## PAGE 331
<!-- 14 paragraphs, raw extraction -->

၂၈.၈.



{

တည်လဲ ရှနိုင်သားပဲဟာ၊ အမိန့်တော်အတိုင်း ချက်သာ ချက်ပေးလိုက်ပါ”ဟု မင်းချင်းက ပြောလျှင် …

“အင်း… ရှိပါစေ မိတ်ဆွေ..၊ သတ္တဝါဟာ မည်သူမဆို တဘဝမှာ နှစ်ခါပြန်သေရိုးထုံးစံ မရှိပါဘူး။ တဘဝမှာ တခါပဲသေကြရတာပဲ။ တကယ်ပဲ ကျုပ် ပါဏတိပါတ မလုပ်ဝံ့လို့ပါ။ သည်အတိုင်းသာ သံတော်ဦးတင်ပေးပါ” ဟုသာ တိဿက ငြင်းပယ်လိုက်၏။

သုံးကြိမ်တိုင်တိုင် စေခိုင်းသော်လည်း ဇွတ်ငြင်းပယ်နေသဖြင့် မင်းကြီး ကိုယ်ကော်တိုင်' ရွှေတော်ခေါ်၍ အမိန့်တော်ကို နာခံရန် အတန်တန်ပြောပြရာ တိဿမှာ မည်သို့မျှ မလုပ်ဆောင်နိုင်သဖြင့် ငြင်းပယ်မြဲ ငြင်းပယ်ရလေ၏။
မင်းကြီးလည်း အာဏာဖီဆန်သူ တိဿအား သုသာန်ထုတ်ဆောင်၍ ခေါင်းဖြတ်ကွပ်မျက်ရန် , သူသတ်သမား မင်းချင်းများအား ချက်ချင်း အမိန့် ချမှတ်တော်မူလိုက်သည်။မင်းချင်းများက သူသတ်ကုန်းသို့ခေါ်ဆောင်သွားကာ တိဿ၏ခေါင်းကိုဖြတ်ရန် ခြိမ်းခြောက် ပြင်ဆင်နေကြ၏။ တိဿအား သူသတ် ကုန်း၌ တုံးလုံးလှဲအိပ်စေကာ ကြက်အရှင် တကောင်ကိုလည်း တိဿလက်ထဲသို့ ပေးလိုက်၏။ အမိန့်တော်အတိုင်း ဆောင်ရွက်ရန် ချော့၍ ခြောက်၍ ပြောဆို ကြစဉ် တိဿသည် လက်ဖြင့်ကိုင်ထားသော ကြက်ကို–

"

“ကဲ… ချစ်သား၊ သင့်အား ငါ့အသက်ကို ပေးလှူပါတယ်၊ သင့်ကိုယ်စား အသေခံ၍ သင့်အသက်ကို ငါလဲလှယ် ယူလိုက်ပါပြီ၊ သင် ချမ်းချမ်းသာသာ သွားလိုရာသွားပေတော့”ဟု သူသတ်သမားများရွှေ့၌ပင် ပြောဆိုလွှတ်လိုက်၏။
ကြက်ကြီးမှာ ဝမ်းသာလွန်း၍ အတောင်ပံများ ရိုက်ခတ် တွန်မြည်ကာ ပျံတက် ပြီးလျှင် ပညောင်ပင်၌ သွား၍ ပုန်းခိုနေလေ၏။ (ကြက် ဘေးမဲ့ပေးရာ ဌာန ကို ယခုအခါ “ကုက္ကုဋ္ဌဂီရိ-ကြက်တောင်”ဟု ခေါ်သည်။)

မင်းချင်းများမှာ မင်းကြီး မှာကြားလိုက်သော အတွင်း စကား အရ တိဿလုလင်အား မသတ်ပဲ မင်းကြီးအား ပြန်၍သံတော်ဦးတင်ကြရ၏။ မင်းကြီး လည်း အကြောင်းစုံသိရသောအခါ တိဿလုလင်အား ကောင်းမွန်သော အဝတ် တန်ဆာများ ဆင်ယင်စေ၍ ရွှေတော်၌ ခစားစေ၏။

တော်ပါပေစွ အမောင်တိဿ၊ ငါကိုယ်တော်မြတ်ဟာ သင့်အား ဒီရည်ရွယ်ချက်နှင့် စုံစမ်းခြင်းဖြစ်တယ်၊ ငါကိုယ်တော်မြတ် နားမှာ အနာ ဖြစ် ပေါ်နေ၍ ခါသားကင် ဓာတ်စာစားလိုသည်မှာ သုံးနှစ်ပင်ကျော်ခဲ့ပြီ အမောင်၊
အမောင်ဟာ ငါကိုယ်တော်မြတ် အတွက် ခါသား ပံ့သုကူစစ်စစ် ရအောင် ကြံဆောင် ဆက်သနိုင်ပါ့မလား”ဟု အကြောင်းစုံ ဖွင့်ဟမိန့်တော်မူလျှင်…

