## PAGE 550
<!-- 15 paragraphs, raw extraction -->




ထို သဘောတရား ခုနစ်ပါးသည် လောကနှင့်၊ သို့မဟုတ် ပုထုဇဉ်တို့နှင့် လားလားမျှမဆိုင်၊ လောကမှ လွန်မြောက်၍ မြတ်သော ဉာဏ်အမြင်များ ဖြစ် ကြောင်းလည်း မိန့်တော်မူထားလေသည်။

မပေ

"

သောတာပန်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”ဟု ကွဲကွဲပြားပြား ညွှန်ပြ ထားတော်မူ၏။ ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်သည်” ဆိုသည်ကို ကောင်းစွာ သဘော ပေါက်နိုင်ကြ၍ “သောတာပန်ဆိုတာ သူ ့လိုကိုယ့်လိုပါပဲ” အထင်နှင့် မလေး မစား ဝေဖန့်လိုသူ၊ မိမိကိုယ်ကို သောတာပန် ထင်နေတတ်သူများ အတွက် သုတ္တန်အမြင်အရ တမျိုးရှင်းပြတော်မူခြင်း ဖြစ်လေသည်။

သောတာပန်ဓမ္မတာ ခုနစ်ပါးကား-

၁။ သောတာပန် ပုဂ္ဂိုလ်သည် နီဝရဏငါးပါး၊ ယခုဘဝ, နောက် ဘဝအကြောင်း၊ ငြင်းခုံ ခိုက်ရန်ဖြစ်ခြင်းတို့နှင့်စပ်၍ အကြံအစည် အကုသိုလ် ဝိဘက်များ မကိလေသာစိတ်များ) ဖြစ်ပေါ်လျှင် ဖြစ်ပေါ်ရုံမျှသာ ရှိသည်။ ထို ပရိယုဋ္ဌာန(ထိုးနှက်လာသော) ကိလေသာစိတ်များသည် ရရှိသိမြင်ထားသော အသိမှန် အမြင်မှန်ကို တမျိုးတမည် ပြောင်းလဲသွားအောင် မထိုးဖောက် မနှောင့် ယှက်နိုင်။

အထက်မဂ်ဖိုလ်ရရန် စိတ်ကို တသန်တည်း တဖြောင့်တည်း ထားနိုင်၏။
(အကုသိုလ် ကိလေသာစိတ် ကြားခိုလျှင် ခိုမှန်း, ဝင်မှန်းသိကာ၊ သိသည် နှင့် တပြိုင်နက် ချက်ချင်း နောက်စိတ်က ရှုမှတ်ပစ်နိုင်သူဟု ဆိုလိုသည်။) ၂။ မိမိရရှိထားသော အသိအမြင် တရားဖြင့် အမှန်တကယ် စိတ်ငြိမ် သက်မှု၊ ကိလေသာ ငြိမ်းအေးမှု ရရှိနေသည်ကို ပိုင်းပိုင်းခြားခြား ကိုယ်တွေ့ ကိုယ်ပိုင် သဘောပေါက်ထား၏။

(သန္ဒိဋ္ဌိကဖြစ်၍ သူပြောလူပြောတဆင့်စကား တဆင့်ကြားဖြင့် ရှုမှတ် ပွားများနေရသူ မဟုတ်။)

၃၊ မိမိရရှိထားသော အသိအမြင် တရားမျိုးကို ရရှိနေသူ အခြာ•ဘာသာ ဝါဒီတို့အထဲ၌ မရှိနိုင်ဟု သဲသဲကွဲကွဲ သိမြင်ထား၏။

(ပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်လေလေ၊ မိမိဘဝ တန်ဖိုးကြီးမှန်း သိ လေလေ ဖြစ်ကာ သဒ္ဓာ, ဆန္ဒ, ဝီရိယများ ထက်သန်နေသူဟု ဆိုလို၏။)

အရိယာများ၌ ဖြစ်တတ်သော အာပတ်များ

၄။ (သီလသိက္ခာ အကုသိုလ် အပြစ်နှင့် စပ်၍ ရဟန်းတော် အရိယာ များတွင်လည်း ပဏ္ဏတ္တိဝဇ္ဇ= ပညတ်တော်မူချက် ရှိနေ၍သာ အစိတ္တက= စိတ် စေတနာမပါပဲ သင့်တတ်သော အာပတ်များရှိ၏။ ဝိနည်းနားမလည်၍ ဖြစ်စေ၊

