## PAGE 310
<!-- 15 paragraphs, raw extraction -->



"


နေ့စဉ် ဆွမ်းဘုဉ်းပေးရာ တဝါတွင်းသာ ကုန်လွန်သွားသော်လည်း မည် သည့်တရားစကားမျှ မဟောပြော၊ “သုခီဟောတု၊ ဒုက္ခာမုစ္စတု” ဟုသာ မိန့်ဆို ဟောကြားပြီး ပြန်ကြွမြဲဖြစ်သည်။ သို့ရာတွင် ဆွေမတော် မျိုးမတော် မည်သည့် ကျေးဇူးခံ ကျေးဇူးစားမျှမရှိ၊ မည်သည့်မျှော်လင့်ချက်မျှမပါ၊ သာသနာတော် ကို ကြည်ညိုသော စိတ်သက်သက်ဖြင့် နေ့စဉ်ပေးလှူသော ဆွမ်းကို ဘုဉ်းပေးရ သည့်အတွက် စိတ်ထဲတွင်.. ပိုပြီး တာဝန်တက်နေ၏။

"

“ဆွမ်းကို ထိုက်တန်အောင် စားမည်၊ ဆွမ်းလှူသူပို၍ အကျိုးကျေးဇူး များအောင် လုပ်မည်” ဟု ဆုံးဖြတ်ထားသည်။

လူဒကာတို့ ပြုသော ရိုသေခြင်း၊ လှူဒါန်းခြင်းနှင့် ထိုက်တန်အောင်၊အလှူ အကျိုးရှိအောင် လုပ်ပေးနိုင်သည်မှာ တလောကလုံးတွင် သံဃာတော်များသာ ဖြစ်ပေ၏။ ယင်းကိုပင်သာမီစိပ္ပဋိပန္နော ဟု ခေါ်သည်။ မိမိသန္တာန်၌ကိလေသာ ကုန်ခန်း၍ ရဟန္တာဖြစ်သည်အထိ ကျင့်ကြံခြင်းအားဖြင့် လှူသူတို့အား ပြန်လည် ချီးမြှောက်ခြင်း၊ ဆွမ်းဖိုးဆပ်ခြင်း၊ လူဒကာတို့အကျိုးများအောင် ဆောင်ရွက် ပေးခြင်း ဖြစ်တော့သည်။ (မဟာမိတ္တထေရ်လည်း ကြည့်။)

မလိယဒေဝရဟန်းငယ်လည်း ဆွမ်းဒါယိကာမကြီး၏စေတနာကို ထောက် ၍ အစွမ်းကုန် ချီးမြှောက်မည်ဟု ရည်ရွယ်ကာ စတင်ဆွမ်းအလှူခံယူသောနေ့မှ စ၍ တဘက်က စာသင်ရင်း တရားကိုလည်း ထက်ထက်သန်သန်နှလုံးသွင်းနေခဲ့၏။
သီတင်းဝါလကျွတ်၍ ပဝါရဏာပြုသောအခါ ပဋိသမ္ဘီဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်တော်မူလေသည်။

ရဟန်းတော်များ ထုံးစံအတိုင်း ပဝါရဏာပွဲကို သီတင်းကျွတ်နှင့်အတူ ပြုလုပ်လေ့ရှိရာ ထိုနေ့မျိုးတွင် ဒကာ ဒကာမများလည်း တတ်စွမ်းသမျှ လှူဖွယ် တန်းရန်များနှင့်တကွ ကျောင်းသို့လာရောက် ပူဇော်လေ့ရှိကြရာ. မဏ္ဍလာရာမ ကျောင်းထိုင် မထေရ်ကြီးက’

“ငါ့ရှင် မဟာဒေဝ၊ ယနေ့ကျောင်းမှာ ဒကာ, ဒကာမတွေလာရောက် စုဝေးကြလိမ့်မယ်။ ငါ့ရှင် တရားဓမ္မ ချီးမြှင့်ရမယ်” ဟု အမိန့်ချတော်မူ၏။
(ကျောင်းထိုင်မထေရ်ကြီး၏ အသိဉာဏ်ကိုလည်း ကြည်ညိုနိုင်ပေသည်။)

အရှင်မလိဒေယဝ ရဟန်းငယ် တရားဟောမည်ကို ကိုရင်များက ဆွမ်းအမ

ကြီးအား ဆွမ်းခံယင်း အသိပေး ဖိတ်ကြားခဲ့ကြသည်။

“ဒကာမကြီး၊ ဒကာမကြီးသား ဒီကနေ့ ကျောင်းမှာ တရားဟောလိမ့် မယ်။ ဒကာမကြီး ကျောင်းလာပြီး တရားနာပါအုံး။

