## PAGE 133
<!-- 12 paragraphs, raw extraction -->



အဋ္ဌကထာ ကိုယ်တွေ့ဝတ္ထုများ၏ ဆွဲအား

ဂ ၉

အဋ္ဌကထာကျမ်းသစ်ကြီးများ ပေါ်ထွက်လာသောအခါ မိစ္ဆာဝါဒများ နှင့် လောလောဆယ် ရှင်ဆိုင်နေကြရသော မဟာဝိဟာရ မထေရ်ကြီးများမှအစ တကျွန်းလုံး ဝမ်းသာမဆုံးကြတော့ပေ။

ကမ္ဘာပေါ်တွင် အထူးခြားဆုံး ဘုရားသုံးဘာသာ၊ပဋိသမ္ဘိဒါဉာဏ်ကိုပင် ရစေနိုင်သော ပါဠိဘာသာ (မာဂဓဘာဘာ)ဖြင့် ရေးသားခြင်းဖြစ်၍ သံဂါ ယနာအဆက်ဆက်၊ မဟာဝိဟာရ ထေရဝါဒီ မထေရ်ကြီးများ အဆက်ဆက်တို့ သင်ယူ ပို့ချလာခဲ့ကြသော ပါဠိတော်၏ အနက်အဓိပ္ပာယ်များသည် ပါဠိ ဘာသာကိုအကြောင်းပြု၍ တကမ္ဘာလုံးသို့ပင် ပြန့်ပွားသွားလေတော့၏။

ထိုအခါ-

(၁) မဟာယာန သက္ကတ ဝတ္ထုကဗျာဆရာကြီး“အဿဃောသ'စသော ပုဂ္ဂိုလ်များက ဗုဒ္ဓဝါဒအပေါ် သဒ္ဓာတရားရှိထားနှင့်ပြီးသူများ၏ အညှာလွယ်တတ်သော သဒ္ဓာနှင့် အထာကို သိထားသည့်အတိုင်း ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကကြီးများ၏ အမည်ကိုသုံးကာ “သုန္ဒရာနန္ဒ= ညီတော်မင်းနန်”စသော ခေတ်ပေါ်ဝတ္ထုကဗျာများနှင့် အသိဉာဏ် နည်းသော အပျော်စာဖတ်ပရိသတ်များကို အတ္တဝါဒ မဟာယာန မြှုးကြီးထဲသို့ ဆွဲဆောင် သိမ်းသွင်းခဲ့ကြ၏။

ထိုခေတ် သီဟိုဠ်သားများလည်း ယင်းဝတ္ထုကဗျာများကိုတကယ့်ဗုဒ္ဓဝင်၊
- တကယ့်ထေရုပ္ပတ္တိ- အဖြစ်အပျက်များထင်ကာ သူ ့ထက်ငါ ဖတ်ရှုလေ့လာနေခဲ့ ကြရာ အဋ္ဌကထာသစ်ကြီးများ ထွက်ပေါ်လာသောအခါ

“မုသာဝါဒ=အတ္တဝါဒကို ဘုရားဟော ဗုဒ္ဓစာပေအစစ် ဖြစ် လေဟန် လိမ်လည်ထားသည့်အပြင်၊

သပ္ဖပ္ပလာပ=ပြိန်ဖျင်းသောစကား အပါယ်လားမည့် စိတ်ကူး ယဉ် လုပ်ကြံ ဝတ္ထုစာပေများဖြစ်ကြောင်း” ကောင်းစွာ သိမြင် သွားကြလေသည်။

( ၂ ) မိမိ ခန္ဓာကိုယ်၌ ရှုမြင်ရမည့် ဗုဒ္ဓ အဘိဓမ္မာကို လောဂျစ်နည်း (တက္ကဗေဒ)၊ ဒိုင်ယာလက်တစ်နည်း (အညမညဗေဒ) စသည်ဖြင့် နာဂဇ္ဇုန(နာဂရ်ဂျန်)စသော ဆရာများ၏ မဇ္ဈိမပဋိပဒါ၊ စကြဝဠာ၊

