## PAGE 130
<!-- 9 paragraphs, raw extraction -->


ဂ ၆


ကိုင်ထားနိုင်စွမ်းသော ပါဠိတော်(မာဂဓဘာသာ)ကို ပို၍ ခိုင်မြဲစေရန်ပါဠိနှင့် သက္ကတ၊ အနတ္တနှင့်အတ္တ၊ ပင်စည်နှင့် အကိုင်းတို့အကြား နယ်ခြားသတ်မှတ်ပေး လိုက်သောတံတိုင်းကြီးပင် ဖြစ်တော့သည်။

(၁) သိဟိုဠ်လူထုက အသစ် အဆန်းများကို ခုံမင်လိုက်စား နေချိန် ထေရဝါဒပိဋက သီဟိုဠ်အဖွင့်ကျမ်းများမှာ မူလက ရိုးတာလှသည့် အထဲ နှစ်ပေါင်း- ၃၀၀ကျော်က ပေရွက်ပေါ် ရေးတင်ခဲ့သောကျမ်း များဖြစ်ခြင်းကြောင့် ရှေးကျ၍ဝေါဟာရ အခက်အခဲများလည်း ရှိနေခြင်း။
၂။ မည်မျှပင်ပုံကောင်း၊အထည်အသားကောင်းသော်လည်း ကိုယ်တိုင်း နှင့်ချုပ်ထားသော သင်တိုင်းအင်္ကျီရှည်(ဘောင်းဘီရှည်)သည် ကိုယ် တိုင်းပေးသူသာ ဝတ်ဆင်နိုင်၍ အခြားသူများနှင့် မတော်သကဲ့သို့ သီဟိုဠ် အဋ္ဌကထာကျမ်းဟောင်းကြီးများလည်း သီဟိုဠ်သားတို့သာ နားလည်နိုင်၍ တိုင်းတပါးသားတို့ နားမလည်နိုင်သဖြင့် သာသနာ ပြုရာ၌ ခရီးမပေါက်ခြင်းတို့ကြောင့် မဟာဝိဟာရမထေရ်ကြီးများနှင့် တကွ အားလုံးကပင် မာဂဓဘာသာဖြင့် အဋ္ဌကထာကျမ်းသစ်များ ထွက်ပေါ်စေရန်လိုလားလျက် ရှိနေခဲ့ကြလေသည်။

အဋ္ဌကထာကို ဘယ်မူဖြင့်ရေးသနည်း

အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာကျမ်းများကိုရေးသားရာ၌မိမိသဘော ကျ၊ ကိုယ်ကြိုက်ကိုယ့်ဆန္ဒတခုတည်းဖြင့် ရေးသားခြင်းမဟုတ်သည်ကို ဤ၌အထူး မှတ်သားရန်လိုပေသည်။ထိုသဘောကိုမသိရှိ-မယုံကြည်ကြသဖြင့် မိမိတို့နှင့် 'နှိုင်း စာကာ မတန်မရာ ပြောဆိုဝေဖန်နေခြင်းဖြစ်၏။

ထိုအချက်ကို အရှင်မဟာဗုဒ္ဓဃောသသည် ကျမ်းစာတိုင်း၏ နိဒါန်းနိဂုံး တို့၌အတည့်အလင်း ဖွင့်ဟဝန်ခံထားပြီးဖြစ်၍. အကျယ်မဝေဖန်မဖော်ပြလိုတော့ ပေ။ အဋ္ဌကထာကျမ်းသစ်များပြုစုရာတွင်’

(၁) ဘုရားရှင်ဖွင့်ဆိုသော ပကိဏ္ဏက ဒေသနာအဋ္ဌကထာ၊ သံဂါယနာ သုံးတန်၌ပါဝင်သော မထေရ်ကြီးများဖွင့်ဆိုသည့် အဋ္ဌကထာအဆုံး အဖြတ်များ အားလုံးကို အရှင် မဟာ မဟိန္ဒထေရ်မြတ် သီဟိုဠ် ဘာသာဖြင့်ရေးတင်ထားသော မူလအဋ္ဌကထာခေါ် မဟာ အဋ္ဌ ကထာကြီးကို သရီယ =ကိုယ်ထည်အမာခံ ပြုထားခြင်း၊

