် သဲပုံကြီးသမိုင်း


ဂတ ပစ္စာဂတဝတ် ဖြည့်ကျင့်နည်း



သမ္မညု တရား လေးပါး


ရဟန္တာ မဖြစ်ဖူးသော ဆွမ်းစားစရပ် မရှိ


အမှတ် လွတ်သွားသော လက်


ဖောင်းတာ ပိန်တာ ဘယ်က စ

စိတ်ကို နှိုးစက်ချနည်း


သေရမည့်အချိန်ကို အတိအကျ သိခြင်း


အမိုးအကာ မရှိသော အိမ်


၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းမှတ်ဖွယ်


အခန်း ၇

ရဟန်းများ မြေတူးတိုင်း အာပတ်သင့်သလား

ရဟန္တာဟု သိနိုင်သော နည်းလမ်းလေးမျိုး

မိုးရွာခြင်းအကြောင်း ရှစ်ပါး

မိုးမရွာခြင်းအကြောင်း ငါးမျိုး

နိရောဓသမာပတ် ဝင်စားနိုင်သူနှင့် အဓိဋ္ဌာန်ပုံ ဘုန်းကြီးအောင်၊ ပစ္စည်းရအောင် တန်ခိုးပြသလား အဝေးကိုနီးအောင်၊ ရေကို ဖြစ်အောင် ဖန်ဆင်းခြင်း

ကောင်းကင်ပျံ စာက်လာသော အလောင်းစောာ် အရိယာသဘာဝ၊ သိခက်လှ၊ နှုတ်ဟ မရဲရာ

၄ ၅ ၆




၄ ၆ ၃

2052

566000000

နာနာနာဖ ဖ ဗ ၀ ၀ ၀





မိုးရွာမှု-မိုးမရွာမှု လူသာပဓာန

မြန်မာပြည်မှာ မိုးရွာအောင်လုပ်နိုင်သော ပုဂ္ဂိုလ်များ


မိုးရွာအောင် လုပ်နိုင်သော မင်း`

၄၇ဝ

ယက်ကန်းသမကလေး၏ သီချင်းသံကြောင့်

ဈာန်လျှော၍ကျပုံ မှတ်ဖွယ်


နေလကိုကိုင်ခဲ့သောလက်နှင့် မီးသွေးဖုတ်ခြင်း


အခန်း

တံမြက်စည်းပီတိ (ဗုဒ္ဓါနုဿတိ) မျှနှင့် ကျေနပ်နေသူများ


ဝိပဿနာညစ်ညူးကြောင်း (ဝိပဿနုပတ္တိလေသ)

ဆယ်မျိုးနှင့် ဖြစ်သူ၊ မဖြစ်သူ


စာရားထူးမရပဲ ရပြီထင်သူအား ဘုရားအတွေ့မခံ


ဆင်ဆိုစာာ ကြံချောင်းကြီးလိုပါပဲ


## PAGE 42
<!-- 57 paragraphs, raw extraction -->


မာတိကာ

အသောက အလှူပွဲ မင်းဆရာကိုပင် အထင်လွဲ


မလိုချင်မှ များများရ

၄၉.၃

`အရိယာတို့၏ သဘောထားနှစ်မျိုး

မဟာသမယ နတ်သမီးကလေး


ကိုယ့်ဂုဏ်ကိုယ်ဖော်၍ မကျေနပ်သူများ

(အနုရုဒ္ဓာစသော မထေရ်သုံးပါး)

သေခါနီးမှ မေး၍ပြောခဲ့ရသော တရားထူး

မျက်စိရှိသလောက်သာ မြင်ရသည် (ရှားတောရှင်ရေဝတ)

ဈာန်မဂ်ဖိုလ်မရနိုင်သော ကံကြီးငါးမျိုး

အရိယူပဝါဒကံ ဖြစ်ပုံနှင့် ကုစားပုံ

အရိယာ စွပ်စွဲပြစ် ၁၁-မျိုး

‘အရိယူပဝါဒ မဖြစ်အောင် စောင့်ရှောက်ပုံ

သောတာပန်ဓမ္မတာခုနစ်ပါး (မဟာပစ္စဝေက္ခဏာခုနစ်ပါး)

အရိယာများ၌ ဖြစ်တတ်သော အာပတ်များ လောကဝတ္တရားနှင့် တာဝန်ကျေသူ သောစာ၁ပန်

ဝါဒရေးရာတွင် အမြင်ရှင်းသူ သောတာပန် ဗိမ္ဗိသာရနှင့် သီဟစစ်သူကြီးတို့ လူသတ်သေးသလား ပုထုဇဉ်ကို ရဟန္တာမှတ်၍ စေတီတည်ကြ လောကုတ္တရာမှာ ငြင်းစရာမရှိ ( သာမဂါမသုတ္တန်) ဘုရားရှင်ကိုပင် တုပြိုင်ငြင်းခုံနေသော လောက ဗြဟ္မာ့ပြည်အထိ ဒုက္ခပေးနိုင်သော ကမ္မဋ္ဌာန်းဆရာများ သာဝကကြီးများသော်မှ တရားပြ လွှဲချော်စာတ် ဘုရားဟော၍ မရ၊ တပည့်ဟောမှ ရသူလဲရှိ


n.





၄၉၈ .




၅ဝ ၆


၅၀ဂ

၅ဝ၉


.၅၁၁

ိဋ္ဌိဇာလ လူထောင်မြို့ းကြီးများ


“ခန္ဓာကိုယ်တွေ့” ပဓာနထားကြလျှင်


ဓမ္မစက်ကို ရိုက်ချိုးဖျက်ဆီးမှုကြီး


ငရဲအဖော်ညှိသူ


သာသန ဒမြသူပုန်ကြီး ငါးယောက်

ရဟန္တာ စုံစမ်းနည်းများ

ဗြဟ္မာဖြစ်လို့ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တမြုံ့မြုံ့ ကဏှာ မကင်းသေးသမျှ ဘဝသံသရာလည်

ပရိနိဗ္ဗာန်စံခါနီး ကိုယ်တွေ့ဘဝသံသရာတရားဟော

အခန်း ၉

ရဟန္တာဟန် ဆောင်သည်အထိ ရဟန်း ဆိုးတို့ လိမ်ပုံလိမ်နည်းများ ၅ ၂၄




။

၅ ၃ ၉

ရှေးသီဟိုဠ်မှတ်တမ်းလာ ရဟန္တာပုဂ္ဂိုလ်ထူးများ


## PAGE 400
<!-- 11 paragraphs, raw extraction -->




သံဃာတော်များလည်း ထိုအခါကျမှ သာဂလမြို့သို့ ကြွရောက်ခဲ့ကြလေ တော့သည်။ . သာသနာပြုနိုင်သော ဘုန်းကံပါရမီရှိသူအား သာသနာစောင့် မထေရ်ကြီးတို့သည် ယင်းသို့ပင် စောင့်ရှောက်တော်မူကြ၏။

အရှင်နာဂသေနပုဂ္ဂိုလ်ကျော်အား ပြုစုစောင့်ရှောက်သော မထေရ်ကြီး များတွင် အဿဂုတ္တမထေရ်ကြီးလည်း တပါးအဝင်အပါ ဖြစ်တော်မူခဲ့သည်။

မဟာယာနတို့ အလေးမူသော ရှင်ဥပဂုတ်

ရှင်ဥပဂုတ်အကြောင်း ရှေးဆရာတော်ကြီးအချို့လည်း ဒကာ ဒကာမတို့ မေးလျှောက်ကြသဖြင့် မကြာခဏ ဖြေဆိုတော် မူနေကြရဟန် တူလေသည်။
မု ံရွေး ဇေတဝန်ဆရာတော်ဘုရားကြီးက “သမန္တစက္ခုဒီပနီ”ကျမ်းတွင် ဖြေဆိုခဲ့ သည်မှာ သဒ္ဒာကျမ်းများ၌ ဝေါဟာရစကားလုံးတခုအဖြစ် ပါဝင်ကြောင်း၊
မိလိန္ဒပဉှာ၌ပါကြောင်း ဖြေဆိုတော်မူ၏။

သို့ရာတွင် မိလိန္ဒပဉှာပါဠိတော်၌ အလျှင်းမပါရှိချေ။ယိုးဒယားမူ၌ ရှိလေ ဟန် ဆိုကြပြန်လေသည်။နောက်ဆုံးဇေတဝန် ဆရာတော်ဘုရားကြီးက’ “ရှင်ဥပဂုတ်၏ အတ္ထုပ္ပတ္တိ ဝတ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠိကမ္မဉာပက ပြု၍ မှတ်သားလောက်အောင် ကျမ်းဂန်မတွေ့ဖူးချေ”ဟု ဆုံးဖြတ်တော်မူခဲ့၏။
(မှတ်ချက်-ကျမ်းဂန်ဆိုသည်မှာ သံဂါယနာတင် ဆရာအစဉ်အဆက် အလေး မူသောကျမ်းဂန်ကို ဆိုလိုပေသည်။)

ဝဇိရဗုဒ္ဓိဋီကာ စဉ်းစားဖွယ်

ပါဠိအဋ္ဌကထာ ဋီကာကျမ်းပေါင်းတရာကျော်တွင် မည်သည့် နေရာ၌မျှ ရှင်ဥပဂုတ်အကြောင်း အရိပ်အမြွက်မျှပင်မပါရှိပဲ ဝိနည်းဋီကာ ဝဇိရဗုဒ္ဓိ (၆၃- ဝေရဉ္စခန်းအဆုံး)၌သာ အရိပ်အမြွက်တွေ့ရလေရာ အလွန် အံ့ဩမိလေသည်။
“ဋီကာဆရာမူလရေးရင်း ဟုတ်မှဟုတ်ပါလေစ”ဟု သံသယဖြစ်ဖွယ် ရှိပေ သည်။ မုံရွေး ဇေတဝန်စသော အလွန်ကျမ်းဂန်နှံ့စပ်သည့် ဆရာတော်ကြီးများ ထိုမျှ ထင်ရှားသောကျမ်းမှာ ပါသည်ကို မတွေ့ပဲ မရှိတန်လေရာ။

ဋီကာ ဖွင့်ပြထားသည်မှာလည်း ဝေရဉ္စ ကဏ္ဍဆုံးခါမှ အလွတ် (ပါဠိ မုတ္တက) သဘောမျိုး ဖွင့်ပြခြင်းဖြစ်သည်။ ဖွင့်ပြသည့် အဓိပ္ပာယ်မှာ—–မြတ်စွာ ဘုရား ဝေရဉ္စာပြည်၌ ဝါကပ်လျှင် မာရ်နတ်နှောင့်ယှက်သည်ကို ဖျက်ဆီးနိုင် သော အစွမ်းမရှိသလော။ ရှိပါ၏။ သို့ရာတွင် နောက်ကာလ ဥပဂုတ်လက်ထက်၌

## PAGE 401
<!-- 12 paragraphs, raw extraction -->

1




သာသနာ ကြည်ညိုမှုရရန် အကြောင်းရှိ၍ သည်းခံနေတော်မူသည်”ဟု ဖွင့်ပြသည် မှာ အလွန် မဆီဆိုင်လွန်း။

ယင်းဋီကာ စာမျက်နှာ ၃၁-၌ပင် ဝေရှဉ္ဇာပြည်၌ ၀ါကပ်ရခြင်း၏ အကြောင်းများကို ဖော်ပြရာတွင် အရှင်မောဂ္ဂလ္လာန်၏ တန်ခိုး အာနူဘော်၊
အရှင်သာရိ ပုတ္တရာ၏ ဝိနည်းပညတ်ရန် အကြံဖြစ်ပေါ်မှုပြရန်၊ ဝေရဉ္စာ ပုဏ္ဏား ကြီးအား ချီးမြှောက်ရန်၊သာသနာဝင် အစဉ်အဆက် အာဟာရအပေါ် သည်းခံ မှု သင်ခန်းစာဖြစ်စေရန် စသော ရွှေနားကပြခဲ့သည့် အကြောင်းပြချက်များ ကိုပါ ပေါ့ပျက်သွားစေ၏။

အကယ်၍ မာရ်နတ်အကြောင်း ဖွင့်လိုလျှင်လည်း ရှေ့နားကပင် ဖွင့်ပြခဲ့ သင့်၏။ ယခုမူ ပြီးမှပြန်၍ ပြောနေခြင်းမှာ စဉ်းစားစရာ ဖြစ်သည်။

"

ယင်းဋီကာ၏မှီရာ ပါရာဇိကဏ် အဋ္ဌကထာ (၁-၁၄၇)၌ အဋ္ဌကထာ ဆရာကြီးကိုယ်ဟို ဝေရဉ္စာပြည် ကြွရောက် ဝါကပ်ရာ၌ “မာရ်နတ် နှောင့်ယှက် မည်ကို မသိကြသလော”ဟု မေးခွန်းထုတ်ကာ “မသိ၍မဟုတ်၊ ထိုအချိန်က မာရ် နတ်သည် အလွန် ရန်ငြိုးကြီးနေချိန်ဖြစ်၍ မြတ်စွာဘုရား တာဝတိံသာသို့ပင် ကြွ၍ ဝါကပ်သော်လည်း နှောင့်ယှက်မည်သာ ဖြစ်သည်”ဟု ဖွင့်ပြထားသော စကားနှင့် နှိုင်းရှည့်ပြန်သော် ဋီကာဆရာ့စကားသည် ပို၍ စဉ်းစားစရာ ဖြစ် လေသည်။

မြတ်စွာဘုရားရှင်သည် ထိုနှစ်ဝါတွင် သာသနာအရှည် တည်တံ ့အောင် ဝိနည်းဥပဒေများ ပညတ်တော်မူမည်ဖြစ်၍ မာရ်နတ်က တဝါတွင်းလုံး မြင်းစား ဂျုံကြမ်းများကိုသာ ဘုဉ်းပေးနေရအောင် နှောင့်ယှက်ခြင်း ဖြစ်ဟန်တူပေသည်။

ဋီကာဆရာပြောသကဲ့သို့ လည်းကောင်း၊ ယခုအခါ လူအများ ထင်နေကြ သကဲ့သို့ လည်းကောင်း အရှင်ဥပဂုတ် တန်ခိုးကြီးသော ရဟန္တာကြီးတပါး တတိယ သံဃာယနာခေတ်က အမှန်တကယ် ဖြစ်ထွန်းခြင်း ရှိခဲ့ပါလျှင်၊ သို့မဟုတ် ထေရဝါဒ၌ အမှန်တကယ် စံပြုလောက်သော၊ တကယ့် ခီဏာသဝ,ဣဒ္ဓိမန္တ ဖြစ်သော ပုဂ္ဂိုလ်ကြီးသာ ဟုတ်ရိုးမှန်ခဲ့ပါလျှင် အဋ္ဌကထာ ဆရာကြီးများသည် တနေရာရာ၌ မလွဲမသွေ ဖော်ပြသင့်ခဲ့ပေသည်။

အထူးသဖြင့် တတိယ သံဃာယနာတင်ခန်း၌ကား မဖော်ပြပဲ မနေသင့် ချေ။ တဖန် တန်ခိုးဣဒ္ဓိပါဒ်ကြီးမားသော ပုဂ္ဂိုလ်များကို စံတင် ညွှန်းပြရာတွင် လည်း သီဟိုဠ်ခေတ်က ပုဂ္ဂိုလ်ထူးများကိုပင် ဖော်ပြခဲ့သေးရာ ရှင်ဥပဂုတ်အား မည်သို့မျှ မေ့လျော့နေရန်၊ ခြွင်းချန်ခဲ့ရန်အကြောင်း မရှိပါချေ။ ဝဇီရဗုဒ္ဓိဋီကာ ဆရာသည် (မူလရေးရင်း အမှန်ဖြစ်ခဲ့သော်) အဋ္ဌကထာ ဆရာကြီးများကိုပင် ကျော်လွန်ရာ ကျလေ၏။

## PAGE 402
<!-- 10 paragraphs, raw extraction -->



မှန်နန်းရာဇဝင်နှင့် ဇိနတ္ထ မဟာဝင်


စင်စစ် ရှင်ဥပဂုတ်သည် သာသနာစောင့် မထေရ်ကြီးများ အဆက်ဆက် အလေးမူသော ကျမ်းဂန်များတွင် မလာမရှိ။ သာသနာနှင့်ဆန့်ကျင်သော အယူ ဝါဒများ ပါဝင်နေသဖြင့် ပါဠိလိုရေးထားသော်လည်း ဆရာစဉ်ဆက် အလေး မမူသော “လောကပညတ္တိ” ကျမ်းတွင် လာရှိသည်။

ရာဇဝင်ကြီးကိုပြုစုသော ဆရာများနှင့် ကျီးသဲလေးထပ် ဆရာတော်သည် အဆိုပါသဘောကို အလေးအနက် မသုံးသပ်ပဲ သဒ္ဓာတရား ဖြစ်ပွားစေရန် လောက်ကိုသာ ရည်ရွယ်၍ ဆရာအစဉ်အဆက် အလေးမမူသော လောကပညတ္တိ ကျမ်းမှယူ၍ မှန်နန်းရာဇဝင်ကြီး၊ ဇိနတ္ထပကာသနီနှင့် မဟာဝင် ဝတ္ထုများတွင် ဖော်ပြခဲ့မိကြလေသည်။ ကျီးသဲဆရာတော်ကြီးကား ၁၉၂၁-ခုနှစ်က ပုံနှိပ်သော “ဝိမတိစ္ဆေဒနီကျမ်း” ( ၉ ၃)၌ပင် “အင်္ဂလိပ် လောကဓာတ် ဆရာများ အတွင်း၌ ကြေးပြာသာဒ်ကြီးကို မြင်တွေ့ရကြောင်း” ၁၂၂၅-ခုနှစ် သတင်းစာပါ သတင်းကိုပင် ဖော်ပြထားသေး၏။ ထိုအခါမှစ၍ မြန်မာပြည် ထေရဝါဒ သာ သနာဝင်တို့လောက၌ အလှူမဏ္ဍပ်ထိုးရာမှအစ ရှင်ဥပဂုတ်သည် ကန်တော့ပွဲတပွဲ ရတော်မူလေ၏။

ပင်လယ်

အသုံးတွင်ကျယ်သော ကျမ်းများဖြစ်၍ မူရင်းမဟာဝင်၌ပါလေဟန်၊ ပါဠိ အဋ္ဌကထာလာ ဖြစ်လေဟန် ထင်မှားကုန်ကြလေသည်။

ရှေးက ကျမ်းပြုဆရာတော်ကြီးများ ထေရာါဒကျမ်းဂန်၌ မလာသော ‘ဇမ္ဗုပတိချွတ်ခန်း’ကို “မဏိကုဏ္ဍလကျမ်း” တထာဂတဥဒါနဒီပနီတို့၌ ဖော်ပြခဲ့မိ ရာမှ ယခုအခါ ထေရဝါဒ ရုပ်ပွားတိုင်းလိုလိုပင် အချွန်အတက်များနှင့် မင်း မြှောက်တန်ဆာငါးပါးတွင် သန့်လျက် မကိုင်ရုံသာ ရှိရလေတော့သည်။ သံဝေဂ ဖြစ်ဖွယ် ကောင်းလေစွာ့။ နှောင်းပညာရှင်တို့ စင်ကြယ်သော ဗုဒ္ဓဝါဒ ကျမ်း စာများ ရေးကြမည်ဆိုပါလျှင် သင်ခန်းစာယူဖွယ်ပင် ဖြစ်ပါတော့သည်။

“လ-နေ-နှင့် ဘုရားစကားတော်(ပိဋက)များ ဖွင့်ဖော်မှ အကျိုး ရှိသည်။ ဖုံးဝှက်ထား၍ အကျိုးမရှိ။ မိစ္ဆာအယူဝါဒ၊ မိစ္ဆာမန္တန်နှင့် မာတုဂါမတို့မှာမူ ဖုံးဝှက်ထားမှ အကျိုးရှိသည်။ဖွင့်ဖော်၍ မပြရ” မြတ်စွာဘုရားရှင် အင်္ဂုတ္တရပါဠိတော် (အံ-၁၊ ၂၈၆-ပဋိစ္ဆန္နသုတ်)၌ ဟောတော်မူခဲ့လေသည်။

## PAGE 403
<!-- 10 paragraphs, raw extraction -->


၃၆ဝ


တတိယ သံဂါယနာတွင် ရှင်ဥပဂုတ် ပဓာနလော

အဋ္ဌကထာဆရာကြီးများနှင့် သံဂါယနာမတင်သော်လည်း ဆရာစဉ်ဆက် ပမာဏပြုရသော မဟာဝံသကျမ်းများ (နောက်ဆုံး မကြာမီက သီဟိုဠ်မှ“ဒေါက် တာ မာလလာဆေက ပြုစုသော ပိဋကတော်လာ ပဓာနအမည်များ အဘိဓာန်) ၌ပင် မပါဝင် မဖော်ပြသော ရှင်ဥပဂုတ်အား တတိယ သံဂါယနာခေတ်တွင် ပဓာနပုဂ္ဂိုလ်ကြီးအဖြစ် ဖော်ပြ ရေးသားကြသည်မှာ အလွန် စဉ်းစားသင့်သော ကိစ္စရပ်ကြီးတခု ဖြစ်ပေသည်။ အလွန် တာဝန်ကြီးလေးသော ရေးသားမှုကြီး ဖြစ်ပေ၏။

ပို၍ ဆိုးသည်မှာ အသောကမင်းကြီး၏ သာသနာပြုဘက် ဆရာများ ဖြစ်သော ဣန္ဒဂုတ္တ မထေရ်ကြီးနှင့်(ပြဆိုခဲ့ပြီး သကုလုဒါယီ ပရိဗိုဇ် ဝင်စားတော် မူသော) အဿဂုတ္တ မထေရ်ကြီးများကိုပင် “ဂုတ္တ” ပါနေ၍ ရှင်ဥပဂုတ်၏ အမည် ကွဲများဖြစ်သည်။ “ရှင်ဥပဂုတ်ဟူသည် ဣန္ဒဂုတ္တမထေရ်ပင်တည်း၊ အဿဂုတ္တ မထေရ်ပင်တည်း”ဟု ရေးသားကြသည်မှာ ပို၍ပင် တာဝန်လေးသော စကားများ ဖြစ်ကုန်တော့သည်။

ထိုမှတပါး ဤကျမ်း တန်ခိုးအဘိညာဉ်အရာစံတော်ဝင်များတွင် ပြခဲ့သော ကိုရင်သံဃရက္ခိတ ဦးလေးဆရာ မဟာနာဂ (သမုဒ္ဒရာ၌နေသော) မထေရ်နှင့် မာရ်နတ် မီးကျီးမိုးရွာစဉ်တားသော မထေရ်များကို ထိုပုဂ္ဂိုလ်များ ဖတ်ရှု မိကြ ပါမူ လွယ်လွယ်နှင့်ပင် “ရှင်ဥပဂုတ်”ဟု ယူမှားနိုင်တော့သည်။

အကယ်စင်စစ် ရှင်ဥပဂုတ်သည် တတိယသံဂါယနာ(မဟာယာနဝါဒ များကို ရှင်းလင်းပွဲ)၌ ပဓာန မဟုတ်စေကာမူ အတန်အသင့် တာဝန်ရှိသူတပါး ဖြစ်ခဲ့လျှင်သော်မှလည်း မဟာယာနဝါဒီတို့က ခေါင်းဆောင်အဖြစ် လေးစား သည်မှာ စဉ်းစား၍ မရအောင် ရှိပေ၏။

အောင်ဓာတ်စေနိုင်သူ ရှင်ဥပဂုတ်

ရှင်ဥပဂုတ်အကြောင်း ဖျာပုံမြို့၊ စကြာရန်အောင်ဆရာတော်ရေး ဗုဒ္ဓနိုင်ငံ တော်(၄၉ဝ)စာအုပ်၊ ဓမ္မာစရိယ ဦးခင်မောင်လင်း တည်းဖြတ်၍ “ဆရာဇာဂရု’ ဆိုသော ပုဂ္ဂိုလ်တဦး ရေးသားသည့် “ရှင်ဥပဂုတ္တရဟန္တာပူဇော်နည်းနှင့် ပရိတ် တော်'၊ မိုးကုတ်မြို့၊ အရှင်ပညိန္ဒာဘိဝံသ(ပထမကျော် သကျသီဟ ဘီအေ) ရေးသော “စင်ကြယ်သော ဗုဒ္ဓဘာသာ” စာအုပ်များကို ဖတ်ရှုရာ ရှင်ဥပဂုတ် သံသယသည် အတော်ပင် ရှင်းလင်းသွားရပါ၏။

## PAGE 404
<!-- 9 paragraphs, raw extraction -->


သံဟိုဠ်ခေတ် စံတော်ဝင် အရိယာများ


ထိုတွင် ဆရာတော် အရှင်ပညိန္ဒာဘိဝံသ, စာအုပ်မှာ ရှင်ဥပဂုတ်သည် မဟာယာနဝါဒသာ ဖြစ်၍ ထေရဝါဒတွင် ရောနှောလာကြောင်း(ဝါ)စင်ကြယ် သော ဗုဒ္ဓဘာသာတွင် အမည်းစက် တခု ဖြစ်ကြောင်း ရေးထားသော စာအုပ် ဖြစ်ရာ ထေရဝါဒ သာသနာအတွက် ကျေးဇူးများလှပေသည်။

ဗုဒ္ဓနိုင်ငံတော် စာအုပ်တွင်လည်း “မဟာယာန ဗုဒ္ဓဘာသာ မှတ်တမ်းများ အရ အသောက မင်းတရား လက်ထက်က မဓုရအနီး နတဘာသိက တောအုပ် ကြီးအတွင်း ဂုရုမုဏ္ဍတောင်ပေါ်၌ သီတင်းသုံးသော ဥပဂုတ္တမထေရ် စသည်ဖြင့် မဟာယာန မထေရ်တပါးသာလျှင် ဖြစ်ကြောင်း ပြဆိုထားလေသည်။

“ရှင်ဥပဂုတ္တ ရဟန္တာပူဇော်နည်းနှင့် ပရိတ်တော်” စာအုပ်၌ ရဟန္တာဟု ပြဆိုထားရုံမျှမက ဣန္ဒဂုတ္တ၊ အဿဂုတ္တ မထေရ်ကြီးများသည်ပင် ရှင်ဥပဂုတ် ဖြစ်ကြောင်း ပြဆိုထားရာ များစွာ ရောထွေးသွားပေ၏။ သို့ရာတွင် မဟာယာန သာသနာဝင် ဖြစ်သော သက္ကဋ ဘာသာရေး ဒိဗျာဝဒါန” ကျမ်းမှ ရှင်ဥပဂုတ် အတ္ထုပ္ပတ္တိကို ဖတ်ရှုရပေရာ တနည်းအားဖြင့် ထိုကျမ်းဆရာအား ကျေးဇူးတင်ရ ပေသည်။

ထိုစာအုပ်မှာ ဒိဗျာဝဒါန မဟာယာန သာသနာဝင်ကို မူထား၍ ဟိန္ဒူ ပညာရှင်များ၊ ခရစ်ယာန် သာသနာပိုင် ‘ကာလ်ဒဝဲလ် စသော ပညာရှင်များ၏ (သက္ကတ၊ ဟိန္ဒီ၊ အင်္ဂလိပ်) အဆိုအမိန့်များကို ပေါင်းစပ်သုတေသန ပြုထားသည့် ကျမ်း ဖြစ်၏။

ရှင်ဥပဂုတ်သည် မဓုရပြည်သား ရေမွှေးကုမ္ပဏီပိုင်ရှင် ဂုတ္တ၏ သားငယ် ဖြစ်ပုံမှအစ အပြည့်အစုံ ဖော်ပြထားရာ ရှင်ဥပဂုတ်သည် လက္ခဏာ ကြီးငယ် မပါသော ဘုရားတဆူဖြစ်ပုံ၊ အသတ်စ်တျသံဟိတာကျမ်း၊ အသတ်စ်တျဂီတာ ကျမ်း၊ သတလ အာဒိကာရကျမ်း’ များ ပြုစုခဲ့ပုံ၊ ဂဏန်းကျမ်း၊ ကောင်းကင် နက္ခတ်၊ ကုမ္ဘစက်ဂြိုဟ် နေကြတ် လ-ကြတ်စသည်တို့ကိုလည်း ဓာတ်စေတော် မူသည့် တန်ခိုး ဣဒ္ဓိပါဒ် အရှင် ဖြစ်ပုံကို အပြည့်အစုံ ဖတ်ရှုရပေသည်။

ထိုအချက်များကပင် ရှင်ဥပဂုတ်ဟူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း သံသယရှင်းစေလေသည်။ လောက၌ “ငါဗုဒ္ဓဃောသ' ဟု ဆိုကာ ဓာတ်စီး၍ တန်ခိုးပြသူများပင် ရှိနေလေရာ လောကီ စီးပွားဥစ္စာ အာဏာ ရာထူးစသည့် အတွက် ကိုးကွယ် ပသခြင်းကား ပြောဖွယ်မရှိ၊ မိမိတို့ ယုံကြည်ရာ အလိုက် ကိုးကွယ်ပသ နေကြသည်ပင် ဖြစ်၏။ အကျိုးရသည် မရသည်မှာလည်း စိစစ်ဖွယ် မရှိပြီ။ သို့ရာတွင် အရွှေ့နှင့် အနောက် ခြားနားလှသော သဘာဝနှစ်ခုကိုမူ ထပ် တူပြု ခံယူရေးသားခြင်းကားစဉ်းစားကြရပေလိမ့်မည်။

## PAGE 405
<!-- 11 paragraphs, raw extraction -->




အနှစ်သာရ ရှုထောင့်မှ အမြင်

လောက၌ တောင်နှင့်မြောက် ဝါဒနှစ်ခု ခြားနားနေရာ “ဤကျမ်းစာက ခိုင်မာသည်၊ ထိုကျမ်းကား မခိုင်မာ၊ ငါတို့ မှတ်တမ်းသာ မှန်ကန်၏။ သူတို့ မှတ်တမ်း မှားယွင်းသည် စသော အယူအဆ အပြောအဆိုများကား သန်ရာ သန်ရာ ယူဆပြောဆိုနိုင်ကြသည်ပင် ဖြစ်လေသည်။

သို့ရာတွင် ၀ါဒတခုတွင် အနှစ်သာရမှတ်ကျောက်ဟူသည် ရှိစမြဲ ဖြစ်၏။
မည်မျှ ရွှေနှင့် တူလှစေကာမူ၊ ရွှေအစစ်ပင် ဖြစ်စေကာမူ မှတ်ကျောက်တင်သော အခါ အဖြေထွက်လာရ၏။ သံယုတ်ပါဠိတော် “သဒ္ဓမ္မပ္ပဋိရူပကသုတ်၌ သာ သနာအစစ်ကို ကွယ်ပစေနိုင်သော သာသနာအတု၊ တရားအတု၊ ကျမ်းစာအတု များအကြောင်း ဟောတော်မူထားပြီး ဖြစ်လေသည်။

ဤ၌ အမြွက်မျှ ဖော်ပြလိုသည်မှာ “ထေရ ဝါဒ”ဗုဒ္ဓဘာသာတွင် ဒါန၌ လည်းကောင်း၊ သီလ၌ လည်းကောင်း၊ ဘာဝနာ၌ လည်းကောင်း လုပ်နည်း လုပ်ဟန် ခြားနားချင် ခြားနားနေစေကာမူ အနှစ် သာရကား တူညီမှု ရှိရ၏။
ထိုအနှစ်သာရ ဆိုသည်မှာလည်း‘ဤသို့ ဤသို့”ဟု နေရာတိုင်းတွင် မူသေ သတ်မှတ် ချက် ရှိချင်မှလည်း ရှိတတ်လေသည်။ သို့ရာတွင် ရွှေ ငွေ ကျောက်သံကို လုပ်ကိုင် နေသူများသည် ရွှေငွေ ကျောက်သံအကြောင်း သာမန်မြင်ရုံနှင့်ပင် အကဲဖြတ်နိုင် ကြ၏။

ရှင်ဥပဂုတ် ဝတ္ထုကြောင်းတွင် လာယာ-

(၁) အသောက မင်းကြီး ကျောင်းအလှူပွဲတွင် ဝါဂွမ်း ဆီစိမ်များကို ခန္ဓာကိုယ် ပတ်၍ မီးရှို့ပြီး အမြတ်ဆုံးဒါနဖြစ်အောင် စေတီ ပူဇော်သည် ဆိုရာ ထိုဒါနမျိုးကို ရဟန္တာ အရှင်မြတ်ကြီးများ ခွင့်ပြုတော်မူပါမည်လော။ ထိုဒါနမျိုးကို ဘုရားရှင်ကော လက်ခံ တော်မူပါမည်လော။

(၂) ရှင်ဥပဂုတ်သည် သပိတ်ပိုက်၍ ခေါင်းမော်ကြည့်လျှင် “နေသည် မည်သည့် အခါမျှ မှုန်း မတည့်’ ဆိုသော ဝေါဟာရ စကား များသည်လည်းကောင်း၊ မာရ်နတ်နှင့် တန်ခိုး ပြိုင်ရာ၌ ဂဠုန် သဏ္ဌာန်၊ ကျားသဏ္ဌာန်၊ ဘီလူးသဏ္ဌာန် အပြိုင်အဆိုင် ဖန်ဆင်း၍ တန်ခိုးပြခြင်း(ဝိကုဗ္ဗနိဒ္ဓိ)ကို ဘုရားရှင် အာပတ် တပ်၍တားမြစ် ထားသည်ဖြစ်ရာ ရဟန္တာပုဂ္ဂိုလ်များ ဘုရား စကားတော်ကို (သာမန်ကိစ္စတွင် အစွမ်းပြသည့် အနေဖြင့်) ကျူးလွန်ပါမည်

လော။

## PAGE 406
<!-- 11 paragraphs, raw extraction -->


သီဟိုဠ်ဧခတ် စံတော်ဝင် အရိယာများ

၃ ၆ ၃

(၃) တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်နှင့် ယခုတိုင် ရှိနေသေးသည်ဟု ဝေါဟာရ ဆိုကြရာ ခန္ဓာဝန်နှင့် သင်္ခါရ ဒုက္ခကို မြင်တော်မူ ကြသော ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးများသည် နာဘိ နန္ဒာမိ မရဏံ၊
နာဘိ နန္ဒာမိ ဇီဝိတံ’ ဟူသည့် အတိုင်း ပရိနိဗ္ဗာန် ပြုရသည်ကို လွန်စွာဝမ်းမြောက်တော်မူကြသည်ဖြစ်ရာ အသက်ရှည်စွာ နေရ ခြင်းကို ခုံမင်တော်မူကြပါသလော။ အသက်ရှည်စွာ နေရခြင်းကို ဗုဒ္ဓဝါဒ၌ ဦးစားပေးခြင်း ရှိပါ၏လော။

(၄) မာရ်နတ်က ဘုရားဟန် ဖန်ဆင်း၍ ပြသောအခါ . ရှင်ဥပဂုတ် ရဟန္တာကြီးက မာရ်နတ်အား ရှိခိုးသည်ဆိုသည်မှာလည်းဖြစ်သင့်

ပါသလော။

ဤသို့ စသည်ဖြင့် စဉ်းစား စရာတွေ များစွာ ရှိနေပေသည်။
(၅) မဟာယာနတို့ တီထွင်၍ဖြစ်စေ၊ အထိုက်အလျောက် နီးစပ်သော ဖြစ်ရပ် တစုံတရာရှိခဲ့၍ဖြစ်စေ မှတ်တမ်းတင်ထားသော ရှင်ဥပဂုတ် ဝတ္ထုတွင် နောက်ဆုံး ပဓာန အချက်ကြီးတခုကို တွေ့မြင်ကြရ လေသည်။

ယင်းကား အခြားမဟုတ်၊ မာရ်နတ်သည် ခွေးသေကောင်ပုပ်ကြီး လည် ပင်း၌ အဆွဲခံရသဖြင့် ရှင်ဥပဂုတ်အား နောက်ဆုံးပြောပြသော စကားများသည် မဟာယာန ၀ါဒကြီးကို အမတေ ထည့်ထားသော ဝတ္တုတပုဒ် ဖြစ်ကြောင်း သိသာ ထင်ရှားစေတော့သည်။ (မဟာယာနဝါဒီတို့သည် ရဟန္တာကို အထင်သေးကြ၏။
ဘုရားဖြစ်ရခြင်းကိုသာ ဂုဏ်ယူကြသည်။ ဤ မူလ အခြေခံ မူကို သတိပြုပါ။)

“ငါသည် ရှေးအခါက မြတ်စွာဘုရားအား များစွာ ဖောက်ပြန်သော အမှုကို ပြုခဲ့သည်။ မြတ်စွာဘုရားသည်ကား ငါ့အား တစုံတခုသောအပြစ်ကိုမပြု၊
ယခု သာဝက(ရှင်ဥပဂုတ်)သည် သနားခြင်း မရှိသည်ဖြစ်၍ ငါ့အား ညှဉ်းဆဲ နှိပ်စက်ဘိ၏”ဟု မြည်တမ်းလျက် တောင်ဝှမ်းကို အစဉ်လှည့်၍နေ၏။တဖန် အကြံ ဖြစ်ပြန်၍“ငါသည် ရှေးရှေးသောဘဝကလည်း ဘုရားရဟန္တာဖြစ်ရအောင် ပုည အစု ကောင်းမှု အထူးကို ဆည်းပူးခဲ့လှပြီ။ ဤ ကုသိုလ်တို့၏ အာနိသင်ကြောင့် - နာင်သောအခါ ဘုရားဆုကိုသာ ရလိုပါ၏။

“သတ္တဝါတို့အား သနားခြင်း မရှိသော သာဝက မဖြစ်လိုပါ”ဟု မြည် တမ်း၏။ (မဟာဝင် ဝတ္ထု-၁၀၅။)

တတိယ သံဂါယနာပွဲတော်ကြီးကို နောက်ခံထား၍ မည်မျှ ပိရိစ္စာ ရောမွှေ ထားသော်လည်း ရှင်ဥပဂုတ်မှာ ထေရ ဝါဒီ မဟုတ်ကြောင်း ထင်ရှားလေ၏။
ထိုဝတ္ထုမှာလည်း မည်မျှ လုပ်ကြံမှုများ ပါဝင်မည်ကို စဉ်းစားကြရာသည်။

## PAGE 407
<!-- 8 paragraphs, raw extraction -->


{

အခန်း (၅) ဇွဲလုံ ့လနှင့် သည်းခံမှုအရာ စံတော်ဝင် မထေရ်များ

သည်းခံမှ နိဗ္ဗာန်ရောက်

လမ်းမှားကိုကျင့်ရာ၌ ဝီရိယနည်းသူ သက်သာ၍ ဝီရိယကြီးသူ ဆင်းရဲရ၏။
လမ်းစဉ်မှန်ကို ကျင့်ရာ၌ကား ဝီရိယနည်းသူ ဆင်းရဲရ၍ ဝီရိယကြီးသူသာ ချမ်းသာရ၏။

(ဧကက အင်္ဂုတ္တရပါဠိတော်)

သာသနာတော်တွင်း မဂ္ဂင်ရှစ်ဖြာ သံသရာ ထွက်မြောက်ရေးအလုပ်ကို သေကောင်ပေါင်းလဲ အရိုးပေါ်အရေတင်အောင် လုပ်သော်လည်း “အတ္တ ကိလမထ” မဆိုရ။ “သမ္မာဝါယာမ’ ဟူ၍သာ ဆိုရသည်။ (မ-ဋ္ဌ-၄၊ ၇- ဒေဝဒဟသုတ်။)

ခန္တ ီ ပရမံ တပေါ တိတိက္ခာ = သည်းခံမှ နိဗ္ဗာန်ရသည်’ ဘုရားရှင် တိုင်း၏ ဩဝါဒစောာ်။

## PAGE 408
<!-- 13 paragraphs, raw extraction -->



ဝေယျာဝစ္စလုပ်ယင်း ရဟန္တာဖြစ်သွားသော မုဆိုးဘဝ တဖြစ်လဲ မိလက္ခတိဿထေရ်

20

၃ ၆ ၅

သီဟိုဠ်ကျွန်း ရောဟဏဇနပုဒ် ဂါမော့ဝါလကျောင်းကြီး၌ စူဠပိဏ္ဍ ပါတိကတိဿမည်သောမထေရ် သီတင်းသုံးတော်မူ၏။ မိလက္ခခေါ်သော သား မုဆိုးကြီးတဦးလည်း ထိုမထေရ်၏ ဂေါစရဂါမ်ရွာ၌ ရှိလေသည်။

မုဆိုးကြီးသည် သားကျွေးမှု မယားကျွေးမှုအတွက် နေ့စဉ် ဘိ-တရာ၊
ညွှတ်ကွင်းတရာ၊ တံကျင်တရာတို့ကို သုံးစွဲ၍ တောထဲ၌ လှည့်လည်ကျက်စားကာ အကုသိုလ်များကို များစွာပြုလုပ်နေ၏။ အိမ်မှထွက်လျှင် မီးနှင့်ဆားကိုလည်း ယူဆောင်ကာ သားကောင်များကို ဖုတ်ကင်စားလေ၏။

တနေ့သောအခါ သားကောင်များကို ဖုတ်ကင်စားသောက်ပြီး ရေဆာ မွတ်သိပ်သဖြင့် ဂါမေဏ္ဍဝါလကျောင်းကြီးအတွင်းသို့ ဝင်လာ၏။ ကျောင်းထဲရှိ ရေအိုးစင်၌ ရေအိုးဆယ်လုံးခန့် တည်ထားသော်လည်း အဆာပြေသောက်ရန် ရေတပေါက်မျှ မရရှိပေ။

“ဒီလို ရဟန်းတွေနေတဲ့နေရာမျိုးမှာ ခရီးသွား ဆာလောင်မွတ်သိပ်သူ တွေ အဆာပြေသောက်ရန် ရေလေးတပေါက်တောင် မရှိ၊ခပ်ထည့်ထားရကောင်း မှန်း မသိကြပါလား၊ ပျင်းလိုက်ကြတာ၊ ဒကာ ဒကာမတွေ လှူတာစားပြီး အိပ် နေကြတာပဲ”ဟု ရဟန်းများကိုပင် ကဲရဲ့ရှုတ်ချနေ၏။ ထိုအသံကိုကြား၍ မထေရ် ထွက်လာပြီးလျှင် သောက်ရေအိုးစင်ကို ကြည့်တော်မူရာ အိုးဆယ်လုံးခန့် အား လုံးရေပြည့်နေသည်ကို မြင်ရသဖြင့် “အင်း..လူစင်စစ်က ပြိတ္တာဖြစ်နေသူပဲ”ဟု စဉ်းစားမိလေသည်။

"

“ဒကာ၊ ရေဆာလျှင် ရော့…သောက်” ဟု ဆိုကာ လက်ခုပ်အခံခိုင်းပြီး ကိုယ်တော်တိုင် ရေမှုတ်ဖြင့်ခပ်ပြီး လောင်းထည့်ပေး၏။ ရဲရဲ့ညီးနေသော မီးအိုး ကင်းထဲသို့ ရေပေါက်ချသကဲ့သို့ ရေအိုးအပြည့်ဆယ်လုံးခန့်ပင် ကုန်သွားသော် လည်း အာသာမပြေ၊ အကုသိုလ်ကံသည် ယခုဘဝ ပစ္စက္ခမှာပင် ညွှန်ပြနေတော့ သည်။

"

“ဒကာ၊ သင်လုပ်ထားတဲ့ အကုသိုလ်တွေဟာ ကြက်သီးထလောက်အောင် ကြောက်စရာ ကောင်းလှချည့်လား၊ ယခုပဲ သင် ပြိတ္တာဖြစ်နေပြီ၊ နောင်တမလွန် ဘဝကစပြီး တသံသရာလုံး ခံရမယ့်ဒုက္ခတွေ ဘယ်လောက်များ ကြောက်စရာ ကောင်းလိုက်သလဲ.... သင့်ဟာသင်သာ စဉ်းစားကြည့်ပေတော့။”

## PAGE 409
<!-- 16 paragraphs, raw extraction -->


၃ ၆ ၆


မုဆိုးကြီးသည် မထေရ်၏စကားကိုကြားရ၍ လွန်စွာ ထိတ်လန့်သွား၏။
မထေရ်အား ဦးချပြန်လာပြီးနောက် တောထဲ၌ ချထောင်သုံးစွဲထားသော တိ ညွှတ်,ကျော့ကွင်း ပိုက်ကွန် တံကျင်စသည်တို့ကို အားလုံး ဖျက်ဆီးလိုက်တော့၏။
တောမှအိမ်သို့ အမြန်ပြန်သွားပြီး သားမယားကို အကျိုးအကြောင်း ပြောဆို ပန်ကြားလိုက်သည်။ မုဆိုး လက်နက်များဖျက်ချိုး၍ တိန်ညင်ငှက် (တယ်ငှက်) များကိုလည်း ဖမ်းဆီးထားရာမှ ဘေးမဲ ့လွှတ်ပစ်လိုက်သည်။

ကျောင်းသို့လာ၍ မထေရ်ထံ ရှင်ရဟန်းပြုခွင့်တောင်းရာ-

“ဒကာ၊ ရှင်ရဟန်းဘဝဆိုတာ အလွန်ခက်ခဲတယ်၊ ဘယ်လိုလုပ်ပြီး သင် ရှင်ရဟန်း ပြုနိုင်ပါ့မလဲ။

66

အရှင်ဘုရား၊ ယခုဘဝမှာပင် မျက်မြင်ကိုယ်တွေ့ အကုသိုလ်အကျိုးကြီးကို မြင်တွေ့နေရမှတော့ ရှင်ရဟန်းမပြုလို့ မဖြစ်တော့ပါဘုရား။

"

မထေရ်လည်း နောက်ဆုံး “ကေသာ လောမာ နခါ ဒန္တာ တစော သော တစပဉ္စက ကမ္မဋ္ဌာန်းပေးကာ ရှင်ရဟန်းပြုပေးလိုက်၏။ မိလက္ခထေရ် ဟူ၍ပင် ခေါ်တွင်ကာ မိလက္ခထေရ်သည် ဝတ်ကြီးဝတ်ငယ် ဝေယျာဝစ္စ လုပ် ငန်းများကို ဆောင်ရွက်ရာ၌ အလွန် စိတ်ပါဝင်စား၏။ ဗုဒ္ဓစာပေများကိုလည်း သင်ယူ နာကြားလျက် နေ၏။

ကမ္မဋ္ဌာန်း အားထုတ်သောအခါ မုဆိုးဘဝက သားသမင်,ဝက်များသတ် ခဲ့ပုံ အာရုံနိမိတ်များ ထင်လာသည်။ တကိုယ်လုံး လူးလှိမ့် ပူလောင်လျက်ရှိ၏။
ကမ္မဋ္ဌာန်းထိုင်၍ မရတော့ပြီ။ “ရဟန်းဘဝဖြင့်နေလို့ အကျိုးမရှိတော့”ဟု ယူဆ ကာ လူထွက်ရန် ဥပဇ္ဈာယ်ဆရာထံသွား၍ လျှောက်ရာ ဆရာက မဟာအဝီစိငရဲ ဘေးကြီးကို ပြသ၍ သံဝေဂဖြစ်စေသည်။ (သံ-ဋ္ဌ-၂၊ ၂ ၅၂။)

တနေ့သောအခါ…လူ့ဘဝရပါလျက် ကုသိုလ်ကောင်းမှု၌ မေ့လျော့ကာ ကိုယ်နှုတ်စိတ်တို့ဖြင့် မကောင်းမှုပြု၍ ငရဲဘုံသို့ လားရောက်သူများအား ငရဲထိန်း များက ဆွဲခေါ်၍ ယမမင်းကြီးထံ အစစ်ခံရပုံ၊ နောက်ဆုံး အမျိုးမျိုး ညှဉ်းဆဲ ခံရကာ အလျှံတပြောင်ပြောင် တောက်လောင်သော ငရဲအိုး၌ ပစ်ချခံရ.... ဒေဝဒူတသုတ်ကိုလည်း သင်ကြားနာယူစေသည်။ (ထိုသုတ် အင်္ဂုတ္တရ တိကနိပါတ် နှင့် ဥပရိပဏ္ဏာသ ပါဠိတော်၌ လာ၏။

“အရှင်ဘုရား၊ ဒီလောက်ဆင်းရဲဒုက္ခတွေ ခံရပြီးတဲ့နောက်မှာလဲ အဝီစိ ငရဲအိုးထဲကို ပစ်ချကြတယ်။ အပါယ်ငရဲဘေးကြီးဟာ အလွန်ကြောက်လန့်ဖွယ် ကောင်းလှပါကလား ဘုရား။”

“ဟုတ်ပေတယ် ငါ့ရှင်။ သင်လူထွက်လျှင် အဲသည် မဟာအဝီစိငရဲမှာ

ခံရလိမ့်မယ်။”

“အဲဒီ ငရဲဘုံကို ကြည့်လို့မရဘူးလား ဘုရား။”

## PAGE 410
<!-- 15 paragraphs, raw extraction -->




“မရနိုင်ဘူး ငါ့ရှင်၊ ငရဲကို မြင်ရသလို လုပ်လို့ရတဲ့ အကြောင်းတခုတော့ ရှိတယ်၊ ပြရသေးတာပေါ့”ဟုဆိုကာ မိလက္ခထေရ်အား သာမဏေများကိုခေါ်၍ ကျောက်ဖျာကြီးတချပ်ပေါ်၌ ထင်းအစိုများကို အပုံခိုင်းလိုက်၏။ မထေရ်ကား ထိုင်နေတော်မူလျက်က တန်ခိုးဖြင့် မဟာအဝီစိငရဲမှ ငရဲမီးပွား ပိုးစိမ်းဖြူခန့်ကို ယူဆောင်တော်မူ၏။ ပိုးစိမ်းဖြူခန့်မျှသာရှိသော ငရဲမီးပွားကို မိလက္ခထေရ် ကြည့်နေစဉ်မှာပင် ထင်းစိုပုံထဲသို့ ပစ်ထည့်လိုက်သည်။ မီးပွားကျလျှင်ကျချင်း ထင်းစိုအပုံကြီးတခုလုံး ရှဲကနဲ ပြာအတိကျသွားသည်ကို မိလက္ခထေရ် မြင်လျှင် လွန်စွာအံ့သြ၍—

“အရှင်ဘုရား….မြတ်စွာဘုရားသာသနာဟာ ဝဋ်ဆင်းရဲက ထွက်မြောက်

စေနိုင်တယ်ဆိုတ ာ အမှန်ပဲလားဘုရား။”

"

“မှန်တယ် ငါ့ရှင်။

"

“ဒါဖြစ်ယင် ဒီဆင်းရဲကလွတ်အောင် တပည့်တော်ကြိုးစားပါ့မယ် အရှင် ဘုရား။ ဒီဘုရားရှင့်သာသနာမှာ ရဟန်းတို့လုပ်စရာ တာဝန်(ဓုရ) ဘယ်နှစ်မျိုး ရှိပါသလဲ။”

"

“ငါ့ရှင် စာပေသင်ကြားခြင်း(ဂန္ထဓုရ)နဲ့ တရားအားထုတ်ခြင်း(ဝိပဿနာ ဓူရ)နှစ်မျိုးပဲ ရှိတယ်။”

“အရှင်ဘုရား စာပေသင်ကြားမှုဟာ စွမ်းဆောင်နိုင်သောသူများအတွက် ဖြစ်ပါတယ်။ တပည့်တော်ကား ဒုက္ခကို အကြောင်းခံပြီး ကြီးမှရဟန်းပြုလာရသူ ဖြစ်ပါတယ်။ ဝိပဿနာတရားကိုသာ အားထုတ်လိုပါတယ်။ ကမ္မဋ္ဌာန်း ချီးမြှင့် တော်မူပါ ဘုရား။

မထေရ်ကြီးလည်း မိလက္ခထေရ် ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသူဖြစ်ကြောင်း သိမြင်တော်မူ၍ ဝတ်ကြီးဝတ်ငယ်ဆောင်ရွက်ယင်း ကမ္မဋ္ဌာန်းရှုမှတ်ပုံကို ညွှန်ပြ ပေးလိုက်သည်။မိလက္ခထေရ်သည် တရားကိုလည်း အားထုတ်၏။စေတီယင်္ဂဏဝတ်၊
ဗောဓိယင်္ဂဏဝတ်၊ သေနာသနဝတ်၊ ဥပဇ္ဈာယ်ဆရာဝတ် စသော ဝတ်ပဋိပတ် များကိုလည်း ဖြည့်ကျင့်လုပ်ဆောင်လေသည်။ မိမိနေသော ဂါမေက္ခဝါလ ကျောင်းကြီး၌ ပြုဖွယ်ကိစ္စများကိုသာမက မနီးမဝေးရှိ စိတ္တလတောင်ပေါ် ကျောင်းတိုက်ကြီး၊ ဂေါစရဂါမ်ရွာကျောင်းကြီးများတွင်လည်း တရက်စီ လှည့် လည်၍ ဝေယျာဝစ္စဆောင်လေသည်။ ဝေယျာဝစ္စလုပ်ယင်း ကမ္မဋ္ဌာန်းလည်း ရုပ္ပားမှတ်သိနေ၏။

မိလက္ခထေရ်သည် ရံခါ ပျင်းရိထိုင်းမှိုင်းလေးလံကာ ထိနမိဒ္ဓစိတ် နှိပ်စက် သဖြင့် တာဝန်ပျက်ကွက်မည်ကို စိုးရိမ်၍ ကောက်ရိုး ကရွတ်ခွေကြီးလုပ်ပြီး ရေစိမ်ကာ ခေါင်းပေါ်စွပ်တင်ထား၏။ ခြေထောက်ကိုလည်း ရေစိမ်၍ ထိုင် လေသည်။

## PAGE 411
<!-- 19 paragraphs, raw extraction -->




ထိနမိဒ္ဓ ပယ်ဖျောက်နည်း ၇ မျိုး

(သံ-ဋ္ဌ-၃၊ ၂၈၉၊ အင်္ဂုတ္တရ အဋ္ဌကထာ နီဝရဏဝဂ် အဖွင့် ၃ဂ-၌) ယောဂီများ ထိနမိဒ္ဓဝင်လာလျှင် နှင်ထုတ်နည်း ၆ မျိုးကို ဖွင့်ဆိုထားသည်။
တနည်းနည်းကို ကျင့်သုံး၍ ပယ်ဖျောက်ရသည်။

၁။ အာဟာရကိုလျှော့စား၊ (လေးငါးလုတ်စာလျော့၍ ရေတခွက် သောက်စာ ချန်စား၊)

၂။ ဣရိယာပုထ်ပြောင်းလဲပေး၊

၃။ အလင်းရောင် နှလုံးသွင်းပေး၊

၄။ လွင်ပြင်မှာနေ (အခန်းမအောင်းရ)၊

၅။ ထိနမိဒ္ဓနိုင်နင်းပြီးသော ကလျာဏမိတ္တနှင့်နေ၊

၆။ ဝီရိယအားပေးသော ဓုတင်နှင့်စပ်သည့် စကားများကိုသာပြော၊
(တတ်နိုင်လျှင်နေသဇ္ဇကင်္ဂဓုတင်ဆောင်။ရွှေ့၌ “ဝီရိယထုတ်လုပ်နည်း”

ကိုလည်းရှု။)

(အင်္ဂုတ္တရ၊ သတ္တကနိပါတ်၊ ပစလာယမာနသုတ် ၄၆ ၁-၌ကား)— ၁။ အိပ်ချင်ငိုက်မျည်းကြောင်းဖြစ်သော အမှတ်သညာကိုပယ်ခြင်း၊
၂။ တရားကျမ်းဂန်ကို ဆင်ခြင်ခြင်း၊

၃။ တရားစာရွတ်ဖတ်ခြင်း၊

၄။ နားနှစ်ဘက်ကိုဆွဲခြင်း၊ ကိုယ်ကိုလက်ဖြင့်ပွတ်သပ်ခြင်း၊
၅။ မျက်နှာသစ်ပြီး ထိုထိုအရပ်ကိုကြည့်ရှုခြင်း၊ ကြယ်တာရာတို့ကို မော် ကြည့်ခြင်း၊

၆။ အရောင်အလင်းကို နှလုံးသွင်းခြင်း၊

၇။ စင်္ကြ ံလျှောက်ခြင်းဖြင့် ထိနမိဒ္ဓပယ်ဖျောက်ရကြောင်း ဟောတော် မူထား၏။

မိလက္ခထေရ်သည် တရက်တွင် စိတ္တလတောင်ပေါ် ကျောင်းတိုက်ကြီး၌ သန်းခေါင်ကျော်သည့်တိုင်အောင် တညလုံး သေနာသနဝတ်ပြုယင်း တရားနှလုံး သွင်းနေရာ အရုဏ်တက်ခါနီး လင်းအားကြီးအချိန်သို့ရောက်လျှင် ထိနမိဒ္ဓ နှိပ်စက် လွန်း၍ ရေစိမ်ကောက်ရိုး ကရွတ်ခွေကြီးကို ခေါင်းမှာစွပ်တင်လျက် ရံခါ. ရေတစက်တစက်ကျသော ရေအိုးကို ပေါင်ပေါ်၌ထားလျက် တရားရှုမှတ်နေ၏။

တိတ်ဆိတ်သော ညကာလဖြစ်၍ အရှေ့ဘက်တောင်ဝှမ်း ကျောင်းဆီမှ ကိုရင်တပါး၏ တရားစာပေ ရွတ်အံသရဇ္ဈာယ်သံကို သဲသဲကွဲကွဲကြားနေရ၏။

## PAGE 412
<!-- 14 paragraphs, raw extraction -->



၃ ၆ ၉

(ကိုရင်ရွတ်အံနေသော တရားစာမှာ သိခီမြတ်စွာဘုရားရှင် လက်ထက် တော်က ပညာဧတဒဂ်ရ အဂ္ဂသာဝကကြီး တပါးဖြစ်သူ အရှင်အဘိဘူက ဗြဟ္မာ့ ပြည်မှနေ၍ 'လောကဓာတ်တိုက်ပေါင်းတထောင်က ကြားနာရအောင် တန်ခိုး တော်ဖြင့် ဟောကြားသော “အရုဏဝတီသုတ်’ တရားတော်ဖြစ်၏။ သဂါထာ ဝဂ္ဂ သံယုတ်ပါဠိတော်။)

။

အာရမ္ဘထ နိက္ကမထ၊ ယုဒ္ဓထံ ဗုဒ္ဓသာသနေ။
ဓုနာထ မစ္စုနော သေနံ၊ နဠာဂါရှိဝ ကုဉ္စရော။
“မြတ်စွာဘုရား သာသနာတော်၌ သူတော်ကောင်းတရားတို့ကို ထထကြွကြွ ကြိုးစားကြကုန်လော့။ မဆုတ်မနစ်အားသစ်ကြ ကုန်လော့။ ဆထက်ထမ်းပိုးတိုး၍ ရှုမှတ်အားထုတ်ကြကုန်လော့။
ဆင်ပြောင်ကြီးသည် ကျူထရံအိမ်ကို နင်းချေဖျက်ဆီးသကဲ့သို့ ကိလေသာရန် မာရ်စစ်သည်အပေါင်းကို ထောင်းထောင်းချေမှု တိုက်ဖျက်ကြကုန်လော့။”

"

ယော ဣမသ္မိံ ဓမ္မဝိနယေ၊ အပ္ပမတ္တော ဝိဟဿတိ။
ပဟာယ ဇာတိသံသာရံ၊ ဒုက္ခဿန္တံ ကရိဿတိ။

။

“ဓမ္မဝိနယခေါ် ဤမြတ်စွာဘုရား သာသနာတော်၌ အပ္ပမာဒ သတိရှိသော ယောဂီသည်သာလျှင် ဘဝသံသရာကို ဖယ်လွှဲ၍ ဆင်းရဲကုန်အောင် ပြုနိုင်ပေလတ္တံ့။” (သံယုတ် အဋ္ဌကထာ၌ ဥဋ္ဌာနဝတော သတိ-မတော”ဂါထာလာ၏။)

မိလက္ခထေရ်သည် အထက်ပါ တရားဓမ္မသံကို ကြားရလျှင်ပင် ထိုင်းမှိုင်း ပျင်းရိမှု ပြေပျောက်ကာ—

“မဆုတ်မနစ် အားသစ်ကြိုးပမ်းတဲ့ ငါကဲ့သို့သော ရဟန်းကို ရည်ရွယ်ပြီး ဟောတော်မူခဲ့တာ ဖြစ်မှာပဲ”ဟု အားတက်လျက် ပီတိသုခဈာန် စိတ်အဟုန်များ တရိပ်ရိပ် ဖြစ်ပေါ်လာ၏။ နှစ်သိမ့်ချမ်းမြေ့၍မဆုံး ရှိနေရာ ထိုဈာန်ကိုအခြေခံ၍ ခန္ဓာကိုယ်ပေါ်၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောများကို သုံးသပ်မှတ်ရှုလိုက်ရာ အနာဂါမ်အထိ ပေါက်မြောက်သွားသည်။

ဆက်လက်၍ ရှုမှတ်ပွားများအားထုတ်ရာ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်တော်မူလေ၏။

မိလက္ခမထေရ်ကြီး ပရိနိဗ္ဗာန်ပြုခါနီးတွင် အောက်ပါ ဂါထာတပုဒ်ကို ဟောထားတော်မူခဲ့၏။ ယောဂီအဆက်ဆက်တို့အတွက် အားဆေးတခွက် ဖြစ် တော့သည်။

## PAGE 413
<!-- 11 paragraphs, raw extraction -->


၃၅ ဝ


အလ္လ ပလာလပုဉ္စာ”ဟံ၊ သီသေနာ” ဒါယ စင်္ကမိ ။
ပတ္တောသို့ တတိယံ ဌာနံ၊ ဓတ္ထ မေ နတ္ထိ သံသယော။
ငါ့ရှင်တို့၊ ရေစိုစွတ်သော ကောက်ရိုးပုံကို ခေါင်းရွက် ဆောင်ယူကာ ကြိမ်ဖန်များစွာ စင်္ကြံလျှောက်ခဲ့ရ၏။ထို ့ကြောင့် လည်း တတိယဆင့်သို့ မကွေ့ မထောင့် တောက်လျှောက်ရောက် ရှိခဲ့သည်။ ဤနေရာ၌..ငါ့မှာ တစုံတရာ ယုံမှားခြင်း မရှိပြီ။”

ကိလေသာ ခွာရှဲထားနိုင်သော အလုပ် ၆-မျိုး ဤကားကျင့်ဝတ်ပဋိပတ်ဖြင့် ကိလေသာကိုပယ်ခွာ၍ ထိုမှတဆင့် အရ ဟတ္တဖိုလ် ရနိုင်ကြောင်း သာဓကဝတ္ထုဖြစ်သည်။ ထို ့ကြောင့် ရှေးဆရာကြီး များက-

“ကျင့်ဝတ်မဖြည့်, သီလမပြည့်၊ သီလမရှိ,သမာဓိမတည်၊ သမာဓိမတည်, ပညာမရ၊ ပညာမရှိ,နိဗ္ဗာန်မြင်၊ နိဗ္ဗာန်မမြင်, ဆင်းရဲမလွှတ်”ဟု ဆုံးမတော် မူခဲ့ကြလေသည်။

ဝိက္ခမ္ဘနပဟာန်အားဖြင့် ကိလေသာကိုပယ်ခွာနိုင်သော နည်းလမ်းများ ရှိရာ ထိုနည်းလမ်းများကား-

၁။ ကျင့်ဝတ်ပဋိပတ်(ဝေယျာဝစ္စ)လုပ်နေခြင်း၊
၂။ စာပေကျမ်းဂန်သင်အံချပ် လေ့ကျက်နေခြင်း၊
၃။ ဓုတင် ကျင့်နေခြင်း၊

၄။ ဈာန်သမာပတ်ဝင်စားနေခြင်း၊
၅။ ဝိပဿနာ ရှုမှတ်နေခြင်း၊

၆။ ကျောင်းကန်ဆောက်လုပ် စီမံနေခြင်း(နဝကမ္မ) စသည်တို့ဖြစ်၏။
တနည်းနည်းဖြင့် ကိလေသာများ ဝေးကွာဖယ်ရှဲနေခိုက် ဆက်လက်၍ တရား ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်ပါလျှင် လျင်မြန်စွာ ထမြောက်အောင်မြင် နိုင်သည်ဟု ဆိုလိုပေသည်။

ဝေယျာဝစ္စဆောင်ရွက်ယင်း၊ စာပေကျမ်းဂန်သင်အံချပို ယင်း၊ကျောင်း ကန်ဆောက်လုပ်စီမံယင်း တရားဘာဝနာအလုပ်ကို အားထုတ်၍ အရဟတ္တဖိုလ် ပေါက် ရဟန်းကိစ္စပြီးမြောက်သွားကြပုံ သာဓကဝတ္ထုများကို ဆက်လက်၍ ဖတ်ရှုတုယူအားထုတ်တော်မူကြပါကုန်။ (အင်္ဂုတ္တရအဋ္ဌကထာ-၁၊ နီဝရဏပ္ပဟာန ၁ဂ်၊၂၇-မှ ၃၅-ထိ။ သံ-ဋ္ဌ၊ ၂၊ ၂၅ ၁-၌မိကတိဿဟု ရှိသည်။)

## PAGE 414
<!-- 14 paragraphs, raw extraction -->



ဝီရိယထုတ်လုပ်နည်း ၁၁-မျိုး

၃ ၇ ၁

သူတော်ကောင်းတရားကို ရှာဖွေကျင့်ကြံရာ၌ သဒ္ဓာဓာတ်-(ယုံကြည်ခြင်း)၊
ဆန္ဒဓာတ်= (မရမနေလိုလားခြင်း)နှင့် အာရမ္ဘ=နိက္ကမ=ပရက္ကမဓာတ်= (ထက် ထက်သန်သန် အားကျမခံ ဇွဲလုံ ့လကြီးကြီးထား၍ အားထုတ်ခြင်း) ထိုဓာတ် သုံးမျိုး အနည်းဆုံးရှိထားသူမှ ပန်းတိုင်ရောက်သည်။

သဒ္ဓာဆန္ဒဓာတ်များဖြစ်ပေါ်လာစေရန် ရတနာသုံးပါး တရားစာပေနှင့် စပ်၍ နှံ့စပ်သိမြင်အောင်လေ့လာခြင်း၊ သဒ္ဓာဆန္ဒ ရှိသောသူများနှင့်သာ ' ပေါင်း ဖော်၍ သဒ္ဓာဆန္ဒနည်းသူများကို ရှောင်ရှားရ၏။ရတနာသုံးပါး ဂုဏ်ကျေးဇူးကို ထပ်တလဲလဲနှလုံးသွင်း ဆင်ခြင်ရသည်။

ကောင်းသည်ဟုယုံကြည်စွာ လိုလားစွာ ဆုံးဖြတ်ပြီးသောကိစ္စကို မဖြစ်မနေ စတင်၍လုပ်ဖြစ်အောင်လုပ်၍ ယူရသည်။ လုပ်ငန်းတခုစမိလျှင် ထိုလုပ်ငန်းအဆုံး တိုင်အောင် ဆောင်ရွက်ရသည်သာဖြစ်၏။ “အာရမ္ဘဓာတ်’ခေါ်၏။

လုပ်ယင်း တွန့်ဆုတ်ပျင်းရှိလာလျှင် ထိုအပျင်းဓာတ်မှ လွန်မြောက်သွား အောင် အားသစ်ထုတ်ရသည်။‘နိက္ကမဓာတ်”ခေါ်၏။ စောသေးသည်, နေမြင့် နေပြီစသော ကောသဇ္ဇ ဝတ္ထုရှစ်ပါး=အပျင်းရှစ်မျိုးကို နိုင်အောင် ချိုးပစ်ရ၏။
နိုင်လိုက်ရုံမျှသာရပ်တန့်မနေပဲ ထိုနိက္ကမဓာတ်အားများ ဆင့်ကာဆင့်ကာ ပွားတိုးလာအောင်လည်း လုပ်ယူရသည်။‘ပရက္ကမဓာတ်”ခေါ်၏။
ထိုအရာအားလုံးကို“ဝီရိယ”ဟုပင်ခေါ်ရ၏။ ယင်းဝီရိယကို အသုံးပြုသော အခါ တွန့်ဆုတ်လေးဖင့်ဖြစ်နေခြင်း(အတိလီန)၊ အလွန်အကျွံ ကြောင့်ကြစိုက် လွန်းခြင်း(အတိ ပဂ္ဂဟိတ) ၊အကောင်အထည်မဖော်နိုင်ပဲ စိတ်ထဲမှာသာ ကျဉ်း ကျုံ့နေခြင်း၊ဝပ်နေခြင်း(အဇ္ဈတ္တ သံခိတ္တ)၊အဖတ်ဆည်မရအောင် အပြင်ထွက် ကာ ပြန့်လွှင့်နေခြင်း(ဗဟိဒ္ဓာဝိက္ခိတ္တ)ထိုလေးမျိုးမှ ကင်းလွှတ်ကာ လုပ်ဆောင် သမျှ သဟိကပ်၍ပါနိုင်မှကောင်း၏။ မျှတညီညွတ်စေရသည်။

၁။

ဝီရိယအင်္ဂါလေးပါး

ကာမီတစောစ

နှာရုဝ အဋ္ဌိစ အဝသိဿတု၊ သရီရေ ဥပသုဿတု … မံသလောဟိတံ၊ ယံ တံ ပုရိသထာမေန ပုရိသ ဝိရိယေန ပုရိသပရက္ကမေန ပတ္တဗ္ဗ ံ၊ န တံ အပါပုဏိတွာ ဝီရိ ယဿ သဏ္ဌာနံ ဘဝိဿတိ။

သွေးသားခြောက်စေ၊ ရိုး, ကြေ,ရေ၊ ကျန်စေ နောက်မဆုတ်။

၂။ ယောက်ျားလုံ့လ၊ ငါမချ၊ မရ မချင်း လုပ်။

## PAGE 415
<!-- 13 paragraphs, raw extraction -->




ကိုယ်ထီလက်ရောက် ထထကြွကြွလုပ်ခြင်းကို ‘ကာယိကဝီရိယ’ ခေါ်၍ “ရဟန္တာ မဖြစ်သမျှ ဒီနေရာက မထွက်တော့ဘူး၊ ဒီတင်ပျဉ်ခွေကိုမဖျက်တော့ဘူး ဟု .စိတ်ကို အခိုင်အမာ စွဲစွဲမြဲမြဲ စောက်ချလိုက်ခြင်းကို စေတသိကဝီရိယ” ခေါ်သည်။

“အသွေး၊ အသားတွေအားလုံး ခြောက်ခန်းပြီး အရိုးပေါ် အရေတင် အကြောအခြင်မျှသာ ကျန်ချင်ကျန်ပါစေ”ဟု ဝီရိယသမ္မပ္ပဓာန်ပြင်းထန်သော လုံ့လရှိမှသာလျှင် ထိနမိဒ္ဓစသော ကိလေသာနီ၁ရဏများ လွင့်ပါးပျောက်ပျက် စေနိုင်သည်။

ဝီရိယတွေ ဘာလုပ်ဖို့ ချန်ထားမလဲ

ယောဂီသည် မိမိသန္တာန်၌ ပြဆိုပြီး ဝီရိယဓာတ်များ (ဝီရိယသမ္ဗောဇ္ဈင်) ဖြစ်ပေါ်အောင် နှလုံးသွင်းနည်း (ဝီရိယထုတ်လုပ်နည်း) ၁၁-မျိုးရှိရာ လျော် သလိုဆင်ခြင်၍ အားဖြည့်ပင့်မြောက် ထိုးတင်၍ ပေးတန်ပေးရသည်။
၁၁-မျိုးကား-

၁။ အပါယ်လေးပါးနှင့် ဝဋ်ဆင်းရဲ၌ခံရမည့် ဘေးများကို ဆင်ခြင် ရခြင်း၊

၂။ “ပျဉ်းရှိသူသည် လောကုတ္တရာကိုးပါး တရားထူးများကို မရနိုင်၊
အပြင်းအထန်အားထုတ်သူမှသာ ရနိုင်သည်’ဤသို့ ဝီရိယအကျိုး ကို ဆင်ခြင်ခြင်း၊

၃။ “ဘုရားပစ္စေကဗုဒ္ဓာ မဟာသာဝကတို့ သွားသော လမ်းအတိုင်း ါသွားသင့်သည်၊ ထိုလမ်းကိုလည်း လူပျင်းတို့ မသွားနိုင်”ဟု အကျင့်လမ်းစဉ်ကို ဆင်ခြင်ခြင်း၊

C

၄။ ဒကာတို့၏ကောင်းမှုအကျိုးကြီးအောင် ပြုလုပ်ပေးခြင်းအားဖြင့် ဆွမ်းကို တုံ့ ပြန်ပူဇော်ခြင်း၊

၅။ “ငါ၏ဆရာမြတ်စွာဘုရားရှင်သည် ဝီရိယ၏ ဂုဏ်ကျေးဇူးကိုအမြဲ ချီးကျူး အားပေးတော် မူသည်၊ ငါသည် ဘုရား အဆုံးအမကို မဖောက်ဖျက်သင့်၊ မြတ်စွာဘုရားကား ငါတို့အပေါ် ကျေးဇူး များလှပါပေ၏။ထိုကျေးဇူးတော်ကို အာမိသပစ္စည်းဖြင့် ဆပ်၍ ပူဇော်ရာမရောက်၊တရားအကျင့်ဖြင့် ဆပ်မှသာလျှင် ကောင်းစွာ ပူဇော်ရာ ရောက်ပေသည်”ဟု မြတ်စွာဘုရား၏ မြင့်မြတ်ပုံကို ဆင်ခြင်ခြင်း၊

## PAGE 416
<!-- 16 paragraphs, raw extraction -->




၆။ “ငါ့မှာသူတော်ကောင်းကြီးများ၏ တရားအမေ့ကိုရမှ ဖြစ်မည်၊
ထိုအမေ့ကိုလည်း ပျင်းရှိ ပေါ့လျော့သူတို့မရနိုင်’ ဟု သူတော် ကောင်းတရားအမွေ၏ မြင့်မြတ်ပုံကို ဆင်ခြင်ခြင်း၊

၇။ တွေ့မြင်ဖူးသော အလင်းရောင်ကို ပြန်လည်နှလုံးသွင်းခြင်း၊ ဣရှိ ယာပုထ်ပြောင်းလဲပေးခြင်း၊ ဟင်းလင်းအပြင်၌ နေခြင်းစသည် တို့ဖြင့် ထိနမိဒ္ဓကို ပယ်ဖျောက်ခြင်း (မိလက္ခတိဿထေရ်အခန်း ကိုလည်းပြန်ကြည့်ပါ။ ဝိသုဒ္ဓိမဂ်-၁၊ ၁၂၈-မှတပါးသောအခြား အဋ္ဌကထာတို့၌ “ဥက္ကာကရာဇ်နွယ်ဖွား ဘုရားသားတော် ဖြစ်၍ ပျင်းရိမနေသင့်ကြောင်း' မိမိ၏အမျိုးဇာတ်မြင့်မြတ်ပုံ ဆင်ခြင် ရန်ပြ၏။)

ဂ။ ဝီရိယနည်းသောလူပျင်းများနှင့် မပေါင်းသင်း မမှီဝဲရခြင်း၊
၉။ ဝီရိယစွဲမြဲ၍ ဇွဲကောင်းသူနှင့်ပေါင်းသင်းမှီဝဲရခြင်း၊
၁၀။ သမ္မပ္ပဓာန်၏အကျိုးကိုဆင်ခြင်ခြင်း၊အခြားအဋ္ဌကထာတို့၌ အရှင် သာရိပုတ္တရာစသော သီတင်းသုံးဖော်တို့၏ မြင့်မြတ်ပုံဆင်ခြင်ရန်

ပြ၏။

၁၁။ ဝီရိယသမ္ဗောဇ္ဈင်၌ စိတ်ညွှတ်ခြင်းတို့ ဖြစ်ကုန်၏။ (ဝိသုဒ္ဓိ-၁၊
၁၂၈။ ဒီ-ဋ္ဌ-၂၊ ၃၇ဂမ-ဋ္ဌ-၁၊ ၂၉၇။ သံ-ဋ္ဌ-၃၊ ၁၉၅။အံ-ဋ္ဌ- ၁၊ ၃၉၂။ဝိဘင်္ဂ-ဋ္ဌ၊ ၂ ၆၅။)

ဤပြဆိုပြီးဝီရိယတက်ကြောင်း နည်းလမ်းကောင်းများကို အသုံးချ၍သူ တော်ကောင်းတရားကိုမလျှော့သောဇွဲဖြင့်ကြပ်ကြပ်အားခဲကြကုန်ရာ၏။ (ကျွန်ုပ် တို့ ရေးသားခဲ့ပြီးသော ရတနာသုံးပါးကျေးဇူး အတုမရှိ ဂုဏ်တော်ဖွင့်လာ “နတ္ထိဆန္ဒဿဟာနိ၊နတ္ထိ ဝီရိယဿ ဟာနိ” ဂုဏ်ဓဘော်အဖွင့်များကို ကြည့်ရှုပါလျှင် လည်း ယောဂီအတွက်တွန်းအားများရရှိနိုင်ပါသည်။)

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးကား’“ဝီရိယတွေ ရှိနေသေး

တယ်။ ဘာလုပ်ဖို့ချန်ထားကြတာတုံးဗျာ့”ဟု အမြဲဆုံးမလေ့ ရှိပါသည်။
န ယိဒံ သိထိလ'မာရမ္ဘ၊ န ယိုး အပ္ပန ထာမသာ။

"

နိဗ္ဗာနံ အဓိဂန္တဗ္ဗ၊ သဗ္ဗဒုက္ခပ္ပမောစနံ။

။

“ရဟန်းတို့…၊ ဒုက္ခအားလုံးက လွတ်မြောက်ရာနိဗ္ဗာန်ကို လျော့လျော့ လျဲကျဲ အနည်းငယ်သောအားစိုက်ရုံမျှ ကြိုးစားကြရုံနှင့် ရနိုင်သည်မဟုတ်ချေ။”

(သံ-၁၊ ၄၆၆-နိဒါနသံယုတ်-နဝသုတ်။)

## PAGE 417
<!-- 15 paragraphs, raw extraction -->




သိထိလော ဟိ ပရိဗ္ဗဇော၊ ဘိယျော အာကိရတေ ရ ံ။
“ရဟန်းတို့…၊ လျော့လျဲလျဲလုပ်သော ယောဂီသည်ပို၍သာ ရှုပ်ထွေးလာ တတ်သည်” (ဓမ္မပဒ။)

ဝိရိယဖြစ်ကြောင်း ရှစ်မျိုး (ဝီရိယာရမ္ဘ·ဝတ္ထု)

ဝီရိယဖြစ်ပေါ်အောင် စိတ်ထားနည်းရှစ်မျိုးကို ဘုရားရှင် ဟောတော် မူထားသည်ကိုလည်း (သင်္ဂီတိသုတ်-ဒီ-၃၊၂၁၂။အံ-၃။ ၁၄၇။ မဟာဋီကာ-၂၊
၁ ၄ ၁)တွေ့ရှိရပေသည်။

၁။ ပြုလတ္တံ့သောအမှုကိစ္စကိုရည်ညွှန်း၍ “ငါ့မှာ လုပ်စရာကိစ္စသစ် တခုပေါ်လာရန်ရှိနေတယ်။ပေါ်လာလျှင် ဒီအလုပ်မပြီးပဲ ရှိလိမ့် မည်။ယခုတဲက ပြီးအောင်လုပ်ထားနှင့်မှ တော်မယ်”ဟု နှလုံး သွင်း၍လုပ်ရခြင်း၊

"

၂။ ပြုပြီးကိစ္စကိုရည်ညွှန်း၍ “ငါ့မှာ ကိစ္စသစ်တခု ပေါ်လာလို့ လုပ် နေကျအလုပ်လစ်ဟင်းခဲ့ရတယ်။ ယခုတော့ထိုကြားဖြတ်အလုပ်လဲ ပြီးသွားပြီ။ ယခုပိုပြီးကြိုးစားလိုက်ဦးမှ”ဟု လုပ်နေကျအလုပ်ကို မဲတင်းလုပ်ခြင်း၊

၃။ ခရီးသွားမှုနှင့်စပ်၍ “ငါ့မှာ ခရီးသွားရန်ရှိနေတယ်၊ သွားယင် ဒီအလုပ်ပျက်လိမ့်ဦးမယ်၊ ခုတဲက ကြိုးစားလုပ်ထားမှ” ဟု ဆင် ခြင်၍ လုပ်ရခြင်း။

"

၄။ သွားပြီးခရီးနှင့် စပ်၍ “ငါ့မှာ ခရီးသွားလို့တော့ ပြီးသွားပြီ၊
အလုပ်များလစ်ဟင်းခဲ့တာ ကြိုးစားပြီး လုပ်ရဦးမှ”ဟု လုပ် ရခြင်း၊

၅။ ဖြစ်ဆဲရောဂါကိုအကြောင်းပြု၍ “ငါ့မှာ မကျန်းမာစ ပြုနေပြီ။
သည့်ထက်ဆိုးလာယင် ဒီအလုပ်မလုပ်နိုင်ပဲ ရှိတော့မယ်။ ခုတဲက ကြိုးစားပါမှ တော်ကာကျမယ်”ဟုနှလုံးသွင်း၍ လုပ်ရခြင်း၊

"

၆။ ကျန်းမာစအခြေအနေကိုကြည့်၍ “ငါယခုနေကောင်းစပြုလာပြီ၊
မကျန်းမာလို့ လစ်ဟင်းခဲ့ရပြီ။ယခုတိုးပြီး ကြိုးစားလိုက်ဦးမှ”ဟု ဆင်ခြင်၍လုပ်ရခြင်း၊

## PAGE 418
<!-- 13 paragraphs, raw extraction -->




၇။ ဆွမ်းအာဟာရပြည့်စုံမှုကိုထောက်၍ “ငါ့မှာယခု ဆွမ်းအာဟာရ ပြည့်စုံနေ၏၊ ခုလို ဘောဇနသပ္ပာယ မျှတတုန်း ကြိုးစားမှ” ဟု အားပေး၍ကြိုးစားခြင်း၊

ဂ။

"

ဆွမ်းအာဟာရ မပြည့်စုံလျှင်လည်း “ငါ့မှာ ပေါပေါများများ မရှိလှသော်လဲ မျှတသေးသဖြင့် ပေါ့ပါး သွက်လက် နေတယ်။
(သည်ထက်မမျှယင် ခက်လိမ့်မယ်) ကြိုးစားလိုက်ဦးမှ”ဟုဆင်ခြင် ကာ မိမိ၏ ပဓာန (ကမ္မဋ္ဌာန်း) အလုပ်စသော လုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ရလေသည်။

သာသနာအလုပ်မှာ အတ္တကိလမထဟူ၍မရှိ


မိလက္ခတိဿထေရ်၊ ဂါမန္တရပဗ္ဘာရဝါသိမဟာသီဝထေရ်၊ ပီတမလ္လထေရ် စသည်တို့သည် ကာယိကဝီရိယကို အသုံးပြုကြကုန်၏။ ကုမ္မိယတိဿထေရ် စသည်တို့သည် စေတသိက ဝီရိယကို အသုံးပြုကြသည်။ ဥစ္စာဝါလုကဝါသီ မဟာနာဂထေရ်ကား ဝီရိယနှစ်မျိုးစလုံးကို အသုံးပြုသည်။

ထိုတွင် မဟာနာဂထေရ်ကား ဣရိယာပုထ်လေးပါးတွင် စင်္ကြံ ၇-ရက်၊
အထိုင် ၇-ရက်၊ အရပ် ၇-ရက်၊ လျောင်းခြင်း ၇-ရက်စီပင် အားထုတ်တော်မူရာ မကျန်းမာ မမျှတသည်ဟူ၍မရှိ။ ဤနည်းဖြင့် အားထုတ်တော်မူရာ ၄-သတ္တာဟ (၂ဂ-ရက်) အရတွင် ဝိပဿနာရှု၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူကြောင်း ‘ဝီရိယထုတ်လုပ်မှု’ သမိုင်းစဉ်ကို မှတ်တမ်းတင်တော်မူခဲ့လေသည်။

သာသနာတော်တွင်း မဂ္ဂင်ရှစ်ဖြာ သံသရာ ထွက်မြောက်ရေးအလုပ်ကို သေကောင်ပေါင်းလဲ အရိုးပေါ် အရေတင်အောင် လုပ်သော်လည်း “အတ္တကိလ မထ” မဆိုရ။ “သမ္မာဝါယာမ' ဟူ၍သာ ဆိုရသည်။

ယေ ပန သာသနေ ပဗ္ဗဇိတာ အာရညကာဝါ ဟောန္တိ ၊ ရုက္ခမူလိကာ ဒယောဝါ၊ တေ ဒုက္ခန န အဒ္ဓဘာဝေန္တိ (အဘိဘဝန္တိ) နာမ။ နိယျာနိက သာသနသ္မိ ံ ဟိ ဝီရိယံ သမ္မာဝါယာမော နာမ ဟောတိ။ (ဥပရို-ဒေဝဒဟသုတ် အဖွင့်-မ-ဋ္ဌ-၄၊ ၇။)

## PAGE 419
<!-- 14 paragraphs, raw extraction -->


၃ ၇ ၆


လမ်းမှားကို ကျင့်ရာ၌ ဝီရိယ နည်းသူသာ သက်သာ၍ ဝိရိယကောင်းသူ ဆင်းရဲရ၏။ လမ်းစဉ်မှန်ကို ကျင့်ရာ၌ကား ဝိရိယနည်းသူ ဆင်းရဲရ၍ ဝီရိယ ကောင်းသူသာလျှင် ချမ်းသာခွင့်ရကြောင်း ဧကကအင်္ဂုတ္တိုရ်၌ ဘုရားရှင် ဆုံးမ တော် မူခဲ့လေသည်။

ဝေဒနာသည်းမခံနိုင်၍ ရှင်ဘုရင် အထင်သေးခံရသော ကန္ဒရ သာလထေရ်

ကန္ဒရသာလ ကျောင်းတိုက် (သီဟိုဠ်မှု-ကန္တကသာရ)၌ သီတင်းသုံးတော် မူသော ဝါတော် ခြောက်ဆယ်ရှိ မထေရ်ကြီးတပါး ပြင်းထန်လှသော ရောဂါ တခုကြောင့် ပျံလွန်တော်မူမည်ရှိနေစဉ် တိဿမင်းကြီး (သီမူ-ဝသဘမင်းကြီး) သည် မထေရ်ကြီးအား ကန်တော့ရန် ကျောင်းသို့ သွားလေ၏။

ကျောင်းပေါက်သို့ ရောက်လျှင်ပင် မချိတင်ကဲ ညည်းညူနေသံကို ကြား ရသဖြင့် မင်းကြီးက’

“ဒါ….ဘာသံလဲ”ဟု မေးတော်မူလျှင် မထေရ်ကြီး ဝေဒနာ မခံသာ၍ ညည်းညူနေကြောင်း သိရသည်နှင့်—

“အင်း…..ဖြစ်မှ ဖြစ်ရလေ၊ ရဟန်းလုပ်နေပြီး ရဟန်း ဝါတော်တောင် ခြောက်ဆယ် ကျော်နေပြီ၊ ရောဂါဝေဒနာကို သိမ်းဆည်းနိုင်ရုံ (ဝေဒနာကျော် လွန်နိုင်ရုံ)လောက်မှ ရှုမှတ်မှု မရှိရှာပဲကိုး၊ ...ငါလဲ မကန်တော့တော့ပါဘူး ဟု စဉ်းစားကာ ကျောင်းထဲသို့ပင် မဝင်တော့ပဲ မဟာဗောဓိ ရှိခိုးရန် လှည့်ပြန် သွားလေတော့၏။

မထေရ်ကြီး၏တပည့် ရဟန်းငယ် တပါးသည် . ထိုအကြောင်းကို သိရ၍ မိမိဆရာတော်အတွက် စိတ်မကောင်းဖြစ်ကာ ချက်ချင်း မထေရ်အား သွား၍ လျှောက်လေသည်။

“အရှင်ဘုရား…၊ ဘာဖြစ်လို့ တပည့်တော်တို့ကို အရှက်ခဲ့ရတာလဲ့ဘုရား။
အခုပဲ သာသနာတော်ကိုရော၊ ဆရာတော့်ကိုပါ အလွန်ကြည်ညိုနေတဲ့ ဒကာ တော်မင်းကြီးဟာ စိတ်မချမ်းမသာနဲ့ ရှိမခိုးတော့ပါဘူးဆိုပြီး ကျောင်းပေါက် ကပဲ လှည့်ပြန်သွားတယ်။

"

:

ဆိုပါအုံး…၊ မောင်ပဇင်းရဲ့၊ အဲဒါ….ဘာဖြစ်သလဲ။” “တခြားအကြောင်းမရှိပါဘုရား၊အရှင်ဘုရား ဉာည်းညူနေတာ ကျောင် ဝင်းအပြင်ဘက်ကတောင် ကြားနေရလို့ပါပဲ။”

## PAGE 420
<!-- 16 paragraphs, raw extraction -->


"


.၃၇၇

ဪ…ဒီလိုလား၊ အေး….ဒီလိုဆိုလဲ ကဲ….ငါ့ရှင် အပြင်ခဏသွား၊
ဘယ်သူမှလဲ ဒို့များဆီ ဝင်မလာစေနဲ့။”

မထေရ်ကြီးသည် သံဝေဂဖြစ်ကာ ချက်ချင်းပင် တရားရှုမှတ်နိုင်အောင် ဆိတ်ငြိမ်မှု ရယူ၍ ရှုမှတ်တော်မူ၏။ သေဝပါးနီး သည်းထန်စွာ နှိပ်စက်နေသော ဒုက္ခဝေဒနာကို မေ့ဖျောက်ကာ ခန္ဓာကိုယ် ရုပ်နာမ် တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ကို ရှုမှတ်တော်မူလိုက်၊ ဝေဒနာကိုပင် ရှုမှတ်လိုက်ဖြင့် စိတ်အား ထက်သန်စွာ ရှုမှတ်တော်မူရာ တခဏချင်းပင် အာသဝေါ ကုန်ခန်း၍ ရဟန္တာ ဖြစ်တော်မူလေ သည်။ (အဋ္ဌကထာ၌ “ဝေဒနံ ဝိက္ခမ္ဘိတွာ” ဟုသာ လာ၏။)

မူလျက်…

"

ချက်ချင်းပင် အပြင်သို့ ထွက်ခွာပေးသော တပည့်အား ပြန်၍ ခေါ်တော်

“ကဲ…ငါ့ရှင်၊ မင့်…ဒကာတော် မင်းကြီးကို သွားပြောချေ။ ဒကာတော် ဒို့များကို ယခု လာဖူးတွေ့လှည့်ပါလို့”ဟု မိန့်တော်မူလေ၏။ ရဟန်းငယ်လည်း ဆရာမထေရ်ကြီး အမိန့်အရ မင်းကြီးအား သွား၍ ပြောရလေသည်။

“မင်းကြီးလည်း အလွန်ကျက်သရေရှိလှသော မိကျောင်းလျှက် သဏ္ဌာန် ဝတ်စုံကိုဝတ်၍ မထေရ်ကြီးအား လာရောက် ကန်တော့ရာ’

"

“ဆရာတော်ဘုရား…၊ယခု ဒကာတော်ဟာ အရှင်ဘုရားရဲ့ အရဟတ္တဂုဏ်ကို ရှိခိုးခြင်းးမဟုတ်ပါ။ အရဟတ္တဖိုလ်ကို အလွယ်တကူ ရယူ ပေးနိုင်လောက်အောင် အဆင်သင့် သန့်ရှင်း စင်ကြယ် တော်မူလှသော အရှင်ဘုရား၏ ပုထုဇဉ်ဘဝက ရှိထားခဲ့တဲ့ စတုပါရိသုဒ္ဓိသီလကိုသာလျှင် ဒကာတော် လေးစားကြည်ညို လှသ ဖြင့် ရှိခိုးရခြင်း' ဖြစ်ပါဘယ်ဘုရား။

သီလကို လိုအပ်သည်ထက် မကြောင့်ကြသင့်

ဤသို့လျှင် သီလသည် မဂ်ပညာ, ဖိုလ်ပညာများကိုပင် တောက်ပြောင် အရောင်ထွက်လာအောင် ဆေးကြော ရယူပေးနိုင်လေသည်။ အတွင်း သန္တာန်၌ ယင်းသို့သော “အပရာမဋ္ဌသီလမရှိသူအား အဘယ်မှာလျှင် မဂ်ပညာ, ဖိုလ်ပညာ များ ဖြစ်ပေါ်လာပါအံ့နည်း။

သို့ရာတွင် သန္တတိအမတ်ကြီး စသူတို့ကဲ့သို့ မီးခဲပြာဖုံး, ဘုန်းပါရမီ အခံ ရှိသော ဥစ္စာဋိတညူ' ပုဂ္ဂိုလ်များအတွက်ကား သီလတရားသည် ကြိုကြိုတင်တင် အဆင်သင့် ဖြူစင်ချင်မှဖြူစင်နိုင်မည်ဖြစ်သော်လည်း ဂါထာတပုဒ်မျှ ကြားနာရ ရုံဖြင့် ရုတ်တရက် တည်ရသော သီလပင် ဖြစ်သော်လည်း မဂ်ပညာဖြင့် သီလကို

## PAGE 421
<!-- 9 paragraphs, raw extraction -->




ပို၍ တောက်ပြောင်စေနိုင်သည်လည်း ရှိပေသည်။ (ဒီ-ဋ္ဌ-၁၊ ၂၆၀-သောဏဒဏ္ဍ သုတ်-သီလပရိဓောတာ ပညာ' ပုဒ် အဖွင့်။)

အရိယမဂ်နှင့် ထိန်းချုပ်နိုင်၍ လုံခြုံသော သီလထက် ပုထုဇဉ် ဘဝဖြင့် လုံလဲအောင် စောင့်ထိန်းရသော သီလသည် ပို၍ ခက်ခဲကျပ်တည်းလှပေ၏။ ပို၍ မြင့်မြတ်သည်မဆိုအပ်သော်လည်း အတိုင်းမသိ ချီးကျူး ပူဇော်အပ်ပေသည်။
ထို့ကြောင့် တိဿမင်းကြီး လျှောက်ထားခြင်းဖြစ်ရာ မှတ်သားလောက်ပါပေ၏။

တရားအလုပ်စခန်းနှင့်စပ်၍ သီလအကြောင်း ပြောဆို စဉ်းစားကြသော အခါ “သီလအရေးမကြီးလှ’ သကဲ့သို့ ပြောဆို ရေးသားမှုများ ရှိကြ၏။ လိုအပ် သည်ထက်ပင် ကုက္ကုစ္စဖြစ်ကာ သီလ ဆေးကြောပွတ်တိုက်နေရသည်နှင့် အချိန် ကုန်ကာ လိုအပ်သလောက်ကိုပင် မဖြူစင်စေနိုင်သေးထင်၍ ဘာဝနာအလုပ်ခွင်သို့ မရောက်နိုင်သူများလည်း ရှိနေကြ၏။

မည်သည့်သီလမဆို သီလကိုချည်း မဲတင်းစောင့်ထိန်းနေပါက အကြွင်းမဲ့ စင်ကြယ်အောင် စောင့်ထိန်းရန် မလွယ်ကူလှ။ အဓိသီလလည်း မဖြစ်နိုင်ချေ။
(ရှေးက ဝိပဿနာအလုပ်များ ငုပ်ကွယ်နေခဲ့သဖြင့် ရာသက်ပန် ဓုတင်နှင့် အချိန် ကုန်ခဲ့ကြရလေပြီ။)

အထိုက်အလျောက် သီလကို ဆောက်တည်ခံယူပြီး သမထ ဝိပဿနာ ဘာဝနာအလုပ်ခွင်သို့ တောက်လျှောက်ဝင်ကာ တပြိုင်နက်ထူထောင်သွားပါလျှင် သီလသည် စိတ်တိုင်းကျ ဖြူစင်လာ၏။ အထူးပင် စောင့်ထိန်း နေရသည် မရှိ။
ထိုအခါ သီလမျိုးမှလည်း ‘အဓိသီလ’သာသနာတွင်း သီလ, “အရိယကန္တ (အရိယာတို့လိုလားသော)သီလ”, “ဘုဇိဿ(ဘဝကိုတော်လှန်နိုင်သော)သီလ= မဂ်ဖိုလ်ကိုရယူပေးနိုင်သော သီလ ဖြစ်လာလေတော့သည်။

အဘယ့်ကြောင့်ဆိုသော် တရားရှု မှတ်ချက် တချက်တချက် အတွင်း၌ပင် သီလမဂ္ဂင်သုံးပါး (သမ္မာဝါစာ၊ ကမ္မန္တ၊ အာဇီဝ)တို့ အလိုလို ပါဝင်သွားသော ကြောင့် ဖြစ်လေသည်။ရှုမှတ်ချက်တိုင်းတွင် မဂ္ဂင်ရှစ်ပါး ဖြစ်၍ဖြစ်၍ နေသည်ကို ကိုယ်တိုင် လုပ်ပြီးမှသာ သဘောကျနိုင်သဖြင့် လိုအပ်သည်ထက် ချဲ့ထွင် ကြောင့်ကြ၍ ကုက္ကုစ္စ ဖြစ်နေသူများအား ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီး ရေးသားတာ် မူထားသော “ဝိပဿနာရှုနည်းကျမ်း´ (ပထမတွဲ) သီလခန်းကို ဆိုလိုချက်မိအောင် အထပ်ထပ် ဖတ်ရှုစဉ်းစားရန် တိုက်တွန်းလိုပါ သည်။ (ဗြုန်းကနဲ လိုရာ ကွက်၍ ဖတ်လျှင် “သီလအရေးမကြီး”ဟု ဆိုသကဲ့သို့ ထင်ချင်ထင်နေဦးမည်ဖြစ်၍ “အထပ်ထပ်’ဟု ဆိုရပါသည်။)

## PAGE 422
<!-- 11 paragraphs, raw extraction -->




သာသနာအပြင်ဘက်၌ရှိသော သီလများသည်၊ သို့မဟုတ် ဤသာသနာ တွင်း သီလသည်ပင် အဓိသီလ (ဘာဝနာ) နယ်ပယ်သို့ မရောက်နိုင်သေးလျှင် အဘယ်မျှ ကောင်းမွန် စင်ကြယ်ပါသည် ဆိုစေကာမူ သမာဓိ,ပညာ အကူအညီ မရသဖြင့် မြင့်မြတ်သောသီလအဖြစ်သို့ မရောက်သေး။ မြင့်မြတ်သော သီလကိုမှ မရရှိနိုင်လျှင် သာသနာနှင့် ကြုံရကျိုး မနပ်ချေ။

အပူအအေးဒဏ်ကို သည်းခံရှုပွားသော လောမသ နာဂထေရ်

ကိလေသာပယ်သတ်နည်း ခနစ်မျိုး

မြတ်စွာဘုရားရှင်သည် “မူလပဏ္ဏာသ သဗ္ဗာသဝ သုတ်'၌ ကိလေသာ အာ သဝေါတရားများ မဖြစ်ပေါ်အောင် ခုခံကာကွယ်နည်း၊ ကျော်လွန်နည်းများကို အသေးစိတ် ဟောတော်မူထား၏။

၁။

မိမိ သင်ယူ လေ ့ကျက်ထားသော စာပေ ပရိယတ် စသည်ဖြင့် သင့်မသင့်ဆင်ခြင်ကာ ကိလေသာပယ်သတ်နိုင်သော ဉာဏ်အမြင် ရအောင်ပြုလုပ်ခြင်းအားဖြင့် ကိလေသာပယ်သတ်ခြင်း၊ (အရှင် တိဿဘူတိထေရ်ကဲ့သို့။ ပြခဲ့ပြီ။)

၂။ ဣန္ဒြေတို့ကို ပိတ်ဆို့ ခြင်းအားဖြင့် ပယ်သတ်ရခြင်း၊
၃။ ဉာဏ်အမြင်ဖြင့်ဆင်ခြင်မှီဝဲသောအားဖြင့် ပယ်သတ်ခြင်း၊(ပစ္စည်း လေးပါး အပေါ် ပစ္စဝေက္ခဏာဖြင့် သုံးစွဲခြင်း၊ မရနိုင်သည်ကို လိုချင်မှု၊ နှစ်သက်မှု “ကာမာသဝ'၊ ငါရသည်, ငါ့ပစ္စည်းဟု ခံယူမှု ဒိဋ္ဌာသဝ” စသည် မဖြစ်ပေါ်အောင်ဟု ဆိုလို၏။) ၄။ အပူအအေးဒဏ်၊ မှက်၊ ခြင်၊ လေ နေပူ ကင်းသန်း၊ ဆဲရေးရှုတ်ချ ခြင်း စသည်ကို သည်းခံ၍ ပယ်ရခြင်း၊ (အဓိပ္ပာယ်ကျယ်လှ၏။) ၅။ ရှောင်လွှဲ၍ ပယ်ရခြင်း၊ (သားရဲ၊ ဆူးငြောင့်ခလုတ်၊ မိတ်ယုတ် စသည်ရှိသော နေရာမျိုးသို့ မသွားခြင်း၊ ရှောင်ကြဉ်ခြင်း အား ဖြင့်လည်း ပယ်ရ၏။)

၆။ မေ့ဖျောက်ပယ်ဖျက်၍ပယ်ရခြင်း၊ (ကာမဝိတက်စိတ် စသည်ကို မေ့ဖျောက်နှင်ထုတ်ခြင်းအားဖြင့်လည်း ပယ်ရ၏။)

## PAGE 423
<!-- 16 paragraphs, raw extraction -->


1

r

၃၇ဝ


၇။ သင့်မသင့်ဆင်ခြင်၍ ဗောဇ္ဈင်တရားတို့ကို ပွားများပေးခြင်းအား ဖြင့် ပယ်သတ်ခြင်းဟု ကိလေသာပယ်သတ်နည်းများကိုပေးတော် မူခဲ့သည်။

ယောဂီများ အလျဉ်းသင့်သလို အမြဲ သုံးစွဲရမည့် နည်းများပေတည်း။

အရိယာ သူတော်ကောင်းကြီး အဆက်ဆက်တို့သည် အထက်ပါ နည်း များကို ကျင့်သုံး၍ လွှတ်မြောက်သွားကြရပေပြီ။ အရှင်မဟာ ဗုဒ္ဓဃောသ ဆရာ တော်ကြီးသည်လည်း ယောဂီများအား ဆေးအဖြစ် သီဟိုဠ်ခေတ် ယောဂီ ရဟန်း တော်များကို နမူနာတင်၍ အားဖြည့်ပေးတော်မူခဲ့လေသည်။

အပူအအေး သည်းခံခြင်းအားဖြင့် ကိလေသာ တော်လှန်ရာ၌ အရှင် လောမသ နာဂထေရ်ကို စံတင်တော်မူခဲ့၏။

ယေဘုယျအားဖြင့် ယောဂီတို့သည် သဘာဝအလျောက် ဖြစ်ပေါ်နေသော

ပူမှု အေးမှု ရာသီဥတုနှင့် အမြဲတစေ ရင်ဆိုင်နေကြရလေရာ “ပူလျှင်လည်း ပူလို့၊
အေးလျှင်လည်း အေးလို့ဟု အကြောင်းပြကာ ကိုယ်ရော စိတ်ပါ တွန့်ဆုတ် လှုပ်ရှားလာတတ်၏။ ကမ္မဋ္ဌာန်းအလုပ်ကိုပင် ဖြုတ်ပယ်၍ထားတတ်ကြလေသည်။

အရှင်လောမသနာဂထေရ်ကား ထိုသို့မဟုတ်ချေ။ ပူ၍အေး၍ မတုန်လှုပ်၊
ကမ္မဋ္ဌာန်းကို မဖြုတ်သည့်အပြင် တိုး၍သာ မဲတင်း လုပ်တော်မူသည်။

တခါက ယင်းမထေရ်သည် စေတီယတောင် ပိယင်္ဂဂူကမ္မဋ္ဌာန်းကျောင်း၌ နေစဉ် “ယမဒါဌာ=သေမင်း အစွယ်ထက်သော ရက်ဟု ခေါ်ဆိုရသည့် တပို ့တွဲ တပေါင်းကြား ရှစ်ရက် နှင်းတဖွဲဖွဲကျ၍ အချမ်းအေးဆုံး(အန္တရဋ္ဌက) ရာသီ၌ပင် အမ္ဘောကာသိက ဓုတင် ဆောင်လျက် တောင်ထိပ် ကမ္မဋ္ဌာန်းကျောင်း လွင်တီး ခါင်၌ အအေးဒဏ်ကို အမှုမထားပဲ ရှုပွားတော်မူ၏။

"

“ငါ့ရှင် နာဂ၊ ယခု မင်းမှာ အေးတာ လောကန္တရိုက် ငရဲမှာ ခံရတဲ့ ငရဲသားတွေနှင့်စာယင် ဘာဟုတ်သေးသလဲ။ အဲဒီ မြေ့ မြေ့ ကြေအောင် အေးတဲ့ ရဲမှာ မင်းလဲ ခံခဲ့ရလှပြီ။ မင်း နောက်ထပ် မသွားချင်ယင် ကြိုးစား။”

အလွန် ပူပြင်းလှသော နွေရာသီ၌လည်း စေတီယတောင်ထိပ်သည် ပို၍ပင် ပူပြင်းလှ၏။ မထေရ်ကား ဆွမ်းစားအပြီး လိုဏ်ဂူ အပြင် စင်္ကြံလမ်းပေါ်၌ပင် ထိုင်၍ ရှုမှတ်တော်မူသည်။ လက်ကတီးကြားမှစ၍ တကိုယ်လုံး သင်္ကန်းများပါ ချွေးများ ရေညှစ်၍ ရလောက်အောင် ရွှဲရွှဲစိုနေတော့၏။ မထေရ်သည် မည်မျှပင် ပူလောင်စေကာမူ ကမ္မဋ္ဌာန်းကိုကား လက်မလွှတ်ချေ။

## PAGE 424
<!-- 11 paragraphs, raw extraction -->



၃ ၈ ၁.

သို့ရာတွင် သာသနာပ အညတိတ္ထိယတို့ကဲ့သို့ အပူခံ အအေးခံသော “အတ္တ ကိလ မထမဟုတ်၊ ကမ္မဋ္ဌာန်းသတိမလွှတ်သော မဇ္ဈိမ ပဋိပဒါ အကျင့်မြတ်ပင် ဖြစ်သည်။

ယင်းသို့ မထေရ်သည် နေပူခေါင်ခေါင် ကျောက်ဆောင်ကွင်းပြင်၌ ချွေး သံများဖြင့် နေတော်မူသည်ကို မမြင်ရက်၍ မထေရ်အနီးသို့ တပည့်တပါးလာ ရောက်က၁—

“အရှင်ဘုရား…၊ ဟိုဘက်နားကို ကြွပြီး သီတင်းသုံးပါ၊ အပူ သက်သာ ပါတယ်”ဟု လျှောက်ထားလျှင်-

“ငါ့ရှင်၊ ဒိုဒီမှာ အပူဘေးကြီးနှင့်ပဲ ထိုင်နေတာ၊ မဟာအဝီစိငရဲကြီးမှာ သည့်ထက် အများကြီး မနှိုင်းယှဉ်သာအောင် ပူတယ်။ ငါတို့ အကြိမ်ကြိမ် ရောက်ခဲ့ရပြီ။ ဒီအပူက အများကြီး သက်သာပါသေးတယ်”ဟု မိန့်တော်မူကာ ထိုင်မြဲထိုင်နေတော်မူ၏။

ထို့အတူ ယောဂီ သူတော်ကောင်းကြီးများသည် အစာရေစာ နှစ်နပ်၊
သုံးနပ် ပြတ်လပ်သော်လည်း မပြုကြပေ။ ပြိတ္တာ ဘုံသားများကို ဆင်ခြင်ကာ ကမ္မဋ္ဌာန်းကို မလွှတ်၊ တွင်တွင်ကြီးသာ အားထုတ်တော်မူကြ၏။

မှက်, ခြင်,လေ, နေပူများနှင့် ရင်ဆိုင်ရသောအခါတွင်လည်း တိရစ္ဆာန် တို့၏ဘဝကို ဆင်ခြင်ကာ တွင်တွင်ကြီးသာ မဲကြလေ၏။ မြွေ ကင်းစသော အကောင်များ တိုက်ခဲခြင်း ခံရရာ၌လည်း ခြင်္သေ့ သစ်, ကျားများ၏ ပါးစပ် တွင်းသို့ အကြိမ်ကြိမ် သက်ဆင်း ဝါးမျို ခံရပုံများတို ဆင်ခြင်ကာ သည်းခံမြဲ သည်းခံ၍ ကိလေသာကို အနိုင်ယူကြလေသည်။

ရှေးရှေးဘုရားရှင်တို့လည်း ဝိနည်း သိက္ခာပုဒ်၊ ပိဋက သုံးပုံ ဟူ၍ပင် မဟော၊ မထား၊ ခန္တီ ပရမံ တပေါ တိ တိက္ခာသည်းခံခြင်းတရားကိုသာ ဟော တော်မူခဲ့ကြကုန်၏။ သည်းခံမှ နိဗ္ဗာန် ရနိုင်ကြလေသည်။ (မ-ဋ္ဌ-၁၊ ဂ၁-သဗ္ဗာ သဝသုတ် အဖွင့်။)

သည်းခံခြင်း၏သဘောကား ကျယ်ဝန်းလှပေ၏။ ယောဂီ၌ နေမှုထိုင်မှု၊
အစားအစာ၊ အပြောအဆို၊ အကောင်းအဆိုး၊နောက်ဆုံး တရားမှတ်၍ ကောင်း ခြင်း မကောင်းခြင်းမှအစ အားလုံးကို သည်းခံရ၏။ မှတ်လို့ကောင်းသည်၌လည်း အမှတ် တမှတ် သာရ၏။ မကောင်းသည်ကိုမှတ်ရ၍လည်း လျော့မသွား၊တမှတ်ပင် ၎၏။ (ခန္တီအကျယ်ကို “ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ”စာအုပ်၌ များစွာရေးခဲ့ပြီ။)

## PAGE 425
<!-- 9 paragraphs, raw extraction -->


၃၈.၂


မြွေကိုက်ခံရ၍ ဟရားရသော ပဓာနိယထေရ်

ပဓာနိယ မထေရ်သည် ခဏ္ဍစေလကျောင်းတိုက်ကြီးအတွင်း မဟာလှေ ကားပန်း ကမ္မဋ္ဌာန်းကျောင်းကလေး၌ သီတင်းသုံးတော်မူသည်။

မထေရ်သည် ထိုကျောင်းတိုက်အတွင်း မထေရ်တပါးက အရိယဝံသ တရားတော်ကို ဟောကြား၍ တရားနာယူနေခိုက် မြွေဆိုး ကိုက်ပေါက်ခြင်း ခံရ လေ၏။ မထေရ်သည် မြွေကိုက်မှန်း သိသော်လည်း အရိယဝံသတရားတော်၌ အလွန်စိတ်ပါဝင်စားကာ ကြည်နူးနှစ်သက်တော်မူလှသဖြင့် တရားနာ မဖျက်ပဲ နာမြဲ နာနေလေ၏။

အရိယဝံသတရား လေးပါးရှိသည်။ သင်္ကန်း, ဆွမ်း, ကျောင်း၌ ရောင့် ရဲ၍ ဘာဝနာ၌ ပျော်မွေ့ ခြင်းတည်း။ ယင်း လေးမျိုး ရှိထားလျှင် နေရာမရွေး ပျော်နိုင်၍ နတ်ဗြဟ္မာတို့ ချစ်ခင်လေးစားကြ၏။ (အံ-၁၊ ၃ ၃၆။ဒိဃ-၃၊၁၈၈။)

တဖြည်းဖြည်း အဆိပ်မှာ ပြင်းထန်လာပြီး တရိပ်ရိပ် တက်၍တက်၍လာရာ အရိယာ သူတော်ကောင်းကြီးများ၏ ကျင့်စဉ် အလေ့အလာအတိုင်း ရဟန်း ပြုသည်မှအစ မိမိသီလကိုသာ ဆင်ခြင်နေမိသည်။ မိမိထိန်းသိမ်းထားသော သီလ သည် တစုံတရာ အပြစ်အနာအဆာမရှိ၊ အကြွင်းမဲ ့ ပြည့်စုံလုံလဲနေသည်ကို သိမြင် တော်မူသဖြင့် ခန္ဓာကိုယ်၌ ပြန့်တက်လာသော မြွေဆိပ်များအစား ပီတိစိတ်များ သည် တဖွားဖွား ဖြစ်ပေါ်လာ၏။ နှစ်သက်သော ပီတိစိတ်များ တကိုယ်လုံး ဖြာ၍ တက်လာလျှင်ပင် တကိုယ်လုံး၌ ပြန့်နေသော မြွေဆိပ်များလည်း တဖြည်း ဖြည်း လျှောကျလာကာ ကိုက်သောဒဏ်ရာမှ စုပြုံထွက်ဆင်း၍ မြေကြီးအတွင်း သို့ ကျဝင်ကုန်တော့သည်။

မထေရ်သည် “ပီတိမနဿ ကာယော ပဿန္တိတိ=ပီတိစိတ်ဖြစ်လျှင် တကိုယ် လုံး ငြိမ်းအေးခြင်း ဖြစ်ပေါ်ကာပဿဒ္ဓိ=ငြိမ်းအေးခြင်း အားကောင်းလာသည် နှင့်အမျှ သမာဓိလည်း စူးစိုက်၍ လာလေရာ ထိုမြွေကိုက်ခံရသော နေရာ၌ပင် ဆက်လက်၍ ဝိပဿနာ ရှုပွားကာ ရဟန္တာ ဖြစ်တော်မူလေသည်။ (မ-ဋ္ဌ-၁၊ ၈၂- သဗ္ဗာသဝသုတ်အဖွင့်။)

## PAGE 426
<!-- 16 paragraphs, raw extraction -->




မြွေကိုက်ခံရ၍ အနာဂါမ် ဖြစ်သွားသော ဝိဏ္ဍပါတိကထေရ်

သီဟိုဠ်ကျွန်း ဂင်္ဂါဝနဝါလိ အင်္ဂဏ(သီဟိုဠ်မူ-ဂဝရဝါဠ အင်္ဂဏ)အရပ်၌ ဝါကပ်တော် မူကြသော အရှင်မြတ် သုံးကျိပ်တို့သည် လပြည့် လကွယ် နေ့တိုင်း “အရိယဝံသ တရားလေးပါး”ကို ဟောကြား နာယူကြကုန်၏။

တခုသော လကွယ်နေ့ည တံရားပွဲ၌ ပိဏ္ဍပါတိက (ရဟန်းဘွဲ့ မသိလျှင် ပိဏ္ဍပါတိက မထေရ် ဆွမ်းခံ ကိုယ်တော်ဟု သုံး၏။ ဆွမ်းခံသောအကျင့်ကို ဂုဏ်တင်ခြင်း ဖြစ်ဟန်ရှိပေသည်။) မထေရ်ဘပါးသည် နောက်ကျနေ၍ ပရိသတ် အစွန် မရှင်း မလင်းလှသော ထောင့်ကွေး တနေရာ၌နေ၍ တရားနာယူရ၏။

တရားနာယူနေစဉ် မြွေတကောင်သည် မထေရ်၏ ခြေသလုံး အသားပုံကို ကိုက်ခဲလေရာ တရားပွဲနှင့် တရားနာယူမှု အနှောင့်အယှက် မဖြစ်စေရန် မြွေကို . ဆွဲဖြုတ်ဖမ်းယူပြီး အသင့်ပါလာသော အိတ်ထဲ၌ ထည့်၍ ပိတ်ချည်ကာ မလှမ်း မကမ်း တနေရာ၌သွား၍ ချထားလိုက်သည်။

မြွေကိုက်သောဒဏ်ကို အောင့်အည်းသည်းခံ၍ တရားကို နာမြဲ ·နာယူ လေ၏။ မြွေဆိပ်များ တရိပ်ရိပ် တက်လာသော်လည်း “ဘာဝနာ၌ စိတ်ကို စွဲမြဲ ထားရမည်”ဟု ဟောကြားနေသော အရိယဝံသတရားကို လက်ကိုင်ပြုကာ တရား နာယင်း နှလုံးသွင်းမြဲ သွင်းနေလိုက်လေသည်။

တရားပွဲမှာ သီဟိုဠ် ထုံးစံအတိုင်း ညလုံးပေါက် ဟောကြားနာယူကြသော တရားပွဲဖြစ်၍ အရုဏ်တက်မှပင် ပြီးဆုံးလေသည်။ အရုဏ်လည်းတက်၊ တရား ပွဲလည်းပြီး၊ ပိဏ္ဍပါတိက မထေရ် တကိုယ်လုံး ပြန့်တက်လာသော မြွေဆိပ်များ လည်း ဘာဝနာ သမာဓိတန်ခိုးကြောင့် ကိုက်ခဲသော ဒဏ်ရာ အပေါက်မှ ထွက် ကျကာ မြေကြီးထဲသို့ ဝင်သွားကုန်၏။ နေအရုဏ်နှင့်အတူ အနာဂါမိဖိုလ်သို့ ရောက်တော်မူလေသည်။

တရားပွဲပြီးလျှင် သီတင်းသုံးဖော်များအား’

“ငါ့ရှင်တို့….၊ ဒီမှာ ကြည့်ကြပါအုံး။ သူခိုးတကောင်ကို တရားပွဲ လာ စော်ကားလို့ ဖမ်းချုပ်ထားရတယ်”ဟု ညဦးက အိတ်ဖြင့် ပိတ်လှောင်ထားသော မြွေကို ဖွင့်လွှတ်ယင်း ပြောဆိုလိုက်ရာ

"

"

အရှင်ဘုရား…၊ ဘယ်အချိန်က အကိုက်ခံရတာပါလဲ။” “မနေ့ည ညဦးတုန်းကပဲ။”

“အမယ်လေး ဘုရား….၊ ဖြစ်မှ ဖြစ်ရလေ၊ ဒီလောက် အန္တရာယ်ကြီးတာ

ဘာလို့ ချုံ့နေရပါလဲဘုရား။”

## PAGE 427
<!-- 15 paragraphs, raw extraction -->



"


“ငါ့ရှင်တို့…၊ ……ငါ့ရှင်တို့ အမိန့်ရှိတာလဲ မှန်ပါရဲ့။ သို့သော်လဲ တပည့် တော် မြွေကိုက်လို့ပါဆိုပြီး``ဖွင့်ပြောလိုက်ယင် တပည့်တော်ရော အရှင်ဘုရား တို့ပါ ယခုလို အကျိုးတရားတွေ ရကြတော့မှာ မဟုတ်လို့ ဒီလိုပဲ တညလုံး သည်းခံ ပြီး နေခဲ့ရတာပဲ”ဟု အချီအချ ပြောဆိုကြလျက် တရားတော်၏ ကျေးဇူးဂုဏ်ကို ကိုယ်တွေ့ကြုံကာ ယုံကြည်လေးမြတ်တော် မူကြလေကုန်၏။ (အံ-ဋ္ဌ-၂၊ ၁၃၄- တိဌာနသုတ်အဖွင့်။ တရားနာယူရသောအကျိုးပြဝတ္ထု။)

တရားဟောကောင်း၍ ဆဲရေးသည်ကို ခံနိုင်သော ဒီဃဘာဏက အဘယထေရ်

နာမည်ကျော် ဒီဃဘာဏက အဘမ မထေရ်သည် တနေ့သောအခါ တရား ပွဲတခုသို့ ကြွရောက်၍ ညတရား ဟောတော်မူရ၏။

ဟောကြားသော တရားမှာ ပစ္စည်း လာဘ်လာဘ၌ ရောင့်ရဲ၍ ကမ္မဋ္ဌာန်း အလုပ်၌ စွဲမြဲရပုံ မဟာအရိယဝံသ ကျင့်စဉ် တရားတော်ဖြစ်ရာ အနယ်နယ် အရပ် ရပ်မှ လူပရိသတ်, ရဟန်းပရိသတ်များစွာ တရားနာ လာကြ၏။

တရားနာလာသော ပရိသတ်တွင် အသက်ကြီးသော မထေရ်ကြီးတပါးမှာ အလိုလို မနာလိုဖြစ်ကာ—

ဒီဃ ဘာဏကဟာ အရိယဝံသကျင့်စဉ် တရားကို ဟောပြမယ်ဆိုပြီး တည လုံး မဟုတ်တမ်းတရားတွေ လျှောက်ပြောနေတာပဲ”စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချကာ ဆဲရေးတိုင်းထွာ၍ နေလေ၏။

တရားပွဲပြီး၍ ကျောင်းသို့ အသီးသီး ပြန်ကြသောအခါ အဘယမထေရ် သည် ထိုဆဲရေးသော မထေရ်ကြီးနှင့် တဂါဝုတ် (၂-မိုင်) ခန့် တလမ်းတည်း ပြန်ကြရသည်။ ထိုမထေရ်ကြီးသည် လမ်းတလျှောက်လုံးလည်း မထေရ်အား ဆဲရေး တိုင်းထွာလျက် ရှေ့က ကြွနေ၏။ တဂါဝုတ်ကျော်လျှင် လမ်းခွဲရမည်ဖြစ်၍ လမ်းခွဲသို့ ရောက်သောအခါ အဘယမထေရ်က မထေရ်ကြီးအား လက်အုပ်ချီ ရှိခိုးလျက်

.

“အရှင်ဘုရား…၊ အရှင်ဘုရားကြွမယ့် လမ်းက ဒီဘက် လမ်းပါဘုရား”ဟု လျှောက်ရာ မထေရ်ကြီးမှာ မသိကျိုးကျွံပြု၍ လှည့်၍ မျှပင် မကြည့်ပဲ ကြွသွား

လေ၏။

အဘယမထေရ်လည်း မိမိကျောင်းသို့ ရောက်၍ ခြေဆေးပြီး အမောပြေ ထိုင်နေတော်မူစဉ် တရားပွဲ လိုက်ပါလာသော တပည့်ရဟန်းငယ် တပါးက အနား သို့လာ၍’

## PAGE 428
<!-- 14 paragraphs, raw extraction -->



1


“အရှင်ဘုရား…။ ဟိုကိုယ်တော်ကြီး တလမ်းလုံး ပက်ပက်စက်စက် ဆဲရေး တိုင်းထွာပြီး အမနာပပြောလာတာ အရှင်ဘုရား ဘာတခွန်းမှ ပြန်ပြီး အမိန့်မရှိပဲ ကိုး..၊ တော်ကြာ…သူပြောတဲ့အတိုင်းဟုတ်လို့ ငြိမ်ပြီးခံနေတယ် ထင်သွားအုံး မယ်ဘုရာ့”ဟု လျှောက်ရာ

ငါ့ရှင်..၊ ပြောပါစေ၊ ပြောတာ သူ ့တာဝန် သည်းခံဖို့ကို တာဝန် ပဲ။ သည်းမခံနိုင် မရှိရဘူး။ ငါတို့မှာ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း အမှတ်နဲ့ သွားနေတာ၊ အမှတ်လွတ်သွားတဲ့ ခြေလှမ်းရယ်လို့ မရှိဘူး...ငါ့ရှင်”ဟု မိန့်တော် မူလေသည်။ (မ-ဋ္ဌ-၁၊ ဂ ၁-သဗ္ဗာသဝသုတ်အဖွင့်။ )

"

လူ့ဥပမာ ဒေသနာ

“ရဟန်း... သင်တို့သည် အကယ်၍ .လူသတ်သမား လူယုတ်များက သင်တို့၏ ခြေလက်အင်္ဂါများကို အရိုးနှစ်ဘက်တပ်သော(ငါးမန်းစွယ်)လှူကြီးဖြင့် တိုက်ဖြတ်ကြကုန်ရာ၏။

ထိုအခါ အကြင်ရဟန်းသည် တိုက်ဖြတ်သူအား စိတ်ဆိုးခြင်း ဖြစ်သေး ၏။ ထိုရဟန်းသည် ငါ၏အဆုံးအမကို နာယူသူငါ့စကား နားထောင်သူ မဖြစ် နိုင်ချေ။ ရဟန်းတို့ …၊ ထိုအခါ၌ သင်တို့သည် ဤသို့ စိတ်ကိုလေ့ကျင့်ကြရမည်။
“ငါ၏စိတ်သည် ဖောက်ပြန်ပြောင်းလဲခြင်း မရှိစေရ။ကြမ်းကြုတ် ယုတ် မာသော စကားကိုလည်း မထွက်ဆိုမိစေရ။ ဒေါသမသန်း မေတ္တာလွှမ်းကာ ချမ်းသာကြီးပွားစေလိုသော စိတ်ထား၍သာ ငါနေမည်။

ထိပါး ပြောဆိုလာသူကိုလည်း မေတ္တာစိတ် ဖြန့်လွှမ်း ပို့လွှတ်၍သာ ငါနေမည်။ သတ္တလောကတခုလုံးကိုလည်း ကျယ်ပြန့် မြင့်မြတ်၍ ကန့်သတ်ချက် မထင်၊ တွင်းပြင် ဘေးရန်လည်း မစွက်၊ မေတ္တာစိတ် သက်သက်ဖြင့် ဖြန့်လွှမ်းပို လွှတ်၍သာ ငါနေမည်ဟု ဤသို့လျှင် ကိုယ့်စိတ်နှင့်ကိုယ် နှလုံးသွင်း လေ ့ကျင့် ကြရမည် ရဟန်းတို့။” (မ-၁၊ ၁၈၁-ကကစူပမသုတ် ပါဠိတော်။)

လေရောဂါကြောင့် အရဟတ္တဖိုလ်ရဇသာ စိတ္တလတောင် ပဓာနိယထေရ်

ယောဝီသည် နာကျင်ခံခက် ပြင်းထန်စွာနှိပ်စက်၍ အသက်ကိုပင် သေ စေလောက်သော ရောဂါ ဝေဒနာမျိုးကိုလည်း အဓိဝါသနခန္တီဖြင့် သည်းခံ ရလေသည်။

i

## PAGE 429
<!-- 18 paragraphs, raw extraction -->




အဓိဝါသန ခန္တီဟူသည် ဖြစ်လာတွေ့ကြုံရသမျှ သုခဒုက္ခကို မိမိခေါင်း ပေါ်၌သာ တင်ထား၍ “ဘယ်သူမပြု၊ မိမိမှု”ဟု သဘောပိုက်ကာ အောင့်အည်းရှိ ခံနိုင်ရည်ရှိမှုကို ခေါ်လေသည်။

သည်းခံမှ နိဗ္ဗာန်ရနိုင်၏။

စိတ္တလတောင်နေ တရားအားထုတ်နေသော ပဓာနိယမထေရ်တပါးသည် သီတင်းသုံးဖော်များနှင့်အတူ ကမ္မဋ္ဌာန်းအားထုတ်နေစဉ် တညသ၌ စင်္ကြံတော် တော်များများ လျှောက်အပြီး တန်လောက်သောအခါ ရပ်၍ရှုမှတ်နေခိုက် ရင် ခေါင်းအတွင်းမှ ရုတ်တရက် လေတံစို့ကြီး ထိုးအောင့်လာသဖြင့် မရပ်တည်နိုင် တော့ပဲ လဲကျသွားလေ၏။

လဲကျသွားရာတွင်လည်း ငြိမ်ငြိမ်နေ၍မရ၊ ဝေဒနာ ပြင်းထန်လွန်းသဖြင့် လူးလှိမ့် တွန့်လိမ်၍သာ နေရလေသည်။ ဖြစ်ပေါ်လာသော ဝေဒနာကိုလည်း နိုင်နင်းအောင် မရှုမှတ်နိုင်ပဲ ရှိနေသဖြင့် အော်ဟစ်ညည်းညူနေမိ၏။

ဒုက္ခဝေဒနာကို ခံစားရသောအခါ နိုင်အောင် မရှုမှတ်နိုင်ပါက ဒေါသ ဒေါမနဿသော်လည်း ထပ်၍ ဝင်လာတတ်၏။ သက်သာရာ သက်သာကြောင်း ကာမအာရုံ တခုခုသော်လည်း ရှာဖွေလက်ခံမိတတ်ရာ ဆူးတချောင်း စူးရာ အခြားဆူးတချောင်းနှင့် ထွင်သကဲ့သို့ နှစ်ခါနာတတ်ကြောင်း (သံ-၂၊ ၄၉၉- သဠာ၊ ဝေဒနာသံယုတ်-သလ္လသုတ်၌) ဟောတော်မူလေသည်။

ထိုသို့ ညည်းညူလူးလှိမ့်နေသည်ကို တဘက်သောစင်္ကြံထိပ်၌ ရှုမှတ်နေသော ယောဂီပဉ္စင်းငယ်တပါး မထေရ်အနီးသို့ ရောက်လာ၍ အခြေအနေကို ကြည့်၏။
ကြည့်ရ မြင်ရသည်မှာ မသက်သာလှသဖြင့် တရားကိုသာ နာနာဖိမှတ်ရန် အကြံ ပြုလို၍က “အရှင်ဘုရား….၊ ဘယ်နားဆီက နာလို့ပါလဲ။”

"

"

ပါဘူး။”

“ငါ့ရှင်….၊ သီးခြားကွက်ပြီး ဘယ်နားဆီက နာတယ်ရယ်လို့ မဟုတ်

"

“ရှိတာကလေးကို စိုက်ပြီး မရှုမှတ်ဘူးလား အရှင်ဘုရား။” “ရှုမှတ်ပါပြီလား ငါ့ရှင်…၊ နာတဲ့နေရာကလေးကို စူးစိုက်ပြီး ရှုမှတ် 'နေလို့ နာတတ်တဲ့ သဘောကလေးကပဲ သူ ့သဘောအတိုင်း သူနာနေတာပဲလို့ သာ သိနေပါတယ် ငါ့ရှင်။”

“ဒီလိုဆိုလဲ အရှင်ဘုရား…၊ ငါ့,ငါ့ဟာမပါ၊ ဝေဒနာကပဲ သူ ့သဘော သူဆောင်တယ်လို့ သိနေမှတော့ သည်းခံလို့ ရသင့်ပါတယ် မဟုတ်ပါလား အရှင် ဘုရား။ သည်းခံခြင်းဟာ အမြတ်ဆုံးပါပဲ။ ရဟန်းတို့မည်သည် အဓိဝါသနခန္တီ ကိုသာ နှလုံးသွင်းရမြဲ ဖြစ်ပါတယ်။”

"

“ကောင်းလှပါပေတယ်၊ ငါ့ရှင်။”

## PAGE 43
<!-- 47 paragraphs, raw extraction -->


မာတိကာ

နောက်ဆက်တွဲ (က)

တရုတ်ရဟန်းတော် ဖာဟီယန်ကိုယ်တွေ့ကျွန်းသီဟိုဠ်

(သာသနာ-၉၅၄-၉၅၆)

ခြေတော်ရာစေတီနှင့် အဘယဂီရိကျောင်းတိုက်ကြီး မဟာဗောဓိပင်၊ မြတ်စွယ်တော်

ဥပုသ်နေ့တိုင်း လမ်းပေါ်က တရားပွဲများ ဘဒ္ဒရိကကျောင်းတိုက်နှင့် ဓမ္မဂုတ္တထေရ် အံ့ဖွယ် မဟာဝိဟာရ ကျောင်းတိုက်ကြီး

ရဟန္တာအရှင်မြတ် အလောင်းတော်ကို သင်္ဂြိုဟ်ခြင်း သီဟိုဠ်ဘုရင် သာသနာအားပေးခြင်း

နောက်ဆက်တွဲ (ခ)

သီဟိုဠ်ကျွန်းသို့ သာသနာသက်ဆင်းပုံနှင့် ထေရဝါဒအတွင်းသို့




H


113

၅၈၈ ၅၉

သွင်းလာသောဝါဒဆန်းများ ရှင်းရခြင်း

အဘယဂီရိဝါသီဂိုဏ်း ဖြစ်ပေါ်လာခြင်း

ဓမ္မရုစိဂိုဏ်း ဖြစ်ပေါ်လာခြင်း

ပိဋကသုံးပုံကို ပေထက်အက္ခရာတင်ခြင်း

အဓမ္မဝါဒ ဖြစ်ပေါ်လာခြင်း

၅၉ဝ




၅၉ ၄ ၅၉၆

ဝေတုလ္လဝါဒကို ပထမအကြိမ် နှိမ်နင်းရခြင်း ဆာဂလိယဂိုဏ်း ဖြစ်ပေါ်လာခြင်း

ဝေတုလ္လ၁ါဒကို ဒုတိယအကြိမ် နှိမ်နင်းရခြင်း ဝေတုလ္လ အယူဝါဒအကြောင်း မဟာဝိဟာရကျောင်းတိုက်ကို ဖျက်ဆီးခြင်း ဗေစာဝနဝါသီဂိုဏ်း ဖြစ်ပေါ်လာခြင်း

နောက်ဆက်တွဲ (ဂ)

သီရိလင်္ကာ သီဟိုဠ်ကျွန်း ထင်ရှားသော မြို့ရွာဒေသ

ကျောင်းကန်စေတီများ ခရီးစဉ်သမိုင်းအချုပ်

။


၅၉ဂ ၆၀၁


၆ဝ၃

သာသနာ စတင်ချိန်


သမိုင်းဝင် ၁၆-ဌာန



အနုရာဓ

ထူပါရာမ စေတီ နှင့် ကျောင်း

မျက်မြင်ကိုယ်တွေ့ ရှေးနှင့်ယခု သာသနာအဆောက်အအုံများ

၆ဝ၆

=

## PAGE 44
<!-- 26 paragraphs, raw extraction -->


မာတိကာ

မဟာစေတီ နှင့် လောဟပါသာဒ

ရောဟဏ၊ မဟ၁ဂါမ

တိ'မဟာဝိဟာရ နှင့် စိတ္တလတောင်

ဇေတဝန စေတီ နှင့် ကျောင်း

အဘယဂီရိ နှင့် ဖာတီယန်

လက်ဒရာမ စေတီနှင့်ကျောင်း

ဣဿရမုနိ စေတီ နှင့် ကျောင်း




.0


အသောကမာလာကျောင်း ဝိဇယာရာမကျောင်း

နှောင်းခေတ်မြို့တော်များနှင့် အခြားသမိုင်းဝင်ဌာနများ

အရှင်မဟိန္ဒ နှင့် မိဿက (စေတီယ) တောင် နေမင်းသုံးကြိမ်ချာချာလည် ဦးတိုက်ရသော

သမန္တကူဋ (သုမနကုဋ) ခြေတော်ရာဟောင်

နာဂဒီပ ကျွန်းထူးကျွန်းမြတ်

-

=



၆ ၁ ၅


×

## PAGE 45
<!-- 9 paragraphs, raw extraction -->


သီဟိုဠ်’မြန်မာ သာသနာ သမိုင်းပြနိဒါန်း စကား

(၁)

စံတော်ဝင် ပဲ့တင်သံ

“သီဟိုဠ်ခေတ် စံတော်ဝင် အရိယာ ပုဂ္ဂိုလ်ထူးကြီးများ” အကြောင်းသည် မြန်မာစာဖတ်ပရိသတ်တို့ ဖတ်ရှု ကြားနာရခဲသော ထေရုပ္ပတ္တိများ(ထေရာပဒါန် များ) ဖြစ်ကုန်၏။ ပါဠိပညာရှင်တိုင်းပင် အပြည့်အစုံ ဖတ်ရှုဖြစ်ခဲလေသည်။

စင်စစ် သီဟိုဠ်သာသနာသည် ဗုဒ္ဓရှင်တော်မြတ် မဟာပရိနိဗ္ဗာန်ပြုတော်မူ သည့်နောက် ဦးစွာ အတောက်ထွန်းဆုံး အပွင့်လင်းဆုံး ဖြစ်ခဲ့၏။ သာသနာဝင် ကျမ်းပြု မထေရ်ကြီးများသာမက အဋ္ဌကထာ ဆရာကြီး အဆက်ဆက်တို့ပင်လျှင် သီဟိုဠ်သာသနာကို အထူးမှတ်တမ်းတင်၍ သင်ခန်းစာ ပေးတော်မူခဲ့ကြရသည်။

ရဟန်းမှန်ယင် ပုထုဇဉ်မရှိ

ပဋိပတ္တိနှင့်စပ်၍မူ..သီဟိုဠ်သာသနာ ထွန်းကားစဉ်က ရဟန်းရှင်လူ အရိယာ ပုဂ္ဂိုလ်ထူးကြီးများ များစွာဖြစ်ထွန်း ပွင့်ပေါ်တော်မူခဲ့ကြရာ...ရံခါ “ဤသူသည်

i

## PAGE 430
<!-- 13 paragraphs, raw extraction -->




ပဓာနိယမထေရ်လည်း စိတ်ကို ပို၍မဲ့တင်းကာ မလှုပ်မယှက် ကျိတ်မှိတ် ပေခံပြီး ရှုမှတ်နေ၏။

ထိုအခိုက် ချက်ဆီမှ ထိုးအောင့်လာသော လေတံစို ့သည် ရင်ဝနှလုံးသား ကိုပင် တက်၍ ထိုးဆောင့် ဖောက်ခွဲလိုက်သည်နှင့်တပြိုင်နက် - ခုတင်ပေါ်၌ ခွေခွေ ကလေး လျောင်းနေသော မထေရ်၏ ဝမ်းဗိုက်မှအူများမှာ ခုတင်ပေါ်သို့ အခွေ လိုက် ထွက်အန်ပုံကျကုန်တော့၏။ အပြင်းထန်ဆုံးသော ဝေဒနာကို ခံစားယင်း တရားကိုသာ နိုင်အောင် ရှုမှတ်လေတော့သည်။

°

ဝေဒနာကို ရှုမှတ်၍ လည်းကောင်း၊ ဝေဒနာကို ပယ်ခွာမေ ဖျောက်ပြီး ရှုမှတ်မြဲ ဝိပဿနာအာရုံကို ရှုမှတ်၍လည်းကောင်း မလွတ်တမ်း သတိ သမာဓိ ပညာများကို ထူထောင်နေလိုက်ရာ ထိုနေရာ ထိုခဏ၌ပင် ပဋိသမ္ဘိဒါပတ္တ သမ သီသီ ရဟန္တာဖြစ်တော်မူသွား၏။

အနား၌ထိုင်၍ ကြည့်ရှုအားပေးခဲ့သော ရဟန်းငယ်ကိုလည်း’

“ငါ့ရှင်….၊ ဒီလောက်သည်းခံယင် တော်လောက်ပါပြီနော်...”ဟု ပြော ယင်း ပရိနိဗ္ဗာန် ပြုတော်မူသွားလေတော့၏။

ယင်းသို့လျှင် တစုံတခုသော သုခဒုက္ခများအပေါ် သည်းမခံနိုင်ပါက အာသဝတရားများ ဆင့်ပွား ဖြစ်ပေါ်လာနိုင်ပေသည်။ အအေးတွေ့ရသောအခါ အပူကို တောင့်တခြင်း၊ ပူပြန်တော့လည်း ငါပူသည် စသည်ဖြင့် လောဘ,ဒိဋ္ဌိ ဒေါသ,ဒေါမနဿစသော ကိလေသာ အာဝသတရားများ ဆင့်ပွားကွင်းဆက်၍ လာရောက် နှိပ်စက်တတ်ပြန်လေသည်။

သည်းခံခြင်းမှတပါး သူတော်ကောင်းတရားကို ရယူပေးနိုင်သော အရာ မရှိချေ။ (မ-ဋ္ဌ-၁၊ ဂ၂-သဗ္ဗာသဝသုတ်အဖွင့်။ ဝိဘင်္ဂ-၄၊ ၂၇ ၁-ဈာနဝိဘင်း အဖွင့်။ ဒီ-ဋ္ဌ-၂၊ ၃၆၄-ပေါင်းစပ် ပြလိုက်ပါသည်။) ထို့ကြောင့် ရောဂါ တစုံ တခုဖြစ်လာလျှင် “တရားရချင်လို့”ဟုသာ မှတ်ယူ၍၊ များများပြင်းထန်လျှင် “မြန် မြန်ရတော့မည်ဟုသာ အားခဲလျက် စွဲယူရှုမှတ်မြဲ ဝိပဿနာအာရုံကိုသာ မလွှတ် တမ်း ဆုပ်ကိုင်မိအောင် သတိဝီရိယ ရှိကြကုန်ရာ၏။

ခြေထောက် ကို ရိုက်ချိုး၍ တရားရှာသော ကုဋဋ္ဌိက ပုတ္တ တိဿ ထေရ်

သာဝတ္ထိပြည်၌ ကုဋေလေးဆယ် ကြွယ်ဝ ချမ်းသာသော သဌေးသား တိဿသည် စည်းစိမ်ဥစ္စာများအားလုံးကို ညီနှင့်ခယ်မအား လွှဲပြောင်းပေးအပ်၍ ရဟန်းပြုသွား၏။ တောရဆောက်တည်ကာ ရဟန်းတရားနှင့် နေတော်မူလေသည် ။

## PAGE 431
<!-- 12 paragraphs, raw extraction -->




တနေ့သောအခါ ညီ၏ဇနီးဖြစ်သူ (ခယ်မ)က နောင်တော်တိဿ ရဟန်း ဘဝ၌ မပျော်ပိုက်၍ လူထွက်လာခဲ့သော်၊ ပစ္စည်း ဥစ္စာများ ခွဲဝေပေးရမည်ကို ကြောင့်ကြနေလေ၏။ ထိုကြောင့် တိဿ နောင်တော်ကြီးအား တော တောင် အနှံ့ လိုက်လံ ရှာဖွေ၍ လက်စတုံး အဆုံးစီရင်ရန် ခိုးသား ငါးရာ(ခိုးသူကြီး ငါးဦး ခေါင်းဆောင်၍ နောက်လိုက်တရာစီ တရာစီပါသော ခိုးသားများ) အား တသုတ်ပြီးတသုတ် လွှတ်လိုက်၏။ တံစိုးလက်ဆောင်များကိုလည်း လက်ငင်းပေး တန်သရွှေ့ ပေး၊ကြွေး ကတိ ထားတန်သရွှေ့ ထားကာ လွှတ်လိုက်ရာ ခိုးသွား အုပ်စုကြီး ငါးဖွဲ့သည် တိဿမထေရ်အား အုပ်စု ခွဲကာ လိုက်လံ ရှာဖွေကြ၏။

တခုသောတောင်ခြေ ဘောနက်အတွင်းသို့ ရောက်သောအခါ သစ်တပင် ရင်း၌ တရားဘာဝနာ ရှုမှတ်နေသော တိဿ မထေရ်အား တွေ့မြင်ကြသဖြင့် ခိုးသူကြီးများက မထေရ်အနီးသို့ ဓားလက်နက် ကိုယ်စီဖြင့် တိုး၍သွားကြ၏။
နောက်လိုက်ငယ်သားများအားလည်း ဘေးပတ်ပတ်လည်၌ ထွက်မပြေးနိုင်အောင် ဝိုင်းရံ အစောင့်ချထားကြလေသည်။

မထေရ် ဒကာတို့၊ သင်တို့ ဘာကိစ္စ ဒီကို လာကြရပါသဘူး။
ခိုးသူကြီးများ တိုတိုပြောရယင် သင်ရဟန်းကို သတ်ရအောင် လာကြတာပဲ။
မထေရ် ဪ….ဒီလိုလား၊ ဒါဖြင့်ယင်လဲ ဒကာတို့ ၊ ဒီ တညတော့ဖြင့် အသက်ရှင်ခွင့် ပေးကြပါဦး။

ခိုးသူကြီးများ မဖြစ်ဘူး ရဟန်း၊ သင့်ကိုသတ်ပြီးမှ ငွေများများ ရကြမှာ၊ သင် ထွက်ပြေးယင် မခက်ပေဘူးလား

မထေရ် ဒီအတွက် စိတ်ချပါ ဒကာတို့၊ နံနက် အရုဏ်တက်ပြီးတဲ့နောက်မှာ ဒကာတို့ သဘောရှိသလို ပြုကြပါ။ မယုံနိုင်လျှင် အာမခံချက် ပေးပါ့မယ်။

ခိုးသူကြီးများ ...ရဟန်း၊ မလိုပါဘူး၊ သင်ကကော ယခုလို အချိန်မျိုးမှာ ဘယ်လို အာမခံချက်တွေ ပေးချင်သေးလို့လဲ။

(မထေရ်သည် ပြောပြောဆိုဆို အနီးရှိ ကျောက်တုံးကြီး တခုကို မနိုင့်တနိုင် မယူ ပင့်မြှောက်ကာ ခြေထောက် နှစ်ဘက်ကို ဆန့် စင်းလျက် ကျောက်တုံးကြီးဖြင့် ပေါင်ရိုးကြီး နှစ်ချောင်းလုံး ကျိုးကြေသွားအောင် ထုရိုက်ချလိုက်၏။ သွေးများ ပေကျံလူးလဲ လျက်က-)

မထေရ် … ကဲ…ဒကာတို့၊ ဒါငါရဲ့ အာမခံချက်ပါပဲ၊ စိတ်ချပါ၊ ဘယ်မှလဲ မသွားနိုင်တော့ပါဘူး၊ အရုဏ် မတက်ခင်ကလေး အသက်ရှင်ခွင့်

ပေးကြပါ။

## PAGE 432
<!-- 11 paragraphs, raw extraction -->




မထေရ်က အမျိုးမျိုးတောင်းပန် ပြောဆိုသဖြင့် ခိုးသူတို့သည် မထေရ်အား ထောက်ထားငဲ့ညှာ၍ မနီးမဝေး စင်္ကြံသွား လမ်းထိပ်မှာ ‘မီးဖို လှုံယင်း အရုဏ် တက်ချိန်ထိ အလှည့်ကျ အိပ်၍ စောင့်နေကြလေ၏။

အရှင်တိဿ မထေရ်လည်း ပြင်းထန်လှသော ဒုက္ခဝေဒနာကို ပယ်ခွာ မေ့ဖျောက်ထားကာ မိမိ၏ သီလကိုသာ ဆင်ခြင်နေမိ၏။ ရဟန်းပြုသည့်အချိန်မှ အစပြု၍ မိမိစောင့်ထိန်းခဲ့သော ရဟန်း သီလများကို အဖန်ဖန်အထပ်ထပ် သုံးသပ် ဝေဖန်၍ကြည့်ရာ တစုံတရာမျှ ကျိုးပေါက် ပြောက်ကျား အားနည်း ညစ်နွမ်းခြင်း မထင်၊ ထက်ဝန်းကျင် သန့်ရှင်း စင်ကြယ်နေသည်ကိုသာ တွေ့ရလေ၏။
“အမောင် တိဿ၊ သင်၏ သီလကား-

သာသနာ ပြင်ပ အညတိတ္ထိယတို့၏ အလေ့ အကျင့်များကဲ့သို့ မှားယွင်း သောအယူအဆ(ဒိဋ္ဌိ) ဖြင့် ကျင့်ရသောအကျင့်မျိုးမဟုတ်၊ ၃ ၁-ဘုံ၌ တစုံတခုသော မျှော်လင့် တွယ်တာချက်(တဏှာ)လည်းမပါ၊(အပရာမဋ္ဌ) သံသရာမှလွတ်ကြောင်း အရဟတ္တဖိုလ် ရရန် နီးကပ်နေသော အထောက်အပံ့ကောင်းကြီးပါ တကား'ဟု ဆင်ခြင်မိကာ အားရ ကျေနပ်၍သွားလေ၏။ ပီတိများ တလှပ်လှပ်ဖြစ်၍လာလေ တော့သည်။

ခံစားနေရသော ဒုက္ခဝေဒနာကို ပယ်ခွာ မေ့ဖျောက် ထားနိုင်ခဲ့သည့် အပြင် မိမိသီလကိုဆင်ခြင်၍ တသွင်သွင် တသိမ့်သိမ့် စိမ့်၍စိမ့်၍ တက်လာသော ပီတိအဟုန်ကလည်း ဒုက္ခဝေဒနာကို သာ၍ပင် ဖယ်ခွာထိန်းချုပ်၍ ပေးထား လေသည်။ (ဋီကာများ။)

ဝေဒနာချုပ်ပျောက်၍ ဝေဒနာအစား ပီတိရောက်နေရာ၊ ထိုပီတိကိုပင် လက္ခဏာသုံးချက် ဖြစ်ပျက်သုံးသပ်၍ လည်းကောင်း၊ ရံခါ ထိုဝေဒနာကိုပင် လျှင် စူးစိုက်ရှုမှတ်၍လည်းကောင်း (ဝေဒနာနုပဿနာ) သမ္မပ္ပံဓာန် လုံ ့လဖြင့် တညပတ်လုံးရှုမှတ်တော်မူရာ ဝိပဿနာဉာဏ်များ အဆင့်ဆင့် ရင့်ကျက်ကြီးထွား ကကံ အရုဏ်တက်သည်နှင့် တပြိုင်နက် အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်တော် မူလေသည်။

အရုဏ်လည်းတက်၊ အရဟတ္တမဂ်ဖိုလ်လည်းဆိုက်ကာ ဝမ်းသာရွှင်လန်း၍ အောက်အပါအတိုင်း ဥဒါန်းကျူးတော်မူလေသည်။ မိမိ၏ ရည်ရွယ်ချက်နှင့် ခံစားရချက်များကိုလည်း အတည့်အလင်း ဖွင့်ဖော်လိုက်လေသည်။

။

ဥဘော ပါဒါနိ ဘိန္ဒိတွာ၊ သည်ပေဿာမိ ဝေါ အဟံ။
အန္ဒိယခမိ ဟရာယာမိ၊ သရာဂမရဏံ အဟံ။
ဧဝါဟံ စိန္တယိတွာန၊ ယထာဘူကံ ဝိပဿိသံ၊
သမ္ပတ္တေ အရုဏဂ္ဂမှိ၊ အရဟတ္တမပါပုဏိ။ ။

## PAGE 433
<!-- 11 paragraphs, raw extraction -->


၃၉ ဝ


“အမောင် ခိုးသား ဒုက္ခာတို့…၊ ထကြ..လာကြ ကုန်လော့..။
ငါသည် သင်တို့အား အခြား တပါးသို့ ထွက်သွား၍ မရစေရန် အာမခံချက်ပေးသောအားဖြင့် … ငါ၏ ခြေထောက်နှစ်ချောင်းတို့ကို ရိုက်ချိုးကာ သင်တို့ကို အသိပေးခဲ့ပေပြီ။

"

“အမောင်ဒကာတို့… ၊ အကြောင်းမှာမူ…. ငါသည် (သူတပါး သတ်၍ သေရခြင်းထက်) ရာဂနှင့်တကွ သေရမည်ကို ငါ ရွှံ့လည်း ရွှံမုန်းလှပါ၏။ ရှက်လည်း ရှက်လှပါ၏။

“အမောင်ဒကာတို့…၊ ငါသည် ဤသို့သော အကြံဖြင့် (သင်တို့ ကို တောင်းပန် ပြီးနောက်) သတိပဋ္ဌာန် လမ်းစဉ် အမှန်အားဖြင့် ဝိပဿနာတရား ရှုပွားသုံးသပ်ရာ နေအရုဏ် တက်လတ်သော အခါ ငါသည် အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပေပြီတကား။”

နေအရုဏ်နှင့်အတူ တိဿမထေရ်၏ ဥဒါန်းကျူးသံမှာ ဆိတ်ငြိမ်သော တောကြီးအတွင်း၌ ရဲတင်း ရွှင်မြူး ကြည်နူးဖွယ် ကောင်းလှပေ၏။ ခိုးသားများ လည်း ထိုမှ ဤမှ တသုတ်ပြီးတသုတ်ရောက်လာကြရာ တဖြည်းဖြည်းအသံတော် ပျောက်ကာ ကုဋမ္မိက တိဿမထေရ်၏ အလောင်းတော်ကိုသာ ကြည့်ရှုပြန်သွား ကြရလေသတည်း။ (မ-ဋ္ဌ-၁၊ ၂၃၈။ ဒိ-ဋ္ဌ-၂၊ ၃၄၀-မဟာသတိပဋ္ဌာန သုတ် အဖွင့်။ ဝိသုဒ္ဓိမဂ်-၁၊ ၄၆။)

ကျားပါးစပ်၌ အရဟတ္တဖိုလ် ရသော မထေရ်

ဗုဒ္ဓလက်ထက်တော်က ရဟန်းတော်သုံးကျိပ်တို့ , တောထဲ၌ တရား အား ထုတ်ရာ မိုးလင်းခါနီးငိုက်မြည်းချိန်ရောက်လျှင် တညလျှင် တပါးတပါး ကျားချီ စားခြင်းခံကြရ၏။ ကျားချီခံရသော မထေရ်များ တပါးမျှ ဟစ်အော် အကူ အညီတောင်းခြင်းမရှိ၊ ကမ္မဋ္ဌခန်းသတိဖြင့်သာ အသေခံ သွားတော်မူကြ၏။

လပြည့်လကွယ် ဥပုသ်ပြုခါမှ သံဃာများလျော့နေသည်ကို တွေ့ကြရသ ဖြင့် နောင်အခါ ကျားဆွဲခံရလျှင် အသံပြုရန် မှာထားကြရသည်။ ထိုနေ့ည လင်းခါနီး၌ ရဟန်းငယ်ာပါးအား ကျားဆွဲသွား၍ တုတ်များ, မီးတုတ်များ ဖြင့် ဝိုင်းဝန်း လိုက်ကြရာ ကျားကြီးမှာ ရဟန်းတော်၏ ခြေကို ကိုက်ခဲကာ လူမလိုက်နိုင်သော ချောက်ကြီးကို ဖြတ်လျက် တဘက်သော ကမ်းပါးထိပ် ကျောက်ဖျာပေါ်၌ ချ၍စားလေ၏။

## PAGE 434
<!-- 13 paragraphs, raw extraction -->



• ၃၉၁

နောက်က ဝိုင်းဝန်းလိုက်သောရဟန်းများလည်း မလိုက်နိုင်ကြတော့ပြီ။
ကမ်းပါးထိပ်ကကြည့်လျက်သာကျန်ရစ်ခဲ့ကြရရှာလေ၏။ သို့သော် တဘက်ကမ်း ကျောက်ဖျာပေါ်၌ ကျားကြီးချနား၍ စားနေစဉ် ရဟန်းတော်များက လှမ်းပြီး အော်၍ပြောနေကြ၏။

"

“ငါ့ရှင်…. ငါတို့ကူညီလို့ရနိုင်တဲ့ အခြေအနေ မရှိတော့ဘူး... အား မလျှော့နှင့်၊ ဘုရားသားတော် ယောဂီတို့ရဲ့ စွမ်းရည် သတ္တိကိုသာ ပြပေတော့၊
ထူးခြားမှုဆိုတာဒီလိုဒုက္ခကြုံတဲ့အလှည့်မျိုးမှာမှ ပိုပြီးရနိုင်တယ်၊ ကြိုးစားဟေ ့။” ကျားဆွဲခံရသော မထေရ်ငယ်လည်း

"

"

“အင်း…တချက်ကလေး သတိလစ်သွားတာနဲ့ ငါတော့ ကျားဆွဲခံရပြီ။
ကျားစားလို့သေလဲသေပေစေတော့၊ ကျားစားမခံရလဲ အတွင်းအပြင် အန္တရာယ် တွေနဲ့ အမြဲတမ်းရင်ဆိုင်နေရတဲ့ခန္ဓာကိုယ်ကြီးဟာ တနေ့နေ့မှာ တခုမဟုတ်တခုနဲ့ တော့ သေရမှာအမှန်ပဲ။ကမ္မဋ္ဌာန်းသတိနဲ့ သေရတာပဲမြတ်ပါတယ်လေ”ဟုစိတ်ကို ဒုန်းဒုန်းချကာ ကျားစားခံရသောဝေဒနာကို မေ့ဖျောက်လိုက်၏။ ခန္ဓာကိုယ်ရုပ် နာမ်တို့၏ ဖြစ်မှုပျက်မှုကိုသာ မလွတ်အောင် ရှုမှတ်နေလိုက်သည်။

ကျားကြီးသည် ခြေထောက်မှစ၍စားလေရာ ဖမျက်စားချိန်၌ သောတာ ပန်ဖြစ်တော်မူ၏။ ဒူးခေါင်းရောက်လျှင် သကဒါဂါမ်၊ချက်ရောက်လျှင်အနာဂါမ် ဖြစ်လေသည်။ အန္တရာယ်ကြီးမား၍ တိုး၍လာသည်နှင့်အမျှ တရားရှုမှတ်မှု ဝီရိယ လည်းတိုး၍မြှင့်၍ ကြိုးစားလေရာ ရင်ဝနှလုံးသားအနီးထိ တရွေ့ ရွေ့ ကိုက်စား လာလေရာ ထိုအခိုက် ရဟန္တာဖြစ်တော်မူသွားလေသည်။(ဒီ-ဋ္ဌ-၂၊ ၃၄၀။ မ-ဋ္ဌ ၁၊ ၂၃၈-သတိပဋ္ဌာနသုတ်အဖွင့်များ။ သီဟိုဠ်ခေတ် မဟုတ်စေကာမူ ဝေဒနာ သည်းခံနိုင်မှုနှင့်စပ်၍ မှတ်သားလိုက်နာရန် ပြလိုက်ပါသည်။)

သစ်ငုတ်ငြောင့်စူး၍ တရာ၊ထူးရသော ကဏ္ဍကဝိဒ္ဓ ထေရ်

ရှေးအခါက ယောဂီရဟန်းတော် ၁၂-ပါးသည် တောထဲ၌ အတူတဂ တရားအားထုတ်နေကြရာ တရားအားထုတ်ချိန်နှင့်တကွ အကြောင်းရှိလျှင် အသိ ပေးရန် ကျောက်စည်ခေါင်းလောင်းတခု ချိတ်ဆွဲထားကြလေသည်။

ကျောက်စည်ခေါင်းလောင်း ဟူသည် အနည်းဆုံး လုံးပတ် လေးပေခန့် ရှိ၍ အလျား ၁၀-ပေ, ၁၅-ပေခန့် ရှိသော အင်ကြင်း ကျောက်ချောင်းကြီးကို နှစ်ဘက် ကြိုးချည်၍ ချိတ်ဆွဲကာ သစ်သားတုတ် စသည်ဖြင့် ထိုးရိုက်၍ တီးရ သည်။ ကျောက်စည်ဟု ခေါ်၏။

## PAGE 435
<!-- 19 paragraphs, raw extraction -->




ယောဂီရဟန်းတော်များသည် နေဝင်သည်နှင့် တပြိုင်နက် မိမိတို့ နေမြဲ နေရာ၌ တရားရှုမှတ်ရန်လည်း ကျောက်စည်ဖြင့် အချက်ပေးကြလေသည်။ မထေရ် တပါးသည် ညအခါ လျှောက်နေကျ စင်္ကြံလမ်းမှ ဖဲ့ဆင်းကာ လမ်းလျှောက် သွားစဉ် အမှိုက်များဖုံးနေသော သစ်ငုတ်ချွန်တခုကို ခပ်ပြင်းပြင်း နင်းချလိုက် မိရာ သစ်ငုတ်မှာ ခြေဖမိုးကိုပင် ပေါက်ထွက်သွား၏။ သံချောင်းကို မီးဖုတ်၍ ထိုးလိုက်သကဲ့သို့ မချိမဆံ့ နာကျင်သွားသည်။

မထေရ်မှာ ‘ချက်ချင်း ထိုနေရာ၌ပင် ဖင်ထိုင်၍ ကျသွား၏။

“အင်း..ငါဟာ ဒီကြောင့်ကိုပဲဂရုစိုက်ပြီး နုတ်ရမလား။ တသံသရာလုံးက စူးလာတဲ့ ကိလေသာကြောင့်ကို နုတ်ရမလား။ အဲလေ..ခုစူးတဲ့ငြောင့်က အပါယ် လေးပါးဘေးကြီး၊ သံသရာဘေးကြီးတွေဖြစ်အောင် မလုပ်နိုင်ဘူး။ ကိလေသာ ငြောင့်ကြီးကသာ မင့်ကို အပါယ်ချလိမ့်မယ်။”

မထေရ်သည် ဤဆုံးဖြတ်ချက် စိတ်ကူးရသည်နှင့်' ချက်ချင်း ထိုင်ရာမှ ပြန်ထကာ တညလုံး စင်္ကြံလျှောက်ယင်းပင် ရှုမှတ်တော်မူလေသည်။ ခြေထောက် က နာသည်ကိုပင် ဂရုမစိုက်တော့ချေ။ (ဝေဒနံ အဗ္ဗောဟာရိကံ ကတွာ။) မိမိ ရှုမှတ်မြဲ မူလ ကမ္မဋ္ဌာန်း (ကြွတယ်...လှမ်းတယ်...ချတယ် စသည်)ကိုသာ အထူး ဝီရိယစိုက်၍ ရှုမှတ်ရာ မိုးစင်စင်လင်းလေ၏။

မိုးလင်းမှပင် အနီးရှိ သီတင်းသုံးဖော် ရဟန်းတပါးအား လှမ်း၍အသံ ပြုလိုက်ရာ ထိုရဟန်းက—

ဘုရား။”

"

“အရှင်ဘုရား…၊ ဘာကိစ္စရှိပါသလဲ”ဟု မေး၏။

“တပည့်တော် ခြေထောက်မှာ သစ်ငုတ်စူးနေတာ ပြောချင်လို့ပါ

“အို….၊ ဘယ်အချိန်က စူးတာပါလဲ။”

“ညဦးပိုင်းကတဲက စူးတာပါဘုရား။”

“အို….၊ ဖြစ်မှဖြစ်ရလေ…ဘာဖြစ်လို့စူးတုန်းက အသိမပေးရတာလဲဘုရား၊
တပည့်တော်ကို အသံပြုလိုက်ရောပေါ့။ ချက်ချင်းနုတ်ပြုပြီး ဆီကလေး ဘာက လေး မလိမ်းရ မထည့်ရလေလား …။

"

“မှန်ပါတယ် ငါ့ရှင်…၊ ဒါပေမယ့် တပည့်တော်မှာ တသံသရာလုံးက စူးဝင်နေတဲ့ ကိလေသာ ငြောင့်ကိုပဲ ကြိုးစားပြီး နုတ်တော့မယ်လို့ အောက်မေ့ မိတာနဲ့ ငါ့ရှင်တို့ကို အသိမပေးမိတာပါ။”

ဘုရား။”

“ဒီလိုဆိုယင် အဲဒီ ငြောင့်ကို အကုန်ကျွတ်အောင် နုတ်နိုင်ပါပြီးလား

## PAGE 436
<!-- 13 paragraphs, raw extraction -->


..