"

## PAGE 311
<!-- 12 paragraphs, raw extraction -->




“မလှောင်ကြပါနဲ့ ကိုရင်တို့ရယ်... တရားဆိုတာ ပုဂ္ဂိုလ်တိုင်းဟောနိုင် ကြတာ မဟုတ်ပါဘူး၊ တပည့်တော်မ,သား မောင်ပဉ္စင်းဟာ ခုလောက်သာ ကြာတယ်၊ “သုခီဟောတု၊ ဒုက္ခာမုစ္စတု ဒီနှစ်ပုဒ်လောက်ပဲ ဟောတတ်တာပါ။” “မဟုတ်ပါဘူး ဒကာမကြီးရယ်၊ တတ်တတ်, မတတ်တတ်၊ တရားနာလာ ဖြစ်အောင်သာ လာခဲ့စမ်းပါ။

"

ဆွမ်းအမကြီးမှာလည်း ကိုရင်များ သတင်းပေး, တိုက်တွန်းချက် အရ ပန်းနံ့သာစသည့် လှူဖွယ်များကိုယူ၍ ကျောင်းသို့ ရောက်လာ၏။ သားရဟန်း ဟောမည့်တရားကို မရှုံမရဲတထိတ်ထိတ်ဖြင့် ပရိသတ်အစွန်ကပင် နာယူနေလေ၏။

နေ့ခင်းနေ့လယ်ပိုင်း အလှည့်ကျ ဟောပြောရွတ်ဖတ်သည့် ပုဂ္ဂိုလ်များ ပြီးဆုံးသွားသောအခါ မလိယဒေဝရဟန်းငယ်လည်း ကြည်ညိုစဖွယ် သပ္ပာယ် တည်ငြိမ်စွာ ဓမ္မကထိကကြီးများကိုင်ဆောင်လေ့ရှိသောယပ်တောင်ကိုကိုင်ဆောင် ၍ ကရားပလ္လင်ထက်သို့ တက်ကြွတော်မူလာ၏။ ထုံးစံအတိုင်း သီလစသည်ပေးပြီး လျှင် ဟောရမည့်တရားကို စဉ်းစားသောအခါ ဆွမ်းအမကြီးအား တဝါတွင်းလုံး ဟောခဲ့ဘူးသော တရားကိုပင်ဟောရန် ဆုံးဖြတ်လိုက်၏။

(အချိန်မှာ နေဝင်စပြုလေပြီ၊ ကျောင်းထိုင်မထေရ်ကြီးနှင့်တကွ စာသင် ဘက်ရဟန်းတော်များ, ကိုရင်ငယ်ကလေးများမှအစ သင့်တော်ရာနေရာ၌ အသီး အသီး နေရာယူကာ နာယူနေကြ၏။ အကဲခတ်နေကြ၏။)

မလိယဒေဝရဟန်းငယ်သည် “သုခီဟောတု၊ ဒုက္ခာမုစံတု’ တရားနှစ်ပုဒ် ကိုပင် တရားကိုယ်အမာခံထားလျက် နိကာယ်ငါးရပ်, ပိဋကသုံးပုံ ခြုံငုံသုံးသပ်၍ အကျယ်ဖွင့်ဆိုဟောကြားတော်မူရာ ညဉ့်နက်သည်ထက် နက်၍လာသော်လည်း ကြာသည်မထင်၊ နာ၍မငြီး ရှိကြလေ၏။

"

