## PAGE 511
<!-- 18 paragraphs, raw extraction -->


:

၄ ၆ ဂ

.


ထို ့အတူ ပူခြင်း၊ လေတိုက်ခြင်း၊ မိုးတိမ်၊ မိုးရွာခြင်းများကိုလည်း ဖြစ်ရိုး ဖြစ်စဉ် ဖြစ်ခြင်းသည် ဥတုသဘာဝ အရသာလျှင် ဖြစ်၍ မဖြစ်သင့်သော အခါ ဖြစ်ခြင်း၊ ဖြစ်သင့်သည်ထက် ပိုသွန်ခြင်းများမှာ ဆိုင်ရာနတ်တို့၏ အစွမ်းကြောင့်ဟု သိရလေသည်။ (ယင်း အဋ္ဌကထာ။)

မိုးမရွာခြင်း၏ အကြောင်း ၅-မျိုး

အင်္ဂုတ္တရ ပဉ္စကနိပါတ် ဗြာဟ္မဏဝဂ်-ဝဿသုတ်၌ မိုးမရွာခြင်း၏ အကြောင်း ငါးမျိုးကိုလည်း ဟောဘော်မူထားသည်။

၁။ ကောင်းကင်၌ တေဇော အပူဓာတ်ပျက်ခြင်း၊

၂။ ဝါယောဓာတ်ပျက်ခြင်း၊

၃။ ရွာသော မိုးရေတို့ကို ရာဟုအသူရိန်ကြီးက ယူဇနာ သုံးရာရှိသော လက်ဖြင့်ခံယူ၍ ပင်လယ်ထဲသို့ ပစ်ချခြင်း၊

၄။ မိုးနတ်သား အပျော်ကြူး၍ မေ့လျော့နေခြင်း၊

၅။ လူတို့ သီလမစောင့်ထိန်းခြင်း။

ယင်း အကြောင်း ငါးမျိုးရှိရာ မိုးနိမိတ်ဖတ်တတ်သူများပင် ဖတ်၍မရ၊
လွဲမှားတတ်ကြောင်း ဟောတော်မူထားသည်။

မိုးရွာမှု မရွာမှ လူသာ ပဓာန

ရာသီဥတု မိုးလေဝသနှင့်စပ်၍ လူတို့၏သိပ္ပံပညာလည်း ထွန်းကားလျက် ရှိ၏။ အထောက်အကူပေးလျက်ပင် ရှိ၏။

ကိုယ်ကျွမ်းကျင်သည့်ဘက်က လူသားတို့အား ကိုယ်ဖြစ်သလောက် အကျိုး ပြုကြသည်ချည်းဖြစ်ရာ ငြင်းဖွယ်မရှိ။ ဗုဒ္ဓဒေသနာတော်အရမူ မိုးရွာ မရွာမှု ရာသီဥတု သီးနှံဩဇာ ဖြစ်ထွန်းမှု၊ မဖြစ်ထွန်းမှုတွင် လူတို့၏ ကိုယ်ကျင့်သီလသည် ပဓာနခြယ်လှယ်နေသော အကြောင်းရင်းကြီး ဖြစ်ကြောင်း ပါဠိဘော်များစွာ၌ အထင်အရှားပင် လာရှိပေသည်။

တိကနိပါတ်- ဂါမဏိစန္ဒဇာတ်၊ စတုက္ကနိပါတ် ရာဗော ဝါဒ ဇာတ်၊
စတ္တာလီသနိပါတ်-တေသကုဏဇာတ် စသည်တို့၌လည်း လူတို့ အကျင့်သီလမရှိ ကြသဖြင့် ရာသီဥတုမမှန်၊ သီးနှံဩဇာမရှိ၊ အဖျက်အဆီးအန္တရာယ်မှအစ စဝ်မက် ထူထပ် ကပ်ကြီးများ ဆိုက်ရောက်ရကြောင်း၊ မြေဆီမြေဩဇာများ ခုနစ်တောင် ခန့် ငုပ်လျှိုးသွားကြောင်း အတည့်အလင်းပင် ဟောတော်မူလေသည်။

## PAGE 512
<!-- 10 paragraphs, raw extraction -->




မြန်မာပြည်၌ မိုးရွာအောင် လုပ်နိုင်သော ပုဂ္ဂိုလ်များ

မစ္ဆဇာတ်၌ ငရံ့မင်း၏ သစ္စာကြောင့်ပင် မိုးရွာသွန်းကြောင်း အများ အသိပင် ဖြစ်သည်။ ဟင်္သာဘမြို့နယ် တနယ်လုံး နောက်မိုးမသိမ်း၍ လယ်ဧက များစွာ ပျက်စီးရမည် ရှိနေစဉ် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး သစ္စာ ပြု၍ အံ့ဩလောက်အောင် မိုးရွာပေးဘော်မူခဲ့ဖူး၏။