"

၃ ၉ ၃

“အင်း….ငါ့ရှင်…၊ တစိတ်တဒေသတော့ နုတ်နိုင်သွားပါပြီ။” “အင်း…၊ ဒီလိုဆိုလဲ သာဓုပါဘုရား။ သာဓု-သာဓု……။
ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခနီယယုတ် (သံ-၂၊ ၇၁)၌ ခန္ဓာငါးပါး ရုပ်နာမ် တရားတို့သည် အမြဲတမ်း မျိုဝါး စားသောက် . နှိပ်စက်နေကြောင်း ဟောတော်မူ၏။

ခန္ဓာကိုယ် ရုပ်တရားကြီးသည် အပူကြောင့်လည်း ဖောက်ပြန်ရ၊ အအေး ကြောင့်လည်း ဖောက်ပြန်ရ၊ မွတ်သိပ်ဆာလောင်ခြင်းကြောင့်လည်း ဖောက် ပြန်ရ၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ ကင်း၊ မြွေ စသည်တို့ကြောင့်လည်း ဖောက်ပြန်ရ၊
အမြဲတမ်း ခဲစားဝါးမျို၍ နှိပ်စက်နေသည်ကို မြင်သော အရိယာသာဝကသည် ထိုရုပ်ကြီး၌ ငြီးငွေ့ရှုံ့မုန်းလာ၏။ ဖျက်ဆီးပစ်ရန်ကိုသာ လိုလား၏။ ကြီးထွားမှု မဖြစ်စေလိုတော့။ စွန့်ပယ်ရန်သာကြိုးစား၏။ စွဲလမ်းခင်တွယ်မှုမထား။ ချုပ်ငြိမ်း ပြတ်စဲရအောင်သာ ကြိုးစား၏။ တောက်လောင်အောင် မလုပ်တော့ကြောင်း ဟောတော်မူထားသည်။

ကဏ္ဍကဝိဒ္ဓ (သစ်ငုတ်စူးသော) မထေရ်လည်း ယင်းသို့ တနည်းမဟုတ် တနည်း ဆင်းရဲ၍ဆင်းရဲ၍သာနေရသော ခန္ဓာကိုယ်ကြီးကို မညာမငဲ့။ ချုပ်ငြိမ်းမှု ရအောင်သာ ကြိုးစားလေရာ အရိယာပုဂ္ဂိုလ် အဖြစ်သို့ ရောက်တော်မူလေသည်။
(သံ-ဋ္ဌ-၂၊ ၂၇၂-ခဇ္ဇနီယသုတ် အဖွင့်။)

,

တရားရှုမှတ်ရာ၌ ရုပ်နာမ် နှစ်ပါးတွင် ရုပ်သည် ရှုရလွယ်၏။ ပေါ်လွင် ၏။ နာမ်တရားတို့တွင် ဖဿ စိတ္တ, ဝေဒနာ သုံးမျိုးသည် ပေါ်လွင်၏။ ထိုတွင် ဝေဒနာသည် အပေါ်လွင်ဆုံးဖြစ်၏။ ရှုရလွယ်သည်, ပေါ်လွင်သည်ကို ရှုမှတ်မှ တရားထူးအရမြန်လေသည်။ ဒုက္ခဝေဒနာသည် ကြောက်စရာမဟုတ်ချေ။

ယောဂီတို့ရဲ့ တရားထူးဝိသေသ=ထူးခြားမှုဆိုတာ ဒုက္ခတွေ့ရတဲ့ အလှည့် မျိုးမှာမှ ပိုပြီးဖြစ်ပေါ်လာတတ်တယ်”ဟု ကျားစားခံရသောမထေရ်၏ သီတင်း သုံးဖော်များ လှမ်းအော်၍ ပြောသောစကားမှာ အလွန် မှတ်သားထိုက်ပေစွ။

လက်ဝှေ့ကျော်ဘဝမှ ရင်ဝလှံစူး၍ ရဟန္တာ ဖြစ်သွားသော ပီတမလ္လ ထေရ်

ရှေးအခါက အဝါရောင်အလံကို ကိုင်ဆောင်၍ လက်ဝှေ့ လက်ပမ်း သတ်သော သူတယောက် ရှိခဲ့၏။ ပီတ မလ္လ ဟု ခေါ်သည်။ ပဏ္ဍုတိုင်း, စောဠ တိုင်း ဂေါဠတိုင်း နိုင်ငံတို့၌ လှည့်လည်၍ လက်ဝှေ့ ့လက်ပမ်း သတ်လေ့ရှိရာ သီဟိုဠ်မင်းများသည် လက်ဝှေ့သမားများအား ပို၍ ချီးမြှင့် မြှောက်စား အား

## PAGE 437
<!-- 11 paragraphs, raw extraction -->


၃၉.၄


ပေးတတ်ကြသဖြင့် ပီတ မလ္လသည် သီဟိုဠ်ကျွန်းသို့ အဝါရောင် အလံကိုင်ကာ ရောက်ရှိလာခဲ့သည်။

ပီတမလ္လသည် သီဟိုဠ်ဘုရင့် နန်းသုံးလက်ဝှေ့သမားဖြစ်လာကာ တနေ့ သောအခါ ဖျာရိုင်များကို ရောင်းချသော ဈေးလမ်းဖြင့် ကိစ္စ တခု အတွက် သွားလာနေစဉ် တရားဟောသံဘသံကို ကြားလိုက်မိ၏။

“ရဟန်းတို့...၊ ဤရုပ်ခန္ဓာသည် သင်တို့ဟာ မဟုတ်ချေ။ ထိုရုပ်ခန္ဓာ၌ (တွယ်တာနေသောတဏှာ)ကို ပယ်စွန့်ကြကုန်လော့။ ထိုသို့ပယ်စွန့်နိုင်ပါမူ သင်တို့ အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ အမှန်ဖြစ်ပေလိမ့်မည်။
ပီတမလ္လ ရုတ်တရက် ကြားလိုက်မိသော တရားသံမှာ ထိုမျှသာ ဖြစ်၏။
သံယုတ်ပါဠိတော် “နတုမှာကဝဂ် လာ တရားတော်ပင် ဖြစ်သည်။ ထိုတရား ဓမ္မသံကို ကြားရလျှင် သူ၏စိတ်၌မမျှော်လင့်ပဲ ထပ်ကာထပ်ကာ စဉ်းစားနေမိ၏။
“နေဝ ကိရ ရူပံ အတ္တနော’ဒီရုပ်ခန္ဓာကြီးဟာကိုယ့်ဟာမဟုတ်ဘူးဆိုပါ လား…၊ နဝေဒနာ=ခံစားတာလဲငါ(ကိုယ်ပိုင်) မဟုတ်ဘူး ..တဲ့။”

"

ထိုတရားစကားတခွန်းသည်ပီတမလ္လ၏ယစ်မူးတွေဝေနေသောစိတ်ဆင်ရိုင်း ကြီးကို ရုတ်တရက်ချွန်းအုပ်လိုက်သကဲ့သို့ ဖြစ်သွားတော့သည်။ ထိုသို့ ရုတ်တရက် ထိုးနှက်လိုက်သော တရားချွန်းချက် တချက်သည် ပီတ မလ္လအား မဟာဝိဟာရ ကျောင်းတော်ကြီးဆီသို့ တွန်းပို့လိုက်လေ၏။

မဟာဝိဟာရ မထေရ်ကြီး များထံ ရှင်ရဟန်းပြုခွင့် တောင်းခံလေ၏။
ရဟန်းပြု၍ ဒွေမာတိကာ (ဝိနည်းဥပဒေ)ကို သင်ယူပြီးနောက် အဖော်ရဟန်း တော် သုံးကျိပ်ကို ခေါ်ဆောင်ကာ ဂဗလဝါလိယအင်္ဂဏ အရပ်သို့သွားရောက်၍ သမထဝိပဿနာတရားတို့ကို ကြိုးစားအားထုတ်လေသည်။

ပီတ မလ္လထေရ်သည် ကြွဘယ်….လှမ်းတယ်….ချတယ်….စသော သတိပဋ္ဌာန် ဣရိယာပထပိုင်း၊ သမ္ပဇညပိုင်းကို စင်္ကြံ လျှောက်၍ အထူး ရှုမှတ်တော်မူရာ ခြေဖဝါးများ ကျိန်းစပ်နာကျင်လာကာ လုံးဝ လျှောက်၍မရသော အခြေအနေ သို့ ရောက်တော်မူလေသည်။

သို့နှင့် စင်္ကြံမလျှောက်တော့ပဲ ထိုင်ပြီး နာကျင်သော ဝေဒနာနှင့် ကိုယ် အမှုအရာများကို ပြောင်းလဲရှုမှတ်ရလေ၏။ ထိုင်၍ မှတ်ဖန်များလာလျှင် အိပ် ချင်သောစိတ်က ဝင်လာပြန်သည်။ ထိုစိတ်ကိုလည်း ရှုမှတ်ကြည့်ရာ နောက်ဆုံး ထိနမိဒ္ဓကို မလွန်နိုင်ပဲရှိနေ၍ စင်္ကြ ံလျှောက်ရန် ထိုင်ရာမှ ထလေ၏။ ထိုင်ရုပ်မှ ထရုပ်အစဉ်များကိုလည်း မလွတ်အောင်မှတ်ယင်း စင်္ကြံလျှောက်ရာ ခြေဖဝါး များ နာကျင်လွန်းလှသဖြင့် မလျှောက်နိုင်ပဲ ရှိလေ၏။

## PAGE 438
<!-- 14 paragraphs, raw extraction -->



၃ ၉ ၅

သို့နှင့် ပီတ မလ္လသည် မလျှော့သောလုံ ့လဖြင့် ထိနမိဒ္ဓကို တွန်းလှန်ရန် ဒူးခေါင်းနှစ်လုံးဖြင့်သာ စင်္ကြံ ကြွရလေသည်။ သီတင်းသုံးဖော်များလည်း ကိုယ့် နေရာနှင့်ကိုယ် အသီးအသီး နေရာယူ ရှုမှတ်နေကြစဉ် တခုသောညတွင် မုဆိုး တဦးသည် ဒူးခေါင်းနှစ်လုံးဖြင့် တလှုပ်လှုပ်စင်္ကြ ံလျှောက်နေသော အရှင် ပီတ မလ္လမထေရ်အား သားကောင်မှတ်ထင်၍ လှံဖြင့် ထိုးသွင်း လိုက်လေ၏။ လှံမှာ ရင်ဝ၌ ဒိုးယိုပေါက်ကာ ထိုနေရာ၌ပင် လဲကျသွားလေသည်။

သီတင်းသုံးဖော် မထေရ်များအား လှံကို အနုတ်ခိုင်းကာ တသွင်သွင် စီးဆင်းလာသော သွေးများ ရပ်တန့်သွားစေရန် မြက်များကို လုံးကျစ် စည်း နှောင်၍ ဒဏ်ရာကို ပိတ်ဆို ခိုင်း၏။ ပြီးလျှင်’

"

“ငါ့ရှင်တို့၊တပည့်ဘော်ကို ဟောဟို ကျောက်ဖျာကြီးပေါ်မှာ တင်ထား ပေးခဲ့ကြပါ။ ငါ့ရှင်တို့လဲ ကိုယ့်နေရာ ကိုယ်သွားပြီး ကိုယ့်တရား ကိုယ်သာ ရှုမှတ်တော်မူကြပါဘုရား။ တပည့်တော်ကိုလဲ ခုလိုအချိန်မှာ လွတ်လွတ်လပ်လပ် ရှုမှတ်နိုင်အောင် အခွင့်ပေးတော်မူကြပါ”ဟု ပြောဆိုခွင့်တောင်းကာ မိမိခံစား နေရသော ဒုက္ခဝေဒနာကိုသာ တွင်တွင်ကြီး ရှုမှတ်တော်မူလေ၏။

"

“ရူပံ ဘိက္ခဝေ နတုမှာကံ=ရဟန်းတို့၊ ဤရုပ်ခန္ဓာသည် သင်တို့ဟာ မဟုတ်ချေ။ တံ ပဇဟထ=ထို ရုပ်ခန္ဓာ၌ (တွယ်တာနေသောတဏှာ)ကို ပယ်စွန့် ကြကုန်လော့။”

အရှင် ပီတမလ္လထေရ်၏စိတ်၌ ထိုတရားသံသည် ထပ်မံ၍ ကြားနာနေရ သကဲ့သို့ဖြစ်ကာ အထူး စိတ်တက်ကြွလာပြီးလျှင် ခန္ဓာကိုယ်ကို အမှုမထားပဲ ဝိပဿနာကို ရှုပွားတော်မူရာ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်တော် မူလေ၏။

ထိုအချိန်၌ပင် အရှင်ပီတမလ္လထေရ်အား အကဲခတ်ရန် သီတင်းသုံးဖော် “အချို့ ချောင်းညံ့သံပေးပြီး အနီးသို့ ရောက်လာကြ၏။ ထိုအရှင်များရှေ့၌ပင် အရှင်ပီတမလ္လထေရ်သည် အရဟတ္တဂုဏ်ကို ထုတ်ဖော်၍ တိုက်တွန်းသောအားဖြင့် ဥဒါန်းကျူးရင့်တော်မူလေသည်။

ဘာသိတံ ဗုဒ္ဓသေဋ္ဌဿ၊ သဗ္ဗလောကဂ္ဂဝါဒိနော။
နတုမှာကံ မိဒံ ရူပံ၊ တံ ဇဟေယျာထ ဘိက္ခဝေါ။

"

“ငါ့ရှင်တို့၊ တလောကလုံးတွင် အမြတ်ဆုံးသော အယူဝါဒ ရှိတော်မူ၍ အမြတ်ဆုံးသော ဓမ္မကို ဟောကြားဘော်မူတတ်သော ဘုရားမြတ်စွာ၏(တပည့်တော်အတွက် ပေးသနားတော်မူခဲ့သော) မိန့်ခွန်းဘော်မှာ “ရဟန်းတို့၊ဤရုပ်ခန္ဓာသည် သင်တို့ဟာ မဟုတ်

## PAGE 439
<!-- 12 paragraphs, raw extraction -->



ရှုကာ-


ချေ။ ထိုရုပ်ခန္ဓာ၌ တွယ်တာနေသော တဏှာကို ပယ်စွန့်ကြ ကုန်လော့”ဆိုတဲ့ တရားတော်ပဲ ဖြစ်ပါတယ်ဘုရား။”” အနိစ္စာ တ သင်္ခါရာ၊ ဥပ္ပာဒဝယ ဓမ္မိနော။

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။ ။

"

“ငါ့ရှင်တို့၊ ဖြစ်ပျက်မှု သဘောမျှသာရှိသော သင်္ခါရတရား တို့ဟာ အမြဲမရှိပါကလား။တပည့်တော်သန္တာန်၌ရှိသော ရုပ်နာမ် သင်္ခါရှတရားတွေဟာလဲ ဖြစ်ပြီး ချုပ်ပျောက်ကုန်ကြပါတယ်။
တပည့်တော်မှာ ထိုသင်္ခါရဓမ္မအားလုံး၊ ခဏမစဲ တဖွဲဖွဲ နှိပ်စက် နေသော ရောဂါအားလုံး ကင်းပျောက် ချုပ်ငြိမ်းသွားပြီဖြစ်၍ အတုမရှိ ချမ်းသာရပါပြီ ငါ့ရှင်တို့။”

ထိုအခါ သီတင်းသုံးဖော်များက အရှင်ပီတ မလ္လအား ဝိုင်းဝန်းကြည့်

“အရှင်ဘုရား….ပီတမလ္လ၊ မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှား ရှိတော်မူပါသေးလျှင် အရှင်ဘုရားရဲ့ဦးခေါင်းတော်ကို ရွှေလက်တော်ဆန့်တန်းပြီး ချီးမွမ်းအားပေးတော်မူကာ သုံးသပ်တော်မူမှာ မလွှဲပါဘုရား”ဟု ဝမ်းသာ ချီးကျူးစကား ပြောဆိုကြစဉ် အရှင်ပီတမလ္လ ပရိနိဗ္ဗာန် စံတော်မူလေ၏။
(မ-ဋ္ဌ-၁၊ ၂၃၉။ ဒီ-ဋ္ဌ-၂၊ ၃၄၀-မဟာသတိပဋ္ဌာနသုတ်အဖွင့်နှင့် ဋီကာများ။) သူ ့ကျွန်မခံတော်လှန်ရေး

နာ’ဟ ဒါသော ဘဋ္ဌော တုယှ၊ နာ’ဟံ ပေါသေမိ”ဒါနိ တံ။
တွ့ မေဝ ပေါသေန္တော ဒုက္ခ ံ၊ ပတ္တော ဝဇ္ဇေ အနပ္ပကံ။ ။

ဘော=တွင်းပနှစ်တန်၊ အန္တရာယ်များလှသော အိုခန္ဓာကိုယ်ယုတ်၊
အကောင်ပုပ်ကြီး။ အဟံ=ငါကား။တု ံ=သင်၏။နဒါသော= မရုန်းထွက်နိုင်၊ အပိုင်ကျွန်လည်း မဟုတ်။ န ဘဋ္ဌော=နေ့စား လစား၊ အခစားယူသည့် အစေခံကူလီလည်း မဟုတ်။ ဣဒါနိ= ဘုရား အဆုံးအမ၊ ရပြီဖြစ်သော ယခုမူကား။ အဟံ-ငါသည်။
တံ=သင်ခန္ဓာကိုယ်ယုတ်၊ အကောင်ပုပ်ကြီးကို။ နပေါသေမိ အလိုလိုက်၍၊ အကြိုက်ပေးကာ၊ မမွေးမြူနိုင်တော့ပါ။ တူဧဝ- ပြုပြင်တိုင်းပင်၊ ကောင်းမထင်ပဲ၊တွင်တွင်ပျက်ချုပ်၊သင်အကောင် ပုပ်ကြီးကိုသာလျှင်။ ပေါသေန္တော=အလိုလိုက်၍၊ အကြိုက်ပေး ကာ၊ မွေးမြူခဲ့မိပါသောကြောင့်။ အဟံ-ငါသည် သာလျှင်။

## PAGE 440
<!-- 16 paragraphs, raw extraction -->



၃ ၉ ၇

ဝဇ္ဇေ-တပြောင်းပြန်ပြန်၊ စုန်ဆန်နစ်မြဲ၊ သံသရာ ဝဋ်ဆင်းရဲ၌။
အနပ္ပကံ ဒုက္ခ ံ=သင်္ချေသင်္ချာ၊ မရေသာအောင်၊ များစွာသော ဆင်းရဲ အမျိုးမျိုးကို။ ပတ္တော=ရောက်ခဲ့ရ၊ ရခဲ့လှလေပြီ။
(ရှေးဆရာများ။)

ရောဂါဖြစ်တာ ဝမ်းသာစရာ နာတာရှည်လေ ကောင်းလေ

ရောဂါဝေဒနာ တစုံတခုဖြစ်လာလျှင် အတိတ်ကံကိုချည်း မယိုးရှ၊ ပုဗ္ဗေ ကတ ဟေတုဒိဋ္ဌိ ဖြစ်တတ်သည်။

ရောဂါဖြစ်ရာအကြောင်းရှစ်မျိုး

အဘိဓမ္မာအလို “ဖဿပစ္စယာ ဝေဒနာ” ဖဿကြောင့်ဟု သိရ၏။ သုတ္တန် အလို အကြောင်းရှစ်မျိုးကြောင့်ဖြစ်ကြောင်း သီဝကသုတ်(သံ-၂၊ ၄၂ဂ)နှင့် ဂိရိမာနန္ဒသုတ် (အံ-၃၊ ၃၄၂-ဒသက)တို့၌ ဟောတော်မူ၏။ ရှစ်မျိုးတို့ကား- ၁။ ၂။ ၃။ လေ၊ သည်းခြေ၊ သလိပ် ဒေါသသုံးပါး တပါးပါးကြောင့်၊
၄။ ထိုသုံးမျိုး' ပေါင်းဆုံခြင်း (ဒေးဝန်း, သန္နိပါတ်ကြောင့်)၊

၅။ ဥတု မမျှတခြင်းကြောင့်၊

'

၆။ ဣရိယာပုထ် အနေအထိုင် မမျှတခြင်းကြောင့်၊

၇။ သူတပါးလုံ ့လ ထိခိုက်ဒဏ်ရာကြောင့်၊

၈။ ကံကြောင့်။

(စားမှု နေမှု

ကပ်ကြီးသုံးပါး ဆိုက်ရောက်ပုံကို ပြရာတွင်ကား မောဟ နမော်နမဲ့လုပ်ခြင်း) ကြောင့် ရောဂန္တရကပ် ဆိုက်ရောက်ရသည်ဟု ဆိုသည်။
သဘောအချုပ်ကိုကြည့်လျှင် မှန်လှပါပေ၏။

သွေးတိုး၊ ဆီးချို၊ လေငန်း၊ ပန်းနာ၊ တီဘီ စသည်ဖြင့် ရောဂါအမည်တွေ များလှသော်လည်း အရင်းစစ်၊ အမြစ်မြေက”ဆိုသကဲ့သို့ အကြောင်းရင်းမှာ တခုတည်းသာ ဖြစ်သည်။ မောဟ စသော ကိလေသာတို့ကြောင့်ချည်း ရောဂါ ဝေဒနာ ဖြစ်ကြရလေသည်။ (လူအများ နေ့စဉ်နှင့်အမျှ လောဘဇောလောင်ပုံ၊
မနာလိုဝန်တို မီးလောင်ပုံ၊ ဒေါသမီးလောင်ပုံတို့ကို ချဲ့ထွင်ကြည့်ပါ။ ကိလေသာ နာချည်းဖြစ်ကြောင်း သဘောပေါက်လာပါလိမ့်မည်။)

## PAGE 441
<!-- 15 paragraphs, raw extraction -->


၃ ၉ ဂ


နေမကောင်း၍ သေလျှင် နတ်ပြည်ရောက်နိုင်

ရောဂါဖြစ်တာ အသိဉာဏ်ရှိလျှင် ဝမ်းသာစရာကောင်းလှ၏။ “နာတာ ရှည် ဖြစ်လေ ကောင်းလေဟု ဆိုရမည်ကဲ့သို့ရှိသည်။ ကပ်ကြီးသုံးပါးအကြောင်း ကို ဖွင့်ဆိုရာ (ဒီ-ဋ္ဌ-၃၊၃၀-စက္ကဝတ္တိသုတ်အဖွင့်)၌–

၁။ လောဘ- အငတ်ဘေး- ပြိတ္တာဘုံသို့၊
၂။ ဒေါသ- လက်နက်ဘေး- ငရဲဘုံသို့၊

၃။ မောဟ- အနာရောဂါဘေး- နတ်ပြည်သို့၊

ဤခွဲတမ်းမှာ ရောဂါဝေဒနာရှင်များအတွက် စိတ်သက်သာရာ ရှိပေ၏။
“ရောဂါဖြစ်၍ နတ်ပြည်ရောက်သည်’ ဆိုရာ၌ အတန်ငယ် ဆန်းကြယ်သကဲ့သို့ ရှိသော်လည်း အဋ္ဌကထာ ဆရာကြီးက—

"

“ယခုငါ ခံစားနေရသကဲ့သို့ သတ္တဝါတွေ မခံစားကြရပါစေနှင့်၊
ချမ်းသာကြပါစေ”ဟူသော မေတ္တာစိတ်များ ဝေဒနာခံစားရတိုင်း ဖြစ်ပေါ် တတ်သောကြောင့်ဟု ဆိုလေသည်။ သဘာဝရှိလှ၏။

ရောဂါဝေဒနာဖြစ်၍ ကြောက်သူ၊ စိတ်ဆင်းရဲ စိတ်တိုသူ (ဒေါသ) လူ မမာ မေးသူရှိမှ၊ ယုယပေးမှကြိုက်သူ(လောဘ)၊ ဝေဒနာကို မရှုမှတ်နိုင်လောက် အောင် တွေဝေသူ(မောဟ)တို့ကား ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်သုံးမျိုးဖြင့် ခွဲတမ်း ချရမည်သာ ဖြစ်လေသည်။

ထို ့ကြောင့် သလ္လသုတ်၌ အသိဉာဏ်ရှိသူအတွက် တရားရနိုင်၍ အသိဉာဏ် မဲ့သူအတွက် ဆူးစူးရာ ဆူးနှင့် ထပ်၍ ထွင်သကဲ့သို့ ရောဂါဝေဒနာကြောင့် ပဋိဃာ နုသယ (ဒေါသ)နှင့် ကာမရာဂါနုသယ (လောဘ)များ ဖြစ်တတ်၍ အနာပေါ် နှစ်နာဆင့်ကာ ဒုက္ခရောက်တတ်သည်ဟု ဟောတော်မူ၏။ (သံ-၂၊၄ဝ၉။)

မူလပဏ္ဏာသ- သဗ္ဗာသဝသုတ်လည်း သုခ,ဒုက္ခကို သည်းမခံနိုင်၍ ကိလေ သာ အာသဝေါတရား လေးပါးလုံး လုံးထွေးရစ်ပတ် နှိပ်စက်လာတတ်ကြောင်း ဟောတော်မူထားလေသည်။ (မ-၁၊ ဂ။)

အရှင်ဂိရိမာနန္ဒ နေမကောင်းစဉ်က

အရှင်ဂိရိမာနန္ဒမထေရ် နေမကောင်းရှိနေစဉ် အရှင်အာနန္ဒာက ဘုရားရှင် ထံမှ လူမမာအား ဟောပြရန်, တရားများ လျှောက်ထား မှတ်သားခဲ့ပြီး အရှင် ဂိရိမာနန္ဒအား ဟောပြပေးတော်မူရာ ချက်ချင်း ကျန်းမာသွား၏။ လူနာအား နှလုံးသွင်းခိုင်းသော တရားမှာ-

## PAGE 442
<!-- 15 paragraphs, raw extraction -->



၃ ၉ ၉

အနိစ္စသညာ၊ အနတ္တသညာ၊ အသုဘသညာ၊(ခန္ဓာကိုယ်အပြစ်) အာဒီနဝ သညာ၊ (ဝိတက်ပယ်ရန်) ပဟာနသညာ၊ (နိဗ္ဗာန်ချမ်းသာ အာရုံပြုရန်) ဝိရာဂ သညာ၊ နိရောဓသညာ၊ (တလောကလုံး၌ မတွယ်တာရန်) သဗ္ဗလောကေ အန ဘရတ သညာ၊ (သင်္ခါရတရား အားလုံးအပေါ် ငြီးငွေ့စက်ဆုပ်ရန်) သဗ္ဗသင်္ခါ ရေသု အနိစ္ဆာသညာနှင့် အာနပါနဿတိရှုပွားခြင်းအားဖြင့် ဆယ်မျိုးဖြစ်၏။

ယောဂီကား မိမိ ထင်လွယ် မြင်လွယ်ရာ၊ သို့မဟုတ် အမြဲ ရှုမှတ်နေကျ တရားကို ပို၍ ဖိဖိစီးစီးရှုလျက် ကိစ္စပြီးနိုင်သည်ပင်ဖြစ်၏။ တရားရှုမှတ်ခြင်းသည် ဗောဇ္ဈင်္ဂဘာဝနာပင် ဖြစ်၍ ရှုမှတ်၍ ဖြစ်ပေါ်လာသော ပီတိသုခစသော အအေး ဇာတိ၊ အငြိမ်းဇာတ်များကြောင့် စိတ်ကြည်လင်၍ စိတ္တဇရုပ် စသည်တို့ ကြည်လင် လာကာ ရောဂါဖြစ်ရကြောင်း ဗောဇ္ဈင်္ဂသုတ် အဋ္ဌကထာတို့၌ အတည့်အလင်း ဟောကြား ဖွင့်ဆိုထားပြီး ရှိလေပြီ။

ယခုအခါ မည်သည့် ဆေးနှင့်မျှ မပျောက်နိုင်သော ရောဂါကြီးများ တရားရှုမှတ်ရုံနှင့် အံ့ဩလောက်အောင် လက်တွေ့ပျောက်သူ ယောဂီများ များလှ ပေပြီ။

[ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ “သမ္မာပရိဗ္ဗာဇနီယ သုတ် တရားတော်”၊ “တက္ကသိုလ်တရားတော်များနှင့် ကျွန်ုပ်တို့ ရေးခဲ့ သော “အနာဂါမ် ဆရာသက်ကြီး”စာအုပ်များ၌ ကိုယ်တွေ့ဝတ္ထုများ များစွာရှိလေပြီ။]

အရှင်ဥတ္တိယမထေရ်လည်း နေမကောင်းလာသည်နှင့် တပြိုင်နက် တရား ကိုသာ မဲတင်း၍ ရှူမှတ်ရာ ရောဂါပျောက်ကင်းကာ တရားရလေသည်။
အာဗာဓေ မေ သမုပ္ပန္နေ၊ သတိ မေ ဥဒပဇ္ဇထ။

1

အာဗာဓော မေ သမုပ္ပန္နော၊ ကာလော မေ နပ္ပမဇ္ဈိတုံ။

"

“ရောဂါဖြစ်လာသည်နှင့် အပ္ပမာဒသတိထားနိုင်လာ၏။ ငါ့မှာ ရောဂါတော့ ဖြစ်လာပြီ၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်နေလို့ (လျော့လျဲလျဲရှုမှတ်ဒနလို့)မတော်တော့ဘူး။”(ဥတ္တိယတ္ထေရဂါထာ-

ဝိမာနာဒိ’၂၂၆။)

နကုလပိတု ဒကာကြီးအိုနာ

ရောဂါဝေဒနာဟူသည် သတ္တဝါတို့၌ အမြဲတမ်း နှိပ်စက် ခံနေရသည်သာ ဖြစ်၏။ တရံမလပ်ပေ။ ရောဂါကြီးနှင့် ရောဂါကလေးသာ ခြားနား၏။ လူတိုင်း သေမျိုးဖြစ်၏။ သေသည်မှာ သေလောက်အောင် နာသောကြောင့်သာ သေကြ ရလေသည်။

## PAGE 443
<!-- 13 paragraphs, raw extraction -->



"


သေခါနီးမှ လေ့ကျင့်၍ မရပြီ။

ဘုရားလက်ထက်တော်က ဘဝငါးရာ ခမည်းတော် ဖြစ်ခဲ့ဖူးသော နကုလ ပိတု ဒကာကြီး နေ့စဉ် ဘုရားရှင်ထံ လာနေကျရှိနေရာမှ အိုမင်းလာသောအခါ မကြာခဏမလာရောက်နိုင်တော့၍ တရားချီးမြှင့်ရန် တောင်းပန်ရာ ဘုရားရှင်က- “ဒကာကြီး….၊ ဤခန္ဓာကိုယ်ကြီးကား အမြဲနှိပ်စက် နာကျင်လျက်သာ နေ၏။ ကွဲပျက်လွယ်သော ဥသဖွယ် ဖြစ်၏။ အရေပါးဖြင့် မြှေးယှက်ထား၍ (ပြင်ပအန္တရာယ်) ထိပါးလွယ်၏။ ဒကာကြီး… ဤသို့သဘောရှိသော ခန္ဓာကိုယ် ဝန်ကြီးကို သယ်ပိုးစောင့်ရှောက်နေရပါလျက် အကြင်သူသည် တခဏကလေးမျှ လည်း ကျန်းမာပါသည်ဟု ဝန်ခံငြားအံ့။ ထိုသူအား မိုက်မဲခြင်းမှတပါး အခြား အကြောင်း မရှိပြီ။

“ဒကာကြီး…၊ ထို ့ကြောင့်ပင်လျှင် “ငါသည် ငါ၏ ခန္ဓာကိုယ်ကြီးပင် နာသော်လည်း ငါ့စိတ်ကိုမူ မနာစေရ”ဟု ဤသို့ လေ့ကျင့်ဆောက်တည်ရမည်” မိန့်တော်မူလေသည်။ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ဝိညာဉ် ခန္ဓာငါးပါး၌ “ပါ ငါ့ဟာ၊ ငါနာသည်၊ နာတာ ငါဥစ္စာ” စသည်ဖြင့် မသုံးသပ်ရန် ဆက်လက် ဟောပြတော်မူလေသည်။

အရိယာပုဂ္ဂိုလ်တို့ကား ကိုယ်ပင်နာသော်လည်း စိတ်နာရိုးထုံးစံမရှိကြချေ။
(သံ-၂၊ ၁-နကုလပိတုသုတ်။)

ယခုအခါ ရှုမှတ်နည်းများ ထင်ရှားပွင့်လင်းလှသဖြင့် အထူးမရေးတော့ပြီ။
တရားရှုမှတ်ခြင်းသည်ပင် ကိလေသာကို သတ်ခြင်းဖြစ်ရာ ကိလေသာကြောင့် ဖြစ်သော ရောဂါဝေဒနာမှန်သမျှ ချုပ်ငြိမ်းရမြဲသာ ဖြစ်သည်။ ယောဂီများ ကိုယ်တွေ့များလှလေပြီ။

ရက္ခိတောပိ အဂုတ္တောဝ၊
ကာယော ဘယမုခေ ဌိတော။
တသ္မာ ကာယီ အနပေက္ခိတွား ဓမ္မံ စရေယျ ပဏ္ဍိတော။ ။ (နီတိ)

..

“ခန္ဓာကိုယ်ကြီးကား ဝတ်စားတန်ဆာ ဣရိယာပထ စသည် ပြောင်းလဲပေးကာ အမြဲ စောင့်ရှောက်နေသည့် ကြားထဲကပင်လျှင် လုံခြုံသည်ဟူ၍ကား မရှိ။ ဘေးမျိုးစုံတို့၏ နှုတ်ခမ်းဝ၌သာ မေးတင် လျက်ရှိနေ၏။ ထို့ကြောင့် ပညာရှိသူတော်ကောင်းသည် ခန္ဓာကိုယ်ကြီး ကို ငဲ့ကွက်ထောက်ညှာခြင်းမပြု၊ လျစ်လျူရှုထားပြီးလျှင် မိမိတရားကို သာ ရှုမှတ်ကျင့်ပွားရာ၏။”

"

## PAGE 444
<!-- 8 paragraphs, raw extraction -->


အခန်း (၆)

သွားလာလုပ်ကိုင် ယင်း ရှုမှတ်မှုအရာ စံတော်ဝင် မထေရ်များ

ဘဝ လုံခြုံရေး

ယထာ အဂါရီ ဒုစ္ဆန္နံ ဝုဋ္ဌိ သမတိဝိဇ္ဈတိ၊

ဧဝံ အဘာဝိတံ စိတ္တံ ရာဂေါသမတိဝိဇ္ဈတိ၊

အမိုးချင်းစပ်အောင် ကောင်းစွာ မမိုးအပ်သောအိမ်ကို မိုးရေပေါက်သည် ထိုးဖောက်ဖျက်ဆီးသကဲ့သို့၊ ထို ့အတူ ဧလျောင်း,ထိုင်,သွားရပ် အမှတ်ချင်း စပ်အောင် မရှုမှတ်နိုင်သော ယောဂီ၏စိတ်ကိုလည်း ရာဂ (ဒေါသ မောဟ) သည် ဝင်ရောက်ထိုးဖောက် နှောင့်ယှက် ဖျက်ဆီးလေတော့၏။

(ဓမ္မပဒ-၁၄-၅။)

## PAGE 445
<!-- 6 paragraphs, raw extraction -->


"


အဆန်ပုဂ္ဂိုလ်=ပဋိသောတဂါမီ

“ရဟန်းတို့..၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာရုံငါးပါးကို မခံစား၊ မကောင်းမှု ဒုစရိုက်ကိုလည်း မလွန်ကျူး။ ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်း ရဲခြင်းကြောင့် မျက်ရည်ပေါက် ကြီးငယ်ကျအောင် ငိုကြွေးလျက်ကလည်း တော်ကောင်း တရားကို (လက်မလွှတ်။) ပြည့်စုံသည်ထက် ပြည့်စုံ၊ စင်ကြယ်သည် ထက် စင်ကြယ်အောင် ကျင့်ကြံလေ့ရှိ၏။ (သဟာဒုက္ခေန, သဟာပိ ဒေါမန သေန အဿုမုခေါပိ ရုဒမာနော ပရိပုဏ္ဏ ံ ပရိသုဒ္ဓိ ဗြဟ္မစရိယံ စရတိ။) ရဟန်းတို့ ဤပုဂ္ဂိုလ်မျိုးကို “အဆန်ပုဂ္ဂိုလ်”ဟု ခေါ်ဆိုရသည်။”

(အံ-၁၊ ၃ ၁၁-စတုက္က-အနုသောတသုတ်)

## PAGE 446
<!-- 10 paragraphs, raw extraction -->



၄ ၀ ၃

တံမြက်လှည်းယင်း ဂုဏ်တော်ပွား၍ ရဟန္တာဖြစ်သွားသော ဖုဿ ဒေဝ ထေရ်

ရှေးအခါက သီဟိုဠ်ကျွန်း “ကဋအန္ဓကာရ” ခေါ် ကျောင်းတိုက်ကြီး တတိုက်၌ “ဖုဿ ဒေဝ” မည်သော မထေရ်တပါး သီတင်းသုံးတော်မူ၏။

ထိုမထေရ်သည် ဗုဒ္ဓာနုဿတိ ကမ္မဋ္ဌာန်းကို အမြဲ စီးဖြန်းတော်မူသည်။
စေတီ ရင်ပြင်ဘော်၌ တံမြက်လှည်းခြင်းစသော စေတီယင်္ဂဏဝတ်များကိုလည်း အမြဲ ဆောင်တော်မူ၏။ တံမြက်လှည်းခြင်းစသော ငာဝစ္စများကို လုပ်ယင်း လည်း ဘုရားရှင်၏ ကျေးဇူးတော် ဂုဏ်တော်များကို နှလုံး သွင်းတော်မူသည်။

တနေ့သောအခါ စေတီရင်ပြင် တခုလုံး တံမြက်လှည်းပြီးနောက် သင်္ကန်း လက်ဝဲတဘက် ပခုံးထက်၌ တင်လွှမ်းကာ အဝန်းညီစွာ (သေသေသပ်သပ် ချပ်ချပ်ရပ်ရပ် ညီညီညွတ်ညွတ်) ပြင်ဝတ်လျက် လက်တဘက်က တံမြက်စည်းကို ကိုင်ကာ တံမြက်လှည်းပြီး၍ ညီညာပြန့်ပြူးနေသော ရင်ပြင်တော်ကို တမျှော် ခေါ်ကြီး ကြည့်ရှု နေမိ၏။ မိမိ၏ ကုသိုလ်မှုကို ကျေနပ်အားရ ကြည်နူး၍ မဆုံးအောင် ဝမ်းမြောက် နေမိ၏။

တံမြက် လှည်းရကျိုး ငါးမျိုး

သူများစိတ်ကြည်၊ ကိုယ်စိတ်ကြည်နှင့်၊ တလီနတ်ချစ်၊ ရောင်လှစ် ဆင်းလှ၊ သေကာလမှာ၊ ရောက်ရနတ်ပြေ၊ ဤငါးထွေသည်၊ မှတ် လေ တံမြက်လှည်းခြင်း အကျိုးတည်း။(ဝိနည်း၊ ပရိဝါ ပါဠိတော်။
“ရောင်လှစ်ဆင်းလှ” ဟူသည် အဆင်းလှပစေတတ်သည့် ကောင်းမှု မျိုးဟု ဆိုလို၏။)

ညီညာပြန့်ပြူးလျက်ရှိသော ငွေသဲသောင်ယံပမာ စေတီရင်ပြင်တော်ကို လှမ်းမျှော်ကြည့်ရှုယင်း ဗုဒ္ဓ ဂုဏ်တော်များကိုလည်း ပွားများမြဲပွားများနေ၏။
ရင်ထဲမှစ၍ တကိုယ်လုံး ပီတိများ စိမ့်ဖြာ၍ တက်လာ၏။ မတ်တတ် ရပ်လျက်က မျက်စိကို စုံမှိတ်ကာ အရဟံစသော ဂုဏ်တော်များကို တခုပြီးတခု နှလုံးသွင်း နေမိ၏။

## PAGE 447
<!-- 16 paragraphs, raw extraction -->



"

1-


အပူ

“အရဟံ = လောဘ ဒေါသ မောဟ စသည် ကိလေသာ အညစ် ခပ်သိမ်းတို့ ဝါသနာ အငွေ့ အသက်မျှ မကျန်ရအောင် အကြွင်းမဲ ကင်းငြိမ်းတော် မူပြီးသည်ဖြစ်၍ လူနတ် ဗြဟ္မာ သတ္တဝါ အားလုံးတို့၏ ညွတ်ရုံးဦးခိုက် အပူဇော် ခံထိုက်တော်မူပါပေသော မြတ်စွာဘုရား……။

"

အတန်ကြာ နှလုံးသွင်းပြီးနောက် ရှင်ပြင်တော် တောင်မြောက် လေးပါး ကြည့်လိုက်ရာ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်လိုက်ရသဖြင့် အနည်းငယ် တရား အာရုံလျော့ပါးသွားရသည်။ အကြောင်းကား တောမျောက်ညိုကြီး တကောင် သည် နွားချေးခြောက်များကို ယူဆောင်လာကာ ရင်ပြင်တော်၌ ချေဖွ ဖြန့်ကြဲ နေသည်ကို တွေ့ရ၏။ နွားချေးခြောက်များကို ကောက်ယူ ရှင်းလင်း နေရသဖြင့် သမာဓိ လျော့ပါးသွားသည်။ နောက်ကရှင်း၊ ရွှေက ရှုပ်ဖြင့် အလုပ်ပိုကာ တနေ့တာ ကုန်သွား၏။

နောက်တနေ့ တံမြက်လှည်းအပြီး ကြည်နူး နှစ်သိမ့်ကာ ဗုဒ္ဓ ဂုဏ်တော် အာရုံ ပီတိဖြင့် နေစဉ်၌လည်း နွားအိုကြီး တကောင် ရောက်လာပြီး စေတီ ရှင်ပြင်၌ နွားချေး စွန့်ချ ပေကျံနေ၍ သုတ်သင် ရှင်းလင်းရပြန်၏။ ရဟန္တာ ဖြစ်လောက်သော သီလ သမာဓိ ရှိသော်လည်း အနှောင့်အယှက် ဝင်လာသဖြင့် တရက်တာ ကုန်ရပြန်သည်။

သို့တိုင်အောင်လည်း မထေရ်သည် မာရ်နတ် လက်ချက်ဟု မရိပ်မိ မသိရှိ

သေးချေ။

တတိယ နေ့သို့ ရောက်သောအခါ ညီညာ ပြန့်ပြူးနေသော သဲရင်ပြင်၌ သုတ်သင် လှည်းရှင်း၍အပြီး ကြည်နူး နှစ်သိမ့်ကာ ရှေးနည်းအတူ ဗုဒ္ဓ အာရုံဖြင့် နေခိုက်မှာပင် ခြေခွင် ခြေကောက်နေသူ ဒကာတယောက် ရင်ပြင်ပေါ်က ဖြတ်၍ လာသည်ကို တွေ့ရ၏။ ညီညာ ပြန့်ပြူးနေသော သဲများလည်း ခြေဖြင့် ဒရွတ်တိုက် ဆွဲထားသဖြင့် မညီမညာ အရာနှင့်ကြောင်းကြောင်း ကြည့်မကောင်း ရှုမကောင်း ဖြစ်သွားတော့သည်။

“တယူဇနာ ပတ်ဝန်းကျင် အတွင်းရှိ ငါ၏ ဂေါစရဂါမ် ရွာထဲမှာ ဒီလောက် ရုပ်ပျက် ဆင်းပျက် စက်ဆုပ်စရာ ကောင်းတဲ့လူ မရှိပါဘူး။ မာရ်နတ် များ ဖြစ်လေမလား”ဟု မထေရ်မှာ သံသယဝင်လာသဖြင့် “သင် မာရ်နတ်ပဲ မဟုတ်လား”ဟု မေးလိုက်ရာက

"

“မှန်ပါ၊ တပည့်တော် မာရ်နတ်ပါ။ ယခု အရှင်ဘုရားကို လှည့်စား၍ မရတော့ပါ”ဟု ဝန်ခံရလေသည်။

## PAGE 448
<!-- 17 paragraphs, raw extraction -->




မထေရ်လည်း (ဗုဒ္ဓာနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းနေသူ ဖြစ်သည့်အတိုင်း ဗုဒ္ဓ အကြောင်းကိုပင် သိချင်နေသဖြင့်) မာရ်နတ်အား-

"

“သင် ဘုရားရှင်ကို ဖူးတွေ့ဖူးသလား”ဟု မေးတော်မူရာ ဖူးတွေ့ ဖူး ကြောင်း ဝန်ခံ၍’

"

“မာန်နတ်ဆိုတာ အလွန်တန်ခိုးကြီးပါတယ်။ ဘုရားရှင်နှင့် သဏ္ဌာန်တူ အောင် တဆိတ် ဖန်ဆင်းပြစမ်းပါ”ဟု မထေရ်က တောင်းပန်လိုက်သည်။
မာရ်နတ်ကလည်း

"

“အရှင်ဘုရား၊ တပည့်တော် ဘုရားရှင်နှင့် အသွင်တူအောင် မဖန်ဆင်း နိုင်ပါ။ သို့သော် အတန်အသင့် တူရုံတော့ ဖန်ဆင်းပြပါ့မယ်”ဟု လျှောက်၍ ဘုရားအသွင် ဖန်ဆင်းလျက် ရှေ့၌ ရုပ်ပြရာ – မထေရ်သည် မာရ်နတ်ကို ကြည့်ယင်း’

“ဪ…၊ ရာဂ ဒေါသ မောဟတွေ ရှိနေတဲ့ မာရ်နတ်တောင် ဒီလောက် တင့်တယ်သေးလျှင် အမြဲတစေ ရာဂ ဒေါသ မောဟ မောဟ ရှိတော်မမူသော ဘုရား ရှင်ကား ဘာဖြစ်လို့ သည့်ထက် မတင့်တယ်မသပ္ပာယ်ပဲ ရှိရပါ့မလဲ”ဟု ပို၍ပင် ဘုရား အပေါ်၌ ကြည်ညိုစိတ်များ ဝင်လာ၏။

အရဟံဂုဏ်တော်ကြီးကို ဆင်ခြင်ကာ ပီတိတွေ တလှိုက်လှိုက် ဖြစ်လာ၏။
ထိုပီတိ ဖြစ်ပြီးနောက် ဆက်လက်၍ လက္ခဏာရေး သုံးပါးကို နှလုံးသွင်းရာ ထိုနေရာ၌ပင် ရဟန္တာ ဖြစ်တော်မူသွား၏။

လှည့်စားရန် လာသော မာရ်နတ်သည် မထေရ်အား လှည့်စား၍ မရသည့် အပြင်၊ မထေရ်ခိုင်းစေသည့်အတိုင်း ပြုလုပ်မိ၍ မထေရ်သာလျှင် ရဟန္တာဖြစ်သွား သည်ကို အောက်မေ့မိ၍လော မသိ။

“အရှင်ဘုရား…တပည့်တော်ကို လှည့်စားတာပေါ့၊ တပည့်တော် အရှင် ဘုရား အလှည့် ခံလိုက်ရပါပြီ”ဟု ဝမ်းနည်းစွာလျှောက်ထားရာ

"

“မာရ်နတ်အိုကြီး၊ သင့်ကို လှည့်စားလို့ ငါ့မှာ ဘာအကျိုးရှိမှာလဲ”ဟု မိန့်တော်မူလိုက်သည်။ သာရ သင်္ဂဟ အဋ္ဌကထာ၌ “သင့်ကို လှည့်စားခြင်းသည် ဝန်လေးဖွယ်ရာ မရှိ”ဟု ဆိုသည်မှာ မသင့်တတ်။)

တံမြက်လှည်း၍ လှည်းသူ ကိုယ်တိုင် စိတ် ကြည်လင်ရပုံ၊ ထိုမှ ရဟန္တာ အထိ ဖြစ်နိုင်ပုံ သာဓကပင်တည်း။ (ဗုဒ္ဓာ နုဿတိ ရှုပွားပုံ အဆုံးအဖြတ် သိမှတ် ဖွယ်များကို“ရတနာ သုံးပါး ကျေးဇူး”စာအုပ်၌ အကျယ်ရေးခဲ့ပြီ။)

## PAGE 449
<!-- 10 paragraphs, raw extraction -->


၄ ၀ ၆


ဒတ္တထေရ်နှင့် ဩဒါတကသိုဏ်း

ယင်း အဋ္ဌကထာ၌ ဆက်၍ “လောကန္တရကျောင်းနေ ဒတ္တမထေရ်လည်း စေတီရင်ပြင်ကို တံမြက်လှည်းအပြီးစိတ်ကြည်လင်ကာသဲပြင်ကိုဘစိမ့်စိမ့်ကြည့်ယင်း ဩဒါတ(အဖြူ)ကသိုဏ်း ဝင်စား၍ရ၏။ သမာပတ် ရှစ်ပါးကိုပါ ရ၍ ထိုမှတဆင့် ဝိပဿနာပွားရာ အနာဂါမ်အထိ ဖြစ်တော်မူသည်”ဟု ပြဆိုထားသည်။

တံမြက်လှည်းရာဌာနနှင့် ဂုဗ္ဗေနိပါသဉာဏ်

တံမြက်လှည်းထားသောနေရာဒေသနှင့်စပ်၍ လှည်းသူသာ စိတ်ကြည်နူး၍ တရားထူး ရသည်မဟုတ်၊ မြင်တွေ့ရသူ အပေါင်းလည်း စိတ်ကြည်နူး၍ တရား ထူးများ ရဖူးကြောင်း အောက်ပါအတိုင်း သီဟိုဠ်ခေတ် ဖြစ်ရပ်များကို သာဓက တင်တော်မူထားသည်။

"

“တိဿ မည်သော ရဟန်းငယ်တပါး ဇမ္ဗူကောလစေတီ ရင်ပြင်၌ တံမြက် လှည်းအပြီး အမှိုက်ကျုံး တောင်းကို ကိုင်၍ ရပ်နေစဉ် လှေသင်္ဘောမှ တက်ကြွ လာသော တိဒတ္တမထေရ်ကြီးသည် ထိုစေတီသို့ ဘုရားဖူးမြော်ရန် ရောက်လာ၏။
ပြောင်ရှင်း ညီညာနေသော စေတီ ရင်ပြင်ကိုကြည့်၍ “ကမ္မဋ္ဌာန်းဘာဝနာ ပွားယင်း တံမြက်လှည်းထားတဲ့နေရာပါကလား”ဟု သိမြင် ဆင်ခြင်တော်မူမိသည် နှင့် ထိုရဟန်းငယ်အား တရားအလုပ်နှင့်စပ်သော ပြဿနာ တထောင်ကို စစ်မေး ချီးမြှောက်တော်မူ၏။ ရဟန်းငယ်လည်း မေးတိုင်းပင် ဖြေဆိုနိုင်လေသည်။
တံမြက်လှည်းယင်း တရားပေါက်မြောက်သော ရဟန်းငယ်ဖြစ်လေ၏။
အခြား ကျောင်းတကျောင်းမှ မထေရ်တပါးလည်း စေတီယင်္ဂဏ ့ဝတ် ပြုလုပ်လေ့ရှိရာ ထိုဒစတီ ရင်ပြင်သို့ မနကတိုင်း (ဝဇိရဗုဒ္ဓိ အလို စိန့်တိုင်း)မှ ယေ ဘုရားဖူးမထေရ်လေးပါးကြွရောက်လာကြ၏။မထေရ်များသည်ပရိဝုဏ်မုခ်ဦးကပင် စေတီ ရင်ပြင်ကို လှမ်းမျှော်၍ ကြည့်ရှုရာ ညီညာ သန့်ရှင်းနေသည်ကို တွေ့ကြရ သဖြင့် မြင်ရရုံမျှဖြင့် စိတ်ကြည်နူးနေကြ၏။ ရင်ပြင်ပေါ် မတက်သေးပဲ တံခါး အပေါက်ဝ၌ပင် ရပ်ကာ အမောဖြေယင်း တရားသံတိ ကပ်လိုက်ရာ ထိုနေရာ၌ပင် ရှေးဘဝများစွာကို သိမြင်နိုင်သော ပုဗ္ဗေ နိဝါသာ နုဿတိ ဉာဏ်ကို ရတော်မူ ကြသည်။

ဘုရားဖူး မထေရ် လေးပါးတွင် တပါးက ရှစ်ကမ္ဘာ၊တပါးက ၁၆-ကမ္ဘာ၊
တပါးက ကမ္ဘာ နှစ်ဆယ်၊ တပါးက ကမ္ဘာ သုံးဆယ် တိုင်အောင် . မြင်တော်မူ လေသည်။

## PAGE 450
<!-- 14 paragraphs, raw extraction -->


"



ထိုဝတ္ထုနှင့် တဆက်တည်းတံမြက်လှည်း၍ နတ်များဝမ်းမြောက်ခြင်း”နှင့် စပ်၍ စေတီ ရင်ပြင်၊ ဗောဓိရင်ပြင်၌ တံမြက်လှည်းသော ရဟန်းတပါးအား- “ကျောင်းတိုက် တည်ကတဲ့က ယခုမှသာ တံမြက်လှည်းသူကို ဖူးတွေ့ရ၍ ဝမ်းသာ သောကြောင့် ပန်း လာလှူရပါသည်”ဟု ဆိုကာ နတ်များ ကိုယ်ထင်ရှားလာရောက် ဖူးမြော်သည့် ဖြစ်ရပ်တခုကိုလည်း ပြဆိုထား၏။

ရဟန်းတပါးနှင့် အမှတ်သားတို့ အလှပြိုင်ပွဲ

တံမြက်လှည်းရသော အကျိုးနှင့်စပ်၍ သီဟိုဠ်ခေတ် ဖြစ်ရပ်တခုမှာ ကြံကြံ ဖန်ဖန် ရှိလှ၍ မှတ်သား နှစ်လိုဖွယ်လည်း ကောင်းလှပေ၏။

အဘယ ခေါ်သော ရဟန်းငယ်သည် အလွန် သပ္ပာယ်၏။ အမတ်ကြီး တဦး၏သားမှာလည်း အလွန် ချောမော လှပ၏။ မထေရ်နှင့် အမတ်သားမည်သူက ပို၍လှကြောင်း ငြင်းခုံကြရာ နောက်ဆုံး တနေရာ၌ နှစ်ဦးလုံး တွေ့ဆုံပေးကာ အလှဘွဲ့ပေးရန် ကြံဖန် စီစဉ်ကြသည်။ (အံ့-ဋ္ဌ-၃၊ ၁၇-၌ မဟာ ဂတိမ္မ ဲ အဘယ ထေရ်နှင့် ဘဏ္ဍာစိုး အမတ်သားဟု ဆို၏။)

မဟာစေတီ ရင်ပြင်၌ တွေ့ဆုံ ပေးကြရန် စီစဉ်ကြ၏။ အမတ်ကြီးသား၏ သားချင်းများက သတို့သားကို အလှပဆုံး ငယ်စား ဆင်ယင် ပေးပြီးနောက် မဟာစေတီဖူးရန် အရှေ့ဘက် စောင်.ဟန်းမှ တက်လာကြသည်။ အဘယမထေရ်၏ မယ်တော်ကြီးကလည်း မိမိသားတော်ထံ အကောင်းဆုံး အလျှင်ဆုံး သင်္ကန်း တစုံ ချုပ်လုပ်၍ ပေးပို့ထားနှင့်၏။

"

“သားတော်၊ နက်ပြန် ခေါင်းကိုမပြောင်စိမ်းနေအောင် ရိတ်၊ဒီသင်္ကန်းကို ရုံခဲ့ပြီး ဆရာတော် သံဃာတော် အတူ မဟာစေတီကိုဘုရားဖူးကြွခဲ့ပါ”ဟု မှာကြား လျှောက်ထား၏။

မထေရ်လည်း သံဃာများနှင့်အတူ တောင်ဘက် စောင်းတန်းမှ တက်ကြွ လာရာ စေတီရင်ပြင်သို့အရောက် အမတ်သားနှင့် ဆုံမိကြစဉ်—

“ဒကာကလေး၊ မထေရ်အိုကြီးတံမြက်လှည်းတုန်းက အမှိုက်ကျုံးရတဲ့ သင် ကများ ငါ့ကိုယှဉ်ပြိုင်သင့်တယ်လို့တွက်တာ အံ့ပါရဲ့”ဟု မထေရ်ကပြက်ရယ်ကျီစယ် လိုက်၏။

လွန်ခဲ့လော ဘဝက ရွာတရွာရှိ စေတီ တခု၌ မထေရ်ကြီး တပါးက တံမြက်လှည်း၊ ကပ္ပိယဒကာကြီး တဦးက အမှိုက်ကျုံးခဲ့ကြဖူး၏။ ထို ကောင်းမူ ကြောင့် ယခုအခါ အလှပြိုင်သူနှစ်ဦး ဖြစ်လာသည်ဟု ဆိုပေသည်။

## PAGE 451
<!-- 14 paragraphs, raw extraction -->




အရှင်သာရိပုတ္တရာ တံမြက်မလှည်းမိ၍

30

အဋ္ဌကထာဆရာကြီးသည် တံမြက်လှည်းရခြင်း၏ အကျိုး ငါးမျိုးတွင် နတ်ပြည်ရောက်ရသော သာဓက ဝတ္ထုများမှာ အပဒါန်ပါဠိတော်. စသည်တို့၌ အထင်အရှား ရှိနေသောကြောင့် သာဓကဝတ္ထု မပြတော့ပေ။

တံမြက်လှည်းခြင်းဝတ်ကို ဘုရားရှင်တိုင်း ချီးကျူးတော် မူသည်ဖြစ်၍ တံမြက်လှည်းသူသည် သာသနာပြုသူ၊ဘုရားစကား နားထောင်သူပင် ဖြစ်ကြောင်း (သတ္တုသာသနံ ကတံ ဟောတိ) အရှင်သာရိပုတ္တရာ အကြောင်းဖြင့် နိဂုံးချုပ် ဖွင့်ဆိုတော်မူထားခဲ့လေသည်။

တချိန်က အရှင်သာရိပုတ္တရာ မထေရ်ကြီးသည် ဟိမဝန္တာ အရပ်သို့ တပါး တည်းကြွကာ တံမြက်မလှည်း မရှင်းပဲ လိုဏ်ဂူတခု၌ နိရောဓ သမာပတ် ဝင်စား တော်မူနေ၏။ ထိုအကြောင်းကို ဘုရားရှင် သိမြင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွတော်မူကာ မထေရ် သီတင်းသုံးရာ ရှေ့တည့်တည့် အမှိုက်သရိုက် မရှင်းသော နေရာ၌ ခြေတော်ရာများ နင်းချပြတော်မူခဲ့၍ ပြန်ကြွတော်မူသည်။

မထေရ်လည်း သမာပတ်မှ ထသောအခါ ဘုရားရှင့် ခြေတော်ရာတို့ကို မြင်ရ၍ လွန်မင်းစွာ ရှက်ကြောက် ရွှံ့စနိုးလှသဖြင့် ဒူးထောက် ဖူးမြော်ယင်း နေရာ မရှင်းလင်း မသုတ်သင်ပဲ ငါနေတာကို ဘုရားရှင် သိတော်မူသွားပြီကော။
သံဃပရိသတ် အလယ်မှာ ဝန်ခံလျှောက်ထားချေဦးမှပဲ’ဟု အောက်မေ့လျက် ဘုရားရှင်ထံ ကြွရောက်၍ ရှိခိုးထိုင်နေ၏။

"

“ချစ်သား သင် ဘယ်သွားနေသလဲ၊ ငါဘုရားနှင့် မခြားတမူ၊ အလား တူစွာ လှည့်လည် နေထိုင်ရတဲ့ သင်ဟ၁တံမြက်မလှည်းပဲ နေတာ မသင့်လျော် ဘူး”ဟု မိန့်တော်မူသဖြင့် အရှင်သာရိပုတ္တရာလည်း ထိုအချိန်မှစ၍ သင်္ကန်းရုံစဉ် မတ်တတ်ရပ်၍ သင်္ကန်း အနားပတ်သီး တပ်ရသည့် အချိန်မျိုးမှာပင် (ခေတ္တမျှ တန့်ရပ်၍ နေရစေကာမူလည်း) အမှိုက်သရိုက်ကို ခြေဖြင့်ယမ်းဖယ် ရှင်းလင်းပြီးမှ ရပ်တော်မူလေ့ ရှိပါသတဲ့။ (ပရိဝါအဋ္ဌကထာ-၁၇၄-၆။)

ယောဂီများ သတိပြုဖွယ်

ဝိသုဒ္ဓိမဂ် အဋ္ဌကထာလာ အပ္ပနာ ကောသလ္လဆယ်ပါး(တရားတိုးတက် ကြောင်း အင်္ဂါရပ်များ)တွင် “ဝဝိသဒ=အတွင်းအပြင် သန့်ရှင်းရခြင်း” အင်္ဂါ ရပ်တခု ပါဝင်၏။ ယောဂီသည် ခြေသည်း လက်သည်း အဝတ်အစား နေရာ ကျောင်း, ကျောင်းဝင်းများ သန့်ရှင်းအောင် သုတ်သင် ထားရမည်ဟု ဆိုလိုပေသည်။ ပတ်ဝန်းကျင် သန့်ရှင်းလျှင် စိတ်ဓာတ်လည်း ကြည်လင် သန့်ရှင်း ၍ တရားတိုးတက်ခြင်း၏ အကြောင်းတခု ဖြစ်သည်။

ထိုင်ခင်း

## PAGE 452
<!-- 10 paragraphs, raw extraction -->



၁ဝ ဘူ ဆရာတော်၏ ဩဝါဒ


ဤစာရေးသူ ၁၃ ၃၇-ခုနှစ်၊ သင်္ကြန်တွင်းက ရွှေဘိုမြို့မြောက် အင်ကြင်း ပင် ကမ္မဋ္ဌာန်းဌာန၌ ကျေးဇူးရှင် ဝေဘူ ဆရာတော်ဘုရားကြီး မေတ္တာရိပ် ခိုလှုံ၍ တရားရှူပွားခဲ့ပါသည်။

ဆရာတော် ဘုရားကြီးသည် အိုမင်းမစွမ်း ရှိနေသည့် ကြားကပင် နေ့စဉ် တံမြက်ဝတ်ဆောင်တော်မူလေ့ရှိသည်ကို ဖူးတွေ့ရပါ၏။ ယောဂီတိုင်းလည်း စရဏ ခေါ် ဝေယျာဝစ္စ သေနာသန၀တ်များကို နေ့စဉ် ပြုလုပ်ကြရပါသည်။ ထိုသို့ ပြုလုပ်မှလည်း ကြိုက်တော်မူပါသည်။

ဤနေရာ၌ ပြဆိုပြီး ဖုဿဒေဝမထေရ်ကြီး အကြောင်းနှင့် ဆက်စပ် နေခြင်း၊ ဆရာတော် ဘုရားကြီး၏ ဩပါဒကိုလည်း ဖော်ပြလိုခြင်းတို့ကြောင့် ကိုယ်တွေ့ အဖြစ်ဆန်းတခုကို(မှားသော်ရှိ၊ မှန်သော်ရှိ) အလျဉ်းသင့်၍ ပြောခွင့် ပြုစေလိုပါ၏။

တနေ့သောအခါ နေ့ဆွမ်းစားအပြီး တရားရှုပွားရန် ယောဂီ အသီးသီး သင့်လျော်ရာ နေရာ ယူကြပါသည်။ စာရေးသူကား တိလောက သဗ္ဗညု စေတီ တော်ကြီးရွှေ ဂန္ဓကုဋိ တိုက်သစ်ကြီးကို ရွေးချယ်လိုက်ပါသည်။ ထိုနေရာ၌ အခြားသူများ မလာကြပါ။ ထိုနေရာမှာ ဆရာတော်ဘုရားကြီး နေ့စဉ် မွန်းလပ် ကပ်ပွဲ ဘုဉ်းပေးရာ ဌာနလည်းဖြစ်၊ ဆောက်လုပ်ပြီးစလည်းဖြစ်၍ အလွန် သန့် ပြန့် ဆိတ်ငြိမ် လှပါသည်။ ကျယ်လည်း ကျယ်ဝန်းသော အုတ်တိုက် ဓမ္မာရုံကြီး ဖြစ်၏။

ဂန္ဓကုဋိ အာရုံခံကြီးထဲရောက်လျှင် တရားရှုပွားရန်သာ စိတ်စောနေသဖြင့် ဘုရားရုပ်ပွားတော်ရှိရာ အနောက်ဘက်သို့ မျက်နှာမူ၍ ဂန္ဓကုဋိ အလယ်ဘေး ဘက် အသန့်ပြန့်ဆုံး နေရာ၌ တင်ပျဉ်ခွေ ထိုင်ချပြီးသည်နှင့် တရားမှတ်ပါတော့ သည်။ ပရိကံ တည်ခြင်း, မေတ္တာပွားခြင်း မပြုမီ၊ ယုတ်စွာ့အဆုံး ဘုရားကိုပင် ဦးချမိသည် မထင်မိပါ။

တရားထိုင်၍ ၁၀-မိနစ်ခန့်ကြာလျှင် မစင်နံ့က နှာခေါင်းထဲ စူးဝင် လာသဖြင့် မျက်စိဖွင့်ပြီး ထ၍ ရှာကြည့်ရာ ကျွန်ုပ်၏ ကျောဘက် ငါးပေခန့် သမံတလင်းပြင်၌ အတန်ငယ် ခြောက်သွေ့ နေသော လူ၏ မစင်ပုံကြီးတပုံ တွေ့ရ သဖြင့် ကျုံးပြီး စွန့်ပစ်ရ၏။ ပြီးလျှင် မူလ နေရာ၌ ဆက်၍ ထိုင်ပါသည်။
တဖန် ၁၅-မိနစ်ခန့်ရှိလျှင် မစင်နံ့က မပျောက်ပဲ စူးရှ ဝင်လာပြန်သဖြင့် မစင် ကျုံးသော နေရာကို ကုန်း၍ အနံ့ခံကြည့်ပါသေးသည်။ ခြောက်နေ၍ အနံ့လည်း

## PAGE 453
<!-- 17 paragraphs, raw extraction -->


၄၁ဝ


မထွက်၊ သမံတလင်းပင် မပေကျံပါ။ သို့နှင့် မူလနေရာ ပြန်ထိုင်မည်အပြု ရွှေ တည့်တည့် ငါးပေခန့် နေရာ၌ မစင်ပုံကြီး တပုံကို တွေ့ရပြန်ပါသည်။ ထပြီး ကျုံးရပြန်၏။

ထိုသို့'ထပြီး ဝေယျာဝစ္စ အလုပ်ရှုပ် နေချိန်၌ တရားအမှတ်များ လွှတ် နေသည်ဟု ထင်ပါသည်။

“လူသူလေးပါး သွားလာဝင်ထွက်ခြင်းလည်းမရှိ၊ နေရာလည်း ရွေးပြီးမှ ထိုင်၏။ နောက်က မစင်ပုံကို တွေ့ပြီးမှ ရွှေ့က အပုံကို နောက်မှ တွေ့၏။ ဂန္ဓကုဋိ အတွင်း လူများ မစင်စွန့်သလော” စသည်ဖြင့် မည်သို့မျှ မဝေဖန် မစဉ်း စားမိပါ။ ထိုင်မိသည်နှင့် တရားကိုသာ တွင်တွင် ရှုမှတ်နေမိပါသည်။ နောက်မှ ပြန်လည် စဉ်းစားရာ စဉ်းစားစရာတွေ များစွာ ထွက်ပေါ်လာပါသည်။ မိမိ ထင်သည့်အတိုင်း ဟုတ်ချင်မှလည်း ဟုတ်ပေမည်။

ပို၍ အံ့ဩမိသည်မှာ ညနေတိုင်း ဆရာတော်ဘုရားကြီး ကျောင်းတော် ဆေးကပ်ပွဲ (ထန်းလျက် အဖျော်ကပ်ပွဲ)၌“ ရဟန်း ယောဂီ, ဒကာ ယောဂီများ စုရုံးလာရောက်ကြမြဲ ဖြစ်ရာ ဆရာတော်လည်း ဩဝါဒတရားအနည်းငယ် ထုံးစံ အတိုင်း ဟောပြပါသည်။

ထိုအခါကျမှ ခေါင်းနားပန်းကြီးမျှ အံ့ဩရပါသည်။

“ဘယ့်နှယ်တုံးဗျာ့၊ ဦးပဉ္စင်းကြီးများ၊ ဒကာကြီးများ တဆက်ထဲ ရကြရဲ့

မဟုတ်လား”

(တရက် ၂၄-နာရီ ရှိရာ ၂၄-နာရီလုံးလုံး မရပ်မနားပဲ ရှေ ့အမှတ်နှင့် နောက် အမှတ် တစပ်ထဲ ရအောင် မှတ်နိုင် မမှတ်နိုင် မေးခြင်း ဖြစ်ပါသည်။
နေ့စဉ် မေးမြန်း ပြောဟောနေကျ စကားဖြစ်ပါသည်။)

"

“စားဖို့ သောက်ဖို့အလုပ်တွေလဲ လုပ်ရမှာပဲ၊ စေတီ ရင်ပြင်၊ ဗောဓိရင်ပြင် ရောက်တော့ စေတီယင်္ဂဏဝတ်, ဗောဓိယင်္ဂဏဝတ်၊ ဒါတွေလဲ ဆောင်ရမှာပဲဗျာ့၊
ဒါတွေပြုလုပ်ယင်းနဲ့ ဆောင်လို့(ရှုမှတ်လို့)ကော မရဘူးလားဗျာ့။ တချိန်ထဲမှာ အလုပ်နှစ်ခု ပြီးအောင် လုပ်ရတယ်ဗျာ၊ ဒါပြီးမှ ဟိုဟာလုပ်မယ် မလုပ်ကြနဲ့

ဗျာ့

(ထိုနေ့ ညနေ ဖုဿဒေဝ မထေရ်ကြီး တံမြက်လှည်းတဲ့ အကြောင်းကို အကျဉ်းချုပ် ဟောပြပါသည်။)

"

“အဲ… စွန့်ထားတဲ့မစင်က အခြောက်ဆိုယင် စွန့်ရ သုတ်သင်ရတာ တော် သေးတယ်ဗျာ့။ အစို ဆိုယင် တော်တော်နဲ့ သုတ်သင်လို့ မပြီးဘူးဗျာ့။ ရှေးက အရှင်မြတ်များကျတော့ ဒါတွေ လုပ်ယင်းနဲ့ ဆောင်တာဗျာ့၊ ကြားလား။..... ပြိုင်ပြီးအားထုတ်ကြ။”

## PAGE 454
<!-- 11 paragraphs, raw extraction -->



၄ ၁ ၁

ဖုဿဒေဝ မထေရ်ကြီးအကြောင်း ကြားနာရသောအခါ ကျွန်ုပ် ခေါင်း နားပန်းကြီးသွားပါသည်။အမှန်ကိုဝန်ခံရသော် ဆရာတော်ဘုရားထံ၌ ယောဂီများ ဝေယျာဝစ္စတွေ များစွာ လုပ်နေကြသည်ကို ရောက်စကတည်းက ဘဝင်မကျပါ။
တရားအလုပ်ချိန် ပျက်ရသည်ဟု ထင်မိသောကြောင့် ဖြစ်၏။ ကျွန်ုပ်မှာ အများ နည်းတူ ဝေယျာဝစ္စ ဆောင်ရွက်ရာ၌လည်း အမှတ်မပါပဲ ရှိနေခဲ့ပါသည်။

တရားနာရခါမှ အလုပ် သတ်သတ်၊ တရား သတ်သတ် ခွဲခြားနေ၍ မရ။
တချိန်ထဲမှာ အလုပ် နှစ်ခု ပြီးအောင် လုပ်ရမည်ကို ကျေနပ်သွားပါသည်။သို့ရာတွင် မစင် နှစ်ကြိမ် ကျုံးရသောကိစ္စနှင့် ဖုဿဒေဝမထေရ်အကြောင်း ပြန်လည်စဉ်းစား သောအခါ စိတ်ထဲ၌ မရှင်းလင်းပါ။ မာရ်နတ် လက်ချက်လော၊ သို့မဟုတ် တန်ခိုးရှင်တဦးဦး၏လက်ချက်လော၊ မျတ်စိထဲတွင် ဆရာတော်၏ မျက်နှာတော် ကိုသာ မြင်ယောင်နေမိပါတော့သည်။

တရားအရေးကြီးလျှင် ဝေယျာဝစ္စတွေ ရပ်တန့် ရပ်

ဝေယျာဝစ္စလုပ်ယင်းလည်းအမှတ်သတိပါအောင်ရှုမှတ်နိုင်လျှင် တရားထူး ရနိုင်သောဝတ္ထုများကို တွေ့ရသောအခါ ဆရာတော်ဘုရားကြီး၏ဩဝါဒကို ပို၍ သဘောကျရပါ၏။ သို့ရာတွင် ခြွင်းချက် ပြုရန်ကား ရှိပေသေးသည်။ အမှတ် သတိရမှုသာ ပဓာန ဖြစ်၍ အလုပ်ပဓာန မဟုတ်ချေ။ နေ့လားညလား တရား အရေးကြီးလျှင် ဝေယျာဝစ္စများကို ရပ်ထားနိုင်လေသည်။ ထင်ရှားစေ....

"

“ယော ပန အစ္စာရဒ္ဓ ဝိပဿကော “အဇ္ဇ ဝါ၊
သုဝေ ဝါတိ ပဋိဝေဓံ ပတ္ထယမာနော ဝိစရှတိ၊ တေန ဥပဇ္ဈာယ ဝတ္ထာ ဒီနီပီ ဟာပေတွာ အတ္တနော ကိစ္စမေဝ ကာတဗ္ဗ။

600

(ဓမ္မပဒ-ဋ္ဌ-၂၊ ၁ဝ၃-အတ္တဒတ္ထထေရ် ဝတ္ထု။) ဤပါဠိ၏အဓိပ္ပာယ်ကား-ဝိနည်းပညတ်တော်အရ ဥပဇ္ဈာယ်ဆရာ စသည်၌ပြုရမှည့်ဝတ်များကိုမပြုလုပ်ကဒုက္ကဋ်အာပတ်သင့်၏။သီလ ပျက်ကာ သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် ဖြစ်နိုင်၏။သို့ရာတွင် ပြင်းထန်စွာ အားထုတ်၍နေ့လားညလားတရားထူးရရန်မျှော်လင့်ချက်ရှိသူ ဖြစ် လျှင်(ဆရာကိုပန်ကြား၍)ထိုဝတ္တရားများကိုမလုပ်ပဲ ထားနိုင်၏။
မိမိတရားအလုပ်ကိုသာ ဖိ၍လုပ်ရသည်။ အာပတ် မသင့်။ (ဝိနည်း ပညတ်ချက် အထူးမရှိသော လူယောဂီများ ဆိုဖွယ် မရှိ၊သာ၍ပင် ရှုမှတ်နိုင်၏။)

## PAGE 455
<!-- 14 paragraphs, raw extraction -->




ရဟန်း ယောဂီများအတွက် ဆက်လက် မှတ်သားရန်မှာ ဆရာ့ဝတ် စသည် ချွတ်ယွင်းသလောက် ဝိနည်း ပြစ်လည်း မရှိ၊ ကြောင့်ကြစိုက်ရမှု တာဝန်သာလျှင် ပို၍ လေးလံသော ဘုရား တည်ခြင်း၊
ကျောင်း ဆောက်ခြင်း၊ ပြုပြင် စီမံခြင်းနှင့် သံဃကိစ္စများကိုလည်း တရား ပဓာနပြုသူဖြစ်လျှင် မလုပ်ပဲ နေလိုက ရနိုင်သည် သာ ဖြစ်၏။ ဝိနည်း ပညတ်ရှိသော် ပန်ကြားရုံသာ ရှိပေ၏။

စေတီဟောင်း ပြုပြင်ခြင်း၊ ဘုရား တည်ခြင်းမျှလောက်ကိုပင် သာသနာပြု ကိစ္စကြီးဖြစ်လေဟန် ဒကာ,ဒကာမတို့အား မအပ်မရာ စီမံ၍ မိမိသန္တာန်၌ရှိရမည့် သီလစေတီ, သမာဓိစေတီ, ပညာစေတီ ပြုပြင် တည်ထားရမည်ကို ပဓာန မထား၊
လာဘ်များအောင် ကြံဆောင်သော ရဟန်းတို့အရေးကား ယခု ဖော်ပြလျက် ရှိသော သီလ သမာဓိ ကိစ္စ ကခြားစီသာ ဖြစ်ပေ၏။

လယ်တီ ဆရာတော် ဘု ရားကြီး ဖွင့်ဆိုထားသော မာရ်တပ်မကြီး ဆယ်တပ်

[အောက်၌ ဖော်ပြလတ္တံ့ သော ဂါထာများမှာ သုတ္တနိပါတ် ပါဠိတော် “ပဓာန’သုတ်၌ မြတ်စွာဘုရား ဟောတော်မူသည်ကို ၁၂၅၃-ခုနှစ်၊
ဝါဆိုလပြည့် နေ့က ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး အနက်မြန်မာ ပြန်ဆိုတော် မူခဲ့ ပါသည်။ .

သုတ္တနိပါတ် အဋ္ဌကထာ၊ အံ-ဋီ-၁၊ ၇၉၊ သာရတ္ထ(မဟာဝဂ္ဂ ဗောဓိဌာန) ဋီကာများနှင့် ညီညွတ်၍ သည်းခံပြီး ဖတ်ရှုရန် လိုပါသည်။

စွမ်းဆောင်နိုင်သော ယောဂီများ ကျက်မှတ်ကြရန် ပဓာနသုတ် နိဿယမှ လိုရင်းဂါထာမျှကို ထုတ်နုတ်ဖော်ပြပါအံ့။ ထိုသုတ်သည် ဒုက္ကရစရိယာ ကျင့်စဉ်မှ စ၍ ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်တော်မူပြီးသည့် နောက်ကာလအထိ မြတ်စွာဘုရားရှင်က မာရ်နတ်အား ဟောပြောခဲ့သမျှသော စကားတော်များ ချည်း ဖြစ်ပါသည်။]

ကာမဂုဏ်မှောင်၊ တရာ၊ရှောင်၊ ဆာလောင်စိတ်ကုန်ပျင်း

က။

ကာမာ တေ ပထမာသေနာ၊ ဒုတိယာ အရတိ ဝုစ္စတိ။
တတိယာ ခုပ္ပိပါသာ တေ၊ စတုတ္ထ တန္ဒီ ဝုစ္စတိ။

(၁) ပါပိမ-ဟယ်မာရ်ယုတ်၊ ကာမ=လူ ့ဘဝ နတ်ဘဝ ဗြဟ္မာ့ဘဝ၊
လူ့ စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ် ဟူသော “ဝတ္ထုကာမ’

°

## PAGE 456
<!-- 10 paragraphs, raw extraction -->



၄ ၁ ၃

ထိုဘဝ ထိုစည်းစိမ်တို့၌ ပျော်ပိုက်သော တဏှာ သုံးပါးတည်း ဟူသော ‘ကိလေသာကာမ’၊ ဤကာမနှစ်ပါး အယုတ်တို့သည်။
တေ=သင်မာရ်နတ်၏။ ပထမာသေနာ=ပထမ တပ်မတော်ကြီး ပေတည်း။
(၂) အရတိ=ရဟန်းအဖြစ်၌ မမွေ့လျော်ခြင်း၊ ပရိယတ်မှု ပဋိပတ်မှု တို့၌ `မမွေ့ လျော်ခြင်း၊ ဆိတ်ငြိမ်သော တောကျောင်း တောင် ကျောင်းတို့၌ မမွေ့လျော်ခြင်း၊ သမထ ဘာဝနာမှု ဝိပဿနာ ဘာဝနာမှုတို့၌ မမွေ့လျော်ခြင်း ဟူသော အရုတိတရား ဥက္ကက္ကိုတ တရားစုကို။ တေ=သင်မာရ်နတ်၏။ ဒုတိယာသေနာ=ဒုတိယ တပ်မတော်ကြီးဟူ၍။ ဝုစ္စတိ=ဆိုအပ်၏။ (ဥက္ကဋ္ဌိတ-လည်တမျှော် မျှော် မော်တင် ပျင်းဆန့်ငြီးငွေ့ခြင်း။)

(၃) ခုပ္ပိပါသာ=ဓုတင် ပဋိပတ်၊ လွန်ကျဉ်းကျပ်၍၊ နွားငတ်ရေချ၊
မစားရှပ်၊ မိဿကဘတ်၊ (ရောပြွမ်းသောဆွမ်း)၊ ရတတ်ရာရာ၊
မျှတခါ၌၊ ဆာလောင်နှမ်းချည့်၊ ဖြစ်တုံဘိသော်၊ ဆားထိတီရူး၊
ထွန့်ထွန့်လူးသို့၊ အထူးစိတ်စက်၊ အကုန်ပျက်၍၊ ဝိတက်ဗ်လပူ၊
ရမ္မက်ထူခြင်းတည်းဟူသော ခုပ္ပိပါသတရားစုံသည်၊ တေ=သင် မာရ်နတ်၏၊ တတိယာသေနာ=တတိယ တပ်မတော်ကြီးတည်း။
(၄) တန္နီ-ဝမ်းကဟာ၍၊ ဆာလောင်ချည့်နဲ့၊ ရှိလာခဲ့သော်၊ စိတ်ချဲ့ ကိုယ်ချဲ့၊ အားနဲ့အင်ယုတ်၊ အကြံဆုတ်လျက်၊ လုပ်ရန်အခင်း၊
မှုတင်းလင်းကို၊ မချဉ်းလိုက်ချင်၊ ပျင်းစိတ်ဝင်၍၊ မရွှင်မလန်း၊
စိတ်ကုန်ခန်းခြင်းတည်း ဟူသော တန္နီတရားစုကို၊ တေ- သင် မာရ်နတ်၏၊ စတုတ္ထီသေနာ=စတုတ္ထတပ်မတော်ကြီးဟူ၍၊ ဝုစ္စတိ… ဆိုအပ်၏။

ထိုင်းမှိုင်းလန့်ကြောက်၊ ဒွိဟဖောက်၊ မောက်မာချေဖျက်နင်း

၁။

ပဉ္စမံ ထိနမိဒ္ဓံ တေ၊ ဆဋ္ဌာ ဘီရူ ပဝုစ္စတိ။

သတ္တမီ ဝိစိကိစ္ဆာ တေ၊ မက္ခော ထမ္မော တေ အဋ္ဌမော။

(၅) ထိနမိဒ္ဓံ=အလုပ်မတွင်၊ အပျင်းဝင်၍၊ မရွှင်ညှိုးနွမ်း၊ စိတ်ကုန် ခန်းသော်၊ တသမ်းဝေဝေ၊ မှိုင်တွေငေးမေ့၊ ဖြစ်သန္ဓေမှ၊ စ၍ လည်းကောင်း၊သင်္ခမ်းကျောင်းဝယ်၊ ဗယ်ပြောင်းညာပြန်၊မှောက် လှန်လူးလဲ၊ တနွဲ့နွှဲ အိပ်ခြင်းတည်းဟူသော ထိနမိဒ္ဓတရားသည်။
တေ-သင်မာရ်နတ်၏။ ပဉ္စမံ=ပဉ္စမ တပ်မတော်ကြီးတည်း။

## PAGE 457
<!-- 13 paragraphs, raw extraction -->


:



(၆) ဘီရူ=အပျင်းစိတ်နှင့်၊ အအိပ်များ၍၊ တရားမတက်၊ စိတ်မထက်ပဲ၊
ရမ္မက်နွှယ်နွှယ်၊ စိတ်သိမ်ငယ်သော်၊ ဗယ်ဗယ်ညာညာ၊ ထွေလ၃ စုတ်နုပ်၊ အကြံရှုပ်၍၊ သစ်ငုတ်ကိုပင်၊ ဆင်ပဲကျားပဲ၊ ဘီလူးပဲဟု၊
အသဲတုန်ဆတ်၊ တဖျပ်ဖျပ်လန့်ခြင်းတည်း ဟူသော ဘီရုတရား တို့ကို။ တေ=သင်မာရ်နတ်၏။ ဆဋ္ဌာသေနာ=ဆဋ္ဌတပ်မတော်ကြီး ဟူ၍။ ပဝုစ္စတိ= ဆိုအပ်၏။

(၇) ဝိစိကိစ္ဆာ=အကျင့်ပြု၍၊ ကြောက်မှုကင်းစွာ၊ရဲပြန်ပါ၍၊ဘာဝနာ အလုပ်၊ အားထုတ်ပြန်လည်း၊ ဈာန်လမ်းမဂ်လမ်း၊စခန်းတိမ်မြုပ်၊
ငုပ်ကြီးငုပ်၍၊ အလုပ်အကြံ၊ အမှန်မုချ၊ လမ်းရိုးကျမည်၊ မကျ မည်ဟု၊ နှစ်လီရှုပ်ယှက်၊ အရေးပျက်အောင်၊ ကန့်ကွက်ဆီးတား တတ်သော ဝိစိကိစ္ဆာတရားသည်။ တေ=သင်မာရ်နတ်၏။ သတ္တမီ သေနာ=သတ္တမ တပ်မတော်ကြီးတည်း။

(ဂ) မက္ခော ထမ္ဘော=ယုံမှားဒွိဟ၊ ကင်းစင်ပ၍၊ နေ့ညအားထုတ်၊
တွင်တွင်လုပ်ရာ၊ ဘာဝနာနိမိတ်၊ အရိပ်အဆင်၊ အထူးမြင်၍၊
အထင်ကိုပွား၊ ရှိပြန်ငြားသော်၊ တပါးသူကို၊ လူရာမသွင်း၊ ဂုဏ် သတင်းကို၊ နင်းနယ်ချေဖျက်၊ မိမိထက်လျှင်၊ အသက်သိက္ခာ၊
ထေရ်ဝါကြီးမား၊ သူတို့အားကို၊ ညွတ်တွားမပြု၊ မောက်မာမှု ဟူသော မက္ခထပ္တတရားစုသည်။ တေ=သင်မာရ်နတ်၏။ အဋ္ဌမော ရှစ်ခုမြောက်သော အဋ္ဌမ တပ်မတော်ကြီးတည်း။

လာဘ်,ကျော်,သက္ကာ၊ ရပြန်လာ၊ မိစ္ဆာဖြန့်သိမ်းသွင်း လာဘော သိလောကော- သက္ကာရော၊ မိစ္ဆာလာစ ယော

၇။

ယသော၊

ယော စ'တ္တာနံ သမုက္က ံသေ၊. ပရေစ အဝဇာနာတိ။

(၉) (တဒါ-အထူးဝိသေသ ဖြစ်ပေါ်သဖြင့်၊ မှော်လောက်မောက် လောက်၊ခရီးရောက်သောအခါ၌။) လာဘောစ=လာဘ်သပ္ပကာ များသည်၌ သာယာတက်ကြွသော တဏှာမာန သည်လည်း ကောင်း။ သိလောကောစ-အရပ်လေးမျက်နှာ၊ ကြော်ငြာနံပြား သည်၌ သာယာတက်ကြွသော တဏှာမာနသည်လည်းကောင်း။
သက္ကာရောစ=တပါးသူတို့ မရစဖူး၊ ထူးမြတ်သောလာဘ်ကိုရရာ၌ သာယာတက်ကြွသော တဏှာမာနသည်လည်းကောင်း။ . မိစ္ဆာ

။

## PAGE 458
<!-- 14 paragraphs, raw extraction -->




လမ္မော=လာဘ်များသည်ထက် များအောင်၊ တရားတု တရား ယောင်တို့ကိုပြ၍ ပါပိစ္ဆတဏှာနှင့်ယှဉ်လျက်၊ စင်စစ် အမှောက် အမှားပြု၍ ရအပ်သော။ (ပါပိစ္ဆ=အလိုဆိုး။)ယော ယသောစ= အကြင် အခြံအရံ အကျော်အစော၌ သာယာ တက်ကြွသော တဏှာမာနသည်လည်းကောင်း။တေ-သင်မာရ်နတ်၏။နဝမော= ကိုးခုမြောက်သော နဝမ တပ်မတော်ကြီးတည်း။

ငါသာသိမြင်၊ ထီမထင်၊ မာရ်ဝင်မြှောက်နှိမ်ခြင်း

=

(၁၀) အတ္တာနံ = မိမိကိုယ်ကို။ ယော သမုက္က ံသေ = အကြင်ချီးပင့် မြှောက်စားမှုသည်လည်းကောင်း။ ပရေ-သူတပါးတို့ကို။ ဟော အဝဇာနာတိ=အကြင် မထီမဲ့မြင် မထီလေးစား ပြုမှုသည်လည်း ကောင်း။ တေ-သင် မာရ်နတ်၏။ ဒသမော-ဆယ်ခုမြောက် သော … ဒသမ တပ်မတော်ကြီးတည်း။

သတ္တမတပ်နားသို့ပင် မသိလှာကြ

(ပုဂ္ဂလာ ဓိဋ္ဌာန်ဒေသနာကို ဓမ္မာဓိဋ္ဌာန်ပြု၍ ထင်ရှားအောင် အနက်ဆို လိုက်သည်။

ရဟန်းတို့၌ တဏှာဖြင့် သာယာလောက်သော သင်္ကန်း, သပိတ်, ပရိက္ခရာ, တိုက်တာ, ကျောင်းကန်, အရာမ်, ဥယျာဉ်, ခုတင်ညောင်စောင်း, အခင်းအရုံ အလုံးစုံသည်လည်း ရဟန်းတို့၏ ကာမဂုဏ်ဝတ္ထုစုပင်တည်း။

ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ၊ ပဗ္ဗဇိတ ဒုလ္လဘကို သိကြလျက် ဂိဟီဘောဝကို မစွန့် နိုင်၍ ဂိဟီဘောဂ အလယ်၌ ပုထုဇဉ် အနေနှင့် သေဆုံးကြသော လူစု။

ရုက္ခမူလကျောင်း၊ ပံ့သုကူသင်္ကန်း၊ ပိဏ္ဍိယာလောပဆွမ်း၊ ပူတိမုတ္တဆေး တို့ကို ရဟန်းခံစဉ်အခါ ကြားဖူးကြပါလျက် ဂဟပတိ(လူ)တို့ လှူဒါန်းသော ကျောင်းသင်္ကန်း ဆွမ်းဆေးတို့ကို မစွန့်နိုင်၍ ပဗ္ဗဇိတ ကာမဂုဏ် အလယ်၌ ပုထုဇဉ် အနေနှင့် သေဆုံးကြသော ရဟန်းစု။

ဤ လူရှင် ရဟန်းတို့သည် မာရ်မင်း၏ ကာမဟူသော ပထမ တပ်မတော် ကြီးနှင့် ဆိုင်မိ၍ မလှတမ သေဆုံးကြသော သူတို့ ပေတည်း။

အချို့သော ရဟန်းတို့သည် ပထမတပ်ကြီးမှ အလွတ်ထွက်ခဲ့၍ (ထွက်ခဲ့ ပြီးခါမှ) တောအရပ်တွင် ခုတစ် ပဋိပတ်နှင့် နေကြရာ အရတိ၊ ဥပ္ပိပါသာ၊

## PAGE 459
<!-- 10 paragraphs, raw extraction -->


၄ ၁ ၆


တန္ဒီ၊ ထိနမိဒ္ဓ၊ ဘီရူ-ဤတပ်ကြီး ငါးတန် ဝိုင်းမိပြန်၍ လွတ်အောင် မထွက်နိုင်ကြပဲ ထိုတပ်ထဲမှာပင် ပုထုဇန် ဘဝနှင့် မလှတမ သေဆုံးကြကုန်၏။

ယခုကာလ၌ ဂါမဝါသီ (ဌာနေ) ရဟန်းတို့သည် ပထမတပ်တွင်းမှာပင် မြုပ်ဆုံးကုန်ကြ၏။ အရညဝါသီ(တောနေ)ရဟန်းတို့သည် နောက်တပ် ငါးတပ် အတွင်းမှာ မြုပ်ဆုံးကုန်ကြ၏။

သတ္တမတပ်သို့ ရောက်အောင် လာနိုင်သောသူပင် မရှိကြပြီ။)

ဒုက္ကရစရိယာ အလုပ်ခွင်မှ ကြုံးဝါးသံ

မာရ်ဆယ်တပ်မ ကျော်နိုင်မှ အာဂ ယောက်ျားမင်း ဧသာ နမုစိ တေ သေနာ၊ ကဏှာဿာဘိပ္ပဟာရိနီ။
န နံ အသူရော ဇိနာတိ၊ ဇေတွာစ လဘတေ သုခံ။
နမုစိ=လူနတ်ဗြဟ္မာ၊ သတ္တဝါကို၊ သံသရာညွတ်၊ ဒုက္ခဝဋ်မှ၊ မလွှတ် စေမှု၊ အတင်းပြုသည်၊ ဗိုလ်ထုကြီးလတ်...ဟယ်...မာရ်နတ်။
ဧသာ=ကာမ, အရတိ၊ အစရှိသောတရားစုသည်။ တေ=သင်မာရ် နတ်၏။ သေနာ= စစ်သည်ဗိုလ်ထု၊ ရဲမက်စုသည်။ ဟောတိ=ဖြစ်၏။
ကဏှဿ=နှလုံးအမူ၊ အပြုမဖက်၊ ထည်လုံးနက်သား၊ ရမ္မက်ကြီးလတ်၊
သင်မာရ်နတ်၏။ အဘိပ္ပဟာရိနီ=ရဟန်းရသေ ့၊ ဟူသရွေ့ကို၊ တွေ့ တိုင်း ပစ်ခတ်၊ အသေသတ်သော၊ သေနတ်မီးပေါက်၊ အမြောက်စိန် ဗုံးတွေလည်း မည်၏။

အသူရော=သဒ္ဓာ ဆန္ဒ၊ ဝီရိယ,ဉာဏ်၊ မစွမ်းသန်သော၊ ပုထုဇန်မှု၊
သူ့မရဲများသည်။ သူရဲဘောကြောင်သူ အပေါင်းသည်။) နံ=ထို တပ်ကြီးဆယ်တန်၊ သင်၏ရန်ကို။ နဇိနာတိ=တွန်းလှန်တိုက်ဖျက်၊
အလွတ်ထွက်ခြင်းငှာ မစွမ်းနိုင်ကြပေ။ သူရောဝ= သဒ္ဓာ, ဆန္ဒ၊
ဝီရိယ, ဉာဏ်၊ ထက်သန်ကြီးမား၊ လွန်စွန့်စားသော၊ ယောက်ျား အာဇာနည်များသည်သာလျှင်။ ဇိနာတိ=မြက်နွှယ်တပင်၊ ထီမထင်ပဲ၊
အလျင်အမြန်၊ တွန်းလှန်တိုက်ဖျက်၊ အလွတ်ထွက်ခြင်းငှာ စွမ်းနိုင် ကြ၏။

ဇေတွာစ= တွန်းလှန်တိုက်ဖျက်၊ အလွတ် ထွက်နိုင်မှသာလျှင်။
သုခံ=ဗိုလ်ထုအများ၊ ဆယ်တပ်သားတို့၏၊ ဓားဘေးလှံဘေး၊ လက် နက် ဘေးမှ၊ ကင်းဝေးလှစွာ၊ မြတ်ချမ်းသာကို။ လဘတေ= ၁=ရနိုင်လေ သတည်း။

## PAGE 46
<!-- 12 paragraphs, raw extraction -->


1¬


ပုထုဇဉ် ဖြစ်သည်” ဟုပင် လက်ညှိုးထိုးပြရလောက်အောင် ပုထုဇဉ် နည်းပါး၍၊
ရံခါ “ရဟန်းမှန်လျှင် ပုထုဇဉ်ဟူ၍ပင် မရှိ’ကြောင်း၊ ‘ဉာဏ ဝိဘင်္ဂ အဋ္ဌကထာ (၄၁၂)၌ ပြဆိုတော်မူထား၏။

ထိုမှတပါး အမရပူရနေပြည်တော် ဘိုးတော်မင်းတရားကြီး လက်ထက် (၁.၁၉၃)မင်းတိုင်ပင်အမတ်ကြီး “မဟာဓမ္မသင်္ကြံ (မောင်းထောင်သာသနာပိုင်လူ ထွက်ကြီး) ပြုစုသော “သာသနာလင်္ကာရ စာတမ်း”၌လည်း ပရိတ္တ နိဒါန်းလာ စကားကို အောက်ပါအတိုင်း ကိုးကားဖော်ပြထားလေသည်။

"

“ဈာန်အဘိညာဉ် တန်ခိုးရှိသော ရဟန်းမွန် ရဟန်းမြတ်တို့ လူး လာခေါက်ပြန် ကောင်းကင် အပျံ အသွားများသောကြောင့် အစဉ်တစိုက် နေရောင် နေရှိန်မရ၍ စပါးလှန်းသည်မှ မသွေ တတ် ခဲ့ရကား စပါးထောင်းမိန်းမတို့ အောင့်ဘဲ ကြရအောင်ပင် သာသနာတော် စည်ပင်ထွန်းလင်းသည်”ဟူ၍နိဒါန်းတွင်ဆိုသည်။
“သီဟိုဠ်ခေတ် စံတော်ဝင် အရိယာပုဂ္ဂိုလ်ထူးကြီးများ' ဘဝနှင့် ၎င်း၍ စံတင် ညွှန်းပြတော်မူခဲ့ကြသော သင်ခန်းစာမှာ ပဋိပတ် သက်သက်မျှသာ မဟုတ် ပါချေ။

မိမိအတွက်လည်း ပရိယတ်၊ ပဋိပတ်နှစ်ရပ် ပူးတွဲဆည်းပူးကာ သားစဉ် မြေးဆက်အတွက်လည်း ပရိယတ္တိ သာသနာတော်ကို အသက်နှင့်လဲ၍ပင် ပေး ဆောင်တော်မူခဲ့ကြရသည်ကို ဖတ်ရှု ကြည်ညိုရပေသည်။

(သီဟိုဠ်ကျွန်း၌ ပဋိပတ္တိထွန်းကားလွန်းအားကြီး၍ ပရိယတ္တိလျော့ ပါးကာ သာသနာ ဆုတ်ယုတ်ခဲ့ရခြင်း မဟုတ်ကြောင်း နောက် ပိုင်း၌ ထင်ရှားလတ္တံ့ ။)

:

အမျိုးမျိုးသော အခက်အခဲများကို ကျော်လွှားကာ ပရိယတ္တိသာသနာ အား အသက်ပေးတော်မူခဲ့ကြသော စံတော်ဝင် ပုဂ္ဂိုလ်ထူးကြီးများသည် ယနေ့ ပရိယတ္တိဝန်ဆောင် အရှင်မြတ်တို့အတွက် မီးရှူးတန်ဆောင်များ ဖြစ်သကဲ့သို့ သက်စွန့်ကြိုးပမ်း ကမ္မဋ္ဌာန်းအလုပ်ကို မဆုတ်မနစ် ရှုပွားတော် မူခဲ့ကြသော စံတော်ဝင် ပုဂ္ဂိုလ်ထူးကြီးများသည်လည်း အဆက်ဆက်သော ယောဂီတို့အတွက် သဒ္ဓာ၊ဆန္ဒ၊ ဝီရိယနှိုးစက်ပေးလိုက်သော ကြီးမားသည့် တွန်းအားကြီးများပင် ဖြစ်နေပေသည်။

သို့ရာတွင် နိကာယ် အဋ္ဌကထာကြီးများ၌ ကြိုးကြား ကြိုးကြား စံတင် ပြညွှန်းထားသော ယင်းစံတော်ဝင် အရိယာပုဂ္ဂိုလ်ထူးကြီးများ၏ အကြောင်းကို သီဟိုဠ် မြန်မာ ဂန္ထဝင်တို့၌ တကျမ်းတဖွဲ့အဖြစ် မည်သည့်ပညာရှင်ကမျှ စုစည်း ရေးသားထားခြင်း မရှိခဲ့ဖူးသေးချေ။

## PAGE 47
<!-- 15 paragraphs, raw extraction -->



နိကာယ်အဋ္ဌကထာကြီးများနှင့် သီဟိုဠ်မှတ်တမ်းများ

စင်စစ် ယင်းပုဂ္ဂိုလ်ထူးကြီးများ၏အကြောင်းသည် . နိကာယ်ငါးရပ်အဋ္ဌ ကထာကြီးများတွင် နေရာများစွာ၌ စကားအလျဉ်းသင့်သလို ထုတ်ဆိုဖော်ညွှန်း ထားသဖြင့် အဋ္ဌကထာ ကျမ်းအားလုံး (၅၁)ကို ပလ္လင်ပေါက်ကြည့်ဖြစ်မှသာလျှင် အပြည့်အစုံ သိရှိကြည်ညိုခွင့် ရကြမည်ဖြစ်၏။

သီဟိုဠ်ကျွန်း(ယခု သီရိလင်္ကာနိုင်ငံ)၌နောက်ဆုံးပေါ် အဋ္ဌကထာတစောင် ဟု ဆိုရမည့်  ်သာရသင်္ဂဟအဋ္ဌကထာ၌ကား ယင်းပုဂ္ဂိုလ်ထူးတော်တော်များများ ဖော်ပြထားသည်ကို တွေ့ရှိရ၏။ ယင်းအဋ္ဌကထာမှာ ပထမ ပရက္ကမဗာဟုသီရိသင်္ဃ ဗောဓိမင်း (သာသနာ-၁၇၀ဂ) လက်ထက် ဒက္ခ ိဏာရာမကျောင်းတိုက်ကြီး၏ နာယက ပဒရူပသိဒ္ဓိကျမ်းပြု အရှင်ဗုဒ္ဓပ္ပိယမထေရ်၏တပည့်ငယ်တဦးဖြစ်သူ အရှင် သိဒ္ဓတ္ထမထေရ်က အဋ္ဌကထာကျမ်းကြီးများမှ မှတ်သားဖွယ်များကိုထုတ်စု၍အနှစ် ချုပ်ဖော်ပြထားခြင်း ဖြစ်၏။ နေရင်းဦးကောဝိဒ မြန်မာပြန်ဆိုထားသည်။

ဤစံတော်ဝင် အရိယာပုဂ္ဂိုလ်ထူးကြီးများကိုစုစည်းရေးသားရာ၌အောက် ဖော်ပြပါ သီဟိုဠ်ရှေးဟောင်းမှတ်တမ်း ကျမ်းစာများနှင့် နှောင်းပေါ် ခေတ်မီ သုတေသနကျမ်းများမှလည်း များစွာ အထောက်အကူရရှိပါသည်။
၁။ ဒီဝံသနှင့် မဟာဝံသ (ပါဠိနှင့် မြန်မာဝတ္ထု) ၂။ ရသဝါဟိနီ

၃။ မဓုရ ရသဝါဟိနီ

၄။ သဟဿ ဝတ္ထု (သီဟိုဠ်မူ)

•

။

၅။ တေလ ကဋာဟ ဂါထာ (သီဟိုဠ်မူ) ၆။ သမန္တကုဋဝဏ္ဏနာ (သီဟိုဠ်မူ)

၇။ The Pali Literature of Ceylon.

ဂ။ Dictionary of Pali Proper Names.

၉။ Ceylon (Ancient Cities.)

ပဲ ့တင်သံ တွန်းအားနှင့် တဆက်တည်း အဋ္ဌကထာဆရာအဆက်ဆက်တို့သည် ပိဋကသုံးပုံကို ဖွင့်ဆိုကြရာ၌ ဘုရား ငဟောဒေသနာတော်များ (စာတွေ့) အပေါ် ပို၍ သက်ဝင်ယုံကြည်လာစေရန် လက်တွေ့ကျကျ ထိုခေတ်က အများသိဖြစ်နေသော ကိုယ်တွေ့ဝတ္ထုများ ကြားညှပ် ၍ ကြားညှပ်၍ ဖွင့်ပြထားရာ အလွန်ကြည်ညိုအားကျဖွယ် ကောင်းလှပါသည်။
မဟာဝံသ၊ သဟဿဝတ္ထုစသော ရှေးဟောင်းမှတ်တမ်း ကျမ်းစာများ တွင် သီဟိုဠ်ကျွန်း၌ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော ရဟန်းရှင်လူ ပုဂ္ဂိုလ်

## PAGE 48
<!-- 11 paragraphs, raw extraction -->




ထူးများကို အများအပြားဖတ်ရှုနိုင်ပါ၏။ အလွန်လည်း ကြည်ညိုအားကျဖွယ် ကောင်းပါ၏။ သို့ရာတွင် အဋ္ဌကထာကျမ်းများ၌ စံတင်ပြညွှန်းထားသော ပုဂ္ဂိုလ် ထူးကြီးများကား သာ၍သာ၍ပင် ကြည်ညိုအားကျဖွယ်, ကောင်းလှပါသည်။
“ဘုရားဟောထားတဲ့ သုတ်ဝိနည်းအဘိဓမ္မာဒေသနာတော်ကို မယုံမရှိကြနှင့်။ သဒ္ဓာ၊ဆန္ဒ၊ဝီရိယနှင့်တကယ်လုပ်လျှင် အဟုတ်ဖြစ် တယ်”ဟူသော သီဟိုဠ်ခေတ် စံတော်ဝင် အရိယာပုဂ္ဂိုလ်ထူးကြီး များ၏ အားပေးသံသည် ဘုရားဟော ပါဠိတော်များကို ကြည့်ရှု ရွတ်ဖတ်တိုင်းနောက်မှကပ်၍ ပဲ တင်ခတ်တွန်းပို ့နေသော ဩဝါဒ အားဆေးများပင် ဖြစ်ပါတော့သည်။

ဤကမ္ဘာလောက၌ဘုရားဟော ဒေသနာ ပိဋကကျမ်းစာများ တည်ရှိနေသမျှ (သာသနာ တည်ရှိနေသမျှ) ကာလပတ်လုံး စံတော်ဝင် အရိယာပုဂ္ဂိုလ်ထူးကြီး များ၏ ဩဝါဒ အားပေးသံများသည်လည်း တရံမတိတ် မဆိတ်မစဲ အမြဲတစေ ထွက်ပေါ်အားပေးနေကြမည်သာဖြစ်ပါ၏။ ထိုသည့်စံတော်ဝင်ပဲ တင်သံများနှင့် အတူ ကမ္ဘာ့အလှတန်ဆာ အရိယာ သူတော်ကောင်းကြီးများသည်လည်းကမ္ဘာနှင့် အဝန်း ပွင့်ထွန်းဖြစ်ပေါ်၍ ဖြစ်ပေါ်၍ လာကြမည်မှာ ယုံမှားစရာ မရှိပါချေ။

ပါဠိတော်နှင့် အဋ္ဌကထာ သာသနာ၏ ရေသောက်မြစ်

အန္ဓကမ္ဘာကြီးကို အလင်းရောင်ပေး၍ အလှဆင်ရာ၌ ပိဋကသုံးပုံ နိကာယ် ပါဠိတော်များနှင့်အတူ အရှင်မဟာ ဗုဒ္ဓဃောသ၏ အဋ္ဌကထာ ကျမ်းကြီးများ သည် သို့စင်ကျေးဇူးကြီးမားလှပါပေကုန်၏။အလင်းရောင် ပေးနိုင်ပါပေကုန်၏။
ငြိမ်းချမ်းသာယာသော ကလျာဏကမ္ဘာကြီးဖြစ်အောင် လှပစေနိုင်ပါပေကုန်၏။

သို့စင် ကျေးဇူးများလှသောကြောင့်လည်း ဥစ္ဆေဒ-ဖြတ်လမ်း, လမ်းတိုက သွားနေသူများနှင့် သဿတ-လမ်းရှည် လမ်းကောက်, လမ်းအိုကြီးက သွားနေသူ များက မဇ္ဈိမပဋိပဒါ ထေရဝါဒသာသနာ၏ ရေသောက်မြစ်ကြီးများဖြစ်သော ပါဠိတော်နှင့် အဋ္ဌကထာကို နွဲ၍ စမ်းကြည့်နေကြ၏။

၁။

ဤသုတ်သည်သံာ ဘုရားဟော၊ ထိုသုတ်ကား ဘုရားဟော မဟုတ် စသည်ဖြင့်လည်းကောင်း၊

၂။ “အဆင့်ဆင့် နှုတ်တက်အာဂုံဆောင်လာကြတာ တစုံတရာ မချွတ် ယင်းဘူးလို့ ဆိုနိုင်ပါ့မလား၊ သီဟိုဠ်ကျွန်းမှာစပြီး ပေထက်အက္ခရာ တင်ကြတာဆိုတော့ သူတို့ကြိုက်တာကိုပဲ. ရေးတင်ပြီး မကြိုက်တာ ချန်ထားခဲ့မှာပဲ' စသည်ဖြင့် လည်းကောင်း၊ ပါဠိတော်များကို လွှဲ စမ်းနေကြ၏။

## PAGE 460
<!-- 10 paragraphs, raw extraction -->



ငါအသေခံတပ်သား၊ အောင်ရမည်

သူ ့ကျွန်မခံ၊ အသက်နှံ့၊ သေခံတိုက်ကြမင်း။
ဧသ မုဉ္စ ပရိဟရေ ဓီရတ္ထု၊ ဣဓ ဇီဝိတံ။

၄ ၁ ၇

သင်္ဂါမေ မေ မတံ သေယျော၊ ယဉ္စ ဇီဝေ ပရာဇိတော။
သေ=ဧသော=ဤသိဒ္ဓတ်မင်းသည်။မုဉ္စ= စစ်မြေရောက်က၊နောက်သို့ တလှမ်း၊ မဆုတ်တမ်းဟု၊ ရဲစွမ်းအောင်လံ၊ တံခွန်မှန်သား၊ ဖြူဆံမြက် တိတ်၊ ပန်းနိမိတ်ကို။ ပရိဟရေ ဣတိ=ခေါင်းဝယ်စိုက်ထောင်၊ ရဲပန်း ဆောင်သော၊ ကြက်တောင်ဗိုလ်ကြီးဟူ၍။ မံ=ငါ့ကို။ ဓာရေဟိ=သင် မှတ်လော့။ (ရှေးက စစ်သားများတွင် အသေခံ တိုက်မည့်သူ၏ ခေါင်း၌ ဖြူဆံမြက်ထိုးစိုက်ထားသော ထုံးစံကို ရည်ရွယ်၍ဆိုသည်။) မမ=စစ်မြေပွဲဝယ်၊ အကဲမလှ၊ ဆုတ်ပြီးမှလျှင်၊ သင်၏လက်အောက်၊
ရောက်ပြန်ရသော၊ ငါ၏။ ဣဓ=ဤလောက၌။ ဇီဝိတံ= အသက်ရှည် ကာ နေရခြင်းသည်။ မီအတ္ထု= အရှက်ကြီးကွဲ၊ အကျိုးနဲ၍၊ အကဲ စုတ်နှပ်၊ သတင်းပုပ်လျက်၊ စက်ဆုပ်ဖွယ်ကြီး ဖြစ်စွတကား။
သင်္ဂါမေ=စစ်မြေစစ်ပွဲ၌။ မတံ=ကျ၍သေရခြင်းသည်သာလျှင်။ မေ= ငါ့အား။ သေယျော=ကောင်းစွာသေး၏။ အဟံ=ငါသည်။ ပရာဇိ တော=မလှစစ်ရေး၊ အရှုံးပေးလျက်။ ဗီဝေ=အသက် ရှည်ရငြားအံ့။
ဧတံ=ဤသို့အရှုံးပေး၍၊ အရေးမလှ၊ အရှက်ရလျက်၊ အသက် ရှည်ရ ခြင်းသည်။ ယက္ခေ-မမြတ်သည်သာတည်း။

နက်ဖြန်မရွှေ၊ သည်ယနေ့၊ ရစေ နှလုံးသွင်း

(ဤဂါထာဖြင့်လည်း “ပဟိတတ္တ’ ဖြစ်ကြောင်းကိုပင် ပြတော်မူသည်။
အထက်ကပြခဲ့သော “ပဟိတတ္တ’မှာ အသားအသွေး ကုန်ခန်း၍ ကုန်သည့်တိုင် အောင်ပင် ကိုယ်ခန္ဓာကို ညှာတာစိတ် မရှိသည်ကား “ပဟိတတ္တ’မူတည်း။
ဤဂါထာ၌ပြသော “ပဟိတတ္တ’မှာ– “ယခု အားထုတ်သော ပဓာန (ကမ္မဋ္ဌာန်း) အလုပ်သည် ထမြောက်လျှင်လည်း ကောင်း၏။ မထမြောက်လျှင် အလုပ်လက်ရှိနှင့် သေရလျှင် ကောင်းသေးသည်သာ ဖြစ်၏”ဟု ဤအလုပ်နှင့် ဤကိုယ်ခန္ဓာကို အပြီးစွန့်လိုက်သော ‘ပဟိတတ္တ’ ပေတည်း။

"

ဤသို့သော “ပဟိတတ္တ’နှင့် ပြည့်စုံသောသူအား “ယခုဘ၀ ထမြောက် လျှင်လည်း ကောင်းပါ၏။ မထမြောက်ပဲ နေခဲ့သော်၊ မပေါက်ပဲနေခဲ့သော်၊
မရောက်ပဲနေခဲ့သော်၊ မရပ်နေခဲ့သော်”ဟု စိတ်နှစ်ခွ မရှိပြီ။

## PAGE 461
<!-- 13 paragraphs, raw extraction -->




ဈာန်မဂ်ဖိုလ်အလုပ်ကို အားထုတ်သောသူ မည်သည် ဤကဲ့သို့ စိတ်နှစ်ခွ မရှိပဲ ဤဘဝနှင့် ဤအလုပ် ဟုအပြီး (အပြတ်) စွန့်သော “ပဟိတတ္တ” စိတ်နှင့် လုပ်မှ ရနိုင်ရောက်နိုင် ထမြောက်နိုင်သည်။

[ဤကား ကျေးဇူးရှင် လယ်တီ ဆရာတော် ဘုရားကြီး၏ နိဿယပြန်နှင့် မြန်မာစကားပြေများ ဖြစ်ကုန်၏။]

မာရ်နတ်ပရိယာယ် သိမှတ်ဖွယ်

ဘုရားကစ၊ အောင်ပွဲရ၊ များလှကုန်ဘိခြင်း။

ယော

သတ္တဝါတို့၌ လိုချင်ခြင်း၊ တရားနှင့်မပျော်နိုင်ခြင်း၊ ပျင်းရိခြင်း၊ အိပ်ချင် ခြင်း စသည်တို့မှာ သံသရာကပါလာသော အမွေများဖြစ်ကုန်၏။
ထိုသွေးရိုးသားရိုး လိုချင်ခြင်း, အိပ်ချင်ခြင်းမျိုးချည်း မဟုတ်မူ၍ ဂီ၌ သတိပြုလျှင် အလွန်သိသာလှသော ထူးထူး ခြားခြား လိုချင်ခြင်း, လိုချင် အောင် သိမ်းသွင်းခြင်း၊ အိပ်ရေးငပြီးထားပါလျက် ရံခါ မချိမဆံ ့ အိပ်ချင်ခြင်း မျိုးလည်း ရှိတတ်လေသည်။ ကျန် သဘောများလည်း အလားတူပင် ရိုးရိုးနှင့် ဆန်းဆန်း.နှစ်မျိုးစီ ရှိဘတ်၏။

ရိုးရိုးဖြစ်စေ၊ ဆန်းဆန်းဖြစ်စေ နိုင်အောင်အားထုတ်ရသည်။ ထိုမှတပါး လာဘ် တိုက် အောင်၊ ကပ်ဆိုက်အောင်၊ အခြား သူများအား အထင်အမြင် လွဲမှားအောင် အမျိုးမျိုး အကွက် ဆင်၍လည်း လာတတ်သည်။ ယောဂီနှင့် ပတ်ဝန်းကျင် ရောမွှေရန် တိုက်တတ်၏။ (မြန်မာနိုင်ငံ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်၌ အထပ်ထပ် ရေးခဲ့ပြီ။)

မည်သို့ဖြစ်စေ၊ ထိုးနှက်လာသော ထိုးစစ်၏အသွင်အပြင် အခြေအနေကို သုံးသပ်၍ မေတ္တာလက်နက် သုံးသင့်လျှင် မေတ္တာလက်နက်၊ အသုဘလက်နက် တန်လျှင် အသုဘ၊ အနိစ္စ စသည်တန်လျှင် အနိစ္စ စသည် ချင့်ချိန်၍ သုံးရသည်။
မေတ္တာကား ပင်တိုင်လက်နက်အဖြစ် အသုံးပြု၍ ကာကွယ်ကြရာသည်။
ဘုရားရှင်ကို မာရ်နတ်နိုင်ရိုး မရှိချေ။

+

ဘုရားအစရှိသော သူတော်ကောင်းကြီးများလည်း ထိုတပ်ကြီး ဆယ်တပ် လုံးကို ရင်ဆိုင်ခဲ့ကြရသည်ချည်းပင်။ သင့်ရာ သင့်ရာ လက်နက်ကို သုံး၍သာ အောင်နိုင်ခဲ့ကြရ၏။ ပန်းတိုင်သို့ အလွယ်ဖြင့် ရောက်ရှိကြရသည် မဟုတ်ကုန်။
ထို ့ကြောင့် ရှေးသူဟောင်းတို့၏ လုပ်ထုံးများ၊ စစ်ဆင်နည်းများကို လေ့လာဖတ်ရှုကြပါလျှင်လည်း လွယ်ကူစွာ အောင်နိုင်ကြောင်း အထောက်အပံ့ ကောင်း (တပ်ကူ)များ ဖြစ်နိုင်ပေ၏။

## PAGE 462
<!-- 15 paragraphs, raw extraction -->



ဗုဒ္ဓာနုဿတိ ပိတိကြောင့် ကောင်းကင်ပျံတက်သော မဟာတိဿထေရ်

၄ ၁ ၉

ပုဏ္ဏဝလ္လိကကျောင်း၌ သီတင်းသုံးသော မဟာတိဿထေရ်သည် တခုသော လပြည့်နေ့ ညချမ်းအချိန်၌ ကျောင်းတွင်းရှိ စေတီရင်ပြင်သို့သွား၍ သာယာသော လရောင်ကို အမှတ်မထင် ကြည့်ရှုနေ၏။

မဟာစေတီကြီး တည်ရှိရာဘက်သို့ မျက်နှာလှည့်ပြီး လသာသာတွင် ကြည်နူးစွာ စဉ်းစားနေမိသည်မှာ–

ဒီလို သာယာတဲ့အချိန်အခါမျိုးမှာ ရဟန်းရှင်လူ ပရိသတ်လေးပါး လူ အများဟာ မဟာစေတီကို ရှိခိုး ပူဇော်နေကြမှာပဲ

ထိုသို့ စဉ်းစားဝမ်းမြောက်နေယင်း မိမိဖူးမြော်ဖူးသော မဟာစေတီကြီး စိတ်ထဲ၌ ကွင်းကွင်းကွက်ကွက် ပေါ်လာလေတော့၏။ ထိုမှဆက်ကာ ဘုရားရှင်၏ အရဟံ စသော ဂုဏ်ကျေးဇူးတော်များကို နှလုံးသွင်းနေမိသည်။ မထေရ်၏ သန္တာန်၌ နှစ်သက်မှု-ပီတိများ အမျိုးမျိုးဖြစ်ပွားလာကာ လွန်စွာ အာရုံပြု၍ ကောင်းနေလေသည်။

မွတိ ငါးမျိုး

၁။ ခုဒ္ဓိကာ ပိတိ…ကြက်သီးမွေးညင်းထခြင်း၊

၂။

ခဏိကာ ပီတိ=ခဏခဏ လျှပ်စစ်လက်သကဲ့သို့ ခံစားရခြင်း၊
၃။ ဩက္ကန္တိကာ ပီတိ=သမုဒ္ဒရာလှိုင်းများ ကမ်းသို့ သက်၍သက်၍ ပျက်သကဲ့သို့ ကိုယ်ကို ပြန့်၍ပြန့်၍ ပျက်ခြင်း၊

၄။ ဥဗ္ဗေဂါ ပီတိ=ကိုယ်ပါ အထက်သို့ မြောက်ပျံ တက်ကြွသွားခြင်း၊
၅။ ဖရဏာ ပီတိ=လေပြည့်သော ဗူဖောင်း၊ ရေအလျဉ် စီးဝင်သော တောင်ဝှမ်းကဲ့သို့ တကိုယ်လုံး ထက်ဝန်းကျင် ပျံ့နှံ့ခြင်း၊

မဟာတိဿမထေရ်သည် ဘုရားဂုဏ်တော် နှလုံးသွင်းယင်း နှစ်သက်မှုအရ သာများ တမျိုးပြီးတမျိုး ခံစားရလေရာ နောက်ဆုံး ဥဗ္ဗေဂါပီတိသည် အား အကြီးဆုံး ဖြစ်လာ၍ အင်္ဂတေ သမံတလင်းပေါ်၌ ပစ်ပေါက်လိုက်သော ဂျင် လုံးပမာ ကောင်းကင်သို့ တက်ပျံ၍ သွားလေသည်။ ထိုသို့ တက်ပျံသွားပြီးလျှင် မိမိစိတ်ထဲ၌ ထင်စွဲနေသော အဝေးရှိ မဟာစေတီကြီး၏ ရင်ပြင်ပေါ်သို့ အလိုလို

*

## PAGE 463
<!-- 13 paragraphs, raw extraction -->




ရောက်သွားလေတော့၏။ ရောက်မှပင် မိမိ ာက်နေကြောင်း သိရလေ၏။
(ဝိသုဒ္ဓိမဂ်-၁ ၊ ၁ ၃၉။)

(အလားတူ ကိုယ်ဝန်ဆော်ဒကာမလေးတဦးလည်း ထိုသို့ဖြစ်ဖူးကြောင်း အကျယ်ပြဆိုထား၏။)

သီဟိုဠ်ခေတ် ကမ္မဋ္ဌာန်းလေ မျိုးနှင့် ဗုဒ္ဓာနုဿတိ ပန်းပဲ

သီဟိုဠ်ခေတ်က မထေရ်များ သွားလေရာ၌ အမြဲ နှလုံးသွင်းလေ့ရှိသော အများသုံးကမ္မဋ္ဌာန်းမှာ လေးမျိုးရှိ၏။ ဗုဒ္ဓာနုဿတိ,မေတ္တာ,အသုဘ,မရဏဿတိ တို့ဖြစ်ရာ (ဝိသုဒ္ဓိမဂ်၌ကား နောက်သုံးမျိုးကိုသာ ပြသည်။) သဗ္ဗတ္ထက ကမ္မ ဋ္ဌာန်း=အရာခပ်သိမ်း ပွားများသင့်သော ကမ္မဋ္ဌာန်းဟုပင် ဆိုသည်။ (ခုဒ္ဒသိက္ခာ၊
စူဠဝဂ္ဂ အဋ္ဌကထာသေနာသနခန်းနှင့် ဒီဃနိကာယ်ဋီကာ- ၁၊ ၂ ၉ ၆။)

ဗုဒ္ဓာနုဿတိစသော အနုဿတိ ခုနစ်ပါးသည် အာနာပါန, မရဏာ နုဿတိ, ကာယဂတာသတိ သုံးမျိုးတို့ကဲ့သို့ ဝိပဿနာအတွက်သာ ကောင်းသည် မဟုတ်။ စိတ်ဓာတ် ထက်သန် ရွှင်လန်းစေမှုအတွက်လည်း ကောင်းသည်ဟု (အံ-ဋ္ဌ-၁၊ ၃၆ ၆- ဧကဓမ္မပါဠိ၊ ပထမဝဂ်) ဖွင့်ဆိုသည်မှာ အလွန်မှတ်ဖွယ်ကောင်း လှ၏။

ဥပမာ’အသုဘစသည် ရှုမှတ်၍ စိတ်များညစ်ညူးလာလျှင် ထို အသုဘ ကမ္မဋ္ဌာန်းစသည်ကို ရပ်ထားရ၏။ ဗုဒ္ဓာနုဿတိကို အစားထိုးပွားရသည်။ စိတ် ကြည်လင်လာမှ မူလပွားမြဲ အသုဘစသည်ကို ပွားပါဟု ဆိုပေသည်။ အဋ္ဌကထာ၌ ဤသို့ ဥပမာလည်း ပေးတော်မူ၏။

အိမ်ဆောက်ရန် သစ်ပင်ကြီးတပင်ကို ခုတ်လှဲရာ၌ အပွေးအခက် ခုတ် ဖြတ်ရုံမျှဖြင့် ပုဆိန်အသွား တုံးပဲ လိပ်ခွေသွားလျှင် အားမလျော့ရ၊ ပန်းပဲဖိုသို့ သွား၍ အသွား, ပြီးနောက် ပြန်၍ ခုတ်လှဲလျှင် အလွယ်တကူ ရနိုင်သကဲ့သို့ ဗုဒ္ဓာနုဿတိစသော အနုဿတိခုနစ်ပါးသည် စိတ်တည်းဟူသော ပုဆိန်အသွား ထက်အေ သ, ပေးသော ပန်းပဲအလုပ်နှင့်တူသည်ဟု ဆိုလေသည်။

ဗုဒ္ဓာနုဿတိ ကြံရည် အမောပြေတားဆေး

မဟာဝဂ္ဂသံယုတ် အဋ္ဌကထာ၊ ဘိက္ခုနုပဿယသုတ်အဖွင့် (သံ-ဋ္ဌ-၃၊
၂၃၉)၌ ပြထားသော ဗုဒ္ဓာနုဿတိ ဥပမာမှာ သာ၍ပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ 'ဥပမာ၏ဆိုလိုရင်းမှာ’

1

## PAGE 464
<!-- 13 paragraphs, raw extraction -->




ကြံရည်ကြိတ်ရန် ကြံပင်ချောင်း အစည်းများကို ခရီးဝေးကြီးမှ ထမ်း ဆောင်လာရသူသည် ကိုယ်ရောစိတ်ပါ နွမ်းနယ် လေးလံလာသောအခါ ကြံစည်း ကိုချ၍ တအောင့်တနား နားနေရ၏။ ထမ်းလာသောကြံကိုလည်း ချိုးဖြတ်စုပ်၍ အမောအဆာ ဖြေရသည်။ ထိုသို့နားယင်း စုပ်ယင်း ထမ်းဆောင်သွားပါလျှင် ချမ်းချမ်းသာသာဖြင့် လိုရာကိစ္စ ပြီးနိုင်သကဲ့သို့ ကမ္မဋ္ဌာန်းအားထုတ်၍ ကိုယ်စိတ် ပင်ပန်းနွမ်းနယ်လာလျှင် ဗုဒ္ဓာနုဿတိ ကြံကြီးကို နားယင်း စုပ်ယင်းသွားပါက ပန်းတိုင်သို့ ချမ်းသာစ္စာ ရောက်ရှိနိုင်မည်ဟု မိန့်ဆိုလေသည်။

ကျောင်းကန် စီမံယင်း ရဟန္တာဖြစ်သော စိတ္တလတောင် ကျောင်းနေ တိဿထေရ်

သီဟိုဠ်ကျွန်း စိတ္တလတောင်ကျောင်းနေ ဆရာတော်ကြီးနှင့် ၎င်း၏တပည့် အရှင်တိဿမထေရ်တို့ တရားပေးပုံ၊ တရားရပုံမှာလည်း အလွန် မှတ်သားဖွယ်

ကောင်းပေ၏။

ဦးပဉ္စင်းဦးတိဿသည် ရှစ်ဝါရသည့်တိုင်အောင် ဆရာ့စကားကို နာယူ လေ့ရှိရာ ဆရာ့ စကားကို တခွန်းတလေမျှ ပြန်လှန် ဆင်ခြေ တက်ခြင်း မရှိ၊
သောဝစဿတာဂုဏ်နှင့် ပြည့်စုံသူ ဖြစ်သည်။ မိမိထက် တရက် တနာရီ တဗီဇနာ ကြီးသော သီတင်းသုံးဖော်တို့အပေါ်၌ပင် ထော်လော်ကန့်လန့် ဆန့်ကျင်ဘက် စကားပြောကြားငြင်းခုံရိုး မရှိချေ။သို့ရာတွင် ရှစ်ဝါအရတွင် သာသနာ့ဘောင်၌ မပျော်ပိုက်သော စိတ်က နှိပ်စက်၍လာ၏။

စိတ်ပြေလက်ပျောက် တောက်တိုမယ်ရ ဝေယျာဝစ္စ အလုပ်များဖြင့် ဖြေ သိမ့်၏။ ရံခါ သင်္ကန်းချုပ် ဆိုး လျှော်ခြင်း၊ သပိတ် မီးဖုတ်ခြင်း၊ ခေါင်းရိတ်ခြင်း များကို ပြု၏။ တနေ့တွင် ဝေယျာဝစ္စများ လုပ်အပြီး ဥပဇ္ဈာယ်မထေရ်ကြီးထံ သွားရောက် ကန်တော့ရာ မထေရ်ကြီးက-

«

ငါ့ရှင် မဟာတိဿ(မဟာတိဿဟု ချီးမြှင့် ခေါ်လိုက်ခြင်း ဖြစ်သည်)၊
ငါ့ရှင်ကြည့်ရတာ မပျော်ပိုက်ဘူး ထင်ပါရဲ့”ဟု ကြင်နာစွာ မေးတော်မူလျှင်’

"

“မှန်လှပါ ဘုရား၊ ဘုရားတပည့်တော် သာသနာမှာ မပျော်မွေ့ပါ။ ဒီ စိတ်ကို မျိုသိပ် ဖြေဖျောက်သော်လဲ မရနိုင်ပဲ -နပါတယ်ဘုရား”ဟုလျှောက်၏။
မထေရ်ကြီးသည် တပည့်၏ အာသယဓာတ်ခံ ပါရမီကံကို ကြည့်တော်မူရာ အရဟတ္တဖိုလ် ရနိုင်သော ဥပနိဿယ (အခြေခံ)ကို မြင်တော်မူသဖြင့်’

## PAGE 465
<!-- 15 paragraphs, raw extraction -->


9JJ

"


ငါ့ရှင်တိဿ၊ ဒို့များလဲ သိမြင်တဲ့အတိုင်း အသက်ကြီးပြီ၊ ဒို့များ နေဖို့ သင့်လျော်တဲ့နေရာတခု စီမံခဲ့ပါဦး”ဟု မိန့်တော်မူရာ မည်သို့မျှ ပြန်လှန်ဆန့်ကျင်မှု မပြုပဲ “မှန်ပါဘုရား”ဟုသာ ဝန်ခံလိုက်လေသည်။

"

ငါ့ရှင်၊ နဝကံမ္မအလုပ် ဆောင်ရွက်တဲ့သူဟာ စာအံ-စာကျက်လဲ မဖျက် ရုဘူး၊ ကမ္မဋ္ဌာန်းကိုလဲ နှလုံးသွင်းမြဲ နှလုံးသွင်းရတယ်။ ရံခါ ကသိုဏ်းနိမိတ်များ ကြည့်တန် ကြည့်ပေးရတယ်” ဟု အဓိပ္ပာယ်ရှိရှိမိန့်တော်မူရာ ဦးပဉ္စင်းဦးတိဿသည် ဆရာ၏ဆိုလိုရင်းအဓိပ္ပာယ်ကို နားမလည်သော်လည်း ဆရာ့စကား မလွန်ဆန်လို သဖြင့်-

"

“မှန်လှပါ၊ ဆရာတော်အမိန့်ရှိသည့်အတိုင်း ဆောင်ရွက်ပါ့မယ်ဘုရား”ဟု လျှောက်ထားကာ ဆရာသမား သီတင်းသုံးဖို့ ဂူကျောင်း တခု ဆောက်လုပ်ရန် စီမံလေတော့သည်။

ဦးတိဿသည် ဝိနည်းတော် အရလည်း အပ်စပ်မှု ရှိလေအောင် ရံခါ သာမဏေတို့၏ အကူအညီယူတန် ယူ၍ သစ် ၀ါး ထင်းများ ခုတ်လှဲ စုဆောင်းခြင်း အုတ် ဖုတ်ခြင်း၊ ကျောင်းနေရာ ရှင်းလင်းခြင်းများကို ပြုလုပ်ရလေ၏။ စင်္ကြံ လျောက်၍လည်း ရ၊ လေ ကောင်း လေသန့်, အလင်းရောင်လည်း ရအောင် အုတ် အင်္ဂတေဖြင့် စင်္ကြံလိုဏ်ဂူကျောင်းတခု ဆောက်လုပ်ရာ မမောနိုင် မပန်းနိုင် ရှိ၏။
လူထွက်လိုစိတ်များလည်း ပေါ်မလာသည့်အပြင် မည်သည့်ကိလေသာ နီဝရဏမှ ဖြစ်ခွင့်မရတော့ပေ။

အုတ်စင်္ကြံလိုဏ်ဂူကြီးပြုလုပ်ပြီးသောအခါ ဆရာတော်ဘုရားကြီး သပ္ပာယ မျှတစွာ သီတင်းသုံးနိုင်စေရန်’ခုတင်ငယ် တခုကိုပင် စီမံ ခင်းထားလိုက်သေး၏။
စိတ်တိုင်းကျ စီမံပြီးသောအခါ ဆရာတော်ထံ ဝမ်းသာအားရသွားရောက်လျှောက် ထားရာ ဆရာတော်လည်း အုတ်စင်္ကြံ လိုဏ်ဂူကြီးဆီသို့ ကြွရောက်ကြည့်ရှုကာ-

..

“ဪ…တယ်နေရာကျပါလား ငါ့ရှင်၊ ငါ့ရှင်ဟာ ဒီအုတ်စင်္ကြံ လိုဏ်ဂူ ကြီးကို အတော်အပင်ပန်းခံပြီး လုပ်ထားတာကိုး၊ သာဓု-သာဓု၊ကောင်းပြီငါ့ရှင်၊
ဒါပေမယ့် ဒီနေ့ တနေ့တော့ ငါ့ရှင်ပဲ ဒီလိုဏ်ဂူမှာ သီဘင်းသုံးကြည့်ပါဦး။”

ဆရာသမား အမိန့်ရှိသမျှ “မှန်ပါ့ ဘုရား”ဟုသာ လျှောက်လေ့ရှိသော အရှင်ဦးတိဿလည်း ဆရာ့အမိန့်အရ တနေ့တည္ ဦးစွာ သီတင်းသုံးရလေ၏။
အရှင်ဦးတိဿသည် လိုဏ်ဂူထဲအဝင်ခြေကိုဆေးကြော ဝင်ပြီးနောက် ခုတင် ပေါ်တွင် တင်ပျဉ်ခွေကာ မိမိ၏ဝေယျာဝစ္စ ကုသိုလ်များကို ပြန်လှန် စဉ်းစားနေ မိ၏။ ပင်ပန်းသည့် စိတ်များပင် ပြေပျောက်ကာ-

“ငါ့ကျေးဇူးရှင်ကြီးအတွက် ရာသက်ပန် မမေ့နိုင်တဲ့ကုသိုလ်ကြီးကို ဆောင် ရွက်လုပ်ကိုင်ပေးရပေပြီ”ဟု အတိုင်းမသိ စမ်းမြောက်လေ၏။ ပီတိများတလှပ်လှပ် ဖြစ်ပွားလာ၏။ ဆရာသမားသင်ကြားဆုံးမထားသည့်အတိုင်းထိုပီတိကိုမေ့ဖျောက်

## PAGE 466
<!-- 13 paragraphs, raw extraction -->




ကာ လက္ခဏာရေး သုံးပါးကို ဆင်ခြင် သုံးသပ်လေရာ ထိုနေရာ၌ပင် အရဟတ္တ ဖိုလ်သို့ ရောက်လေ၏။ မိမိ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ၊ ဆရာသမား၏စကားကို မြေဝယ်မကျ နာယူခြင်းဖြင့် ထို သောဝစဿတာ ဂုဏ်က အရဟတ္တဖိုလ်ဆုကြီးကို ဆွတ်ခူး ပေးလိုက်လေသည်။
ထိုအခါကျမှ အရှင်တိဿလည်း ဆရာ့ကျေးဇူးဂုဏ်ကိုပို၍ ကြည်ညိုမိလေတော့၏။

စေတီ ကျောင်းကန် စီမံတိုင်း အကောင်းမဖြစ်

မှတ်ချက်။ ။အံ-ဋ္ဌ-၁၊ ၃၂၄-လာ ဤဝတ္ထုကို ထောက်၍ ကျောင်းကန် ဝေယျာဝစ္စကို စီမံဆောင်ရွက်သည်ဆိုရာ၌ ဝိနည်း ဥပဒေလည်း မလစ်ရ၊ အပ္ပမာဒ သတိလည်း မလွတ်ရအောင် နှလုံးသွင်းရသည်။ သို့မဟုတ်ပါက ဘိသဇာတ်တော် လာ ရုက္ခစိုးကြီး၏ ကျိန်စာမျိုးဖြစ်မှာ စိုးရလေသည်။ ယင်းဇာတ်တော်၌ မဟာ ကဉ္စနမင်းသားနှင့် ၁၀-ဦးတို့ တောထွက် ရသေ့ ပြုကြရာ တနေ့တွင် စားရန် ကြာစွယ်ပျောက်၍ မိမိ ခိုးမစားပါကြောင်း' အသီးအသီး ကျိန်စာဆိုကြ၏။
“သဌေးကြီး ဖြစ်ရပါစေ့ရဲ့၊ ဘုရင်ကြီး, အမတ်ကြီး ဖြစ်ရပါစေ့ရဲ့” စသည်ဖြင့် ကျိန်ဆိုကြရာ ကြာအိုင် သင်္ခမ်းအနီးရှိ ရုက္ခစိုးကြီးကမူ’

“အဆိုပါ ကြာစွယ်ကို ကျွန်ုပ် ခိုးယူမိပါက ချမ်းသာကြွယ်ဝသောရပ်ရွာ ဒေသ၌ ကြီးကျယ်သော ကျောင်းတိုက်ကြီးကို ဦးစီး အုပ်ချုပ်၍ နဝကမ္မ အလုပ် များသော ဆရာတော်ကြီးဖြစ်ရပါစေရဲ့”ဟု ကျိန်ဆိုလေသည်။

အပ္ပမာဒ သတိ မပါသော ကျောင်းကန် ဘုရား ဝေယျာဝစ္စများဖြင့် တဘဝတာ ကုန်ရသော ရဟန်းမျိုးဖြစ်ရမည်ကို ကြောက်လန့်သောကြောင့်ပင် ဖြစ်ပေသည်။

"

ဘုန်းကံကြီးမား လာဘ်ပေါများတိုင်း ကောင်းသည် မဟုတ်။ “ကူလီ ဇာတာ ကောင်းလျှင် ပခုံး ပို၍ညောင်းရသည်”ဆိုသကဲ့သို့ ရှိတတ်လေသည်။

ကျောင်းကန် ဘုရား ဝေယျာဝစ္စများတွင် အပ္ပမာဒသတိမပါရှိစေကာမူ ဝိနည်းတော်နှင့် ညီညွတ်အောင် စီမံတတ်ပါမူကား တော်ပေသေး၏။ ထိုသို့ အပ်အပ်စပ်စပ်ဖြစ်အောင် စီမံတတ်သော ဆရာဒကာလည်း ရှားပါးလှပေသည်။
“ငါတို့ ကျောင်းက ကိုရင် ပွဲခိုးကြည့်တာ မင်းတို့ သာသနာပိုင် ဘုရား တည်တာလောက် အပြစ်မကြီးသေးပါဘူးက္ခ”ဟူ၍ပင် ဘုန်းကြီးနှင့် နဝကမ္မ ကိစ္စတွင် ဥဒါန်းစဉ် ရှိလေသည်။

"

ဝိနည်းမကျွမ်းသော ရဟန်းတို့ မအပ်မရာ စီမံသော ကျောင်း၌ ရဟန်း ကောင်းတို့ မနေအပ်။ အာပတ်သင့်၏။ ထိုစေတီမျိုး ရှ်မခိုးကောင်း၊ ယုတ်စွ

## PAGE 467
<!-- 11 paragraphs, raw extraction -->




အဆုံး၊ ထိုရဟန်းမျိုးစိုက်သည့် သစ်ပင်ရိပ်ကိုပင် မနားခိုကောင်းချေ။ သာသနာ တော်က အပ်အပ်စပ်စပ် ရရှိထားသော ကျောင်းကန် ဘုရားများပင် ဝိနည်း မတတ်သော ဆရာဒကာများ မွမ်းမံပြင်ဆင်၍ သာသနာပြုကြရာ မအပ်မစပ်တွေ ဖြစ်ကုန်တတ်လေသည်။

ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ကျောင်းကန်များကို “ထိန်းသိမ်းစောင့်ရှောက်ရသော ဝိနည်း တာဝန်တွေ ကျေကုန်အောင်လည်း ဆောင်ရွက်ရ၊ ပရိယတ် ပဋိပတ် တာဝန်လည်း များပြားလှသဖြင့် မရှောင်သာ လျှင် ခုနစ်ရက်မျှသာ လက်ခံ၍ ဒကာအား ပြန်စွန့်သည်။ “ဂဟပဋိကုဋိ=ဒကာ ပိုင်အဖြစ်” ထား၍ သုံးစွဲတော်မူ၏။ ယခုအခါ ရှင်ရှင်, လူလူ ဝိနည်းမကျွမ်းကျင် သူက များပြားလာခြင်း၊ ဆေးဝါးအစာ အသုံးအဆောင် အသစ်အဆန်းများ များပြားခြင်း၊ ဒကာ, ဒကာမတို့ ဆည်းကပ်လှူဒါန်းပုံ မလိမ္မာခြင်း စသည် တို့ကြောင့်--

“ယခုအခါ အမြဲတမ်း တရားရှုမှတ် နေနိုင်မှ တော်ကာကျတယ်” ဟု လည်း မိန့်တော်မူသည်ကို မှတ်သားရဖူးပါ၏။

သာသနာအတွက် အဟောင်း အဟောင်းများကို အပ်စပ်အောင် ထိန်း တိမ်း စောင့်ရှောက်ဖို့က တန်ဖိုးကြီးမား ခမ်းနားသော အသစ် အသစ်ထက် အရေးကြီးလှပေသည်တကား။

စင်စစ် စေတီဝတ်, သံဃဝတ်များသည်လည်း ဥပဇ္ဈာယ်ဝတ် စသည် လောက် တာဝန်မလေး၊ တရားအရေးကြီးက ဥပဇ္ဈာယ်ဝတ်ကိုပင် ပန်ကြား၍ မလုပ်ပဲ နေနိုင်လေသည်။ ဘုရားကျောင်းကန် စီမံသော ကုသိုလ်သည် အကျိုးကြီး ပါ၏။ သို့ရာတွင် ဝိနည်းနှင့်အညီ ဆောင်ရွက်တတ်ရန်ကား ခဲယဉ်းလှသည်။
အကျိုးကြီး၍ တရားသဖြင့် စီမံတတ်စေဦး၊ သာသနာတွင် ပဓာန အလုပ် မဟုတ် ပါချေ။ ပုဂံခေတ်တွင် စေတီတွေ အပြိုင် တည်ကြ၏။ ပဓာနအလုပ်၌ အနုတ် လက္ခဏာပြခဲ့သည်။ (ဓမ္မ-ဋ္ဌ-၂၊ ၁ဝ၃-အတ္တဒတ္ထထေရ် ဝတ္ထုရှုပါ။)

စားကာ

ကာမဝိတက် ဆေးသုံးလက်ဖြင့် ရောဂါပျောက်သော ကိုရင် တိဿ

တိဿ မဟာဝိဟာရ ကျောင်းတိုက်ကြီး၌ ဆရာဥပဇ္ဈာယ်ကို အလွန်လေး ချစ်ကြောက်ရိုသေ ဝတ္တရားကျေသော “တိဿ သာမဏေ”ဟု ရှိသည်။
ကိုရင်တိဿသည် တနေ့သောအခါ ကာမဝိတက်ကို မပယ်ဖျက်နိုင်သဖြင့် လူထွက် ခွင့်ပြုရန် ဥပဇ္ဈာယ်ဆရာအား ရိုသေစွာ လျှောက်လေ၏။

## PAGE 468
<!-- 16 paragraphs, raw extraction -->


.



ဥပဇ္ဈာယ်ဆရာလည်း အရိယာပုဂ္ဂိုလ်မြတ်ကြီး ဖြစ်သည်အား လျော်စွာ မိမိကိုရင်၏ အဇ္ဈာသယ အခြေအနေကို ဆင်ခြင်တော်မူကာ-

"

“ငါ့ရှင်တိဿ…၊ သင်လူထွက်လိုက ထွက်တာပေါ့။ မထွက်ခင် ဒိုများ အတွက် တခု ဆောင်ရွက်ပေးခဲ့ပါအုံး။ ဒို့များ ဒီမှာ နေရတာ ချိုးရေ အခက်အခဲ ရှိတယ်၊ ဒါ့ကြောင့် ဒို့များကို စိတ္တလတောင်ကို ပို ပြီး နေရာချထားခဲ့အုံး”ဟု မိန့်တော်မူရာ ဆရာအား စိတ္တလတောင်သို့ ပို ့ဆောင်နေရာချလေ၏။

.

စိတ္တလတောင်သို့ ရောက်လျှင် ဆရာက ကိုရင်တိဿအား သင်ယူဆဲ သံယုတ္တနိကာယ်ကြီးကို သင်မြဲသင် ကျက်မြဲ ကျက်စေ၏။ စိတ္တလတောင်သည် တိဿမဟာဝိဟာရ ကျောင်းထက် - တေဇောကသိုဏ်းရှုရန် သပ္ပာယ ဖြစ်သည်။
ထိုကြောင့် ကိုရင်တိဿအား ဖျောင်းဖျ နားချကာ တေဇောကသိုဏ်းကိုလည်း ပေးထားလိုက်၏။

ကသိုဏ်းရှူ၍ သမာဓိ အတန်အသင့် ထူထောင်မိလျှင် ဝိပဿနာရှုနည်း ကိုပါ လမ်းစ ဖွင့်ပေးထားလေသည်။ ထို ့နောက် ကိုရင်တိဿ၏ အခြေအနေကို ကြည့်၍ ကာမဝိတက်ကို ဖြေဖျောက်ရန် လုံလောက်သေးဟန် မရှိသဖြင့်…

“ငါ့ရှင် တိဿ……။ဒီ စိတ္တလတောင်မှာရှိတဲ့ ကျောင်းတိုင်းဟာ သံဃိကတွေ ချည်း ဖြစ်နေတော့ ရှင်းလင်း သုတ်သင် ပြုပြင်စီမံ စောင့်ထိန်းရတဲ့ ဝိနည်းတော် တာဝန်က ကြီးလေးလှတယ်။ ဒီတော့ ငါ့ရှင် ပုဂ္ဂလိက နေရာကလေးတခုလောက် စီမံနိုင်ယင် ကောင်းမယ်ကွယ့်”ဟု မိန့်တော်မူသဖြင့် ကိုရင်တိဿသည် စိတ္တလ တောင်ဝှမ်း တောင်ခြေ တနေရာတွင် တရားအားထုတ်မှုအတွက် သင့်လျော်မည့် လိုဏ်ဂူငယ်တခု တူးဖြိုဖောက်လုပ်ရလေသည်။

လိုဏ်ဂူဖောက်လုပ်ယင်း တဘက်က ဆရာ့ထံမှာ သင်ယူ .. ကျက်ရွတ်မြဲ သံယုတ္တနိကာယ်ကြီးကိုလည်း သင်ယူ ရွှတ်ဖတ်နေ၏။ တေဇောကသိုဏ်းကိုလည်း ရှုမြဲ ရှုနေလေရာ တိုက်တိုက်ဆိုင်ဆိုင်ပင် လိုဏ်ဂူဖောက်လုပ်ပြီးပြေသောနေ့မှာပင် စာဝါလည်း ပြီးဆုံး၏။ ကသိုဏ်းရှု၍ အပ္ပနာဈာန်ကိုလည်း ရလေသည်။ လိုဏ် ဂူပြီးလျှင် ဝမ်းသာအားရ ဥပဇ္ဈာယ် မထေရ်ကြီးထံ သွားရောက် ရှိခိုး၍—

"

“အရှင်ဘုရား…၊ … ယခု လိုဏ်ဂူ ပြုလုပ်ပြီးပါပြီ ဘုရား”ဟု လျှောက် သဖြင့် ဆရာကိုယ်တိုင်· လိုက်ကြည့်တော်မူလျက်—

"

“ဪ… ငါ့ရှင် တိဿ၊ တယ်နေရာကျပါကလား၊ ငါ့ရှင်က အတော့်ကို အပင်ပန်းခံပြီး လုပ်တာကိုး၊ သာဓု…သာဓု၊ ဒါထက် ငါ့ရှင် (သင် ကြိုးစား ပမ်းစား ပြုနိုင်ခဲတဲ့ ဆရာသမားဝတ်ကို ဆောင်တဲ့ အတွက်) ဒီနေ့ တရက် ငါ့ရှင် ပဲနေပါဦး”ဟု ခွင့်ပြု မိန့်ဆိုတော်မူလေသည်။

## PAGE 469
<!-- 18 paragraphs, raw extraction -->




ကိုရင်တိဿလည်း မိမိပြုလုပ်သော လိုဏ်ဂူအသစ်၌ ဝင်ရောက် နေထိုင် ရလေ၏။
စိတ်ကလည်း ဝမ်းသ, သပ္ပာယလည်း မျှတသဖြင့် ကသိုဏ်း သမာဓိ ကို အခြေပြု၍ ဝိပဿနာ ရှုပွားရာ ထိုနေ့မှာပင် အရဟတ္တဖိုလ်သို့ ရောက်တော် မူ၏။

ကာမဝိတက်ကို အောင်နိုင်၍ ကိုရင်တိဿမှသည် တိဿ မထေရ်ကြီး အဖြစ်သို့ပင် ရောက်လာကာ ထိုလိုဏ်ဂူ၌ပင် ပရိနိဗ္ဗာန်ဝင်သည်အထိ သီတင်း သုံးတော်မူသွားရလေသည်။ ထိုနေရာ၌ သာသနာ့ မော်ကွန်းတင်ကာ “တိဿ ထေရစေတီ”ဟူ၍ပင် ယခုတိုင် ဖူးတွေ့ရလေသတည်း။ (မ-ဋ္ဌ-၁၊ ၃၉၅-ဝိတက္က ၂ သဏ္ဌာနသုတ်အဖွင့်။)

သင်္ကန်းဝိတက် နှိပ်စက်၍ အမှိုက်ပုံ ရှိခိုးသော

ပံ့သုကူ ထေရ်

ပံ့သုကူမထေရ် တပါးသည် လူတို့ စွန့်ပစ်ထားသော အဝတ်စုတ်များကို ကောက်ယူချုပ်စပ် လျှော်ဖွပ်ဆိုးသော ပံ့သုကူသင်္ကန်းကိုသာ ဝတ်ရုံတော်မူလေ့ ရှိရာ လက်ရှိသင်္ကန်းမှာ ဝတ်ရုံ၍မရအောင် ရှိပွတ်စုတ်ပြဲနေ၏။

ပံ့သုကူသင်္ကန်း အသစ်တထည် လိုနေသဖြင့် စိတ်ကြောင့်ကြမှု ဖြစ်နေ ရ၏။ တနေ့တွင် “သံဃာတော်အများ သီတင်းသုံးတဲ့ အရပ်ဒေသမျိုးမှာ ဆိုယင် လွယ်လင့်တကူ ရှာဖွေ ရရှိတန်မကောင်းရဲ့” ဟု စိတ်ကူးလျက် စေတီယတောင် ဘုရားများဖူးမြော်အပြီး မဟာဝိဟာရ ကျောင်းတိုက်ကြီးဘက်သို့ ကြွတော်မူ၏။

ကျောင်းတိုက်ကြီးထဲသို့ ရောက်လျှင် သံဃမထေရ်ကြီးအား သွားရောက် ဝတ်ပြု ပန်ကြားပြီးလျှင် ကျောင်းတကျောင်း၌ တည်းခိုနေထိုင်လေ၏။
နောက်တရက်နံနက်တွင် သင်္ကန်းအဟောင်းကလေးကိုကိုင်၍ သံဃမထေရ်

ကြီးထံ သွားရောက်ကန်တော့ရာ’

ဘုရား။

"

"

"

“ငါ့ရှင်…၊ ဘာကိစ္စရှိသလဲ။”

“မှန်လှပါ…၊ မြို့တံခါးဘက် ခဏသွားဖို့ လာကန်တော့တာပါ အရှင်

“အိမ်း…အတော်ပဲ၊ တပည့်တော်များလဲ အဲဒီသွားဖို့ပဲ”ဟု သံဃမထေရ် ကြီးက မိန့်တော်မူ၍ နှစ်ပါးအတူ ကြွကြရလေ၏။ မထေရ်ကြီးမှာ ရှေ့ဆက် ကြွသွားသော်လည်း ပံ့သုကူမထေရ်မှာ မဟာဗောဓိတံခါးပေါက်သို့ ရောက်လျှင် မထေရ်ကြီးအား ပန်ကြားပြီး ရပ်နေရစ်ခဲ့၏။

## PAGE 470
<!-- 17 paragraphs, raw extraction -->




“အင်း..ဒီနေရာဒေသကတော့ ဘုန်းရှင်ကံရှင်တွေနေတဲ့ အရပ်ပဲ၊ သင့်သင့် တန်တန် အဝတ်စများ ရတန်ကောင်းပါရဲ့”ဟု စိတ်ကူးလျက် တံခါးဝ၌ တောင် မြောက် လေးပါးကြည့်၍ ရပ်နေစဉ်-

“ဪ….ငါ့စိတ်ကူးတွေ ယုတ်ညံ့လိုက်တာ”ဟု ရုတ်တရက် သတိရကာ ထိုနေရာမှ လှည့်ပြန်၍ မဟာဝိဟာရသို့ကြွလေ၏။ မိမိတရားအာရုံနှင့် သွားရမည် ကို မသွားနိုင်ပဲ ရှိလေသည်။

နောက်ရက်များတွင်လည်း, အမ္မင်္ဂဏအနီး၊ နောက် မဟာစေတီ မြောက် ဘက်မုခ် စသော လူသူစည်ကား အသွားအလာ များသော နေရာဌာနများသို့ တရက်ပြီးတရက် အဝတ်စုတ် ကောက်ယူရှန် ကြွလေရာ မိမိစိတ်ထဲ၌ ဖြစ်ပေါ် နေသော ဝိတက်= စိတ်ကူးအကြံများ မမှန်ကန် မသန့်ရှင်းသည်ကို သတိရ၍ချည်း လေးကြိမ်တိုင်တိုင် တည်းခိုရာကျောင်းသို့ ပြန်ရလေသည်။

လေးရက်မြောက်သောနေ့တွင် သံဃမထေရ်ကြီးထံ သွားရောက်ဦးချရာ

သံဃမထေရ်ကြီးက’

“အင်း….ဒီမထေရ် မစင်ကြယ်သော သင်္ကန်းဝိတက် နှောင့်ယှက်ခံနေရမှ ကော”ဟု သိတော်မူ၍ သင်္ကန်းတထည်ယူဆောင်ကာ ပံ့သုကူမထေရ်အား နောက် ပါ ခေါ်၍ မြို့ဘက်သို့ ကြွတော်မူ၏။ တလမ်းလုံး ဝိတက်ဖြေ တရားစကားများ မေးကာဖြေကာ ကြွကြစဉ် မြို့အဝင်ဝသို့ ရောက်သောအခါ အညစ်အကြေးများ စွန့်ပစ်ထားသော အမှိုက်ပုံကြီးတပုံထဲ၌ ယင်တရုန်းရုန်းနှင့် မစင်ကျင်ကြီးများ ပေကျံနေသဖြင့် လျှော်ဖွတ်၍ပင် မကောင်းတော့သော ပုဆိုးဟောင်းတထည် ပစ်ထားသည်ကို တွေ့ရလေသည်။

ပံ့သုကူမထေရ်လည်း မထေရ်ကြီးအနားမှ ဖဲခွာ၍ အမှိုက်ပုံကြီး အနီးသို့ သွားကာ မစင်ကျင်ကြီးများ ပေလူး၍ ယင်မဲရိုင်းကောင်ကြီးများဖြင့် တရုန်းရုန်း နံစော်နေသော ပုဆိုးစုတ်ကို မကောက်ယူသေးပဲ မတ်ဘတ်ရပ်လျက် ရှိခိုးနေ လေ၏။ သံသမထေရ်ကြီးလည်း အနားသို့ ရောက်လာကာ-

"

“ငါ့ရှင်…၊ ဘယ့်နှာကြောင့် အမှိုက်ပုံကြီးကို ရှိခိုး နေရတာလဲ” ဟု မေးတော်မူလျှင်

“မှန်လှပါ အရှင်ဘုရား…၊ ဘုရားတပည့်တော်များ အမှိုက်ပုံကို ရှိခိုးနေ ခြင်း မဟုတ်ပါ။ တပည့်တော်များရဲ့ ဖခမည်းတော် မြတ်စွာဘုရားရှင်ကို ရှိခိုးခြင်း ဖြစ်ပါတယ်။”

"

“ဘယ်လိုကြောင့်လဲ။”

"

“မှန်လှပါ…၊ တပည့်တော်တို့ရဲ့ အတုမရှိ ဖခမည်းတော်တောင်မှ ပုဏ္ဏ ကျွန်မရဲ့ အလောင်းကောင်ကို ပတ်ထားတဲ့ ပံ့သကူအဝတ်ကို တပြည်သားလောက် ရှိတဲ့ ပိုးလောက်များကို ခါယမ်းပြီး သုသာန်က ပံ့သုကူသင်္ကန်း ကောက်တော်မူရ

## PAGE 471
<!-- 19 paragraphs, raw extraction -->




သေးတယ်။ ငါယခု မစင်များပေနေတဲ့ ပံ့သုကူကို အလွယ်တကူ ကောက်ယူရတာ ထက် အံ့ဖွယ်သရဲ ခက်ခဲလှပါသေးကလားလို့ ကြည်ညိုသတိရ ဝမ်းမြောက်လှလို့ ရှိခိုးရကြောင်းပါဘုရား။

မမူပဲ’

,, .

သံဃမထေရ်ကြီးလည်း သာဓုခေါ်ကာ မည်သို့မျှ ဆက်လက် မိန့်တော်

“ငါ့ရှင် ပံ့သုကူ မထေရ်ရဲ့ သင်္ကန်းဝိတက်ဟာ စင်ကြယ် မြင့်မြတ်လှပါ တကား'ဟုသာ စိတ်ထဲက ချီးမွမ်းတော် မူမိလေ၏။

ပံ့သုကူမထေရ်လည်း စင်ကြယ်သန့်ရှင်းသော သင်္ကန်းဝိတက်မှ ရရှိလာ သည့် ဗုဒ္ဓာနုဿတိ ပီတိကို အခြေခံ၍ ဝိပဿနာရှုပွားရာ ထိုနေရာ၌ပင် အနာဂါမ် ဖြစ်တော်မူ၏။ ပြီးလျှင် ပံ့သုကူပုဆိုးစုတ်ကို ကောက်ယူချုပ်ဆိုးပြီး ထိုသင်္ကန်းကို ဝတ်ရုံကာ ပါစိနခဏ္ဍရာဇိအရပ်သို့ ကြွသွားပြီးလျှင် ဆက်လက်၍ တရားအားထုတ် တော် မူရာ ရဟန္တာဖြစ်တော်မူလေသည်။ (အံ-ဋ္ဌ-၂၊ ၂၇၈-စတုက္က အရိယဝံသ သုတ် အဖွင့်။ ဒီ-ဋ္ဌ-၃၊ ၁၉၃။)

ပစ္စည်းလေးပါး၌ ရသမျှနှင့် ရောင့်ရဲရခြင်း၊ ဘာဝနာအလုပ်၌ မွေ့လျော် နိုင်ခြင်း ဟူသော “အရိယဝံသ” တရားလေးပါးသည် ပိဋကသုံးပုံကို ခြုံမိငုံမိသော တရားဖြစ်ရာ သီဟိုဠ် သာသနာ ခေတ်တွင် ဟောပြော နာယူခြင်း များပြား၍ ထိုတရားတပုဒ်ဖြင့် နိဗ္ဗာန်ရသူ များလှပေကုန်ပြီ။

ဝိတက်ပယ်ဖျောက်နည်း ၅ မျိုး

တရားအားထုတ်သော(အထူးသဖြင့် အားထုတ်စ)ပုဂ္ဂိုလ်များ၌ ပထမဆုံး

လာသော ရန်သူမှာ ဝိတက်သုံးမျိုးပင်ဖြစ်၏။

၁။

၅။

၃။

ကာမဝိတက် သတ္တဝါနှင့် အရာဝတ္ထု (သင်္ခါရ)တခုခု၌ ရလိုမှု၊
နှစ်သက်မှုနှင့်စပ်သော အကြံအစည် စိတ်ကူး၊

ဗျာပါဒဝိတက် မိမိနှင့်စပ်၍ဖြစ်စေ၊ သူတပါးနှင့်စပ်၍ ဖြစ်စေ၊
ရာသီဥတုစသော တစုံတခုသော အရာဝတ္ထုကြောင့် ဖြစ်စေ၊
စိတ်ဆိုး၊ စိတ်ပျက်၊ အလိုမကျ၊ ဆုတ်နစ် ကြောက်ရွံ့ခြင်း။
တဘက်သားအား ပျက်စီးစေလိုခြင်းနှင့်စပ်သော အကြံအစည်၊
စိတ်ကူး၊

ဝိဟိံသာဝိတက် သူတဘက်သားအား နှိပ်စက် ဒုက္ခပေးလိုသော အကြံအစည်၊ စိတ်ကူး၊

## PAGE 472
<!-- 10 paragraphs, raw extraction -->




ယောဂီသည် ထိုစိတ်ကူးများကို ဖျောက်ဖျက်ပစ်မှ ရွှေ့သို့ တရားတက် နိုင်သည်။ ပထမလုပ်စတွင် ထိုစိတ်ကူးများနှင့် နပန်းလုံးနေရတတ်၏။ ယင်းတို့ကို ပယ်နိုင်ရန် မြတ်စွာဘုရားရှင် မူလပဏ္ဏာသ ဝိတက္ကသဏ္ဌာနသုတ်၌ နည်းပေးတော် မူခဲ့သည်။ နည်းကား ၅-နည်းရှိ၏။

၁။

အစားထိုးဖျောက်နည်း(အညနိမိတ္တပဗ္ဗ)-သတ္တဝါနှင့်စပ်၍ လိုချင် နှစ်သက်မှု စိတ်ကူးဝင်လာလျှင် အသုဘနှလုံးသွင်း၊ အရာဝတ္ထုနှင့် စပ်လျှင် အနိစ္စသဘော နှလုံးသွင်း၊ သတ္တဝါနှင့်စပ်၍ ဒေါသ စိတ်ကူးဝင်လာလျှင် မေတ္တာ၊အရာဝတ္ထုအတွက် ဓာတ်နှလုံးသွင်း၊
မောဟနှင့်စပ်၍ဖြစ်လျှင် ဆွေးနွေးမေးမြန်း။

(သို့မဟုတ် စိတ်သန်ရာ ကမ္မဋ္ဌာန်းတခုခုကို ဖိဖိစီးစီး ရှုမှတ်၍ ပယ်ဖျောက်လျှင်လည်း ပြေပျောက်နိုင်ပါ၏။)

၂။ အပြစ်ရှုဖျောက်နည်း (အာဒီနဝပဗ္ဗ)- ကာမဝိတက် လေ၁ဘ အတွက် စက်ဆုပ်ရွံရှာဖွယ်၊ ခန္ဓာကိုယ်နှင့် လောဘအပြစ်ဆင်ခြင်၊
ဗျာပါဒ ဒေါသအတွက် “စိတ်ဆိုးသူကို ပြန်လည် စိတ်ဆိုးလျှင် မင်း ပိုပြီး ယုတ်မာရာ ရောက်တော့မပေါ့' စသည်ဖြင့် ဒေါသ အပြစ် ဆင်ခြင်။
၃။ မေ့ဖျောက်ရှောင်လွှဲနည်း ( အသတိပဗ္ဗ)- ဝိတက်ကို မေ့ဖျောက် ထားပြီး ရသမျှတရားစာများကို စိတ်ပါလက်ပါ ရွတ်အံခြင်း၊
ဘုရားတရား ဂုဏ်တော်များ ရေးထားသော အိတ်ဆောင်စာအုပ် (မုဋ္ဌိပေါတ္ထက)ကို ရွတ်ဖတ်ခြင်း၊ စူလာနဖာ တောက်တိုမယ်ရ အသုံးအဆောင်များကို စိတ်ပြေလက်ပျောက် ကောက်ယူကြည့်ရှု စစ်ဆေးခြင်း၊ သင်္ကန်းချုပ်ခြင်း စသည်ဖြင့် အပြစ်မရှိသော အလုပ်ကလေးများ လုပ်ခြင်း။ (ဝိတက်ပျောက်သွားသော်လည်း လက်စတန်းလန်း ကျန်နေမည့် နဝကမ္မကြီးမျိုးကိုမူ မလုပ်ရ။
ကိုရင်တိဿမှာမူ စရိုက်ကိုကြည့်၍ ပေးခြင်းဖြစ်သည်။ သို့မဟုတ် ပူးတွဲလုပ်နိုင်မှသာ လုပ်သင့်သည်။)

၄။ အကြောင်းရင်း ရှာဖွေဖျောက်နည်း (ဝိတက္က မူလဘေဒ ပဗ္ဗ) ဖြစ်ပေါ်လာသော စိတ်ကူး၏ မြစ်ဖျားခံရာ အကြောင်းများကို ဆင့်ကာဆင့်ကာ ရှာဖွေထုတ်စစ်၍ ကြည့်ခြင်း၊

ဥသျှစ်ပင်အောက်နေသော ယုန်သူငယ် ဥသျှစ်သီးကြွေကျသည်ကို မြေပြိုသည်ထင်၍ ကြောက်လန့်ပြေးရာမှ ဆင်ကြီးများပါမကျန် တိရစ္ဆာန်များအားလုံး ဦးတည့်ရာ ပြေးကြစဉ် ဘုရားလောင်း

## PAGE 473
<!-- 12 paragraphs, raw extraction -->


၄ ၃.ဝ

"


ခြင်္သေ့မင်းက ယုန်သူငယ်ကို နှစ်သိမ့်စေ၍ ခေါ်ဆောင်ကာ အပင် ရင်းသွားပြီး ယုန်ဝပ်သောနေရာ၊ကြွေကျသော ဥသျှစ်သီး၊အပင် ပေါ်ရှိ အညှာ စသည်တို့ကို ထောက်ပြ၍ (အကြောင်းရှင်း ရှာဖွေ၍)မြေပြိုသော အထင်မှား အတွေးမှားကို ဖယ်ရှားပေး သကဲ့သို့ အကြောင်းရင်းရှာ၍ ဖျောက်ရခြင်း၊

၅။ ဖိနှိပ်အံကြိတ်၍ ဖျောက်နည်း (အဘိနိဂ္ဂဏှနပဗ္ဗ)အရိုးကြေကြေ၊
အရေပြတ်ပြတ် အင်နှင့်အားနှင့် ဖိနှိပ်အံကြိတ် တောက်ခေါက်၍ မနိုင်နိုင်အောင် ဖျောက်ခြင်း။

ဘုရားအလောင်းတော်သည် ဒုက္ကရှစရိယာကျင့်စဉ် ထိုသို့ပင် အံကြိတ် တောက်ခေါက်၍ မရမနေ အသေအလဲ ပယ်ဖျောက်တော်မူခဲ့၏။ သို့ရာတွင် အလောင်းတော်၌ ထို ဝိတက်ကြမ်းကြီးများ မရှိချေ။မိမိသင်္ခမ်းကျောင်းကလေးမှ နေ၍ နေရဉ္စရာမြစ်ဆီသို့ လှမ်းမျှော်ကြည့်စဉ် သာယာသော တောရိပ်တောင်ရိပ် သားသမင်၊ ငှက်များနှင့် စိမ်းညိုသော ရေပြင်ကို မြင်ရရာ “ဪ…တယ်ပြီး သာယာလှပါကလား”ဟု စိတ်ကူးမိသော “ကာမဝိတက် အငယ်စား၊အပူအအေး ဒဏ် စသည်ကြောင့် ရံခါ အနည်းငယ် စိတ်လှုပ်ရှားမိသော “ဗျာပါဒဝိတက်” အငယ်စားနှင့် သင်္ခမ်းကျောင်းပတ်ဝန်းကျင်တွင် မြင်တွေ့ရသည့် ကြီးနိုင်ငယ် ညှဉ်းနေသော သတ္တဝါတို့အပေါ်၌ သနားရခြင်း (စိတ်ပင်ပန်းရခြင်း)လောက် ကိုပင် “ဝိဟိံသာဝိတက်”ဟု ခေါ်ဆိုရသည်။ကြမ်းတမ်းသောဝိတက်များ မရှိချေ။
သို့သော်လည်း ထိုအနုစားများကိုပင် အံကြိတ်တက်ခေါက်ကာ ဖြေဖျောက်တော် မူလေသည်။(မူလပဏ္ဏာသ ဒွေဓာဝိတက္ကသုတ်နှင့် ဝိတက္ကသဏ္ဌာနသုတ် မြန်မာပြန် များကို ဖတ်ရှုပါ။)

လောက၌ ယင်းသို့သော ဝိတက်များ ဖြစ်နေသည်ကိုပင် အကြံကောင်း သည်၊ ဉာဏ်ကောင်းသည်၊ အတွေးအခေါ်ရင့်ကျက်သည်ဟုဆိုကာ ဉာဏ်ပညာဟု ထင်နေကြ၏။ထိုအတွေးအခေါ် စိတ်ကူးများဖြင့် ဘာတခုမျှ အမှန်ဆုံးဖြတ်ချက် မချနိုင်ပဲ “ဟိုလိုလား၊ ဒီလိုလား ဖြစ်နေသော ဝိစိကိစ္ဆာကိုပင် သုတေသန ပညာဟု ထပ်ဆင့်၍ အထင်ရောက်ကြပြန်လေ၏။

ပေသည်။

ဝိတက်သဲ ပုံကြီးသမိုင်း

“ဥရုဝေလ’ဟူသည် ` အဆမတန် များပြားလှသော သဲပုံကြီးဟု ဆိုလို

ထိုသဲပုံ သဲသောင်ကုန်းကြီး ဖြစ်လာပုံမှာ စိတ်ဝင်စားဖွယ် ကောင်းလှ၏။
လူသားတို့၏စိတ်ကို သာဓကတင်နေသောမော်ကွန်းတိုင်ကြီးလည်း ဖြစ်လေသည်။

## PAGE 474
<!-- 13 paragraphs, raw extraction -->



.

