## PAGE 340
<!-- 12 paragraphs, raw extraction -->




သာကြွယ်ဝသော အိမ်တအိမ်၌ အပ်နှံထားလိုက်သည်။ နို ့စားနွားမမှာ သူတို့၏ ဘုန်းကံကြောင့် နို ့များ အလွန်အကျွံ အံ့ဩလောက်အောင် ထွက်လေသည်။
( နံနက် သုံးတင်း,ညသုံးတင်း=တီဏိမာဏိကာ ဟု ဆို၏။ )ဒိန်ချဉ် လုပ်တန်သရွေ့ လုပ်၊ ထောပတ် ချက်တန်ချက် ထားရသည်။

စာရေးတံ နို ့ဃနာဆွမ်းကို ထောပတ်ဆမ်း၍ လောင်းလှူလိုက်ရာ ထင်း ရောင်း ဇနီး မောင်နှံတို့ အိမ်မှ စာရေးတံဆွမ်းကို ကံကောင်းသော ရဟန်း သာမဏေများ ဝမ်းမြောက်ဝမ်းသာ အလှူခံကြရသည်။

တနေ့တွင် ထင်းရောင်းသမား မဟာတိဿသည် စိတ်အကြံတခု ပေါ် လာ၍ အိမ့်ရှင်မအား’

"

“ရှင်မရေ…၊ သမီး ကယ်ပေလို့သာ ငါတို့မှာ အရှက်မကွဲတာ၊ ငါတို့ နို ့ဃနာဆွမ်းကလဲ အရှင်မြတ်များအတွက် ဘုဉ်းပေးဖို့ ထိုက်တန်ပါတယ်၊ ရှင်မ ....၊ ဒါထက် ငါ့မှာ ခရီးထွက်စရာကိစ္စတခု ပေါ်လာလို့ ငါမရောက်မချင်း ဒီအလှူဝတ်မပျက်ကွက်ရစ်ပါစေနှင့်နော်၊ ငါ့မှာ တစုံတရာဆောင်ရွက်လုပ်ကိုင်ပြီး သမီးကို ပြန်ခေါ်နိုင်ဖို့က ရှိနေသေးတယ်။”

ဇနီးမောင်နှံ့ ပြောဆိုတိုင်ပင်ကာ မဟာတိဿသည် တရုပ်တရွာသို့သွား၍ ကြံကြိတ်ကြံချက်လုပ်ငန်းတွင် အခစားဝင်ရောက်လုပ်ကိုင်ရလေသည်။ ခြောက်လ တိတိ အခစားလုပ်ရာ ငွေအသပြာ ၁၂-ကျပ်စုမိဆောင်းမိသောအခါ “ဒီလောက် ဆိုယင် ငါ့သမီးကို ရွေးနိုင်လေပြီ” ဟု ဆုံးဖြတ်၍ အသပြာကို ပုဆိုးစွန်မှာထုပ်ပြီး အိမ်ပြန်ခဲ့လေ၏။

ထိုအချိန်၌ပင် အမ္ဗရိယရာ ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူသော ပိဏ္ဍပါတိယ တိဿ မထေရ်လည်း တိဿမဟာဝိဟာရသို့ ဘုရားဖူးရန် အကြွ မဟာဂါမ နေပြည်တော်သွား လမ်းခရီးဖြင့် ကြွတော်မူ၏။ ထင်းရောင်း ဒကာ လည်း မထေရ်ကို ခပ်လှမ်းလှမ်းကပင် ဖူးတွေ့နေရသဖြင့် သီလရှိသော သူတော် ကောင်းများကို အမြဲတစေဖူးတွေ့ခွင့် ရနိုင်တာမဟုတ်၊ ထိုအရှင်မြတ်နှင့် အတူ လိုက်ပါပြီး တရားစကား နာကြားယင်း သွားရလျှင် ကောင်းမှာပဲ” အကြံဖြင့် မထေရ်ကို အမီလိုက်၍ ရှိခိုး နှုတ်ဆက်လျက် ခရီးအတူ သွားလေ၏။

သမီးရွေးရန် ငွေ ၁၂- ကျပ်

သွား၍မကြာမီတွင် မွန်းတည့်ရန်အချိန်နီးကပ်နေသဖြင့် “ငါ့မှာလဲထမင်း ထုပ် မပါခဲ့၊ အရှင်မြတ်မှာလဲ ဆွမ်းစားချိန် ရောက်နေပြီ၊ တတ်နိုင်ပါဘူးလေ…၊
ရွေ့ရွာအဝင်ရောက်မှပဲ ပါလာတဲ့ အသပြာနဲ့ ဝယ်ခြမ်း ကပ်ရတော့မှာပဲ”ဟု..