"

“ထိုကိစ္စမှာ ကျွန်တော်မျိုးတို့၏ တာဝန်ပင် ဖြစ်ပါတယ်”ဟု သံတော်ဦး

တင်လိုက်သည်။

## PAGE 332
<!-- 13 paragraphs, raw extraction -->

:


နေစဉ်



တိဿ အမတ်သားလည်း . မြို့တံခါးဝတခု၌ စောစောထ၍ စောင့်ကြို ခါအသေသုံးကောင်ကိုယူဆောင်ကာမြို့တွင်းသို့ဝင်လာသောလူတယောက် ကို အဆင်သင့် တွေ့ကြုံရသဖြင့် အသပြာ ငွေနှစ်ကျပ်ပေး၍ ဝယ်ယူလိုက်၏။
ခါသေများကို ကောင်းစွာ ကိုင်တွယ်စီရင်ပြီးနောက် ချင်း၊ ဗီယာ စသည်တို့ဖြင့် ထုံ၍ မီးကျီး၌ကင်ပြီးလျှင် မင်းကြီးအား ဆက်သလေ၏။

.

မင်းကြီးလည်း နန်းရင်ပြင် ရာဇပလ္လင်ထက်၌စံနေခိုက် ခါသားကင်များ လာရောက် ဆက်သ သဖြင့် သုံးနှစ်သုံးမိုး စောင့်နေရသည် အားလျော်စွာ ချက်ချင်းပင် ခါကင်တခုကိုချိုးဖဲ့ပြီးဝါးစားလိုက်ရာ လွန်စွာအရသာတွေ့သွား၏။
မင်းကြီးလည်း ခါသားကို အားပါးတရ ၀ါးစားနေယင်း ပါးစပ်ထဲမှ ခါသားကိုထွေး၍လက်ဖြင့် ယူလိုက်ပြီး မြေကြီးပေါ်သို့ ပစ်ချရန် ဟန်ပြင်နေခိုက် တိဿသည် ဒူးတုပ်လျက်က အနားသို့ တိုးကာ ပါးစပ်ဟ၍ ခံယူလိုက်သည်။
မည်သည့်အန္တရာယ်မျှမရှိ၊ လတ်ဆတ် ကောင်းမွန်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် မင်းကြီးကား မကောင်း၍စွန့်ပစ်ခြင်းမဟုတ်၊ ကောင်းလွန်း၍ စွန့်ပစ်ခြင်းဖြစ်လေသည်။
အလွန်အရသာရှိသော အသားကို သုံးဆောင်ရသဖြင့် သံဃာတော်များကို သတိရတော်မူသောကြောင့် ဖြစ်သည်။

“ရေမြေသနင်းမင်းဖြစ်သော ငါကိုယ်တော်မြတ်တောင်မှ ခါသားပံ့သုကူ ကို စားချင်နေတာ သုံးနှစ်ပင် ကြာသော်လဲ စားခွင့် မရခဲ့ဘူး။ သူတကာ လောင်းလှူမှ ဘုဉ်းပေးတော်မူရတဲ့ သံဃာတော်အရှင်မြတ်များ ဘယ်မှာ ဒါမျိုး ရနိုင်ပါ့မလဲ”

"

စွန့်ပစ်သည်ကို ပါးစပ်ဖြင့် ခံလင့်နေသော တိဿ အမတ်သားကိုလည်း’ “မောင်မင်း ခါသားဟာ ဘာအပြစ်မှ မရှိဘူးဆိုတာသိပါတယ်ကွယ်”ဟု မိန့်တော်မူကာ ထူးစွန့်ရခြင်း၏ အကြောင်းကို ရှင်းပြလိုက်၏။ ကျန် ခါ နှစ်ကောင်ကိုလည်း ကောင်းစွာ ပြန်ကပ်ပြီး သိမ်းဆည်းထားရန် မိန့်မှာလိုက်လေ သည်။

အလှူခံ ပမာဏ မသိသူနှင့် သိသူ

နောက်တရက် နံနက် နန်းတော်သို့ ကြွနေကျမထေရ်တပါး ဆွမ်းခံကြွ လာလျှင် အမတ်သား တိဿလည်း မြင်လျှင်မြင်ချင်း သပိတ်ကို လှမ်းယူကာ နန်းတွင်းသို့ ပင့်သွား၏။ တောထွက် ကိုယ်တော်ကြီး တပါးလည်း ထိုမထေရ်၏ နောက်ပါတပည့်အသွင် နောက်က ထက်ကြပ် လိုက်ပါ၍ ဝင်သွား၏။ မထေရ်