## PAGE 131
<!-- 13 paragraphs, raw extraction -->




(၂) ဝိနည်းအဋ္ဌကထာများအကွက် မဟာပရိုနှင့် ကုရုန္ဒီအဋ္ဌကထာကြီး များကိုလည်း ကိုက်ဆိုင်ထည့်သွင်းထားခြင်း၊

(၃) အထူးသဖြင့် မဟာဝိဟာရဝါသီ ထေရဝါဒီ ပင်စည်သာသနာစောင့် မထေရ်မြတ်ကြီးများ၏ ချပို ့ သင်ကြားနည်းကို အခြေခံမူအဖြစ်

ထားခြင်း၊

(၄) နိကာယ်ဆောင် ပုဂ္ဂိုလ်ကျော်များ၏ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက် များ ထည့်သွင်းခြင်း၊

(၅) အရေးအမှတ် မှားယွင်းချက် (ဝမာဒ လေခ) ရှိနေလျှင်မူ မဟာ အဋ္ဌကထာကိုပင် ပြင်၍ထည့်ခြင်း (ပိ-ဋ္ဌ-၁၊ ၂၇၀။ ၂၇၇။)

(၆) ကျယ်လွန်းလျှင် ကျဉ်းပေး၍ ရှုပ်ထွေးနေလျှင် ရှင်းပေးခြင်း၊
(သဘောတရား အနှစ်သာရကို မပြင်ဆင်၊ မဖြည့်စွက်၊ မပယ်နုတ်။)

ဤမူကိုချ၍ ရေးသားတော်မူခြင်း ဖြစ်ပေသည်။ သီဟိုဠ် နိဿယများကို ဘာသာပြန်ဆိုရုံ သက်သက်မဟုတ်သကဲ့သို့၊ ကြိုက်လျှင် ကြိုက်သလို၊ မကြိုက်လျှင် မကြိုက်သလို၊ လိုရာယူ မလိုရာချန်ပစ်ထားကာ မိမိသဘောတခုတည်းဖြင့် ရေး သားခြင်းလည်း မဟုတ်ပေ။

လောက၌ ကိုယ့်ကျမ်းကို ကိုယ်ကြိုက်သလို ရေးလေ့ရှိကြရာ သာသနာ အတွက် တာဝန်နှင့်လာ၍ သစ္စာနှင့် လုပ်ဆောင် ရသူများအပေါ်တွင်လည်း ကိုယ်ချင်းစာ မှားတတ်ကြပေသည်။

အရှင် မဟာ ဗုဒ္ဓဃောသ အဋ္ဌကထာကျမ်းများ ပြုရာ၌ အနီးကပ်ဆုံး တင်ပြရသော် အဘိဓာန်ရေးသူ၏ တာဝန်နှင့် သစ္စာကဲ့သို့ပင် ဖြစ်ပေမည်။ ရှိသည့် အတိုင်းကို အရင်းအတိုင်း ပြည့်ပုံပေါ်လွင်အောင်သာ တင်ပြခွင့်ရှိ၍ အတ္တနော မတိ=ကိုယ်ပိုင် အယူအဆများကို မထည့်ရ၊ သို့မဟုတ် ဦးစားမပေးရပေ။

သို့ရာတွင် အဋ္ဌကထာဆရာသည် ပြဆိုခဲ့သည့် စည်းကမ်းများအရ ရေး သားပြုစုရာတွင် ဝါဒကွဲ၍ မိမိစိတ်ထဲ မကျေလည်သောအချက် ရှိနေလျှင်၊ သို့ မဟုတ် ဆုံးဖြတ်ချက်ကိုမကြိုက်လျှင်၊ သို့မဟုတ် ဆုံးဖြတ်သ လျက်´ မဆုံးဖြတ်ပဲ ထားခဲ့လျှင် ထိုအနာမျိုးကို ဗလုံးဗထွေးမထား၊ ပြည်ဖုံးကားချ၍လည်း မထား ခဲ့ပေ။ ကိုယ်ပိုင်အယူအဆသစ်တခု ရဲရဲရင့်ရင့် တင်ပြထားသည်ကိုလည်း နေရာ များစွာ၌ တွေ့ပြင်ရပေသည်။ (မ-ဋ္ဌ-၁၊ ၃ဝ။ အဘိ-ဋ္ဌ-၃၊ ၃၁၆။)

