## PAGE 247
<!-- 16 paragraphs, raw extraction -->


:



တဖန် သင်္ကန်းများ လုံးထွေးခုခံကာ ခရီးတထောက်သွားပြန်၏။ သွား လိုက် နားလိုက် လုပ်နေရသည်ကို သာမဏေရီ(အမျိုးသမီး ‘သာမဏေမ)ကလေး က မြင်နေရသဖြင့်’

66 O

ကိုရင်…၊ ပူလို့ရှိယင် တပည့်တော်မဆီက ဟောဒီ အုန်းမှုတ်ခွက်ကို အောက်ကခံဖို့ ယူသွားပါ။ တပည့်တော်မ ကို၎င့်ကို လှူလိုက်ပါတယ်”ဟု ပြုံးရွှင် သော စကားဖြင့် အကူအညီ ပေးလှာ၏။

ထိုအခါကျမှ ကိုရင်ကလေးမှာ အပူလည်းသက်သာ၊ ပွေ့ယူရာတွင်လည်း အဆင်ပြေသွားသဖြင့် ဝမ်းမြောက်သွားလေသည်။

ကျေးဇူးတင်လွန်း၍ ရွှေ့ဆက်မသွားသေးပဲ သာမဏေ မကလေးအား တချက်လှမ်းပြီး တွေတွေကြီး ကြည့်နေလိုက်မိ၏။

သာမဏေမ ကလေးကလည်း ကိုရင်ကလေးအား ကရုဏာမှ မုဒိတာသို့ ပြောင်းကာ ဝမ်းသာစွာ အပြုံးဖြင့် နှုတ်ဆက်နေမိလေသည်။

ထို့နောက် ကိုယ့်လမ်း ကိုယ်သွားကာ သမင်လည်ပြန် ခွဲခွာကြလေ၏။
ခုနစ်ရက် ခုနစ်လီ ကျောင်းရေစက်ချ အသဒိသ အလှူပွဲကြီး၏ နောက်ဆုံး နေ့ ဖြစ်၍ ပြန်လည် တွေ့ဆုံခွင့် မရကြတော့ပေ။

နှစ်ပေါင်းငါးဆယ်ခန့် ရှိသောအခါ ဝဋ္ဋဂါမဏိမင်းကြီးလည်း ဗြာဟ္မဏ တိဿ သူပုန်ဘေးကြီးကြောင့် ထွက်ပြေးနေရစဉ် တိုင်းပြည်၌ ငတ်မွတ်ခေါင်းပါး သော ဘေးကြီးလည်း ပူးတွဲလာသဖြင့် သီဟိုဠ်ကျွန်းမှ ရဟန်းသာမဏေများ မဇ္ဈိမဒေသ(ဣန္ဒိယ)ဘက်သို့ အများအားဖြင့် ကူးပြောင်း သီတင်းသုံးကြရသည်။

ဣန္ဒိယပြည် တောရွာဘရာသို့ရဟန်းမိန်းမ(ဘိက္ခုနိမ)များလည်း သီဟိုဠ်မှ ကူးလာခဲ့ကြ၏။ ထိုရွာရှိ ရဟန်းတော်များ သီတင်းသုံးရာ ကျောင်းတွင် သီဟိုဠ် ဘုန်းတော်ကြီး တပါးလည်း မကြာမီက လာရောက် သီတင်းသုံးလေသည်။

သက်တော် ခြောက်ဆယ်ခန့်ရှိသော ဘိက္ခုနီမကြီး တဦးသည် ရဟန်း တော်များ ကျောင်း၌ သီဟိုဠ်ဘုန်းကြီးတပါး ရောက်လာကြောင်း သတင်းရ၍ ဇာတိသံယောဇဉ်ကြောင့် သတင်းမေးရန် ထိုကျောင်းသို့ သွားလေ၏။ အဆင် သင့်ပင် ဘဝတူ, ဇာတိတူ ဘုန်းတော်ကြီးကို တွေ့ရသဖြင့် တိုင်းရေးပြည်ရေး အခြေအနေများကို ပြောဆို မေးမြန်းလေသည်။