၄ ၃ ၁

ဘုရားမပွင့်မီက ထိုဒေသ၌ ရသေ့သူတော်ကောင်းတသောင်းတို့ နေထိုင်ခဲ့ ကြ၏။တနေ့သောအခါ ရသေ့များ စည်းဝေးကာ ဆုံးဖြတ်ချက် ကတိကဝတ် တခု သတ်မှတ်ကြလေသည်။

"

“ငါ့ရှင်တို့…၊ ကာယကံနှင့် ဝစီကံ ကျူးလွန်မှုဟာ တပါးသူတို့ သိနိုင် အောင် ထင်ရှားတယ်။ စိတ်ထဲမှာတွင် ဖြစ်နေတဲ့ မနောကံ ပြစ်မှားမှုဆိုတာ မထင်ရှားဘူး။ ကာယကံရှင် တယောက်ပဲ သိနိုင်တယ်။ ဒါ့ကြောင့် အကြင်သူဟာ ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိ ံသာဝိတက် စိတ်ကူးများကို ကြံစည် စိတ်ကူး မိလျှင် ထိုစိတ်ကူးအကြံ မနောကံ အပြစ်ကို ထိုသူအား အခြားသူ တဦးဦးက ပြောဆိုညွှန့်ပြ ဖော်ထုတ်ဆုံးမလို့ မရနိုင်ဘူး။

“ထိုမနောက် အကြံစိတ်ကူးပြစ်မှုကျူးလွန်တဲ့သူဟာ မိမိဘာသာမိမိ ဖော်ထုတ်ဆုံးမ၍ စိတ်ကူး အကြံဖြစ်တိုင်းဖြစ်တိုင်း ဤနေရာမှာ(နေဉ္စရာမြစ်ထဲက) သဲများကို ဖက်နှင့် ထုပ်ယူပြီး ဒဏ်ထမ်းကြရမယ်” ဟု ကတိကဝတ်ထား၍ ရသေ့များ ဝိတက်အကြံ မနောကံ ဒဏ်ခတ်သည့် အနေဖြင့် အမှတ်တရ မိမိကိုယ် ကို ဆုံးမခဲ့ကြရာမှ ယခုအခါ “ဥရုဝေလ ခေါ်သော သဲပုံ သဲသောင်ကုန်းကြီး ဖြစ်ထွန်းပေါ်ပေါက်နေခြင်း ဖြစ်သတည်း။ (အံ-ဋ္ဌ-၂၊ ၂၆၃-စတုက္က·ဥရုဝေလ သုတ်အဖွင့်။)

ပြေးနေသောစိတ်ကို ကန့်သတ်ချက် ပေးထားသော မထေရ်ကြီး သုံးပါး

ရှေးအခါက သီဟိုဠ်ကျွန်း တနေရာ၌ အတူဝါကပ်ကြသော မထေရ် သုံးပါးတို့သည် အကုသိုလ်ဝိတက်များ မဖြစ်စေရန်၊ မေတ္တာ ဘာဝနာစသော ကုသိုလ်ဝိတက်များသာ ဖြစ်စေရန် အထူးစောင့်ထိန်း၍ ကျင့်ကြံ တော်မူကြသည်။
ဝါဆိုဝါကပ်သောနေ့တွင် မထေရ်ကြီးက ကျန်နှစ်ပါးအား ဤသို့ အမိန့်

ရှိလေသည်။

မထေရ်ကြီး ငါ့ရှင်တို့…၊ ဒိုများ ဒီဝါတွင်း သုံးလပတ်လုံး ကာမဝိတက်စတဲ့ အကုသိုလ် ဝိတက်များကို မကြံစည်မိအောင် စောင့်ထိန်း ကြရ မယ်။ (ဤသို့ ကတိကဝတ်ထားပြီး တဝါတွင်းလုံး ကျင့်ကြံကြရာ ဝါကျွတ်၍ ပဝါရဏာနေ့သို့ ရောက်လျှင် အငယ်ဆုံးမထေရ်အား) ကဲ …ငါ့ရှင်၊ဝါတော့ကျွတ်ပြီ။ ဒီဝါ တွင်းသုံးလ အတွင်းမှာ အဘယ်မျှလောက် ဝေးဝေး စိတ်ကို ထွက်သွားခွင့် ပေးခဲ့သလဲ။

-

## PAGE 475
<!-- 15 paragraphs, raw extraction -->


၄၃၂ ထေရ်ငယ်


အရှင်ဘုရား...တပည့်တော်ရဲ့ စိတ်ကို ဤကျောင်းဝင်း အပြင် ဘက်ကိုတောင် ထွက်ခွင့်မပေးပဲ နေခဲ့ပါတယ် ဘုရား။

မထေရ်ကြီး (မထေရ်လတ်ဘက်လှည့်၍) ကဲ…ငါ့ရှင်ကကော။
မထေရ်လတ် မှန်လှပါ…၊ တပည့်တော်ရဲ့ စိတ်ကို ဘုရားတပည့်တော်နေတဲ့ ကမ္မဋ္ဌာန်း ကျောင်းကလေးထဲက အပြင်ကို မထွက်နိုင်အောင် စောင့်ထိန်းပါတယ် ဘုရား။

မထေရ်နှစ်ပါး (သံသံမထေရ်ကြီးအား) အရှင်ဘုရားကောဘုရား…. စိတ်ကို ဘယ်လောက်ဝေးဝေး ထွက်ခွင့် ပေးတော်မူခဲ့ပါသလဲ။

မထေရ်ကြီး ငါ့ရှင်တို့…၊ တပည့်တော်ဟာ ဒီတဝါတွင်းလုံး တပည့်တော်ရဲ့ စိတ်ကို နိယကဇ္ဈတ္တခေါ်တဲ့ ဒီရုပ်နာမ် ခန္ဓာကိုယ် ဝိပဿနာ အာရုံအပေါ်က လွဲလို့ ခန္ဓာကိုယ် အပြင်ဘက် တခြားဘယ်ကိုမှ ပြေးထွက်ခွင့် မပြုခဲ့ဖူးဘူး ငါ့ရှင်တို့။

မထေရ်နှစ်ပါး သာဓုပါဘုရား….၊ ... အရှင်ဘုရားများက သာ၍ ခက်ခက်ခဲခဲ စွဲစွဲမြဲမြဲ ကျင့်ကြံတော်မူနိုင်ပါပေတယ်ဘုရား။ တပည့်တော်များလဲ သည်အတိုင်း ဖြစ်အောင် စိတ်ကို ဆုံးမကြပါ့မယ်။

(ဒီ-ဋ္ဌ-၂ ၊ ၃၂ ၉-သက္ကပဥသုတ်အဖွင့်။)

သွားလာသမျှ သတိမလွတ်၊ ဂတပစ္စာဂတ ဝတ်အရာ

စံတော်ဝင်

မဟာ ဖုဿဒေဝ ထေရ်

အာဠိန္ဒက ကျောင်းနေ မဟာဖုံသာ ဒေဝ မထေရ်သည် သွားရ လာရသမျှ ကမ္မဋ္ဌာန်း သတိမလွတ် ဂတပစ္စာဂတဝတ် (အထူးသဖြင့် ဆွမ်းခံ ့အသွား အပြန် ကျင့်ဝတ်)အရာတွင် စံတင်ရသော မထေရ် ဖြစ်သည်။

ဂတ ပစ္စာဂတဝတ် ဖြည့်ကျင့်နည်း

ထို ့ဝတ်ကို ၂၁- နှစ်လုံးလုံး ဖြည့်ကျင့်တော်မူ၏။ စေတီ ဗောဓိပင် ကျောင်းကန်၊ ဆရာသမား စသော ဝတ်များကို နေ့စဉ်ပြုမြဲ ပြုပြီး ဆွမ်းခံကြွရာ၌ မိမိကျင့်ဆောင်မြဲ၊ သို့မဟုတ် သတ်မှတ်ထားသော ကမ္မဋ္ဌာန်းကို ခြေလှမ်းတိုင်

## PAGE 476
<!-- 14 paragraphs, raw extraction -->




သတိမလွတ်ရအောင် ရှုမှတ်၍ ကြွတော်မူ၏။ ကျောင်းမှ ရွာ၊ ရွာမှကျောင်း အသွား အပြန်(ဂတ ပစ္စာဂတ) သတိအမှတ်ဖြင့် ကြွလေရာ အမှတ်မပါပဲ လှမ်း မိလျှင် သတိရသည်နှင့်တပြိုင်နက် . နောက်ကြောင်းပြန်ရ၏။ လွှတ်သော နေရာမှ စ၍ ပြန်လျှောက်ရသည်။ ဆင်ကြမ်း, နွားကြမ်း သောက်စား မူးယစ်သူ၊ လမ်း ခရီး အနေအထားကိုလည်း မှတ်သားထားရ၏။

လေ့ကျင့်စအချိန်က မထေရ် ထိုသို့ ရွှေ့သွားလိုက် နောက်ပြန်လိုက် လုပ်နေ သည်ကို ကျောင်းနှင့် ရွာလမ်းဘေးရှိ ထွန်ယက် စိုက်ပျိုးနေသူများက’

“ဒီကိုယ်တော် ခဏခဏ ပြန်လှည့် ပြန်လှည့်လုပ်နေတယ်၊ လမ်းများမှားနေ လို့လား၊ဒါမှမဟုတ် တစုံတခု ကျပျောက်နေလို့လား မသိ”ဟု ပြောဆိုကြကုန်၏။

မထေရ်လည်း မကြားယောင်ပြုကာ မိမိ အမှတ်သတိမလွတ်အောင်သာ ဂရုစိုက်၍ ဖြည့်ကျင့်ရာ အနှစ် နှစ်ဆယ်အတွင်း ရဟန္တာဖြစ်တော်မူခဲ့၏။ မထေရ် ရဟန်းကိစ္စပြီးသောနေ့မှစ၍ မထေရ်၏စင်္ကြံကျောင်းထိပ်မှရုက္ခစိုးနတ်မင်းကြီးသည် မထေရ် စင်္ကြံကြွတိုင်း လက်ငါးချောင်း ဆီမီး ငါးတိုင် ထွန်းညှိကာ အမြဲရပ်တည် လာလေ၏။ ထိုမှတပါး စာတုမဟာရာဇ်နတ်မင်းကြီး လေးဦး၊ သိကြားမင်းနှင့် သဟမ္ပတိ ဗြဟ္မာမင်းကြီးများလည်း လာရောက် ဖူးမြော်ကြလေသည်။ ကိုယ်ရောင် ကိုယ်ဝါများလည်း လင်းထိန်သွား၏။

ထိုသို့ နတ်မင်းကြီးများ လာရောက် ဖူးမြော်ပြီး နောက်တရက်တွင် ထို အရောင်အလင်းများကို မြင်လိုက်မိသော ဝနဝါသီ (တောရကျောင်းနေ) မဟာ တိဿမထေရ်က’

“ညက အရှင်ဘုရားကျောင်းမှာ တကျောင်းလုံး လင်းနေတယ်၊ ဘာရောင် များ ဖြစ်ပါသလဲ”ဟု လျှောက်ရာ မထေရ်သည် စကားလှီးလွှဲ၍ –

"

“အရောင်ဆိုတာကတော့ ဆီမီးရောင်လဲရှိရဲ့၊ ကျောက်ရောင်လဲ ရှိပါရဲ့” စသည်ဖြင့် မိန့်လေသည်။ ထို အကြောင်း မည်သူ ့ကိုမျှ မပြောရန် မထေရ်က တောင်းပန် ပြောဆိုရာ အစဉ်အမြဲ လျှို့ဝှက်ထားပါမည်ဟု ဝန်ခံ၍ အကြောင်းစုံ ပြောပြဘော်မူရ၏။

ကာလဝတ္ထိ မဏ္ဍပဝါသီ

မဟာနာဂ ထေရ်

ကာလဝတ္ထိမဏ္ဍပ ဝါသီ မဟာနာဂထေရ်လည်း အထက်ပါအတိုင်း ဂတ ပဥ္စာ ဂတ ဝတ်ကို ၂ ၃-နှစ်လုံးလုံး ဖြည့်ကျင့်တော်မူ၏။

## PAGE 477
<!-- 16 paragraphs, raw extraction -->




“ငါတို့ဆရာ မြတ်စွာဘုရားသည် ငါတို့အတွက် ၆-နှစ်တိုင်တိုင် ဒုက္ကရစရိယာကို ပင်ပန်းကြီးစွာ ကျင့်တော်မူခဲ့ရသည်။ငါလည်း ဘုရားရှင်အား ဤတရားအကျင့်ဖြင့် ခုနစ်နှစ် ပူဇော်မည်ဟု ဆုံးဖြတ်ကာ ပထမ ခုနစ်နှစ် စ၍ ကျင့်တော်မူ၏။
ထိုခုနစ်နှစ်တွင်လည်း ဣရိယာပုထ် လေးပါးတွင် အရပ်နှင့်(စင်္ကြံ) အသွား ဣရိယာပုထ် နှစ်ပါးအတွက်သာ အဓိဋ္ဌာန်ထားလေသည်။ နောက်ထပ် ၁၆-နှစ် ထပ်မံ ကျင့်၍အပြီး ရဟန္တာဖြစ်တော်မူသည်။

ဆွမ်းခံ ကြွလျှင် ရှေးနည်းအတိုင်း ခြေလှမ်းတိုင်း သတိ မလွတ်ရအောင် ကြွသည်၊ ပြန်သည်။ ` လွတ်လျှင် နောက်ပြန်ဆုတ်၍ ကြွ၏။ ရွာနှင့် မလှမ်းမကမ်း (နွားလား, ရဟန်းလား, မခန့်မှန်းနိုင်လောက်သော) နေရာ ရောက်လျှင် ရပ်၍ သင်္ကန်း ရုံ၏။ ချိုင်းကြား၌ အသင့်ပါလာသော ရေဗူးမှ ရေ အနည်းငယ် သပိတ်၌ သွန်ငဲ့၍ သပိတ် ကျင်းလိုက်၏။ ပြီးလျှင် ပါးစပ်၌ သင့်လျော်ရုံ ရေတငုံ ငုံ၍ ကြွလေသည်။ ရဟန်းတို့ ကျင့်ဝတ်ကို နားမလည်သော(အကြောင်းမရှိ အကြောင်း ရှာ လျှာရှည်တတ်သော)ဒကာ, ဒကာမများက “နေကောင်းပါရဲ့လား ဘုရား စသည်ဖြင့် ကမ္မဋ္ဌာန်း အမှတ် သတိ ပျက်စေသောစကားမျိုး မေးမြန်းလျှင် ပြော မိမည်စိုးသောကြောင့် ဖြစ်သည်။.

"

"

"

“ယနေ့ ဘာနေ့ပါလဲ၊ ရဟန်းတော် ဘယ်လောက် ရှိပါသလဲ၊ ဘယ် တရားက ဘယ်လိုပါလဲ”စသည်ဖြင့် ရှောင်၍လည်း မရ၊ရဟန်းတို့နှင့်လည်း အပ်စပ် သောအမေးမျိုး မေးလျှင်မူ ငုံလာသော ရေကို မျိုချတန် ချပြီး ဖြေတော်မူရ၏။
အကယ်၍ တစုံတရာ ပြောဆိုရခြင်း မရှိလျှင် ရွာ အထက်၌ ငုံလာသော ရေကို ထွေးပစ်တော်မူသည်။

ခ

က လမွ တိတ္ထကျောင်းနေ ရဟန်းတော် ငါးကျိပ်

ယင်းကျင့်ဝတ်ကို ကလမ္မတိတ္ထကျောင်းနေ ရဟန်းတော်ငါးကျိပ်တို့လည်း ကတိကဝတ် ထားကာ အားလုံး ကျင့်တော်မူကြသည်။

"

ဝါဆိုလပြည့်နေ့ကတည်းက

“ငါ့ရှင်တို့၊ငါတို့တတွေ အရဟတ္တဖိုလ်သို့ မရောက်မရသေးသမျှ တပါးနှင့် တပါး စကား မပြောကြတမ်း” ကတိကဝတ် ထားတော်မူကြ၏။ ဂတပစ္စာ ဂတိက ဝတ်ကိုလည်း ဆောင်တော်မူကြရာ ရွာ့အပြင်၌ ရေထွေးချသော ကျင်း ရာကို ကြည့်၍ “ယနေ့ ရဟန်းတော် မည်မျှ ကြွသည်” ဟုပင် လူတို့ သိနေကြ

လေသည်။

## PAGE 478
<!-- 12 paragraphs, raw extraction -->


66


၄ ၃ ၅

ကြာလာသောအခါ ရပ်ရွာရှိ ဒကာ,မကာမများ သံသယ ဝင်လာကြ၏။
ရဟန်းတော်တွေဟာ ငါတို့နှင့်သာ စကား မပြောတာလား၊ သူတို့ အချင်းချင်းကော မပြောကြဘူးလား၊ တပါးနှင့်တပါး မခေါ် မပြော ဖြစ်နေကြ တယ် ဆိုယင် ဧကန္တ ရန်ဖြစ်ထားကြလို့နေမှာပဲ။ လာကြပါ၊ တပါးနှင့် တပါး တောင်းပန် သည်းခံပြီး ကျေအေးအောင် လုပ်ချေကြပါစို ့”ဟု ဆိုကာ စိုးရိမ် စိတ်ဖြင့် ကျောင်းသို့ပင် လိုက်လာကြ၏။

ကျောင်းသို့ရောက်၍ ကြည့်ကြသောအခါ ရဟန်းတော် ငါးကျိပ်မှာ တနေ ရာတည်း၌ နှစ်ပါးအတူ နေသည်ကိုပင် မတွေ့ကြရချေ။ ထိုအခါ စဉ်းစားဉာဏ် ´ ရှိသော ဒကာတဦးက

“မိတ်ဆွေတို့၊ ငါတို့ ထင်တာမဟုတ်ဘူး။ရန်ဖြစ်တဲ့ပုဂ္ဂိုလ်များရဲ့နေရာဟာ ဒါမျိုး မဟုတ်ဘူး။ ကြည့်စမ်း၊ စေတီ ရင်ပြင်, ဗောဓိ ရင်ပြင်တော်တွေမှာလဲ တံမြက်လှည်းထားလိုက်တာ ရှင်းလို့။ တံမြက်စည်းတွေလဲ ကျကျနန စနစ်တကျ ထားတယ်။ ဟိုမှာ…သောက်ရေ သုံးရေတွေလဲ အဆင်သင့်ပဲ”ဟု ပြောဆိုပြန်သွား ကြလေ၏။

ရဟန်းတော် ငါးကျိပ်တို့လည်း ထိုဝါတွင်း ကာလမှာပင် ရဟန်းကိစ္စ. ပြီးမြောက်ကာ “ဝိသုဒ္ဓိ ပဝါရဏာ-သန့်ရှင်း စင်ကြယ်သူ ပုဂ္ဂိုလ်မြတ်တို့၏ ပဝါ ရဏာ=ဖိတ်ကြားခြင်းပွဲကို ဆင်နွှဲတော်မူနိုင်ကြလေ၏။ (မ-ဋ္ဌ-၁၊ ၂၆၂-၃- မဟာသတိပဋ္ဌာနသုတ် အဖွင့်။ ဒီ-ဋ္ဌ-၁၊ ၁၆၉။သံ-ဋ္ဌ-၃၊ ၂၂ဝ-၃။ အဘိ-ဋ္ဌ-၂၊
၃ ၃ ၃။ထေရ-ဋ္ဌ-၁၊ ၂၂။ အပ-ဋ္ဌ-၁၊ ၁ ၅ ၉။ ယင်း-၂၊၃၄။ သုတ္တနိ-ဋ္ဌ-၁၊ ၄၇။)

သမ္ပဇည တရားလေးပါးကို အာ ားဖြည့်သောကျင့်ဝတ်

ဂတ ပစ္စာဂတဝတ်ကို ပြရာ၌ အသွားသာဆောင်၍ အပြန်မဆောင်သူ၊
အပြန်သာဆောင်၍ အသွားမဆောင်သူ၊ အသွားရော အပြန်ပါ ဆောင်သူ၊
အသွားရောအပြန်ပါ မဆောင်သူဟု လေးမျိုးပြထားသည်။

အသွားရောအပြန်ပါ ကမ္မဋ္ဌာန်းမပါပဲ ဆွမ်းခံသူသည် သာသနာတွင် ရှက်ဖွယ်လိလိ ဖြစ်ပေ၏။ ရဟန်းတော်တိုင်း ရှေးအခါက အသွားအပြန် ရနိုင် သမျှ ရအောင် ဆောင်ခဲ့ကြရသည်။ အနည်းဆုံး ယခုအခါ မေတ္တာကမ္မဋ္ဌာန်း လောက်ကိုမူ ပါသင့်ပေ၏။ ပါသည်ဆိုရာ၌ ခြေလှမ်းမလပ်သော ပါဝင်မှုမျိုးကို ဆိုလိုပေသည်။

ဤကျင့်ဝတ်သည် သာသနာတော်နှစ် ၉၇၀-မတိုင်မီ၊ အဋ္ဌကထာ ဆရာ ကြီးများ လက်ထက်တော် မရောက်မီကပင် ဣန္ဒိယ, သီဟိုဠ် သာသနာပြု ရဟန္တာ

## PAGE 479
<!-- 15 paragraphs, raw extraction -->




မထေရ်ကြီးများ အစဉ်အဆက် ရဟန်းတော်တိုင်း လိုက်နာရန် သတ်မှတ်ထား သော ်ကမ္မဋ္ဌာန်း ဥပဒေသကြီး” တခုဟုပင် ဆိုသင့်လေသည်။

ဤဝတ်အတိုင်း ဆောင်ရွက်ပါက ဥပနိဿယ ပြည့်စုံပါလျှင် ပထမ အရွယ်၌ပင် ရဟန်းကိစ္စ ပြီးစေနိုင်၍ ဗောဓိဆုကြီးများကို အလျင်အမြန် ရင့်သန် စေသည်ဟု မိန့်မှာတော်မူကုန်၏။ (အသေးစိတ်ကို အဋ္ဌကထာတို့၌ ရှုပါကုန်။) စင်စစ် ဤ ဂတပစ္စာဂတဝတ် ကျင့်စဉ်သည် သမ္ပဇည တရားလေးပါးကို ကြီးထွားလွယ်အောင် သတ်မှတ်ပေးသော ကျင့်စဉ်ဖြစ်၏။

သမ္ပဇည တရားလေးပါးမှာ-

၁။ သာတ္ထကသမ္ပဇဉ်- မိမိလုပ်မည့် အလုပ်ကို အကျိုးရှိ-မရှိ သိမြင် ရခြင်း (ပညာ)၊

၂။ သပ္ပါယသမ္ပဇဉ်= အကျိုးရှိသောအလုပ်ပင် ဖြစ်စေကာမူ အခြေ အနေ အခါအခွင့် သင့်မသင့် ချင့်ချိန် သိမြင်ရခြင်း၊ (ဘုရားဖူး ခြင်းသည် အကျိုးရှိသော်လည်း ပွဲတော် အခါမျိုးကို ရှောင်ရ သည်။)

၃။ ဂေ

ါစရသမ္ပဇဉ်= မိမိ ရှုပွား လက်ကိုင်ထားသော တရားရှုကွက် တရားအာရုံကို မလွတ်တမ်း နှလုံးသွင်း သိမှတ်နေရခြင်း၊

၄။ အသမ္မောဟသမ္ပဇဉ်= အမြဲ နှလုံးသွင်းနေသဖြင့် ရုပ်နာမ်ဓမ္မကို မတွေမဝေ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိသော ဉာဏ် အမြင်

ရခြင်း၊

ပထမနှစ်မျိုးသည် လောကီ လောကုတ္တရာ နှစ်ဖြာအတွက် အသုံးကျ၏။
သို့သော် ကမ္မဋ္ဌာန်းမဟုတ်သေး။ ကမ္မဋ္ဌာန်း အလုပ်အတွက် ရွှေ့ပြေး အထောက် အကူ ဖြစ်၏။ “ဂေါစရသမ္ပဇဉ်’သာလျှင် ပဓာနဖြစ်သည်။ ဂေါစရ ဆိုသည်မှာ “စားကျက်=အာရုံ’ရွှေကွင်းရှူကွက်”ဟု ဆိုလိုသည်။

ဝမ်းဗိုက်၌ ဖောင်းမှု ပိန်မှု ရှုမှတ်သူသည် အမြဲတမ်း အထူးသဖြင့် ဆွမ်းခံ အသွားအပြန် ထိုအာရုံကိုသာ သိနေရသည်။ သို့မဟုတ် ခြေထောက် ဗယ်လှမ်း သည် ညာလှမ်းသည်၊ ကြွသည်, လှမ်းသည်, ချသည် ကြားသည် မြင်သည် စသော သတိပဋ္ဌာန်အာရုံ ရှုကွက်တခုခုကို ကိုင်မိ သိမိလျက်သား ရှိနေရ၏။

နှာခေါင်း ထွက်လေ ဝင်လေ ရှုမှတ်သူဖြစ်လျှင်လည်း ထိုနည်းလည်း ကောင်းပင် မိမိရှုမှတ်မှုကို သွားရ လာရသော နေရာတိုင်း၌ မလွှတ်တမ်း ရှုမှတ် ရှိသော၊ လွတ်သွားလျှင် လွှတ်သွားသည်ဟု ယူဆရသော နေရာရောက်အောင်

## PAGE 480
<!-- 10 paragraphs, raw extraction -->



၄၃၇.

ခြေလှမ်းနောက်ပြန်ဆုတ်၍ အသစ် ပြန်ရှုမှတ်ရသော ကျင့်ဝတ်ဖြစ်၏။ ဂေါစရ သမ္ပဇဉ်ကို (ဝါ) ကမ္မဋ္ဌာန်းအသိကို အမြန်ဆုံး တိုးတက်အောင် လုပ်ပေးသော ကျင့်ဝတ်ကောင်းကြီး ဖြစ်ပေသည်။

ဆွမ်းခံ အသွားအပြန်မျှသာ မဟုတ်။ မည်သည့် နေရာ၌မဆို သူတော် ကောင်းကြီးများ သတ်မှတ်ထားသော ထိုဂတ ပစ္စာဂတ ကျင့်ဝတ်ကို နှလုံးမူ ရိုသေသော အားဖြင့် မပြတ်မလပ် တရစပ် အမှတ်ချင်း ရှေ့နောက်စပ်အောင် ရှုပွား၍ နေရမည်မှာ ယောဂီ၏ ပဓာန အလုပ်ကြီးပေတည်း ။

“ဂေါစရသမ္ပဇဉ်” ပြည့်စုံသွားလျှင် (ဝါ) အထွတ်အထိပ် (သိခါပ္ပတ္တ)သို့ ရောက်သွားလျှင် “အသမ္မောဟ သမ္မဇဉ်သည် အထူး (တမင်) လုပ်နေရသည် မဟုတ်၊ အလိုလို ဖြစ်လာလိမ့်မည်။

ခြေလှမ်းကို မှတ်သိသွားလျှင် ထိုခြေတလှမ်း၌ပင် အကြောင်းခံစိတ်၊ ထို စိတ်ကြောင့် လှုပ်ရှားသော လေဓာတ်၊ ထိုလေဓာတ်၏ တွန်းပို့ ထောက်ခံ ပင့် မြောက်မှု ကြောင့် ကြွခြင်း လှမ်းခြင်း စသည် အဆင့်ဆင့် ဖြစ်ပျက် ပြောင်းလဲ နေသည်ကို (ဝါ) ငါ, ငါ့ဟာမပါ၊ ရုပ်နာမ် သဘာဝများသာ ဓမ္မနိယာမအရ သူ ့အလုပ် သူလုပ်နေသည်ကို သဲသဲကွဲကွဲ တပိုင်းစီ တပတ်စီ ထင်ထင်လင်းလင်း ရှင်းရှင်းကြီး သိမြင်သွားမည်သာ ဖြစ်၏။ ယင်းကိုပင် အသမ္မောဟသမ္ပဇဉ်”ခေါ် သည်။ (အဋ္ဌကထာ၌ ကျယ်ဝန်းစွာ ပြထား၏။ ကောင်းလှပေသည်။)

ရဟန္တာ မဖြစ်ဖူးသော ဆွမ်းစားဇရပ်မရှိ

ဤကျင့်ဝတ်, ဤသမ္မဇဉ်များကြောင့် ရှေးအခါက သီဟိုဠ် ကျွန်းကြီး တကျွန်းလုံး တခုတည်းသော ကမ္မဋ္ဌာန်းကျောင်းကြီး ဖြစ်နေကြောင်း (မ-ဋ္ဌ-၂၊
၂၆၁။ သံ-ဋ္ဌ-၂၊ ၂၁၂- ကလိင်္ဂရသုတ်အဖွင့်။) မဟာဝိဟာရ ကျောင်းတော် ကြီး၏ တောင်ဘက်မုခ်ကရပ်၍ မဟာစေတီကြီးကို ဖူးမြော်ရာ (ဗုဒ္ဓာရမ္မဏဖြင့်) ရဟန်းတော်သုံးသောင်း ရဟန္တာဖြစ်တော်မူခဲ့ကြကြောင်း၊ ထို ့အတူ အနောက် မုခ် မြောက်မုခ်၊ အရှေ့မုခ်နှင့် သပ္ပာယဖြစ်သော မဟာနာဂလိုဏ် စိတ္တလတောင် စသည်တို့၌ မရေမတွက်နိုင်အောင် တရားထူးရကြကြောင်း (ဝိသုဒ္ဓိမဂ်-၁၊၁၂၄။
မ-ဋ္ဌ-၁၊ ၂၆၉။ သံ-ဋ္ဌ-၃၊ ၂၂၀- သတိသုတ်အဖွင့်။) နေရာများစွာ၌ ဖတ်ရှု ကြည်ညိုရလေသည်။

ရှေးအခါက ဆွမ်းခံရဟန်းတော်များရွာတိုင်း၌ နားနေတည်းခို၍ ဆွမ်း ဘုဉ်းပေးရန် ဆွမ်းစားဇရပ်များရှိရာ သီဟိုဠ်ကျွန်း ဆွမ်းစားဇရပ်တိုင်း ရဟန္တာ

## PAGE 481
<!-- 15 paragraphs, raw extraction -->




မဖြစ်ဖူးသောဆွမ်းစားဇရပ်ဟူ၍ပင် မရှိကြောင်း (သံ-ဋ္ဌ-၃၊ ၂၂ ၁) စသည်ဖြင့် ဤကျင့်ဝတ်ကြီး၏ အရေးပါပုံကို ထိုထို အဋ္ဌကထာတို့၌ ကျယ်ဝန်းစွာ ပြဆိုထား ပေသည်။

ဆွမ်းစားခိုက်ကလေး အတွင်းမှာပင်လျှင်လည်း တရားထူး ရနိုင်သော ကြောင့် အမှတ်မဲ့ မစားရ၊ မိမိရှုမှတ်မြဲ ကမ္မဋ္ဌာန်းအာရုံကို စွဲထုံကြရလေသည်။

အမှတ်လွတ်သွားသောလက်

"

ဂေါစရသမ္ပဇဉ် ထားရှိရံပုံနှင့်စပ်၍ ယခုအခါ ယောဂီများ အသိပင် ဖြစ် ပေသည်။ သီဟိုဠ်ခေတ်က မထေရ်ကြီးတပါးသည် နေ့ခင်းနေ့လယ် အမှတ်သတိ မလွတ်ရုံ ခပ်ပေါ့ပေါ့မှတ်ယင်း တပည့်များနှင့်အတူ ထိုင်၍ စကားပြောနေစဉ် အမှတ်လွတ်ပြီး လက်ကိုကွေးမိသဖြင့် (ဆွမ်းခံသွားယင်း အမှတ်လွတ်၍ နောက်ပြန် လှည့်ပြီး မှတ်သူကဲ့သို့) လက်ကို တဖန် ပြန်ဆန့်ပြီးမှ “ကွေးတယ်..ကွေးတယ်”ဟု ခပ်ဖြည်းဖြည်းကလေး ပြန်ကွေးနေသည်ကို တပည့်များ မြင်နေကြလေသည်။
“အရှင်ဘုရား …ခုနက လက်ကို မြန်မြန်ကွေးပြီးမှ ဘာဖြစ်လို့ တခါ ပြန် ဖြန့်ပြီး ဖြည်းဖြည်းကလေး ကွေးနေရတာလဲ အရှင်ဘုရား” ဟု တပည့်များက လျှောက်ကြရာ—

"

"

“ငါ့ရှင်တို့..၊ ဒို့များ ကမ္မဋ္ဌာန်းကို စတင်နှလုံးသွင်းတဲ့ အချိန်ကစပြီး အမှတ်မပါပဲ (သတိလွှတ်ပြီး)တခါမှ မကွေးမဆန့်ဖူးဘူး၊ ယခု သင်တို့နှင့်စကား ပြောနေရလို့ အမှတ်လွှတ်သွားတာနဲ့ လက်ကိုသူ နေရာသူပြန်ထားပြီး ဖြည်းဖြည်း ကလေး အမှတ်နဲ့ ပြန်ကွေးနေရတယ်”ဟု မိန့်တော်မူလေသည်။

"

“မှန်လှပါ အရှင်ဘုရား၊ ရဟန်းဆိုတာ ဒီလိုပဲ. ဖြစ်သင့်တာပါပဲဘုရား” ဟု လျှောက်ကြလေသည်။(သံ-ဋ္ဌ-၃၊ ၂၂၈-သတိသုတ်အဖွင့်။ ဒီ-ဋ္ဌ-၁၊ ၁၇၆။)

ဖောင်းတာပိန်တာ ဘယ် က စ

ယခုအခါ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် မြန်မာနိုင်ငံ တွင် နှစ်ပေါင်းများစွာ ပြတ်လပ်နေခဲ့သော သတိပဋ္ဌာန် အလုပ်စခန်းများကို ကမ္ဘခနှင့်ချီ၍´ ပြန်လည်ဖော်ထုတ်ကာအထူးကျယ်ပြန့်စွာ သာသနာပြုတော်မူ ဆု၌ တပည့်ယောဂီများ၏ သွားပုံလာပုံ နေပုံထိုင်ပုံမှာ လူများစု မျက်စိထဲ၌ တမျိုးကြီးဖြစ်နေ၍ မသိမလိမ္မာသူများ ဝစီကံအပြစ် ကျူးလွန်မိတတ်ကြလေ သည်။

## PAGE 482
<!-- 12 paragraphs, raw extraction -->

1


"


၄ ၃ ၉

“ဖောင်းတယ်...ပိန်တယ်”ကိုပင် ဆရာတော် တမင်ထွင်ပြီးပေးလေဟန်၊
ကမ္မဋ္ဌာန်းပဲ မဟုတ်လေသယောင် ငရဲကြီးကြသူများလည်း 'ရှိလေသည်။

စင်စစ် “ဖောင်းတယ် ပိန်တယ်’သည်ပင် ဆရာတော်ဘုရားကြီး အဆန်း ထွင်ပေးသော အရာမဟုတ်ချေ။ ကျေးဇူးရှင် “မူလ မင်းကွန်း ဇေတဝန် ဆရာ တော်ဘုရာကြီးနှင့် မြို့လှဆရာကြီး ဦးစံထွန်း’တို့ လက်ထက်တော်ကပင် လက်တွေ့ လုပ်ပြီးမှ ပြသလာကြသော အပဏ္ဏက ပဋိပုဒါ=ကိန်းသေနည်း”များသာ ဖြစ် ကုန်၏။ (ရှေးက “ပူတယ်..ရှုပ်တယ်”ဟု သုံးသည်။) ထို့ကြောင့် ဘုရားရှင် အာဘော်၊ ဤယခုပြဆိုသော အဋ္ဌကထာအာဘော်၊ သီဟိုဠ်ခေတ် သာသနာပြု ရဟန္တာ မထေရ်ကြီး အဆက်ဆက်တို့၏ လုပ်ထုံးများသာလျှင် ဖြစ်ကြောင်း မမှိတ်မသုန် ယုံကြည်ကျင့်ပွားကြရာ၏။

အသမ္မောဟ သမ္ပဇဉ်ကြောင့် နာရီမလိုသော ဂေါဒတ္တထေရ် ကာဠဒေ၀ထေရ်

မြတ်စွာဘုရားရှင်သည် အလောင်းတော်သာဝကပင် ခုနစ်ရက် ခုနစ်လီ လနေမထွက်စေကာမူ အချိန်ကို အတိအကျ သိတော်မူ၏။

လောကီဈာန်ရသူ၊ ကသိုဏ်း ဝင်စားသူများပင်လျှင် ဝုဋ္ဌာန ဝသီဘော် (အဘယ်အချိန်၌ ဈာန်မှထမည်ဟု) တိကျနိုင်နင်းမှု မရှိကြ၍ နေ့ညလွဲမှားသော ကြက်ငှက်တို့ကဲ့သို့ ဖြစ်ရပုံကို ဟောတော်မူကာ’

သဘာဝဓမ္မတခုဖြစ်သော အသမ္မောဟတရားကြီး(အသမ္မောဟ သမ္ပဇဉ်-- အမြဲမှတ်သိနေခြင်း)သည် သတ္တဝါတို့အား အကျိုးစီးပွားများစေ၍ မိခင်သည် သားသမီးများကို စောင့်ရှောက်သကဲ့သို့ တလောကလုံးအား စောင့်ရှောက်နိုင် သော ကမ္ဘာထိန်း=သတ္တဝါစောင့် လက်နက်ကောင်းကြီး ဖြစ်ပုံကို(မူလပဏ္ဏာသ- ဘယဘေရဝသုတ်-ပါဠိအဋ္ဌကထာ,ဋီကာတို့၌)ဖတ်ရှု ကြည်ညိုနိုင်လေသည်။

ယင်း အသမ္မောဟတရားကြောင့် ကလျာဏီကျောင်းတိုက်ကြီး၌ နေတော် မူသော ဂေါဒတ္တမထေရ်ကြီးသည် အချိန်အခါကို အတိအကျ သိတော်မူ၏။
ရှေးအခါက အချိန်ကိုသိရှိရန် ပျဉ်ပြားခြမ်းတခု၌ အကွက်ဇယား မျဉ်းကြောင်းသား၍ ထိပ်ပိုင်း လယ်ဗဟို၌ လက်တံငုတ်ရှည်တခု စိုက်ကာ တိုင်ဖြင့် စိုက်ထူထားရသော ‘နေနာရီတိုင်’ဟူ၍ ရှိ၏။ (ယခုအခါလည်း သုံးစွဲ ကြသည်။ ရေနာရီဟူ၍လည်း ရှိ၏။)

## PAGE 483
<!-- 11 paragraphs, raw extraction -->



ပ


အဆိုပါ ဂေါဒတ္တမထေရ်ကြီးသည် မည်သည့်နေ၊ မည်သည့်နေနာရီကိုမျှ မကြည့်ပဲ သူ့ အချိန်နှင့်သူ၊ ဆွမ်းခံ၊ဆွမ်းစား တရားရှုမှတ်ခြင်း ပြုတော်မူ၏။ နေ နာရီ၌ သတ်မှတ်ထားကြသည့်အတိုင်း လက်နှစ်သစ်အချိန်၌ ဆွမ်းခံကြွ၍ လက် တသစ် အချိန်၌ ဆွမ်းစားသည်ဟုဆိုလျှင် မထေရ်ကြီးသည်လည်း ထိုအချိန် အတိုင်းပင် အတိအကျပြုလုပ်တော်မူရာ ကျောင်းတွင်းရှိ မထေရ်များသည် ါဒတ္တ မထေရ်ကြီးအား တနေ့တွင် စောင့်၍ကြည့်မည်ဟု ဆုံးဖြတ်ကြသည်။
မထေရ်ကြီး ဆွမ်းခံ ဆွမ်းဘုဉ်းပေးသည်ကို အစားအသောက်များကိုပါယူဆောင် လာကြပြီးလျှင် နေနာရီတိုင်၌ ထိုင်၍ အကဲခတ်ကြလေသည်။တဆံချည်မျှမလွဲချေ။
နေမသာ မိုးအုံ့ ၍ နေမမြင်ရသောနေ့တွင်လည်း မထေရ်ကြီးသည် အချိန်မှန်ပင် ပြုလုပ်တော်မူသည်ကို တွေ့ကြရလေ၏။

ထိုအခါမှစ၍ ကလျာဏီကျောင်းတိုက်ကြီးတွင် သံဃာများ ဆွမ်းခံ၊
ဆွမ်းစား၊ ဝတ်ကြီးဝတ်ငယ် စသည် အချိန်မှန် ဆောင်ရွက်ရသည့် ကိစ္စများ အတွက် စည်ကြီးတလုံးတပ်ဆင်၍ ဂေါဒတ္တမထေရ်ကြီး၏ အခြေအနေကိုသာလျှင် ကြည့်ရှုသတ်မှတ်ပြီး တီးခတ်ကြလေ၏။

ကာဠဒေဝထေရ်

ထိုမှတပါး အဇဂရကျောင်းတိုက်နေ ကာဠဒေဝမထေရ်ကြီးသည်လည်း အချိန်ကို အတိအကျ သိတော်မူ၏။

မထေရ်ကြီးသည် ဝါတွင်းသုံးလပတ်လုံး သံဃာအများ သေနာသနဝတ် စသည် ဆောင်ရွက်ရန် အမြဲတမ်း ကျောက်စည်ခေါင်းလောင်း ထိုးပေးလေ့ ရှိသည်။ အခြားအခြားသော မထေရ်များ၌ နေနာရီတိုင်, ရေနာရီခွက်များ ပြုလုပ်သုံးစွဲကြသော်လည်း ကာဠဒေဝ မထေရ်ကြီး၌ မည်သည့်နာရီမျှ မလိုချေ။
သို့ရာတွင် အချိန်ကျ၍ ကျောက်စည် ခေါင်းလောင်းထိုးရန် လက်ထိုးတုတ်ကို ကိုင်နေချိန်မှာပင် အခြား နေနာရီ ရေနာရီများလည်း ထိုအချိန်ကို တပြိုင်နက် အတိအကျ ပြနေကြလေသည်။

မထေရ်ကြီးကား ညဉ့်သုံးယံပတ်လုံး အသမ္မောဟ သမ္ပဇဉ်ဖြင့် နေတော် မူရာ နံနက်ဆွမ်းခံကြွ၍ ကျောင်းသို့ပြန်လာပြီးနောက် ဆွမ်းစားဇရပ်၌ မထေရ် များ စုံလင်အောင်စောင့်၍ မနေ၊ ရသမျှ အချိန်ကလေးအတွင်း´ သပိတ်ကို ယူဆောင်ကာ သင့်လျော်သော ဆိတ်ငြိမ်ရာအရပ်သို့ သွားရောက်ကာ တရား ရှုမှတ်တော်မူလေသည်။

:

## PAGE 484
<!-- 12 paragraphs, raw extraction -->



'၄၄၁

ကျောင်းတိုက်သံဃာများ ဆွမ်းဘုဉ်းပေးရန်စုံလင်၍ ဆွမ်းဘုဉ်းပေးချိန် ကျရောက်လျှင် နေနာရီရေနာရီ ထားရှိသော မထေရ်များက မထေရ်ကြီးအတွက် စိတ်ပူကြောင့်ကြကာ ရဟန်းငယ် တပါးပါးအား သွားရောက် အပင့်ခိုင်းလေ့ ရှိကြရာ ပင့်လျှောက်သွားသော ရဟန်းငယ်သည် မထေရ်ကြီးအား ကြွလာရန် ဟန်ပြင်နေချိန်၌ဖြစ်စေ၊ လမ်းခွတ်လတ်၌ဖြစ်စေ တွေ့ရမြဲ ဖြစ်လေသည်။(မ-ဋ္ဌ-၁၊
၁၂၆-ဘယဘေရဝသုတ် အဖွင့်။)

စိတ်ကို နှိုးစက်ချနည်း

မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလ အမိန့် ရှိဖူးသော စကားတခွန်းကိုလည်း သတိရဖွယ်ကောင်းလှ၏။

ဘုန်းတော်ကြီး တောရနေသော နေရာသို့ ကိုရင်, ဦးပဉ္စင်းငယ်များ အုံးမောင်း တုံး ပြုလုပ်ရန်အတွက် တော၌ သစ်ပင်လှည်းရန် လှည့်လည် ရှာဖွေ ကြသည်ကို သိတော်မူလျှင်

မောင်ပဇင်းတို့ဟာက ရဟန်းလုပ်နေပြီး ကြက်လောက်မှ နိုးနိုးကြား ကြား မရှိကြပဲကိုး”ဟု မိန့်တော်မူလေသည်။

ယောဂီများ “ဝုဋ္ဌာနသညီ”ခေါ် ငါ မည်သည့်အချိန်၌ အိပ်ရာမှထမည် ဟု စိတ်ထဲက တိတိကျကျ စွဲမြဲစွာ သတ်မှတ်ထားလျှင် နိုးသောအခါလည်း ပျင်းရိ မနေပဲ (သစ္စာရှိရှိ၊ ကတိတည်တည်) နိုးနိုးချင်း ထလျှင်ပင် နာရီအတိအကျ မှန်ကန်သည်ကို အံ့ဩလောက်အောင် ကိုယ်တွေ့ကြုံနိုင်ပါသည်။ ဝုဋ္ဌာနသညီနှင့် သမ္ပဇညတရားကို ပိုင်နိုင်လာပါလျှင် သတ္တဝါအများအတွက် မည်သို့စောင့်ရှောက် နိုင်ကြောင်း သိမြင်လာပါလိမ့်မည်။

အာနာပါနဿတိဖြင့် အံ့ဖွယ်ပရိနိဗ္ဗာန်ပြုသော စိတ္တလတောင် ညီနောင်နှစ်ပါး

နာမည်ကျော် စိတ္တလတောင် ကျောင်း၌ ညီတော် နောင်တော်နှစ်ပါး တရားအတူအားထုတ်ကာ သီတင်းသုံးနေတော်မူကြ၏။ အမည်ကား မထင်ရှား။
ညီနောင်နှစ်ပါးတွင် မထေရ်တပါးသည် တခုသောလပြည့်ဥပုသ်နေ့တွင် သံဃဥပုသ်ပြုအပြီး မိမိကျောင်းသို့ပြန်ကြွကာ သံဃာအများ ခြံရံလျက်ရှိစဉ် ကောင်းကင်မှ လရောင်ကိုမော်ကြည့်ယင်း .မိမိ၏အသက်အပိုင်းခြားကို ဆင်ခြင် တော်မူနေ၏။

:

## PAGE 485
<!-- 14 paragraphs, raw extraction -->


.99J.


လရောင်ကိုတွေ့ပြီးကြည့်နေရာမှ တပည့်သံဃာများဘက်သို့ လှည့်ကာ’ “ငါ့ရှင်တို့…၊သင်တို့ မည်ကဲ့သို့ပရိနိဗ္ဗာန်ပြုသည်ကို မြင်တွေ့ဖူးကြသလဲ” မေးတော်မူရာ အချို့ ရဟန်းတော်များက“နေရာ၌ထိုင်လျက် ပရိနိဗ္ဗာန်ပြုသည်ကို မြင်ဖူးကြောင်း’လျှောက်ထားကြ၏။အချို့တပည့်များကမူ “ကောင်းကင်၌ တင်

ပျဉ်ခွေ၍ ပရိနိဗ္ဗာန်ပြုသည်ကိုမြင်ဖူးကြောင်း”အသီးသီးလျှောက်ထားကြလေ၏။
ထိုအခါမထေရ်ကြီးက

"

“ကောင်းပြီ ငါ့ရှင်တို့၊ ယခု သင်တို့အား ငါ စင်္ကြံ လျှောက်ယင်း ပရိနိဗ္ဗာန်ပြုသည်ကိုပြပေအံ့”ဟု မိန့်တော်မူပြီးလျှင် စင်္ကြံလျှောက်သော လမ်း တနေရာ၌ မျဉ်းသား၍ပြပြီးနောက်-

"

“ငါ့ရှင်တို့..၊ ကြည့်ကြလော့၊ ငါစင်္ကြံဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ် အရောက်ကြွပြီးပြန်အလာ၊ ဟောဒီမျဉ်းသားတဲ့နေရာ ရောက်လျှင် ရောက်ချင်း ပရိနိဗ္ဗာန်ပြုလိမ့်မယ်”ဟု မိန့်တော်မူကာ တပည့်သံဃာများရှေ့၌ပင် စင်္ကြံကြွ၍ ပြတော်မူ၏။

သံဃာများမှာ မျက်တောင်မခတ် စင်္ကြံအစအဆုံး တည်ငြိမ်စွာ ကြွလှမ်း တော်မူသည်ကို ကြည့်ရှုကြည်ညိုနေကြ၏။

"

မိန့်တော်မူသည့်အတိုင်း တဘက်သော စင်္ကြံအစွန်းမှ ပြန်လှည့်အလာ မျဉ်းသားထားသောနေရာ၌ ခြေတော်တဘက်မျှသာ နင်းချရသေး၏။ မတ်တတ် ရပ်လျက် ထိုနေရာ၌ပင် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။(ဝိသုဒ္ဓိမဂ်-၁၊ ၂၈၄။) ယင်းမထေရ်နှင့် အလားတူသော မထေရ်များကိုလည်း “ကောဋ္ဌပဗ္ဗတ ဝိဟာရဝါသီ အရှင်တိဿထေရ်၊မဟာကရဏ္ဍိယဝိဟာရ၀ါသီ မဟာတိဿထေရ်၊
ဒေဝပုတ္တမဟာရဋ္ဌတိုင်းနေ ပိဏ္ဏပါတိက တိဿထေရ်များ”ဟု ဖော်ပြထားရာ အတ္ထုပ္ပတ္တိအကျယ်ကိုမူ မတွေ့ရတော့ချေ။

သေရမည့်အချိန်ကို အ တိ အ ကျ သိ ခြင်း

အာနာပါနကမ္မဋ္ဌာန်းသည် အလွန်တန်ခိုးသတ္တိ ကြီးမား၍ အင်အား အကောင်းဆုံးပြည့်ဝစေနိုင်သော ကမ္မဋ္ဌာန်းဖြစ်ပေသည်။ ဝိသုဒ္ဓိမဂ်ဆရာကြီးက- “ဣဒံပန အာနာပါနဿတိကမ္မဋ္ဌာနံ ဂရုကံ ဂရုကဘာဝနံ ဗုဒ္ဓ ပစ္စေကဗုဒ္ဓ ဗုဒ္ဓပုတ္တာနံ မဟာပုရိသာနံယေဝ မနသိကာရဘူမိ ဘူတံ၊နစောဣတ္ထရံ၊နစ ဣတ္တရသတ္တသမာသေဝိတံ” (ဝိသုဒ္ဓိမဂ်- ၁၊၂၇၆။)

## PAGE 486
<!-- 12 paragraphs, raw extraction -->


"



“ဤအာနာပါနကမ္မဋ္ဌာန်းကား လေးလေး ပင်ပင် လေးလေး စားစား အားကြိုးသနဲ့ ဂရုတစိုက်လုပ်မှရသော ကမ္မဋ္ဌာန်းဖြစ်သည်။ ဘုရားပစ္စေကဗုဒ္ဓာ သာဝကကြီးများဖြစ်ကြသော ဘုန်းနှင့်သမ္ဘာ ထက်ကြပ်ပါသည့် မဟာပုရိသ လူ့အာဇာနည်ကြီးတို့သာလျှင် နှလုံးသွင်းရာကမ္မဋ္ဌာန်းဖြစ်သည်။ ထို လူ အာဇာ နည်ကြီးများပင်သော်မှ ခဏတဖြုတ်လုပ်၍ရသော ကမ္မဋ္ဌာန်းမဟုတ်။ ဘုန်းကံ နည်းပါးသော သတ္တဝါအညံ့စားတို့၏ အရာလည်းမဟုတ်။”ဟု မိန့်မှာတော်မူ ခဲ့သည်။

မြတ်စွာဘုရားရှင်ကလည်း-

“သတိပညာမရှိသူအား ဤကမ္မဋ္ဌာန်းကိုငါမဟော၊မပေး”ဟု (အာနာ ပါနသံယုတ်၊ ဥပရိအာနာပါနဿတိသုတ်တို့၌)အတည့်အလင်း ထုတ်ဖော်တော် မူခဲ့၏။

ကမ္မဋ္ဌာန်းအားလုံး၌ပင် သတိနှင့်ပညာမပါ၍မဖြစ်။ သို့ရာတွင် ဤအာနာ ပါနကမ္မဋ္ဌာန်း၌ကား အထူးသဖြင့် ပို၍လိုအပ်သောကြောင့် ယင်းသို့မိန့်တော် မူခြင်းဖြစ်သည်။“လေးလေးစားစား သတိပညာများများဖြင့် အားကြိုးသန့်စွဲစွဲ မြဲမြဲ စူးစူးစိုက်စိုက် လေးလေးပင်ပင် အားထုတ်ကြ”ဟု သိစေတော်မူလိုရင်း— ယခုအခါမြန်မာနိုင်ငံ၌ အာနာပါနရှုပွားသူပေါများသော်လည်းအပျော် တမ်း စားကောင်းသောက်ကောင်းယောဂီက များနေ၏။ ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီးကဲ့သို့ စနစ်တကျ နည်းပြစစ်ဆေး အလေးအနက်ရှေ့ဆောင် ညွှန်ပြသော ကမ္မဋ္ဌာန်းဌာနလည်း အလွန်ရှားလှ၏။

စင်စစ် အာနာပါနကမ္မဋ္ဌာန်းသည် ဘဝသံသရာက ပါရမီမျိုးစေ့ အလေ့ အထုံပါသူများအတွက် ထူးခြားသော တန်ခိုးသတ္တိများကိုပါ ရရှိစေနိုင်၏။
သမထဝိပဿနာ စွယ်စုံရသော ကမ္မဋ္ဌာန်းကြီးပါပေတည်း။

အာနာပါနကိုလေ့ကျက်ပွားများ၍ ရဟန်းကိစ္စ ပြီးမြောက်သွားသော အရှင်မြတ်များသည် မိမိတို့ ပရိနိဗ္ဗာန်ပြုရမည့် အချိန်အခါကို မိနစ် စက္ကန့်မလွှဲ ကြိုတင် သိမြင်တော်မူကြ၏။ အခြားကမ္မဋ္ဌာန်းဖြင့် ပေါက်မြောက်သော အရှင် တို့ကား သိသည်လည်းရှိ၏။မသိသည်လည်းရှိ၏။မသေချာ။ စင်စစ် ရဟန္တာအရှင် မြတ်ကြီးများကို မဆိုထားဘိ၊ အတန်အသင့် ပေါက်မြောက်သော ယောဂီတို့ပင် ကိုယ့်အလောင်းကိုယ် အတိအကျ ကြိုတင်ပြင်ဆင် ပြောကြား သွားနိုင်သူများ မရေမတွက်နိုင်အောင် များကုန်၏။

မြတ်စွာဘုရားရှင်ကလည်း ထိုသို့သိမြင်နိုင်ကြောင်း အရှင်ရာဟုလာအား 8ဒိတာ’ဝနိရုဇ္ဈန္တိ၊ နောအဝိဒိတာ”ဟု တိုက်ရိုက်(မ-၂၊ ၈၉) ဟောတော်မူ ထားလေသည်။

ရိုသေလေးစားစွာ အားထုတ်ကြပါကုန်။

## PAGE 487
<!-- 14 paragraphs, raw extraction -->



သတိကောင်းသော မထေရ်များ

-အဋ္ဌကထာဆရာကြီးသည် သီဟိုဠ်သာသနာထွန်းကားစဉ်က သတိကောင်း သောမထေရ်များနှင့်စပ်၍ အောက်ပါသာဓကဝတ္ထုများကို တင်္းဆာင်တော်

မူခဲ့၏။

-

၁။ မဟာဂတိမ္မ အဘယထေရ်— ယင်းမထေရ်ကြီးသည် အလွန်သတိ ကောင်းလှသဖြင့် တပည့်များက-

“အရှင်ဘုရား……၊အဘယ်အချိန်ကစပြီး အောက်မေ့တော် မူနိုင်ပါသလဲ” ဟုလျှောက်ကြရာ မထေရ်ကြီးက-

“ငါ့ရှင်တို့…၊ ငါသည် မွေးဖွား၍ငါးရက်မျှသာရှိသေးသော အရွယ်က ပြောဆိုသောစကားသံမှစ၍ အောက်မေ့နိုင်ပေ၏”ဟုဖြေတော်မူသည်။ ထိုမထေရ် ကြီးသည် မွေးဖွား၍ ငါးရက်အရတွင် မင်္ဂလာရှိသောနို ့ဃနာဆွမ်းကို ကျီးကန်း ထိုးဆိတ်သည်ကိုမြင်လျှင် “…ဟဲ ့”ဟု အသံပြု၍ ကျီးနှင်ဖူးသည်ဟု ဆိုလေ

သည်။

၂။

ဒီဃဘာဏက အဘယထေရ်’ယင်းမထေရ်ကြီးသည် တပည့်များ က မေးလျှောက်သဖြင့် မွေးဖွား၍ ကိုးရက်ရသော အရွယ်မှစ၍ သတိရကြောင်း မိန့်တော်မူဖူး၏။

မထေရ်၏မယ်တော်သည် သားမွေးဖွား၍ ကိုးရက်အရတွင် ပက်လက်အိပ် နေသောသားငယ်အား နမ်းရှုပ်ရန် ခေါင်းငုံ ့လိုက်သောအခါ မယ်တော်၏ ခေါင်းမှ တပြည်သားခန့်ရှိသော မုလေးပန်းများသည် ထုံးဖွဲ့ထားရာမှ ပြေကျ လာသောဆံပင်များနှင့်အတူ သားငယ်၏ရှင်ပတ်ပေါ်၌ ကျခဲ့ဖူး၏။ ထိုအဖြစ် အပျက်မှစ၍ အောက်မေ့နိုင်သည်ဟု မိန့်တော်မူခြင်း ဖြစ်သည်။
၃။ တိပိဋကစူဠာဘယထေရ်-ယင်းမထေရ်ကြီးကားအနုရာဓမြို့၌ ရှိသမျှ လူများအားလုံး နံနက်အခါ မြို့တံခါးသုံးပေါက်ကိုပိတ်၍ တံခါး တခုတည်းကသာ အထွက်ခိုင်းပြီး အသီးအသီးနာမည်မေးထားရ လျှင်လူကုန်၍ ညနေ ပြန်လည်ဝင်စေသောအခါ တဦးချင်း၏ အမည်ကိုပင်ပြောပြနိုင်သည်ဟု ဆိုလေသည်။ထိုမျှ သတီကောင်း တော်မူ၏။(ဒီ-ဋ္ဌ-၂၊ ၁၂ဝ- မဟာပရိနိဗ္ဗာနသုတ်အဖွင့်။)

ဤကား ရိုးရိုးမှတ်မိသော သတိသဘောမျိုးဖြစ်နိုင်၏။ လက်ဖျစ်တတွက် ကုဋေတသိန်းချုပ်ပျက်နေသောစိတ်ကိုပင် ရှုမှတ်နေသော တရားသတိ၊ ဘဝ ပေါင်းများစွာ ကမ္ဘာပေါင်းများစွာကို အောက်မေ့ဆင်ခြင်နိုင်သော ပုဗ္ဗေနိဝါ သဉာဏ်သတိများ မဟုတ်တတ်သေးဟု ဆိုရပေမည်။

## PAGE 488
<!-- 11 paragraphs, raw extraction -->



မာတုဂါမကလေး၏ အပြုံးကြောင့် ရဟန္တာ ဖြစ်သော စေတိယထောင်နေ မဟာတိဿထေရ်

"

“ရဟန်းတို့၊ ရဲရဲ ပြောင်ပြောင် တောက်လောင်သော, ထက်ဝန်းကျင် တောက်ပသော, တခဲနက် မီးလျှံသဖွယ်ဖြစ်သော, လောလောပူသော သံချောင်းဖြင့် မျက်စိကို ထက်ဝန်းကျင်မှ ထိုးဖောက်ခြင်းက ကောင်းမြတ်သေး၏။ မျက်စိဖြင့် မြင်သိဖွယ် ရူပါရုံတို့၌ မိန်းမ ယောက်ျားအစရှိသော ပုံသဏ္ဌာန်နိမိတ်အသေး စိတ် ခြေလက် အင်္ဂါ (အနုဗျဉ္ဇန)တို့ကို (သိရှိအောင်ပြု) ယူခြင်း သည် မသင့်မြတ်သည်သာလျှင်တည်း။

"


(သံ-၂၊ ၃၇၇-အာဒိတ္တပရိယာယသုတ်။) စေတိယတောင်နေ မဟာတိဿထေရ်သည်လည်း ဣန္ဒြေကို စောင့်စည်း ရာတွင် စံတော်ဝင် အရှင်မြတ်တပါး ဖြစ်တော်မူ၏။

တနေ့သော နံနက်တွင် မဟာတိဿထေရ်သည် သပိတ်ကို လွယ်လျက် အသုဘဘာဝနာဖြင့် စေတိယတောင်ထက်မှ ဆင်းကြွကာ အနုရာဓမြို့ဘက်သို့ ဆွမ်းခံထွက်တော်မူလာ၏။ မာတုဂါမကလေးတဦးလည်း မိမိ လင်ယောက်ျား နှင့် ရန်ဖြစ်ကာ အနုရာဓမှ မိဘဆွေမျိုးများရှိရာသို့ နံနက် စောစော တကိုယ် တည်း ထွက်လာသည်။ နတ်ကညာကဲ့သို့ ကောင်းစွာဝတ်စားဆင်ယင်၍ ဖြီးလိမ်း ပြင်ဆင်ထားလေသည်။

လမ်းခရီးအကြား၌ နှစ်ဦးသားဆုံမိကြလေရာ မာတုဂါမကလေးသည် မထေရ်ကို မြင်လျှင် (ရာဂ) စိတ်ဝင်စားကာ ဖောက်ပြန်လာသဖြင့် မထေရ် ကြားလောက်အောင် အသံထွက်၍ ရယ်သွမ်းသွေးလေ၏။ အသံသည် ကမ္မဋ္ဌာန်း အလုပ်၌ ဆူးငြောင့်ခလုတ် စူးဝင်ထိခိုက်မိသည်နှင့်တူလေရာ “ဘာပါလိမ့်မလဲ”ဟု မထေရ်က အသံလာရာသို့ ရုတ်တရက်ကြည့်လိုက်မိရာ မာတုဂါမကလေး မထေရ် ကို ပြုံးရယ်လျက် စိုက်ကြည့် နေချိန် ဖြစ်၍ သွားများကိုသာ အထင်းသား မြင်တော်မူလေ၏။

မထေရ်သည် အသုဘသညာ အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းလေ့ကျက်လေ့ ရှိခဲ့သည်အတိုင်း မာတုဂါမကလေး၏သွားများကို မြင်လိုက်ရသည်နှင့် အသုဘ ဘာဝနာ အဋ္ဌိက(အရိုးစု) ပဋိဘာဂနိမိတ် ထင်လာ၏။ ထိုအခိုက်၌ပင် ဥပစာရ ဈာန်မှ ပထမဈာန်ထိ ရရှိသွားလေသည်။

## PAGE 489
<!-- 12 paragraphs, raw extraction -->




မည်၊လှပအောင် ဝတ်စား ဆင်ယင် ပြင်ဆင် ဖြီးလိမ်းထားသော်လည် မထေရ်၏အမြင်၌ အရိုးစုကြီးသာ ထင်လေဘော့သည်။ယောက်ျား, မိန်းမ ဟူ၍ ပင် မထင်သိတော့ချေ။

ထိုပထမဈာန်ကို အခြေခံ၍ ဝိပသနာလှူားတော်မူရာ ဝိပဿနာဉာဏ် အဆင့်ဆင့်၊ မဂ်ဉာဏ်အဆင့်ဆင့် ရင့်ကျက်ကာ ဂိုနေရာ၌ပင် ရဟန္တာ ဖြစ်တော် မူလေသည်။

ထိုမာဟုဂါမကလေး၏ ခင်ပွန်းသည်ယောက်ျားလည်း သူ့ဇနီးသွားရာ လမ်းအကိုင်း နောက်မှ လိုက်လံ ရှာဖွေရာ မထေရ်ကို တွေ့လျှင်- “အရှင်ဘုရား…၊ ဒီလမ်းမှာ ဒကာမ တယောက်များ မတွေ့လိုက်မိဘူး လား ဘုရား”ဟု လျှောက်ရာ-

"

“အင်း…၊ ဒီလမ်းမှာ သွားတော့သွားတာ တွေ့လိုက်တယ်၊ ယောက်ျား လား၊ မိန်းမလားလဲ မသိပါဘူး၊ ဒီလမ်းမှာ တကယ်တော့ အရိုးစုကြီး တဦး သွားလေရဲ့”ဟုသာ ရုတ်တရက် မိန့်တော်မူလိုက်လေသည်။ (ဝိသုဒ္ဓိမဂ်-၁၊ ၂ဝ- ၁။ ၁၈၇၊ ၁၈၈။ မဟာဋီကာ-၁၊ ၄၈-၉။)

"မဟာစည်ထေရ်မြတ်အတ္ထုပ္ပတ်”စာအုပ်စာမျက်နှာ-၁ ၄၅၊ သီဟိုဠ်သာသ နာပြုကြစဉ် ခရီးသွားမှတ်တမ်း၌ မဟာတိဿထေရ် မာတုဂါမကဂလးနှင့်တွေ့၍ တရားရသောဌာနသည် ယခုအခါ စေတိယတောင်ခေါ် မဟိန္တလေ့တောင်နှင့် အနုရာဓမြို့ အကြား မြတ်လေးပန်းဥယျာဉ် တည်ရှိနေသော ကျောင်းနေရာ ဖြစ်သည်ဟု ဆိုလေသည်။

အမိုးအကာ မရှိသော အိမ်

ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌိ သမတိဝိဇ္ဈတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။

အမိုးချင်းစပ်အောင် ကောင်းစွာ မမိုးအပ်သော အိမ်ကို မိုးရေ ပေါက်သည် ထိုးဖောက်ဖျက်ဆီးသကဲ့သို့ ထို့အတူ မပွားများသော လျောင်းထိုင်သွားရပ် အမှတ်ချင်းစပ်အောင် မရှုမှတ်နိုင်သော စိတ် ကိုလည်း ရာဂသည် ဝင်ရောက် ထိုးဖောက် နှောင့်ယှက် ဖျက်ဆီးလေ တော့၏။ (ဓမ္မပဒ·၁၄-၅။)

## PAGE 49
<!-- 14 paragraphs, raw extraction -->


1



၃။ ထို့ပြင် ပါဠိတော်၏အနက်အဓိပ္ပာယ် အဖွင့်ကျမ်း (အဋ္ဌကထာ) များကိုလည်း ဗုဒ္ဓရှင်တော်မြတ် သက်တော်ထင်ရှား ရှိစဉ်ကပင် ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကကြီးများ ဟောကြား ဖွင့်ဆိုထားသည်ကို သံဂါယနာ ခေတ်အဆက်ဆက် ဆက်လက်ဆောင်ယူ ဖွင့်ဆိုခဲ့ကြ သော်လည်း သာသနာ့အာဇာနည်. အတုမဲ့ပုဂ္ဂိုလ်ကျော် အရှင် မဟာဗုဒ္ဓဃောသမှာ နောက်ဆုံး အချောကိုင် တာဝန်ယူတော် မူရသော ကံကြီးရှင်, ဉာဏ်ကြီးရှင်ဖြစ်သဖြင့် အဋ္ဌကထာဆရာကြီး အား ပခုံးချင်းယှဉ်ကာ ပို၍ပင် ရက်ရက်စက်စက် (ဝါ)မိုက်မဲစွာ ဝေဖန်ခဲ့ကြ ဝေဖန်နေကြလေသည်။

ဤကား အသိအမြင်လည်း မကွဲ၊ အစွဲလည်းနာသော ပုထုဇဉ်ကမ္ဘာမှ လက်လွတ်ခြေလွတ် ဝေဖန်ချက်များ ဖြစ်ကုန်၏။

“ဒီလိုလား ဟိုလိုလား? မဆုံးနိုင်သော မေးခွန်းပုစ္ဆာ ပြဿနာ စိစစ်ချက် များထုတ်ကာ ဒိဋ္ဌိဝိစိကိစ္ဆာ ဖြစ်နေသည်ကိုပင် ပညာဟု ထင်မှားကြလေ၏။

ထေရဝါဒ သာသနာ နယ်ပယ်သစ်ဖွင့်ရာ၌

ဥစ္ဆေဒ,သဿတ စာပေလောင်းရိပ်မိကာ သဒ္ဓာ သီလ ခေါင်းပါးသော ထေရဝါဒီ ပရိယတ္တိ စာပေပညာရှိကြီးအချို့ပင် ဒိဋ္ဌိဝိစိကိစ္ဆာ သံယောင်လိုက်၍ (ပါးစပ်အငှားလိုက်၍) ပြစ်တင်ဝေဖန်မိကြရလေ၏။ '

တသာသနာတွင်မှတယောက်ဟု ဆိုစလောက်သောကံကြီးရှင်၊ ဉာဏ်ကြီးရှင် များ၏ သီလ၊ သမာဓိ၊ ပညာ အဇ္ဈတ္တိကသာသနာ အင်အားများကို ထည့်၍ မတွက်မိပဲ သာသနာအပြင်ဘက်မှ စာပေပညာရှင်များကဲ့သို့ပင် ဘာသာဗေဒ စာပေ အက္ခရာမျှလောက်ကိုသာ အပေါ်ယံကြည့် ကြည့်၍ မိမိတို့၏ အသိအမြင် ကို အထင်ရောက်လွန်းကြလေ၏။

မည်သို့ရှိစေ၊ ပြဿနာတွေများသော်လည်း အဖြေကား ရှင်းပါ၏။
စံတော်ဝင် အရိယာ ပုဂ္ဂိုလ်ထူးကြီးများသည်လည်း ပြဿနာ များစွာအတွက် အဖြေကြီးများပင် ဖြစ်ပါကုန်၏။

၁။

ထေရဝါဒသာသနာ ပိဋက သမိုင်းရေစီးကြောင်းကို ကောင်းမွန် မှန်ကန်စွာ သိရှိထားလျှင်သော် လည်းကောင်း၊

(အခန်း-၁၊ “စတုတ္ထ သံဂါယနာ၏ ရာဇဝင်နောက်ခံ မြင်ကွင်း ကျယ်”မှ“တကမ္ဘာလုံးရှိ ထေရဝါဒီအားလုံးတို့၏ကိုယ်စား စတုတ္ထ သံဂါယနာတင်ပွဲ အထိနှင့် ဤကျမ်းနိဒါန်း (၄) “အရှင်မဟာ ဗုဒ္ဓဃောသနှင့် အဋ္ဌကထာများတွင်လည်း ဖတ်ရှူနိုင်၏။)

## PAGE 50
<!-- 8 paragraphs, raw extraction -->



၂။ ထေရဝါဒသာသနာ့ အရေးအခင်းများတွင် ခေတ်အဆက်ဆက် ဦးဆောင်ဦးရွက် အသက်နှင့် ဆောင်ကြဉ်းတော်မူခဲ့ကြသော၊
ဆောင်ကြဉ်းတော် မူနေကြသော (အတ္ထိ လောကေ သမဏ ဗြာဟ္မ ဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ)ပဘိန္န ပဋိသမ္ဘိဒါပတ္တ (ပုဒ်ပါဌ် အက္ခရာ သဒ္ဒါအနက် အက္ခရဗေဒနှင့် သဘာဝတ္ထအရာ ဖြန်းဖြန်း ကဲ့ သိမြင်သူ) ဆဠာဘိည (ဘဝများစွာ ကမ္ဘာထုတ်ချင်း ဟင်း လင်းအပြင် ထိုးဖောက် သိမြင်နိုင်၍ တန်ခိုး ဖန်ဆင်းနိုင်သူ) သာသနာ့ဝန်ဆောင် ရဟန္တာအရှင်မြတ်ကြီးများ၏ အသိအမြင်ကို သက်ဝင် ယုံကြည်ထားလျှင်သော် လည်းကောင်း၊

·

၃။ သို့မဟုတ်၊ စံတော်ဝင် အရိယာအရှင်မြတ်ကြီးများ၏ လမ်းစဉ် တော်အရ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ မိန့်မှာတော်မူသည့် အတိုင်း ရှစ်ဖြာမဂ္ဂင် သတိပဋ္ဌာန်ကျင့်စဉ် ကို လက်တွေ့ ကိုယ်တွေ့ ကျင့်ကြံထားလျှင်သော် လည်းကောင်း၊ ထေရဝါဒ ပိဋက ကျမ်း စာနှင့် ထေရဝါဒ သာသနာလဝန်းကြီးအပေါ် ရှစ်ဝဲ ဖုံးအုပ် လာသော ဒိဋ္ဌိဝိစိကိစ္ဆာ မိစ္ဆာ တိမ်သလာများကို လွယ်ကူစွာပင် ဖယ်ရှားနိုင်ကြပေလိမ့်မည်။ ကြည်လင်ပြတ်သားသော အမြင်ကို ရလာနိုင်ပေသည်။

ကိုယ်တိုင်ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်၍ “ဘုရားဟောလို့၊ စာထဲမှာပါလို့ မျက်စိမှိတ်ယုံရသောအဖြစ်မျိုး မရှိတော့ချေ။ ယုတ်စွအဆုံးလွန်စွာကြောက်လန့် ဖွယ်ကောင်းလှသော ပြောမှား၊ ရှေးမှား(အပါယသံဝတ္တနိက) ဘေးကြီးမှမူ လွတ်ကင်းနိုင်လေသည်။

လက်တွေ့ကိုမှ ယုံကြည်သော ယနေ့ခေတ်ကားပြဆိုပြီး“မမေးထိုက်သော၊
မဆုံးနိုင်သော အကျိုးမဲ့မေးခွန်းများ တစတစချုပ်ငြိမ်းကာ ထေရဝါဒသာသနာ သည် ကမ္ဘာအရပ်ရပ်၌ နယ်သစ်ပယ်သစ်ပင် ဖွင့်လှစ်နေချေပြီ။

နယ်သစ်ပယ်သစ်ဖွင့်လှစ်နေပြီဖြစ်သော ယနေ့ထေရဝါဒ သာသနာတော် စစ်ကြောင်းကြီးများအတွက် ပရိယတ်၊ပဋိပတ်နှစ်ရပ်လောက်လို၊ပြည့်စုံတော်မူကြ သော ဤ “သီဟိုဠ်ခေတ် စံတော်ဝင် အရိယာ ပုဂ္ဂိုလ်ထူးကြီးများ’ သည်လည်း အင်အားကြီးမား၍ မမြင်ရသော ပဲ့တင်သံ တွန်းအားကြီးများပင် ဖြစ်ပါပေ၏။
စင်စစ်...သီဟိုဠ်ခေတ် `စံတော်ဝင်အရိယာပုဂ္ဂိုလ်ထူးကြီးများကား ဗုဒ္ဓ ရှင်တော်မြတ်မရှိသည့်နောက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာတော် တရပ်လုံး အတွက် အခက်အခဲအမျိုးမျိုးကြားမှ ဦးဆောင်ဦးရွက်ပြုကာ နမူနာစံပြ၊ပရိယတ်, ပဋိပတ်ပုံစံချ၍ ပထမဦးစွာ နယ်ပယ်သစ်' ရပ်တည်ပြတော်မူခဲ့ကြလေပြီ။

## PAGE 51
<!-- 7 paragraphs, raw extraction -->


(၂)

သီဟိုဠ်နှင့်ဣန္ဒိယ သာသနာ့နောက်ခံ ရာဇဝင်

သီဟဠဒီပ၊တမ္ဗပဏ္ဏိဒီပ၊ လင်္ကာဒီပစသည် ခေါ်ဝေါ်သော သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ)သည် မဇ္ဈိမဒေသ (ဣန္ဒိယပြည်ကြီး)၏ တောင်ဘက် .ဣန္ဒိယ သမုဒ္ဒရာအတွင်း၌ တည်ရှိ၏။ ဣန္ဒိယဆိပ်ကမ်းမှ ၂၂-မိုင်၊ ကာလကတ္တားမှ ၁၂၃၀-မိုင်၊ လန်ဒန်မှ ၄၇၆၀-မိုင်၊ ရန်ကုန်မှ ၁၂၃၅-မိုင် ဝေးက္ခာ၏။

အလျား၂၇၀-မိုင်၊အနံ၁၄၀-မိုင်၊အကျယ်စတုရန်း၂၅ ၃၃၂-မိုင်ရှိသော

နိုင်ငံဖြစ်သည်။

၁၉၆၃-ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၁ဝ-သန်း၊ယခု ၁၃-သန်း ခန့်၊သံဃာတော်လေးသောင်းခန့်ရှိ၍ ထေရဝါဒငါးနိုင်ငံအဝင်အပါ နိုင်ငံတနိုင်ငံ ဖြစ်လေသည်။

## PAGE 490
<!-- 11 paragraphs, raw extraction -->



၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းအရာ စံတော်ဝင် မလ္လကနှင့် မဟာဒေဝထေရ်


ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ထန်း ၃၂-ပင်ကို တပင်ပြီး တပင် အစမှအဆုံး အဆုံးမှုအစ အပြန်ပြန်အလှန်လှန် ကူးပြောင်းနားခိုသော မျောက်၏ ဥပမာ စသည်တို့ဖြင့် ပြဆိုထားသည်။

ကေသာ,လောမာ(ဆံပင်,မွေးညင်း)စသည် အသွင်သဏ္ဌာန်ကို မှတ်ယူနိုင် မှုသည်‘ဥဂ္ဂဟနိမိတ်’ ခေါ်၍ ယင်းတို့၏ စက်ဆုပ်ရွံရှာဖွယ်ထင်မှ‘ပဋိဘာဂနိမိတ် မည်၏။ ရှုပွားဖန်များလျှင် အသုဘကမ္မဋ္ဌာန်းတို့ကဲ့သို့ ပထမဈာန် အပ္ပနာသို့ ရောက်နိုင်သည်။

အချို့ကား ကောဋ္ဌာသတခု၌ အပ္ပနာရလျှင်ပင် အခြားကောဌာသတို့ကို မရှုပွားပဲနေ၏။ အချို့ကား တခု၌ အပ္ပနာဈာန် ရပြီးလျှင် နောက်တခု၌ ဈာန် ရအောင် ပွားကြလေ၏။

မလ္လကထေရ်ကား ၃၂-ကောဋ္ဌာသစလုံး၌ ဈာန်ရအောင် လှည့်ပြောင်း ရှုပွားလေသည်။ တနေ့သောအခါ ကမ္မဋ္ဌာန်းနည်းခံသော ဒီသဘာအဘယ ထေရ်၏ လက်ကို ကိုင်၍—

ငါ့ရှင်…..အဘယ၊ ဟောဒီစကားဝါကျကို ပထမဆုံး နှုတ်တက်ရွတ်ဆို ကြည့်ပါဦး”ဟု ဆိုလျက် မိမိ အကြောင်းကို ပြောပြလေသည်။

“မလ္လကထေရ်သည် ၃၂-ကောဋ္ဌာသ စလုံး၌ပင် ပထမဈာန်ကို ရ၏။
အကယ်၍ နေ့တခု ညတခု ဝင်စားလျှင် တလဝက်ခန့်မျှဖြင့် ၃၂-ပါး ပြည့်စုံ၏။
အကယ်၍ တနေ့လျှင် တခုကျစီသာ ဝင်စားခဲ့သော် တလ, တလကျော်ခန့်သာ ဝင်စားရ၏။” (ဝိသုဒ္ဓိမဂ်-၁ ၊ ၂ ၅ ၇။)

စင်စစ် မလ္လကထေရ်ကား ပထဝီကသိုဏ်းဖြင့် ရဟန္တာ ဖြစ်တော်မူခဲ့၏။
ပထဝီကသိုဏ်းခွက်ကို အထူးစီမံပြုလုပ်၍ ရှုကြည့်မနေရပဲ ထွန်ယက်ထားသော လယ်ယာမြေကွက်နှင့် ကောက်နယ်တလင်းကို မြင်ရရုံမျှဖြင့် ထိုပမာဏရှိနိမိတ်ကို ရ၏။ ဆက်လက်ဖြန့်ပွားကာ ပဉ္စမဈာန်သို့ တက်ပြီးလျှင် ထိုဈာန်ကို အခြေခံ၍ ၀ိပဿနာကူးပြောင်းတော်မူ၏။ ပထဝီကသိုဏ်းဖြင့် ရဟန္တာဖြစ်တော်မူခဲ့သည်။
ကသိုဏ်းအတွင်လည်း စံတော်ဝင်ဖြစ်တော်မူလေသည်။ (ဝိသုဒ္ဓိမဂ်-၁၊၁၂၀။)

## PAGE 491
<!-- 11 paragraphs, raw extraction -->




၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်း မှတ်ဖွယ်

ဤ ၃၂-ကောဋ္ဌာသ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို နှလုံးသွင်းလိုလျှင် ပိဋကသုံးပုံကို အာဂုံ နှုတ်တက် ရထားသူပင်ဖြစ်စေ၊ပထမဆုံး ပါးစပ်ဖြင့် ရွတ်ဆို၍ ပွားရသည်။

နှုတ်ဖြင့် ရွတ်ဆိုခြင်းသည် စိတ်ဖြင့် နှလုံးသွင်းရာ၌ အကျိုးပြု၏။ ထိုသို့ နှလုံးသွင်းနိုင်မှသာ လက္ခဏာရေး သုံးပါးမြင်ကာ နိဗ္ဗာန်သို့ရောက်နိုင်၏။ မလယ ဝါသီ မဟာဒေဝ ထေရ်ကြီးသည် မိမိထံ၌ ကမ္မဋ္ဌာန်းနည်းခံသူ တပည့်နှစ်ဦးအား လေးလတိုင်တိုင် ၃၂-ကောဋ္ဌာသကို အနုလုံပဋိလုံ ရွတ်ဆိုခိုင်းတော်မူသည်။ ရိုရို သေသေ ရွတ်ဆိုကြရာ လေးလကြာလျှင် သောတာပန် ဖြစ်ကြလေ၏။ (ဝိသုဒ္ဓိမဂ်- ၁၊ ၂၃၃။)

ထို ့ကြောင့် . ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို လုပ်လျှင် ပထမဆုံး ရှုတ်ဆိုမှုကို အခြေခံပြုရလေသည်။

မဟာသတိပဋ္ဌာန သုတ်၌ `ပဋိက္ကူလ သမထအဖြစ် ဟောတော်မူ၍ မဟာ ဟတ္ထိပဒေါပမ၊ မဟာရာဟုလောဝါဒသုတ်တို့၌ ပရမတ္ထဓာတ် သဘာဝထိအောင် ဝိပဿနာတင် ဟောတော်မူထား၏။ ကာယဂတာသတိ သုတ်၌ကား သမထ, ဝိပဿနာ နှစ်မျိုး ဟောတော်မူသည်။

သမထ ဝိပဿနာ မရှုပွားသူသာ ပဓာနဖြစ်၍ မည်သည့်ကမ္မဋ္ဌာန်းမဆို အရဟတ္တဖိုလ်သို့အရောက် သွားနိုင်သည်ချည်း ဖြစ်လေသည်။

အထူးသဖြင့် ဤကောဋ္ဌာသ, အသုဘ ကမ္မဋ္ဌာန်းများသည် ယောဂီတိုင်း လက်မလွှတ်သင့်သော ကမ္မဋ္ဌာန်းများဖြစ်ကုန်၏။ သုဘသညာကာမဂုဏ်အာရုံများ ထိုးဖောက်လာသောအခါ ဤကမ္မဋ္ဌာန်းဖြင့် ကာကွယ်ရလေသည်။ အတွင်းအပြင် မြင်သမျှ ထင်အောင် ကြိုးစားရ၏။

ဤကမ္မဋ္ဌာန်းသည် အရှတိ’အလုပ်ခွင် ပျင်းရှိခြင်း၊ မပျော်ပိုက်ခြင်းနှင့် ရတိ’အာရုံငါးပါး၌မွေ့ လျော်နေခြင်းများကိုဖြိုဖျက်နိုင်၏။ ထို့ အတူ ကြောက်ရွံ့ ထိတ်လန့်ဖွယ် အာရုံ၊ အချမ်း အပူ မြွေ ကင်းစသော အသက် အန္တရာယ်များအထိ ခံနိုင်ရည်သတ္တိထူးများကိုပေးနိုင်လေသည်။(ဝိသုဒ္ဓိမဂ်နှင့်တကွ သမ္မောဟဝိနောဒနီ မူလပဏ္ဏာသ၊ သုတ်မဟာဝဂ္ဂ အဋ္ဌကထာများ၌ ကျယ်ပြန့်စွာ ဖွင့်ဆိုထားကုန်၏။)

## PAGE 492
<!-- 15 paragraphs, raw extraction -->




ခြေတရပ်မျှ အ သု ဘ ရှူ၍ အနာဂါမ်ဖြစ်သော တောသွား ဦးပဉ္စင်းနှင့် ကိုရင်

အမည်မထင်ရှားသော ရဟန်းငယ်တပါးသည် သွားတိုက်တံ (ဒန်ပူ)ပြုလုပ် ရန်အတွက် (ခင်ပုပ်၊ တမာ စသော) အသားခုတ်ရန် သာမဏေ တပါးကို ခေါ်၍ တောထဲသို့ သွား၏။

သာမဏေသည် လမ်းရိုးအတိုင်းမသွားပဲ.တောထဲသို့ လမ်းဖဲ့ဆင်းလာကာ မိမိတို့ လိုသော သစ်ပင်ကို ရှာဖွေရာ ဘောထဲ၌ သေနေသော အလောင်းကောင် အသုဘတခုကို တွေ့လေ၏။

သာမဏေသည် အသုဘ ကောင်ကြီးကို မတ်တတ်ရပ်ကြည့်ယင်း စက်ဆုပ် ရွံရှာဖွယ် အခြင်းအရာများကို တွေ့မြင်ရလေရာ ပထမဈာန်ကိုပင် ရရှိလေ၏။ ထို အသုဘအနီး၌ပင် ထိုင်၍ရရှိသောအသုဘဈာန်ကို အခြေခံလျက် မိမိ ခန္ဓာကိုယ်ရှိ ရုပ်နာမ်ဓမ္မတို့၏အဖြစ်အပျက် လက္ခဏာရေးသုံးပါးတို့ကို သုံးသပ် ဆင်ခြင်ပြန်ရာ အနာဂါမ်ဖြစ်သွားလေသည်။

"

ထိုမှတဆင့် အရဟတ္တဖိုလ်အတွက် ဆက်လက်၍ မတ်တတ်ရပ်ရှုပွားနေခိုက် ရဟန်းငယ်သည် ကိုရင်ကိုရှာမတွေ့သဖြင့် “ကိုရင်...”ဟု လှမ်း၍ အော်ခေါ် လိုက်သောအသံကို ကြားရသဖြင့် သာမဏေသည် အမှတ်သတိကို ဖျက်၍ စဉ်းစား နေမိ၏။

"

“ငါသည် သာမဏေပြုတဲ့အချိန်မှစ၍ ရဟန်းတော်များရဲ့စကားကို မနာ မခံ ခွန်းတုံ့ ပြန်လှန်ပြောဆိုဖူးခြင်း မရှိ၊ တိတ်တိတ်နေခြင်းဖြင့်လဲ ညှဉ်းဆဲဖူးသည် မရှိ၊ နောက်ရက်ကျမှပဲ အထက် မဂ် ဖိုလ် အတွက် ကြိုးစားရတော့မှာပဲ” ဟု စဉ်းစားကာ “အရှင်ဘုရား”ဟု လှမ်း၍ အသံပြုလိုက်၏။

"

“ကိုရင်၊ ဒီကို လာခဲ့”ဟု တခွန်း ခေါ်ရုံမျှဖြင့် ရဟန်းငယ်ထံ အရောက် သွားပြီးလျှင်-

“ဦးပဉ္စင်း၊ ဒီဘက်နား ခဏကြွပါ”ဟု ဆိုကာ ရဟန်းငယ်အားခေါ်သွား ပြီးနောက် —

“ဦးပဉ္စင်း၊ တပည့်တော်နား ခဏကြွပြီး ဟောဟိုဘက် လှမ်းကြည့်လိုက် စမ်းပါဘုရားဟု ဆိုကာ အသုဘကိုညွှန်၍ပြလိုက်သည်။ ရဟန်းငယ်လည်း ထို ခြေတရပ်အတွင်း၌ပင် အနာဂါမိ ဖိုလ်သို့ ဆိုက်ရောက်လေ၏။

## PAGE 493
<!-- 7 paragraphs, raw extraction -->




ယင်းသို့ အသုဘအလောင်းကို ရှုကြည့်ရာ၌ ယောက်ျားများအတွက် မိန်းမ အလောင်း၊ မိန်းမများအတွက် ယောကျ်ားအလောင်းကိုကြည့်ရန်မသင့်။သပ္ပာယ မဖြစ်။ မိမိတို့နှင့်ဘဘောတူကိုသာ ကြည့်ရှုသင့်လေသည်။ (မ-ဋ္ဌ-၁၊၂၅၉-မဟာ သတိပဋ္ဌာနသုတ်-သပ္ပာယ သမ္ပဇဉ် အဖွင့်။)

စေတီယတောင်၌ သီတင်းသုံးသော (ပြဆိုပြီး)မဟာတိဿထေရ်၊ ဆင်စီး လာသောမင်းတပါးကိုကြည့်သော ဟံဃရက္ခိတမထေရ်၏တပည့် သာမဏေတို့ကဲ့သို့ အသက် ထင်ရှားရှိသူများကို ကြည့်၍လည်း အသုဘ ကမ္မဋ္ဌာန်း ထင်သည်ပင်။
(ဝိသုဒ္ဓိမဂ်-၁၊၁၈၈-၉။ သံ-ဋ္ဌ-၃၊၂၁၉-သတိသုတ် အဖွင့်။ စီ-ဋ္ဌ-၁၊၁၆၆)

“မသာတခေါက်၊ ကျောင်း ဆယ်ခေါက်ဆိုထုံးအရ ယခုအခါ အသုဘရှု၊

အသုဘပို ့သွားနေကြရသူများ သတိထားဖွယ်။

## PAGE 494
<!-- 9 paragraphs, raw extraction -->


အခန်း (၇)

တန်ခိုး ဖန်ဆင်းမှုအရာ စံတော်ဝင် မ ထေရ် များ

စိတ်ကိုနိုင်က လိုတိုင်းရ

“ရဟန်းတို့....ဤစိတ်သည် ပွားစေလျှင်၊ အကြိမ်များစွာပြုလျှင် နူးညံ့သည်လည်းကောင်း၊ အဖွဲ့၌ ညံ့လည်လည်းကောင်း ဖြစ်သကဲ့သို့ ဤ- အတူ...စိတ်မှတပါး ထိုသို့ဖြစ်နိုင်သော အခြားတရားစာခုကိုမျှ ငါဘုရား

မြင်တော်မမူ။”

(ဧက အင်္ဂုတ္တရပါဠိတော်)

နူးညံ့သောစိတ်သည် ကောင်းစွာ ဦးပြီးသော ရွှေကဲ့သို့ စာန်ခိုး ဖန်ဆင်းခြင်းစသော အမှု၌ ခံ ပေ၏၊ သင့်လျော်ပေ၏။”

(ဝိသုဒ္ဓိမဂ်၊ ဣဒ္ဓိဝိဓခန်း။)

## PAGE 495
<!-- 13 paragraphs, raw extraction -->




ဂဠုန်ရန်ကို အမြန်ဆုံး ကာကွယ်လိုက်သော ဗုဒ္ဓ ရက္ခိတ ထေရ်

-

သီဟိုဠ်ကျွန်း မိဿက (စေတီယ)တောင်၌ ထေရမ္မတ္ထလခေါ်သော သာ သနာ့သမိုင်းဝင် အရပ်ဘခုရှိ၏။ (ထေရ= သီဟိုဠ်သာသနာပြု အရှင်မဟိန္ဒစသော မထေရ်များသက်ဆင်းရာ၊ အမ္မ=သရက်ပင်များ ရှိသော - ထလ’တောင်ကုန်း၊) ယင်းမထေရ်များစံရာ သရက်ပင်ကုန်းအရပ်၌ အလွန်ဘုန်းတန်ခိုး အာနုဘော်ကြီး သော မဟာရောဟဏဂုတ္တခေါ် ရဟန္တာအရှင်မြတ်ကြီးတပါး သီဘင်းသုံးတော် မူ၏။

တနေ့သောအခါ ယင်းမထေရ်ကြီး သက်ရွယ်တော်ကြီး၍ နာမကျန်း ရှိတော်မူသဖြင့် သူနာပြုစုရန် အနယ်နယ်အရပ်ရပ်ရှိ တပည့်ရဟန်းတော် သုံး သောင်းတို့ ကြွလာတော်မူကြသည်။ ထိုတပည့်များ အားလုံးလည်း. တန်ခိုး အဘိညာဉ်ရ ရဟန္တာအရှင်မြတ်တို့ချည်း ဖြစ်တော်မူကြ၏။

ထိုမထေရ်တို့တွင် ရဟန်းရှစ်ဝါရ ဗုဒ္ဓရက္ခိတခေါ် သော တပည့်ငယ်ဘပါး လည်း ပါလာလေသည်။ ဗုဒ္ဓရက္ခိတ ရဟန်းငယ်သည် မထေရ်ကြီးများ အစွန်၌ နေရာယူ၍ ဆရာဖြစ်သော မဟာရောဟဏဂုတ္တမထေရ်ကြီး ယာဂုဘုဉ်းပေးတော် မူနေသည်ကို မလှမ်းမကမ်း၌ ထိုင်၍ ဝတ်ပြုနေ၏။

မထေရ်ကြီးအား အမြဲ ယာဂုဝတ်ပြုနေသော ဒကာကလေး တဦးရှိရာ ထိုဒကာကလေးမှာလည်း မထေရ်ကြီးအနီးတွင် ရိုသေစွာရှိခိုးလျက် ထိုင်နေလေ သည်။ စင်စစ် ထိုဒကာကလေးကား နဂါးမင်းပင်ဖြစ်ပေ၏။ (အဋ္ဌကထာ၌ နဂါးမင်းဟူ၍သာဆို၏။)

ထိုအခိုက် ကောင်းကင်၌ အရှိန်ပြင်းစွာ လှည့်လည်ပျံဝဲနေသော ဂဠုန် မင်းကိုတွေ့ကြရသည်။ ယာဂုဒကာ နဂါးမင်းအား ချီသုတ်သတ်စားရန်လာခြင်း ဖြစ်ပေ၏။ ဂဠုန်မင်းလည်း ချက်ချင်းပင် ထိုးဆင်းလာလေရာ တန်ခိုးဣဒ္ဓိပါဒ် ရှိတော်မူသော မထေရ်ကြီး သုံးသောင်းတို့လည်း ရုတ်ဘရက် ထိုအန္တရာယ်ကို ကာကွယ်ရန် မတတ်နိုင်ရှိကြလေ၏။

(မထေရ်ကြီးများ၏ တန်ခိုးအဘိညာဉ်သည် လိုသလို ချက်ချင်းစက်နှိုး၍ မရသော ယာဉ်ကဲ့သို့ဖြစ်နေ၏။ )

ထိုအခိုက် သံဃပရိသတ် အစွန်၌ ထိုင်နေသော ရှစ်ဝါရ ဗုဒ္ဓရက္ခိဘ ရဟန်း တော်သည် ဂဠုန်မင်းအရှိန်ပြင်းစွာထိုးဆင်းလာသည်ကို မြင်လျှင် မြင်ချင်း ရုတ် တရက် ဈာန်အဘိညာဉ်ဝင်စားကာ တောင်ကြီးတခု ဖန်ဆင်းလိုက်၏။ မထေရ်

ဝေ

## PAGE 496
<!-- 15 paragraphs, raw extraction -->




ကြီးအနီး၌ ထိုင်နေသော ဆွမ်းဒကာကလေး (နဂါးမင်း)၏ လက်မောင်းတဘက် ကို ဆွဲကိုင်လျက် ချက်ချင်း တောင်ခေါင်းကြီးထဲသို့ ဆွဲသွင်း ခေါ်ဆောင်သွား လေတော့သည်။

ဂဠုန်မင်းလည်း အရှိန်ပြင်းစွာ တောင်နှင့်တိုက်ခိုက်မိကာ နာကျင်ထွက် ပြေးသွားလေတော့၏။

"

ထိုအခါ မဟာရောဟဏဂုတ္တ မထေရ်ကြီးက’

“ငါ့ရှင်တို့...တန်ခိုးဣဒ္ဓိပါဒ်ကြီးမားသော မထေရ်ကြီးများ စုဝေးနေကြ ပါလျက် ကိုယ့်အလုပ်အကျွေးဒကာကို ဂဠုန်သုတ်တာမှ မစောင့်ရှောက်နိုင်ဘူး ဆိုပြီး ငါတို့တတွေ အကဲ့ရဲ့ခံရတော့မှာ အမှန်ပဲ။ ယခုမူ ငါ့ရှင် ရက္ခိတပါပေလို့ ငါတို့တတွေ အကဲ့ရဲ့ခံရမယ့်ဘေးက လွတ်ကြရပေတယ်။ ဒါ့ကြောင့် ငါ့ရှင်များ အားလုံး သွားလေရာမှာ ကိုယ်နဲ့ တပါတည်း ယူဆောင်ထားရမယ့် လက်နက် ဆိုတာ အမြဲတမ်းချေးချွတ်ပွတ်တိုက်ပြီး အသင့်ဆောင်ထားဖို့ လိုအပ်တယ်”ဟု မိန့်တော် မူလေသည်။

ဆိုလိုသည်ကား’“မိမိတို့ ရရှိသော တန်ခိုးအဘိညာဉ်ကို လိုသလို၊ လိုတဲ့ အချိန်၊ လိုသောနေရာမှာ စိတ်တိုင်းကျဝင်စားလို့ရရန် ဝသီဘော်ငါးပါး အဝါ ဝအောင်၊ အသားကျအောင် လေ ့ကျက်နေကြရမည်”ဟု မိန့်တော် မူလိုရင်း ဖြစ်သည်။ ကြွရောက်လာသော မထေရ်ကြီးများလည်း ထိုအခါမှစ၍ တန်ခိုးကို လိုသလိုရအောင် စွမ်းဆောင်ကြလေသည်။

မာန်နတ်၏ မီးကျီးမိုးကို တားသော မထေရ်

ထိုမှတပါး သီဟိုဠ်ကျွန်း၌ အရှင်မဟိန္ဒစသော ရဟန္တာ သာသနာပြု မထေရ်ကြီးများ သီတင်းသုံးရာစေတီယတောင်(ယခုအခေါ်မဟိန္တလေ)မှ အစ ပြု၍ သီဟိုဠ်တကျွန်းလုံးသာမက သမုဒ္ဒရာ ပင်လယ်အတွင်း တယူဇနာ ခရီးတိုင် အောင် ကြီးကျယ်သော ဆီးမီးပူဇော်ပွဲကြီး ကျင်းပလေ ့ ရှိကြပေသည်။
ယင်းပူဇော်ပွဲကို “ဂိရိ ဘဏ္ဍဝါဟန ပူဇော်ပွဲဟု ခေါ်လေသည်။

တခါက ထိုဆီမီးပူဇော်ပွဲကြီး ကျင်းပစဉ် မာရ်နတ်သည် တကျွန်းလုံး ကောင်းကင်မှနေ၍ မီးကျီးမိုးကြီး ရွာချခဲ့ဖူး၏။ ထိုအခါ မထေရ်တပါးသည် လူများထံ မီးပွားကလေးသော်မျှမကျရောက်လာစေရန် ချက်ချင်းပထဝီကသိုဏ်း ဝင်စားကာ ကောင်းကင်၌ မြေပြင်ကြီး ဖန်ဆင်း၍ ဟန့်ဘား ပစ်လိုက်နိုင်

လေသည်။

တော့ပြီ။

သို့ရာတွင် အဆိုပါအတ္ထုပ္ပတ္တိအကျယ်ကို အဋ္ဌကထာ ဋီကာတို့၌ မတွေ့ရ (ဝိသုဒ္ဓိမဂ်-၁၊ ၁၅၀၊ယင်း-၂၊ ၄။)

## PAGE 497
<!-- 11 paragraphs, raw extraction -->




ဝဇယန္တာပြာသာဒ်ကို ခြေညှပ်၍ လှုပ်ယမ်းသော ကိုရင် သံဃရက္ခိတ

သမုဒ္ဒရာ၌ နေတော်မူသော မဟာနာဂ မထေရ်ကြီးအား သံဃရက္ခိတ ခေါ်သော တူ သာမဏေကလေးတပါး ရှိ၏။ ကိုရင်သံဃရက္ခိတသည် ရှင်ပြု၍ ဆံချသော အခိုက်မှာပင် ရဟန္တာ ဖြစ်တော်မူသော ကိုရင်ကလေး ဖြစ်သည်။
တန်ခိုးဣဒ္ဓိပါဒ်နှင့်လည်း ပြည့်စုံတော်မူလေ၏။

ကိုရင်သံဃရက္ခ ိတသည် ရဟန္တာအဖြစ်သို့ ရောက်သည်နှင့် တပြိုင်နက်… “ရှင်ရဟန်းပြုတဲ့နေ့မှာပင် ရဟန္တာဖြစ်ပြီး သိကြားမင်း၏ ဝေဇယန္တာ ပြာသာဒ်ကို ကိုင်လှုပ်ဖူးတဲ့ ရဟန်းတော်များ ရှေးက ရှိခဲ့ဖူးလေသလား” ဟု စဉ်းစားမိတော်မူလေ၏။ သာသနာ၌ ထိုသို့ လုပ်ဖူးသော ရဟန်းတပါးမျှ မရှိခဲ့ ဖူးသည်ကို သိ၍ စူးစမ်းသောအနေဖြင့် “ငါ လှုပ်ပြမည်”ဟု ကြံရွယ်ကာ ချက်ချင်း ပင် အဘိညာဉ်ဖြင့် တာဝတိ ံသာ နတ်ပြည်သို့ တက်ကြွကာ ဝေဇယန္တာပြာသာဒ် ကြီး ပေါ်၌ ရပ်တော်မူနေပေ၏။

သို့ရာတွင် ခြေထောက်ဖြင့် ပြာသာဒ်ကြီးကို လှုပ်ကြည့်ရာ လှုပ်၍မရ ရှိလေ၏။ ထိုအခါ သိကြားမင်း၏ အခြွေအရံ နတ်သမီးများက ‘ကိုရင်ကလေး ရှင်သံဃရက္ခ ိတအား-

"

“သားတော်မောင် သံဃရက္ခိတ၊ သင်ဟာ ဦးခေါင်းမှာ မိခင်ဝမ်းပုပ်နံ့မှ မပျောက်သေးဘူး၊ နတ်ပြည်ကိုများလာပြီး ဝေဇယန္တာကို လှုပ်ယမ်းတယ်ပေါ့ လေ.. ဘယ်မှာရပါ့မလဲ ကိုရင်၊ ဝေဇယန္တာ ပြာသာဒ်ကြီးဟာ အခိုင်အမာ ကြီးပဲ”ဟု ပြောင်လှောင် ပြောဆိုကြလေ၏။

ကိုရင်သံဃရက္ခ ိတမှာ နတ်သမီးများ ပြောင်လှောင်သောအခါ သူ ့ဆရာ ထံမှ နည်းပြည့်စုံအောင် မရ၍သာ ယခုကဲ့သို့ အပြောင်အလှောင် ခံရသည်ဟု အောက်မေ့ကာ ဦးလေးတော် ဆရာ သာမုဒ္ဒိကမဟာန၊ ထေရ်ကြီး သီတင်း သုံးရာဌာနကို ဆင်ခြင်ကြည့်ရာ သမုဒ္ဒရာအတွင်း တနေရာ၌ ရေလိုက် ကြီး ဖန် ဆင်း၍ နေ့သန့်စင် နေတော်မူကြောင်း တွေ့မြင်ရပေ၏။ ချက်ချင်းပင် ဆရာ့ထံ သွား၍ ရှိခိုးပြီး ရပ်နေလျှင်—

“ချစ်သား သံဃရက္ခိတ…၊ သင်ဟာ ပညာမသင်ကြားရသေးပဲနဲ့ တယ်ပြီး စစ်ထိုးချင်လှသကိုး”ဟု ဆီး၍ မိန့်တော်မူက’

## PAGE 498
<!-- 19 paragraphs, raw extraction -->


"


“ချစ်သား…သင် ဝေဇယန္တာကို မလှုပ်နိုင်ခဲ့ဘူး မဟုတ်လား”ဟု

999

မေး

တော် မူ၏။ ဆရာ့အကူအညီ အဆုံးအမ နည်းပြ သွန်သင်မှု မရ၍ မလှုပ်နိုင်ခဲ့ ကြောင်း လျှောက်လေလျှင် …

"

“ချစ်သား… သံဃရက္ခ ိတ၊သင့်လိုလူကမှ မလှုပ်နိုင်ယင် ဒီလောကမှာ ဘယ်သူ လှုပ်နိုင်ပါလိမ့်မတုံး ချစ်သား…၊ သင် မြင်ဖူးတယ်မဟုတ်လား ရေထဲမှာ ပေါလောပေါ်ပြီး မျောနေတဲ့ နွားချေးခြောက်တွေ။ နောက်ပြီး ချစ်သား….၊
ဆီပူအိုးကင်းကြီးနှင့် မုန့်များကြော်တဲ့အခါ ဆီတွေဟာ အိုးကင်း ဘေးအစွန်း ပတ်ပတ်လည်မှာ နယ်ခြားထားတာ တွေ့ဖူးတယ် မဟုတ်လား။ ဒါလောက်ဆို သင်...နားလည်လောက်ပြီးပေါ့...

"

"

ဒါလောက်ဆို ရပါပြီ အရှင်ဘုရား” ဟု လျှောက်ကာ ဝေဇယန္တာ ပြာသာဒ်ကြီး ရပ်တည်နေရာ တပြင်လုံးကို ရေဖြစ်အောင် အဓိဋ္ဌာန်ယင်း တာဝတိ သာသို့ ချက်ချင်း ပြန်တက်သွားလေ၏။ နတ်သမီးများ ကိုရင်သံဃရက္ခ ိတ လာသည်ကို မြင်ကြလျှင်

“တခါ အရှက်ကွဲသွားတာ မမှတ်သေးဘူး….၊ ကိုရင်ကလေး တခေါက် လာပြန်ပြီ”ဟု ဝိုင်း၍ ဆီးကြို ပြောဆိုကြရာ သိကြားမင်းကြီးက-

«

“ရှင်မတို့…၊ ငါ့ သားတော်ကလေးနဲ့ ဖပြိုင်အန်တုပြီး ပြောနေကြ သလား။ အခုသူ့မှာ ဆရာရလာပြီကွယ့်။ ညည်းတို့ ပြာသာဒ်ကြီးကို ခဏ ကလေးနဲ့ ကိုင်လှုပ်ပြလိုက်လိမ့်မယ်။ မပြောကြလေနှင့်”ဟု တားလေ၏။

ကိုရင်သံဃရက္ခိတလည်း ဝေဇယန္တာ ပြာသာဒ်ကြီး အထွတ် ထုပိကာကို ခြေမနှင့်ညှပ်ကာ သွက်သွက်ခါအောင် လှုပ်ယမ်း ပစ်လိုက်လေ၏။ ထိုအခါကျမှ စောစောက ပြောင်လှောင်သော နတ်သမီးများမှာ–

"

“ကိုရင်ဘုရား…သိပ်ပြီး မလှုပ်ပါနှင့်။ ရပ်ပေးပါတော့”ဟု ကြောက်လန့် အော်ဟစ်ကာ တောင်းပန်ကြလေသည်။ ကိုရှင်သံဃရက္ခိတလည်း ပြာသာဒ်ကြီးကို နေမြဲတိုင်း ရပ်တည်စေပြီးနောက် ပြာသာဒ်ထိပ်ဖျားပေါ် ရပ်လျက်--

“ယနေ့သင်္ကန်းဝတ်၊ ယနေ့ရဟန္တာဖြစ်၊ ယနေ့ပင် ဝေဇယန္တာ ပြာသာဒ် ကြီးကို ငါလှုပ်နိုင်ပြီဟေ ့…။ ဘုရားရှင့်ကျေးဇူးတော်၊ တရားမြတ်၏ ကျေးဇူး တော်၊ သံဃာတော် အရှင်မြတ်၏ ကျေးဇူးတော်တို့ကား အံ့ဖွယ်သရဲ ထူးကဲ မြင့်မြတ်လှပါပေသည် တကား”ဟု ကြုံးဝါး၍ ဥဒါန်း ကျူးတော်မူလိုက်လေ သည်။ (ဒီ-ဋ္ဌ-၂၊ ၁၄ဂ-မဟာပရိနိဗ္ဗာနသုတ် မြေလှုပ်ခန်းအဖွင့်။အံ-ဋ္ဌ-၃၊၂၅၁။)

## PAGE 499
<!-- 13 paragraphs, raw extraction -->


၄ ၅ ၆

1


နိရောဓ သမာပတ် ဝင်စားမှုအရာ စံတော်ဝင်

မဟာနာဂထေရ်

နိရောဓသမာပတ် ဝင်စားခြင်းနှင့်စပ်၍ စံတင်တော်မူရသော သီဟိုဠ်ခေတ် မထေရ်တပါးမှာ မဟာနာဂမထေရ်ဖြစ်သည်။

မဟာနာဂမထေရ်သည် မယ်တော်ဒကာမကြီး၏ရွာသို့ ဆွမ်းခံကြွတော် မူရာ တနေ့တွင် မယ်တော်ကြီးလှူလိုက်သော ယာဂုကို အလှူခံ၍ ရွာတွင်း ဆွမ်းစား ဇရပ်၌ ခေတ္တ အပန်းပြေ နားနေတော်မူ၏။ထိုင်နေလျက်က နိရောဓသမာပတ် ဝင်စားတော်မူသည်။

နိရောဓသမာပတ် ဝင်စားခြင်းဟူသည် သင်္ခါရဒုက္ခများအပေါ် ငြီးငွေ့ကာ လက်ရှိဘဝခန္ဓာ၌ပင်လျှင် စိတ်ဆန္ဒရှိတော်မမူကြသဖြင့် အတုမဲ့ငြိမ်းသော အငြိမ်း ဓာတ်သို့ (နိဗ္ဗာနသုခ)ဝင်ရောက်၍ လွတ်လွတ်လပ်လပ် ချမ်းသာစွာ နေခြင်း ပတည်း။

နိရောဓသမာပတ် ဝင်စားနိုင်သူနှင့် အဓိဋ္ဌာန်ပုံ

ထို နိရောဓသမာပတ်မှာ အဘိညာဉ်တန်ခိုးရှိသော အနာဂါမ်နှင့် ရဟန္တာ ပုဂ္ဂိုလ်တို့သာ ဝင်စားနိုင်ကြကုန်၏။
ခုနစ်ရက်တိုင်တိုင် ထိုအငြိမ်းဓာတ်ဖြင့် နေတော်မူနိုင်ကြ၏။ ထိုသို့ မဝင်စားမီ မိမိ ပစ္စည်းများ မည်သည့် မီး လေ ရေ ခိုးသူ ကြွက် စသည်တို့ကြောင့်မျှ မပျက်စီးရအောင်လည်း ကြိုတင်၍ အဓိဋ္ဌာန် ရ၏။ ထို ့ပြင် ဝင်စားမည့် အချိန်ကာလ သတ်မှတ်ရခြင်း၊ (ဘုရားရှင် သက်တော် ထင်ရှားရှိသော အခါကမူ ဘုရားရှင်ခေါ်တော်မူလျှင် သိရှိစေရန်နှင့်) သံဃာ့ ကံကြီးကံငယ် ကိစ္စအတွက် မချွတ်ယွင်းစေရန်လည်း ကြိုတင်၍ အဓိဋ္ဌာန်တော် မူကြရလေသည်။

မဟာနာဂမထေရ်သည် ဆွမ်းစားဇရပ်၌ နိရောဓသမာပတ် ဝင်စားခိုက် ခေတ္တ အပန်းပြေနားနေသော အခြား ဆွမ်းခံ ရဟန်းတော်များလည်း ရှိနေ ကြ၏။ ထိုအခိုက် ရုတ်တရက် ဆွမ်းစားဇရပ်ကို မီးလောင်လေရာ အခြားရဟန်း တော်များမှာ နေရာထိုင်ခင်းနှင့် မိမိတို့သပိတ်များကို ယူဆောင်ကာ အပြေး အလွှား ထွက်ပြေးကြလေ၏။

မီးလောင်သည်ကိုမြင်၍ ရွာသူ ရွာသားများ စုရုံးရောက်ရှိလာကြရာ မီးများ ဝိုင်းနေသည့်ကြားတွင် ငုတ်တုတ်ထိုင်နေသော မဟာနာဂ. မထေရ်ကို

## PAGE 500
<!-- 11 paragraphs, raw extraction -->




မြင်တွေ့ကြလေ၏။ မီးသည် မထေရ်ကိုဝိုင်းရံလျက် ရှိသမျှ မြက်သစ်ဝါးများကို လောင်ကျွမ်းနေလေပြီ။

ရွာသူ ရွာသားများမှာ မဟာနာဂထေရ်ကိုကြည့်၍ အိပ်ငိုက်နေသည် အထင်ဖြင့် “အတော်အပျင်းကြီးတဲ့ ရဟန်းပဲ”ဟု အပြစ်တင်ယင်း ရေအိုးများ သယ်ဆောင်ကာ ပက်ဖျန်းငြိမ်းသတ်ကြသည်။မထေရ်ကား တုတ်တုတ်မျှမလှုပ်ပေ။
အတန်ကြခလျှင် မထေရ်၏ကျေးဇူးဂုဏ်ကို ရိပ်မိသိရှိကြသဖြင့် အလျင် အမြန် ပြာများ မီးသွေးများကို ရှင်းလင်းကြ၏။ပြီးလျှင် နွားချေးစိုဖြင့်လိမ်းကျံ သော မြေသမံတလင်း လုပ်ကြ၏။ ရသမျှပန်းများရှာဖွေကာ ပန်းမွေ့ရာခင်းလှူ ကြ၏။ လူများ တအံ့တဩ လာရောက်ကြည်ညို၍ ရှိခိုးကြသည်။

ဘုန်းကြီးအောင်၊ ပစ္စည်းရအောင် တန်ခိုးပြသလား

မဟာနာဂထေရ်လည်း သတ်မှတ်ထားသော အချိန်ကာလစေ့၍ သမာပတ်မှ ထတော်မူရာ မိမိအား ရှိခိုးပူဇော်နေကြသော ဒကာများကို မြင်တော်မူ၍“ဖုံးကွယ် လျှို့ဝှက်ထားသော ငါ၏ သမာပတ်ဂုဏ်ကား ယခုပေါ်လေပြီ”ဟု နှလုံးသွင်းကာ (ဆက်၍ ဖုံးကွယ်ရန် မလိုအပ်တော့သဖြင့်) ထိုနေရာမှပင် ကောင်းကင်သို့ ပျံတက် ဖိယင်္ဂုကျွန်းသို့ ကြွတော်မူလေ၏။ (ဝိသုဒ္ဓိမဂ်-၂ ၊ ၃ ၄ဂ။)

ကာ

ရဟန်းတော်များ လူဒကာနှင့် သာမဏေတို့အား တန်ခိုးမပြကောင်း။
ဘူတာရောစန=အမှန်ပြောသော ပါစိတ်အာပတ်သင့်သည်။ ပဋိပတ်လုပ်နေသော သီတင်းသုံးဖော် ရဟန်းများကိုမူ ပြောပြကောင်းလေသည်။

“အဿဂုတ္တမထေရ်ကား သက်စွန့်ကြိုးပမ်း ကမ္မဋ္ဌာန်းလုပ်လိုသော နည်းခံ တပည့်များအား ကောင်းကင်၌ စမ္မခဏ် (သားရေအခင်း) ခင်း၍ အခင်းပေါ် တင်ပျဉ်ခွေထိုင်ပြီးလျှင် ကမ္မဋ္ဌာန်းတရား ပေးတော်မူဖူးသည်”ဟု ဝိသုဒ္ဓိမဂ်-၁၊
၉၅-၌ တွေ့ရှိရပေသည်။

သာသနာအတွက် လိုအပ်လျှင် တန်ခိုးကို သုံးတော်မူကြသည်ပင်ဖြစ်သည်။
ဒေဝဒတ် သံဃာသင်းခဲ့စဉ် ဒေဝဒတ်ထံပါသွားသော သံဃာများကို ပြန်လည် သိမ်းသွင်း ခေါ်ဆောင်ကြရရာ၌ အရှင်သာရိပုတ္တရာသည် အတပ်ဟောတန်ခိုး (အာဏာဒေသနာ ပါဋိဟာရိယ)ကို သုံး၍လည်းကောင်း၊အရှင်မောဂ္ဂလ္လာန်သည် ဖန်ဆင်းသောတန်ခိုး (ဣဒ္ဓိပါဋိဟာရိယ)ကို သုံး၍လည်းကောင်း ကောင်းကင်မှ ပြန်ခေါ်လာကြ၏။ (ဝိနည်းနှင့် ဓမ္မ-ဋ္ဌ-၁၊ ၉ ၂-ဒေဝဒတ္တ ဝတ္ထု။ (ဘုရားရှင်သည် ပင် ရှင်သာဂတအား တန်ခိုးပြရန် တိုက်တွန်းတော်မူလျက် ဝေနေယျဇ္ဈာသယ လိုက်၍ တန်ခိုးကို ခွင့်ပြုတော်မူသည်။ (၀-၃၊ ၂၆၆-နှင့် ယင်းဋ္ဌ၊ ၃၆၄။) ဘုရားလက်ထက်ကပင် သင်္ဂါရဝပုဏ္ဏားသည် ပစ္စည်းရရှန် တန်ခိုးပြသည်အထင်ဖြင့်

## PAGE 501
<!-- 18 paragraphs, raw extraction -->




ဘုရားရှင်အား လျှောက်၍ အကျယ်ရှင်းပြဖူး၏။ (အံ-ဋ္ဌ-၂၊ ၁၅၁-သင်္ဂါရဝ သုတ်။)ပစ္စည်းရရန်အတွက် တန်ခိုးကို အရိယာများ သုံးရိုးမရှိချေ။(သုတ္တန်-ဋ္ဌ-၂၊
၂ ၃၇။)

ရဟန်းခုနစ်ရာကို တန်ခိုးဖြင့် ပင့်ဆောင်သော

စူဠ သမုဒ္ဒ ထေရ်

သီဟိုဠ်ကျွန်း တကျွန်းလုံး ဒုဗ္ဘိက္ခန္တရ ကပ်ကြီး ဆိုက်ရောက်သောအခါ ဒကာ ဒကာမတို့အား မှီခို၍ သာသနာပြုကြရသော သံဃာတော်များ ပို၍ပင် ဒုက္ခရောက်တော် မူကြရလေသည်။

ထိုခေတ်ဆိုး ခေတ်ကျပ်ကြီးအတွင်း ရဟန်းတော် ခုနစ်ရာတို့သည် စူဠ သမုဒ္ဒမထေရ်ကြီးထံရောက်လာကြရာ မထေရ်ကြီးမှာ သံဃာတော်များ ဆွမ်းကွမ်း အတွက် ကြောင့်ကြတော်မူရလေသည်။ ရဟန်းတော်များကလည်း အဆမတန် များလာသဖြင့် ဆွမ်းရနိုင်မည့်အရပ်ဒေသကို ဆင်ခြင်၍ကြည့်တော်မူရာ သီဟိုဠ် တကျွန်းလုံး မည်သည့်နေရာ၌မျှ . ထိုမျှလောက် များပြားသော သံဃာတော်များ အတွက် ဆွမ်းရရန် မမြင်တွေ့ရချေ။

အဝေးကို နီးအောင်၊ ရေကိုနို ဖြစ်အောင် ဖန်ဆင်းခြင်း

"

သို့နှင့် သံဃာတော် ခုနစ်ရာအား-

"

“ငါ့ရှင်တို့…၊လာကြ၊ သင်္ကန်းရုံကြ၊ သပိတ်ယူကြ၊ ဆွမ်းခံကြွကြစို့ နှိုးဆော်တော်မူလျက် မြေပြင်ကို ချုံ့ကာသီဟိုဠ်မှ (ဣန္ဒိယ)ပါဋလိပုတ်ပြည်သို့ ဆွမ်းခံကြွတော်မူလေသည်။ ရဟန်းတော်များလည်း မိမိတို့ တခါမျှ မရောက်ဖူး သောမြို့ဖြစ်နေ၍ အံ့အားသင့်ကာ မေးလျှောက်သမျှ ဤသို့ ဖြေဆိုတော်မူ၏။
ရဟန်းများ အရှင်ဘုရား….၊ ဒါ ဘာမြို့ပါလဲ။

မထေရ်

ငါ့ရှင်တို့..ပါဋလိပုတ်မြို့ဆိုဘာ ဒါပဲ။

ရဟန်းများ အရှင်ဘုရား... ပါဋလိပုတ်မြို့ဆိုတာ တပည့်ဘော်များနေရာနှင့် အဝေးကြီး မဟုတ်လားဘုရား။

မထေရ် ငါ့ရှင်တို့…၊ မထေရ်အိုကြီးတွေဆိုတာ အဝေးမှာ ရှိနေဘာကိုလဲ ယူဆောင်ပြီး အနီးဖြစ်အောင် လုပ်တတ်ကြတယ်။

ရဟန်းများ အနို ့……၊မဟာ သမုဒ္ဒရာက ဘယ်မှာပါလဲ ဘုရား။

## PAGE 502
<!-- 13 paragraphs, raw extraction -->


မထေရ်


၄ ၅ ၉

ငါရှင်တို့……၊ အလာတုန်းက လမ်းခွတ်လတ်မှာ စိမ်းပြာပြာ ရေ မြောင်းကလေးတခု ဖြတ်ကျော်လာခဲ့ရတယ်မဟုတ်လား။

ရဟန်းများ မှန်လှပါ...၊ ဖြတ်ကျော်ခဲ့ကြရပါတယ်။ သို့သော်လဲ သမုဒ္ဒရာ ဆိုတာ ကြီးကျယ်လှပါတယ် အရှင်ဘုရား။

မထေရ်

ငါ့ရှင်တို့…၊မထေရ်အိုကြီးတွေဆိုတာ ကြီးတာကိုလဲ ငယ်အောင် လုပ်တတ်ကြတယ်။

မဟာဗောဓိပင်ကို ဟန်ခိုးဖြင့် ပင့်၍ဖူးသော တိဿ ဒတ္တ ထေရ်

အထက်ပါ စူဠသမုဒ္ဒမထေရ်ကြီးနှင့် တဆက်တည်း ကျေးဇူးရှင် မဟာ ဗုဒ္ဓဃောသအရှင်မြတ်ကြီးက တိဿဒတ္တ မထေရ်အကြောင်းကို ပြဆိုထား၏။ ယင်း မထေရ်လည်း တခုသော ညနေချမ်း ရေမိုးချိုးပြီးစ ဧကသီ သင်္ကန်းကို သေသပ် စွာ ယမ်းပြီးနောက် မဇ္ဈိမဒေသရှိ အပရာဇိတပလ္လင်တည်ရှိရာ မဟာဗောဓိပင်ကို ဖူးမြော်လိုစိတ်ပေါ်ပေါက်လာ၍ သီဟိုဠ်နှင့်ဣန္ဒိယအကြားရှိ မြေရေသမုဒ္ဒရာကို ချုံတော်မူကာ မဟာဗောဓိပင်ကို မိမိ၌ပင် မသွားမကြွရပဲ ဖူးမြင်တော်မူ လေသည်။

ရေကို ထောပတ်ခို လုပ်သော ထေရ်

စင်စစ် တန်ခိုးဟူသည် တန်ခိုးရှင်လိုရာကို ပြုလုပ်ဖန်ဆင်းနိုင်လေသည်။
တခါက မဟာအနုဠထေရ်သည် ရဟန်းသာမဏေများ ဂင်္ဂါမြစ်ကမ်း၌ ဟင်းမပါပဲ ဆွမ်းချည်းသက်သက် ဘုဉ်းပေးနေကြရရှာသည်ကို မြင်တော်မူ၍ “ဂင်္ဂါမြစ်ရေသည် ထောပတ်ကြည် ဖြစ်စေ”ဟု အဓိဋ္ဌာန်တော်မူလိုက်၏။ သာ မဏေတို့ကိုလည်း မြင်အောင် အမှတ်သညာပေးလိုက်ရာ သာမဏေများ ခွက်များ ဖြင့် ထောပတ်ကို ခပ်ယူ၍ ရဟန်းသံဃာတော်များအား ဆက်ကပ် ခဲ့ကြရဖူး လေသည်။ (ဝိသုဒ္ဓိမဂ်-၂။ ၃၂-၃။)

ထို ့အတူ အဿဂုတ္တမထေရ်ကြီးလည်း ဝိဉ္စ၂ာတောင်တန်း၊ ဝတ္တနိယ ကျောင်းနေ သံဃာတော်များဟင်းမရပဲ ဆွမ်းသက်သက် ဘုဉ်းပေးနေကြသည်ကို မြင်၍ ထိုကျောင်းတွင်းရှိ ကျောက်ရေကန်ကို နေ့စဉ်နံနက်တိုင်း နို ့ဓမ်းအရသာ ရှိအောင် ဖန်ဆင်းပေးတော်မူ၏။ ညနေခပ်ယူလျှင်ကား ပကတိ ရေဖြစ်မြဲ ဖြစ် နေသည်။ (ဝိသုဒ္ဓိ မဂ်-၂၊ ၆၀။)

## PAGE 503
<!-- 15 paragraphs, raw extraction -->


၄၆ ဝ


ရှင်ဘုရင်အထင်မှားသည်ကို ပြန်လည်စောင့်ရှောက်သော ကုဋတိဿ ထေရ်

"

“အရှင်ဘုရားတို့…၊ ဒကာတော်ပူဇော်ကိုးကွယ်သင့်သော မထေရ်ဘပါး ပါးကို ညွှန်ကြားပေးတော်မူကြပါ”ဟု သာသနာစောာ်နှစ် ၄၀၇-ခုနှစ်၌ နန်း တက်သောသဒ္ဓာတိဿမင်းကြီးက ရဟန်းသံဃာတော်များအား လျှောက်ထား၍ သံဃာတော်များက မင်္ဂလအရပ်၌ သီတင်းသုံးတော်မူသော ကုဋ္ဌတိဿ မထေရ် ကြီးအား ညွှန်ပြကြလေသည်။ (သာရသင်္ဂဟနှင့် သီဟိုဠ်မူတို့၌ “မင်္ဂဏဝါသီ ခုဗ္ဗ (ကုဇ္ဇ)တိဿထေရ်”ဟု ရှိ၏။)

မင်းကြီးလည်း သတင်းရသည်နှင့် ဖူးမြော်လိုလှသဖြင့် မှူးမတ် ပရိသတ် အစုံအညီလိုက်ပါစေလျက် ငါးယူဇနာဝေးကွာသော မထေရ်ကြီးထံ အဖူးမြော် သွားလေ၏။ မထေရ်ကြီးသည် မလှမ်းမကမ်းမှ ရထား၊ မြင်း၊ ဆင်နှင့် လူသံ သူသံများ ကြားတော်မူရသဖြင့်—

"

“ငါ့ရှင်တို့…၊ ဟိုဘက်ဆီက ဘာသံတွေလဲ”ဟု မေးတော်မူရာ- “ဒကာတော်မင်းကြီး မင်းခမ်းမင်းနားဖြင့် ဆရာတော်အားဖူးမြော်ရန် လာနေကြပါတယ်ဘုရား”ဟု တပည့်များက လျှောက်ကြလေသည်။မထေရ်ကြီး

-

၏ စိတ်ထဲက-

"

“ကြီးတောင်းကြီးမှ ဘုရင့်နန်းတော်မှာ ဘာလုပ်မလဲ”ဟု ရာဇဝလ္လဘ (မင်းတို့နှင့်ရောနှောကျွမ်းဝင် နေရခြင်း)၌ စက်ဆုပ်တော်မူသဖြင့် ရှင်ဘုရင် မလာမီ နေ့သန့်စင်ရာ (နေ့ခင်းနေ့လယ်တရားနှလုံးသွင်းရာ) အရပ်သို့ ခပ်သုတ် သုတ်ကြွသွားကာ ကွပ်ပျစ်ခုတင်တခုပေါ်၌ လျောင်း၍ နေတော်မူ၏။ မင်းပရိ သတ်ကြီး ကျောင်းထဲသို့ရောက်လာချိန်၌မူ တစုံတရာလှမ်းမျှော် ကြည့်ရှုခြင်းမပြုပဲ ကွပ်ပျစ်ပေါ် ဝမ်းလျားမှောက် လျောင်းလျက်က တုတ်ရှည် တချောင်းဖြင့် မြေ ကြီးကိုရေးခြစ်၍နေဟန် ပြုလေ၏။မြေကြီး၌ တုတ်ဖြင့် ရေးခြစ်ခြင်းမှာ ရဟန်း တော်များမလုပ်ရ။ပါစိတ်အာပတ်သင့်ရုံမျှမက စိတ်တည်ငြိမ်မှု မရှိသောသူများ လုပ်သော ကိစ္စမျိုးသာ ဖြစ်လေသည်။

မင်းကြီးလည်း ကျောင်းထဲသို့ ရောက်လျှင် ရဟန်းတော်များအား မေး လျှောက်၍ မထေရ်ကြီးသီတင်းသုံးရာသို့ အမောတကောသွားလေရာ မထေရ်ကြီး မြေကြီး၌တုတ်တချောင်းဖြင့် တောင်စဉ်ရေမရရေးခြစ်နေသည်ကို ခပ်လှမ်းလှမ်း ကပင် တွေ့မြင်လိုက်ရသဖြင့် ခြေလှမ်းများတန့်ကာ ရှေ့ဆက်မသွားတော့ပဲ-

1

## PAGE 504
<!-- 14 paragraphs, raw extraction -->




“အင်း...ရဟန္တာဆိုတာ . ဟတ္ထကုက္ကုစ္စ, ပါဒကုက္ကုစ္စ = (လက်ဆော့ ခြေဆော့)မငြိမ်မဆိမ်နေရိုးထုံးစံမရှိဘူးလို့ ဆိုတယ်။ အများက ဘယ်လိုဘယ်ညာ ပြောနေကြပေမယ့် ဒီမထေရ်ကြီးဟာ ရဟန္တာဟုတ်ပုံမရပါဘူး”ဟု စဉ်းစားလျက် ရပ်နေမိလေ၏။

မင်းကြီးသည် မိမိအမြင်နှင့်အသိကို အခိုင်အမာဆုံးဖြတ်ကာ ဦးမျှပင် မချတော့ပဲ ထိုနေရာမှ ချက်ချင်း လှည့်၍ပြန်သွားသည်။ မင်းကြီး ပြန်သွားလျှင် ကျောင်းရှိသံဃာများအားလုံး အံ့အားသင့်ကာ ဆရာမထေရ်ကြီးထံ တပည့်ကြီး များကသွား၍ ချက်ချင်းလျှောက်ကြလေ၏။

“အရှင်ဘုရား..၊ ဒီလိုခမ်းနားကြီးကျယ်စွာ သဒ္ဓာတရားနှင့် လာရောက် ဖူးမြော်တဲ့ မင်းကြီးလိုဟာကိုများ ဘာဖြစ်လို့ စိတ်မချမ်းမသာဖြစ်သွားအောင် လုပ်တော်မူရတာလဲဘုရား။”

66

“ငါ့ရှင်တို့…၊ မင်းကြီးရဲ့ သဒ္ဓာတရားကို စောင့်ရှောက်ဖို့ သင်တို့မှာ တာဝန်မရှိဘူး။ (သင်တို့နှင့် မဆိုင်ဘူး) မထေရ်အိုကြီး များနဲ့သာ ဆိုင်တယ်။
မထေရ်အိုကြီးများ သဒ္ဓာတရားကို စောင့်ရှောက်တတ်ကြတယ်။” သွား၍လျှောက်သော တပည့်ကြီးများမှာလည်း မိန့်တော် မူသည်ကို နားမရှင်းပဲ လှည့်၍သာ ပြန်လာကြရလေ၏။ သူတော်ကောင်းတို့၏ သဘော လက္ခဏာကား ကြောင်ကြောင်ကြီး မြင်ပါလျက်၊ နားနှင့်ဆတ်ဆတ် ကြားရပါ လျက် သိနိုင်ခက်လှပါဘိ။

မထေရ်ကြီးသည် သက်ရွယ်တော်ကြီးရင့်လာသဖြင့် ပရိနိဗ္ဗာန် ပြုတော် မူခါနီးလျှင် တပည့်သံဃာများအားက

ငါ့ရှင်တို့……၊ ဒိုများသေပြီးယင် အလောင်းတင်ရထား ပြာသာဒ်ပေါ် မှာ အပိုခေါင်းတလုံးလဲ ထည့်ပြီး ပူဇော်ရှစ်ကြ”ဟုသာ မိန့်မှာတော်မူ၏။
တပည့်များမှာ ဆိုလိုသည်ကို နားမလည်စေကာမူ သူတော်ကောင်းကြီး များမိန့်မှာတိုင်းကို လိုက်နာသော သောဝစဿတာဂုဏ်ရှိသူများပီပီ မထေရ်ကြီး ခန္ဓာဝန်ချလျှင် မိန့်မှာသည့်အတိုင်း ကြာပလ္လင်ခံသော ခေါင်းတော်အပိုတခုပါ ထည့်၍ အလောင်းတင်ရထားပြာသာဒ်ကို ·ပြုလုပ် ပူဇော်ကြရလေသည်။

ကောင်းကင်ပျံတက်လာသော အလောင်းတော်

မထေရ်ကြီးလည်း ပရိနိဗ္ဗာန်ပြုခါနီးလျှင်–

56

“ဤငါ၏ အလောင်းတင်ရထားပြာသာဒ်ကြီးသည် ဒကာတော်မင်းကြီး မြင်လျှင်မြင်ချင်း တနေရာရာ၌ အငြိအတွယ်အဆိုင်းအရပ်မရှိ၊ မြေပြင်၌ဆင်းသက် ဟည်ရစ်စေသော်ဝ်”ဟု အဓိဋ္ဌာန်တော်မူပြီးလျှင် ခန္ဓာဝန်ချတော်မူသွား၏။

## PAGE 505
<!-- 11 paragraphs, raw extraction -->


၄ ၆ ၂


တပည့်များလည်း မထေရ်ကြီး ခန္ဓာဝန်ချလျှင် အလောင်းတော်ကို ရထားပြာသာဒ်ပေါ်ရှိ ခေါင်းတော်ဘခု အတွင်း၌ ထည့်သွင်း ပူဇော်ကြရာ အလောင်းတော်ရထားပြာသာဒ်ပေါ်သို့ ရောက်သည်နှင့် တပြိုက်နက် ပြာသာဒ် ကြီးသည် ကောင်းကင်ထက်သို့ ပျံတက်သွားလေ၏။ ပျံတက်ရုံမျှမက မင်းကြီး နေရာအရပ်သို့ပင် ဦးတည်ကာ ငါးယူဇနာခရီးတလျှောက် ကောင်းကင်မှပျံသွား လေတော့သည်။

ငါးယူဇနာအတွင်း လမ်းတလျှောက်ရှိ မြင့်မားသော သစ်ပင်ကြီးတိုင်း တံခွန်ကုက္ကားအလံများ တလူလူလွှင့်ကာ အလောင်းတော်ကို ပူဇော်နေကြ၏။
ငါးယူဇနာအတွင်းရှိ သစ်ပင်ငယ်ချုံငယ်များအားလုံးလည်း အခါမဲ့သီးပွင့်ကာ အလောင်းတော် ရောက်ရာအရပ်သို့ လှည့်လည်ညွတ်ကိုင်း၍ ပူဇော်ကြလေသည်။
ထိုအကြောင်းသည် သီဟိုဠ်ဘကျွန်းလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။
သဒ္ဓာ တိဿမင်းကြီးမှာ –

"

“ကုဋတိဿ မထေရ်ကြီး ပရိနိဗ္ဗာန် ပြုပြီတဲ့။ အလောင်းတော် ရထား ပြာသာဒ်ကြီး ကောင်းကင်က လာနေသတဲ့”ဆိုသော ကောလာဟလများကို မယုံ ကြည်လေ။ မှူးမတ်များက အခိုင်အမာ သတင်းပေးကြသော်လည်း မယုံကြည် နိုင်ပဲ ရှိလေ၏။

ပြာသာဒ်ကြီးသည် ကောင်းကင်၌ ပျံတက်လာကာ ထူပါရုံစေတီတော်ကြီး ကို လက်ျာရစ် သုံးကြိမ် လှည့်ပတ်ပူဇော်၍ ပြီးလျှင် ကျောက်စေတီနေရာသို့ အရောက် ကောင်းကင်၌ပင် ရပ်တံ့နေလေ၏။ ကျောက်စေတီတော်ကြီးမှာလည်း ရင်ပြင်တော်ဖိနပ်တော်နှင့်တကွ ကောင်းကင်သို့ ပျံတက်ကာ ပြာသာဒ်ကြီး၏ အပေါ်၌ ပြောင်းရွှေ့စံပယ်ဘော်မူလေသည်။

တိုင်းသူပြည်သား ရဟန်း ရှင်လူ များမှာ မကြုံစဖူး အထူး အံ့ဩကာ တခဲနက် လာရောက် ဖူးမြော် ပူဇော်ကြ၏။

ကောင်းကင်တက်၍ ပရိနိဗ္ဗာန်ပြုသော မဟာဗျဂ္ဃ ထေရ်

အလောင်းတင်ရထားပြာသာဒ်တော်ကြီး ကောင်းကင်၌ ရပ်တည် အပူ ဇော်ခံနေချိန် အနီးရှိ ကြေးပြာသာဒ်(လော့ဟပါသာဒ)ကြီး ဘုံကိုးဆင့်အထက်၌ မဟာဗျဂ္ဃခေါ်သော မထေရ်ကြီးတပါးလည်း ရဟန်းသံဃာ အများ ခြံရံလျက် ရဟန်းတို့ ဝိနည်းကံနှင့်စပ်၍ ဩဝါဒပေးနေခိုက်ဖြစ်၏။ အုတ်အုတ်ကျက်ကျက် အသံများကြားနေရသဖြင့်-

## PAGE 506
<!-- 13 paragraphs, raw extraction -->



၄ ၆ ၃

“ငါ့ရှင်တို့…၊ ဟိုဘက်ဆီက ဘာသံတွေလဲ”ဟု မေးတော်မူလျှင် တပည့် ရဟန်းသံဃာများက ပင်္ဂလဝါသီ ကုဋတိဿမထေရ်ကြီး ပရိနိဗ္ဗာန်ပြု၍ ရထား ပျံ့ကြီးကောင်းကင်မှ ပျံတက်လာသဖြင့် လူအများ ဖူးမြော်ပူဇော်နေကြကြောင်း လျှောက်ထားကြသည်။ မဟာဗျဂ္ဃ မထေရ်ကြီးလည်း ဩဝါဒ စကား ပြော ကြား ဆုံးမပြီးလျှင်…

"

“ငါ့ရှင်တို့…၊ အင်း…ဘုန်းကံကြီးမားတဲ့ပုဂ္ဂိုလ်များကိုမှီခိုပြီး ဒို့များလဲ အပူဇော် ခံရအုံးတော့မယ်”ဟု မိန့်တော်မူကာ တပည့် သံဃာ အပေါင်းအား ကာယကံ ဝစီကံ မနောကံ အပြစ်များရှိက သည်းခံကြရန် တောင်းပန် ပြောဆို တော်မူ၏။ ဆုံးမစကားလည်း ဟောကြားတော်မူ၏။

ယင်းသို့ နှုတ်ဆက် ဟောပြောပြီးလျှင် ထိုနေရာမှပင် ကောင်းကင်သို့ ပျံတက်ကာ ရထားပြာသာဒ်ကြီးရှိရာသို့ ကြွတော်မူသွား၏။ ပြာသာဒ်ကြီးရှိရာသို့ ရောက်လျှင် ပြာသာဒ်ကြီးအတွင်းသို့ ဝင်တော်မူလျက် အပိုအလွတ်ပါလာသော ခေါင်းတော်တခု၌ ဝင်ရောက်ကိန်းစံကာ ပရိဗ္ဗာန်ပြုတော်မူလေသည်။

သဒ္ဓာတိဿမင်းကြီးလည်း အဆမတန်. အုတ်အော်သောင်းတင်း ရှိခါမှ မင်းခမ်းမင်းနားဖြင့်လာရောက်၍ ပန်းနံ့သာများဖြင့် ကောင်းကင်ရှိ အလောင်း တော်ကို လှမ်း၍ ဖူးမြော် ပူဇော်လေ၏။ မင်းကြီး လာရောက် ပူဇော်လျှင်ပင် ကောင်းကင်၌ ရပ်တည်နေသော ရထားပြာသာဒ်တော်ကြီးမှာ အလိုလို မြေသို့ သက်ဆင်းကာ ရပ်တည်တော်မူသည်။

ထိုအခါမှ မင်းကြီးလည်း အထင်မှားခဲ့သည်များကို ဝန်ချကန်တော့ကာ ခမ်းနားကြီးကျယ်စွာ ပူဇော်သက္ကာရပြုလေသည်။ ဈာပနပွဲတော်ကြီး ပြီးလျှင် ဓာတ်တော်များကို စေတီ တည်ထားကိုးကွယ်လေ၏။ (အံ-ဋ္ဌ-၂၊၁၃၃-တိဌာန သုတ် အဖွင့်။)

"

အ

ရိယာသဘာဝ၊ သိခက်လှ၊ နှုတ်ဟ မရရာ

ယခုအခါ၌လည်း အရိယာသူတော်ကောင်းကြီးများနှင့်စပ်၍ သဒ္ဓာတိဿ မင်းကြီးကဲ့သို့ အထင်မှားအမြင်မှားများ မကြာခဏ ကြားမြင်နေကြရ၏။
“ကျွန်တော် ့ကို သည်အတိုင်း အမိန့်ရှိတာပါ။ ကျွန်တော် ကိုယ်တိုင် မျက်စိနှင့်မြင်ရတာပဲ”စသည်ဖြင့် မိမိတို့ထိတွေ့ခွင့်ရသလောက်ကလေးကို အတည် ပြု၍ မိမိ၏ထင်မြင်ချက်ကိုလည်း အခိုင်အမာဆုပ်ကိုင်၍၊ စာပေ ပရိယတ္တိ တတ် ကျွမ်းသူများဖြစ်လျှင်လည်း စာသံပေသံအကိုးအကားများကိုပင် ပြ၍ မဆီမဆိုင် သူတော်ကောင်းကြီးများအား ဝေဖန်ကဲ့ရဲ့ မိတတ်ကြလေသည်။

## PAGE 507
<!-- 18 paragraphs, raw extraction -->


၄၆.၄


မိမိတို့၏မျက်စိနှင့်နား သင်ကြားထားသော ဗဟုသုတကို မတည့် တည့် အောင် ကြံဆောင်ကိုးကား၍ ပြောဆိုပြစ်မှားတတ်သော ဝစီကံများမှာ အလွန် တာဝန်ကြီးလေးလှပေသည်။

သူတော်ကောင်းကြီးများ၏ အမူအရာ၊ အထာ၊ သဘော၊ အဟော၊
အမိန့်များကား အလွန်လျှင် အသိခက်လှပါဘိ။ ဤမထေရ်ကြီးပြုမူပုံကို ကြည့် လျှင်ပင် သိသာလှပါ၏။

တခါက ဤစာရေးသူသည် အညာမှ ရဟန္တာဟု ကျော်ကြားထင်ရှား တော်မူသော ဆရာတော်ဘုရားကြီးတပါး ခန္ဓာဝန်ချစဉ် ရန်ကုန်မှ ကန်တော့ရန် သွားရာ မန္တလေးသို့ရောက်သောအခါ အချို့ဆရာတော်များက’

"

“အင်း..၊ မင့် ဆရာတော်ကြီး အနေ အထိုင် ကတော့ ကြည်ညိုစရာ ကောင်းပါသက္ခာ”ဟုအစချီကာ “ဒါပေမယ့်”ကို ဆက်၍ ပြောပြန်၏။ ထိုဆရာ တော်ကြီး ဘဏ်မှာ ဝတ္ထုငွေများ နှစ်သောင်း အပ်နှံထားသတဲ့ ဆိုသော တဆင့် ကြားကို ထောက်ပြလေ၏။

“ဘုန်းကြီးတပါး ပျံတော်မူသွားလျှင် ခက်တာက ရွှေက

"

ဘယ်လောက်၊
ငွေက ဘယ်လောက်ကျန်ခဲ့သတဲ့ . ဆိုတာ ဒို ့သာသနာမှာ ဝမ်နည်းစရာပဲ က္ခ ဟုလည်းပုဒ်မ တပ်ပြန်လေသည်။ ထိုငွေကိစ္စမှာ သူတော်ကောင်းကြီးများ၌ အလွန် ရှင်းနေပါသော်လည်း ပြောရသည်မှာကား မလွယ်ကူချေ။

ကျွန်ုပ်မှာမူ ထိုပုဂ္ဂိုလ်ကြီးမျိုး၌ သောင်းမျှ မက သိန်းများစွာပင် အလှူခံ ရရှိတတ်ကြောင်း၊ ထိုငွေများကို ကပ္ပိယ ကာရက ထားကာ သာသနာအတွက် မည်သို့မည်ပုံအကျိုးရှိအောင် စီမံကြောင်း သာမန်မျှသာ လျှောက်နိုင်တော့သည်။

"

ရဟန်းများ မြေတူးတိုင်း အာပတ်သင့်သလား

ထိုအခါ အခြားတပါးက—

“အင်း….ဒါလဲ ဟုတ်ပါရဲ့၊ ဒါပေမယ့်က္ခာ….”ဟု ဆိုကာ ဦးပဉ္ဇင်းကြီး များအား ဘုရားတည်ရာ၊ ကန်တူးရာ၌ တူရွင်း ပေါက်ပြားများဖြင့် မြေအတူးခိုင်း သည်ကို သူကိုယ်တိုင် မြင်ခဲ့ရသဖြင့် စိတ်အပျက်ကြီး ပျက်ခဲ့ရဖူးကြောင်း (ပထဝီ ခဏနသိက္ခာပုဒ်ကို ရည်ညွှန်း၍) အရိယာမဟုတ်နိုင်ကြောင်း အခိုင်အမာ ကိုယ်တွေ့ ဖြစ်ရပ်နှင့် ကျမ်းဂန်ကို ထောက်ပြကာ စောဒနာပြန်၏။

-

ဘုန်းကြီး စာချဆိုသကဲ့သို့ ကျွန်ုပ်တို့ပြောရသည်မှာ မလွယ်ကူပါ။မိမိအား သဒ္ဓာလွန်သူ၊ သို့မဟုတ် မုဓာပ္ပသန္န’အလွဲ ယုံကြည်နေသူဟု ထင်လိုက အထင်ခံရန် ဝန်မလေးလှသော်လည်း အရိယူပဝါဒကံကြီး ထိုက်မည့်စကားမျိုးကို ကြားနေရ သဖြင့် တန်သလောက် သတိပေး လျှောက်ထားသင့်သည်ဟုကား ယူဆ၍ ပထဝီ

## PAGE 508
<!-- 15 paragraphs, raw extraction -->

i.



၄ ၆ ၅

ခဏနသိက္ခာပုဒ်၌ ရဟန်းတော်များ မတူးကောင်းသောမြေရှိသကဲ့သို့ တူးကောင်း သောမြေများရှိကြောင်း။ ထိုသို့မဟုတ် မတူးကောင်းသောမြေပင် ဖြစ်စေကာမူ “ဤနေရာမှာ တူးပါ”ဟု ခိုင်းမည့်အစား“ကန်တူးပါ”ဟု စကား အသုံးအနှုန်း (ကပ္ပိယဝေါဟာရ) ပြောင်းလွှဲလျှင်ပင် တူးခိုင်းနိုင်ကြောင်း အမြွက်မျှ လျှောက် ထားခဲ့ရဖူး၏။ (ပါစိတျာဒိ-ပထဝီ ခဏန သိက္ခာပုဒ်၌ အကျယ် ရူပါကုန်။)

ဤကုဋတိဿမထေရ်ကြီး မြေကြီး၌ တုတ်ဖြင့်ရေးခြစ်နေသည်ဆိုရာ၌လည်း အဆိုပါသိက္ခာပုဒ်နှင့် ဆက်နေသဖြင့် ဖော်ပြရခြင်းဖြစ်ပေသည်။ သူတော်ကောင်း ကြီးများသည် သိက္ခာပုဒ်တော်များကို ပုထုဇဉ်တို့ လေးမြတ်သည်ထက် အဆအရာ အထောင်မက အသက်ပေး၍ပင် လေးမြတ်ရိုသေမည့်အကြောင်းကား ယုံမှားဖွယ် အလျှင်းမရှိပါပေ။

ရဟန္တာဟု သိနိုင်သော နည်းလမ်း လေးမျို

g

မိမိတို့ မြင်သလောက်၊ထင်သလောက်၊ ကြားသလောက်ကို အခိုင်အမာ စွဲယူ၍ အသိခက်လှသော သူတော်ကောင်းကြီးများကိစ္စတွင် ဝင်ရောက် စွက်ဖက် ဝေဖန်ခြင်း ဝစီကံ မလွန်ကျူးမိအောင် သတိပြုကြပါကုန်။

ထိုကြောင့် မြတ်စွာဘုရားရှင်သည် ကောသလမင်းကြီးအား-

၁။ သံဝါသေန သီလံ ဝေဒိတဗ္ဗ ံ=အတူတကွ နေခြင်း အားဖြင့် သီလ ရှိမရှိ သိနိုင်၏။

၂။ သီဝေါဟာရေန သောစေယျ ံ ဝေဒိတဗ္ဗ ံ=ပြောဆိုခြင်းအားဖြင့် စင်ကြယ်မှု ရှိမရှိ သိနိုင်၏။

၃။ အာပဒါသု ထဉ္စမော ဝေဒိတဗ္ဗော=ဘေးရန် ကြုံသော်မှသာ ဉာဏ် စွမ်းအားကို သိနိုင်၏။

၄။ သာကစ္ဆာယ ပညာ ဝေဒိတဗ္ဗာ=ဆွေးနွေးကြည့်ခြင်း အားဖြင့် ပညာကို သိနိုင်၏ဟု (သဂါထာဝဂ္ဂနှင့် သုတ္တနိပါတ်- သတ္တဇဋိလ သုတ်၌)ဟောတော်မူခဲ့ဖူး၏။

ယင်းတို့ကိုလည်း (၁) အချိန်ကြာမှ၊ (၂)နှလုံးလည်း သွင်းဦးမှ၊ (၃) အသိဉာဏ်ကလည်း ရှိဦးမှသာ သိနိုင်လေသည်။ ဉာဏ် မျက်စိ ဉာဏ်နား မရှိသူများ ခဏတဖြုတ်၊ နမော်နမဲ့ ကြားရ မြင်ရရုံဖြင့် ပြောဆိုတတ်သော စကားများကို နားမယောင်ကြရာ။ သိနိုင်၊ မြင်နိုင်၊ ကြားနိုင်သော ဉာဏ်မျက်စိ, နားများဖြစ် အောင်သာ ထူထောင်ကြရာ၏။ မထူထောင်နိုင်သေးက ရှိစေဦး၊နှုတ်ကျူးနှုတ်လွန် မရှိကြစေရာ။

## PAGE 509
<!-- 20 paragraphs, raw extraction -->


၄ ၆ ၆


°

ယံ ပဿတိ န တံ ဒိဋ္ဌိ၊ ယံဒိဋ္ဌိ တံ န ပဿတိ။
အပဿ ီ ဗဇ္ဈတေ မူဋ္ဌော၊ ဗဇ္ဈမာနော နမုစ္စတိ။

(သတိပဋ္ဌာန် အဋ္ဌကထာများ။)

“မြင်သော်လည်း မြင်သည် မမည်၊ မြင်အပ်သည်ကိုမူ မမြင်တတ်သော ပုထုဇဉ် အမိုက်သည် တစုံတခု၌ ကိုယ့်အမြင်နှင့်ကိုယ် ငြိကပ်ပတ်ဖွဲ့ခြင်းခံနေ ရသဖြင့် ဆင်းရဲမှ မလွတ်နိုင်။”

မိုးနတ်သားကို ချက်ချင်း မိုးရွာခိုင်းသော တာလကူဋက ထေရ်

မိုးနတ်သားတဦးသည် တာလကူဋကအရပ် (သီဟိုဠ်မူအလို ဟိမာလယ ကူဋ)၌ သီတင်းသုံး နေထိုင်တော်မူသော ရဟန္တာအရှင်မြတ်ကြီးထံ လာရောက်၍ ရှိခိုးလျက် ရပ်တည်နေ၏။

`မထေရ် သင်. ဘယ်သူလဲ။

နတ်သား ဘုရားတပည့်တော် မိုးနတ်သားပါ အရှင်ဘုရား။

မထေရ် သင်တို့ရဲ့ စိတ်အလိုအတိုင်း မိုးရွာချနိုင်တယ်ဆိုတာ ဟုတ်သလား။
နတ်သား မှန်လှပါ အရှင်ဘုရား။

မထေရ် ဒါဖြစ်ယင် ငါ ကြည့်မြင်လိုတယ်။

နတ်သား အရှင်ဘုရားကို မိုး စိုစွတ်သွားပါလိမ့်မယ် ဘုရား။

မထေရ် မိုးတိမ်တိုက်လဲ မဆင်၊ မိုးချုန်းသံလဲ မကြားရ၊ ဘယ်လိုလုပ်ပြီး မိုးစိုစွတ်နိုင်မတုံး။

နတ်သား အရှင်ဘုရား…၊ တပည့်တော်တို့ရဲ့ စိတ်ထဲက ညွှတ်လိုက်ယင် မိုး ရွာလာမှာပါ။ အရှင်ဘုရား မယုံကြည်လျှင် ခေတ္တ သင်္ခမ်း ကျောင်းကလေးထဲ ဝင်ရောက်နေတော်မူပါ။

မထေရ် အိမ်း…. ကောင်းပြီ-ဟု မိန့်တော်မူကာ ခြေဆေးပြီး သင်္ခမ်း ကျောင်းကလေးထဲသို့ ကြွဝင်တော်မူ၏။

မိုးနတ်သားလည်း မထေရ်ကြီး ကျောင်းကလေးထဲသို့ ဝင်လျှင်ဝင်ချင်း သီချင်းတပုဒ်ကို သီဆိုလျက် လက်ကို မြှောက်၍ တင်လိုက်၏။ မိုးတိမ်နှင့် မိုး ချုန်းသံ မမြင်ရ၊ မကြားရပဲလျက် ချက်ချင်း မည်းမှောင်လာကာ သုံးယူဇနာ ပတ်ဝန်းကျင် ထခုလုံး တခဲနက် မိုးကြီး ရွာသွန်းချလေတော့သည်။

*

ကျောင်းသင်္ခမ်းကလေး အတွင်းသို့ ကြွဝင်သွားသော မထေရ်ကြီးပင် မလွတ်၊ ကိုယ်တခြမ်း စိုစွတ်သွားလေ၏။ (သံ-ဋ္ဌ-၂၊ ၃၂၂-ဝလာဟကသံယုတ်။)

## PAGE 510
<!-- 17 paragraphs, raw extraction -->



၄ ၆ ၇

မိုးရွာခြင်းအကြောင်း ရှစ်ပါး

မိုးရွာခြင်း၏ အကြောင်း ရှစ်မျိုးရှိကြောင်း အဋ္ဌအထာ၌ အောက်ပါ

အတိုင်း ဆက်လက်ပြဆိုထားလေသည်။

၁။ နဂါး

၂။ ဂဠုန်

၃။ နတ်တို့၏တန်ခိုးကြောင့်၊

၄။ သစ္စာပြုခြင်းကြောင့်၊

၅။ ရာသီဥတုကြောင့်၊

၆။ မာရ်နတ်လှည့်ပတ်ခြင်းကြောင့်၊
၇။ သူတော်ကောင်းတို့၏ တန်ခိုးကြောင့်၊
ဂ။ ဖျက်မိုးရွာခြင်း။

ဧကနိပါတ် မစ္ဆဇာတ် အဋ္ဌကထာ၌—

သိကြားမင်း၏ အမိန့်အရ မိုးနတ်သားသည် တခုသော တိမ်လွှာပုဆိုးကို ဝတ်၍ တထည်ကိုခြုံပြီးလျှင် မိုးသီချင်းဆိုလျက် အရှေ့လောကဓာတ်သို့ ရှေးရှု ပြေးလေ၏။ ထိုအခါ အရှေ့အရပ်၌ ကောက်နယ်တလင်းခန့် တိမ်လွှာ တက်လာ ပြီးလျှင် မိုးတိမ်များ အရာအထောင် ဖြစ်လာ၏။ လျှပ်စစ်နွယ်တို့ဖြင့် ထစ်ချုန်း လျက် မိုးကို ရွာသွန်းချသည်ဟု ဆိုလေသည်။

ဝလာဟက သံယုတ် ပါဠိတော်၌ မိုးလေရာသီဥတုနှင့်စပ်၍ တာဝန် အသီး အသီး ထမ်းဆောင်ကြသော နတ်များရှိကြောင်း ဟောတော်မူထား၏။
၁။ သီတဝလာဟက=အအေးဥတုနတ်၊

၂။ ဥဏှဝလဥက=အပူဥတုနတ်၊
၃။ အဗ္ဘဝလာဟက=မိုးတိမ်နတ်၊
၄။ ဝါတဝလာဟက=လေနတ်၊
၅။ ဝဿဝလာဟက=မိုးရွာနတ်၊

ထိုနတ်သားတို့တွင် သီဝလာဟကနတ်သည် အေးသောဥတု ဖြစ်ပေါ် ရန် လျှပ်စဝ်နွယ်ကို ပြုလုပ်၏။ ထိုနတ်သား၏စိတ်၌ မို.ရွာချစေလိုလျှင် အအေး ဓာတ်များ ပြန့်ကာ မိုးတိမ်များ ထိုမှဤမှ ပြန့်လှမ်း ဖြစ်ပေါ်လာစေသည်။
အဗ္ဘဝလာဟကနတ်ကား ပူမှုအေးမှု မပါ၊ မိုးတိမ်သက်သက်ကိုသာ ပြုလုပ်၏။
အထူးမှတ်သားရန်မှာ မိုးခါ, ဆောင်းခါ၌ အေးရိုးအေးစဉ် အေးခြင်း သည် ဥတုနိယာမပင်ဖြစ်၏။ နွေအခါ၌ အေးခြင်း၊ မိုးဆောင်း၌ ရှိသင့်သည်ထက် ပို၍ အေးခြင်းကား သီတဝလာဟကနတ်၏ အစွမ်းကြောင့်ဖြစ်သည်။

## PAGE 511
<!-- 18 paragraphs, raw extraction -->


:

၄ ၆ ဂ

.


ထို ့အတူ ပူခြင်း၊ လေတိုက်ခြင်း၊ မိုးတိမ်၊ မိုးရွာခြင်းများကိုလည်း ဖြစ်ရိုး ဖြစ်စဉ် ဖြစ်ခြင်းသည် ဥတုသဘာဝ အရသာလျှင် ဖြစ်၍ မဖြစ်သင့်သော အခါ ဖြစ်ခြင်း၊ ဖြစ်သင့်သည်ထက် ပိုသွန်ခြင်းများမှာ ဆိုင်ရာနတ်တို့၏ အစွမ်းကြောင့်ဟု သိရလေသည်။ (ယင်း အဋ္ဌကထာ။)

မိုးမရွာခြင်း၏ အကြောင်း ၅-မျိုး

အင်္ဂုတ္တရ ပဉ္စကနိပါတ် ဗြာဟ္မဏဝဂ်-ဝဿသုတ်၌ မိုးမရွာခြင်း၏ အကြောင်း ငါးမျိုးကိုလည်း ဟောဘော်မူထားသည်။

၁။ ကောင်းကင်၌ တေဇော အပူဓာတ်ပျက်ခြင်း၊

၂။ ဝါယောဓာတ်ပျက်ခြင်း၊

၃။ ရွာသော မိုးရေတို့ကို ရာဟုအသူရိန်ကြီးက ယူဇနာ သုံးရာရှိသော လက်ဖြင့်ခံယူ၍ ပင်လယ်ထဲသို့ ပစ်ချခြင်း၊

၄။ မိုးနတ်သား အပျော်ကြူး၍ မေ့လျော့နေခြင်း၊

၅။ လူတို့ သီလမစောင့်ထိန်းခြင်း။

ယင်း အကြောင်း ငါးမျိုးရှိရာ မိုးနိမိတ်ဖတ်တတ်သူများပင် ဖတ်၍မရ၊
လွဲမှားတတ်ကြောင်း ဟောတော်မူထားသည်။

မိုးရွာမှု မရွာမှ လူသာ ပဓာန

ရာသီဥတု မိုးလေဝသနှင့်စပ်၍ လူတို့၏သိပ္ပံပညာလည်း ထွန်းကားလျက် ရှိ၏။ အထောက်အကူပေးလျက်ပင် ရှိ၏။

ကိုယ်ကျွမ်းကျင်သည့်ဘက်က လူသားတို့အား ကိုယ်ဖြစ်သလောက် အကျိုး ပြုကြသည်ချည်းဖြစ်ရာ ငြင်းဖွယ်မရှိ။ ဗုဒ္ဓဒေသနာတော်အရမူ မိုးရွာ မရွာမှု ရာသီဥတု သီးနှံဩဇာ ဖြစ်ထွန်းမှု၊ မဖြစ်ထွန်းမှုတွင် လူတို့၏ ကိုယ်ကျင့်သီလသည် ပဓာနခြယ်လှယ်နေသော အကြောင်းရင်းကြီး ဖြစ်ကြောင်း ပါဠိဘော်များစွာ၌ အထင်အရှားပင် လာရှိပေသည်။

တိကနိပါတ်- ဂါမဏိစန္ဒဇာတ်၊ စတုက္ကနိပါတ် ရာဗော ဝါဒ ဇာတ်၊
စတ္တာလီသနိပါတ်-တေသကုဏဇာတ် စသည်တို့၌လည်း လူတို့ အကျင့်သီလမရှိ ကြသဖြင့် ရာသီဥတုမမှန်၊ သီးနှံဩဇာမရှိ၊ အဖျက်အဆီးအန္တရာယ်မှအစ စဝ်မက် ထူထပ် ကပ်ကြီးများ ဆိုက်ရောက်ရကြောင်း၊ မြေဆီမြေဩဇာများ ခုနစ်တောင် ခန့် ငုပ်လျှိုးသွားကြောင်း အတည့်အလင်းပင် ဟောတော်မူလေသည်။

## PAGE 512
<!-- 10 paragraphs, raw extraction -->




မြန်မာပြည်၌ မိုးရွာအောင် လုပ်နိုင်သော ပုဂ္ဂိုလ်များ

မစ္ဆဇာတ်၌ ငရံ့မင်း၏ သစ္စာကြောင့်ပင် မိုးရွာသွန်းကြောင်း အများ အသိပင် ဖြစ်သည်။ ဟင်္သာဘမြို့နယ် တနယ်လုံး နောက်မိုးမသိမ်း၍ လယ်ဧက များစွာ ပျက်စီးရမည် ရှိနေစဉ် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး သစ္စာ ပြု၍ အံ့ဩလောက်အောင် မိုးရွာပေးဘော်မူခဲ့ဖူး၏။

ညောင်လွန့်တောရ ဆရာတော်ဘုရားကြီးလည်း မိုးခေါင်ရေရှားဒေသ၌ သီလသမာဓိဖြင့် မိုးကို ရွာသွန်းပေးတော်မူခဲ့ဖူးကြောင့် “ရဟန္တာနှင့် ပုဂ္ဂိုလ်ထူး များ' စာအုပ်၌ ကျွန်ုပ်တို့ ရေးခဲ့ပြီ။

(အရှင်သုဘူတိထေရ်၏ သီလသမာဓိ သစ္စာကို အခြေခံသော မိုး အမိန့် တော် ပြန်တမ်းကို “မေတ္တာဝါဒ-ဗြဟ္မဝိဟာရအဖွင့်' စာအုပ်၌ ကြည့်ပါလေ။) လွန်ခဲ့သော အနှစ် နှစ်ဆယ်လောက်က ရမည်းသင်းခရိုင်၌ တိုင်းပြည် ခေါင်းဆောင်များ ရောက်သွားကြသောအခါ မိုးခေါင်ရေရှား ဒေသဖြစ်၍ အစိုးရအနေဖြင့် တမြို့လုံး မှီခိုလောက်အောင် ကန်ကြီးတကန် တူးပေးပါ”ဟု မြို့ခံ လူကြီးများ အားလုံးက တောင်းဆိုကြသဖြင့် အစိုးရက ကူညီ တူးပေးခဲ့ဖူး၏။
သို့ရာတွင် နောက်တခေါက်. ထိုပုဂ္ဂိုလ်များ ရောက်သွားသောအခါ မြိုနေဆရာ တော်ကြီးများနှင့် လူကြီးများက-

ဒကာကြီးတို့လာတဲ့အခါ အခြားဧည့်ခံမှုကတော့ ဘာမှ လိုလေသေး မရှိလောက်ပါဘူး၊ ဒါပေမယ့် ရမည်းသင်းမှာ မိုးကို မရွာသေးလို့ ရေကိုတော့ တာဝန်ကျေအောင် ဧည့်ခံနိုင်ကြမှာ မဟုတ်ဘူး”ဟု ဆိုလေရာ ဆရာတော်များက ဦးစီး၍ ဗုဒ္ဓ တရားတော်အရ မိုးရွာအောင် လုပ်ရန် တိုက်တွန်း ပြောဆိုလျှင် “လုပ်တော့လုပ်တာပဲ၊ ရွာကိုမရွာဘူး”ဟု ဆိုကြလေ၏။ ထိုအခါ…

“ဒါဖြင့်.. တပည့်တော် မိုးရွာအောင် လုပ်တတ်တဲ့ ဆရာကြီး လွှတ်လိုက် ပါအုံးမယ်”ဟုဆိုကာ “မဟာပညာဗလ-ဦးကြီးဖေ’ကြီးမှူးသောပရိတ်ဝတ်အဖွဲ့ တဖွဲ့ ရမည်းသင်းသို့ သွားကြရသည်။ ရောက်လျှင် ရောက်ချင်း ရမည်းသင်း ကန်ကြီးအတွင်း၌ မဏ္ဍပ်ကနားထိုးကာ ထုံးစံအတိုင်း အခမ်းအနားများပြုလုပ်၍ မိုးနတ်သားကအစမေတ္တာပွားခြင်း၊ အထူးသိလ ဆောက်တည်ခြင်း၊ အမျှဝေ ခြင်းများနှင့်အတူ မိုးအမိန့်တော်ပြန်တမ်း, မိုးပရိတ် စသည်တို့ကို ရွှတ်ဖတ်ကြရာ အံ့ဩလောက်အောင် သိသိသာသာကြီး ရွာချခဲ့ဖူး၏။

မိုးကာလအတွင်း နှစ်ထောင့်ငါ.ရာ ဆဋ္ဌသံဂါယနာပွဲကြီး .ကျင်းပစဉ် ကလည်း အရေးအကြီးဆုံးနေ့တွင်မှ မိုးတဖြောက်ဖြောက်ရွာနေ၍ အခမ်းအနား ပျက်မလိုလို. ဖြစ်နေရာ ထိုဆရာကြီးပင် မိုးကိုတိတ်စေခဲ့ဖူးလေသည်။ ထို့ကြောင့်

## PAGE 513
<!-- 11 paragraphs, raw extraction -->


၄၇ဝ


ဆရာကြီးဦးကြီးဖေအား မဟာပညာဗလ ဘွဲ့နှင်း အခမ်းအနား၌ “မိုးကို ရွာ အောင်လဲလုပ်နိုင်၊ တိတ်အောင်လဲလုပ်နိုင်သော ဆရာကြီး”ဟု ပုဂ္ဂိုလ်ကြီး တဦး က ကိုယ်တွေ့သာဓက တင်ကာ ချီးကျူးခဲ့ဖူးလေသည်။

ဤကား သာမန်လူဝတ်ကြောင်တဦး၏ သီလသမာဓိမျှသာရှိပေသေး၏။
ရဟန်းပညာရှိ လူပညာရှိတို့သည် ဗုဒ္ဓဒေသနာတော် နည်းအရ ယုံယုံ ကြည်ကြည် လိုက်နာ ကျင့်သုံးလျက် လူသားတို့၏ ဘဝကို အစွမ်းဆောင်နိုင်ဆုံး ကယ်မကြစေလိုသော ဆန္ဒဖြင့် အကြောင်း အားလျော်စွာ ‘ဖော်ပြတိုက်တွန်း ရပါသည်။

လူသာမန်တို့အတွက် မည်သို့မျှကြံဆောင်၍ မရအောင် ခက်ခဲလှသည်ဟု ထင်ရသော ကိစ္စများတွင် ရံခါ ဗုဒ္ဓဝါဒနည်းအရ တကယ့် ယုံကြည်မှု၊ ဖြူစင် မြင့်မြတ်မှုတို့ဖြင့် လုပ်ဆောင်ရာ လွယ်လွယ်ကလေးဖြင့် အောင်မြင်မှု ရသည်ကို ပြသော ဖြစ်ရပ်သာဓကများ များစွာ ရှိနေတတ်ပေသည်။

မိုးရွာအောင် လုပ်နိုင်သော မင်း

သာသနာတော်နှစ် ၇၉၄-ခုနှစ် သီဟိုဠ်ကျွန်း၌ စစ်သူကြီးဘဝမှ မင်း ဖြစ်လာသူ ‘သီရိသံဃဗောဓိ” ခေါ်သောမင်းလည်း မိမိ၏သီလဖြင့် မိုးရွာအောင် လုပ်ခဲ့ဖူး၏။

ထိုမင်းလက်ထက် သီဟိုဠ်တကျွန်းလုံး မိုးခေါင်၍ ဒုဗ္ဘိက္ခန္တရ ကပ်ကြီး ဆိုက်ရောက်ရာ တနေ့သ၌ ထိုမင်းသည် မဟာစေတီ ရင်ပြင်သို့ သွား၍ သီလကို ကောင်းစွာခံယူဆောက်တည်ပြီးလျှင် ရင်ပြင်ပေါ်၌ပင် အိပ်၍—

“ငါသည် မင်းပြုသောနေ့ကစ၍ ငါးပါးသီလကို အထူး လုံခြုံအောင် စောင့်ထိန်းခဲ့ပါလျက် သတ္တဝါအများ ချမ်းသာရာမရ ရှိခဲ့၏။. မိုးကြီးသည်းထန် စွာ ရွာ၍ ငါ့ခန္ဓာကိုယ်ကြီး ရေပေါ်မျောမပါသမျှ အသက်ပင် သေပစေ။ ဤ စေတီ ရင်ပြင်ပေါ်မှ ငါ မထတော့ပြီ”ဟု သီလကို သစ္စာပြုလျက် အဓိဋ္ဌာန် ဖြင့် နေလေ၏။

တရက်ပြည့်သွားသောအခါ တကျွန်းလုံး ရေဖြိုင်ဖြိုင်စီးအောင် မိုးကြီး ရွာချလေ၏။ သို့ရာတွင် ရေပေါ်မျောပါလောက်အောင်ကား မရွာ၊ သီရိသံသ ဗောဓိလည်း ရေ၌ မျောပါသေးသဖြင့် နေရာမှ မထပ်ရှိရာ အမတ်များမှာ ရင်ပြင်တော် လေးဘက်လေးတန်မှ ရေစီးဆင်းရန် ပြွန်ပေါက်များကို မင်းကြီး မသိအောင် ဆို ့ပိတ်ကြရလေ၏။ ရေမျောမှသာလျှင် မင်းကြီး ထလေတော့ သည်။ (မဟာဝံသ-၃၆၊ ၇၅-၇၉။)

## PAGE 514
<!-- 14 paragraphs, raw extraction -->



ကိုရင်ကလေး တော်တော် ဈာန်ကစား

၄ ၇ ၁

ရဟန္တာအရှင်မြတ်ကြီးတပါးသည် သီဟိုဠ်ကျွန်းရှိ မဟာစေတီနှင့် ဗောဓိပင်ကို သွားရောက်ပူဇော်မည်ဟု မိမိသီတင်းသုံးသော ရွာကလေးမှ မဟာ ဝိဟာရကျောင်းတိုက်သို့ ကြွတော်မူ၏။ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော သာမ ဏေငယ်တပါးကိုလည်း နောက်ပါ ခေါ်တော်မူခဲ့သည်။ မဟာဓိဟာရကျောင်း တိုက်ကြီးအတွင်း သင့်လျော်သောကျောင်းတခု၌ ဆရာ တပည့် တည်းခို နေထိုင် တော်မူကြလေသည်။

ညနေအချိန်အခါမျိုးတွင် သံဃာတော်အများပင် မဟာစေတီသို့ ဘုရား ပူဇော်သွားလေ့ရှိကြရာ မထေရ်ကြီးကား သံဃာတော်များကို လေးစားငဲ့ကွက် နေရသဖြင့် ကောင်းစွာဘုရားအာရုံပြုနိုင်ခွင့်ရမည်မဟုတ်၍ သံဃာအများ ကြွချိန် မကြွပဲ နေလေသည်။

ဘုရားဖူးသံဃာတော်များလည်း ပြန်ကြွလာချိန် လူဒကာ, ဒကာမများ လည်း ညနေစာ စားသောက်နေချိန် (သပ္ပာယသမ္မဇဉ်ခေါ်၏) လူသူရှင်းမည့် အချိန်ကို စောင့်È ကာ သာမဏေငယ်ကိုပင် အသိမပေးပဲတခုသော ညနေတွင် ကြွတော်မူလေ၏။ သာမဏေလည်း မိမိဆရာတော်ကြီးကို မတွေ့ရသဖြင့်’ “ဘယ့်နှယ်လဲ…..အချိန်မဟုတ် အခါမဟုတ်၊ ဆရာတော်ကြီး တပါးထဲ ကြွသွားပြီ။ အကြောင်းဘယ်လိုလဲ သိရအောင် လိုက်သွားဦးမှပဲ”ဟုစဉ်းစား ကာ ဆရာတော်ကြီးကြွသွားသော လမ်းအတိုင်း နောက်က.. ထက်ကြပ်မကွာ လိုက်ပါသွားလေ၏။

မထေရ်ကြီးလည်း မိမိတပည့်လိုက်ပါလာမည်ကို မဆင်ခြင်မိချေ။ ကြွမြဲ.. တိုင်း ကြွကာ မဟာစေတီ တောင်ဘက်မုခ်မှ တက်တော်မူရာ သာမဏေလည်း နောက်ကပင် လိုက်ပါတက် သွား၏။

စေတီရင်ပြင်ပေါ်သို့ရောက်လျှင် မထေရ်ကြီးသည် မဟာစေတီကို တချက် မော်ဖူးလိုက်ပြီး ဘုရားအာရုံပြုကာ မလှုပ် မယှက် စိတ်ပါ လက်ပါ ကျေနပ်စွာ ရှိခိုးတော်မူလေသည်။

အားရ '

သာမဏေလည်း နောက်မှနေ၍ မထေရ်ကြီးမလှုပ်မယှက်ရှိခိုးနေသည်ကို

ကြည့်ကာ—

“ဪ…ငါရဲ့ဥပဇ္ဈာယ်ဆရာတော်ကြီးဟာ ဘုရားကို အလွန် ရိုရိုသေသေ လေးလေးမြတ်မြတ်ရှိခိုးနေပါကလား။ ပန်းများရလျှင် ပူဇော် လှူဒါန်းလိုမလား မသိ'ဟု စဉ်းစားနေခိုက်၊ မထေရ်ကြီးလည်း ထိုင်၍ ရှိခိုးနေရာမှ မတ်တတ်ထ

၂.

