## PAGE 424
<!-- 11 paragraphs, raw extraction -->



၃ ၈ ၁.

သို့ရာတွင် သာသနာပ အညတိတ္ထိယတို့ကဲ့သို့ အပူခံ အအေးခံသော “အတ္တ ကိလ မထမဟုတ်၊ ကမ္မဋ္ဌာန်းသတိမလွှတ်သော မဇ္ဈိမ ပဋိပဒါ အကျင့်မြတ်ပင် ဖြစ်သည်။

ယင်းသို့ မထေရ်သည် နေပူခေါင်ခေါင် ကျောက်ဆောင်ကွင်းပြင်၌ ချွေး သံများဖြင့် နေတော်မူသည်ကို မမြင်ရက်၍ မထေရ်အနီးသို့ တပည့်တပါးလာ ရောက်က၁—

“အရှင်ဘုရား…၊ ဟိုဘက်နားကို ကြွပြီး သီတင်းသုံးပါ၊ အပူ သက်သာ ပါတယ်”ဟု လျှောက်ထားလျှင်-

“ငါ့ရှင်၊ ဒိုဒီမှာ အပူဘေးကြီးနှင့်ပဲ ထိုင်နေတာ၊ မဟာအဝီစိငရဲကြီးမှာ သည့်ထက် အများကြီး မနှိုင်းယှဉ်သာအောင် ပူတယ်။ ငါတို့ အကြိမ်ကြိမ် ရောက်ခဲ့ရပြီ။ ဒီအပူက အများကြီး သက်သာပါသေးတယ်”ဟု မိန့်တော်မူကာ ထိုင်မြဲထိုင်နေတော်မူ၏။

ထို့အတူ ယောဂီ သူတော်ကောင်းကြီးများသည် အစာရေစာ နှစ်နပ်၊
သုံးနပ် ပြတ်လပ်သော်လည်း မပြုကြပေ။ ပြိတ္တာ ဘုံသားများကို ဆင်ခြင်ကာ ကမ္မဋ္ဌာန်းကို မလွှတ်၊ တွင်တွင်ကြီးသာ အားထုတ်တော်မူကြ၏။

မှက်, ခြင်,လေ, နေပူများနှင့် ရင်ဆိုင်ရသောအခါတွင်လည်း တိရစ္ဆာန် တို့၏ဘဝကို ဆင်ခြင်ကာ တွင်တွင်ကြီးသာ မဲကြလေ၏။ မြွေ ကင်းစသော အကောင်များ တိုက်ခဲခြင်း ခံရရာ၌လည်း ခြင်္သေ့ သစ်, ကျားများ၏ ပါးစပ် တွင်းသို့ အကြိမ်ကြိမ် သက်ဆင်း ဝါးမျို ခံရပုံများတို ဆင်ခြင်ကာ သည်းခံမြဲ သည်းခံ၍ ကိလေသာကို အနိုင်ယူကြလေသည်။

ရှေးရှေးဘုရားရှင်တို့လည်း ဝိနည်း သိက္ခာပုဒ်၊ ပိဋက သုံးပုံ ဟူ၍ပင် မဟော၊ မထား၊ ခန္တီ ပရမံ တပေါ တိ တိက္ခာသည်းခံခြင်းတရားကိုသာ ဟော တော်မူခဲ့ကြကုန်၏။ သည်းခံမှ နိဗ္ဗာန် ရနိုင်ကြလေသည်။ (မ-ဋ္ဌ-၁၊ ဂ၁-သဗ္ဗာ သဝသုတ် အဖွင့်။)

သည်းခံခြင်း၏သဘောကား ကျယ်ဝန်းလှပေ၏။ ယောဂီ၌ နေမှုထိုင်မှု၊
အစားအစာ၊ အပြောအဆို၊ အကောင်းအဆိုး၊နောက်ဆုံး တရားမှတ်၍ ကောင်း ခြင်း မကောင်းခြင်းမှအစ အားလုံးကို သည်းခံရ၏။ မှတ်လို့ကောင်းသည်၌လည်း အမှတ် တမှတ် သာရ၏။ မကောင်းသည်ကိုမှတ်ရ၍လည်း လျော့မသွား၊တမှတ်ပင် ၎၏။ (ခန္တီအကျယ်ကို “ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ”စာအုပ်၌ များစွာရေးခဲ့ပြီ။)