## PAGE 551
<!-- 10 paragraphs, raw extraction -->


၅ ၀.၈


အခြား အကြောင်း တမျိုးမျိုးကြောင့် ဖြစ်စေ သင့်နိုင်သော - အာပတ်များမှာ ဂရုက (ကြီးလေးသော)အာပတ်တို့တွင် ကုဋိကာရ (ကျောင်းကန် စီမံမှုဆိုင်ရာ) အာပတ်မျိုး၊ လဟုက=ပေါ့ပါးသော အာတ်တို့တွင် သဟသေယျ (ဒကာမနှင့် တမိုးတရံတည်း အိပ်မှု) နှင့် ပဒသောဓမ္မ၊ ဇာတရူပရဇတ၊ ဥတ္တရိဆပ္ပဉ္စဝါစာ၊
ဩမသဝါဒသိက္ခာပုဒ်များ၊ ပစ္စဝေက္ခဏာ မဆင်ခြင်မှု စသည်တို့ ဖြစ်ကုန်၏။
လူအရိယာတို့မှာကား ပိုးရှုခြပုန်း စသည်တို့ကို . စေတနာမပါပဲ မတော် တဆ ပါဏာတိပါတမှု၊ ဖရုသဝါစာ, သမ္ဖပ္ပလာ (အနုစား) စသည်တို့ကို ပြုလုပ် ပြောဆိုမိမည်ဆိုက ဖြစ်နိုင်ရာ၏။

မည်သို့ဖြစ်စေ ရဟန်းတော် အရိယာများ၌ လောက၀ဇ္ဇ သိက္ခာပုဒ်များ၊
လူအရိယာ သောတာပန်များ၌ ငါးပါးသီလ သိက္ခာပုဒ်များကိုမူ မကျူးလွန် ကြတော့ပြီ။ အသက်ကိုသာ အသေခံကြကုန်၏။ (ငါး ပါး သီ လ အကြွင်းမဲ့ လုံကြောင်းပြဆိုရန် စာမျက်နှာမရပါ။)

ဤ၌ ဆိုလိုသည်မှာ စေတနာမပါပဲ တစုံတရာအာပတ်, အကုသိုလ် အပြစ် မျိုး ကျူးလွန်မိခဲ့သော် ဖုံးကွယ်မျိုသိပ်၍ မထား။
မထား။ ဝိနည်း ဒေသနာနှင့်အညီ အမြန်ဆုံး ကုစားဖြေဖျောက်၏။ ဒေသနာခံမည့်သူ (မိမိအပြစ်ရှိကြောင်း ဖွင့် ပြော ရမည့်သူ) အနီးအနား၌ မရှိလျှင်သော်မှ ရှိနိုင်သော အရပ်သို့ လကွယ် သန်းခေါင် မိုးမှောင်တောလယ် အဘယ်သို့သော အခက်အခဲ ရှိရှိ၊ မရောက် ရောက်အောင်သွား၍ ပြောကြားကုစား၏။

ကလေး ငယ်ကလေးများ ခြေလက်၌ မီးထိသလောက် ကြောက်ရွံ့ ပူလောင်၏။ အထိနာ၏။ နောင် ဤအပြစ်မျိုး မဖြစ်စေရန်လည်း အစဉ်သတိ ရှိနေ၏။

(မိမိသူတပါးထိခိုက်နစ်နာစေတတ်သော ကာယကံ, ၀စီကံ, မနောကံ ကျူးလွန်မှု တစုံတရာမရှိရအောင် အစဉ် သတိထားနေသော စင်းလုံးချော ရိုးဖြောင့်သူဟုဆိုလိုသည်။)

လောက ဝတ္တရားနှင့် တာဝန်ကျေသူ-သောတာပန်

၅။ သောတာပန်ပုဂ္ဂိုလ်သည် (ရတနာသုံးပါး၊ဆရာသမား) သီတင်း သုံးဖော်(လူများ၌ မိသားစု၊အိမ်နီးချင်းများ)တို့၌ ကူညီဆောင် ရွက်ပေးရမည့် ဝေယျာဝစ္စနှင့် စပ်လာလျှင် အညစ်အကြေး သုတ်သင်ပေးခြင်း၊ အမှိုက်ကျုံးခြင်းမှအစ တာဝန်လေးသည်၊
ပေါ့သည်၊ ဂုဏ်သရေမြင့်သည်၊ နိမ့်သည်၊ အယုတ်အမြတ်မရွေး “ငါဘာလုပ်ပေးရပါ့မလဲ”ဟု အမြဲကြောင့်ကြစိုက်နေ၏။