## PAGE 341
<!-- 13 paragraphs, raw extraction -->




စဉ်းစားနေဆဲမှာပင် ထမင်းထုပ်နှင့် ခရီးသွား တယောက်ကို မမျှော်လင့်ပဲ တွေ့လိုက်ရသဖြင့်-

“အရှင်ဘုရား၊ ခဏ ဆိုင်းငံ ့တော်မူပါဦး”ဟု လျှောက်၍ ထမင်းထုပ် ပါလာသော ခရီးသည်ထံ ခပ်သုတ်သုတ် သွားတွေ့လိုက်သည်။

“ဒီမှာမိတ်ဆွေ…၊ ခင်ဗျားထမင်းထုပ်ကလေးကို ရောင်းခဲ့ပါ၊ ကျွန်တော် အသပြာတကျပ်ပေးပါ့မယ်။””

ခရီးသည်မှာ “ကာလတန်ဖိုးအရ တပဲမျှတောင်မတန်တဲ့ ငါ့ထမင်းထုပ်ကို ချက်ချင်း အသပြာတကျပ်ပေးမယ်ဆိုတော့…၊ ဒါအကြောင်းတခုခု ရှိရမယ်’ဟု ရုတ်တရက် စဉ်းစားကာ-

“မိတ်ဆွေ…၊ အသပြာတကျပ်နဲ့တော့ မရောင်းနိုင်ပါဘူး”ဟု ဆိုလေ၏။
နှစ်ကျပ်မှစ၍ တိုးကာ တိုးကာ နောက်ဆုံး ပါသမျှ အကုန်ပေးသော်လည်း နောက်ထပ်ငွေရှိလိမ့်မည်အထင်ဖြင့် မရောင်းချနိုင်ကြောင်း ငြင်းမြဲငြင်းနေသဖြင့်-

“မိတ်ဆွေ…၊ကျွန်တော် မှာ ဒါ အကုန်ပါပဲ၊ သည့်ထက်ပါလာခဲ့ယင်လဲ ပါတာအကုန်ပေးဆိုပေးဖို့ပါပဲ၊ ဒါလဲ ကျွန်တော် အတွက်မဟုတ်ပါဘူး မိတ်ဆွေ၊
ဟောဟို သစ်ပင်ရိပ်မှာ ပင့်လျှောက်ထားတဲ့ အရှင်မြတ် အတွက်၊ အချိန်လဲ မရှိ တော့လို့ပါ။ မိတ်ဆွေရဲ့ကုသိုလ်ဆိုလဲ မမှားပါဘူး။ တဆိတ် ကျေးဇူးပြုပါ”ဟု ပြောခါမှ အသပြာ ၁၂-ကျပ်ဖြင့် ဝယ်ယူရရှိလေ၏။

ချက်ချင်းပင် ထမင်းထုပ်ကိုဝယ်ယူပြီး လက်များဆေးကြောကာ“အရှင် ဘုရား...သပိတ်ဖြင့် အလှူခံတော်မူပါ”ဟု လျှောက်၍လှူလိုက်သည်။ မထေရ်လည်း သပိတ်ကို အိတ်မှထုတ်ကာ အဖုံးကိုဖွင့်ပေးလိုက်၏။ ပါလာသော ထမင်းတဝက် လောက် သပိတ်ထဲရောက်သောအခါ လက်ကာ၍ သပိတ်ဖုံးကို ပိတ်လိုက်သည်။

"

“အရှင်ဘုရား၊ 'ဒီဆွမ်းဟာ တယောက်စာပဲရှိတာပါဘုရား၊ ဒီထဲက ခွဲပြီး တပည့်တော် မစားလိုပါ။ အရှင်ဘုရားဘုန်းကံကြောင့် ယခုလို လွယ်လင့်တကူ ရတာ ဖြစ်ပါတယ်။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် အားလုံး လက်ခံ တော်မူပါ”ဟု မရမနေ လျှောက်ထား၍ ထမင်းအားလုံး လောင်းလှူလိုက်သည်။

မထေရ်လည်း “အကြောင်းတစုံတရာ ရှိလေမည်´ဟု အောက်မေ့လျက် အားလုံး ဘုဉ်းပေးတော်မူ၏။
ဆွမ်းဘုဉ်းပေးပြီးလျှင် ထင်းရောင်း ဒကာလည်း ရေကို ရေစစ်ဖြင့်စစ်၍ ကပ်လိုက်၏။ ပြီးလျှင် အတူတကွ ရွှေ့သို့ ခရီးဆက်ကြ ပြန်သည်။

## PAGE 342
<!-- 12 paragraphs, raw extraction -->



ဆွမ်းဖိုးကျေအောင် ကြံဆောင်ဖြည့်ကျင့်

!