“တလောကလုံး၊ တသံသရာလုံး သတ္တဝါတိုင်း၏ဆင်းရဲရပုံများကို

ပြဆိုပြီးလျှင် သောတာပန်ပုဂ္ဂိုလ်၏ ချမ်းသာပုံ၊ ဆင်းရဲမှ လွှတ်ပုံ၊
သကာဒါဂါမ်ပုဂ္ဂိုလ်၏ ချမ်းသာပုံ၊ ဆင်းရဲမှလွတ်ပုံ၊ အနာဂါမ်ပုဂ္ဂိုလ်၏ ချမ်းသာပုံ၊ ဆင်းရဲမှလွတ်ပုံများကို အဆင့်ဆင့်နှိုင်းယှဉ်ဝေဖန်၍ နောက် ဆုံး အရဟတ္တဖိုလ်သို့ မရောက်ကြရသေးသမျှ ချမ်းသာအပြည့်အဝ မခံ စားရသေးပုံ၊ ဆင်းရဲမှလုံးဝကင်းငြိမ်းပြီ မဆိုနိုင်သေးပုံများကို အသေး စိတ်ရှင်းလင်းဟောပြကာ တရားမိုးကြီး ရွာသွန်းတော်မူလေသည်။” “ချမ်းသာပါစေ၊ ဆင်းရဲကင်းပါစေ” စကားနှစ်ခွန်းသည် ပိဋကသုံးပုံလုံး ခြုံငုံမိ၍ အလွန်အရေးပါသော မေတ္တာဘာဝနာ စကားဖြစ်ကြောင်း ပရိသတ် များ အားလုံး သဘောပေါက်သွားကြ၏။

## PAGE 312
<!-- 13 paragraphs, raw extraction -->



4


(ဓမ္မပဒအဋ္ဌကထာ-၁၊ ၃၃၃-လ၁ ဝနဝါသီတိဿ သာမဏေလည်း ယင်းနှစ်ပုဒ်ကိုပင် တညလုံးဟောရကြောင်း “မေတ္တာဝါဒ' စာအုပ်၌ရေးခဲ့ပြီ။) တရားပွဲ ပြီးဆုံးသောအချိန်နှင့် အရှေ့လောကဓာတ်မှ နေအရုဏ်တက် သောအချိန်သည် အချိန်ကိုက်ဖြစ်နေ၏။ တရားပွဲပြီးလျှင် ဆွမ်းအမကြီးလည်း သောတာပန် တည်လေတော့သတည်း။

(ဂန္ထပလိဗောဓအရာ စံတော်ဝင် ' မဟာဓမ္မရက္ခိတထေရ် အခန်း၌လည်း မလိယဒေဝမထေရ်အကြောင်း ရှုပါဦး။ ဝိသုဒ္ဓိမဂ်-၁၊ ၉၂။)

ဓာတ်ခိုက်လှသော  ်ဆ ဆက္က သုတ္တန်” ဟောကြားခြင်း

မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော်၌ ဆဆက္ကသုတ်ဟူ၍ရှိသည်။ (မ-၃၊
၃၂၇-၃၃ ၅။) ထိုသုတ်ကို မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌ ရဟန်း များကို ဟောတော်မူ၏။

ဟောကြားသောတရားများမှာ’အတွင်းအာယတနခြောက်ပါး၊ အပြင် အာယတနခြောက်ပါး၊ 'ဝိညာဏ်ခြောက်ပါး၊ ဖဿခြောက်ပါး၊ ဝေဒနာခြောက် ပါး၊ တဏှာခြောက်ပါးတို့ ဖြစ်ကုန်၏။

"

“စက္ခုစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏ ံ သင်္ဂတိ ဖဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ထဏှာ ဤပါဠိကိုမူတည်၍ ၆×၆=၃၆-မျိုးသော တရားသဘောတို့သည် ဖြစ်မှု ပျက်မှု ထင်ရှား၍ ငါ, ငါ့ဥစ္စာဟု မသုံးသပ်ထိုက်ကြောင်း အကျယ်ဟောတော် မူခြင်းဖြစ်၏။

{

ထိုသုတ်ကိုဟောတော်မူ၍ ပြီးဆုံးသောအခါ ရဟန်း ခြောက်ကျိပ်တို့ ရဟန္တာဖြစ်တော်မူကြသည်။ ယင်းသုတ္တန်ကို အရှင်သာရိပုတ္တရာ ဟောတော်မူရာ တွင်လည်း ရဟန်းခြောက်ကျိပ်တို့ ရဟန္တာဖြစ်တော်မူကြ၏။ အရှင်မောဂ္ဂလ္လာန် ဟောတော်မူရာတွင်လည်း ထို ့အတူ ရဟန်းခြောက်ကျိပ်တို့ ရဟန္တာ ဖြစ်တော်မူ ကြ၏။ အခြားသော အသီတိသာဝကမထေရ်ကြီးများ ဟောတော်မူကြရာတွင် လည်း အလားတူ ရဟန်းခြောက်ကျိပ်တို့ ရဟန္တာ ဖြစ်တော်မူကြရာ ခြောက် ခြောက်လီသုတ္တန်သည် သာသနာတော်၌ အလွန်ထူးခြားလှသော သုတ္တန်ကြီးဖြစ် လေသည်။