## PAGE 552
<!-- 10 paragraphs, raw extraction -->



၅ ဝ ၉

ထိုဝေယျာဝစ္စအလုပ်များကို မည်မျှ ကြောင့်ကြစိုက် လုပ်ကိုင်နေရစေ ကာမူ မိမိ၏တရားနှလုံးသွင်းမှု(သိက္ခာသုံးပါး)လျော့မသွား၊ ထက်ထက်သန်သန် လိုလိုချင်ချင်ကြီးပင် ရှိနေ၏။

မိခင်နွားမကြီးသည် နွားစားကျက်တွင် မိမိသားငယ်ကို တဘက်က ကြောင့်ကြစိုက် စောင့်ရှောက်ယင်းကပင် မိမိမြက်စားသော အလုပ်ကိုလည်း မဖျက်၊ စောင့်ရှောက်မြဲ စောင့်ရှောက်၍ စားမြဲစားသကဲ့သို့ ဖြစ်သည်။
(အလုပ်လုပ်ယင်း တရားကို ရှုမှတ်နိုင်၍ တချိန်တည်းမှာ အလုပ်နှစ်ခု ပြီ.အောင်လုပ်နိုင်သူ၊ တကိုယ်ကောင်း ကိုယ်လွတ်ရုန်းနေသူ မဟုတ်ရုံမျှ မက၊
လောကဝတ္တရားနှင့် ကိုယ့်လုပ်ငန်းတာဝန်ကို ကျေပွန်အောင် မလွှတ်တမ်း လုပ်နေသူဟု ဆိုလို၏။)

ဝါဒရေးရာတွင် အမြင်ရှင်းသူ’သောတာပန်

၆။ တရားနာရသောအခါလိုလိုလားလား(အတ္ထိက)၊စိတ်ပါလက်ပါ (မနသိကတွာ)၊ စူးစူးစိုက်စိုက် တလုံးမကျန်မှတ်သားပြီး (သဗ္ဗ စေတသာ သမန္နာဟရိတွာ)၊ နားစိုက် (ဩဟိတသောတ)နာယူ

တတ်၏။

ငိုက်မျည်းခြင်း၊ တစုံဘဦးနှင့် စကားလက်ဆုံကျနေခြင်း၊ စိတ်ပျံ့လွင့် နေခြင်းမရှိ၊ ညလုံးပေါက်နာရသော်လည်း နတ်သုဓာကိုစားနေရသူကဲ့သို့ အားရ ရောင့်ရဲခြင်း မရှိချေ။

(ဘုရားလက်ထက်တော်က “ကာတိယာနီ=ကစ္စာနီ’ခေါ် သောတာပန် ဒကာမကြီးတဦး ကျောင်းသို့သွား၍ တရားနာနေစဉ် အိမ်ကို သူခိုးဒမြများ ဖောက်ဖျက်ခိုးယူနေကြကြောင်း သတင်းလာပို ့သော်လည်းအိမ်မပြန်၊ တရားနာ မဖျက်၊“လိုချင်တာယူကြပါစေ”ဟုသာ လာပြောသူအား ပြန်ပြောလိုက်ဖူး၏။) ၇။ တရားနာရသောအခါ တရားသဘော အဓိပ္ပာယ်ကို ကောင်းစွာ သဘောပေါက် နှစ်ခြိုက်၏။ အရသာခံတတ်၏။ (အတ္ထဝေဒံ)။
အသုံးအနှုန်း ဝေါဟာရတရားမှတ်ချက်များကို ငုံမိ၏။ (ဓမ္မ ဝေဒံ)။တရားနှင့်စပ်၍ နှစ်သက်ရွှင်လန်းဝမ်းမြောက်လေ့ရှိ၏။
(တရားအပေါ်လေးမြတ်ယုံကြည်ပုံကို သိသာစေရုံမျှမက တဘက်သားတို့ ပြောဟောသောတရားစကားကို ခွဲခြားနားလည်စွမ်းရှိသော နား အရည်အချင်း “နား အသံချဲ့စက်-အသံဖမ်းစက် ကောင်းသူဖြစ်၏။ ကြားတိုင်း ပြောတိုင်း ယုံသူ မဟုတ်။စာပေဖတ်ရှူရာ၌လည်း ထို ့အတူ မျက်စိခွဲစက်ရှိ၍ အရသာကို ပို၍ ခံစား နိုင်သူ၊ အကောင်းအဆိုး ခွဲခြားရှုမြင်တတ်သူဖြစ်သည်။