## PAGE 515
<!-- 16 paragraphs, raw extraction -->


92J


လက်အုပ်ချီလျက် မဟာစေတီကိုမော်ကြည့်ဖူးမြော်နေလေသည်။ သာမဏေလည်း မိမိရောက်နေကြောင်း ချောင်းဟန့်သံ ပေးလိုက်၏။ မထေရ်ကြီးမှာ နောက်သို့ စောင်းငဲ့ကြည့်ပြီးလျှင်’

"

"

“ငါ့ရှင် ကိုရှင်…၊ ဘယ်အချိန်က ရောက်လာသလဲ”ဟု မေးတော်မူ၍’ “ဆရာတော်ဘုရား… ၊ ဘုရားအာရုံပြုစကပင် ရောက်ရှိနေပါဘယ်ဘုရား။
ဆရာတော်ဟာ အလွန့်ကို ရိုရိုသေသေ လေးလေးမြတ်မြတ်ကြီး ရှိခိုးနေတာပါ လား ဘုရား။ တကယ်လို့ ပူဇော်ရန်ပန်းများရလျှင် လှူဒါန်း ပူဇော်လိုပါသလား အရှင်ဘုရား”ဟု လျှောက်လိုက်သည်။ မထေရ်ကြီးကလည်း’

JIL

ကောင်းပေတယ်…ကိုရင်၊ ဒီမဟာစေတီလို ဘယ်မှာမှ ဒီလောက် ဓာတ် တော်မွေတော် များများ ထည့်သွင်း ဌပနာထားတဲ့ စေတီဘော်မရှိပူး ငါ့ရှင်။
ပန်းရလျှင် ဒီလောက် ထူးခြား မြင့်မြတ်တဲ့ အတုမရှိစေတီတော်ကြီးကို ဘယ်သူ မပူဇော်လိုပဲ ရှိပါ့မလဲ ငါ့ရှင်။”

ဒါဖြင့် အရှင်ဘုရား…၊ ခေတ္တ သည်းခံဆိုင်းငံ ့တော်မူပါဦး၊ တပည့် ဟော် ပန်းကို ဆောင်ယူချေပါဦးမယ်”ဟု လျှောက်ကာ သာမဏေငယ်သည် ချက်ချင်း ဈာန်သမာပတ်ဝင်စား၍ ကောင်းကင်ခရီးဖြင့် ဟိမဝန္တာသို့ ကြွသွား

လေ၏။

မထေရ်ကြီးသည် စေ တောင်ဘက်မုခ်မှ အာရုံပြုအပြီး အနောက် ဘက်မုခ်သို့ လှည့်တော်မူ၏။ သာမဏေငယ်သည် မထေရ်ကြီး အနောက်ဘက် မုခ်သို့ မရောက်ခင်မှာပင် ရေစစ်ခွက်နှင့် ယူဆောင်လာသောပန်းများကို မထေရ် ကြီး လက်သို့ ထည့်လှူလိုက်၏။

“အဆင်းအနံ့နှင့်ပြည့်စုံသော ဤပန်းများကို လှူဒါန်း ပူဇော်တော်မူပါ အရှင်ဘုရား”ဟု လျှောက်လျှင် မထေရ်ကြီးသည် (တဖန်ခွက်မျှသာ' ရှိသော) ရေစစ်ခွက်ကို ကြည့်၍-

ဟ

“ကိုရင် …၊ ငါ့ရှင်ပန်းက နဲနဲကလေးပါလား”ဟု မိန့်တော်မူလျှင်’ “အရှင်ဘုရား…၊ ပန်းလှူရန် အလိုရာရှိကြသာကြပါ။ ဘုရားရှင်ရဲ့ ကျေးဇူး တော် ဂုဏ်တော်တွေကိုသာ ဆင်ခြင်ပြီး ပူဇော်တော်မူပါဘုရား”ဟုသာ လျှောက် ထားလိုက်သည်။

မထေရ်ကြီးလည်း စေတီအနောက်မုခ်က တက်ရသော လှေကားဖြင့် တက် ကာ စေတီတော် ´ သပိတ်မှောက်အောက် အထက်ပစ္စယံ၌ ပန်းများ ခင်းဖြန့် လှူ တော် မူ၏။ စေတီတော် တပတ်ပြည့်သွားသော်လည်း ရေခွက်ထဲရှိပန်းများကား မကုန်သေးချေ။ အထက်ပစ္စယံ.ပတ်ပတ်လည်၌ ပန်းများ ပြည့်လျှံဖြိုးမောက်၍ အောက်ပစ္စယံသို့ပင် ကျလာကုန်၏။ အောက်ပစ္စယံသို့ဆင်း၍ ပူဇော်မည်ဟု ဆင်း ကြွလာရာ အောက်ပစ္စယံ၌လည်း ပန်းများမှာ ဒူးဆစ်မြုပ်မျှ ပတ်ပတ်လည် ပြည့်

## PAGE 516
<!-- 16 paragraphs, raw extraction -->


သိဟိုဠ်ခေတ် စံတော်ဝင် အရိယာများ


နေကြသည်ကို တွေ့ရလေ၏။ အောက်ပစ္စယံမှ ပန်းများလည်း ပြည့်လျှံကျကာ စေတီဖိနပ်တော် ပတ်ပတ်လည်၌ပင့် ပြည့်နေ၏။

အထက်ပစ္စယံမှ အောက်ခြေဖိနပ်တော်အထိ ပန်းများ ပြည့်လျှံနေသဖြင့် ပူဇော်ရန် နေရာမကျန်ရှိတော့၍ စေတီရင်ပြင်၌ ကြဲဖြန့် ပူဇော်လိုက်ရာ စေတီ ရင်ပြင်တော်တခုလုံးလည်း ပန်းများ ပြည့်နေတော့သည်။ သို့သော် ရေစစ်ခွက်ထဲ၌ ကား ပန်းများ မလျော့သေးချေ။

"

“ငါ့ရှင်…၊ ပန်းတွေ မကုန်နိုင်ပါလား”ဟု မိန့်တော်မူလျှင်-

“အရှင်ဘုရား…၊ ရေစစ်မျက်နှာဝကို အောက်ဘက်လှည့်ပြီး မှောက်သွန် ချတော် မူလိုက်ပါဘုရား”ဟု လျှောက်၍ ရေစစ်ကိုမှောက်ပြီး လှုပ်ခါလိုက်မှ ပန်း များ ကုန်လေတော့သည်။ ရေစစ်ခွက်ကို သာမဏေငယ်အား ပေးပြီးနောက် ဆရာ တပည့် မဟာစေတီကြီးအား လက်ျာရစ် သုံးပတ်လှည့်ကာ ပူဇော်ကြလေ၏။
အရပ်လေးမျက်နှာတို့၌လည်း ထိုင်၍ ဘုရားအာရုံပြုပြီးလျှင် စေတီရင်ပြင်မှ ဆင်း ကြွလေ၏။

ကျောင်းသို့အပြန်လမ်းတွင် မထေရ်ကြီးသည် မိမိတပည့် သာမဏေငယ်၏ တန်ခိုးဣဒ္ဓိပါဒ်နှင့် စပ်၍’

အင်း...ရင်ကလေးကား တန်ခိုးကြီးပေစွ၊ ဒီတန်ခိုးကို ဆက်လက်ပြီး စောင့်မှ စောင့်ရှောက်နိုင်ပါ့မလား”ဟု ဆင်ခြင်တော်မူရာ ဆက်လက်စောင့်ရှောက် နိုင်မည့် အခြေအနေကို မြင်တော်မမူသဖြင့်—

"

“ငါ့ရှင်သာမဏေ…၊ သင် ယခုတော့ အလွန် တန်ခိုးကြီးပေတယ်။ ဒါ ပေမယ့် တနေ့တော့ ကိုယ့်တန်ခိုးကိုယ်ဖျက်ပြီး နောက်ဆုံးယက်ကန်းသည် အကန်း မကလေးလက်နှင့် နယ်တဲ့ ဆန်ပုန်းရည်ကို သောက်နေရတတ်တယ်”ဟု မိန့်တော် မူလိုက်သည်။

သို့ရာတွင် သာမဏေငယ်သည် ဥပဇ္ဈာယ်ဆရာ၏ စကားကြောင့် ထိတ်လန့် သံဝေဂရကာ ဝိပဿနာ ကမ္မဋ္ဌာန်းတရား မတောင်းခံရုံမျှမက၊ “ငါ့ကို ဆရာတော် ဘာတွေ ပြောနေပါလိမ့်”ဟုပင် စိတ်မဝင်စား။ မကြားယောင်ဆောင်၍ လိုက်ပါ ခဲ့၏။

မထေရ်ကြီးသည် မဟာစေတီနှင့် မဟာဗောဓိကို ဖူးမြော်အပြီး သပိတ် သင်္ကန်းကို သာမဏေအား ယူစေကာ ကုဋေဠိတိဿမဟာဝိဟာရ (သီဟိုဠ်မူ-ကုဋေ တိဿ မဟာပိဟာရ) ကျောင်းတိုက်ကြီးသို့ ဆရာတပည့် ကြွကြလေသည်။
သာမဏေငယ်သည် ဆွမ်းခံကြွသောအခါ မိမိဆရာတော်နှင့်အတူ ဆွမ်းခံ သော်လည်း ကျောင်းမှကြွသောအခါ အတူလိုက်ပါ၍ မသွား။

“အရှင်ဘုရား…ဒီယနေ့ အဘယ်ရွာသို့ ဆွမ်းခံကြွပါမည်လဲ”လျှောက်ကာ ဆရာ၏ သပိတ် သင်္ကန်းကြီးများကို ယူထားလိုက်ပြီးလျှင် ဆွမ်းခံဝင်မည့် ရွာ

,,

## PAGE 517
<!-- 12 paragraphs, raw extraction -->



အပေ


ပေါက်သို့ မထေရ်ကြီးရောက်ချိန်မှ ကျောင်းမှထွက်၍ ကောင်းကင် ခရီးဖြင့် အမီလိုက်လေ့ရှိသည်။ ရွှာသို့ဝင်ခါနီးမှ သပိတ် သင်္ကန်းများကို -ဆက်ကပ်လေ့

ရှိ၏။

“ကိုရင်…၊ ဒီလိုမလုပ်နှင့်။ ပုထုဇဉ်တို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်ဆိုတာ ခိုင်မြဲမှု မရှိဘူး။ မသင့်လျော်တဲ့ ရူပါရုံ စသည်နှင့်တွေ့လျှင် ဘာ မဟုတ်တာကလေးနဲ့လဲ ပျက်စီး ဆုံးရှုံးတတ်တယ်။ ရှိထားတဲ့ ဈာန်သမာပတ်တွေ ယုတ်လျော့သွားယင် အကျင့်သီလ ဗြဟ္မစရိယကိုလဲ လုံခြုံအောင် စောင့်ထိန်းထားနိုင်ဖို့ ခက်တယ်” ဟု မကြာခဏ ဆုံးမတော်မူလေ့ရှိသော်လည်း သာမဏေငယ်မှာ ဘာတွေ ပြော မှန်းပင် မသိ။ မကြားယောင်ဆောင်၍သာ နေခဲ့လေသည်။

မထေရ်ကြီးလည်း.. သာမဏေကိုခေါ်၍ တန်ခိုးကြီး စေတီတော်များကို လှည့်လည်ဖူးလျက် ကမ္ဗုဗိန္ဓု (သီဟိုဠ်မူ-ကုပုဝေဏ၊ သာရသင်္ဂဟအလို ကုဗုဗောဇ္ဖ) ကျောင်းတိုက်သို့ ကြွတော်မူသည်။ ထို၌ နေသောအခါတွင်လည်း သာမဏေသည် တန်ခိုးကို သုံးမြဲသုံးကာ ဆရာ၏စကားကို မနာယူ၊ ပြုမူမြဲ ပြုမူနေ၏။

မထေရ်ကြီးသည် ဆွမ်းခံချိန်ရောက်သဖြင့် ကမ္ဗုဗိန္ဓု ခေါ် ယက်ကန်းသည် ရွာကြီးသို့ တပါးတည်းကြွနှင့်လေ၏။ သာမဏေလည်း မထေရ်ကြီး ရွာပေါက် ရောက်ခါနီးလျှင် ထုံးစံအတိုင်း ကောင်းကင်မှ ပျံကြွ လိုက်ပါလာလေသည်။
ကျောင်းနှင့် ရွာအကြား၌ ကြာအိုင်ကြီးတအိုင် ရှိလေရာ သာမဏေသည် ထို ကြာအိုင်ပေါ်မှ ဖြတ်ကျော်သွားရ၏။ ထိုနေ့ကား ထိုကြာအိုင်ကြီး အတွင်း၌ ကမ္ဗုဗိန္ဒုရွာမှ အလွန် ချောမောလှပသော ယက်ကန်းသည်မကလေး တဦးသည် သီချင်းများ သီဆိုလျက် ကြာပန်းများကို ဆင်း၍ချိုးနေ၏။

ယက်ကန်းသည်မလေး သီချင်းသံကြောင့် ဈာန်လျှော၍ကျပုံ မှတ်ဖွယ်

ယက်ကန်းသည်မကလေး၏ သီချင်းသံသည် ကြာအိုင်အပေါ်မှ ပျံကြွ လာသော ရှင်သာမဏေကလေး၏ နား၌ ပင့်ကူမြှေးအစေးငြိသော ယင်ကန်း ကဲ့သို့ ငြိစွဲသွားရာ မခွာနိုင်တော့ပဲ ထိုနေရာ၌ပင် ဈာန်အဘိညာဉ် တန်ခိုးများ ကွယ်ပျောက်ရလေ၏။ အတောင်ပံကျိုးသောငှက်ပမာ မြေပြင်သို့ ကျဆင်းလာ လေတော့သည်။

သို့သော် ဈာန် လျှောကျရသော်လည်း ဈာန်သမာပတ် တန်ခိုးကြောင့် ချောင်းကန်သမုဒ္ဒရာ စသည်တို့၌ ကျရိုးထုံးစံ မရှိချေ။ ကြိုးပြတ်ကျသူ၊ အမြင့်မှ ကျသူတို့ကဲ့သို့လည်း ထိခိုက်နစ်နာခြင်းမရှိ၊ လဲဝါဂွမ်းများ ကျသကဲ့သို့သာ ကျ

## PAGE 518
<!-- 13 paragraphs, raw extraction -->




လေသည်။ ဈာန်ကြိုးပြတ်သော သာမဏေလည်း တရွေ့ ရွေ့ ကျလျှောကာ ကြာအိုင်ကြီး ဆိပ်ကမ်း၌ ကျလေ၏။

အချိန်လည်း နီးကပ်နေသဖြင့် ဥပဇ္ဈာယ်ဆရာ၏ သပိတ်နှင့်သင်္ကန်းကြီးကို မထေရ်ကြီးရှိရာ ရွာဝင်ပေါက်သို့ ကုန်းကြောင်းလျှောက် အပြေး သွားကာ ဆက်ကပ်လိုက်၏။ မည်သို့မျှ အကျိုးအကြောင်း မလျှောက်ထားပဲ ချက်ချင်းပင် ကြာအိုင်ဘက်သို့ လှည့်ထွက်ခဲ့လေသည်။ မ ထေရ်ကြီး လည်း ဒီလို ငါမြင်လို့ အကြိမ်ကြိမ် တားပေမယ့် နားထောင် ရကောင်းမှန်း မသိရှာပဲကိုး’ ဟုသာ အောက်မေ့တော်မူ၍ တစုံတရာ မေးမြန်း ပြောဆိုခြင်း မပြုပဲ ဆွမ်းခံဝင်တော် မူလေသည်။

သာမဏေလည်း ကြာအိုင်သို့ အလျင်အမြန် ပြန်လာကာ (အဝတ်အစား များ ချွတ်၍ ပုံထားသော) ကြာအိုင်ဆိပ်ကမ်းနဖူး၌ ရပ်လျက် ယက်ကန်းသည် မကလေး တက်လာမည့်အချိန်ကို စောင့်မျှော်နေလေ၏။

ယက်ကန်းသည်မကလေးလည်း ကိုရင်ကလေး ကောင်းကင်မှ ကြာအိုင်ကို ဖြတ်ကျော်၍ ပျံသွားသည်ကိုလည်း မြင်လိုက်၏၊ ယခု ကြာအိုင် ဆိပ်ကမ်းသို့ ရပ်၍ စောင့်နေသည်ကိုလည်း မြင်ရသဖြင့် မိမိအပေါ် သံယောဇဉ်ရှိနေမှန်း လေ၏။ သို့ရာတွင် အဝတ်အစားများမပါပဲ ကြာပန်းဆင်းခူးခဲ့သဖြင့် ကုန်းပေါ် ပြန်တက်ရန် ခက်နေသဖြင့်’

..

“ကိုရင်…….၊ ခဏ တနေရာ ရှောင်ပေးပါဦး”ဟု ပြောဆို၍ ကိုရှင် ရှောင် တိမ်းပေးမှ ကမ်းပေါ်သို့ တက်ကာ အဝတ်အစားများ ဝတ်ရလေ၏။ အဝတ် ဝတ်ပြီး၍ သာမဏေ၏ အနီးသို့ သွားကာ အကျိုးအကြောင်း ရိုသေစွာ မေးလျှောက်၏။

အစား

o

သာမဏေက လူထွက်ရန်၊မေတ္တာမျှရန် ပြောပြသောအခါ ယက်ကန်း သည် မလေးသည် သရာဝါသ လူ ့လောက၏အပြစ်များကို များစွာ ပြောပြ လေ၏။ သာသနာ့ဘောင်၌ နေရသော အကျိုးကျေးဇူးများကို ပြောပြ၍ တောင်းပန် လေသည်။ သာမဏေကား ယက်ကန်းသည် မလေး၏ စကားကို တွင်တွင်သာ ငြင်းပယ်နေတော့သည်။

ယက်ကန်းသည်မလေးမှာလည်း မည်သို့မျှ နားချပြောဆို တောင်းပန်၍ မရတော့သည့်အပြင် မိမိကြောင့်ပင်ဤမျှလောက်ကြီးကျယ်သော တန်ခိုးဣဒ္ဓိပ များဆုံး ရှုံးသွားရသဖြင့် သာမဏေကလေး၏အပေါ်၌ သနားစိတ်ဝင်သွားကာ- “ဒါဖြင့်လဲကိုရင်…၊ ဒီကပဲ ခဏကလေး စောင့်နေခဲ့ပါဦး” အကျိုး အကြောင်းပြောဆိုတောင်းပန်ကာ အိမ်သို့ပြန်၍ မိဘများကိုပြောဆိုလေ၏။ မိဘ

## PAGE 519
<!-- 12 paragraphs, raw extraction -->


၄ ၇ ၆


များရောက်လာသောအခါတွင်လည်း သာမဏေအား အကြောင်းစုံ ဖျောင်းဖျ နားချကြပြန်ရာ နားမထောင်ပဲ ငြင်းမြဲငြင်းနေပြန်၍–

ကိုရင်...၊ တပည့်တော်တို့ကို ဆွေကြီးမျိုးကြီးများ ထင်မှတ်နေသလား ကိုရင်၊ တပည့်တော်တို့မှာ သားအမိ သားအဖတတွေ တနေကုန်ယက်ကန်းရက်မှ စားရတဲ့ ဆင်းရဲသားတွေပါ၊ ဒီလိုကြမ်းတမ်းတဲ့ အလုပ်မျိုးကို ကိုရင် လုပ်နိုင် မှာလား”ဟုပြောပြရာ သာမဏေက—

“ဒကာကြီး….၊လူဖြစ်မှတော့ ယက်ကန်းရက်ရတဲ့အလုပ်ဖြစ်ဖြစ်၊ ကျူထရံ ရှက်ရတဲ့အလုပ်ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လုပ်နိုင်ရမှာပေါ့ဒကာကြီး၊ ပုဆိုးကလေး တထည်လောက်ပေးရမှာ နှမြောမနေပါနှင့်”ဟု ဒကာကြီးချိုင်းကြား၌ ညှပ်ယူ လာသော အဝတ်များကိုကြည့်၍ပြောလိုက်ရာ ယက်ကန်းသည် ဒကာကြီးလည်း ယူလာသောအဝတ်ကို ပေးလိုက်ရလေ၏။ ချက်ချင်းပင် ရှင်လူထွက်ကာ သမီး ငယ်နှင့်အတူ ' အိမ်သို့ခေါ်ဆောင်သွား လသည်။

ကိုရင်လူထွက်လည်း ကမ္ဗုဗိန္ဓုယက်ကန်းသည်ရွာကြီး၌ ယက်ကန်းအတတ် များ သင်ယူကာ အများနည်းတူ လုပ်ကိုင်စားသောက်ရရှာလေ၏။

ထိုရွာရှိ ယက်ကန်းသည်များ အားလုံး ရွာလယ်ရှိ ယက်ကန်းရုံကြီးသို့ နေထွက်မှနေဝင် တနေကုန် စုပေါင်းအလုပ်ဝင်ကြရ၏။ နေ့လယ်စာအတွက် ထမင်းများကိုချက်ပြုတ်ပြီး ယူဆောင်ခဲ့ကြရလေသည်။ အိမ့်ရှင်မများက ထမင်း လိုက်၍လည်း ပို့ပေးကြ၏။ .

အခြားယက်ကန်းသမားများသည် စားချိန်ရောက်လျှင် အလုပ်မှ ရပ်နား ကာ ထမင်းစားနေကြသော်လည်း ကိုရင်လူထွက်မှာ အိမ်ရှင်မှကလေး ထမင်း လာမပို့သေးသဖြင့် မနားရမစားရသေးချေ။ ထမင်းဆာဆာနှင့် ရက်ဖောက် များ၌ ချည်ရစ်လျက် စောင့်နေရလေ၏။ အလွန်နေမြင့်မှ အမောတကော ရောက်လာသောဇနီးအား ကိုရင်လူထွက်က “နောက်ကျရကောင်းလား'ဟု ဟိန်း ဟောက်ငေါက်ငမ်းလေ၏။.

မာတုဂါမတို့မည်သည် စကြဝတေးမင်းကြီးပင်ဖြစ်စေကာမူ မိမိအပေါ်၌ စွဲလမ်းတပ်မက်မှန်းသိလျှင် ကျွန်ကဲ့သို့ပင် မှတ်ထင်ထားလေ့ရှိသည့်အတိုင်း ပြန်၍ စိတ်လိုက်မာန်ပါ အော်ပြောချေပလိုက်လေသည်။

"

“ကိုယ်တော်…တဆိတ်ရှိ သူများကို မာန်ဖို့မဲဖို့ပဲသိတယ်၊ သူများတွေ အိမ်မှာက ထင်းတို့ရေကို ဆန်ဆီဆားအားလုံးအဆင်သင့်၊ အပြင်က ဝိုင်းဝန်း ကူညီပြီးလုပ်ပေးတဲ့လူတွေဘာတွေနဲ့၊ ကျွန်မမှာက ထင်းမရှိလဲ ကျွန်မပဲ၊ ဆန်ဆီ မရှိလဲ ကျွန်မပဲ၊ ကျွန်မတယောက်ထဲလုပ်နေရတာ၊ ရှင်...ကိုယ့်အိမ်မှာ ဘာရှိလို့ ရှိမှန်း, မရှိလို့ မရှိမှန်းမသိဘူး၊ ကိုယ့်စိတ်နဲ့မတွေ့တိုင်းဆူဖို့ ကြိမ်းဖို့ပဲတတ်တယ်၊
ရော့...ကိုယ်တော် ထမင်း..၊ ကြိုက်လဲဘုဉ်းပေး၊ မကြိုက်လဲနေရုံပဲ”

## PAGE 52
<!-- 10 paragraphs, raw extraction -->


ဂ


ဗုဒ္ဓမရှိသည့်နောက် ပဓာန ဗုဒ္ဓနိုင်ငံတော်

ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် နောက်ပါ ရဟန်းငါးရာနှင့် အတူ သုံးကြိမ်သုံးခါကြွရောက်၍ သမာပတ်ဖြင့် သီတင်းသုံးတော်မူဖူး၏းလူနေ ဒေသမဖြစ်သေး။ (မြတ်စွာဘုရား သမာပတ် ဝင်စားရာ သမိုင်းဝင် ၁၆-ဌာန နောက်ဆက်တွဲ ဂ-ငယ်တွင် ရှုပါ။)

လာဠတိုင်း၊သီဟပုရပြည်၊ သီဟဗာဟုမင်းကြီး၏ သားတော်ကြီးဖြစ်သော ဝိဇယဗာဟု အိမ်ရှေ့မင်းသားသည် တိုင်းသူ ပြည်သားတို့အား အနိုင့်အထက် နှိပ်စက်ညှဉ်းပန်းမှုဖြင့် ကျွန်သင်းခုနစ်ရာ သားမယားများနှင့် အတူတကွ ပြည် နှင်ဒဏ် အပေးခံရ၏။ ဝိဇယမင်းသားသည် ဘုရားရှင်၏မေတ္တာဗျာဒိတ်တော်အရ သိကြားမင်း၏အကူအညီဖြင့် သားမယားကျေးကျွန်များနှင့်အတူ သီဟိုဠ်ကျွန်းသို့ ချောမောစွာ ဖောင်ဆိုက်ရောက်လေ၏။

ထိုနေ့ကား သုံးလောကမျက်ရှု သဗ္ဗညုဘုရားသခင် မဟာပရိနိဗ္ဗာန် စံဝင် တော်မူသော နေ့ထူးနေ့မြတ်ကြီးနှင့် တိုက်ဆိုင်နေပေတော့သည်။

ထိုအခါမှစ၍ အမနုဿဘီလူးများ စိုးစံရာ သီဟိုဠ်ကျွန်းသည် လူနေဒေသ ဖြစ်၍လာခဲ့၏။စင်စစ် ဝိဇယမင်းသားသည် “အဆိုးထဲက အကောင်းထွက် ဆို သကဲ့သို့ သာသနာတော်အတွက် လူနေဒေသ နယ်ပယ်သစ် ခုတ်ထွင်ရသူပါပေ။
ဗုဒ္ဓမရှိသည့်နောက် သီဟိုဠ်နိုင်ငံသည် အချက်အချာကျသော ထေရ၀ါဒနယ်ပယ် သစ်တခု ဖြစ်ရုံမျှမက ပဓာနဗုဒ္ဓနိုင်ငံတော်တခု ဖြစ်ခဲ့လေသည်။

သာသနာတော်နှစ် တစ်ခုနှစ်၊ ဝိဇယမင်းမှစ၍ သီဟိုဠ်နိုင်ငံ၌ သီဟိုဠ် မင်းပေါင်း၁ဂ၁-ဆက် စိုးစံခဲ့၏။ ခရစ်နှစ် ၁၅ဝ၅-ခုနှစ်တွင်ပေါ်တူဂီလူမျိုးများ ၁၆၀၂၁၁ ၆၅၇-ခုနှစ်တွင် ဒတ်ချ်(နယ်သာလင်)လူမျိုးများက ကမ်းရိုးတန်းမြို့ ကြီးများကို သိမ်းပိုက်ခဲ့ကြသည်။ ၁၇၉၆-ခုနှစ်မှစ၍မူ ဗြိတိသျှတို့က တနိုင်ငံလုံး ကို စိုးအုပ်ခဲ့ကြလေသည်။ ၁ ၉ ၄၈-ခုနှစ်၊ ဖေဖော်ဝါရီလ ၄-ရက်နေ့တွင် ဒိုမီနီယံ လွတ်လပ်ရေးရ၍ ၁ ၉ ၇၂-ခုနှစ်၊ မေလ ၂၂-ရက်နေ့မှစ၍ “သီရိလင်္ကာဆိုရှယ်လစ် သမ္မတနိုင်ငံ” ဖြစ်လာ၏။

သီဟိုဠ်ရာဇဝင် သာသနာဝင်၌(ဤစံတော်ဝင်အတွက်) အထူးမှတ်သား သင့်သော မင်းများမှာ တဘက်ပါအတိုင်း ဖြစ်သည်။

## PAGE 53
<!-- 49 paragraphs, raw extraction -->


၁။ ဝိဇယမင်း

၂။ မုဋသီဝမင်း


၃။ သားတော် ဒေ၀ါနံပိယတိဿ

သာသနာတော်နှစ်’၁


နန်းစံ ၃၈-နှစ်

၆၀’နှစ်

H ၁၇၇

(1


(၃၀၇’၂၆၇ ဘီစီ)

၄၀-နှစ်

၄။ မြေးတော် ဒုဋ္ဌဂါမဏိအဘယမင်း


(၁၀၁–၇၇ ဘီစီ)

၅။ ညီတော် သဒ္ဓာတိဿမင်း

၆။ သားစောခ် ဝဋ္ဋဂါမဏိအဘယမင်း

(ပထမအကြိမ်) (ဒုတိယအကြိမ်) ။

။


၂ ၄ နှစ် (၇၇-၅၉ ဘီစီ)

၁၈-နှစ်

။


ET

၅-လ


11

၁၂ –နှစ်

၇။ မဟာနာမ(သီရိပါလ)မင်း


၂၂-နှစ်

ဂ။ သီရိသင်္ဃဗောဓိခေါ်

ပထမ ပရက္ကမဗာဟုမင်း


၃ ၃’နှစ်

သီရိဝိက္ကမ ရာဇသီဟ(နောက်ဆုံး)မင်း


၁၀-နှစ်

။ ၁၇၉၆

၁၅၂ -နှစ်

၉။ ဗြိတိသျှအုပ်ချုပ်ရေး(ခရစ်နှစ်)

ရဟန္တာကြီးများ အမြင်ဉာဏ်နှင့် ကျွန်ုပ်တို့ဘုန်းကံ

သီဟိုဠ်ကျွန်းသို့ ထေရဝါဒ ဗုဒ္ဓသာသနာတော် ရောက်ရှိပြန့်ပွား ထွန်းကား သည်မှာ တတိယသံဂါယနာ သံဃနာယက(ဗြဟ္မာ့ပြည်မှ တာဝန်နှင့်လာရသော) ကမ္ဘာ့ သာသနာပြု အရှင်မဟာမောဂ္ဂလိပုတ္တတိဿနှင့် သာသန ဒါယကာ အသောကမင်းတရားကြီးတို့၏ ကြိုးပမ်းချက်ပင် ဖြစ်ပေသည်။

( Buddhism in Pakistan ၌ အရှင်မောဂ္ဂလိပုတ္တတိဿကိုပင် ဥပ· ဂုတ္တ ဟု မှားယွင်းစွာ ဖော်ပြထားသည်။

ထေရဝါဒ ဗုဒ္ဓသာသနာတော်သည် အနာဂတ်ကာလတွင် ဗုဒ္ဓ ဖွားမြင် တော်မူရာ မဇ္ဈိမဒေသ (ဣန္ဒိယနိုင်ငံ) မြို့ကြီးများ၌ ကြာရှည်စွာ ဆက်လက် ထွန်းကားရန် မရှိ၊ မဇ္ဈိမဒေသ တိုင်းစွန်ပြည်နယ်များနှင့် အထူးသဖြင့် အရံ ကျွန်းငယ်များဖြစ်သော သီဟိုဠ်၊ သုဝဏ္ဏဘူမိ (သထုံ-မြန်မာပြည်) အရပ်များ၌ သာ အရှည်ထွန်းကားမည်ကို မြင်တော်မူကြ၏။ ထို ့ကြောင့် သာသနာတော်နှစ် ၂၃၅-ခုနှစ် ပါဋလိပုတ်နေပြည်တော်၌ တတိယ သံဂါယနာတင်စဉ် ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုအဖွဲ့များကို စေလွှတ်တော်မူခဲ့ကြလေသည်။

အနာဂတံသ ဉာဏ်တော်အမြင်ဖြင့် သာသနာသိုက်ပြောင်းရန် စီစဉ်တော် မူကြခြင်းပင် ဖြစ်၏။

## PAGE 54
<!-- 9 paragraphs, raw extraction -->



အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ စသော သံဂါယနာတင် ရဟန္တာ အရှင် မြတ်ကြီးများ၏ ဉာဏ်တော်အမြင်မှာ သာမန် လောကဉာဏ်ကြီးရှင်တို့ မြင်သော အမြော်အမြင်မျိုး မဟုတ်ချေ။ကမ္ဘာသုံးဆယ်၊ လေးဆယ် မစင်မကြယ်မြင်သော သာသနာအပြင်ဘက်မှ လောကီအမြင်ရသော ပုဂ္ဂိုလ်တို့၏ အမြင်မျိုးနှင့်လည်း မနှိုင်းယှဉ်သင့်ချေ။

စင်စစ် ဘဝပေါင်းများစွာ ကမ္ဘာပေါင်းအသင်္ချေကို ကုန်စင်တိကျစွာ လင်းလင်းချင်းချင်းကြီး မြင်နိုင် သိနိုင်သော လောကလွန် အမြင်များသာ ဖြစ် ချေသည်။

ထိုသို့သော ဉာဏ်တော်အမြင်ဖြင့် စီစဉ်ဆုံးဖြတ်၍ သာသနာပခုံးပြောင်း လွှဲအပ်ပေးခြင်း ခံယူကြရသော ကမ္ဗောဒီးယား, ယိုးဓယား, လာအို၊ အထူး သဖြင့် သီဟိုဠ်, မြန်မာ ကျွန်ုပ်တို့ဘုန်းကံမှာ နှယ်နှယ်ရရ မဟုတ်တန်ရာပေ။

ထေရဝါဒသာသနာ့အောင်လံတော်ကြီးကို လက်ဆင့်ကမ်းကာ ဆက်လက် ထမ်းဆောင်နေကြရသော . ကျွန်ုပ်တို့၏ ဖြတ်သန်းခဲ့ရသည့် ခရီးကြမ်းများ၊
ရွှေတွင်လည်း ဆက်လက် ချီတက်ကြရဦးမည့် ခရီးစဉ်များတွင် “မည်သည့်အခါ၊
မည်သည့်နေရာတွင်၊ မည်သို့ဖြစ်မည်’ကိုလည်း ကြိုတင်၍ အသေးစိတ် သိမြင်တော် မူခဲ့ကြပြီးပင် ဖြစ်ပေသည်။ .

[ ဆဋ္ဌသံဂါယနာတင်စဉ် ၂၆-၃-၅၆ မှ ၂၅-၄-၅၆ နေ့ အထိ ဣန္ဒိယ, သီဟိုဠ် အစိုးရများ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ကြွလာ အပူဇော်ခံသော အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ် မြတ်ကြီး၏ ဓာတ်တော်ပုံကို ရွှေ့၌ပြထား၏။

၁၈၅၁-ခုနှစ်က ဣန္ဒိယပြည် ဆံချီမြို့မှရရှိ၍ ၁၉၄၆-ခုနှစ်၊
ဗြိတိသျှပြတိုက်၌ ထားရှိရာမှ သီဟိုဠ်အစိုးရက ဗြိတိသျှတို့ထံမှ တောင်းခံ၍ . သီဟိုဠ်ကျွန်း ကန္ဒီမြို့၌ စွယ်တော်မြတ်နှင့် အတူ ပူဇော်ထားကြသည်။

ဓာတ်တော်ကြုတ် တခုထဲ၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ၊
ါတိပုတ္တ၊ ကောသိကီပုတ္တ ရဟန္တာအရှင်မြတ်ကြီး သုံးပါးတို့၏ ဓာတ်တော်များကို တပေါင်းတည်း ထည့်သွင်း၍ ဆံချီစေတီ တော်၌ အသောကမင်းကြီး ဌပနာခဲ့ခြင်းဖြစ်၏။ ဓာတ်တော် ကြုတ် အဖုံး၏အပေါ်, အတွင်းနှင့် အောက်ခြေ သုံးဌာန၌ ကမ္ပည်းများ အသီးအသီး ရေးထိုးထားလေသည်။ The Light of the Dhamma. ဆဋ္ဌသံဂါယနာ အထူးထုတ်မှ။ ]

## PAGE 520
<!-- 15 paragraphs, raw extraction -->




ကိုရင်လူထွက်မှာ လူပုံအလယ်တွင် ရှက်ရှက်နှင့် စိတ်မထိန်းနိုင်တော့ပဲ “နေမြင့်မှလဲ ထမင်းလာပို့သေးရဲ့၊ ငါ့ကိုထိပါးပုတ်ခတ်ပြီး ပြောရကောင်းလား ဟု စိတ်ဆိုးကာ ရိုက်ရန်တုတ်ရှာ၍ မရသဖြင့် ရုတ်တရက် ရက်ဖောက်တံဖြင့် မျက်နှာကိုပိတ်၍ ပစ်ပေါက်လိုက်၏။ ယက်ကန်းသည်မကလေးသည် မျက်နှာကို တိမ်းဖယ်လွှဲလိုက်သော်လည်း ရှောင်လိုက်ခါမှ ထက်လှသော ရက်ဖောက်တံ အချွန်နှင့် မျက်စိနှင့် တည့်တည့်ဖြစ်ကာ မျက်စိတဘက်၌ စူးဝင်သွားလေသည်။
ယက်ကန်းသည်မကလေးလည်း မျက်စိကို လက်ဝါးနှင့်ပိတ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေ၏။ မျက်စိမှသွေးများလည်း တသွင်သွင်ကျလေတော့သည်။
ထိုအခါကိုရင်လူထွက်လည်း ယူကျုံးမရ ငိုကြွေးလေ၏။ အနီးရှိ လုပ်ဖော်

ကိုင်ဘက်များက

"

“သူငယ်ချင်း….၊ ခုမှတော့ငိုမနေနဲ့တော့၊ ငိုနေလို့ ကန်းသွားတဲ့မျက်စိ တဘက်က ပြန်ပြီးကောင်းလာမှာမဟုတ်ဘူး” စိတ်ကိုဖြေ၍ လုပ်သင့်တာ လုပ်ရန် ကိုသာ ပြောဆိုနားချကြရာ ကိုရင်လူထွက်က-

"

ကျွန်တော်…ဒါကြောင့် ငိုတာမဟုတ်ပါဘူး၊ ဆရာ့စကားကို နား မထောင်မိလို့”အစချီကာ အကြောင်းစုံကို ပြန်လည်ပြောပြလေ၏။

“မင်း… ယက်ကန်းသည် အကန်းမကလေးရဲ့ လက်နှင့်နယ်တဲ့ ဆန်ပုန်းရည် ကို သောက်နေရလိမ့်မယ်တဲ့ ကျွန်တော် ဥပဇ္ဈာယ်ဆရာဟာ အရှည်မြင်တော်မူပါ တယ်၊ ကျွန်တော်သာ ဆရာ့စကား နားမထောင်မိလို့ ယခုလိုဖြစ်ရတာပါပဲ” ဆိုကာ ငိုယိုမြည်တမ်းကာ နောင်တဖြစ်ရှာလေတော့၏။

ဟု

လောကုတ္တရာအင်အား အထိန်းအကွပ်မပါသော လောကီတန်ခိုးဣဒ္ဓိပါဒ် သည် သတ္တဝါတို့အား ဆင်းရဲစေတတ်ကြောင်း သင်ခန်းစာဘရပ် ဖြစ်လေ၏။
(မ-ဋ္ဌ-၃၊ ၁၇ ၁-မဟာသကုလုဒါယီသုတ်အဖွင့်။ ဝိဘင်္ဂအဋ္ဌကထာ-၂၇ ဂ။) “ကိုရင်ကလေး … တော်တော်ဈာန်ကစား၊ ကန်းမနှင့်ညား’ဟု ပြောရိုး ဆိုစဉ်ရှိသော ဝတ္ထုတည်း။

မှန်ကင်းတလှည့်ထင်းတလှည့် ဈာနလာဘီပုဂ္ဂိုလ်

တခါက ရဟန်းတော်သုံးကျိပ်တို့သည် ကလျာဏီမဟာစေတီကို ဖူးမြော် ပြီးတောလမ်းခရီးဖြင့် ပြန်ကြွကြလေရာ လမ်းခွတ်လတ်၌ မီးသွေးဖုတ်ပြီးပြန်လာ သော ဒကာကြီးတဦးကို တွေ့မြင်ကြသည်။

ထိုဒကာကြီးမှာ တနေကုန်တောမှာ ထင်းမီးသွေးဖုတ်ခြင်း အလုပ်ဖြင့် လုပ်ကိုင်ရလေရာ နေဝင်ခါနီးလျှင် တဝက်တပျက်လောင်ကျွမ်းပြီး ထင်းမီးသွေး

## PAGE 521
<!-- 18 paragraphs, raw extraction -->




များကို စုစည်းထမ်းဆောင်၍ အိမ်သို့ ပြန်လာ၏။ တကိုယ်လုံးလည်း မီးသွေး များပေကျံနေ၏။မီးသွေးပေကျံနေသော ခါးဝတ်ကိုလည်း လိမ်ကျစ်၍ ဝတ် ထားရာ သစ်ငုတ်တို မီးလောင်ထားသကဲ့သို့ရှိ၏။ လိမ်ကောက်နေသော ဆံပင် များလည်း ကျောဘက်၌ ဖားလျားကျနေရာ ကြောက်မက်ဖွယ် ရုပ်လက္ခဏ၁ ဆောင်နေတော့သည်။ ထင်းမီးသွေးစည်းများကိုထမ်း၍ အလုပ်ခွင်မှ လမ်းမရှိရာ သို့ ဦးတည်လာနေစဉ် ရဟန်းတော်များနှင့်အတူပါလာသော ကိုရင်ကလေးများ မှာ တပါးမျက်နှာ တပါးကြည့်ပြီး–

"

“ဟေ့... ကိုရင်တိဿ၊ ဟိုမှာကိုနှင့်အဖေဒကာကြီး လာနေတယ်။” “အံမာ…အဲဒါ ကိုရင့်အဖိုးပဲ” စသည်ဖြင့် ပြောင်လှောင် ပြောဆိုနေ ကြ၏။ ဒကာကြီး မိမိတို့အနီးသို့ရောက်သောအခါ “ဒကာကြီးနာမည် ဘယ်လို Tသလဲ”ဟု မေးကြလေလျှင် မီးသွေးဖုတ် ဒကာကြီးမှာ ဝမ်းနည်းပက်လက် ဖြစ်ကာ ထင်းမီးသွေးစည်းကို အသာအယာချပြီး-

"

“အရှင်ဘုရားတို့…ခဏ ဆိုင်းငံ့တော်မူကြပါဦး”ဟု လျှောက်လေ၏။ပုဆိုး ကိုလည်း ..ပြင်ဆင်ခါတွက်၍ . ဝတ်ပြီးနောက် မထေရ်ကြီးများအား ရိုသေစွာ ရှိခိုးလေ၏။

ကိုရင်သာမဏေကလေးများမှာ မထေရ်ကြီးများ ရွှေ့မှာပင် ပြက်ရယ် ပြောင်လှောင်နေကြလေသည်။ ထိုအခါ ဒကာကြီးက

"

-

“ကိုရင်တို့……၊ အရှင် ဘုရားများ တပည့်တော်ကို ကြည့်ပြီး ပြက်ရယ် ပြောင်လှောင်နေကြသလား။ ကိုရင်..ယခုလို ဘုရားအရေတော် ခြုံထားရုံနှင့် ပြည့်စုံပြီလို့တော့ မမှတ်ကြပါနှင့်။ တပည့်တော်လဲ တချိန်က အရှင်ဘုရားတို့လို ရဟန်းတပါး ဖြစ်ခဲ့ပါတယ်။

"

-

“ယခု ကိုရင် ဦးပဉ္စင်းများကိုကြည့်ရတာ စိတ်တည်ငြိမ်မှုကလေးလောက် တောင် မရှိကြသေးပါဘူး။ တပည့်တော်များ ရဟန်းဝတ်နဲ့ သာသနာတော်မှာ နေတုန်းက အလွန် တန်ခိုး ဣဒ္ဓိပါဒ်ကြီးပါတယ် ဘုရား။ ကောင်းကင်ကြီးကို မြေကြီးလုပ်နိုင်တယ်။ - မဟာပထဝီ မြေကြီးကိုလဲ ကောင်းကင်လုပ်နိုင်ပါဘယ်၊
အဝေးကို နီးအောင်၊ အနီးကိုလဲ ဝေးအောင် လုပ်လို့ ရခဲ့ပါတယ်။ စကြဝဠာ တသိန်းလောက်များတော့ ချက်ချင်းဒိုးယိုပေါက်သွားလို့ ရခဲ့ပါတယ်။

"

နေလကို ကိုင်ခဲ့သော လက်နှင့် မီးသွေးဖုတ်ခြင်း

“အရှင်ဘုရားများ၊ ယခု တပည့်တော်ရဲ့ လက်တွေ့ ကြည့်ကြစမ်းပါ ဘုရား။ တောထဲက မျောက်လက်နဲ့မတူဘူးလား။ ဒါပေမယ့် အရှင်ဘုရားတို့၊
တချိန်က ဒီလက်ဝါးတွေဟာ လူ့ ပြည်မြေပြင်ကနေထိုင်ရာမထ လတွေနေတွေကို

## PAGE 522
<!-- 7 paragraphs, raw extraction -->



928

သုံးသပ် နိုင်ခဲ့ပါတယ်။ `ဒီခြေထောက်တွေဟာလဲ လတွေ နေကို ခြေပွတ် အိုးခြမ်းလိုနင်းခဲ့တဲ့ ခြေထောက်တွေပါ။

"

“အဲသည်လောက် ကြီးမားတဲ့ တန်ခိုး ဣဒ္ဓိပါဒ်တွေဟာ တပည့်တော်ရဲ့ သတိမထား ဝိပဿနာမရှုပွားပဲ အမြဲတမ်း ဒီအတိုင်းနေသွားရမလောက် တရား လက်လွတ်မေ့လျော့မိခဲ့တဲ့အတွက် ခုတော့ ဒါတွေ အကုန်လုံး ပျက်စီး ပျောက် ကွယ်ခဲ့ရပါတယ် ဘုရား။ အရှင်ဘုရားများလဲ သာသနာတော်နှင့် ကြုံကြိုက်တဲ့ အခါ မမေ့မလျော့ကြပါနှင့်၊ မေ့လျော့လျှင် ယခုလို ပျက်စီး ဆင်းရဲရတတ်ပါ တယ်။ သူတော်ကောင်းတရားတွေမှာ မမေ့မလျော့ နေသွားတော်မူနိုင်ကြမယ် ဆိုလျှင် ဇာတိ ဧရာ,မရဏ ဆိုတဲ့ သံသရာဘေးဆိုးကြီးက လွတ်မြောက်တော်မူ ကြရမှာအမှန်ပါပဲဘုရား။ တပည့်တော်ကို ကြည့်ပြီး အပ္ပမာခံ သတိယှဉ်ကာ မမေ့မလျော့နေတော်မူကြစေချင်ပါတယ် ဘုရား”ဟု နောင်တလည်းရ၊ ပြောင် လှောင်သည်ကိုလည်း ရှက်စနိုးလှသဖြင့် သံဝေဂ ဖြစ်အောင် လျှောက်ထား လိုက်သည်။

ရဟန်းတော်သုံးကျိပ်နှင့်တကွ ဘုရားဖူးကိုရင်များမှာလည်း ဒကာကြီး၏ စကားကို ကြားကြရသဖြင့် သံဝေဖြစ်ကာ ဝိပဿနာတရားကို ပွားများ ဆင် ခြင်တော်မူကြလေရာ ထိုနေရာ၌ပင် အားလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။
(မ-ဋ္ဌ-၃၊ ၁၇၂-ဝိဘင်္ဂ-ဋ္ဌ-၂၈၂။)

## PAGE 523
<!-- 7 paragraphs, raw extraction -->


တင်ထွန်းကျော်/

အခန်း (ဂ)

သိခက်သော အရိယ သဘာဝနှင့် အရိယူပဝါဒကံကြီး

တရားငြင်း တရားချင်းပြိုင်

“အာနန္ဒာ…ပုဗ္ဗဘာဂမဂ်(သမထ ဝိပဿနာ လောကီမဂ္ဂင်)၌ဖြစ်စေ၊
ကျင့်စဉ်၌ဖြစ်စေ သံဃာ့ဘောင်၌ ငြင်းခုံမှုဖြစ်သော် ဖြစ်နိုင်ရာ သေး၏။
(လောကုတ္တရာမဂ်၌ကား ငြင်းခုံဖွယ် မရှိ။) အကယ်၍ ငြင်းခုံမှုဖြစ်ခဲ့လျှင် ထိုငြင်းခုံမှုသည် သတ္တဝါအများ အကျိုးမဲ့ရန်, ချမ်းသာမဲ့ရန် ဖြစ်၏။
များစွာသော လူအပေါင်း၏ အကျိုးပျက်စိးရန်, အစီးအပွားမဲ့ရန်ဖြစ်၏။
နတ်ဗြဟ္မာ သတ္တဝါအားလုံး ဆင်းရဲကြရန်သာ ဖြစ်ပေ၏။

(သာမဂါမသုတ်)

## PAGE 524
<!-- 10 paragraphs, raw extraction -->



ရဲနှင့်နတ်ပြည်ကိုပြ၍ တရားဟောသော ပုဂ္ဂိုလ်ကျော် ဓမ္မဒိန္နထေရ်


သီဟိုဠ်ကျွန်းတလင်္ဂရှကျောင်းနေ အရှင်ဓမ္မဒိန္နမထေရ်သည် အလွန်ထင်ရှား ကျော်ကြား၍ တန်ခိုးနှင့်ပြည့်စုံသော ရဟန္တာအရှင်မြတ်ကြီးတပါး ဖြစ်တော် မူလေသည်။ (မ-ဋ္ဌ-၁၊ ၁၈-၌ တလင်္ဂရှတိဿတောင်၌ နေသည်ဟု လာ၏။) မဟာနာဂ မထေရ်ကြီးနှင့် မဟာတိဿမထေရ်ကြီးနှစ်ပါး အဘိညာဉ် သမာပတ် ဝင်စားတော်မူနိုင်ကြသဖြင့် အနုသယ ကိလေသာများ ငုပ်ကွယ်၍ ရဟန်းကိစ္စ ပြီးပြီဟု အထင်ရောက်တော်မူနေကြစဉ် တရားလမ်းစဉ် အမှန်ရောက် အောင် ညွှန်ပြတော်မူသော ပုဂ္ဂိုလ်မှာ ဓမ္မဒိန္နမထေရ်မြတ်ကြီးပင်ဖြစ်၏။ (မဟာ နာဂ မထေရ်နှင့် မဟာတိဿ မထေရ်နှစ်ပါးအကြောင်း၌ ကြည့်ပါ။)

အဆိုပါ ဓမ္မဒိန္နမထေရ်သည် တနေ့သောအခါ တိဿမဟာဝိဟာရရှိ စေတီရင်ပြင်၌ အပဏ္ဏကသုတ္တန်ကို ဟောကြားတော်မူ၏။ အပဏ္ဏကသုတ္တန်ဟူသည် မူလပဏ္ဏာသပါဠိတော်၌ လာရှိသောသုတ်ဖြစ်၍ ထိုသုတ်၌ “သုံးပါးသော အကျင့် တရားနှင့် ပြည့်စုံသောရဟန်းသည် အပဏ္ဏကပဋိပဒါခေါ်=ကိန်းသေ အကျင့်ကို ကျင့်သည်မည်၏”ဟု အစချီ ဟောကြားသော သုတ္တန်ဖြစ်၏။(မူလပဏ္ဏာသ၌ရှု။) ဓမ္မဒိန္နမထေရ်သည် ထို အပဏ္ဏကသုတ်ကို ဟောတော်မူစဉ် ကိုင်ဆောင် ထားသောယပ်ကို အောက်ဖက်သို့ညွှတ်၍ ပြလိုက်လျှင် တရားနာပရိသတ်မှာ အဝီစိတိုင်အောင် တပြင်တည်း ဟင်းလင်းပွင့်မြင်ရ၏။ယပ်ကို အထက်သို့ ညွှန်ပြ လိုက်လျှင် နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာပြည်နှစ်ဆယ်ကို တပြင်တည်းဟင်းလင်းပွင့် မြင်ရလေသည်။

•

ယင်းသို့ ငရဲဘေးဖြင့် ခြိမ်းခြောက်၍၊ နတ်ချမ်းသာဖြင့် ဖြားယောင်း၍ တရားကို ဟောတော်မူရာ တရားနာသူများ သောတာပန်ဖြစ်သူဖြစ်၍ အချို ရဟန္တာတိုင်အောင် ပါရမီအလျောက် အသီးသီး ကျွတ်ဘမ်းဝင်ကြရလေသည်။
(ဝိသုဒ္ဓိမဂ်-၂၊ ၂ ၁။)

အရှင်မြတ်အား တရားပြရန်ပင့်ခြင်း

အရှင်ဓမ္မဒိန္နကား ရဟန်းပြုစ၊ရဟန်းငယ်ဘဝကပင် ထင်းရှာကျော်ကြား၍ ထိုအရှင်မြတ်၏ ဥပနိဿယဖြင့် တရားထူးရကြသော ပုဂ္ဂိုလ်များမှာ အလွန် မျာ ပြားကုန်၏။

## PAGE 525
<!-- 14 paragraphs, raw extraction -->




ထိုသတင်းကို ကြားသိရသော မဟာဂါမ နေပြည်တော် တိဿမဟာ ဝိဟာရကျောင်းနေ သံဃာတော်များက—

“အရှင်ဓမ္မဒိန္နဟာ ပုဂ္ဂိုလ်နှင့်မသင့်လျော်တဲ့ ကမ္မဋ္ဌာန်းကိုပေးတဲ့ဆရာမျိုး မဟုတ်ဘူး၊ အမြန်ပင့်ဆောင်ခဲ့ကြ”ဟု ရဟန်းတော်များအား အရှင်ဓမ္မဒိန္နကို အပင့်လွှတ်လိုက်၏။ ထိုအပင့်လာသော ရဟန်းတော်များ အရှင်မြတ်ထံ ရောက်

သောအခါ..

"

ငါ့ရှင် ဓမ္မဒိန္န၊ တိဿမဟာဝိဟာရကျောင်း သံဃာများက ငါ့ရှင်အား တရားပြပေးရန် အပင့်ခိုင်း၍ လာကြရသည်”ဟု လျှောက်ရာ အရှင်မြတ်က- “အရှင်ဘုရားများဘုရား၊ ယခု ကြွလာကြတဲ့ အရှင်ဘုရား များဟာ သူတပါးကိုပဲ ရှာကြမလား၊မိမိကိုယ်ကိုပဲ ရှာကြမလား”ဟု မေးလျှောက်လေ၏။
ကြွလာသော ရဟန်းများကလည်း မိမိကိုယ်ကိုသာ ရှာကြမည့် အကြောင်း လျှောက်ကြသဖြင့် အရှင်မြတ်က ကမ္မဋ္ဌာန်းပေးလေရာ ကြွလာသော ရဟန်းများ အားလုံး အရဟတ္တဖိုလ်သို့ ရောက်တော်မူကြလေသည်။ ပြန်လည်၍လည်း မကြွ ကြတော့ပေ။

တိဿမဟာဝိဟာရကျောင်း သံဃာ များမှာလည်း စေလွှတ်လိုက်သော ရဟန်းများ ပြန်၍မလာကြသဖြင့် သုံးကြိမ်တိုင်တိုင် တသုတ်ပြီးတသုတ် စေလွှတ် ပင့်ဆောင်ရာ လာတိုင်းလာတိုင်းသော ရဟန်းများအားလုံး ရှေးနည်းနှင်နှင် ရဟန္တာချည်း ဖြစ်တော်မူကြလေသည်။

တောထွက်ကိုယ်တော်ကြီး ထပ်မံပင့်ခြင်း

သုံးကြိမ်တိုင်တိုင် ပင့်လျှောက်သော်လည်း အရှင်မြတ်ကား ကြွရောက်ခြင်း မရှိချေ။ ယင်းသံဃာဘော်များ ပင့်လျှောက်သည့်အတိုင်း လိုရာကိစ္စ ပြီးမြောက် ကြမည့် ဝေနေယျများမှာ သုံးကြိမ် သုံးသုတ်ကြွလာသော ရဟန်းတော်များသာ ဖြစ်၍ အခြားမကျန်ရှိတော့ကြောင်း၊ ထိုအတွက်လည်း တမင်မကြွသွားရတော့ပဲ မိမိကျောင်း၌ပင် ကိစ္စပြီးနေကြောင်း မြင်တော်မူ၍ မကြွသွားခြင်းဖြစ်လေသည်။

(ဋီကာ)

ယင်းသို့ သုံးကြိမ်တိုင်တိုင် ပင့်၍ မကြွလှာ၊ ပင့်ဆောင်ခိုင်းလိုက်သော ရဟန်းများလည်း ပြန်မလာကြသဖြင့် နောက်ဆုံး ကြီးမှရဟန်းပြုသော တော ထွက်ရဟန်းကြီးတပါးအား အပင့်လွှတ်ကြပြန်၏။ ကြွလာသော ထိုရဟန်းကြီးက- “ငါ့ရှင် ဓမ္မဒိန္န…၊ တိဿမဟာဝိဟာရ သံဃာတော်များက ငါ့ရှင်ထံ သုံးကြိမ်သုံးသုတ် အပင့်လွှတ်ခဲ့ပြီ။ ငါ့ရှင်လို ပုဂ္ဂိုလ်ကတောင် သံဃာတော်၏

"

## PAGE 526
<!-- 13 paragraphs, raw extraction -->




အာဏာကို မလေးစားပဲကိုး…၊ ဘာ့ကြောင့် ကြွမလာတာလဲ ငါ့ရှင်”ဟု သံဃာ့ အာဏာဖြင့် ပြောဆိုရာ အရှင်မြတ်လည်း’

"

“သံဃာ့အာဏာတော်ကို မလိုက်နာဘူးဆိုတာ ဘာများပါလိမ့်မလဲ”ဟု (ဉာဏ်ဖြင့် မဆင်ခြင်တော့ပဲ အခြားကိစ္စ တစုံတရာဖြစ်လေမလား အောက်မေ ကာ) မိမိ၏ သစ်ရွက်မိုး ကျောင်းကလေးတွင်းသို့ပင် မဝင်တော့ပဲ သပိတ်သင်္ကန်း အယူခိုင်းကာ ချက်ချင်းပင် ကြွတော်မူလေ၏။

သမာပတ်မျှဖြင့် ရဟန္တာ ဖြစ်ပြီထင်နေသော ဟင်္ကနဝါသီ မဟာ ဒတ္တထေရ်

အရှင်မြတ်သည် လမ်းခရီးအကြားရှိ ဟက်နမည်သော ကျောင်းတကျေင်း သို့ ဝင်တော်မူ၏။ ထိုကျောင်းနေ မဟာဒတ္တ မထေရ်ကြီးလည်း ဝါတော်ခြောက် ဆယ်ပင် ရှိနေပြီဖြစ်ရာ အဘိဉာဏ်သမာပတ်ကြောင့် ရဟန်းကိစ္စပြီးပြီဟု ထင်မှတ် နေသဖြင့် (မဟာနာဂ မထေရ်ကြီးအား ဆင်ဖန်ဆင်းခိုင်း၍ တရားပေးသကဲ့သို့) အရှင်မြတ် ရောက်သွား၍ လမ်းတည့်ပေးခါမှ ရဟန္တာ ဖြစ်တော်မူသွားလေသည်။
(မဟာနာဂထေရ်နှင့် အလုံးစုံတူ၍ မပြတော့ပြီ။)

နိက ပန္နကဝါသီ စူဠ သုမန ထေရ်

ထို့နောက် အရှင်မြတ်သည် စိတ္တလတောင်သို့ ဆက်လက် ကြွတော်မူ၏။
ထိုတောင်ရှိ နိကပေန္နက” အရပ်၌လည်း အထက်ပါအတိုင်း ရဟန္တာဖြစ်ပြီဟု ထင်မှတ်နေသော စူဠသုမန မထေရ်ကြီးတပါးအား (မဟာတိဿမထေရ်ကြီး ကြာပွင့်နှင့် ကြာရုံပေါ်၌ သီဆိုကခုန်နေဟန် သတို့သမီးငယ်တဦး ဖန်ဆင်း ခိုင်းတော်မူသကဲ့သို့) ဖန်ဆင်းခိုင်းပြီးလျှင်’

အား

"

“ကဲ … အရှင်ဘုရား၊ အဲဒီမာတုဂါမလေးကိုပဲ အဖန်ဖန် အထပ်ထပ် ရှုကြည့် တော် မူပါဦးဘုရား”ဟု လျှောက်ထားကာ အရှင်မြတ်ကား ပြာသာဒ်ကျောင်း ထဲသို့ ဝင်သွား၏။ မကြာမီ မထေရ်ကြီးလည်း အနှစ်ခြောက်ဆယ်လုံးလုံး ငုပ်ကွယ် နေသော အနုသယ ရာဂဇာတ်ငုပ်ကြီး ပေါ်လာသဖြင့် “ငါ ရဟန္တာမဟုတ်သေး ဟု သိမြင်ကာ အရှင်မြတ်ထံ တရားတောင်းခံ၍ ရဟန္တာ ဖြစ်တော်မူလေသည်။

## PAGE 527
<!-- 12 paragraphs, raw extraction -->




တံမြက်စည်း ပီတိ  ်ဗုဒ္ဓာနုဿတိ ပီတိ” မျှနှင့် ကျေနပ်နေသူများ ထို့နောက် အရှင်မြတ်သည် ရည်ရွယ်ရင်းဖြစ်သော တိဿ မဟာဝိဟာရ ကျောင်းတိုက်ကြီးသို့ ကြွတော်မူလေ၏။

ထိုစဉ်က တိဿ မဟာဝိဟာရ ကျောင်းတိုက်ကြီး၌ နေကြသော သံဃာ တော်များမှာ “သူများစိတ်ကြည်၊ ကိုယ်စိတ်ကြည်နှင့် စသည်ဖြင့် ဟောတော်မူ သော တံမြက်စည်း တရားလောက်ကိုသာ အလေးထား၍ အမြဲတမ်း စေတီရင် ပြင်၌ တံမြက်လှည်းကာ ထိုမျှလောက်သော ဗုဒ္ဓာရမ္မဏ ပီတိမျိုးနှင့်သာ နေ့စဉ် ရောင့်ရဲနေကြချိန် ဖြစ်လေသည်။ (ဋီကာမှ တိုက်ရိုက်ယူပြချက်)

အရှင်မြတ် အရှင်ဓမ္မဒိန္နရောက်သွားသော အခါ၌လည်း ကျောင်းသံဃာ များအားလုံး စေတီရင်ပြင်၌ တံမြက်လှည်းကာ ဗုဒ္ဓာရမ္မဏပီတိဖြင့် ကျေနပ် နေကြရာ တံမြက်စည်းလှည်းနေသော သံဃာများထဲတွင် တပါးတလေကမျှ လာရောက်၍ “သပိတ် သင်္ကန်း ဒီမှာချပါဘုရား” စသည် အာဝါသိကဝတ်အရ ကြိုဆိုခြင်း၊ မေးမြန်းလျှောက်ထားခြင်း မရှိချေ။

"

မထေရ်တပါးကမူ“အရှင် ဓမ္မဒိန္နများ ဖြစ်လေမလား' အထင်ဖြင့် တရား ပုစ္ဆာများကို လာရောက်ဆွေးနွေး မေးမြန်းလေ၏။

အရှင်မြတ်ကလည်း မေးတိုင်းမေးတိုင်းသော ပုစ္ဆာများကို အလွန်ထက်လှ သောဓားဖြင့် ကြာရိုးကြာနွယ်များကို အလွှာလွှာ ခုတ်ပိုင်းလိုက်သကဲ့သို့ မဆုတ် မဆိုင်း ဖြေဆိုပြတော် မူလေ၏။

ဖြေဆိုတော်မူပြီးလျှင် ခြေချောင်းကလေးများဖြင့် မြေပြင်ကို ပုတ်လိုက် ပြီးနောက် ဘုရားရှင်အမိန့်မှာ ကတိကဝတ်,အာဝါသိက ဝတ်လောက်ကိုမျှ မလေး စားသော သံဃာများနှင့် အတူနေ၍ အကျိုးမရှိ” ဟု ယူဆတော်မူကာ—

“အရှင်ဘုရားတို့…၊ အသက်ဝိညာဉ်မရှိသော ဤ မဟာပထဝီမြေကြီးက တောင် ငုပ်လျှိုးလိုလျှင် လမ်းဖွင့်ပေးကာ ဓမ္မဒိန္န၍ ကျေးဇူးဂုဏ်ကို သိပါတယ်။
အရှင်ဘုရားတို့ဟာ ကတိကဝတ်, အာဝါသိကဝတ်, အာဂန္တုကဝတ်ကလေးမျှ လောက်ကိုတောင် မသိကြပါကလား”ဟု ပြောဆို၍ ချက်ချင်းပင် ကောင်းကင် သို့ တက်ကြွတော်မူလျက် တလင်္ဂရတိဿတောင်သို့ ကြွတော်မူလေ၏။

(ဈာန်သမာပတ်မျှဖြင့် ကျေနပ်နေပါက အရိယမဂ်ဖိုလ် မရောက်နိုင် ကြောင်း အကျယ်ဝေဖန်၍ ဟောတော်မူသော သလ္လေခသုတ်ကို ဖွင့်ဆိုရာ၌ အရှင်မဟာဗုဒ္ဓဃောသနှင့် အာစရိယ ဓမ္မပါလ . ဆရာတော်ကြီးတို့ မိန့်ဆိုချက်။
မ-ဋ္ဌ-၁၊ ၁၈၈။)

## PAGE 528
<!-- 20 paragraphs, raw extraction -->



အရှင်ဓမ္မဒိန္န တူ ပဋိသမ္ဘိဒါအရာ စံတော်ဝင် ရှင်သုဓမ္မ


အရှင် ဓမ္မဒိန္နမထေရ်၏တူဘော် ရှင်သုဓမ္မသာမဏေသည် ရှင်ပြုရာ ဆီချ စဉ်၌ပင် ရဟန္တာ ဖြစ်တော်မူသည်။ ဦးရီးဘော်မထေရ် တရားဓမ္မ ဆုံးဖြတ်ဟောပြ ရာ၌ ထိုင်နေလျက် တရားနာယင်း ပိဋကသုံးပုံကျွမ်းကျင်သော ပုဂ္ဂိုလ်ထူး ဖြစ်

ပေ၏။

အရှင်နာဂသိန် မထေရ်ကြီးကဲ့သို့ ပဋိသမ္ဘိဒါရသော ပုဂ္ဂိုလ်တို့တွင် ထူး ချွန်သော ပဋိသမ္ဘိဒါဉာဏ်ရည်ချွန် ဖြစ်တော်မူသည်။ (ဝိဘင်္ဂ-ဋ္ဌ၊ ၃၇၃-ပဋိသမ္ဘိဒါ ဝိဘင်းအဖွင့်။)

[ဓမ္မဒိန္နမထေရ်အကြောင်း ‘သီဟိုဠ်ဓမ္မဝတ္ထုများ’တွင် ဝတ္ထုနံပါတ်-၂၀၊
၃၇၊ ၃၉-တို့၌လည်း ပါရှိသေးသည်။ ဆက်လက် ကြည်ညိုပါလေဦး။ ]

အ

>ဘိညာဉ်မျှဖြင့် ရဟန်းကိစ္စပြီးပြီ ထင်မှတ်နေသော မဟာနာဂထေရ်

ဝိပဿနာညစ်ညူးကြောင်း ၁၀-မျိုး

ယောဂီပုဂ္ဂိုလ်များ၌ တရားအတက် နှောင့်နှေးစေသော ဝိပဿနုပက္ကိ လေသခေါ် ဝိပဿနာညစ်ညူးကြောင်းဆယ်မျိုးရှိ၏။ ပဋိပတ္တိသာသနာ ကွယ်ပ ကြောင်းတရားဟုလည်း ဆိုရသည်။

ယင်းဆယ်မျိုးကိုပင် “တရားထူး”ဟုထင်နေတတ်သဖြင့် တရား မတက်နိုင်ပဲ ရှိတတ်သည်။ ဆယ်မျိုးကား-

၁။ ဩဘာသ=အလင်းရောင်ထွက်ပေါ်ခြင်း၊
၂။ ဉာဏ= အသိဉာဏ်ထက်မြက်လာခြင်း၊
၃။ ပီတိ နှစ်သိမ့်ဝမ်းမြောက်နေခြင်း၊
၄။ ပဿဒ္ဓိ- ငြိမ်းအေးနေခြင်း၊

=

၅။ သုခ=ချမ်းသာနေခြင်း၊

၆။ အဓိမောက္ခ=ယုံကြည်မှုဆုံးဖြတ်ချက်များလာခြင်း၊
၇။ ပဂ္ဂဟ=ဝီရိယတိုးလာခြင်း၊

ဂ။

ဥပဋ္ဌာန=သတိထင်ခြင်း၊

၉။ ဥပေက္ခာ=မျတလွယ်ကူစွာရှိနိုင်လာခြင်း၊
၁၀။ နိကန္တိ=တွယ်တာကပ်ငြိနေခြင်း၊

## PAGE 529
<!-- 16 paragraphs, raw extraction -->

,


၄၈.၆


ထိုဆယ်မျိုးတွင် နိကန္တိသာ ပဓာနဖြစ်၏။ အကုသိုလ်ဖြစ်၏။ ကျန်၉-မျိုး ကားတိုးတက်လာသော ၀ိပဿနာစွမ်းရည်ကောင်းများဖြစ်၏။သို့ရာတွင် ထိုသို့ ဖြစ်ခြင်းကိုပင် တရားထူးဟု ထင်မှတ်နေတတ်၍ မတိုးတက်နိုင်သောကြောင့်သာ ညစ်ညူးကြောင်းဟု ဆိုရသည်။

ယင်းဆယ်မျိုးလည်း အမှန်တကယ် လုံ ့လဝီရိယရှိရှိ အားထုတ်သူတို့၌သာ ဖြစ်လေ့ရှိ၏။ အများအားဖြင့် သမထဝိပဿနာ နှစ်မျိုးလုံးဖြစ်နေသူတို့၌ ဖြစ် တတ်သည်။

ထိုပုဂ္ဂိုလ်မျိုးက မိမိအရိယာထင်မှတ်၍ပြောလျှင် အပြစ်မရှိ၊ “အဓိမာန= ထပ်လောက်၍ အထင်ရောက်သူ”ဟု ဝိနည်း၌ ခွင့်ပြုရလေသည်။
၁။ အရိယာဖြစ်ပြီးသူများ၊

၂။ လွဲမှားစွာ ကျင့်နေသူများ၊

၃။ တရားအလုပ် ရပ်နားနေသူများ၊

၄။ ပျင်းပျင်းရှိရှိ အားထုတ် နေသူများ၌ကား ထိုဆယ်မျိုးတို့ ဖြစ်ပေါ်ခြင်းမရှိချေ။

.

အထူးသဖြင့် ကိလေသာကို ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်ခွာထားသော ပုဂ္ဂိုလ် များ၌ အဖြစ်များလေသည်။ (အင်္ဂုတ္တရ အဋ္ဌကထာ နီဝရဏပ္ပဟာနခန်းလာ ကိလေသာနီဝရဏ ကင်းကွာနေသော ပုဂ္ဂိုလ်အမျိုးအစားကို “မိလက္ခတိဿ ထေရ်”အကြောင်း၌ ကြည့်။) သမာပတ် ဝင်စားနိုင်လောက်အောင် သမထ အင်အားရှိသောပုဂ္ဂိုလ်များ၌ ပို၍ အဖြစ်များကြောင်း ပြဆိုပြီး “မဟာတိဿ မထေရ်ကြီး’အကြောင်းဖြင့် ထင်ရှား၏။

ဝိသုဒ္ဓိမဂ် ဥပက္ကိလေသအခန်း၌ကား မဟာတိဿ မထေရ်ကြီးနှင့် လုံးဝ နီးပါးတူသော မဟာနာဂမထေရ်ကြီးဝတ္ထုကို ဖော်ပြထားလေသည်။ အလားတူ ဟံကနအရပ်၌ သီတင်းသုံးသော မဟာဒုတ္တထေရ်’ စိတ္တလတောင်နိကပေန္နက အရပ်၌. သီတင်းသုံးသော စူဠသုမနထေရ်နှစ်ပါး ရှိကြောင်းကိုလည်း ညွှန်းပြ ထား၏။ (ဓမ္မဒိန္နထေရ် အခန်း၌’ရှုပါ။) မဟာနာဂ မထေရ် အကြောင်းကား အောက်ပါအတိုင်း ဖြစ်သည်။

တလင်္ဂရအရပ်၌ သီတင်းသုံးသော ဓမ္မဒိန္နမထေရ်သည် ပဘိန္နပဋိသမ္ဘီ ဒါပတ္တ ရဟန္တာမထေရ်ကြီးဖြစ်၏။ တပည့်ရဟန်းများစွာ ရှိသည်။

တနေ့သောအခါ ဓမ္မဒိန္နမထေရ်သည် နေ့သန့်ရာအရပ်၌ထိုင်နေစဉ် “ငါ တို့၏ဆရာ ဥစ္စဝါလိကအရပ်နေ မဟာနာဂ မထေရ်ကြီး ရဟန်းကိစ္စ ပြီးမပြီး’ ဆင်ခြင်ကြည့်ရာ ပုထုဇဉ်ဖြစ်နေသေးကြောင်း သိမြင်တော်မူ၏။ “ငါမသွားလျှင် ပုထုဇဉ်သေခြင်းဖြင့် သေရရှာတော့မည်ဟုသိ၍ ကောင်းကင်မှကြကာ မဟာ

"

## PAGE 530
<!-- 21 paragraphs, raw extraction -->




နာဂမထေရ်ကြီး နေ့သန့်စင်ရာဌာန၌ သက်ဆင်း၍ မထေရ်ကြီးအား ရှိခိုးလျက်

နေ၏။

ပူ၍-

“ငါ့ရှင်ဓမ္မဒိန္န၊ အခါမဟုတ်ပဲ အဘယ့်ကြောင့်လာသလဲ”ဟု မေးတော်

““ပြဿနာမေးလျှောက်ရန်ရှိ၍လာပါကြောင်း”လျှောက်လျှင်“ငါ့ရှင်… မေးပါ၊သိလျှင်လဲ ဖြေတာပေါ့”ဟု မိန့်တော်မူ၏။ ပြဿနာတထောင် မေး လျှောက်ရာ မေးတိုင်းပင် ဆုတ်ဆိုင်းမရှိ မငြိမယ် လွယ်လင့်တကူပင် ဖြေတော် မူ၏။

ဓမ္မ “အရှင်ဘုရား…၊အရှင်ဘုရားများ ဉာဏ်တော်ဟာ လွန်စွာထက်မြက် လှပါပေတယ်၊ဤတရားကို ဘယ်အခါက ရရှိထားပါသလဲ။

မဟာ … ယခုကရေသော် လွန်ခဲ့သောအနှစ်ခြောက်ဆယ်က ရှခဲ့တယ်ငါ့ရှင်။
ဓမ္မ … သမာဓိကို အသုံးပြုပါသေးသလားဘုရား။
မဟာ ငါ့ရှင် သမာဓိအသုံးပြုတာ မခဲယဉ်းပါဘူး။

ဓမ္မ . ဤသို့ဆိုလျှင် ဆင်တကောင်ဖန်ဆင်းပြပါဘုရား။

(မဟာနာဂ မထေရ်ကြီးသည် ကိုယ်လုံးဆွတ်ဆွတ်ဖြူသော ဆင်တကောင် ကိုချက်ချင်းပင် အဘိညာဉ်ဖြင့် ဖန်ဆင်း၍ ပြတော်မူလိုက်၏။ )

•

ဓမ္မ အရှင်ဘုရား… ၊ ယခုဆင်ကို နားရွက်ကုတ်၊ ... အမြီးထောင်ကာ နှာမောင်းကိုခံတွင်းထဲ ထည့်ပြီး ကြောက်မက်ဖွယ်အသံ ပေးလျက် အရှင်ဘုရားဆီတည့်တည့်ပြေးလာဟန် ဖန်ဆင်းတော် မူပါဦးဘုရား” ဟုလျှောက်ထား၍ လျှောက်ထားသည့်အတိုင်း ဖန်ဆင်းရာ မထေရ် ကြီးသည် ကိုယ့်ဆင်ကိုယ်ကြောက်ကာ ထ၍ပြေးရန် ဟန်ပြင်လေ၏။
ထိုအခါ အရှင်ဓမ္မဒိန္နက မထေရ်ကြီးသင်္ကန်းကို ဆွဲထားကာ ဤသို့လျှေက်ာထား၏။

66

“အရှင်ဘုရား…. ရဟန္တာပုဂ္ဂိုလ်မှာ ကြောက်ရွံ့ထိတ်လန့်ခြင်း ရှိပါ

သေးသလားဘုရား။

,,

မဟာ (မိမိပုထုဇဉ်အဖြစ်ကိုသိ၍) ငါ့ရှင် ဓမ္မဒိန္န၊ငါ၏ အားထားမှီခိုရာ ဖြစ်ပါ’ဟု မိန့်ကာ အရှင်ဓမ္မဒိန္န ခြေအနီး၌ ဆောင့်ကြောင့်ထိုင်

လေ၏။

ဓမ္မ အရှင်ဘုရား ၊အရှင်ဘုရားများ အားထားမှီခိုရာဖြစ်စေမယ်ဟု ရည် ရွယ်၍ လာခဲ့ပါတယ်ဘုရား၊ စိုးရိမ်တော်မမူပါနှင့်ဟု လျှောက်၍ ကမ္မဋ္ဌာန်းပေးရာ မဟာနာဂ မထေရ်ကြီးသည် တပည့် အရှင်ဓမ္မဒိန္န ပေးသော ကမ္မဋ္ဌာန်းကို နာယူရှူမှတ်ယင်း စင်္ကြံသို့အတက် ခြေသုံး လှမ်းအရတွင် ရဟန္တာဖြစ်တော်မူလေသည်။ (ဝိသုဒ္ဓိမဂ်-၂၊ ၂၇ဝ။)

## PAGE 531
<!-- 13 paragraphs, raw extraction -->




သမာပတ်ရှစ်ပါးဖြင့် ရဟန်းကိစ္စပြီးပြီထင်နေသော မဟာတိဿ ထေရ်

"

ဝတ်ပဋိပတ် ပရိယတ် ဓုတင်စသော သမာဓိကြောင့် နီဝရဏ ကိလေသာ ငြိမ်းက္ခာနေခြင်းသည် “တရားထူးရပြီဟု’မှတ်ထင်မှု (အဓိမာန) မဖြစ်စေတတ်။

သမထသမာဓိ,လောကီဈာန်သမာပတ်နှင့် ဝိပဿနာရှုပွားသူတို့၏သမာဓိ ကား အချို့ပုဂ္ဂိုလ်များအား“တရားထူးရပြီ”ဟု ထင်မှားစေတတ်လေသည်။

တရားထူးမရပဲ ရပြီထင်သူအား ဘုရားအတွေ့မခံ

ဘုရားရှင် လက်ထက်တော်ကပင် အပြင်းအထန် ဝိပဿနာ ရှုပွားသော ရဟန်းတော်ခြောက်ကျိပ်တို့ “ရဟန်းကိစ္စပြီးပြီ” အထင်ဖြင့် တရားလျှောက်ရန် ဘုရားရှင်ထံလာကြရာ ဘုရားရှင်သိမြင်တော်မူ၍ အတွေ့မခံပဲ တိမ်းရှောင်သွား ကာ အရှင်အာနန္ဒာအား ထိုရဟန်းများကို သုသာန်သို့ကြွ၍. အသုဘကမ္မဋ္ဌာန်း ရှုရန် မှာကြားတော်မူခဲ့ဖူးလေသည်။(ဓမ္မပဒအဋ္ဌကထာ-၂၊ ၇၁-သမ္ဗုလ အဓိ မာနိကဘိက္ခုဝတ္ထု။ “အဓိမာန'နှင့်စပ်၍ စတုတ္ထ ပါရာဇိကအဖွင့်လည်းကြည့်။)

ညဉ့်အခါလျှပ်စစ်လက်သကဲ့သို့(တဒင်္ဂ)ကင်းကွာခြင်း၊မှော်တောထဲ ခဲပစ် သကဲ့သို့(ဝိက္ခမ္ဘန)က္ခာခြင်းများသည် အချိန်ကြာမြင့်စွာ ကင်းကွာခွင့်ရနေလျှင် မိုးကြိုးပစ်သကဲ့သို့(သမုစ္ဆေဒ) အမြစ်ပြတ်ကွာနေပြီဟု ထင်မှားတတ်လေသည်။
ဤနေရာ၌ သီဟိုဠ်ခေတ်က မဟာတိဿမထေရ်ကြီးအကြောင်းကို(အံ-ဋ္ဌ-၁၊ ၃၂၌ လာသည့်အတိုင်း)ဖော်ပြပေအံ့။

:

မဟာတိဿ မထေရ်ကြီးသည် ရဟန်းတဝါ မရမီကပင် သမာပတ်ကို ရတော်မူသော မထေရ်ကြီးဖြစ်၏။ သမာပတ်၏ဝိက္ခမ္ဘနသတ္တိကြောင့် ကိလေသာ နီဝရဏကင်းကွာနေသဖြင့် ဝါတော်ခြောက်ဆယ်ရသည့်တိုင်အောင် မိမိကိုယ်ကို ပုထုဇဉ်ဟု မအောက်မေ့၊အရိယာဖြစ်ပြီဟူ၍သာ မှတ်ထင်တော် မူနေ၏။

ဆွေးနွေးပြောဟောသောအခါများတွင်လည်း အရိယာပုဂ္ဂိုလ်တို့၏အပြု အမူ အပြောအဆိုမျိုး ပြုမူပြောဆိုလေ့ရှိ၏။ ရိုးသားစွာဖြင့်ပင် တကယ်အရိယာ ဖြစ်ပြီးသည့်အနေဖြင့် ရိပ်သီရစ်ဝဲ၍သာ မိန့်ဆိုတော်မူလျက်ရှိလေသည်။ ကမ္မဋ္ဌာန်း လည်း ပေးတော်မူ၏။

## PAGE 532
<!-- 16 paragraphs, raw extraction -->




တနေ့သောအခါ မဟာဂါမ နေပြည်တော် တိဿမဟာဝိဟာရကျောင်း တိုက်ရှိသံဃာတော်များကတလင်္ဂရအရပ်နေ ဓမ္မဒိန္နမထေရ်အား တရားချီးမြှောက် ရန် စာဖြင့် ပင့်လျှောက်ကြ၏။ မထေရ်လည်း တရားဟောရန် လက်ခံပြီးနောက်- “ငါတို့ဂိုဏ်းမှာ မဟာတိဿမထေရ်ထက် အသက်သိက္ခာကြီးသော မထေရ် ဟူ၍မရှိ။ ငါ၏ကမ္မဋ္ဌာန်းဆရာလည်း ဖြစ်သည်။ မဟာတိဿမထေရ်ကြီးကို သံဃ နာယကအရာ ထား၍ တရားချီးမြှင့်ကြွလျှင် ကောင်းမည်'ဟု ကြံစည်ကာ တပည့် အများကို ခေါ်ဆောင်၍ မဟာတိဿ မထေရ်ကြီးကျောင်းသို့ သွားရောက်၏။
ဝတ်ကြီးဝတ်ငယ်များ ပြုစုချဉ်းကပ်၍ နေစဉ် မထေရ်ကြီးက…

..

"

“ငါ့ရှင် ဓမ္မဒိန္န၊ မရောက်လှာတာ ကြာမှကော”ဟု မိန့်တော်မူရာ- “မှန်လှပါဘုရား….၊ ယခုလဲ တိဿမဟာဝိဟာရ ကျောင်းတိုက် သံဃာ များက တရားပြရန် ပင့်ထားတာ ဘုရားတပည့်တော် တပါးတည်း မသွားလိုပါ၊
ဆရာတော် ဝန်မလေးပါလျှင် ဘုရားတပည့်တော်များနှင့် အတူ သံဃနာယက အဖြစ် ကြွရောက်ချီးမြှောက်စေချင်လို့ပါဘုရား” စသည်ဖြင့် လျှောက်ထားကာ တရားနှင့်စပ်သော စကားများကို မထေရ်ကြီးနှင့် အချိန်ကြာမြင့်စွာ ဆွေးနွေး လျှောက်ထားလေ၏။

ဓမ္မဒိန္နမထေရ်သည် ထိုစကားများနှင့် ရောနှောကာ ရုတ်တရက် လိုရင်း ရောက်အောင် လျှောက်ထား ဆွေးနွေးလေသည်။

ဓမ္မဒိန္နာ ဆရာတော်ဘုရား၊ ဤတရားထူးကို အဘယ်အချိန်ကများ ရှတော် မူခဲ့ပါသလဲဘုရား။

မထေရ်ကြီး ကြာပြီငါ့ရှင်၊ အနှစ်ခြောက်ဆယ်ရှိပြီ။

ဓမ္မဒိန္န သမာပတ်ကော အမြဲဝင်စားပါသလားဘုရား။
မထေရ်ကြီး အိမ်း……ဝင်စားပါရဲ့။

ဓမ္မဒိန္နာ မှန်လှပါ၊ ယခုနေများ ရေကန်တကန် ဖန်ဆင်းလို့ ဖြစ်နိုင်ပါ သလားဘုရား။

မထေရ်ကြီး ဒါ…မခက်ပါဘူး။ (ရှေ့၌ပင် ရေကန်ဖန်ဆင်း၍ ပြဘော်မူသည်။
ထို ့နောက် ကြာရုံကြီးနှင့် ကြာပွင့်ကြီးများကို ဖန်ဆင်းပြရန် လျှောက်၍ ဖန်ဆင်းပြတော်မူ၏။)

ဓမ္မဒိန္နာ ကြာရုံကြီးထဲက ကြာပွင့်ကြီးပေါ်မှာ ၁၆-နှစ်ရွယ် သတို့သမီးငယ် အသွင် ဖန်ဆင်းပြီး ထို သတို့သမီးငယ်၏ ချောမောလှပဟန်ကို အဖန်ဖန် ကြည့်ရှုတော်မူစေချင်ပါသည်ဘုရား။

မထေရ်ကြီးသည် မိမိဖန်ဆင်းသော သတို့သမီးငယ်ကို တစိမ့်စိမ့် ကြည့် ယင်းက ငုပ်ကွယ်နေသော အနုသယတဏှာသည် ထွက်ပေါ်၍လာသဖြင့် ပုထုဇဉ်ပဲ ရှိပါသေးကလား”ဟု သိတော်မူကာ

1

## PAGE 533
<!-- 12 paragraphs, raw extraction -->




“ငါ့ရှင် ကလျာဏမိတ္တကြီး၊ ယခုအခါ ငါ၏ အားထားမှီခိုရာ ဆရာ ဖြစ်ပါလော့”ဟု ဆိုကာ မိမိတပည့်အထံ၌ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ဓမ္မဒိန္န မထေရ်ကလည်း’

“မှန်လှပါ ကျေးဇူးရှင်ကြီးဘုရား၊ ဒီအတွက်ကြောင့်ပင်လျှင် ဘုရားတပည့် လာရောက်ခြင်းဖြစ်ပါတယ် ဟု လျှောက်ကာ ဆရာ မထေရ်ကြီးအား အသုဘ ကမ္မဋ္ဌာန်း ညွှန်ပြပေးကာ အခန်းအပြင်ဘက်သို့ ထွက်ဖယ်ပေးလိုက်၏။ . မထေရ်ကြီးလည်း ရုပ်နာမ်ဓမ္မတို့ကို ကောင်းစွာ သုံးသပ်နိုင်၍ တပည့်ကြီး ဓမ္မဒိန္န အပြင်ထွက်ခါမျှ အချိန်ကလေး အတွင်းမှာပင် ပဋိသမ္ဘိဒါ လေးပါးနှင့် တကွ ရဟန္တာဖြစ်တော်မူလေသည်။

[မှတ်ချက် ပလိဗောဓ ဆယ်ပါးတွင် တန်ခိုး ဣဒ္ဓိပါဒ်လည်း တခု အပါအဝင် ဖြစ်သည်။ ရိုးသားစွာ အထင်ရောက်သော ပုဂ္ဂိုလ်များ အတွက် ထို ရိုးသားမှုကပင် ဆရာကို ပင့်ဆောင် ပေးတတ်လေသည်။ ဓမ္မဒိန္နမထေရ်အခန်းလည်း ရှုပါ။ အဓိမာန ကြောင့် ပထမတွင် အရိယာထင်နေသူသည် ဝိနည်းပြစ် မရှိသော် လည်း တချိန်ချိန်တွင် မဟုတ်မှန်း သိလာတတ်၏။ ထိုအခါမျိုးတွင် လည်း ဒကာ ဒကာမတို့၏ ပူဇာသက္ကာရစသည်ကို ငှဲ့၍ ဆက်လက် ပြီး အရိယာ ဟန်ဆောင်လျှင်ကား ထိုသူထက် နစ်မွန်းသူမရှိပြီ။]

33

အရိယာကို ပုထုဇဉ်တို့ သိနိုင်ခက်ပုံ စိတ္တလတောင်နေ ဦးပဉ္စင်းကြီး

စိတ္တလတောင်၌ ရဟန္တာအရှင်မြတ်ကြီးတပါးအား လုပ်ကျွေးသမှု ပြုစု ဆည်းကပ်နေသော ကြီးမှရဟန်းပြုသည့် ကိုယ်တော်ကြီးတပါး ရှိ၏။
ရဟန္တာအရှင်မြတ်ကြီးနောက်မှ သပိတ် သင်္ကန်းယူကာ နေ့စဉ် ဆွမ်းခံ လိုက်ရသည်။ ယင်းသို့ပင် နေ့စဉ်အတူနေ၍ နေ့စဉ်လိုက်ပါနေရရာ တနေ့သော အခါ ဆွမ်းခံအပြန်တွင် ရဟန္တာအရှင်မြတ်ကြီးအား နောက်မှ လိုက်ပါယင်း’ အာ့်ဘုရား……၊ အရိယာ…အရိယာနဲ့၊ အရိယာဆိုတာ ဘယ်လိုပုဂ္ဂိုလ်

မျိုးပါလဲ ဘုရား”ဟု လျှောက်ရာ မထေရ်ကြီးက’

"

“ငါ့ရှင်……၊ လောကမှာ တချို့ လူကြီးများ အရိယာ' အရှင်မြတ်တို့ရဲ့ သပိတ်သင်္ကန်းကိုယူပြီး ဝတ်ကြီးဝတ်ငယ်ပြုကာ နောက်က တကောက်ကောက် လိုက်ပါနေပေတဲ့ အရိယာ ပုဂ္ဂိုလ်မှန်း မသိဘူး။ အရိယာပုဂ္ဂိုလ်များ ဆိုတာ အဲသည်လောက် အသိရခက်တယ်”ဟု မိန့်တော်မူ၏။

## PAGE 534
<!-- 13 paragraphs, raw extraction -->




ထိုသို့ပင် ပြောသော်လည်း ထိုတောထွက် ကိုယ်တော်ကြီးကား မသိရှိ

မရိပ်မိသေးချေ။

ဆင်ဆိုကာ ကြံချောင်းလိုပါပဲ

“ပုထုဇ္ဇန”ဟူသည်ကို “ကိလေသာ ထူထဲသောသူ”ဟု မြန်မာပြန်ရသည်။
ယင်း ပုထုဇ္ဇနကိုအထူးပြု၍ (ဝိသေသနပြု၍) သုံးနှုန်းသော ပါဠိတော် သုံးရိုး သုံးစဉ် စကားများမှာ- “အရိယာနံ အဒဿာဝီ= အရိယာပုဂ္ဂိုလ်တို့ကို မြင်တတ် သော ဉာဏ်မျက်စိမရှိသော”စသည်ဖြင့် သုံးနှုန်းလေ ့ရှိ၏။ထိုတွင် “အဿုတဝါ= ဥဒယဗ္ဗယဉာဏ်လောက်ရရုံမျှပင် မရှုမှတ်မပွားများသဖြင့် နည်းသော အကြား အမြင်ရှိသော(၀ါ)လုံးဝ ကြားဖူးနားဝ မရှိသော”ဟုလည်း ဆိုထားလေသည်။

(မ-ဋ္ဌ-၁၊ ၂၃။ သံ-ဋ္ဌ-၂၊ ၂၃၂။ အဘိ-ဋ္ဌ-၁၊ ၃၈၅။ စူဠနိ-ဋ္ဌ-၇၁။)

ဒိဗ္ဗစက္ခုရုဓသော ပုထုဇဉ် ပုဂ္ဂိုလ်ကိုပင်လျှင် အရိယာကို မြင်နိုင်သော မျက်စိရှိသူဟု မခေါ်ရချေ။ “တရားကိုမြင်မှ ငါ့ကိုမြင်သည်” (သံ-၂၊ ၉ဂ။)ဟု ဝက္ကလိထေရ်အား ဘုရားရှင်ဟောတော်မူသည်ကို ထောက်ဆကာ အရိယာတို့၏ ကိစ္စ၊ အရိယာတို့၏အရာတွင် မျက်မမြင်များ ဆင်ကောင်စမ်းသကဲ့သို့ အကန်း- အကန်းလိုမနေပဲ လူတတ်မလုပ်ကြရာ။ လုပ်လျှင်- “ဆင်ဆိုတာ ကြံချောင်းလို ပါပဲ' စသည်ဖြင့် လွဲပြီးယင်း လွှဲတတ်လေသည်။

အသောက မင်းကြီး၏ဆရာ အပိုစ္ဆ တာစံတော်ဝင် မဇ္ဈန္တိ က ထေရ်

ရဟန္တာ

သာသနာပြု အသောကမင်းကြီးလက်ထက် မရွံ့နွံကထေရ် ခေါ် အရှင်မြတ်ကြီးတပါး ရှိတော်မူ၏။ အပိစ္ဆတာ=အလိုနည်းမှုအရာတွင် စံတော်တင် ရသော မထေရ်ကြီး ဖြစ်သည်။

စင်စစ် ရဟန္တာအရှင်မြတ်တိုင်းပင်လျှင် အလိုနည်းတော် မူကြသည်ချည်း ပင် ဖြစ်၏။ လာဘ=လာဘ်, သက္ကာရ-အရိုအသေ သိလောက=ကျော်စောခြင်း စသည်ကို လိုချင်ခြင်း, မိမိဂုဏ်ကို ထုတ်ဖော်လိုခြင်း စသော လိုချင်မှု အားလုံး သည် ဣစ္ဆာခေါ် တဏှာပင်ဖြစ်ရာ ရဟန္တာအရှင်မြတ်ကြီးများသည် ယင်းတဏှာ ကို အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်၍ ပစ္စည်းစသည် လိုချင်မှု၊ မိမိ ရရှိသော ဂုဏ်ကို ပြလို-သိစေလိုမှု- ရှိတော်မမူကြချေ။

## PAGE 535
<!-- 12 paragraphs, raw extraction -->




အနည်းဆုံး “သဒ္ဓာတရားကောင်းသည် ဆိတ်ငြိမ်ရာမှာနေသည်” လောက် ကိုပင် အသိခံတော်မမူလိုကြ၊ ထုတ်ဖော်အသိပေးရန်ကား ဆိုဖွယ်မရှိ၊ ယင်းကို “အပ္ပစ္စတာဂုဏ်”ဟု ခေါ်ဆိုလေသည်၊

အဆိုပါ မဇ္ဈန္တိကမထေရ်ကြီး သုံးစွဲသော သပိတ်နှင့် သင်္ကန်း သုံးထည် လုံးမှ တမတ်လောက်သာ တန်လေသည်။

အသောက အလှူပွဲ မင်းဆရာကိုပင် အထင်လွဲ

တနေ့တွင် သာသန ဒါယကာ အသောက မင်းတရားကြီး၏ ကြီးကျယ် ခမ်းနားသော(ကုက္ကုဋာရုံ)ကျောင်းအလှူ ရေစက်ချပွဲလုပ်ရာ ထိုမှ ဤမှ သံဃာ တော်များ ကြွရောက်လာကြသကဲ့သို့ ဤမထေရ်ကြီးလည်း ကြွလာတော်မူ၏။
မထေရ်ကြီး၏ အသုံးအဆောင် အဝတ်သင်္ကန်းတို့မှာ အလွန်ညစ်ထေးစုတ်ပြတ် နေသဖြင့် မထေရ်ကြီးကြွလာသည်ကိုမြင်လျှင် ဝေယျာဝစ္စ ဆောင်ရွက်နေသော

ဒကာများက-

“အရှင်ဘုရား…၊ အပြင်မှာပဲ ခဏသီတင်းသုံးပါအုံး”ဟု လျှောက်ကာ ဝင်ခွင့်မပေးကြ။ သို့နှင့် ဘေးတနေရာသို့ ရှောင်ပေးလိုက်ရသည်။ အသောက မင်းကြီးနှင့် မိဖုရားကြီးတို့ကား ကျောင်းသစ်ကြီးပေါ်၌ သံဃာများနှင့် သံဃ မထေရ်ကြီးများအား ဆွမ်းဆက်ကပ် လှူဒါန်းရန် ပြင်ဆင်နေကြ၏။

မထေရ်ကြီးသည် ဝင်ခွင့်မရှိသဖြင့် ဘေးတနေရာ၌ ရှောင်ပေ’ယင်း- “အင်း...သာသနဒါယကာမင်းကြီးရဲ့ အသဒိသအလှူတော်ကြီးကို ငါကဲ့သို့ သော ရဟန္တာ မထေရ်ကြီး တပါးက မချီးမြှောက်လျှင် ဘယ်လို ပုဂ္ဂိုလ်က ချီးမြှောက်လိမ့်မတုံး”ဟု စဉ်းစားကာ ထိုနေရာ၌ပင် သမာပတ်အဘိညာဉ် ဝင်စား တော် မူလျက် အခြားလူအများ မသိမြင်စေပဲ မြေ၌ ငုပ်လျှိုးတော်မူသွား၏။

မင်းကြီးနှင့် မိဖုရားကြီးများ သံဃမထေရ်ကြီးအတွက် ကပ်လှူရန် အမှုန် အမြတ် သီးခြားပြင်ဆင်ထားသော ဆွမ်းဘောဇဉ်များကို (ထိုနေရာသို့ ရောက်မှ မြေမှ ထွက်ပေါ်လာကာ) အလှူခံတော်မူလေသည်။

ဝေယျာဝစ္စ လုပ်ကိုင်သူများမှာ ထိုအလှူပွဲကြီး၌ သံဃ မထေရ်ကြီးၦ ဤပန္တိက မထေရ်ကြီးပင် ဖြစ်သည်ကို မသောကြောင့် တားမြစ်ခြင်းဖြစ်၏။
မထေရ်ကြီးမှာလည်း “ငါရဟန္တာ၊ ဒီအလှူပွဲမှာ သီးသံမထေရ်ကြီးဟာ `ငါပဲ'ဟု တနည်းတဖုံ အသိပေးရန်ပင် လိုလားဘော်မမူချေ။ လျှို့ဝှက်တော်မူလေသည်။

## PAGE 536
<!-- 15 paragraphs, raw extraction -->



မလိုချင်မှ များများရ

၄ ၉ ၃

ယင်းသို့ အလိုနည်းတော် မူသော ပုဂ္ဂိုလ်အား မဖြစ်ပေါ်သေးသော လာဘ်လာဘများလည်း ဖြစ်ပေါ်လာကုန်၏။ ဖြစ်ပြီး လာဘ်လာဘများလည်း မလေလွှင့် မပျက်စီး၊ အစိုင်အခဲ အမြဲတည်တံ ့လေသည်။ လူဒကာတို့၏ ကြည်ညို သဒ္ဓာစိတ်ကိုလည်း ပွားစေသဖြင့် နည်းနည်း အလှူခံလေလေ၊ ကြည်ညိုသဒ္ဓာ များလေလေဖြစ်ကာ တိုး၍တိုး၍သာ လှူကြလေသည်။ (မ-ဋ္ဌ-၁၊ ၄၅-၇။
အံ-ဋ္ဌ-၁၊ ၅ဂ စသည်။)

(ဤ မထေရ်ကား သီဟိုဠ်ခေတ်ဟု မဆိုသာသော်လည်း အဋ္ဌကထာ ဆရာကြီး စံတင်ထားတော်မူခဲ့သည့် အတိုင်း ပြလိုက်ပါသည်။)

အရိယာတို့၏ သဘောထားနှစ်မျိုး

အရိယာပုဂ္ဂိုလ်တို့သဘောကား လွန်စွာလျှို့ဝှက်တော်မူကြ၏။ မဟာသမယ သုတ်တော် ဟောစဉ်က ရဟန်းငါးရာတို့သည် မိမိတို့ ရဟန်းကိစ္စ ပြီးကြောင်း လျှောက်ထားရန် ဘုရားရှင်ထံလာကြရာ ဘုရားရှင့်ရှေ့တော်၌ တစုံတဦး ကြားသိ သွားမည်စိုး၍ ရှက်နိုးတော်မူကြသဖြင့် တပါးမျှ ထုတ်ဖော် မလျှောက်ရဲကြပေ။
ရဟန္တာအရှင်မြတ်တို့၌ ထူးခြားစွာ မှတ်သားအပ်သော အခြင်းအရာနှစ်ခု ရှိပေသည်။

၁။

မိမိရရှိသောတရားကို တလောကလုံးအား လျင်စွာ ရရှိစေတော် မူလို၏။

၂။ သို့ရာတွင် ရွှေအိုးရရှိထားသူကဲ့သို့ အခြားသူများအား ထုတ်ဖော် ပြောကြားရန်ကိုမူ လိုလားတော်မမူကြ။ (ဒီ-ဋ္ဌ-၂၊ ၂၇၀-မဟာ သမယသုတ်အဖွင့်။ ) သို့ရာတွင်’

၁။

ဝမ်းမြောက်လွန်း၍ ဥဒါန်းကျူးရင့်ခြင်း၊

၂။ ညီတော် အစဉ်အဆက် တုယူအားကျစေရန် သာသနာတော်သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း အစစ်ဖြစ်သည်ကို ဖော်ပြ လိုခြင်းတို့ကြောင့် မိမိဂုဏ်ကို ထုတ်ဖော်သင့်က ထုတ်ဖော်ကြ လေသည်။ (ထေရ-ဋ္ဌ-၁၊ ၃၃။ အပ-ဋ္ဌ-၂၊ ၃၆။ ဒီ-ဋ္ဌ-၁၊ ၅၅။
ဝိ-ဋ္ဌ-၂၊ ၆၃။)

ယင်းသုတ် အဋ္ဌကထာ( ၂ဂ ဂ)၌ပင် သီဟိုဠ်ကျွန်း ကောဋ္ဌိတောင်ကျောင်း နာဂလိုဏ်ဂူအတွင်း၌ ရဟန်းငယ်တပါး မဟာသမယသုတ်ကို ရွတ်ဖတ်စဉ် လိုဏ်ဂူင

## PAGE 537
<!-- 18 paragraphs, raw extraction -->




*

ကံကော်ပင်မှ ရုက္ခစိုး နတ်သမီးတယောက်က “ဘုရားဟောနှင့် ထပ်တူညီမျှ နာကြားရ၍ သာဓုခေါ်ဖူး၏။ ထိုရဟန်းငယ်ကမေး၍ အောက်ပါအတိုင်း သူမ အကြောင်းကိုလည်း ပြောပြလိုက်၏။

မဟာသမယ နတ်သမီးက လေး

ထိုနတ်သမီးသည် ဘုရားရှင် မဟာသမယသုတ် ဟောတော်မူစဉ်ကလည်း နာယူဖူးသူဖြစ်၏။ ထိုစဉ်က တန်ခိုးကြီးသောနတ်များ ဇမ္ဗူဒိပ်(ဣန္ဒိယ) တကျွန်း လုံး ပြည့်လျှံနေ၍ သီဟိုဠ်ကျွန်း(တမ္ဗပါဏိ)သို့လာ၍ ဇမ္ဗူကောလဆိပ်၌ နေရာ ယူရာ ထို၌လည်း တန်ခိုးကြီးနတ်များ ရောက်လာကြပြန်၍ ရောဟဏပြည်နယ် မဟာဂါမရွာကျောဘက်ရှိ သမုဒ္ဒရာထဲက နာယူရသည်။ သမုဒ္ဒရာရေထဲ၌ ခေါင်း တလုံးမျှသာဖော်၍ နာယူနေရရာ ဘုရားရှင်ကမူ သူမကိုကြည့်၍ ဟောတော်မူနေ သကဲ့သို့ ထင်ရကြောင်း ပြောပြလေသည်။

(မူလပဏ္ဏာသလာ “မဟာဓမ္မ သမာဒါန’သုတ်လည်း နတ်ချစ်သောသုတ် ဖြစ်၍ အထက်ပါအဖြစ်အပျက်နှင့်အတူ ရဟန်းငယ်ရှုတ်နေစဉ် နတ်သား သာဓု ခေါ်လေသည်။)

ထိုနတ်သမီးအား ထိုစဉ်က တရားထူးရသော လူနတ်

မထေရ်ငယ်က ဗြဟ္မာများ များပြားလှသဖြင့်-

သင်နတ်သမီးဟာ ရဟန္တာလား...အနာဂါမ်လား…သကဒါဂါမ်လား”

ဟု အဆင့်ဆင့်မေးရာ မဟုတ်ကြောင်း လျှောက်လျင်–

သဖြင့်

...

“သင်.သောတာပန်နဲ့ တူပါရဲ့”ဟု ရဟန်းငယ်၏ အမေးကို ရှက်နိုးလှ

“အပုစ္ဆိတဗ္ဗ ပုစ္ဆတိ အယျေ-အရှင်ဘုရား၊ မမေးသင့်တာ မေးရန်ကော ဘုရား”ဟု လျှောက်လေသည်။

ကိုယ် ဂုဏ်ကိုယ်ဖော်၍ မကျေနပ်သူများ

တခါက မြတ်စွာဘုရားရှင် အင်ကြင်းတောအတွင်း၌ ညီညွတ်မှုစံပြုလောက် အောင် နေတော်မူကြသော အရှင်အနုရုဒ္ဓ, အရှင်နန္ဒိယ, အရှင်ကိမိလတို့ထံ ကြွ တော်မူစဉ်’ပြန်ခါနီးတွင် “လောကီ လောကုတ္တရာ တရားထူးများ ရ-မရ’(သိ လျက်) မေးတော်မူသည်ကို အရှင်အနုရုဒ္ဓာက ရကြောင်း လျှောက်ထား၏။ ကျန် နှစ်ပါးက “ထိုသို့ လျှောက်ရကောင်းလား” ဟု ရှက်နိုးတော်မူကြ၍ အရှင်အနုရုဒ္ဓာ အား အပြစ်တင်ကြသည်။ အဓိဂမ အပ္ပစ္ဆာပင်တည်း။

## PAGE 538
<!-- 14 paragraphs, raw extraction -->



၄ ၉ ၅

ဒီဃခေါ်သော နတ်စစ်သူကြီးကလည်း လာရောက် တရားနာ, အကဲတွေ နေခိုက်ဖြစ်၍ သူ့စိတ်တွင် မထေရ်သုံးပါး ထိုသို့ပြောဆို အပြစ်တင်နေသည်ကို မကြိုက်ချေ။

"

“ဤမထေရ်ဟာ ဘုရားရှင်ကိုမှီပြီး ဒီ ဂုဏ်ကျေးဇူးတွေကို ရရှိနေကြ သော်လဲ ဘုရားကိုတောင်မှ ထုတ်ဖော်ပြောရမှာ နှမြောနေကြတယ်။ အလွန့်ကို လျှို့ဝှက်ထားကြတယ်။ ခုအချိန်ကစပြီး ဘယ်လိုမှ လျှို့ဝှက် ဖုံးကွယ်ထားလို့မရ အောင် မြေပြင်က ဗြဟ္မာပြည်အထိ ငါလျှောက်ပြီး သူတို့ဂုဏ်တွေကို ဖော်ထုတ် ပြလိုက်မယ်” ဟု ကြံကာ ဝဇ္ဇီတိုင်းမှအစ ဘုမ္မစိုးနတ်မှ ဗြဟ္မာပြည်တိုင်အောင် ကြွေးကြော်လိုက်လေသည်။ (မူလပဏ္ဏာသ-စူဠဂေါသိင်္ဂသုတ်)

ဤကား အရိယာတို့၏အမြင်နှင့် ပုထုဇဉ်တို့၏ အထင်တည်း။

မျက်စိ ရှိသလောက်သာ မြင်ရသည်

မြတ်စွာဘုရား လက်ထက်တော်က အရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံး ရှင်ရေဝတ သီတင်းသုံးရာ အလွန်ဝေးခေါင်လှသော ရှားတောကြီးသို့ မြတ်စွာ ဘုရားရှင်သည် တပည့်သာဝကကြီးများ အစုံအညီဖြင့် ကြွရောက်ချီးမြှောက်ဖူး၏။
ရွာဆက်လည်းလှမ်း၊ တောလည်းကြမ်းလှပေရာ ရှင်သီဝလိ၏ ဘုန်းကံကြောင့် ချမ်းသာစွာ ကြွရောက်နိုင်၏။

ရဟန်းအချို့က “ရှင်သာရိပုတ္တရာကြီးညီမြို့ ဘုရား မျက်နှာလိုက် ချီးမြှောက် သည်' ထင်ကြ၏။ မနာလို ဝန်တို့ကဲ့ရဲ့ယင်း လိုက်ပါလာကြသည်။
ရှားတောမှအပြန် သာဝတ္ထိသို့ ရောက်လာသော ရဟန်းတော်များအား ကျောင်းအမကြီး ဝိသာခါက-

“ရှင်ရေတဝ၍နေရာ သာယာပါရဲ့လား” လျှောက်လျှင်–

“ဒကာမကြီး…၊ သာဝတိ ံသာနတ်ပြည်က နန္ဒဝန်ဥယျာဉ် ပျော်စရာ ကောင်းတယ်ဆိုတာ အပြောပဲ၊ ဘယ်မှာ ရှင်ရေဝတနေဘဲ့ ရှားတောကို မီလိမ့် • မထုံး”ဟု ဆိုကြ၏။ မှန်လှပါပေသည်။

တဖန် နောက်မှရောက်လာသည့် မနာလို ဝန်တိုသော ရဟန်းများကို မေး ပြန်ရာ (ထို စိတ်ယုတ်မာကြောင့် တန်ခိုးဖြင့်ဖန်ဆင်းထားသော အံ့ဩဖွယ်များကို မမြင်ကြရသဖြင့်)

“အာ…ဒကာမကြီး…၊ အလကားပါ…၊ ကျင်းတွေ ချောက်တွေနဲ့၊ ရှား ငုတ်တိုနဲ့ ဆူးတွေပဲရှိတာပါ၊ ပျင်းစရာကြီး”ဟု ဆိုကြကုန်၏။ ဒါလည်း မှန်ဖေ သည်။ မိမိတို့၏ အတွင်းစိတ်ထားနှင့် မျက်စိအားရှိသလောက်သာလျှင် မြင်ကြရ ကုန်၏။ (ဓမ္မပဒ-ဋ္ဌ-၁၊ ၃၉ ၆-ခဒိရ ဝနိယ ရေဝတဝတ္ထု။)

## PAGE 539
<!-- 15 paragraphs, raw extraction -->


၄ ၉ ၆


သေခါနီးမှ မေး၍ပြောခဲ့ရသော “တရားထူး”

ရှေးအခါ သာသနာပကာလ ရသေ့များပင် တရားထူးနှင့်စပ်၍ မေးမြန်း သည်ကို တိုက်ရိုက်ပြောဆို ဝန်ခံခြင်းမပြုလိုကြ၊ ရိပ်ဝဲ၍သာ ပြောဆိုကြလေသည်။
ဘုရားအလောင်းတော် အမှူးရှိသော ဗြာဟ္မဏလုလင် ငါးရာတို့ ရသေ့ ရဟန်းပြု၍ ဟိမဝန္တာ၌ နေကြရာ အရှင်သာရိပုတ္တရာအလောင်း တပည့်ကြီးမှာ တပည့်အချို့ကိုခေါ်၍ ဆားချဉ်စသော ရိက္ခာအတွက် မြို့ရွာအနီး ခရီးလွန်နေခိုက် အလောင်းတော် ရသေ့ဆရာကြီး ကွယ်လွန်သွားသည်။

တပည့်ကြီးပြန်လာစဉ် ဆရာရသေ့ကြီး ကွယ်လွန်သွားကြောင်း သိရသဖြင့်

အနီးရှိရသေ ့များအား’

"

“ဆရာကြီး၏ တရားထူးနှင့်စပ်၍ သေခါနီးမှာ မမေးလိုက်ကြဘူးလား” ဟု မေးမြန်းကြည့်ရာ’

“ဆရာကြီးက ကျွန်ုပ်တို့ကို သေခါနီးမှာ “နတ္ထိ ကိဉ္စိ” (ဘာမျှမရှိ)လို့ ပြော ခဲ့ပါတယ်။ ဆရာကြီးဟာ အချည်းနှီး ကွယ်လွန်သွားရရှာတာပါပဲ” ဟု ပြောဆို ကြကုန်၏။ “ဘာတရားထူးမှရသော ဆရာကြီး မဟုတ်' ဟု ယူဆကာ အလေး အမြတ် ပူဇော်သင်္ဂြိုဟ်ခြင်း မပြုကြချေ။ ထိုအခါ တပည့်ကြီးက—

“အသင်...၊ ဆရာကြီးပြောတဲ့ စကားအဓိပ္ပာယ်ကို မသိကြပဲကိုး”ဟု ဆိုကာ ဆရာကြီးသည် အာကိဉ္စညာ-ယတနဈာန်ရ၍ အာဘဿရ ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်း ပြောပြလေ၏။ မယုံကြလေ။ အကြိမ်ကြိမ် ရှင်းလင်းပြသော်လည်း ကိုယ်တိုင် နားနှင့်ဆတ်ဆတ်ကြားလိုက်သူများက ရှင်သာရိပုတ္တရာအလောင်း တပည့်ကြီးပြောသည်ကို ငြင်းဆိုကြလေ၏။

"

[လူမိုက်တို့သည် မိမိ မျက်စိ,နားနှင့်စဉ်းစားဉာဏ်ကို အခိုင်အမာ ဆုပ်ကိုင် ထားတတ်ကြ၏။ အထင်ရောက်လွန်းကြသည်။ သူတော်ကောင်းကိစ္စတွင် “ကျုပ် ကိုယ်တိုင် မြင်ရတာ၊ ကျုပ်ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့ရတာ’ ဆိုတိုင်း လည်း ယုံသင့်မှ ယုံကြရာသည်။]

ထိုအခါ ဗြဟ္မာ့ပြည်ရောက်နေသော ရသေ ့ဆရာကြီးကိုယ်တိုင် လာရောက် ၍ အကြောင်းစုံ ရှင်းလင်းပြောဆိုရကာ’

“ပညာမဲ့သူ ထောင်ပေါင်းများစွာ စုရုံးပြီး အနှစ်တရာ၊ နှစ်ရာပတ်လုံး ပြောဆို ငိုကြွေးနေကြခြင်းထက် ပြောသောစကား၏အဓိပ္ပာယ်ကို နားလည်သော

## PAGE 540
<!-- 14 paragraphs, raw extraction -->




ပညာရှိသူတဦးသာလျှင် ကောင်းမြတ်လှပေ၏”ဟုလည်း ဆိုလေသည်။ (ဧက နိပါတ်၊ပရောသဟဇာတ်။ ပရောသတဇာတ်။ အလားတူ ပရိယာယ်ဖြင့် တရား ထူးကို ပြောကြားခဲ့သော အနင်္ဂဏဇာတ်၊ စန္ဒာဘဇာတ်၊ သရဘဇာတ်များလည်း ရှိပေသည်။ အံ-ဋ္ဌ-၁၊ ၁၀၀-သာရိပုတ္တတ္တရ-ဧတဒဂ်ခန်း။)

အရိယာပုဂ္ဂိုလ်အားကိုမိသော မထေရ်ငယ် တပါး

သီဟိုဠ်ကျွန်း ရွာတရွာ၌ အသက်ကြီးရင့်သော မထေရ်အိုကြီးတပါးနှင့် ရဟန်းငယ်တပါးတို့ တနေ့သောအခါ ရွာအတွင်းသို့ ဆွမ်းခံအတူတကွ ဝင်ကြ၏။
ပထမဆုံးအိမ်ကပင် မထေရ်နှစ်ပါးအား ယာဂုပူပူနွေးနွေး တမှုတ်ကျစီ လောင်းလှူလိုက်၏။မထေရ်အိုကြီးမှာ လေနာရောဂါရှိ၍ မခံသာအောင် နာကျင် ထိုးကျင့်နေသဖြင့် လောင်းလှူလိုက်သော ယာဂုကို ဆွမ်းစားဇရပ်အထိ မဆိုင်းငံ နိုင်တော့ပဲ တံခါးခုံပြုလုပ်ရန်ထားသော ထိုအိမ်ရှိ သစ်တုံးတခုပေါ်၌ ထိုင်၍ ဘုဉ်းပေးတော်မူ၏။ မအေးမီ ပူပူနွေးနွေး ဘုဉ်းပေးရလျှင် ဆေးလည်းဖြစ် အာ ဟာရလည်းဖြစ်ကာ လေနာသက်သာသွားမည်ဟု ယူဆသောကြောင့် ဖြစ်လေ သည်။

I

°

ရဟန်းငယ်သည် မထေရ်အိုကြီးကိုကြည့်ကာ နှာခေါင်းရှုံ့ လျက်– “ဒီဘုန်းကြီးအိုကြီး အရှက်မရှိ၊ဆာပဲ ဆာလွန်းလှတယ်။ငါတို့လို ဦးပဉ္စင်း ကလေးတွေကို သက်သက် အရှက်ခွဲနေတာနှင့် မထူးဘူး”ဟု ကဲ့ရဲ့ရှုတ်ချပြီး ထွက် သွားသည်။

မထေရ်ကြီးလည်း ဆွမ်းခံပြီး၍ ကျောင်းသို့ရောက်သောအခါ ၎င်းရဟန်း ငယ်ရှိရာသို့ သွား၍-

"

“ငါ့ရှင်….၊ ဤဘုရားသာသနာမှာ ငါ့ရှင် ထောက်တည်ရာ (တရားထူး) များ ရရှိပါပြီလား” ဟု မေးတော်မူလျှင် ရဟန်းငယ်က—

"

“မှန်လှပါ…၊ဘုရားတပည့်တော် သောတာပန်ပါဘုရား”ဟု လျှောက်၍’ “ငါ့ရှင်…၊ ဒီလိုဆိုယင် အထက်မဂ် အထက်ဖိုလ်အတွက် ငါ့ရှင် ဆက်ပြီး အားမထုတ်နှင့်တော့”ဟု မိန့်တော်မူလိုက်၏။ အရိယာအား စွပ်စွဲကဲ့ရဲ့မိသော သူများ မရသေးသော ဈာန်မဂ်ဖိုလ် တရားထူးကို မရနိုင်။ အရိယာ မဖြစ်သေး လျှင်ကား နတ်ရွာသုဂတိမျကိုပင် မရနိုင်တော့ချေ။ ထို့ကြောင့် မိန့်တော်မူခြင်း ဖြစ်၏။ ထိုအခါ ရဟန်းငယ်က—

## PAGE 541
<!-- 16 paragraphs, raw extraction -->



"

"


“အရှင်ဘုရား……၊ အဘယ့်ကြောင့်ပါလဲ”ဟုထပ်မံလျှောက်ရာ- “ငါ့ရှင်…၊ သင်ဟာရဟန္တာကိုစွပ်စွဲကဲ့ရဲ့မိပြီ”ဟု မိန့်ဘော်မူလျှင် ရဟန်း ငယ်လည်း သတိရ သံဝေဂဖြစ်ကာ မထေရ်ကြီးရွှေ့၌ ဆောင့်ကြောင့်ထိုင် လက် အုပ်ချီလျက်—

“အရှင်ဘုရား…၊ ဘုရားတပည့်ဘော်အား သည်းခံ ခွင့်လွှတ်တော်မူပါ၊
ဘုရားတပည့်တော်သည် အရှင်မြတ်အား (ဤသို့ဤပုံ) ပြောဆို မိပါသည်။
ထိုအပြစ်မှ ခွင့်လွှတ်သည်းခံတော်မူပါ” ဟု လျှောက်မှ အရိယူပဝါဒ ကံကြီး ပြေပျောက်ကာ တရားတက်နိုင်လေတော့၏။ (ဝိသုဒ္ဓိမဂ်-၂၊၆ဝ။ ဝိ-ဋ္ဌ-၁၊၁၃၄ ဝေရဉ္စကဏ္ဍ။)

(မထေရ်ကြီးက ဤသို့ပြောဆိုခြင်းမှာ မိမိဂုဏ်ကိုသိစေလို၍ မဟုတ်ချေ။
အရိယူပဝါဒကံပပျောက်အောင် စောင့်ရှောက်ခြင်းသာလျှင်ဖြစ်သည်။ အထူး သတိပြုသင့်သည်မှာ သောတာပန်သည်ပင် အပြစ်တင်လိုစိတ်စောသဖြင့်အရိယာ မှန်းမသိချေ။ သာမန်ပုထုဇဉ်တို့ကား ဆိုဖွယ်ရာမရှိ။)

ဈာန်မဂ်ဖိုလ်မရနိုင်သော ကံကြီးငါးမျိုး

မဇ္ဈိမပဏ္ဏာသ အလဂဒ္ဒူပမသုတ်၌ ဖွင့်ပြသော နတ်ရွာသုဂတိနှင့် ဈာန် မဂ်ဖိုလ်ကိုမရနိုင်သော ကံကြီးငါးခု(ဝါ)အန္တရာယ်ကြီးငါးခုရှိ၏။ ထိုအန္တရာယ် ကြီး ငါးခုတွင် တခုခုငြိတွယ်နေသောပုဂ္ဂိုလ်များ ဈာန်မဂ်ဖိုလ်ကို မဆိုထားဘိ၊
နတ်ရွာသုဂတိလောက်ကိုမျှ မရနိုင်တော့ပြီ။

ကံ ကိလေသ၊ ဝိပါက၊ ဝါဒ, တိက္ကမာ။
နတ်ရွာနိဗ္ဗာန်၊ မဂ်ဖိုလ်ဈာန်၊ ငါးတန်အန္တရာ။

၁။

(ဆရာတော်ဦးဗုဓ်)

ကမ္မန္တရာယ်=သေလျှင်မုချ အပါယ်ငရဲ ' ခံရသော မိသတ် ဖသတ်စသော အနန္တရိယ ကံကြီးငါးမျိုး ထိုက်သူ၊ ဘိက္ခုနီ (ရဟန်းမ)ဖျက်ဆီးသူ၊ (ထိုတွင်ဘိက္ခုနီဖျက်ဆီးမှုကား နတ်ရွာ သုဂတိကိုမူ မတား။)

၂။ ကိလေသရာနွယ်=သေလျှင်ဧကန် အပါယ်ငရဲကျမည့် “ကုသိုလ် အကုသိုလ်မရှိ၊အလိုလိုချမ်းသာဆင်းရဲသည်ဟု စွဲယူသော'နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိခြင်း၊

၃။ ဝိပါကန္တရာယ်=ပဋိသန္ဓေဝိပါက်စိတ်အရ အဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ် ပုဂ္ဂိုလ်ဖြစ်သော တိရစ္ဆာန်၊ပဏ္ဍုက်၊ဥဘတောဗျည်းများ

## PAGE 542
<!-- 15 paragraphs, raw extraction -->



၄ ၉ ၉

၄။ အရိယူပ၀ါဒန္တရာယ်= အရိယာ (အောက်ထစ်ဆုံး လူ သော တာပန်)အား သိလျက်ဖြစ်စေ၊ မသိ၍ဖြစ်စေ စွပ်စွဲဆဲရေး ကဲ့ရဲ့ ပြစ်မှားခြင်း၊

၅။ အာဏာဝီတိက္ကမန္တရာယ်=ပညတ်တော်မူသော ဝိနည်းသိက္ခာပုဒ် များ ကျူးလွန်ခြင်း။

ထို၅-မျိုးတွင် ၁၊၂၊၃-တို့ကား ကုစား၍ မရပြီ။အရိယာ စွပ်စွဲပြစ်နှင့် အာဏာဖီဆန်မှုတို့ကား ကုစား၍ရနိုင်ပေသေးသည်။ အာဏာဖီဆန်မှုမှာ သက် ဆိုင်ရာ ဝိနည်းထုံးစံအရ ဒေသနာကြား၊အာပတ်ဖြေခြင်း စသည်ဖြင့် ကုစားရ၏။
(မ-ဋ္ဌ-၂၊ ၉။) (ပါရာဇိကသို့ပင်ရောက်စေဦး၊ ရိုးသားစွာ လူဝတ်လဲ၍ တရား အားထုတ်လျှင် ရနိုင်ပေသေးသည်။)

"

အရိယူပဝါဒကံ ဖြစ်ပုံ၊ ကုစားပုံ

"

ဤသူတို့မှာ ရဟန်းတရားမရှိ• ရဟန်းမဟုတ်”ဟု စကားကုန်´(အန္တိမ ဝတ္ထုဖြင့်)စွပ်စွဲခြင်း၊ “ဤသူတို့မှာ ဈာန်သော်လည်းကောင်း၊ ဝိမောက္ခသော် လည်းကောင်း၊ မဂ်သော်လည်းကောင်း၊ ဖိုလ်သော်လည်းကောင်း မရှိ” စသည် ဂုဏ်ကိုဖျက်ဆီးခြင်းဖြင့် စွပ်စွဲခြင်းနှစ်မျိုးတွင် တမျိုးမျိုးဖြင့်စွပ်စွဲလျှင် အရိယူပ ဝါဒကံကြီး ထိုက်လေပြီ။ယခုဘဝ၌ပင် ဒိဋ္ဌဓမ္မ အကျိုးပေးတတ်လေသည်။(စရိ ယာ ဋ္ဌ၊ ၁ ၅၆။)

သိလျက်စွပ်စွဲသည်ဖြစ်စေ၊မသိ၍စွပ်စွဲသည်ဖြစ်စေကံထိုက်သည်သာဖြစ်၏။

တောင်းပန်ဝန်ချလျှင် ပြေပျောက်သည်

"

၁။ အစွပ်စွဲခံရသောပုဂ္ဂိုလ် အသက်ထင်ရှား ရှိနေလျှင် ထိုပုဂ္ဂိုလ် ရှိရာသို့သွားရောက်တောင်းပန်ရသည်။ မိမိကအသက်သိက္ခာ ဝါ ကြီးသော်လည်း ဆောင့်ကြောင့်ထိုင်၍ “တပည့်တော်သည် အရှင် ဘုရားကို (ဤသို့ဤပုံ)ပြောဆိုမိပါပြီ၊တပည့်တော်အားထိုအပြစ် မှ သည်းခံပါ”ဟုတောင်းပန်ရသည်။ မထေရ်ငယ်ဖြစ်ပါမူ ထိခြင်း ငါးပါးဖြင့် ရှိခိုး၍ တောင်းပန်ရသည်။

၂။ အကယ်၍ ထိုပုဂ္ဂိုလ် အခြားအရပ်တခုခုသို့ကြွသွားလျှင် ကိုယ်တိုင် လိုက်၍၊သို့မဟုတ်တပည့်တဦးဦးကို စေခိုင်း၍ ကန်တော့ရ၊ ကန် တော့စေရသည်။

## PAGE 543
<!-- 14 paragraphs, raw extraction -->


၅ဝဝ


ထိုသို့မဖြစ်နိုင်လျှင် ထိုပုဂ္ဂိုလ် အမြဲနေရာဌာနရှိ ရဟန်းတော် များထံ ရှေးနည်း အရိုအသေပြု၍ တောင်းပန်ရ၏။ “တပည့် တော်...ပြောဆိုမိပါပြီ၊ထိုအရှင်သည် တပည့်တော်အား သည်းခံ တော်မူပါစေ။

"

၃။ အကယ်၍ထိုပုဂ္ဂိုလ်မှာ နေရာ အတည်တကျမထား၊ လှည့်လည် သွားလာနေသည်ဆိုလျှင် ရှိဘတ်သောနေရာဆီမှန်းပြီး လက်အုပ် ချီ၍ ကန်ဘော့ရသည်။

၄။ အကယ်၍ ကွယ်လွန်လျှင် အလောင်းတော်ရှိရာသို့သွား၍၊ သင်္ဂြိုဟ် ပြီးလျှင် သင်္ဂြိုဟ်ရာဌာနသို့ သွား၍ ကန်တော့ရသည်။ (ဝိသုဒ္ဓိမဂ်- ၂၀. ၅၆-စုတူပပါတခန်း။ စရိယာ-ဋ္ဌ၊ ၁၅၆။ ပဋိသံ-ဋ္ဌ-၁၊
၃၃ ၇။မဟာနိ-ဋ္ဌ၊ ၃ ၃ ၃။)

ထိုသို့ကန်တော့ပါမှ နတ်ရွာလမ်းပွင့်သည်။တရားထူးရနိုင်သည်။ သို့မဟုတ် ပါက အရိယာစွပ်စွဲပြစ်ကြီးသည် မဟာအဝီစိငရဲ၌ ကမ္ဘာပေါင်း အသင်္ချေ မရေ မတွက်နိုင်အောင် ခံရပေတော့မည်။ (ဒသကအင်္ဂုတ္တရ-ကောကာလိက သုတ်၌

ရှုပါ။)

အရိယာစွပ်စွဲပြစ် ၁၁-မျိုး

1

အရိယာပုဂ္ဂိုလ်အား စွပ်စွဲကဲ့ရဲ့ ရှုတ်ချသူသည် တမလွန် သံသရာဘေးကြီး ကို ထားဘိဦး၊ လက်ငင်းပစ္စက္ခယခုဘဝ၌ပင်လျှင် အောက်ပါ အပြစ်များ ရရှိ ကြောင်း(ဒသက-အင်္ဂုတ္တရ-အက္ကောသကသုတ်၊ ဧကာဒသ-ဗျသနသုတ်၊ ဝိနည်း- ပရိဝါ-၂၄၉တို့၌) ဟောတော်မူထားသည်။

၁။ မရသေးသောတရားများကို မရနိုင်တော့ခြင်း၊
၂။ ရပြီးသောတရားများ ဆုတ်ယုတ်ခြင်း၊
(အရိယာမဂ်ကို မဆိုလို။)

၃။ သိက္ခာသုံးပါးကို စင်ကြယ်အောင် မတတ်စွမ်းနိုင်ခြင်း၊
၄။ တရားထူးမရပ် ရသည်ဟု အထင်ရောက်တတ်ခြင်း၊
၅။ သူတော်ကောင်းအကျင့်၌ မပျော်ပိုက်ခြင်း၊
၆။ ဂရုကအာပတ်ကြီးများ သင့်တတ်ခြင်း၊
၇။ လူထွက်ရတတ်ခြင်း၊

## PAGE 544
<!-- 13 paragraphs, raw extraction -->


110


ပြင်းထန်သော အနာရောဂါ ဖြစ်တတ်ခြင်း၊
၉။ ရူးသွပ်တတ်ခြင်း၊

၁၀။

တွေတွေဝေဝေသေရခြင်း၊

၅ ၀ ၁

၁၁။ သေပြီးနောက် အပါယ်ငရဲ ကျရောက်ရခြင်းတို့ ဖြစ်ကုန်၏။
အထူးမှတ်သားရန်မှာ အရိယာမဟုတ်သော ပုဂ္ဂိုလ်အား အရိယာအဖြစ် ပြောဆိုချီးမွမ်းခြင်းသည်လည်း အရိယာပုဂ္ဂိုလ်အား ကဲ့ရဲ့စွပ်စွဲသကဲ့သို့ပင် အရိယူ ပဝါဒကံထိုက်ကြောင်း ယင်းပါဠိ အဋ္ဌကထာတို့၌ တိုက်ရိုက်ပင် ပြဆိုထားလေ သည်။ အထူးသတိရှိကြပါကုန်။

“နိန္ဒိယ ပသံသာယ ဟိ ပသံသိယနိန္ဒာယစ သမကောဝ ဝိပါကော” (အက္ကောသကသုတ်အဖွင့်။) “အဘယ့်ကြောင့်သဘောတူသနည်း' ဆိုသော် မိမိသူတပါး အယူအကျင့် မှားယွင်းစေနိုင်သောကြောင့် ဖြစ်ကြောင်း (ယင်းဋီကာ၌)ထပ်မံ ဖွင့်ဆိုထား လေသည်။

ခင်ပွန်းကြီးဆယ်ဦးကို ပြစ်မှား၍ လောင်မီးကျခြင်း၊ စီးပွားပျက်ခြင်း စသော ဒဏ်ဆယ်ပါးလည်းကျရောက်တတ်လေသည်။ (ဒဏ် ၁၀-ပါး-ဓမ္မ-ဋ္ဌ-၁၊
၁၁၅-သာမာဝတီဝတ္ထုကြည့်။)

ယခုအခါ ရိပ်သာပြိုင်၊ ဆရာပြိုင်၊ တရားပြိုင်များ အထူး သတိထားကြ ရန် ဖြစ်ပါသည်။ မိမိလိုလားသည်၌ ပို၍ပြောခြင်း၊ မလိုလားသည်၌ နှိပ်ချပြော ခြင်း စသည်ဖြင့် (မရိုးသားသောစိတ်ဖြင့်) အရိယာတို့ ကိစ္စတွင် တစုံတရာ ဝင် ရောက် စွက်ဖက် ဝေဖန်ပြောဆိုခြင်းများမှ အထူး ရှောင်နိုင်ကြပါစေကုန်။
သူတော်ကောင်းတို့၏ သဘော၊ သိမ်မွေ့လှသော တရားသဘောကား သိခက် နက်နဲပါပေစွ။

ထေရာပဒါန်၌ ဟောဘော်မူသည့်အတိုင်း သာသနာတော်သည်လူလိမ္မာ, လူပညာရှိတို့အတွက် အမြိုက်ဆေးကြီးဖြစ်သော်လည်း နှုတ်မစောင့်သော လူမိုက် တို့အတွက်ကား ဝမ်းလျှောဆေး(အဆိပ်တုံး)ကြီးပင် ဖြစ်ဘတ်လေသည်။
ယခုခေတ်အခါ၌ ထိုအရိယူပဝါဒကံကြီးထိုက်သူ၊ သံဃဘေဒကကံကြီး ထိုက်သူများ ထိုက်မှန်းပင်မသိရှာကြပဲ ရှိနေကြလေသည်။ ကျွန်ုပ်တို့ များစွာ ကြားသိ တွေ့မြင်နေရပေသည်။

မန္တလေးမြို့မှ နာမည်ကျော် စာချဆရာတော်ကြီး တပါးလည်း မန္တလေး ရဟန္တာဟု ကျော်ကြားသော ဆရာတော်ကြီးတပါးအား စာချဟိုင်းလိုလိုပင် အမျိုးမျိုးကဲ့ရဲ့မိလေ၏။ “အကောင်” ဟုပင် ရင့်ရင့်သီးသီးသုံးနှုန်းကာဝေဖန် ရှုတ်ချနေလေရာ မကြာမီပင် မိမိထိုင်နေရာ အထက်မှ ကျောင်းအမိုး ဘုံအပိတ်

## PAGE 545
<!-- 9 paragraphs, raw extraction -->




ဦးခေါင်းပေါ်တည့်တည့်ကြီး ရုတ်တရက်ပြိုက်ကျရာ ထိုဒဏ်ရာ ရောဂါဖြင့် ပင် ကွယ်လွန်ရရှာလေသည်။ နစ်နာလေစွာ့။ အလားတူ သွေးအန်သေသူများ လည်း တွေ့ဖူးကြားဖူးလှလေပြီ။ ဆင်ခြင်ကြပါလေကုန်။ (ထိုစာချဆရာတော် ကြီးမှာ ကျွန်ုပ်တို့နှင့် တောရဆရာတူတပည့် ဖြစ်သော်လည်း အသက်ချင်းကား များစွာ ကွာပေသည်။)

အရိယာ ပုဂ္ဂိုလ်များကိုသာ မဟုတ်ပါချေ။ အရိယာဖြစ်ရန် ကျင့်ကြံ ပွားများနေသော ယောဂီများကိုပင်လျှင် မထီလေးစားမပြောဆိုရ။ ထိုယောဂီ၏ သီလ,သမာဓိ,ပညာနှင့်တန်သလောက် ကဲ့ရဲ့သူမှာ နစ်နာရတတ်လေသည်။
အရိယူပဝါဒကံကြီး မသင့်အောင် စောင့်ရှောက်သော ယသထေရ်

မူလုပ္ပလဝါပိကျောင်းနေ ရဟန္တာ ဖြစ်တော်မူသော ယသမထေရ်သည် မူလုပ္ပလဝါပိရွာတွင်းသို့ ဆွမ်းခံကြွတော်မူရာ ဆွမ်းဒကာ တဦး အိမ်၌ နေ့စဉ် ထိုင်တော်မူ၏။ ပံ့သုကူမထေရ်ဟုလည်း ခေါ်ကြသည်။

မထေရ်ထိုင်ရန် ခင်းထားသောနေရာမှာ ယဇ်ပူဇော်သည့် ခုတင်မြင့်မြင့် ကဲ့သို့သော အင်းပျဉ်ကို မှီ၍ ခင်းထားသည်။ အမတ်ကြီးတဦး၏ သမီးလည်း ထိုအင်းပျဉ်ကိုပင် မှီထားသော နောက်ကျောဘက် အနိမ့်နေရာ တခု၌ ထိုင်၍ ကြည်ညိုနေ၏။ တံခါးပေါက်လောက်ဆီက လှမ်း၍ ကြည့်လျှင် မထေရ်နှင့် ဒကာမနှစ်ဦးကြားက အင်းပျဉ်ကို မမြင်ရချေ။ ကြမ်းတပြေးတည်း အနီးကပ် ထိုင်နေသည်ဟု ထင်နိုင်လေသည်။

ထိုကျောင်း၌ ကျောင်းထိုင်မထေရ် တပါးလည်း ပံ့သုကူမထေရ် ထိုသို့ ထိုင်နေစဉ် ဆွမ်းခံဝင်လာ၏။ ထိုအိမ်တံခါးဝသို့ ရောက်သောအခါ အိမ်ထဲသို့ လှမ်း၍ကြည့်လိုက်ရာ မထေရ်သည် အမတ်ကြီးသမီးဖြစ်သူ ဒကာမနှင့်အတူ ခုတင် ပေါ်ထိုင်နေကြသည်ဟု ထင်မှတ်သွားလေ၏။

ဒီ ပံ့သုကူမထေရ်ဟာ ကျောင်းမှာတော့ ငြိမ်ငြိမ်ဆိမ်ဆိမ် ဣန္ဒြေကြီး တခွဲသားနဲ့နေတယ်။ ရွာထဲလဲရောက်ရော ခုတင်ပေါ်မှာ ဒကာမကလေးနဲ့အတူ ထိုင်နေလိုက်တာ”ဟု စိတ်ထဲကကဲ့ရဲ့နေမိလေ၏။ “ငါများ မျက်စိ ရှန်းနေရော့ လား'ဟုထင်ကာ အကြိမ်ကြိမ် လှမ်း၍ ငဲ့၍ ကြည့်သော်လည်း ထိုသို့ပင် မှတ်ထင် သွားလေ၏။

## PAGE 546
<!-- 10 paragraphs, raw extraction -->



၅ဝ ၃

ပံ့သုကူမထေရ်လည်း ဆွမ်းကိစ္စပြီး၍ ကျောင်းသို့ ပြန်ကြွတော်မူ၏။
ကျောင်းသို့ရောက်လျှင် မိမိ ကျောင်းသို့ကြွကာ တံခါးမင်းတုပ်ချပြီး တရား နှလုံးသွင်း၍ ထိုင်နေတော်မူ၏။ ကျောင်းထိုင် မထေရ်လည်း ကျောင်းသို့ ရောက်လျင်—

“ဒီ ပံ့သုကူကိုယ်တော်တော့ နှိပ်ကွပ်ဆုံးမပြီး ကျောင်းက နှင်ထုတ်မှ ဖြစ် မယ်”ဟု မဆင်မခြင် ဒူးရီဒူးရား မထေရ်နေသော ကျောင်းဘက်သို့ သွားလေ၏။
ပံ့သုကူမထေရ်ကျောင်းသို့ ရောက်လျှင် ကျောင်းအဆင်း ဆေးရေအိုးကို အသံ မြည်အောင်ဆွဲယမ်းဆောင့်အောင့်၍ ဖွင့်ပြီးလျှင် ရေတမှုတ်ခပ်ယူကာ ခြေဆေး လိုက်သေး၏။ ပြီးလျှင် အဖုံးကို ဂျိုင်းကနဲမြည်အောင် ဆောင့်၍ ဖိချ ဖုံးထား လိုက်သည်။

ပံ့သုကူမထေရ်လည်း ထိုအသံဗလံများကို ကြားတော်မူ၍ “မယဉ်မကျေး မဖွယ်မရာ ကာယိဣန္ဒြေကင်းမဲ့စွာ လုပ်နေတာ ဘယ်သူပါလိမ့်မလဲ”ဟု ဆင်ခြင်၍ ကြည့်တော်မူလျှင် အကြောင်းစုံ သိမြင်တော်မူလေ၏။

“ဪ…သနားစရာကောင်းသော ကျောင်းထိုင်မထေရ်ကြီး..၊ ခမျာ.... ငါ့ကို ပြစ်မှားပြီး အပါယ်လေးပါး မကျရောက်ပါစေနှင့်...

မထေရ်သည် ချက်ချင်းဈာန်သမာပတ်ဝင်စားကာ အဘိညာဉ်ဖြင့်ပျံတက် ၍ ကျောင်းဘုံမျက်နှာကြက်အထက်ပန်းဆွဲအနီး၌ တင်ပျဉ်ခွေ၍ နေတော်မူလေ သည်။ ကျောင်းထိုင် မထေရ်ကြီးလည်း စိတ်ဆိုးမာန်ဆိုးဖြင့် ကျောင်းတံခါး မင်းတုပ်ကိုဆောင့်၍ မဖွင့်ပြီး ကျောင်းထဲသို့ဝင်လာရာ ခုတင်ပေါ်၌မထေရ်ကို မတွေ့ရသဖြင့် “ငါ့ကို ကြောက်ပြီး ခုတင်အောက်များ ဝင်နေလေရော့လား အထင်ဖြင့် ခုတင်အောက်ငုံပြီး လှန်လှော ကြည့်လိုက်သေး၏။ ခုတင်အောက်၌ လည်း မတွေ့ရသဖြင့် မကျေမချမ်းဖြစ်ကာ ပြန်ထွက်မည် အပြု–

“အပြင်ထွက်ပြီးနောက် မတော်မရော်ဆဲဆိုပြီး ကြိမ်းမောင်း ပြောဆို သွားယင် ခမျာ…ငါ့အတွက် အကုသိုလ် ပွားစီးရှာတော့မယ်”ဟု စဉ်းစားမိ၍ မထေရ်သည် “အဟမ်း...”ဟု ကျောင်းဘုံ အထက်မှ ချောင်းဟန့်သံ ပြုလိုက် ၏။ ကျောင်းထိုင် မထေရ်ကြီးလည်း ထိုအခါကျမှ အပေါ်သို့ မော့ကြည့်ရာ မြင်တွေ့သွားလေ၏။

ကျောင်းထိုင်မထေရ်သည် ထိုမျှတန်ခိုးကြီးမားသည်ကို ကိုယ်တိုင်မြင်တွေ့ ရသော်လည်း တဖျစ်ဖျစ် မြည်အောင် တောက်လောင်နေသော မိမိ ဒေါသ (ပဒုဋ္ဌ’ပြစ်မှားစိတ်) ကို မအောင့်အည်း နိုင်ရှာတော့ပဲ “ငါ့ရှင်...ဒီလောက် တန်ခိုးကြီးပါလျက်ကနဲ့ ဆွမ်းဒကာမကလေးနဲ့ ခုတင်တခုထဲမှာ အတူ ထိုင်နေ တာ ကောင်းရော့လား…”စိတ်ဆိုးမာန်ဆိုး ပြောဖြစ်အောင် ပြောလိုက်သေး၏။

## PAGE 547
<!-- 11 paragraphs, raw extraction -->




ထိုအခါ ပံ့သုကူဆောင် အရှင် ယသမထေရ်က’

“အရှင်ဘုရား …၊ အရှင်ဘုရားပဲ စဉ်းစားကြည့်တော်မူပါ၊ ရဟန်းတို့ မည်သည် မာတုဂါမနှင့် အတူတကွ ခုတင်တခုထဲမှာ ထိုင်နေတယ်ဆိုတာ မဖြစ် သင့်ပါဘူးဘုရား။ အရှင်ဘုရားများ မျက်စိမှောက်သွားပြီး အထင်မှားတာပဲ ဖြစ်ပါလိမ့်မယ်ဘုရား”ဟု အကျိုးအကြောင်းအပြည့်အစုံပြောပြရာ မထေရ်ကြီး သည် ထိုအခါမှ ဝန်ချတောင်းပန်လိုက်လေသည်။

အရိယူပဝါဒ မဖြစ်အောင် စောင့်ရှောက်ပုံ

ရဟန္တာ အရှင်မြတ်များသည် မိမိတို့အတွက် မသိမလိမ္မာသူများအား အပြစ်ဖြစ်သွားမည်ကိုလည်း လွန်စွာ ကြောင့်ကြ၍ စောင့်ရှောက်တော်မူကြမြဲ ဖြစ်လေသည်။ (မ-ဋ္ဌ-၂၊ ၂၈၃။ ဝီမံသကသုတ်အဖွင့်။ ဋီကာ အဆို အမိန့်နှင့် တကွ ပြဆိုချက်။ ဝိ-ဋ္ဌ-၂၊ ၂၁၅-အနိယတသိက္ခာပုဒ် အဖွင့်ကား “မလ္လာရာမ ကျောင်းနေခီဏာသဝထေရ်´ဟု မကျဉ်းမကျယ်လာ၏။)

မြတ်စွာဘုရားရှင် လက်ထက် သာဝတ္ထိပြည်သား သူငယ်ချင်း ရဟန်း နှစ်ပါးရှိရာ တပါးက ဂန္ထဓုရဆောင်၍ ဂိုဏ်းကြီး ၁ဂ-ဂိုဏ်းကို စာပေသင်ကြား တရားဟောလျက်နေ၏။

တပါးကား ဝိပဿနာဓုရဆောင်၍ ပံ့သုကူ စသော ဓုတင်ဆောင်ကာ တော၌သွားလျက် တရားအားထုတ်ရာ ရဟန္တာဖြစ်တော်မူ၏။ 'နည်းခံကျင့်သော တပည့်များပင် များပြားလျက် ရှိသည်။

၎င်းတောနေသူငယ်ချင်း ရဟန္တာပုဂ္ဂိုလ်ကြီး ဘုရားရှင်ထံတရားလျှောက် လာစဉ် စာပေမတတ်၍ အထင်သေးကာ စာဖြင့် နှိပ်စက်မည်ရှိစဉ် ဘုရားရှင် သိတော်မူ၍ ဂန္ထဓုရ ပုဂ္ဂိုလ်အား အရိယူပဝါဒကံကြီး မထိုက်စေရန် ဟန့်တား တော်မူခဲ့ရဖူးလေသည်။ (ဓမ္မ-ဋ္ဌ-၁၊ ၉၉-ဒေသဟာယကဘိက္ခုဝတ္ထု။)

ယခုအခါ တရားရှုမှတ်နေသော ယောဂီများကလည်း မိမိကို အကြောင်း ပြု၍ မသိမလိမ္မာသူများ အပြစ်မရကြစေရန် အနေအထိုင်, အပြောအဆို သတိ ထားကြရာ၏။ အထူးသတိပြုဆင်ခြင်ကြရာ၏။ မိမိအပေါ်တဘက်သား အထင် ကြီးစေရန်ကို မဆိုထားဘိ၊ . ဟုတ်သလောက်ကိုပင် တဘက်သား မယုံကြည်နိုင် လောက်က မပြောသင့်။ ဟန်ဆောင်၍ပင် မနေသင့်။ နှစ်ဦးနှစ်ဝပင် အပြစ် မလွှတ်ချေ။

## PAGE 548
<!-- 15 paragraphs, raw extraction -->



သောတာပန်တို့၏ စိတ်ထားနှင့် ယုံကြည်ချက်ကိုပြသော မထေရ်တပါးနှင့် ဒကာတဦး

၅ ၀ ၅

သောတာပန်ဖြစ်သော မထေရ်တပါးသည် မဟာစေတီရင်ပြင်၌ အင်္ဂတေ သမံတလင်း ခင်းညှိရန် ပြုလုပ်နေချိန် မိမိလည်း ထိုအလုပ်ကို လုပ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် လက်တဘက်က အင်္ဂတေပုံး၊
လက်တဘက်က သံလက်ကိုကိုင်၍ စေတီရင်ပြင်ပေါ်သို့ တက်လေ၏။

ထိုမထေရ်သည် ရင်ပြင်တနေရာ၌ အင်္ဂတေများ သံလက်ဖြင့် ညှိနေစဉ်. ကိုယ်တော်ဝ ဝကြီး တပါးသည်လည်း ဘုရားပေါ်တက်လာကာ ဝေယျာဝစ္စ လုပ်နေသော ထိုမထေရ်နားသို့ အကျိုးမရှိ၊ ပေါက်တကရစကားများကို မေးမြန်း

လေ၏။

ပထမတွင် အလုပ်လုပ်နေသည့်ကြားက ထို ကိုယ်တော်ကြီးအား တဖက်က လက်ခံ၍ စကားပြောနေရသဖြင့် အလုပ်နှောင့်နှေးရလေ၏။ ထိုကိုယ်တော် ဝဝ ကြီးကား မဆုံးနိုင်အောင် စကားတပျစ်ပျစ် ပြောနေသဖြင့် အလုပ် မဖင့်နှေး စေရန်·ထိုမထေရ်သည် အခြားဘနေရာသို့ ပြောင်းရွှေ့ပြီး အလုပ်လုပ်၏။ ထို ကိုယ်တော်ဝဝကြီးလည်း နောက်က ထက်ကြပ်မကွာ လိုက်လေသည်။

သို့နှင့် နောက်ဘနေရာ ပြောင်းရပြန်၏။ ထိုကိုယ်တော်ကြီးလည်း ဆက်၍ လိုက်လာပြန်သည်။ လေးငါးနေရာ ပြောင်းရွှေ့၍ ပြောင်းရွှေ့၍ လုပ်ရရာ ကိုယ် တော်ကြီးနှင့် မလွတ်အောင်ရှိလေ၏။ သို့နှင့်’

““ကိုယ်တော်မြတ်၊ စေတီယင်ပြင်ဟာ အကျယ်ကြီးပါ၊ သည့်ပြင်မှာ နေစရာများမရှိတော့ဘူးလား”ဟု ဖွင့်၍ ပြောလိုက်သော်လည်းမပြု၊ ခံပြင်းစိတ် လည်းမရှိ။ တခြားသို့လည်း ထွက်၍မသွားချေ။ (မ-ဋ္ဌ-၂၊ ၃၀၀-ကောသမ္မိယ သုတ် အဖွင့်။)

အချိန်တန်ဖိုးသိသူများ လု၍လုပ်နေရသလောက် အဓိပ္ပာယ်မရှိ၊နမော်နမဲ့ ရီးတီးရားတား ပျင်းလောက်အောင် အချိန်တွေ ကုန်ခဲ့နေသူများလည်းရှိကြ

လေ၏။

သောတာပန်၏ ယုံကြည်ချက်ကို ဖျက်၍မရ

ရတနာသုံးတန် ကံကံ၏ အကျိုးအပေါ်၌ ကြည်ကြည်လင်လင် အမြင် ပြတ်သားနေပြီဖြစ်သော သောတာပန်၏ သဒ္ဓာတရားကိုပင်သော်မျှ ပြောင်းလဲ သွားအောင် မည်သည့်တန်ခိုးရှင်ကမျှ မတတ်နိုင်ချေ။

'

## PAGE 549
<!-- 13 paragraphs, raw extraction -->




တခါက သူရမ္မဋ္ဌခေါ်သော ဒကာသည် ဘုရားရှင်ထံမှ တရားနာရ၍ သောတာပန်ဖြစ်ပြီး အိမ်သို့ ပြန်အရောက်၊ မကြာခင်ပင် မာရ်နတ်က ဘုရားဟန် ဆောင်၍ အိမ်သို့လာ၏။ ဘုရားကြွလာတော်မူသည် ဆို၍ သူရမ္မဋ္ဌ စိတ်မရှင်းပဲ, ထွက်လာ ကန်တော့ရ၏။ မာရ်နတ်က-

"

....

