## PAGE 358
<!-- 12 paragraphs, raw extraction -->



၃ ၁ ၅

မထေရ်လည်း သပိတ်ကိုလွယ်၍ ရှူ ့အပြင်၌စောင်ဆိုင်းငံ ့လင့်နေကြသော အာဂန္တုမထေရ်ငါးကျိပ်တို့ထံသွားပြီးလျှင်သံဃာမထေရ်ကြီးထံ ဦးစွာချဉ်းကပ်၍ သပိတ်ကို ဖွင့်ပြီး ခပ်ယူ ဘုဉ်းပေးရန် လျှောက်ထား၏။ မထေရ်ကြီးမှာနို ့ဃနာ ဆွမ်းများကို မြင်လျှင် အံ့ဩကာ အခြားအဖော်များကို လှမ်းကြည့်နေ၏။
ငါတို့မှာ ရွာရိုးလျှောက် အကြာကြီး လှည့်လည်ကြတာတောင်မှ ဘာမျှ မရခဲ့ကြဘူး။ခု ချက်ချင်း သွား ခုချက်ချင်း ပြန်လာ ရလာတယ်။ ဘယ်လိုပါလိမ့် မလဲဟူသော အကြည့်မျိုးဖြင့် ကြည့်နေစဉ် အရှင်တိဿမထေရ်က-

"

“အရှင်ဘုရားများ၊ ဘာမှ သံသယ ကုက္ကစ္စ ရှိတော်မမူကြပါနှင့်၊ ဒီဆွမ်း ဝိနည်းတော်အရ တရားသဖြင့် ရသော ဆွမ်း ဖြစ်ပါတယ်၊ အလှူခံယူတော်မူ ကြပါ ဘုရား…”ဟု မထေရ်ကြီးမှအစပြု၍ ထေရ်စဉ်ဝါလိုက် အပါးစေ့ အလို ရှိသလောက် ဝလင်အောင် ပေးလှူပြီးနောက် မိမိလည်း ဝဝလင်လင် ဘုဉ်းပေးရ

လေ၏။

သံဃာတော်များ အားလုံး ဆွမ်းတသပိတ်မျှဖြင့် သံဃာ ငါးကျိပ် တပါး ဘုဉ်းပေးနိုင်သည်ကို တွေ့မြင်ရ၍ သံဃာ့မထေရ်ကြီးက အရှင်တိဿအား- မထေရ်ကြီး´ ငါ့ရှင်၊ ဒီလောကုတ္တရာတရားထူးကို 'ဘယ်အချိန်က ရခဲ့ပါသလဲ။
တိဿ မှန်လှပါ၊ ဘုရားတပည့်တော်မှာ လောကုတ္တရာ တရားထူး မရ ရှိသေးပါဘုရား။

မထေရ်ကြီး … ဒါဖြင့် ငါ့ရှင်-ဈာနလာဘီပေါ့။

တိဿ မှန်လှပါ အရှင်ဘုရား၊ ဘုရား တပည့်တော်မှာ ဈာန်ကိုလဲ မရ ရှိပါ။

မထေရ်ကြီး … အနိုဘာမှ မရဘူးသာဆိုတယ်၊ ဒါ တန်ခိုးပဲ့မဟုတ်လားငါ့ရှင်။
တိဿ မှန်လှပါ၊ သူရားတပည့်တော် သာရဏီယ ဝတ်ကိုတော့ ဖြည့်ခဲ့ဖူး ပါတယ်ဘုရား။ ဒီသာရှဏီယ ဝတ်ကို ဖြည့်ပြီးတဲ့ အချိန်ကစပြီး သံဃာတရာ တထောင်ရှိပါစေí ဘုရားတပည့်တော် သပိတ်ထဲက ဆွမ်းဟာ ဘယ်တော့မှ ကုန်သွားတယ်ရယ်လို့ မရှိပါဘုရား ။
(မထေရ်များ ဝိနည်းသံသယ ကင်းရှင်းအောင်လျှောက်ထားခြင်း ဖြစ်သည်။)