ညောင်လွန့်တောရ ဆရာတော်ဘုရားကြီးလည်း မိုးခေါင်ရေရှားဒေသ၌ သီလသမာဓိဖြင့် မိုးကို ရွာသွန်းပေးတော်မူခဲ့ဖူးကြောင့် “ရဟန္တာနှင့် ပုဂ္ဂိုလ်ထူး များ' စာအုပ်၌ ကျွန်ုပ်တို့ ရေးခဲ့ပြီ။

(အရှင်သုဘူတိထေရ်၏ သီလသမာဓိ သစ္စာကို အခြေခံသော မိုး အမိန့် တော် ပြန်တမ်းကို “မေတ္တာဝါဒ-ဗြဟ္မဝိဟာရအဖွင့်' စာအုပ်၌ ကြည့်ပါလေ။) လွန်ခဲ့သော အနှစ် နှစ်ဆယ်လောက်က ရမည်းသင်းခရိုင်၌ တိုင်းပြည် ခေါင်းဆောင်များ ရောက်သွားကြသောအခါ မိုးခေါင်ရေရှား ဒေသဖြစ်၍ အစိုးရအနေဖြင့် တမြို့လုံး မှီခိုလောက်အောင် ကန်ကြီးတကန် တူးပေးပါ”ဟု မြို့ခံ လူကြီးများ အားလုံးက တောင်းဆိုကြသဖြင့် အစိုးရက ကူညီ တူးပေးခဲ့ဖူး၏။
သို့ရာတွင် နောက်တခေါက်. ထိုပုဂ္ဂိုလ်များ ရောက်သွားသောအခါ မြိုနေဆရာ တော်ကြီးများနှင့် လူကြီးများက-

ဒကာကြီးတို့လာတဲ့အခါ အခြားဧည့်ခံမှုကတော့ ဘာမှ လိုလေသေး မရှိလောက်ပါဘူး၊ ဒါပေမယ့် ရမည်းသင်းမှာ မိုးကို မရွာသေးလို့ ရေကိုတော့ တာဝန်ကျေအောင် ဧည့်ခံနိုင်ကြမှာ မဟုတ်ဘူး”ဟု ဆိုလေရာ ဆရာတော်များက ဦးစီး၍ ဗုဒ္ဓ တရားတော်အရ မိုးရွာအောင် လုပ်ရန် တိုက်တွန်း ပြောဆိုလျှင် “လုပ်တော့လုပ်တာပဲ၊ ရွာကိုမရွာဘူး”ဟု ဆိုကြလေ၏။ ထိုအခါ…

“ဒါဖြင့်.. တပည့်တော် မိုးရွာအောင် လုပ်တတ်တဲ့ ဆရာကြီး လွှတ်လိုက် ပါအုံးမယ်”ဟုဆိုကာ “မဟာပညာဗလ-ဦးကြီးဖေ’ကြီးမှူးသောပရိတ်ဝတ်အဖွဲ့ တဖွဲ့ ရမည်းသင်းသို့ သွားကြရသည်။ ရောက်လျှင် ရောက်ချင်း ရမည်းသင်း ကန်ကြီးအတွင်း၌ မဏ္ဍပ်ကနားထိုးကာ ထုံးစံအတိုင်း အခမ်းအနားများပြုလုပ်၍ မိုးနတ်သားကအစမေတ္တာပွားခြင်း၊ အထူးသိလ ဆောက်တည်ခြင်း၊ အမျှဝေ ခြင်းများနှင့်အတူ မိုးအမိန့်တော်ပြန်တမ်း, မိုးပရိတ် စသည်တို့ကို ရွှတ်ဖတ်ကြရာ အံ့ဩလောက်အောင် သိသိသာသာကြီး ရွာချခဲ့ဖူး၏။

မိုးကာလအတွင်း နှစ်ထောင့်ငါ.ရာ ဆဋ္ဌသံဂါယနာပွဲကြီး .ကျင်းပစဉ် ကလည်း အရေးအကြီးဆုံးနေ့တွင်မှ မိုးတဖြောက်ဖြောက်ရွာနေ၍ အခမ်းအနား ပျက်မလိုလို. ဖြစ်နေရာ ထိုဆရာကြီးပင် မိုးကိုတိတ်စေခဲ့ဖူးလေသည်။ ထို့ကြောင့်