“သူရမ္မဋ္ဌ…၊ စောစောက ငါဘုရား မစဉ်းစားမဆင်ခြင်မိပဲ ရုတ်တရက် ပြောလိုက်ရလို့ ရုပ်အနိစ္စ၊ ဝိညာဉ်အနိစ္စလို့ ပြောလိုက်မိတယ်။ ဒါကြောင့် ယခု ရုပ်နိစ္စ၊ ဝိညာဉ်နိစ္စလို့ပဲ ပြင်ပြီးမှတ်ယူလော့”ဟု လာပြောရာ မည်သို့မျှ ယုတ္တိမရှိ သဖြင့် “သင် မာရ်နတ်မဟုတ်လာ.”ဟု ကြားဖူးသော ဗဟုသုဘအရ လွှတ်ကနဲ မေးလိုက်ရာ အရိယာတို့၏ သဘာဝတန်ခိုးကြောင့် မလိမ်ရဲပဲ ဝန်ခံရလေ၏။

"

အဘယ်အတွက် လာရကြောင်းကို မေးလျှင် သဒ္ဓာတရားကို ဖျက်ဆီးရန် လာကြောင်း မာရ်နတ်က ဝန်ခံ၍—

“အို မာရ်နတ်ယုတ်….၊ ယခု သင်ဟာ တယောက်ထဲပဲ၊ သင့်လို မာရ်နတ် များ တရာ တထောင် လာဖျက်သော်လဲ ငါ့သဒ္ဓာတရားကို လှုပ်ချောက်ချားလို့ မရဘူး။ မဂ်ဉာဏ်ပညာနှင့်ရလာတဲ့ သဒ္ဓာတရားဆိုတာ ကျောက်သားမြေပေါ်မှာ အခိုင်အမာ ပေါက်လာတဲ့ မြင်းမိုရ်တောင်လိုပဲလို့ မှတ်ထားပါ။ သင် ဒီမှာ ဒီလို လာပြီး မရှုပ်ချင်နှင့်”ဟုလက်ဖြောက်တီး၍ ပြောလိုက်ရာ မာရ်နတ် ထွက်ခွာသွား လေ၏။ (မ-ဋ္ဌ-၂၊ ၂၈၇-ကောသမ္မိယသုတ်။ စကားစပ်၍ ‘သူရှမ္မဋ္ဌ’ အကြောင်း ထည့်လိုက်သည်။ အရိယာ သောတာပန်သည် သင်္ခါရတရားများကို နိစ္စ၊ သုခ၊
အတ္တဟု ယူဆရိုးထုံးစံ မရှိကြောင်း ဧကကအင်္ဂုတ္တရ။ ဝိဘင်္ဂပါဠိတို့၌ ဟောထား သည်။ သုပ္ပဗုဒ္ဓလူနူ၊ ဓနဉ္စာနီပုဏ္ဏေးမကြီးဝတ္ထု စသည်တို့ကိုလည်း ကြည့်ပါကုန်။) သောတာပန် ဓမ္မတာ ခုနစ်ပါး (မဟာပစ္စဝေက္ခဏာ ၇-ပါး)

0

မြတ်စွာဘုရားရှင်သည် ကောသမ္ဗု အဓိကရုဏ်းကြီးနှင့်စပ်၍ လိုက်နာသူ တိုင်း ပစ္စုပ္ပန်သံသရာ' ချမ်းသာရကြောင်း လိုရင်းပဓာန အကျဆုံးဖြစ်သော “သာရဏီယတရားခြောက်ပါးကို (မူလပဏ္ဏာသ-စူဠဂေါသိင်္ဂသုတ်၊ ဝိနည်း မဟာ ဝဂ္ဂ၊ ဆက္ကအင်္ဂုတ္တရနှင့် မူလပဏ္ဏသ ကောသမ္မိယသုတ်တို့၌) ဟောတော်မူထား၏။
(သာရဏီယ ကျင့်ဝတ်ကြောင့် သစ်ပင်ရှိလျှင် ဆွမ်းရှိသော မထေရ်များ ဤ စာအုပ်၌ ပြထားပြီး။)

တဖန် အရိယာပုဂ္ဂိုလ်တို့၏ သဘောထားပုံ၊ နေထိုင် ပြုမူပုံများကိုလည် “သောတာပန် ဓမ္မတာခုနစ်ပါး”ဟု ကောသမ္မိယသုတ်၌ ဟောတော်မူထားသည်။

## PAGE 55
<!-- 11 paragraphs, raw extraction -->




ဗုဒ္ဓသာသနာတော်သက်တမ်းသည် ယခု ၂၅၂ ၃-နှစ်မျှသာရှိပေသေး၏။
နှစ်ပေါင်း ထောင်ပေါင်းများစွာ ဆက်လက်ရှင်သန်နေရပေဦးမည်။ အနာဂတ်ကို အဖြေပေးမည့်၊အနာဂတ်ကို ပိုင်ဆိုင်သော၊(ဝါ)တာဝန်ရှိရှိ တာဝန်နှင့်လာသော ဘုန်းကံရှင်တို့သည်လည်း ယခုအခါ သူ့ တာဝန်နှင့်သူ ကိုင်ဆောင်ရပ်တည်လျက် ရှိနေကြသည်သာ ဖြစ်၏။

သီဟိုဠ်နိုင်ငံအတွက် ထေရဝါဒဗုဒ္ဓသာသနာတော် နယ်ပယ်သစ်ဖွင့်လှစ်ရန် တာဝန်ပေးအပ်ခြင်းခံရသူမှာ အရှင်မဟာ မဟိန္ဒထေရ်ပင် ဖြစ်သည်။

အသောကမင်းကြီး၏ နိုင်ငံရေးနှင့် ဘာသာရေး

အရှင်မဟာမဟိန္ဒကား သာသနဒါယကာ အသောကမင်းကြီး၏ ထီးမေ့ နန်းမွေ ဆက်ခံရန် အိမ်ရှေ့ဥပရာဇာ လျာထားခြင်းခံရသော သားတော်ပင် ဖြစ်တော်မူ၏။

ဤနေရာ၌ အသောကမင်းကြီး၏ ဘဝနှင့် နန်းတွင်းရေး အခြေအနေကို အနည်းငယ် ပြဆိုသင့်၏။

သာသနာတော်နှစ် ၂၁၄-ခုနှစ်တွင် ခမည်းတော် ဗိန္ဒုသာရ မင်းကြီး နတ်ရွာစံ ကံတော်ကုန့်သဖြင့် ခမည်းတော်ရိုက်ရာ တိုင်းပြည်ထီးနန်းကို သိမ်းမြန်း စိုးပိုက်ရ၏။ ညီတော် ကိုးကျိပ်ကိုးယောက်တို့က ပုန်ကန် ခြားနားကြသဖြင့် အားလုံး ကွပ်မျက်ရသည်ဟု ဆိုလေသည်။ လေးနှစ်တိုင်တိုင် တိုင်းပြည်နို အရေးကိုသာ ဆောင်ရွက်နေရသဖြင့် ၂၁၈-ခုနှစ်တွင်မှ ညီတော် တိဿကုမာရ အား အိမ်ရှေ့အရာထား၍ အဘိသိက်ခံတော်မူရသည်။

[ မင်းတရားကြီး ကိုယ်တော်တိုင် ရေးထိုးစေခဲ့သော အမှတ် ၄၊ ၅၊ ၆၊ ၇ ကျောက်တိုင် ကျောက်စာတော်များ၌ ညီတော် ပဒေသရာဇ် မြို့စားမင်းသားများ၏ အမည်တို့ကို များစွာ တွေ့ရှိ ကြရသည့်အပြင် တိုင်းသူပြည်သားနှင့် ဆွေတော် မျိုးတော်တို့ အပေါ်၌ ထားရှိသော မင်းကြီး၏မေတ္တာတော်ကိုပါ ဖတ်ရှုကြရ သဖြင့် ညီတော်များအား ကွပ်မျက်ပြီးမှ နန်းတက်ရသည်ဆိုသော အချက်ကို သမိုင်းပညာရှင်တို့က လက်မခံလိုကြပေ။ ]

အသောကမင်းကြီးသည် နန်းတက်ရသည်မှစ၍ သုံးနှစ်တိုင်တိုင် ခမည်း တော်ရိုက်ရာ တိတ္ထိခြောက်သောင်းတို့အား နန်းတော်၌ ဆွမ်းဝတ် အမြဲပြုတော် မူနေရ၏။ ထိုသို့နေရစဉ် တနေ့တွင် တူတော် နိဂြောဓသာမဏေ၏ သတိပဋ္ဌာန်

## PAGE 56
<!-- 10 paragraphs, raw extraction -->




ဣန္ဒြေ, အပ္ပမာဒ သတိပဋ္ဌာန်တရားကြောင့် သမ္မာဒိဋ္ဌိ (ဗုဒ္ဓဘာသာဝင်)ဖြစ်လာ ခဲ့သည်။

အသက်ပေါင်းများစွာသေကြေပျက်စီးခဲ့ရသော ကလိင်္ဂ စစ်ပွဲကြီး၏ အနိဋ္ဌာရုံမြင်ကွင်းသည် မင်းကြီးအား ဗုဒ္ဓဓမ္မ၌ ပို၍ လေးနက်သက်ဝင်အောင် ပို့ဆောင်ပေးလိုက်သော ပဓာန ခံစားချက်ကြီး ဖြစ်ကြောင်း သမိုင်းပညာရှင် တို့က ကလိင်္ဂကျောက်စာတော် ၄၊ ၅ တို့ကို ထောက်ဆ၍ အခိုင်အမာ ယုံကြည် ထားကြသည်။ မင်းကြီးလည်း ထိုအချိန်မှစ၍ ဗုဒ္ဓသာသနာတော်၌ ဒကာခံကာ အသောကနန်းတော်၌ တိတ္ထိများ ဝင်ခွင့်မရကြ။ သို့ရာတွင် အုပ်ချုပ်ရေးအရ သင့်လျော်သော အခြားထောက်ပံ့မှုများကိုမူ ပြုလုပ်တော်မူ၏။ (အသောက ကျောက်စာများရှု။)

မင်းကြီးသည် နေ့စဉ်နှင့်အမျှ သာသနာ့ တာဝန်၊ သံဃာ့ တာဝန်တို့ကို ဆောင်ရွက်တော်မူလျက် အသောကာရာမ ကျောင်းတော်ကြီးကိုပင် ဆောက်လှ ကာ ရဟန်းတော်အရှင်မြတ် ခြောက်သောင်းတို့အား အမြဲ ဆွမ်းဝတ် ပြုတော် မူ၏။ (အသောကာရာမ ကျောင်းလွှတ်= ကျောင်းပူဇော်ပွဲ၌ သံဃနာယက မဇ္ဈန္တိက မထေရ်ကြီး အထင်သေးခံရပုံကို အခန်း- ဂ ၌ ရှုပါ။)

နန်းတက်၍ လေးနှစ်ပင်ရှိသော်လည်း ညီတော်အိမ်ရှေ့မင်းသား “တိဿ ကုမာရ ိကား သာသနာတော်၌ လေးစားကြည်ညိုခြင်း မရှိသေး။ တောထဲ၌ လွတ်လပ်စွာ အစာရေစာစားသောက်ပြီး တာဝန်မဲ့ ပျော်ရွှင်မြူးထူးကာ လူးလာ ပြေးလွှားနေကြသော သားသမင်တို့ကဲ့သို့ ရဟန်းတော်များကိုလည်း “ကောင်း ကောင်းစား, ကောင်းကောင်းနေကာ တာဝန်မဲ့ လူပိုများ”ဟု အထင်ရောက် နေ၏။ တနေ့သောအခါ တောကစားရာမှပြန်အလာ ထိုအကြောင်းကို နောင် တော် အသောကမင်းကြီးအား ပြောဆိုမိလေ၏။

မင်းကြီးသည် ညီတော်၏စကားကို ကြားရသောအခါ လွန်စွာ စိတ်မချမ်း မသာ ဖြစ်သည်နှင့် တနေ့တွင် ဥပါယ်တမျဉ်ဖြင့် စိတ်ဆိုးဟန်ပြုကာ

“အမောင် တိဿ၊ ဤနေ့မှစ၍ မောင်မင်း ခုနစ်ရက် မင်းလုပ်ရမည်။
ခုနစ်ရက်စေ့လျှင် မောင်မင်းကို ကွပ်မျက်ရလိမ့်မည်” အမိန့်တော်ရှိလျှင် ညီတော် သည် မင်းစည်းစိမ်ကို ခံစားရသော်လည်း မစားနိုင်၊ မအိပ်နိုင် မှိုင်တွေချကာ အရိုးပေါ်အရေတင် ကြောက်လန့်၍ပင် နေလေ၏။ ခုနစ်ရက်စေ့လျှင် ရွှေတော် ခေါ်၍ မေးသောအခါ သေရမည်ကိုကြောက်သောကြောင့် ညှိုးနွမ်းပိန်ချုံး၍ နေကြောင်း သံတော်ဦးတင်လေ၏။

“ညီတော်…ညီတော်ပင်လျှင် သေရမည့် နေ့ရက်ကို သိမြင်က မပျော် ရွှင်နိုင် ရှိရပေသေး၏။ အရှင်မြတ်များမှာမူကား အာနာပါနနှင့် စပ်သော

## PAGE 57
<!-- 9 paragraphs, raw extraction -->




သေခြင်းတရားကို အမြဲရှုပွား၍ နေတော်မူကြရသည်ဖြစ်ရာ စားကာ အိပ်ကာ အဘယ်မှာလျှင် တာဝန်မဲ့ ပျော်ရွှင်တော် မူနိုင်ကြပါလိမ့်မလဲ ညီတော်” ညီတော်အား လက်တွေ့ပြတော်မူလိုက်ရာ သာသနာတော်၌ သက်ဝင် ကြည်ညို လာတော့၏။

သာသနာ့ မိသားစုကြီး

မကြာမီအတောအတွင်း အိမ်ရှေ့စံ တိဿကုမာရမင်းသား တောကစား ထွက်စဉ် တောဆင်ပြောင်ကြီးတကောင်သည် ယောနက မဟာဓမ္မရက္ခိတ အရှင် မြတ်ကြီးအား အင်ကြင်းခက်များကိုချိုး၍ ယပ်လေခတ်ပေးနေသည်ကို မြင်တွေ့ ရသဖြင့် “ဤမထေရ်ကဲ့သို့ ရဟန်းပြု၍ တောမှာနေရသော် ကောင်းလေစွ'ဟု စိတ်ကူးမိ၏။ မထေရ်လည်း အိမ်ရှေ့မင်းသား၏ စိတ်ကိုသိ၍ သူမြင်လောက် အောင်ပင် ထိုနေရာမှ ကောင်းကင်သို့ပျံတက်ကာ အသောကာရာမ ကျောင်း တော်ကြီးအနီးရှိ ရေကန်၏ ရေပြင်ထက်၌ ရပ်တော်မူ၏။ သင်္ကန်းများကို ကန်အထက် ကောင်းကင်၌ ဆွဲချိတ်ကာ ရေသုံးသပ်တော်မူလေသည်။

ယောနက မဟာဓမ္မရက္ခိတ အရှင်မြတ်ကြီး၏ တန်ခိုးအဘိညာဉ်ကို ကိုယ် တွေ့ ဖူးမြင်ရလေရာ အိမ်ရှေ့မင်းသား တိဿကုမာရသည် ထိုနေ့မှာပင် ထိုအရှင် မြတ်ထံ၌ အရှင်တိဿအမည်ဖြင့် နောက်ပါအခြွေအရံ တသိန်းနှင့်အတူ ရဟန်းပြု လေတော့သည်။ (ထေရဂါထာ အဋ္ဌကထာ၊ ၂၊ ၁၇၄-၌ “ဧကဝိဟာရိယထေရီ ဟု လာသည်။ အပြည့်အစုံ ထို၌ရှု။)

ထေရဂါထာ အဋ္ဌကထာ ၁၊ ၃၇၅-ဂ-၌ အသောကမင်းကြီး၏ ညီတော် ဂီတသောကခေါ် မထေရ်တပါးရှိ၏။ လူဝတ်ကြောင် ဘဝနှင့်ပင် ဂိရိဒတ္တမထေရ်ထံ၌ သုတ္တန်နှင့် အဘိဓမ္မာပိဋကကို သင်ယူတတ်မြောက်ခဲ့သည်။
ရှင်ရဟန်းပြုရန် ဆံချသောနေ့မှာပင် ဆတ္တာသည်လက်မှ မှန်ကိုယူ၍ကြည့်စဉ် တွန့်လိပ်သောအရေနှင့် ဖြူသောဆံပင်များကို ကြည့်ယင်း သံဝေဂ ဝင်ကာ ဝိပဿနာရှု၍ ထိုနေရာ၌ပင် သောတာပန် ဖြစ်ပြီးနောက် မကြာမီ ရဟန္တာ ဖြစ်တော်မူသွား၏။ (အကျယ်ကို ထို၌ရှု။)

မင်းကြီး၏တူတော်၊ သမီးတော် သင်္ဃမိတ္တာ၏ ခင်ပွန်းဖြစ်သူ အဂ္ဂိဗြဟ္မ (သုမနသာမဏေ၏ဖခင်)မင်းသားနှင့်တကွ မင်းညီမင်းသားများလည်း အလားတူ သာသနာ့ဘောင်သို့ အုပ်စုလိုက်ဝင်ကြရာ ရဟန်းတော်များ မရေမကွက်နိုင် အောင် များပြားလှ၏။ မဇ္ဈိမဒေသ ဣန္ဒိယပြည်မတွင် နောက်ဆုံး သာသနာ ထွန်းပခြင်းပင်တည်း။ တနိုင်ငံလုံး သင်္ကန်းရောင် လွှမ်းဖုံးသွားတော့၏။

## PAGE 550
<!-- 15 paragraphs, raw extraction -->




ထို သဘောတရား ခုနစ်ပါးသည် လောကနှင့်၊ သို့မဟုတ် ပုထုဇဉ်တို့နှင့် လားလားမျှမဆိုင်၊ လောကမှ လွန်မြောက်၍ မြတ်သော ဉာဏ်အမြင်များ ဖြစ် ကြောင်းလည်း မိန့်တော်မူထားလေသည်။

မပေ

"

သောတာပန်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”ဟု ကွဲကွဲပြားပြား ညွှန်ပြ ထားတော်မူ၏။ ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်သည်” ဆိုသည်ကို ကောင်းစွာ သဘော ပေါက်နိုင်ကြ၍ “သောတာပန်ဆိုတာ သူ ့လိုကိုယ့်လိုပါပဲ” အထင်နှင့် မလေး မစား ဝေဖန့်လိုသူ၊ မိမိကိုယ်ကို သောတာပန် ထင်နေတတ်သူများ အတွက် သုတ္တန်အမြင်အရ တမျိုးရှင်းပြတော်မူခြင်း ဖြစ်လေသည်။

သောတာပန်ဓမ္မတာ ခုနစ်ပါးကား-

၁။ သောတာပန် ပုဂ္ဂိုလ်သည် နီဝရဏငါးပါး၊ ယခုဘဝ, နောက် ဘဝအကြောင်း၊ ငြင်းခုံ ခိုက်ရန်ဖြစ်ခြင်းတို့နှင့်စပ်၍ အကြံအစည် အကုသိုလ် ဝိဘက်များ မကိလေသာစိတ်များ) ဖြစ်ပေါ်လျှင် ဖြစ်ပေါ်ရုံမျှသာ ရှိသည်။ ထို ပရိယုဋ္ဌာန(ထိုးနှက်လာသော) ကိလေသာစိတ်များသည် ရရှိသိမြင်ထားသော အသိမှန် အမြင်မှန်ကို တမျိုးတမည် ပြောင်းလဲသွားအောင် မထိုးဖောက် မနှောင့် ယှက်နိုင်။

အထက်မဂ်ဖိုလ်ရရန် စိတ်ကို တသန်တည်း တဖြောင့်တည်း ထားနိုင်၏။
(အကုသိုလ် ကိလေသာစိတ် ကြားခိုလျှင် ခိုမှန်း, ဝင်မှန်းသိကာ၊ သိသည် နှင့် တပြိုင်နက် ချက်ချင်း နောက်စိတ်က ရှုမှတ်ပစ်နိုင်သူဟု ဆိုလိုသည်။) ၂။ မိမိရရှိထားသော အသိအမြင် တရားဖြင့် အမှန်တကယ် စိတ်ငြိမ် သက်မှု၊ ကိလေသာ ငြိမ်းအေးမှု ရရှိနေသည်ကို ပိုင်းပိုင်းခြားခြား ကိုယ်တွေ့ ကိုယ်ပိုင် သဘောပေါက်ထား၏။

(သန္ဒိဋ္ဌိကဖြစ်၍ သူပြောလူပြောတဆင့်စကား တဆင့်ကြားဖြင့် ရှုမှတ် ပွားများနေရသူ မဟုတ်။)

၃၊ မိမိရရှိထားသော အသိအမြင် တရားမျိုးကို ရရှိနေသူ အခြာ•ဘာသာ ဝါဒီတို့အထဲ၌ မရှိနိုင်ဟု သဲသဲကွဲကွဲ သိမြင်ထား၏။

(ပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်လေလေ၊ မိမိဘဝ တန်ဖိုးကြီးမှန်း သိ လေလေ ဖြစ်ကာ သဒ္ဓာ, ဆန္ဒ, ဝီရိယများ ထက်သန်နေသူဟု ဆိုလို၏။)

အရိယာများ၌ ဖြစ်တတ်သော အာပတ်များ

၄။ (သီလသိက္ခာ အကုသိုလ် အပြစ်နှင့် စပ်၍ ရဟန်းတော် အရိယာ များတွင်လည်း ပဏ္ဏတ္တိဝဇ္ဇ= ပညတ်တော်မူချက် ရှိနေ၍သာ အစိတ္တက= စိတ် စေတနာမပါပဲ သင့်တတ်သော အာပတ်များရှိ၏။ ဝိနည်းနားမလည်၍ ဖြစ်စေ၊

## PAGE 551
<!-- 10 paragraphs, raw extraction -->


၅ ၀.၈


အခြား အကြောင်း တမျိုးမျိုးကြောင့် ဖြစ်စေ သင့်နိုင်သော - အာပတ်များမှာ ဂရုက (ကြီးလေးသော)အာပတ်တို့တွင် ကုဋိကာရ (ကျောင်းကန် စီမံမှုဆိုင်ရာ) အာပတ်မျိုး၊ လဟုက=ပေါ့ပါးသော အာတ်တို့တွင် သဟသေယျ (ဒကာမနှင့် တမိုးတရံတည်း အိပ်မှု) နှင့် ပဒသောဓမ္မ၊ ဇာတရူပရဇတ၊ ဥတ္တရိဆပ္ပဉ္စဝါစာ၊
ဩမသဝါဒသိက္ခာပုဒ်များ၊ ပစ္စဝေက္ခဏာ မဆင်ခြင်မှု စသည်တို့ ဖြစ်ကုန်၏။
လူအရိယာတို့မှာကား ပိုးရှုခြပုန်း စသည်တို့ကို . စေတနာမပါပဲ မတော် တဆ ပါဏာတိပါတမှု၊ ဖရုသဝါစာ, သမ္ဖပ္ပလာ (အနုစား) စသည်တို့ကို ပြုလုပ် ပြောဆိုမိမည်ဆိုက ဖြစ်နိုင်ရာ၏။

မည်သို့ဖြစ်စေ ရဟန်းတော် အရိယာများ၌ လောက၀ဇ္ဇ သိက္ခာပုဒ်များ၊
လူအရိယာ သောတာပန်များ၌ ငါးပါးသီလ သိက္ခာပုဒ်များကိုမူ မကျူးလွန် ကြတော့ပြီ။ အသက်ကိုသာ အသေခံကြကုန်၏။ (ငါး ပါး သီ လ အကြွင်းမဲ့ လုံကြောင်းပြဆိုရန် စာမျက်နှာမရပါ။)

ဤ၌ ဆိုလိုသည်မှာ စေတနာမပါပဲ တစုံတရာအာပတ်, အကုသိုလ် အပြစ် မျိုး ကျူးလွန်မိခဲ့သော် ဖုံးကွယ်မျိုသိပ်၍ မထား။
မထား။ ဝိနည်း ဒေသနာနှင့်အညီ အမြန်ဆုံး ကုစားဖြေဖျောက်၏။ ဒေသနာခံမည့်သူ (မိမိအပြစ်ရှိကြောင်း ဖွင့် ပြော ရမည့်သူ) အနီးအနား၌ မရှိလျှင်သော်မှ ရှိနိုင်သော အရပ်သို့ လကွယ် သန်းခေါင် မိုးမှောင်တောလယ် အဘယ်သို့သော အခက်အခဲ ရှိရှိ၊ မရောက် ရောက်အောင်သွား၍ ပြောကြားကုစား၏။

ကလေး ငယ်ကလေးများ ခြေလက်၌ မီးထိသလောက် ကြောက်ရွံ့ ပူလောင်၏။ အထိနာ၏။ နောင် ဤအပြစ်မျိုး မဖြစ်စေရန်လည်း အစဉ်သတိ ရှိနေ၏။

(မိမိသူတပါးထိခိုက်နစ်နာစေတတ်သော ကာယကံ, ၀စီကံ, မနောကံ ကျူးလွန်မှု တစုံတရာမရှိရအောင် အစဉ် သတိထားနေသော စင်းလုံးချော ရိုးဖြောင့်သူဟုဆိုလိုသည်။)

လောက ဝတ္တရားနှင့် တာဝန်ကျေသူ-သောတာပန်

၅။ သောတာပန်ပုဂ္ဂိုလ်သည် (ရတနာသုံးပါး၊ဆရာသမား) သီတင်း သုံးဖော်(လူများ၌ မိသားစု၊အိမ်နီးချင်းများ)တို့၌ ကူညီဆောင် ရွက်ပေးရမည့် ဝေယျာဝစ္စနှင့် စပ်လာလျှင် အညစ်အကြေး သုတ်သင်ပေးခြင်း၊ အမှိုက်ကျုံးခြင်းမှအစ တာဝန်လေးသည်၊
ပေါ့သည်၊ ဂုဏ်သရေမြင့်သည်၊ နိမ့်သည်၊ အယုတ်အမြတ်မရွေး “ငါဘာလုပ်ပေးရပါ့မလဲ”ဟု အမြဲကြောင့်ကြစိုက်နေ၏။

## PAGE 552
<!-- 10 paragraphs, raw extraction -->



၅ ဝ ၉

ထိုဝေယျာဝစ္စအလုပ်များကို မည်မျှ ကြောင့်ကြစိုက် လုပ်ကိုင်နေရစေ ကာမူ မိမိ၏တရားနှလုံးသွင်းမှု(သိက္ခာသုံးပါး)လျော့မသွား၊ ထက်ထက်သန်သန် လိုလိုချင်ချင်ကြီးပင် ရှိနေ၏။

မိခင်နွားမကြီးသည် နွားစားကျက်တွင် မိမိသားငယ်ကို တဘက်က ကြောင့်ကြစိုက် စောင့်ရှောက်ယင်းကပင် မိမိမြက်စားသော အလုပ်ကိုလည်း မဖျက်၊ စောင့်ရှောက်မြဲ စောင့်ရှောက်၍ စားမြဲစားသကဲ့သို့ ဖြစ်သည်။
(အလုပ်လုပ်ယင်း တရားကို ရှုမှတ်နိုင်၍ တချိန်တည်းမှာ အလုပ်နှစ်ခု ပြီ.အောင်လုပ်နိုင်သူ၊ တကိုယ်ကောင်း ကိုယ်လွတ်ရုန်းနေသူ မဟုတ်ရုံမျှ မက၊
လောကဝတ္တရားနှင့် ကိုယ့်လုပ်ငန်းတာဝန်ကို ကျေပွန်အောင် မလွှတ်တမ်း လုပ်နေသူဟု ဆိုလို၏။)

ဝါဒရေးရာတွင် အမြင်ရှင်းသူ’သောတာပန်

၆။ တရားနာရသောအခါလိုလိုလားလား(အတ္ထိက)၊စိတ်ပါလက်ပါ (မနသိကတွာ)၊ စူးစူးစိုက်စိုက် တလုံးမကျန်မှတ်သားပြီး (သဗ္ဗ စေတသာ သမန္နာဟရိတွာ)၊ နားစိုက် (ဩဟိတသောတ)နာယူ

တတ်၏။

ငိုက်မျည်းခြင်း၊ တစုံဘဦးနှင့် စကားလက်ဆုံကျနေခြင်း၊ စိတ်ပျံ့လွင့် နေခြင်းမရှိ၊ ညလုံးပေါက်နာရသော်လည်း နတ်သုဓာကိုစားနေရသူကဲ့သို့ အားရ ရောင့်ရဲခြင်း မရှိချေ။

(ဘုရားလက်ထက်တော်က “ကာတိယာနီ=ကစ္စာနီ’ခေါ် သောတာပန် ဒကာမကြီးတဦး ကျောင်းသို့သွား၍ တရားနာနေစဉ် အိမ်ကို သူခိုးဒမြများ ဖောက်ဖျက်ခိုးယူနေကြကြောင်း သတင်းလာပို ့သော်လည်းအိမ်မပြန်၊ တရားနာ မဖျက်၊“လိုချင်တာယူကြပါစေ”ဟုသာ လာပြောသူအား ပြန်ပြောလိုက်ဖူး၏။) ၇။ တရားနာရသောအခါ တရားသဘော အဓိပ္ပာယ်ကို ကောင်းစွာ သဘောပေါက် နှစ်ခြိုက်၏။ အရသာခံတတ်၏။ (အတ္ထဝေဒံ)။
အသုံးအနှုန်း ဝေါဟာရတရားမှတ်ချက်များကို ငုံမိ၏။ (ဓမ္မ ဝေဒံ)။တရားနှင့်စပ်၍ နှစ်သက်ရွှင်လန်းဝမ်းမြောက်လေ့ရှိ၏။
(တရားအပေါ်လေးမြတ်ယုံကြည်ပုံကို သိသာစေရုံမျှမက တဘက်သားတို့ ပြောဟောသောတရားစကားကို ခွဲခြားနားလည်စွမ်းရှိသော နား အရည်အချင်း “နား အသံချဲ့စက်-အသံဖမ်းစက် ကောင်းသူဖြစ်၏။ ကြားတိုင်း ပြောတိုင်း ယုံသူ မဟုတ်။စာပေဖတ်ရှူရာ၌လည်း ထို ့အတူ မျက်စိခွဲစက်ရှိ၍ အရသာကို ပို၍ ခံစား နိုင်သူ၊ အကောင်းအဆိုး ခွဲခြားရှုမြင်တတ်သူဖြစ်သည်။

## PAGE 553
<!-- 12 paragraphs, raw extraction -->


၅ ၁ ၀.



ထို ့ကြောင့် “ယထိန္ဒခီလော ံဂါထာနှင့် မဟာဝဂ္ဂသံယုတ် ဣန္ဒခီလသုတ်, ဝါဒတ္ထိကသုတ်တို့၌ အခြားဘာသာ, အယူဝါဒရေးရာ ပါရဂူကြီးများက သော တာပန် ပုဂ္ဂိုလ်အား (စာမတတ်သူပင် ဖြစ်စေကာမူ) ထိုးဖောက်၍ မရကြောင်း၊
ဝါဒမပြိုင်နိုင်ကြောင်း၊ ဟောတော်မူ၏။ ဧကကအင်္ဂုတ္တရနှင့်ဝိဘင်္ဂအဌာန ပါဠိတို့၌ လည်း သောတာပန်ဖြစ်သွားလျှင် ဆရာမပြောင်း၊ဆရာသစ်မရှာ၊ ဘာသာဝါဒ ခြား လက်မခံတော့ကြောင်း ဟောတော် မူထားသည်။

'

(အယူဝါဒ ဓမ္မရေးရာ၌ ခြွင်းချက်မရှိ အမြင်ရှင်းနေသူဟုဆိုလိုသည်။)

ဗိမ္မိသာရနှင့် သီဟစစ်သူကြီးတို့ လူသတ်သေးသလား

သောတာပန် ပုဂ္ဂိုလ်များသည် ဆင်ခြင်လိုက်တိုင်း အထက်ပါ အရည် အချင်းခုနစ်မျိုးတို့ မိမိသန္တာန်၌ အမှန်တကယ်ရှိနေပြီ ဖြစ်ကြောင်း ကောင်းစွာ သိမြင်ကြလေသည်။ လူသာမန်တို့နှင့် အလွန်ကြီးမထူးလှသယောင်၊ ငါးပါးသီလ လုံလျှင်ပဲ ပြီးတော့သလိုလို၊ သောတာပန်ဖြစ်သော ဗိမ္ဗိသာရမင်းကြီးနှင့် သီဟ စစ်သူကြီးတို့ လူသတ်ခိုင်းသေးလေဟန် ကျောချမ်းဖွယ် ပြောဆိုထင်မြင်နေတတ် ကြသော်လည်း အောက်ထစ်ဆုံးဖြစ်သော သောတာပန်၏ အရည်အသွေးမျှ ကိုပင်လျှင် အဘယ်မျှနှစ်လိုအားရရမ်း ဝမ်းမြောက် အားကျဖွယ်ရာကောင်းလိုက် ပါဘိသနည်း။ အဘယ့်မျှချမ်းသာနေမည်ကိုလည်း နေ့မျှော်နိုင်ကောင်း၏။

[ဗိမ္မိသာရ၊ သီဟစစ်သူကြီးများ လူသတ်ခြင်း၊စေခိုင်ခြင်းမရှိပုံကို ဝိနည်းမဟာဝဂ္ဂ-ရာဇဘဋဝတ္ထု၊ ၁၀၃၊ ယင်းအဋ္ဌကထာ-၂ ၇ဂနှင့် ဘေသဇ္ဇခန္ဓက-သီဟ သေနာပတိဝတ္ထု-၃၃၄ တို့၌ တိုက်ရိုက်ဟော တော်မူ၏။ မုဆိုးကတော် သော်တာပန်လည်း ပါဏာတိပါတကံကို မလွန်ကျူး၊အဆိပ်ကို ကိုင်တွယ်သော်လည်း လက်၌အနာမရှိ၍အဆိပ် မသင့်ကြောင်း ဓမ္မ-ဋ္ဌ-၂-၁ဂ-ကုက္ကုဋမိတ္တဝတ္ထုကြည့်ပါ။]

ကထိုင်တည်းနှင့် ရဟန္တာဖြစ် ကမ္မဌာန်း ပေးနိုင်သည်ဆိုသော ပထမတန်း ကမ္မဋ္ဌာန်းနည်းပြ မထေရ်ကြီး

ရှေးအခါက ပညာမဲ့၍အကြည်ညိုလွန်သော တပည့် ဒကာ ဒကာမတို့ သည် မိမိတို့ဆရာမထေရ်ကြီးတပါးအား ဈာန် မဂ်ဖိုလ်ရသော ရဟန္တာပုဂ္ဂိုလ် ကြီးတပါးဟု ပြောဆိုအသံလွှင့်ကြလေသည်။

## PAGE 554
<!-- 21 paragraphs, raw extraction -->



၅ ၁ ၁

ထိုမထေရ်ကြီးသည် တပည့်တပန်း ဧည့်သည်များ လာရောက်ကန်တော့ ကြသောအခါ ထိုင်မှမထိုင်ရသေးမီ-

"

"

“ဘာကိစ္စ လာကြသလဲ။”

“တပည့်တော်များ အမြဲနှလုံးသွင်းရမည့် ကမ္မဋ္ဌာန်း တရားကို မေး လျှောက်ချင်လို့ပါဘုရား။”

«

“အင်း…ကောင်းပြီ၊ ထိုင်ကြ၊ ငါချက်ချင်း အရဟတ္တဖိုလ်ပေါက်ရောက် နိုင်တဲ့ ကမ္မဋ္ဌာန်းကို ပေးလိုက်မယ်”ဟု ဆိုကာ-

“မိမိနေမြဲနေရာမှာ နေပြီး (ဒီလိုဒီလို) နှလုံးသွင်း၊ ဒါ မူလကမ္မဋ္ဌာန်း ခေါ်တယ်၊ အဲသလိုနှလုံးသွင်းယင်းနဲ့ အရောင်အလင်းတွေ` ထွက်လာလိမ့်မယ်၊
အဲဒါပထမ မဂ်ရပြီလို့မှတ်၊ အဲသည်နောက် ထပ်၍ နှလုံးသွင်းလျှင် အလင်း ရောင်စုဖြစ်ပေါ်ရန် အသိဉာဏ်ကလေး ပေါ်လာလိမ့်မယ်၊ အဲဒါ ဒုတိယမဂ်ပဲ။
တတိယမဂ်, စတုတ္ထမဂ်လဲ သိပ်မထူးလှပါဘူး၊ ဒီအတိုင်းပဲ နှလုံးသွင်းသွားလျှင် မဂ်လေးပါး ဖိုလ်လေးပါး ရတော့တာပါပဲ”ဟု မိန့်တော်မူလေ့ရှိ၏။

"

တရားနာယူကြရသော တပည့်တပန်း ရဟန်းရှင်လူ များကလည်း- “ရဟန္တာမဟုတ်ပဲနဲ့ ဒီလိုကမ္မဋ္ဌာန်းမျိုး ပေးနိုင်ဖို့ မလွယ်ဘူး၊ ဒို့ဆရာ မထေရ်ကြီးဟာ ရဟန္တာမှ ရဟန္တာအစစ်ပါပဲ”ဟု ဆုံးဖြတ်ချက်ချ ကိုးကွယ်ကြ

လေ၏။

ဂေ

ကာလကြာသောအခါ ထိုမထေရ်ကြီး ပျံလွန်တော်မူရာ ကျောင်းအနီး ပတ်ဝန်းကျင်ရှိ ဂေါစရဂါမ်ရွာများမှ ဒကာ ဒကာမများ ကျောင်းသို့ ရောက် လာကြလျက်--

“အရှင်ဘုရားတို့…၊ တပည့်တော်တို့ရဲ့မထေရ်ကြီး ပျံလွန်တော်မူခါနီးမှာ တစုံဘရာ ဘာများ လျှောက်ထား လိုက်ကြရပါသေးသလဲ” ဟု ကျောင်းရှိ တပည့် သံဃာများကို မေးလျှောက်ရာ သံဃာများက−

"

“ဒကာတို့…၊ ဘာများ…မေးလျှောက်စရာ လိုသေးသလဲ၊ ဟိုအရင် ကတဲက ကျုပ်တို့ကို အတည့်အလင်း ဟောပြီးထားခဲ့တာပဲ”ဟု မိန့်တော်မူကြလေ သည်။

ပုထုဇဉ်ကို ရဟန္တာမှတ်၍ စေတီတည်ကြ

ဒကာဒကာမများလည်း သံဃာတော်များ၏ စကားကို ယုံစား၍ ပန်း မဏ္ဍပ်၊ ပန်းထွတ်တပ် စံကျောင်းတော်၊ ရွှေပိန်းမျက်နှာကြက် စသည်တို့ကို ပြု လုပ်လျက် အမွှေးနံ့သာတို့ဖြင့် ပူဇော်ကာ ခုနစ်ရက်တိုင်တိုင် သာဓုကီဠန သဘင်

## PAGE 555
<!-- 20 paragraphs, raw extraction -->


၅ ၁ ၂


ပွဲကြီး ကျင်းပကြလေ၏။ မီးသင်္ဂြိုဟ်ပြီးသောအခါ အရိုးများကို ကောက်ယူ၍ စေတီတည်ထား ကိုးကွယ်ကြလေသည်။

.

ရပ်ဝေးမှ အကြောင်းသိ အာဂန္တု မထေရ်များ ထိုကျောင်းသို့ ရောက် လာ၍ ခြေများဆေးကြောပြီးနောက်’

"

“မထေရ်ကြီး ဖူးချင်လို့ပါ။ ဘယ်ကြွနေပါသလဲ”ဟု ကျောင်းနေ သံဃာ များကို မေးကြသောအခါ-

"

“အရှင်ဘုရား…၊ မထေရ်ကြီး ပရိနိဗ္ဗာန် ပြုသွားပါပြီ။”

“အာ….ငါ့ရှင်တို့…၊ ဒီမထေရ်ကြီး မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ဆိုတာ မလွယ် လှပေဘူး။ ငါ့ရှင်တို့၊ ပြန်တော်မမူမီ တစုံတရာ မလျှောက်ထားလိုက်ကြဘူး လား။ ဘာများ အမိန့်ရှိသွားသေးသလဲ”ဟု အာဂန္တုမထေရ်များက မေးကြ လျှင် ယခင်က ၎င်းတို့အား တထိုင်တည်း ရဟန္တာဖြစ် ကမ္မဋ္ဌာန်းပေးခဲ့ပုံကို ပြန်၍ လျှောက်ကြလေ၏။

"

“ငါ့ရှင်တို့….၊ ဒီလိုဆိုယင် အဲဒါ မဂ်မဟုတ်ဘူး။ ဝိပဿနာ ဥပက္ကိလေသလို့ ခေါ်တယ်။ ဪ…. ဖြစ်မှဖြစ်ရလေ….ငါ့ရှင်တို့ မသိရှာ့ကြပဲကိုး။ ဒီမထေရ် ကြီးဟာ ပုထုဇဉ်ပါ ငါ့ရှင်တို့ရယ်”ဟု မိန့်တော်မူကြလျှင်ပင် တပည့်များ နေရာ

မှတကာ-

"

“ဟုတ်တယ်...ဒီကျောင်းမှာရှိတဲ့ . ကိုယ်တော်တွေအားလုံးရော၊ ရပ်ရွာ ဒကာ ဒကာမတွေရော ဘယ်သူမှ မသိဘူး။ အရှင်ဘုရားတို့ပဲ သိတယ် တတ်တယ်။
အရှင်ဘုရားတို့ ဘယ်လမ်းက ဒီကို ကြွလာကြသလဲ။ ဒီကျောင်းပေါက်အဝင်ဝ မှာ ဓာတ်တော်စေတီကို အရှင်ဘုရားတို့ မမြင်ခဲ့ဖူးလား” စသည်ဖြင့် ငြင်းခုံ ကာကွယ် ကြလေတော့သည်။ (ဝိပဿနာ ညစ်ညူးကြောင်း .. ဆယ်ပါးသည် ပဋိပတ္တိ သာသနာကွယ်ခြင်း အကြောင်းတရားများအဖြစ် နိဒါနသံယုတ် သဒ္ဓမ္မ ပဋိရူပကသုတ်အဖွင့်၌ ပါရှိလေပြီ။ )

ဤသို့အယူရှိသောရဟန်းများတရာတထောင်ပင်ရှိစေကာမူ၊ထိုအယူကိုမစွန့် သမျှ နတ်ရွာနိဗ္ဗာန်မဂ်ဖိုလ်ဈာန်ကို မရရှိနိုင်ကြတော့ပြီ၊ အဘယ်ကြောင့်ဆိုသော်- ယောနိန္ဒိယံ ပသံသတိ၊

"

တံ ဝါ နိန္ဒတိ ယော ပသံသိယော”(ဓမ္မပဒ-၃ဂ၁။ သံ-၁၊၁၅၁၊ ၁၅၄။
အံ-၁၊ ၃၁ ၉-စသည်) ချီးမွမ်းသင့်သော အရိယာကို ကဲ့ရဲ့စွပ်စွဲခြင်းနှင့် ကဲ့ရဲ့ထိုက် ပုထုဇဉ်ကို အရိယာအဖြစ် ချီးမွမ်းဂုဏ်တင်ခြင်းသည် တူညီသော အရိယူပ‘ ဝါဒကံကြီး ဖြစ်နေသောကြောင့်ပင်တည်း။

အဋ္ဌကထာ၌ အလားတူ ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းပေးပုံ နည်းဆန်းများ ကိုလည်း ပြဆိုထားပေသေးသည်။ (မ-ဋ္ဌ-၄၊ ၂၅-၆-သာမဂါမသုတ်အဖွင့်။)

## PAGE 556
<!-- 17 paragraphs, raw extraction -->

*



လောကုတ္တရာမှာ ငြင်းစရာမရှိ သာမဂါမသုတ္တန်

၅ ၁ ၃

နိဂဏ္ဌ နာဋပုတ္တဆရာကြီး ကွယ်လွန်ပြီးလျှင်ပြီးချင်း ၎င်း၏တပည့်များ ငြင်းခုံ ခိုက်ရန်ဖြစ်ကြကြောင်း စုန္ဒသာမဏေ လျောက်ထား သတင်းပေးချက် အရ အရှင်အာနန္ဒာက မြတ်စွာဘုရားမရှိလျှင် တပည့်များ သိက္ခာပုဒ်တို့နှင့်စပ်၍ ငြင်းခုံ ခိုက်ရန်ဖြစ်မည်ကို စိုးရိမ်သဖြင့် မြတ်စွာဘုရားအား နိဂဏ္ဌကြီးသတင်းကို ဖော်ပြယင်း လျှောက်ထားရာ-သိက္ခာပုဒ်တို့နှင့်စပ်သော ငြင်းခုံမှုသည် ပြော ပလောက်အောင် မရှိနိုင်ကြောင်း၊ လောကိယမဂ်၊ သမထ ဝိပဿနာအလုပ်နှင့် စပ်၍မူ ငြင်းခုံနိုင်သေးကြောင်း၊ ထိုငြင်းခုံမှုလည်း တလောကလုံး၏ ဆင်းရဲကျိုး မဲ့ခြင်းအကြောင်း ဖြစ်ကြောင်း မိန့်တော်မူလေသည်။

သို့ရာတွင် လောကုတ္တရာမဂ်သို့ ရောက်လျှင်ကား တစုံတရာ ငြင်းခုံဖွယ် မရှိတော့ချေ။

ထိုသို့သော ဝိဝါဒများ မရှိစေရန်၊ သာရဏီယ တရား ခြောက်ပါးနှင့် အဓိကရုဏ်း ပြေငြိမ်းနည်းများကို ဟောတော်မူခဲ့လေသည်။ (မ-၃၊ ၃၂။ ဥပရိ- သာမဂါမသုတ်။)

..

}

“နာ”ဟံ ဘိက္ခဝေ လောကေန ဝိဝဒါမိ၊ လောကော”ဝ မယာ ဝိဝဒတိ၊
န ဘိက္ခဝေ ဓမ္မဝါဒီ ကေနစိ လောကသ္မိံ ဝိဝဒတိ။”(သံ-၂၊ ၁၁၃-၄-ခန္ဓဝဂ်- ပုပ္ဖသုတ်။ )

"

“ရဟန်းတို့...(ကြာသည် ရေ၌နေရသော်လည်း ရေနှင့် မလိမ်းကျ သကဲ့သို့ ထို့အတူ)ငါသည် လောကနှင်မငြင်းခုံ။ လောကကြီးကသာလျှင် ငါနှင့် ငြင်းခုံနေတတ်၏။ ရဟန်းတို့ တရားသဖြင့် ပြောဆိုသူ-တရားသော အယူရှိသူသည် လောက၌ တစုံတယောက်နှင့်မျှ ငြင်းခုံခြင်းမရှိတော့ချေ။”

ဗြဟ္မာ့ပြည်အထိ ဒုက္ခပေးနိုင်သော ကမ္မဋ္ဌာန်း ဆရာများ

ပြဆိုခဲ့သည့်အတိုင်း တထိုင်တည်းနှင့် အရဟတ္တဖိုလ်ထုတ်ချောက် အရောက် ပို့နိုင်သည်ဆိုသော ကမ္မဋ္ဌာန်းဆရာမျိုးသည် မိမိကိုယ်ကို မိမိအထင်ရောက်၍ဖြစ် စေ၊ ပါပိစ္ဆာ=အလိုဆိုးကြောင့်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ မိမိနှင့်မတန်သော အလုပ်ကို လုပ်ခြင်းသည် မိမိသာလျှင် နစ်နာရသည်မဟုတ်။ “ နတ်နှင့်တကွသော

°

1

## PAGE 557
<!-- 16 paragraphs, raw extraction -->


၅ ၁ ၄.


တလောကကြီးလုံးကိုပင် ဒုက္ခရောက်အောင်, အကျိုးမဲ့အောင် လုပ်နေသူဖြစ် ကြောင်း “တိကအင်္ဂုတ္တရ ဉာတသုတ်၌ ဘုရားရှင် တိုက်ရိုက် ဟောတော်မူထား၏။

မိမိကို အရင်းခံအကြောင်းပြု၍ မိမိဘပည့်များ၊ ဆည်းကပ်ကိုးကွယ်သူ များသို့ ဘုရားအဆုံးအမ (သာသနာ)နှင့် မလျော်ကန်သော နည်းလမ်းများ ပြန့်ပွားသွားကာ၊ ထိုကမှ တဆင့်’

“ဒီပုဂ္ဂိုလ်ဟာ သူကိုယ်တိုင်မသိပဲနှင့်တော့ ဒီတရားကို ကျင့်မှာ-ပေးမှာ မဟုတ်ဘူး”ဟု ယူဆကာ ကိုယ်စောင့်နတ် ကျောင်းစောင့် ရွာစောင့်နတ်များမှ အစ ဗြဟ္မာ့ပြည်အထိ ဓာတ်ခံတူရာတူရာ ပုထုဇဉ်လူမိုက်, နတ်မိုက်, ဗြဟ္မာမိုက် များကို တသိုက်တဝန်းကြီး ဒုက္ခချောက်ထဲသို့ တွန်းချနေသူသာ ဖြစ်ကြောင်း အဋ္ဌကထာ (အံ-ဋ္ဌ-၂၊ ၇၃-ဉာာသုတ်အဖွင့်)၌ ဖွင့်ပြခဲ့လေသည်။ (ကမ္မဋ္ဌာနံ ဝါဒေတွာ ကထေန္တောပန အနနုလောမိကေသု ဓမ္မေသု သမာဒပေတိ နာမ။) “မဂ္ဂ ဝါဟိ ံအာနန္ဒ ပဋိပဒါယ ဝါ သံဃေ ဝိဝါဒေါ

"

ဝိသံ

ဥပ

မာနော ဥပ္ပဇ္ဇေယျ၊ သွာ'ဿ ဝိဝါဒေါ ဗဟုဇနာဟိတာယ ဗဟုဇနာ သုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝ မနုဿာနံ” (မ-၃၊ ၃၃-ဥပရိ-သာမဂါမသုတ်။)

"

“အာနန္ဒာ…၊ ပုဗ္ဗဘာဂမဂ် (လောကီမဂ္ဂင်)၌ ဖြစ်စေ၊ ပုဗ္ဗဘာဂ ကျင့်စဉ်၌ဖြစ်စေ သံဃာ့ဘောင်၌ ငြင်းခုံမှုဖြစ်သော် ဖြစ်နိုင်ရာသေး ၏။ အကယ်၍ဖြစ်ခဲ့လျှင် ထို (လောကီသမထ ဝိပဿနာအရာ၌)ငြင်းခုံ မှုသည် သတ္တဝါအများ အကျိုးမဲ့ရန်, ချမ်းသာမဲ့ရန် ဖြစ်၏။ များ စွာသော လူအပေါင်း၏ အကျိုးပျက်စီးရန် အစီးအပွားမဲ့ရန်- ဖြစ် ၏။ နတ်လူဗြဟ္မာ သတ္တဝါအားလုံး ဆင်းရဲကြရန်သာ ဖြစ်လေ၏။” ထိုအတွက် သာဓကဝတ္ထုကို (ဝိသုဒ္ဓိမဂ်-၁၊ ၂ဂဂ-ဗြဟ္မ ဝိဟာရခန်း၌ လည်း လာသော) မေတ္တာကမ္မဋ္ဌာန်း အပေးမှား,အကျင့်မှား၍ အမတ်သား တယောက် တညလုံး အုတ်နံရံနှင့် လက်သီးထိုး၍ ရူးရသောအကြောင်းကိုပင် ပြဆိုထားလေသည်။

ယင်းအမတ်သားအား ကမ္မဋ္ဌာန်းပေးသော ဆရာနှင့်စပ်၍ ဝိသုဒ္ဓိမဂ်၌ အထူးမပြ၊ “ကုလူပက မထေရ်တပါး” ဟုသာ ဆိုသည်။ အင်္ဂုတ္တရအဋ္ဌကထာ၌ ကား “ဒက္ခိဏဝိဟာရ၀ါသီ” (တောင်အရပ်ကျောင်း) မထေရ်ဟုပါရှိ၏။ အမတ်

သားက-

"

“အရှင်ဘုရား…၊ မေတ္တာပွားတဲ့သူဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကစ၍ ပွားပို ရပါသလဲ” ဟု မေးလျှောက်သည်ကိုပင် အထီးအမ သပ္ပာယ ဖြစ်မဖြစ် စိစစ်၍ မပေးတော့ပဲ “ချစ်တဲ့သူက စပြီးပွားပို့ ရတယ်”ဟုသာ မိန့်ဆိုလိုက်သဖြင့် အချစ်

## PAGE 558
<!-- 10 paragraphs, raw extraction -->



၅ ၁ ၅

ဆုံး မိမိ ဇနီးကစ၍ မေတ္တာပို ့ရာ “မေတ္တာသည် တဏှာနှင့် ကပ်နေသည်” ဆိုသည့် အတိုင်း မေတ္တာပွားယင်း ဇနီးကို အောက်မေ့လှ၍ ကာမရာဂ စိတ်မွှန်လာကာ အခန်းတွင်း၌ ထွက်ရန် အပေါက်ရှာမရ နိုင်သဖြင့် တညလုံး ဘိတ္တိယုဒ္ဓ=နံရံနှင့် လက်ဝှေ့ထိုးကာ ရူးသွပ်သွားရရှာလေ၏။

ကမ္မဋ္ဌာန်းကို လျော်ကန်သင့်မြတ်အောင် ပေးနိုင်၍ တလောကလုံး၏ အကျိုးဆောင်ဖြစ်ပုံကို ကောဠိတကျောင်းနေ နိကာယ် လေးပုံဆောင် တိဿ ထေရ်သည် ၎င်း၏ ညီတော် ပေါတလိယကျောင်းနေ နန္ဒာဘယ(သီမူ-ဒတ္တာ ဘယ)ထေရ်အား နာမကျန်းဖြစ်နေစဉ် ကဗဠိကာရာ အာဟာရကမ္မဋ္ဌာန်းပေးရာ ချက်ချင်း ရဟန္တာဖြစ်သွားကြောင်း ဝတ္ထုကို ဆက်လက်ဖော်ပြတော်မူလေသည်။

သာဝကကြီးများသော်မှ တရားပြ လွဲချော်တတ်

ဘုရားလက်ထက်တော်က ခန္ဓာငါးပါး၏ အဖြစ်အပျက် (ဥဒယဗ္ဗယ)ကို ရှုပွား၍ ရဟန္တာဖြစ်သွားသော မထေရ်ကြီးတပါးသည် နောက်ပါယောဂီရဟန်း တော် ခြောက်ကျိပ်ကိုခေါ်ဆောင်၍ ဘောရနေကာ ကမ္မဋ္ဌာန်းများပေး၏။

မဟာဘုတ်၊ ဥပါဒါရုပ်၊ နာမရူပ၊ ပစ္စယ၊ လက္ခဏာ၊ အာရုံ ရှုမှတ်ပုံ များကို တဝါတွင်းသုံး သင်ပြရာ ယောဂီခြောက်ကျိပ်လုံး မေးတိုင်းပင် ဖြေဆို နိုင်ကြ၏။ သို့သော် မဂ်ခန်းဖိုလ်ခန်းကို မေးစစ်သောအခါတွင်ကား တပါးမျှ မဖြေဆိုနိုင်ကြ။ ထိုအခါ ရဟန္တာ မထေရ်ကြီးကာ

“အင်း..ငါရဲ့ ဟောမူ ပြောမှု သင်ပြမှုလဲ ဘာမှမလိုဘူး။ သူတို့တတွေ လဲ ကြက်ရေတသောက်လောက်မျှ မတန့်မနား သတိတရားရှိရှိနဲ့ အားထုတ်ကြ တာပဲ။ ဘောက်မဲ့… မဂ်ဖိုလ်နိဗ္ဗာန် မရကြပါလိမ့်။ ခက်တာက...ငါလဲ သူတို့ရဲ့ အတွင်းခံ အဇ္ဈာသယကိုမသိ။ ဘုရားရှင်တရားပြမှရမယ့်သူတွေများလားလဲမသိ ဟု ဆိုကာ (သီတင်းကျွတ်)လပြည့်နေ့ ဘုရားရှင်ထံ တပည့်များကို ခေါ်လာပြီး လျှင် ပုဗ္ဗာရုံကျောင်းတော်၌ ဘုရားရှင်အား တရားမေးလျှောက်ရာ ထိုအခါကျမှ အားလုံး ရဟန္တာ ဖြစ်ဘော်မူကြဘည်။ (မ-၃-၆၆၊ ဥပရိ-မဟာပုဏ္ဏမသုတ်။
မ-ဋ္ဌ-၄၊ ၅ဝ။)

အရှင်သာရိပုတ္တရာ မထေရ်ကြီးသည်ပင် ဘဝ ငါးရာ ရွှေပန်းထိမ်သည် ဖြစ်ခဲ့ဖူးသော ရွှေပန်းထိမ်သည်သား တပည့် ရဟန်း တပါးအား အနုကြိုက် သဘာဝ အဇ္ဈာသယကို မသိသဖြင့် အသုဘကမ္မဋ္ဌာန်းကို အပေးမှားရာ လေးလ တိုင်တိုင် ရှုပွားသော်လည်း နိမိတ်မျှပင်မပေါ်။ နောက်ဆုံး ဘုရားရှင်ထံ ခေါ် ဆောင်သွားမှ ကြာကန်နှင့်ကြာပန်းဖန်ဆင်းကာ ရှုပွားစေမှ ရဟန္တာ ဖြစ်သွား ဒေသ၏။ (ဒကနိပါတ်-တိတ္တဇာတ်-ဇာ-ဋ္ဌ-၁၊ ၁၉၉။)

## PAGE 559
<!-- 11 paragraphs, raw extraction -->


၅ ၁ ၆


ဘုရားဟော၍မရ၊ တပည့်ဟောမှ ရသူလဲရှိ

ရံခါ သဗ္ဗညု မြတ်စွာဘုရား တရားပေး၍ မရနိုင်၊ အရှင်သာရိပုတ္တရာ စသော သာဝကများ ဟောပြောပြသပေးမှ တရားထူးရမည့် ပုဂ္ဂိုလ်မျိုးလည်း ရှိသေးသည်။ ပါထိကဝဂ္ဂ-ဒသုတ္တရသုတ်၌ ရဟန်းတော် ငါးရာသည် ဘုရား ဟော၍မရ၊ ရှင်သာရိပုတ္တရာဟောမှ ပဋိသမ္ဘိဒါပတ္တ ရဟန္တာများဖြစ်တော်မူသွား ကြဖူးသည်။ (ဒီ-ဋ္ဌ-၃၊ ၂၃၈။) အရှင်အာနန္ဒာသည်ပင် အရှင်ပုဏ္ဏ တရားကို နာရ၍ သောတာပန်ဖြစ်လေသည်။ ( ခန္ဓသံယုတ်-ဂ ၆-အာနန္ဒသုတ်။)

ထို့ကြောင့်.ဝိသုဒ္ဓိမဂ်အဋ္ဌကထာ, ကမ္မဋ္ဌာန်းယူခန်းနှင့် သမ္မောဟ ဝိနော ဒနီ အဋ္ဌကထာ ကာယဂတာသတိ နိဒ္ဒေသတို့၌ အဋ္ဌကထာဆရာကြီးမှာထားသည့် အတိုင်း ကမ္မဋ္ဌာန်းပေးမည့်သူနှင့်စပ်၍ အရိယာပုဂ္ဂိုလ်ကြီးများကို မရနိုင်ခဲ့သော် ပိဋကတ် ကျွမ်းကျင်သော ပုဂ္ဂိုလ်များထံ နည်းခံရကြောင်း၊ ရဟန္တာအရှင်မြတ် ကြီးများသော်မှ မိမိတို့ လျှောက်ခဲ့သည့် လမ်းစဉ်ကိုသာ ပြတတ်ကြသဖြင့် ချုံပုပွောင်းတို့ကို နင်းချေ၍ သွားနိုင်သော ဆင်ပြောင်ကြီးအလား နာနာနယ ဗဟုသုတရှိသော ပုဂ္ဂိုလ်များထံနည်းခံသင့်ကြောင်း ညွှန်ပြသည်ကိုအလေးမူကြရ ပေလိမ့်မည်။ (ကိသုကောပမသုတ်လည်းရှု။)

ရဟန္တာမထေရ်ကြီးများ ထောင်ပေါင်းများစွာ ရှိနေသော်လည်း မိလိန္ဒ မင်းကြီး၏သံသယမေးခွန်းများကို အရှင်နာဂသေနမှတပါး မဖြေဆိုနိုင်ကြသဖြင့် ရဟန္တာအရှင်မြတ်ကြီးများ တိမ်းရှောင်နေကြရဖူးလေသည်။

တရားထိုင်ခါမှ မိစ္ဆာဒိဋ္ဌိ ဖြစ်သွားရရှာသော မဟာဝါစကာလ ဒကာကြီး

အန္တရဂင်္ဂါခေါ် သီဟိုဠ်ကျွန်း ဂင်္ဂါမြစ်ဝှမ်းဒေသ အရပ်၌ နေထိုင်သော မဟာဝါစကာလ ခေါ် ဒကာတဦးရှိခဲ့ဖူး၏။

၀ါစကာလသည် ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အနှစ်သုံးဆယ်တိုင်တိုင် ရွတ်ဖတိ သရဇ္ဈာယ် နေခဲ့၏။ သောတာပန်´ ဖြစ်ရန် ရည်ရွယ်၍ ရွတ်ဖတ်နေရ သော်လည်း

“ငါသည် အနှစ်သုံးဆယ်လုံးလုံး ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို. ရွှတ်ဆို သရဇ္ဈာယ်ခဲ့တာ အရောင်အလင်းကလေးဘောင် မရရှိသေးပါကလား။ စင်စစ် မြတ်စွာဘုရား တရားတော်ဟာ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်စေနိုင်တဲ့

## PAGE 560
<!-- 11 paragraphs, raw extraction -->



၅ ၁ ၇

တရားဟုတ်ပုံမရပါဘူး။ ကျင့်ကြံနေလဲဆင်းရရရုံပါပဲ”ဟု တဖြည်းဖြည်း မယုံမရဲ ဝိစိကိစ္ဆာဖြစ်ရာမှ နောက်ဆုံး မိစ္ဆာဒိဋ္ဌိလုံးလုံး ဖြစ်သွားလေတော့သည်။

ထိုမိစ္ဆာ အယူကြောင့်ပင် ဝါစကာလဒကာကြီး သေလွန်သော အခါ ဂင်္ဂါမြစ်ကြီးအတွင်း၌ ကိုးဥသဘ ကြီးကျယ်သော မိကျောင်းကြီး ဖြစ်ရရှာလေ သည်။ တခါက ကမ္ဘကဆိပ်ကမ်းမှ ကျောက်တိုင်များကို တိုက်လာသောလှည်း အစီး ခြောက်ဆယ်ကို နွားများကိုရော ကျောက်တိုင်ကြီးများကိုပါ ဝါစကာလ မိကျောင်းကြီးက မျိုဝါးစားသောက်ခဲ့ဖူး၏။

ဒိဋ္ဌိပယ်သတ်သော အလုပ်ကို လုပ်နေစေကာမူ ယောနိသောမနသိကာရ မရှိသူတို့သည် သမ္မာဒိဋ္ဌိရှိရင်းစွဲအယူပင် ရင်းစားပြုတ်ကာ မိစ္ဆာဒိဋ္ဌိ ဖြစ်တတ် ကြောင်း သင်ခန်းစာယူဖွယ် ရှိလေသည်။ (အံ-ဋ္ဌ-၂၊ ၁၀ဂ·နိဒါနသုတ်အဖွင့်)

ဒိဋ္ဌိဇာလ-လူထောင်ပြုံးကြီးများ

ကမ္မဋ္ဌာန်းအလုပ်သည် လောက၌ အသိမ်မွေ့ဆုံးဖြစ်၏။ မှန်ကန်လျှင် အတုမဲ့ချမ်းသာကိုပေးနိုင်၍ မှားယွင်းလျှင် သံသရာနှင့်ချီ၍အပါယ်ငရဲစာဖြစ်တတ် လေသည်။

ထို ့ကြောင့် မဇ္ဈိမနိကာယ် ဥပါလိသုတ်၌ မနောကံ အပြစ်ကြီးကြောင်း၊
တန်ခိုးကြီးကြောင်း ဟောတော်မူခြင်း ဖြစ်လေသည်။ သတ္တဝါတို့တွင် အရေး အကြီးဆုံး အခရာဆုံးဖြစ်သော အယူမှားယွင်းမှု၊ အမြင်လွဲမှားမှု(မိစ္ဆာဒိဋ္ဌိ) သည် ကာယကံ, ၀စီကံတို့တွင် မပါဝင်ချေ။မနောကံသာလျှင် ဖြစ်ပေသည်။

အယူဝါဒအမြင်မှားလျှင် ကြောက်ဖွယ်ကောင်းလှသော ကာယကံ, ၀စီကံ တို့ကို မြိန်ရေရှက်ရေ.. လက်ရဲဇက်ရဲ ကျူးလွန်ဝံ့ လေတော့သည်။ ထို ့ကြောင့် မနောကံအလုပ်၊ စိတ်အလုပ်ဖြစ်သော ကမ္မဋ္ဌာန်းဘာဝနာအလုပ်သည် မိစ္ဆာဒိဋ္ဌိ ဘေးကြီးနှင့် အလွန်နီးကပ်လျက်နေသဖြင့် ယောနိသောမနသိကာရရှိရန် အလွန် လိုအပ်လှပေသည်။ သဒ္ဓာသီလရှိရန် အရေးကြီးလှပေသည်.

စာပေပရိဟတ္တိ ကျွမ်းကျင်သော ပုဂ္ဂိုလ်များပင်လျှင် လာဘ သက္ကာရ သိလောက (လာဘ်, အရိုအသေ,ကျော်စောမှု)၊ မက္ခ ပလာသ (သူ့ကျေးဇူး ချေဖျက်ခြင်း၊ ဘက်ပြိုင်ခြင်း)စသော အကုသိုလ်မနောဆိုး တချက်ဝင်သွားလျှင် ကမ္မဋ္ဌာန်းထိုင်၍ရလာသော သမာဓိသည် ထိုသူမျိုးအတွက် မိစ္ဆာသမာဓိဖြစ်ကာ ဖြေဖျောက်၍ မရနိုင်တော့သော အမှာ ကြီးများကို ဆက်တိုက် ကျူးလွန်မိတတ် ကြ၏။ စာတတ်သလောက်၊ အရှိန်အဝါ, အခြံအရံကြီးသလောက် ဒုက္ခပေးလေ တော့၏။(ယာဝဒေဝ အနတ္ထာယ၊ ဥတ္တံဗာလဿဇာယတိ။ ဓမ္မပဒ။)

## PAGE 561
<!-- 13 paragraphs, raw extraction -->


၅၂ ၁၈


သာသနာတော်နှင့်ဆန့်ကျင်သော ကမ္မဋ္ဌာန်းနည်းများကိုလည်း ထာဝရ ပယောဂအဖြစ် ကျမ်းစာများကိုပင်ရေးကာ ဝန်လေးသည်ထက် လေးကြရ ရှာသည်။

““အတ္တနာ ဒုဂ္ဂဟိတေန အမှေစေဝ အဗ္ဘာစိက္ခတိ၊ အတ္တာနဉ္စ ခဏတိ၊
ဗဟုဉ္စ အပုညံ့ ပသဝတို

"

(ဝိ-၂၊ ၁၇၇။ မ-၁၊ ၁၈၅။) တပည့်ယောဂီတဦး မှားယွင်းသည်ထက် ဆရာလုပ်သူမှားလျှင် ပို၍နစ်နာ လှပေသည်။ “ဘုရားရှင်ကိုလည်း စွပ်စွဲပုတ်ခတ်ရာကျ၏။မိမိကိုယ်ကိုလည်း တူးဖြို ၏။ မကောင်းမှုတွေလည်း ပွားစီးလေတော့သည်။

၁။ အချို့ကမ္မဋ္ဌာန်းဆရာတို့ကား ကမ္မဋ္ဌာန်းဆရာတစုံတဦးကို ဦးတည် တိုက်ခိုက်သော်လည်း သဗ္ဗညုတဉာဏ်တော်သခင် ဘုရားရှင်ကအစ တသာသနာ လုံးကိုပင် တုပြိုင်ရာကျလေ၏။ ဥပမာ– လက္ခဏာကိုသာ ရှုမှတ်ရမည်၊ ပဒဋ္ဌာန် မရှုမှတ်ရ။ “ဂစ္ဆာမိ”ဆိုလျှင်ပင် “ငါ” ပါနေ၍ မှားယွင်းကြောင်း ရှေးရှေးက ရှိသော ကမ္မဋ္ဌာန်းကျမ်းများကိုပင် ပုတ်ခတ်ကာ လက်တဆစ် နှစ်ဆစ် ကမ္မဋ္ဌာန်း လက်သစ်များကို ထွင်မိမှားလေ၏။ (မမှားသော်လည်း မရိုးသားသောစိတ်ဖြင့် တီထွင်ထား၍ နည်းရိုးနည်းကောင်းကား မဟုတ်ချေ။)

ပို၍အံ့ဖွယ်ကောင်းသည်မှာ အရိယာဖြစ်လက်မှတ်ပေးပွဲကြီးကိုပင် တိုင်းသိ ပြည်သိ လုပ်မိလေ၏။

၂။ အချို့ လူပြန်တော်များတွင်လည်း ကမ္မဋ္ဌာန်းဆရာကြီး အမည်ခံ၍‘မဇ္ဈိမ ပဋိပဒါဟူသည် အလယ်အလတ်လမ်း(မဇ္ဈေ ဘဝါ မဇ္ဈိမာ)ဖြစ်၍ သုခဝေဒနာကို မှတ်လျှင် ကာမသုခလ္လ ိက၊ ဒုက္ခဝေဒနာမှတ်လျင် အတ္တကိလမထဖြစ်၍ မဇ္ဈိမ ပဋိပဒါကျအောင် ဥပေက္ခာဝေဒနာကိုသာ ရှုမှတ်ရမည်ဟု ယင်းအချက်ကိုပင် မဏ္ဍိုင်ပြုကာ ကမ္မဋ္ဌာန်းကျမ်းများ ရေးသားဟောပြောလျက်ရှိလေ၏။

သတိပဋ္ဌာန်, သက္ကပဉ္စ- အဋ္ဌကထာတို့၌ ရှုမှတ်ခါစ ပုဂ္ဂိုလ်များအတွက် ဥပေက္ခာဝေဒနာမှာ ဒုဒ္ဒေပနာ=ယောဂီဉာဏ်အမြင်၌ မြင်နိုင်ထင်နိုင်ခက်၍ မောဟ ကဲ့သို့ပင် ရှိတတ်သောကြောင့် သမင်ခြေရာခံနည်းဖြင့်သာ သိရကြောင်း ဖွင့်ဆို ကြသည်။ (ဒီ-ဋ္ဌ-၂၊၃၁၅။ မ-ဋ္ဌ-၁၊၂၈၂။မ-ဋ္ဌ-၄-ဗဟုဓာတုကသုတ်အဖွင့်။)

ရုပ်နာမ် ခန္ဓာကိုယ်က မလွတ်သော ရှုမှတ်ချက်တိုင်း၌ မဂ္ဂင်ရှစ်ပါးလုံး ပါဝင်၍ ပါဝင်၍ပင် နေရာ ထိုမဂ္ဂင်ရှစ်ပါးသည်ပင် မဇ္ဈိမပဋိပဒါ မည်ကြောင်း စာပေအရာေ, ရှုမှတ်မှုအရပါထင်ရှားလှပေ၏။ (စိတ် စိတ်အတိုင်းထား’ ကား ရှင်းလှပေ၏။ အထူးပြောဖွယ်မရှိ။)

၃။ ထိုမှတပါး နိုင်ငံသိလူဝတ်ကြောင် ဆရာကြီးနှစ်ဦးလည်း ပဋိပတ် လောကတွင် တော်တော်ကလေး သုတေသနပြုသွားကြသည်ကို တွေ့ရ၏။ တဦး

## PAGE 562
<!-- 11 paragraphs, raw extraction -->




ကမူ အလွန်ဇွဲလုံ ့လကြီးစွာ ပါဠိကျမ်းဂန်များကိုပင် ဖတ်ရှုနိုင်သည်အထိ ကြိုးစား သွားလေသည်။ ချီးကျူးဖွယ် ကောင်းလှပေ၏။ ဝိပဿနာကျမ်းများ ပြုစု၍ သင်တန်းများ၊ အဖွဲ့အစည်းများကိုပင်တည်ထောင်ကာ နှစ်ချုပ်အစီရင်ခံစာများ ကိုပင် ထုတ်ဝေသွားခဲ့၏။

ကြိုးစားပမ်းစား စာပေများကို ဆစ်ပိုင်းကျကျ လေ့လာသွားသော်လည်း အရေးကြီးသော အလုပ်စခန်းပိုင်း ရောက်သောအခါ လွှဲချော်နေလေသည်။ မိမိ ကိုးကားသော ပါဠိကပင် မိမိယူချင်သောအဓိပ္ပာယ် ထွက်မလာပဲ မိမိဦးတည် ဖယ်ထုတ်လိုသော တဘက်က အများအားထုတ်နေကြသည့် ဝါဒကိုပင် ဖော်ပြ နေလေသည်။ တဘက်အားထောက်ခံသော ပါဠိများ ဖြစ်နေ၏။ဝိပဿနာကျမ်း များ၌ အလွန်ပိရိစွာရေးထား၍ မသိသာလှသော်လည်း နှစ်ချုပ်အစီရင်ခံစာများ ကို ကြည့်ရသောအခါ ထိုဆရာကြီး၏ ဦးတည်ဖယ်ရှားလိုသောအရာကို ကွက်ကွက် ကွင်းကွင်းကြီးပင် မြင်နေရလေသည်။

"

ယခုအခါ အများရှုမှတ်နေကြသော သတိပဋ္ဌာန်နည်းကို ဖယ်ရှားလိုခြင်း ပင် ဖြစ်၏။ အံ့ဖွယ်ကောင်းလေစွာ့။ “ဆန်အိုးထဲက ဆောက်ကြီး. ငါမြင်ပေလို့ သာပေါ့။ အနိုမို ထမင်းစားတဲ့လူတွေ ဗိုက်ပေါက်ကုန်တော့မယ်” ဆိုသကဲ့သို့ ရှိလေသည်။

“သောတာပန်သည် ငါးပါးသီလ မလုံ၊ အရက်သောက်သေးသည်” ဆိုသော ဆရာကြီးကား လောကဂုဏ်သိက္ခာအရ မူလကဟုတ်သလိုလို တိုင်းပြည်က ထင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် “ဟင်”ကနဲ ဖြစ်သွားကြ၏။ နာဠန္ဓာ တက္ကသိုလ်မှ ပါမောက္ခကြီးဝင်စားသည်ဟုဆိုသည့်အချိန်မှစ၍ ရာတူးမှ ရပ်စဲခြင်း လည်း ခံရရှာလေတော့သည်။

ခန္ဓာကိုယ်တွေ့ ပဓာနထားကြလျှင်

၄။ ထိုမှတပါး အချို့သောပုဂ္ဂိုလ်များသည် ပရိယတ္တိလည်းမကျွမ်းကျင်၊
ကျွမ်းကျင်သော ဆရာသမားအမှီလည်း မယူ၊ မိမိတို့သံဝေဂအလျောက် ကြားဖူး နားဝဖြင့် ရှုမှတ်ကြရာ လုံ ့လဝီရိယ ပါရမီအလျောက် သမာဓိစခန်းတွင် ပေါက် မြောက်ကြသည်။ ပညာစခန်းသို့သော်လည်း ရောက်သူရောက်နိုင်ရာ၏။

သို့ရာတွင် ထိုပုဂ္ဂိုလ်မျိုးသည် မိမိတို့ဓမ္မ၊ မိမိတို့ဘဝကို ကျေနပ်လောက်ပြီ ဟု ယူဆကာ ဆရာတဆူပြုလုပ်၍ ကမ္မဋ္ဌာန်းပြ ပုဂ္ဂိုလ်ကြီးများ လုပ်နေကြရာ ဝိနည်းရော, အဘိဓမ္မာကိုပါ နားလည်ခြင်းမရှိကြ၍ ဗုဒ္ဓဘာသာဝင်အများစုအား ယုံမှားသံသယ ဖြစ်ကြစေလေသည်။ မသိမလိမ္မာသူ ဒကာ, ဒကာမတို့ကလည်း ဝိုင်းအုံအားပေးကြသဖြင့် စကားအသုံးအနှုန်းများ ဆရာရော, ဒကာပါ နယ်ကျွံ

## PAGE 563
<!-- 14 paragraphs, raw extraction -->



.


1

လာကြသော်လည်း မိမိတို့က သည်ကို မသိကြလေ။ အပြစ်မကင်းသော ပြောဆို ပြုမူခြင်းများပင် ဖြစ်ကုန်ကြလေ၏။

စင်စစ် ထိုပုဂ္ဂိုလ်မျိုးသည် ရဟန္တာဖြစ်သည်ဟုပင်ဆိုစေဦး၊ဝိနည်းဒေသနာ အရ ဆရာနှင့်ကင်း၍ နေသင့် မနေသင့် စသည် စိစစ်သင့်လှပေသည်။
ယခုအခါထိုပုဂ္ဂိုလ်မျိုးကပင် ရဟန်း တဝါ နှစ်ဝါနှင့် ‘ဆရာတော် ဆရာတော်ဘုရားကြီး အမည်ခံသာ ကမ္မဋ္ဌာန်း နည်းပြဆရာကြီးများ လုပ်နေကြ သည်မှာ ထိတ်လန့်ဖွယ်ကောင်းလှချေ၏။

ရှေးအခါက ပိဋကသုံးပုံချပို၍ ရဟန်းများစွာ၏ မှီခိုရာပုဂ္ဂိုလ်မျိုးကိုသာ “ဆရာတော်”ဟု သုံးစွဲရ၏။ သို့မဟုတ်လျှင် “ခင်ကြီး”ဟုသာ ခေါ်ကြသည်။

ထိုစာမတတ်သော ရဟန္တာ ပုဂ္ဂိုလ်သည်ပင်လျှင် ဝိပဿနာ တရားများ ဟောပြောပြသရန် အကျဉ်းအကျပ်တောင်းဆိုခဲ့သော် မိမိတို့ နေရာဌာနအတွင်း၌ သာ ပြသသင့်၏။ပြသရာတွင်လည်း သဒ္ဓာ, ဆန္ဒ, ဝီရိယဖြစ်လောက်ရုံ၊ အလုပ်လုပ် တတ်ရုံကိုသာ ပြောဆိုညွှန်ကြား၍ “ဒါက ဘာခေါ်သည်၊ ဒါက ဘယ်အဆင့် စသော မိမိတို့နှင့်မတန်သည့် (သို့မဟုတ်) မနိုင်နင်းသည့် အရာများကို မသုံးစွဲ မပြောဆို မပြုမူသင့်ချေ။

"

ရဟန်းကိစ္စ အမှန်တကယ် ပြီးစီးသူပင် ဖြစ်စေကာမူ နားလည်နိုင်သည် မဟုတ်ချေ။ထို ့ကြောင့် ခမ်းနားကြီးကျယ်စွာ နယ်လှည့်ဟောခြင်းမျိုးကိုမူရှောင် ရှားသင့်၏။ ဒကာ, ဒကာမများကလည်း ပမာဏကို သိသင့်ကုန်၏။ သဒ္ဓာသက် သက်မျှဖြင့်လုပ်သော အလုပ်များသည် သာသနာအား ကြီးစွာသော အန္တရာယ် ကို ပေးတတ်လေသည်။

ထိုမျှတွင် မရပ်မူ၍ ဝိနည်းလည်းမတတ်၊ အဘိဓမ္မာလည်းမနိုင်၊မြန်မာစာ ရေးတတ်ဖတ်တတ်ရုံပင်မရှိပဲ ဝိပဿနာကျမ်းများကိုပင် ပြုစုကြပြန်ရာ သာသနာ အတွက် အလွန်ရင်လေးဖွယ် ဖြစ်ကုန်တော့သည်။ (ကြိုးစားပမ်းစား အားထုတ် ထားသည့်အတွက် အထိုက်လျောက်သမာဓိပညာရှိမည်ကို ယုံကြည်ပါ၏။ ရဟန်း ကိစ္စပြီးသော် ပြီးရာ၏။ ထိုအတွက် ပြဆိုခြင်းမဟုတ်။)

ဥပမာ’ပထဝီဓာတုကိုပင် ပထဝီကတခြား၊ ဓာတုကတခြား၊လက်ဖက်ရည် ပန်းကန်ကိုပင် ခေါ်တာက ပညတ်၊ လုံးလုံးက ပရမတ်စသည် ပြောဆိုရေးသား ထားသော ကျမ်းများ။

တဖန်’ကာယာနုပဿနာ အားထုတ်လျှင် သောတာပန်ဖြစ်၏။ (ပေ ယျာလ)ဓမ္မာနုပဿနာအာ·ထုတ်လျှင် ရဟန္တာဖြစ်၏။ မဂ်လေးဆင့် ဖိုလ် လေးဆင့် ဘယ်လိုဘယ်လိုဖြစ်သည်ဟု ဒကာ ဒကာမတို့အား ဟောပြော ရေး သားထားသော တရားစာ၊ .ကျမ်းစာများ။

## PAGE 564
<!-- 10 paragraphs, raw extraction -->



၅ ၂ ၁

ခန္ဓာကိုယ်တွေ့ကိုသာ ပဓာနထားကြလျှင် သာသနာတွင် ကြောက်စရာ ဘေးကြီးဆိုက်လေပြီဟုသာ ဆိုရပေမည်။“ကျမ်းစာ (ပိဋက) မလို၊ ထိုင်နေယင်း သိလာတာသာ အမှန်ဟု ခံယူသော သာသနာပ ‘ဈင်’ဂိုဏ်းကြီးနှင့် တဂိုဏ်း တည်း ဖြစ်သွားပေတော့မည်။ ကြာလာသောအခါ ပရိယတ္တိနှင့် ပရိယတ္တိ ပညာ ရှင်ကြီးများကိုပင် ပမာဏမမူကြတော့ပဲ “သူတို့က စာပဲတတ်တာ၊ ကိုယ်တိုင် မကျင့်လို့ ငါသိထားတာကို မှားတယ်ထင်နေကြတာ”စသည်ဖြင့် အကျင့်တလမ်း စာတလမ်းဟု ဆက်၍ မှားကုန်ကြလေသည်။မှတ်ကျောက်၏ အဆုံးအဖြတ်ကိုပင် အမှန်ဟု မခံယူလိုကြတော့ပြီ။ ဤခံယူချက်သည် တလောကလုံးအား နစ်မွန်း စေလေတော့၏။

ဓမ္မစက်ကို ရိုက်ချိုးဖျက်ဆီးမှု ကြီး

အသိဉာဏ်နည်းပါးသဒ္ဓာများသော ဒကာ ဒကာမများက မည်မျှပင် ဝိုင်းအုံ ချီးပပူဇော်၍ အကျော်ဒေးယျ ဖြစ်စေကာမူ ထိုအပြောအဆို အရေး အသားမျိုးသည် ပညာရှိတို့နားတွင် ကန့်လန့်ကြီး ဝင်နေသဖြင့် ထိုပုဂ္ဂိုလ်တို့၌ ရှိနိုင်သော သမာဓိ ပညာများကိုပင် သံသယဖြစ်လာကြလေသည်။ ဖြစ်လည်း ဖြစ်ထိုက်လှပေ၏။

အဓိကရုဏ်း(ငြင်းခုံမှု) ကိုယ်ထိလက်ရောက် မဖြစ်စေကာမူ .. သာသနာ တော်၌ ဓမ္မကိုအဓမ္မ၊အဓမ္မကို ဓမ္မ ပြောဆိုခြင်းသည်ပင် ဝိဝါဒါဓိကရုဏ်းဟု ခေါ်လေသည်။ အလွန်တာဝန်လေးလှသည်။ ပစ္စေကဗုဒ္ဓာများပင်လျှင် ဝေါ ဟာရမနိုင်နင်း၍ တရားဟောတော်မမူကြပေ။

အထက်ပါ ၁-၂-၃-၄ ပုဂ္ဂိုလ်များတွင် အသက်ထင်ရှား ရှိသူများလည်း ရှိ၏။ ကွယ်လွန်သူများလည်းရှိ၏။ ကွယ်လွန်သွားကြစေကာမူ ထိုပုဂ္ဂိုလ်များ၏ ကျမ်းစာများ “ထာဝရပယောဂ”အဖြစ် ရှိနေကြသေးသဖြင့် နောက်သား နောင် လာတို့ စဉ်းစားကြရန် .ဖော်ပြရပေ၏။

လုံးလုံး မှားယွင်းသောဝါဒများ အထူးရှင်းဖွယ်မရှိ။ အထက်ပါ ဝါဒ တို့ကား အမှန်နားသို့ကပ်လာသော၊ ကပ်၍ဖဲ ့နေသော· အယူများဖြစ်၍ သတိပြု ကြရပေလိမ့်မည်။

ထိုဝါဒများသည် ပဋိပတ္တိသာသနာအား တိမ်းပါးအောင်' မစွမ်းဆောင် နိုင်ကြစေကာမူ ဆင်တူယိုးမှား ပူးကပ်နေ၍ ဘုန်းကံနည်းပါး ဉာဏ်ခေါင်းပါး သော ဒကာ,ဒကာမများ “ဒိဋ္ဌိဇာလ=လူထောင်ပြုံးကြီးများ'အတွင်း မဝင်မိကြ စေရန်သာ ရည်ညွှန်းပါသည်။အရိယူပဝါဒကံကြီးမဖြစ်ကြစေရန် ရည်သန်ပါ၏။
ဘုရားရန်သူ မိစ္ဆာဒိဋ္ဌိ မဖြစ်ကြစေရန် ရည်ညွှန်းပါ၏။

## PAGE 565
<!-- 19 paragraphs, raw extraction -->




ဗြဟ္မဇာလသုတ်၌ မြတ်စွာဘုရားရှင်အယူဝါဒများ ရှင်းပြရာ၌ ‘ဒိဋ္ဌိဇာလ’ ကြောက်ဖွယ်ကောင်းပုံကို သင်ခန်းစာယူကြရန် ဖြစ်ပါသည်။

0

၁။ အဘိဓမ္မံ ပဋိဗာဟေန္တော ဣမသ္မိံ ဇိနစက္ကူ ပဟာရံ ဒေတိ- အဘိဓမ္မ သဘာဝအမှန်ကို ဆန့်ကျင်ဟန့်တား ပြောဆိုရေးသား သူသည် ဤမြတ်စွာဘုရားရှင် သာသနာတော် အဆုံးအမတော် ဓမ္မစက်ကို ရိုက်ချိုးဖျက်ဆီးသူမည်၏။ ……

၂။ သဗ္ဗညုတဉာဏံ ပဋိဗာဟတိ=သဗ္ဗညုတ ဉာဏ်တော်ကို စော်ကား သူမည်၏။

====

၃။ သောတုကာမံ ပရိသံ ဝိသံဝါ ဒေတိ ကြားနာ ဖတ်ရှုရသူ အပေါင်းအား အလွှဲလမ်းညွှန်ရာ ရောက်၏။

၅။ အရိယမဂ္ဂီ အာဝရဏံ ဗန္ဓတိ=သတ္တဝါတွေ တရားထူးမရအောင် ပိတ်ပင် ချုပ်နှောင်ထားသူ မည်၏။

၅။ အဋ္ဌာရသသု ဘေဒကရ ဝတ္ထု သု ဧကသ္မိံ သန္တိဿဘိ=သာသနာ တော်အား တနည်းနည်းဖြင့် ကွဲပြားအောင် ပြုလုပ်နေသူမည်၏ (စသည်)။

ငရဲ အဖော်ညှိသူ

(အဋ္ဌသာလိနီ’၃ဝ။)

တရားသဘောတို့ကား သီသီကလေးနှင့် တသံသရာလုံးလွှဲကာ အပါယ် ငရဲဘေးကြီးနှင့် နီးကပ်လှချေ၏။

ကိုယ်တိုင်ဆုံးဖြတ်ချက် ချနိုင်လောက်အောင် အသိဉာဏ်မရှိပဲ(အနနုဝိစ္စ)၊
အဖြေမှန် ပေါ်အောင် အထပ်ထပ် လေ့လာ စူးစမ်းမှုမပြုပဲ (အပရိယောဂါ

ချီးမွမ်းထိုက်သူအား ကဲ့ရဲ့ခြင်း၊

၂။ ကဲ့ရဲ့ထိုက်သူအား ချီးမွမ်းခြင်း၊

၃။ အကျင့်မှား လမ်းမှား တရားအလွဲများကို ကျင့်စေခြင်း၊ စည်းရုံး သိမ်းသွင်း သွေးဆောင်ခြင်း၊

၄။ အကျင့်မှန် လမ်းမှန် တရားမှန်၌ ပိတ်ပင်ခြင်း လေးမျိုးသည် “ယထာဘတံ နိက္ခိတ္တော ဧဝံ နိရယေ” ငရဲသို့ ကျအောင် ဆွဲ ဆောင် တွန်းပို့ချနှစ်ခြင်း ဖြစ်ကြောင်း အံ-၁၊ ၈၈။ ၃၉၆

## PAGE 566
<!-- 17 paragraphs, raw extraction -->


"


၅ ၂ ၃

(ဒုက-အာယာစနဝဂ်နှင့် စတုက္က-အဝဏ္ဏာရဟသုတ်။)၌ တိုက် ရိုက် သတိပေးတော်မူခဲ့လေသည်။

“အဘူတံ အဘူတတော နိဗ္ဗေဌေ တဗ္ဗ=ချစ်သားတို့…၊ နည်းမမှန် လမ်း မကျသည့်အရာကို မမှန်ကန်ကြောင်း ဖြေရှင်းကြရမည်။”

(ဗြဟ္မဇာလသုတ်။)

အနစ်နာဆုံး အလိမ်ခံရသူ

(တာလပုဋ ဇာတ်အုပ်ဆရာကြီး)

လောက၌ တဦးက တဦး လိမ်လည် လှည့်ဖြားကြရာတွင် စီးပွားဥစ္စာ စသည် နစ်နာဆုံးရှုံးဆုံးအောင် အလိမ်ခံရခြင်းထက် အယူဝါဒရေးရာ စိတ်ပိုင်း ဆိုင်ရာ ဘာသာအယူနှလုံးသည်းပွတ်နှင့်စပ်၍ အလိမ်ခံရခြင်းသည် အနစ်နာဆုံး ဖြစ်လေသည်။

မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုဟ်မြို့၌ ထင်ရှားကျော်ကြား သော တာလပုဋခေါ် ဇာတ်အုပ်ဆရာကြီးတဦးရှိ၏။

"

ထိုဇာတ်အုပ်ဆရာကြီးသည် ဘုရားရှင်နှင့် တွေ့သောအခါ ကချေသည် များသေလျှင် ပဟာသ(ပျော်ရွှင်စရာကောင်းသော) နတ်ဘုံတခု၌ ရောက်ရ ကြောင်း ဆရာ့ဆရာကြီးများ အဆက်ဆက် ပြောဆိုခဲ့ဖူးသည်ကို မှန်-မမှန် လျှောက်ရာ သုံးကြိမ်တိုင်တိုင် “ဒါထားပါ၊မမေးနှင့်”ဟု တားတော်မူ၏။ မရ သည့်အဆုံး “ပဟာသ နတ်ပြည်မဟုတ်၊ အဝီစိငရဲတွင်ပါဝင်သော ပဟာသငရဲကို သွားရောက် ခံရကြောင်း” ဟောတော်မူလျှင် ဇာတ်အုပ်ဆရာကြီး ချုံးပွဲချ ငိုကြွေးရရှာလေသည်။

"

ထိုအခါ မြတ်စွာဘုရားက “မမေးနှင့်ဆိုတာ မရမက မေးသကိုး”ဟု မိန့်တော်မူလျှင်’

“တပည့်တော် ဒီအတွက် ငိုတာမဟုတ်ပါဘုရား။ ဇာတ်ဆရာကြီး အဆက် ဆက်တို့က တပည့်ဘော်တို့အား (ငရဲခံရမည်ကိုပင်) ပဟာသနတ်ပြည်ရောက်မယ် လို့ သူတို့ လိမ်လည်လှည့်စားခြင်းကို တပည့်တော်ခံရတဲ့အတွက် ငိုတာပါဘုရား” ဟု လျှောက်လေသည်။

နောက်ရဟန်းပြု၍ ဇာတ်အုပ်ဆရာကြီး တာလပုဋ ရဟန္တာ ဖြစ်တော် မူသွား၏။ (သံ-၂၊ ၄၊ တာလပုဋသုတ်နှင့် ထေရဂါထာ ဋ္ဌ-၂၊၄၅၇။)

## PAGE 567
<!-- 13 paragraphs, raw extraction -->




ကောရက္ခတ္တိယစသော ခွေးကျင့် နွားကျင့် ကျင့်နေသူများလည်း လုပ် ချင်၍သာ လုပ်နေသူများမဟုတ်၊ ဘာသာရေး မြှးသွင်းကာ အလိမ်ခံရသူများ သာ ဖြစ်ကြလေသည်။

(မဇ္ဈိမ-ကုက္ကုရဝတိကသုတ်။ မ-၂၊၅ဝ။)

လူတို့သည် အလိမ်ခံချင်နေကြ၏။ ဘာသာဝါဒရေးနှင့် လိမ်လျှင် အလိမ်

ခံရသည်ကိုပင် ဂုဏ်ယူနေကြလေသည်။

ရဟန္တာ ဟန်ဆောင်သ ည် အ ထိ

ရဟန်းဆိုးတို့ လိမ်ပုံ လိမ်နည်းများ

မြတ်စွာဘုရား ပညတ်တော်မူသော ဝိနည်းဒေသနာကား အလွန်လျှင် သိမ်မွေ့လှပါပေ၏။ ကာယကံနှင့် ဝစီကံကို တားမြစ်ရန် မိန့်ဘော်မူထားသော် လည်း မနောကံ အတွင်းသားထဲက မရိုးသား မဖြူစင်လျှင် ထိုမနောဒုစရိုက်သည် မည်မျှဖုံးကွယ်ထားစေကာမူ နှုတ်က၊ သို့မဟုတ် ကိုယ်က ထွက်ပေါ်လာမည်သာ ဖြစ်လေသည်။

အခြား အခြားသော နေနည်းစားနည်း ကျင့်ဝတ်များ အတွက်ကား မထောင်းတာလှ။ ပစ္စည်းရမှု၊ ကျော်စောသက္ကာရ ရမှုနှင့် စပ်၍လာလျှင်သော် လည်းကောင်း၊ အထူးအားဖြင့် “ဥတ္တရိမနုဿဓမ္မ”ခေါ် ဈာန်မဂ်ဖိုလ်နှင့် စပ်၍ လာလျှင်သော်လည်းကောင်း၊မရိုးသားသော အတွင်းစိတ်ဓာတ်ခံကြီး ညံ့နေပါ သမျှ ထိုအပြစ်များမှ လွတ်ကင်းရှောင်လွှဲရန် မလွယ်ကူလှချေ။

“ဧဝံ မံ ဇနော သမ္ဘာဝေဿတိ=ဒီလိုနေလျှင်၊ ပြောလျှင် လူ လူဒကာ ဒကာမအများက ငါ့ကိုချီးကျူးမြှောက်စား အားပေးကြည်ညိုလိမ့်မည်”ဆိုသော စိတ်ဖြင့် ဘာကိုမျှ မပြုလုပ်မပြောဆိုခြင်းသည် အရှင်းဆုံးဖြစ်ပေ၏။ (စတုတ္ထ ပါရာဇိကလာ ဝိနီတ ဝတ္ထုများကိုလည်း ရှုပါ။)

ဝိနည်း, အဘိဓမ္မာ ပါဠိအဋ္ဌကထာတို့၌ လာဘ်ပူဇော် သက္ကာရ ရအောင် မရိုးသားသော ပြောနည်းလုပ်နည်း နေနည်းထိုင်နည်း လိမ်လည်လှည့်ပတ်နည်း များစွာ ဟောကြားဖွင့်ဆို ထားတော်မူကြသည်မှာ ရေးမကုန်အောင်ရှိပေ၏။
သဒ္ဓာတရားမကောင်းပဲ တောင်းလေဟန်၊သီလမရှိပဲ ရှိလေဟန်၊ သမာဓိ အာရုံမရှိပဲ ရှိလေဟန်၊ စာမတတ်ပဲ တတ်လေဟန် အလုပ်အကျွေး ဒလံများ ထား၍တဖုံ လိမ်နည်းမျိုးစုံ၊ အလိုဆိုးမျိုးစုံကို ပြဆိုထားရာ စုံလှပေသည်။

## PAGE 568
<!-- 19 paragraphs, raw extraction -->


"



ဒကာဒကာမ လူသူမြင်လောက်မှ ယုတ်စွအဆုံး တံမြက်လှည်းဟန်၊
“အာ-ကျောင်းထဲမှာ ဆူလွန်းလို့ ဒီလိုပဲ ဆိတ်ငြိမ်ရာမှာ နေရတယ်”စသည်ဖြင့် လည်းကောင်း၊ညက ဘာသံလဲ မမြင်မကြားလိုက်ကြဘူးလား၊အဲဒီတော့ဘုန်းကြီး စင်္ကြံလျှောက်နေတုန်း ကြားလိုက် မြင်လိုက်ရတာပဲ”ဟု တမျိုး၊ “ဘုန်းကြီး တော့ဖြင့် တခါမြင်ဖူး ဖတ်ဖူးယင် မှတ်မိနေတာပဲ”ဟု သတိကောင်းလေဟန် တဖုံ၊
ဣရွှေ့ သူရွှေ့တွင် “ဟို…ပထမဈာန်ရဲ့ သဘောက ဒီလိုမဟုတ်သေးပါဘူး”၊
“အင်း….ဘုန်းကြီးမၻာ့ အဲဒီပါဠိတော်ကြည့်ရုံနဲ့ ဒီတရားတွေ သိမြင်လာတာပါ ပဲ၊ ပရိယတ္တိဆိုတာ ဘာမှမခက်ပါဘူး၊ဒါပေမယ့် ဒီစာအလုပ်ကို ကျက်မှတ်သင်ယူ နေလို့တော့ ဒီဇာတိစတဲ့ ဒုက္ခတွေက မလွတ်နိုင်ဘူး။ ဒါနဲ့ စာတွေ ဘုန်းကြီးတော့ မေ့ဖျောက် စွန့်လွှတ်ထားတာ ကြာပါပြီ” စသည်ဖြင့် ပရိယတ္တိကိုရှုတ်ချ၍ လည်း ကောင်း မိမိကိုယ်ကို ပညာရှိကြီးအထင်ရောက်အောင် ပြောဆိုသူများကိုလည်း ပြဆိုထား၏။

"

ဝိဘင်း အဋ္ဌကထာ-၄ ၅ ၆-၇ (ခုဒ္ဒက ဝတ္ထုအဖွင့်)၌ ထိုမရိုးသားသော ပြောဆိုဟန်ဆောင်ခြင်းများနှင့်စပ်၍’

..

‘ဧဝံ ဝဒန္တော ပန’ဿ သာသနေ ပဟာရံ ဒေတိ၊ ဣမိနာ သဒိ သော မဟာစော-ရော နာမ နတ္တိ-ဤသို့ ပြောဟောသူသည် ဘုရား သာသနာကို ပုတ်ခတ်သူ မည်၏။ လောက၌ ဤသူလောက် မိုက်မဲ သော သူခိုးကြီး မရှိပြီ

ဟု မှတ်ချက်ပြုတော်မူ၏။

ores

အိုးစရည်း ရဟန္တာ(စာဋိအရဟန္တ)

တဖန် အဋ္ဌကထာ၌ ဆက်၍ပြပြန်သည်မှာ အရပ်ထဲမှ ကလေးသူငယ်

များအား-

"

"

"

“မင်းတို့ အမေအဖေတွေက ငါ့ကို ဘယ်လို ပြောဆိုနေသံ ကြားလဲ။” “အရှင်ဘုရားကို ရဟန္တာလို့ ပြောနေကြပါတယ်ဘုရား။” “အေး...မင်းတို့မိဘတွေက တယ်..အသိဉာဏ် ဗဟုသုတ ရှိတာပဲ။ သူတို့ ဟာ ဘယ်တုန်းကမှ လိမ်လည် မပြောဘတ်ကြဘူး”ဟူ၍ပင် ကိုယ့်ကိုကိုယ် ရဟန္တာ ကြေငြာပုံကိုလည်း ပြဆိုထားလေ၏။ ထိုမျှမက-

ဘုန်းကြီးတပါးသည် ကျောင်းအခန်းထဲ၌ လူဝင်လောက်သောအိုးစရည်း ကြီးတလုံးကို မြေ၌မြှုပ်ထား၏။ ဧည့်သည်လာလျှင်. ဒလံများက ကျောင်းထဲမှာ ရှိကြောင်း ပြောဆိုသော်လည်း မဖူးတွေ့ရသဖြင့် ပြန်ထွက်သွားကြရာ ဒလံများက

## PAGE 569
<!-- 16 paragraphs, raw extraction -->

၅ ၂ ၆



"

“ကျောင်းထဲမှာပဲ ရှိပါတယ်”ဆို၍ တဖန် ပြန်၍ဝင်ကြသောအခါ အိုးစရည်း ကြီးထဲကထွက်၍ ထိုင်ခုံပေါ်၌ အပူဇော်ခံနေလျှင်--

“အရှင်ဘုရား…၊ စောစောက တပည့်တော်တို့ အခန်းထဲမှာမတွေ့လို့ တခါ အပြင်ထွက် ပြန်သွားကြရတယ်။ ဘယ်ကြွနေပါသလဲ” လျှောက်ရာ-

“ရဟန်းဆိုတာ ဒီလိုပါပဲ…၊ သင့်တော်သလို အလိုရှိရာ သွားနေကြတာ ပါပဲ”ဟု မိန့်တော်မူလေ၏။ ဤကား “ႏိုးစရည်း ရဟန္တာ ဖြစ်သည်။

မြစ်ပျဉ်းရဟန္တာ (ပါရောဟ အရဟန္တ)

ယင်း အဋ္ဌကထာ-၄၅၈-၌ “မြစ်ပျဉ်းရဟန္တာ” တပါးအကြောင်းကိုလည်း ဆက်၍ ပြထားသည်။

ရှေးက အံ့ဖွယ်သရဲ ထူးကဲဟန်ဆောင်လိုသော ဘုန်းကြီးတပါးသည် ရွာနှင့် မနီးမဝေး တောင်တခုအနီး သစ်ရွက်မိုး ကျောင်း၌ နေသတတ်။
ကျောင်း၏နောက်ဘက်၌ နက်စောက်သော ချောက်ကမ်းပါးကြီးရှိရာ ထိုချောက်နှုတ်ခမ်း၌ အမြင်ရှည်သောညောင်ကြပ်ပင်ကြီးတပင်လည်း ရှိလေသည်။
တို့ မြစ်ပျဉ်းရှည်ကြီးသည် ကျောင်းနှင့်ချောက် တဘက်ကမ်းကို ဖြတ်သန်း၍ ပေါက်ရောက်လျက် ရှိ၏။

500

ဆွမ်းစားစသည်အတွက် ဒကာ ဒကာမများ ကျောင်းသို့လာပင့်ကြလျှင် “ကဲ….….ကောင်းပြီး သွားနှင့်ကြ”ဟုဆိုကာ မိမိမှာမူ နောက်မှ သွားလေ့ရှိ သည်။ ဒကာများမှာ ချောက်ကြီးကို ကွေ့ ပတ်၍ လမ်းရိုးလမ်းရှည်က သွားကြ ရသဖြင့် ကြာမြင့်နေရာ ဘုန်းတော်ကြီးမှာ ချောက်ကိုဖြတ်သော သစ်ပင်မြစ်ပျဉ်း ကြီးပေါ်က ဖြတ်ကျော်ပြီးသွားသဖြင့် ရွှာပေါက်သို့ အလျင်ရောက်နေနှင့်၏။
ဒကာများက အံ့ဩကာ—

လျှင်—

““အရှင်ဘုရား …၊ ဘယ်လမ်းက .ကြွလာဘော် မူလာပါသလဲ” ပေးကြ

“အာ…မသိချင်ကြပါနဲ့၊ ရဟန်းတို့ သွားလာတဲ့လမ်းကို မမေးကောင်း ဘူး။ ဒီလိုပဲ...ဟန်းဆိုတာ အလိုရှိရာလမ်းက ကြွတတ်ကြတာပဲ”ဟု မိန့်တော် မူလိုက်၏။

နောက်လူတယောက်က မယုံသင်္ကာရှိ၍ စုံစမ်းရာ အကြောင်းစုံ တွေ့မြင်ရ သဖြင့် အဆိုပါသစ်ပင်မြစ်ပျဉ်းကြီးကိုဖြတ်၍ မသိလိုက်ဘာသာ နဂိုနေမြဲအတိုင်း ထားလိုက်သည်။ ဘုန်းကြီးလည်း တနေ့တွင် ထုံးစံအတိုင်း တန်ခိုးပြရန် မြစ်ပျဉ်း

## PAGE 570
<!-- 15 paragraphs, raw extraction -->

.



JJ2

ကြီးပေါ်သို့ တက်လေရာ ဗိုင်းကနဲ ချောက်ကြီးထဲသို့ လိမ့်ကျသွားလေ၏။ မြေ သပိတ်လည်း ကွဲသွားသည်။

"

ထိုနေ့မှစ၍ “ငါ့အကြောင်း ဒကာတွေ သိသွားပြီ”ဟုဆိုကာ ကျောင်း ကလေးမှ ထွက်ပြေးသွားလေတော့သတည်း။

3

သာသန ၁မြ သူပုန်ကြီးငါးယောက်

I

လောက၌ သူခိုး ဒမြသူပုန်တို့သည် တဖြည်းဖြည်း သဘောတူရာ နောက် လိုက်နောက်ပါ လူသူစုဆောင်းကာ တအိမ်းရွာမှစ၍ တမြို့နှစ်မြို့ တနိုင်ငံ နှစ်နိုင်ငံထိအောင် မိမိတို့အင်အားအလိုက် ခိုးယူလုယက် ဖျက်ဆီးကြ၏။
သာသနာတွင်း သူခိုးဒမြ သူပုန်ကြီးများလည်း ထိုနည်းအတူ လူသူ စုရုံးကာ တယောက်ပြီးတယောက်၊ တရွာပြီးတရွာ၊ တမြို့ပြီးတမြို့ ယုံလွယ်တတ်၍ အသိဉာဏ်နည်းပါးသော၊ ထူးကဲအံ့ဩဖွယ်ကိုလိုလားသော၊ ပစ္စက္ခကိုယ်ကျိုးကို မျှော်ကိုး၍ တစုံတရာလျှို့ဝှက် အတွင်းကျိတ်ပညာအကျင့်ကို ရနိုးနိုးထင်စားသော ဒကာဒကာမများကို စည်းရုံးကာ သာသနာတော်ကို ဒမြတိုက်ကြလေတော့ သည်။

သူတော်ကောင်းကြီးများနှင့်သာ ထိုက်တန်၍ သူတော်ကောင်းကြီးများ အတွက်ထားရှိသော ပစ္စည်းလာဘ်လာဘ၊ ရှိခိုးခြင်း၊ မြတ်နိုး ပူဇော်ခြင်း၊ ဂုဏ် သတင်းစသည်တို့ကို ဒလံများထား၍၊ အုပ်စုဖွဲ့၍ လုယူတိုက်ခိုက် စားသောက် `သုံးစွဲခြင်းဟု ဆိုလိုပေသည်။

ယင်း သာသနာ့ ဒမြသူပုန်ကြီး ငါးယောက်ကား-

၁။

လှည့်ပတ် ဖြားယောင်းနည်း (ကုဟန)သုံးမျိုး (မဟာနိဒ္ဒေသ- ၁၇၂-ဝ)တို့တွင် တမျိုးမျိုးကိုကျင့်သုံး၍ မရိုးသားသောစိတ်ဖြင့် ပစ္စည်းလေးပါးအလို့ငှာ ရာထောင်တပည့်များခြံရံ၍ ရဟန်း ရှင်လူတို့၏ ကောင်းသောပြုစုခြင်း၊ အလေးအမြတ်၊ အပူဇော် အရိုအသေခံလျက် ရပ်ရွာနိုင်ငံ လှည့်လည်သူ၊ (ပထမ ဒမြ သူပုန်ကြီး။) ၂။ သုတ်ပိနည်း အဘိဓမ္မာ တရားဒေသနာများကို အသံနေအသံတား ဖြင့်ဖြစ်စေ၊ တအံ့ဩဖြစ်အောင်ဖြစ်စေ ဟောကြား ညွှန်ပြ၍ ထိုတရားဓမ္မကို မည်သည့်ဘုရားစသောဆရာသမားထံမှ ရရှိသည် ဟု မညွှန်မပြ၊ မိမိကိုယ်ပိုင် ထိုးထွင်းသိလေဟန် ဟောပြောသူ၊
(ဒုတိယ ဒမြသူပုန်ကြီး။“ခန္ဓာကိုယ်တွေ့ ဆိုသူများ သတိပြုရန်။)

## PAGE 571
<!-- 9 paragraphs, raw extraction -->



ဓမ္မာစရိယ ဦးလှိုင်

၃။ အရိယာပုဂ္ဂိုလ်များနှင့် သီလဝန္တပုထုဇဉ်တို့အား အကြောင်း မခိုင်လုံပဲ အဗြဟ္မစရိယဖြင့် စွပ်စွဲဖျက်ဆီး၍ မိမိသာလျှင် ထိုဂုဏ် မျိုးရှိသည်ဟု အထင်ရောက်စေသူ၊ (တတိယ ဒမြသူပုန်ကြီး။) ၄။ သံဃာပိုင်ဂရုဘဏ်,ဂရုပရိက္ခရာခေါ်သော အရာမ်,မြေ ကျောင်း ခုတင် အိုးခွက် ဓားပုဆိန် စသည်တို့ကို လူဒကာ ဒကာမတို့ အား ဖြားယောင်း သိမ်းသွင်းသော အားဖြင့် ပေးကမ်းခြင်း၊
(စတုတ္ထ ဒမြသူပုန်ကြီး။)

၅။ မိမိသန္တာန်၌ အမှန်တကယ်မရှိသော ဈာန် မဂ်ဖိုလ် တရား လိမ်လည် လှည့်ဖြား ဝါကြွားလှည့်ပတ်၍ ပြောဆိုသူ၊ (ပဉ္စမ ဒမြသူပုန်ကြီး။)

အမှတ်(၅) ဒမြသူပုန်ကြီးသည် နတ်နှင့်တကွသော သုံးလောက၌အယုတ် မာဆုံး အဆိုးဆုံး ဒမြသူပုန်ကြီးဖြစ်သည်။ (ဝိ-ဋ္ဌ-၁၊ ၇၄-ဂ- စတုတ္ထပါရာဇိက။) ဝတ္ထုမုဒါမြစ်ကမ်းနေ ဈာန်မဂ်ဖိုလ်ဘရားဖြင့် လှည့်ဖြားစားသောက်နေကြသော ရဟန်းဆိုးများကို ဟောတော်မူသည်။

ရဟန်းဆိုးတို့သည် အစစ်အမှန် သာသနာပြုတော်မူနေကြသည့်“ အခြား အပူဇော်ခံရသောပုဂ္ဂိုလ်များကိုလည်း ကိုယ်ချင်းစာကာ မိမိတို့ကဲ့သို့ပင် ဝမ်းရေး အတွက်၊ ဂိုဏ်းဂဏကြီးပွားရေးအတွက် ယင်းသို့လှည့်လည် ဟောပြောစည်းရုံး နေသည်ဟုလည်း ထင်တတ်ကြလေသည်။

အရှင်မောဂ္ဂလ္လာန် ဂိဇ္ဈကုဋ်တောင်မှအဆင်း ကိုယ်တိုင် တွေ့မြင်ရသော ကဿပသာသနာနောက်ပိုင်း ရဟန်းဆိုး၊သာမဏေဆိုးများ သံသင်္ကန်း သံသပိတ် မီးလျှံကြီးများ ခြုံရုံပွေ့ပိုက်နေကြသည့် ပြိတ္တာဖြစ်နေကြကြောင်း စသည်.. ပြောဆိုရာ၌ အရှင်မောဂ္ဂလ္လာန်အား “အထင်ကြီးအောင် ဥတ္တရိမနုဿဓမ္မဖြင့် ကြွားဝါသည်”ဟု ကိုယ်ချင်းစာပြောဆိုကြသဖြင့် ဘုရားရှင်ပင် ရှင်းပြတော်မူရ ဖူးလေသည်။(ဝိ-၁၊ စတုတ္ထပါရာဇိက-ဝိနီတဝတ္ထုများ။ ဝိ-ဋ္ဌ-၁၊ ၉၆-၁ဝဝ။) တိပိဋက စူဠနာဂဖထေရ် တရားပွဲတွင် အနိစ္စကြောက်၍ ထွက်ပြေးသူ

တချိန်က တိပိဋက စူဠနာဂမထေရ်ကျော်သည် သီဟိုဠ်ကျွန်း လောဟ ပါသာဒ=ဘုံကိုးဆင့်ရှိကြေးပြာသာဒ်ကြီး အောက်ထပ်၌ ရဟန်းရှင်လူအပေါင်း တို့အား ဝိပဿနာအလုပ်ပေးတရား ဟောကြားတော်မူ၏။

## PAGE 572
<!-- 12 paragraphs, raw extraction -->



၅ ၂ ၉

မိမိခန္ဓာကိုယ်ရုပ်နာမ်တရားများကို မိမိဉာဏ်၌ ပေါ်လွင်ရာလိုက်၍ ဖြစ်မှု ပျက်မှု ဉာဏ်၌မြင်အောင်ရှုမှတ်ပုံကို ဟောတော်မူရာအတ္တဝါဒီဗြာဟ္မဏဒကာတဦး လည်း ပရိသတ်အစွန်၌ လေ့လာသောအနေဖြင့် မရိုမသေ မတ်တတ်ရပ်လျက် နားထောင်နေ၏။

တိပိဋကစူဠနာဂမထေရ်လည်း ခန္ဓာကိုယ်၌ ရှုမှတ်ပုံ အသေးစိတ်ကို စိတ်ဝင်စားဖွယ်ဟောပြလေရာ ထိုဗြာဟ္မဏဒကာလည်း နားထောင်ယင်း စိတ်ပါ ဝင်စားလာ၏။ ဓမ္မကထိက ညွှန်ပြသည့်အတိုင်း မိမိခန္ဓာကိုယ်ပေါ်၌ စိတ်ကို စူးစိုက်ရှုမှတ်ကြည့်ရာ တဖြည်းဖြည်းစိတ်တည်ငြိမ်လာကာ ထိုသို့ ရှုမှတ်နေရသည် ကိုပင် ချမ်းသာသည်ဟု ထင်မြင်လာ၏။ တိုး၍ရှုမှတ်၏။ တိုး၍ မှတ်လေလေ သမာဓိတည်ကာ အသိဉာဏ် စူးစိုက်လေလေဖြစ်ကာ ဝိပဿနာဉာဏ် အနုစား (ဒုဗ္ဗလဝိပဿနာ) အခြေသို့ပင် ရောက်သွားသည်။

မိမိခန္ဓာကိုယ်၌ ဖြစ်မှုပျက်မှုများကိုချည်း မြင်လာသဖြင့် ငါ ပျောက်နေ ၏။ ထို ့နောက် မိမိခန္ဓာကိုယ်နှင့်တကွ ကြည့်လေသမျှ အပျက်တွေချည်းသာ ဖြစ်နေတော့သည်။ သင်္ခါရတရားမှန်သမျှတို့သည် ငါ့,ငါ့ဟာဟု စွဲယူထင်မှတ်ဖွယ် မရှိ၊ အတ္တ၊အတ္တနိယမှ ဆိတ်သုဉ်း(သုညတာ)နေသည်ကို တွေ့ရလေ၏။
သမာဓိအရှိန်များ တရိပ်ရိပ်တက်၍တက်၍ လာသည်နှင့်အမျှ မတ်တတ်ရပ် နာယူနေယင်းကတအိအိပြိုကျနေသော သဲကမ်းပါးထိပ်မှာထိုင်နေရသကဲ့သို့ ရင်ထဲ တွင် တလှပ်လှပ် ဖြစ်လာလေသည်။ နောက်ဆုံး မြင့်မားလှသော သဲကမ်းပါး ပုံကြီးထိပ်က ရိပ်ကနဲပြိုဆင်းလိမ့်ကျသွားသကဲ့သို့...

"

“ဟာ….ငါမရှိတော့ဘူး၊ငါ့ဟာလဲ မဟုတ်ပါလား။ ဟင်...ငါ ဘာမှဖြစ်ရ ရှိရတော့မှာမဟုတ်ဘော့ပါလား” ဟု လန့်ကြောက်လာ၏။ ချက်ချင်းပင်မျက်စိ ဖွင့်ကြည့်ရာ ပရိသတ်အားလုံးမှာ တရားအာရုံစိုက်နေကြသည်ကိုတွေ့ရသော်လည်း ဗြာဟ္မဏဒကာကြီးမှာ ကြေးပြာသာဒ်ကြီးအောက်ထပ်၌ ဖွင့်ထားသော တံခါး ပေါက်ဆီသို့ ခပ်သုတ်သုတ်သွားကာ အိမ်သို့ထွက်ပြေးလေတော့၏။

အူယားဖားယား အိမ်ရောက်လျှင်ရောက်ချင်း မိမိချစ်လှသော သားကို ရင်ခွင်၌ ပွေ့ ပိုက်ကျုံးဖက်လျက်—

"

“ငါ့သား… ဖေဖေ ့ရင်ဘတ်စမ်းကြည့်စမ်း၊ အံမာလေး…ကံကောင်းပေ လို့ပေါ့ကွား ဂေါတမတရားသွားနားထောင်ပြီး စမ်းကြည့်လိုက်တာ နဲနဲတောင် သွေးပျက် တယ်။ ဆက်ပြီးမစဉ်းစားပဲ ချက်ချင်းပြန်ပြေးလာခဲ့လို့သာ လွှတ် ပေတော့တယ်” ဟု ဆိုကာ သားကို ပြောပြလေ၏။

၃၁-ဘုံ၌ အိုးမကွာ အိမ်မကွာနေလိုသော ငါ, ငါ့ဟာ အားကြီးလှသည့် ပုထုဇဉ်တို့အတွက် သူဘော်ကောင်းတရားသည် ကြောက်စရာကြီးပင် ဖြစ်နေလေ သည်။ မြတ်စွာဘုရားလည်း ထိုသို့ပင် မိန့်တော်မူ၏။

## PAGE 573
<!-- 8 paragraphs, raw extraction -->


၅ ၃ဝ


ဝိပဿနာဉာဏ်ရင့်လာပါလျှင် ထို ကြောက်စရာသည်ပင်လျှင် ဉာဏ် ကြောက်ဖြစ်၍ အရသာရှိလှပေ၏။ သစ္ဆေသရဲ ကြောက်ရခြင်းနှင့် မဆိုင်ပေ။
ရုပ်နာမ် တရားတို့သာဖြစ်၍ ရုပ်နာမ်တရားတို့သာ ချုပ်ပျောက်နေကြရာ ငါ ငါ့ဟာများ မပါရှိကြောင်း သဲသဲကွဲကွဲ သိမြင်ကြရလေသည်။ (သံ-ဋ္ဌ-၂၊၂၅၄- ဥဒါနသုတ်အဖွင့်။)

အခြေခံကောင်းသူတိုင်း တရားထူးရလွယ်သည်ကို ပြသော မဟာနာဂထေရ် တပည့်တပါး

ပါဋလိပုတ်နေပြည်တော် မြို့တံခါး အထွက် ဇရပ်အဆောင်တခု၌နေသော ဗြာဟ္မဏမိတ်ဆွေနှစ်ဦးသည် သီဟိုဠ်ကျွန်း ကာဠဝတ္ထိအရပ် မဏ္ဍပ်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူသော မဟာနာဂမထေရ်ကြီး၏ ကျေးဇူးဂုဏ်များကို နေ့စဉ်နှင့်အမျှ ကြားသိနေရသဖြင့် အဝေးကပင် ကြည်ညိုနေကြလေသည်။
“သူငယ်ချင်း…၊ မဟာနာဂမထေရ်ကြီး ဂုဏ်သတင်းကြားရတာ တယ်ပြီး ကြည်ညိုစရာ ကောင်းလှပါကလား။ သီဟိုဠ်ကျွန်းကူးပြီး သွားဖူးချေကြရ အောင် ဟု တိုင်ပင်ကာ မဇ္ဈိမ ဒေသ ပါဋလိပုတ်မှ ထွက်ခွာလာခဲ့ကြလေ၏။
သင်္ဘောကြုံများစောင့်ဆိုင်းကာနေကြသဖြင့် မိတ်ဆွေတဦးမှာ လမ်းခရီး တဝက်၌ပင် ကွယ်လွန်သွားရှာ၏။ အခြားမိတ်ဆွေကဦးမှာမူ သင်္ဘောကြုံဖြင့် အဆင်သင့်စီးနင်းလိုက်ပါ၍ သမုဒ္ဒရာကို ဖြတ်ကျော်ပြီး မဟာတိတ္ထ ဆိပ်ကမ်း၌ ဆင်းကာ အနုရာဓမြို့သို့ ရောက်သွားသည်။

အနုရာဓသို့ ရောက်လျှင် မဟာနာဂမထေရ်ကြီးရောဟဏပြည်နယ်(ဇနပုဒ်) ၌ သီတင်းသုံးကြောင်း စုံစမ်းသိရှိရသဖြင့် ရောဟဏနယ်ဘက်သို့ ခရီးဆက်ရပြန် လေသည်။ မထေရ်ကြီး သီတင်းသုံးရာဒေသသို့ ရောက်လျှင် စူဠနဂရ ခေါ်သော ရွာ၌ပင် အခြေတကျနေထိုင်ရန် စီစဉ်လိုက်၏။ မထေရ်ကြီးထံ သွားရောက်ဖူးမြော် ရန် ရောက်လျှင်ရောက်ချင်း ခဲဖွယ်ဘောဇဉ်များကို ကိုယ်တိုင် စီစဉ်ချက်ပြုတ် လေသည်။

နောက်တရက် နံနက် သွားရောက်ဖူးမြော်ရာ မိမိကဲ့သို့ လာရောက်ပူဇော် သူများ အလွန်များပြားလျက်ရှိသည်ကို တွေ့ရလေ၏။ မဟာနာဂ မထေရ်ကြီး ပရိသတ်ရှိရာသို့ အပူဇော်ခံကြွလာသည်ကိုမြင်ကြလျှင်ပင် ပရိသတ်ကြီးမှာလှုပ်လှုပ် ရှူရှူ ဖြစ်နေကြသည်။ ပါဋလိပုတ်ဒကာကြီးမှာလည်း ပရိသတ်အစွန်၌ ရပ်လျက် အခြေအနေစောင့်ကြည့်ယင်း လက်အုပ်ချီ၍ ဖူးမြော်နေ၏။

## PAGE 574
<!-- 11 paragraphs, raw extraction -->



၅ ၃ ၁

မထေရ်ကြီးမှာ ကံအားလျော်စွာ ပါဋလိပုတ် ဒကာကြီး ရပ်နေသော အစွန်ဘက်မှ ဝင်ကြွလာလေရာ ဒကာကြီးမှာ ဝမ်းသာအားရ မထေရ်ကြီးအနား သို့ တိုးသွားကာ မထေရ်ကြီး၏ ခြေဖမျက်နှစ်ဘက်ကို အားရပါးရ ကိုင်တွယ်၍ နဖူးဖြင့်ဦးတိုက်လေသည်။ ဦးတိုက်ပြီးမော့ဖူးရာ ပါးစပ်က—

အရှင်ဘုရား…၊ အရပ်တော်တယ်ရှည်မြင့်ပါလား” ဟု လျှောက်ထား မိလေ၏။ စင်စစ်မထေရ်ကြီးမှာ မရှည်မပု အလောတော်မျှသာ ဖြစ်လေသည်။
မထေရ်ကြီးမှာ ပရိသတ်ခံနေသဖြင့် ရုတ်တရက် ရွှေ့သို့ မကြွနိုင်သေးပဲ ရှိနေစဉ် မှာပင်’

..

“အဲ...ထင်သလောက်လဲ အရပ်တော် မရှည်လှပါဘူးဘုရား။ သို့သော် ငြားလဲ အရှင်ဘုရားများ၏ ကျေးဇူးတော်ဂုဏ်သတင်းကတော့ဖြင့် စိမ်းပြာတဲ့ သမုဒ္ဒရာကြီးကိုကျော်ဖြတ်လာပြီး ဇမ္ဗူ ဒိပ်တကျွန်းလုံး ဖုံးလွှမ်းကျော်ကြားနေ ပါတယ်ဘုရား။ တပည့်တော်များ ပါဋလိပုတ်ကပါဘုရား။ အရှင်ဘုရားများ ဂုဏ်သတင်းကြားသိရလို့ လာရောက်ဖူးမြော်ရပါသဖရား။”

မထေရ်ကြီးအား အများနည်းတူ ညဦးကတဲက စီစဉ်လာသော ` ဆွမ်းခဲ ဖွယ်များကိုဆက်ကပ်လှူပြီးနောက် အသင့်ယူလာသောသင်္ကန်းများကို ဆက်ကပ် ၍ ရှင်ရဟန်းပြုလေသည်။ ပါဋလိပုတ် ဦးပဉ္စင်းကြီးမှာ ရက်ပိုင်းမျှဖြင့် ရဟန်း ကိစ္စ ပြီးမြောက်သွားလေသည်။ နှမြောတွန့်တိုမှုမရှိ၊ အလှူအတန်းရက်ရောခြင်း၊
သီလဝန္တရဟန်းတို့အားဖူးမြော်လိုစိတ်ရှိခြင်း၊ တရားစကားနာကြားမှတ်သားလို ခြင်း၊ ဤအခြေခံ အရည်အချင်းကောင်း သုံးမျိုး(တိဌာန)ရှိထားသူများ အလွယ် တကူပင်တရားထူးရနိုင်ကြောင်း သင်ခန်းစာသာဓက ဝတ္ထုတပုဒ် ဖြစ်ပေသည်။
(အံ-ဋ္ဌ-၂။ ၁၃၂-တိဌာနသုတ် သီလဂုဏ်အဖွင့်။)

ရဟန္တာ ဟုတ်-မဟုတ် စုံစမ်းနည်းများနှင့် ရဟန္တာ စုံစမ်းခဲ့သူများ

“ငါရဟန်းကိစ္စပြီးပြီ” ဆိုကာမျှဖြင့် လက်ခံခြင်း, ကန့်ကွက်ငြင်းဆန်ခြင်း မပြုရ၊ ဒိဋ္ဌ သုတ မုတ,ဝိညာတ ခန္ဓာ အာယတန ဓာတ် စသည် ခြောက်မျိုးတို့ဖြင့် အဆင့်ဆင့် မေးမြန်းစိစစ်ရကြောင်း၊ စိစစ်ပုံများကို ဟောတော်မူထားသည်။
ဥပရိပဏ္ဏာသပါဠိတော် ဆဗ္ဗိသောဓနသုတ်သည် အရိယာ, ရဟန္တာဟု ပြောဆိုသောပုဂ္ဂိုလ်အား စိစစ်ပုံကို ပြသောသုတ်ဖြစ်သည်။ (မ-၃၊၇၉-၈၆။) ဝိနည်းပါဠိတော်(စတုတ္ထပါရာဇိက)၌လည်း စစ်ဆေးပုံခြောက်မျိုး ရှိပေ

သည်။ (ဝိ-ဋ္ဌ’၂၊ ဂ ၁။)

## PAGE 575
<!-- 15 paragraphs, raw extraction -->




၁။ ဈာန်မဂ်ဖိုလ်တို့တွင် သင်သည် အဘယ်ကိုရသနည်း။
၂။ အဘယ်ပုံနှလုံးသွင်း၍ ရသနည်း။
၃။ အဘယ်အချိန်မှာ ရသနည်း။
၄။ အဘယ်နေရာ၌ ရသနည်း။

၅။ အဘယ်ကိလေသာတို့ကို ပယ်ပြီးပြီနည်း။
၆။ အဘယ်တရားတို့ကို ရသနည်း။

ဤနည်းအတိုင်း အဆင့်ဆင့် မေးမြန်းစိစစ်ရ၏။. ဖြေဆိုနိုင်တိုင်းလည်း မယုံကြည်ရသေး။ဗဟုသုတရှိသူဖြစ်လျှင်လည်း အထိုက်အလျှောက် ဖြေဆိုနိုင်သေး သဖြင့် ကျင့်စဉ်နည်းများကို ထပ်မံစိစစ်ရသေးသည်။

ထိုမျှဖြင့်လည်း လက်မခံထိုက်သေးချေ။ ပုထုဇဉ်ဖြစ်လျက်လည်း ရဟန္တာ ပုဂ္ဂိုလ်တို့၏ အမူအကျင့်မျိုး ရှိနေတတ်သဖြင့် နည်းဥပါယ် အမျိုးမျိုးဖြင့်လည်း ခြောက်လှန့်၍ စုံစမ်းရလေသည်။

ရဟန္တာပုဂ္ဂိုလ်တို့ မည်သည် ဦးခေါင်းပေါ်၌ မိုးကြိုးကျသော်လည်း ကြောက်လန့်ခြင်း၊ တောင့်ခိုင်ခြင်း၊ကြက်သီးမွေးညင်းထခြင်း မရှိတော့ပြီ။ပုထုဇဉ် မှာမူ အနည်းငယ်မျှဖြင့်ပင် ကြောက်လန့်တတ်လေသည်။

(ကြောက်လန့်ခြင်းသည် ဒေါသ၏ လက္ခဏာပင်တည်း။)

သီဟိုဠ်ခေတ်တွင် ထင်ရှားကျော်ကြားတော်မူသောဒီဃဘာဏက အဘယ မထေရ်သည် ရဟန်းတပါးအား စုံစမ်းရာ အခက်အခဲတွေ့နေသဖြင့် နောက်ဆုံး သူငယ်တယောက်အား ကြိုတင်သညာပေးထားရဖူး၏။ ရဟန္တာဟုဆိုသော ရဟန်း ကလျာဏီမြစ်၏ ပင်လယ်သို့ စီးဆင်းရာဆိပ်၌ ရေချိုးစဉ် ထိုသူငယ်သည် ခပ်လှမ်း လှမ်းက ရေ၌ငုပ်လျှိုးပြီး ထိုရဟန်း၏ ခြေထောက်ကို ဆွဲလိုက်၏။ ထိုရဟန်းမှာ မိကျောင်းဆွဲပြီထင်၍ ငယ်သံပါအောင် အော်ဟစ်လေတော့၏။
ထိုအခါကျမှသာ ပုထုဇဉ်ဟု သိကြရလေတော့သည်။

“စန္ဒမုခ တိဿမင်း”လက်ထက်က မဟာဝိဟာရကျောင်းတိုက်ကြီး၌ သီတင်း သုံးသော ရဟန္တာမထေရ်ကြီးတပါးသည် မျက်စိသီမှုန်လှသဖြင့် မိမိကျောင်း၌ပင် နေထိုင်တော်မူရ၏။

ထိုမင်းသည် မထေရ်ကြီးအား ရဟန္တာ ဟုတ်, မဟုတ် စုံစမ်းလိုသဖြင့် ကျောင်းရှိသံဃာများဆွမ်းခံကြွသွားကြခိုက် မထေရ်ကြီးအပါးသို့ အသာအယာ ခြေသံမကြားအောင် သွားပြီးလျှင် မထေရ်ကြီး၏ ခြေထောက်ကို မြွေကဲ့သို့ ထင် အောင် ကိုင်ဆွဲလိုက်ရာ မထေရ်ကြီးမှာ မည်သို့မျှ လှုပ်ရှားခြင်းမရှိချေ။
“သင် ဘယ်သူလဲ”ဟု မေးတော်မူလျှင်-

"

“တပည့်တော် တိဿပါ အရှင်ဘုရား”ဟု လျှောက်ထားရလေ၏။
“ဟဲ့…တိဿ…၊ အမွှေးနံ့ရပါကလား”ဟု မိန့်တော်မူလေသည်။

,

## PAGE 576
<!-- 9 paragraphs, raw extraction -->




အချို့သော သက္ကာယဒိဋ္ဌိအားကြီးသည့် ပုထုဇဉ်များလည်း ကြောက်လန့် ခြင်း မရှိတတ်။ လောဘတဏှာ စုံစမ်းခြင်းအားဖြင့်လည်း စမ်းသပ်ဖူးလေသည်။
အဘယ့်ကြောင့်ဆိုသော် ရဟန္တာပုဂ္ဂိုလ်တို့ဟူသည် သာယာ နှစ်သက်မှု တဏှာမှန်သမျှကို အကြွင်းမဲ့ပယ်သတ်ပြီး ဖြစ်တော်မူကြလေသည်။ အထူးသဖြင့် ရသတဏှာကိုလည်း ပယ်တော်မူထားကြသည်ဖြစ်ရာ - နတ်ပြည်၌ရှိသော နတ်သုဒ္ဓာ ရသာမျိုးကိုပင် နှစ်သက်ခြင်း မရှိကြတော့ပြီ။

ဝသဘ’ခေါ် မင်းတပါးသည် ထိုသဘောကိုနှလုံးသွင်းမိသဖြင့် ရဟန္တာဟု ဆိုသော မထေရ်တပါးအား နန်းတော်သို့ပင့်၍ ၎င်းမထေရ်၏အနီး မြင်လောက်ရာ ရှေ့၌ပင် မင်းကြီးကိုယ်တိုင် ဆီးချဉ်သီးများကို ဖျော်ရည်လုပ်ရန် ခွက်တခုဖြင့် နယ်၍နယ်၍ နေ၏။ ရဟန္တာဆိုသော မထေရ်လည်း ရှေ့၌ ဆီးချဉ်သီးများ နယ် နေသည်ကိုကြည့်ယင်း ခံတွင်း၌ တံတွေးလျှာရည်များ ယိုကျလာကာ လျှာကို လူးလည်းမျိုချနေသည်ကို တွေ့ရလေ၏။ (မ-ဋ္ဌ- ၄၊ ၆၆- ဆဗ္ဗိသောဓနသုတ် အဖွင့်။)

ဗဟုဟုတအဖြစ် ပါဠိ, အဋ္ဌကထာတို့၌ ရှိ၍သာ ပြလိုက်ရပေ၏။ လူများစု အတွက်ကား မလိုအပ်။

သာသနာအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များပင်လျှင် ရဟန္တာဟုဆိုသော ပုဂ္ဂိုလ်များကို စစ်ဆေး စုံစမ်းကြရာ ပရိယတ္တိ အမြင်သက်သက်ဖြင့် အထင်သေး၊
အမြင်သေး ရှုတ်ချပြောဆိုမေးမြန်းသည်များကို ဖတ်ရှု ကြားသိရပေရာ တာဝန် လေးလှပါဘိသည်။

ကိုယ်တွေ့ ဘ ဝ သံ သ ရာ ဒုက္ခကို ထုတ်ဖော်ပြခဲ့သူ သုမနာ ထေရီမကြီး

[ယင်းထေရီမကြီးအကြောင်း ဓမ္မပဒအဋ္ဌကထာ၌ သုကရပေါတိကာ” ဝတ္ထုဟု လာရှိသည်။ “အိန္ဒိယ, သီဟိုဠ်, မြန်မာ သံသရာလည်သောအမျိုးသမီး'ဟု “ရတနာသုံးပါး ကျေးဇူး”စာအုပ်၌ ဖော်ပြခဲ့ပါသည်။ အထပ်ထပ် ဖတ်ရှုကြားနာ ရလေ အကျိုးများလေဖြစ်၍ ဤ၌လည်း ထပ်မံဖော်ပြပါအံ့။ဖော်ပြရာတွင်လည်း ကိုယ်ပိုင်ဘာသာပြန်ဆို ဖော်ပြရခြင်းထက် ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီး၏ “ဓမ္မစကြာတရားတော်၌လည်း ဤဝတ္ထုကို ဟောပြထားသည်ဖြစ်ရာ သမိုင်းကြောင်းနှင့်တကွ ငုပ်ကွယ်နေသော သတ္တဝါတို့၏ တဏှာဗီဇ အဘိဓမ္မာ သဘာဝများကိုပါ ကြည်ညိုရပါသဖြင့် ဆရာတော်ဟောပြောသည့်အတိုင်း ဖော်ပြ ပါအံ့။]

## PAGE 577
<!-- 17 paragraphs, raw extraction -->


၅.၃၄


ဗြဟ္မာဖြစ်လို ့တဝင်းဝင်း, ဝက်စားကျင်းမှာ တမြုံ့မြုံ့

တချိန်က မြတ်စွာဘုရားဟာ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူတယ်။ အဲဒီ အခါ ဝက်မကလေးတကောင်ကို မြင်တော်မူပြီး ပြုံးတော်မူပါသတဲ့။ ပြုံးတဲ့အခါ သွားတော်များမှ ဖြူသောရောင်ခြည်တော်များထွက်လာတာကိုမြင်ရလို့ပြုံးတော်

မူကြောင်းသိရတဲ့အတွက် ရှင်အာနန္ဒာက’

"

“ဘာကြောင့် ပြုံးတော်မူပါသလဲ” လို့ မေးလျှောက်တယ်။ မြတ်စွာ

ဘုရားက-

“အာနန္ဒာ၊ ဟိုမှာကြည့်စမ်း၊ ဝက်မကလေးကို မြင်ရဲ့လား။” “မြင်ပါတယ်ဘုရား။

“အဲဒီ ဝက်မကလေးဟာ ကကုသန် မြတ်စွာဘုရား၏ သာသနာတော် တည်ထွန်းစဉ်က သူ့ဘဝ အမျိုးသမီးအဖြစ်မှ သေပြီး ဆွမ်းစားကျောင်း တခု အနီးမှာ ကြက်မ ဖြစ်ခဲ့တယ်။ အဲဒီ ကြက်မဟာ သိန်းငှက်ကဖမ်းသုတ်ပြီးစားလို့ သေရရှာတယ်။ ဒါပေမယ့် စောစောပိုင်းက ယောဂီရဟန်းတပါး၏ ကမ္မဋ္ဌာန်း တရားရွတ်ဆိုနေတဲ့ တရားသံကို ကြားပြီး ကုသိုလ်ဖြစ်ပွားခဲ့လို့ အဲဒီ ကုသိုလ်၏ အစွမ်းကြောင့် လူ့လောကမှာ မင်း၏အိမ်၌ဥဗ္ဗရီ’မည်သောမင်းသမီးဖြစ်ခဲ့တယ်။
“အဲဒီ မင်းသမီးဟာ နောက်ကာလမှာ ပရိဗိုဇ်မကျောင်း၌ ပရိုဗိုင် ပြုနေယင်း အိမ်သာထဲက ပိုးလောက်တွေကိုကြည့်ပြီး ပုဠုဝကသညာ(ဩဒါတ သညာ)ကို ဖြစ်စေလျက် ပထမဈာန်ကို ရခဲ့တယ်။ အဲဒီပရိဗိုဇ်ဘဝမှသေတဲ့အခါ ပထမဈာန်ဗြဟ္မာ့ဘုံမှာ ဗြဟ္မာ ဖြစ်ခဲ့တယ်။

"

“ဗြဟ္မာဘဝမှ စုတေတဲ့အခါ လူ့လောက၌ သဌေးသမီးဖြစ်ခဲ့တယ်။ အဲဒီ သဌေးသမီး ဘဝက သေတဲ့အခါ ဒီဝက်မကလေး ဖြစ်နေရရှာတယ်။ အဲဒီ အကြောင်းအရာတွေကိုမြင်လို့ ငါ ပြုံးတယ်”လို့ မိန့်တော်မူပါတယ်။

အဲဒီ အကြောင်းအရာကို ကြားရတော့ အရှင်အာနန္ဒာနှင့်တကွ ရဟန်း တော်များမှာ ကြီးစွာသော သံဝေဂကို ရကြပါသတဲ့။

အဲဒီအခါ မြတ်စွာဘုရားက ဆွမ်းခံကြွနေယင်း လမ်းမှာပဲ ရုပ်တော် မူလျက် တရားဂါထာ ၆-ပုဒ်ကို ဟောတော်မူပါတယ်။

တဏှာမကင်းသေးသမျှ ဘဝသံသရာလည်

ယခု အဲဒီ ၆-ပုဒ်ထဲက ပထမတပုဒ်ကို ထုတ်ပြမယ်။
ယထာပိ မူလေ အနုပဒ္ဒဝေဒ၊
ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။

## PAGE 578
<!-- 12 paragraphs, raw extraction -->



ဧဝမ္ပိ တဏှာနုသယေ အနုဟတေ၊
နိဗ္ဗတ္တတိ ဒုက္ခဒံ ပုနပ္ပုနံ။

၅ ၃ ၅

မူလေ=အမြစ်အရင်းသည်၊ အနုပဒ္ဒဝေ ဒဂ္ဂေ-ဘေးရန် မရှိပဲ ခိုင်မြဲ နေလတ်သော်၊ ဆိန္နောပို=အထက်ပိုင်းဘက် အကိုင်း အခက် ခုတ်ဖြတ်ထားငြားသော်လည်း၊ ရုက္ခော=သစ်ပင်သည်၊ ပုနရေဝ ရူဟတိ ယထာပိ=တဖန်ပြန်၍သာလျှင် အညွန့် အတက် ပေါ်ထွက် စည်ပင်ပြန်သကဲ့သို့၊ ဧ၀မ္ပိ=ဤအတူပင်လျှင် တဏှာနုသယေ အနု ဟတေ=သန္တာန်၌ဖြစ်ထိုက်သော၊ အနုသယ တဏှာကို အရိယမဂ်ဖြင့် မပယ်အပ်သေးသည်ရှိသော်၊ ဣဒံဒုက္ခံ=ဘဝအသစ်ဖြစ်ခြင်း စသော ဤဆင်းရဲသည်၊ ပုနပ္ပုနံ=အဖန်ဖန် အထပ်ထပ်၊ နိဗ္ဗတ္တတိ= ဖြစ်လေ တော့၏-တဲ့။

အဲဒီဂါထာဖြင့် ဖော်ပြလိုရင်းကတော့ ဥဗ္ဗရီမင်းသမီးဘဝတုန်းက ပရိုဗိုင် ရသေ ့ပြုပြီး တရားနှလုံးသွင်းလို့ ပတမဈာန်ကိုရခဲ့တယ်။ ဒါပေမယ့် အဲဒီဈာန် က စိတ်ကူးအဖြစ်နဲ့ဖြစ်ပေါ်တဲ့ ကာမရာဂ ‘ပရိယုဋ္ဌာန’ တဏှာကိုသာ “ဝိက္ခမ္ဘန ပဟာန်'ဖြင့် ပယ်နိုင်တယ်။ အခိုက်အတန့် အဟော်ကြာအောင် ဝေးကွာစေတာ

ပါပဲ။

ဒါ့ကြောင့် အဲဒီ ပထမဈာန်ရတဲ့ ဘဝတုန်းကနဲ့ ဗြဟ္မာ ဘဝတုန်းက ‘ကာမရာဂတဏှာ’ မဖြစ်ပေါ်ပဲ ကင်းနေခဲ့တယ်။ ဒါပေမယ့် အရိယမဂ်ဖြင့် အမြစ်ပြတ်ပယ်တာ မဟုတ်သောကြောင့် လူ့ဘဝသဌေးသမီး ဖြစ်တဲ့ အခါကျ တော့ အဲဒီ ကာမတဏှာဟာ ဖြစ်မြဲဖြစ်ပြန်တာပဲ။ ဘဝတဏှာကတော့ ဈန်ရ နေတုန်းကလဲ ဖြစ်နေခဲ့တာပါပဲ။

အဲဒီလို “အနုသယတဏှာ” အမြစ်မပြတ်တဲ့အတွက် ဗြဟ္မာဖြစ်ပြီးတဲ့နောက် လူ့ဘဝမှတဆင့် ဝက်ဘဝလဲ ရောက်ရပြန်တယ်။

တဏှာမကင်းသေးသမျှ ကာလပတ်လုံး ဒီပုံဒီနည်းဖြင့် ကံအားလျော်စွာ ဘဝအမျိုးမျိုးတွေ အဖန်ဖန် ဖြစ်သွားရမယ်လို့ ဆိုပါတယ်။

အဲဒီမှာ ဗြဟ္မာဖြစ်ပြီးတဲ့နောက် ဝက်ဖြစ်ရပြန်တာကို အကြောင်းပြုပြီး တော့ရှေးဆရာတော်ကြီးများက “ဗြဟ္မာဖြစ်လို့ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တမြုံ့မြုံ့”လို့ ဆိုတော်မူခဲ့ကြပါဘယ်။

ဒါပေမယ့် ဗြဟ္မာဘဝမှစုတေပြီးလျှင်ပြီးချင်း ဝက်တော့ မဖြစ်နိုင်ဘူး။
အခြား တိရစ္ဆာန် ပြိတ္တာ, ငရဲသားဆိုတာတွေလဲ မဖြစ်နိုင်ပါဘူး။ ဈာန်ရတဲ့ ဝက ဈာန်၏အနီးဖြစ်တဲ့ ‘ဥပစာရ ဘာဝနာ” ကုသိုလ်၏ အစွမ်းကြောင့် လူ့ က,နတ်လောက၌သာ ဖြစ်နိုင်ပါတယ်။

## PAGE 579
<!-- 12 paragraphs, raw extraction -->


၅ ၃ ၆


ယခုပြောနေတဲ့ ဝက်မကလေးဟာလဲ လူ့လောက သဌေးသမီး ဘဝမှ တဆင့် ဝက်ဘဝကို ရောက်ရတာပဲ။ အဲဒါဟာလဲ သဌေးသမီး ဘဝတုန်းက မာန်ယစ်ပြီး ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို မရိုမသေပြစ်မှားခဲ့တဲ့ အကုသိုလ်ကြောင့် ဖြစ်ဖွယ်ရှိပါတယ်။

အဲဒီဝက်မကလေးဟာ အဲဒီဘဝံမှ သေတဲ့အခါ “သုဝဏ္ဏဘူမိ”ဆိုတဲ့ အရပ် မှာ မင်းမျိုး၌ဖြစ်တယ်။ သုဝဏ္ဏဘူမိဆိုတာ သထုံပြည်ပဲလို့ အများက ယူကြ ပါတယ်။ အချို့ ပညာရှိများကတော့ သာသနာတော်နှစ် ၁၅၀၀-နီးပါးက “ဒေဝပါလမင်း’ရေးထိုးထားခဲ့သော ကြေးပုရပိုက်စာကို အထောက်အထားပြုပြီး တော့ သုမာတြာ(စုမတြာ)ကျွန်းကို သုဝဏ္ဏဘူမိခေါ်တယ်လို့ ဆိုကြပါတယ်။

အဲဒီသုဝဏ္ဏဘူမိမင်းသမီးဘဝမှ သေတဲ့အခါ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့၌ အမျိုးသမီးဖြစ်တယ်။အဲဒီဘဝမှ သေတဲ့အခါ “ဝနဝါသီတိုင်း'၌ အမျိုးသမီး ဖြစ်တယ်။ ဝနဝါသီတိုင်းဆိုတာ ဘုံဘေမြို့နယ်၏ အရှေ့တောင်အရပ်မှာရှိတယ်။
အဲဒီဘဝမှ သေတဲ့အခါ“သုပ္ပာရက’ သင်္ဘောဆိပ်အရပ်၌ မြင်းကုန်သည်သမီး ဖြစ်တယ်။ သုပ္ပာရကသင်္ဘောဆိပ်ဆိုတာ ဘုံဘေမြို့မြောက်ဘက် ပင်လယ်ကမ်း ခြေမှာ ရှိတယ်။

အဲဒီဘဝမှ သေတော့ “ကာဝီရ’ သင်္ဘောဆိပ်အရပ်၌ လှေသူကြီးသမီး ဖြစ်တယ်။ ကာဝီရ သင်္ဘောဆိပ်ဆိုတာ အိန္ဒိယကျွန်းဆွယ် အရှေ့တောင်ဘက် အစွန်းမှာရှိတယ်။ရှေးတုန်းက “ဒမိဠ”ခေါ်တဲ့ တမယ်လူမျိုးတို့၏ နိုင်ငံ ပင်လယ် ကမ်းခြေပေါ့။

အဲဒီဘဝမှ သေတော့ ယခုသီရိလင်္ကာ ခေါ်တဲ့ သီဟိုဠ်ကျွန်း အနုရာဓ မြို့မှာ အစိုးရပိုင်း အမျိုးထဲ၌ ဖြစ်တယ်။ အဲဒီဘဝမှ သေတော့ အနုရာဓမြို တောင်ဘက်ဘောက္ကန္တ”ဆိုတဲ့ရွာမှာ “သုမန’ဆိုတဲ့ သူကြွယ်၏ သမီး ဖြစ်တယ်။
အမည်ကတော့ ဖခင်အမည်ကိုပင် “သုမနာလို့ခေါ်တယ်။ နောက်အခါမှာ ဖခင်က အဲဒီရွာကိုစွန့်ပြီး “ဒီဃဝါ’နယ် “မဟာမုနိ’ဆိုတဲ့ ရွာမှာ နေတယ်။

သ

IL⚫

အဲဒီရွာမှာနေစဉ် “ဒုဋ္ဌဂါမဏိ”မင်း၏အမတ်ဖြစ်တဲ့ “လကုဏ္ဍ ကအတိမ္ဗရ” ဆိုသူကကိစ္စတခုဖြင့် အဲဒီရွာရောက်လာတဲ့အခါ မယ်သုမနာကိုမြင်ရ၍ မေတ္တာ သက်ဝင်သဖြင့် အကြီးအကျယ်ထိမ်းမြားမင်္ဂလာကိုပြုပြီး သူ နေရပ်ဖြစ်တဲ့ “မဟာ ပုဏ္ဏရွာသို့ ခေါ်ဆောင်သွားတယ်။

အဲဒီရွာ၌နေစဉ်(ရောဟဏနယ် ကိတ္တိရွာအနီး ကောဠပဗ္ဗတဝိဟာရခေါ်) တောင်စွန်းကျောင်းတိုက်ကြီး၌ သီတင်းသုံးသော“မဟာအနုရုဒ္ဓ မထေရ်(သီဟိုဠ် မူဒ် အနုလထေရ်)က အဲဒီရွာ ဆွမ်းခံကြွတော့ မယ်သုမနာ၏ အိမ်တံခါးဝ ဆွမ်းရပ်နေစဉ် မယ်သုမနာကိုတွေ့မြင်ရ၍ နောက်ပါရဟန်းများနှင့် ဒီလိုပြောဆို ပါသတဲ့။

## PAGE 58
<!-- 13 paragraphs, raw extraction -->




မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်နှင့် ပရိနိဗ္ဗာန်ပြုသည့် နောက်တွင် မဇ္ဈိမဒေသ ဣန္ဒိယနိုင်ငံ၌ သာသနာတော်အတွက် စည်းစိမ်ဥစ္စာ အများဆုံး စွန့်လှူ၍ မိသားစုနှင့်တကွ သာသနာပြုနိုင်သူမှာ အသောက မင်း တရားကြီးပင် ဖြစ်လေသည်။

မင်းကြီးသည် သိန်းပေါင်းများစွာသော သံဃာတော်တို့အတွက် ဂ၄ဝဝဝ သော မြို့ရွာ `နိုင်ငံတို့၌ ကျောင်းပေါင်း ၈၄၀၀၀၊ စေတီပေါင်း ၈၄၀၀၀ တည်ဆောက်ရန် အသပြာငွေပေါင်း ၉၆-ကုဋေ စွန့်လှူခဲ့၏။ တန်ခိုးဣဒ္ဓိပါဒ် ကြီးမားသော ဣန္ဒဂုတ္တ စသော မထေရ်ကြီးများကလည်း မင်းကြီး၏ အသဒိသ အတုမဲ့ အလှူတော်များ လွယ်ကူစွာ ပြီးမြောက်စေရန် တန်ခိုးဖြင့် စောင့်ရှောက် ကူညီတော် မူကြလေသည်။

(ကျောင်းလွှတ် ပူဇော်ပွဲ၌ ရှင်ဥပဂုတ် တန်ခိုးပြကြောင်း၊ မင်းကြီး ခန္ဓာကိုယ်ကို မီးရှို့ လှူကြောင်း စသည်ဖြင့် ထေရဝါဒမဟုတ်သော အကြောင်း အရာများ ရောထွေးနေပုံကို အခန်း-၄ ၌ စိစစ်ထားသည်။)

"

a

အသောကမင်းကြီးသည် မြတ်စွာဘုရား သာသနာ၌ ဒါနအရာတွင် သာလွန်သူ မရှိ၊ ပစ္စည်းလေးပါးကို ဗြဟ္မာ့ပြည်ထိအောင် စုပုံလှူဒါန်းသော်လည်း သာသနာ့အမွေ ဆက်ခံရသူ မဖြစ်နိုင်သေး”ကြောင်း ရဟန္တာ အရှင်မြတ်ကြီး များ အမိန့်တော်အရ သာသနာတော်နှစ် ၂၂၅-ခုနှစ်၊ နန်းစံ ၆-နှစ်တွင် သားတော် မဟိန္ဒမင်းသား (၂၀-နှစ်)နှင့် သမီးတော် သင်္ဃမိတ္တာ(၁ဂ-နှစ်) တို့ကို သာသနာတော်အား အပြီးအပိုင်လှူကာ ရဟန်း, သာမဏေမ ပြုခွင့် ပေးလိုက်လေသည်။

သားတော် ရှင်မဟိန္ဒသည် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ကြီးကို ဥပဇ္ဈာယ်ပြု၍ လည်းကောင်း၊ သမီးတော် သင်္ဃမိတ္တာသည် ဓမ္မပါလိတ္ထရီမ ကြီးကို ဥပဇ္ဈာယ်ပြု၍လည်းကောင်း သာသနာ့ဘောင် ဝင်ရောက်ကြပြီးနောက် မိမိတို့၏ ဥပဇ္ဈာယ်ဆရာများထံတွင် ပရိယတ်စာပေများကို သင်ယူကြ၏။ရှင်မဟိန္ဒ သည် သုံးနှစ်ရှိလျှင် အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံ အလုံးစုံ တတ်မြောက်၍ သံဃာတထောင်၏ ပါမောက္ခ ဖြစ်လေ၏။

သာသနာဝင်၍ ဝမ်းကျောင်းသူနှင့် သန့်ရှင်းလိုသူ

အသောကမင်းကြီးသည် သာသနာတော်အား တနေ့တာရသောဝင်ငွေ အသပြာငါးသိန်းစလုံး နေ့စဉ်လှူဒါန်းလေ့ရှိ၏။

တိတ္ထိများမှာ တနေ့တခြား ပစ္စည်းလာဘ်လာဘခေါင်းပါးလာကြသဖြင့် သာသနာတွင်းသို့ ဝင်ရောက်ကာ မိမိတို့၏ မိစ္ဆာဝါဒများကို ဗုဒ္ဓဝါဒဖြစ်

## PAGE 59
<!-- 13 paragraphs, raw extraction -->




လေဟန် လူတို့အားဟောပြောစည်းရုံးလာကြ၏။ကိုယ်တိုင် သင်္ကန်းဝတ်ကာ ဓမ္မ ဝိနယ ပိဋကတော်ကိုပင် ဖျက်ဆီးရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာကြသည်။

လောလောဆယ် ဝမ်းကျောင်းရုံမျှမက အယူဝါဒကိုပါ ထိုးနှက်ဖျက်ဆီး လာကြသဖြင့် ရဟန်းကောင်းများမှာ ၎င်းတို့နှင့်ရောနှောကာ ဥပုသ်ပဝါရဏာ သံဃကံများကို မပြုလိုကြတော့ပေ။

အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးလည်း ထိုသာသနာ့ဆူးငြောင့်ခလုတ် များကို ရုတ်တရက်သုတ်သင်ဖြေရှင်းရန် မလွယ်သေးသည်ကိုလည်း မြင်တော်မူ သဖြင့် သမာပတ်ချမ်းသာဖြင့် နေတော်မူရန် အဟောဂင်္ဂါတောင်သို့ တပါး တည်း .ဖဲကြွတော်မူလေ၏။ တပည့်သံဃာများကို အရှင်မဟိန္ဒအား လွှဲအပ်တော် မူခဲ့လေသည်။ ခုနစ်နှစ်တိုင်တိုင် ဥပုသ်ပဝါရဏာ မပြုကြရလေ။

မင်းကြီးလည်း စိတ်မကောင်းဖြစ်ကာ အမတ်တဦးအား။ .

“မောင်မင်း၊သာသနာ့အရေးအခင်းများကို ဖြေရှင်း၍ သံဃာတော်များ ဥပုသ်ပဝါရဏာပြုရအောင်ဆောင်ရွက်ရမည်”အမိန့်တော်ချလေ၏။အမတ်လည်း ကျောင်းတော်သို့သွားကာ ရဟန်းတော်များအား စည်းဝေးပင့်ခေါ်၍ အာဏာ ကို သုံးလျက် ဥပုသ်အပြုခိုင်းသည်။

ရဟန်းကောင်း များမှာ ရဟန်း ယောင် များနှင့်အတူ ဥပုသ်မပြုလိုကြ သဖြင့်ငြင်းဆိုမိကြရာ ငြင်းဆိုသောသံဃမထေရ်ကြီးမှစ၍ ဦးခေါင်းကို သန်လျက် ဖြင့် တပါးပြီးတပါး ခုတ်ဖြတ်လေ၏။

၄ ။

အိမ်ရှေ့မင်းသားဘဝက ရဟန်းပြုလာသော အရှင် တိဿ သည်လည်း သံဃပရိသတ်၌ရှိနေရာ “ဘုရင့်အမိန့်တော် ဟုဆိုကာ မဖွယ်မရာ သတ်ဖြတ်သော အမတ်ကိုမြင်လျှင် “မင်းကြီးအမိန့်တော်ကား မဖြစ်နိုင်၊ အယူအမှတ် လွဲမှား ခြင်းသာဖြစ်ပေမည်ဟု နှလုံးသွင်း၍ တန်ခိုးဖြင့် ထိုအမတ်အနီးသို့ကပ်၍ ထိုင် လိုက်၏။ အမတ်လည်း အလှည့်ကျသတ်ရန် သန်လျက်ကို အရှိန်ယူစဉ် တိဿ မထေရ်ကိုမှတ်မိသဖြင့် မသတ်ဝံ ့ပဲရှိလေသည်။

ရုတ်တရက်မင်းကြီးထံ သွားရောက်၍ အကြောင်းစုံသံတော်ဦး တင်လေရာ မိမိစကားကို အဓိပ္ပာယ်လွဲမှားပြုမူသောအမတ်မိုက်အားကြိမ်းမောင်းကာလွန်စွာ စိတ်ဆင်းရဲခြင်း ဖြစ်တော်မူရ၏။ “မိမိ၏အပြစ်လော၊အမတ်မိုက်၏ အပြစ်လော” ဟူသောနောင်တပူပန်မှုကြီးသည် တအုံနွေးနွေးဖြစ်ကာ ထိုသံသယကိုဖြေဖျောက် ရန် သံဃာတော်များအားဖွင့်ဟလျှောက်ထားလေသည်။ “မင်းကြီးအပြစ်’ ဆိုသူ ဆို၍ “အမတ်မိုက်၏အပြစ်’စသည် ဖြေသူက ဖြေကြသဖြင့် သံသယ မကင်း ပြင်းစွာပူပန်၍သာ နေရလေ၏။

က

## PAGE 60
<!-- 13 paragraphs, raw extraction -->

:




3

မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးအာ အား အမိန့်တော်နှင့် ဆင့်ခေါ်မိ၍

“မိမိသံသယကိုလည်း ဖြေရှင်း၍ သာသနာသန့်ရှင်းအောင်လည်းဆောင် ရွက်နိုင်သော မထေရ်ကြီးများရှိ-မရှိ” ထပ်မံ၍လျှောက်ထားစုံစမ်းလေရာ အရှပ် မောဂ္ဂလိပုတ္တတိဿ မထေရ်ကြီးအား ညွှန်ပြကြလေ၏။

အဟောဂင်္ဂါတောင်၌ သီတင်းသုံး နေတော်မူသော အရှင်မြတ်အား ပင့်လျှောက်ရန် ရဟန်းတထောင်စီခြံရံလျက် စကားအရာလိမ္မာသော ဓမ္မကထိက လေးပ ါးနှင့် မင်းချင်းတထောင်စီ ခြံရံသော အမတ်ကြီးလေးဦးတို့အား စေလွှတ် တော်မူ၏။ သို့ရာတွင်-

“အရှင်ဘုရားအား မင်းကြီးက နေပြည်တော်သို့လာရန် ဆင့်ခေါ်တော် မူသည်”ဟု (အသုံးအနှုန်း မလိမ္မာပဲ)လျှောက်ထားသဖြင့် ကြွတော်မမူ။ ဒုတိယ တကြိမ် တဆတိုး၍ စေလွှတ်ပြန်ရာ “မင်းကြီးခေါ်နေသည်”ဟုပင် လျှောက်ထား ကြပြန်သဖြင့် ကြွတော်မမူ။ တတိယအကြိမ် ဓမ္မကထိက ၁၆-ပါး၊ အမတ် ၁၆ ယောက် တထောင်စီ အခြံအရံဖြင့် စေလွှတ်ကာ……

“သာသနာတော်ကြီး ဆုတ်ယုတ်နေပါသည် အရှင်ဘုရား၊ သာသနာ တော်ကို ပြုစုချီးမြှောက်ရန်အလို့ငှာ ဒကာတော်မင်းကြီးနှင့်တကွ ဘုရားတပည့် တော်များအား ကူညီစောင့်ရှောက် ချီးမြှောက် မစ ညွှန်ပြပေးတော်မူပါ အရှင် ဘုရား”ဟု လျှောက်မှ လိုက်ကြွတော် မူလေသည်။

ဝါဒရေးရာသင်တန်းဆင်းအပြီး

နေပြည်တော်သို့ရောက်လျှင် မင်းကြီးက သူ၏သံသယ နောင်တ ပူပန်မှုကို လျှောက်လေရာ စိတ်စေတနာမပါလျှင် အပြစ်မရှိ” ကြောင်း ဒီပကတိတ္တိရ ဇာတ်ဘော်ကို ဟေဒပြတော်မူရာ မင်းကြီး သံသယ ရှင်းသွားလေတော့၏။

အရှင်မောဂ္ဂလိပုတ္တတိဿံမထေရ်ကြီးလည်း အသောကမင်းကြီး၏ ဥယျာဉ် တော်အတွင်း၌သာ ခုနစ်ရက်ပတ်လုံး သီတင်းသုံးတော်မူကာ မင်းကြီးအား ဗုဒ္ဓ ဝါဒနှင့်တကွ ရောနှောရှုပ်ထွေးလာသော စင်ပြိုင်ဝါဒ မိစ္ဆာ အယူအဆများ အားလုံးကို သင်ပြ ပေးတော်မူလေသည်။

## PAGE 580
<!-- 14 paragraphs, raw extraction -->


"



“အာဝုသော=ငါ့ရှင်တို့၊ သူကရပေါတို့ကာ=ဘုရား လက်ထက် တော်က ဝက်မကလေးသည်၊ လကုဏ္ဍက အတိမ္မရ မဟာမတ္တဿ=လ ကုဏ္ဍက အတိမ္ဗရခေါ် အမတ်ကြီး၏၊ ဘရိယဘာဝံ-အမတ်ကတော်၏ အဖြစ်သို့၊ ပတ္တာနာမ=ရောက်နေတုံသေး၏။ အဟောအစ္ဆရိယံ=ဩော် အံ့ဩစရာ ကောင်းပါပေစ္ဆေတကား”တဲ့။

°

အဲဒီစကားကို ကြားရတော့ အမတ်ကတော် မယ်သုမနာမှာ ရှေးဘဝ ဟောင်းတွေကို ပြန်လည်အောက်မေ့နိုင်တဲ့ “ဇာတိဿရဉာဏ်ဖြစ်ပေါ်လာသတဲ့။
အဲဒီဉာဏ်ဖြင့် သူဖြစ်ဖူးခဲ့တဲ့ ဘဝဟောင်းတွေကို ပြန်ပြီး ဆင်ခြင် ကြည့်လိုက်တဲ့ အခါ သံသရာကို ထိတ်လန့်ကြောက်ရွံ့ တဲ့ သံဝေဂဉာဏ်လဲ ဖြစ်လာပြန်သတဲ့။
ဒါကြောင့် သူ့ ခင်ပွန်းအမတ်ကြီးထံ ခွင့်တောင်းပြီး ပဉ္စဗလက ဘိက္ခုနီ ကျောင်းတိုက်မှာ ရှင်ရဟန်း ပြုခဲ့တယ်။ ရှင်ရဟန်း ပြုပြီးတော့‘တိဿမဟာ ဝိဟာရ’ကျောင်းတိုက်မှာ “သတိပဋ္ဌာန်သုတ်တရားကို ကြားနာပြီး ထိုနည်းအရ ရှုမှတ်သဖြင့် သောတာပတ္တိမဂ်ဖိုလ်ရောက်သွားပါသတဲ့။
အဲဒီနောက် “ဒုဋ္ဌဂါမဏိ မင်းကြီးနန်းတက်ပြီးတဲ့အခါ သူ့ ဇာတိအရပ်ဖြစ်တဲ့ ဘောက္ကန္တရွာသို့သွားရောက် ပြီး နေ့စဉ်ကလ္လမဟာဝိဟာရ’ကျောင်းတိုက်၌ “အာသီဝိသောပမသုတ်”ကိုကြား နာရ၍ အရဟတ္တဖိုလ်ရောက်ပြီး အာသဝေါကုန်ခန်းတဲ့ ရဟန္တာမကြီး ဖြစ်သွား ပါသတဲ့။အဲဒီသုမနာထေရီမ၏ ဘဝဖြစ်စဉ်ကို ဘုန်းကြီးက ဒီလို ဆောင်ပုဒ်

စီထားတယ်။

"

“လူ့ ကြက်မကြီး၊ မင်းသမီးတဖြာ၊ ဗြဟ္မာ,သဌေး၊ ဝက်ကလေး ဖြစ်ရ၊သုဝဏ္ဏဗာရာ၊ ဝနဝါနှင့်၊ သုပ္ပာရက၊ ကာဝီရမှ၊ သီဟဠနုရာ၊
ဘောက္ကန်ရွာဟု၊ ဖြစ်ရာပေါင်းစု၊ ဆယ့်သုံးခုသည်၊ မယ်သုမနာ ဖြစ် စဉ်တည်း။

"

အဲဒီမယ်သုမနာရဲ့ဖြစ်စဉ် တဆယ့်သုံးဘဝကို သေသေချာချာ စဉ်းစား ကြည့်ယင် အင်မတန် သံဝေဂဖြစ်စရာ ကောင်းတယ်။

ကကုသန်ဘုရား လက်ထက်တော်တုန်းက လူ ့ဘဝမှသေတဲ့အခါ သား သမီးအခြွေအရံတွေရော၊ လက်ရှိပစ္စည်းတွေရောမိမိကိုယ်ပါ စွန့်ပစ်ခဲ့ပြီးသေသွား ရှာတယ်။သားသမီးစသည်တွေက ငိုကြွေးပြီး´ ကျန်နေရစ်ကြရှာမှာပေါ့။ သူ့ မှာလဲ သေပြီးတော့ ကြက်မ ဖြစ်ရရှာတယ်။

လူစင်စစ်က ကြက်ဖြစ်သွားတာဟာ ကြောက်စရာပါပဲ။ အဲဒီကြက်မဘဝ မှာလဲ သားသမီး ကြက်အခြွေအရံတွေ့ရှိမှာပဲ။
သိန်းငှက်က ထိုးသုတ်ဖမ်းယူပြီး ထိုးဆိတ်စားလို့ ခေါင်းပြတ်ပြီး မချိမဆံ ့နဲ့ သေရရှာတယ်။

## PAGE 581
<!-- 14 paragraphs, raw extraction -->




အဲဒီကနောက် ကမ္မဋ္ဌာန်းတရားသံကြားနာရတဲ့ ကုသိုလ်ကံကြောင့် မင်း သမီးဖြစ်ရတယ်ဆိုတာကတော့ ဝမ်းသာစရာပါပဲ။ အဲဒီ ကြက်မဟာ ကမ္မဋ္ဌာန်း တရားအကြောင်းကို ဘာမှ နားလည်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကြည်ညိုတဲ့စိတ်နဲ့ နာလို့ ကုသိုလ်ဖြစ်ပြီး အဲဒီကုသိုလ်ကြောင့် လူ့ဘဝပြန်ရောက်ပြီး မင်းသမီးတောင်ဖြစ်ရဘယ်ဆိုတော့ “တရား နာရတာ အင်မ တန် အားကိုးစရာ” ကောင်းတာပဲ။

အဲဒီ မင်းသမီးဘဝက ဈာန်ရလို့ နောက်ဘဝ၌ ဗြဟ္မာ ဖြစ်ရတာလဲ ဝမ်းသာစရာပဲ။ ဗြဟ္မာဘဝမှ စုတေတော့ လူ့လောက၌ သဌေးမျိုးမှာ ဖြစ်ရ တယ်။ အဲဒါလဲ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် အဲဒီ ဘဝမှသေတဲ့အခါ သား သမီး စသည် အခြွေအရံတွေရော၊ ပစ္စည်းဥစ္စာတွေရော မခွဲချင်ပဲနဲ့ သေပြီး ခွဲခဲ့ရ တာဟာ ဝမ်းနည်းစရာပဲ။

သေပြီးတော့ ဝက်မကလေး ဖြစ်ရတယ်ဆိုတာက သာပြီး ဝမ်းနည်းစရာ ကောင်းသေးတယ်။

ဗြဟ္မာကလူဖြစ်၊ လူက ဝက်ဖြစ်ရတယ်ဆိုတော့ ကြောက်စရာလဲ အလွန် ကောင်းတာပဲ။ သံဝေဂယူစရာပါပဲ။ အခြားလူတွေလဲ အရိယမဂ်ကိုမရသေးယင် အဲဒီလိုယုတ်ညံ့တဲ့ဘဝတွေကို ရောက်သွားနိုင်တယ်။

ဒါကြောင့် သတိသံဝေဂဖြစ်ပြီး တရားကို လေးလေးနက်နက် နှလုံးသွင်း နိုင်အောင် မြတ်စွာဘုရားက ဒီဝက်မလေးဖြစ်စဉ်ကို မိန့်တော်မူခဲ့တာပဲ။

အဲဒီ ဝက်မလေးဘဝတုန်းက ဘယ်လိုသေရတယ်ဆိုတာတော့ပြဆိုမထား ဘူး။ ဒါပေမယ့် ယခုကာလလိုပဲ ဝက်ရှင်ကသတ်လို့ သေရတာဖြစ်မှာပါပဲ။ အဲဒီ အခါတုန်းက ဝက်မမှာ သားသမီး စသည် အခြွေအရံ အပေါင်းအဖော်တွေ ရှိမှာပဲ။ အဲဒါတွေနဲ့ သေကွဲ ကွဲလာရတဲ့အခါ သက်ဆိုင်ရာတွေ အားလုံး စိတ် ဆင်းရဲစရာတွေ များစွာ ဖြစ်ကြရမှာပဲ။

အဲဒီကနောက် သုဝဏ္ဏဘူမိအရပ်မှ အနုရာဓမြို့အထိ ခြောက်ဌာနမှာ လူ့ ဘဝကြီး ဖြစ်သွားရတယ်ဆိုတော့ တော်သေးရဲ့လို့ ဆိုရမှာပဲ။ ဒါပေမယ့် အဲဒီ ခြောက်ဘဝမှ သေရတဲ့အခါတိုင်း ..သူကိုယ်တိုင်ရော၊ သက်ဆိုင်တဲ့သူတွေရော ဝမ်းနည်းကြရ၊ စိုးရိမ်ပူဆွေးကြရ၊ ငိုကြွေးကြရမှာချည်းပဲ။

နောက်ဆုံးမှာ သုမနာထေရီဖြစ်ပြီး ရဟန္တာမ ဖြစ်သွားတာကတော့ ဝမ်း သာစရာ အကောင်းဆုံးပါပဲ။

အဲဒီဖြစ်စဉ်ထဲမှာ ဘဝဟောင်းမှ သေသေပြီး ဘဝ အသစ်အသစ် ထပ်ကာ ထပ်ကာ ဖြစ်ရတာဟာ ဘာကြောင့်လဲဆိုယင် ဆင်းရဲဖြစ်ပွားကြောင်း “သမုဒယ

'

## PAGE 582
<!-- 12 paragraphs, raw extraction -->



၅ ၃ ၉

သစ္စာဆိုတဲ့ တဏှာ” ကြောင့်ပဲ။ အခြားသူတွေလဲ တဏှာမကင်းသေးယင် ဒီလိုပဲ သေသေပြီး ဘဝ အသစ်အသစ် ဖြစ်ဖြစ်သွားရလိမ့်မယ်။

ဒါကြောင့် ဒီသမုဒယသစ္စာဆိုတဲ့ ကဏှာကင်းငြိမ်းအောင် မဂ္ဂင်ရှစ်ပါး အကျင့် ကျင့်သုံးပွားများဖို့ရာ အလွန်ပင် အရေးကြီးပါတယ်။

ပရိနိဗ္ဗာန်စံခါနီး ကိုယ်တွေ့ ဘဝသံသရာ တရားဟော

သုမနာထေရီမှာတော့ “သတိပဋ္ဌာနသုတ်’တရားကို နာကြားပြီးတော့ အဲဒီ သတိပဋ္ဌာန်နည်းအတိုင်း ရှုမှတ်ပွားများပြီး သောတာပန်ဖြစ်တယ်။ အဲဒီက နောက် “အာသီဝိသောပမသုတ်ကို နာကြားပြီး တဖန် နှလုံးသွင်းသဖြင့် အရ ဟတ္တဖိုလ်ရောက်ပြီး ရဟန္တာမ ဖြစ်သွားတယ်။ သမုဒယဆိုတဲ့တဏှာကင်းသွား တယ်။ ဒါကြောင့် တဖန် ဘဝသစ်ဖြစ်ဖို့ မရှိတော့ဘူး။ ပရိနိဗ္ဗာန်ပြုပြီး အေးငြိမ်း သွားဖို့ပဲ ရှိတော့တယ်။

ဒါကြောင့် အဲဒီ သုမနာထေရီဟာ အာယုသင်္ခါရကုန်တဲ့အခါ ပရိနိဗ္ဗာန် ပြုတော့မည့်အကြောင်း သီတင်းသုံးဖော်များအား ပြောကြားတယ်။ အဲဒီအခါ (မဏ္ဍလာရာမ ကျောင်းတိုက် မဟာတိဿထေရ်ကြီး အမှူးရှိတဲ့) အမျိုးသား ရဟန်းဘော်များနှင့် အမျိုးသမီး ရဟန်းမများက သူ ့ အကြောင်းအရာကို မေးကြတဲ့အတွက်—

"

“ဘုရားတပည့်တော် မဟာကကုသန် ဘုရားလက်ထက်တော်က လူအမျိုး သမီး ဖြစ်ခဲ့ပါဘယ်။ အဲဒီဘဝကသေတော့ ကြက်မဖြစ်ခဲ့ပါတယ်။ အဲဒီ ကြက်မ ဘဝမှာ သိန်းငှက်က ထိုးသုတ်ပြီးစားလို့ ခေါင်းပြတ်ပြီး သေခဲ့ရတယ်။ သေပြီး တော့ လူ ့ဘဝမှာ မင်းသမီး ဖြစ်ခဲ့ရတယ်” စသည်ဖြင့် ဘောက္ကန္တရာ၌ အဆုံး စွန်ဘဝတိုင်အောင် သူ့ ့အကြောင်းအရာတွေကို ဘိက္ခုနီသံဃာအား ဖြစ်စဉ် အတိုင်း ပြောကြားပြီးတော့-

66

“ဧဝံ=ယခု ပြောကြားခဲ့သည့်အတိုင်း၊ သမဝိသမေ=ညီမျှ မညီမျှ ကုန်သော၊ (ဝါ) အကောင်းအဆိုး အမျိုးမျိုးကုန်သော၊ တေရသ အတ္တဘာဝေ=တဆယ့်သုံးခုသော အတ္တဘောတို့ကို၊ ပက္ခာ=ရောက်ခဲ့ ပြီး၍၊ ဣဒါနိ-ယခု နောက်ဆုံးဘဝ၌၊ ဥက္ကဋ္ဌိတွာ=သံသရာ၌ ငြီးငွေ့ သောကြောင့်၊ ပဗ္ဗဇိတွာ=ရဟန်းပြု၍၊ အရဟတ္တံ=ရဟန္တာအဖြစ် အရဟတ္တဖိုလ်သို့၊ ပတ္တာ=ရောက်ခဲ့ပါပြီ။

## PAGE 583
<!-- 8 paragraphs, raw extraction -->



"


“သဗ္ဗေပိ=အားလုံးသော အရှင်ကောင်း, အရှင်မတို့သည်လည်း၊
အပ္ပမာဒေန=မမေ့မလျော့ အမှတ်ရသည့် သတိတရားဖြင့်၊ သမ္မာ ဒေထ= သီလ,သမာဓိ, ပညာကို ပြီးစီးပြည့်စုံအောင် အားထုတ်ကြပါ ကုန်လော့။”

လို့ ပြောကြားလျက် ပရိသတ်လေးပါးကို သံဝေဂဖြစ်စေပြီးလျှင် ပရိနိဗ္ဗာန် ဝင်စံသွားပါသတဲ့။

ယခုပြောခဲ့တဲ့ သူကရပေါတိကာ-ဝက်မကလေး ဝတ္ထုကတော့ ဓမ္မပဒ အဋ္ဌကထာ (ဒု-နှာ-၃၃၂-၅)မှာ အပြည့်အစုံ ပြဆိုထားလျက် ရှိပါတယ်။

.