မထေရ်ကြီး သာဓု-သာဓု-ငါ့ရှင် သူတော်ကောင်း၊ ငါ့ရှင်ရဲ့ ကျင့်ဝတ်ဟာ အလွန်သင့်မြတ် အတုယူအပ်လှပါပေတယ်။

## PAGE 359
<!-- 16 paragraphs, raw extraction -->


၃ ၁ ၆

3


ဒလှူပွဲတကာမှာ အသာဆုံးရခြင်း

ဤအရှင်တိဿ မထေရ်မြတ်သည်ပင် တခါက စေတီယတောင် “ဂီရိဘဏ္ဍ မဟာပူဇာခေါ် ဘုရားမီးပူဇော်ပွဲ သံဃဒါန အလှူပွဲကြီးတခုသို့ ကြွရောက်တော် မူရ၏။

ရဟန်းသံဃာများအား လောင်းလှူရန် လှူဖွယ်ဝတ္ထုအမျိုးမျိုးကို ကြည်ညို ဖွယ် ခင်းကျင်းပြသထားသောနေရာသို့ ကြွသွားကာ-

"

“ဒကာတို့- ဒီထဲမှာ ဘယ်ဟာ အကောင်းဆုံးလဲ”ဟု မေးတော်မူရာ သင်္ကန်းချုပ်ရန် ပိတ်စ နှစ်ခု အကောင်းဆုံးဖြစ်ကြောင်း လျှောက်ထားလျှင်

“အဲဒီ အကောင်းဆုံး ပိတ်စ နှစ်ခု ဦးပဉ္စင်းပဲကျမှာပါ”ဟု ပြောဆို ထွက်သွားလေ၏။ အမတ်ကြီးတဦးသည် ထိုသို့ ပြောဆိုသည်ကို ကြားရသဖြင့် မထေရ်ငယ်တပါးက ဤသို့ပြောသွားကြောင်း မင်းကြီးအား သွား၍ လျှောက် လိုက်သည်။ မင်းကြီးက-

"

“ကိုယ်တော်ငယ်ကလေးတွေဆိုတာ ဒီလိုပဲ၊ အကောင်းကြိုက်တာ ထုံးစံ ပါပဲ။ ဒါပေမယ့် ဒီနူးညံ့ချောညက်တဲ့ အဝတ်နှစ်ထည်ကတော့ မထေရ်ကြီးများ နှင့်ပဲ တော်ပါတယ်”ဟု ဆိုကာ သတ်သတ်မှတ်မှတ် အထက်ဆုံးက တင်ထား

လေ၏။

သံဃာတော်များ ဝါစဉ်အလိုက် မထေရ်ကြီးများမှစ၍ ကြွလာ အလှူခံ တော်မူကြရာ - မင်းကြီး ကိုယ်တိုင်ပင် လောင်းလှူလေ၏။ သို့ရာတွင် မထေရ်ကြီး များအတွက် သီးသန့် ရည်ရွယ်ပြီး အပေါ်ဆုံးက တင်ထားသော အဆိုပါ ပိတ်စ နှစ်ခုမှာ မင်းကြီး လက်ထဲသို့ ရောက်မလာ၊ အခြား လှူဖွယ်ဝတ္ထုများကိုသာ ကိုင်မိလျက်သား ဖြစ်နေလေ၏။

မထေရ်ကြီးများ အားလုံးအား လောင်းလှူပြီးနောက် အရှင်တိဿ မထေရ် ငယ်အလှည့်သို့ ရောက်သော အခါ၌မူ အဆိုပါ ပိတ်စနှစ်ခုကို ကိုင်မိလျက်သား ဖြစ်နေ၏။ မင်းကြီးလည်း မထေရ်ငယ်၏ လက်ထဲသို့ ဆက်ကပ်လိုက်ပြီးနောက် အနီး၌ ရှိနေသော အမတ်ကြီးအား ပြုံး၍ မျက်ရိပ် မျက်ခြည်ပြကာ မထေရ် ငယ်အား ခေတ္တ ဆိုင်းငံ ့ရန် တားထားလိုက်၏။