## PAGE 425
<!-- 9 paragraphs, raw extraction -->


၃၈.၂


မြွေကိုက်ခံရ၍ ဟရားရသော ပဓာနိယထေရ်

ပဓာနိယ မထေရ်သည် ခဏ္ဍစေလကျောင်းတိုက်ကြီးအတွင်း မဟာလှေ ကားပန်း ကမ္မဋ္ဌာန်းကျောင်းကလေး၌ သီတင်းသုံးတော်မူသည်။

မထေရ်သည် ထိုကျောင်းတိုက်အတွင်း မထေရ်တပါးက အရိယဝံသ တရားတော်ကို ဟောကြား၍ တရားနာယူနေခိုက် မြွေဆိုး ကိုက်ပေါက်ခြင်း ခံရ လေ၏။ မထေရ်သည် မြွေကိုက်မှန်း သိသော်လည်း အရိယဝံသတရားတော်၌ အလွန်စိတ်ပါဝင်စားကာ ကြည်နူးနှစ်သက်တော်မူလှသဖြင့် တရားနာ မဖျက်ပဲ နာမြဲ နာနေလေ၏။

အရိယဝံသတရား လေးပါးရှိသည်။ သင်္ကန်း, ဆွမ်း, ကျောင်း၌ ရောင့် ရဲ၍ ဘာဝနာ၌ ပျော်မွေ့ ခြင်းတည်း။ ယင်း လေးမျိုး ရှိထားလျှင် နေရာမရွေး ပျော်နိုင်၍ နတ်ဗြဟ္မာတို့ ချစ်ခင်လေးစားကြ၏။ (အံ-၁၊ ၃ ၃၆။ဒိဃ-၃၊၁၈၈။)

တဖြည်းဖြည်း အဆိပ်မှာ ပြင်းထန်လာပြီး တရိပ်ရိပ် တက်၍တက်၍လာရာ အရိယာ သူတော်ကောင်းကြီးများ၏ ကျင့်စဉ် အလေ့အလာအတိုင်း ရဟန်း ပြုသည်မှအစ မိမိသီလကိုသာ ဆင်ခြင်နေမိသည်။ မိမိထိန်းသိမ်းထားသော သီလ သည် တစုံတရာ အပြစ်အနာအဆာမရှိ၊ အကြွင်းမဲ ့ ပြည့်စုံလုံလဲနေသည်ကို သိမြင် တော်မူသဖြင့် ခန္ဓာကိုယ်၌ ပြန့်တက်လာသော မြွေဆိပ်များအစား ပီတိစိတ်များ သည် တဖွားဖွား ဖြစ်ပေါ်လာ၏။ နှစ်သက်သော ပီတိစိတ်များ တကိုယ်လုံး ဖြာ၍ တက်လာလျှင်ပင် တကိုယ်လုံး၌ ပြန့်နေသော မြွေဆိပ်များလည်း တဖြည်း ဖြည်း လျှောကျလာကာ ကိုက်သောဒဏ်ရာမှ စုပြုံထွက်ဆင်း၍ မြေကြီးအတွင်း သို့ ကျဝင်ကုန်တော့သည်။

မထေရ်သည် “ပီတိမနဿ ကာယော ပဿန္တိတိ=ပီတိစိတ်ဖြစ်လျှင် တကိုယ် လုံး ငြိမ်းအေးခြင်း ဖြစ်ပေါ်ကာပဿဒ္ဓိ=ငြိမ်းအေးခြင်း အားကောင်းလာသည် နှင့်အမျှ သမာဓိလည်း စူးစိုက်၍ လာလေရာ ထိုမြွေကိုက်ခံရသော နေရာ၌ပင် ဆက်လက်၍ ဝိပဿနာ ရှုပွားကာ ရဟန္တာ ဖြစ်တော်မူလေသည်။ (မ-ဋ္ဌ-၁၊ ၈၂- သဗ္ဗာသဝသုတ်အဖွင့်။)