## PAGE 513
<!-- 11 paragraphs, raw extraction -->


၄၇ဝ


ဆရာကြီးဦးကြီးဖေအား မဟာပညာဗလ ဘွဲ့နှင်း အခမ်းအနား၌ “မိုးကို ရွာ အောင်လဲလုပ်နိုင်၊ တိတ်အောင်လဲလုပ်နိုင်သော ဆရာကြီး”ဟု ပုဂ္ဂိုလ်ကြီး တဦး က ကိုယ်တွေ့သာဓက တင်ကာ ချီးကျူးခဲ့ဖူးလေသည်။

ဤကား သာမန်လူဝတ်ကြောင်တဦး၏ သီလသမာဓိမျှသာရှိပေသေး၏။
ရဟန်းပညာရှိ လူပညာရှိတို့သည် ဗုဒ္ဓဒေသနာတော် နည်းအရ ယုံယုံ ကြည်ကြည် လိုက်နာ ကျင့်သုံးလျက် လူသားတို့၏ ဘဝကို အစွမ်းဆောင်နိုင်ဆုံး ကယ်မကြစေလိုသော ဆန္ဒဖြင့် အကြောင်း အားလျော်စွာ ‘ဖော်ပြတိုက်တွန်း ရပါသည်။

လူသာမန်တို့အတွက် မည်သို့မျှကြံဆောင်၍ မရအောင် ခက်ခဲလှသည်ဟု ထင်ရသော ကိစ္စများတွင် ရံခါ ဗုဒ္ဓဝါဒနည်းအရ တကယ့် ယုံကြည်မှု၊ ဖြူစင် မြင့်မြတ်မှုတို့ဖြင့် လုပ်ဆောင်ရာ လွယ်လွယ်ကလေးဖြင့် အောင်မြင်မှု ရသည်ကို ပြသော ဖြစ်ရပ်သာဓကများ များစွာ ရှိနေတတ်ပေသည်။

မိုးရွာအောင် လုပ်နိုင်သော မင်း

သာသနာတော်နှစ် ၇၉၄-ခုနှစ် သီဟိုဠ်ကျွန်း၌ စစ်သူကြီးဘဝမှ မင်း ဖြစ်လာသူ ‘သီရိသံဃဗောဓိ” ခေါ်သောမင်းလည်း မိမိ၏သီလဖြင့် မိုးရွာအောင် လုပ်ခဲ့ဖူး၏။

ထိုမင်းလက်ထက် သီဟိုဠ်တကျွန်းလုံး မိုးခေါင်၍ ဒုဗ္ဘိက္ခန္တရ ကပ်ကြီး ဆိုက်ရောက်ရာ တနေ့သ၌ ထိုမင်းသည် မဟာစေတီ ရင်ပြင်သို့ သွား၍ သီလကို ကောင်းစွာခံယူဆောက်တည်ပြီးလျှင် ရင်ပြင်ပေါ်၌ပင် အိပ်၍—

“ငါသည် မင်းပြုသောနေ့ကစ၍ ငါးပါးသီလကို အထူး လုံခြုံအောင် စောင့်ထိန်းခဲ့ပါလျက် သတ္တဝါအများ ချမ်းသာရာမရ ရှိခဲ့၏။. မိုးကြီးသည်းထန် စွာ ရွာ၍ ငါ့ခန္ဓာကိုယ်ကြီး ရေပေါ်မျောမပါသမျှ အသက်ပင် သေပစေ။ ဤ စေတီ ရင်ပြင်ပေါ်မှ ငါ မထတော့ပြီ”ဟု သီလကို သစ္စာပြုလျက် အဓိဋ္ဌာန် ဖြင့် နေလေ၏။

တရက်ပြည့်သွားသောအခါ တကျွန်းလုံး ရေဖြိုင်ဖြိုင်စီးအောင် မိုးကြီး ရွာချလေ၏။ သို့ရာတွင် ရေပေါ်မျောပါလောက်အောင်ကား မရွာ၊ သီရိသံသ ဗောဓိလည်း ရေ၌ မျောပါသေးသဖြင့် နေရာမှ မထပ်ရှိရာ အမတ်များမှာ ရင်ပြင်တော် လေးဘက်လေးတန်မှ ရေစီးဆင်းရန် ပြွန်ပေါက်များကို မင်းကြီး မသိအောင် ဆို ့ပိတ်ကြရလေ၏။ ရေမျောမှသာလျှင် မင်းကြီး ထလေတော့ သည်။ (မဟာဝံသ-၃၆၊ ၇၅-၇၉။)