## PAGE 584
<!-- 11 paragraphs, raw extraction -->


"

အခန်း (၉)

ရှေးခေတ် သီဟိုဠ် မှတ်တမ်းလာ

ရဟန္တာ ပုဂ္ဂိုလ်ထူးများ

နေမဝင်သော ကမ္ဘာ

....

"

“ဣမေ စ သုဘဒ္ဒ…ဘိက္ခူ သမ္မာ ဝိဟရေယျ၊ အသုညော လောကေ အရဟန္တေဟိ အဿ = ချစ်သား သုဘဒ်…ရဟန်းတို့သည် သတိ ပဋ္ဌာန်တရား-မဂ္ဂင်ရှစ်ပါးကို ကိုယ်တိုင်လည်း ကျင့်ပွား, စာပါးသူတို့ကိုလည်း ဟောကြား ညွှန်ပြလျက် ကောင်းစွာနေသွားကြပါမူ ဤလောကကြီးသည် ရဟန္တာတို့မှ ဆိတ်သုဉ်းခြင်းမရှိ ( ဆိတ်သုဉ်းသောအခါဟူ၍မရှိ) ဖြစ်ပေ ရာ၏။”

(မဟာ ပရိနိဗ္ဗာနသုတ်)

i

## PAGE 585
<!-- 13 paragraphs, raw extraction -->




[ဤအခန်း ၉-၌ဖော်ပြထားသော ဝတ္ထုများမှာ အရှင်မဟာဗုဒ္ဓ ဃောသ ဣန္ဒိယမှ သီဟိုဠ်ကျွန်းသို့ မရောက်မီကပင် ရှိနှင့်သော၊ ရှေး သီဟိုဠ် မှတ်တမ်းများ၌ လာရှိသော ဝတ္ထုများဖြစ်ပါသည်။
ရဟန္တာအရှင်မြတ်ကြီးများ အဆက်ဆက် ဟောပြတော်မူခဲ့ကြ သော မှတ်တမ်းတင်ထားခဲ့ကြသော ဝတ္ထုများဖြစ်ပါသည်။ ကိုယ် တိုင် ဟော ထေရုပ္ပတ္တိများပင် ဖြစ်ပါတော့သည်။

အဋ္ဌကထာ ဆရာကြီးလည်း ယင်းမှတ်တမ်းများနှင့် ရဟ န္တာမထေရ် ကြီး အဆက်ဆက်တို့ မိန့်တော်မူချက်များမှ လျော်ရာ လျော်ရာ ထည့် သွင်း ရေးသားတော်မူခြင်း ဖြစ်ပါသည်။

မှတ်တမ်း များမှာ-

၁။ သဟဿ ဝတ္ထု (သီဟိုဠ်အက္ခရာနှင့် ရေးသူ အမည်မသိ၊
ဗုဒ္ဓဒတ္တ မဟာထေရ် တည်းဖြတ်၊ ၁၉၅၉-ခုနှစ်၊ အနုလာပုံနှိပ်တိုက်၊
မရန၊ သီရိလံကာ။)

၂။ မဓုရ ရှသဝါဟိနီ (ပါဠိ မဟာဝိဟာရ ဝါသီ အရှင်ရဋ္ဌ ပါလထေရ်၊ မြန်မာ-ပုဂံမြို့ အရှင်ဝဇိရပဘာသာ ထေရ်။ ၁၃၂၃- ခုနှစ်၊ ပဒေသာ ပိဋကပုံနှိပ်တိုက်၊ မန္တလေး။)

၃။ ရသဝါဟိနီ (ပါဠိ-မူလဋီကာ အရှင်အာနန္ဒာ၏ တပည့်။
မြန်မာ-ဦးအာစရ ညောင်လေးပင်၊၁ ၉၂ ၅- ခုနှစ်၊ ၄၇-၅ ၁-လမ်း၊
မြန်မာအမျိုး းသား စာပုံနှိပ်တိုက်၊ ရန်ကုန်။)

သဟဿဝတ္ထု၌ ဝတ္ထု ၉၅-ပုဒ်ပါ၍ ရသဝါဟိနီ၌ ဇမ္ဗူဒိပ် (ဣန္ဒိယ)ဝတ္ထု ၄၀၊ မဓုရ ရသဝါဟိနီ၌ သီဟိုဠ် ဝတ္ထု ၆၀-ပါ ဝင်သည်။ ၁-နှင့် ၂-၃ ဝတ္ထုများ အခြေခံအားဖြင့် အားလုံးတူ သည်ဟု ဆိုနိုင်သော်လည်း ၁-၌ ကျဉ်း၍ ၂-၃-၌ ကျယ်သည်။
ပါဠိမဟုတ်သော ဒေသသုံး ဝေါဟာရများလည်း ပါဝင်နေ၍ အသိ

ခက်၏။

နာမည်များမှာလည်း မြန်မာမူတို့၌ အပျက်များ၍ သီဟိုဠ်မူတို့၌ မူကွဲများလှသည်။ မဟာဝံသ၊ D. P. N, စသည်တို့နှင့် ညှိ၍ ရေး လိုက်ပါသည်။

ဤ၌ ဖော်ပြထားသော ဝတ္ထုများမှာ တိုက်ရိုက် ဘာသာ ပြန် ခြင်းမဟုတ် ချုံတန် ချုံ့၍ စကားအသွားအလာ ချောမြေ့ ပေါ် လွင်စေရန် အနည်းငယ် ဖြည့်တန် ဖြည့်၍ ဖော်ပြလိုက် ပါသည်။

## PAGE 586
<!-- 13 paragraphs, raw extraction -->




(အကြောင်း ညီညွတ်ပါလျှင် ယင်း “သီဟိုဠ်ဓမ္မဝတ္ထုများ”ကို တလုံး တစည်းတည်း မြန်မာမှုပြု၍ ထုတ်ဝေပါဦးမည်။)

အဋ္ဌကထာလာ ဝတ္ထုများနှင့် မရောထွေးစေရန် “ရှေးသီဟိုဠ် မှတ်တမ်းလာ ရဟန္တာပုဂ္ဂိုလ်ထူးများ”ကို အခန်း တခန်းအဖြစ် သီး သန့် နမူနာ သဘောမျှ တင်ပြရပါကြောင်း။

ဆွမ်းဒါနကြောင့် သာသနာပြု သာသနာ့အမွေခံရသော ဂေါဋ္ဌ ဣမ္မရ သူရဲကောင်းထေရ်

[သဟဿ ဝတ္တု-၄၄၊ မဓုရ ရသဝါဟိနီ-၂၅-ဝတ္ထု။]

ဒုဋ္ဌဂါမဏိမင်းနှင့် တိုင်းပြု ပြည်ပြု သာသနာပြုဘက်

ဂေါဋ္ဌဣမ္မရသည် ဒုဋ္ဌဂါမဏိမင်း၏ တိုင်းပြု ပြည်ပြု သာသနာပြုဘက် သူရဲကောင်း ဗိုလ်ချုပ်ကြီးတဦး ဖြစ်သကဲ့သို့ သီဟိုဠ်သာသနာဝင်၌ အာဇာနည် ပုဂ္ဂိုလ်ထူးတပါးလည်း ဖြစ်တော်မူ၏။

ကံတရားတို့သည် ဆန်းကြယ် လှပေကုန်၏။

ဒကာတဦးသည်- ကဿပဘုရားရှင် လက်ထက်တော်၌ ရဟန်းသံဃာများ အား စာရေးတံ နို ့ဆွမ်းလှူဒါန်းခဲ့သော ကောင်းမှုကြောင့် ကဿပ, ဂေါတမ ဘုရားနှစ်ဆူ နှစ်လက်ထက်နှင့် ကြားကာလတွင် လူ့ပြည်, နတ်ပြည်တို့၌ လူနတ် စည်းစိမ်များကို ခံစားခဲ့ရ၏။ ဂေါတမမြတ်စွာဘုရား´ ပရိနိဗ္ဗာန် ပြုပြီးနောက် သီဟိုဠ်ကျွန်း ရောဟဏ ဂရိနယ် နိဗ္ဗူလ ဝိဋ္ဌရွာ နာဂမည်သော သူကြွယ်ကြီး၏ သား ခုနစ်ယောက်တွင် အဘယမည်သော အထွေးဆုံးသား ဖြစ်၍လာသည်။
တနေ့သောအခါ အစ်ကိုခြောက်ဦးသည် လယ်ယာခုတ်ထွင်ရန်တောထဲသို့ သွားကြ၍ လယ်ယာခုတ်ထွင်ရှင်းလင်းကြ၏။ တနေရာ၌ ဣမ္မရခေါ်သော သစ် ပင်ကြီးများ (ပါဠိ သိမ့်လိ, သို့မဟုတ် အမ္မ လက်ပံ, သရက်ပင် ဖြစ်ဖွယ်ရှိ၏။
D. P. N. သီဟိုဠ်ကျမ်းများ၌လည်း အတိအကျ မလာရှိ) ထူထဲစွာပေါက်ရောက် နေသဖြင့် “ညီဖြစ်သူ ဂေါဋ္ဌ အတွက်´ဟု ချန်ပစ်ထားခဲ့ကြ၏။

အဘယ

သူငယ်သည် ပုက္ခသဖြင့် အကိုဖြစ်သူများက ဂေါဋ္ဌဟု ပြက်ရယ် ပြောင်လှောင်၍ ခေါ်ကြသည်။ ဂေါဋ္ဌသည် အစ်ကိုများ တောမှပြန်လာ၍ သူ့ အတွက် ရှင်းလင်းခုတ်ထွင်ရန် တနေရာစာ ချန်ထားခဲ့ကြောင်း ကြားသိရလျှင် ချက်ချင်းတောထဲသို့ ထွက်သွား၏။သစ်ပင်ကြီးများကို အလွယ်တကူပင် လက်ဖြင့်

## PAGE 587
<!-- 12 paragraphs, raw extraction -->


999


နုတ်၍ ပစ်ကာ မြေကို ညှိပြီး ပြန်လာခဲ့သည်။ အစ်ကိုများမှာ မယုံနိုင်၍ သွား ရောက် ကြည့်ရှုကြရာ အံ့သြ၍ ပြန်လာကြရ၏။

ထိုအချိန်မှစ၍ အဘယညီငယ်အား “ဂေါဋ္ဌဣမ္မရ´ ဟုခေါ်ကြလေသည်။
ဂေါဋ္ဌဣမရ လူလားမြောက်ချိန်၌ ဒုဋ္ဌဂါမဏိမင်းသားသည် ကျေးကုလား (ဒမိဠ=တမယ်)မင်းများကို တိုက်ထုတ်ရန် နိုင်ငံအတွင်းရှိ အားကောင်းမောင်း သန်သော သူရဲကောင်းများ မဟာဂါမနေပြည်တော်၌ စုဆောင်းနေချိန် ဖြစ်၍ ဂေါဋ္ဌဣမ္မရလည်း ဒုဋ္ဌဂါမဏိ မင်းသားထံ ခစားရန် ရွာမှထွက်ခွာသွား၏။
(ဌာမှ ထွက်အသွား အပေါင်းအဖော်များနှင့်အတူ ကပ္ပကန္တရ မြစ်အနီး ကန္ဒရ ကျောင်းသို့ဝင်၍ နားခိုစဉ် အုန်းပင်များကို လှုပ်ခါချွေချပြီး တတောင်ဖြင့် ခွဲစား ၍ ထေရပုတ္တာဘယခေါ် ကိုရင်အဘယနှင့်တွေ့ပုံ အခန်း၁-၌ ရေးခဲ့ပြီ။)

ဒုဋ္ဌဂါမဏိမင်းကြီးလည်း ဂေါဣမ္မရအား အကျိုးအကြောင်း မေးမြန်း စိစစ်ပြီး နှစ်ခြိုက်တော်မူသဖြင့် နေ့စဉ် အသပြာတထောင်ဆုချကာ ခစားစေ၏။
၃၂-ဦးသော ကျေးကုလားများနှင့် စစ်တိုက်ကြရသောအခါ ဂေါဋ္ဌဣမ္မရ လည်း အခြားသူရဲကောင်းကြီးတို့နှင့်အတူ နောက်လိုက်ငယ်သားများ ခြံရံလျက် စစ်ထွက်ရလေ၏။

မဟာဂေ

ဂါဌပိတ္ထနအရပ် (ရသ၌ မဟာတိတ္ထဆိပ်) ၌ တကျိပ်ခုနစ်ယောက် သော ကျေးမင်းတို့နှင့် စစ်တိုက်ရရာ ကျေးစစ်သည် တထောင်ကို သတ်ဖြတ်၍ ကျေးမင်းတကျိပ်ခုနစ်ယောက်တို့၏ ခေါင်းကိုဖြတ်ပြီး ဒုဋ္ဌဂါမဏိ မင်းကြီးအား ဆက်သနိုင်လေသည်။ (သဟဿဝတ္ထု၌ မဟာဆတ္တအိုင် မဟာဆတ္တ ကျေးမင်း ဦးခေါင်းဟု ဆို၏။)

အလားတူနေရာများစွာ၌ စစ်တိုက်ရလေရာ နောက်ဆုံး ဝိဇိတမြို့၌ ကျေး မင်းများ မြို့ကိုအခိုင်အမာတပ်စွဲ၍ ခုခံစဉ် ဂေါဋ္ဌဣမ္မ၏တပ်သည် မြို့တံခါးကို ဖျက်၍ မြို့ကိုစီးမိလေ၏။ ကျေးမင်းနှင့် စစ်သားများကိုလည်း အုန်းပင်များကို လက်ဖြင့်နုတ်၍နုတ်၍ ရိုက်ပုတ်သတ်ဖြတ်ကာ ဝိဇိတမြို့ကို အပြီးအပိုင် သိမ်းပိုက် နိုင်လေသည်။

ဘီလူးရိုင်းနှင့်သတ်သော အမတ်ကြီး

.

ကျေးကုလားများရှန်ငြိမ်း၍ ဒုဋ္ဌဂါမဏိမင်းကြီး အနုရာဓမြို့၌ နန်းတက် သောအခါ ဂေါဋ္ဌဣမ္မရကိုလည်း အမတ်ကြီးအရာထား၍ လမ်းမကြီးအနီး အိမ်တအိမ်၌ အခြံအရံနှင့် စည်းစိမ်များကို ပေးသနားတော်မူသည်။ အမတ်ကြီး သည် မိမိ၏ ခြွေရံသင်းပင်းများနှင့်အတူ နေအိမ်မှ တယူဇနာ ဝေးကွာသော တိဿဝါပိရေကန်သို့ နေ့စဉ် ရေကစားသွားလေ့ ရှိ၏။

## PAGE 588
<!-- 9 paragraphs, raw extraction -->




တနေ့သောအခါ ရေကန်မှအပြန် တိဿဝါပိကန်အနီး ဣဿရသမဏ ခေါ်သော ကျောင်းဝ၌ ပိတ်ဆို ့နေသော ဝါးရုံချုံကြီးကို ခုတ်ရှင်းပစ်ရန် ဘုန်းတော်ကြီးနှင့် တူးရွင်းပုဆိန်လက်နက်များ ကိုင်ဆောင်ထားသော လူအများ ကို တွေ့မြင်ရလေ၏။ ဘုန်းတော်ကြီးအား အကျိုးအကြောင်းကို အမတ်ကြီးက လျှောက်လျှင် ဝါးရုံချုံရှင်းရန် စီမံနေကြောင်းမိန့်သဖြင့် သားရေလွန်ကြိုးတခု ရှာပေးရန် လျှောက်ထားလေ၏။

အမတ်ကြီးသည် သားရေလွန်ရလျှင် ၀ါးရုံချုံ အမြစ်ဆုံ၌ ချည်၍ဆွဲလိုက် ရာ တမြုံလုံး ကျွတ်ထွက်လာသည်။ အမတ်ကြီးသည် ဝါးရုံချုံကြီးကို ခေါင်း ပေါ်၌ လှည့်ပတ်ဝှေ့ယမ်းပြီး လမ်းနှင့်လွတ်ရာသို့ လွှင့်ပစ်ချလိုက်သည်။
ဝါးရုံချုံကြီးမှာ လှည်းအစီးခြောက်ဆယ်တိုက်ခန့် ရှိလေသတတ်။
အမတ်ကြီးသည် နောက်ကာလတွင် အနုရာဓမြို့တွင်း၌ ဘုံသုံးဆင့်ရှိ ပြာသာဒ်ကြီးကို ဆောက်လုပ်စေ၍ ကြီးကျယ်သော စည်းစိမ်ဖြင့် စံနေလေ၏။
တနေ့သောအခါ ပြာသာဒ်ကြီး၏ တခုသော လွင်ပြင်ခန်းမကျယ်ကြီးအတွင်း အဝတ်အထည်အမျိုးမျိုးမိုးကာလျက် ပန်းအမျိုးမျိုး၊ အနံ့အကြိုင် အမျိုးမျိုး တို့ဖြင့် နတ်ဗိမာန်ကဲ့သို့ တန်ဆာဆင်စေ၏။

မိမိနှင့်အမတ်ကတော်ကြီးတို့လည်း နတ်ဝတ်တန်ဆာဒ္ဒာဒရာများအဆောင် အယောင်များဝတ်စားဆင်ယင်ပြီးလျှင် ရတနာပလ္လင်နှစ်ခုတွင် ယှဉ်၍ထိုင်လျက် အရံအရွေတော်များကိုလည်း နတ်သမီးကညာတို့ကဲ့သို့ ဝတ်စားဆင်ယင်၍ ခစား စေ၏။ အတီးအမှုတ်အကအခုန်တို့ဖြင့် ဖြေဖျော်ကြရလေသည်။

ထိုသို့ နတ်စည်းစိမ်ကို ခစားလျက် ခမ်းနားကြီးကျယ်စွာ ငါးအမဲ စား ဖွယ်များနှင့်တကွ သေရည်သောက်ပွဲကြီး ကျင်းပလေသည်။

ထိုအခါ အရိဋ္ဌတောင်၌ နေသော ဇယသေန ခေါ် ဘီလူးကြီးသည် အပေါင်းအဖော်များနှင့်အတူ တမ္ဗပဏ္ဏိသုသာန်သို့ကောင်းကင်ခရီးဖြင့်လာလေရာ အမတ်ကြီး ပြာသာဒ်ထက်သို့ ရောက်လျှင် မွှေးကြိုင်သောအနံ့များနှင့် တီးမှုတ်သံ များကြောင့် မကြုံစဖူး အထူး အဆန်း ဖြစ်ကာ ရပ်၍ အကဲခတ် နေလေ၏။
ဂေါဋ္ဌဣမရအမတ်ကြီးသည် အရံအရွေ့ အဖြေအဖျော်များနှင့်အတူတကွခမ်းနား ကြီးကျယ်စွာ သေရည်သောက်ပွဲကြီး ကျင်းပနေသည်ကို တွေ့ရသဖြင့် ဘီလူး အဖော်များနှင့်အတူ ကောင်းကင်မှသက်ဆင်းကာ မဏ္ဍပ်တွင်းသို့ ဝင်၍ ကြည့်ရှု လေသည်။

ဇယသေန ဘီလူးသည် နတ်ဝတ်တန်ဆာဌာဒရာတို့ဖြင့် လွန်စွာ လှပ သော အမတ်ကြီးကတော်ကို မြင်တွေ့ရလျှင်ပင် တပ်မက်သောစိတ်ရှိလာ၍ သေ ရည်မူးနေသော အမတ်ကတော်ကြီးကိုယ်၌ ပူးဝင်လေ၏။ အမတ်ကတော်လည်း သီဆိုတီးမှုတ်၍ ကခုန် ဖြေဖျော်နေကြသည်ကို (ရှူစားယင်း ရုတ်တရက် ပလ္လင်

## PAGE 589
<!-- 12 paragraphs, raw extraction -->


၅ ၄ ၆


ဖေါ်မှ လိမ့်ကျသွားသည်။ . ခံတွင်းမှ အမြှုပ်တစီစီ ထွက်ကာ မျက်လုံးကြီးများ ပြူးလျက် ထွန့်ထွန့်လူး လူးလှိမ့်နေသည်နှင့် ချက်ချင်းပင် အတီးအမှုတ်များ ရပ် ဆိုင်းသွားကာ ပရိသတ်များအားလုံး အံ့အားသင့်ကုန်ကြလေတော့သည်။

အမတ်ကြီးလည်း တဘက်သော ပလ္လင်ထက်၌ ယစ်မူးလျက် ပွဲသဘင် ရှုစားနေရာမှ ရုတ်တရက် အံ့အားသင့်ကာ လဲကျသွားသော ဇနီး၏ အနီးသို့ ပြေးဆင်းလာ၏။ အမတ်ကတော်ကြီးမှာသတိမရပဲ မျက်လုံးကြီးများပြုံးကြောင်၍ ကြည့်နေသဖြင့် “ဒါ ဘီလူး, ဖမ်းစားတာပဲ”ဟု ဆင်ခြင်မိသော အမတ်ကြီးသည် မေးမထူး, ခေါ်မကြားသော ဇနီးကို ကြည့်ယင်းက ဒေါသ ထွက်လာလေ၏။
ထိုနေရာ၌ပင် လက်သီးလက်ရုံးတန်းကာ’

IL

“သယ်...ဘီလူးယုတ် …၊ သင်ဟာ ငါ့ဇနီးကို ပုန်းလျှိုးကွယ်လျှိုး နှိပ်စက် ရသလား။ သတ္တိရှိလျှင် ကိုယ်ထင်ရှားထွက်ခဲ့စမ်း။ ခြေထောက်နဲ့ကန်လို့ အပိုင်း ပိုင်းပြတ်ပြီး ပြာဖြစ်သွားမယ်။ ယောကျ်ားတို့ သတ္တိကို ပြစမ်းပါ။ မင်းနဲ့ ငါ နပန်းသတ်ကြရအောင်” စသည်ဖြင့် ကြိမ်းဝါး ပြောဆိုလေလျှင် ဘီလူးလည်း အမျက် ဒေါသထွက်ကာ ကြီးမားသောကိုယ်ဖြင့် ထင်ရှားပြလေ၏။ အစွယ် နှစ်ချောင်းလည်း ငေါငေါထွက်ကာ မျက်လုံးနှစ်ဘက်မှာလည်း မီးလျှံများ ထွက်လျက် ကြောက်မက်ဖွယ် မြင်ကြရလေသည်။

အမတ်ကြီးမှာကား ကြောက်ရွံ့ခြင်းမရှိ၊ ဘီလူးကြီးနှင့် အပြန် အလှန် စကားနိုင် ကြိမ်းဝါးပြောဆိုကာ လက်ဝှေ့လက်ပမ်းသတ်ရန် စိန်ခေါ်လေ၏။
ထိုအခါ ဗယသေနဘီလူးကြီးက’

"

“ဟေ့…ငက္ခ၊ ယခု ငါ လက်ဝှေ့ မသတ်နိုင်သေးဘူး။ နောင် ခုနစ်ရက် ကြာယင် သုသာန်ကိုလိုက်ခဲ့။ အဲဒီအခါကျမှ ငါ့အစွမ်းကို ငါ့ အပေါင်းအဖော် မြင်စေချင်သေးတယ်”ဟု ဆို၍ အမတ်ကြီးကလည်း ပြန်လည် ကြိမ်းဝါးကာ ထွက်သွားရန် ပြောဆိုသဖြင့် ဘီလူးလည်း ထွက်ခွာသွားလေ၏။

ခုနစ်ရက်မြောက်သောနေ့တွင် တမ္ဗပဏ္ဏိသုသာန်၌ ဘီလူးများ စည်းဝေး နေကြစဉ် အမတ်ကြီးလည်း နံနက်စောစော အိမ်မှတယောက်တည်း ထွက်လာခဲ့ သည်။ နေအိမ်မှထွက်၍ လမ်းသို့ရောက်လျှင် နတ်များက မသွားရန် တားဆီး ကြ၏။ ရန်သူမှန်သမျှကို နိုင်သောကြောင့် ဇယသေန ခေါ် ကြောင်း. စသည်ဖြင့် ဖျောင်းဖျ ပြောဆိုကြသော်လည်းက

“ဒီအကောင်ဟာ သူ့ထက် အားကောင်းတဲ့လူကို မတွေ့ဖူးသေးလို့ပါ၊
ကိစ္စမရှိပါဘူး၊ ငါ့အကြောင်းသိစေ့မယ်”ဟု ပြန်လည်ပြောဆိုလေ၏။ သုသာန်သို့ ရောက်သည့်တိုင်အောင် နတ်များတားဆီးကြသည်ကို· မနာယူပဲ သုသာန်ထဲသို့ ဝင်သွား၏။ ဘီလူးကြီးမှာ ဘီလူးများနှင့် စည်းဝေးနေကာ “ဒီလူမလာတော့ ဘူးနဲ့ တူပါရဲ့”ဟု ပြောဆိုနေစဉ် အမတ်ကြီးက—

## PAGE 590
<!-- 13 paragraphs, raw extraction -->




“ဂေါဋ္ဌဣမ္မရ သူရဲကောင်းဆိုတာ ငါပဲက္ခ၊ ဒီမှာရောက်နေပြီ”ဟု ကြွေး ကြော်လိုက်သည်။ ဘီလူးကြီးလည်း ကြိမ်းဝါး ဟိန်းဟောက် လက်ပမ်းပေါက် ခတ်ကာ ခံတွင်းမှ မီးလျှံများထုတ်လွှတ်လျက် အမတ်ကြီးထံပြေးလာ၏။ အမတ် ကြီးလည်း ဘီလူးကြီး မိမိအနီးသို့ရပ်လာသည်နှင့် တပြိုင်နက် အပေါ်သို့ ခုန်ပျံ တက်ပြီး ဘီလူးကြီး၏မေးရိုးကို မိမိ၏ ဗယ်ဘက်ခြေဖျားဖြင့် ခပ်ဆတ်ဆတ် ခတ် လိုက်ရာ ဘီလူးကြီး၏ဦးခေါင်းပြတ်ထွက်သွား၏။ တကောသလောက်ဝေးသော အရပ်သို့ လွှင့်စဉ်ကျသွားလေတော့သည်။

ဘီလူးပရိသတ်ကြီးမှာ အုတ်အော်သောင်းနင်း ဖြစ်သွား၏။ ဘီလူးများ နှင့်တကွ တောစောင့်နတ်များအားလုံးက

...

“သာဓု-သာဓု ဂေါဋ္ဌဣမ္မရ…. ကဿပဘုရား လက်ထက် တော်တုန်းက သင်လှခဲ့တဲ့ နို ့ဃနာဆွမ်းကျေးဇူးပေပဲ”ဟု တခဲနက် ချီးကျူး ဩဘာပေးကြ လေ၏။ အမတ်ကြီးလည်း အိမ်သို့ပြန်လာကာ ခုနစ်ရက်တိုင်တိုင် ယခင် ပွဲလမ်း ဘဘင်ထက် ကြီးကျယ်သော အောင်သေသောက်ပွဲကြီး ကျင်းပလေ၏။

မင်းကြီး အတွေ့မခံ၍

အတီးအမှုတ် အကအခုန် အောင်လံ တံခွန်များ လွှင့်ထူကာ ဝတ်စား တန်ဆာ ဂွာဒရာအမျိုးမျိုးဆင်ယင်၍ ပရိသတ်များနှင့်အတူ ဒုဋ္ဌဂါမဏိမင်းကြီးထံ အခစားဝင်မည်ဟု သွားကြရာ . အောင်စည် အောင်မောင်းသံများကို ကြား၍ မင်းကြီးက မေးလေလျှင် အနီးရှိ အမတ်ကြီးများက ဂေါဋ္ဌဣမ္မရ ဘီလူးရန် အောင်ပွဲရ၍ မင်းကြီးထံ ဖူးမြော်ရန်လာကြောင်း သံတော်ဦးတင်ကြရသည်။
ဒုဋ္ဌဂါမဏိမင်းကြီးက အမတ်ကြီးများအား’

“ဒီ ယစ်ထုတ် ငမူးကြီး ငါကိုယ်တော်မြတ်ထံ အဖူးအမြော် ဝင်ခွင့်မပေး ကြလင့်”ဟု မိန့်တော်မူသဖြင့် အမတ်ကြီးများသည့် ခမ်းနားကြီးကျယ်စွာ အခ စား ဝင်လာသော ဂေါဋ္ဌဣမ္မရ အမတ်ကြီးအား နန်းတော်သို့မဝင်မီ ကြိုတင် သတင်းပို့ ကြရလေ၏။ ထိုအခါ ဂေါဋ္ဌဣမ္မရသည် စိတ်ခုသွားကာ…

"

“ဪ… ဒီလိုလား…၊ ကောင်းပါပြီ မိတ်ဆွေတို့၊ အမိန့်တော်မြတ် အတိုင်းပါ။ ဒီကနေ့ကစပြီး မင်းကြီးကို ကျွန်ုပ် မဖူးမြင်တော့ပါ။ မင်းကြီးလဲ ကျွန်ုပ်ကို ဒီနေ့ကစပြီး တွေ့မြင်ခွင့်မရှိတော့ပါဘူး။ ကဲ….ဒါဖြင့် ကျုပ်ပြန်မယ်’ ဟု ဆိုကာ ပရိသတ်များကို ခေါ်၍ နေအိမ်သို့ လှည့်ပြန်သွားလေတော့၏။
အိမ်သို့ရောက်လျှင်ပင် အမတ်ကြီးကတော်နှင့် သားသမီး အခြွေအရံများ စီမံခန့်ခွဲမှာကြား၍ ချက်ချင်း အိမ်မှထွက်ခွာသွားလေ၏။ ၁၂-ယူဇနာဝေး သော နာဂဒီပကျွန်းသို့ နေ့ချင်းပေါက် ခြေကျင်သွားရောက်လေ၏။ တဖန် နာဂ

အား

## PAGE 591
<!-- 12 paragraphs, raw extraction -->

'




ဒီပ ကျွန်းမှ ၂၄-ယူဇနာ အပြောကျယ်သော ဂေါဋ္ဌ (ဣန္ဒိယ) သမုဒ္ဒရာကြီးကို လက်ပစ်ကူးကာ ကာဝီရ သင်္ဘောဆိပ်သို့ ရောက်သွားသည်။

အသက်စွန့်၍ အရိယာ ဖူးမြင်လိုသူ

ကာဝီရပဇ္ဇုနဣန္ဒိယဆိပ်ကမ်းသို့ရောက်လျှင် ထိုအရပ်ဒေသရှိလူများအား’ “မိတ်ဆွေတို့၊ ဂုဏ်ကျေးဇူးအထူးကြီးတော်မူကြသော ဘုရားရှင်ရဲ့တပည့် သား သံဃာတော် အရှင်မြတ်များ ဘယ်အရပ်မှာ သီတင်းသုံးတော်မူကြ ပါသလဲ။ နေရာသိလျှင် တဆိတ် ပြောပြပေးကြပါ”ဟု ခရီး ရောက်မဆိုက် မေးမြန်းရာ လူအများက’

“မိတ်ဆွေ...၊ ဒီအနားမှာ သံဃာတော်များ သီတင်းသုံးတဲ့ကျောင်းရယ် လို့တော့ မရှိပါဘူး။ ဒါပေမယ့် ဟောဟိုနားက ရွာမှာတော့ ဟိမဝန္တာမှာ ၁၂-ယူဇနာရှိတဲ့ လိုဏ်ဂူထဲ သီတင်းသုံးတော်မူကြတဲ့ သံဃာတော်အရှင်မြတ်များ ကောင်းကင်ကအမြဲသက်ဆင်းကြွလာပြီး ဆွမ်းခံတော်မူကြတယ်။ ဆွမ်းခံပြီးယင် အဲဒီနေရာကပဲ ကောင်းကင်ပြန်တက်ပြီး ဟိမဝန္တာကို ပြန်ကြွကြတာပဲ”ဟု ပြောဆို ကြကုန်၏။

ပါဋ္ဌဣမ္မရလည်း သတင်းကြားရသည်နှင့် ဝမ်းသာအားရ“ကောင်းပါ့ ပြီ”ဟုဆိုကာ ဟိမဝန္တာသို့ ရှေးရှု၍ ဆက်လက် ခရီးထွက်လေသည်။

ဟိမဝန္တာမှ ရဟန္တာအရှင်မြတ်များ အမြဲ ဆွမ်းခံကြွသည်ဆိုသော ရွာသို့ ရောက်သောအခါ ရွာသူရွာသားများအား အကြောင်းစုံ မေးမြန်းစုံစမ်းပြန်၏။
လမ်းခရီးစဉ်များကိုလည်း သေချာစွာမှတ်သားပြီးနောက် ခရီးတထောက်ဆက် ပြန်သည်။ လမ်းခရီးစဉ်တလျှောက်၌ တွေ့မြင်ရသူများကိုလည်း ဆင့်ကာဆင့်ကာ မေးမြန်း၍သွားလေရာ ဟိမဝန္တာတောင်စသို့ ရောက်ရှိသွား၏။

ဦးစွာ တောင်တခုကိုတွေ့ရာ တောင်ပေါ်သို့တက်သွား၏။ ထိုတောင်မှ ဆင်းကာ အခြားတောင်ကြီးတခု၌ မွေ့လျော်ဖွယ်ကောင်းသော ရဟန္တာအရှင် မြတ်များသီတင်းသုံးရာ လိုဏ်ဂူကျောင်းတော်ကြီးကို လှမ်း၍ မြင်နေရ၏။စိတ်ထဲ တွင်လည်း အလွန်ကြည်နူးလျက်ရှိသည်။သို့ရာတွင် ထိုကျောင်းတော်ကြီးသို့သွား ရန်မှာ နက်စောက်သော ချောက်ကမ်းပါးကြီး ဆီးတားနေသဖြင့် လူသာမန်တို့ သွားရောက်နိုင်သော ဌာနမဟုတ်ကြောင်း တွေ့ရှိရလေ၏။

ဂေါဋ္ဌဣမရသည် ချောက်ကမ်းပါးထိပ်၌ ရပ်တန့်ငေးမောပြီး လိုဏ်ဂူတော် ကြီးဆီသို့ မျှော်၍ကြည့်ရှုနေမိ၏။ရောက်စတွင် ဝမ်းသာရသော်လည်း သွားနိုင် သောအခွင့်မရှိတော့သဖြင့် လက်မှိုင်ချ၍ နေရလေသည်။အတန်ကြာစဉ်းစားပြီး ဆုံးဖြတ်ချက်တခု ချလိုက်၏။

## PAGE 592
<!-- 15 paragraphs, raw extraction -->




“ငါသည် အရိယာသံဃာတော်အရှင်မြတ်များကို ဖူးတွေ့ရအောင် ကြိုးစား လာခဲ့ရသော်လဲ လာရကျို.ပနပ်ပြီ။ သံဃာတော်အရှင်မြတ်တို့ကို မဖူးတွေ့ရလျှင် သေတာကမှ ကောင်းပါသေးတယ်။ မဖြစ် ဖြစ်တဲ့နည်းနဲ့. ငါသွားမယ်၊ သေလဲ သေပါစေတော့။”

ဂေါဋ္ဌဣမ္မရသည် နက်ရှိုင်း မတ်စောက်လှသော ကမ်းပါးချောက်ကြီးကို အသက်စွန့်ကာ ကြံမိကြံရာ စမ်းရှမ်း၍ ဆင်းလေ၏။လက်နှစ်ဘက် ခြေနှစ်ဘက် ဖြင့် ဆွဲမိဆွဲရာ ထောက်မိထောက်ရာ ဆွဲ၍ ထောက်၍ တွားပြီးဆင်းကြည့်သည်။
အောက်သို့ ငုံ ့ကြည့်သောအခါ မည်သည့်နေရာ၌ မြေပြန့်ရှိကြောင်း မမြင်ရချေ။
အဆုံးမရှိသော ကောင်းကင်ကဲ့သို့ ရှိလေ၏။

ဂေါဋ္ဌဣဋ္ဌရသည် စမ်း၍ဆင်းယင်းနှင့်ဆင်း၍မှမကြာမီ အဆုံးမမြင်ရသော ချောက်ကြီးထဲသို့ ခြေလွတ်လက်လွတ် ပက်လက်လန်၍ ကျသွားလေ၏။ ရဟန္တာ အရှင်မြတ်ကြီးတပါးသည် ထိုအဖြစ်ကိုမြင်တော်မူလိုက်သဖြင့် တန်ခိုးဖြင့် လက် ဆန့်တန်းကာ လှမ်း၍ဆွဲယူတော်မူလိုက်သည်။ မိမိကျောင်းသင်္ခမ်းသို့ ရောက်လာ သော ဂေါဋ္ဌမ္မရအား အကြောင်းစုံ မေးမြန်းသိရှိရလျှင် ရဟန်းပြုပေးကာ ၀ိပဿနာတရားကို ဟောကြားညွှန်ပြတော်မူ၏။

ဂေါဋ္ဌဣမရမထေရ်လည်း မကြာမြင့်မီ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ် တော်မူလျှင် မိမိဘဝကို ဆင်ခြင်သိမြင်တော်မူသဖြင့်

ရဲစွမ်းသတ္တိ ခွန်အားဗလနှင့်ပြည့်စုံ၍ ဘီလူးရိုင်းကြီးရန်ကိုပင် အောင်နိုင်

ခဲ့သော ငါသည် ယခုမှပင် ကိလေသာရန်ကို အောင်ပွဲခံရပေ၏။

"

“ကဿ ပ ဘုရားသာသနာ၌ သံဃာတော်အရှင်တို့အား ပေးလှူခဲ့ရသော နို ့ဃနာစာရေးတံ ဆွမ်းဒါနကြောင့် နောက်ဆုံးကာလတွင် ရှေးရှေး သူတော် ကောင်းများပမာ ငါလည်း အမြိုက်နိဗ္ဗာန်ကိုရရှိခံစားရပေပြီ”ဟု ဥဒါန်းကျူး ရင့်တော်မူလေသတည်း။

ဦးရီးဆရာနှင့်မိဘ ကို တရားပြသော

မိဂပေါတက သာမဏေ

[၁-မိဂပေါတက ဝတ္ထု၊ မဓုရ ရသဝါဟိနီ။]

အဘယမထေရ် သီတင်းသုံးသော ဥဒ္ဒလောဠကကျောင်းသည် တောအုပ် ကြီးနှင့်ဆက်စပ်နေသဖြင့် အေးချမ်းသာယာ ဆိတ်ငြိမ်လှစွာ၏။ ဥယျာဉ်ပန်းမန် ရကန် တံတား ဘုရားစေတီ တို့ဖြင့်လည်း စိတ်ကြည်နူးဖွယ် တင့်တယ်ပေသည်။

## PAGE 593
<!-- 10 paragraphs, raw extraction -->


၅၅ ဝ


အဘယမထေရ်ကြီးသည် နံနက်မိုးသောက် အရုဏ်တက်ချိန်သို့ရောက်တိုင်း ကျောင်းသင်္ခမ်းတောအုပ်ပတ်ဝန်းကျင်ရှိ ကျောင်းစောင့်နတ်, တောစောင့်နတ်, များအား တရားနာလှည့်ရန် ကြွေးကြော်တော်မူလေ့ရှိ၏။ နေအရုဏ်တက်သည် နှင့်မထေရ်၏ တရားရွတ်ဖတ်သရဇ္ဈာယ်သံမှာဆိတ်ငြိမ်သောအကာလတွင် သာယာ နာပျော်ဖွယ်ကောင်းလှပေသည်။ တရားသံကိုကြားလျှင် တောတိရစ္ဆာန်များပင် ရပ်တန့်၍ နာကြားလေ့ရှိကြ၏။

ထိုသဘောကိုသိထားသော မုဆိုးတယောက်သည် တနေ့သော အာရုဏ် တက်တွင် မထေရ်၏တရားသံကြောင့် လည်ကိုဆန့်လျက် လက်ျာခြေကို မြေသို့ မချပဲ နားနှစ်ဘက်လုံး စွင့်စွင့်ကား၍ တရားသံကို နားစိုက် ထောင်နေသော သမင်ငယ်တကောင်အား လေးမြားဖြင့် ရက်စက်စွာ ပစ်သတ်လိုက်၏။ အဖော် သားကောင်များလည်း လန့်ဖျပ်ထွက်ပြေးကြလေ၏။ အဘယမထေရ်၏ တရား သံကား အရှိန်မပျက် စည်ညီလျက်ပင်ရှိနေသည်။ သမင်ငယ်လည်း မြားဒဏ်ရာ ကြောင့် လဲကျသွားသော်လည်း မထေရ်၏တရားသံ၌သာ နားစိုက်ကြည်ညိုယင်း သေရရှာလေ၏။

အဘယမထေရ်သည် နေ့စဉ် နှမတော်အိမ်သို့ ဆွမ်းခံကြွရောက်တော် မူလေ့ရှိရာ နှမတော်မှမွေးဖွားသော သားငယ်ကလေးမှာ မထေရ်၏အသံကို ကြား ရလျှင် အငိုပင် တိတ်သွား၏။ အရွယ်နှင့်မလိုက်အောင် ဦးရီးတော်မထေရ်အား လွန်စွာ စိတ်ပါဝင်စားသော အမူအရာကို ပြလေ့ရှိရာ စကားပီ နားလည်သော အရွယ်မှစ၍ မယ်တော်ထက် ဦးရီးတော်ကို ပို၍ ခင်မင်နေ၏။ ဦးရီးတော်အပါး က မခွာချေ။ ဦးရီးတော်၏ တရားသံကြောင့် လူဖြစ်လာရသော သူငယ်ပေ တည်း။

"

ဦးရီးတော်ကလည်း “ဟဲ…..သမင်ကလေး”ဟု ခေါ်လေ့ရှိ၏။ ခုနစ်နှစ် အရွယ်ရှိလျှင်ပင် ရှင်သာမဏေဝတ်၍ ပေးလိုက်သည်။ ရှင်ပြုရန် ဆံချပြီးသည် နှင့်တပြိုင်နက် ပဋိသမ္ဘ ိဒါလေးတန် အဘိညာဉ် ခြောက်ပါးနှင့်တကွ ရဟန္တာ ဖြစ်တော်မူ၏။ ဦးရီးတော်မထေရ်ကြီးကား လောကီအဘိညာဉ်မျှသာ ရရှိတော် မူသေး၏။ သို့ရာတွင် ရဟန်းကိစ္စပြီးပြီဟု ထဒ်မှတ်နေလေသည်။

လ,ကို ကိုင်သောလက်

တူသာမဏေငယ်သည် တခုသော နံနက်စောစော ဦးရီးတော်မထေရ် အနီးသို့ ဝတ်ကြီးဝတ်ငယ်ပြုရန်သွားစဉ် ဦးရီးတော်သည် လက်ကို ရှည်လျား သွယ်ပျောင်းအောင် ဖန်ဆင်း၍ ကောင်းကင်ရှိ လမင်းကြီးကို ကိုင်တွယ်သုံးသပ် နေသည်ကို တွေ့ရ၏။ထိုအခါ သာမဏေငယ်က-

## PAGE 594
<!-- 14 paragraphs, raw extraction -->


(0


၅ ၅ ၁

ဦးရီးတော်ဘုရား...ဒီတရားမျိုးကို မြဲမြံ ခိုင်ခံ့အောင် စောင့်ရှောက် တော်မူနိုင်ယင် ကောင်းမှာပဲ ဘုရား”ဟု လျှောက်ထားလေ၏။ မထေရ်လည်း တူတော်၏စကားကို မကြားယောင်ပြုနေ၏။တူရဟန္တာဖြစ်သွားပြီကိုလည်း မသိ သဖြင့် ကလေးဘာဝ အားကျပြီး ပြောနေခြင်းမျှသာဟု ထင်မိလေသည်။စကား ပြန်ဖို့ မဆိုထားဘိ တူတော်ကို လှည့်၍မျှ မကြည့်ချေ ။

တူတော်လည်း ဦးရီးတော်အား သံဝေဂဖြစ်အောင်ကြံဆောင်၍ ကောင်း ကင်၌ လ,အစင်းပေါင်း တထောင်မက ချက်ချင်း ဖန်ဆင်းလိုက်၏။ မထေရ်လည်း ရုတ်တရက် အံ့အားသင့်ကာ တူတော် သာမဏေငယ်အား လှည့်၍ကြည့်နေစဉ်- “ဦးရီးတော်ဘုရား…၊ လမင်းပေါင်း တရာ,တထောင်,တသောင်း ကိုင် ဆောင်ဖို့ကား ဘာမျှမခက်ပါ။ရဟန်းမြတ်မည်သည်မှာ တခုထဲသာရှိတဲ့ တဏှာ ကို ပယ်သတ်နိုင်ဖို့က ပိုပြီး အရေးကြီးလှပါတယ် အရှင်ဘုရား ။

“ထိုမှတပါး သမုဒ္ဒရာကမ်း တခုမှာ ရပ်တည်၍ ကြည့်မြင်ရရုံမျှဖြင့် “ငါ သမုဒ္ဒရာကြီးကို မြင်ရတယ်” ပြောဆိုသူကဲ့သို့ ဈာန်,သမာပတ်ကြောင့် ကိလေသာ တခဏ ကင်းကွာ ငြိမ်းစဲနေရုံမျှဖြင့် ကိလေသာ ကုန်ပြီဟု အထင်အမှတ် လွဲမှား နေပါက ဒကာတို့လှူသော ပစ္စည်းလေးပါးကို သုံးဆောင်နေရတာဟာ သန်လျက် ကို မျိုနေရသကဲ့သို့ ဖြစ်တတ်ပါတယ် ဘုရား။ လောကီတန်ခိုးဟာ အခိုင်အမာ အားကိုးလောက်တဲ့ တရားမဟုတ်သေးပါ။”

"

ခုနစ်နှစ်သား၏ တရားနှင့် တန်ခိုး

အဘယမထေရ်ကြီးသည် တူတော်သာမဏေငယ်၏စကားကို ကြားရလျှင် ပြင်းစွာသံဝေဂ ဖြစ်တော်မူလေ၏။ ထိုနေရာ၌ပင် လက္ခဏာရေး သုံးပါး ထင် အောင် ရုပ်နာမ်နှစ်ပါးကို ဆင်ခြင်တော်မူရာ ရဟန္တာဖြစ်တော်မူသွားသည်။

တနေ့သောအခါ သာမဏေ၏မယ်တော် အဘယမထေရ်၏ နှမတော်သည် မောင်နှင့်တူအား နောက်ရက်၌ ဆွမ်းကပ်ရန် စီစဉ်၍ ကျောင်းသို့လာရာ မောင်

တော်က-

“နှမတော်….နက်ဖြန် သင့်အိမ်မှာ ငါတို့ တူအရီးနှစ်ပါးသာ မဟုတ်။
ရဟန္တာအများ ဆွမ်းအလှူခံ ကြွလာလိမ့်မယ်။ သို့သော်လဲ ငါတို့ တူအရီးနှစ်ပါး စာသာ ပြုလုပ်ထားလေ”ဟု မိန့်တော်မူလိုက်၏။

နောက်တနေ့တွင် ရဟန္တာ အရှင်မြတ်သုံးသောင်း ဆွမ်းအလှူခံ ကြွတော် မူလာကြရာ နေရာ ထိုင်ခင်းမှ အစ အလှူဒကာများ အခက်အခဲ တွေ့နေကြစဉ် တူအရီးနှစ်ပါး၏ တန်ခိုးတော်ကြောင့် အစစအရာရာ ပြည့်စုံသွား၍ ခမည်းတော်

## PAGE 595
<!-- 11 paragraphs, raw extraction -->




မယ်တော်တို့မှာ ဝမ်းသာမဆုံး ရှိကြရလေ၏။ ဆွမ်းကျွေးပြီးလျှင် မထေရ်ကြီး များက သာမဏေငယ်အား ဆွမ်းအနုမောဒနာ တရားဟောကြားစေရာ ခမည်း တော် မယ်တော်နှင့်တကွ ပရိသတ် ငါးရာတို့ သောတာပန် တည်ကြလေ၏။
(သဟဿဝတ္ထု၊ ဝတ္ထုနံပါတ် ၂-သီဟိုဠ်မူ၌ လမင်းနှင့်စပ်သော စကားများကို ဦးရီးတော်က ပြောဆိုကြောင်း ပါရှိရာ ဝတ္ထုသွားအရ စဉ်းစားကြရာ၏။)

တောရ ကျောင်းနေ မဟာ အဘယ ထေရ်

ဝေ

[၄-အာရညိက မ က မဟာ အဘယတ္ထေရဝတ္တု

မဟာဝါဠိကကျောင်းနေ မဟာအဘယထေရ်သည် ပိဋကသုံးပုံကိုဆောင်၍ ပရိယတ္တိကို အချိန်များစွာ သင်ကြား ပို ့ချ လေ့လာတော် မူသော မထေရ် ဖြစ်သည်။

တနေ့သောအခါ တောရဆောက်တည်ရန် မဟာဝါဠိက စာသင်တိုက် ကြီးမှ ထွက်ခွာ၍ ထိုကျောင်းနှင့် မဝေးလှသော တောအုပ်ကြီး တခု အတွင်း၌ သီတင်းသုံးတော်မူသည်။ ထိုအခါမှစ၍ “အာရညိက မဟာအဘယထေရ်” ဟု ခေါ်တွင်ကြသည်။ ဒကာတဦးသည် မထေရ်၏ အကျင့်သီလ ‘တရားဓမ္မများကို လေးစားကြည်ညို၍ တဆယ့်နှစ်နှစ်ပတ်လုံး ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်း နေ၏။

သင်္ကန်းဒကာနှင့် သူခိုး

အခါတပါး မထေရ်၌ သင်္ကန်းများ ဟောင်းနွမ်း နေသဖြင့် ပစ္စည်း လေးပါး ဒကာသည် စိတ်ကြိုက် ချုပ်ဆိုး၍ သုံးစွဲနိုင်စေရန် သင်္ကန်းအတွက် ပိတ်ဖျင်နှင့်အပ်၊ အပ်ချည်များကို လှူဒါန်းလေ၏။ သို့ရာတွင် မထေရ်ကြီးမှာ သင်္ကန်းအဟောင်းကိုချည်းသာ ဝတ်ရုံမြဲ ဝတ်ရုံနေသည်။ သင်္ကန်းဒကာမှာ စိတ် ထဲ၌ သံသယဖြစ်နေ၍ ကျောင်းကလေးအတွင်း၌ သိမ်းဆည်း ထားသေးသည် အထင်နှင့်ဝင်၍ကြည့်ရာ ကျောင်းမှာလည်းမတွေ့ရ။တစုံတဦးအား ပေးလှူသည်ဟု လည်း မကြားသိ မတွေ့မြင်ရချေ။ တစုံတခု အကြောင်းရှိရမည်ဟု စဉ်းစားကာ အဝတ်များ ထပ်မံ လှူပြီးနောက် တညတွင် ဓားထမ်း၍ ကျောင်းနှင့် မလှမ်းမကမ်း လမ်းဘေးချုံကွယ်၌ အကဲခတ် စောင့်ကြည့်လေသည်။

## PAGE 596
<!-- 16 paragraphs, raw extraction -->



၅ ၅ ၃

ထိုအခါ မိမိနှင့်အိမ်နီးချင်းဖြစ်သောအရတိဆိုသူ ကျောင်းဘက်မှ အချိန် မတော် ပြန်လာသည်ကို တွေ့မြင်ရှိ၏။ အနီးသို့ရောက်၍ သေသေချာာချာ ကြည့် သောအခါ အရတိလက်ထဲ၌ သင်္ကန်းလျာ အဝတ်များကို တွေ့ရသဖြင့် ချုံ့ ကွယ်မှ ထ၍လိုက်ရာ ခိုးထုပ်ခိုးထည်နှင့် တကွ ဖမ်းမိလေ၏။

JIL

“လူယုတ်မာ…၊ မင်း ဘာပြောအုံးမလဲ၊ ဆယ့်နှစ်နှစ်တိုင်တိုင် ငါလှူတဲ့ သင်္ကန်းများ မလွတ်တမ်း ခိုးယူလုယက်နေတာ မင်းပဲ မဟုတ်လား” ဟု ဆံပင်ကို ကိုင်ဆွဲ၍ ရိုက်ပုတ်မေးစစ်ရာ အရတိလည်း ဟုတ်မှန်ကြောင်း ဝန်ခံရလေ၏။

သင်္ကန်းဒကာလည်း ထိုမျှဖြင့် အခဲမကျေသေးပဲ ခိုးသူအရတိအား အနီးရှိ သုသာန်ထဲသို့ ဆွဲခေါ်သွား၏။ သုသာန်သို့ရောက်လျှင် လတ်တလောပစ်ထားသော အလောင်းကောင် တခုကို မှောက်လျက်ထားကာ ခိုးသူအား အလောင်းကောင် အပေါ်၌ ကျောပေး၍ ထက်အောက် ပြောင်းပြန် ပက်လက်လှန် အိပ်စေ၏။
ဖြေ၍မရနိုင်အောင် ကြိုးများဖြင့် ချည်တုပ်လိုက်သည်။ ခိုးသူ မတ်တတ်ရပ်လျှင် အလောင်းကောင်ကြီးမှာ ကျောဘက်၌ ဇောက်ထိုးကပ်လျက် နေ၏။

သင်္ကန်းဒကာလည်း အရတိအား သုသာန်ထဲ၌ တုံးလုံးလှဲ ပစ်ထားခဲ့၍ ရေမိုးချိုးပြီး အိမ်သို့ပြန်လာ၏။ ရပ်ရွာရှိ လူအများကိုလည်း ရွာထဲသို့ ယနေ့ည ဘီလူးကြီးတကောင် ဝင်လာလိမ့်မည်။ အိမ်တံခါးပိတ်၍ နေကြရန် လိုက်လံ ပြောကြားထားလေသည်။

..

"

ည သန်းခေါင်ကျော်လောက်တွင် ခိုးသူလည်း သုသာန်မှ ထလာကာ အိမ် သို့ သွားလေ၏။ ဇနီးလုပ်သူမှာ တံခါးကိုပိတ်၍ အပေါက်မှ ချောင်းကြည့်လေရာ မကောင်းဆိုးဝါး ဘီလူးကြီး လာနေသည်ထင်၍ တံခါးကို ဖွင့်မပေးချေ။ “ငါ အရတိပါ”ဟု ဆိုသော်လည်း အသံမပေး။ ကြောက်ရွံ့ ထိတ်လန့်၍ တိတ်တိတ် ကလေး နေလိုက်ရာ အရတိသည် မိဘများအိမ်ဘက်သို့ လှည့်ထွကသွားသည်။
မိဘများအိမ်ကလည်း ဖွင့်မပေးပဲ အိမ်ထဲ၌ ပုန်းလျှိုးနေကြ၏။ ခိုးသူလည်း အခြား ရင်းနှီးသူများအိမ်သို့ တအိမ်ပြီးတအိမ်သွား၍ အကူအညီတောင်းရာ မည်သူကမျှ အရတိမှန်းမသိ၊ ဘီလူးကြီးထင်ကာ ပုန်း၍ပင် နေကြလေ၏။

အဘယ မထေရ်၏ မေတ္တာ

အရတိသည် နောက်ဆုံး ညတွင်းချင်းပင် အဘယမထေရ်၏ တောကျောင်း

သို့ သွားကာ’

"

“အရှင်ဘုရား…၊ ဘုရားတပည့်တော် ခိုးသူ အရတိပါဘုရား။ ဘုရားတပည့် တော်အား အရှင်ဘုရားမှတပါး ကယ်မည့်သူမရှိပါ။ ကယ်တော်မူပါဘုရား စသည်ဖြင့် အကြောင်းစုံကို လျှောက်ထားလေ၏။

## PAGE 597
<!-- 13 paragraphs, raw extraction -->




မထေရ်လည်း သနားတော်မူလှသဖြင့် ခိုးသူ၏ကျော၌ ပူးကပ်ချည်နှောင် ထားသော အလောင်းကောင်ကို ကြိုးဖြေ၍ ကျောင်း ဥပစာ အပြင်ဘက်သို့ သွားပြီး စွန့်ပစ်လိုက်၏။ ခိုးသူအားလည်း ရေမိုးချိုး၍ ပေးရန် ရေနွေးကျိုတော် မူ၏။ အနံ့အသက်များ ပျောက်ကင်းစေရန် ရေနွေးဖြင့် ချိုးပေးပြီးနောက် ဆီ ကျည်တောက်(ဆီးဗူး)မှ ဆီကိုငဲ့၍ ရိုက်ပုတ်ခံထားရသော ဒဏ်ရာများကို ကိုယ်တိုင် နှိပ်နယ်ပေးလေ၏။

ဆရာ

သင်္ကန်းဒကာလည်း တညလုံး မအိပ်တော့ပဲ အရတိသူခိုး အဘယ်အရပ်သို့ သွားသည်ကို အကဲခတ်လျက်ရှိ၏။ နံနက် အရုဏ်တက်လောက်တွင် မိမိ မထေရ်၏ တောရကျောင်းကလေးဆီသို့ ထွက်လာခဲ့ရာ မထေရ်သည် ခိုးသူအား ဆီဖြင့် လိမ်းကျံ နှိပ်နယ်၍ ပေးနေသည်ကို တွေ့ရလေ၏။ သင်္ကန်းဒကာမှာ သူတော်ကောင်းများအား ညှဉ်းဆဲရ ကောင်းလားဟု ပို၍ပင် ဒေါသထွက်

လာကာ—

"

“အရှင်ဘုရား…သူခိုးကို မသနားပါနှင့်ဘုရား။ သူခိုးဆိုတဲ့ အကောင် မျိုးဟာ ငါ့မိတ်ဆွေပဲ၊ ကျေးဇူးရှင်ပဲရယ်လို့ မထားပါဘူး။ ပါးစပ်ကပြောတော့ တမျိုး၊ လုပ်တော့တမျိုး၊ ဒီလိုလူစားမျိုးကို မိဘကတောင် အဝေးက ရှောင်ပါ တယ် ဘုရား”ဟု လျှောက်ရာ မထေရ်က ပြုံးရွှင်သောမျက်နှာဖြင့်

“ဒကာကြီး…၊ ဒကာကြီးပြောတာတွေဟာ အမှန်တွေချည်းပါပဲ။ ဒါပေ မယ့် တခု စဉ်းစားရမှာက ဥပမာ- ဒကာကြီးရဲ့ခြေထောက်ကို လူတယောက်က ကုန်းပြီးကိုက်ပါပြီတဲ့။ ဒကာကြီးက တဖန် သူ ့ခြေထောက်ကို မခံချင်လို့ ပြန်ပြီး ့ကိုက်မယ်ဆိုယင် ဘယ့်နှယ်နေမလဲ။ ဒါ့ကြောင့် မိမိအား ပြစ်မှားတဲ့ လူကို ကိုယ်ကပြန်ပြီး ပြစ်မှားမယ်, စိတ်ဆိုးမယ်ဆိုယင် မိုက်တဲ့ လူထက် ပိုပြီး မိုက်ရာကျ တော့မပေါ့ ဒကာကြီး…။

“ကျေးဇူးမသိတတ်တဲ့ လူမိုက်ကို မေတ္တာကြိုးနှင့်သာ ချည်တုပ်ရမယ် ဒကာကြီး...၊ အဲသလိုမတုံ့မပြန် သည်းခံပြီး မေတ္တာစိတ်ထားနိုင်သူကိုမှ အသိ ဉာဏ်ရှိသူလို့ ဆိုရတယ်။ ဒကာကြီး မောင်အရတိအပေါ် သည်းခံ ခွင့်လွှတ်လိုက် ပါ။ ဒကာကြီးလဲ ချက်ချင်းစိတ်ချမ်းသာကရောပ”ဟု နှစ်သိမ့်စေတာ်မူ၏။
သင်္ကန်းဒကာလည်း စိတ်ပြေကာ အိမ်သို့ ပြန်သွားလေတော့သည်။

“အမောင် အရတိ…၊ သင်္ကန်းဒကာအပေါ် သင် စိတ်မဆိုးလေနှင့်။
သင်ရဲ့ကံနှင့် သင် ခံရတာပဲ။ သင်ရဲ့အဒိန္နဒါန်ကံရဲ့ အကျိုးပဲ”ဟု. ခိုးသူအားလည် ဆုံးမတော်မူ၏။ ဒဏ်ရာဒဏ်ချက်များ ပြေပျောက်၍ အားခွန်ဗလ ပကတိ ကျန်း မာလာသည်အထိ နှစ်ရက်သုံးရက် ကျွေးမွေး စောင့်ရှောက်တော်မူထားသည်။

အရတိ ခိုးသူကြီးလည်း သူတော်ကောင်း အနှီး၌ သုံးလေးရက်နေရသော အခါ သူတော်ကောင်းကြီးများ၏ မေတ္တာ,ကရုာကို သိရှိကြည်ညိုလှသဖြင့်—

## PAGE 598
<!-- 12 paragraphs, raw extraction -->


$6


၅ ၅ ၅

“အရှင်ဘုရား…ဘုရားတပည့်တော်မှာ လူသစ်စိတ်သစ်ဖြစ်ပြီး လူမသေပဲ ဘဝပြောင်းနေပါပြီဘုရား။ အိမ်ရာတည်ထောင် လူတို့ဘောင်၌ နေရန် စိတ်မရှိ တော့ပါ။ တပည့်တော်အား သနားသောအားဖြင့် ရှင်ရဟန်း ပြုပေးတော်မူပါ တော့ ဘုရား”ဟုလျှောက်ကာ အာရညိက မဟာအဘယမထေရ်ကြီးထံ ရဟန်း ပြုသွား၏။

ရဟန်းပြုပြီး ဝတ်ကြီးဝတ်ငယ်များနှင့်တကွ ရဟန်းသီလ,ရဟန်းကျင့်ဝတ် များကို သင်ကြားလျက် ရဟန်းတရား အားထုတ်ရာ မကြာမီပင် အာသဝေါ ကုန်ခန်း၍ ရဟန္တာဖြစ်တော်မူသွားသည်။

လူဆိုး လူမိုက်ကြီးများကိုပင် မကြာမတင် ရဟန္တာ ဖြစ်စေနိုင်အောင် လွယ်ကူမြင့်မြတ်လှသော တရားတော်၏ ဂုဏ်တော်သည်လည်းကောင်း၊ သူတော် ကောင်းကြီးတို့၏ ခန္တီ မေတ္တာ ကရုဏာ ဂုဏ်တော်သည်လည်းကောင်း ကြည်ညို အားကျဖွယ်ကောင်းလှသကဲ့သို့၊ ပစ္ဆိမဘဝ ဘဂ္ဂဒက္ခိဏေယျ ရဟန္တာ ဖြစ်ရခါနီး ကာလအထိပင် လိုက်လံနှိပ်စက်သော အကုသိုလ်ကံကြီးမှာလည်း ကြက်သီးထဖွယ် ကောင်းလှပေသည်တကား။

a

[ရသဝါဟိနီ၌ “မဟာတဠာကကျောင်း၊ ဟရန္တိကခိုးသူ'ဟု အမည်ကွဲ ရှိနေ၏။ ဤ၌ သဟဿဝတ္ထု သီဟိုဠ်မူအတိုင်း ပြလိုက်သည်။]

ခွေးပိန်ကလေးအား ကျွေးဖူးသော ထမင်းတလုတ်နှင့် သူပုန်ခေတ် အတွင်း အဘယ ထေရ် [ဂ-အဘယတ္ထေရ ဝတ္ထု။]

သီဟိုဠ်ကျွန်း၌ စဏ္ဍာလတိဿ သူပုန်ဘေးကြီး ပေါ်ပေါက်စဉ်မိုးလည်း ၁၂-နှစ်လုံးလုံး မရွာသွန်းသဖြင့် ရဟန်းရှင်လူ ပြည်သူအများ ဆင်းရဲငတ်မွတ် ကြရသည်။ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ ပြေးသွားကြရ၏။ ငတ်မွတ်လှ သဖြင့် လူလူချင်း သတ်ဖြတ်၍ စားသောသူများပင် ရှိရာ အလွန် ကြောက်ဖွယ် ကောင်းကော ခေတ်ပျက်ကာလကြီး ဖြစ်တော့သည်။

သီဟိုဠ်ကျွန်း အနောက်ပိုင်းရှိ အဘယ မထေရ် သီတင်းသုံးရာ ပုပ္ဖဂိရိ ငကျောင်း ဂေါစရဂါမ်ဖြစ်သော ဒေဝတာရွာသူရွာသားများလည်း ထိုဒုဗ္ဘိက္ခန္တရ ကပ်ကြီးဆိုက်ရောက်လာစဉ် ထိုရွာမှ ထွက်ပြေးသွားကြရသည်။ ပြောင်းရွှေ့ မပြေးသွားကြမီ ပုပ္ဖဂီရိကျောင်းသို့ လာ၍

## PAGE 599
<!-- 13 paragraphs, raw extraction -->


၅ ၅ ၆


“အရှင်ဘုရား…….၊ ငတ်မွတ် ဘေးကြီးကတော့ အလွန် ကြောက်စရာ ကောင်းနေပါပြီ၊ ဒီအရပ်မှာပဲ ပေကပ်နေလို့ အသက်ရှင်ရဖို့ မလွယ်ပါ။ အရှင် ဘုရားလဲ တပည့်တော်များနှင့် အတူတကွ လိုက်ပါကြွတော်မူပါ”ဟု အဘယ မထေရ်အား လျှောက်ထားရာ မထေရ်က’

"

“ဒကာတို့…၊ သင်တို့သာ စိတ်ချမ်းချမ်းသာသာနှင့် လိုရာ ပြောင်းရွှေ့ ကြပါ။ ဘုန်းကြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်, မွေတော်တွေ ဌပနာ ထားတဲ့ ဒီစေတီဘော်,ဗောဓိပင်များကိုထားပြီး ဘယ်ကိုမှမသွားလိုဘူး။ အသက် ရှိနေသေးသမျှတော့ သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကို ပြုစုသလိုပဲ စောင့် ရှောက်ပြုစုပြီး နေခဲ့မယ်။ သေလဲ ဒီမှာ ဘုရားရှင်အနီးမှာပဲ သေပါစေတော့၊
ငါ့အတွက် မကြောင့်ကြနှင့်” ဟုသာ မိန့်ဆို၍ တပါးတည်း သီတင်းသုံး နေခဲ့ လေသည်။

°

မထေရ်သည် ဂေါစရဂါမ် ဒကာများအားလုံး ပြောင်းရွှေ့ ပြေးသွားကြ သော်လည်း မလိုက်ပါတော့ပဲ အချိန်ရှိသမျှ ဂုဏ်တော်နှလုံးသွင်းလျက် စေတီ ရင်ပြင် ဗောဓိရင်ပြင်၌ ဝတ်ကြီးဝတ်ငယ်များ ပြုစုလျက်သာ ကျန်ရစ်ခဲ့သည်။
ဆွမ်းအာဟာရလည်း တစုံဘရာမျှ မဘုဉ်းပေးရချေ။ဆွမ်းမဘုန်းပေးရပဲ သုံးရက် တိုင်တိုင် တံမြက်လှည်းခြင်းစသောဝေယျာဝစ္စများကို ပြုလုပ်နေရရာ တရက်ထက် တရက် ပင်ပန်းနွမ်းနယ်လာလေ၏။

တတိယမြောက်နေ့တွင် တံမြက် ဝတ်ပြုရသည်မှာ မောပန်း လာသဖြင့် ကျောင်းအလယ်ရှိ စည်းဝေးရာမဏ္ဍပ်(ဇရပ်)တခု၌ အမောပြေထိုင်နေယင်း ဘုရား ဂုဏ်, တရားဂုဏ်ကိုသာ နှလုံးသွင်းနေလေ၏။

"

ထိုဇရပ်အနီးရှိ သင်းဝင်ပင်စောင့် နတ်ကြီးသည် ဆွမ်းအာဟာရ မရရှိပဲ စေတီယင်္ဂဏဝတ်, ဗောဓိယင်္ဂဏဝတ်များ ပြုပြီး မောပန်း နွမ်းနယ် နေသည်ကို ကြည့်၍ စိတ်မကောင်းဖြစ်နေ၏။နတ်မင်းကြီးသည် ချက်ချင်းပင် မိမိဇနီးအားက “အရှင်မ…၊မထေရ်အရှင်မြတ်ကို ကြည့်စမ်း၊ ဆွမ်းမစားရပဲ တခြား အရပ်ကိုလဲ ပြောင်းရွှေ့ မသွားဘူး၊ ဘုရားဝတ်ကိုပဲ ပြုနေတယ်။ ဆွမ်းမစား ရလို့ အရှင်မြတ်မှာ ပင်ပန်းနွမ်းနယ်လှပြီ။ ဒီအရပ်မှာ ငါတို့ကလွဲလို့ ဆွမ်းလှူ မယ့်သူလဲ မရှိပါကလား။ ယနေ့ကစပြီး အရှင်မြတ်အား ဆွမ်းလှူကြရအောင် ဟု ပြောပြလျှင် ဇနီးက’

“ကောင်းပါတယ် အရှင်နတ်မင်း၊ သို့သော်လဲ ထိုအရှင်မြတ်ဟာ ရှေးဘဝ က ဘယ်လို ကုသိုလ်ကောင်းမှုတွေ ပြုခဲ့တယ်ဆိုတာ ကြည်ညိုရအောင် ပြောပြ ပါအုံး”ဟု တောင်းပန်လေ၏။

..

## PAGE 600
<!-- 15 paragraphs, raw extraction -->



ခွေးငတ်ကို အစာကျွေး သော


အ မတ်

ထိုအခါ နတ်မင်းကြီးသည် ဇနီးအား ရှေးဘဝက အဘယမထေရ် ပြုဖူးသော ဒါနတခုကို ပြောပြလေ၏။

အဘယမထေရ်သည် ထိုဒေဝတာရွာ၌ပင် ဒေဝမည်သော အမတ်ကြီး တယောက် ဖြစ်ခဲ့ဖူး၏။ ဒေဝအမတ်ကြီးသည် ရပ်ရေးရွာရေး စီမံခန့်ခွဲရန် ကိစ္စရှိ၍ ရပ်ရွာများသို့ လှည့်လည်သွားရစဉ် ကိစ္စပြီးစီး၍ ဒေဝတာရွာသို့ ပြန် လာခဲ့၏။ လမ်းခွတ်လတ်၌ ထမင်းဆာလှသဖြင့် နောက်ပါ အမှုထမ်းများအား ထမင်းပွဲပြင်ရန် စေခိုင်း၍ ထမင်းစားမည်အပြု၊ခွေးပိန် ခွေးငတ် တကောင်သည် အူယားဖားယား ပြေးလွှားလာကာ သွားရေတမြားမြားနှင့် အနားသို့ ရောက် လှာ၏။ ဆာလောင်လွန်းသဖြင့် တုန်တုန်ချည့်ချည့်ဖြစ်နေလေသည်။

ထိုအခိုက် အမှုထမ်းတဦးသည် တုတ်ကြီးတချောင်းကို ယူလာပြီး ထမင်း ပွဲအနီးသို့လာသော ခွေးပိန်ကလေးအား ရိုက်မည်ပြုစဉ် အမတ်ကြီးကမရိုက်ရန် ဟန့်တားလိုက်၏။ မိမိစားမည့်ထမင်းကိုပင် ဟင်းလျာနှင့် စားကောင်းအောင် နယ်ဖပ်လုံးထွေးကာ ထမင်းတဆုပ် လှိမ့်ပေးလိုက်သည်။ခွေးပိန်ကလေးမှာ ဆာ လောင်လွန်း၍ အားပါးတရ ကိုက်စားနေသည်ကို တွေ့မြင်ရသော အမတ်ကြီး မှာ အလွန် ဝမ်းမြောက်သွားလေ၏။

ခွေးပိန်ကလေးအား ပေးကျွေးရသော ထမင်းတလုတ်ကြောင့် ကွယ်လွန် လျှင် အမတ်သည် ထိုဒေဝတာရွာ၌ပင် လူဖြစ်လာကာ ကြီးပြင်းသောအခါ သားမယားအိမ်ထောင်ကိုစွန့်၍ ရဟန်းပြုလျက် အဘယမထေရ် ဖြစ်လာလေ၏။

ဇနီးဖြစ်သူ နတ်သမီးလည်း ထိုအကြောင်းကို ကြားသိရလျှင် ပို၍ ် ကြည်ညိုသွားကာ ဆွမ်းလှူရန် သဘောတူ စီစဉ်ကြလေသည်။

မထေရ်သည် သင်းဝင်ပင်အနီး ဇရပ်၌ အမောပြေထိုင်နေစဉ် လူဒကာ တဦး လာရောက်ဝတ်ပြုကာ--

<

“အ ရှင် မြတ် ဘုရား...တပည့်ဘော်များအား သပိတ် ချီးမြှင့်တော်မူပါ။
အရှင်မြတ် အသက်တော်ရှည်သမျှ တပည့်တော်များ အမြဲဆွမ်းဝတ်ပြုပါ့မယ်။
ရဟန်းတရားကိုသာ ကြိုးစား၍ နှလုံးသွင်းတော်မူပါ”ဟု လျှောက်ကာ နတ် ဆွမ်းများ ထည့်လှူ ဆက်ကပ်လေ၏။ သင်းဝင်ပင်ဗိမာန်သို့ ဆွမ်းခံအမြဲ ကြွ လည်း လျှောက်ထားသည်။

ဟု

ာ

## PAGE 601
<!-- 12 paragraphs, raw extraction -->




လူသားစားသူများနှင့် အဘယမထေရ်

အဘယမထေရ်သည် နေ့စဉ် နတ်သုဓာဆွမ်းများကိုချည်း ဘုဉ်းပေးနေရ သဖြင့် သပ္ပာယမျှကာ တင့်တယ်ဆူဖြိုးနေ၏။ စေတီ ဗောဓိပင်များ၏ ဝတ်ကြီး ဝတ်ငယ်နှင့် ရဟန်းတရားတို့ကို မကြောင့်မကြ ဆောင်ရွက်လာနိုင်၏။
တနေ့သောအခါ မထေရ်သည် ဘုရားပရိဝုဏ်အတွင်း တံမြက်လှည်းပြီး ၍ ပရိဝုဏ်အပြင်သို့ထွက်လာစဉ် ကျောင်းဝင်း၏လေးဘက်လေးတန်မှ“ဝိုင်းဟေ ဖမ်းဟေ ့ စသော ဆူညံသံများကိုကြား၍ ကြည့်လိုက်ရာ တုတ်များ, ဓားများ ကိုယ်စီကိုင်ဆောင်၍ ကျောင်းဆီသို့ ဦးတည်ပြေးလာနေကြသော လူအုပ်ကြီးကို မြင်တော်မူ၏။

စား

°

လူတို့သည် ဆာလောင်ငတ်မွတ်လွန်းသဖြင့် လူလူချင်း သတ်ဖြတ်၍ သော သူများ ဖြစ်ကြလေသည်။ နတ်ဆွမ်းစားရသဖြင့် ဆူဖြိုးတင့်တယ်နေသော မထေရ်အား သတ်ဖြတ် စားသောက်ရန် လာကြခြင်းဖြစ်၏။ လူဆိုးများ ကျောင်းဝင်း လေးဘက်လေးတန်မှ ဝင်ကာ ကျောင်းထဲသို့ပင် ရောက်လာပြီး မထေရ်ကို သူ့ထက်ငါ ရှာဖွေနေကြလေသည်။

မထေရ်သည် ယခင် အမတ်ဘဝက ခွေးပိန် ခွေးငတ်အား ရိုက်ပုတ်မည့် သူကို ဟန့်တားခဲ့ဖူးသော ကုသိုလ်ကြောင့် ကျောင်းဝင်းအလယ်၌ ရုတ်တရက် တောင်ကြီးတတောင် ပေါ်ပေါက်လာလေ၏။ မထေရ်လည်း ထိုတောင်ကြီး၏ လိုဏ်ခေါင်းထဲ၌ အလိုလိုရောက်သွား၍ လူဆိုးများ ရှာမတွေ့ နိုင်ကြတော့ပေ။
ရုတ်တရက် တောင်ကြီးပေါ်လာသည်ကို မြင်ကြလျှင် “ရဟန္တာ ဖြစ်ပေလိမ့်မည်” ဟု ယူဆကာ ကြောက်လန့်ထွက်ပြေးကြလေ၏။

မထေရ်ကား ၁၂-နှစ်ပတ်လုံး ပုထုဇဉ်မျှသာရှိသေး၏။ သံသာရဒုက္ခကို သံဝေဂဖြစ်တော်မူ၍ ဝိပဿနာတရားရှုပွားရာ ရဟန္တာဖြစ်တော်မူ၏။ ၂၄-နှစ် တိုင်တိုင် နတ်ဆွမ်းဘုဉ်းပေးကာ ထိုကျောင်း၌ပင် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။
ကံတန်ခိုးနှင့် အဘိညာဉ်တန်ခိုး နှစ်မျိုးစုံသော တမ္ဗသုမနထေရ်

[၁၂-တမ္ဗသုမနထေရ်ဝတ္ထု၊ သဟဿဝတ္ထု-၂၄။]

သီဟိုဠ်ကျွန်း မာလာခေါ်သောရွာ၌ သုမနမည်သော ဒကာတဦးသည် ထက်သန်ပြင်းပြသော သံဝေဂဖြင့် ရဟန်းပြု၏။ တမ္ဗသုမနဟု တွင်သည်။ ရဟန်း

## PAGE 602
<!-- 15 paragraphs, raw extraction -->




ပြုပြီးနောက် ဗြာဟ္မဏာရာမ ကျောင်း၌ ရဟန္တာအရှင်မြတ်တို့ထံ ပရိယတ် ပဋိပတ် များ နာယူမှတ်သား၍ အားထုတ်လေရာ မကြာမြင့်မီပင် ရဟန္တာ ဖြစ်တော်မူ သွားသည်။

ဗြာဟ္မဏာရာမ ကျောင်းတိုက်ကြီး၌လည်း ရဟန်းတော် အရှင်မြတ် ငါး ရာတို့ သီတင်းသုံးတော် မူနေကြသည်။ ထိုကျောင်းဝင်းကြီးအတွင်း၌ တည်ပင် ကြီးတပင်ရှိရာ ထို တည်ပင်စောင့် နတ်မင်းကြီးသည် တမ္ဗသုမနမထေရ်အား လွန်စွာ ကြည်ညိုလှသဖြင့် ၁၂-နှစ်တိုင်တိုင် ဆွမ်းဝတ်ပြုလေသည်။

အ

ရေးကြုံမှ တရားအစွမ်း ကို သိ ရ

၁၂-နှစ်ရှိသောအခါ စဏ္ဍာလတိဿဘေးကြီး ဖိစီးလာသဖြင့် ရဟန်းတော် အရှင်မြတ်ငါးရာတို့သည် ဇမ္ဗူဒိပ် (ဣန္ဒိယ) ဘက်သို့ ပြောင်းရွှေ့ ကြရန် စီစဉ်ကြ ၏။ တမ္ဗသုမနမထေရ်လည်း အခြားမတေရ်များနှင့်အတူ ဣန္ဒိယသို့ကြွရန် စီစဉ် နေ၏။

"

ထိုအခါ တည်ပင်စောင့် နတ်မင်းကြီးသည်

“အရှင်ဘုရား…၊ ခရီးဒေသစာရီ ကြွမယ်လို့နှင့် တူပါရဲ့၊ အဘယ်အရပ်သို့ ကြွမလို့ပါလဲဘုရား”ဟု လျှောက်ရာ-

"

“ဒကာတော်နက်မင်း…၊ သီဟိုဠ်အကျွန်းလုံး ငတ်မွတ် ခေါင်းပါးနေပြီ၊
ချောင်းကန်တွေလဲ ရေမရှိ။ မည်သည့် အသီးအပင်မျှ မပေါက်၊ ခြောက်ကပ် လောင်ပြီး တိရစ္ဆာန်တွေကအစ အစာရေစာမရကြလို့ သေကြေကုန်ကြပြီ။ လူ ဒကာ ဒကာမတွေလဲ အသက်ချမ်းသာရာ ရမယ်ထင်တဲ့နေရာ ဒေသများသို့ အသိး အသီး ပြောင်းရွှေ့ သွားကြပြီ။ ဘုန်းကြီးများလဲ ဇမ္ဗူဒိပ်ကို ကူးကြမယ်...”ဟု မိန့်တော်မူလျှင် နတ်မင်းကြီးမှာ ပို၍ပင် စိတ်မကောင်းဖြစ်လေ၏။

“အရှင်ဘုရား…၊ တပည့်တော် စကားတခွန်း လျှောက်ပါရစေ။
“ရှေးအခါက ဤသီဟိုဠ်ကျွန်းမှာ သဒ္ဓာတိဿခေါ်တဲ့ မင်းကြီး မင်းပြု စဉ်က မင်းချင်းတယောက်ဟာ မင်းမှုကိစ္စဖြင့် ကောဋ္ဌသာလရာသို့ သွားရပါ တယ်။ ထိုအခါ ရွာသားများက အမဲဟင်းလျာ ထောပတ်စသော စားကောင်း သောက်ဖွယ်များဖြင့် တည်ခင်းကျွေးမွေး ပြုစုကြရဖူးပါတယ်။

“မင်းချင်းယောက်ျားဟာ ထမင်းစားမည်ပြုခိုက် မထေရ်တပါး ဆွမ်းခံ ကြွလာတာကို မြင်တွေ့ရလို့ မိမိစားမယ့် ထမင်း ဟင်းလျာများနှင့် ထောပတ်ကို လှူခဲ့ဖူးပါတယ်။ ထို မင်းချင်းယောက်ျားဟာ အခြားသူမဟုတ်၊ အရှင်ဘုရားပင် ဖြစ်ပါတယ်။

## PAGE 603
<!-- 14 paragraphs, raw extraction -->


၅ ၆ ဝ


“အဲဒီ ဆွမ်းတထပ် အလှူဒါနကြောင့် ယခုဘဝမှာ သားမယားများ,စည်း စိမ်များကို စွန့်ပယ်ပြီး ရဟန်းတရား အားထုတ်ရာ အရဟတ္တဖိုလ်ဆုကြီးကို ရရှိလာ ခြင်း ဖြစ်ပါတယ်။ ယခု တပည့်တော်များ ၁၂-နှစ်တိုင်တိုင် ဆွမ်းဝတ်အလှူဟာလဲ အဲဒီဆွမ်းတထပ်ဒါနရဲ့ အကျိုးဆက်တခုပဲ ဖြစ်ပါတော့ဘယ်ဘုရား။

«

“ဒါ့ကြောင့် ယခုလဲ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်နေစေကာမူ ဘာကိုမျှ ကြောင့်ကြတော် မမူကြပါနှင့်။ ထိုငတ်မွတ်ဘေးကြီး အေးငြိမ်းသည်အထိ သီတင်း သုံးမြဲ သုံးတော်မူကြပါ။ တပည့်တော်အား သနား ချီးမြှောက်သောအားဖြင့် ပစ္စည်းလေးပါး အလှူခံတော်မူကြပြီး ချမ်းချမ်းသာသာဖြင့် မိမိတို့ ရဟန်းတရား ကိုသာ နှလုံးသွင်းတော် မူကြပါဘုရား”ဟု လျှောက်ထားလေ၏။

,

သို့နှင့် ၁၂-နှစ်တိုင်တိုင် တမ္မသုမနမထေရ်သည် တည်ပင်စောင့် နတ်မင်း ကြီး၏ ပစ္စည်းလေးပါးကို ခံယူ၍ ရဟန်းတော်ငါးရာနှင့် အတူသုံးစွဲကာ သီတင်း သုံးမြဲ သုံးတော်မူရလေသည်။

ကျောက်စရစ်ခဲ နေမင်းကြီး

၁၂-နှစ်ရှိ၍ ငတ်မှုတ်ဘေးကြီး ငြိမ်းအေးသောအခါ တမ္မသုမနမထေရ် သည် နတ်မင်းကြီးအား အသိပေးပန်ကြားကာ ရဟန်းတော်ငါးရာတို့နှင့်အတူ ဒေသစာရီ ကြွတော်မူ၏။

ပထမဆုံး ရာဇရဋ္ဌတိုင်း ကဏ္ဍရာဇ ရွာကြီးသို့ရောက်၍ ဆွမ်းခံပြီးအပြန်၊
တခုသောတောအုပ်၌ ဆွမ်းစားကြမည်ရှိသောအခါ ကောင်းကင်တခုလုံး မိုးတိမ် များ ဖုံးလွှမ်းနေသဖြင့် နေကို မမြင်ကြရချေ။ အချို့ရဟန်းတော်များမှာ နေမွန်း လွဲနေပြီလော”ဟု သံသယ ကုက္ကုစ္စဝင်နေ၍ ဆွမ်းမဘုဉ်းပေးပဲထိုင်နေကြလေ၏။

တမ္ဗသုမနမထေရ်သည် ထိုအကြောင်းကို သိမြင်တော်မူသဖြင့် ကျောက်ခဲ တလုံးကို လက်ညှိုးဖြင့်ထိန်း၍ လက်မ လက်သည်းပေါ်သို့တင်ကာ အသာအယာ ကောင်းကင်သို့ တောက်၍ ပစ်တင်လိုက်၏။ ကျောက်ခဲလုံးကလေးသည် မိုးတိမ် ထုအကြား၌ ထွက်ပေါ်လာသော နေမင်းကြီးအလား ထွန်းလင်း တာက်ပနေ တော့သည်။ထိုအခါမှ နေမွန်းမလွဲသေးကြောင်းမြင်ကြရသည်နှင့် ဆွမ်းဘုဉ်းပေး ကြလေ၏။

ထိုအခါမှစ၍ ထိုအရပ်ဒေသကို “မဏိသူရိယ” (ကျောက်ခဲနေ)ဟု ခေါ်

တွင်ကြလေ၏။

## PAGE 604
<!-- 15 paragraphs, raw extraction -->



အကြောင်း ထောပတ်တဇွန်း၊အကျိုး ထောပတ်ပင် လ ယ်


မထေရ်သည် ထိုမှတဆင့် ခရီးတထောက်ဆက်ပြန်ရာ ဂင်္ဂါမြစ်အနီး စူဠက ခေါ်သောရွာသို့ ဆိုက်ရောက်တော်မူ၏။ ရဟန်းငါးရာနှင့်အတူ ဆွမ်းခံပြီး ဂင်္ဂါ မြစ်ကမ်း၌ ဆွမ်းဘုဉ်းပေးရန် ထိုင်တော်မူကြသည်။ ဆွမ်းများမှာ အလွန် ကြမ်း တမ်းလှသည့်အပြင် ဆွမ်းဟင်းလျာလည်း မပါရှိသဖြင့် ဆွမ်းမဘုဉ်းပေးနိုင်ပဲ ရှိကြ လေ၏။ တမ္မသုမန မထေရ်သည် ရဟန်းတော်များကိုကြည့်ကာ’

"

“အရှင်ဘုရားများ….ထောပတ် မွှေးမွှေးကလေးနှင့် ဘုဉ်းပေးကြမလား ဘုရား”ဟု လျှောက်ထားရာ ဘုဉ်းပေးလိုကြောင်း ပြန်လည် လျှောက်ထားကြ၏။

မထေရ်လည်း လွန်ခဲ့သောဘဝက ဆွမ်းခံမထေရ်တပါးအား လှူခဲ့ဖူးသော ထောပတ်ဒါနကို အာရုံပြုကာ မာလာရွာကျောင်းဆိပ်မှ ဘတ္တကဆိပ်အထိ နှစ် ယူဇနာအရပ်တိုင်အောင် ဂင်္ဂါမြစ်ရေပြင်ကို လှမ်းမျှော်ရှုကြည့်ကာ မွှေးကြိုင် သော ထောပတ်များဖြစ်အောင် အဓိဋ္ဌာန် ဖန်ဆင်းတော် မူလိုက်သည်။ (တန်ခိုး ရှိသော်လည်း ကံဟောင်းရှိဦးမှ” ဟု ဆိုရပေမည်။)

ထိုသတင်းကိုကြားသည်နှင့် တပြိုင်နက် ဂင်္ဂါမြစ်ကမ်းနှစ်ဘက်ရှိ ရွာသူရွာ သားများလည်း သူ့ ထက်ငါ အိုးခွက်ကြီးငယ် ယူဆောင်၍ ထောပတ်များကို လှည်းဖြင့် သယ်ယူ သုံးစွဲကြရသောဟူ၏။

88

ရဟန်းတော်တပါးအား အမှတ်မထင် တကြိမ်တခါမျှ လှူရသောဆွမ်း အနည်းငယ်မျှသော ထောပတ်အလှူမျှဖြင့် အရဟတ္တဖိုလ်ဆုကြီးကို ရရုံမျှမက မိ အတွက် သတ္တဝါအများပင် မှီခိုရလောက်အောင် အကျိုးအာနိသင် ကြီးမားလှ

ပေ၏။

လောက၌ သီလရှိသောအလှူခံ ရဟန်းတော်တပါးလောက် ရရှိရုံမျှဖြင့် လည်း ဘဝများစွာ သတ္တဝါအဆက်ဆက် လက်ဆင့်ကမ်းကာ ကြီးပွားချမ်းသာမှု အမျိုးမျိုးကို ပေးကမ်းချီးမြှင့် နိုင်ပေ၏။

အဂ္ဂဒက္ခိဏေယျ ဖြစ်တော်မူသော ရဟန္တာ အရှင်မြတ်ကြီးတပါး ဤ လောက၌ ပွင့်ထွန်း ဖြစ်ပေါ်တော်မူပါလျှင်ကား ဆိုဖွယ်ရာမရှိပြီ။
သံဃာတော်၏ ဂုဏ်သည် ကြီးမြတ်လှပါပေ၏။ ဒါန,သီလဘာဝနာ မြတ်စွာဘုရားရှင့် အဆုံး အမတို့သည် မြင့်မြတ်လှပါပေစွ။

3

## PAGE 605
<!-- 12 paragraphs, raw extraction -->


"

၅ ၆.၂


တိုင်းပြည်ကို မပုန်ကန်၊ ဘဝကိုတော်လှန်သော ဒါဌာသေန သူရဲကောင်းထေရ် [၃၂- မဓုရ ရသ၀ါဟိနီ

သီဟိုဠ်ကျွန်း ရောဟဏနယ် `ကုဋဗန္ဓရွာ၌ ချမ်းသာကြွယ်ဝသောအမျိုး၌ မွေးဖွားသူ ဒါဌာသေနလုလင်သည် ခွန်အားဗလနှင့်ပြည့်စုံသူဖြစ်၏။
တနေ့သောအခါ ဒါဌာသေနသည် အရွယ်သို့ရောက် လူလားမြောက်စ အားစမ်းရန် ဂရိဂါမလတောင်သို့ ထွက်သွား၏။ တောင်ပေါ်ရောက်လျှင် နွယ် ငန်းများကိုနုတ်၍ ပိုက်ကွန်အိတ်ကြီးတလုံးဖြစ်အောင် ရက်လုပ်၏။ လူတထောင် ခန့်သယ်မ နိုင်သော ကျောက်ခဲကြီးများကိုနွယ်အိတ်ကြီးထဲထည့်၍ ခေါင်းပေါ်၌ ဝှေ့ယမ်း အားစမ်းလေသည်။

"

မကြာမီ မိခင်နှင့် ဖခင်တို့အား’

“ခမည်းတော်နဲ့ မယ်တော်တို့ခင်ဗျား၊ ကျွန်တော် ရိုသေစွာ ခွင့်တောင်း ပါရစေ၊ ယခုအခါ မြတ်စွာဘုရား သာသနာတော်ကြီး ညှိုးနွမ်း၍ ရဟန်းရှင်လူ ပြည်သူတကာ ဆင်းရဲအောင် လုပ်နေကြတဲ့ မိစ္ဆာဒိဋ္ဌိ ကျေးကုလားများကို တိုက် ထုတ်ပြီး သာသနာပြုရမယ့်အခါ ဖြစ်ပါတယ်၊ တိုင်းပြုပြည်ပြု သာသနာပြုရ အောင် ကျွန်ဘော့်အား မင်းမှုထမ်းခွင့် ပေးတော်မူကြပါ”ဟူ၍ ခွင့်ပန်လေ၏။

ဒါဌာသေနသည် မိဘများထံမှ ခွင့်ရသည်နှင့် မဟာဂါမ နေပြည်တော် ကာကဝဏ္ဏတိဿ မင်းကြီးထံ အခစားဝင်လေ၏။ မင်းကြီးလည်း လက်နက် များထုတ်လုပ်ရာ လက်နက်ဘင်းကုပ်တော်၌ ပန်းပဲအမှုထမ်း ငါးရာတို့အား စည်းဝေးစေ၍ ကိုယ်တိုင်စီမံခန့်ခွဲနေခိုက် ဖြစ်၏။

မင်းကြီးသည် ဒါဌာသေနအား အကျိုးအကြောင်း မေးစိစစ်ပြီးနောက် ၎င်းအားစုံစမ်းလိုသဖြင့်အသွား မဖော်မသရသေးသောသန်လျက်ပုံကြမ်းခြောက် ဆယ်တို့ကို အသွားဖော်ပြီးဆက်သရန် မိန့်တော်မူ၏။ဒါဌာသေနလည်း မင်း ပန်းပဲတင်းကုပ်တော် သည်ဘက်ထိပ်မှ ဟိုဘက်ထိပ်သို့ လှည့်လည် စစ်ဆေးပြီး ပြန်မရောက်မီပင် သန်လျက်အရိုင်းခြောက်ဆယ်လုံး အသွားဖော်ပြီးဖြစ်နေ၏။
မင်းကြီးသဘောကျတော်မူသဖြင့် ဆုလာဘ်တော်များ ပေးသနားကာ ဘာ်ကြီးဒုဋ္ဌဂါမဏိထံ အခြားသူရဲကောင်းကြီးများနည်းတူ ခစားစေ၍

စစ်ရေး လေ့ကျင့်ကြရလေ၏။

## PAGE 606
<!-- 14 paragraphs, raw extraction -->



ဆင်တိုက်ပွဲ


ဒုဋ္ဌဂါမဏိမင်းကြီး ကျေးကုလားများနှင့် စစ်တိုက်ရစဉ် မဟေလမြို့ တိုက်ပွဲသည် လေးလပင်ကြာလေ၏။ ကျေးကုလားမင်းသည် မဟေလမြို ခံတပ်ကို ကျုံးသုံးတန်ဖြင့် အခိုင်အခံ့ခုခံနေသဖြင့် လွယ်လွယ်ဖြင့် မထိုးဖောက်နိုင်ပဲရှိလေ ၏။ မြို့တံတိုင်းကြီးမှာ အမြင့် ၁၆-တောင် ရှိသည်။

ဒါဌာသေနသည် ကြိမ်းဝါး ဟစ်အော်၍ မြို့ရိုးပေါ်သို့ ခုန်ပျံတက်ရာ အတောင်ရှစ်ဆယ်မျှ မြောက်တက်သွား၏။ မြို့ရိုးခြေကို ဖနှောင့်ဖြင့် ကန်၍ ဖြိုလေရာ အတောင်သုံးဆယ်ခန့် တောက်လျောက် ပြိုလဲကျသွား၏။ ထိုအခါမှ မံဟေလမြို့ကို အောင်နိုင် လေတော့သည်။ အနုရာဓမြို့ အောင်မြင်သောနေ့ နောက်ဆုံး တောင်ကြားတိုက်ပွဲတွင်လည်း “ဒါဌာသေန...”ဟု ကြုံးဝါး ဟစ်ကြွေးလျက် ရာပေါင်းများစွာသော ကျေးကုလားများကို အပြီးသတ် အောင်ပွဲ ရခဲ့လေသည်။

"

3

ဒါဌာသေနသည် ဒုဋ္ဌဂါမဏိမင်းကြီး အနုရာဓနေပြည်တော်၌ နန်းစိုက် သောအခါ အမတ်ကြီးအရာဖြင့် ချီးမြှောက်ခြင်းခံရလေ၏။သို့ရာတွင် မကြာမြင့် မီပင် မလိုလားသူများက—

""

အရှင်မင်းကြီး…၊ ဒါဌာသေနအမတ်ကြီးသည် အရှင်မင်းကြီးအား ထောင်ထားပုန်ကန်၍ လုပ်ကြံပါလိမ့်မည်”ဟု ကုန်းတိုက်ကြသဖြင့် နောက်ဆုံး တွင် အမတ်ကြီးမှာ ကွပ်မျက်ရန် အမိန့်ချမှတ်ခြင်းခံရလေ၏။

ဒါဌာသေနအမတ်ကြီးသည် - ယာဉ်ကိုစီးနင်း၍ အခြွေအရံများနှင့်အတူ တိဿဝါပိရေကန်သို့ထွက်အလာ နေပြည်တော်တောင်ဘက်သို့အရောက် ကြိုတင် စီစဉ်ထားကြသော ဘုရင့်တပ်များသည် သုံးစုခဲ့ကာ ချုံခိုတိုက်ရန် အသင့်စောင့် လင့်နေကြ၏။ ဆင်ရိုင်းကြီးတကောင်ကို အရက်များတိုက်၍ အမတ်ကြီးထံဦးစွာ လွှတ်လိုက်ကြရာ အမတ်ကြီး၏ အခြွေအရံနှင့် ကိုယ်ရံတော်တပ်များ ထွက်ပြေး ကြရသည်။
ထိုအခါမှ အမိန့်တော်အရ မိမိအားကွပ်မျက်ရန်စီစဉ်ကြောင်း သိရ လေ၏။

ဒါဌာသေနလည်း ယာဉ်ပေါ်မှ ချက်ချင်းဆင်းကာ မုန်ယိုသော ဆင် ရိုင်းကြီးရွှေသို့ ကြံ့ကြံ့သွား၍ ရုပ်ပြလိုက်၏။ မည်သို့မျှ မလုပ်ရပဲ ဆင်ကြီးမှာ အော်ဟစ်မြည်တမ်းလျက် တိမ်းရှောင် ထွက်ပြေးသွား၏။ အမတ်ကြီးလည်း “ဒါဌာသေနက္ခ”ဟု ဟိန်းဟောက်လျက် ဆင်ရိုင်းကြီးနောက်သို့ ဒုန်းစိုင်းလိုက် ပြေးကာ ဆင်ကြီးရွှေ့ကကို၍ရပ်ပြီး အစွယ်နှစ်ချောင်းကိုလက်နှင့် တဘက်တချက် ကိုင်၍ ဦးစောက်ပြောင်းပြန် ဝှေ့ယမ်း နုတ်ချိုးပစ်လိုက်၏။ ပြီးလျှင် ဆင်

..

## PAGE 607
<!-- 11 paragraphs, raw extraction -->




နှာမောင်းကို ကိုင်လျက် ဆင်ဦးကင်းကို သိသိညက်ညက်ကြေအောင် ရိုက်သတ် လိုက်လေ၏။

ဆင်ကြီးမှာ ထိုနေရာ၌ပင် ဟစ်အော်မြည်တမ်းယင်း သေရရှာလေ၏။
ဘုရင့်တပ်မတာ်သားများလည်း ထိုအဖြစ်အပျက်ကို မြင်တွေ့ကြရလျှင် အသီး အသီးချုံကွယ်မှ ထွက်ပြေးကြလေ၏။

ဇမ္ဗူဒိပ်သို့ ထွက်ပြေးခြင်း

အမတ်ကြီးသည် စစ်မြေပြင်၌ ပြိုင်ဘက်မရှိ၊ အဖော်မရှိပဲ တဦးတည်း ရပ်လျက် မိမိခွေရေးအတွက် အမြန်ဆုံးစဉ်းစားကာ ဆုံးဖြတ်ချက်တခု ချမှတ် နေလေ၏။

“ငါသည် နန်းစည်းစိမ်ကို ယူသော် ရနိုင်ပေ၏။ သို့သော် မင်းကြီးကား ငါ၏ကျေးဇူးရှင်ဖြစ်သည်။ ကာယဗလအားကိုးဖြင့် ကျေးဇူးရှင်ကို ငါမပြစ်မှား ထိုက်။ မင်းကြီးကား ငါမြတ်နိုးသော သာသနာတော်ကို ကြည်ညိုသူလဲ ဖြစ် ပေသည်။ လောဘ, ဒေါသကို သည်းခံအောင်မြင်နိုင်မှ တကယ့် သူရဲကောင်း ဖြစ်မည်။ ထာဝရချမ်းသာ ဘေးကင်းမည်။ငါသည် လောဘ,ဒေါသကို အောင် နိုင်သူဖြစ်အောင် လုပ်တော့မည်။”

အမတ်ကြီးသည် မည်သူ ့အားမျှ မပြောဆို မမှာကြားတော့ပဲ ထိုနေရာမှ တကိုယ်တည်း ထွက်ခွာ၍ မင်္ဂလရာသို့ရောက်လေ၏။ ထိုမှတဆင့် သမုဒ္ဒရာအနီး ဇလ္လိကမည်သော တံငါရွာသို့ ရောက်သွားသည်။ ထိုရွာ၌ မဟာဗလ္လိကမည်သော တံငါသည်၏သားသည် အားခွန်ဗလနှင့်ပြည့်စုံသူဖြစ်၍သမုဒ္ဒရာကမ်းခြေမှ သဲများ ရေများကို ပိန်းကောလှေဖြင့်တိုက်ကာ သင်္ဃမိတ္တာ မဟာဗောဓိရင်ပြင်၌ တဦး တည်း သဲရေများ လှူနေသည်ကိုတွေ့ရသဖြင့် တံငါသည်က အမတ်ကြီးအား ၎င်းအိမ်သို့ခေါ်သွားသည်။

အမတ်ကြီးသည် မဟာဗလ္လိကအိမ်၌နေစဉ် ဟောဗလ္လိကက သူရဲကောင်း ကြီးမှန်းသိ၍ အားအစွမ်းကိုမြင်လိုသဖြင့် ပြောင်းဆန်ခုနစ်ကွမ်းစားကိုချက်စေ၍ သီးသီးထောင်းနှင့်နယ်ကာ ခုနစ်ဆုပ်ဆုပ်စေ၏။အမတ်ကြီးသည် မိမိစားမည်ပြုစဉ် မစားနိုင်အောင်လည်မျိုကို လက်နှစ်ဘက်ဖြင့် မဟာဗလ္လိကအား အားကုန်ဖျစ် ညှစ်၍ အသတ်ခိုင်းလေ၏။

အမတ်ကြီး ထမင်းတဆုပ်ကို စားမည်ပြုစဉ် လက်ဖြင့် ဖျစ်ညှစ်သော မဟာဇလ္လိကသည် လက်မြဲအောင်မကိုင်နိုင်ပဲ အဝေးသို့ လွှင့်စဉ် ကျသွားသည်။
သုံးကြိမ်တိုင်တိုင် ဖျစ်ညှစ်သော်လည်းမရ၊ ပို၍ဝေးရာသို့ လွှင့်စဉ်၍လဲကျလေ၏။

## PAGE 608
<!-- 12 paragraphs, raw extraction -->



၅ ၆ ၅

နောက်ဆုံး အမတ်ကြီးသည် မဟာဗလ္လိကထံမှ ပိန်းကောလှေတစင်းကို တောင်း ကာ သမုဒ္ဒရာကိုဖြတ်၍ နာဂဒီပကျွန်းသို့ သွားရန်စီစဉ်လေ၏။

လှေရလျှင် လှေပေါ်၌ခြေတဘက်နင်း၍ ခြေတဘက်ဖြင့် ဆိပ်ကမ်းခြေကို တချက်မျှဆောင့်ကန်လိုက်ရာ လှေသည်ရွက်တိုက်သကဲ့သို့ (၁၂-ယူဇနာခန့်ဝေး သော) နာဂဒီပကျွန်းသို့ တရှိန်တည်း ဆိုက်ရောက်သွားလေ၏။

နာဂဒီပကျွန်းသို့ရောက်လျှင် ပုဆိုးနှင့် ဆံပင်များကို မြဲမြံအောင် ဖွဲ့ချည် ထုံးနှောင်၍ ၅၅-ယူဇနာအပြောကျယ်သော သမုဒ္ဒရာကြီးကို လက်ပစ်ကူးသွား ရာစောဠတိုင်း ကာဝီရပဋနသင်္ဘောဆိပ်သို့ ရောက်ရှိသွားလေ၏။လူအများတအံ့ တဩ ချီးကျူးပြောဆိုနေကြသည်ကိုပင် ဂရုမမူပဲ…

“မိတ်ဆွေတို့…၊ ဘုရားရှင့်သားတော် အရိယာသံဃာတော် အရှင်မြတ် များ အဘယ်အရပ်မှာ သီတင်းသုံးတော်မူနေကြပါသလဲ”ဟု မိမိသိလိုသော ကိစ္စ ကိုသာ မေးမြန်းလေတော့သည်။

ကာဝီရဆိပ်ကမ်း မြို့သူမြို့သားများသည် အမတ်ကြီးအား ၁ ၂-ယူဇနာ ဝေးသော တက္ကသိုလ်မြို့၌ (ယခုအခါ အနောက်ပါကစ္စတန်၌ရှိသည်။) ရဟန္တာ အရှင်မြတ်များ သီတင်းသုံးတော်မူနေကြောင်း ပြောကြားလျှင် ခရီးဆက်၍သွား လေ၏။ ၁၂-ယူဇနာခရီးကို ကုန်းကြောင်းသွားရာ မကြာမတင် ရောက်ရှိသွား သည်။

ခက်ခဲစွာ. တရားရှာခြင်း

တက္ကသိုလ်မြို့သူမြို့သားများသည် တောတောင် လျှိုမြောင် အထပ်ထပ် ဖြတ်ကျော်သွားရသော သားမျိုး ငှက်မျိုးစုံလင်၍ ဥမင်လိုဏ်ကျောင်း များဖြင့် ခမ်းနားဆိတ်ငြိမ်လှသည့် အနိဝတ္တန (အနိဝတ္တိယ အဝဇ္ဇနိယ) တောင်ပေါ် တောကျောင်းကြီးရှိရာ (ဝိဉ္စာ)တောင်တန်းကြီးကို ပြညွှန်ကြလေသည်။
အမတ်ကြီးသည် အနိဝတ္တန တောင်ပေါ် တောကျောင်းကြီးသို့ရောက်လျှင် မဟာဝရုဏ်မည်သော ရဟန္တာအရှင်မြတ်ကြီးထံ သွားရောက်ဝတ်ပြု၏။

"

“အို ဒကာ….၊ အဘယ်အကျိုးငှာ ဤအရပ်သို့လာသနည်း”ဟု မေးတော် မူလျှင် အကြောင်းစုံလျှောက်ထားကာ ရဟန်းပြုခွင့် လျှောက်တောင်းခံလေ၏။
ရဟန်းပြုပေးပြီးနောက် ကမ္မဋ္ဌာန်းတရား ရှုပွားရန်လည်း ပြညွှန်ပေးတော်မူသေး ၏။ ဒါဌာသေနမထေရ်သည် ကမ္မဋ္ဌာန်းတရား ရှုပွားနေရသော်လည်း သမာဓိ မဂ္ဂ ဝိက်င္ဆာ ဖြစ်ပွားနေသဖြင့် နှစ်ရက်ခန့်ရှိလျှင်-

## PAGE 609
<!-- 16 paragraphs, raw extraction -->


*


"


“ဆရာတော်ဘုရား…၊ တပည့်တော်ကမ္မဋ္ဌာန်းတရားကို ကြိုးစားရှုပွားပါ သော်လည်း သမာဓိမရနိုင်အောင် ရှိနေပါသည်။ အခြားသင့်လျော်ရာဌာနရှိလျှင် ပြညွှန်ပေးတော်မူပါဘုရား”ဟု လျှောက်ထားလေ၏။ မဟာဝရုဏ မထေရ်ကြီး လည်း အဘိညာဉ်ဖြင့် ဆင်ခြင်သုံးသပ်တော်မူရာ တရားအားထုတ်သောပုဂ္ဂိုလ်များ များပြားလှသောကြောင့် ရှုပွား၍မရကြောင်းမြင်တော်မူလျှင် အခြားသပ္ပာယ ဖြစ်မည့် နေရာတခုကိုလည်း ရှုဆင်ခြင်တော်မူလေ၏။

"

“ငါ့ရှင် ဒါဌာသေန…၊ ဤအရပ်မှ ယူဇနာခြောက်ဆယ်ဝေးကွာသော အရပ်၌ လူသူမရောက် မြင့်စောက်လှသော တောင်ထိပ်ပေါ်မှာ သိကြားမင်း ဖန်ဆင်းဆောက်လှူထားတဲ့ ဝေရမ္ဘကျောင်းဆိုတာ ရှိလေရဲ့။ အဲဒီကျောင်းမှာ မထေရ်အိုကြီးတပါး၊ သာမဏေငယ် တပည့်တဦးနှင့်သာ သီတင်းသုံး နေတော် မူတယ်။ အဲဒီ ဝေရမ္ဘကျောင်းမှာ ချမ်းသာစွာနဲ့ မိမိ၏ ထောက်တည်ရာရအောင် ကြိုးစားပါလေ”ဟု မိန့်မှာ စေလွှတ်တော်မူ၏။

ဒါဌာသေနမထေရ်သည် သပိတ်သင်္ကန်းကိုယူ၍ ဆရာမထေရ်ကြီး ညွှန်ပြ သည့်အတိုင်း သွားလေရာ ဝေရမ္ဘတောင်ပေါ်ကျောင်းရှိရာ တောင်သို့ရောက်လျှင် တောင်ခြေမှနေ၍ မော့လျက်သာ ကြည့်မျှော်နေလေ၏။ လူသာမန်တို့ တက်၍ ရနိုင်သောတောင် မဟုတ်ချေ။ ချီတုံချတုံဖြင့် တောင်ခြေ၌သာ ရပ်လျက် နေရ

လေ၏။

·

မကြာမီ သာမဏေတပါး မိမိအနီးသို့ ရောက်လာမှ စိတ်သက်သာရာ ရသွားတော့၏။ ဆရာမထေရ်ကြီး၏အမိန့်အရ တန်ခိုး အဘိညာဉ်ဖြင့် တောင် ပေါ်သို့ ပင့်ခေါ်ရန် သာမဏေငယ်ရောက်လာခြင်း ဖြစ်လေသည်။ ကာယဗလ စွမ်းရည်အားကိုးဖြင့် အောင်ပွဲအမျိုးမျိုးရခဲ့သော သူရဲကောင်းကြီးများ အစွမ်း တုံးရသော ဒေသ၊ တန်ခိုးရှင်ရဟန်းတော်များသာ သီတင်းသုံးရာဌာန ဖြစ်နေ ပေတော့သည်။

ထိုကျောင်း၌လည်း တရက်နှစ်ရက်မျှသာနေနိုင်၍ သမာဓိမရ၊ ဝိတက်တွေ

သာ ဖြစ်ပွားနေသဖြင့် အခြား သင့်လျော်ရာဌာနတခုကို ညွှန်ကြားပေးပါရန် တောင်းခံရပြန်လေ၏။

"

“ကောင်းပြီ ငါ့ရှင်…၊ ဒီကနေ မြောက်ဘက် ၁၅-ယူဇနာ အရပ်မှာ လောဟကူဋ(ကြေးနီတောင်)ရှိလေရဲ့၊ အဲဒီကြေးနီတောင်ထိပ်မှာ ရတနာမျိုးစုံ စီခြယ်ပြီး အလွန်မွေ့ လျော်ဖွယ်ကောင်းတဲ့ ကျောင်းကန်မဏ္ဍပ် ဇရပ်တန်ဆောင်း တွေရှိတယ်။ သိကြားမင်းကောင်းမှုတော်တွေချည်းပဲ။ အဲဒီမှာ အရှင်မြတ်များ သီတင်းသုံးတော်မူနေကြတယ်။ လူသာမာန်တို့ရောက်နိုင်ဖို့တော့ မလှယ်လှပေဘူး။
ဒါပေမယ့် တခုတော့ရှိတယ်။ တောင်နံရံမှာ ပေါက်ရောက်နေတဲ့ ညောင်ပင်ကြီး ဟာ လေအဟုန်နဲ့ အောက်ဘက်ကို ယိမ်းညွတ်လာတဲ့အခါများမှာ ညောင်ကိုင်းကို

## PAGE 61
<!-- 10 paragraphs, raw extraction -->




မင်းကြီးလည်း အယူဝါဒ ရေးရာ၌ ကောင်းစွာဆင်ခြင် သုံးသပ်နိုင်လာ သဖြင့် ခုနစ်ရက်ရှိလျှင် အသောကာရာမကျောင်းတော်ကြီး၌ ရဟန်းတော်များ အားလုံး ဝါဒတူရာတူရာ သူ့ အုပ်စုနှင့်သူ ကြွလာ စည်းဝေးစေတော်မူပြီးလျှင်– “မြတ်စွာဘုရားရှင် အဘယ်အယူ ရှိတော်မူပါသနည်း၊ ဗုဒ္ဓဝါဒကို ရှင်း ပြတော်မူပါ”ဟု ကိုယ်တော်တိုင် လျှောက်ထားစစ်ဆေးလေတော့၏။ “သဿတ အယူရှိပါသည်” စသည် ဖြေဆိုသော ရဟန်းယောင် တိတ္ထိ ၆-သောင်းတို့အား ချက်ချင်းပင် သင်္ကန်းချွတ်၍ လူဝတ်လဲစေကာ သာသနာသန့်ရှင်းရေးကို ကိုယ် တော်တိုင် ပြုလုပ်တော် မူလေ၏။

ထိုအခါမှစ၍ သံဃာတော် ၆-သန်းတို့လည်း ကောင်းမွန် သန့်ရှင်းစွာ ဥပုသ်ပဝါရဏာ ပြုတော်မူကြရလေသည်။

သံဂါယနာတင် နယ်သစ်ထွင် အောင်မြင်အဆင့်ဆင့်

အရှင်မောဂ္ဂလိပုတ္တတိဿ သံဃမထေရ်ကြီးသည် ရဟန်း သံဃာတော်တို့ အလယ်၌ ဗုဒ္ဓဝါဒ ပိဋကတော်အတွင်းသို့ ဆင်တူယိုးမှား ချွတ်ယွင်း ရောနှော လာသော အယူဝါဒများကို ဖြေရှင်းကာ “ကထာဝတ္ထု ပါဠိတော်' ကို ဟော ကြားတော်မူရ၏။

ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည၊ တေဝိဇ္ဇ၊ တိပိဋကဓရ ဖြစ်တော်မူကြသော ရဟန္တာ အရှင်မြတ်တထောင်ကို ရွေးကောက်တော်မူကာ အရှင်မဟာကဿပ၊
အရှင်မဟာယသ မထေရ်ကြီးများနည်းတူ သာသနာတော်နှစ် ၂၃၅-ခုနှစ်၊ နယုန် လမှစ၍ အသောကာရာမ ကျောင်းတော်ကြီး၌ ကိုးလတိုင်တိုင် တတိယအကြိမ် မြောက် သံဂါယနာ တင်တော်မူကြလေသည်။ (အရှင် မောဂ္ဂလိပုတ္တတိဿ အကြောင်း အသိများ၍ မပြတော့ပြီ။)

ထိုနှစ် တပို့တွဲလတွင် မြတ်စွာဘုရားရှင်၏ အဆုံးအမတော်ဖြစ်သော ပိဋကသုံးပုံသည် အလုံးစုံစင်ကြယ်သန့်ရှင်း၍ သံဂါယနာတင်ခြင်းကိစ္စ ပြီးမြောက် အောင်မြင်လေ၏။

သံဂါယနာတင်၍ မပြီးမီ၊ တင်ဆဲကာလ တန်ဆောင်မုန်းလမှစ၍ ထေရ ဝါဒ ဗုဒ္ဓသာသနာတော် အရှည်တည်တံ ့ရန် ရှုမျှော်ဆင်ခြင်၍ ပရိယတ် ပဋိပတ် ပြည့်စုံသော ရဟန္တာ အရှင်မြတ်တို့အား တဖွဲ့ တဖွဲ ့လျှင် ၅-ပါးစီ ဖွဲ့စည်းကာ ကိုးတိုင်း ကိုးဌာန(ဣန္ဒိယ ၇-ဌာန၊ သီဟိုဠ် မြန်မာ ၂-ဌာန) သို့ သာသနာပြု နယ် မြေသစ်ဖွင့်ရန် စီမံ စေလွှတ်တော်မူကြလေသည်။ (မြေပုံ၌ ကြည့်ပါ။ ရှင်မဟိန္ဒ နှင့်အဖွဲ့ ကား ၂၃၆-ခုနှစ်၊ နယုန်လမှ ကြွသည်။)

## PAGE 62
<!-- 19 paragraphs, raw extraction -->



၁။ မဇ္ဈန္တိကထေရ်နှင့် ၄-ပါး

၂။ မဟာဒေဝထေရ်


ကသ္မီရဂန္ဓာရ (ယခုကက်သျှမီးနှင့် အာဖဂန် နစ္စတန်နယ်များ) သို့၊
မဟိံသကတိုင်း(မိုက်ဆိုးနှင့်ကနာရ နယ်များ) သို့၊

၃။ ရက္ခိတထေရ်

ဝနဝါသီတိုင်း (ကန္န၊ တမီးလ်၊
တေလဂူနှင့် မလဘာနယ်များ) သို့၊

၄။

ယောနက ဓမ္မရက္ခိတထေရ်

ကြည့်ပါ။

။

အပရန္တကတိုင်း (အနောက် ပိုင်းဆင်း၊ ဘလူးချိစတန်နှင့် ဆော်ရပ်ရှိတရာနယ်များ) သို့၊

၅။ မဟာဓမ္မရက္ခိတထေရ် ။ မဟာရဋ္ဌ(မဟာရပ်ရှ်တရာနယ်များ)သို့ ၆။ မဟာရက္ခိတထေရ် ။ ယောနကတိုင်း (ဂရိ၊ ဥရောပ၊

ဆီး

ရှီးယား၊ အီဂျစ်နယ်များ) သို့၊
၇။ မဇ္ဈိမထေရ် ။ ဟိမ၀န္တာအရပ် (နီပေါလ်၊ တိဗက်၊ ဘူတန်၊
ဆစ်ကင်း စသောပြည်များ) သို့၊

ဂ။ သောဏထေရ်၊ ဥတ္တရထေရ် ။ သုဝဏ္ဏဘူမိ (သထုံ)သို့၊
၉။ သားတော်မဟာမဟိန္ဒထေရ် ။ တမ္ဗပဏ္ဏိ(သီဟိုဠ်)ကျွန်းသို့။. မှတ်ချက်၊ သုဝဏ္ဏဘူမိနှင့်စပ်သော မှတ်သားဖွယ်ကို နိဒါန်းအခန်း ၆-၌

သာသနာတော် နယ်သစ်ပယ်သစ် ဖွင့်လှစ်ရာ၌ မည်မျှ အောင်မြင်မှုရသည် ကို ပြောပြ၍ပင် မကုန်နိုင်ပါချေ။

သာသနာပြုများ အသီးအသီး စေလွှတ်ပြီးနောက် နှစ်ပေါင်း ၁၃ ၇-နှစ် အကြာ ဒုဋ္ဌဂါမဏိမင်းကြီး.. မဟာစေတီ ပန္နက်ချပွဲ ကျင်းပရာသို့ သံဃာတော် ပေါင်း ၉၆-ကုဋေတို့ ကောင်းကင်မှ ကြွလာတော်မူကြရာ သထုံပြည်၊ ကေလာသ ကျောင်းတိုက်ကြီးမှပင် ၉-ကျောင်း ၆-ထောင် ပါဝင်လေသည်။ အခြား ဌာန များမှလည်း သိန်းသောင်းချီ၍ ကြွလာတော်မူကြောင်း မဟာဝံသ(၂၉-အခန်း) ၌ ပြဆိုသည်ကို ကြည့်ရုံမျှဖြင့် မည်မျှအောင်မြင်မှုရကြောင်း သိသာလှပေသည်။
တဖန် သာသနာပြုစေလွှတ်ပြီးနောက် နှစ်ပေါင်း ၂၆၀-ကျော်(သာသနာ ၅၀၀)က ပေါ်ထွန်းခဲ့သော သာဂလနေပြည်တော် (ယခု အနောက်ပါကစ္စတန်၊
ဆီးယားလ်က္ခတ်မြို့- Sialkol) ကမ္ဘာကျော် ပိဋကပညာရှင် ဂရိနွယ်ဝင်ဖြစ် သော မိလိန္ဒမင်းကြီးမှာ ပန္တိကထေရ်ဦးစီး၍ သာသနာပြုရာ ယောနကနယ်စပ် ကသ္မီရဂန္ဓာရ နယ်မြေသစ်မှ ဖြစ်ထွန်းပွင့်ပေါ်ခဲ့သော ပုဂ္ဂိုလ်ထူးကြီးပင် မဟုတ် ပါလော။

## PAGE 63
<!-- 13 paragraphs, raw extraction -->



၁၉ :

ထိုမှတပါး မင်းတရားကြီး၏ သားတော် သမီးတော် မြေးတော်တို့အား အခြားဌာနများသို့ မစေလွှတ်ပဲ သီဟိုဠ်ကျွန်းသို့ စေလွှတ်တော်မူသည်မှာလည်း သံယောဗဉ်နှင့် အဂတိလိုက်၍ စီစဉ်ခြင်းမဟုတ်။ အနာဂတ် သာသနာအတွက် လူသာမန်တို့ မတွက်ဆနိုင်သော အခြေအနေ အရပ်ရပ်ကို မြင်တော်မူကြသော ကြောင့်သာ ဖြစ်ပေသည်။

စင်စစ် သီဟိုဠ်သာသနာနှင့် ရှင်မဟာမဟိန္ဒ(ဟူသော ဝေါဟာရတွဲလုံး) သည် ဘုရားရှင် ကြိုတင်ချမှတ်တော်မူခဲ့သော ဗျာဒိတ်တော်အရ တာဝန်နှင့်လာ သော သာသန အာဇာနည်ကြီးပေတည်း။

ကိုးတိုင်းကိုးဌာန ဖြည့်စွက် ယူ ဆ ဖွယ်

အဋ္ဌကထာ သံဂီတိနိဒါန်းနှင့် ဒီပဝံသ၊ မဟာဝံသကျမ်းများ အဆို အမိန့် အရ အသောကမင်းကြီး၏ သာသနာပြုစေလွှတ်ရာ၊ တနည်းအားဖြင့် မေတ္တာ အာဏာစက် ပျံ့နှံ့ရာဒေသကို ဣန္ဒိယ, သီဟိုဠ်နှင့် မြန်မာနိုင်ငံတို့ လောက်သာ ရှိသည်ဟု သာမန်အားဖြင့် ယူဆရ၏။

သို့ရာတွင် အသောကမင်းကြီးကိုယ်တော်တိုင် ရေးထိုးစေခဲ့သော ကျောက် စာတော် အမှတ် ၂၊ ၅၊ ၁၃-တို့ အရ ဣန္ဒိယ (မဇ္ဈိမဒေသ)မှ ယူဇနာ ခြောက်ရာ (မိုင်ပေါင်း-၄၈ဝဝ) ဝေးကွာသော “အာရှတိုက် အနောက်ဘက် တိုင်းနိုင်ငံ အချို့နှင့် ဆီရီယားပြည်၊ ဥရောပတိုက် အရှေ့ဘက် နိုင်ငံအချို ့နှင့် မက်စီဒိုနီယား ပြည်၊ ဣပရပ်ပြည်၊ အာဖရိကတိုက် မြောက်ပိုင်း တိုင်းနိုင်ငံအချို့ နှင့် အီဂျစ်ပြည်၊
ဆီရီနီးပြည်များလည်း ပါဝင်၍’

၁။ ဆီရီယားပြည်’အန္တိကမင်း၊
၂။ အီဂျစ်ပြည်’တုလမယ်ဖိလဒီပမင်း၊
၃။ ဆီရီနီးပြည်’မဂါမင်း၊

၄။ မက်စီဒိုနီယားပြည်’အန္တိကမင်း၊

၅။ ဣပရပ်ပြည်’အလိကသုဒရမင်းစသော ဂရိတ်မင်းလေးဦးပိုင် တိုင်း နိုင်ငံများသို့ပါ မေတ္တာအာဏာစက် သက်ရောက်၍ သာသနာပြုစေလွှတ်ကြောင်း တွေ့မြင်ရလေသည်။

ကျောက်စာတော်များရေးထိုးပြီးနောက် အစောဆုံး နှစ်ပေါင်း၆၀၀

ရှိမှ ရေးသော အဋ္ဌကထာနှင့် ဝံသကျမ်းများခေတ်တွင် ထိုနိုင်ငံများသည် အမည် နာမ ပြောင်းလဲနေခြင်း၊ တိုင်းနိုင်ငံဒေသ သတ်မှတ်ဖွဲ့စည်းပုံ မတည်ငြိမ်ခြင်း စသော အကြောင်းများလည်းရှိနိုင်ပေသည်။ ကိုးတိုင်းကိုးဌာန အမည်များတွင်

## PAGE 610
<!-- 15 paragraphs, raw extraction -->



၅ ၆ ၇

ဆွဲပြီးတက်သွားလျှင် ရောက်နိုင်လောက်ပေတယ်။ စွမ်းနိုင်လျှင်လဲ ကြွပေတော့ ငါ့ရှင်။”

.

ဒါဌာသေန မထေရ်လည်း မထေရ်ကြီး နည်းပေး လမ်းညွှန်သည့်အတိုင်း ကြေးနီတောင်ပေါ်သို့ ခြေဖြင့်တက်လို့ရနိုင်သလောက် တက်ပြီး တောင်ထိပ်ပေါ် သို့ ရောက်နိုင်ရန် လေအဟုန်ဖြင့် ဝှေ ့ယမ်းညွတ်ကိုင်းလာသော ညောင်ပင်ကြီးကို မှီကပ်၍ တက်သွားရသည်။

တောင်ထိပ်ပေါ်သို့ရောက်လျှင် ရတနာမျိုးစုံတို့ဖြင့် ဖိတ်ဖိတ်တောက်နေ သော အဆောက်အအုံများကိုကြည့်လျက် မကြုံစဖူးအထူးအံ့ဩကာ မယုံကြည် နိုင်လောက်အောင် တွေ့မြင်ရလေ၏။ ရောက်လျှင်ရောက်ချင်းငြိမ်းချမ်း နူးညံ့ လှသော နေရာတခု၌ တင်ပျဉ်ခွေထိုင်လျက်…

."

“ငါ၏စိတ်သည် ကိလေသာ အာသဝေါတရားတို့က မလွတ်မြောက်သမျှ ကာလပတ်လုံး ဒီတင်ပျဉ်ခွေကို မဖျက်တော့ဘူး”ဟု အပြီးအပြတ် သန္နိဋ္ဌာန်ချ ကာ ကမ္မဋ္ဌာန်းတရားရှုပွားလေရာ တရက် နှစ်ရက်သုံးရက် ကြာသော်လည်း မည်သို့မျှ အကြောင်းထူးမလာချေ။ တလည်းမထ၊ ဆွမ်းအာဟာရလည်း မသုံး ဆောင်တော့ပေ။

လေးရက်မြောက်သောနေ့တွင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်တော်မူရာ ထိုကြေးနီတောင် ပတ်ဝန်းကျင်ရှိ နဂါး, နတ်, ဂန္ဓဗ္ဗများအားလုံး က် ကောင်းချီးသြဘာ သာဓုခေသံများပဲ ့တင်ထပ် သွားလေတော့၏။

ကိုယ်တိုင်ဟော ထေရုပ္ပ တ္တိ

ဒါဌာသေနမထေရ်သည် ကြေးနီတောင်မြေ၌ ငုပ်လျှိုးကာ အနိဝတ္တန တောကျောင်း ဥပဇ္ဈာယ်ဆရာ မဟာဝရုဏမထေရ်ကြီးခြေရင်း၌ ထွက်ပေါ်လျက် ရိုသေစွာရှိခိုး၍ အကျိုးအကြောင်းလျှောက်ထားလေ၏။ ပြီးလျှင် ရွှေဟင်္သာမင်း ကဲ့သို့ ထိုနေရာမှပင် ကောင်းကင်သို့ပျံတက်ကာ ကြေးနီတောင်ကြီး တောခေါင်း ထဲ၌ နှစ်ပေါင်းများစွာ ကိန်းအောင်း စံနေတေ ၏။

ကာလကြာလတ်သော် မိမိ၏အသက်အပိုင်းအခြားကို ဆင်ခြင်တော်မူ၍ ကြေးနီတောင်ထိပ်ပေါ်သို့ တက်ကြွတော်မူ၏။

"

“ရဟန္တာ အရှင်မြတ်များဘုရား…၊ တပည့်တော်အား ချီးမြှောက်သော အားဖြင့် ဤကြေးနီတောင်ထိပ်သို့ စုဝေး ကြွရောက်တော် မူလှည့်ကြပါကုန် ဘုရား”ဟု မတ်တတ်ရပ်လျက် ပင့်လျှောက်ကြွေးကြော်လိုက်ရာ ရဟန္တာ အရှင်

## PAGE 611
<!-- 12 paragraphs, raw extraction -->




မြတ် သုံးသောင်းတို့သည် ဒိဗ္ဗသောတနတ်နားဖြင့် ကြားတော်မူကြသဖြင့် ကြွရောက်တော်မူလာကြလေသည်။
ရဟန္တာအရှင်မြတ်သုံးသောင်းတို့ ကြွရောက်လာတော်မူလျှင် ဒါဌာသေန *ထေရ်သည် ရိုသေစွာရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေလျက်- “အရှင်မြတ်တို့ဘုရား…၊ မြတ်စွာဘုရားရှင် အဆုံးမတော် သာသနာသည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက် ကျွတ်လွတ်ရာ အမှန်ပင် ဖြစ်ပါတော့သည်

ဘုရား။

"

“ဘုရားတပည့်တော်သည် ကဿပ မြတ်စွာဘုရားရှင် သာသနာတော်၌ တရားတော်ကို နာယူရပါသဖြင့် သဒ္ဓာ ကြည်ညိုကာ အနှစ် နှစ်သောင်း ကာလ ပတ်လုံး နွားနို့ စာရေးတံဆွမ်းနှင့်တကွ ကျောင်း၊သင်္ကန်း၊ ဆွမ်း၊ ဆေးတို့ကိုလှူခဲ့ ရပါသည်။ ထိုကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကိုသာ ရရှိခံစားလျက် ယခု နောက်ဆုံးဘဝ၌ကား အသင်္ခတဓာတ် အမြတ်ဆုံးသောနိဗ္ဗာန်ချမ်းသာကြီးကို မျက်မှောက်ပြုရပါတော့သည် ဘုရား” ဟု လျှောက်ထားယင်းက ထိုကြေး တောင်ကြီးအပေါ် ရဟန္တာအရှင်မြတ်သုံးသောင်းတို့၏ ရှေ့၌ပင် ပရိနိဗ္ဗာန်စံတော် မူလေ၏။

သီဟိုဠ် ရှင်သီဝလိ ခေါ်ဆိုလောက်သော စူဠနာဂထေရ်

[သဟဿ-၅၂၊ မဓုရ-၃၅ဝတ္ထု။]

သီဟိုဠ်ကျွန်း အနုရာဓနေပြည်တော်ရှိ ထူပါရုံစေတီတော်ကြီးသည် ဂေါ တမ ဘုရားရှင်၏ ညှပ်ရိုးတော်နှင့်တကွ ဘုရားလေးဆူတို့၏ မွေတော်, ဓာတ် တော်များနှင့် ပရိဘောဂ(အသုံးအဆောင်များ)ကို ဌပနာ၍ ဒေဝါနံ ပိယတိဿ မင်းကြီး တည်ထားသော စေတီတော်ကြီး ဖြစ်၏။

ဘုရားလေးဆူစလုံး တပြိုင်နက် ပူဇော်ခွင့်ပေးသော စေတီတော်ကြီး ဖြစ်သည်။

ထိုစေတီတော်ကြီးအနီး၌ ရဟန်းတော်ပေါင်းများစွာတို့ သီတင်းသုံးရာ ထူပါရုံ ကျောင်းတိုက်ကြီးလည်း ရှိသည်။ ပုလဲရောင် သဲများကို ကျောင်း တိုက်ကြီး တဝင်းလုံး ညီညာစ္စာ ခင်းထားရာ သာယာလှပေ၏။ ပင်လုံးကျွတ် ပွင့်ရာမှ ကြွေကျလာသော ချီရား, စကားပွင့်များနှင့် ညီညာသော သဲပြင်ကြီးမှာ ပနံ ရလှပေသည်။ ဂူကျောင်း, ပြာသာဒ်, မဏ္ဍပ်, ပရိဝုဏ်များမှာ သံဃာတော် တို့၏ ဂုဏ်နှင့် လိုက်ဖက်လှပေတော့သည်။

## PAGE 612
<!-- 10 paragraphs, raw extraction -->



အလှူခံသူမှာ ခွေးငတ်မကဇလး

၅ ၆ ၉

ထိုထူပါရုံ ကျောင်းတိုက်ကြီး အတွင်းရှိ ဘုရင့်သန်လျက်စွဲတော် အမတ် ကြီး (အသိဂ္ဂါဟက) ဆောက်လှူသော ကျောင်းတဆောင်လည်း ရှိလေရာ ထို ကျောင်း၌ စူဠနာဂမည်သော မထေရ် သီတင်းသုံးတော်မူ၏။ မထေရ်သည် အနု ရာဓ နေပြည်တော်၌ လရေးသဖွယ် ကွေးညွတ်လျက်ရှိသော စန္ဒဝက်လမ်းမတော် ကြီးတလျှောက် ဆွမ်းခံ ကြွတော်မူလေ့ရှိသည်။

မထေရ်သည် ဆွမ်းခံ ဆွမ်းစားပြီး ကျောင်းသို့ ပြန်အလာ ကျောင်းရှေ့၌ ခေတ္တ ထိုင်၍ နားနေယင်း သပိတ်ကို နေရောင်ပြ၍ သုတ်သင်နေစဉ် တောင် မြောက်လေးပါး ပြေးလွှား ရှာဖွေသော်လည်း အစာရေစာမရ၊ ပိန်ချုံးငတ်မှုတ် လှသော ခွေးသားသည်မ တကောင်သည် အစာရလိုရငြား မထေရ်အနားသို့ လာ၍ မျှော်ငံ ကြည့်ရှုနေရှာ၏။ မထေရ်သည် တုန်တုန်ခိုက်ခိုက်ဖြင့် လျှာရည် ကျကာ ငတ်မွတ်ချည့်နဲ့သော ခွေးမအားကြည့်ကာ လွန်စွာ သနားမိလေ၏။
ဆွမ်းကိစ္စ ပြီးခဲ့ပြီဖြစ်၍ ကျွေးစရာလည်းမရှိ ဖြစ်လေသည်။

°

ထိုအခိုက် ခွေးငတ်မကို မြင်ရသည်မှာ စိတ်မချမ်းသာ လှသဖြင့် သမံ တလင်း တနေရာ၌ အမှိုက်သရိုက် သဲဖုန်များ ရှင်းလင်းရာ ခွေးငတ်မလည်း သူ ့အား အစာကျွေးတော့မည်ဟု ယူဆ၍ မထေရ်အနီးသို့ ကတုန်ကယင် ချဉ်း ကပ်လာလေ၏။ မထေရ်လည်း ပါးစပ်ထဲသို့ လက်ညှိုးထည့်၍ စားပြီးစ အစာ များကို အန်ချ၍ ကျွေးလှူတော်မူရလေသည်။ ခွေးငတ်မလည်း ဝမ်းသာ အားရ တရှိန်တည်း စားလိုက်ရာ ချက်ချင်း ကုန်သွား၏။ အတန်ငယ် ဆာလောင် မွတ် သိပ်မှု ပြေပျောက်ဟန် ရှိသော်လည်း မထေရ်၏မျက်နှာကို မော်၍ ကြည့်နေပြန် သဖြင့် ဒုတိယတကြိမ် ထပ်မံအန်ချ၍ ကျွေးလှူတော်မူရပြန်၏။

ဒုတိယ အကြိမ်၌မူ အေးဆေး လေးကန်စွာ စားသောက်နေသည်ကို မြင်ရသဖြင့် ဝလင်လောက်ပြီဟု ယူဆတော်မူကာ ရေစစ်ဖြင့် ရေခပ်၍ အိုးခြမ်း ကွဲတခုကို ဆေးကြောပြီး ရေထည့်တိုက်ပြန်သည်။ ထိုအခါကျမှ ခွေးငတ်မသည် မထေရ်၏ရှေ့၌ လေးဘက်ထောက် စမ်းလျားထိုးပြီးဝပ်ကာ မထေရ်၏ မျက် နှာကို ကျေးဇူးတတင် ကြည်လင်သော အမူအရာဖြင့် အမြီးကိုနှန့်လျက် ငေးစိုက် ကြည့်နေလေတော့သည်။ ခွေးငယ်ကလေးများလည်း မကြာမီ မိခင်နို့ ကို ဝိုင်းအုံ ရှိကြလေ၏။

မထေရ်လည်း အစာရေစာဝလင်၍ ဣန္ဒြေရရ ရိုရိုသေသေ ဝပ်နေသော ခွေးမကို ကြည့်ကာ အတိုင်းမသိ ဝမ်းမြောက် ကြည်နူးနေမိလေ၏။

## PAGE 613
<!-- 12 paragraphs, raw extraction -->


၅၇ဝ


“ငါသည် မိမိကိုယ်ကို မငဲ့ကွက်ပဲ စွန့်လှူရသော ဤကောင်းမှုကြောင့် ဖြစ်လေရာဘဝ လာဘ်ရသူတို့တွင် အမြတ်ဆုံး ဖြစ်ရပါလို၏။ နိဗ္ဗာန်ချမ်းသာ မြတ်ကြီးကိုလည်း လျင်မြန်စွာ မျက်မှောက်ပြုရ ပါလို၏။”

ဒိဌ ဓ မ္မ ဝေဒနီယ ကံ

စူဠနာဂ မထေရ်၏အလှူဒါနသည် ဘဝသံသရာပင် မဆိုင်း၊ ပထမဗော စေတနာ ထက်သန်လှသဖြင့် ဒိဋ္ဌဓမ္မ ယခု မျက်မှောက်ဘဝ၌ပင်· အကျိုးပေး လေသည်။

အနုရာဓ နေပြည်တော်ရှိ ဒကာ, ဒကာမတို့သည် ထိုနေ့ညနေချမ်းမှာပင် ထောပတ်တင်လဲ ပျားသကာ စသည်ကို အသီးအသီး ယူဆောင်လာကြကာ-

.66

“စူဠနာဂ မထေရ် အဘယ်ကျောင်းမှာ သီတင်းသုံးတော်မူပါသလဲ”ဟု မေးမြန်းကာ သူ့ ထက်ငါ လာရောက်လှူဒါန်းကြလေ၏။ မိမိတပါးတည်းအတွက် သာမက ထူပါရုံ ကျောင်းနေ သုံးသောင်းခန့်ရှိသော သံဃာတော်များကိုပင် လောက်ငအောင် လှူဒါန်းရလေသည်။ ထို့နောက်ဇာတိဖိုလ်, ပရုတ်, ကရဝေး, အမွှေးနံ့သာ ဆေးပစ္စည်းများကိုလည်း လာရောက် လှူကြပြန်သဖြင့် တဆင့် လှူဒါန်းရပြန်လေသည်။

ထိုနေ့ညတွင်လည်း မထေရ်ဆွမ်းခံ ကြွနေကျ စန္ဒဝက်လမ်းတလျှောက် နံနက် အရုဏ်ဆွမ်းအတွက် ယာဂု ဟင်းလျာ ခဲဖွယ်ဘောဇဉ်များ မထေရ်၏ ကျောင်းသို့ ပို ့လှူကြရန် နတ်များက နှိုးဆော်ထား၍ နံနက်ဆွမ်း လာလှူသူများမှာ ပွဲတော်ကြီးတမျှ စည်ကားလှပေ၏။ မထေရ်လည်း ကျောင်းအနီးရှိ ကျောက် စည်ကို ထိုး၍ အချက်ပေးကာ သုံးဧသာင်းခန့် သံဃာတော်များအား ဆွမ်းအလှူ ခံရန် ပင့်လျှောက်ရလေသည်။

တနေ့သောအခါ နေပြည်တော် အတွင်းသို့ ဆွမ်းခံကြွသည်ရှိသော် ထူပါရုံ ကျောင်းတိုက်ကြီး အပြင်ဘက် အထွက်မှာပင် တံခါးမုခ်စောင့် နတ်များသည် လှည်းတပ်ကြီးချကာ ဆွမ်းလှူရန် စောင့်ငံ ့နေကြသည်ကို တွေ့ရလေ၏။ မထေရ် နှင့်တကွ သံဃာတော် သုံးသောင်းပင် လုံလောက်တော်မူသည်။

ဆွမ်းခံနေကျ စန္ဒဝက်လမ်းမဘော်ရှိ ဒကာ, ဒကာမများလည်း အလှည့် ကျ ဝေမျှ၍ လောင်းလှူခွင့် ရရန် စီစဉ်ကြရသည်။ ၃၂-နှစ်ကြာမှပင် ထိုလမ်း၏ အစွန်ဆုံးအိမ်အတွက်ဆွမ်းလှူခွင့် ရလေတော့သည်။ သီဟိုဠ်တကျွန်းလုံး ဘုန်းလာဘ် သပ္ပကာအရာတွင် အရှင်သီဝလိမထေရ်ပမာ လွန်စွာ ကျော်စောလေ၏။

## PAGE 614
<!-- 10 paragraphs, raw extraction -->




ထိုမျှ များပြားလှသော လာဘ်လာဘများကို အလှူခံလျက်က. ဝိပဿနာ တရားကိုကြိုးစားရှုမှတ်ရလေရာ ထိုခွေးငတ်မအား အစာတထပ်ကျွေးလှူရသော ဒါနစေတနာ၏ အစွမ်းကို ဆင်ခြင်ကာ ပီတိသောမနဿများ ဆင်ခြင်တိုင်း ဖြစ်ရလေ၏။ ထိုဒါန စေတနာကို အရင်းခံလျက်ပင် နိဗ္ဗာန် ချမ်းသာကို လွယ် ကူစွာ ရရှိ ခံစားတော်မူရလေသည်။

ဗောဓိမဏ္ဍိုင် ဘုရားဖူးကြွစဉ်

ထူပါရုံကျောင်းနေ မထေရ် ငါးရာတို့သည် တနေ့သောအခါ မဇ္ဈိမဒေသ ဘုရားပွင့်တော်မူရာ မဟာဗောဓိကို ဖူးမြော်လိုကြ၏။ ရဟန်းငါးရာတို့၏ သွား လာနေထိုင် စားသောက်မှုအတွက် အခက်အခဲ ရှိနေကြသဖြင့် မည်သို့မျှ မကြံတတ် ရှိကြရလေ၏။ ထိုအခါ စူဠနာဂ မထေရ်အား သတိရကြသဖြင့် မဟာဗောဓိ ဖူးမြော်ရန် ပို ့ဆောင်ပေးဖို့ ဝိုင်း၍ တောင်းပန်ကြလေသည်။ မထေရ်လည်း လိုက်၍ ပို ့တော်မူ၏။

စူဠနာဂမထေရ်မြတ်သည် နောက်ပါ ဘုရားဖူး သံဃာတော် ငါးရာကို ခေါ်ဆောင်၍ ထူပါရုံကျောင်းမှ မဟာကောဋပဋ္ဌနဆိပ်, ထိုကမှတဆင့် မဟာ ဂေါဓ ဆိပ်သို့ ကြွတော်မူရသည်။ လမ်းခရီးအဆင့်ဆင့်၌ လူရော နတ်ပါ ဒကာ ဒကာမတို့၏ အလှူဒါနကို ခံယူချီးမြှောက်ယင်း ကြွနေရသဖြင့် လေးလတိုင်တိုင် အချိန်ကြာညောင်းရလေ၏။

သမုဒ္ဒရာကို ဖြတ်ကျော်ရန် လှေ သင်္ဘောစီးရာတွင်လည်း သမုဒ္ဒရာဝစာ နတ်နဂါးတို့၏ အလှူဒါနကို ချီးမြှောက်တော်မူနေရသဖြင့် သမုဒ္ဒရာ အတွင်း၌ လည်း သုံးလခန့်ကြာညောင်းခဲ့လေသည်။ မဇ္ဈိမဒေသဆိပ်သို့ ရောက်၍ ထိုကမှ တဆင့် မဟာဗောဓိသို့ ကြွရာလမ်းခရီးတလျှောက်တွင်လည်း ကြီးကျယ် ခမ်းနား အလှူဒါနများကို ချီးမြှောက်၍ ကြွတော်မူရ၏။

အရှင်မြတ် ရောဂါကြောင့် နှလုံးမသာဖြစ်ကြရ

မြတ်စွာဘုရားရှင် သဗ္ဗညုတဉာဏ်တော်ရရာ မဟာဗောဓိ အောင်မြေ၌ ရောက်ကြလျှင် ကျေနပ်အားရအောင် ဖူးမြော်ကြ၏။ အာရုံပြုကြ၏။ အပြန် ခရီး လမ်းခရီးအကြား မထေရ်မြတ်ဝမ်းတွင်း၌ ပြင်းထန်သော လေရောဂါကြီး ဖိစိ-နှိပ်စက်လေတော့သည်။ အတူပါလာသော ရဟန်းတော်များအားလုံး စိတ် နှလုံးမသာမယာ ဖြစ်ကုန်ကြလေသည်။ ဝေဒနာမှာ ပို၍ ပို၍ ဆိုးလာ၏။

## PAGE 615
<!-- 11 paragraphs, raw extraction -->




မထေရ် အရှင်ဘုရားတို့….၊ ဘယ်အတွက် စိတ်နှလုံးမသာမယာ၊ မျက်နှာ မရွှင် မပျ ဖြစ်နေကြရပါသလဲ။

သံဃာများ အရှင်ဘုရား၊ စူဠနာဂ အရှင်မြတ်ရဲ့ ဘုန်းကံကို မှီခိုပြီး တပည့် တော်များ ချမ်းချမ်းသာသာ လာခဲ့ကြရပါတယ်။ အရှင်မြတ် ဘုန်းကံကြောင့် အလွန်တရာ ဖူးမြော်ရခဲတဲ့ မဟာဗောဓိမဏ္ဍိုင် ကိုလဲ ဖူးမြော်ခဲ့ကြရပါပြီ။ အကယ်၍များ ဤရောဂါဝေဒနာ ဟာ အရှင်မြတ်ရဲ့ အသက်အန္တရာယ်ဖြစ်ခဲ့သော် တပည့်တော်တို့ ရဟန်းတော်အများကြီးဟာ ထူပါရုံကျောင်းတော်ကြီးသို့ ဘယ်ပုံ ပြန်ရောက်နိုင်ကြပါမလဲ ဘုရား။

မထေရ် အရှင်ဘုရားတို့…၊ သည်ကိစ္စ စိုးရိမ်ကြောင့်ကြတော် မမူကြပါ လေနှင့်။ အကယ်၍ ဒီလမ်းခရီး အကြားမှာပဲ တပည့်တော် ပရိနိဗ္ဗာန်ပြုရသော် ကောင်းမွန်စွာသင်္ဂြိုဟ်ပြီး ဓာတ်တော်များကို ရေစစ်ဖြင့် ကောက်ယူတော်မူရစ်ကြပါ။

ဆွမ်းခံရွာသို့ ဝင်ကြရသော အခါတွင်လဲ ရွှေ့ဆုံးကကြွမည့် သံဃဒ္ဓမထေရ်ကြီးရဲ့သပိတ်မှာ ရေစစ်ကို ချိတ်ဆွဲ ချည်နှောင်ပြီး ကြွတော်မူကြပါလေ။ အရှင်ဘုရားများ ပစ္စည်းလေးပါးအတွက် “ပင်ပန်းခက်ခဲမှုရှိကြရမည် မဟုတ်ပါ ဘုရား။

စူဠနာဂမထေရ်မြတ်ကြီးလည်း သံဃာတော်များ နှစ်သိမ့်စေရန် စကား အကြောင်းစုံမှာကြားမိန့်ဆိုကာ တောလမ်းခရီး တနေရာ၌ပင် ခန္ဓာဝန်ချတော် မူသွား၏။

မထေရ်မြတ်မှာထားခဲ့သည့်အတိုင်း မီးသင်္ဂြိုဟ်ပြီးလျှင် ဓာတ်တော်များ ကို ပင့်ဆောင်၍ ပြန်လာကြရာ မထေရ်မြတ်ရှိစဉ် အလာကကဲ့သို့ပင် ပစ္စည်း လေးပါးပေါများပြည့်စုံကြရလေ၏။ (မုံရွေး ဇေတဝန် ဆရာတော်ဘုရားကြီး သည် သမန္တစက္ခုဒီပနီ၌ ဤဝတ္ထုကိုဖော်ပြ၍ ဓာတ်တော် မွေတော် ရုပ်ပွားတော် ကိုးကွယ်မှုနှင့်စပ်၍ အလွန် မှတ်သားဖွယ်ကောင်းသော အဆုံးအဖြတ်များ ရေးထားသည်။ ရှူကြပါကုန်။)

နိဗ္ဗာန်ပို ့သော ဒါနစေတနာ ရောင်ပြန်

ဘုရားဖူးပြန်လာကြသော သံဃာတော် ငါးရာတို့သည် ထူပါရုံကျောင်း တိုက်ကြီးသို့ ချမ်းသာချောမောစွာ ပြန်လည် ရောက်ရှိလာကြလေ၏။ ကျောင်း

## PAGE 616
<!-- 14 paragraphs, raw extraction -->




တိုက်ကြီးသို့အရောက် အမောပြေနားနေကြစဉ် သံဃာ့မထေရ်ကြီးက ဘုရားဖူး သံဃာငါးရာတို့အား’

"

"

“ငါ့ရှင်တို့…၊ မြတ်စွာဘုရားသာသနာ၌ ဒါန စေတနာသည်ပင် အံ့ဖွယ် ကောင်းလေစွာ့။ အရှင်နာဂမထေရ်၏ ကျေးဇူးတော်လည်း ကြီးမားလှပေစွ။
“ကျေးဇူးရှင် အရှင်နာဂမထေရ်မြတ်ဟာ ခွေးငတ်မကလေး တကောင် အား အစာကိုအန်၍ကျွေးမွေးရသော ဒါနစေတနာဟာ ယခု မျက်မှောက်ဘဝ မှာပင် အံ့သြ၍ မကုန်နိုင်သော လောကီ ပစ္စည်း လာဘ်လာဘများကို ဒိဋ္ဌဓမ္မ အကျိုးပေးခဲ့တာ ငါ့ရှင်တို့အမြင်ပဲ။

"

“သည်မျှမက…၊ ဒီဒါန စေတနာကပဲ အရှင်မြတ်အား အရဟတ္တဖိုလ် ဆုကြီးကို ရအောင်ပို ့ဆောင်ပေးခဲ့ပေတယ်။ မြတ်စွာဘုရားအဆုံးအမ၊ အရှင် နာဂ မထေရ်၏ စေတနာသည် အားကျဖွယ်ကောင်းပေစွ...ငါ့ရှင်တို့……၊ ယုံယုံ ကြည်ကြည်ဝီရိယရှိရှိ၊ သတိများများဖြင့် ကြိုးစားရှုမှတ်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့် အရှင်မြတ်ကို ကျေးဇူးဆပ်နိုင်အောင် လုပ်ကြရမယ်။” သံဃာ့မထေရ်ကြီး အမိန့်ရှိနေစဉ်မှာပင် ရဟန်းတော် ငါးရာလုံး အရှင် စူဠနာဂမထေရ်၏ ဒါနစေတနာကို ဆင်ခြင်စဉ်းစား၍ အားကျ ကြည်ညိုနေ ကြ၏။ ပီတိများ တလှိုက်လှိုက်ဖြစ်ကာ ပီတိကို ခွာ၍ လက္ခဏာရေး သုံးချက် ဖြစ်ပျက်သဘောကို ရှုမြင်ကြရာ ထိုနေရာ၌ပင် အားလုံး ရဟန္တာ ဖြစ်တော်မူ ကုန်၏။

ဒေဝဒူတသုတ္တန်ဖြင့် မုဆိုးဘဝမှ ရဟန္တာဖြစ်ရသော ပိယောလ ထေရ်

၄၀-မဓုရ ရသဝါဟိနိ၊၅၇-သဟဝတ္ထု]

သီဟိုဠ်ကျွန်း ယောဟဏ ဇနပုဒ် မဟာဂါမ နေပြည်တော်၌ ပိယောလ ခေါ်သော သားသတ်မုဆိုးကြီးတဦးရှိ၏။ အမျိုးမျိုးသော မုဆိုးအသုံးအဆောင် တိန်ညင် ပိုက်ကွန်, လေးမြားစသည်တို့ဖြင့် နေ့စဉ် သားငှက်တိရစ္ဆာန်များကိုသတ် ဖြတ်၍အသက်မွှေး၏။ သူ့ အသက်မပါပဲ စားလေ ့မရှိ။

ယနေ့မုဆိုး၊ နက်ဖြန်သူတော်ကောင်း

တနေ့သောအခါ သားငှက် တကောင်တလေမျှ မရရှိသဖြင့် အိမ်ရှိ နွားငယ်တကောင်အား မြက်စည်းကိုပြ၍ မြူခေါ်ရာ နွားငယ်မှာ အစာကိုမြင်

## PAGE 617
<!-- 15 paragraphs, raw extraction -->


929


သဖြင့် မုဆိုးအနီးသို့ကပ်လာပြီး ပါးစပ်ကိုဟ၍ မြက်ကိုဆွဲလေ၏။ မုဆိုးသည် ထိုနွားငယ်၏လျှာကို ဓားဖြင့်ဖြတ်ကာ ဖုတ်ကင်၍စားလေသည်။
ထိုမျှရက်စက်ကြမ်းကြုတ်လှသော အကုသိုလ်ကံသည် ချက်ချင်းပင်အကျိုး ပေးလေ၏။ ထိုမုဆိုးကြီးသည် ထိုအချိန်မှစ၍ တညလုံးအိပ်၍မရ။ တကိုယ်လုံး လူးလှိမ့်နေရအောင် ပူလောင်နေ၏။ တင်းပုတ်ဖြင့် ရိုက်သကဲ့သို့လည်းကောင်း၊
လှံတံကျင်များဖြင့်ထိုးဆွနေသကဲ့သို့လည်းကောင်း တကိုယ်လုံး နှာကျင်စူးအောင့် လျက် အော်ဟစ်နေရလေ၏။

နံနက်မိုးလင်းလျှင်လင်းချင်း တိဿမဟာဝိဟာရ ကျောင်းတော်ကြီးသို့ သွားရောက်၍ အရှင်မြတ်များထံ ကယ်မရန် လျှောက်ထားလေသည်။
တိဿမဟာဝိဟာရကျောင်း မထေရ်ကြီးသည် မုဆိုးကြီး၏အကြောင်းကို ကြားသိတော်မူလျှင် လွန်စွာ ကရုဏာသက်တော်မူ၏။

“အို…ဒကာမုဆိုး၊ သားကျွေးမှု မယားကျွေးမှုအတွက် သူ ့အသက်ကို သတ်ရ၍ သေလျှင် အလွန် ကြောက်လန့်ဖွယ်ကောင်းသော မဟာအဝီစိငရဲ၌ခံရ သော် သားမယားများက ကူပြီးခံကြမည်မဟုတ်၊မိမိအမှု မိမိသာခံရသည်။
“ယူဇနာတရာရှိ၍ လေးထောင့်သံလှောင်အိမ်ပမာ မဟာအဝီစိ ငရဲကြီး ကား မီးလျှံတပြောင်ပြောင်တောက်ကာ ကြောက်ဖွယ်ကောင်းလှပေ၏။တကိုယ် လုံး ပကတိမီးလောင်၍ပြေးလွှားအော်ဟစ်နေရသူရဲ့ ဒုက္ခဟာ အဲဒီမဟာအဝီစိငရဲ မီးပူအပုံတရာပုံ တပုံမျှ မရှိလေသေးဘူးမုဆိုးကြီး။ ပကတိလှ ံအစင်း သုံးရာဖြင့် ဝိုင်းအုံအထိုးခံရတဲ့ ဒုက္ခဟာလဲ ဘာမှ မပြောပလောက်ဘူး။

"

“ယခုပင်လျှင် သင်ရဲ့ ပါဏာတိပါဘကံဟာသက်သေပြနေပြီ” စသည် ဖြင့် ဒေဝဒူတသုတ္တန်ကြီးကို အကျယ်ဟောပြ၍ငရဲဘေးဒုက္ခမှလွှတ်ရန်အကြောင်း မရှိပုံကို ညွှန်ပြတော်မူ၏။

"

ထိုအခါ မုဆိုးကြီးသည် လွန်စွာထိတ်လန့်၍’

“မှန်လှပါ အရှင်ဘုရား….၊ ယနေ့မှစ၍ သူ ့အသက်ကို သတ်ခြင်းမှ အလျှင်းရှောင်ကြဉ်ပါတော့မယ်”ဟု ကတိခံလိုက်လေသည်။

လေ၏။

အိမ်ရောက်လျှင် မုဆိုး တံငါ အသုံးအဆောင်များကိုလည်း စွန့်ပစ်လိုက်

သေရမှာမကြောက်သောတရား

တနေ့သောအခါ ပိယောလမုဆိုးကြီးသည် မိမိ၏ အပေါင်းအဖော်များ နှင့်အတူ ဂေါဋ္ဌသမုဒ္ဒရာကမ်းခြေ၌ ရေချိုးကြစဉ် သမုဒ္ဒရာအတွင်းရှိ ရေနဂါး ကြီးတကောင်သည် ပိယောလအားသတ်ရန် တကိုယ်လုံးကိုယ်ဖြင့် ရစ်ပတ်လိုက်၏။
ပိယောလလည်း နဂါးအန္တရာယ်မှလွတ်ရန် မမြင်တော့သဖြင့် မိမိကြားနာရှဖူး

## PAGE 618
<!-- 13 paragraphs, raw extraction -->




သော ဒေဝဒူတသုတ္တန် တရားတော်ကိုသာ ဆင်ခြင် အောက်မေ့၍ နေသည်။
သေရမည်ကိုပင် ကြောက်လန့်ခြင်း မရှိတော့ပေ။

ဒေဝဒူတသုတ်တော်ကား မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တရား တော်အမှန်ပင်ဖြစ်ပါတယ်။ ဘုရားသားတော် သံဃာတော်များကလဲ ထိုတရား အမှန်ကို ဟောပြတော်မူကြတယ်။ ငါနာယူမှတ်သားဖူးသော ထိုဒေဝဒူတ တရား တော်၊ သံဃာတော်အရှင်မြတ်တို့၏ တန်ခိုးတေဇော်အာနုဘော် တော်တို့ကြောင့် ငါ့အား အသက်အန္တရာယ် မဖြစ်ပါစေနှင့်”ဟုလည်း စိတ်ထဲက တောင့်တမိ၏။
“ငါမသေနိုင်’ဟုလည်း ယုံကြည်ကိုးစား မိလေသည်။

နဂါးမင်းလည်း ပိယောလအား သတ်ရန်နှစ်ပတ်သော်လည်း ပတ်၍မရ၊
ပြေ၍ပြေ၍သာနေသဖြင့် အထူးအဆန်းဖြစ်ကာ နဂါးပြည်သို့ ခေါ်ဆောင် သွားလေ၏။ နဂါးပြည်သို့ရောက်လျှင် နဂါးမင်းက-

““အိုအမောင်လုလင်…၊ သင်ဟာ အဘယ့်ကြောင့်သေရမှာကို မကြောက် သလဲ”ဟု မေးလေရာ-

66

“အို…နဂါးမင်း……၊ အလုံးစုံသော ဘေးရန်အန္တရာယ် ပယ်ဖျောက်တတ်၍ ချမ်းသာသုခ အမျိုးမျိုးကို ပေးတတ်သော တရားတော်ကို မြတ်စွာဘုရားရှင် ဟောထားတော်မူခဲ့သည်ကို ကျွန်ုပ် နာကြားရဖူး ပါတယ်။ ဒီတရားတော်ကို နှလုံးသွင်းမိလို့ ကျွန်ုပ်မကြောက်တာပါပဲ။ဒီတရားတော်ဟာကျွန်ုပ်အတွက်ဝရဇိန် လက်နက်ကြီးပါပဲ”ဟု ပိယောလက ပြောပြလေ၏။

နဂါးမင်းက“ထိုသေရမှာ မကြောက်သော တရားကို ကြားချင်ပါသည်” ဆို၍ သူမှတ်မိသမျှ ဒေဝဒူတသုတ္တန်ကို တဆင့်ပြန်၍ ဟောပြလေသည်။ပါဏာတိ ပါတစသော ဒုစရိုက်များကိုရှောင်ကြဉ်ပါမှ သတ္တဝါသည် ချမ်းသာစွာနေရပုံ ကို အပြည့်အစုံဟောပြလေရာ နဂါးမင်းကြီး ကြည်ညိုအားရ ဝမ်းသာလှသဖြင့် ဣစ္ဆာသယ ပတ္တမြား တလုံးပေးကာ အိမ်သို့အရောက် ပြန်ပို့ ပေးလေ၏။

ယနေ့ သူတော်ကောင်း နက်ဖြန် ရဟန္တာ

ပိယောလလည်း ထိုပတ္တမြားရတနာကို အမှီပြု၍ သားမယားနှင့်တကွ ကုသိုလ်ကောင်းမှုများကိုသာ ပြုလုပ်နေ၏။ မကြာမီ ပတ္တမြားရတနာကို သား မယားများအား လွှဲအပ်၍ တိဿမဟာဝိဟာရကျောင်းတော်ကြီး၌ ရဟန်းပြုရာ ဒေဝဒူတ သုတ္တန်ကို ထပ်မံနာကြား၍ ဝိပဿနာရှုပွားရာ ရဟန္တာ ဖြစ်တော် မူသွား၏။

မဟာဂါမနေပြည်တော်၌ ပိယောလမုဆိုးကြီး၏ သတင်းသည် ကျယ်ပြန့် သွား၏။ နေရာများစွာ၌ မုဆိုးကြီးအကြောင်းကိုပင် ပြောဆိုကာ-

## PAGE 619
<!-- 15 paragraphs, raw extraction -->


၅ ၇ ၆

660


“ဒီလောက် ကြမ်းကြုတ်ယုတ်မာတဲ့ ပိယောလ မုဆိုးကြီးတောင်မှ ရဟန္တာ ဖြစ်တော်မူသွားသတဲ့၊ အံ့စရာပဲ၊ တရားတော်ဟာ တကယ်လုပ်ယင် အဟုတ်ဖြစ် ပါကလား”စသည်ဖြင့် အားကျစံယူ နမူနာထား၍ ကုသိုလ်တရား ပွားများ အားထုတ်ကြလေသည်။

ငတ်မွတ်သူတို့အား အလှူအကျိုးကြီးစေသော ရူဝက ဝိဋ္ဌိရွာ ဆွမ်းခံထေရ်

[မဓုရ-၄ဂ-ရုက္ခဒေဝတာ ဝတ္ထု။]

သီဟိုဠ်ကျွန်း၌ တချိန်က ဗြာဟ္မဏတိဿ တိုင်းပြည်ဖျက် သူပုန်ဘေးကြီး နှင့်အတူ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ရောက်ခဲ့ရာ တကျွန်းလုံး ငတ်မွတ် သေကြေ ခဲ့ကြရဖူး၏။

အိမ်ခြေငါးရာခန့်ရှိသော ရူဝကဝိဋ္ဌိရွာသည် အလှူရေစက် လက်နှင့် မက္ခ သံဃာတော်များအား အမြဲလှူဒါန်းနေသောရွာ ဖြစ်၏။ ငတ်မွတ်ဘေး ကြီး ဆိုက်လာသောအခါ မည်သူ တဦးတလေမျှ လှူဒါန်းနိုင်သူ မရှိ၊ မိမိတို့ အသက်ကိုပင် ကြံဖန်၍ မွေးမြူနေကြရကုန်၏။

JIL

တကွမ်းစားမျှလောက်သော ဆန်ကိုပင် အဝတ်ဖြင့်ထုပ်ကာ ရေနွေးဖြင့် ကြိတ်ပြီး နေပူလှမ်းအခြောက်ခံထားကြရ၏။ ခိုးယူ လုယက်သောဘေးမှ ကင်း ဝေးစေရန် ထိုထမင်းခြောက်ပြားများကို အိုးဖြင့်ထည့်၍ မြေကြီးထဲ၌ မြှုပ်နှံ ထားကြရ၏။ မသေရုံ ရေဖြင့်ဖျော်ကာ အသက်ဆက်နေကြရသည်။ ထိုအချိန်၌ ရဟန်းတော်တပါးသည် ရွာရိုးလျှောက် ဆွမ်းခံ ကြွတော်မူရာ တဦးတလေမျှ လောင်းလှူခြင်းမရှိ၊ သပိတ်အတိုင်း ပြန်ကြွတော်မူရသည်။

ပြတ်သားစွာ စွန့်ရဲသော ဆွမ်းအကျိုး

ထိုအခြင်းအရာကို မြင်၍ အိမ်တအိမ်ရှိ မိသားစုများမှာ စိတ်မကောင်း ဖြစ်ကြရ၏။ အိမ်သားများအားလုံး ခေါင်းချင်းဆိုင်၍ တိုင်ပင်ညှိနှိုင်းကာ ဆွမ်း လှူရန် သင့်,မသင့် တဦးသဘောကို တဦး ချက်ချင်းမေးနေကြလေ၏။

"

“ကျွန်တော်တို့မှာ ရှေးက အလှူဒါနနည်းခဲ့လို့ ဒီလောက် ဆင်းရဲကျပ် တည်းတဲ့ အငတ်ဘေးကြီးနဲ့ကြုံတွေ့ရတာပဲ။ ဒီလောက်ထိအောင် အသက်မသေပဲ ကျန်နေနိုင်တာလဲ ဒီဆန်ကလေးရှိနေလို့။ ဒီဆန်မှီပြီး အသက်ရှင်နေရတာလဲ