## PAGE 426
<!-- 16 paragraphs, raw extraction -->




မြွေကိုက်ခံရ၍ အနာဂါမ် ဖြစ်သွားသော ဝိဏ္ဍပါတိကထေရ်

သီဟိုဠ်ကျွန်း ဂင်္ဂါဝနဝါလိ အင်္ဂဏ(သီဟိုဠ်မူ-ဂဝရဝါဠ အင်္ဂဏ)အရပ်၌ ဝါကပ်တော် မူကြသော အရှင်မြတ် သုံးကျိပ်တို့သည် လပြည့် လကွယ် နေ့တိုင်း “အရိယဝံသ တရားလေးပါး”ကို ဟောကြား နာယူကြကုန်၏။

တခုသော လကွယ်နေ့ည တံရားပွဲ၌ ပိဏ္ဍပါတိက (ရဟန်းဘွဲ့ မသိလျှင် ပိဏ္ဍပါတိက မထေရ် ဆွမ်းခံ ကိုယ်တော်ဟု သုံး၏။ ဆွမ်းခံသောအကျင့်ကို ဂုဏ်တင်ခြင်း ဖြစ်ဟန်ရှိပေသည်။) မထေရ်ဘပါးသည် နောက်ကျနေ၍ ပရိသတ် အစွန် မရှင်း မလင်းလှသော ထောင့်ကွေး တနေရာ၌နေ၍ တရားနာယူရ၏။

တရားနာယူနေစဉ် မြွေတကောင်သည် မထေရ်၏ ခြေသလုံး အသားပုံကို ကိုက်ခဲလေရာ တရားပွဲနှင့် တရားနာယူမှု အနှောင့်အယှက် မဖြစ်စေရန် မြွေကို . ဆွဲဖြုတ်ဖမ်းယူပြီး အသင့်ပါလာသော အိတ်ထဲ၌ ထည့်၍ ပိတ်ချည်ကာ မလှမ်း မကမ်း တနေရာ၌သွား၍ ချထားလိုက်သည်။

မြွေကိုက်သောဒဏ်ကို အောင့်အည်းသည်းခံ၍ တရားကို နာမြဲ ·နာယူ လေ၏။ မြွေဆိပ်များ တရိပ်ရိပ် တက်လာသော်လည်း “ဘာဝနာ၌ စိတ်ကို စွဲမြဲ ထားရမည်”ဟု ဟောကြားနေသော အရိယဝံသတရားကို လက်ကိုင်ပြုကာ တရား နာယင်း နှလုံးသွင်းမြဲ သွင်းနေလိုက်လေသည်။

တရားပွဲမှာ သီဟိုဠ် ထုံးစံအတိုင်း ညလုံးပေါက် ဟောကြားနာယူကြသော တရားပွဲဖြစ်၍ အရုဏ်တက်မှပင် ပြီးဆုံးလေသည်။ အရုဏ်လည်းတက်၊ တရား ပွဲလည်းပြီး၊ ပိဏ္ဍပါတိက မထေရ် တကိုယ်လုံး ပြန့်တက်လာသော မြွေဆိပ်များ လည်း ဘာဝနာ သမာဓိတန်ခိုးကြောင့် ကိုက်ခဲသော ဒဏ်ရာ အပေါက်မှ ထွက် ကျကာ မြေကြီးထဲသို့ ဝင်သွားကုန်၏။ နေအရုဏ်နှင့်အတူ အနာဂါမိဖိုလ်သို့ ရောက်တော်မူလေသည်။

တရားပွဲပြီးလျှင် သီတင်းသုံးဖော်များအား’

“ငါ့ရှင်တို့….၊ ဒီမှာ ကြည့်ကြပါအုံး။ သူခိုးတကောင်ကို တရားပွဲ လာ စော်ကားလို့ ဖမ်းချုပ်ထားရတယ်”ဟု ညဦးက အိတ်ဖြင့် ပိတ်လှောင်ထားသော မြွေကို ဖွင့်လွှတ်ယင်း ပြောဆိုလိုက်ရာ

"

"

အရှင်ဘုရား…၊ ဘယ်အချိန်က အကိုက်ခံရတာပါလဲ။” “မနေ့ည ညဦးတုန်းကပဲ။”

“အမယ်လေး ဘုရား….၊ ဖြစ်မှ ဖြစ်ရလေ၊ ဒီလောက် အန္တရာယ်ကြီးတာ

ဘာလို့ ချုံ့နေရပါလဲဘုရား။”