သံဃဒါန အလှူပွဲကြီးလည်း ပြီးဆုံး၍ သံဃာအများ ပြန်လည် ကြွသွား ကြလေ၏။ မင်းကြီးနှင့် အမတ်များကမူ အရှင်တိဿ မထေရ်အား လှူဖွယ်တန်း ရှန်များ ထပ်မံ လှူဒါန်းကာ မထေရ်ငယ်ရွှေ့၌ ရိုသေစွာ ထိုင်၍ ရှိခိုးပြီးလျှင် မင်းကြီးက’

## PAGE 360
<!-- 14 paragraphs, raw extraction -->




မင်းကြီး အရှင်ဘုရား….၊ ဘယ်အချိန်က ဒီတရားထူးကို ရခဲ့ပါသလဲဘုရား’ဟု လျှောက်လေ၏။ မထေရ်လည်း မိမိ၌ ထင်ရှားမရှိသော, တကယ် မရသောဂုဏ်ကို ပရိယာယ်မျှဖြင့်ပင် မပြောဆိုပဲ…

မထေရ် ဒကာတော်မင်းကြီး…၊ ဦးပဉ္စင်းမှာ လောကုတ္တရာ တရားထူး မရရှိ သေးပါဘူး’ဟု အမှန်အတိုင်း ပြောဆိုလိုက်ရာ-

မင်းကြီး အရှင်ဘုရား…၊ ဒါဖြင့် ဒီပိတ်စနှစ်ခုကတော့ ဦးပဉ္စင်းပဲ ကျမှာပဲလို့ ဘယ်လိုလုပ်ပြီး ပြောဆိုနိုင်ပါသတုံး။

မထေရ် မှန်ပါတယ် ဒကာတော်မင်းကြီး၊ ဦးပဉ္စင်းဟာ ဘုရားဟောတော်မူထား တဲ့ သာရဏီယကျင့်ဝတ်ဆိုတာ ရှိပါတယ်။ အဲဒါကို ကျင့်နေတာပါပဲ။
ဦးပဉ္စင်း အဲဒီ သာရဏီယဝတ်ကို ကျင့်တဲ့ အချိန်ကစပြီး လှူဖွယ်ပစ္စည်း အမျိုးမျိုး ခွဲဝေလှူဒါန်းကြတဲ့ နေရာမျိုးမှာ အကောင်းဆုံး ပစ္စည်း ဟာ ဦးပဉ္စင်းလက်ထဲ အလှူခံရလေ့ ရှိပါတယ်။

မင်းကြီး သာဓုဘုရား…၊ သာဓု သာဓု၊ အရှင်ဘုရားရဲ့ အကျင့်ဟာ တယ်လဲ မွန်မြတ်လှပါပေတယ်။

ဤသို့ လျှောက်ကာ မင်းနှင့် အမတ်ကြီးကိုလည်း အရှင်တိဿ မထေရ် ငယ်အား ဝမ်းသာ အားရ ဝတ်ပြုကာ ပြန်ကြလေ၏။

တိုင်းပျက် ပြည်ပျက် ဘေးကြီးအတွင်း နာဂထေရ် မောင်နှမ

နာဂထေရီမည်သော အရှင်မသည် တပည့် ထေရီမ တကျိပ်နှစ်ပါးကို အုပ်ချုပ်ကာ ဘာတရရွာ၌ သီတင်းသုံး နေထိုင်လေ၏။

သီဟိုဠ်ကျွန်း၌ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီး ပေါ်ပေါက်လာသော အခါ ဘာတရ ရွာသူ ရွာသားတို့သည် အရှင်မ နာဂထေရီအား အသိပေးချိန် မရတော့ပဲ ရွာလုံးကျွတ် ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်ကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့သွားကြ၏။

အရှင်မလည်း နံနက် မိုးသောက်သောအခါ-

“ရှင်မတို့...၊ တရွာလုံးလဲ ဘာသံမှ မကြားရ၊ . တိတ်ဆိတ်လှချည်လား၊
သွားပြီးများ စုံစမ်းကြည့်ကြပါဦး”ဟု ထေရီမကလေးများကို လွှတ်၍ စုံစမ်း စေရာ တရွာလုံး ညကပင် ပြောင်းရွှေ့သွားကြကြောင်း အရှင်မအား လျှောတ်. ထားကြကုန်၏။
