## PAGE 610
<!-- 15 paragraphs, raw extraction -->



၅ ၆ ၇

ဆွဲပြီးတက်သွားလျှင် ရောက်နိုင်လောက်ပေတယ်။ စွမ်းနိုင်လျှင်လဲ ကြွပေတော့ ငါ့ရှင်။”

.

ဒါဌာသေန မထေရ်လည်း မထေရ်ကြီး နည်းပေး လမ်းညွှန်သည့်အတိုင်း ကြေးနီတောင်ပေါ်သို့ ခြေဖြင့်တက်လို့ရနိုင်သလောက် တက်ပြီး တောင်ထိပ်ပေါ် သို့ ရောက်နိုင်ရန် လေအဟုန်ဖြင့် ဝှေ ့ယမ်းညွတ်ကိုင်းလာသော ညောင်ပင်ကြီးကို မှီကပ်၍ တက်သွားရသည်။

တောင်ထိပ်ပေါ်သို့ရောက်လျှင် ရတနာမျိုးစုံတို့ဖြင့် ဖိတ်ဖိတ်တောက်နေ သော အဆောက်အအုံများကိုကြည့်လျက် မကြုံစဖူးအထူးအံ့ဩကာ မယုံကြည် နိုင်လောက်အောင် တွေ့မြင်ရလေ၏။ ရောက်လျှင်ရောက်ချင်းငြိမ်းချမ်း နူးညံ့ လှသော နေရာတခု၌ တင်ပျဉ်ခွေထိုင်လျက်…

."

“ငါ၏စိတ်သည် ကိလေသာ အာသဝေါတရားတို့က မလွတ်မြောက်သမျှ ကာလပတ်လုံး ဒီတင်ပျဉ်ခွေကို မဖျက်တော့ဘူး”ဟု အပြီးအပြတ် သန္နိဋ္ဌာန်ချ ကာ ကမ္မဋ္ဌာန်းတရားရှုပွားလေရာ တရက် နှစ်ရက်သုံးရက် ကြာသော်လည်း မည်သို့မျှ အကြောင်းထူးမလာချေ။ တလည်းမထ၊ ဆွမ်းအာဟာရလည်း မသုံး ဆောင်တော့ပေ။

လေးရက်မြောက်သောနေ့တွင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်တော်မူရာ ထိုကြေးနီတောင် ပတ်ဝန်းကျင်ရှိ နဂါး, နတ်, ဂန္ဓဗ္ဗများအားလုံး က် ကောင်းချီးသြဘာ သာဓုခေသံများပဲ ့တင်ထပ် သွားလေတော့၏။

ကိုယ်တိုင်ဟော ထေရုပ္ပ တ္တိ

ဒါဌာသေနမထေရ်သည် ကြေးနီတောင်မြေ၌ ငုပ်လျှိုးကာ အနိဝတ္တန တောကျောင်း ဥပဇ္ဈာယ်ဆရာ မဟာဝရုဏမထေရ်ကြီးခြေရင်း၌ ထွက်ပေါ်လျက် ရိုသေစွာရှိခိုး၍ အကျိုးအကြောင်းလျှောက်ထားလေ၏။ ပြီးလျှင် ရွှေဟင်္သာမင်း ကဲ့သို့ ထိုနေရာမှပင် ကောင်းကင်သို့ပျံတက်ကာ ကြေးနီတောင်ကြီး တောခေါင်း ထဲ၌ နှစ်ပေါင်းများစွာ ကိန်းအောင်း စံနေတေ ၏။

ကာလကြာလတ်သော် မိမိ၏အသက်အပိုင်းအခြားကို ဆင်ခြင်တော်မူ၍ ကြေးနီတောင်ထိပ်ပေါ်သို့ တက်ကြွတော်မူ၏။

"

“ရဟန္တာ အရှင်မြတ်များဘုရား…၊ တပည့်တော်အား ချီးမြှောက်သော အားဖြင့် ဤကြေးနီတောင်ထိပ်သို့ စုဝေး ကြွရောက်တော် မူလှည့်ကြပါကုန် ဘုရား”ဟု မတ်တတ်ရပ်လျက် ပင့်လျှောက်ကြွေးကြော်လိုက်ရာ ရဟန္တာ အရှင်

## PAGE 611
<!-- 12 paragraphs, raw extraction -->




မြတ် သုံးသောင်းတို့သည် ဒိဗ္ဗသောတနတ်နားဖြင့် ကြားတော်မူကြသဖြင့် ကြွရောက်တော်မူလာကြလေသည်။
ရဟန္တာအရှင်မြတ်သုံးသောင်းတို့ ကြွရောက်လာတော်မူလျှင် ဒါဌာသေန *ထေရ်သည် ရိုသေစွာရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေလျက်- “အရှင်မြတ်တို့ဘုရား…၊ မြတ်စွာဘုရားရှင် အဆုံးမတော် သာသနာသည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက် ကျွတ်လွတ်ရာ အမှန်ပင် ဖြစ်ပါတော့သည်

ဘုရား။

"