ယခင်က သိကျွမ်းဖူးသူများ မဟုတ်သော်လည်း သီဟိုဠ်ဇာတိ၊ စစ်ပြေး ဘဝတူ အချင်းချင်း ဖြစ်၍ တထိုင်အတွင်းမှာပင် ခင်မင်ရင်းနှီး သွားကြလေ၏။
ဒုက္ခတွေ့သောအခါ ရွှေထီးဆောင်းခဲ့ရသည်ကို သတိရတတ်ကြသည့် အတိုင်းက ဘိက္ခုနီမကြီး (ဘုန်းတော်ကြီးအား လေးလေးနက်နက် စူးစိုက်ကြည့်ကာ) အရှင်ဘုရား ငရုတ်သီးတငတာင့်ကျောင်း ရေစက်ချပွဲကြီး မှီရဲ့

လား ဘုရာ့။

## PAGE 248
<!-- 17 paragraphs, raw extraction -->



၂ဝ၅

ဘုန်းတော်ကြီး အား...မှီပါပြီလား၊ တသက်နှင့်တကိုယ် အပျော်ဆုံး ပွဲတော်

ကြီးပေါ့”

"

ဘိက္ခုနီမကြီး (တခဏမျှ စဉ်းစားပြီး) “ဒါဖြင့် အရှင်ဘုရား အဲဒီတုန်းက ဘယ် အရွယ်လောက် ဖြစ်မလဲ”

"

ဘုန်းတော်ကြီး “ဘာရှိအုံးမလဲ…ခုနစ်နှစ်သားလောက် ရှိမှာပေါ့၊ သင်လဲ အဲဒီ တုန်းက ဘယ်အရွယ်လောက် ရှိပြီလဲ”

"

ဘိက္ခုနီမကြီး “တပည့်တော်မလဲ ရှိရင် ခုနစ်နှစ်သမီးလောက်ပါပဲ။ အဲဒီတုန်းက တော့ သာသနာဟာ သိပ် စည်ကားတာပဲဘုရား။ အလွန်မှလဲ ပျော်စရာကောင်းပါတယ်။

ဒါထက်….တခု သတိရလို့ တပည့်တော်မ လျှောက်ရအုံးမယ်။
အဲဒီ ကျောင်းရေစက်ချပွဲ နောက်ဆုံး နေ့မှာပေါ့ဘုရား၊ တပည့် တော်မကလဲ မဟာစေတီဘက်က ပြန်အလာ၊ လမ်းမှာ ကိုရင် ကလေးတပါး ယာဂုပူပူနဲ့ … သပိတ်ကို မကိုင်နိုင်လို့ ပွေ့လိုက် ခြုံလိုက် လုပ်နေတာ တွေ့လို့ တပည့်တော်မ အုန်းမှုတ်ကြီးတခု တောင် လှူလိုက်ရသေးတယ်။ သူ ့ခမျာ အတော် ့ကို ကျေးဇူး တင်သွားပုံ ရပါရဲ့ ။ ခုထိ တပည့်တော်မဖြင့် မျက်စိထဲ မြင်ယောင်

သေး..။

1

ဘုန်းတော်ကြီး (ဘုန်းတော်ကြီးမှာ သက်ပြင်းချလျက်) အာ ... အဲဒါသူများ ဟုတ်ပါရိုးလား။ကျုပ်ပဲပေါ့(ပြောပြောဆိုဆိုသင်္ကန်းစုတ်ကလေး ဖြင့် လုံးထွေး သိမ်းဆည်းထားသော အုန်းမှုတ်ကို ထုတ်၍ ပြလေ၏။)

ဘိက္ခုနီမကြီးသည် “ဩော်” ဟု ဆိုကာ စကားကိုပင် ဆက်၍ မပြောနိုင်တော့ပဲ ကတုန်ကယင် ဘုန်းတော်ကြီး မျက်နှာကိုသာ စိုက်၍ ကြည့်နေလေ၏။

ဘုန်းတော်ကြီးလည်း အုန်းမှုတ် ခွက်ကြီးကိုင်ကာ ဘာကိုမျှ ဆက်၍ မပြောနိုင်တော့ပဲ သက်ပြင်းရှည်ကြီးဆွဲကာ ဘိက္ခုနီ မကြီး၏ မျက်နှာကိုသာ ကြောင်ကြောင်ကြီး ကြည့်နေလေ၏။
နောက်တနေ့တွင် ထိုရွာမှ အသက်ခြောက်ဆယ်ကျော် စပ်ပြေး ဘုန်းတော်ကြီး တပါးနှင့် ဘိက္ခုနီမကြီးတဦး ထူးထူးခြားခြား ပျောက်ကွယ်သွားလေတော့သတည်း။ (မ-ဋ္ဌ-၂၊ ၅၁-၂-ရထ ဝိနီတသုတ်။)