## PAGE 132
<!-- 11 paragraphs, raw extraction -->


ဂဂ


ထေရဝါဒ ပင်စည်ပင်မ သာသနာ့ တာဝန်ကြီးတခုလုံးကို တဦးတည်း ကျုံး၍ဆောင်ရွက်ရသေ တာဝန်နှင့်ဘုန်းကံကို ကြည့်လျှင်ပင် မည်သည့် ပြဿနာ မျှ ပေါ်စရာ မရှိပါချေ။ အသစ်အဆန်းများနောက်သို့- စုပြုံ လိုက်ပါနေကြသူ များအား ပြန်လည်၍ မျက်နှာမူလာအောင် ဆွဲဆောင်ရသည်မှာ အလွန် မလွယ် ကူလှချေ။ အချိတ်အဆက်,. အပို ့အယူ, အသုံးအနှုန်းစသော အရှင် မဟာ·ဗုဒ္ဓ ဃောသ၏ ဘဝပါရမီပေး ကိုယ်ပိုင်ရေးဟန်နှင့် အပြင်အဆင်တို့မှာလည်း ဘာ တခုမျှ ဆိုဖွယ်မကျန်ပေ။

ရှင်မဟာဗုဒ္ဓဃောသလုပ်ကြံ ရေးထည့်ထားသောအရာ” ဆိုသည်မှာလည်း စိတ်ကူးမျှဖြင့်ပင် မပြစ်မှား သင့်ပါချေ။ ပရိယတ်, ပဋိပတ် နှံ့စပ်ကျော်ကြား သော ရဟန္တာအရှင်မြတ်ကြီးများလည်း အရှင်မဟာ ဗုဒ္ဓဃောသ၏ အနီးမှာပင် ရှိနေတော် မူကြပေမည်။

ထိုမှတပါး အရှင်မဟာဗုဒ္ဓဃောသနှင့်စပ်၍ အထူးမှတ်သားသင့်သော အချက်တခု ရှိပေသေးသည်။ ယင်းကား အခြားမဟုတ်၊ ဗုဒ္ဓဝါဒနှင့် စင်ပြိုင်ပေါ် လာသော ဝါဒများမှအစ နောက်ဆုံးမဟာယာနဝါဒများအထိ မဇ္ဈိမပဋိပဒါနှင့် ဆန့်ကျင်သောဝါဒ ဗာဟိရအယူအဆမှန်သမျှ(မပြောလျှင်မပြီး၍ တန်သလောက် ညွှန်းပြရုံမှတပါး) မိစ္ဆာအယူများအားလုံးကို ပြည်ဖုံးကား ချထားခဲ့ခြင်းပင် တည်း။ တိတ္ထိကြီးများဝါဒနှင့် နောက်ပေါ် ကပိလရသေ့တို့၏ သင်္ချာဝါဒ၊
အကြုံမူဝါဒများကိုမူ အနည်းငယ် ညွှန်းပြခဲ့၏။)

မိစ္ဆာဒိဋ္ဌိဝါဒ၊မန္တန်အတတ်၊မာတုဂါမ … ဤအရာသုံးမျိုးကို ဖွင့်ဖော်ထားလျှင် သတ္တဝါတို့အား ဒုက္ခဖြစ်စေနိုင်သဖြင့်ဖုံးထားမှ သင့်တော်သောအရာများ”ဟု ဟောတော်မူသည် မဟုတ်ပါလော။
(အင်္ဂုတ္တရ၊ တိက၊ ပဋိစ္ဆန္န သုတ်။)

မိစ္ဆာမန္တန်၊ မာတုဂါမ်၊ ဖွင့်လှန် ကျိုးမရှိး

တရားလ,နေ၊ ဤသုံးထွေ၊ ဖုံးလေ ကျိုးမရှိ။

အရှင်မဟာဗုဒ္ဓဃောသ ယုံကြည်သောဝါဒ ထမ်းဆောင်ရသောတာဝန်၊
ရေးသားရခြင်းအကြောင်းများကို စဉ်းစားလျှင်ပင် “အဘယ့်ကြောင့်”ဆိုသည်မှာ ရှင်းလင်းလှပါသည်။

“ထိုအယူဝါဒများကို မတတ်ကျွမ်းလို့”ဟု ထပ်ဆင့်ကျူးကျော်၍ စော် ကားသည်ကို ကြားတော်မူလျှင်လည်း အဋ္ဌကထာဆရာကြီးသည် ထိုပညာရှိကြီး အား သနားသောအပြုံးဖြင့် ပြုံးပြုံးကြီး နားထောင်ကာ ခွင့်လွှတ်တော်မူမည် သာတည်း။