## PAGE 620
<!-- 12 paragraphs, raw extraction -->




ဆင်းရဲခံနေရသလိုပါပဲ။ ဒီဆင်းရဲကြီးကိုလဲ မခံလို့ မကြား မမြင်လိုတော့ပါဘူး။
ဒီအရှင်မြတ်ကို လှူပြီး သေကြရတာကမှကောင်းပါသေးတယ်။

မိသားစုအားလုံး သဘောတူညီကြသဖြင့် ဆွမ်းခံရဟန်းတော်အား အမြန် ပင့်လျှောက်, နေရာပေး၍ ဆွမ်းကို အမြန် စီစဉ် ချက်ပြုတ်ကြလေ၏။ ဆွမ်း ကျက်၍ တအိုးလုံး လောင်းလှူပြီးနောက် မိမိတို့ဆွမ်းအလှူကိုသာ ဝမ်းမြောက်၍ နေကြရကုန်၏။ ဝမ်းထဲကမူ ဆာလောင်နေကြလေသည်။

ဆွမ်းခံအရှင်မြတ်အား လောင်းလှူပြီးနောက် ထမင်းအိုးကို ဆေးကြော ရန် ယူလိုက်သောအခါ သလေးထမင်းများ စပယ်ဖူးပမာ တအိုးလုံး ပြည့်လျှ ံနေ သည်ကို တွေ့ကြရသဖြင့် အတိုင်းမသိ ဝမ်းသာကြရလေ၏။

“အရှင်မြတ်အား ယခုလို အခါမျိုးမှာ လှူရတဲ့ဒါနဟာ အလွန် အကျိုး ကြီးကြောင်း ချက်ချင်း သိရဘာပဲ”ဟုဆိုကာ မိသားစုအားလုံး ဝမ်းသာအားရ စားသောက်ကြကုန်၏။ ခပ်ယူတိုင်းပင် လျော့သွားသည်မရှိ၊ ပြန်၍ ပြည့်မြဲ ပြည့် နေသဖြင့် အိမ်နီးနားချင်းများမှအစ တရွာလုံးကိုပင် ပေးလှူကြရ လေတော့ သည်။ ထိုမိသားစုအတွက် ရာသက်ပန် မကုန်တော့သော … ထမင်းအိုးတလုံး ဖြစ်ပေတော့သည်။

အရိယာသံဃာတော်၊ အရိယာဖြစ်ရန် ကျင့်ကြံဆဲသော သမ္မုတိသံဃာ တော် အရှင်မြတ်တို့ဟူသည်ကား သီလ, သမာဓိ,ပညာဖြင့် မိမိလည်းချမ်းသာ၊
သတ္တဝါအများ တလောကလုံးအားလည်း ကြီးပွားချမ်းသာရအောင် ဆောင်ရွက် တော်မူနေကြသော ပုဂ္ဂိုလ်များ ပါပေတကား။

နတ်မဲ့ ချမ်းသာ သံဃာကျေးဇူး

ဆွမ်းအလှူခံ သွားသော အရှင်မြတ်လည်း ရွာမှထွက်ခွာပြီးနောက် ရွှာနှင့် မလှမ်းမကမ်း တဘက်ဆည်ကန် ကန်ဘောင်ရိုးရှိ နှံပဲပင်ကြီးအောက်၌ ရေမိုး အရိပ်အာဝါသ ကောင်းလှသဖြင့် ဆွမ်းဘုဉ်းပေးရန် ထိုင်တော်မူလေ၏။

အရှင်မြတ်သည် မျက်လွှာကိုချ၍ သပိတ်ထဲက ဆွမ်းများကို တရားသတိ ဖြင့် ဖြည်းလေးအေးဆေးစွာ ဘုဉ်းပေးတော်မူနေစဉ် နှံပဲပင်စောင့် နတ်မင်းကြီး သည် အစာရေစာပြတ်လပ်သဖြင့် အရှင်မြတ်ကိုမြင်လျှင် မချင့်မရဲ၊ ဝမ်းထဲက တကြုတ်ကြုတ်၊ မည်သို့လုပ်ရမည်မသိ ဆာလောင်မွတ်သိပ်စွာကြည့်မျှော်၍သာ နေရရှာလေ၏။ နောက်ဆုံး သူအိုယောင်ဖန်ဆင်းကာ အနီးသို့ရောက်လှာ၏။

အရှင်မြတ်မှာ မျက်လွှာချ၍ အပ္ပမာဒသတိဖြင့် ဘုဉ်းပေးဘော်မူနေလေရာ ရုတ်တရက်မမြင်ပဲရှိနေ၍ သူအိုကြီးမှာ ချောင်းဟန့်သံ ပေးလေ၏။ အရှင်မြတ် လည်း လှည့်၍ကြည့်လိုက်ရာ ဆာလောင်ငတ်မွတ်ဟန်ရှိသော သူအိုကို တွေ့မြင်ရ

## PAGE 621
<!-- 14 paragraphs, raw extraction -->




လျှင် သံပိတ်ထဲ၌ ဆွမ်းတလုတ်စာမျှသာ . ကျန်ရှိတော့၍ အလွန် သနားတော် ` မူလျက် ရှိလေ၏။

ကျန်ရှိသော ဆွမ်းတလုတ်ကိုပင်ယူ၍ သူကိုလက်ထဲသို့ လှမ်း၍ ထည့်ပေး လိုက်ရာ သူအိုကြီးမှာ ဆာလောင်မွတ်သိပ်လှစွာ ကတုန်ကယင်ဖြင့် ထမင်းလုတ် ကို ကိုင်ယင်း မှိုင်တွေချလျက် ရုတ်တရက် မစားနိုင်ပဲ ငိုင်၍နေရှာ၏။

“ဪ… ငါကား ဖြစ်မှဖြစ်ရလေ၊ နတ်ဖြစ်ပါလျက် အစာရေစာမဝ၊
အရှင်မြတ်ဆီကတောင် တောင်း၍ စားနေမိချေပြီ။ရှေးအခါက သူတော်သူမြတ် များနဲ့ ယုတ်စွာအဆုံး ဆင်းရဲငတ်မွတ်သူ၊ ခွေး ငှက် တိရစ္ဆာန် များကိုသော်မျှ အစာရေစာ မပေးလှူခဲ့ဖူးချေသဖြင့် နတ်ဖြစ်ပါလျက်လဲ ငတ်မွတ်၍ နေရချေ သည်တကား။”

နွံပဲပင်စောင့်နတ်ကြီးသည် စိတ်မကောင်းဖြစ်ကာ ထိုထမင်းတလုတ်ကိုပင် စားရန်မျိုမကျအောင် နောင်တဖြစ်ရရှာလေ၏။ ထမင်းစားလိုသော အာသာကို မျိုသိပ်လျက်…

"

“အရှင်ဘုရား…၊ သည်းခံတော်မူပါ၊ တပည့်တော်အား ချီးမြှောက် ကယ်မသောအားဖြင့် ဆွမ်းတလုတ်ကို အလှူခံယူတော်မူပါ။အရှင်မြတ်အား ပြန်၍ လှူပါသည်။ဤကုသိုလ်အတွက် ယခုဘဝမှာရှိပါစေတော့၊ တမလွန်ဘဝအတွက် ချီးမြှောက်တော်မူပါဘုရား။”

ပြောပြောဆိုဆို အရှင်မြတ်သပိတ်ထဲသို့ ပြန်၍လောင်းလှူလိုက်၏။ သပိတ် ထဲသို့.ထမင်းလုတ် ကျသွားသည်နှင့်တပြိုင်နက် နတ်သုဓာ ခဲဖွယ် ဘောဇဉ်များ ရုတ်တရက် ရှစ်ပွဲပင် ဖြစ်ပေါ်လာလေတော့သည်။

အရှင်မြတ်လည်း နတ်လှူသောဆွမ်းတလုတ်ကိုဘုဉ်းပေး၍ ကျောင်းတော် သို့ `ကြွတော်မူလေ၏။

နှံပဲပင်စောင့်နတ်မင်းကြီးသည် အရှင်မြတ် ဆွမ်းတလုတ် ဘုဉ်းပေးပြီး၍ ကြွသွားတော်မူသည်ကို ကြည်ညိုနေပြီးနောက် မိမိဗိမာန်၌ ကြည့်လိုက်ရာ နတ် သုဓာရှစ်ပွဲကို တွေ့မြင်ရသဖြင့် ဝမ်းသာမဆုံး ရှိရလေတော့၏။
“ကုသိုလ်ကောင်းမှုတို့၏ စိုက်ပျိုးရာ လယ်တာ မြေကောင်းသဖွယ် ဖြစ် သီလဝန္တသံဃာတော်အရှင်မြတ်တို့၏ကျေးဇူးကား ကြီးမြတ်လှပါပေစွ။

ငါ့အား ဤအရှင်မြတ်နှင့် တွေ့ကြုံသည်မှာ အရတော်ပေစွ” စသည်ဖြင့် သံဃာ တော်၏ ကျေးဇူးဂုဏ်များကို မဆုံးနိုင်အောင် တအောက်မေ့မေ့ ဆင်ခြင်ဝမ်းသာ လျက် ရှေးအခါက မလှူ-မဒါန်းခဲ့မိသည်ကို နောင်တဖြစ်လျက်နေလေ၏။

ထိုအခါမှစ၍ ဆွမ်းလုတ်ဒါနကြောင့် သုံးစား ပေးလှူ၍ မကုန်သော နတ်သုဓာရှစ်ပွဲဖြင့် အသက်ထက်ဆုံး ပေးလှူ၍ ရတနာသုံးပါး ကျေးဇူးဂုဏ်ကို အာရုံပြု ကြည်ညို၍ နေလေတော့သတည်း။

## PAGE 622
<!-- 15 paragraphs, raw extraction -->


သိဟိုဠ်ခေတ် စံတော်ဝင် အရိယာများ


(မဓုရ ရသဝါဟိနီ၌ သံဃာတော်၏ကျေးဇူးစကားများ များစွာလာ၏။
သဟဿဝတ္ထု ဂ၉-၌ “ရူဝကဝိဋ္ဌိဂါမဝတ္ထု'ဟု လာရှိသောဂတ္ထုမှာ ယခုပြဆိုခဲ့ သည်နှင့် မတူချေ။ မဓုရ ၄၇-၌လာသော “ဇာယမ္ပတိကဝတ္ထု'သာ ဖြစ်သည်။
ဤဝတ္ထုကား မဓုရ ၄ဂ၌ ‘ရုက္ခဒေဝတာ ဝတ္ထု’အမည်ဖြင့် လာသည်။)

ဆင်ရိုင်းကြီးဝမ်းဗိုက်အောက်မှ အုရဟတ္တဖိုလ်ရသော တိဿ မဟာနာဂ ထေရ်

[၅၈-မဓုရ ရသဝါဟိနီ၊ ၉၁-သဟဿဝတ္ထု]

သီဟိုဠ်ကျွန်း ရောဟဏနယ်၌ ကုမ္မိယ ကျောင်းတိုက်ကြီး ရှိ၏။ ထို ကျောင်းတိုက်၌ တိဿမဟာနာဂ မထေရ်သည် သံဃာတော်များအား ပရိယတ် စာပေပို ့ချသင်ကြားလျက် ကျောင်းတိုက်ကြီး၏ အကြီးအမှူးအဖြစ် သီတင်းသုံး တော်မူ၏။

ထိုကျောင်းတိုက်နှင့် အတန်ဝေးကွာသော တောင်ခြေတခု၌ အမရလိုဏ်ဂူ တခုရှိရာ ထိုလိုဏ်ဂူ၌ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်တော်မူသော တိဿမည်သော မထေရ်မြတ်ကြီးတပါး သီတင်းသုံးတော်မူလျက်ရှိသည်။ တိဿမဟာနာဂမထေရ် သည် တနေ့သောအခါ အမရလိုဏ်ဂူ၌ သီတင်းသုံးတော်မူသောတိဿမထေရ် ကြီးထံ သွားရောက်ဖူးမြော်ရာ မထေရ်ကြီးက ပဋိသန္ဓာရစကား ပြောကြားပြီး နောက် တရားနှင့်စပ်သောစကားများကို ဟောကြားဆုံးမတော်မူသည်။

65

သီလရှိမှ၊ ဘေးရန်ပ၊ လိုတ - ရစမြဲ

“ငါ့ရှင် နာဂ…၊ ပုထုဇဉ်တို့ရဲ့ ဂတိဆိုတာ မမြဲဘူး။သဒ္ဓာသဖြင့် ရဟန်း ပြုသော ရဟန်းဆိုတာ ပရိယတ္တိ သာသနာဝန်ကိုထမ်းဆောင်၍ စာပေသင်ကြား ပို့ချကာမျှနှင့် ပုထုဇဉ်သေခြင်းသေရမည်ဆိုယင် မသင့်တော်လှပေဘူး။ရဟန်းတို့ မည်သည်မှာ-

၁။ ဝိနည်းပရိယတ်မှာ လာတဲ့အတိုင်း ပါတိမောက္ခ သံဝရသီလ ခေါ်တဲ့ ပါဠိမောက်မှာလာတဲ့ သိက္ခာပုဒ်များကို လုံခြုံအောင် စောင့်ထိန်းပြီး အပြစ်ကင်းအောင် နေနိုင်ဖို့ ပထမဆုံး လိုအပ်

ပေတယ်။

1

အာစာရ သမ္ပန္နလို့ဆိုတဲ့ စေတီယင်္ဂဏဝတ်,ဗောဓိယင်္ဂဏဝတ် ဆရာသမားဝတ် စတဲ့ကျင့်ဝတ်များကိုလဲ မလစ်ဟင်းစေရဘူး။

## PAGE 623
<!-- 16 paragraphs, raw extraction -->


၅၈ဝ


၂။ . ဣန္ဒိယသံဝရသီလခေါ်တဲ့ မျက်စိ, နား,နှာ စသည်မှ ဖြစ်ပေါ် တတ်တဲ့ အာရုံခြောက်ပါးကိုလဲ သတိနဲ့သိမ်းဆည်းရလိမ့်ဦးမယ်။

၃။

အာဇီဝပါရိသုဒ္ဓိ သီလခေါ်တဲ့ ရဟန်းတို့နှင့် မအပ်စပ်တဲ့ လာဘ် ရှာခြင်း၊ အသက်မွေးခြင်း၊ လူဒက,ဒကာမတို့ရဲ့ သဒ္ဒာတရားကို ဖျက်ဆီးရာကျတဲ့ ကုလဒူသန, အနေသန အလုပ် (၂၁-မျိုး)မှ ရှောင်ကြဉ်ပြီးသကာလ

၄။ ပစ္စယသန္နိဿိတ သီလခေါ်တဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို သုံးစွဲတိုင်းပစ္စဝေက္ခဏာဘင်ဆင်ခြင်ပြီး သုံးစွဲ ကြရပေတယ်။

“ဒီသီလတွေနှင့် ပြည့်စုံပြီလားဆိုမှဖြင့် သီလဝိသုဒ္ဓိဖြစ်နေလို့ မဂ်ဖိုလ်နိဗ္ဗာန် ဟာ လွယ်ကူစွာရဖို့ အကြောင်းရင်းကြီး လုံလောက်သွားပြီ။

“သီလပြည့်စုံနေလျှင် လောကမှာ လူနတ်ချမ်းသာ အလိုရှိရာ ပြည့်စုံပြီး နိဗ္ဗာန်ချမ်းသာကြီးကို အလွယ်တကူ ရနိုင်တော့တယ်။

"

၁။ သီလဝန္တံ န ဗာဓေန္တိ၊ အာသဝါ ဒိဋ္ဌဓမ္မိကာ။
သမ္ပရာယိကာ ဒုက္ခာနံ၊ မူလံ ခဏတိ သီလဝါ။
၂။ ယာ မနုသု သမ္ပတ္တိ၊ ယာစ ဒေဝေသု သမ္ပဒါ။
န သာ သမ္ပန္နသီလဿ၊ ဣစ္ဆိတော ဟောတိ ဒုလ္လဘာ။

“ပစ္စုပ္ပန်မှာရော သံသရာမှာရော တွေ့ရကြုံရတဲ့ဘေးရန်အန္တရာယ် တွေဆိုတာလဲ အကြောင်းခံက ကိလေသာအာသဝေါတရားတွေ ကြောင့် ဖြစ်ပေါ်လာကြရတာပဲ။ သိလစောင့်စည်းတဲ့, လုံခြုံတဲ့ ပုဂ္ဂိုလ်များမှာ ဒီကိလေသာတွေကိုပယ်သတ်နေတဲ့ ပုဂ္ဂိုလ်များဖြစ်လို့ အကြောင်းရင်းချုပ်ငြိမ်းပြီး ဘယ်ဘေးရန် အန္တရာယ်မှ ဖြစ်ပေါ် နှောင့်ယှက်ခြင်း မရှိတော့ဘူး။

"

“သီလပြည့်စုံလျှင် လူနတ်နိဗ္ဗာန် ချမ်းသာတွေဟာ မရနိုင်တာ

ရယ်လို့ မရှိတော့ဘူး ငါ့ရှင်-

“ဒါ့ကြောင့် ဒီရဟန်းသီလပေါ်မှာ ရပ်တည်ပြီးသကာလ ဘုရားအရိယာ အရှင်မြတ်တိုင်းကြွတော်မူရာ တခုတည်းသော လမ်းကြောင်းဖြစ်တဲ့ သတိပဋ္ဌာန် တရားကို ကြိုးစားရှုမှတ်ဖို့ သင့်ပြီ။ စာသင်စာချ သံဃပရိသတ်ကို ထိန်းသိမ်းပြီး ပရိယတ္တိသာသနာ့ဝန်ကိုလဲ ကြာမြင့်စွာ ထမ်းဆောင်ခဲ့ပြီပဲ။ ကိုယ်ကျိုးကိုယ် စီးပွားကို ကြိုးစားအားထုတ်ဖို့ အချိန်တန်ပြီ။”

## PAGE 624
<!-- 10 paragraphs, raw extraction -->



ဆင်ရိုင်းကြီးအောက်ဝင်၍ မိုးခိုရာမှ


တိဿမဟာနာဂ မထေရ်သည် တိဿမထေရ်ကြီးထံမှ တရားကို ရိုသေစွာ နာယူမှတ်သား၍ ကျောင်းသို့ ပြန်ကြလေ၏။ အပြန်လမ်းတလျှောက်လုံးတောကြီး အတွင်း၌ မေတ္တာဘာဝနာများ ပွားပို ့ကာ အထူးသဖြင့် သတိပဋ္ဌာန်တရားရှုမှတ် ခြင်းဖြင့် တလှမ်းချင်းပြန်ကြွအလာ လမ်းခရီးအကြား၌ မုန်ယစ်သော တောဆင် ရိုင်းကြီးတကောင်နှင့် ရုတ်တရက် ရင်ဆိုင်တိုးမိလေ၏။

လမ်းခရီးမှာ ကျဉ်းကျပ်လှသဖြင့် တိမ်းရှောင်သွား၍လည်း မရသာ ရှိလေ၏။ ပထမတွင် ဆင်ရိုင်းကြီးမှာ မာန်စောင်၍ ကြည့်နေရာ မထေရ်၏ မေတ္တာ ကြောင့် မကြာမသင် မုန်ယစ်ပြေသွား၏။ ထိုအခိုက် ရုတ်တရက် အရပ်လေးမျက် နှာ၌ မိုးတိမ်များ အုံ့ဆိုင်းမှိုင်းမှုန်လာကာ မိုးကြိုးများ ထစ်ချုန်းလျက် မိုးကြီး သည်းထန်စွာ ရွာသွန်းချလေတော့သည်။

ဆင်ကြီးမှာ လမ်းကျဉ်းကလေး၌ ပိတ်ဆို့ ကာဆီးနေမြဲ နေလျက် ရှိရာ မထေရ်လည်း ကြံရာမရ ထိုဆင်ရိုင်းကြီးအနီးသို့သွားကာ ဆင်ရိုင်းကြီး၏ဝမ်းဗိုက် အောက်၌ မိုးခိုတော်မူရလေသည်။ ဆင်ရိုင်းကြီးလည်း မလှုပ်မယှက် ငြိမ်သက် စ္စာမိုးအန္တရာယ်ကို ကာကွယ်၍ပေးနေ၏။ မိုးသည်ပို၍ပင် သည်းထန်စွာ ရွာသွန်း နေသဖြင့် မထေရ်သည် သတိပဋ္ဌာန်တရားကိုသာ အားစိုက်ခွန်စိုက် စိတ်လိုက် မာန်ပါ ရှူပွားနေ၏။

ပန်းမိုးရွာ၍ နံ့သာလွှမ်းထုံခြင်း

တိဿမဟာနာဂထေရ်သည် ရဟန်းသီလနှင့် ပရိယတ္တိ အသိဉာဏ်မျာ ပြည့်စုံထားပြီးသူ ဖြစ်တော်မူသည့် အတိုင်း မကြာမြင့်မီပင် သောတာပတ္တ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူ၏။

ထိုအခိုက် ပတ်ဝန်းကျင် တောတောင်တခွင်လုံး အုန်းအုန်းကျွက်ကျွက် သွက်သွက်ခါမျှဝဲယာရွှေ့နောက်လှုပ်ခြောက်မြည်ဟည်းပဲ တင်တီး၍မြေငလျင်ကြီး လှုပ်လေ၏။ မိုးလည်း သည်းစွာရွာသွန်းမြဲရွာသွန်းနေသဖြင့် မထေရ်သည် သတိ ပဋ္ဌာန်တရားကိုသာ ဆက်၍ပေါက်မြောက်အောင် ရှုမှတ်မြဲ ရှုမှတ်တော်မူနေ၏။
ဆင်ရိုင်းကြီးလည်း မလှုပ်မယှက် မိုးဒဏ်ကိုအကာအကွယ်ပေးလျက် ငြိမ်သက်စွာ ရပ်မြဲရပ်နေလေသည်။

## PAGE 625
<!-- 15 paragraphs, raw extraction -->




တဖြည်းဖြည်းမိုးသည် စ၍စဲ၍ လာ၏။ မိုးစဲသွားသည်နှင့် တပြိုင်နက် တောတောင်သစ်ပင် ပတ်ဝန်းကျင်တခုလုံး အုတ်အုတ်ကျက်ကျက်တခဲနက် ငလျင် ကြီးလှုပ်လာပြန်၏။ ငလျင်ကြီးနှင့်အတူ ကောင်းကင်တခိုမှ ပန်းမျိုးစုံဖြန့်ကြဲ သွန်းဖြိုးကာ ပန်းမိုးကြီးရွာချပြန်လေသည်။ တောတောင်ရှိ နတ်များအားလုံး ဝမ်းမြောက်ဝမ်းသာ ကောင်းချီးသာဓုခေါ်ကြကုန်၏။

ပန်းမိုးကြီးရွာသွန်းပြီး မကြာမီ မြေ၌နေကြသော နဂါးတို့သည် တိဿ မဟာနာဂ ရဟန္တာ အရှင်မြတ်ကြီးအား အမွှေးနံ့, အခိုးနံ့များ တတောလုံး၊
ပျံ့အောင် ထုတ်လွှတ်ကာ ပူဇော်ကြပြန်လေသည်။

အနှစ်သုံးဆယ် လုပ်ကျွေးသော ဆင်ကြီးသေလျှင်

တိဿမဟာနာဂ မထေရ်သည် ဆင်ရိုင်းကြီးအောက်၌ပင် မိုးခိုယင်း ရဟန္တာဖြစ်တော်မူပြီးနောက် ဆင်ကြီးနှင့်တကွ တောစောင့်နတ်, တောင်စောင့် နတ်များအား တရားဦး ဟောတော်မူ၏။ တရားဟောပြီးလျှင် ပိယောလက ကျောင်းသို့ ကြွတော်မူရာ ဆင်ကြီးလည်း မထေရ်၏နောက်က ထက်ကြပ်မက္ခာ လိုက်ပါသွားလေ၏။

မထေရ်သည် ပိယောလကကျောင်း၌ အနှစ်သုံးဆယ်လုံးလုံး သီတင်းသုံး တော်မူရာ ဆင်ကြီးသည်လည်း အနှစ်သုံးဆယ်လုံးလုံးပင် မထေရ်၏ ဝတ်ကြီး ဝတ်ငယ်များကို ပြုစုလုပ်ကျွေးလျက် နေလေ၏။

မထေရ်ကြီး ပရိနိဗ္ဗာန်ပြုလျှင် လူတို့သည် အလောင်းတော်ကို ရထား ပြာသာဒ်ဖြင့် တင်လှူပူဇော်၍ ကုဋပ္ပိယကျောင်းသို့ ပြောင်းရွှေ့ ယူဆောင်ကာ ခုနစ်ရက်ပတ်လုံး သာဓုကီဠနသဘင် ဆင်ယင် ပူဇော်ကြလေသည်။

ဆင်ကြီးလည်း အလောင်းတင်ရထား ပြာသာဒ်နောက်မှ ထက်ကြပ်မကွာ လူအုပ်ကြီးနှင့်အတူ ရောပါလျက် ကုရမ္ပိယကျောင်းသို့လိုက်ကာ ပန်းပွင့်များကို ချိုးယူပူဇော်ရာ ဈာပနပွဲကြီးပြီးလျှင် ပိယောလကကျောင်းသို့ပင် ပြန်ကာ လွန်ရာ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်လေသတည်း။


ဤတွင်ရွေ့ ပြီးပြည့်စုံပြီ။

နိဗ္ဗာနပစ္စယော ဟောတု

ဌေးလှိုင်

၁၃၄၁-ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစကြာနေ့။

## PAGE 626
<!-- 7 paragraphs, raw extraction -->

တင်ထွန်းကျော်


Oll

နောက်ဆက်တွဲ မှတ်သားဖွယ်များ

တရုတ်ရဟန်းတော် ဖာဟီယန်ကိုယ်တွေ့ ကျွန်းသီဟိုဠ်, ရဟန္တာ ဈာပနနှင့် ပုဂ္ဂိုလ်ထူးများ။ (သာသနာ-၉၅၄·၉၅၆%) သီဟိုဠ်ကျွန်းသို့ သာသနာ သက်ဆင်းပုံနှင့် ထေရပါဒအတွင်းသို့ သွင်း လာသော ဝါဒဆန်းများ ရှင်းရခြင်း။

သီရိလကာ သီဟိုဠ်ကျွန်း ထင်ရှားသော မြို့ရွာဒေသ ကျောင်းကန် စေတီများ ခရီးစဉ် သမိုင်းအချုပ်။

1

## PAGE 627
<!-- 11 paragraphs, raw extraction -->




နောက်ဆက်တွဲ (က)

တရုတ်ရဟန်းတော် ဖာဟီယန်ကိုယ်တွေ့

ကျွန်းသီဟိုဠ် ရဟန္တာဈာပနနှင့် ပုဂ္ဂိုလ်ထူးများ ခြေတော်ရာစေတီနှင့် အဘယဂိရိ ကျောင်းတိုက်ကြီး

မြို့တော်မြောက်ဘက်ရှိ ခြေတော်ရာပေါ်၌ ရွှေငွေ ရတနာတို့နှင့်တကွ အဘိုးအနဂ္ဃ ထိုက်တန်လှသော ရတနာအမျိုးမျိုးတို့ဖြင့် စုပေါင်းခြယ်လှယ် တင့် တယ်စွာ စီရင်၍ တန်ဆာဆင်အပ်သော အမြင့်ဉာဏ်တော် ပေ(၄၀၀) မြင့်မား သော စေဘီတော်ကြီးတဆူကို တည်ထား ကိုးကွယ်ကြလေသည်။

၎င်းစေတီတော်ကြီး၏ နံဘေး၌ “အဘယဂိရိ” အမည်ရှိသော ကျောင်း ဟိုက်ကြီးတတိုက်ကိုလည်း ဆောက်လုပ် လှူဒါန်းကြ၍ ယခုအခါ ၎င်းကျောင်း တိုက်ကြီး၌ ရဟန်းတော်ပေါင်း (၅၀၀၀) သိတင်းသုံး နေထိုင်လျက် ရှိလေသည်။

ကျောက်စိမ်း ရုပ်တုတော်

ရွှေငွေ အစရှိသော အဖိုးတန် ရတနာအမျိုးမျိုးတို့ဖြင့် ဆန်းကြယ်လှစွာ ပြုပြင်စီမံ၍ထားသော ဘုရားခန်းကြီးတခုရှိ၍ ၎င်းဘုရားခန်းကြီး၌ အမြင့်ဉာဏ် တော်ပေ (၂ဝ) ကျော်ရှိသော ကျောက်စိမ်းဆင်းတု ရုပ်ပွားတော်တဆူ ရှိလေ သည်။

၎င်းရုပ်ပွားတော်နှင့်တကွ ဘုရားခန်းကြီးသည် ရတနာ ၇-ပါး အရောင် တို့ဖြင့် တပြောင်ပြောင် တောက်လျမ်းလျက် ဖူးမြင်သူတို့၏ သဒ္ဓာပန်းကို ပွင့် လန်းတိုးတက် ထက်မြက်စေပြီးလျှင် ရုပ်ပွားဆင်းတု၏ မျက်နှာတော်သည် ကြည် ညိုဖွယ်ရာ မင်္ဂလာကျက်သရေ အထွေထွေတို့နှင့်တကွ မည်ရွေ့မည်မျှ သပ္ပံာယ်တော် မူလှသည်ဟု နှုတ်ဝစီဖြင့် အလီလီ ပြောငြားသော်လည်း မောပန်းရုံသာ၊ ကုန်နိုင် ဖွယ်မရှိချေ။ ရုပ်ပွားတော်၏ ညာလက်ဝါးပြင်ပေါ်တွင် အဖိုးအနဂ္ဃ ထိုက်တန် သော ပုလဲတလုံး ရှိလေသည်။

## PAGE 628
<!-- 11 paragraphs, raw extraction -->



မဟာဗောဓိပင်


ရှေးအခါ သမယက ဤသီဟိုဠ်ကျွန်းကြီးအရှင် ဘုရင်တပါးသည် ဗုဒ္ဓ ရှင်တော်ဘုရား . ပွင့်တော်မူသော မဟာဗောဓိပင်၏ မျိုးစေ့ကို ရယူရန် သံတမန် တဦးကို စေလွှတ်၍ ဆောင်ယူခဲ့ပြီးလျှင် ဘုရားကျောင်းကြီး၏ နံဘေး၌ စိုက်ပျိုး သောအခါ ပေ(၂၀၀) အမြင့်ရှိသော ဗောဓိပင် ပေါက်လာလေသည်။

ဗောဓိပင်သည် အရှေ့တောင်ဘက်သို့ ကိုင်းညွတ် ယိမ်းယိုင်လာသော အခါ ဘုရင်မင်းမြတ်သည် လဲကျလိမ့်မည်ဟု စိုးရိမ်းတာ် မူသောကြောင့် ထိပ်ဝ အကျယ် ရှစ်ထ,ကိုးကွာမျှရှိသော သစ်သားထောက်တို့ဖြင့် ၎င်ဗောဓိပင်ကို ကောက်ကန်ကူညီ၍ ထားလေသည်။

ဗောဓိပင်သည် ဒေါက်ထောက်ကန်၍ ထားသောနေရာမှ အမြစ်ထွက်၍ ဒေါက်ကိုထွင်းဖောက်လျက် မူလရှိရင်းဒေါက်ကို ၄-ထွာခန့် ကြီးထွားလာစေ ပြီးလျှင် မြေကြီးသို့ဆင်းသက်၍ အမြစ်တွယ်လေသည်။ ဒေါက်-တလျှောက်လုံး ကွဲအက်၍ နေငြားသော်လည်း ဗောဓိအမြစ်တို့ဖြင့် ဝန်းရံလျက်ရှိနေသောကြောင့် ထုတ်ပစ်ခြင်းကို မပြုချေ။ ဗောဓိပင်ခြေရင်း၌ တန်ဆောင်းတော်ကြီးတခု ဆောက် လုပ်၍ ၎င်း တန်ဆောင်းတော်ကြီးအတွင်း၌ တင်ပျဉ်ခွေ တည်ထားတော်မူသော ရုပ်ပွားဆင်းတုတော်ကို တိုင်းသားသူပြည် ရဟန်းရှင်လူတို့သည် အစဉ်မပြတ် သွားရောက်၍ ဆည်းကပ်ဖူးမြော် ပူဇော်ကြလေသည်။

မြတ်စွယ်တော်

ဤကျွန်း၌ ဗုဒ္ဓရှင်တော်ဘုရား သွားတော် (စွယ်တော်) ကိန်းဝပ်တော် မူသော အဆောက်အအုံကြီးတခုကိုလည်း ဆောက်လုပ်ထားကြလေသည်။
အထက်ပါ အဆောက်အအုံနှစ်ခုတို့သည် ရတနာ ခုနစ်ပါးတို့၏ အရောင် အဝါတို့ဖြင့် တပြောင်ပြောင် တောက်ပလျက် ကြီးကျယ် ခမ်းနားလှပါပေ၏။

ဥပုသ်နေ့တိုင်း လမ်းပေါ်က တရားပွဲများ

ဘုရင်မင်းမြတ်သည် ဗြဟ္မဝိဟာရ တရား ၄-ပါးတို့ကိုသေချာစွာလိုက်နာ စောင့်ရှောက်လျက် တိုင်းပြည်အတွင်း၌ မှီတင်းနေထိုင်ကြကုန်သော တိုင်းသား ပြည်သူ များဗိုလ်လူတို့ကိုလည်း ရတနာသုံးရပ်တရားမြတ်၌ ဆည်းကပ်မှီခိုကြည်ညို လိုက်ပါစေရန် အစဉ်မပြတ် တိုက်တွန်းတော်မူလေသည်။

## PAGE 629
<!-- 11 paragraphs, raw extraction -->


၅ ဂ ၆


ဤသိဟိုဠ်ကျွန်းကြီးသည် ယဉ်ကျေးလိမ္မာ ဆယ်ဖြာသော ရာဇဓမ္မတို့နှင့် ပြည့်ဝစုံလင်သော မင်းကောင်းမင်းမြတ်များ စိုးမိုး အုပ်ချုပ်တော်မူသည့်အခါ ကာလကစ၍ ငတ်မွတ်ခေါင်းပါးခြင်းတည်းဟူသော ဒုဗ္ဘိက္ခန္တရဘေး တိုက်ခိုက် လုယူ ရန်မူသတ်ဖြတ်ခြင်းတည်းဟူသော သတ္ထန္တရဘေးတို့မှ လွတ်ငြိမ်းချမ်းသာ ကြလေသည်။

ရဟန်းတော်များနှင့်သာဆိုင်သော ဘဏ္ဍာတော်တိုက် အတွင်း၌လည်း ရတနာအဖိုးတန် ကျောက်သံပတ္တမြားနှင့်တကွ အဖိုးမဖြတ်နိုင်သော ပုလဲရတနာ ပေါင်းများစွာ ရှိလေသည်။

ဤကျွန်းကြီး၌ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်သူ ဂုဏ်အသရေရှိ လူကြီးလူကောင်းများစွာရှိ၍ ကုန်သည်ကြီးတို့၏ အမြဲနေထိုင်ရာ အိမ်ဂေဟာ တို့သည်လည်း အလွန်ပင်ကြီးကျယ်ခမ်းနား များပြားလျက် လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့ကိုလည်း ညီညွတ်ပြေပြစ် ကျစ်လျစ်ကောင်းမှုန်စွာပြုပြင်ထားကြ လေသည်။

10

လစဉ်မပြတ် လာန်ရှင်ရက် လဆုတ်ရှစ်ရက်, လလယ် နေ့တို့၌ တရားပွဲကျင်းပရန်အလို့ငှာ လမ်းဆုံလမ်းဝ လမ်းလေးခုတို့၌ တရာ-ဟောမဏ္ဍပ် များကို ဆောက်လုပ်ထား၍ အရပ်လေးမျက်နှာမှ ရဟန်းရှင်လူ များဗိုလ်လူတို့ သည် တရားတော်များကို ကြားနာမှတ်သားရန် စုရုံးလာရောက်ကြလေသည်။
သီဟိုဠ်ကျွန်းကြီး၌ သီတင်းသုံးနေထိုင်တော်မူကြကုန်သော ရဟန်းတော် တို့သည် (၅၀၀၀)ကျော်(၆၀၀၀)ခန့်ရှိသည့်ဟု ကျွန်းသူကျွန်းသားတို့ ပြော ဆိုကြလေသည်။ ထိုရဟန်းတော် တို့သည် တိုင်းသူ ပြည်သား လူအများတို့ထံ “ပိဏ္ဍစာရိက” အကျင့် ဆွမ်းခံခြင်းဖြင့် “ဘောဇန သပ္ပာယ’ မျှတတော်မူကြ လေလည်း

ဘုရင်မင်းမြတ်သည် မိမိတိုင်းပြည်အတွင်း၌(၅၀၀၀)(၆၀၀)ကျော်ခန့် မျှရှိသော ဆင်းရဲသား သူတောင်းစားတို့အား သီးသန့်ခြားနား၍ နေရာပေး ထားပြီးလျှင် အစာအာဟာရ လိုချင်သော သူတောင်းစားတို့သည် မိမိတို့ခွက် များဖြင့် သွားရောက်တောင်းခံကြသောအခါ အစွမ်းရှိသလောက် မြောက်မြား စွာ ရရှိကြလေသည်။

စွယ်တော်လှည့်ပွဲကြီး

မြတ်စွာဘုရား၏စွယ်တော်ကို နယုန်လပြည့်နေ့၌ အစဉ်မပြတ် ပင့်ဆောင် ပူဇော်ကြလေသည်။ ဘုရင်မင်းမြတ်သည် စွယ်တော်မြတ်ကို မပင့်ဆောင်မိ ဆယ်ရက်ကကြိုတင်၍ မင်္ဂလာဆင်တော်ကြီးတစီးကို ကြီးကျယ်ခမ်းနားစွာကကြိုး တန်ဆာဆင်ပြီးလျင် အသံဩဇာကောင်းစွာပြည့်စုံသောယောက်ျားတယောက်

## PAGE 630
<!-- 10 paragraphs, raw extraction -->




မင်းဝတ်တန်ဆာများဖြင့် ဝတ်စားဆင်ယင်စေလျက် မင်္ဂလာဆင်ကြီးပေါ်တွင် စီးစေပြီးသောအခါ စည်တော်များကိုရွမ်း၍ အသံကျယ်လှစ္စာ (တမြို့လုံးပူဇော် ကြရန်) ကြွေးကြော်စေလေသည်။ (စွယ်တော်လှည့်ပွဲကို အဘယဂိရိကျောင်းက ဦးစီးလုပ်ပုံ အကျယ်ရေးထားသည်။)

ဘရိကကျောင်းတိုက်နှင့် အရှင်ဓမ္မဂုတ္တထေရ်၏အံ့ဖွယ်

အဘယဂိရိကျောင်းတိုက်မှ အရှေ့ဘက်လိပေါင်း ၄၀-အက္ခာအဝေးတွင် ရဟန်းတော်ပေါင်း (၂၀၀၀)မျှသီတင်းသုံး နေထိုင်တော်မူကြသော “ဘဒ္ဒရိက ခေါ်ကျောင်းတိုက်ကြီးနှင့်“မဟီတလေခေါ် သောဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် တောင်တခု ရှိလေသည်။

ဘဒ္ဒရိက ကျောင်းတိုက်၌ သိတင်းသုံးတော် မူကြသော ရဟန်းတော် အပေါင်းတို့တွင် “အရှင်ဓမ္မဂုတ္တ’ မထေရ်မြတ်ကို တိုင်းသူပြည်သား လူအများ တို့သည် အထူးအားဖြင့် မြတ်နိုးကော်ရော် ဖူးမြော်ကြည်ညိုသဒ္ဓာပိုကြလေ သည်။ ထိုမထေရ်မြတ်သည် နှစ်ပေါင်း လေးဆယ်ကျော်တိုင်တိုင် ကျောက်ဂူ အတွင်း၌ သီတင်းသုံးနေထိုင်တော်မူ၍—

မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများတော် မူလေသည်။ အရှင်ဓမ္မဂုတ္တ မထေရ်မြတ်၏ တန်ခိုးရှိန်စော် မေတ္တာတော်သည် အဟိတ်တိရစ္ဆာန် ဖြစ်သော ကမ္ဘာ့ရန်သူမြွေနှင့်ဖား’သည်ပင်လျှင် တဦးနှင့်တဦး နှိပ်စက်ညှဉ်းပန်းခြင်း မရှိ ကြပ် တွင်းတခုထဲ၌ အတူတကွ ဆက်ဆံပေါင်းသင်း ညီညွတ်စွာ မှီတင်းနေထိုင် ခြင်းကို ဖြစ်စေနိုင်လောက်အောင် ထက်မြက်သော အာနုဘော် ရှိလေသည်။

မဟာဝိဟာရ ကျောင်းတိုက်ကြီး

မြို့တော်၏တောင်ဘက် ခုနစ်-လိအက္ခာတွင် “မဟာဝိဟာရ’ကျောင်းတိုက် ကြီးတည်ရှိ၍ ရဟန်းတော်ပေါင်း ( ၃ဝ ဝဝ) အမြဲသီတင်းသုံးတော် မူလေသည်။
ထိုရဟန်းတော်များအနက် ရဟန်းတော်တပါးသည် ဗုဒ္ဓရှင်တော်ဘုရား၏ အာဏာဒေသနာစောင့်ထိန်းအပ်သောဝိနည်း သိက္ခာပုဒ်တော်များကို မကျိုး မပေါက် မပြောက်မကျား ထိန်းသိမ်းစောင့်ရှောက်တော်မူ၍ မထေရ်မြတ်၏ အကျင့်သီလတော်မြတ်သည် ဝါဂွမ်းပုံပမာဏ ဖြူဖွေး စင်ကြယ်လှသောကြောင့် အာသဝေါခန်းခြောက် သံသရာမှထွက်မြောက်ပြီးသောရဟန္တာ အရှင်မြတ် ဖြစ် လိမ့်မည်ဟု ဖူးမြင်ရသူ အားလုံးတို့၏ စိတ်နှလုံး၌ ယူကျုံးမှတ်သား ဖြစ်ပွား လောက်အောင် ကြည်ညိုဖွယ်ကို ဆောင်တော်မူလေသည်။

## PAGE 631
<!-- 11 paragraphs, raw extraction -->




မထေရ်မြတ်သည် ခန္ဓာချုပ်စု မရဏပွဲသို့ ဝင်တော်မူခါနီးလေလျှင် အာ သဝေါ ကုန်ခန်း “ရဟန္တာ’ ဟုတ်-မဟုတ်ကို သေချာစွာ မေးလျှောက်ထားရန် ဘုရင်မင်းမြတ် ကိုယ်တော်တိုင် ကြွတော်မူ၍ ရဟန်းတော် များစွာတို့ကို ပင့်ဖိတ် စည်းဝေး စေပြီးသောအခါ “ဤရဟန်းတော်မြတ်သည် အာသဝေါ ကုန်ခန်း ရဟန္တာ ဖြစ်ပါပြီလော”ဟု မေးမြန်း လျှောက်ထားလေသည်။ ရဟန်းတော် တို့ သည် အမြန်ချက်ချင်း မှန်ကန်သော စကားဖြင့် ထိုပုဂ္ဂိုလ်သည် ရဟန္တာ ဖြစ်သည် ဟု ပြန်ကြား ပြောဆို တော်မူကြလေသည်။

ထိုရဟန္တာ အရှင်မြတ် ခန္ဓာ ဇာတ်သိမ်း ပရိနိဗ္ဗာန်ဝင်စံငြိမ်းတော်မူသော အခါ ဘုရင်မင်းမြတ်သည် ဒေသနာတော်၌ လာရှိသော ထုံးနည်း ဥပဒေသ အတိုင်း ရဟန္တာ အရှင်မြတ်တို့နှင့်သာ သက်ဆိုင်သော သာမုကီဠန ပူဇော်ပွဲကြီးကို ဝှဲချီးကျင်းပလျက် သင်္ဂြိုဟ်ဟော် မူလေသည်။

ရဟန္တာအရှင်မြတ်၏ အလောင်းတော်ကို သင်္ဂြိုဟ် ခြင်း

အကွာ

မဟာဝိဟာရ ကျောင်းတိုက်ကြီးမှ အရှေ့ဘက် လေးလိ, ငါးပိ တွင် စတုရန်း အကျယ်အဝန်းပေ-၃ဝ ကျော်နှင့် အမြင့်ပေ - ၃၀နီးနီးခန့်ရှိသော ထင်းပုံကြီးကို စုပုံစေပြီးလျှင် ကရမက်နံ့သာစသော မွှေးကြိုင် သင်းပျံ့ ရနံ့ကောင်း ထင်းများကို အပေါ်၌ထား၍ လေးဘက် မျက်နှာတို့၌ လှေကားထစ်များကို ပြုလုပ်စေလေသည်။

ထင်းပုံကြီးကို အဖိုးထိုက်တန်သော ကသ္မီရတိုင်းဖြစ် ဖြူဖွေးသစ်လွင်သော အထည်အလိပ်တို့ဖြင့် မိုးကာ ဖြန့်ကြက် ပတ်လည် ပိုင်းလျက် ဖုံးအုပ်ထားပြီး အထက်၌ တရုပ် လူမျိုးတို့၏ အသုဘ ရထားနှင့် တူသော်လည်း နဂါးရုပ် မပါ သော လှည်းတခုကို ထားလေသည်။

သင်္ဂြိုဟ်တော်မူရန် အချိန်ကာလ ဈာပနပွဲကြီး ကျင်းပသော သမယ၌ ဘုရင်မင်းမြတ်သည် နောက်ပါ အခြွေအရံများစွာတို့နှင့် တကွ အရပ် လေးမျက် နှာမှ ရောက်လာကြကုန်သော တိုင်းသူပြည်သားတို့ကို ရုံးစုစေ၍ ပန်းနံ့သာ လက်စွဲကြလျက် သင်္ဂြိုဟ်တော်မူရန် နေရာသို့ ရောက်သည်တိုင်အောင် ရထား နောက်မှ ပူဇော်လိုက်ပါကြလေသည်။

ဘုရင်မင်းမြတ် ကိုယ်တော်တိုင်လည်း ပန်းနံ့သာလက်စွဲတော်မူလျက် လိုက် ပါပူဇော်ခြင်းကို ပြုတော်မူလေသည်။ ပူဇော်ကြပြီးသောအခါ အလောင်းတော် ရထားကို တင်းပုံပေါ်သို့ တင်၍ ရေမွှေးနံ့သာဆီတို့ဖြင့် သွန်းလောင်း ဖျန်းပက် ပြီးလျှင် မီးရှို့ကြလေသည်။

## PAGE 632
<!-- 9 paragraphs, raw extraction -->


သိဟိုဠ်ခေတ် စံတော်ဝင် အရိယာများ


မီးတောက် မီးလျှံ ထနေစဉ် များစွာသော လူအပေါင်းတို့သည် ပရိနိဗ္ဗာန် ပြုသော အရှင်မြတ်ကို ကြည်ညို ရိုသေသော စိတ်သဘောဖြင့် မိမိတို့ ‘ဝတ်ဆင် ထားသော ခန္ဓာကိုယ် အထက်ပိုင်းရှိ အဝတ်တန်ဆာများကို ချွတ်၍ ငှက်မွေး ယပ်တောင်, ထီးများနှင့် အတူတကွ မီးပုံထဲသို့ ပစ်ထည့် ပူဇော်ကြလေသည်။

မီးသင်္ဂြိုဟ်ပြီးသောအခါ ကြွင်းကျန်ရစ်သော အရိုးဓာတ်တော် များကို ဌပနာ ထည့်သွင်း၍ စေတီတော်တဆူကို တည်ထားကိုးကွယ်ကြလေသည်။
ရဟန်းတော် ဖာဟီယန်သည် ပရိနိဗ္ဗာန်ပြုတော်မူသော ထိုမထေရ်မြတ် သက်တော် ထင်ရှား ရှိတော်မူစဉ် အခါက မရောက်သေးသော်လည်း အဂ္ဂိဈာပန ပွဲကြီး ကျင်းပဆဲ အခါမှာ ရောက်ရှိလေသည်။

သီဟိုဠ်ဘုရင် သာသနာတော်ကို အားပေးခြင်း

၎င်းပြည်ရှင် ဘုရင်မင်းမြတ်သည် ဗုဒ္ဓသာသနာကို လွန်စွာ ကြည်ညို မြတ် နိုးတော်မူသောကြောင့် ရဟန်းတော်များ သီတင်းသုံးတော်မူရန် အသစ် ဖြစ် သော ကျောင်းတိုက်ကြီးကို တည်ထောင် ဖန်ဆင်းရန် အလိုရှိတော်မူသည်ဖြစ်၍ ရဟန်းတော်ပေါင်း များစွာတို့ကို ပင့်ဖိတ်တော်မူပြီးလျှင် အစည်းအဝေးကြီးကို ပြုလုပ်လေသည်။ ထိုရဟန်းတော် အရှင်မြတ်တို့အား ဆွမ်းဘောဇဉ် အာဟာရ တို့ဖြင့် လုပ်ကျွေးပြီး၍ လှူဒါန်းဖွယ်ရာ . ဒါနဝတ္ထုတို့ကို လှူဒါန်းပြီးသောအခါ ဘုရင်မင်းမြတ်သည် ရွှေငွေ ဘဏ္ဍာ အဖိုးတန် ရတနာတို့ဖြင့် ကောင်းမွန်စွာ တန်ဆာဆင်၍ထားသော ဦးချိုပါရှိသည့် နွားထီးကြီးတရှဉ်းကို ရွေးချယ်တော် မူလျက် ငရွှေဖြင့်ပြီးသော ထွန်တုံး, ထွန်သွားတို့ကို တပ်ဆင်စေပြီးလျှင် မိမိကိုယ် တော်တိုင် မြေကွက် တခုပေါ်တွင် လေးဘက် မျက်နှာလှည့်ပတ်၍ ထွန်ယက် သတ်မှတ်တော်မူလေသည်။

လ

ဤကဲ့သို့ သတ်မှတ်ပြီးသော မြေကွက်နှင့်တကွ အားလုံး နေထိုင်သူ စုများ, လယ်ယာများ, အိမ်များကို သာသနာတော် ကြီးပွားရန် ရည်ရွယ်တော် မူ၍ ရဟန်းတော်တို့ အဆက်ဆက် မပျက် မကွက် သုံးစွဲနိုင်ရန်နှင့် နောင်တဖန် ပြန်လည့် နုတ်သိမ်း ဖျက်ဆီးခြင်းငှာ မစွမ်းနိုင်ရာသော အမိန့်တော် စာတမ်း တို့ကို ရေးသား ပြဋ္ဌာန်း အတည်ပြုလျက် သာသနာတော်၏ ဝတ္ထုကံမြေအဖြစ်ဖြင့် ရဟန်းတော်တို့အား လှူဒါန်း အပ်နှံ့တော်မူလေသည်။ သို့ဖြစ်သောကြောင့် ၎င်း ဝတ္ထုကံမြေရာကို မည်သူတဦး တယောက်မျှ ဖျက်ဆီး ရွှေ့ပြောင်းခြင်းငှာ မတတ် စွမ်းနိုင်ချေ။

## PAGE 633
<!-- 10 paragraphs, raw extraction -->




[ဖာဟီယန် မှတ်တမ်း” စာအုပ်မှ ကောက်နုတ်ချက် ဖြစ်သည်။ ဖာဟီယန် ဣန္ဒိယမှ ကူးလာကာသီဟိုဠ်ကျွန်း အဘယဂိရိကျောင်း၌ နှစ်နှစ်(သာသနာ-၉၅၄- ၉၅၆)နေထိုင်သွားသည်။

နောက်ဆက်တွဲ (ခ)

[သီဟိုဠ်ကျွန်း သာသနာ သက်ဆင်းပုံနှင့် ထေရဝါဒတွင်းသို့ သွတ်သွင်းလာသော ဂိုဏ်းကွဲဝါဒဆန်းများရှင်းရခြင်း အရှင်မဟိန္ဒထေရ် သီဟိုဠ် သာသနာပြုကြွရခြင်း

အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် အစွန်အဖျား ကျသော ကိုးတိုင်းကိုးဌာနတို့၌ သာသနာတော်တည်ထွန်းစေရန်အကျိုးငှာ ကိုးပါးငသာ သာသနာပြုနာယကမထေရ်တို့ကို ရွေးချယ်၍ စေလွှတ်တော်မူ၏။

ထို ကိုးပါးတို့တွင် ရှစ်ပါးသော မထေရ်တို့သည် မိမိ မိမိ၏ကျရောက်ရာ ဌာနသို့သွား၍ ဗုဒ္ဓသာသနာဟော်ကို တည်စေပြီးလတ်သော် အရှင်မဟာ မဟိန္ဒမထေရ်သည် သာသနာတော် ၂၃၆-ခုနှစ်၌ ဇမ္ဗူဒိပ်ကျွန်း (ဣန္ဒိယနိုင်ငံ)မှ သီဟိုဠ်ကျွန်းသို့ ကြသွားပြီးလျှင် ဒေဝါနံပိယတိဿမင်းအမှူးရှိသော ထိုကျွန်းသူ ကျွန်းသားအပေါင်းကို သာသနာတော်၌ ကြည်ညိုစေ၍ ဗုဒ္ဓသာသနာတော်ကို ကောင်းစွာ တည်စေတော်မူ၏။

ထိုမင်းလှူသော မဟာမေဃဝန်ဥယျာဉ်ကိုလည်း ခံယူတော်မူ၍ ထိုဥယျာဉ် ၌ မဟာဝိဟာရမည်သော သံဃအရာမ်ကျောင်းတိုက်ကြီးကို တည်စေတော်မူ၏။
ထိုကာလမှစ၍ သီဟိုဠ်ကျွန်း၌ ဗုဒ္ဓသာသနာတော်သည် ဝဋ္ဋဂါမဏိမင်း လက်ထက် တိုင်အောင် ဂိုဏ်းတပါးတို့၏ ဝါဒရောယှက်ခြင်းမရှိပဲ အညစ်အကြေးကင်းလျက် ကောင်းစွာ စင်ကြယ်သည်ဖြစ်၍ ထွန်းပခဲ့လေပြီ။

ဝဋ္ဋဂါမဏိမင်း၏ လက်ထက်မှစ၍မူကား ဂိုဏ်းတပါးတို့၏ အယူဝါဒတို့ သည်လည်း သီဟိုဠ်ကျွန်းသို့ချဉ်းကပ်ဝင်ရောက်လာကုန်၏။ ထိုအခါ၌ စင်ကြယ် သော ထေရဝါဒီဂိုဏ်းဝင် မထေရ်မြတ်တို့သည် ရှေးဟောင်းဖြစ်သောတရားတော် နှင့်ဝိနည်းတော်ကို ထိုဂိုဏ်းတပါးတို့၏ ဝါဒတို့နှင့် မရောနှောမညစ်နွမ်းပဲပကတိ အတိုင်း စင်ကြယ်လျက် တည်တံ ့အောင် ကြီးစွာသောလုံ ့လဖြင့် ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်တော်မူကုန်၏။ အဘယ်ကဲ့သို့နည်းဟူမူ-

## PAGE 634
<!-- 11 paragraphs, raw extraction -->



အဘယဂိရိဝါသီဂိုဏ်း ဖြစ်ပေါ်လာခြင်း

၅ ၉ ၁

ဝဋ္ဋဂါမဏိမင်းသည် သာသနာတော် ၄၄၀-ပြည့်နှစ်၌ မင်းအဖြစ်သို့ ရောက်၍ ၅-လမျှကြာသောအခါ၌ ဗြာဟ္မဏတိဿမည်သော သူပုန်ဒမြကြီးနှင့် ခုနစ်ဦးကုန်သော ဒမိဠ (တမယ်) စစ်သူကြီးတို့က တိုက်ခိုက်နှိပ်စက်သည် ဖြစ်၍ စစ်ပွဲ၌လည်း ရှုံးသည်ဖြစ်၍ ထွက်ပြေးပြီးလျှင် ၁၄-နှစ်ကျော် ကာလပတ်လုံး ပုန်းအောင်းလျက် မထင်မရှားသောအသွင်ဖြင့် နေရ၏။

.

ထိုအခါ သီဟိုဠ်ကျွန်း၌ လူတို့သည် သူခိုးဒမြ သူပုန်ဘေးဖြင့် လည်း ကောင်း၊ ခေါင်းပါးငတ်မှတ်ခြင်းဘေးဖြင့်လည်းကောင်း နှိပ်စက်သောကြောင့် ရဟန်းတော်တို့အား ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့လုပ်ကျွေးခြင်းငှာ မစွမ်း နိုင်ရှာလေကုန်။ ထို့ကြောင့် သီဟိုဠ်မှ ရဟန်းတော်တို့သည် အများအားဖြင့် ဇမ္ဗူဒိပ်ကျွန်း (ဣန္ဒိယနိုင်ငံ) သို့ သွားကုန်၍ ဓမ္မဝိနယကို`နှုတ်တက်အာဂုံ ဆောင် လျက် နေတော်မူကုန်၏။

သီဟိုဠ်ကျွန်း၌ပင်လျှင် ကျန်ရစ်သော မထေရ်တို့သည်လည်း ရတတ်သမျှ သောသစ်ဥသင်ဖု သင်မြစ် သစ်ရွက်တို့ဖြင့်မျှတကုန်လျက်ရုပ်ကိုစွမ်းဆောင်နိုင်လျှင် ထိုင်လျက် ပရိယတ်တရားတော်ကို ရွတ်ဖတ်ပြန်ဆိုတော်မူကြကုန်၏။ ကိုယ်ကာယ မစွမ်းဆောင်လျှင် သဲကိုစုပုံ၍ ထိုသဲပုံကို ဝန်းရံကုန်လျက် ဦးခေါင်းတို့ကိုအလယ် ဟိုတနေရာတည်း၌ အားကုန်၍ ပရိယတ်တရားတော်ကို သုံးသပ်ဆင်ခြင်ကုန်၏။
ဤနည်းဖြင့် ၁၂-နှစ်တို့ကာလပတ်လုံးအဋ္ဌကထာနှင့်ကက ပိဋကသုံးပုံကို မယုတ် လျော့စေပဲ နှုတ်တက်အာဂုံဆောင်တော်မူကုန်၏။

ဝဋ္ဋဂါမဏိမင်းသည် ဒမိဠ (တမယ်)မင်းကို သုတ်သင်၍တဖန်မင်းပြုသော အခါကာလ (သာသနာ ၄ ၅၅-၄ ၆ ၆-နှစ်အတွင်း)၌ သီဟိုဠ်တွင် ကျန်ရစ်သော ဟိုမထေရ်တို့သည် ဇမ္ဗူဒိပ်ကျွန်း (ဣန္ဒိယနိုင်ငံ)မှ ပြန်ရောက်လာသော မထေရ်တို့ နှင့်အတူတကွ ပိဋကသုံးပုံကို တိုက်ဆိုင်သုတ်သင် ကုန်လသော် အက္ခရာတလုံးမျှ သော်လည်း မညီညွတ်ပဲ ကွဲလွဲသည်ကို မတွေ့ရှလေကုန်။

သို့ရာတွင် မဟာနိဒ္ဒေသ ကျမ်းကိုကား ထိုစဉ်ကာလက ဒုဿီလရဟန်း တဦးသာလျှင် နှုတ်တက်ဆောင်ထားလျက်ရှိ၏။ ထိုကျမ်းကိုလည်း မဟာတိပိဋက ပထရ်က ထိုုဿီလ ငုဟန်းထံမှ မဟာရက္ခိတမထေရ်ကို သ ်ယူစေလျက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ပေသည်။

ဤဆိုခဲ့သည့်အတိုင်း ခေါင်းပါးငတ်ပွတ်ခြင်း၊ တိုင်းပြည်ချောက်ချား ပျက်စီးခြင်း ဘေးတို့ဖြင့် နှိပ်စက်သောကြောင့် နှုတ်ငုံဆောင်ရန် ခဲယဉ်းသော

## PAGE 635
<!-- 13 paragraphs, raw extraction -->




အခါသမယ၌သော်လည်း ပိဋကသုံးပုံ ဟူသော ဓမ္မဝိနယကို ရိုသေစွာ ဆောင် လာခဲ့ကြပေသည်။

ဝဋ္ဋဂါမဏိမင်းသည် အဘယဂိရိမည်သော ကျောင်းတိုက်ကိုဆောက်လုပ် ပြီးလျှင် (မထင်ရှားသော အသွင်ဖြင့် တိမ်းရှောင်ပုန်းအောင်းနေစဉ်က)မိမိအား ကျွေးမွေး စောင့်ရှောက်လျက် ကျေးဇူး ပြုဖူးသော မဟာတိဿမထေရ်အား လှူဒါန်းလေ၏။

ထိုမထေရ်မှာ ဒါယကာတို့နှင့် ရောနှော ဆက်ဆံခြင်းများသောကြောင့် မဟာဝိဟာရ၀ါသီ ရဟန်းတော်တို့က ၎င်းကို ပဗ္ဗာဇနီယကံပြု၍ နှင်ထုတ်လေ၏။
ထိုအခါ သူ၏တပည့် ဗဟလမဿုတိဿ မည်သော မထေရ်သည် ထိုကံကိုကန့်ကွက် တားမြစ်၏။ ထို့ကြောင့် ၎င်းအားလည်း ဥက္ခေပနီယကံ ပြု၍ ကြဉ်ထုတ်ပြန် လေ၏။ ထိုဗာလမဿုတိဿ မထေရ်သည် မဟာဝိဟာရ၀ါသိ ရဟန်းတို့ကို အမျက်ထွက်၍ အဘယဂိရိကျောင်းတိုက်သို့သာလျှင် သွားလေ၍ ထိုမာတိဿ ထေရ်နှင့် တပေါင်းတည်းဖြစ်ကာ သီးသန့် ဂိုဏ်းဂဏကို ထောင်လျက် နေလေ တော့၏။

ထိုမထေရ် နှစ်ပါးတို့သည် မဟာဝိဟာရကျောင်းတိုက် (ဂိုဏ်းဂဏ)သို့ တဖန်ပြန်၍ မဝင်လာကြတော့လေပြီ။

ထိုအခါမှစ၍ သီဟိုဠ်ကျွန်း၌ မဟာဝိဟာရဝါသီဂိုဏ်း၊ အဘယဂိရိဝါသီ ဂိုဏ်း ဟူ၍ နှစ်ဂိုဏ်းကွဲလေသည်။

ဤသို့ နှစ်ဂိုဏ်း ကွဲခြင်းသည် သီဟိုဠ်ကျွန်း၌ သာသနာ ဆုတ်ယုတ်ရန် ပထမအကြောင်း ဖြစ်လေသည်။

ဓမ္မရူစိဂိုဏ်း ဖြစ်ပေါ်လာခြင်း

ထိုစဉ်အခါက ဝဋ္ဋဂါမဏိမင်းသည်အဘယဂိရိဝါသီ ရဟန်းတို့၌သာလျှင် အထူးသဖြင့် ကြည်ညို၍ ၎င်းတို့ကိုသာလျှင် ပစ္စည်းလေးပါးတို့ဖြင့် ဖိတ်မန်လျက် ထောက်ပံ့၏။

မင်း၏ အမတ်ကြီး အစရှိကုန်သော ထင်းကုန်, ထင်ရှားကုန်သော တိုင်းသူ ပြည်သား လူအများ တို့သည်လည်း ထိုအဘယဂိရိကျောင်း၌ လည်း ကောင်း၊ အခြားအရပ်တို့၌လည်းကောင်း များစွာသော ကျောင်းတို့ကိုဆောက် လုပ်၍ ထိုအဘယဂိုရိုဝါသီ ရဟန်းတို့အား လှူဒါန်းကုန်၏။ ဤသို့သောနည်းဖြင့် အဘယရိဝါသီရဟန်းတို့သည် ထင်ရှားကျော်စောသူလူအများတို့၏ အရိုအသေ ပြုလျက် ပေးလှူပူဇော်ခြင်း၊ မြတ်နိုးခြင်းကို ခံရကုန်၏။

.

## PAGE 636
<!-- 13 paragraphs, raw extraction -->



၅ ၉ ၃

ထို့ပြင်လည်း ဗဟလမဿုတိဿမထေရ် အစရှိသော အဘယဂိရိဝါသီ ရဟန်းတို့သည် ဣန္ဒိယနိုင်ငံမှဆောင်ယူလာသော ဝဇ္ဇီပုတ္တကဂိုဏ်း၌ အတွင်းဝင် သည့် ဓမ္မရုစိဂိုဏ်း၏ ဓမ္မဝိနယဖြစ်သော သက္ကတဘာသာဖြင့် တင်ထားသော ပိဋကအသစ်အဆန်းကိုလည်း လက်ခံသင်ယူပို ့ချကုန်၏။ ထို့ကြောင့် ထိုအဘယ ဂိရိဝါသီတို့သည်လည်း ဓမ္မရုစိဂိုဏ်းသားမည်လေကုန်၏။

ဤကား သီဟိုဠ်ကျွန်း၌ သာသနာ ဆုတ်ယုတ်ရန် ဒုတိယ အကြောင်း

ဖြစ်လေသည်။

ပိဋကသုံးပုံကို ပေထက် အက္ခ ရာ တင် ခြင်း

မဟာဝိဟာရဝါသီ မထေရ်တို့သည်ကား ပါဠိဘာသာဖြင့် ကောင်းစွာ တည်လျက်ရှိသော ထက်ဝန်းကျင် စင်ကြယ်သော ရှေးဟောင်းပိဋကကိုသာလျှင် လက်ခံလျက် သင်ယူပို ့ချကုန်၏။၎င်းကိုလည်း နှုတ်ငုံပါဌ်ဖြင့်သာလျှင် ဆောင်ထား ကုန်၏။

သို့သော် ထိုခေတ်ကမထေရ်တို့သည် နောင်လာနောက်သားပုဂ္ဂိုလ်အများ တို့၏ သတိပညာဆုတ်ယုတ်မည်ကို မြော်မြင်တော်မူကြ၍ ဘုရားလက်ထက်တော် ကာလမှစ၍ ထိုခေတ် ကာလတိုင်အောင် နှုတ်ငုံပါဌ်ဖြင့် ဆောင်လာခဲ့သော အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံကို ပေထက်၌ ရေးသားတင်ထားရန် အားထုတ် ကြလေသည်။

အားထုတ်သော အခါမှာလည်း မဟာဝိဟာရဝါသီ မထေရ်တို့သည် အနုရာဓမြို့တော်မှ ၆ ဂ-မိုင်ဝေးက္ခာသော မလယဇနပုဒ်၊ မာတုလမြို့အနီး အာ လောကလိုဏ်၌ သီတင်းသုံးကုန်လျက် ထိုနယ်ပယ်၏ အကြီးအဟဲဖြစ်သူ၏ အစောင့် အရှောက်ကို ယူကုန်၍ ပေထက်၌ အက္ခရာတင်ခြင်း ကိစ္စကို ဆောင်ရွက်တော် မူကြလေသည်။ ဤအကြောင်းကို ထောက်ဆ၍-

56

“ထိုစဉ်အခါက မဟာဝိဟာရ၀ါသီမထေရ်တို့သည် မင်းနှင့်မင်း၏အမတ် ကြီးတို့ထံမှ ထောက်ပံ့ကူညီခြင်းကို မရကုန်ပဲ မိမိတို့၏ အားအစွမ်းဖြင့်သာလျှင် ပိဋကသုံးပုံ ပေထက်အက္ခရာတင်ခြင်းကိစ္စကို ဆောင်ရွက်တော်မူခဲ့ကြသည်” ဟူ၍ လည်းကောင်း-

“ထို ပေထက် အက္ခရာတင်ခြင်းမှာလည်း နောင်လာ နောက်သားတို့၏ သတိပညာဆုတ်ယုတ်မည်ကို မြင်သောကြောင့် ပြုကြကုန်သကဲ့သို့ပင် ခေါင်းပါး ငတ်မွတ်ခြင်း၊ တိုင်းပြည် ချောက်ချားပျက်စီးခြင်း စသော ဘေးတို့ဖြင့် နှိပ်စက် သော အခါကာလတို့၌ နှုတ်ငုံဆောင်ထားရန် ခဲယဉ်းခြင်းကို မြင်သောကြောင့် လည်း ပြုခဲ့ကြသည်”ဟူ၍ လည်းကောင်း၊ ထို့အတူပင်-

## PAGE 637
<!-- 10 paragraphs, raw extraction -->


၅၉.၄


“အဘယဂိရို့ဝါသီဂိုဏ်းသားတို့က လက်ခံ သင်ယူပို ့ချနေသော အယူ တပါးဝါဒတို့နှင့် မရောယှက် မရှုပ်ထွေးစေရန် အကျိုးငှာလည်း ရည်ရွယ်၍ ပေထက်အက္ခရာ တင်တော်မူခဲ့ကြသည်” ဟူ၍လည်းကောင်း ဤအချက်များကို လည်း သိအပ်၊ မှတ်ယူအပ်ပေ၏။

ဤသို့ ပြဆိုခဲ့သည့်အတိုင်း မဟာဝိဟာရဝါသီမထေရ်တို့သည် ထက်ဝန်း ကျင် စင်ကြယ်သော ထေရဝါဒပိဋကကို အယူတပါးတို့နှင့် မရောနှောခြင်း အကျိုးငှာ ရှေးကကဲ့သို့ပင် ပါဠိဘာသာဖြင့်သာလျှင် ပေထက်၌ တင်၍လည်း ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်တော်မူခဲ့ကြပေသည်။

အကယ်၍သာ ထိုစဉ်ကာလက ပိဋကသုံးပုံကို ပေတို့၌ တင်မထားခဲ့ပါ လျှင် နောက်နောက် ခေတ်ကာလတို့၌ အယူတပါးမှလာသော သုတ်တို့ကို “ဤ သုတ်များသည် ငါတို့၏ ပိဋကမဟုတ်”ဟု ပယ်ရှားရန် မလွယ်ကူပဲ ရှိလေရာ၏ ။
စင်စစ်သော်ကား ထိုစဉ်ကာလက အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံကို ပေတို့၌ တင် ထားခဲ့သောကြောင့်သာလျှင်နောက်အနာဂတ်ကာလတို့၌ အယူတပါးမှလာသော သုတ်တို့ကို ထိုပေစာတို့နှင့် နှီးနှောတိုက်ဆိုင်၍ပယ်ရှားရန်လွယ်ကူပေတော့သည်။
ထိုသို့လွယ်ကူပုံကို ထင်ရှားပြရလျှင် သာသနာနှစ် ၅၂၄-နှင့် ၅၅၂-ခုနှစ် တို့အတွင်း ဘာတိယမင်း၏ လက်ထက်၌ အဘယဂိရိဝါသီ မထေရ်တို့နှင့် မဟာ ဝိဟာရ၀ါသီမထေရ်တို့အား ဝိနည်း၌ ငြင်းခုံမှု ဖြစ် ပေါ်ခဲ့လေသည်။ ထိုအခါ ဘာတိယမင်းသည် ပုဏ္ဏားမျိုးဖြစ်သော ဒီဃကာရာယန မည်သော အမတ်ကို မထေရ်တို့ထံသို့ စေလွှတ်လိုက်၏။ ထိုအမတ်သည် နှစ်ဦးနှစ်ဘက်လုံးတို့၏ သုတ်ကို ကြားနာပြီးလျှင် အဆုံးအဖြတ်ကို ပေးလေသည်။

ထို့ပြင် သာသနာနှစ် ၇၅၈-နှင့် ၇၈၀-တို့အတွင်း ဝေါဟာရက တိဿ မင်း၏ လက်ထက်၌လည်းကောင်း၊ သာသနာနှစ် ၇၉၇-နှင့် ဂ ၁ ၈-တို့အတွင်း ဂေါဌာဘယမင်း၏လက်ထက်၌လည်းကောင်း၊ထေရဝါဒီမထေရ်တို့သည် ပေထက် တင်ထားသော ပိဋကတော် ဓမ္မဝိနယနှင့် နှီးနှော၍ မှားယွင်းသောအဓမ္မဝါဒကို ပယ်ရှားတော်မူကြလေသည်။

အဓမ္မဝါဒ ဖြစ်ပေါ်လာခြင်း

ဤ ဆိုလတ္တံ့ သောစကားမှာ မူလ အရင်းမှစ၍ သာသနာတော်၏ အညစ် အကြေးဖြစ်သော အဓမ္မဝါဒတို့ ဖြစ်ပေါ်လာပုံ ဖြစ်သည်။

သီရိဓမ္မာ သောကမင်းတရားကြီး၏ လက်ထက်၌ လူဝတ်လဲစေ၍ နှင်ထုတ် လိုက်သော တိတ္ထိတို့သည် ဗုဒ္ဓသာသနာတော်၌ ထောက်တည်ရာမရသောကြောင့်

## PAGE 638
<!-- 11 paragraphs, raw extraction -->



၅ ၉ ၅

အမျက်ထွက်ကုန်သည်ဖြစ်၍ ပါဋလိမြို့တော်မှ ထွက်ခွာသွားကြပြီးလျှင် ရာဇဂြိုဟ် မြို့အနီး နာလန္ဒမြို့၌ စည်းဝေးကုန်၍—

"

“ဗုဒ္ဓ သာသနာတော်၌ လူများအပေါင်းတို့ မသက်ဝင် မယုံကြည်စေရန် အကျိုးငှာ သာကီဝင်နွယ် ရဟန်းတို့၏ တရားဝိနည်းကို ဖျက်ဆီးပစ်ရမည်။ ထိုသို့ ဖျက်ဆီးခြင်းငှာလည်း သူတို့၏အယူကို မသိလျှင် ဖျက်ဆီးရန် မတတ်နိုင်။ ထို ကြောင့် အမှတ်မရှိ တစုံတခုသောနည်းဖြင့် ဗုဒ္ဓသာသနာ၌ တဖန်. ဝင်ရောက်၍ ရှင်ရဟန်းပြုရမည်” ဟု ဆွေးနွေး တိုင်ပင်လေကုန်၏။
ထိုတိတ္ထိတို့သည် ဤသို့ ဆွေးနွေးတိုင်ပင်ပြီးလျှင် တဖန် ပြန်လာကုန်၍ စင်ကြယ်သော ထေရဝါဒီဂိုဏ်းသား ရဟန်းတို့၏အတွင်းသို့ ဝင်ရောက်ခြင်းငှာ မစွမ်းနိုင်သောကြောင့် ထိုမှတပါးသော မဟာသင်္ဃိကဂိုဏ်း အစရှိကုန်သော တဆယ့်ခုနစ်ပါးသော ဂိုဏ်းသားတို့၏အထံသို့ချဉ်းကပ်၍ မိမိတို့တိတ္ထိဖြစ်ကြောင်း ကို အသိမပေးပဲ ရှင်ရဟန်းပြုကုန်၍ ပိဋကသုံးပုံကို သင်ယူပြီးလျှင် ထို ပိဋက သုံးပုံကိုလည်း ဖောက်လွဲဖောက်ပြန်ပြု၍ ထို ့နောင် ကောသမ္ဘီမြို့သို့သွား၍ ဓမ္မ ပိနယကို ဖျက်ဆီးခြင်းငှာ အကြောင်းဥပါယ်ကို ဆွေးနွေး တိုင်ပင်ကြပြီးလျှင် သာသနာတော် ၂၅ ၃-ခုနှစ်တွင် ခြောက်ပါးသော ဌာနတို့၌ နေကုန်လျက်— ၁။ ဟေမဝတိကဂိုဏ်း ၂။ ရာဇဂိရိကဂိုဏ်း ၃။ သိဒ္ဓတ္ထိကဂိုဏ်း ၄။ ပုဗ္ဗသေလိယဂိုဏ်း

၅။ အပရသေလိယဂိုဏ်း

၆။ ၀ါဗီရိယဂိုဏ်း

၇။ ဝေတုဂိုဏ်း ဂ။ အဓိကဂိုဏ်း

၉။ အညမဟာသင်္ဃ ိကဂိုဏ်း

ဟူ၍ ကိုးခုသော ဂိုဏ်းသစ်တို့ကို ဖြစ်စေကုန်၏။ ထိုဂိုဏ်းတို့၏အမည်နှင့် အယူ တို့မှာ ကတာဝတ္ထု အဋ္ဌကထာ၌ ပြထားလျက် ရှိပေ၏။ (ဤနေရာ၌ ဆရာတော် ဘုရားကြီးက ဝဏ္ဏပိဋက စသော ဂိုဏ်းတပါးကျမ်းများကို ပြဆို၏။) ထို ဝဏ္ဏ ပိဋကစသော ကျမ်းတို့သည် လည်းကောင်း၊ ထိုမှတပါးသော ထိုခေတ်ပေါ် မဟာယာန ပိဋကတို့သည် လည်းကောင်း အများအားဖြင့် သီဟိုဠ်ကျွန်းသို့ ချဉ်း ကပ်ဝင်ရောက်ကြသည်ဟု ယူသင့် ယူထိုက်၏။ ထိုကျမ်းတို့တွင်လည်း ဝဇ္ဇီပုတ္တက ဂိုဏ်းအတွင်းဝင်သော ဓမ္မရုစိဂိုဏ်း၏ ပိဋကတို့ သီဟိုဠ်သို့ ဆက်ရောက်ခြင်းကို ရှေး၌ပင်လျှင် ဆိုခဲ့ပြီ။ ထိုမှတပါးသော ပိဋကကျမ်းတို့ သီဟိုဠ်ကျွန်းသို့ ဆိုက် ရောက်လာပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

## PAGE 639
<!-- 11 paragraphs, raw extraction -->


၅ ၉ ၆


ဝေတုလ္လဝါဒကို ပထမအကြိမ် နှိမ်နင်းခြင်း

သာသနာနှစ် ၇၅၈-နှင့် ၇၈၀-တို့တွင် ဝေါဟာရက တိဿမင်း၏ လက် ထက်၌ အဘယဂိရိကျောင်းနေ ဓမ္မရုစိဂိုဏ်းသားတို့သည် သာသနာတော်ကို ဖျက်ဆီးရန်အကျိုးငှာ ရဟန်းအသွင်ကိုဆောင်သော ဝေတုလ္လဝါဒီ ပုဏ္ဏားတို့ စီရင်ထားသော ဝေတုလ္လပိဋကကို လက်ခံကုန်၍ “ဤ ဝေတုလ္လပိဋကသည် ဘုရား ဟောတည်း” ဟု ပြကုန်၏။

ထို ဝေတုလ္လပိဋကကို မဟာဝိဟာရကျောင်း၌ နေလေ့ရှိကုန်သော ထေရ ဝါဒီ ရဟန်းတော်တို့သည် မိမိတို့၏ ဓမ္မဝိနယနှင့် နှီးနှောပြီးလျှင် အဓမ္မဝါဒဟု ဆုံးဖြတ်၍ ပယ်ရှားကုန်၏။ ထိုအကြောင်းကိုကြား၍ ဝေါဟာရက တိဿမင်း သည် အလုံးစုံသောကျမ်းတို့၌ ပါရဂူမြောက် တတ်ကျွမ်းလိမ္မာသော ကပိလ အမတ်ကို စေလွှတ်၍ ဆုံးဖြတ်စေပြီးလျှင် ဘုရားဟော မဟုတ်ကြောင်း သိရ၍ အလုံးစုံသော ဝေတုလ္လ စာပေဟူသမျှကို မီးရှို့ စေ၍ ထို ဝေတုလ္လအယူရှိသော ရဟန်းယုတ်တို့ကိုလည်း နှိပ်ကွပ်၍ ဗုဒ္ဓ သာသနာတော်ကို ထွန်းလင်းစေခဲ့ပြီ။
ထို ့ကြောင့် မဟာဝံသ၌ အောက်ပါဂါထာကို မိန့်ဆိုထားလေသည်။

၃၆-၄၁။ ထိုဝေါဟာရက တိဿမင်းသည် ကပိလမည်သော အမတ်ကြီးဖြင့် (ဆုံးဖြတ်စေ၍) ဝေတုလ္လဝါဒကို နှိမ်နင်း၍ ရဟန်းယုတ်တို့အား နှိပ်တွပ်ခြင်းကိုလည်းပြု၍ သာသနာတော်ကို ထွန်းလင်းစေခဲ့

လေပြီ။

သာဂလိယဂိုဏ်း ဖြစ်ပေါ်လာခြင်း

အဘယဂိရိဝါသီ ဂိုဏ်းသားတို့သည် … သာသနာတော်နှစ် ၇၉၇-နှင့် ၈၁၀-တို့တွင် ဂေါဌာဘယမင်း၏ လက်ထက်၌ လည်းကောင်း ဝေတုလ္လဝါဒကို ရှေးနည်းအတူပင် ဟောပြပြန်ကုန်၏။

ထိုအခါ၌ ထို အဘယဂိရိဝါသီ ဂိုဏ်းသားတို့တွင် ဥဿိလိယတိဿ မည် သော မထေရ်သည် ဝေါဟာရက တိဿမင်းလက်ထက်က ဝေတုလ္လဝါဒီ ရဟန်း တို့အား ပြုဖူးသော နှိပ်ကွပ်ခြင်းကို ကြားသိရ၍ “စူးစမ်းဆင်ခြင်ဉာဏ်နှင့် ပြည့် စုံသော ဂေ ဌာဘယမင်း၏ လက်ထက်၌လည်း ထို ့အတူပင် ဖြစ်ကောင်း ဖြစ် လိမ့်မည်။ ထိုသို့ဖြစ်လျှင်မကောင်း’ဟု ကြံစည်စဉ်းစားပြီးလျှင် “ငါတို့သည် ထို အဘယဂိရိ ရဟန်းတို့နှင့် တပေါင်းတည်း မဖြစ်ကုန်အံ့” ဟု ဆုံးဖြတ်၍ သုံးရာခန့်

## PAGE 64
<!-- 5 paragraphs, raw extraction -->




လည်း ကျောက်စာတို့၌ပင် အမည်ကွဲများ တွေ့ရတတ်၍ အပရန္တတိုင်း၊ ယောနက တိုင်း စသည်တို့လည်း ယခုသတ်မှတ်ထားသော နယ်နိမိတ်ထက် ကျယ်ဝန်းသည် လည်း ရှိနိုင်ပေသည်။

မည်သို့ဖြစ်စေ အမေရိကန်ပြည်ကြီးသည်ပင် အနှစ်-၂၀၀မျှသာ သက်တမ်း ရှိသေးရာ ထိုခေတ်အခါက ခေတ်ပြိုင်တည်ရှိ၍ ဆက်သွယ်မှု ပြုနိုင်သော ကမ္ဘာ့ နိုင်ငံများသို့ သာသနာ ဖြန့်ချီခဲ့မည်မှာ ယုံမှားစရာ မရှိပါချေ။

## PAGE 65
<!-- 6 paragraphs, raw extraction -->


( ၃ )

ရှင်မဟာ မဟိန္ဒထေရ် သီဟိုဠ်သာသနာပြု မှတ်တမ်းကြီး

သာသနာတော်နှစ် ၂၃၆ - ခုနှစ်။

[သီဟိုဠ် သာသနာအစ အရှင်မဟာ မဟိန္ဒထေရ်ပင် ဖြစ်၍ သီဟိုဠ်စံတော်ဝင် အရှင်မြတ်ကြီးများ အားလုံးတို့၏ ညွှတ်ရုံး ဦးခိုက်ရာ မူလဘူတ ပဓာနအရှင်မြတ်ကြီးမှာ အရှင်မဟာမဟိန္ဒ မထေရ်မြတ်ကြီးပင် ဖြစ်တော်မူ၏။ ထို ့ကြောင့် ဤနေရာ၌ ထို အရှင်မြတ်ကြီး၏ အကြောင်းကို ရှေးဦး သိမှတ်ကြည်ညိုသင့်၏။
ထိုအကြောင်းကား ဤ “သီဟိုဠ် သာသနာပြု မှတ်တမ်းကြီး’ ပင်တည်း။]

တတိယ သံဂါယနာတင်စဉ် ရှင်မဟာမဟိန္ဒသည် ၁၂-၀ါရ၍ တန်ခိုး အဘိညာဉ်ရ ရဟန္တာ အရှင်မြတ်ကြီးတဆူ ဖြစ်တော် မူနေပေပြီ။ ပါဋလိပုတ် နေပြည်တော်၊ အသောကာရာမ ကျောင်းတော်ကြီး သံဂါယနာတင်ပွဲသို့ အရှင် မောဂ္ဂလိပုတ္တတိဿ အမှူးရှိသော သံဃာတော်များ စည်းဝေးတော်မူနေကြ၏။
အသောကမင်းကြီးနှင့်တကွ မင်းပရိသတ်များလည်း တခဲနက် လာရောက်ကြည်ညို ပူဇော်နေကြလေသည်။

## PAGE 66
<!-- 12 paragraphs, raw extraction -->




သာသနာပြုခရီးအထွက် နှုတ်ဆက်ကန်တော့

အခါရာသီကောင်းသော တန်ဆောင်မုန်းလဖြစ်၍ သာသနာပြုအဖွဲ့များ တဖွဲ့ပြီးတဖွဲ့ မိမိတို့ တာဝန်ကျရာ ဒေသသို့ ကောင်းကင် ခရီးဖြင့် ကြွချီတော် မူကြ၏။ ရှင်မဟာ မဟိန္ဒထေရ်လည်း မိမိ၏ ဥပဇ္ဈာယ်ဆရာ မောဂ္ဂလိပုတ္တတိဿ စသော မထေရ်ကြီးများအား ဦးချ၍ သံဂါယနာတင် သံဃပရိသတ်ကြီးမှ လက်အုပ်ချီလျက် ထွက်ခွာတော်မူလာ၏။ ဣဒ္ဓိယ, ဥတ္တိယ သမ္မလနှင့် ဘဒ္ဒသာလ မထေရ်တို့လည်း ရှင်မဟိန္ဒထေရ်၏နောက်မှ သပိတ်ကိုယ်စီ လွယ်ကာ လိုက်ပါ လာကြသည်။

သံဃပရိသတ်အစွန်၌ သပိတ်ပရိက္ခရာ အစုံဖြင့် ငံ့လင့်နေသော သင်္ဃ မိတ္တာ၏သား ဖြစ်သူ တန်ခိုး အဘိညာဉ်ရ တူတော် သုမန သာမဏေလည်း ဖခမည်းတော်ဖြစ်ဖူးသော အဂ္ဂိဗြဟ္မမထေရ်အား ဦးချကန်တော့ပြီးလျှင် ဦးရီး တော် . မထေရ်ကြီးနှင့် အဖွဲ့ ဝင်များနောက်မှ လိုက်ပါသွား၏။ အရှင်မဟိန္ဒသည် သံဃပရိသတ်ကြီးကိုလွန်လျှင် ရွှင်လန်းတက်ကြွစွာ တခဲနက်ကြည်ညိုနေကြသော မင်းပရိသတ်ကြီး အနီးသို့ ရောက်သောအခါ ခေတ္တမျှ အပူဇော် ခံတော်မူ၏။
ပရိသတ်အလယ်၌ တင့်တယ်ခန့်ညားလှသော ခမည်းတော် အသောကမင်းတရား ကြီးကိုလည်း အတန်ငယ်ရပ်၍ နှုတ်ဆက်စကား မိန့်ကြားတော် မူလေသည်။

"

“ဒကာတော်မင်းကြီး...ကိုရင်... သွားကြမယ်”ဟု နှုတ်ဆက်လိုက်သော

၁ ၆-နှစ်မျှသာ ရှိသေးသည့် မြေးတော် သုမန သာမဏေကလေး၏ အသံမှာ လက်အုပ်ချီချီဖြင့် ပီတိဖြစ်နေသော မင်းကြီးအား ရင်ဆို ့မတတ် ဝမ်းသာ ဝမ်းနည်း ဖြစ်ရလေ၏။ ဦးရီးတော် (မဟိန္ဒမထေရ်)၏ မယ်တော်ဖြစ်သော ဘွားအေ မိဖုရားကြီး “ဝေဒေသက ဒေဝီ”မှာ မင်းပရိသတ်တွင် မပါဝင်၍ ကိုရင် သုမန နှုတ်မဆက်ရတော့ပေ။

မယ်တော် သင်္ဃမိတ္တာထေရီမကြီးကား အစ်ကိုတော်နှင့် သားတော်တို့ သာသနာပြုအဖွဲ့အား အသောကာရာမ ကျောင်းတော်ကြီး တံခါးမုခ်အထိ လိုက်လံနှုတ်ဆက်ကာ ဦးချပြီး ကျန်ရှစ်လေတော့သည်။

;

အသောကာရာမကျောင်းတော်ကြီး အထက်မှ ကြည်နူးစဖွယ် သံပြိုင် ရွတ်ဖတ် သရဇ္ဈာယ်နေသောအသံမှာ ပတ်ဝန်းကျင် တခုလုံး လွင့်ပျံ ရိုက်ခတ် ပဲ ့တင်ထပ်၍နေတော့၏။ (လောကအမြင်အရ မှန်းဆ ကြည်ညို ကြည့်ခြင်း မျှသာ။)

## PAGE 640
<!-- 9 paragraphs, raw extraction -->



၅ ၉ ၇

မျှသော ရဟန်းတို့ကို ခေါ်ဆောင်ပြီးလျှင် ဒက္ခိဏဂီရိကျောင်းသို့သွား၍ ဓမ္မရုစိ ဂိုဏ်းမှ အသီးအခြားပြုလျက် နေထိုင်လေ၏။

ထိုရဟန်းတို့တွင် သာဂလမည်သော မထေရ်သည် ထို ဒက္ခိဏဂိရိကျောင်း တိုက်၌ပင်နေလျက် အာဂမဗျာချာန် ခေါ်သော သုတ္တန်အဖွင့်ကျမ်းကို ရေးသား စီရင်လေသည်။ ထိုသ၁ဂလမထေရ်ကို အကြောင်းပြု၍ ယင်း၏ အန္တေ၀ါသိက တပည့်တို့သည် ထိုကာလမှစ၍ သာဂလိယဂိုဏ်းသား မည်ကုန်၏။ ထို သာဂလိယ ဂိုဏ်းသားတို့၏ ဝါဒသည်လည်း နောင်အခါ မဟာသေနမင်း၏ လက်ထက်တွင် ဇေတဝန်ကျောင်းတိုက်၌ ပြန့်သွားလေ၏။

ဝေတုလ္လဝါဒကို ဒု တိ ယ အ ကြိမ်နှိမ်နင်းခြင်၊
ဒုတိယ ၁

ဂေါဌာဘယမင်းသည် မဟာဝိဟာရကျောင်းတိုက်၊ စေတိယကျောင်း တိုက်၊ ထူပါရုံကျောင်းတိုက်၊ ဣဿရသမဏကကျောင်းတိုက်၊ဝေဿဂိုရှိကျောင်း တိုက် ဟူသော ငါးခုသော ကျောင်းဟိုက်ကြီးတို့၌ ရှိသော များစွာသောရဟန်း အပေါင်း သံဃာတော်ကို တပေါင်းတည်းစည်းဝေးစေပြီးလျှင် ထိုအကြောင်းကို မေးလျှောက်၍ ဝေတုလ္လဝါဒ၏ ဘုရားဟော မဟုတ်ကြောင်းကို သိရသဖြင့် ထိုဝေတုလ္လအယူရှိသော ၆ဝ-သော ရှဟန်းယုတ်တို့ကို တံဆိပ်ခတ်နှိပ်၍ သီဟိုဠ် နိုင်ငံမှ နှင်ထုတ်လိုက်လေ၏၊

ဝေတုလ္လကျမ်းစာတို့ကိုလည်း မီးရှို့၍ ဗုဒ္ဓသာသနာတော်ကို ထွန်းလင်း စေ့ခဲ့ပေ၏။ ထိုအခါ သီဟိုဠ်နိုင်ငံမှ နှင်ထုတ်လိုက်သော ထိုရဟန်းတို့ အနက် အချို့ ရဟန်းတို့သည် ကာဝီရသင်္ဘောဆိပ်သို့သွား၍ ထိုအရပ်၌နေကုန်၏။ ထိုသို့ နေကြစဉ်ကာလ၌ပင် တဦးသော တိတ္ထိလုလင်သည် အရပ်တပါးမှကာဝီရသင်္ဘော ဆိပ်သို့ ရောက်လာလတ်သော် သင်္ဘောဆိပ် ရွာသူရွာသားတို့က ထိုရဟန်းတို့ အား ပေးလှူပူဇော်သည်ကို မြင်ရသဖြင့် လာဘ် ပူဇော်သက္ကာရကို မှီ၍ ထိုရဟန်း တို့၏ထံ၌ ရှင်ရဟန်းပြုပြီးလျှင် သံဃမိတ္တ ဟူသော အမည်ဖြင့်ထင်ရှားလေသည်။
ထိုသံဃမိတ္တသည် မဟာဝိဟာရ၀ါသီ ရဟန်းတို့၏ ဆုံးဖြတ်ချက်ကို မှီ၍ ဝေတုလ္လဝါဒဟူသော အကြောင်းကြောင့် မိမိ၏ ဆရာရဟန်း တိုင်းပြည်မှ နှင်ထုတ်ခံရကြောင်းကို သိရသဖြင့် မဟာဝိဟာရဝါသီ ရဟန်းတို့အား အမျက် ထွက်သည် ဖြစ်၍ “ဝေတုလ္လဝါဒကိုမူလည်း သူတို့အား ယူစေမည်၊ သူတို့၏ ကျောင်းတိုက်တို့ကို မူလည်း အမြစ်ပါနုတ်၍ ဖျက်ဆီးပစ်မည်”ဟု ကြိမ်းလျက် သီဟိုဠ်ကျွန်းသို့သွားပြီးလျှင် ဂေါဌာဘယမင်းကို မိမိအား ကြည်ညိုအောင် ပြော ဟော၍ ထိုမင်း၏သားတော်နှစ်ယောက်တို့ကို အတတ်ပညာ သင်ပေးရန် အား ငုတ်လေသည်။ သို့သော်လည်း မိမိ၏ဝါဒကိုနားလည်ရိပ်မိနိုင်သော အစ်ကိုကြီး

..

## PAGE 641
<!-- 11 paragraphs, raw extraction -->


၅ ၉ ဂ


ဇေဋ္ဌတိဿကိုချန်ထား၍ နောင်အခါ၌ မိမိစကားကိုလိုက်နာစေနိုင်သော ညီငယ် မဟာသေနမင်းသားကိုသာလျှင် ချီးမြှောက်၍ အတတ်ပညာ သင်ကြားပေး လေသည်။

ခမည်းတော်နတ်ရွာစံ၍ ဇေဋ္ဌတိဿမင်းသား မင်းအဖြစ်သို့ ရောက်သော အခါ (သာသနာ-ဂ၁ဝ-၈၁၉)၌ ထိုသံဃမိတ္တသည် ဇေဋ္ဌတိဿမင်းကို ကြောက်သဖြင့် ကာဝီရသင်္ဘောဆိပ် အရပ်သို့သာလျှင် ထွက်သွားလေ၏။

သာသနာနှစ် ဂ ၁၉-နှင့် ၈၄၅-တို့အတွင်း မဟာသေနမင်း၏ လက်ထက် ၌မူ ထိုသံဃမိတ္တသည် သီဟိုဠ်ကျွန်းသို့ တဖန် ပြန်လာ၍ အဘယဂိုရိကျောင်း တိုက်၌နေလျက် မဟာဝိဟာရ၀ါသီဂိုဏ်းသားတို့အား ဝေတုလ္လဝါဒကို လက်ခံ စေရန် အမျိုးမျိုးသောနည်းတို့ဖြင့် ကြိုးစားအားထုတ်လေသည်။ သို့သော်လည်း မဟာဝိဟာရ၀ါသီတို့အား ထိုဝါဒကိုယူစေရန် မစွမ်းနိုင်သောအခါ မဟာသေန မင်းကို ချဉ်းကပ်၍ အမျိုးမျိုးသော အကြောင်းတို့ဖြင့် သွေးဆောင် နားချ ပြီးလျှင်’

"

“တစုံတယောက်သော သူသည် မဟာဝိဟာရဝါသီ ရဟန်းတပါးအား သော်လည်း ဆွမ်းဘောဇဉ်အာဟာရကို ပေးလှူငြားအံ့။ထိုသူအား ဒဏ်ငွေတရာ တပ်စေ”ဟု မင်း၏ အာဏာဖြင့် မြို့၌ ကြွေးကြော်လျက် စည်လည်စေ၏။
ထိုအခါ မဟာဝိဟာရံဝါသီ ရဟန်းတော်တို့သည် မြို့၌ ဆွမ်းခံကြွကုန်လတ်သော် ၃·ရက်တိုင်တိုင် ဆွမ်းမရကြသောကြောင့် လောဟပါသာဒ ခေါ် ပြာသာဒ် ကြီး၌ စည်းဝေးကုန်၍-

“အကယ်၍ ငါတို့သည် ဆာလောင်ခြင်း ဟူသော အကြောင်းကြောင့် တရားမဟုတ်သည်ကို တရားဟု ယူကုန်ငြားအံ့၊ များစွာသောလူတို့သည် ထိုတရား မဟုတ်သည်ကိုယူ၍ အပါယ်သို့ လားရောက်ကုန်လတ္တံ့ ၊ ငါတို့အားလုံသည်လည်း အပြစ်ရှိသည်ဖြစ်ကုန်လတ္တံ့ ၊ ထို့ကြောင့် ငါတို့သည် အသက်ကိုစွန့်ကြရစေကာမူ ဝေတုလ္လဝါဒကိုမယူကုန်အံ့”ဟု ဆွေးနွေး ဆုံးဖြတ်ကြပြီးလျှင် မဟာဝိဟာရ ကျောင်းတိုက် အစရှိသောအလုံးစုံသောကျောင်းတိုက်တို့ကိုစွန့်လွှတ်ထားခဲ့ကုန်၍ ရောဟဏဇနပုဒ်ခေါ် သီဟိုဠ်ကျွန်းတောင်ပိုင်းနယ်သို့လည်းကောင်း၊မလယဇနပုဒ် ခေါ် သီဟိုဠ်ကျွန်း အလယ်ပိုင်းနယ်သို့လည်းကောင်း ထွက်ခွာ သွားလေကုန်၏။

ဝေတုလ္လ အယူဝါဒ အကြောင်း

မဟာဝိဟာရ၀ါသီ မထေရ်တို့ အလွန်ရွံရှာစက်ဆုပ်သော ဝေတုလ္လဝါဒ မည်သည်မှာ အဘယ်သို့သောအယူဝါဒပါနည်းဟူမူ- ယခုခေတ်အခါ၌ ဝေတုလ္လ အယူဝါဒ၏သရုပ်ကို အပြည့်အစုံ ဖော်ပြရန် မစွမ်းနိုင်ပါ။ အကြောင်းမှာ

## PAGE 642
<!-- 11 paragraphs, raw extraction -->



၅ ၉ ဒ

ဝေတုလ္လဟူသောအမည်နှင့် ကျမ်းစာတို့သည် လည်းကောင်း၊ ဂိုဏ်းဂဏသည် လည်းကောင်း မထင်ရှားသောကြောင့် ဖြစ်ပေသည်။ သို့သော် အဘိဓမ္မပိဋက ကထာဝတ္ထု၊ အဋ္ဌကထာ၌ အချို့ အနည်းငယ်သောဝေတုလ္လဝါဒတို့ကို အောက် ပါအတိုင်း တွေ့ရ၏။ အဘယ်သို့နည်း ဟူမူ’

IL IL

(၁) ပရမတ္ထအားဖြင့် မဂ်ဖိုလ်တို့သည်သာလျှင် သံဃာ မည်ကုန်၏။
မဂ်ဖိုလ်မှတပါးသော သံဃာမည်သည်မရှိ။ မဂ်ဖိုလ်တို့သည်လည်း တစုံတခုကိုမှ၊ မခံယူတတ်ကုန်။ ထို့ကြောင့်သံဃာသည် မြတ်သော အလှူကိုခံယူသည်ဟု မဆိုအပ်-ဟူ၍လည်းကောင်း၊

(၂) မဂ်ဖိုလ်တို့သည်သာလျှင် သံဃာမည်၏။ ၎င်းတို့သည်လည်း မြတ် သော အလှူကို စင်ကြယ်စေခြင်း (အကျိုးကြီးစေခြင်း)ငှာ မစွမ်း နိုင်ကုန်၊ ထို့ကြောင့် သံဃာသည် မြတ်သောအလှူကို စင်ယ် စေသည်ဟု မဆိုအပ်-ဟူ၍လည်းကောင်း၊

(၃) မဂ်ဖိုလ်တို့သည်သာလျှင် သံဃာမည်၏၊ ၎င်းတို့သည်လည်း တစုံ တခုကိုမျှ မစားသောက်မသုံးဆောင်တတ်ကုန်၊ထို့ကြောင့် သံဃာ က စားသည် သောက်သည်, ခဲသည်, လျက်သည်ဟု မဆိုအပ်-ဟူ၍ လည်းကောင်း၊
(၄) မဂ်ဖိုလ်တို့သည်သာလျှင် သံဃာမည်၏၊၎င်းတို့အား တစုံတခုကိုမျ ပေးလှူရန်မတတ်နိုင်၊ ၎င်းတို့ကလည်း ခံယူရန်မတတ်နိုင်၊ ၎င်း တို့အား ပေးလှူခြင်းဖြင့်လည်း အကျိုးကျေးဇူးတစုံတခုမျှမပြီးစီး၊
ထို့ကြောင့် သံဃာအားလှူခြင်းသည်အကျိုးကြီးသည်ဟုမဆိုအပ် - ဟူ၍လည်းကောင်း၊

(၅) ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တစုံတခုကိုမျှ မဘုဉ်းပေး … မသုံးဆောင်၊ သို့သော်လည်း လောကသို့ အစဉ်လိုက်၍ လျော်စွာ ပြုခြင်းအကျိုးငှာ ဘုဉ်းပေး သုံးဆောင်ဘိသကဲ့သို့ မိမိကိုယ်ကို ပြတော်မူ၏၊ သို့ဖြစ်၍(ဘုရားအား လှူခြင်းသည်) အကျိုး မရှိသော ကြောင့် ထိုဘုရား၌လှူခြင်းသည် အကျိုးကြီး၏ဟု မဆိုအပ်- ဟူ၍ လည်းကောင်း၊
(၆) ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တုသိတာ နတ်ပြည်၌ ဖြစ်၍ ထိုနတ်ပြည်၌သာလျှင် စံနေတော်မူ၏၊ လူ့ ပြည်လောကသို့ မကြွလာချေ၊ စင်စစ်အားဖြင့် ဤလူ့ ပြည်လောက၌ နိမ္မိတရုပ်ပွား တော်မျှကိုသာလျှင် ဖန်ဆင်းစေလွှတ်လျက် ပြတော်မူသည် ဟူ၍ လည်းကောင်း၊

o

o

## PAGE 643
<!-- 9 paragraphs, raw extraction -->


၆ဝ ဝ


(၇) ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တုသိတာ နတ်ပြည်၌ တည်တော်မူလျက် တရားဟောရန် အလို့ငှာ´´ ဖန်ဆင်းအပ်သော နိမ္မိတ ရုပ်ပွားတော်ကို စေလွှတ်တော်မူ၏။ ထိုနိမ္မိဘ ရုပ်ပွား တော်သည် လည်းကောင်း၊ ထိုရုပ်ပွားတော်၏ တရားကို လက်ခံ နာယူ၍ အရှင်အာနန္ဒာသည်လည်းကောင်း၊ ဤနှစ်ပါးတို့ကသာ လျှင် ဟောကြသည်။ မြတ်စွာဘုရားကိုယ်တော်တိုင်ကား တရား မဟော-ဟူ၍ လည်းကောင်း၊

(ဂ) တခုသောအလို၊ တူသောအလိုရှိလျှင် မေထုန်အကျင့်ကို မှီဝဲအပ်၊
မှီဝဲကောင်း၏။'ဆိုလိုသည်မှာ သနားငဲ့ညှာခြင်းဟူသောအလိုဖြင့် တခုသော အလိုရှိလျှင်၊ သို့မဟုတ် သံသရာ၌ အတူတကွဖြစ်လျက် ကျင်လည်ကုန်အံ့ဟု မာတုဂါမနှင့်အတူ ဘုရားအား ပူဇော်ခြင်း စသည်တို့ကိုပြု၍ ဆုပန်သည်၏ အစွမ်းဖြင့် တခုတည်းသော တူ သော အလိုရှိခဲ့လျှင်၊ ထိုနှစ်ဦးသောသူတို့၏ ဤသို့အလိုတူသော မေထုန်အကျင့်ကို မှီဝဲအပ် မှီဝဲကောင်း၏-ဟူ၍ လည်းကောင်း၊
အထက်ပါအတိုင်း ဝေတုလ္လဝါဒကို့ကို ကထာဝတ္ထု အဋ္ဌကထာ၌ တွေ့ရ ၏။မဝတုတ္ထဝါဒီတို့၏ အယူဝါဒတို့ကို ထေရဝါဒကျမ်းဂန်တို့၌ ယခုခေတ်တွင် ဤမျှသာ တွေ့ရပေသည်။

စိစစ်ပြရလျှင်. အထက်ပါ ဝေတုလ္လဝါဒတို့တွင် အဓမ္မဝါဒ ၄-ခုတို့ဖြင့် သုတ္တန် ပိဋက၌လာသော အရိယာသံဃာကို မှားယွင်းစွာ ယူဆထား၏။ ဝိနည်း ပိဋက၌လာသော သမ္မုတိသံဃာကိုလည်း လုံးဝပယ်ဖျက်ထား၏။ ထို ့နောင် သုံးခု သော ဝါးတို့မှာ ဣဿရခေါ် ဘုရားသခင်က ဖန်ဆင်းသည်ဟူသော အယူသို့ အစဉ်လိုက်သော ဝါဒတို့ဖြစ်သည်။ နောက်ဆုံး ဝါဒမှာ သူယုတ်မာ ဝါဒဖြစ် ကြောင်း အလွန်ပင် ထင်ရှားလှပေ၏။

အသင်္ဂမည်သောကျမ်းဆရာက သက္ကတဘာသာဖြင့် ရေးသား စီရင်ခဲ့ သော အဘိဓမ္မသမုစ္စယခေါ် မဟာယာန ကျမ်း၌မူကား အောက်ပါအတိုင်း

ဆိုထားသည်ကို တွေ့ရပေ၏။

“ဝေပုလ္လအင်္ဂါဟူသည် အဘယ်နည်း၊ ဗောဓိသတ္တ ပိဋက(ဘုရား အလောင်းကျမ်းစာ)နှင့် စပ်ဆိုင်လျက် ဟောထားသော တရားစာ ဖြစ်သည်။ အကြင်တရားအင်္ဂါကို ဝေပုလ္လဟု ဆိုအပ်၏။ ထိုတရား အင်္ဂါကို ဝေဒလ္လဟူ၍လည်း ဆိုအပ်၏။ ဝေတုလ္လဟူ၍လည်း ဆိုအပ် ၏၊ အဘယ့်ကြောင့် ဝေပုလ္လဟု ခေါ်ဆိုရပါသနည်းဟူမူ အလုံးစုံ သော သတ္တဝါတို့၏ စီးပွားချမ်းသာတည်ရာ ဖြစ်သောကြောင့်လည်း

## PAGE 644
<!-- 9 paragraphs, raw extraction -->



၆ဝ ၁

ကောင်း၊ မြင့်မြတ်ကြီးကျယ်၍ နက်နဲသော တရားဒေသနာဖြစ်သော ကြောင့်လည်းကောင်း ခေါ်ဆိုရပေသည်။အဘယ့်ကြောင့် ဝေဒလ္လဟု ခေါ်ဆိုရပါသနည်း ဟူမူ အလုံးစုံသော အပိတ်အပင် အာဝရဏ တရားတို့ကို ခွဲဖျက်တတ်သောကြောင့် ခေါ်ဆိုရပေသည်။ အဘယ့် ကြောင့် ဝေတုလ္လဟု ခေါ်ဆိုရပါသနည်းဟူမူ ထိုကျမ်း၌ ထုတ်ပြ ထားသော ဥပမာနတရားတို့သည် အတုမဲ ဖြစ်သောကြောင့် ခေါ်ဆို ရပေသည်။”(အဘိဓမ္မသမုစ္ဆယကျမ်း၊ နှာ-၇၉)

ယခုခေတ်ကာလ၌ သဒ္ဓမ္မပုဏ္ဍရိကသုတ္တန်ဟုခေါ်သော မဟာယာနကျမ်း စာ၌ သာဝကအဖြစ်၊ ပစ္စေကဗုဒ္ဓာ အဖြစ်နှင့်လည်း နိဗ္ဗာန် ရောက်နိုင်သည်ဟူ သောဝါဒကို လုံးဝ ပယ်ရှားနှိမ်နင်း၍ လူတိုင်း ပုဂ္ဂိုလ်တိုင်း ဘုရားဖြစ်အောင် ကျင့်ရန် တိုက်တွန်းလျက် ဘုရားအလောင်းနှင့်စပ်၍ အတုမရှိ အကြီးအကျယ် ချီးမြှင့်ဖော်ပြထားသော ဥပမာတို့ကို များစွာတွေ့ရ၏။ထို ့ကြောင့် ထိုသဒ္ဓမ္မပုဏ္ဍ ရိကသုတ္တန် ကျမ်းကဲ့သို့သော ဗောဓိသတ္တ(ဘုရားအလောင်း)နှင့်စပ်၍ ပြဆိုသော ပိဋကကျမ်းစာ၌လာသော ဝါဒကိုလည်း ဝေတုလ္လဝါဒဟု သိအပ်၏။

မဟာဝိဟာရကျောင်းတိုက်ကို ဖျက်ဆီးခြင်း

မဟာဝိဟာရ၀ါသီ ရဟန်းတို့သည် ပြဆိုခဲ့သည့်အတိုင်း အလုံးစုံသော ကျောင်းတိုက်တို့ကို စွန့်လွှတ်ထားခဲ့၍ ထွက်ခွာသွားကြသောအခါ သံဃမိတ္တ မည်သော ရဟန်းယုတ်သည် မင်းကို နားချလျက် သိစေ၍ လောဟပါသာဒ အစရှိသော ၃ ၆ ၄-ခုသော ပရိဝုဏ်ပြာသာဒ်တို့ကို ဖျက်ဆီးစေပြီးလျှင် အမြစ်ရင်း ပါနုတ်စေ၍ အဘယဂိရိကျောင်းတိုက်သို့ ဆောင်ယူစေ၏။ကျောင်းတိုက်မြေပြင် ၌လည်း ထွန်ယက်စေ၍ ပြောင်းပဲတို့ကို စိုက်ပျိုးစေ၏။

ဤအခြင်းအရာဖြင့် မဟာဝိဟာရကျောင်းတိုက်သည် ထိုအခါက ကျောင်း အဆောက်အအုံမှ ကင်းလျက် ကိုးနှစ်ပတ်လုံး ရဟန်းတို့မှ ဆိတ်သုဉ်းလျက်ရှိလေ သည်။

ထိုမှနောက်ကာလ၌ မဟာသေနမင်းသည် မေသဝဏ္ဏာဘယမည်သော ကလျာဏမိတ္တဖြစ်သော အမတ်ကြီး၏ ခြိမ်းခြောက်ခြင်းရွှေ့သွားရှိသော ဖျောင်း ဖျပြောဆိုချက်ဖြင့် မဟာဝိဟာရကျောင်းတိုက်ကို တဖန် ပကတိအတိုင်း ပြုပြင် ပြီးလျှင် ပဲခွာသွားသော ထိုမဟာဝိဟာရဝါသီ ရဟန်းတော်တို့ကိုလည်း ပင့် ဆောင်၍ ပစ္စည်းလေးပါးတို့ဖြင့် ပြုစု ထောက်ပံ့လေသည်။

## PAGE 645
<!-- 17 paragraphs, raw extraction -->


၆ ၀ ၂


ဇေတဝနဝါသီဂိုဏ်း ဖြစ်ပေါ်လာခြင်း

မဟာသေနမင်းသည် ဒက္ခိဏာရာမကျောင်း၌နေ့သော စိတ်နှလုံးကောက် ကျစ်သော(ဒကာ,ဒကာမတို့ အထင်ကြီးအောင် ပြုတတ်၍) ကုဟကတိဿမည် သော မထေရ်ကို ကြည်ညိုပြန်၍ ထိုမထေရ်အတွက် မဟာဝိဟာရကျောင်းတိုက် နယ်ပယ်(သိမ်)အတွင်း ငဇာတိဝနမည်သော ဥယျာဉ်၌ ဗေတဝန် မည်သော ကျောင်းကို ဆောက်လုပ်စေရန် အားထုတ်ပြန်လေ၏။ မဟာဝိဟာရ၀ါသီရဟန်း တော်တို့သည် မင်းကို တားမြစ်ခြင်းငှာ မစွမ်းနိုင်သောကြောင့် တဖန်လည်း မဟာဝိဟာရကျောင်းတိုက်မှ ထွက်ခွာသွားကြပြန်လေ၏။

ထိုအခါ၌လည်း မဟာဝိဟာရကျောင်းတိုက်သည် ကိုးလပတ်လုံး ရဟန်း တော်တို့မှ ဆိတ်သုဉ်းလျက်ရှိလေ၏။ မဟာသေနမင်းသည်ကား မိမိအလိုအတိုင်း ပင်လျှင် ထိုဇောတိဝနဥယျာဉ်၌ ဇေတဝနဝိဟာရမည်သောကျောင်းကို ဆောက် လုပ်၍ ထိုကုဟကတိဿ မထေရ်အား လှူဒါန်းလေသည်သာတည်း။

ထိုဇေတဝနဝိဟာရ၌ ဒက္ခိဏဂိရိကျောင်းတိုက်မှ သာဂလိယဂိုဏ်းသား ရဟန်းတို့သည် လာ၍နေကုန်၏။ နောက်ကာလ သာသနာတော်နှစ် ၁ဝ ၆ ၇နှင့် ၁ ဝ ဂ ဝ တို့အတွင်း အမ္ဗသာမဏေရသိလာကာလမင်း၏လက်ထက်၌ ထိုဇေတဝန ပိဟာရဝါသီ ရဟန်းတို့သည် ဝေတုလ္လဝါဒီဂိုဏ်းသားတို့ ဖြစ်လေကုန်၏။


ဤသို့ ပြဆိုခဲ့သည့်အတိုင်း အရှင်ဗုဒ္ဓဃောသ မထေရ် သီဟိုဠ်ကျွန်းသို့ ရောက်သောကာလ(သာသနာတော် ၉၆၅-ခုနှစ်)မှ ရှေးမဆွကပင်လျှင် စင်ကြယ် သော ထေရဝါဒီဖြစ်ကုန်သော မဟာဝိဟာရ၀ါသီဂိုဏ်းနှင့် ဆန့်ကျင်သော အယူ ရှိကုန်သော…

၁။ အဘယဂိရိဝါသီဂိုဏ်း

၂။ သာဂလိယဂိုဏ်း

၃။ ဇေတဝနဝါသီဂိုဏ်း

(သာသနာ-၄၅၅)

(သာသနာ-၇၉၇-၈၁၀)

(သာသနာ-ဂ၂၉-၈၄၅)

ဟူ၍ သုံးခုသော ဂိုဏ်းတို့ဖြစ်ပေါ်လျက် ရှိနှင့်ကုန်၏။

ထိုသုံးဂိုဏ်းတို့တွင် အဘယဂိရိဝါသီ ဂိုဏ်းသားတို့သည်သာလျှင် အထူး အားဖြင့် ထင်ရှား၍ အားလည်း ကောင်းကုန်၏။ ထိုအကြောင်းကို ချဲ့၍ပြရလျှင် အဘယဂိရိဝါသီ ဂိုဏ်းသားတို့သည် စင်ကြယ်သော ထေရဝါဒပိဋကကို လည်း ကောင်း၊ ဝဇ္ဇီပုတ္တကဂိုဏ်း၌ အတွင်းဝင်သော ဓမ္မရုစိဂိုဏ်းသားတို့၏ ပိဋကကို လည်းကောင်း၊ မဟိသာသက အစရှိသောဂိုဏ်း၏ ပိဋကကိုလည်းကောင်း၊ မဟာ

## PAGE 646
<!-- 20 paragraphs, raw extraction -->


သိဟိုဠ်ခေတ် စံတော်ဝင် အရိယာများ

၆ဝ ၃

ယာနဂိုဏ်း၏ ပိဋကကိုလည်းကောင်း လက်ခံ သင်ယူပို့ချကုန်၏။ ထိုပိဋကဟိုတွင် ဓမ္မရုစိဂိုဏ်း၏ ပိဋကကို လက်ခံထားကြောင်းမှာ ပြခဲ့ပြီးဖြစ်၍ ထင်ရှားသည်သာ။

မဟိသာသက အစရှိသော ဂိုဏ်းတို့၏ ပိဋကကို လက်ခံသည်၏ အဖြစ်မှာမူ ဖာဟီယန်မည်သော တရုတ်ရဟန်းတော်၏ ခရီးစဉ် မှတ်တမ်း အဆိုဖြင့် လည်း ကောင်း၊ အဋ္ဌကထာတို့၌ ပယ်ထားသော ဝဏ္ဏပိဋကစသော အမည်၏ အစွမ်း အားဖြင့်လည်းကောင်း သိအပ်၏။ မဟာယာနပိဋကကို လက်ခံသည်၏ အဖြစ် မှာလည်း ထို့အတူပင် သိအုပ်ပေ၏။

(အရှင် မဟိန္ဒထေရ် သီဟိုဠ်သာသနာပြု ကြွပုံမှအစ ဤတိုင်အောင် စာ သားများမှာ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ပိဒ္ဓိမဂ် မြန်မာပြန် နိဒါန်းမှ ကောက်နုတ်ဖော်ပြချက်များသာ ဖြစ်ပါသည်။ အပြည့်အစုံကို ထိုနိဒါန်း ၌ ရှုပါကုန်။)

သေ

ဝန်ခံချက်

ပြဆိုလတ္တံ့ သော နောက်ဆက်တွဲ (ဂ) “သီရိလံကာ သီဟိုဠ်ကျွန်း ထင်ရှား သောမြို့ရွာဒေသ ကျောင်းကန် စေတီများ ခရီးစဉ် သမိုင်းအချုပ်မှာ အဋ္ဌကထာ, ဋီက ဒီပဝံ, မဟာဝံသ, ပါဠိ မြန်မာပြန်များနှင့်တကွ အောက်ပါစာအုပ်များ မှ သင့်လျော်သလို ထုတ်နုတ်ပေါင်းစပ်၍ ဖော်ပြလိုက်ပါသည်။

၁။

DICTIONARY OF PALI_PROPER NAMES

(ဒေါက်တာ မာလလာ ဆေကရ ၁၉၆၀။ D.P.N.)

၂။ ဗုဒ္ဓသာသနိက ပဌဝီဝင်ကျမ်းကြီး (တောင်ပေါက်ဆရာတော် ဦးစက္ကပါလ၊ ၁၃၂၀-ခုနှစ်။)

၃။

၄။

.၅။

ဗုဒ္ဓနိုင်ငံတော် ပ-ဒု-တ။ (ဆရာတော် ဦးသံဝရာ ဘိဝံသ၊ ဖျာပုံ မြို့။ ၁၉၆၈-ခုနှစ်။)

လံကာဒီပနိုင်ငံခြား ဗဟုဿုတ စာအုပ်ကြီး။ (၁၉၃၇-ခုနှစ်မှစ၍ သီဟိုဠ်ဣန္ဒိယ စသည်၌ နှစ်ပေါင်းများစွာ နေထိုင်လေ့လာခဲ့သော ဘိက္ခုသောသဓမ္မ၊ မော်သာယာကျောင်း၊ ပုလောမြို့ ရေးသည်။
၁၉၅၂-ခုနှစ်။)

မဟာ

မဟာထေရလလိတ(ဆရာတော် ဦးပညာထေရုပ္ပတ္တိ၊ သီဟိုဠ်၌ ငါးနှစ်ကျော် နေထိုင်၍ B.A.Horns ဘွဲ့ရ၊ ပခုက္ကူမြို့၊
ဝိသုတာရာမတိုက် ဂဏဝါစက ဓမ္မာစရိယ ကျမ်းပြုဆရာတော် အရှင်ကေလာသ ရေးသည်။ ၁၃၃၉-ခုနှစ်။)

## PAGE 647
<!-- 10 paragraphs, raw extraction -->


နောက်ဆက်တွဲ (ဂ) သီရိလံကာ သီဟိုဠ်ကျွန်း

ထင်ရှားသော မြို့ရွာဒေသ ကျောင်းကန် စေတီများ

ခရီးစဉ်သမိုင်းအချုပ်

သီဟဠ, တမ္ပပတ္တိ, လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်း (ယခု သီရိလံကာ)သည် ဣန္ဒိယပြည်တောင်ဘက် ဣန္ဒိယပင်လယ်အတွင်း၌ တည်ရှိသည်။ ဣန္ဒိယဆိပ်မှ ၂၂- မိုင်၊ ကာလကတ္တားမှ-၁၂၃၀၊ ရန်ကုန်မှ-၁၂၃၅၊ လန်ဒန်မှ-၄၇၆၀-မိုင် ကွာ၏။

အလျား ၂၇ဝ-မိုင်၊ အနံ-၁၄၀-မိုင်၊ အကျယ်စတုရန်း ၂ ၅ ၃ ၃ ၂-မိုင် ရှိ၏။ ၁ ၉ ၃၅-ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေငါးသန်းကျော် ခြောက်သန်း နီးပါး၊ သံဃာ တသောင်း နှစ်ထောင့်လေးရာ (၁၂၄၀၀)ကျော် ရှိသည်။ ယခု လူဦးရေ ၁၃-သန်းခန့် ရှိ၏။

ဝိဇယဗာဟုမင်းသား ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည့်နေ့ သီဟိုဠ်ကျွန်း၌ ကူးလာ၍ မင်းပြုသည်။ ထိုအခါမှစ၍ လူနေဒေသ ဖြစ်လာ၏။ မင်းဆက်ပေါင်း ၁၇၇။ ခရစ်-၁၅၀၅-ခုနှစ် ပေါ်တူဂီလူမျိုးများ၊ ၁၆၀၂-၁၆၅၈-ခုနှစ် ဒတ်ချ်(နယ်သာလင်)များ၊ ၁၇၉၆-ခုနှစ် ဗြိတိသျှများ သိမ်းပိုက်ခြင်း ခံရ၏။
၁၉၄၈-ခုနှစ်၊ ဖေဖော်ဝါရီ ၄-ရက်နေ့ ဒိုမီနီယံ လွတ်လပ်ရေးရ၍ ၁ ၉ ၇၂-ခုနှစ် မေလ-၂၂ ရက်နေ့မှစ၍ “သီရိလံကာ သမ္မတနိုင်ငံ” ဖြစ်လာသည်။
အနောက်တိုင်းသားများက “စီလုန် (Ceylon)” ဟု ခေါ်၏။

သာသနာ စတင်ချိန်

ဘုရားဖြစ်တော်မူပြီး ၉-လမြောက် တကြိမ်၊ ၅-ဝါအရ တကြိမ်၊ ဂ-ပါ အရ တကြိမ် သုံးကြိမ် ကြွတော်မူဖူး၏။

သာသနာ ၂ ၃ ၆−ခုနှစ်၊ တတိယ သံဂါယနာအပြီး ကိုးတိုင်း ကိုးဌာန သာသနာပြုလွှတ်ရာ အသောကမင်းကြီးသားတော် အရှင်မဟိန္ဒ သမီးတော် သင်္ဃ မိတ္တာထေရီမကြီးတို့ ပဓာန သာသနာပြုရာဌာန ဖြစ်ခဲ့၏။ အသောကမင်း နန်းစံ တဆယ့်ရှစ်နှစ်၊ ဒေဝါနံ ပိယတိဿမင်း နန်းတက်စ ခုနစ်လ၊ အရှင်မဟိန္ဒထေရ် ၁၂−ဝါအရ သာသနာ စတင်ပြန့်ပွားသည်။

## PAGE 648
<!-- 25 paragraphs, raw extraction -->



၆ ၀ ၅

မြတ်စွာဘုရား တတိယအကြိမ် ကြွစဉ် နောက်ပါ ရဟန္တ ာငါးရာနှင့် တကွ သမာပတ်ဝင်စားရာ သီတင်းသုံးရာ သမိုင်းဝင် ၁၆-ဌာနတို့၌ စေတီကြီး ၁၆-ဆူ တည်ထားသည်။ သောဠသဌာနခေါ်၏။

ရှေးမြို့တော်ဟောင်းများ’တမ္ဗပဏ္ဏိ၊ဥပတိဿ၊ မဟာဂါမ၊ အနုရာဓ၊သီဟ ဂိရိ၊ ဟု ဠတ္တိ။ ယခု မြို့တော်အမည် ကန္ဒီ(သေခဏ္ဍသေလ)၊ ကိုလမြို့(ကောလမ္ဗု)။
ရှေးအရန်မြို့ အမည်များက ဂလု၊ မဟာတိတ္ထ၊ ရတနပုရ၊ တိကောဏ၊ မလယ။

သမိုင်းဝင် ၁၆.ဌာန

၉။ ဒက္ခိဏသာခါ-မဟာဗောဓိ ၁၀။ မရီစဝရို့ (ကုန္တ)စေတီ ၁၁။ မဟာစေတီ

၁။ မဟိယင်္ဂဏစေ

၂။ နာဂဒီပစေတီ

၃။ ကလျာဏီစေတိ

၄။ စက်တော်ရာစေတီ

၁၂။ ထူပါရာမငစတီ

၅။ ဒိဝါဂုဟာစေတီ

၁၃။ အဘယဂိရိစေတီ

၆။ ဒီဃဝါပိုစေတီ

၁၄။ ဇေတဝနစေတီ

၇။ မုတိယင်္ဂဏစေတီ

၁၅။ သိလာစေတီ

ဂ။

တိဿမဟာဝိဟာရစေတီ ၁ ၆ ။ ခီရစေတီ။

(ပါရာဇိကဏ် အဋ္ဌကထာ၌ ၁၊ ၃၊ ၆၊ ၇၊ ၉၊ ၁၁၊ ၁၂- ခုနစ်ဌာန သာ

လာသည်။)

အနုရာဓ

အနုရာဓသည် မူလ ဝိဇယမင်းသား၏ အမတ်က ရွာတည်၏။ နောက် ပဏ္ဍဝါသုဒေဝနှင့် ဘဒ္ဒကစ္စာနာ သာကီဝင်မင်းတို့တွင် သားခုနစ်ဦးရှိရာအနုရာမ နှင့် ရောဟဏတို့သည် အသီးအသီး ရွာတည်၍နေကြရာမှ အနုရာဓရာ၊ ရောဟဏ ရွှာများ ဖြစ်ပေါ်လာသည်။

အနုရာဓကား ကျွန်းမြောက်ပိုင်း ကဒမ္မမြစ်ကမ်း(ကိုလံဗိုမှ အရှေ့မြောက် ၁၂၇-မိုင်၊ ဣန္ဒိယသွား တလိုင်းမင်းနား သင်္ဘောဆိပ်မှ ၈၂-မိုင်)၌ တည်ရှိ၏။
(ရောဟဏ နောက်မှာကြည့်။) အနုရာဓမ္မာမှ နေပြည်တော်အဖြစ်သို့ သာကီဝင် အနုရာဓ မင်းသား၏တူတော် ပဏ္ဍုကာဘယ (၃၉၄-၃၀၇-ဘီ-စီ) မင်းက မူလ ဥပတိဿရွာမှ ပြောင်းရွှေ့ နန်းစိုက်ရန်တည်၏။ မူလအနုရာဓရွာ အနီး၌ပင် အနု ရာဓ နက္ခတ်နှင့်စန်း ယှဉ်ခိုက် တည်ထောင်၍ သုံးထပ်ကွမ်း အနုရာဓ မည်လေ တော့သည်။

## PAGE 649
<!-- 10 paragraphs, raw extraction -->


၆ဝ၆


ခရစ်မပေါ်မီ နှစ်ပေါင်း ၄၁၀-ဘီ-စီခန့်မှ စ၍ ခရစ်ပေါ်ပြီး ၁၁၀၉- အေ- ဒီ-တိုင်အောင် နှစ်ပေါင်း ၁ ၅ ၁၉-နှစ်တိုင်တိုင် မင်းဆက် ၉ ဝ-ကျော် အုပ်စိုး ခဲ့၍ စည်ကားသော သက်တမ်းရှည် နေပြည်တော်ကြီး ဖြစ်ရုံမျှမက သာသနာ့ အခြေစိုက်ဌာန ဘူမိနက်သန်လည်း ဖြစ်ခဲ့၏။

ပဏ္ဍုကာဘယ စတင် မြို့တည်စဉ် ၁ ၆-မိုင်ပတ်လည် ကျယ်ဝန်း၏။ လမ်းမ ကြီး လေးသွယ်၊ ရာထူး အမျိုးအဆင့်အလိုက်နေရန် ရွာကြီးများ၊ အိမ်ကြီးများ၊
ဇယဝါပိ၊ အဘယဝါပိ ရေကန်ကြီးများ စသည်ဖြင့် ခမ်းနားကြီးကျယ်စွာ တည် ထောင်၏။ ကြက်ပျံမကျ စည်ကားသည်။ တံတိုင်းမြို့ရိုး ၁ဂ-တောင် မြင့်၏။
နေ့ည အစောင့်များထားပေး၏။ (ယခုအခါ တံတိုင်းအရာမျှကိုပင် မတွေ့ရပြီ။) သာသနာမရောက်လှာသေးသော်လည်း ဂျိန်းဘာသာ၊အာဇီဝကတက္ကဒွန်း ပရိဗိုဇ်၊ ဗြာဟ္မဏ စသော ဘာသာရေး ပုဂ္ဂိုလ်များ အတွက်လည်း သီးသန့် အဆောက်အအုံ အထောက်အပံ ့များ ပေးထားသည်။

၎င်း၏သားတော် မုသိဋဝ လက်ထက်တွင်ကား သာသနာဝင်၌ နာမည် ကျော်ကြားသော မြို့တောင်ဘက် မဟာမေဃဝန် ဥယျာဉ်ကြီးနှင့်တကွ နန္ဒနခေါ် ဇောတိဝန ဥယျာဉ်များကိုလည်း တည်ထောင်၏။ ၎င်းသားတော် ဒေဝါနံပိယ တိဿ (၂၄၇-၂၀ ၇-ဘီ-စီ) လက်ထက်တွင် ယင်းမဟာမေဃဝန် ဥယျာဉ်ကြီးကို သံဃာ့အရာမ်အဖြစ် သိမ်သမုတ်၍ အရှင်မဟိန္ဒအား လှူ၏။ အလွန် ကြီးကျယ် ခမ်းနားသော မဟာဝိဟာရ ကျောင်းတော်ကြီးကိုလည်း လှူသည်။ သီဟိုဠ်ကျွန်း၌ ပထမဆုံး သာသနာမျိုးစေ့ ချတော်မူသည်။

မျက်မြင်ကိုယ်တွေ့ ရှေးနှင့် ယခု သာသနာ့ အဆောက်အအုံများ

ဒက္ခိဏသာခါ မဟာဗောဓိပင်ကိုလည်း ထိုဥယျာဉ်၌ပင် စိုက်ပျို းပူဇော် ထားလေသည်။ ဒုဋ္ဌဂါမဏိမင်း လက်ထက် တည်သော မဟာစေတီကြီးမှာ ဒက္ခိ ဏသာခါ ဗောဓိပင်နှင့် သုံးဖာလုံခန့်သာ ဝေး၏။ မဟာဗောဓိနှင့် လောဟ ပါသာဒ (ကြေးပြာသာဒ်ကြီး)မှာ တောင်နှင့်မြောက် (ယခုအခါ ကားလမ်းမျှ သာ ခြား၍)အတောင်လေးဆယ်မျှသာ ကွာသည်။

ထူပါရာမ စေတီနှင့် ကျောင်း

မဟာစေတီကြီး၏ မြောက်ဘက် နှစ်ဖာလုံအကွာ မြို့တော်၏တောင်ဘက် တံခါးမုခ်အနီးတွင် ထူပါရာမ စေတီတော်ကြီးရှိ၏။ ဒေဝါနံပိယတိဿကောင်းမှု၊

## PAGE 650
<!-- 13 paragraphs, raw extraction -->



၆ ၀ ၇

အမြင့် သံတောင် ၃ ဝ-ခန့်၊လုံးပတ် ၁၂၁-တောင် ၁-မိုက်၊ ဘုရားရှင်၏ဓာတ်တော် တသပိတ်နှင့် လက်ျာညှပ်ရိုးတော် ဌပနာ ထားသည်။ ကကုသန်, ကောဏာဂုံ ကဿပဘုရားသုံးဆူတို့၏ ရေစစ်၊ ခါးပန်း၊ ရေသနုပ်တော်များလည်း ဌပနာ

ထား၏။

ထိုအနီး နာမည်ကျော် မဟာဝိဟာရနှင့် စပ်လျက် ထူပါရာမ(ထူပါရုံ) ကျောင်းတော်ကြီးလည်း တည်ရှိ၏။ (ယခုအခါ ၁၃- ပေခန့် အမြင့်ရှိသော ကျောက်တိုင်များကိုသာ တွေ့ရတော့၏။) မဟာ ၀ိဟာရ၏ အခြံအရံများကား များပြားလှပေသည်။

ထူပါရုံစေတီ၏ အရှေ့ဘက် တဖာလုံ၌ မူလ စွယ်တော် တိုက်ကြီး (ကိတ္တိ သီရိမေဃကောင်းမှု)ရှိ၏။ (ယခု ကျောက်တိုင် ကျောက်ထုပ်လျောက်များ တင် လျက် ရှိသေးသည်။)

ထိုမှ တဖာလုံလောက်တွင် သင်္ဃမိတ္တာထေရီမကြီး၏ ကျောင်းနှင့် ထို၏ အနောက်မြောက် အတောင် ရှစ်ဆယ်လောက်တွင် ထေရီမကြီး၏ အရိုးဓာတ် စေတီတဆူ ရှိသည်။

ထူပါရုံစေတီ၏ အနောက်ဘက် တဖာလုံအရပ်၌ ဝိနည်းအကျော် မဟာ ပဒုမ မထေရ်ကြီး၏ ကျောင်းတိုက်ကိုလည်း တွေ့နိုင်လေသည်။

သာသနာဆယ်ရာစု အနုရာဓ

}

တရုတ်ရဟန်းတော် ဖာဟီယန် (သာသနာ- ၉၅၄-၉၅ ၆) ရောက်စဉ်က အနုရာဓသည်ပင် ကြည်နူးဖွယ် အတိရှိပေသေး၏။ ဆောင်းနွေမခြား ဥတုရာသီ ကောင်း၍ သီးနှံနှင့် ကျောက်မျက်ရတနာများ၊ ပုလဲများ ပေါကြောင်း၊ မဟာ ဝိဟာရ၌ သံဃာ ၃ဝဝဝ၊ အဘယဂီရိ၌ သံဃာ-၅ဝဝဝ၊ မြို့တွင်း လမ်းဆုံလမ်းခွ တို့၌ လစဉ်ဥပုသ်နေ့တိုင်း တရားဟောပြော နာယူကြကြောင်း စသည် ပြဆိုထားရာ ယခုအခါ အလွန် ပူပြင်းခြောက်သွေ့ ၍ အရသာမရှိသော သောက်ရေပင် မလုံ လောက်။ ငှက်ဖျားရောဂါပင် စွဲတတ်သည်ဆို၏။ အိမ်ခြေလည်း ၅ဝဝ-ပတ်ဝန်း ကျင်မျှသာ ရှိတော့၍ မြန်မာနိုင်ငံ ပုဂံမြို့ကြီးသဖွယ် ရှိလေ၏။

ပုဂံမြို့ကြီး ဥယျာဉ်ဗိမာန် ချောင်းကန် စိမ့်စမ်းတို့ဖြင့် စိမ်းလန်း စိုပြည် ကြောင်း။မိုးလေ၀သ ကောင်းမွန်၍ သီးနှံကိုင်းကျွန်း ဖြစ်ထွန်းလှကြောင်း “ပေါင် လောင်ရှင် ကဿပ” ရေး ပါဠိဘာသာ သဟဿရံသီခေါ် ဗောဓိဝင်ဋီကာ နိဂုံးမှ ပုဂံပြည်ကြီးနှင့် ယနေ့ ပုဂံသည် ဒဏ္ဍာရီပမာ ခြားနားလှသကဲ့သို့ပင်တည်း။

## PAGE 651
<!-- 13 paragraphs, raw extraction -->


Gon


ဇ္ဈတ္တိက သာသနာသာ ပဓာန

ထို ့ကြောင့် ဗဟိဒ္ဓသာသနာံ အပြင်ဗန်း ရုပ်ဝတ္ထုတို့သည် အရေးမကြီး၊
လိုအပ်ရုံမျှသာ ထူထောင်သင့်၏။ သင်္ခါရတရားများဖြစ်၍ ကျောက်တိုင် ကျောက် သားပင် အနှစ်တရာပင်မခံ။ အဇ္ဈတ္တိက သာသနာသာ အရေးကြီးပေသည်။ အမှန် တရား တခုနှင့် ယုံကြည်မှု တည်ရှိနေပါသေးသမျှ သာသနာသည် ခိုင်မာလျက် ပင်တည်း။

မဟာစေတီနှင့်လောဟပါသာဒ

အနုရာဓ၌ ဒုဋ္ဌဂါမဏိမင်းကြီး(၁ဝ၁- ၇၇-ဘီစီ)၏ ကောင်းမှု မဟာ စေတီကြီးနှင့်လောဟပါသာဒ ကြေးပြာသာဒ်ကြီးအကြောင်း(အခန်း ၁-စာကိုယ် ၌)ရေးခဲ့ပြီ။ မရိစဝရို့ကုန္တစေတီများလည်း ရေးခဲ့ပြီ။

မဟာဝိဟာရကျောင်းတိုက်ကြီးတွင်းရှိ ဘုံ ၉-ဆင့်ကြေးပြာသာဒ်ကြီးကား တည်ဆောက်ပြီး မကြာမီ မီးခ၍ ညီတော် သဒ္ဓာတိဿမင်းက ဘုံ ၇-ဆင့်ချုံ့ကာ ပြန်၍ တည်ဆောက်ခဲ့သည်။ မြတ်စွာဘုရား ပထမအကြိမ် ကြွစဉ် သမာပတ် ဝင် စားရာ ဌာန၌ ဆောက်ထားသည်။

ယခုအခါ သံဃာ့မိတ္တာ ဗောဓိပင်အနီး ၁၂-ပေခန့်မြင့်သော ကျောက် တိုင် အတန်းပေါင်း ၄၀-အတိအကျရှိ၍၊ တကန်းလျှင် တိုင်ပေါင်း ၄၀-စီရှိရာ စုစုပေါင်း တိုင် ၁၆ဝဝ ရှိလေသည်။

အနုရာဓသည် ဒုဋ္ဌဂါမဏိ မတက်မီကလည်းကောင်း၊ တက်ပြီးနောက် တွင်လည်းကောင်း၊ ဝဋ္ဋဂါမဏိ(၂၉-၁၇-ဘီစီ)လက်ထက် မတိုင်မီနှင့် နောက် နောက် ကာလများတွင်လည်းကောင်း၊ဒမိဠ=ကျေးကုလားစသော အတွင်းအပြင် သာသနာအန္တရာယ်အသွယ်သွယ်တို့နှင့်ရင်ဆိုင်ခဲ့ရလေရာ ဖျက်၍မရသော ကျောင်း တိုက်ကြီးများနှင့်တွဲ၍ တည်ခဲ့သော စေတီကြီးများကသာ သမိုင်းကို ဖော်ပြ တော်မူနေကြရလေသည်။

မဟာသေနမင်း( ၄၁၂-၄၃ ၄-အေဒီ)လက်ထက် အနုရာဓနှင့်မဟာဝိဟာရ သည် ကမ္ဘာတခွင် ကျော်ကြား၍ အရှင်မဟာဗုဒ္ဓဃောသစသော နိုင်ငံခြားမှ ဗုဒ္ဓစာပေပညာရှင် အများအပြား လာရောက်လေ့လာရာ ဗုဒ္ဓဘာသာ ထေရ ဝါဒ တက္ကသိုလ်ကြီး ဖြစ်ခဲ့လေသည်။ .

လေသည်။

၁၁-ရာစု၌မူ လူနေအိမ်ခြေ ဆိတ်သုဉ်းကာ တောကြီးအတိ ဖြစ်ခဲ့ရဖူး

## PAGE 652
<!-- 12 paragraphs, raw extraction -->



ရောဟဏ၊ မဟာဂါမ

၆ ဝ၉

ရောဟဏ(ရုန)ကား သီဟိုဠ်ကျွန်း ရှေးဦးနယ်ကြီး သုံးနယ်တို့တွင် တခုဖြစ်ခဲ့၏။ မြောက်ဘက်နယ်နိမိတ် မဟာဝါလုကဂင်္ဂါ (မဟာဝေလိဂင်္ဂ )၊
ထိုမှ အရှေ့တောင်ဒေသတခုလုံးကို ခေါ်သည်။ နေပြည်တော်ကား မဟာဂါမ (မာဂမ်ပုရ)၊ မဟာတိတ္ထ(မာတရ)ဆိပ်မှ ၆၂-မိုင် သွားလျှင် မဟာဂါမနယ် ရောက်၏။

အနုရာဓ၌ ဒေဝါနံပိယတိဿ မင်းကြီး နန်းစံစဉ် ညီတော် အိမ်ရှေ့ မင်းသား မဟာနာဂသည် နောက်ပါ အခြံအရံများနှင့် ပြောင်းရွှေ့သည်မှစ၍ ရောဟဏနယ် ထင်ရှားလာ၏။ မဟာဂါမလည်း နေပြည်တော်တခု ဖြစ်လာ၏။
မဟာနာဂအမည်ရှိသော ကျောင်းတိုက်ကြီးစသည်တို့ကိုလည်း တည်ဆောက်၏။
မဟာနာဂ၊ သားတော် ယဋ္ဌာလတိဿ၊ ၎င်း၏သားတော် ဂေါဋ္ဌာဘယ၊
၎င်း၏သားတော် ကာကဝဏ္ဏတိဿ-မင်းလေးဆက်တိုင် မဟာဂါမနေပြည်တော်၌ စိုးစံ၏။ သားတော် ဒုဋ္ဌဂါမဏိလက်ထက်တွင် အနုရာဓသို့ ရွှေ့ပြောင်း နန်းစိုက် သည်။ ဒုဋ္ဌဂါမဏိ၏ ဇာတိမြေတည်း။

ယဋ္ဌာလတိဿဟူသည် ကလျာဏီတိဿပင်တည်း။ မဟာဂါမ၏ ပင်လယ် ကမ်းခြေ ၁၆-မိုင်အကွာ ကလျာဏီမြစ်အနီး၌ ရွှေ့ပြောင်း နန်းစိုက်၍ ကလျာဏီ

တိဿ ခေါ်၏။

တိဿမဟာဝိဟာရနှင့်စိတ္တလတောင်

မဟာဂါမ၌ ကာကဝဏ္ဏတိဿမင်းကြီး သာသနာ ၃၁၅-ခုနှစ်၊ မင်းပြု စဉ် နာမည်ကျော် တိဿမဟာရာမခေါ် တိဿမဟာဝိဟာရကျောင်းတော်ကြီး နှင့်တကွ သာသံနာ့ အဆောက်အအုံ ၆၄-မျိုး တည်ထားခဲ့၏။ နဖူး သင်းကျစ် တော်ကို ဌပနာ၍ တည်ထားသော တိဿမဟာရာမစေတီလည်း ထိုကျောင်း တော်ကြီးအနီး၌ ရှိ၏။ ကိုလံဗိုမှ ၁၆၇-မိုင် ခရီး၊ ယခု တိဿမဟာရာမမြို့ပင် ဖြစ်နေ၏။

ယင်းမြို့မှ ၁၂-မိုင်အကွာ၌ ကတ္တရဂါမစေတီကြီး ရှိ၏။

တိဿမဟာရာမမှ ၁ဂ-မိုင်ဝေးသော စိတ္တလတောင်ကြီးကား အဋ္ဌကထ- တို့၌ မကြာခဏတွေ့ရသော ရဟန္တာပေါင်း မြောက်မြားစွာ ထွက်ပေါ်ရာဌာန ဖြစ်၏။ ဥတုရာသီ ညီညွတ်မျှတ သဘာဝအေးချမ်း၍ နိဗ္ဗာန်ဆိပ်ကမ်းတက် လှမ်းရာ အောင်မြေကြီးပင်တည်း။

## PAGE 653
<!-- 13 paragraphs, raw extraction -->


၆.၁ ဝ


အဘယဂိရိနှင့် ဖာဟီယန်

ဝူ ဂ ၊မဏိမင်းလက်ထက် (သာသနာ၄၅၅)တွင် မဟာစေတီ၏မြောက် စူးစူး၊ မဟာဝိဟာရကျောင်းတိုက်ကြီး၏အရှေ့မြောက်ဘက် တမိုင်ခန့်၌ အဘယ ဂိရိ ကျောင်းတော်ကြီး တည်ခဲ့၏။မူလက မဟာဝိဟာရ ဂိုဏ်းဝင်ဖြစ်သော်လည်း ဒက,ဒကာမများနှင့်ရောနှောနေသဖြင့် မဟာဝိဟာရမှ ထုတ်ပယ်ရာ အဘယ ဂိရိဂိုဏ်း ဖြစ်သွားသည်။ နောင်သောအခါ မဟာယာန၊သင်္ဂီတိ၊ ဝေတုလ္လမိစ္ဆာ အယူများပင် ဝင်လာ၍ လုံးဝပျက်စီးသွားသည်။

မင်းကြီး စစ်ပြေးစဉ်က ထမင်း ကျွေး ဖူးသော ကျေးဇူးကို ထောက်၍ အရှင်မဟာတိဿထေရ်အား စတင် ကျောင်းလှူခဲ့သည်။

{

ယင်း ကျောင်းတိုက်ကြီးအတွင်း လုံးပတ်ပေ ၉၀၀၊ ဉာဏ်တော်အမြင့် ၂၃၅-ပေရှိ အဘယဂိရှိ စေတီကြီးကိုလည်း တည်ထား၏။ ယခု စေတီကြီးကို ထောက်၍သာ ကျောင်းနေရာကို သိရတော့သည်။

တရုတ်ရဟန်းတော် “ဖာဟီယန်’သည် အဘယဂိရိ၌ နှစ်နှစ်တိုင်တိုင် နေ ထိုင် သွားကာ ထေရဝါဒပိဋကအနည်းငယ်နှင့် မဟာယာနပိဋကများ ကူးယူသွား ၏။ မျက်မြင်ကိုယ်တွေ့ သီဟိုဠ်ကျွန်းအကြောင်းကိုလည်း ရေးသားခဲ့သည်။

ဇေတဝနစတီနှင့်ကျောင်း

ဝေါဋ္ဌာဘယ၏ သားငယ် မဟာ သေနမင်း (၂၇-၃၀ ၄-အေဒီ)သည် ပထမတွင် မိတ်ဆွေဆရာယုတ် သံဃမိတ္တနှင့်သောဏအမတ်တို့ကို အမှီပြု၍ မဟာ ဝိဟာရနှင့် အဘယဂိုရှိကျောင်းများကို သိမ်းယူဖျက်ဆီး၍ ဆွမ်းမလောင်းရန် အမိန့်ထုတ်ခဲ့၏။

နောက် မိတ်ဆွေအမတ်ကြီး မေဃဝဏ္ဏဘယနှင့် တိဿမထေရ်တို့ကြောင့် ပြန်လည်ကြည်ညိုကာ မဟာဝိဟာရ၏ အရှေ့မြောက်ယွန်း၊ အဘယဂိရှိ မြောက် တမိုင်ကျော်လောက် ဇောတိဥယျာဉ်အတွင်း ဇေတဝနကျောင်းတော်ကြီးနှင့် လုံးပတ်ပေ ၁၁၀၀၊ ဉာဏ်တော်အမြင့် ၂၃၁-ပေရှိ ဇေတဝန စေတီကြီးကို ဆောက်လှူခဲ့သည်။

မဟာဝိဟာရနယ်မြေပေါ်၌ ဆောက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဟာဝိဟာရအယူနှင့် ခြားနားခဲ့လေပြီ။

## PAGE 654
<!-- 15 paragraphs, raw extraction -->



လံကာ ရာမစေတီ ကျောင်း

၆ ၁ ၁

ဇေတဝနကျောင်းကြီးမှ အနောက်မြောက် တ၁-၂ဝဝ ခန့်တွင် လံကာ ရာမစေတီ (၁၅၀-၅၀-ပေရှိ) ရှိ၏။ ဝဋ္ဋဂါမဏိစစ်ရှုံးစဉ် သိလာသောဘကဏ္ဍက ရွာ၌ ခိုလှုံရဖူးသည်ကိုအကြောင်းပြု၍ သိလာသောဘကဏ္ဍကစေတီ သမုတ်ခဲ့၏။
လံကာရာမမင်းသမီး ဆောက်လှူသော လံကာရာမကျောင်းကြီးလည်း ရှိ၏။မူလ သောမာရာမ (တုမူလသောမ) ကျောင်းဘော်နေရာဟုလည်း ဆိုကြ၏။

ဣဿရမုနိစေတီ, ကျောင်း

ဣဿရမုနိစေတီနှင့် ကျောင်းတော်ကြီးကို ဒေဝါနံပိယတိဿ တည်ထား သည်။ အရှင်မဟိန္ဒထံ မင်းမျိုးမှ အမျိုးသားငါးရာရဟန်းပြု၍ သီတင်းသုံးသော ကျောင်းကြီးဖြစ်သည်။

တိဿဝါပိ (တိဿရေကန်)၏ အရှေ့ဘက်၌ကပ်လျက် တည်ရှိ၏။

အသောက မာလာကျောင်း

*

အသောကမာလာ ပန်းပဲသမားသမီးနှင့် ဝိဇိတာဝီမြို့ အိမ်ရှေ့မင်းသား တို့ကောင်းမှု အသောကမာလာကျောင်းခေါ်၏။

ကန်ညီနောင် (Twin pohd) မှ အနောက်မြောက်သုံးမိုင်ခန့်၌ရှိသည်။

ဝိဇယာရာမ ကျောင်းတိုက်

အသောကမာလာကျောင်းကြီး၏ အနောက်တောင်တောစပ်ရှိ ချောင်း ကလေးကို ကျော်၍ မိုင်ဝက်လောက်သွားလျှင် ဝိဇယမင်းသား ပထမစခန်းချီရာ၌ စေတီတည်ရှိ၏။ ဝိဇယာရာမကျောင်းတော်ပျက်ကြီးလည်း ရှိသည်။
စာသဒ္ဒါသုန်သော ရဟန်းငယ်နှစ်ပါးအား ကမ္မဋ္ဌာန်းမပေးပဲ ကြိမ်း မောင်းလွှတ်သော မထေရ်ကြီး သီတင်းသုံးသည့်ကျောင်းသည် ဤဝိဇယာရာမ ပင် ဖြစ်ဖွယ်ရှိ၏။

အဘယဂိရိနှင့်မုနိဃရ (မဟာစေတီဌပနာရန်ရုပ်လုံးများခေတ္တထားရာ) ကျောင်းကြီး၌ သံဃာတော်များ ယာဂုဆွမ်းထည့်လှူရန် ကျောက်သားပကတိ စးလျှို၍ ပြုလုပ်ထားသော ကျောက်လှေကြီးများ အဝအနံ ၂-တောင်၊
ဇောက် ၂-တောင်ရှိ၍ အလျားမှာ အတောင် ၃၀-မှ ၄၁-တောင်အထိ ရှိနေ သေးသည်။

## PAGE 655
<!-- 16 paragraphs, raw extraction -->


၆ ၁ ၂


နှောင်းခေတ်မြိုတော်များနှင့် အခြားသမိုင်းဝင်ဌာနများ သီ ဟ ဂိရိ မြို့

တမ္ဗပဏ္ဏိ၊ ဥပတိဿ၊ အနုရာဓ (မဟာဂါမ) ပြီးလျှင် စတုတ္ထမြောက် မြို့တော်၊ အဖသတ်သိရိကဿမင်း နန်းစံရာ မလယဒိစတြိတ်ရှိ တောင်ပေါ်မြို့။
(“သိရိယ” ဟုခေါ်ကြသည်။)

ပုလတ္ထိ-ပေါဠာန္ဓရူဝ

ခုဒ္ဒဂ္ဂ(ကိတ္တိဂ္ဂ) ဗောဓိမင်း နန်းစိုက်ရာမြို့။ ကောလံဗိုမှ အရှေ့မြောက်မိုင် ၁၆ဝ, အနုရာဓမှ ၆၄.မိုင် ဝေး၏။

ပရက္ကမဗာဟုမင်းကြီးလက်ထက် နှစ်ပေါင်း ၁၂၀၀-ကျော်ခန့် ကွဲပြား လာခဲ့ကြသော ဂိုဏ်းကြီးသုံးဂိုဏ်းညီညွှတ်ရေးလုပ်ရာမြို့။ ဝိနယသင်္ဂဟအဋ္ဌကထာ, သာရတ္ထ, အင်္ဂုတ္တရဋီကာစသော ကျမ်းများကိုပြုစုသူ အရှင်သာရိပုတ္တရာ၊ အရှင် သုမင်္ဂလသာမိ (ဋီကာကျော်)၊ အရှင်မောဂ္ဂလာန် (အဘိဓာနပ္ပဒီပိကာ) စသော ကျမ်းပြုပညာရှင်ကြီးများ သီတင်းသုံးရာ ဌာနဖြစ်သည်။

ကန္ဒီ (သေခ်ာ့သေလ) မြို

မူလသေင်္ခဏ္ဍသေလကို သီဟိုဠ်သားတို့က သေင်္ကဍဂလခေါ်၍ သိုးဆောင်း လူမျိုးများက ကန္ဒီဟုခေါ်သော မြို့တော်။

မင်းဆက်ပေါင်း ၁ ၉၀-တို့တွင် နောက်ဆုံးသီရိဝိက္ကမရာဇသီဟ (အင်္ဂလိပ် ပါမင်း) လက်ထက်တိုင် စိုးစံရာမြို့ ။ကလိင်္ဂတိုင်းမှရောက်လှာသော လက်ဝဲအောက် စွယ်တော်ဓာတ်မြတ်ကိန်းဝပ်ရာ ဌာနဖြစ်သည်။

ကိုလံဗိုမှ ၇၂-မိုင်ဝေး၍ ယခုအခါ ဒုတိယမြို့တော်ကြီး ဖြစ်သည်။

ကိုလံဗို(ကောလမ္မ)

ပေါ်တူဂီနှင့် အင်္ဂလိပ်တို့၏သင်္ဘောဆိပ်မြို့၊ ယခုအခါအကြီးဆုံး မြို့တော်။
ဂါလု=ဂါမြို့

ဒတ်ချ်လူမျိုးများ၏ သင်္ဘောဆိပ်မြို့။ ကိုလံဗိုမှ မိုင် ဂ၀-ဝေး၏။ ယခု

အခါ တတိယမြို့တော်။

## PAGE 656
<!-- 16 paragraphs, raw extraction -->



မဟာတိတ္ထ=မာတရ

၆ ၁ ၃

ကိုလံဗိုမှ အရှေ့တောင်ဘက် မိုင် ၁ဝဝ၊ တောင်ဘက် မီးရထားလမ်းဆုံး၊

ယခုအခါ စဘုတ္ထမြို့တော်ဖြစ်သည်။

ရတနပုရ

ရှေးအနှစ် ငါးဆယ်ကျော်လောက်က များစွာကျယ်ဝန်းသော မြို့ဖြစ်၏။
မြတ်စွာဘုရားရှင်၏ ခြေတော်ရာတည်ရှိရာ သမန္တကူဋ (သုမနကူဋ) တောင်မှ တောင်ဘက်အနီးအရပ်၌ တည်ရှိသည်။

ကိုလံဗိုမှ အရှေ့တောင် ၄ ၅-မိုင်ခန့်အကွာ၌ ရှိသည်။

ရှင်မဟိန္ဒ နှင့် မိဿက (စေတီယ) တောင်

အနုရာဓမှ အရှေ့မြောက် ဂ-မိုင်ကွာ၌ မိဿကတောင်ရှိသည်။ မေတိယ ဂိရိ= စေတီယပဗ္ဗတတောင်ဟုလည်း ခေါ်၏။ သဲကျောက်နှစ်မျိုး ရောစပ်နေ၍ မိဿကတောင်ဟုခေါ်သည်။ မဟိန္ဒတ္ထလမှ “မဟိန္ဒလေ့” ဟု ပြောင်းလဲ၍လည်း ခေါ်ကြသည်။

အဋ္ဌကထာတို့၌ ဤအမည်ကို များစွာတွေ့နိုင်၏။ လှေကားထစ်ပေါင်း ၂၀၀၀-ရှိသော တောင်တက်လှေကားမှာတရုတ်စကားပင်များဝဲယာစီရီ စိုက်ပျိုး ထားရာ ကြည်နူးဖွယ်ရှိလှပေသည်။

ယင်းတောင်၌ ဥက္ကလုံမွေးရှင်တော်ဓာတ် ဌပနာထားသော ၁ ၆ ဌာနအဝင်အပါ သိလာစေတီတော်လည်း ရှိ၏။

အရှင်မဟိန္ဒရဟန္တာ အရှင်မြတ်ကြီး သီတင်းသုံးတော်မူသော ကျောင်း တိုက်၊ နေ့သန့်စင်ရာလိုဏ်ဂူ၊ နတ်ဗြဟ္မာများ တရားနာလာရန် သုမနသာမဏေ ကြွေးကြော်ဖိတ်ကြားရာဖြစ်သော ကျောက်တုံးကျောက်ဖျာများ ရှိသည်။

ထိုတောင်၌ ဒေဝါနံပိယတိဿမင်းကြီးနှင့် အရှင်မဟိန္ဒူတို့ စတင်တွေ့ဆုံရာ ဖူးတွေ့ရသော သရက်ပင်ပေါက်သောကုန်းမြေကို ထေရဠတ္ထလ (ထေရ=မထေရ်+ အမ္မ=သရက်ပင်+ထလ=ကုန်း)ဟု ခေါ်သည်။

အရှင်မဟိန္ဒ သာသနာ ၂၈၄-ခုနှစ် ပရိနိဗ္ဗာန်ပြု၍ ဒေဝါနံပိယတိဿ၏ ညီတော် ဥတ္တိယမင်းက အရိုးဓာတ်တော်များကို စေတီတည်ထား၏။ အမ္မတ္ထလ စေတီခေါ်သည်။ (ဓာတ်ပုံ၌ကြည့်ပါ။)

## PAGE 657
<!-- 18 paragraphs, raw extraction -->




ကာဠ ၉ရက္ခိတမထေရ် ကာဠကာရာမသုတ္တန်ဟောစဉ်က သီတင်းသုံးသော တည်ပင်ညိုပေါက်ရာ အရပ်ကား ယင်းတောင်တော်၏အနီး အနောက်တောင် ထောင့်၌ ယခုတိုင် တွေ့နိုင်၏။

မဟိယင်္ဂဏ စေတီ

သီဟိုဠ်ကျွန်း ပထမဆုံးစေတီ၊ ဆံတော်တဆုပ် နှင့် လည်ရိုးဓာတ်တော်

ဌပနာထား၏။

ကန္ဒီမှ ၄၅-မိုင်ကွာ အရှေ့မြောက်ယွန်း၊ “အလုတ်နုရုဝ’ မြို့အနီး။

မုတိယင်္ဂဏ စေတီ

ဘုရားရှင် ရှစ်ဝါမြောက်ကြွစဉ် သမာပတ်ဝင်စားရာဌာန၌ ဒေဝါနံပိယ တိဿမင်း တည်သည်။

ကိုလံဗိုမှ ၁ ၃၆-မိုင်ကွာလှမ်းသော ဘလမြို့၌ ရှိသည်။ ယင်းမြို့ဘူတာမှ ၁ဂ-မိုင်ခန့် သွားရသေးသည်။

ကလျာဏီ စေတီ

ကိုလံဗိုမှ အရှေ့ငါးမိုင်ခန့်။ ဘုရားရှင် ရတနာမဏ္ဍပ်အတွင်း တရား ဟောစဉ် သီတင်းသုံးသော ရတနာပလ္လင်ကို ဌပနာထားသည်။

မင်္ဂလာ စေတီ

နဖူးသင်းကျစ် အသမ္ဘိန္န အရိုးတော်ဓာတ်နှင့် ဆံတော်နှစ်ဆူ ဌပနာ၍၊
ကာကဝဏ္ဏတိဿမင်းတည်သည်။ လုံးပတ် ၂၈၀-ပေ၊ ဉာဏ်တော် ၁၀၀-ပေ။
ဝိဟာရဒေဝီ၏မောင်တော် စူဠပိဏ္ဏပါတိကတိဿထေရ်၏တပည့် ဆဠဘိည ရဟန္တာဖြစ်တော်မူသော သီဝမထေရ်သည် တပုဿ,ဘလ္လ ိကတို့ရရှိသော ဆံတော် ရှစ်ဆူတွင် နှစ်ဆူကို မေ့လျော့နေကြစဉ် ဇယသေန နဂါးမင်း ပူဇော်ထားရာမှ ပင့်ဆောင်လာခဲ့သည်။

ပုလတ္ထိမြို့မှ ၇၂-မိုင်၊တရိန်ကော်မာလီမြို့မှ -၂ဂမိုင်၊(သေရုဝါဝီလမင်္ဂလာ မဟာစေတီဟုလည်း ခေါ်၏။)

သောမာဝတီ စေတီ

အရှင်မဟိန္ထထံမှရသော ဘုရားရှင်၏ လက်ျာ စွယ်တော်ကို .ဌပနာ၍ ပဒေသရာဇ်ဘုရင် ဂီရိအဗာ (သေလာဘယ)က သာသနာ ၃၃၉-ခုနှစ် တည်၏။

## PAGE 658
<!-- 16 paragraphs, raw extraction -->


"


၆ ၁ ၅

မိမိ၏မိဖုရားအမည်ကိုယူ၍ ဘွဲ့တော်မှည့်သည်။ လုံးပတ် ၂၂၅-ပေ၊ ဉာဏ်တော်

၁၅ဝ-ပေ။

ပုလတ္ထိမှ ၁၄-မိုင်ခန့်။

အ ရှေ့ဘက်ပင်လယ်ကမ်းခြေမှ

ဒိဝါပိစေတီ

ဘုရားရှင်နှင့်တကွ ရဟန္တာငါးရာ သမာပတ်ဝင်စားရာဌာန၌ သဒ္ဓာတိဿ မင်း (သာသနာ ၄၀၇-၄၂၅) တည်ထားသည်။

"

သူငယ်တယောက် အင်္ဂတေကိုင်ယင်း စေတီထိပ်မှ လိမ့်ကျစဉ် အောက်၌ ရှိသော မထေရ်များက “ဓဇဂ်သုတ် ပရိတ်ရွတ်”ဟု လှမ်းအော် သတိပေး၍ “ဇဂ္ဂသုတ္တံ မံ ရက္ခတု= ဓဇဂ်သုတ် ကယ်တော်မူပါ”အော်လျှင် စေတီမှ အုတ် နှစ်ချပ် ရုတ်တရက်ထွက်လာကာ ငြမ်းကဲ့သို့ ခံလင့်ထား၍ အသက်ဘေးမှ လွတ်ခဲ့ ဖူးကြောင်း သံယုတ်အဋ္ဌကထာ (၁၊၃၁၂)၌ ဆိုသည်။

ကန္ဒီမှ အရှေ့မြောက် မိုင် ၆ဝ၊ပေါတုဝိလမှ ၄ဂ-မိုင်၊ဘာတိကာလို(အရွှေ့ ဘက်ကမ်းခြေ)မြို့မှ ၂၅.မိုင်။ ကန္ဒီမှ တောင်ဘက်သို့ ၂၅-မိုင်၊ ပေ၆-ထောင်မှ ရှစ်ထောင်ကျော်မြင့်မား၍ ရှမ်းပြည်၊ ဣတလီရာသီဥတုမျိုးရှိသော နုဝရအေလိယ (တောင်ပေါ်မြို့)နှင့်ပီဒရိုတောင်တန်းကြီးများကိုဖြတ်ကျော်၍ ရထားခုတ်မောင်း သွားရသည်။ `ဟာပုတ်တလေတောင်ကြီးကို ဖြတ်ကျော်ပြီးမှ ဘာတိကာလိုမြို့သို့ ရောက်သည်။

အရှင်မလိယဒေဝ ဆဆက္ကသုတ္တန်ဟောကြား၍ ရဟန်းတော်ခြောက်ကျိပ် တို့ ရဟန္တာဖြစ်ရာ အရှေ့ဘက်ပင်လယ်ကမ်းခြေဒေသတခု ဖြစ်၏။
အင်္ဂုတ္တရဋ္ဌ ၂၊ ၁၃၄-တိဌာနသုတ်အဖွင့်အရ ဒီဃဝါပိုအရပ်၌ မဟာဇာ တက ဘာဏကထေရ်တရားပွဲများပြုလုပ်ရာ ခက်ခဲစွာလာရောက်နာယူကြကြောင်း ပါရှိ၏။

နေမင်းသုံးကြိမ်ချာချာလည်ဦးတိုက်ရသော သမန္တ (သုမန) ခြေတော်ရာတောင်

မြတ်စွာဘုရား တတိယအကြိမ်ကြွစဉ် ဝဲဘက်ခြေတော်ရာ ချတော်မူခဲ့ရာ တောင်၊ နေ့သန့်ရာ “ဒိဝါဂုဟာ’လိုဏ်ဂူတော် စေတီလည်းရှိ၏။ (ခြေတော်ရာ ကိုကား ယခုတိုင် ရှာ၍မတွေ့ကြရသေး။)

## PAGE 659
<!-- 13 paragraphs, raw extraction -->




ကိုလံဗိုမှ ၃၃-မိုင်၊ ထိုတောင်သည် ပေပေါင်း ၇.၆ ၃ ဝ-မြင့်၏။ ဟယ်ဋန် ဘူတာ၌ဆင်း၍ ကားဖြင့်ဆက်၍ အနောက်သို့ ဂ-မိုင်သွားရသေးသည်။ “စေတီ ပါဒတောင်'ဟုလည်း ခေါ်၏။

ကိုလံဗိုမှ စေတီပါဒတောင် (သမန္တကူ) သွားလမ်းမှာ နှစ်လမ်းရှိ၏။
ဟယ်ဇွန်မြို့သို့ မီးရထား မိုင်တရာ၊ ၎င်းမှ တောင်ခြေသို့ ကားလမ်း မိုင်ရှစ်ဆယ် သွားရ၏။ ရတနပူရမြို့မှသွားလျှင် နီးသော်လည်း မတ်စောက်လှ၍ အသွားနည်း သည်။ အဘိုးအို အဘွားအိုများပင် ညအိပ်၍တဂါကြ၏။ ချမ်းလွန်း၍ မီးဖို၍ အာရုံပြုရသည်။ အဆောက်အအုံ မလုံလောက်။

စေတီပါဒတောင်ကို နေမင်း ဦးသုံးကြိမ်ဦးတိုက်သည်ဟု ဆိုကြ၏။

နေလုံးကြီးထွက်ပြူ မလာမီ အရှေ့လောကဓာတ်၌ ညို နီ ခရမ်း သက်တ ရောင်များ ယှက်သန်းလာပြီးလျှင် လျှပ်စစ်ရောင်ကြားမှ ရုတ်တရက် ထွက်လာ သော နေမင်းကို ဘဲဥသဏ္ဌာန်မျှသာမြင်ရပြီး ၁၅-မိနစ်ခန့်ပျောက်ချည်ပေါ်ချည် ဖြစ်နေ၏။ ချာချာလည်နေသည်ဟုလည်း ထင်ရသည်။ထိုနည်းဖြင့် ငုပ်ချည် ပေါ် ချည်လုပ်ပြီးမှ ထင်ထင်ရှားရှား ထွက်ပေါ်လာသည်ကို မြင်ကြရသဖြင့် ဦးသုံးကြိမ် ချာချာလည် ရှိခိုးပြီးမှ ထွက်လာသည်ဟု ဆိုကြသည်။

တောင်ပေါ်သို့ရောက်သူတိုင်း ဤသို့လည်း ထင်ရတတ်ပေသည်။ (မြေ ရေ ဒေသ သဘာဝပင်တည်း။)

သေး၏။

ထိုစေတီပါဒ (ဆီရိပါဒ) ဟောင်သို့ ရောက်သူတိုင်း အံ့ဩရသည်မှာ ရှိ

စေတီပါဒတော်ကြီး၏ အနောက်ဘက်တွင် တောင်ခြေမှစ၍ ထိုးထွက်နေ သော မှောင်ရိပ်ကြီးမှာ မိုင် ခြောက်ဆယ်, ခုနစ်ဆယ်ခန့် ရှိသည်မှာလည်း အံ့ တပါး ဖြစ်နေတော့သည်။ အချိန်မရွေး ထိုအရိပ်ကြီးမှာ ထိုအတိုင်း ဖြစ်နေ၏။

3

ပို၍ အံ့ဖွယ်ကောင်းသည်ကား ဗုဒ္ဓဘာသာဝင်တို့သာမက အခြား ခရစ် ယာန်၊ ဟိန္ဒူ၊ မူဆလင်များလည်း အုပ်စုနှင့်ချီ၍ တက်ရောက်ကြသည်။ထိုဘာသာ ခြားများကလည်း “စိန့်သောမတ်၏ခြေရာ”၊ “သီဝနတ်ဘုရားခြေရာ (ဆိဝနိုလိပါ ါမ်)”၊ “မဟာမက်ခြေရာ (ဖာသားအာဒမ်)' ဟု အသီးအသီး ယုံကြည်ထားကြ သောကြောင့် ဖြစ်လေသည်။ ခရစ်ယာန် ဘာသာဝင်များကမူ နှစ်စဉ် ဘုရားဖူး တက်ရာ “အာဒမ်စပိန်=ထာဝရခြေရာ”ဟု ဆိုကာ ထာဝရဘုံနှင့်မိုင်လေးဆယ်သာ ဝေးတော့သည်ဟု ယုံကြည်နေကြ ပြန်လေသည်။ (“ဇမ္ဗူမှာဒွေး၊ ယာမှာ” လင်္ကာအရ ဣန္ဒိယ၏လက်ယာ=လံကာမှာ ခြေဘော်ရာ တခုဟူလို။)

## PAGE 660
<!-- 12 paragraphs, raw extraction -->



နာဂဒီပ ကျွန်းထူးကျွန်းမြတ်

၆ ၁ ၇

နာဂဒီပကျွန်းသည် အဋ္ဌကထာကြီးများနှင့် မဟာဝင်၊ ဒီပဝင်၊ ဓာတုဝင်၊
ထူပဝင်၌ အလွန်ထင်ရှားသောကျွန်း ဖြစ်သည်။

မြတ်စွာဘုရားရှင် ဒုတိယ အကြိမ် ကြွစဉ် သမာပတ် ဝင်စားရာ ဌာန ရာဇာယတနစေတီရှိ၏။ ဦးရီးနှင့်တူ နဂါးများ ပလ္လင်လုစစ်ပွဲကြီးကို ငြိမ်းချမ်းရေး ဟောတော်မူရာဌာန ဖြစ်၏။

သာသနာကွယ်ပျောက်ခါနီးလျှင် သရီရဓာတ်တော်များ ဤကျွန်း၌လည်း စုဝေးမည့်အကြောင်း အဋ္ဌကထာများ၌ ဖော်ပြပါရှိသည်။

လူ ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ရှိ ဓာတ်တော်များ အားလုံး ပထမဆုံး မဟာစေတီ၌ ကြွရောက်စုရုံးကြမည်။ ဒုတိယ နာဂဒီပကျွန်း၊
ထိုကမှ ဗောဓိမဏ္ဍိုင် သို့ ကြွကာ ဗုဒ္ဓရှင်တော်မြတ်ပမာ လက္ခဏာကြီးငယ် ခြောက်သွယ် ရောင်ခြည် ထူးလည်တင့်တယ် စံပယ်တော်မူရာမှ သာသနာတော် နောက်ဆုံးကွယ်ခြင်း အဖြစ် တေဇောဓာတ်လောင်မည့်အကြောင်း (သန္ဓေ-၁၄၁ ၃၊ ပါထိက-ဂ ၃၊ ဥပရိ–၈၁- အံ-ဋ္ဌ-၁၊ ၇ဝ)တို့၌ အကျယ်ပါရှိ၏။

ဓမ္မစကြာ ရွတ်ဖတ်နာယူပူဇော်၍ ဣစ္ဆာသယ ပတ္တမြားရသောဓမ္မစကြာ မယ်ဟေမာ”သည် နာဂဒီပကျွန်းသူ ဖြစ်သည်။

ဤကျွန်းကို နာဂဒီပ၊ ဓမ္မိလ ဟိန္ဒူ၊ ကျေးများက “နိုင်နဒ္ဓိဝု’ (Nina– kwivu)ဟုလည်းကောင်း၊မိနိပလံဂ' (Minipalanga)ကျွန်းဟု လည်းကောင်း ခေါ်ကြသည်။ လူဦးရေ ငါးထောင်ခန့်ရှိ၏။ ဟိန္ဒူများသာ များကုန်၏။ ကျွန်း ဧရိယာ အလျား သုံးမိုင်မျှသာ ရှိသည်။ ဣန္ဒိယကမ်းခြေသို့ ၂၂- မိုင်သာ ဝေး တော့၏။

နာဂဒီပ မရောက်မီ ကျွန်းငယ်ပေါင်း များစွာရှိနေ၏။

ကိုလံဗိုမှ မိုင် ၂၀၀-ကျော် ဝေးသော ကျွန်း မြောက်ဆယ်ရှိ ဂျမ္မနာ (ယာပန)ဆိပ်သို့ မီးရထားဖြင့်ဖြစ်စေ၊ ကားဖြင့်ဖြစ်စေ ၁ ၍ ယာမှ ကားဖြ ကာရေတိဝုကျွန်း၊ ထိုကမှ ကူးတို့ဖြင့် ကိုက်ကျွန်း၊ ထိုကမှ မော်တော်ဖြင့် နာဂဒီပ ကျွန်းသို့ သွားရသည်။. နောက်ဆက်တွဲပြီးပြီ။

## PAGE 661
<!-- 93 paragraphs, raw extraction -->


စာမျက် ကြောင်း

နာ

ပြင် ဆင် ဖတ် ရှု ရန်

အမှား

အမှန်

ရေ




ာား -





၆ဝ






J

၂ ဝ

မထေရ်မြတ်ကြီး



ED

=


ကျောင်းတွင်း၌အပရိဝုဏ်



အကြိမ်များမှာ

sialkol

သာပြ ကျောင်းဆောင် မင်္ဂလာ

ဥရာ

ကောသ

ပကိဏ္ဏာက

သီဟိုဠ်ကျွန်းကလေးသည်

sialkot သာသနာပြု ကျောင်းတော် မင်္ဂဏ

· ဥရုဂ ကေသ

ပကိဏ္ဏက မထေရ်မြတ်ကြီးများ သီဟိုဠ်ကျွန်းကလေးရှိုက် ကျောင်းပရိဝုဏ်အတွင်း၌ အကြိမ်များစွာ


J

Mull

ပြူ

11


ဤသို့ဆိုလျှင်

ဤသို့လျှင်



မြန်မာမင်းများပင်

မြန်မာများပင်



ဓမ္မဓိဋ္ဌာန်

ဓမ္မာဓိဋ္ဌာန်


၁၁-၂

၁၃၄ဝ-ပြည့်နှစ်၊ ၁၂၊၃

၁၃၄၁-ခုနှစ်၊ ၂ ၉၊ ၂


0

အညံ့ခံတာ

အညံ့ခံ



ဥာဏ်မြတ်ရင့်

ဥာဏ်မြင်ရင့်



အိပ်ပါခံတာ့လား


ဒီဆောက်



နန်းဆောင်





မသွားပါ

၂၃ဝ

၂ ဂ

ယောတိ



ဝဿန

ကောလာသ

အိပ်ပါတော့လား ဒီလောက် နန်းတော်

ကေလာသ

မသွားလိုပါ - ဟောတိ ဝန

## PAGE 662
<!-- 77 paragraphs, raw extraction -->


စာမျက် ကြောင်း

ပြင် ဆင် ဖတ် ရှု ရန်

အများ

အမှန်

နှာ

ရ



ကာမ္ဘေဒက


၃ဝ




အာရသော လေ့ကျင့် ခန္ဓာတို့





သမ္မာသိတ္ထာန


၁၃၊၂ ၃

ဗာဠ၊အသုခိ


နတဘာသိက

ပြည့်မြောက်လျက်ရှိ၏။

ကာဌောဒက အာပုံသော လေ ကျက် ခန္ဓာကား

ပြည့်မြောက် လွယ်၏။
သမ္ပသိတွာန ဗာန္တိ၊ အသုစိ နတဘာတိက

၃၇ဝ

၂၊ ၁၂

တ္ထိ၊ပညာမရှိ

ဧတ္ထိ၊ပညာမရ



မာရာ

မာရာ



ရှိတာကလေးကို


,0

အနာဖေါ်

နာတာကလေးကို တစ်နှာပေါ်



အနာရတ၊ရှုလျက်

အနဘိရတ၊ရှလျှင်

E

ဇာတိ၊အငြိမ်းဇာတ်

ဓာတ်၊ အငြိမ်းဓာတ်


ရောဂါဖြစ်ရ

ရောဂါ ပျောက်ရ



အာဏာဒေသနာ



မျှတလွယ်ကူစွာရှိနိုင်

၅ဝ၁


မန္တလေး



000

၂၉၊ ၃ဝ

ဖွဲ့ စက်

G



အမည်ခံသာ

လောက

အာဒေသနာ

(ဖြုတ်ပယ်ရန်) ချက်စက် အမည်ခံကာ

လောကော

မျှတလွယ်ကူစွာရနိုင်

## PAGE 67
<!-- 11 paragraphs, raw extraction -->



ပထမဆုံးနှင့် နောက်ဆုံး ဉာတတ္ထစရိယာ


ရှင်မဟာ မဟိန္ဒမထေရ်သည် ကျောင်းတော်အထွက် ခေတ္တမျှ ရပ်တန့် တော်မူ၍ သာသနာပြုရန်အချိန်အခါနှင့် အခြေအနေကို ဆင်ခြင်သုံးသပ်တော် မူ၏။

သီဟိုဠ်ကျွန်း၌ နန်းတက်ဆဲဖြစ်သော မုဋသီဝမင်းကြီးသည် သက်ရွယ် တော်ကြီးရင့်နေပြီဖြစ်သဖြင့် ထိုမင်း၏အကူအညီကိုယူ၍ သာသနာပြုရန်မလွယ်၊
မင်းပျိုမင်းလွင်ဖြစ်သော သားတော် ဒေဝါနံပိယတိဿ(မရုပိယတိဿ) နန်းတက် သော အခါမှသာလျှင် သာသနာပြုခရီးတွင်မည်ကို မြင်တော်မူ၏။ ` နန်းတက် ချိန် နီးကပ်နေပြီကိုလည်း မြင်တော်မူလေသည်။

ယင်းသို့ အချိန်အခါကို ငံ့လင့်ယင်း မယ်တော်ကြီးနှင့်တကွ ဆွေတော် မျိုးတော်များအား တရားဖြင့် ချီးမြှောက်လို၍ မယ်တော်ရှိရာ ဝေဒိသ မြို့သို့ ကြွရန် ဆုံးဖြတ်တော် မူလိုက်၏။ သီဟိုဠ်သို့ သာသနာပြု ကြွလျှင် ဤရပ်ဒေသ ဤဌာနသို့ နောက်ထပ်တဖန် ပြန်လည်ရောက်ကောင်းမှ ရောက်ပေတော့မည်ဟု လည်း စဉ်းစားမိဟန် တူလေသည်။

ထိုသို့ စဉ်းစားပြီးနောက် ဒက္ခိဏဂိရိ (ဣန္ဒိယတောင်ပိုင်း) နယ်ဘက်သို့ ခရီးဆက်တော်မူ၏။ ထိုဒေသ၌ ခြောက်လခန့် ခရီးဒေသစာရီ လှည့်လည်တော်မူ ပြီးနောက် မယ်တော်ကြီးနေထိုင်ရာ ရာဇဂြိုဟ်ပြည်နယ်ရှိ ဝေဒိသမြို့သို့ ကြွတော် မူ၏။ ဝေဒိသမြို့ကလေးကား ဝိဘရန်ကြောင့် သာကီဝင်မင်းမျိုးများ စစ် ပြေးခိုရာမြို့ ဖြစ်၏။

အသောက မင်းကြီးသည် ငယ်စဉ် မင်းပျို မင်းလွင်ဘဝ . ပြည်နယ်ကို အုပ်ချုပ်ရစဉ် အ၀န္တိတိုင်း(ယခုဘိုပေါလ်နယ်)ဥဇ္ဇေနီပြည်အသွား ဝေဒိသမြို့သို့ ရောက်သောအခါ သာကီဝင် ဝေဒိသ သဌေးသမီးကို ကြင်ရာတော်မိဖုရား မြောက်ခဲ့၏။ မဟိန္ဒသတို့သားကို ဥဇ္ဇေနီ၌ ဖွားသန့်စင်တော်မူ၍ သားတော် နှစ်နှစ်သားရှိလျှင် သမီးတော်သင်္ဃမိတ္တာကို ဖွားမြင်တော်မူပြန်သည်။

သားတော်မဟိန္ဒ ၁၄-နှစ်သားအရွယ် (မဟာဝံသအလို ၇-နှစ်) ရောက် လျှင် အသောကမင်းသားသည် ခမည်းတော် ဗိန္ဒုသာရမင်းကြီး နာမကျန်း ဖြစ် နေကြောင်း သတင်းရသည်နှင့် မဟိန္ဒူမိသားစုအား ဝေဒိသမြို့ကလေး၌ ထားခဲ့ ရကာ ပါဋလိပုတ် နေပြည်တော်သို့ အမြန်ထွက်ခွာသွားရလေသည်။

ခမည်းတော်ကြီး နတ်ရွာစံ၍ အသောကမင်း နန်းတက်ရသောအခါ တွင်လည်း ဝေဒိသကဒေဝီမှာ သားတော် သမီးတော်တို့ကိုသာ နေပြည်တော်သို့ ပို့လွှတ်ကာ မိမိမှာမူ ဝေဒိသ မြို့ကလေး၌သာ အေးငြိမ်းစွာ စံနေခဲ့လေသည်။

## PAGE 68
<!-- 10 paragraphs, raw extraction -->




ကားတော် သမီးတော်တို့နှင့် အတန်ကြာ ကွဲကွာ၍နေရသော ဝေဒိသက ဒေဝီ မယ်တော်ကြီးမှာ သားတော်ကြီးနှင့် မြေးတော်တို့ သာသနာပြု ခရီးအထွက် မိမိထံလာရောက်၍ နှုတ်ဆက်ချီးမြှောက်ကြသဖြင့် ဝမ်းမြောက်ကြည်ညိုမဆုံး ရှိရ

လေ၏။

မယ်တော်ကြီးသည် သားတော်မဟိန္ဒ၊ မြေးတော် သုမန သာမဏေနှင့် သီဟိုဠ်သာသနာပြုအဖွဲ့ အား ဝေဒိသမြို့အနီးတောင်ကုန်းမြင့်ပေါ်(ဝေဒသဂီရိ)၌ ကျောင်းဆောက်လှူ၍ ပစ္စည်းလေးပါးဖြင့် ပူဇော်ခွင့်ရလေ၏။ အဖွဲ့ ခေါင်း ဆောင် သားတော် ရှင်မဟိန္ဒသည်လည်း ရောက်သည့် (ကဆုန်လပြည့်) နေ့မှစ၍ တရားဖြင့် ကျေးဇူးတုံ ့ဆပ်တော်မူ၏။ မယ်တော် မိဖုရားကြီး၏ ညီမတော်၊
ညီမတော်သမီးမှ ဖွားမြင်သော အသက်၁၉-နှစ်ကျော် ဘဏ္ဍုကခေါ် လူငယ် တဦးလည်း မိဘဆွေမျိုးများနှင့်အတူ တရားနာလေရာ အနာဂါမိဖိုလ်၌ တည် လေ၏။ ဘာ့ကကား အိမ်မှာမနေတော့ပဲ တောင်ပေါ်ကျောင်း. ရှင်မဟိန္ဒ မထေရ်မြတ် အထံတော်၌သာ နေလေတော့သည်။

[ဘဏ္ဍုကအကြောင်း မဟာဝံသအစီအစဉ်သို့ လိုက်၍ပြသည်။ အဋ္ဌကထာ သို့မလိုက်။သာဝကကြီးနှစ်ပါးနှင့် အရှင်မောဂ္ဂလိပုတ္တတိဿ စသော အရှင်မြတ် ကြီးများ၏ ဓာတ်တော်များ ဌပနာ၍ အသောကမင်းကြီး တည်ထားခဲ့သော ဆံချီစေတီမှာ ဝေဒိသမြို့ တောင်ကုန်း၌ရှိသည်။]

လူမင်းဘုန်းကြီး နတ်မင်းမနေသာ

အရှင်မဟိန္ဒသည် ဝေဒိသဂိရိ တောင်ပေါ်ကျောင်း၌ တပါးတည်း ကိန်း အောင်းစဉ် “ဆွေတော် မျိုးတော်များအထံမှာ ပြုရန်ကိစ္စကား ပြီးပေပြီ၊ သီဟိုဠ် ကျွန်းသို့ ကြွဖို့ အချိန်ကျပြီလော”ဟု စဉ်းစားဆင်ခြင်တော်မူ၏။ မုဋသီဝမင်းကြီး နတ်ရွာစံ၍ သားတော်ဒေဝါနံ ပိယတိဿမင်းသား ထီးမွေ့နန်းမွေ ဆက်ခံရသည် ကို သိမြင်တော်မူ၏။

ဘုန်းကံကြီးမားသော မင်းဖြစ်သဖြင့် ဆက်ခံသည်နှင့်တပြိုင်နက် အံ့ဖွယ် သရဲ ထူးကဲမြင့်မြတ်၍ တန်ဖိုးမဖြတ်နိုင်သော ရတနာများ မြေအောက် ရေ အောက်မှ အလိုလိုထွက်ပေါ်လာကြ၏။ အသောကမင်းကြီးနှင့် အပြန်အလှန် သံတမန်များစေလွှတ်ကာ လက်ဆောင်ပဏ္ဏာများ လဲလှယ်ပေးကမ်း၍ ရွှေလမ်း ငွေလမ်း ဖောက်နေကြလေသည်။ အသောကမင်းကြီးကမူ မင်းမြှောက်တန်ဆာ ငါးပါး ရာဇာဘိသေက·စာတမ်းများနှင့်တကွ လောကီ လက်ဆောင်ပဏ္ဏာများ

## PAGE 69
<!-- 9 paragraphs, raw extraction -->




သာမက တရားလက်ဆောင် ရွှေပေလွှာများကိုပါ သီဟိုဠ် သံတမန်များမှတဆင့် ပေးပို့လိုက်၏။

“အကြည်တော် ဒေဝါနံပိယတိဿ…၊ အကျွန်ုပ်ကား ဘုရား တရား သံဃာ ရတနာတော်မြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်၍ မြတ်စွာဘုရား သာသနာတော်၌ ဥပါသကာအဖြစ် ခံယူထား ပါသည်။ အကြည်တော်လည်း ပစ္စုပ္ပန် သံသရာ နှစ်ဖြာ စီးပွား များထက်များအောင် ရတနာသုံးပါးဆည်းကပ်၍ တရားမင်းမြတ် ဖြစ်ပါစေကြောင်း ဆုတောင်း မေတ္တာပို ့သ လိုက်ပါသည့် အကြည်တော်...”