## PAGE 134
<!-- 10 paragraphs, raw extraction -->


၉ ဝ


အဏုမြူ၊ သုညအတ္တ၊ အနတ္တ အတွေးအခေါ် ဖီလော်ဆော်ဖီများကို အထင်တကြီး လေ့လာဖတ်ရှုနေခဲ့ကြသော သီဟိုဠ်ကျွန်း၏ ထိပ်တန်း သုတေသနပညာရှင် သဘောတရားရေးရာ အဘိဓမ္မာ သမားများ လည်း အဋ္ဌကထာသစ်များ ကျေးဇူးငကြောင့် ထေရဝါဒ အဘိဓမ္မာ သဘောတရားများကို ကြည်ကြည်လင်လင် နားလည် သိမြင်ရ၍ ကျေးဇူးတင် ဝမ်းမြောက်မဆုံးကြတော့ချေ၊

စံတော်ဝင် ဖွဲ့စည်းပုံ

အထူးသဖြင့် ဝိသုဒ္ဓိမဂ်စသော အဋ္ဌကထာသစ်ကျမ်းကြီးများ၌ ကမ္မဿ ကတာဉာဏ် အခြေခံရတနာသုံးပါးမှ ထိပ်ဆုံး ကမ္မဋ္ဌာန်း လုပ်ငန်းများတိုင်အောင် သဘောတရားမှန်၍ ကျင့်ကြံပေါက်မြောက် ချမ်းသာ ရောက်သွားကြသော ရှေသီဟိုဠ်သူ၊ သီဟိုဠ်သား ရဟန်း ရှင်လူ များ၏ ကိုယ့်တွေ့.. ဖြစ်ရပ် အတ္ထုပ္ပတ္တိဝတ္ထုများကိုလည်းဖော်ပြထားရာ ထိုဝတ္ထုများ (စံတော်ဝင် အရိယာ ပုဂ္ဂိုလ်ထူးများ)သည် စာဖတ်နာယူသူတို့အား အဆွဲဆောင်နိုင်ဆုံး အချက်တခု ဖြစ်သွားလေတော့၏။ အားကျ ကြည်ညို၍ မဆုံးကြတော့ပေ။

အရှင် မဟာဗုဒ္ဓဃောသ၏ အရေးအသား အစို ့အယူ များမှာလည်း ဘယ်ခေတ်မျှမရိုးနိုင်သော အရေးအသားဟုပင် ဆိုရပေမည်။ ဓမ္မနှင့်စပ်သော ဟာသဝတ္ထုများကိုပင် ·ဖော်ပြထားရာ ဖတ်ရှူသူတိုင်း ပြုံးရွှင်ကြရ၏။

(အခန်း-၄ ဘုန်းကြီးဦးရွှာပျော် ပိယဂါမိထေရ်”၊ အခန်း-၃၊ အဖမ်း မခံရသော ဆွမ်းခံကိုယ်တော် “စူဠ ပိဏ္ဍပါတိယ တိဿထေရ်” ရှု။)

ဤစံတော်ဝင် အရိယာများ’ကား အရှင်မဟာဗုဒ္ဓဃောသအရှင်မြတ်ကြီး ၏ နိကာယ်အဋ္ဌကထာကျမ်းများမှ တုတ်နုတ်၍ သင့်လျော်ရုံ အခန်းကဏ္ဍဖွဲ့ကာ ဖော်ပြထားခြင်း ဖြစ်ပါသည်။ သို့ရာတွင် ရတနာသုံးပါး အခြေခံ ကံကံ၏ အကျိုးပြစသော ဝတ္ထုများကိုမူ စာမျက်နှာကိုငဲ့၍ ချန်လှပ် ထားခဲ့ရပါသေး သည်။ ပရိယတ်,ပဋိပတ်နှင့် တိုက်ရိုက် စပ်ဆိုင်တော ဝတ္ထုများ၊ ဆရာ ဒကာ ဆက်ဆံရေး သာသနာရေးနှင့် စပ်ဆိုင်သော ဝတ္ထုများကိုမူ တစုံတရာ ခြွင်းချန် ထားခြင်း မရှိ၊ အပြည့်အစုံ ဖော်ပြလိုက်ပါသည်။

အဋ္ဌကထာကျမ်းများနှင့် ဆက်နွှယ်နေသော မဟာဝံသနှင့် သဟဿဝတ္ထု စသော ရှေးသီဟိုဠ်မှတ်တမ်းများမှလည်း စံတော်ဝင် ပုဂ္ဂိုလ်များကို သီးခြား ရွေးထုတ်လျက် အောက်ပါအတိုင်း အခန်းကြီး ၉-ခန်းဖြင့် ဖွဲ့စည်းထားပါသည်။