## PAGE 249
<!-- 12 paragraphs, raw extraction -->


၂ ၀ ၆


ရဟန္တာ နှစ်သောင်း လေးထောင် ပရိနိဗ္ဗာန်စံပွဲ

အဆိုပါ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီး ဖြစ်စဉ်က သီဟိုဠ်ကျွန်း တောင် ပိုင်း ရောဟဏနယ်စွန်ရှိ နာမည်ကျော် နိဗ္ဗာန်ဆိပ်ဦး ဌာနကြီးတခု ဖြစ်သော စိတ္တလ တောင်ကြီး၌ ရဟန္တာပေါင်း တသောင်း နှစ်ထောင် သီတင်းသုံးတော် မူလျက်ရှိကြ၏။

ယင်းနယ် မဟာဂါမ နေပြည်တော်ဟောင်းရှိ တိဿမဟာရာမ ခေါ် တိဿမဟာဝိဟာရ ကျောင်းတော်ကြီး၌လည်း ရဟန္တာပေါင်း တသောင်း နှစ် ထောင်ပင် သီတင်းသုံးတော်မူလျက် ရှိကြလေသည်။

(စိတ္တလတောင်နှင့် တိဿမဟာဝိဟာရ ကျောင်းတော်ကြီးမှာ တဆယ့် နှစ်မိုင်ခန့်သာ ဝေးကွာ၏။)

ပုဂ္ဂိုလ် တဦးတယောက်အတွက်ဖြစ်စေ၊ သာသနာတော် တခုလုံး အတွက် ဖြစ်စေ ရံခါ တွေ့ကြုံရသော အနှောင့်အရှက်များမှာ အံ့ဩ လောက်ပေ၏။
ကံတရားတို့ကား ဆန်းကြယ်လှပေသည်။

အဆိုပါ စိတ္တလတောင်နှင့် တိဿမဟာဝိဟာရ နှစ်ကျောင်း လုံး၌ပင် သံဃာတော်များ ချမ်းသာစ္စာ ပရိယတ်, ပဋိပတ် ဆောင်နိုင်စေရန် ဒကာ, ဒကာမများက ကပ္ပိယများ ထားရှိကာ စပါးဆန်ရေ ရိက္ခာများ သုံးနှစ်စာခန့်ပင် လှူထားကြလေသည်။ မိုးလေဝသ ခေါင်သော်လည်း သူတော်ကောင်းများ အတွက် မဆင်းရဲရအောင် ပိုပိုကြိုကြို စီစဉ်ကြခြင်းဖြစ်၏။

သို့ရာတွင် ထိုသံဃာတော် နှစ်သောင်း လေးထောင်ခန့် သုံးနှစ်စာ သို လှောင်ထားသော ဆန်စပါးများမှာ ကြွက်ကြီးများ အုပ်လိုက်ချီ၍ ဖျက်ဆီး ကြရာ တညတည်းဖြင့် အချို့အဖွဲ့မျှသာ ကျန်လေတော့သည်။

စိတ္တလတောင် ကျောင်းတိုက်ကြီးမှ ရဟန္တာပေါင်း တသောင်း နှစ်ထောင် တို့သည် စားရေရိက္ခာ အာဟာရ ပြတ်လပ်တော် မူကြရလေ၏။ “တိဿမဟာ ဝိဟာရ ကျောင်းတော်ကြီး၌ကား စားရေရိက္ခာ ရှိတန်ကောင်း၏” အထင်ဖြင့် တိဿမတာဝိဟာရ ကျောင်းဘက်သို့ ထွက်ခွာတော်မူကြလေ၏။

တိဿမဟာဝိဟာရမှ ရဟန္တာအရှင်ပေါင်း တသောင်း နှစ်ထောင် တို့မှာ လည်း ကြွက်ကြီးများ နှိပ်စက်၍ အာဟာရပြတ်လပ်ကာ “စိတ္တလတောင်ကျောင်း တော်ကြီး၌မူ ရိက္ခာရှိတန်ကောင်း၏ အထင်ဖြင့် စိတ္တလတောင်ဘက်သို့ ထွက်ခွာ တော်မူခဲ့ကြလေသည်။