## PAGE 333
<!-- 14 paragraphs, raw extraction -->


၂၉ဝ


ကလည်း ထိုတောထွက် ကိုယ်တော်ကြီးအား ရှင်ဘုရင်က အပင့် ခိုင်းထားသော ပုဂ္ဂိုလ်ဖြစ်မည် ထင်လိုက်၏။ အမတ်သား တိဿကလည်း မထေရ်၏အလုပ်အကျွေး တပည့်ဖြစ်မည်ဟု ထင်လိုက်သည်။

နန်းတွင်းသို့ ရောက်လျှင်  ့ အထူးမေးလျှောက်မနေပဲ နှစ်ပါးစလုံးကိုပင် ယာဂုများကပ်၏။ မင်းကြီးကိုယ်တိုင် မြတ်နိုးလှသော ခါသားကင်များကို ဆက် ကပ်ရာ မထေရ်က တကောင်အလှူခံသကဲ့သို့ တောထွက် ကိုယ်တော်ကြီးကလည်း တကောင် အလှူခံလိုက်သည်။

"

“လိုတာ ရှိလျှင် အမိန့်ရှိတော်မူပါ”ဟု မင်းကြီးက လျှောက်၍ ထပ်မံ လိုက်ပွဲကပ်ရာ မထေရ်က လက်ကာ၍ တားလိုက်၏။ တောထွက် ကိုယ်တော်ကြီး ကား သပိတ်ကို ထိုးပေး၍ ခံယူလိုက်သည်။ မင်းကြီးမှာ တောထွက်ကြီး၏ ဘုဉ်းပေး ပြုမူ နေထိုင်ပုံများကို ကြည့်ကာ စိတ် မချမ်းသာလှသဖြင့် မထေရ် ပြန်ကြွလျှင် သပိတ်ပွေ့၍နောက်မှ လိုက်ပါသွားကာ-

"

“အရှင်ဘုရား……၊ ဒကာ, ဒကာမတို့ထံ ကြွတဲ့ မထေရ်များဟာ .အလှူခံ ကျင့်ဝတ် သိနားလည်တဲ့ တပည့်များကိုသာ ခေါ်ဆောင်ကြွသင့်ပါတယ်ဘုရား ဟု လျှောက်ရာ မထေရ်မှာ ထိုအခါကျမှ တောထွက်ကြီးအား ရှင်ဘုရင်ပင့်ထား သော ကိုယ်တော် မဟုတ်ကြောင်း သိတော်မူလေ၏။

နောက်တနေ့ နန်းတော်သို့ ကြွရာတွင်ကား သာမဏေငယ် တပါးကို နောက်ပါ ခေါ်၍ ကြွတော်မူလာ၏။

မင်းကြီးမှာ နောက်တနေ့တွင်လည်း ယာဂုနှင့် မိမိမြတ်နိုးသော ခါသား ကင်ကို ဆက်ကပ်လေရာ မထေရ်က တကောင် ခံယူ၏။ သာမဏေငယ်အား ကပ် ရာတွင် သာမဏေမှာ ကြိုတင် မှာကြားထားခြင်းမရှိပဲလျက် လက်ဖြင့် အမူအရာ ပြလျက် တဝက်ခွဲပြီး အလှူခံလေသည်။ ထိုတဝက်ကိုပင် မင်းကြီးက မထေရ်အား ကပ်လှူပြန်ရာ လက်ကာ၍ တားမြစ်တော်မူ၏။ သာမဏေအား တဖန် ထပ်၍ ကပ်ပြန်၏။ လက်ကာ၍ ပြလိုက်လေသည်။

မင်းကြီးသည် မိမိမြတ်နိုးသော သံဃာတော်များအား နှစ်ခြိုက်လှသော ခါသားကင်ကို နှစ်ရက်တိုင်တိုင် ဆက်ကပ်ပြီးမှ ကျေနပ်လှသဖြင့် မလှမ်းမကမ်း တနေရာ၌ ထိုင်လျက် ခါသားကင်နှစ်ကောင်ခွဲကို ချိုးဖဲ ့၍ မြိန်ရေရှက်ရေစားသုံး

လေ၏။

“အင်း….ကျင့်ဝတ် နားလည်သော သူတော်ကောင်းများကို မှီခိုခွင့် ရတဲ့ အတွက် ငါစားချင်နေတဲ့ ခါသားကင်မှာ ယခုမှ စားရပေတော့တယ်”ဟု ပြောပြောဆိုဆို ဝမ်းသာ အားရ စားနေခိုက်မှာပင် နားနှစ်ဘက်ရှိ အနာက ပြည် ပုပ်များ ပွက်၍ ထွက်ကျသွားကုန်၏။ ထို့နောက် ခံတွင်းကို ဆေးကြော (ပလုပ် ကျင်း)ပြီးနောက် သာမဏေငယ်ထံ ချဉ်းကပ်၍—