မထေရ်မြတ်သည် ထိုအခြေအနေအရပ်ရပ်ကို သိမြင်တော်မူ၏။
“ဒေဝါနံပိယတိဿသည် ငါ၏ခမည်းတော်မင်းကြီး ပို့လွှတ်သော လက် ဆောင်ပဏ္ဏာ ရာဇာဘိသေကစာတမ်းဖြင့် ရွှေနန်းစိုးစံ၍ အဘိသိက် ခံပစေဦး၊
ရတနာသုံးပါး ကျေးဇူးဂုဏ်ကိုလည်း ကြားနာနှင့် ပစေဦး၊ ပွဲသဘင်အတွက် မြို့တော်ကထွက်၍ မိဿကတောင်ပေါ်တက်ပစေဦး၊ ပက်ပင်း ထိုအခါမှ တွေ့ရ တော့မည်”ဟုလည်း.စဉ်းစားတော်မူလေသည်။

ဝေဒိသမြို့၌ တလတိတိ ရှိပြီဖြစ်သော နယုန်လပြည့်နေ့၌ ဥပုသ်ပြုရန် သာသနာပြုမထေရ်ငါးပါးတို့ ဆုံစည်း၍ သာပြုကြွရန်အချိန်သင့်-မသင့် ဆွေးနွေး တော် မူနေကြ၏။ ထိုအခိုက် မထေရ်များအပါးသို့ သိကြားမင်းလာရောက်၍ မထေရ်မြတ်များအား ရှိခိုးလျက် ဤသို့ လျှောက်လေ၏။

“အရှင်မြတ်ဘုရား … သီဟိုဠ်ကျွန်း၌ မုဋသီဝမင်းကြီး နတ်ရွာစံ၍ သားတော် ဒေဝါနံပိယတိဿ အဘိသိက်ခံပါပြီ။ သဗ္ဗညုမြတ်စွာဘုရား ဘုရား ဖြစ်တော်မူဦးစ ဗောဓိမဏ္ဍိုင်၌ စံနေတော်မူသော အချိန်ကပင်လျှင် ဗုဒ္ဓစက္ခုဖြင့် သုံးလောကလုံး ရှုကြည့်တော်မူရာ “နောင်သောအခါတွင် ငါ၏သားဘော်ကြီး မဟိန္ဒသည် တမ္ဗပဏ္ဏိ သီဟိုဠ်တနိုင်ငံလုံးကို သမ္မာဒိဋ္ဌိ မျက်စိအမြင် ပွင့်ပေးကာ သာသနာပြုလိမ့်မည်၊ ထိုအခါ သင်လည်း ကူညီစောင်မ,ရမည်”ဟု ဗျာဒိတ်စကား မြွက်ကြားတော် မူခဲ့ပါသည် အရှင်မြတ်…. ဒကာတော်လည်း အရှင်မြတ်အား လိုအပ်သမျှ စောင်မကူညီပါမည် အရှင်မြတ်ဘုရား”

မထေရ်မြတ်လည်း သိကြားမင်း လျှောက်ထားသည်ကို လက်ခံပြီးနောက် သုမနသာမဏေ, ဘဏ္ဍုကဥပါသကာ၊ သာသနာပြုမထေရ်မြတ် ငါးပါးတို့နှင့် အတူတကွ ဝေဒိသကတောင် (ယခုဆံချီမြို့ ဆံချီစေတီများရှိရာ)မှ ရွှေဟင်္သာမင်း အလား ကောင်းကင်သို့ ပျံတက်ကာ သီဟိုဠ်ကျွန်း အနုရာဓနေပြည်တော်၏ အရွှေ့

## PAGE 7
<!-- 24 paragraphs, raw extraction -->


သီဟိုဠ် မြန်မာဆက်ဆံရေး (သမိုင်းမှတ်တိုင်တခု)

ပဲခူးမြို့မ ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဣန္ဒာစာရ) နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဌ

မြန်မာနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံ တို့သည် ထေရဝါဒ ဗုဒ္ဓ ဘာသာဝင် နိုင်ငံများ ဖြစ်ကြသည့် အလျောက် ခေတ်အဆက်ဆက်နှစ်နိုင်ငံသာသနာ ရေးကူးလူးဆက်ဆံမှုများ အဆက် မပြတ်ရှိခဲ့သည်။ပရိယတ္တိမ္မေဟုဆိုအပ် သော စာပေ ကျမ်းဂန်များ အပြန် အလှန် ပေးပို့ ဖလှယ်ခြင်း၊ ရဟန်း သံ ဃာ တော် များ . အ ပြန် အ လှန် ကြွရောက် ၍ ပညာ သင်ကြားခြင်း၊
သို့ရိလင်္ကာနိုင်ငံမှ ဗောဓိပင်များနှင့် စွယ်တော်ပွားစသည့်မွေပာာများကို ပေးပို ့ ခဲ့၍ မြန်မာနိုင်ငံမှလည်း စွယ် တော်ကြုတ်၊ ထီးတော်၊ စိန်ဖူးတော် များစသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ပေးပို့ လှူဒါန်းခြင်း ပြုခဲ့ကြသည်။

တို့က

ဗုဒ္ဓ သာသနာတော်၏ မွေးမြူခြင်းစသော လူ

သည်းခံခြင်း၊

မေတ္တာတရားထားခြင်းနှင့် စိတ်ကောင်း စောင့်ထိန်းခဲ့ကြကြောင်း...

ကျေးဇူးကြောင့် လောကကျင့်ဝတ်များကို နှစ်ပေါင်းများစွာ

မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ သည် အခက်အခဲကြုံတွေ့ခဲ့သည့်အခ များတွင်တဦးနှင့်တဦး ရိုင်းပင်းကူညီ စောင့်ရှောက်ခဲ့ကြသော သာဓကများ ရှိကြောင်း၊အထူးသဖြင့် ဗုဒ္ဓသာသနာ နှင့် ပတ်သက်၍ အနော်ရထာမင်း လက်ထက် ပထမ ဝိဇယဗာဟုမင်းက

သံဃာတော်များ၏ အကူအညီကိုရရှိ

ခဲ့ကြောင်း၊ရာမညတိုင်းနှင့်မြန်မာနိုင်ငံ

တောင်ပိုင်းမှဗုဒ္ဓဘာသာသံဃာတော်

များသည် သီရိလင်္ကာသို့ ကြွရောက်၍

သာသနာပြုခဲ့ကြကြောင်း၊ အလား

တူပင် ဥတ္တရာဇီဝ ဆရာတော်သည် လည်းကောင်း၊ ဆပဒ ဆရာတော် သည်လည်းကောင်း သီရိလင်္ကာသာ

သနာတော်ကို ဆောင်ကြဉ်း၍မြန်မာ

နိုင်ငံတွင် သာသနာပြုခဲ့ကြကြောင်း၊

၁၅-ရာစုံနှစ် ပဲခူးဓမ္မစေတီမင်း လက်

ထက်တွင် မြန်မာ သံဃာတော်များ သို့ရိလင်္ကာသို့ကြွ၍ သာသနာ ပြုခဲ့ . ကြကြောင်း၁ ၇– ရာစုနှစ်တွင် သီရိ လင်္ကာနိုင်ငံမှ ရခိုင်ပြည်နယ်သို့ သာ သနာပြု စေလွှတ်ခဲ့၍ ရခိုင်ဆရာတော် ၃ဥပါးတို့သည်လည်း သီရိလင်္ကာသို့ ကြွရောက်ပြီး သာသနာ ပြုခဲ့သည့် နည်းတူ နှစ်-၂ ၀၀ခန့် ၁၇၄၂-ခုနှစ် တွင် အမရပူရ နိကာယကို လည်း ကောင်း၊ ၁၈၆၄-ခုနှစ်တွင် ရာမည နိကာယကိုလည်းကောင်း ထူထောင် နိုင်ခဲ့ကြောင်း၊
ယင်း အချက်များသည် သို့ရိလင်္ကာနှင့် မြန်မာနိုင်ငံတို့ ထေ ဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်များ ဖြစ်သည့်အားလျော်စွာ တူညီသော ယဉ်ကျေးမှု - ဓလေ့ ထုံးစံများ၊ အနု ပညာများ ထွန်းကား ကြီးပွားခဲ့ခြင်း ဖြစ်ကြောင်း၊

A

မစ္စတာဗန္ဓ သီရိလင်္ကာနိုင်ငံအစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး

[ ၂၂၊၆၊ဂဝံ−နေ့ထုတ် ကြေးမု ံသတင်းစာမှ ထုတ်နုတ်ချက်။ ]

ယခုလည်း သီရိလင်္ကာနိုင်ငံ ယဉ် ကျေးမှ ဒုတိယဝန်ကြီးနှင့် အန္နရာဓ ဆရာတော် အရှင်ဥာဏရတနထေရ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်သူ ့ နိုင်ငံတော်သား များ ပူဇော် ကိုးကွယ်ရန် အတွက် ဗောဓိပင်များကို ဓမ္မ ပဏ္ဍာ အဖြစ်. ပေး အပ် ခြင်း သည် . ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် သူ နိုင် ငံ တော် သား အ ပေါင်းတို့ လောကုတ္တရာ အကျိုးစီးပွား တိုးပွား ရန်ဖြစ်သဖြင့် နှစ်သက်ရွှင်လန်း ပီတိ လွှမ်းလျက် ဝမ်းမြောက် ဝမ်းသာ လက်ခံကြောင်းကိုပြန်ကြားအပ်သည်၊

## PAGE 8
<!-- 15 paragraphs, raw extraction -->



ဓာတ်ပုံမြေပုံနှင့်ကျောက်စာအညွှန်း

ဓာတ်ပုံ ၁၊၂၊၃ ဆဋ္ဌသံဂါယနာတင်စဉ်က ကြွလာချီးမြှောက် အပူဇော်ခံခဲ့သော အရှင် မဟာမောဂ္ဂလိပုတ္တတိဿ ရဟန္တာအရှင်မြတ်ကြီး၏ ဓာတ်တော်ကြုတ်နှင့် ဓာတ်စောာ်များ၊ (စာမျက်နှာ ၁၀–ကြည့်။The Light of The Dhamma ဆဋ္ဌသံဂါယနာအထူးထုတ်မှ။)

-

ပုံ ၄၊၅၊၆ မိဟိန္တလေ့တောင်နှင့် အမ္မတ္ထလစေတီပုံ။

(နိဒါန်း အခန်း၃-ကြည့်။ Ceylon Ancient Cities မှ။) ပုံ-၇ သီဟိုဠ်သာသနိကမြေပုံ (ဘိက္ခုသောသဓမ္မ၏လံကာဒီပ-မှ၊) ပုံ-ဂ ဒက္ခိဏသာခါ မဟာဗောဓိပင် အဝင်မုခ်ဦးပုံ။

(နိဒါန်းအခန်း ၃-နှင့်နောက်ဆက်တွဲဂ-ကြည့်။)

ပုံ-၉၊၁၀၊၁၁ ဣဿရမုနိကျောင်းနှင့် စေတီပုံ၊ဇေတဝနစေတီ၊ ပေါလေားရုဝရုပ်ပွား ၁၂၊၁၃၊၁၄ တော်နှင့်မဟာစေတီ၊ ထူပါရုံစေတီ၊ ကလျာဏီစေတီတော်ပုံများ။
(နိဒါန်း ၃-နှင့် အခန်း ၁-ကြည့်။)

ပုံ-၁၅ (တံဆိပ် ဗိဿနိုး၊ဟန်လင်းနှင့် သရေဧခေတ္တရာမြို့ဟောင်းများမှ တူးဖော်ရရှိသော များနှင့်) ၁၆၊ ပုံများ။ (နိဒါန်းအခန်း ၅-ကြည့်။ ကျောက်စာဝန်ဦးမြ၊ရှေးဟောင်း ၁၇၊၁၈ သုတေသနညွှန်ကြားရေးဝန် ဦးအောင်သော်၊ဦးမြင့်အောင်၊ ဦးစိန်မောင် ဦးတို့၏ အစီရင်ခံစာ၊ကျမ်းစာနှင့် သုတေသနစာတမ်းများမှ။)

ပုံ-၁၉၊၂၀ အနော်ရထာမင်းကြီးနှင့်ရှင်အရဟံတို့၏ ပိဋကတိုက်တော်နှင့်ဆပဒစေတီပုံ။
(နိဒါန်းအခန်း၄-နှင့်၅-ကြည့်။Pictorial Guide to Paganမှ။)

ပုံ- ၂၁၊ ၂၂၊ ၂ ၃ လွတ်လပ်ရေးခေတ် သီဟိုဠ်-မြန်မာ ဆက်ဆံရေး သတင်းဓာတ်ပုံများ။
၂၂၊၆၊ဂဝ-နေ့ထုတ် ကြေးမု ံသတင်းစာ (၂၁)၊ - ဉာဏ်လင်းစာ ပေထုတ် “မဟာစည်ထေရ်မြတ် အတ္ထုပ္ပတ်’ ( ၂ ၂ ) နှင့် အမေရိကန် ပြန်ကြားရေးဌာနမှ ထုတ်ဝေသော ဗုဒ္ဓသာသနာတော် ၂ ၅ဝဝ စာစောင် ( ၂၃ ) တို့မှ။

ပုံ−၂၄၊၂၅ ဗုဒ္ဓသာသနိကမြေပုံနှင့် သီရိလင်္ကာ (သီဟိုဠ်ကျွန်း) မြေပုံ။
တောင်ပေါက်ဆရာတော်ရေး၊ဗုဒ္ဓသာသနိက ပဌဝီဝင်ကျမ်းမှ။)

ပုံ−၂၆၊၂၇ တရားတော်နှင့်သံဃာတော်။ (အသောကမင်းကြီးကျောက်စာတော်၊
ပထမကျောက်တိုင်၊ အမှတ်- ၁ဆာရ်နာ့သ်ကျောက်တိုင်နှင့် အမှတ်-၃ သာခွံ့’ဆံချီကျောက်တိုင်မှ။)

ပုံ-၂ ၈ သာသနာပြု အဓိဋ္ဌာန်စာတမ်း(သာသနာသင်္ကာရစာတမ်းမှ။)

## PAGE 9
<!-- 3 paragraphs, raw extraction -->


(၂) ဆဋ္ဌ သံဂါယနာတင်စဉ် ကြွလာချီးမြှောက် အပူဇော် ခံခဲ့သော အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ရဟန္တာ အရှင်မြတ်ကြီး၏ ခေတ်တော်ကြုတ်နှင့် ဓာတ်တော်များ

(၁)

## PAGE 70
<!-- 13 paragraphs, raw extraction -->




မြောက် (ရှစ်မိုင်ခန့်ဝေးသော) . မိဿကတောင်ထိပ် သရက်ပင်များ ရှိသော ကုန်းမြင့်တနေရာ၌ သက်ဆင်း တန့်နားတော်မူလေ၏။(ထိုနေရာကို“ထေရဠတ္တလ ဟု ခေါ်တွင်သည်။)သာသနာတော်နှစ် ၂၃၆-ခုနှစ်၊ နယုန်လပြည့်နေ့ဖြစ် သတည်း။

ရွှေသမင်အလိုက်မှား၍ တရားတွေ့

ထိုနယုန်လပြည့်နေ့ကား ဇေဋ္ဌနက္ခတ်နှင့် စန်းယှဉ်သောနေ့ဖြစ်၍ သီဟိုဠ် တကျွန်းလုံးဇေဋ္ဌနက္ခတ်သဘင်ပွဲတော် (ရေကစားပွဲသဘင်)ကျင်းပလေ့ရှိသောနေ့ ဖြစ်၏။ မင်းကြီးမှာ တကျွန်းလုံး ပွဲသဘင်ကျင်းပရန် နှိုးဆော် စေပြီးလျှင် နောက်ပါ အခြံအရံ လူလေးသောင်းနှင့်အတူ မိဿကတောင်သို့ တောကစား ထွက်ခဲ့သည်။

တောင်စောင့် နတ်မင်းသည် မင်းကြီးအား ရှင်မဟိန္ဒ မထေရ်မြတ်ကို ဖူးတွေ့စေရန် .ဆတ်(သမင်)ယောင်ဆောင်၍ မနီးမဝေးတွင် သစ်ညွှန့်များကို စားဟန်ပြုနေ၏။ မင်းကြီးလည်း ဆတ်ကိုမြင်လျှင် ငေးမောနေစဉ် မပစ်သေးပဲ ပြေးလွှားခါမှ အပျော်တမ်းလိုက်ပစ်ရန် ဆန္ဒရှိသဖြင့် လေးညှို့ တင်၍ အသံပေး လိုက်သည်။ ဆတ်လည်း သရက်ပင်ကုန်းမြင့်သို့ တက်ရာလမ်းအတိုင်း ပြေးလေရာ မင်းကြီးလည်း မျက်ခြည်ပြတ်မခံပဲ ထက်ကြပ် အပြေးလိုက်သွား၏။

'

မထေရ်မြတ် သီတင်းသုံးသော နေရာနှင့် မလှမ်းမကမ်းတွင် ရုတ်တရက် မျက်စိအောက်မှာပင် သားကောင်ပျောက်သွား၍ ဟိုကြည့်ဒီကြည့် ယောက်ယက် ခတ်နေ၏။ မလှမ်းမကမ်းသရက်ပင်ပျိုရိပ်၌ သီတင်းသုံးလျက်ရှိသော မထေရ် မြတ်သည် မင်းကြီးကိုမြင်လျှင် (အဖော်များနှင့်ခွဲကာ တယောက်တည်းလာသူ ဖြစ်၍ ရဟန်းတော်များကိုမြင်လျှင် ကြောက်လန့်သွားမည်စိုးသဖြင့် တန်ခိုးဖြင့် ဖုံးကွယ်ကာ တပါးတည်းအမြင်ခံလျက်) သီဟိုဠ်ဘာသာဖြင့်...

:

“အမောင်တိ…၊ အို… အမောင်တိဿ..ဤဘက်သို့ လာခဲ့လော့”ဟု သာယာ အေးဆေးသော အသံဖြင့် ခေါ်တော်မူလိုက်၏။

“ဒီတိုင်းပြည်မှာ ငါ့ငယ်နာမည်ကို ခေါ်တဲ့လူမရှိ၊ အဝတ်စများကို ဖန်ရေဆိုးကာ ချုပ်စပ်ဝတ်ထားသူက ငါ့နာမည်ကို ထုတ်ဖော်၍ ခေါ်ဆို၏ ….။
လူသားမှ ဟုတ်ပါလေစ၊ နတ်များလား...”

မင်းသည် အသံလာရာသို့ လှမ်းကြည့်ယင်း ကြောက်ရွံ့တွေဝေနေစဉ်...

## PAGE 71
<!-- 13 paragraphs, raw extraction -->




““မြတ်သော ဒကာတော်မင်းကြီး….၊ ငါတို့ကား လူနတ်ဗြဟ္မာ သတ္တဝါတို့ နှစ်ဖြာအစီးအပွား ချမ်းသာများရန် တရားသဖြင့် ညွှန်ပြဆုံးမတော်မူလေ့ရှိသော သကျသာကီဝင် ဂေါတမဘုရားရှင်၏ တပည့်သာဝက ရဟန်းတော်များ ဖြစ်ကြ သည်။ ဒကာတော်မင်းကြီးအား သနားစောင့်ရှောက် ချီးမြှောက်ရန်ရည်ရွယ်၍ ဇမ္ဗူဒိပ်မှဤသီဟိုဠ်ကျွန်းသို့ ကြွလာတော်မူကြခြင်းသာ ဖြစ်သည်”ဟု မိန့်တော် မူသည်ကို ကြားရခါမှ ကြောက်စိတ် ပြေသွားတော့သည်။

မင်းကြီးလည်း အသောကမင်းကြီး၏ လက်ဆောင် ပဏ္ဏာများနှင့်တကွ ရာဇာဘိသေက ရာဇပဝေဏီညွှန်ကြားကူညီချက်အရ အဘိသိက်ခံပွဲ ပြုလုပ်သည် မှာ တလတိတိမျှသာရှိသေး၏။

အသောကမင်းကြီး ပြောကြား မှာထားသော တရားလက်ဆောင်များ ကိုလည်း ဖတ်ရှုကြားနာထားရာ မကြာလှသေးသဖြင့် ဘုရားသားတော် သံဃာ တော်ဟူသည် ဤသို့ပါတကား”ဟု ရိပ်စားမိ၏။ လက်နက် လေးမြား များကို ချထားပြီး မထေရ်မြတ်အပါးသို့ ရဲရဲတင်းတင်း ချဉ်းကပ်လျက် ဝမ်းမြောက် ဝမ်းသာ မေးမြန်းလျှောက်ထားဝံ ့တော့သည်။

မင်းကြီး အသိဉာဏ် ရှိ မရှိ စမ်းခြင်း

ထိုအခိုက် မင်းချင်းများလည်း ဝိုင်းအုံရောက်ရှိလာကြသဖြင့် မထေရ်မြတ် သည် အနီး၌ပင်ရှိသောသာသနာပြုအဖွဲ့ဝင်များအား တန်ခိုးဖြင့် မြင်ခွင့် ပေး တော်မူလိုက်သည်။ တည်ငြိမ်အေးဆေးစွာ စက္ခုန္ဒြေချ၍ အနီးအပါး၌ ထိုင်နေ ကြသော ရဟန်းသာမဏေတို့ကို မြင်ရပြန်သောအခါတွင်လည်း မင်းကြီးအံ့အား သင့်ကာ. ဤသို့လျှောက်ထားပြန်၏။

မင်းကြီး ဒီအရှင်မြတ်တွေကော ဘယ်တုန်းက ကြွလာကြပါသလဲ အရှင်

ဘုရား။

မထေရ် … မင်းကြီး…ငါနှင့်အတူပင် လာသူများ ဖြစ်သည်။

မင်းကြီး

အရှင်ဘုရား... ဇမ္ဗူဒိပ်မှာ အရှင်ဘုရားများကဲ့သို့ အခြား ရဟန်း တော်များကော ရှိကြပါသေးသလား ဘုရား။
မထေရ်မင်းကြီးများစွာရှိကြပေသေးသည်။ ယခုအခါ ဇမ္ဗူဒိပ် တကျွန်း လုံး သင်္ကန်းရောင်များ ဖုံးလွှမ်းကာ ရဟန်း သံဃာတော်များ လူးလားယှက်သန်းလျက် ရှိပေ၏။ သူ့စိတ်အလိုကို သိမြင်နိုင်၍ တန်ခိုးကြီးမားသော ဘုရားရှင့် သားတော်တို့သည် များစွာပင် ရှိနေကြသည်။

## PAGE 72
<!-- 19 paragraphs, raw extraction -->




မင်းကြီး အရှင်ဘုရား...အဘယ်ခရီးဖြင့် ကြွလာတော်မူကြရပါသလဲ။
မထေရ်… မင်းကြီး….ငါတို့လာသည်မှာ ရေလမ်းကလည်းမဟုတ်၊ကုန်းလမ်း ကလည်း မဟုတ်။ .

မင်းကြီး (ကောင်းကင်မှလာကြောင်း သိရှိသွားကာ) ဘယ်နေ့က ကြွလာ တော်မူကြပါသလဲ။

မထေရ် ယနေ့ နံနက် ကပင် ဇမ္ဗူ ဒိပ်ကျွန်း ဝေဒိသ တောင်ပေါ် ကျောင်းမှ ဆွမ်းဘုဉ်းပေးအပြီး ကြွလာကြသည် ဒကာတော်။
(မင်းကြီးလည်း စိတ်သွားတိုင်း ကိုယ်ပါ၍ `လိုရာပြီးတော်မူကြ သည်ကို သိရှိကာ လွန်စွာ အံ့ဩလျက် ဆိတ်ဆိတ် နေလေ၏။
ဤအမေးအဖြေ တစုံသည် အဋ္ဌကထာ၌ မရှိ၊ မဟာဝံသ၌သာ လာ၏။

မထေရ်မြတ်သည် တရားဟောရလျှင် ထောင်နိုင်သောနား ရှိမရှိ မင်းကြီး၏ အသိဉာဏ်ကို စုံစမ်းသောအားဖြင့် အနီးရှိ သရက်ပင် ကို ညွှန်ပြကာမင်းကြီးအား ဖြေဆိုသူအဖြစ် အလှည့် ပေးတော် မူလိုက်သည်။)

"

“မင်းကြီး….ဤအပင်ကို မည်သို့ခေါ် သနည်း”

မင်းကြီး မှန်လှပါ၊ သရက်ပင် ခေါ်ပါသည်ဘုရား။

မထေရ်

ကောင်းပြီ မင်းကြီး...ဤသရက်ပင်ကိုထား၍ အခြား သရက်ပင်

ရှိ……..မရှိ။

....

မင်းကြီး ရှိပါသည်ဘုရား…၊ သရက်ပင်များများစွာရှိပါသည်။
မထေရ် ဤသရက်ပင်ကိုလည်းကောင်း၊ အခြားသရက်ပင်များကို လည်း ကောင်း ဖယ်ထား၍ အခြားသစ်ပင်များ ရှိပါသေးသလော ဒကာတော်မင်းကြီး။

မင်းကြီး ရှိပါသည်ဘုရား၊ သို့သော် ထိုအပင်များမှာ သရက်ပင်ကား မဟုတ်ကြပါ။

မတေရ် ကောင်းပြီ…မင်းကြီး၊ တခြားသရက်ပင်များကို လည်းကောင်း၊
သရက်ပင် မဟုတ်သော သစ်ပင်များကိုလည်းကောင်း.. ဖယ်ထား လျှင် အခြားသစ်ပင်ဟူ၍ ရှိနိုင်သေးသလော။

မင်းကြီး (အနီးရှိ မူလ သရက်ပင်ကို ့လက်ညှိုးထိုးပြလျက်) မှန်လှပါ... ဤသရက်ပင် တပင်သာလျှင် ရှိပါသည်။

1

## PAGE 73
<!-- 14 paragraphs, raw extraction -->




မထေရ်မြတ်သည် မင်းကြီး၏ ဉာဏ်ရည် ဉာဏ်သွားကိုကောင်းချီးစကား မြွက်ဆိုပြီးလျှင် “ဆွေမျိုး ရှိမရှိ၊ ဆွေမျိုးမတော်သူ ရှိ-မရှိ၊ ဆွေမျိုးမတော်သူမှ တပါး အခြားသူ တစုံတယောက် ရှိ-မရှိကိုလည်း ဆက်၍ မေးတော်မူရာတပည့် တော်သာလျှင် ဖြစ်ပါကြောင်း လျှောက်ထားလေ၏။

မထေရ်မြတ်လည်း တရားဟောလျှင် မုချ နားလည်နိုင်သူ ဖြစ်ကြောင်း သိတော်မူ၍ ကောင်းချီးသာဓုပေးကာ “စူဠဟတ္ထိပဒေါ-ပမသုတ္တန်ကို ဟောတော် မူလေသည်။

[ယင်းသုတ္တန်ကား မူလပဏ္ဏာသ ပါဠိတော်၌ လာ၏။ “ဘုရား လောက်ပညာရှိသူမှ ဘုရားရှင်၏ပညာကို သိနိုင်ပုံ၊ ချီးကျူးကြ တာထက် ပိုလွန်နေပုံ၊ ၀ါဒပြိုင်သူတိုင်း တပည့် ခံသွားကြရပုံ ဗြာဟ္မဏပဏ္ဏိတ်တဦးနှင့် ပရိဗိုဇ်တဦး ဆွေးနွေးခန်းကို အစချီ၍ ရတနာသုံးပါး ကျေးဇူးဂုဏ်ကို သီလမှအစ ဈာန် မဂ်ဖိုလ်ကျင့်စဉ် များထိ အပြည့်အစုံ ပါဝင်အောင် ဆင်ခြေရာ ဥပမာဖြင့် ဟော သော ဒေသနာ” ဖြစ်သည်။]

ဒေဝါနံပိယတိဿ မင်းကြီးသည် ယင်းသုတ္တန်ကို နာကြားရသည်မှစ၍ အခြွေအရံ မင်းချင်းလေးသောင်းနှင့်အတူ သမ္မာဒိဋ္ဌိ (ဗုဒ္ဓဘာသာဝင်=သရဏဂုံ တည်သူ)ဖြစ်သွား၏။“ဗုဒ္ဓ …ဆရဏမ်…ဂတ်ချ ..မိဟူသော အသံမှာ တတောင် လုံး ညံသွားလေတော့သည်။

တရားနာအပြီး မင်းကြီးအား နေ့လယ်ပွဲတော်စာ လာရောက် တည်ဆက် ကြရာ မင်းကြီးမှာ နာယူရသော တရားတော်ဖြင့်ပင် ရဟန်းတော်များ နေမွန်းလွဲ လျှင် အာဟာရမသုံးဆောင်ကြောင်း သိရှိထားသော်လည်း မထေရ်များအား မပန် (မဖိတ်)ကြားပဲ ပွဲတော်တည်ရန် ဝန်လေးနေ၏။ ´ `တော်ခွက်ကို ကိုင် လျက်—

.86

“ဘုဉ်းပေးတော်မူကြပါသလားဘုရား”ဟု လျှောက်ရာ မထေရ်မြတ်က မွန်းမလွဲမီသာ ဘုဉ်းပေးကြောင်း ရှင်းပြတော်မူသည်။

အချိန်လင့်ပြီဖြစ်၍ ပွဲတော်တည်အပြီး မထေရ်များအား မြို့တော်သို့အတူ ကြွပါရန် လျှောက်ရာ တောင်ပေါ်မှာပင် နေရစ်ကြမည့်အကြောင်း မိန့်တော် မူလျှင် ဘဏ္ဍက ဥပါသကာကိုမူ အတူထည့်လိုက်ရန် လျှောက်ထား၏။

"

“မင်းကြီး…၊ ဤဥပါသကာသည် အနာဂါမ်တည်၍ ဘုရားအဆုံးအမ ရရှိပြီးသူ ရဟန်းလောင်းဖြစ်သည်။ယခုပင်သူ ့အား ရဟန်းပြုပေးကြတော့မည်” ဟု မိန့်တော်မူသဖြင့် နက်ဖြန်နံနက် မြင်းကသော ရထားများ အကြိုအပင့်

La

## PAGE 74
<!-- 12 paragraphs, raw extraction -->


၃ ဝ


ပို ့လွှတ်မည့်အကြောင်းလျှောက်ထားကာ ရှိခိုးဦးညွတ်၍ တောင်ပေါ်မှ ပြန်ဆင်း နှုတ်ဆက် အလေးပြုကြလေ၏။

ca

မင်းကြီးသည် မထေရ်အပါးမှထပြန်စဉ် အနီးရှိ ဘဏ္ဍုကဥပါသကာအား မျက်ရိပ် ပြကာ ခေါ်လာပြီးလျှင် မထေရ်များနှင့် မနီးမဝေးနေရာသို့ ရောက် သောအခါ မထေရ်များအား တချက်လှမ်း၍ အကဲခတ်ကြည့်ရှုပြီးနောက်’ “အမောင်….အမောင်တို့ဆရာ ရဟန်းများရဲ့အမည်နာမ နေရပ်ဌာနများ ကို ့ တဆိတ်ပြောပြပါဦး”ဟု စုံစမ်းမေးမြန်းလေ၏။ အသောက မင်းကြီးရဲ့ သားတော်နှင့် မြေးတော်များဖြစ်ကြောင်း ဘွဲ့အမည်တော်နှင့်တကွ ရှင်းပြသော အခါ မင်းကြီးမှာ သက်ပြင်းချကာ ခေါင်းနပန်းကြီးမျှ ကြက်သီးထ၍ ဝမ်းသာ အားရဖြစ်သွား၏။ အတန်ကြာ စကားဆိတ်သွားပြီးလျှင် လူချင်း မတွေ့ဖူး ငသာ်လည်း ခင်မင် လေးစားရင်းရှိသော အသောကမင်းကြီး၏ သားတော် မြေးတော် ရဟန်းတော်များဖြစ်၍ အရတော်ကြောင်း ကျူးရင့် ပြောဆိုကာ နန်းတော်သို့ ပြန်သွားလေသည်။

ဘဏ္ဍုက ဥပါသကာအားလည်း ထိုမိဿကတောင်၌ ထိုနေ့ ညချမ်းမှာ ပင် ရှင်ရဟန်းပြုပေးတော်မူကြလေသည်။ကျွန်းသီဟိုဠ်မြေ၌ ပထမဆုံး ရှင်ရဟန်း ရသူဖြစ်၏။ ရဟန်းခံပြီး မကြာမြင့်မီအချိန်အတွင်း၌ ရဟန္တာဖြစ်တော်မူသည်။

၅ိ ပသာဒက = ကျွန်းလုံးကြည်ဖြူ ညွတ် ရ သူ

နယုန်လပြည့်နေ့ နေဝန်းသည် အနောက်လောကဓာတ်သို့ အရှိန်ပြင်းစွာ သက်ဆင်းနေခိုက် လပြည့်ဝန်းကြီးမှာလည်း ထွန်းလင်းတောက်ပရန် အာကာသ တခွင်၌ ဟန်ပြင်လျက်ရှိ၏။

မထေရ်မြတ်သည် သီဟိုဠ်ကျွန်း မိဿကတောင် ပတ်ဝန်းကျင်ရှိ နတ်များ အား တရားဟောလိုသဖြင့် တူတော် သုမန သာမဏေအား တရားနာ ဖိတ်ခေါ် ရန် ကြွေးကြော်ခိုင်းတော်မူ၏။

“အဘယ်မျှလောက်ကြားအောင် ကြွေးကြော်ရမည်ကို လျှောက်မေးရာ တကျွန်းလုံးကြားအောင် ကြွေးကြော်ခိုင်းတော်မူလျှင် သာမဏေသည် စတုတ္ထ ဈာန် ဣဒ္ဓိပါဒ်ဝင်စားကာ တခုသောကျောက်ဖျာကြီးပေါ်တက်၍ ကြွေးကြော် လိုက်၏။ သာမဏေ၏အသံမှာ ယူဇနာသုံးရာအဝန်းရှိသော သီဟိုဠ် တကျွန်းလုံး ပဲ ့တင်ထပ်သွားလေတော့သည်။ (ကျောက်ဖျာကြီး ယခုတိုင်ရှိနေ၏။)

မင်းကြီးလည်း နန်းတော်သို့မရောက်ရှိသေးပဲ လမ်းခရီးအကြား နာဂစက္က ရေအိုင်အနီး၌ ညမာပွဲတော် တည်ခိုက်ဖြစ်၍ ရုတ်တရက် လန့်ဖျပ်သွားကာ

## PAGE 75
<!-- 11 paragraphs, raw extraction -->




အရှင်မြတ်များအား တစုံတခုသော ဘေးဥပဒ် တွေ့နေပြီအထင်ဖြင့် မင်းချင်း တယောက်ကို အထောက်တော်လွှတ်၍ လျှောက်ထား .စုံစမ်းရသေး၏။

သာမဏေ၏ အသံကို ကြားကြရသဖြင့် ဘုမ္မစိုးနတ်များမှအစ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် နတ်ဗြဟ္မာများ အဆင့်ဆင့် တရားနာရန် ကြွေးကြော် ကြ၏။ မိဿကတောင်ပေါ်သို့ နတ်ဗြဟ္မာများ မရေမတွက်နိုင်အောင်လာရောက် စုဝေးကြသည်။ အရှင်မြတ်လည်း “သမစိတ္တသုတ္တန်” (အင်္ဂုတ္တရ၊ဒုက-သမစိတ္တဝဂ်) ကို ဟောတော်မူရာ တရားထူးရသော နတ်ဗြဟ္မာအရေအတွက်ကား အတိုင်းမသိ ရှိ၍ ဂဠုန်နဂါးအများပင် သရဏဂုံတည်ကြလေ၏။ (အရှင်သာရိပုတ္တရာ ယင်း သုတ် ဟောတော်မူစဉ်ကကဲ့သို့ ဖြစ်၏။)

အနုရာဓနေပြည်တော်မှစ၍ တကျွန်းလုံး တယောက်စကား တယောက် နားဖြင့် ထူးဆန်းအံ့ဩဖွယ်ကောင်းသော မထေရ်များ အကြောင်းကိုသာ တညလုံး ဝိုင်းဖွဲ့ ပြောဆိုနေကြလေသည်။

.

မင်းကြီးနှင့်တကွ နန်တွင်းသူ နန်းတွင်းသားတို့ကား နောက်တရက်အရုဏ် ဆွမ်းကပ်ရန် စီမံသူကစီမံလျက် မဏ္ဍပ်ကနားကိုလည်း နန်းတော်တွင်း၌ ချက်ချင်း ဆောက်လုပ်ကာ ခုံရှည်များချ၍ အခင်းများ၊ ပိတ်မျက်နှာကြက်များ စသည်ဖြင့် အလှအပ မွမ်းမံသူက မွမ်းမံနေကြ၏။ တညလုံး အလုပ်များကာ မထေရ်များ နှင့်စပ်၍ အမျိုးမျိုးသော ထင်မြင်ချက်များ ပြောဆိုဆွေးနွေးယင်း မိုးလင်းရန် ကိုသာ ကြိုဆိုနေမိကြလေ၏။

နန်းမတော်ကြွ၍ တရာ၊မိုး သွန်ချခြင်း

လပြည့်ကျော် တရက်နေ့ မိုးလင်းလျှင် မင်းစီးရထားကိုပြင်ဆင်မွမ်းမံစေ၍ မိဿကတောင်သို့ .ရထားထိန်းအား အပင့်လွှတ်လိုက်ရာ “ငါတို့ ရထားကိုမစီး၊
ရွှေ့ကသွားနှင့်” ဟု မထေရ်များက လွှတ်လိုက်၍ ရထားထိန်းပြန်လာရ၏။
မင်းကြီးလည်း အခမ်းအနားဖြင့် နန်းတော်မှထွက်ချီကာ အနုရာဓနေပြည် တော် မင်းလမ်းမတော်အတိုင်း မြို့တော်အရှေ့ပြင်ဘက်သို့ ခရီးဦးကြိုရန် စိတ်စော ပြီးထွက်လာ၏။

မြို့ဦးတံခါး မရောက်မီ မြို့တွင်းလမ်းမ၌ပင် ရထားထိန်း တဦးတည်း ရထားခွက်ချည်း ပြန်လာသည်ကို တွေ့မြင်ရသဖြင့် စိတ်မကောင်းဖြစ်ကာ ရထား ထိန်းအားမေးတော်မူ၏။

## PAGE 76
<!-- 10 paragraphs, raw extraction -->




“နောက်မှလိုက်လာမည်ဆိုသော မထေရ်များ မိမိအလျင် မြို့အဝင်၌ပင် သင်္ကန်းရုံနေနှင့်ကြသည်ကို ဖူးမြင်ရ၍ အံ့ဩဖွယ်ကောင်းလှကြောင်း၊ ရထားမစီး ကြောင်း သံတော်ဦးတင်နေစဉ် မထေရ်များမြို့အရှေ့တံခါးမှ ကြွလာတော်မူသည် ကို မင်းကြီးမြင်ရလျှင်ပင် မထေရ်မြတ်အား အလျင်အမြန် သွား၍ ကြိုဆိုရန် ဟန်ပြင်ယင်း “ရထားမစီး” ဆို၍ မဏ္ဍပ်တွင်ပြင်ထားသော ခုံရှည်မြင့်မြင့်ကြီး များကို ဖယ်ထုတ်ပြီး မြေကြီးမှာပင် ဖျာရိုင်သင်ဖြူးများ၊ ကော်ဇောများကိုသာ အမြန်ပြန်ခင်းရန် အမတ်များအား ချက်ချင်းမှာကြား စေလွှတ်နေလေ၏။

:

ယမန်နေ့ တရားနာရစဉ်ကပင် ဥစ္စာသယန မဟာသယန” အကြောင်း သိပြီးဖြစ်၍ မူလခိုင်းစဉ်ကပင် စိတ်ထင့်နေသောကြောင့် ဖြစ်သည်။ မှာကြား ပြီးသည်နှင့် မထေရ်များထံ ခပ်သုတ်သုတ်သွားရောက် ကြိုဆို၏၊ (အနုရာဓမြို့ တော်အရှေ့တံခါးအဝ ကောင်းကင်မှ မထေရ်များ သက်ဆင်းရာဌာန၌ စေတီ တည်ထားသည်။ “ပထမစေတီ” ဟု ခေါ်၏။) ဟု

မင်းကြီးသည် ရှင်မဟိန္ဒမထေရ်မြတ်လက်တော်မှ သပိတ်ကို လှမ်းယူကြိုဆို လမ်းမတော်အတိုင်း မြို့တွင်းမှ နန်းတော်အထိ ပင့်ဆောင်တော်မူ၏။ .မထေရ် မြတ်သည်လည်း မြေပြင်အပြည့်မျှခင်းထားသော အခင်းများကို ကြည့်ကာ “ငါတို့ ပြုသော သာသနာသည် အခိုင်အမာတကျွန်းလုံးတည်တံ ့လိမ့်မည်ဟု နှလုံးပြုကာ နေရာတော်၌ထိုင်တော်မူ၏။
ဆွမ်းခဲ့ဖွယ်များ မင်းကြီးကိုယ်တိုင်ဆက်ကပ်ကာ နန်း တွင်းသူ နန်တွင်းသားများနှင့်အဘူ တရားနာယူကြသည်၊ပေတဝတ္ထု၊ ဝိမာနဝတ္ထု နှင့် သစ္စသံယုတ်များကို ဟောတော်မူရာ ညီအိမ်ရှေ့မင်းသား (မဟာနာဂ)၏ ကြင်ရာ တော် မိဖုရားကြီး “အနုဠာဒေဝီ’နှင့် တကွ အမျိုးသမီး ငါးရာတို့ သောတာပန် တည်ကြလေ၏။ (ကျွန်းသီဟိုဠ်၏ ပထမဆုံး လူသားအရိယာ များပေတည်း။)

.

တရားဟော၍ ပြီးရုံမျှသာရှိသေး၏။ တယောက်စကား တယောက်နား ဖြင့်ရုတ်တရက်သတင်းပြန့်ပွားကာ မြို့သူမြို့သားများလည်း ဖူးမြော်ရန် နန်းတော် တံခါးမုခ်၌ ကြိတ်ကြိတ်တိုးဝိုင်းအုံကာ ဖူးမြော်ခွင့်တောင်းလာကြ၏။
မင်းကြီးလည်းအကြောင်းစုံကြားသိတော်မူလျှင် နေရာအခက်အခဲ့မရှိစေ ရန် မင်္ဂလာဆင်တော်များထားရာ ဆင်တင်းကုပ်ကို သဲဖြူများခင်း၍ မျက်နှာ ကြက်ဗိတာန်များဖြင့် ချက်ချင်းပြင်ဆင်ကြရန် “မိန့်ဆိုစီမံရလေ၏။ ထို၌ သီလနှင့် ငရဲခန်းကိုပြသော “ဒေဝဒူတသုတ္တန်' ကို ဟောတော်မူရာ လူပေါင်းတထောင် သောတာပန် တည်ကြလေသည်။

တရားဟောပြီးသော်လည်း မြို့တော်လူအုပ်ကြီးများ တသုတ်ပြီးတသုတ် အုတ်အုတ်ကျက်ကျက် တခဲနက်လာနေကြတုန်းပင် ရှိနေ၍ မင်္ဂလာဆင်တင်းကုပ်

## PAGE 77
<!-- 11 paragraphs, raw extraction -->



၃၃ .

အဆောက်အအုံမျှဖြင့် မဆံ ့နိုင်၍ မြို့တော်တောင်မုခ်ရှိ နန္ဒနဥယျာဉ်တော်၌နေရာ အခမ်းအနားပြင်ဆင်ကြရပြန်သည်။ ထို၌ “အာသီဝိသောပမ သုတ္တန်' ကို တော်မူရာလူပေါင်းတထောင်မျှသောတာပတ္တိမဂ်ဉာဏ်အလင်းရကြပြန်လေသည်။
‘ဆား……ဆား…” ဟူသော အသံကြီးမှာ တခဲနက် မြည်ဟိန်းသွားလေ တော့သည်။

တရားပွဲပြီးလျှင် နေဝင်သွားပြီဖြစ်၍ မိဿကံတောင်သို့ပြန်ကြွရန် မထေရ် မြတ်များ နေရာမှ ထတော်မူကြ၏။

နန္ဒနဥယျာဉ်၌ ကျိန်းစက်ရန် စီစဉ်ထားကြောင်း အမတ်များက လျှောက် သော်လည်းမရ၍ မင်းကြီးကိုယ်တိုင်လာရောက်၍ “မိဿကတောင်ကြွရန်မှာ´ ဝေး လံ၍ အချိန်မဲ နေပြီဖြစ်ကြောင်း' လျှောက်ထားသည်။

တိတ်ကြီးနိမိတ်ကြီးများနှင့်

ဘုရားအာဏာစက်တွင်းမှာနေလိုသူ

နန္ဒနဥယျာဉ်သည် မြို့နှင့်ကပ်နေ၍ ရဟန်းတို့အား မလျောက်ပတ် ကြောင်း မိန့်တော်မူကြလျှင် မင်းကြီးကိုယ်တိုင် မြို့နှင့်မနီးမဝေး အရိပ်အာဝါသ ကောင်းလှ၍ ရဟန်းတို့အား သပ္ပာယဖြစ်သော မဟာမေဃဝန်ဥယျာဉ်တော်သို့ ပင့်လေ၏။ ဥယျာဉ်တွင်းရှိ စံနန်းတော်မင်းကွန်း၌ ထိုညမှစ၍ ကျိန်းစက်တော် မူကြသည်။ နံနက်မိုးလင်းလျှင် မင်းကြီးကိုယ်တိုင် မုလေးပန်းများဖြင့် ပူဇော်၍ “ချမ်းသာမှု ရှိ-မရှိ လျှောက်ထားလေ၏။

မဟာမေဃဝန်ဥယျာဉ်တော်ကိုလည်း သံဃာအား ရည်မှန်း၍ ရွှေကရား ဖြင့် မထေရ်မြတ်လက်၌ ရေစက်သွန်းချလှူဒါန်းရာ ငလျင်ကြီးစွာ လှုပ်သဖြင့် မင်းကြီး ထိတ်လန့်ကြောက်ရှူသွား၏။ အကျိုးအကြောင်း လျှောက်မေးရာ “သာသနာ ကောင်းစွာ တည်မည်ကို ကောင်းချီးသာဓု ပေးခြင်းဖြစ်ကြောင်း၊
ရာဇဂြိုဟ်မြို့ဝေဠုဝန်ကျောင်းတော်ကြီးလည်း - ဗိမ္ဗိသာရမင်းကြီး၏ ဝေဠုဝန် ဥယျာဉ်တော်၌ ဆောက်လှူသော ကျောင်းတော်ကြီးဖြစ်ပုံကို ဟောပြတော်မူ၍ သီဟိုဠ်ကျွန်း၌လည်းဘူမိနက်သန်ဖြစ်သော ဤမဟာမေဃဝန် ဥယျာဉ်တော်၌ပင် ရှေးဦးစွာသော သာသနကျောင်းတော်ကြီး မဟာဝိဟာရ တည်ဆောက်ရမည့် နိမိတ်ဖြစ်ကြောင်း မိန့်တော်မူရာ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြလေသည်။
အနုဠာစသော မိဖုရားငါးရာတို့လည်း သကဒါဂါမိဖိုလ်၌ ဆိုက်ရောက်ကြ

လေ၏။

## PAGE 78
<!-- 12 paragraphs, raw extraction -->




မထေရ်မြတ်လည်း နောက်ပါ သံဃာများနှင့်အတူ တရားဟောအပြီး ဥယျာဉ်အတွင်းရှိ မင်းကွန်းစံနန်း (ယာယီစံကျောင်း) တော်မှ ဆင်း၍ ဥယျာဉ် တော်ပတ်ဝန်းကျင်၌လှည့်လည်ကြည့်ရှုရန်ကြွတော်မူလျှင် မင်းကြီးနှင့်မှူးမတ်မိဿံ တို့လည်းနောက်တော်မှ ခြံရံလိုက်ပါ၍ ကြည်ညိုနေကြ၏။ စံကျောင်းတော်တံခါး မုခ်ဝသို့ရောက်လျှင် အသင့်ယူလာသော မုလေးပန်းရှစ်ဆုပ်ကို မင်းကြီးကမထေရ် မြတ်အား ဆက်ကပ်လိုက်၏။

မထေရ်မြတ်သည် မုလေးပန်းများကို ထိုနေရာ၌ ကြဲဖြန့်တော်မူလိုက်ရာ ပန်းများမြေပေါ်ခသည်နှင့်တပြိုင်နက် ငလျင်တကြိမ် ပြင်းစွာလှုပ်ပြန်ရာ ပရိသတ် များ ကတိမ်းကပါးတအံ့တဩ ဖြစ်ကြရ၏။

လျှင်…

မင်းကြီးက မထေရ်မြတ်အနီး လက်အုပ်ချီ၍ ဖူးမြော်လျှောက်ထားလေ

“ဒကာတော်မင်းကြီး…၊ ဤနေရာကား ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူကြသော ကကုသန်၊ ကောဏာဂုံ၊ ကဿပဘုရားသုံးဆူတို့၏ ဗောဓိပင် လက်ျာစောာင်ကိုင်း များ ကူးယူစိုက်ပျိုးရာဌာနဖြစ်သကဲ့သို့ ငါတို့ဘုရားရှင်၏ ဗောဓိပင် တောင်ကိုင်း (ဒက္ခိဏသာခါ)ကိန်းဝပ်ဖြစ်ထွန်းမည့်နေရာလည်းဖြစ်ကြောင်း ကောင်းချီးနိမိတ် ပင် ဖြစ်သည်”ဟု မိန့်တော်မူ၏။

အခြား သိမ်၊ဆွမ်းစားကျောင်း စသည် ဆောက်မည့် နေရာတို့၌လည်း ပန်းများကြဲဖြန့်တော်မူရာ ငလျင်ကြီးစွာလှုပ်၏။ ထိုသို့ လှည့်လည်တော်မူစဉ် ဥယျာဉ်စောင့်သည် ပေါ်ဦးပေါ်စ သရက်သီးမှည့်တလုံးကို ယူလာ၍ မင်းကြီး အား ဆက်သ၏။ မင်းကြီးကလည်း ဦးဦးဖျားဖျား မထေရ်မြတ်အား ကပ်လှူ လိုက်၏။ ဘုဉ်းပေးပြီးလျှင် အစေ့ကို ထိုနေရာ၌ စိုက်ပျိုးရန် မိန့်တော်မူ၍ မင်းကြီးကိုယ်တိုင်စိုက်စဉ် မထေရ်မြတ်က အပေါ်မှ ရေလောင်းချပေးတော် မူသည်။

သရက်စေ့မှ အညွှန့်အညှောက်များ ချက်ချင်းထွက်ပေါ်ကာ အရိပ်အာ ဝါသကောင်းသော သရက်ပင်ကြီးတပင် အသီးအပွင့်များနှင့်တကွ ဖြစ်ပေါ် လာလေ၏။အားလုံး အံ့ဩကြည်ညို၍ မဆုံးကြချေ။(ယခု ကြေးပြာသာဒ်ကြီး၏ အရှေ့ဘက် ကျယ်ပြန့်သော မြေကွက်လပ်နေရာဟု ဆိုကြ၏။

ဆက်လက်၍ ကြွတော်မူလျှင် မဟာစေတီ တည်မည့်နေရာသို့ ရောက် သောအခါ ဥယျာဉ်စောင့်မှတဆင့် မင်းကြီးဆက်ကပ်သော စကားပန်းနှစ်ဆုပ်ကို ကြဲဖြန့်တော်မူရာတွင်လည်း ပို၍သည်းထန်စွာ ငလျင်လှုပ်ပြန်လေသည်။

ထိုနေရာကား ရှေးဘုရားရှင် သုံးဆူတို့ သမာပတ်ဝင်စားရာ မဟာစေတီ တည်မည့်ဌာနဖြစ်ကြောင်း မိန့်တော်၏။

## PAGE 79
<!-- 10 paragraphs, raw extraction -->




ဂေါတမဘုရားရှင်၏ ဓာတ်တော် တဒေါဏ (တစရွတ်)ခန့် ကျိန်းဝပ်ရာ သံတောင် -၁၂ဝရှိ “ဟေမမာလီ'မည်သော မဟာစေတီကြီး ဖြစ်ပေါ်မည်ကို လည်း မိန့်တော်မူလေသည်။

[ဒေါဏ-လေးပြည်= တစိတ်ဟု ဆိုသော်လည်း မြန်မာနှစ်ပြည်နှင့် ညီမျှ သည်။ သီဟိုဠ်တပြည်သည် နို ့ဆီဗူး လေးလုံးသာ ဆံ ့သည်။]

မင်းကြီးက သူကိုယ်တိုင် တည်ထားကိုးကွယ် လိုပါသည်ဟု လျှောက်လေ လျှင် ‘မြေးတော် ဒုဋ္ဌဂါမဏိအဘယမင်းပြုလတ္တံ့ ”ဟု မိန့်တော်မူရာ မထေရ်မြတ်၏ ယင်းဗျာဒိတ်တော်ကို ကျောက်စာတိုင် ရေးထူတော်မူလေ၏။(မင်းကြီး၏ညီတော် မဟာနာဂ၊ ၎င်း၏သားတော် ယဌာလကတိဿ၊ ၎င်း၏သားတော် ဂေါဋ္ဌာဘယ၊
၎င်း၏သားတော် ကာကဝဏ္ဏတိဿ၊၎င်း၏သားတော် ဒုဋ္ဌဂါမဏိ။)

အခြားကုန်းမြင့်တနေရာကား ဘုရားသုံးဆူတို့၏ ရေစစ်တော်(ကကုသန်)၊
ခါးပန်းထော် (ကောဏာဂုံ)နှင့် ရေသရုပ်တော် (ကဿပ)များ တည်ရှိရာ ဘုရားရှင်တိုင်း သီတင်းသုံးဖူးရာ “ထူပါရုံစေတီ’ တည်မည့်နေရာ ဖြစ်ကြောင်း အကျယ်ဟောပြတော်မူလေသည်။

မထေရ်မြတ်သည် ထိုနေရာသို့အရောက် ဆွမ်းဘုဉ်းပေးရန် အချိန်ကျ သဖြင့် နန်းတော်သို့ကြွ၍ ဆွမ်းဘုဉ်းပေးတော်မူ၏။ပြီးလျှင် နန္ဒနဥယျာဉ်တော်သို့ ကြွကာ “အဂ္ဂိက္ခန္ဓောပမသုတ္တန်ကို ဟောတော်မူရာ လူတထောင်တို့ သောတာပတ္တိ မဂ်ဉာဏ်ရကြလေ၏။ မဟာမေဃဝန်သို့ ပြန်လည်ကြွဘော်မူသည်။
၃-ရက်မြောက်သောနေ့တွင်လည်း နန္ဒနဥယျာဉ်တော်၌ပင် “အာသီ ဝိသောပမသုတ္တန်ကို ဟောတော်မူရာ ရှေးနည်းအတူ လူထထောင်တို့ အကျွတ် တရား ရကြကုန်၏။

"

“အရှင်မြတ်ဘုရား၊ တပည့်တော်တို့သည် မြတ်စွာဘုရားရှင်၏ ဉတ်ကမ္မဝ ါ အာဏာစက်တော် အတွင်းမှာသာ နေလိုကြပါသည်။ အနူရာဓနေပြည်တော် တခုလုံးကို အတွင်းပြု၍ အမြန် သိမ်သမုတ်တော်မူပါ”ဟုလျှောက်ပြီးလျှင် ၄-ရက် မြောက်နောက်တနေ့နံနက်မှစ၍ နေပြည်တော်တခုလုံး တန်ခွန်ကုက္ကား မုလေးပွား စသည်တို့ဖြင့် ပြင်ဆင်မွမ်းမံစေ၏။ မင်းကြီးလည်း မင်းမြှောက်တန်ဆာများ ဆင်ယင်၍ မှူးမတ်ဗိုလ်ပါခြံရံလျက် ဆင်နှစ်ကောင်ကသော ထွန်ကြီးကို လှည့်ပတ် မောင်းနှင်၍ သိမ်နယ်နိမိတ်ကို သတ်မှတ်လေသည်။ ပြီးလျှင် မထေရ်မြတ်များ သိမ်သမုတ် ပေးတော်မူကြ၏။ ထိုနေ့ နံနက်ပိုင်းမှာလည်း နန္ဒနဥယျာဉ်တော်၌ “အနမတဂ္ဂသုတ္တန်ကို ဟောတော်မူရာ ရှေးနည်း လူတထောင်တို့ အကျွတ်ဆုရ ကြလေ၏။

## PAGE 80
<!-- 14 paragraphs, raw extraction -->



☑


ရှင်မဟာ မဟိန္ဒမထေရ်မြတ်သည် ၅-ရက်မြောက်နေ့၌ “ခဇ္ဇနီယသုတ္တန် ၆-ရက် “ဂေါမယပိဏ္ဍိကသုတ္တန်’၊ ၇-ရက် “ဓမ္မစက္ကပဝတ္တနသုတ္တန်´ တို့ကိုလည်း ဟောကြားဘော်မူရာ ရှေးနည်းအတူ တရားတဖွဲ့လျှင် အကျွတ်ဘရားရသူ တ ထောင်စီဖြစ်၍ စုစုပေါင်း - ဂ ၅ဝဝ ရှိလေပြီ။

(မင်းကြီးလည်း မကြာမီ ထိုယာယီသီတင်းသုံးရာ မဟာမေဃဝန်ဥယျာဉ် တော်အတွင်း၌ “မဟာဝိဟာရ ကျောင်းတိုက်တော်ကြီးကို ကျောင်းရံများစွာဖြင့် သံဃာ့အရံကြီးတည်ဖန်လှူဒါန်းတော်မူ၏။ လောဟပါသာဒခေါ် ဘုံခုနစ်ဆင့် ရှိသော ကြေးပြာသာဒ်ကြီးကိုလည်း ဆောက်လှူလေသည်။)

ဤနည်းအားဖြင့် ၂ ၆-ရက်လုံးလုံး … မဟာမေဃဝန် ဥယျာဉ်တော်၌ သီတင်းသုံးတော်မူကြသည်။ (မဟာဝံသသို့ လိုက်၍ပြသည်။)

လင်္ကာဒီပ မူလစံတော်ဝင် ငါးကျိပ်ငါးပါး

ဝါဆိုလဆန်း ၁၃-ရက်နေ့။

မထေရ်မြတ်သည် နောက်ပါသံဃာများနှင့်အတူ ဥယျာဉ်တော်မှ နန်း တော်သို့ကြွကာ ဆွမ်းဘုဉ်းပေးတော်မူ၏။ ပြီးလျှင် “မဟာအပ္ပမာဒသုတ္တန်”ကို ဟောတော်မူသည်။

"

“ဒကာတော်မင်းကြီးနှင့်တကွ ဒကာဒကာမ များ အားလုံး ဘုရားရှင် အဆုံးအမဖြစ်တဲ့ ဤအပ္ပမာဒ သတိပဋ္ဌာန်တရားကို လက်ကိုင်ထား၍ ဖြစ်ပေါ်ဆဲ ရုပ်နာမ်တရားများကို အမြဲမပြတ် ရှုမှတ်ပွားများပြီး မမေ့မလျော့ ကြိုးစား အားထုတ်ရစ်ကြ”ဟု တရားဟောပြီးသည်နှင့် ဝါဆိုရန် နီးကပ်နေပြီဖြစ်၍ မိဿကတောင်ဘက်သို့ ကြွတော်မူလေ၏။

ထိုသတင်းကို မင်းကြီး ကြားတော်မူလျှင် တခါတည်း ပြန်ကြွသွားပြီ အထင်နှင့် စိတ်မောကိုယ်မော ယောက်ယက်ခတ်ကာ အမတ်များအား မေးစမ်း ကြည့်တော်မူ၏။

“အရှင်မြတ်များဟာ အလာတုန်းကလဲ ဘယ်သူကမှမပင့်ဖိတ်ရပဲ သူ ့သ ဘောနှင့် သူ ကြွလာတော်မူကြတာဆိုတော့ ပြန်ကြွတဲ့အခါမှာလဲ ဘယ်သူ့ကိုမှ ပန်ကြားစရာမလိုတဲ့အတွက် ခုလို အသိမပေးပဲ ကြွသွားတာလဲ ဖြစ်နိုင်တာပဲအရုပ် မင်းကြီး”ဟု လျှောက်တင်ကြခါမှ သာ၍ပင် သောကဝင်ကာ “ဟာ...ဒီလိုဆို ခက် ရချေရဲ့”ဟု ပြောပြောဆိုဆို မိဖုရားနှစ်ဦးကို ရတားပေါ်တင်၍ အမတ်များ ခြံရံကာ မထေရ်မြတ်နောက်သို့ ရထားကိုအသော့နှင်စေ၍ လိုက်တော်မူ၏။

## PAGE 81
<!-- 13 paragraphs, raw extraction -->




နေကလည်း ပူလွန်းသဖြင့် မထေရ်မြတ်လည်း မိဿကတောင်အသွား ခရီး လမ်းခွတ်လတ်ရှိ နာဂစတုက္ကရေအိုင်၌ ရေသုံးသပ်ပြီး ဆက်၍ကြွရန်ဟန်ပြင်နေခိုက် ဖူးတွေ့ရလေ၏။ မင်းကြီးသည် မိဖုရားများကိုထားကာ မထေရ်မြတ်အပါးသို့ တဦးတည်း အပြေးအလွှား ချဉ်းကပ်သွားစဉ် ချွေးသီး ချွေးပေါက်များနှင့် ညှိုးငယ်စွာ ရှိခိုးနေသော မင်းကြီးအား-

“ဒကာတော်မင်းကြီး၊ ရေးကြီးသုတ်ပျာ ဘာကိစ္စ နေပူကျဲကျဲမှာ ဆင်းရဲ ပင်ပန်းခံပြီး လိုက်လာရသနည်း”ဟု မေးတော်မူလျှင်…

"

“မှန်လှပါ အရှင်မြတ်ဘုရား၊ တပည့်တော်များအား ရာသက်ပန်နေတတ် အောင် အပြည့်အစုံ အခိုင်အမာ ချည်တုပ်ဆုံးမပြီး “မမေ့မလျော့ ကြိုးစား အားထုတ်ရစ်ကြ”လို့ ဩဝါဒ ပေးတော်မူတာထောက်တော့ တပည့်တော်များ အား ပစ်ထားကာ တခါထဲ ကြွသွားတော်မူကြပြီလားထင်မိလို့ အကြောင်းစုံ သိရအောင် လိုက်လာရခြင်းပါ အရှင်ဘုရား”ဟု ညှိုးငယ်စွာ လျှောက်ထား

လေ၏။

“တခါထဲ ပြန်ကြွတာမဟုတ်ဘူး ဒကာတော်၊ ယခုအခါကား ရဟန်း တော်များအတွက် ဝါဆိုရန် အခါဖြစ်ပေတယ်”ဟု အမိန့်ရှိခါမှပင် ပြုံးရွှင်နိုင် လေတော့သည်။ မထေရ်မြတ်လည်း မိုးတွင်းကာလ၌ ဝါဆိုရပုံ “ပနာယိ ကက္ခန္ဓက=ဝါဆိုဝါကပ်ဝိနည်း ပညတ်တော်”ကို အပြည့်အစုံ ဟောပြတော်မူ ပြန်လေသည်။

မင်းကြီးနှင့်အတူ ပါလာသူ တူတော် ‘ပဟာအရိဋ္ဌ’အမတ်နှင့် ညီတော် နောင်တော် ငါးကျိပ်ငါးဦးတို့လည်း သမဏသုခ ရဟန်းတို့ဘဝကို အားကျ ကြည်ညိုကာ နောင်တော်မင်းကြီးအား ခွင့်ပန်၍ ရဟန်းပြုကြလေရာ ဆံချပြီး သည်နှင့် အားလုံး အရဟတ္တဖိုလ်သို့ ရောက်တော်မူကြ၏။

ပထမဆုံးသော လင်္ကာဒီပ သီဟိုဠ်စံတော်ဝင် အရှင်မြတ်များ ဖြစ်တော် -

မူကြသည်။

မင်းကြီးလည်း မိဿကတောင် သရက်ပင်ကုန်းမြင့်၌ ရဟန္တာအရှင်မြတ် ခြောက်ကျိပ်နှစ်ပါးတို့ သီတင်းသုံးရန် လိုဏ်ဂူ ၆၂-ခုနှင့်တကွ သိမ်၊ တန်ဆောင်း စသည်များကို ချက်ချင်း စီမံဆောက်လှူ၏။ ဝါတွင်းသုံးလပတ်လုံး ရဟန္တာ အရှင်မြတ် ၆၂-ပါးတို့သည် သပိတ်ကိုယ်စီလွယ်ကာ မိဿက တောင်ပေါ်မှ နေအရုဏ်နှင့်အတူ ဆင်းကြွတော်မူ၍ အနုရာဓနေပြည်တော်၌ ဆွမ်းခံလှည့်တော် မူရာ မင်းနှင့်ပြည်သူတို့ ကြည်ဖြူအားရ သူ ့ထက်ငါ ပူဇော်ကြလေ၏။

## PAGE 82
<!-- 10 paragraphs, raw extraction -->




တန်ဆောင်တိုင် ဓာတ်တော်လှည့်ပွဲနှင့် ထူပါရုံစေတီဝင်

သီတင်းဝါလကျွတ်၍ ပဝါရဏာပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ နံနက် တွင် နန်းတော်အတွင်း၌ ဆွမ်းဘုဉ်းပေးတော် မူကြသည်။ ဆွမ်းစားပြီးလျှင်– ဘုရားရှင် မဖူးတွေ့ရသည်မှာကြာပြီ၊ ဆရာနှင့်ကင်းပြီး နေခဲ့ကြရသဖြင့် ဘုရားရှင်ဖူးမြော်ရန် ဇမ္ဗူဒိပ်သို့ ပြန်ကြွလိုကြောင်း မိန့်တော်မူ၏။ မင်းကြီး ကလည်း “ဘုရားရှင် ပရိနိဗ္ဗာန်စံပြီ”ဟု မိန့်ဆိုသည်ကို သတိရ၍လျှောက်ထားရာ ဓာတ်တော် မွေတော်များသည် ဘုရားရှင့်ကိုယ်စား ဘုရားရှင်ပင် ဖြစ်ကြောင်း၊
ဓာတ်တော်များပင့်ကာ စေတီတည်ထား ကိုးကွယ်စေလိုကြောင်း ပရိယာယ်ဖြင့် မိန့်တော်မူခြင်းဖြစ်၏။

“ကောင်းပါပြီ အရှင်ဘုရား၊ ဒကာတော်လည်း စေတီတည်ထားကိုးကွယ် လိုပါသည်။ နေရာရွေးချယ် ပေးတော်မူပါ၊ နောက်ပြီး ဓာတ်တော်မွေတော်များ ကော အဘယ်မှာ ရနိုင်ပါသလဲ”ဟုလျှောက်၍ တူတော် သုမန သာမဏေနှင့် တိုင်ပင်ရန် မိန့်တော်မူ၏။ မင်းကြီးက သာမဏေကို ထိုအကြောင်း လျှောက်လျှင်–

ဒကာတော်မင်းကြီး၊ ဒီကိစ္စ မကြောင့်ကြပါနှင့်၊ ကိုရင်ဆောင်ရွက်ပါ့ ပယ်” စသည်ဖြင့် မိန့်တော်မူလျက် ယနေ့(တန်ဆောင်မုန်းလပြည့်နေ့) ညချမ်း အခါ မဟာနာဂဝန် ဥယျာဉ်တော်၌ မင်္ဂလာဆင်တော်ဖြင့်စောင့်ကြိုရန် အသေး စိတ် မှာကြားပြီးနောက် မိဿကတောင်သို့ ပြန်ကြွတော်မူနှင့်ကြသော မထေရ် မြတ်များနောက်သို့ အမီလိုက်တော်မူ၏။ ချက်ချင်းပင် ဦးရီးတော်မထေရ်မြတ်၏ ဩဝါဒအမိန့်ကို နာယူ၍. ပါဋလိပုတ်နေပြည် ဘိုးတော် အသောကမင်းကြီး နန်းတော်သို့ ကောင်းကင်မှ ကြွရောက်တော်မူသည်။

ဘိုးတော် အသောကမင်းတရားကြီးထံမှ (မဟာဝံသအလို) သပိတ်နှင့် တကွ သရီရဓာတ်တော်များကို ပင့်ဆောင်၍ သုမနသာမဏေသည် ထိုဓာတ်တော် သပိတ်ကို ဟိမဝန္တာ၌ ထားခဲ့ပြီးနောက် တာဝတိံသာ သိကြားမင်းထံသို့ ကြွသွားတော်မူပြန်၏။

«

ဒကာတော်သိကြားမင်း၊ ငါတို့အား သီဟိုဠ်ကျွန်းသို့ကြပါဟု တိုက်တွန်း လျှောက်ထားပြီး အဘယ်ကြောင့် မေ့လျော့နေပါသလဲ”ဟု (ဦးရီးတော် မထေရ် မြတ် မှာကြားသည့်အတိုင်း) မိန့်တော်မူရာ သိကြားမင်းကြီးမှာ ပျာပျာသလဲ ကြိုဆိုဦးချ၍ မမေ့ပါကြောင်း လျှောက်ထား၏။ လိုရာအမိန့် ရှိတော်မူရန် ဘောင်းပန်သဖြင့် တာဝတိ ံသာ၌ လင်္ကျာစွယ်တော်နှင့် လက်ျာညှပ်ရိုးတော်ဓာတ် နှစ်မျိုးတွင် ညှပ်ရိုးတော်ဓာတ်ကို ပေးလှူလိုက်ရန် မိန့်လေလျှင် သိကြားမင်း သည် တယူဒနာရှိ မြကျောက်ဖြာဖြင့်ပြီးသော စူဠာမဏိစေတီတော်ကို ဖွင့်လှပ်၍ ညှပ်ရိုးတော်ကို လှူလိုက်လေသည်။

## PAGE 83
<!-- 10 paragraphs, raw extraction -->




သုမနသာမဏေသည် ဓာတ်တော်သပိတ်နှင့် ညှပ်ရိုးတော်ကို ကောင်းကင် ခရီးဖြင့် ပင့်ဆောင်ကာ ဦးရီးတော်အား ဆက်ကပ်လိုက်လေသည်။ (မိဿက တောင်သည် ထိုအခါမှစ၍ စေတိယတောင်တွင်သည်။ ရှင်မဟိန္ဒ သီတင်းသုံးရာ ဌာနဖြစ်၍ သီဟိုဠ်သားတို့က “မိဟိန္တလေ့တောင်’ဟု ခေါ်ကြသည်။မထေရ်မြတ် သည် ဓာတ်တော်သပိတ်ကို ချန်ထား၍ ညှပ်ရိုးတော်မျှကိုသာ ပင့်ဆောင်ပြီးလျှင် သံဃာတော်များနှင့်အတူ မဟာနာဂဝန် ဥယျာဉ်တော်သို့ ကြွတော်မူ၏။

L

သုမနသာမဏေ မိန့်မှာခဲ့သည့်အတိုင်း မင်းကြီးလည်း နံနက်ကပင် ဥပုသ် သီလ ဆောက်တည်၍ အနုရာဓနေပြည်တော် လမ်းမများနှင့် မဟာနာဂဝန် ဥယျာဉ်တော်၌ တံခွန်ကုက္ကား မုလေးပွား. ပန်း ရေအိုးများဖြင့် တန်ဆာဆင် စေ၏။ မင်္ဂလာဆင်တော်ရတနာကိုလည်း တန်ဆာဆင်စေပြီးနောက် ဆင်အထက်၌ ထီးဖြူကိုစိုက်၊ မင်းကြီးကိုယ်တိုင် ဓာတ်တော်သည့်ရန် ရတနာပန်းတောင်းကို ပိုက်၍ ထွက်ချီတော်မူ၏။ ရှစ်ပါးသိလ ဆောက်တည်ထားကြသော မှူးမတ် ဗိုလ်ပါ ပရိသတ်များက နောက်မှဝင်းခင်း၍ လိုက်ပါလာကြသည်။ ကချေတော် သဘင်သည်များလည်း ဓမ္မတေးများ သိကျူးကာ တီးမှုတ်ကခုန်၍ ခြံရံလိုက်ပါ ကြရကုန်၏။

မဟာနာဂဝန်ဥယျာဉ်တော်၌ မထေရ်မြတ်များနှင့် မင်းပရိသတ်များ မရှေးမနှောင်းပင် ရောက်ရှိလာကြ၏။ သံဃာတော်များထည် မြတ်သောနေရာ တော်၌ မထေရ်မြတ်အပါး ဝန်းရံ၍ တည်ငြိမ်စွာ သီတင်းသုံးတော် မူနေကြစဉ် မင်းကြီးသည် ဓာတ်တော်ထည့်ရန် ရတနာပန်းတောင်းကို ပိုက်၍ ညှပ်ရိုးဓာတ် တော် လက်ဝယ်ကိုင်ထားသော မထေရ်မြတ်အား အဝေးမှပင် ဦးညွှတ်လာစဉ်’

“ထို ဓာတ်တော် မွေတော်သည် … သုံးလောကထွတ်ထား ဘုရားရှင်၏ ကိုယ်တော်မှ ဓာတ်တော်မွေတော်စစ် အကယ်၍ဖြစ်ပါမူကားဤမင်္ဂလာဆင်တော် သည် စကားမဆိုရပဲ အလိုလိုပုဆစ်တုပ်ပျပ်၍ မြေ၌ဝပ်ပါစေ၊ ဆင်တော်ရတနာ ထက်မှထီးဖြူတော်လည်း အလိုလိုပွင့်ပါစေ၊ ဓာတ်တော်မွေတော်လည်း ဤရတနာ ပန်းတောင်းအတွင်းသို့ ကြွရောက်စံပယ်က ရတနာပန်းတောင်းနှင့်တကွ ငါ၏ ဦးခေါင်းထက်၌ တည်နေကိန်းဝပ်ပါစေသား။”

ယင်းသို့ မင်းကြီး စိတ်အကြံ ဖြစ်သည်နှင့် တပြိုင်နက် မင်္ဂလာဆင်တော် သည် မြေ၌တုပ်ပျပ်၍ ဝပ်လေ၏။ တီးဖြူတော်လည်း အလိုလိုပွင့်၏။ မထေရ်မြတ် လက်တော်မှ ညှပ်ရိုးတော်လည်း မင်းကြီးကိုင်ထားသော ရံတနာပန်းတောင်း၌ ကြွပြောင်းကာ ပန်းတောင်းနှင့်တကွ မင်းကြီးဦးထိပ်၌ တည်နေတော်မူလေ၏။

ဖူးမြင်ရသော ပရိသတ်များလည်း ရုတ်တရက် အံ့အားသင့် နေကြ၏။
မင်းကြီးမှာ ကြက်သီးတဖြန်းဖြန်း ပီတိလွှမ်း၍ ရွှင်လန်းတက်ကြွစွာ “ဘုရား…၊

## PAGE 84
<!-- 10 paragraphs, raw extraction -->




ဘုရား….” ဟူ၍သာ လှိုက်လှိုက်လှဲလှဲ ဆိုကျူးရင့်နေတော့၏။ အတန်ကြာလျှင် မင်းကြီး၏ မေးလျှောက်ချက်အရ မထေရ်မြတ်သည် ဓာတ်တော် ရတနာပန်း တောင်းကို ဆင်ဦးကင်း၌ သီတင်းသုံးစေရန် မိန့်တော်မူလိုက်၏။မင်းကြီးကိုယ်တိုင် ဆင်ဦးကင်းထက်သို့တက်၍ ဓာတ်တော်ပန်းတောင်း တင်လိုက်သည်နှင့်တပြိုင်နက် မင်္ဂလာဆင်တော်လည်း ကြိုးကြာသံကဲ့ ရှင့်ကျူးကာ ရွှင်မြူးတက်ကြွနေလေ၏။

တိုအခိုက် ကောင်းကင်တခု၌ ရုတ်တရက် တိမ်လိပ်များတရိပ်ရိပ်တက်ကာ (စွတ်စိုစေလိုသူကိုသာ စွတ်စိုစေနိုင်သော) ပေါက္ခရဝဿခေါ် အခါမဲ့မိုးကြီး သည်းထန်စွာ ရွာသွန်ချလိုက်၏။ပဟာပထဝီမြေကြီးလည်း တဒီးဒီးအော်မြည်ကာ သွက်သွက်ခါ တုန်ဟည်း၍ ကောင်းကျိးပေးလေ၏။

1

တန်ခိုးပြာဋိဟာနှင့် ထူပါရုံကျောင်း

ရတနာဓာတ်တော်ပန်းတောင်းကို မင်္ဂလာဆင်တော်၏ ဦးကင်း၌ တင်ပြီး လျှင် ရဟန်းရှင်လူများခြံရံ၍ ဥယျာဉ်တော်မှထွက်ကာ အနုရာဓမြို့တော် အရှေ့ တံခါးမှ ဝင်ကြ၏။ မြို့လယ်ရောက်လျှင် တောင်ဘက်တံခါးမှ ထွက်ပြီးနောက် မဟေဗမည်သော နတ်ဘီလူးသိမ်းပိုက်ထားသောနေရာကုန်းမြေ (မဟေဗဝတ္ထု) သို့ရောက်လာကြ၏။ ထိုနေရာကား ထူပါရာမ=ထူပါရုံစေတီတော် တည်ရမည့်ဌာန ပင် ဖြစ်သည်။ သို့ရာတွင် ထိုနေရာကား ရှေးဘုရားသုံးဆူတို့၏ ရေစစ်တော်၊
ခါးပန်းတော်၊ ရေသနုပ်တော်များတည်ရာ ပရိဘောဂစေတီထိုက်သော ဌာန ဖြစ်၍ သာသနာပကာလ၌ လူတို့အညစ်အကြေး စွန့်ပစ် ဖျက်ဆီးမည် စိုးသော ကြောင့် နတ်များက ဆူးချုံ ၊ ကလိမ်ချုံ တို့ဖြင့် ဝိုင်းအုံ ဖုံးအုပ်ထားခြင်းဖြစ်သည်။

ဓာတ်တော်လှည့်လာသော လူအုပ်ကြီးမှာ ဆူးချုံကြီးဆီသို့ မင်္ဂလာဆင် တော်ကြီး ဦးတည်သွားနေသည်ကို မြင်လျှင် ဆင်တော်ရှေ့သို့အပြေးအလွှားကျော် တက်၍ဆူးချုံကြီးကို သူ ့ထက်ငါ ခုတ်ထွင်ရှင်းလင်းကြလေ၏။ ဆင်တော်လည်း အသွားမပျက် မဆိုင်းမငဲ့ရပဲ ချက်ချင်းပင် ညီညာသောမြေပြင်ဖြစ်သွားရာ ထိုကုန်း မြေကိုဦးတိုက်ပြီးလျှင် နောက်ပြန်ဆုတ်လျက်က မဟာဗောဓိပင် တည်လတ္တံ့ သော ထိုမြေတော်၏ အနောက်ဘက်ရှိကွက်လပ်၌(ထိုနေရာတော်ကိုဦးတိုက်ပြီး) ရပ်တည် နေလေ၏။

မင်းကြီးသည် ဆင်ဦးကင်းပေါ်မှ ညှပ်ရိုးဓာတ်တော်ကို ချယူမည်ပြုရာ ဆင်ကြီးသည် ခေါင်းခါ ယမ်း၍ ယူခွင့်မပြုသောကြောင့် မထေရ်မြတ်အား လျှောက်ရာ-

## PAGE 85
<!-- 10 paragraphs, raw extraction -->




“မင်းကြီး၊ ဓာတ်တော်ကို သူ့ ကျောက်ကုန်းအောက် နိမ့်သောနေရာ၌ ချသည်ကို သူမကြိုက်”ဟု မိန့်တော်မူ၏။ ချက်ချင်း လူအားဖြင့် ဆင်လောက် မြင့်မောက်အောင် မြေကြီးများသယ်ဖို့၍ ကုန်းမြင့်လုပ်ရသည်။ပြီးမှ ဓာတ်တော် ကို ထိုယာယီစံရာကုန်းမြင့်၌ အစောင့်လူချထားကာ တန့်နားကိန်းဝပ်စေကြ၏။
မင်းကြီးသည် မင်္ဂလာဆင်တော်၏ နှာမောင်းကို ကိုင်တွယ်၍ တယုံတယ

ပွတ်သပ်လျက်—

“အမောင်…၊သင်လဲ မြတ်စွာဘုရားရှင်ရဲ့ သရီရဓာတ်တော်ကိုစောင့်ရှောက် ယင်း ပူဇော်ပါ”ဟု ပြောဆိုရာ ထူပါရုံစေတီဌပနာပွဲ မပြီးမချင်း မင်္ဂလာဆင် တော်ကြီးသည် ဓာတ်တော်ကို ညဉ့်သုံးယံပတ်လုံး လှည့်လည်စောင့်ရှောက်လေ၏။
နေ့အခါ မဟာဗောဓိပင်တည်လတ္တံ့ သေခနေရာရှိ မင်းကွန်း၌ နားနေလေ့ရှိသည်။
လူအများလည်း စေတီတည်ရန် အဘယဝါပိရေကန်မှ မြေများကိုယူ၍ အုတ်ဖုတ် ကြ၏။

စေတီပုံတော်ကိုလည်း မထေရ်မြတ်က အရှည်ခိုင်ခံ ့အောင် စပါးပုံသဏ္ဌာန် ပြုရမည် မိန့်တော်မူလေသည် (ဓာတ်ပုံမှာ ကြည့်ပါ။ စေတီတည်ရာ၌ ရဟန်း တော်များ ဝိနည်းတော်နှင့် မအပ်မရာ ပါဝင် စီမံ လုပ်ဆောင်ခြင်း မရှိသည်ကို လည်း သတိပြုရန်။)

စေတီတည်၍ အောက်ခံအကျည်ခုံ(အဋ္ဌကကာ၌ ဇင်္သပ္ပမာဏံ=မြင်းခေါင်း မျှဟုဆို၏။ မျက်မြင်ဆယ့်တစ်ပေခွဲမြင့်သော အောက်ခံခုံဝိုင်းကြီး။) ပြီးပြေလျှင် လက်ျာညှပ်ရိုးတော်ဓတ်ကို ဌပနာမည်ရှိသောအခါ နေပြည်တော်၌ စည်လှည့် ကြော်ငြာ၍ မည်သူမဆို လာရောက်ကြည်ညိုရန် ကြွေးကြော်လိုက်ရာ အနုရာဓ နေပြည်တော်မျှမက သီဟိုဠ်တကျွန်းလုံးကပင် တခဲနက်လာရောက်ပူဇော်ကြသည်။
မဟာမေဃဝန်ဥယျာဉ်(မဟာဝိဟာရ)၌ သီတင်းသုံးတော်မူသော ရဟန္တာအရှင် မြတ်များလည်း အရှင်မဟာမဟိန္ဒ မထေရ်မြတ်နှင့်အတူ ကြွလာ ပူဇော်တော် မူကြ၏။

ဓာတ်တော်ဌပနာပွဲပြုလုပ်သော ထိုနေ့ညနေချမ်းအချိန်၌ ဓာတ်တော်ကို ဆင်ဦးကင်း၌ပင် ကိန်းဝပ်စေကြရာ ဆင်ဦးကင်းထက်မှ ညှပ်ရိုးဓာတ်တော်သည် ကောင်းကင်ထက်သို့ ထန်းခုနစ်ဆင့်ခန့် တက်ကြွစံပယ်တော်မူလေ၏။ (ပေ -၇ဝဝ၊
၁ဝဝဝခန့်) ကောင်းကင်၌ တည်တော်မူလျက် ဘုရားရှင်ကိုယ်တော်တိုင် သရက် ဖြူပင်ရင်း၌ ရေမီးအစုံအစုံ ယမိုက်ပြာဋိဟာ (ယမိုက်- ယမက= အစုံအစုံ+ ပြာဋိဟာ= ပါဋိဟာရိယ= တန်ခိုး) ပြတော်မူသကဲ့သို့ အရှေ့ဘက်မှ မီးလျှံ အနောက်ဘက်မှ ရေအလျှံ လေးတန်လေးမျက်နှာ တလှည့်စီ တလှည့်စီ ရောင် ခြည်တော်ခြောက်သွယ်နှင့်အတူ တန်ခိုးပြာဋိဟာ ပြတော်မူလေသည်။

{

## PAGE 86
<!-- 13 paragraphs, raw extraction -->

http://www.dhammadownlead.com



ထိုရောင်ခြည်တော်ခြောက်သွယ်နှင့် ရေအလျှံ မီးအလျှံတို့သည် အပြန်ပြန် အကြိမ်ကြိမ် ထူးလိမ်ကူးရှက် တက်ချည် သက်ချည် အလီလီကွန့်မြူးတော်မူရာ ယူဇနာ. သုံးရာရှိ သီဟိုဠ်တကျွန်းလုံး တန်ခိုးတော်ရေအငွေ့ မထိမတွေ့ရသော နေရာဟူ၍ အပ်တစိုက်စာမျှမကျန်ရ၊ တကျွန်းလုံး ငြိမ်းအေး၍ပင်သွားလေ၏။

(ဤကား မြတ်စွာဘုရားရှင် အဓိဋ္ဌာန်ပြုတော် မူခဲ့ခြင်းကြောင့် ဖြစ်ပေ သည်။ မဟာစေတီ တည်သော အခါတွင်လည်း ဓာတ်တော်များ သက်တော် ထင်ရှား ဘုရားသဏ္ဌာန်တော် ဆောင်၍ တန်ခိုးပြာဋိဟာပြရန် အဓိဋ္ဌာန်ပြုတော် မူခဲ့၏။)

ညှပ်ရိုးဓာတ်တော်သည် ကောင်းကင်မှ ဆင်းကြွတော်မူကာ တန်ခိုးပြာဋိ ဟာပြအပြီး မင်းကြီးဦးခေါင်းပေါ်၌ ကိန်းစံတော်မူရာ မင်းကြီးမှာ ကြက်သီး တဖြန်းဖြန်း ရိုးတွင်းခြင်ဆီထိ ပီတိလှိုက်ဟုန်ဆေ ့ဆွေ ့ခုန်မျှ ‘လူဖြစ်ကျိုးနပ်ပေ စွ' ဟု အားရဝမ်းသာဖြစ်တော်မူလေ၏။ ရဟန်းရှင်လူပရိသတ် အခမ်းအနား များစွာ ကြီးကျယ်သော ပူဇော်ခြင်းဖြင့် ပူဇော်ကာ ထူပါရုံစေတီတော်မြတ်ကို လက်ျာရစ်လှည့်ပတ်၍ ဌပနာတော်မူလေ၏။

မကြုံစဖူး ထူးကဲမြင့်မြတ်သော ပွဲတော်ကြီးသို့လာရောက်သူတိုင်း ရတနာ သုံးပါးကျေးဇူးဂုဏ်၌ ပို၍ ယုံကြည်မှု ခိုင်မာကာ သာသနာတော်အတွက် ဘာပဲလုပ်ရလုပ်ရ ဟူသော သမ္မာဆန္ဒဝီရိယများ တဖွားဖွား ဖြစ်ပေါ်ကြလေ၏။

မင်းကြီး၏ ညီတော် အဘယမင်းသားနှင့်တကွ မင်းညီမင်းသားတထောင် အမှူးပြု၍ လူပေါင်း သုံးသောင်းတို့ ရဟန်းပြုကြရာ ထူပါရုံ စေတီတော်ကြီး အနီးမှာပင် ထူပါရာမ = ထူပါရုံကျောင်းတော် ပရိဝုဏ်ကြီးကိုပါ ဆောက်လှူ ပူဇော်ရလေသည်။ (ယင်းထူပါရုံကျောင်းတော်ကြီးမှ စံတော်ဝင်ပုဂ္ဂိုလ်ထူးများ အကြောင်း အခန်း-၄ စသည်၌ ကြည့်။)

ဒက္ခိဏသာခါနှင့် သမီးတော်သင်္ဃမိတ္တာ

';

မင်းကြီး၏ခယ်မတော် အနဠာဒေဝီသည် သဒါဂါမ်အဖြစ်သို့ ရောက်ပြီး နောက် ဘိက္ခုနီ (ရဟန်းမ) ဝတ်ရန် တနေ့ထက် တနေ့ စိတ်ညွတ်လျက် ရှိ၏။
ထိုအကြောင်း မင်းကြီးအား ခွင့်တောင်းလေရာ မင်းကြီးက မထေရ်မြတ်အား လျှောက်ထား၏ရာ မထေရ်မြတ်က-

"

“ဒကာတော်မင်းကြီး…၊ ငါတို့သည် မာတုဂါမတို့အား ရဟန်းဝတ်မပေး ကောင်း၊ ပါဋလိပုတ်နေပြည်တော်၌ ငါတို့၏နှမတော် သင်္ဃမိတ္တာထေရီဘိက္ခုနီမ တပါး ရှိသည်။ ထိုနှမတော်ကို ပင့်ခေါ်မှသာ ဖြစ်နိုင်သည်။ သင်မင်းကြီး၏

## PAGE 87
<!-- 12 paragraphs, raw extraction -->




အနုရာဓ နေပြည်တော်မှာလည်း ရှေးဘုရားရှင် သုံးဆူတို့၏ ဗောဓိပင်တည်ရာ အရပ်၌ ငါတို့မြတ်စွာဘုရားရှင်၏ ဗောဓိပင်တည်ထားပူဇော်သင့်ပြီ။ သခင်မ သင်္ဃမိတ္တာ ဗောဓိပင်ကို ပင့်ဆောင်၍ ကြွလာပါစေကြောင်း ခမည်းတော် မင်းကြီးထံ တမန်တော် စေလွှတ်သင့်သည် ဒကာတော်

သာသနာ့တမန်တော် အရိဋ္ဌအမတ်

မင်းကြီးလည်း မထေရ်မြတ်အမိန့်တော်ကို ဦးထိပ်ရွက်ပန်ဆင်၍ အမတ် များနှင့်တိုင်ပင်တော်မူရာ တူဖြစ်သူ အရိဋ္ဌအမတ်အား တမန်စေလွှတ်ရန်ရွေးချယ် လိုက်လေ၏။ ထိုတာဝန်ကို ဆောင်ရွက်ရန် စွမ်းနိုင်မစွမ်းနိုင် တူတော်အရိဋ္ဌ အဖတ်အား မေးမြန်းလေလျှင် တူတော်က-

"

“မှန်လှပါ ဦးရီးတော်ဘုရား၊ပြန်လာသောအခါ ရဟန်းပြုခွင့်ပေးသနား ပါလျှင် ဤကိစ္စပြီးပြေအောင် တူတော်မောင် ဆောင်ရွက်ပါမည်” ဆို၍ ကတိ ဝန်ခံရလေ၏။

အရိဋ္ဌအမတ်လည်း ဝမ်းသာအားရ မင်းကြီးနှင့်မထေရ်မြတ်တို့၏ သဝဏ် လွှာနှင့် အမိန့်အမှာဩဝါဒကို ယူဆောင်၍ ဇမ္ဗူကောလဆိပ်မှ သင်္ဘောစီးကာ ပါဋလိပုတ်နေပြည်တော်သို့ (မထေရ်မြတ်၏တန်ခိုးတော်ကြောင့်) နေ့ချင်းပေါက် ရောက်သွား၏။

[ဇမ္ဗူကောလဆိပ်ကား ကိုလမြို့မှ ၂၅၆- မိုင်အကွာ မြောက်ဘက်စွန်းဂျပနာမြို့အနီး ကျွန်းဆွယ်၌ရှိ၏။ “ဆံဘိက္ခု ရေ ၊
ယခု ကျည်းကုလားအခေါ် ကံကစ်ဆံတူရေ’ ခေါ်သော နေရာ ဖြစ်၏။ အချို့ က တလိုင်းမင်းနားသင်္ဘောဆိပ်ဟု မှားယွင်းစွာ မှတ်ယူနေတတ်ကြသည်။ လီကာဒီပ။]

အနုဋ္ဌာဒေဝီစသော နန်းတွင်းသူ တထောင်တို့လည်း ဆယ်ပါးသီလ ဆောက်တည်ကာ သစ်ခေါက်ဆိုးအဝတ်များကို ဝတ်၍ အရှင်မ သင်္ဃမိတ္တာ၏ အလာကို စောင့်မျှော်နေကြ၏။ မြို့တော်အတွင်း ဒေါဠအမတ် ဆောက်လှူသော သမီးတော်ကျောင်း(ဥပါသိကာဝိဟာရ)၌သာ စုပေါင်းနေထိုင်၍ သီလ,သမာဓိ ပညာကို ကောင်းစွာ ကျင့်ကြံနေနှင့်ကြ၏။

အရိဋ္ဌအမတ်သည်လည်း အရှင်မြတ်နှင့်မင်းကြီးတို့၏ ဩဝါဒနှင့်စေတနာ၊
အနုဠာဒေဝီတို့အကြောင်းကို အသောကမင်းတရားကြီးအား လက်ဆောင်သဝဏ် လွှာ ဩဝါဒကထာနှင့်အတူ ပြည့်ပြည့်စုံစုံ သံတော်ဦးတင် လိုက်၏။ 'အရှင်မ သံဃမိတ္တာ၏ကျောင်းတော်သို့လည်း သွားရောက်ကာ လျှောက်ထားလေသည်။

## PAGE 88
<!-- 11 paragraphs, raw extraction -->




အရှင်မလည်း ဓမ္မဒူတ သာသနာ့တမန်တော်ဖြစ်သော သီဟိုဠ် သံအဖွဲ့ဝင် များနှင့်အတူ ခမည်းတော်မင်းကြီးထံ ကြွသွား၍ သတင်းစကား ပြောကြား လေ၏။ မင်းကြီးမှာ ချီတုံချတုံ ဝမ်းသာဝမ်းနည်းဖြစ်ကာ မည်သို့လျှောက်ထား ပြောဆို စီမံရမည်မသိ ဖြစ်နေသည်။ တမန်တော်အရိဋ္ဌအမတ်လည်း မင်းကြီးနှင့် အရှင်မတို့အကြား စကား အသွားအလာကို ကြည့်၍ မဖြစ် ဖြစ်သည့်နည်းဖြင့် အခင့်တော်ရရန်အကြံဖြင့် နာခံခစားနေ၏။ ထိုကိစ္စ မပြီးပြေလျှင်လည်း ရဟန်းပြုခွင့် ရမည်မဟုတ်သည်ကို စိုးရိမ်နေမိလေသည်။ မင်းကြီးက-

"

“ချစ်သမီး…၊ သမီးတော် သိပြီးဖြစ်တဲ့အတိုင်း သားတော်ကြီး ရှင်မဟိန္ဒ နှင့် မြေးတော်သုမနသာမဏေတို့ ခမည်းတော်ကို ပစ်ထားပြီး သသနာပြုကြွသွား ကြတာ ခမည်းတော်မှာ လက်နှစ်ဖက်အချိုးခံရသူလို အားကိုးရာမဲ့ဖြစ်ခဲ့ရတယ်။
သားတော် မြေးတော်များနှင့် ခွဲရလို့ ကြေကွဲဝမ်းနည်းမိသော်လည်း သမီးတော် မျက်နှာကို ဖူးမြင့်ခွင့်ရနေသေးလို့ တန်သလောက် စိတ်အေးရပါတယ်။ ယခု တခါသမီးတော်ကပါ ကြွမည် ဆိုပြန်တော့ ခမည်းတော်လည်း မကြံတတ်တော့ ဘူး။ ကဲ…မောင်မင်းများပဲ စဉ်းစားပေးကြပါဦး”

သံတမန်များဘက်သို့ လှည့်၍ မိန့်တော်မူရာ မဖြစ် ဖြစ်သည့်နည်းဖြင့် အရှင်ဘက်က ရပ်တည်၍ အကြံအစည်အောင်အောင် ကြံဆောင်မည်ဟု အားခဲ ထားသော အရိဋ္ဌလည်း သံယောဇဉ်ကိစ္စဖြစ်၍ မည်သို့မျှ ကြားမဝင်ဝံ့ ရှိလေ၏။
သို့နှင့် အရိဋ္ဌအမတ်လည်း အရှင်မ,မျက်နှာကိုသာ အားကိုးသော အမူအရာဖြင့် လှမ်းကြည့်နေတော့သည်။ အရှင်မကလည်း--

"

“ခမည်းတော် မင်းမြတ်၊ မောင်တော်ဘုရား၏ အမိန့်တော် အာဏာကို ငြင်းဆန်ရန် ဝန်လေးလှပါတယ်၊ မောင်တော်ဘုရားကို အကြောင်းပြု၍ သီဟိုဠ် ကျွန်းမှာ အမျိုးသားများ သာသနာ့ဘောင်ဝင်ခွင့် ရကြသော်လဲ အမျိုးသမီး များမှာ သာသနာဘောင်ဝင်လိုပါလျက် အခွင့်မရ၊ အားငယ်လျက် ရှိနေရှာကြ ပါတယ်၊ ယခုမူ သမီးတော်အလာကို သေချာစောင့်မျှော်နေရှာကြတဲ့ အမျိုး သမီးဖျားလဲ ရှိနေကြလို့ သမီးတော်ကြွမှ သင့်ပါလိမ့်မယ် ခမည်းတော်”ဟု မိန့်ကြားလေလျှင် မင်းကြီးမှာ အတန်ကြာ စဉ်းစားပြီးမှ’

"

“ကောင်းပါပြီ သမီးတော်၊ မြတ်စွာဘုရားရှင်ရဲ့ မရွှေမျက်နှာနှင့် ဗျာဒိတ် တော်ကိုခံယူ၍ သားတော်ကြီးနှင့် အကြည်တော် ဒေဝါနံမိယတိဿ တို့ရဲ့ ဩဝါဒနှင့် သဒ္ဓာတရား၊ သီဟိုဠ် ကျွန်းသူ ကျွန်းသားတို့ရဲ့ အကျိုးကိုမြှော်ကိုးပြီး သမီးတော်အား အနားက မခွာစေလိုသော်လဲ ခမည်းတော လိုက်လျောပါ့မယ်၊
ဒက္ခိဏသာခါ မဟာဗောဓိပင်ကိုပင့်ပြီး သမီးမၻာ် သာသနာပြုကြွရန် စီစဉ်ပေး ပါ့မယ်”ဟု ကတိပြုတော်မူလိုက်ရာ အားလုံး သာဓုခေါ်ကြလေသည်။

## PAGE 89
<!-- 8 paragraphs, raw extraction -->



မင်းကြီး၏ အာရုံနိမိတ်နှင့် မဟာဗောဓိဗျာဒိတ်တော်


အသောကမင်းကြီးသည် သီဟိုဠ်ကျွန်းသို့ ပရိဘောဂစေတီ ဗောဓိပင် ဒက္ခိဏာသာခါ လက်ျာတောင်ကိုင်းကို ပို့လှူရန် နယုန်လကတည်းက စိတ်ထဲ၌ အာရုံပေါ်နှင့်လေသည်။ (ဘုန်းကံနှင့်သဒ္ဓာတရားကို သတိပြုပါ။) သို့သော်လည်း စေတီထိုက်သော မဟာဗောဓိပင်ကိုင်းကို ဖြတ်လျှင် ဘုရားရှင်အား သွေးစိမ်း တည်အောင် ပြုလုပ်သော(လောဟိတုပ္ပာဒက) ကံနှင့်တထပ်တည်း အပြစ်ကြီးလေး သဖြင့် မည်သို့လုပ်ရမည်မသိ၊ ဝန်လေးနေခဲ့၏။ (ဤနေရာ၌ မဟာဝံသအလို သံအဖွဲ့ကို ဝါတွင်းကပင်စေလွှတ်၍ သံအဖွဲ့ ရောက်မှ ဒက္ခိဏသာခါကို မင်းကြီး ပူဇော် ပင့်ဆောင်ရကြောင်း လာသည်။ ပါရာဇိကကဏ္ဍ အဋ္ဌကထာနှင့် မညီ၊
ဘုန်းကံပါရမီ နှိုးဆော်မှုအဓိပ္ပာယ်လည်း လျော့ပါးစေနိုင်သဖြင့် အဋ္ဌကထာအရ ပြလိုက်သည်။)

[ဤနေရာ၌ အထူး သတိပြုကြရန် ပြဆိုဦးအံ့။ ဗောဓိပင် ဟူသည် ပရိဘောဂ “ဘုရားရှင်၏ အသုံးအဆောင် `စေတီထိုက်၏၊
ချိုးဖဲ့ဖျက်ဆီးလျှင် ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုသော “လောဟိတုပ္ပာဒက ကံကြီးကဲ့သို့ အပြစ်ကြီးလေးလှသည်။သေလျှင် အဝီစိသို့ မုချ ကျခံရသည်။

ကာလိင်္ဂ ဗောဓိဇာတ်'တော်၌ ကောင်းကင် ပျံသွားသော ဆင်အာဇာနည်ကြီးသည် အောက်မြေပြင် ဗောဓိပင်ရှိရာ အထက် ဖြတ်သန်းမသွားဝံ့၍ အသက်ကိုသာ စွန့်သွားကြောင်းလာ၏။
ထိုမျှလောက် အထွတ်အမြတ် ပြုကြရသည်။ရှေးအခါက ရှင်ဘုရင် တပါး ဆင်တော်စီး၍ ဆရာဘုန်းတော်ကြီးကျောင်းသို့ အလာ ဆင်သည် ဗောဓိပင်ကိုစားရန် လက်မောင်းတင်၍ “မစားစေ ချင်လျှင် ငါ့အရှင် ဘုရင်မင်းက တားလိမ့်မည်”ဟု အကဲစမ်းရာ ရှင်ဘုရင်က “မစားစေချင်လျင် အရှင်ဖြစ်သော ဘုန်းတော်ကြီးက တားလိမ့်မည်”ဟု အောက်မေ့နေသဖြင့် မည်သူကမျှ မတား၍ စားလေ၏။သေသောအခါ ဆင်ကအထက်က၊ ဘုရင်ကအလယ်က ဘုန်းတော်ကြီးက အောက်ဆုံးက အဝီစိ ကျခံရသည်ဟုလည်း ဆိုထုံးရှိလေသည်။

ဗောဓိပင်ကို၊ ဓာတ်တော်ကိုပူဇော်၍ နိဗ္ဗာန်အထိ အကျိုးရပုံ အပဒါန်ပါဠိတော်တို့၌ များစွာလာ၏။ ဓာတ်တော်ကို လူသေ ကောင်၊ အရိုး စသည် ကဲ့ရဲ့၍ ပြိတ္တာဖြစ်ရကြောင်း “ဓာတုဝိဝဏ္ဏ

## PAGE 90
<!-- 11 paragraphs, raw extraction -->




ပေတ ဝတ္ထု’များလည်း အထင်အရှားပင်။ သာသနာတော်၌ ဘုရားရှင် ကိုယ်တော်မှဖြစ်သော(သာရီရိက)ဓာတ်တော် မွေတော် နှင့် ဗောဓိပင်(ပရိဘောဂစေတီ)တို့ မည်မျှ အရေးပါကြောင်း ဤသီဟိုဠ် သာသနာဝင်ကလည်း ဖော်ပြလျက်ရှိလေပြီ၊ သတိ ကြပ်ကြပ် မူကြပါကုန်။]

မင်းကြီးသည် မိမိ၏ဆန္ဒနှင့် သံသယကို အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ် မြတ်အား လျှောက်ထားသောအခါ မြတ်စွာဘုရားရှင် မဟာပရိနိဗ္ဗာန် စံခါနီး ထားတော်မူခဲ့သော ဗျာဒိတ် အဓိဋ္ဌာန်တော် ငါးချက်ကို ဟောပြတော်မူရာ မင်းကြီး လွန်စွာ သဒ္ဓါကြည်ညိုစိတ် ဖြစ်ပွားလေ၏။

၁။ ငါဘုရား ပရိနိဗ္ဗာန် စံပြီးသောအခါ ငါ၏ သာသနာသည် သီဟိုဠ်ကျွန်း၌ ထွန်းကားလတ္တံ့ ၊ ထိုအခါ မဟာဗောဓိ သီဟိုဠ်၌ တည်စေရန် ဓမ္မာသောကမင်းကြီးသည် မဟာဗောဓိပင်မှ ဒက္ခိဏ သာခါကို ဆောင်ယူလတ္တံ့၊ ထိုအခါ ဒက္ခိဏသာခါ (လက်ျာ တောင်ကိုင်း)သည် ဆေးဒန်းမြင်းသီလာ သားရာအရပ်မှအလိုလို ပြတ်ကာ ရွှေအိုး၌ တည်စေသတည်း။

၂။ ရွှေအိုး၌ တည်ပြီးလျှင် မူလအပင်ကဲ့သို့ အမြစ် အသီးအရွက် အညွန့် ထွက်၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ခုနစ်ရက်ပတ်လုံး ဆီးနှင်း တိမ်တိုက်၌ တည်စေသတည်း။

၃။ ခုနစ်ရက် လွန်သောအခါ ရွှေအိုး၌ သက်ဆင်း တည်လာပြီးလျှင် သီးပွင့်ခက်ရွက်တို့ မြှေး ရှက် တင့် တယ် စွာ ခြောက် ဖြာ သေခ ရောင်ခြည်ကွန်ရက်တို့ ထွက်ပေါ် မြူးကွန့်စေသတည်း။

၄၊ ၅။ (ထူပါရုံနှင့် မဟာစေတီအတွက် အဓိဋ္ဌာန် ပြခဲ့ပြီ။) မင်းကြီးသည် မထေရ်မြတ်၏ အဓိဋ္ဌာန်တရားကို နာကြားရသောအခါ အလွန် သဒ္ဓာကြည်ညိုသည်ဖြစ်၍ ဘဏ္ဍာတော်မှ ရွှေများကို ပန်းထိမ်သည်တို့အား အပ်နှံလျက် ဗောဓိပင်စိုက်ပျိုးရန် ရွှေအိုးကြီးကို သွန်းလုပ်စေ၏။

ရွှေအိုးမှာ မျက်နှာဝ အချင်းသုံးတောင်၊ အဝန်းကိုးတောင်၊ အစောက် ငါးတောင်၊ အထု ရှစ်လက်သစ်၊ အနားနှုတ်ခမ်းလုံးမှာ ဆင်ပေါက်နှာမောင်းခန့် ရှိ၏။

ပါဋလိပုတ်နေပြည်တော်မှ မဟာဗောဓိအထိ ခုနစ်ယူဇနာခရီးကို ဝဲယာ မွမ်းမံ၍ ရဟန္တာအရှင်မြတ်တထောင်၊ စစ်အင်္ဂါလေးပါး အတီးအမှုတ်များဖြင့် ခမ်းနားကြီးကျယ်စွာ ထီးဆောင်းမင်းပေါင်း တထောင်ခြံရံလျက် ထွက်တော် မူကြီး ထွက်တော်မူ၏။

## PAGE 91
<!-- 12 paragraphs, raw extraction -->



မင်းစည်းစိမ်ဖြင့် သုံးကြိမ် ပူဇော်ခြင်း


မင်းကြီးသည် ဗောဓိပင်ကို မော်ကြည့်လေလျှင် ပင်စည်နှင့်တောင်ဘက်သို့ သွားသော လက်ျာကိုင်း၏ အရင်းပိုင်း လေးတောင်ခန့်မျှကိုသာ ဖူးမြင်ရ၏။
ကျန်သော အကိုင်းခက်ရွက်များ အားလုံး မျက်စိအမြင်၌ ပျောက်ကွယ်သွား လေ၏။ (စတုဟတ္ထကို လေးမိုက်ဟုလည်း ယူသော် ရနိုင်ပေရာ၏။)သစ္စာအဓိဋ္ဌာန် ပြုကာ နံ ့သာရေသွန်းမှ ပင်လုံးကျွတ် ဖူးမြင်ရသည်။ ဝမ်းသာ ကြည်နူးလှ၍ မင်းစည်းစိမ်ဖြင့် ပူဇော်လေ၏။

တောင်ဘက်သို့သွားသော (ဒက္ခိဏသာခါ = လက်ျာကိုင်း)လေးတောင် ခန့်နေရာ၌ သစ္စာဓိဋ္ဌာန်ကာ ဆေးဒန်းမြင်းသီလာရည်ကို ရတနာရွှေစုတ်ဖြင့်ယူ၍ လှည့်ပတ်ရစ်သားလိုက်လျှင်ပင် ဒက္ခိဏသာခါ လက်ျာကိုင်းတော်သည် အလိုလို ပြတ်ကာ နံ့သာညွန်ပြည့်သော ရွှေအိုးကြီး၌ တည်လာ၏။

အချိန်မှာ သီတင်းကျွတ်လပြည့်နေ့ ညနေချမ်းအချိန် ဖြစ်လေသည်။
ပင်စည်အမြင့် ဆယ်တောင်၊ ခက်မငါးဖြာ လေးတောင်စီ အသီးကြီး ငါးလုံး၊ တထောင်သော အခက်ငယ်တို့ဖြင့် တင့်တယ်လျက်ရှိရာ ပင်စည်အခြေမှ စ၍ လက်လေးသစ်၊ သုံးသပ် ဆေးဒန်းမြင်း သီလာဖြင့် ရပ်၍ရစ်၍ ပေးလိုက်ရာ ချက်ချင်းပင် အမြစ်များလက်လေးသစ်ခန့် ဆင့်ကာဆင့်ကာ အမြွာမြွာထွက် လာ၏။အထက်ဆုံးအရစ်မှ ထွက်လာသောအမြစ်မြွှာတို့ကား ရွှေအိုးကြီး နှုတ်ခမ်း ပတ်လည်၌ ပုလဲကွန်ရက်အုပ်သကဲ့သို့ ကုပ်လျက် ရစ်ဖွဲ့ နေကုန်၏။

မင်းကြီးလည်း အသံကုန် ဟစ်အော်၍ ကြွေးကြော်လိုက်ရာ မထေရ်ကြီး များမှအစ ရဟန်းရှင်လူ ပရိသတ်ကြီး၏ သာဓုသံမှာ ခြိမ့်ခြိမ့်ညံ့လေတော့ သည်။ ဘုမ္မစိုးနတ်များမှစ၍လည်း ဆင့်ကာ ဆင့်ကာ ကောင်းချီးညာသော ဩဘာ သာဓုသံကြီးမှာ ဗြဟ္မာ့ပြည်မဆံ ့ ရိုက်ခတ်သွားလေတော့၏။

"

သက်မဲ ဖြစ်သော မဟာပထဝီ မြေကြီးလည်း ငလျင်တော်လည်း ပဲ ့တင် ဟည်း၍ ကောင်းချီးသာဓုပေးလေ၏။ မိုးကောင်းကင်နှင့် တောတောင် အရပ်ရပ် တို့မှလည်း စောင်းငြင်းပတ်သာ တုရိယာသံများ ကြားကြရကုန်၏။

ထိုသို့ ရှိခိုးပူဇော်နေကြခိုက် ဒက္ခိဏသာခါ မဟာဗောဓိပင်တော်သည် ရောင်ခြည်တော်ခြောက်သွယ် ယှက်လှယ်မှူးကွန့်၍ တိမ်ညွှန့်ဆီးနှင်း ကောင်းကင် တွင်းသို့ ချက်ချင်း တက်ပျံ၍ ကြွတော်မူ၏။ ခုနစ်ရက်ရှိမှ ရွှေအိုး၌ .. သက်ဆင်း တည်နေတော်မူသည်။ မင်းကြီးလည်း ခုနစ်ရက်တိုင်တိုင် မဟာဗောဓိ၌ မင်းစည်း စိမ်ဖြင့် ပူဇော်လေ၏။

1

## PAGE 92
<!-- 10 paragraphs, raw extraction -->




သီတင်းကျွတ် လကွယ်နေ့ ပါဋလိပုတ် နေပြည်တော်အရောက် နေ့ချင်း ပေါက် ပင့်ဆောင်၍ မြို့တော်အရှေ့အင်ကြင်းပင်ရိပ်၌ထားကာ ရွှေအိုးအိုး များဖြင့် ရေချမ်းသွန်းစေလျက် နေ့စဉ်ပူဇော်လေသည်။ တန်ဆောင်မုန်းလဆန်း သုံးရက်နေ့တွင် အညွန့်သစ်များ ထွက်ပေါ်လာပြန်သဖြင့် မင်းကြီးသဒ္ဓာကြည်ညို ကာ မင်းစည်းစိမ်ဖြင့် ပူဇော်ပြန်လေသည်။

မြေးတော်သုမနသာမဏေ ဓာတ်တော်ပင့်ရန် ပါဋလိပုတ်နေပြည်တော်သို့ တန်ဆောင်မုန်းလပြည့်နေ့ ကောင်းကင်မှ ကြွလာသောအခါ ဒက္ခိဏသာခါ ပူဇော်ပွဲကို တွေ့ကြုံ ဖူးမြော်သွားခဲ့ရလေသည်။

(မဟာယာနဗုဒ္ဓဘာသာဝင်တို့သည် မြင့်မြတ်သော ရဟန်း၊
(ဝါ)ဦးပြည်းဖြစ်သော ဘုရားရှင်အား နတ်ဖြစ်လေဟန် မင်းဖြစ် လေဟန် အချွန်အတက် ဘယက်ဒွာဒရာ တန်ဆာ အမျိုးမျိုး ခြယ်လှယ်၍ ချီးကျူးသလိုလိုနှင့် လမ်းဖဲသွားနေကြရာ ထေရ ဝါဒီတို့လည်း ရောယောင်၍ ပါနေကြ၏။

“ဒက္ခိဏသာခါ” ဟု ဆိုကာ ကြာဖက်ကို ဦးခေါင်း၌ ရွက်စေ၍ . မှိုကိုးချက်ရိုက်ခြင်း၊ ဝါ-သံကိုးချောင်း ရိုက်ခြင်း စသည်ဖြင့် ရူပအစိန္တေယျဖြစ်သော ဘုရားရှင်အား လောကီ အစီအရင်များ . ဖြင့် ကမ္ဘာပေါ်တွင် အရုပ်အဆိုးဆုံးရုပ်တုတော်အဖြစ် ဖန်တီး ထိုးနှက်လာသည်ကိုလည်း ထေရဝါဒီ အချို့သည် လောကီနှင့် အထူးအဆန်းကိုငဲ့၍ လမ်းဖဲ ့လိုက်ပါနေကြပြန် လေသည်။
ကြပ်ကြပ်သတိပြုတော်မူကြပါကုန်။)

အ သောကမင်းကြီး သောကနှင့် ကျန်ရစ်ခြင်း

အသောကမင်းကြီးသည် သီဟိုဠ်သို့ သာသနာပြုကြမည့်သမီးတော် သင်္ဃ မိတ္တာနှင့် ရဟန္တာအရှင်မ, တကျိပ်တဦးတို့ကို လည်းကောင်း၊ အရိဋ္ဌအမတ် ဦးစီး သော ဓမ္မဒူတသီဟိုဠ်သံအဖွဲ့ ဝင်များကိုလည်းကောင်း နန်းတော်သို့ပင့်၍ ဒက္ခိဏ သာခါမဟာဗောဓိပင်အပ်ပွဲ ကျင်းပ၏။ သီဟိုဠ်အထိ လိုက်ပါမည့် ဗောဓိပင်ပြုစု စောင့်ရှောက်ရေးအဖွဲ့ကိုလည်း တပါတည်း ဖွဲ့စည်းအပ်နှံလိုက်သည်'။

မင်းကြီးသည် သီဟိုဠ်ကျွန်းသို့ နယုန်လမပြည့်မီကတည်းက ဗောဓိပင်တဆူ ပို့ လှူရန် အာရုံညွတ်မိသည်မှအစ အဘယ့်ကြောင့် ဗောဓိပင်ကို ယခုကဲ့သို့ကြည်ညို ပူဇော်နေရပုံ၊ သာသနာ့ကံ, မိမိကံ၏ အစီအမံများကိုတံမျှော်တခေါ် စဉ်းစား

## PAGE 93
<!-- 10 paragraphs, raw extraction -->




ကာ ကံတရား၏အစီအမံကို အပြည့်အစုံမသိသော်လည်း လုပ်ထိုက်၍ လုပ်နေရ ကြောင်း ဝမ်းသာ၍မဆုံး ရှိရလေ၏။

မင်းကြီးသည် ကြီးစွာသော သာသနာ့ အဆောင်အယောင်၊ မင်းခမ်း မင်းနားဖြင့် (ပစ္စုနားခေါ်) ပါဋလိပုတ်နေပြည်တော်မှ မြောက်အရပ် ယမုနာ, အစိရဝတီ, မဟီ, သရဗူ မြစ်လေးစင်းတို့၏ဆုံစည်းရာ ဂင်္ဂါဟု ခေါ်တွင်သော မြစ်သို့ ဗောဓိပင်ကိုပင့်ဆောင်ကြလေ၏။ ဂင်္ဂါမြစ်သို့ရောက်လျှင် လှေတော်ဦး၌ ဗောဓိပင်၊ အရှင်မ သင်္ဃမိတ္တာနှင့်အဖွဲ့ ၊ အရိဋ္ဌနှင့် သံအဖွဲ့များကို မိမိနှင့်အတူ စီးစေ၍ သာသနာပြုခရီး စတင်ခဲ့ကြလေသည်။

လှေတော်များသည် ဝိဉ္စ၂ာဝီခေါ်သော တောအုပ်တောင်တန်းကြီးကို ရစ်ဝဲ၍ ခုနစ်ရက်တိုင်တိုင် သွားကြရ၏။ ထိုတောင်တန်းကြီးတွင် မိုင်ပေါင်း နှစ်ရာကျော်လုံးလုံးမှာ ဇမ္ဗူဒိပ်ကျွန်း၏ တခုတည်းသော ကမ္မဋ္ဌာန်းရိပ်သာကြီး အဖြစ် အဿဂုတ္တမထေရ်ကြီး ဦးစီးညွှန်ပြ၍ သီတင်းသုံးရာဌာန ဖြစ်ပေသည်။
[အသောကမင်းကြီးမယ်တော်ဓမ္မာမိဖုရားကြီး၌ ကိုယ်ဝန်သန္ဓေ

အာ

ရှိစဉ်ကပင် “မြေအောက်တယူဇနာ၊ကောင်းကင်တယူဇနာ ဏာစက်ပျံ့နှံ့၍ မိစ္ဆာအယူအားလုံးကို ချေမှုန်းကာ ဘုန်းတန်ခိုး ကြီးမား၍ ဘုရားရှင် သာသနာတော်ကို ကြည်ညို အားပေမည့် တရားမင်း ဖွားသန့်စင်လိမ့်မည်”ဟု နိမိတ်ဖတ်ခဲ့၍ မင်းအပူဇော် ခံရန် ထမ်းစင်ဖြင့်အလာ အဿဂုတ္တရဟန္တာ အရှင်မြတ်ကြီးနှင့် တွေ့၍ ရဟန္တာဖြစ်တော်မူသွားသော ဗိန္ဒုသာရမင်းကြီး၏ဆရာ ဇနသာနအာဇီဝက ဆရာကြီးလည်း ထိုဝိဉ္စာတောင်တန်းကြီး ၌ပင်ရှိနေပေမည်။ အဿဂုတ္တမထေရ်ကြီးအကြောင်း အခန်း-၄ ရှူပါ။

ဂင်္ဂါမြစ်မှလာသော ဒက္ခိဏသာခါလှေတော်များသည် ခုနစ်ရက်ကြာလျှင် “တမလ=တာမလိတ္တိ”ခေါ်(ယခုအခါ ကာလကတ္တားမြို့) ပင်လယ် ဆိပ်ကမ်းသို့ ဆိုက်ရောက်ကြလေသည်။ တာမလိတ္တိ ပင်လယ်ဆိပ်ကမ်း၌ ခုနစ်ရက်ပတ်လုံး သုံးကြိမ်မြောက် မင်းစည်းစိမ်ဖြင့် ပူဇော်၍ အဘိသိက်သွန်းလေ၏။
ထိုနေ့ကား နတ်တော်လဆန်း ၁-ရက်နေ့ဖြစ်၏။

သင်္ဃမိတ္တာအမှူးရှိသော ရဟန္တာထေရီမကြီးများနှင့် သံအဖွဲ့ ့ဝင်များ၊
ဗောဓိပင်အမှုထမ်းများအားလုံး သီဟိုဠ်ကျွန်းသို့ကူးမည့် ပင်လယ်ကူးသင်္ဘော လှေကြီးပေါ်သို့ ကူးပြောင်းတက်စီးကြ၏။ မင်းကြီးလည်း မင်းချင်းများနှင့် အတူ ဒက္ခိဏသာခါ လှေတော်ကို ပင်လယ်ကူးသင်္ဘောကြီးအနီးသို့ ဆိုက်ကပ်၍

## PAGE 94
<!-- 16 paragraphs, raw extraction -->

i


၅ဝ


ဗောဓိပင်တော်ကို ကူးပြောင်းတင်ပို့ရာ၌ သမုဒ္ဒရာရေတွင်း လည်းပင်းနစ်မျှ သက်ဆင်းလျက် လက်အုပ်ချီကာ လိုက်ပါတော်မူလေ၏။ သင်္ဘောကြီးပေါ်သို့ ဗောဓိပင်တော်ကို ကူးပြောင်းတင်ဆောင်ပြီးလျှင် သင်္ဘောထွက်မည်ရှိသောအခါ အရိဋ္ဌအမတ်သည် မင်းကြီးအား လက်အုပ်ချီ၍ နှုတ်ဆက်လေ၏။

လှမ်း၍’

"

မင်းကြီးလည်း ဗောဓိပင်တော်အား ရှိခိုးလျက် အရိဋ္ဌအမတ်အား ရေထဲမှ

“အမောင်အရိဋ္ဌ…၊ ငါကိုယ်တော်မြတ်သည် ဗောဓိပင်တော်ကို မင်းစည်း စိမ်ဖြင့် သုံးကြိမ်တိုင်တိုင် ပူဇော်ခဲ့ပြီးပြီ၊ ငါရဲ့အကြည်တော် ဒေဝါနံပိယတိဿ မင်းလည်း ငါကဲ့သို့ပင် သုံးကြိမ်ပူဇော်ပါစေ။ အမောင့်အရိဋ္ဌ... ငါကိုယ်တော် မြတ်သည် ဗောဓိပင်တော်ကို သမုဒ္ဒရာရေအတွင်း လည်ပင်းနစ်အောင်ဆင်းပြီး လိုက်ပါပူဇော်သလို ငါရဲ့အကြည်တော်လဲ ရေမှာဆင်းပြီး ကြိုဆို ပူဇော်ပါစေ အမောင်”ဟု ပြုံးရွှင်စွာ မှာကြားတော်မူ၏။

ထိုအခိုက်သမုဒ္ဒရာလှိုင်းများ တိတ်ကာ ငြိမ်သက်လျက်ရှိ၏။ ရုတ်တရက် ထူးဆန်းစွာကြာမျိုးငါးပါးတို့လည်း ပွင့်ပေါ်လာကြ၏။ ကောင်းကင်တခိုမှ နတ်တုရိယာ စောင်းငြင်းသံများလည်း ကြားကြရလေသည်။

သမီးတော်သင်္ဃမိတ္တာ ရဟန္တာထေရီမကြီးမှာ တည်ငြိမ်စွာ မင်းကြီး မြင်လောက်သောနေရာသို့ ကြွတော်မူ၍ သင်္ဘောအစွန်၌ရပ်တော်မူလျက်-

“ခမည်းတော် သာသနဒါယကာမင်းကြီး သက်ရှည် ကျန်းမာပါစေ၊
ခမည်းတော်မင်းကြီး၊ သမီးတော်တို့သွားပါတော့မည်” မေတ္တာနှုတ်ခွန်း ဆက် တော်မူ၏။ မင်းကြီးလည်း ဗောဓိပင်နှင့်တကွ သမီးတော်များအား လက်အုပ်ချီ နှုတ်ဆက်ကာ စကားတုံ ့မျှမပြန်နိုင်ရှာတော့ပဲ မျက်ရည်များ ဝဲလျက် မျက်လုံး ရွဲ့ကြီးဖြင့် တွေတွေကြီး ကြည့်နေရှာလေ၏။

ပင်လယ်ကူးသင်္ဘောကြီးမှာ တရိပ်ရိပ်ထွက်ခွာစပြုနေ၏။

သာသနဒါယကာ … ဓမ္မာသောက မင်းတရားကြီးကား သားတော်၊
မြေးတော်၊သမီးတော်တို့နှင့် နောက်တဖန်ပြန်လည်၍ တွေ့ဆုံရန် အခွင့်မသာ၊
ဤအခါသည် နောက်ဆုံးဖူးတွေ့ရခြင်းဖြစ်သည်ကို မသိရှာပေ။ သမီးတော် သင်္ဃ မိတ္တာမှာမူ ထိုအကြောင်းကိုသိမြင်တော်မူမည်သာဖြစ်၏။ခမည်းဘော်ကြီးအတွက် မေတ္တာပွားလျက်သာ လိုက်ပါတော်မူလေ၏။

မင်းတရားကြီးကားရေထဲမှနေ၍မျက်စိတဆုံးမျှော်ကြည့်ကာကြည့်၍မမြင် ရတော့မှပင် ပါးပြင်ပေါ်သို့မျက်ရည်များ ကျလာသော်လည်း အားယူအံ ကြိတ်လျက်က---

1

## PAGE 95
<!-- 11 paragraphs, raw extraction -->


"



“ဂစ္ဆတိဝတရေ… သက်တော်ထင်ရှားမြတ်စွာဘုရားကဲ့သို့ ခြောက်ပါး သော ရောင်ခြည်တော်သခင် ဗောဓိပင်တော်ဟာ..ခုတော့...ငါတို့ကိုပစ်...ထား ခဲ့ပြီးကြွသွား…တော်မူပါလေပြီကော..”ဟု ဟစ်အော်ငိုကြွေးယင်း တာမလိတ္တိ ကမ်းထိပ်တွင် လွမ်းစိတ်ကို ဖြေမဆည်နိုင်ရှာတော့ပဲ ခွေယိုင်လဲကျ၍ ကျန်ရစ် ရှာလေဘော့၏။

သင်္ဃမိတ္တာထေရီမကြီးသည် လမ်းခရိုးအကြား၌ နဂါးတို့ရန်ကိုတန်ခိုးဖြင့် ကာကွယ်ကာ. ဒက္ခိဏသာခါကိုပင့်ဆောင်စဉ် နဂါးမင်းတို့တောင်းပန်၍ခုနစ်ရက် ခွင့်ပြုတော်မူခဲ့၏။ခုနစ်ရက်မြောက် ဗေဓိပင် သင်္ဘောပေါ်သို့ ပြန်ရောက်သော နေ့မှာပင် သီဟိုဠ်ကျွန်း၊ဇမ္ဗူကောလဆိပ်ကမ်းသို့ ဆိုက်ရောက်တော်မူ၏။

ဗောဓိပင် တန်ခိုးကြောင့် ရဟန္တာ တထောင်တိုး

ဒေဝါနံပိယတိဿမင်းကြီးလည်းနတ်တော်လဆန်း၁-ရက်နေ့မှစ၍အနုရာဓ မြို့တော်မြောက်တံခါးမှ ဇမ္ဗူကောလဆိပ်အထိ ခမ်းနားကြီးကျယ်စွာ မွမ်းမံ ပြင်ဆင်တော်မူစေ၏။

မြို့တော် မြောက်ဘက်တံခါးမှ ထွက်တော်မူကာ “ရောက်ခဲလှသည်'ဟု တံခါးအနီးကပင်အကြိမ်ကြိမ်မျှော်လင့်ရှုစားတော်မူရာ ရှင်မဟာမဟိန္ဒ မထေရ် မြတ်၏ တန်ခိုးတော်ကြောင့် ပင်လယ်တွင်းမှ လာနေသော သင်္ဘောလှေတော်ကို (မှန်ဘီလူး၊ ရေဒါ၌ပေါ်ထင်သကဲ့သို့) အဝေးကပင် မြင်ရလေသည်။ မင်း ကြီးလည်း ဝမ်းသာအားရ ခရီးလမ်းတလျှောက် ပန်းမျိုးစုံ ကြဲဖြန့်ကာ ဝဲယာ ကာရံ၍ ပန်းစေတီများတည်ထားလေ၏။ တီးမှုတ်ကခုန်၊ မွှေးမျိုးထုံလျက် မကြုံ စဖူးသော အခမ်းအနားဖြင့် သင်္ဘောဆိပ်အရောက် နေ့ချင်းပေါက် ကြိုဆိုရန် ချီတော်မူလေသည်။

သင်္ဘောဆိုက်လုရှိလျှင် လည်ပင်းနစ်မျှ ရေ၌ဆင်း၍ ဗောဓိပင်တော်ကို ဦးခေါင်းဖြင့်ရွက်၍ မဏ္ဍာပ်သို့ပင့်ဆောင်၏။ မဇ္ဈိမဒေသမှပါလာသော အဖွဲ့ဝင် များလည်း ပိုင်းကူမ၍ ချပေးကြသည်။ သင်္ဃမိတ္တာနှင့်တကွ ထေရီမကြီးများ အားလည်း ဝမ်းသာအားရ နှုတ်ဆက်ကန်တော့လေ၏။ အနုဠာဒေဝီ စသော ယောဂီမ တထောင်တို့လည်း ဝမ်းသာမဆုံးကြချေ။

မင်းကြီးလည်း ဗောဓိပင်ပင့်ဆောင်လာသော အဖွဲ့ ဝင် မဇ္ဈိမဒေသအမျိုး သားများအား မင်းစည်းစိမ်သုံးရက်ပေးကာ မိမိမှာမူ တံခါးစောင့် လုပ်၍ပင် ပူဇော်လေသည်။

## PAGE 96
<!-- 10 paragraphs, raw extraction -->


၅..


နတ်တော်လဆန်း ဆယ်ရက်နေ့တွင် သင်္ဘောဆိပ်မှ အနုရာဓနေပြည်တော် အရွှေ့မျက်နှာ, သာယာသော မြေအရပ်သို့ ပင့်ဆောင်စေ၏။ အရှင်မဟာမဟိန္ဒ အမှူးရှိသော ရဟန်းတော်များ, သင်္ဃမိတ္တာ အရှင်မ အမှူးရှိသော ရဟန်းတော်မ တကျိပ်တပါးတို့ကို အမှူးထား၍ လာသမျှ ပရိသတ်တို့အား ကျွေးမွေးပြီးလျှင် မြတ်စွာဘုရားရှင် သီဟိုဠ်ကျွန်းသို့ ကြွလာတော်မူစဉ်က သမာပတ် ဝင်စားတော် မူရာ ဌာနတို့၌ ဗောဓိပင်တော်ကို စေ့ငအောင် ကိန်းဝပ်တော်မူစေ၏။

နတ်တော်လဆန်း ၁ ၄-ရက်နေ့ မှုန်းလွဲချိန်သို့ရောက်လျှင် မြို့တော်မြောက် တံခါးသို့ ပင့်ဆောင်၍ မြို့လယ်သို့ရောက်လျှင် တောင်ဘက်တံခါးမှ ထွက်ကာ ထူပါရုံစေတီ၏ အနောက်မျက်နှာ မဟာမေဃဝန် ဥယျာဉ်တွင်းသို့ ပင့်ဆောင် ကြသည်။ သုမနသာမဏေ ညွှန်ကြားချက်အရ ရှေးဘုရားရှင် သုံးဆူတို့၏ ဗောဓိ ပင် တည်ရှိဖူးရာ ဌာနသို့ ဆက်လက်ပင့်ဆောင်ရ၏။ သာမဏေပြသော နေရာသို့ ရောက်လျှင် မချီသော အမျိုးသား တကျိပ်ခြောက်ဦးတို့သည် လက်မှ ရွှေအိုး ကြီးကို လွှတ်လိုက်ကြ၏။

လက်မှ လွှတ်လိုက်သည်နှင့် တပြိုင်နက် ဗောဓိပင်တော်သည် အတောင် ရှစ်ဆယ်ခန့် အရပ်သို့ရောက်အောင် ကောင်းကင်သို့ပျံတက်ကာ ရောင်ခြည်တော် များ ကွန့်မြူးထွက်ပေါ်၍ အပူဇော်ခံတော်မူ၏။

ရောင်ခြည်တော်တို့သည် နေဝင်သည့်တိုင်အောင် ဗြဟ္မာ့ပြည်အထိ ကွန့်မြူး လေရာ လွန်စွာ ဝမ်းမြောက် ကြည်နူး ဖူး၍မဝ ရှိကြရလေ၏။ နေဝင်သော အခါတွင်မှ ကောင်းကင်က သက်ဆင်းကာ မြေ၌တည်လှာ၏။မြေ၌ တည်လှာ ကိန်းဝပ်သည်နှင့် မြေကြီး သိမ့်သိမ့်လှုပ်ကာ တရာသော အမြစ်တို့လည်း မြေ၌ သက်ဆင်းကြကုန်၏။ နှစ်ရက်မြောက်လျှင် ခုနစ်ရက်ပတ်လုံး မိုးကြီးသည်းထန်စွာ ရွာသွန်း၍ ဆီးနှင်းများ ဖုံးလွှမ်းနေသဖြင့် ဗောဓိပင်တော်ကို မဖူးမြော်ကြရ။
ခုနစ်ရက်ကျော်မှသာ ဖူးတွေ့ကြရလေသည်။

.

ဒက္ခိဏသာခါ မဟာဗောဓိပင်၏ တန်ခိုးတော်ကို ဖူးမြော် ကြရသဖြင့် အမျိုးသား တထောင်ခန့် ဝိပဿနာရှုပွားကာ ရဟန္တာဖြစ်၍ ရဟန်းပြုတော် မူကြလေသည်။

ရဟန်းသံဃာ မင်းပရိသတ်များ အစုံအညီ ပူဇော်နေကြစဉ် ဗောဓိပင်၏ သီးမှည့်တလုံး ကြွေကျလာ၏။ မထေရ်မြတ်က မင်းကြီးအား စိုက်ပျိုးရန် ပေးတော်မူသည်။ မင်းကြီး စိုက်ပျိုးစဉ်မှာပင် အပင်ငယ်ရှစ်ပင် ချက်ချင်း ပေါက်ကာ တနေ့တည်းဖြင့် လေးတောင်ခန့် ရှိလေ၏။ ထီးဖြူ ဆောင်းကာ မင်းကြီးကိုယ်တိုင် အဘိသိက်သွန်းတော်မူသည်။. ဇမ္ဗုကောလဆိပ်၊ ထူပါရုံစေတီ အနီး စသော ရှစ်ဌာနတို့၌ စိုက်ပျိုး ပူဇော်တော်မူလေသည်။ ကြွင်းကျန်သော

## PAGE 97
<!-- 10 paragraphs, raw extraction -->



၅. ၃

အသီးမှည့်လေးလုံးမှ ပင်ပျို ၃၂-ပင်တို့ကိုလည်း အနုရာဓ ပတ်ဝန်းကျင် တယူ ဇနာအတွင်းရှိ ကျောင်းများ၌ စိုက်ပျိုးပူဇော်စေလေသည်။

ဓာတ်တော်မွေတော်နှင့် ပရိဘောဂ စေတီဖြစ်သော ဒက္ခိဏသာခါ မဟာ ဗောဓိများ ကြွလာတော်မူသည့် အချိန်မှစ၍ သီဟိုဠ်ကျွန်းမြေ၌ သက်တော် ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကြွရောက်သီတင်းသုံးတော်မူသည့် အလား သာသနာ့အင်အားများ အပြည့်အစုံ ကိန်းဝပ်တော်မူလေပြီ။

[ သီဟိုဠ်သို့ ဗောဓိပင် ပင့်ဆောင်ပုံကို အသောက မင်းကြီး ကိုယ်တိုင် ထိုစဉ်က သက္ကရာဇ် ၁၂၀-ပြည့်နှစ် ထုလုပ်စေသော ရုပ်လုံးများကို သံချီ(သာ)စေတီကြီး၌တွေ့နိုင်သည်။ နှစ်ပေါင်း ၂၂၀၀-ကျော် ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး သစ်ပင်ကြီး အဖြစ်လည်း အပူဇော်ခံလျက် ရှိပေ၏။ နောက်ဆက်တွဲ (ဂ) တွင်လည်း ကြည့်ပါ။ ]

အနုဠာဒေဝီနှင့်တကွ ယောဂီဝတ်၍နေနှင့်ကြသော အမျိုးသမီးတထောင် တို့သည် သင်္ဃမိတ္တာထေရီမကြီး၏ အထံတော်၌ ရှင်မဟာ မဟိန္ဒထေရ်မြတ်၏ ဩဝါဒကိုခံယူ၍ ရဟန်းပြုခွင့်ရကြလေ၏။ ထေရီမများအားလုံး မကြာမြင့်မီပင် ရဟန္တာမကြီးများ ဖြစ်တော်မူကြလေသည်။

ဓမ္မဒူတ ဗောဓိတမန်တော် အရိဋ္ဌအမတ်လည်း အဖော်ငါးရာတို့နှင့်အတူ မင်းကြီးအား ခွင့်ပန်၍ မထေရ်မြတ်အထံတော်၌ ရဟန်းပြုကြရာ မကြာမီပင် ရဟန္တာ ဖြစ်တော်မူကြလေသည်။

သင်္ဃမိတ္တာထေရီမကြီးသည် ဘိက္ခုနီမ တထောင့် တကျိပ် တပါး ခြံရံ၍ သမီးတော်ကျောင်း (ဥပါသိကာ ဝိဟာရ)၌ သီတင်းသုံး၍ အမျိုးသမီး သာသနာ ကို ပြုတော်မူ၏။ မင်းနှင့်ပြည်သူတို့သည် ပြာသာဒ်ကြီး ၁၂-ဆောင်တို့ကိုလည်း ဆောက်လှူ ကြကုန်၏။ ထိုအဆောင်များ၌ ဗောဓိပင် ပင့်သော လှေတော်မှ လင်းယဉ်တိုင်, ထိုးဝါး, တက်မ စသည် တို့ကို ` အသီးသီး ပူဇော်ထား၍ “လင်းယဉ်တိုင် ပြာသာဒ်ကျောင်း” စသည် မှည့်ခေါ်ကြလေသည်။

သင်္ဃမိတ္တာ ထေရီမကြီးသည် ရဟန်းတော် ထေရီမများ တနေ့တခြား များပြားလာ၍ သမီးတော်ကျောင်း၌ ငြီးငွေ့စပြုတော်မူ၏။ တချိန်တည်းမှာပင် မင်္ဂလာဆင်တော်လည်း အနုရာဓမြို့တော်အနီး လှည့်လည်ကျက်စားစဉ် ဆိတ်ငြိမ် အေးချမ်းသော ချောင်းနခမ်းဘေး ဆူးချုံတခု၌သာ စွဲမြဲနေလေ့ရှိသဖြင့် ဆင် ချည်တိုင် လုပ်ပေးထားကြရ၏။ အစာရေစာလည်း မယူမလှမ်း ညှိုးနွမ်း၍သာ နေလေ၏။ မင်းကြီးသည် အရှင်မြတ်အား ထိုအကြောင်းလျှောက်ထားရာ ထိုချုံ အရပ်၌ စေတီတည်စေလိုကြောင်းမိန့်၍ စေတီတဆူတည်ရ၏။

## PAGE 98
<!-- 10 paragraphs, raw extraction -->




မင်းကြီးသည် တနေ့တွင် ထေရီမကြီးအား ဖူးမြော်ရန်သွားရာ ကျောင်း မှာမတွေ့ရပဲ ထိုဆင်ချည်တိုင်ရှိရာ ချောင်းနှုတ်ခမ်းဘေး၌ အေးချမ်းစွာ သမာ ပတ်ဖြင့်နေ့သန့်စင်တော်မူနေသည်ကို ဖူးတွေ့ရလေ၏။ သာသနာရေးကိစ္စများကို ဆွေးနွေးလျှောက်ထားကာ ထိုဆင်ချည်တိုင် စေတီ အနီးမှာပင် အရှင်မအတွက် သီးသန့်ကျောင်းတဆောင် ဆောက်လှူတော်မူလေသည်။ “ဟတ္ထဋ္ဌကဝိဟာရ= · ဆင်ချည်တိုင်ကျောင်း´ဟု ထင်ရှားလေ၏။

သာသနာတော်၏ ပဓာနရေသောက်မြစ်ကြီး

သီဟိုဠ်ကျွန်း၌ ဓာတ်တော် မွေတော် ဗောဓိပင်တော်များနှင့် အတူ အမျိုးသားများရော အမျိုးသမီးများပါ ထေရဝါဒသာသနာတော်ကြီး ဘက်စုံ ထွန်းပ၍ ပရိယတ် ပဋိပတ်ဓုရနှစ်ဖြာ ထမ်းဆောင်တော်မူကြရာ မင်းနှင့်ပြည်သူ တို့လည်း ပစ္စည်းလေးပါး လိုလေသေးမရှိပြုစု ထောက်ပံ့ကြလေသည်။

ကျက်သရေရှိလှသော တခုသော နံနက်ခင်းကာလ မထေရ်မြတ်သည် မင်းကြီးနှင့်အတူ ဗောဓိပင်တော်ကို ဖူးမြော်ရန်ကြွတော်မူ၏။ ပြီးလျှင်အနီး ဝန်းကျင်၌ လှည့်လည်တော်မူစဉ် မင်းကြီးသည် တိုင်းသူပြည်သား အများ သတ္တ ဝါတို့ချမ်းသာရေး အကောင်းဆုံးသော ဘုရားအဆုံးအမ သာသနာတော်ကို အားပေးရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ယင်း မထေရ်မြတ်နောက်မှ လိုက်ပါ

လာ၏။

စေတီကျောင်းကန် သံဃာတော်များအကြောင်းတွေးတောယင်း လိုက်ပါ လာရာ စိတ်ထဲတွင် သာသနာပြုရာ၌ တစုံတခုလိုနေသေးသကဲ့သို့ ဖြစ်လာသဖြင့် မထေရ်မြတ်အား လမ်းသွားယင်း အောက်ပါအတိုင်းလျှောက်ထားမိလေ၏။
မင်းကြီး အရှင်မြတ်ဘုရား...တပည့်တော်များ သီဟိုဠ်ကျွန်းမှာ မြတ်စွာ ဘုရားသာသနာတော်တည်ပါပြီလား အရှင်ဘုရား….။ (ပတိဋ္ဌိတံ နူခေါ ဘန္တေ တမ္ဗပဏ္ဏိဒီပေ သာသနံ။)

မထေရ် ဒကာတော်မင်းကြီး...၊ သာသနာတော့တည်ပေပြီ၊ . သို့ရာတွင် သာသနာ့အမြစ်အရင်းကား မသက်ဆင်းတတ်သေး။(ပတိဋ္ဌိတံ မဟာရာဇ သာသနံ၊ မူလာနိ ပန’ဿ န တာဝဩတရန္တိ။) မင်းကြီး ဒီလိုဆိုယင် အရှင်ဘုရား....၊ အဘယ်အခါကျမှ သာသနာ့အမြစ် အရင်း သက်ဆင်းသည်မည်ပါသလဲ အရှင်ဘုရား…။ (ကဒါ ပန ဘန္တေ မူလာနိ ဩတိဏ္ဏာနိ နာမ ဘဝိဿန္တိ။)

## PAGE 99
<!-- 13 paragraphs, raw extraction -->



10


မထေရ် ဒကာတော်မင်းကြီး... အကြင်အခါ၌ ဤသီဟိုဠ်ကျွန်းသား မိဘနှစ်ပါးတို့မှ ဤသီဟိုဠ်ကျွန်း၌ ဖွားမြင်သော သူငယ်သည် ဤသီဟိုဠ်ကျွန်း၌ ရှင်ရဟန်းပြုပြီးလျှင် ဤသီဟိုဠ်ကျွန်း၌ပင်လျှင် ဝိနည်းပိဋကတော်ကို သင်ယူ၍ ဤသီဟိုဠ်ကျွန်း၌ ဘဝတူသီဟိုဠ် ကျွန်းသားတို့အား ထိုဝိနည်းပိဋကတော်ကို တဆင့်ပြန်လည် ပို့ချ သင်ပြပေး၏။

ထိုအခါ သာသနာအမြစ်အရင်း .. သက်ဆင်းသည် . မည်ပေ ဘော့သည် ဒကာတော်မင်းကြီး။ (ယဒါ မဟာရာဇ တမ္ဗပဏ္ဏိ ဒီပကာနံ မာတာပိတူနံ တမ္ဗပဏ္ဏိဒီပေ ဇာတော ဒါရကော တမ္ဗပဏ္ဏိဒီပေ ပဗ္ဗဇိတွာ တမ္ဗပဏ္ဏိဒီပမှီ ယေဝ ဝိနယံ ဥဂ္ဂဟေတွာ တမ္ဗပဏ္ဏိဒီပေ ဝါစေဿတိ၊တဒါ သာသနဿ မူလာနိ သြတိဏ္ဏာ နိနာမ ဘဝိဿန္တိ။)

ပင်းကြီး အရှင်ဘုရား….၊ ဒီလိုဆိုပါလျှင်...ထိုကဲ့သို့ စွမ်းဆောင်နိုင်သော သီဟိုဠ်သားရဟန်းတော်ကော ရှိပါသလား။

ပလန် ရှိပေတယ် မင်းကြီး…၊ သင်မင်းကြီး၏ တူတော် မဟာအရိဋ္ဌ ရဟန်းသည် ဤကိစ္စမှာ စွမ်းဆောင်နိုင်သူ ဖြစ်ပေတယ်။

မင်းကြီး အရှင်ဘုရား….၊ ဒီကိစ္စအတွက် ဧကာတော်ဘယ်ကဲ့သို့ ဆောင်ရွက် ပေးရပါမလဲဘုရား။

မထေရ် မင်းကြီး…၊ ဒကာတော်အနေဖြင့် မဏ္ဍပ်ကြီးတခု အလျင်အမြန်

စီမံပါလေ။

မင်းကြီးသည် မထေရ်မြတ် အမိန့်တော်အရ ပန်းချီ ပန်းပု အနုပညာ သည်များအား ထူပါရုံကျောင်းတော်ကြီး ပရိဝုဏ်အတွင်း၌ ခမ်းနား ဆန်း ကြယ်သော မဏ္ဍပ်ကြီးတခုကို ဆောက်လုပ်စေ၏။

ထိုနေ့ကားသီတင်းကျွတ်လပြည့်ကျော် ၁-ရက် မဟာပဝါရဏာနေ့ဖြစ်၏။
ထိုအချိန်၌ ထူပါရုံ ကျောင်းဆောင်ကြီးအတွင်း ရဟန်းတော်ပေါင်း ခြောက်သောင်း ရှစ်ထောင်ခန့် စုဝေးတော် မူမိကြလေသည်။ သံဃနာယက ရှင်မဟာမဟိန္ဒထေရ်မြတ်ကြီးအတွက် ထေရာသနပလ္လင်တော်ကြီးကို မြောက်မှ တောင်သို့မျက်နှာမူ၍ ပြင်ဆင်ခင်းကျင်းထားကြ၏။ ဝိနည်းပိဋကကို ဖြေဆိုပို ချမည့် ဝိနယဓရမဟာအရိဋ္ဌ မထေရ်အတွက် တခုတည်းသော ဓမ္မာသနနေရာ တော်ပလ္လင်ကြီးကိုကား တောင်မှမြောက်သို့ မထေရ်မြတ်နှင့် မျက်နှာချင်းဆို ပြင်ဆင်ကြ၏။