မထေရ်လည်း “ဒကာ…… သင် ဘာ့ကြောင့် ထမင်းမစားသလဲ”ဟု မေး တော်မူရာ အကြောင်းစုံ လျှောက်ထား,ကြားသိရသဖြင့် များစွာ သံဝေဂ ဖြစ်တော်မူ၏။ တစုံတခုသော ဆုံးဖြတ်ချက်ကိုလည်း ချလိုက်လေသည်။

“အင်း.. ထင်းရောင်းဒကာကား လူသာမန်တို့ ပြုနိုင်ခက်သော အမှုဆို ပြုပါပေတယ်။ ငါဟာ ဒီလိုဆွမ်းမျိုးကို စားပြီး ဆွမ်းဒကာကျေးဇူးကို ဆပ်နိုင်ဖို့ ကောင်းတယ်။ သင့်တော်တဲ့ နေရာမျိုးကိုသာရခဲ့လျှင် အရေအသားအသွေးတွေ ခန်းခြောက်ချင် ခန်းခြောက်ပါစေ၊ အရဟတ္တဖိုလ် မရသေးသမျှ ဒီတင်ပျဉ်ခွေ မဖျက်တော့ဘူးဆိုတဲ့ သမ္မပ္ပဓာန်လုံ လနဲ့ ကြိုးစားမှ တော်တော့မယ်။”

မထေရ်သည် တလမ်းလုံး ထိုကဲ့သို့ စဉ်းစားဆုံးဖြတ်ပြီး လာခဲ့ရာ တိဿ မဟာဝိဟာရကျောင်းတိုက်ကြီးသို့ရောက်လျှင် အာဂန္တုကဝတ်စသည်ကို ပြုလုပ် ပြီးသည်နှင့် ဆိတ်ငြိမ်ရာ၌ နေရာထိုင်ခင်းကာ အပြင်းအထန် တရားရှုမှတ်တော် မူ၏။ သို့ရာတွင် ထိုည မိုးစင်စင်သာ လင်းသွားသော်လည်း အရောင်အလင်း နိမိတ်ကိုမျှပင်.မရရှိပေ ။

(နောက်တရက် နံနက်တွင် စဉ်းစားမိသည်မှာ–

“ငါဟာ ဆွေမတော် မျိုးမတော်, ဘာမျှော်လင့်ချက်မှမပါ, သာသနာ တော်အတွက် သက်သက်သဒ္ဓာတရားနဲ့ လှူတဲ့ဆွမ်းတွေ စားခဲ့လှပြီ၊ လူဒကာတွေ မှာ ထမင်းတလုတ်ရဖို့ရာ နည်းမျိုးစုံနဲ့ ပင်ပန်းကြီးစွာ လုပ်ကိုင် ရှာဖွေကြရရှာ တယ်၊ သဒ္ဓာဖြင့်လှူတဲ့ သူ့ ဆွမ်းဖိုးကိုတောင် ကြွေးမကျေသေးဘူး၊ နောက်ထပ် ကြွေးဆက်ပြီး ခံယူဦးမယ်ဆိုယင် မသင့်တော်တော့ဘူး”ဟု သံဝေဂဝင်ကာ)ဆွမ်း ခံပင် မကြွ၊ ဆွမ်းကိုပင်မစားတော့ပဲ ဆက်တိုက် တရားအလုပ်ခွင်၌သာ နှစ်မြှုပ် လိုက်တော့၏။ တရားကိုသာ ထပ်ပြန်တလဲလဲ ဇွဲနဘဲကြီးစွာ ရှုမှတ်လေ၏။

ခုနစ်ရက်လုံးလုံး မည်သည့်ဆွမ်းဘောဇဉ်အာဟာရကိုမျှ မသုံးဆောင်ပဲ အားထုတ်ရာ ခုနစ်ရက်မြောက်နေ့နံနက် အရုဏ်တက်တွင် ပဋိသမ္ဘိဒါလေးတန်နှင့် တကွ အရဟတ္တဖိုလ်ဆုကြီးကို ရတော်မူလေသည်။

“အင်း…. ငါရဲ့ကိုယ်ခန္ဓာတို့ လွန်စွာပင်ပန်းနွမ်းလျသွားပြီ။ ငါရဲ့ အသက် ဇီဝိတိန္ဒြေဟာ ကြာရှည် ခံမှ ခံပါတော့မလား”ဟု ဆင်ခြင်စဉ်းစား၍ ကြည့်ရှုတော် မူရာ မိမိနေရမည့် အသက်အပိုင်းအခြားကို သိမြင်တော်မူသည်နှင့် ကျောင်းနေရာ ထိုင်ခင်းများ သိုမှီးသိမ်းဆည်းလိုက်၏။ ပြီးလျှင် ကျောင်းတိုက်အလယ်လောက်ရှိ အကြောင်းရှိလျှင် တီးရန်ထားသော စည်ကြီးရှိရာသို့ ကြွသွားပြီးနောက် စည်ကို