## PAGE 135
<!-- 15 paragraphs, raw extraction -->





၁။ တိုင်းပြည်နှင့် သာသနာအတွက် အသက် ပေးခဲ့ကြသူ စံတော်ဝင်ပုဂ္ဂိုလ်

များ၊

၂။ ပရိယတ် ပဋိပတ် ပေါင်းစပ်မှုအရာ စံတော်ဝင် မထေရ်များ၊
၃။ အလှူပေးအလှူခံ စံတော်ဝင် ဆရာဒကာများ၊
၄။ သီလခုတင်နှင့် မေတ္တာအရာ စံတော်ဝင်မထေရ်များ၊
၅။ ဇွဲလုံ့လသည်းခံမှုအရာ စံတော်ဝင် မထေရ်များ၊

၆။

သွားလာ လုပ်ကိုင်ယင်း ရှုမှတ်မှုအရာ စံတော်ဝင် မထေရ်များ၊
၇။ ` တန်ခိုးဖန်ဆင်းမှုအရာ စံတော်ဝင်မထေရ်များ၊

.

ဂ။ အသိခက်သော အရိယသဘာဝနှင့် အရိယူပဝါဒကံကြီး၊
၉။ ရှေးသီဟိုဠ်မှတ်တမ်းလာ ရဟန္တာပုဂ္ဂိုလ်ထူးများနှင့် ` နောက်ဆက်တွဲ မှတ်သားဖွယ်များ။

အဆိုပါ အရှင်မဟာဗုဒ္ဓဃောသစသော ထေရဝါဒီပင်စည်သာသနာစောင့် မထေရ်မြတ်ကြီးများ စံတင်ဖော်ညွှန်းတော်မူခဲ့ကြသော သီဟိုဠ်ပုဂ္ဂိုလ်ထူးများကို ဖတ်ရှု ကြားနာရသူတိုင်း ပရိယတ် ပဋိပတ်၊ ဒါန, သီလ ဘာဝနာ သာသနာ လုပ်ငန်းတိုင်းအတွက် အရသာမျိုးစုံထွက်၍ အားတက်ကြည်ညိုမဆုံးကြရပေ။
သဒ္ဓာ, ဆန္ဒ ဝီရိယများလည်း တရှိန်ထိုး အားတိုး ထက်သန်ကြရ၏။
၁။ “သာသနာရေးရာတွင် မည်မျှခက်ခဲကျပ်တည်းသော ဘေးအန္တရာယ်ကြီး များနှင့် ရင်ဆိုင်ရပါစေ၊
အမှန်တရားတခုအတွက် အသက်နှင့်လဲ၍ပင် ထိန်းသိမ်း စောင့်ရှောက်ရမည်’ ဟူသော သင်ခန်းစာ (အခန်း-၁၊
အခန်း-၃)၊

၂။ ခွေးပိန်မကလေးအား ကျွေးရသော ထမင်းတလုတ် (ဒါန) သည်ပင် နိဗ္ဗာန်ဝင်ရာ၌ သူတကာနှင့် မယှဉ်သာအောင် လာဘ်.လာဘ တန်ခိုး သတ္တိကြီးမားပုံနှင့် ထမင်းတလုတ်အပေါ် ထားရှိရသောသစ္စာ၊ ထမင်း တလုတ်၏ အရေးပါပုံများ (အခန်း-၁၊အခန်း-၃၊ အခန်း ၉)မှာလည်း လွန်စွာ အတုယူဖွယ် ကောင်းလှပေသည်။

ငရုတ်သီးတစ်တောင့်ပင်လျှင် ရာဇဝင်တွင်၍ အထိမ်းအမှတ် စေတီတည်ရ သောခေတ် ပေတည်း။

၃။ ဗုဒ္ဓလက်တော်က ကျွတ်ဆုမရလိုက်သော သကုလုဒါယီပရိဗိုဇ်, သစ္စကပရိ ဗိုင်များလည်း အသောကခေတ်, သီဟိုဠ်ခေတ်တို့၌ သာသနာ့ဦးဆောင် ကြီးများအဖြစ် ကျွတ်တမ်းဝင်ကြပုံ စသည်တို့မှာလည်း မှတ်သားဖွယ် ကောင်းလှပါပေသည်။(အခန်း-၂၊ အခန်း-၄။)