“ဘုရားတပည့်တော်သည် ကဿပ မြတ်စွာဘုရားရှင် သာသနာတော်၌ တရားတော်ကို နာယူရပါသဖြင့် သဒ္ဓာ ကြည်ညိုကာ အနှစ် နှစ်သောင်း ကာလ ပတ်လုံး နွားနို့ စာရေးတံဆွမ်းနှင့်တကွ ကျောင်း၊သင်္ကန်း၊ ဆွမ်း၊ ဆေးတို့ကိုလှူခဲ့ ရပါသည်။ ထိုကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကိုသာ ရရှိခံစားလျက် ယခု နောက်ဆုံးဘဝ၌ကား အသင်္ခတဓာတ် အမြတ်ဆုံးသောနိဗ္ဗာန်ချမ်းသာကြီးကို မျက်မှောက်ပြုရပါတော့သည် ဘုရား” ဟု လျှောက်ထားယင်းက ထိုကြေး တောင်ကြီးအပေါ် ရဟန္တာအရှင်မြတ်သုံးသောင်းတို့၏ ရှေ့၌ပင် ပရိနိဗ္ဗာန်စံတော် မူလေ၏။

သီဟိုဠ် ရှင်သီဝလိ ခေါ်ဆိုလောက်သော စူဠနာဂထေရ်

[သဟဿ-၅၂၊ မဓုရ-၃၅ဝတ္ထု။]

သီဟိုဠ်ကျွန်း အနုရာဓနေပြည်တော်ရှိ ထူပါရုံစေတီတော်ကြီးသည် ဂေါ တမ ဘုရားရှင်၏ ညှပ်ရိုးတော်နှင့်တကွ ဘုရားလေးဆူတို့၏ မွေတော်, ဓာတ် တော်များနှင့် ပရိဘောဂ(အသုံးအဆောင်များ)ကို ဌပနာ၍ ဒေဝါနံ ပိယတိဿ မင်းကြီး တည်ထားသော စေတီတော်ကြီး ဖြစ်၏။

ဘုရားလေးဆူစလုံး တပြိုင်နက် ပူဇော်ခွင့်ပေးသော စေတီတော်ကြီး ဖြစ်သည်။

ထိုစေတီတော်ကြီးအနီး၌ ရဟန်းတော်ပေါင်းများစွာတို့ သီတင်းသုံးရာ ထူပါရုံ ကျောင်းတိုက်ကြီးလည်း ရှိသည်။ ပုလဲရောင် သဲများကို ကျောင်း တိုက်ကြီး တဝင်းလုံး ညီညာစ္စာ ခင်းထားရာ သာယာလှပေ၏။ ပင်လုံးကျွတ် ပွင့်ရာမှ ကြွေကျလာသော ချီရား, စကားပွင့်များနှင့် ညီညာသော သဲပြင်ကြီးမှာ ပနံ ရလှပေသည်။ ဂူကျောင်း, ပြာသာဒ်, မဏ္ဍပ်, ပရိဝုဏ်များမှာ သံဃာတော် တို့၏ ဂုဏ်နှင့် လိုက်ဖက်လှပေတော့သည်။

## PAGE 612
<!-- 10 paragraphs, raw extraction -->



အလှူခံသူမှာ ခွေးငတ်မကဇလး

၅ ၆ ၉

ထိုထူပါရုံ ကျောင်းတိုက်ကြီး အတွင်းရှိ ဘုရင့်သန်လျက်စွဲတော် အမတ် ကြီး (အသိဂ္ဂါဟက) ဆောက်လှူသော ကျောင်းတဆောင်လည်း ရှိလေရာ ထို ကျောင်း၌ စူဠနာဂမည်သော မထေရ် သီတင်းသုံးတော်မူ၏။ မထေရ်သည် အနု ရာဓ နေပြည်တော်၌ လရေးသဖွယ် ကွေးညွတ်လျက်ရှိသော စန္ဒဝက်လမ်းမတော် ကြီးတလျှောက် ဆွမ်းခံ ကြွတော်မူလေ့ရှိသည်။

မထေရ်သည် ဆွမ်းခံ ဆွမ်းစားပြီး ကျောင်းသို့ ပြန်အလာ ကျောင်းရှေ့၌ ခေတ္တ ထိုင်၍ နားနေယင်း သပိတ်ကို နေရောင်ပြ၍ သုတ်သင်နေစဉ် တောင် မြောက်လေးပါး ပြေးလွှား ရှာဖွေသော်လည်း အစာရေစာမရ၊ ပိန်ချုံးငတ်မှုတ် လှသော ခွေးသားသည်မ တကောင်သည် အစာရလိုရငြား မထေရ်အနားသို့ လာ၍ မျှော်ငံ ကြည့်ရှုနေရှာ၏။ မထေရ်သည် တုန်တုန်ခိုက်ခိုက်ဖြင့် လျှာရည် ကျကာ ငတ်မွတ်ချည့်နဲ့သော ခွေးမအားကြည့်ကာ လွန်စွာ သနားမိလေ၏။
ဆွမ်းကိစ္စ ပြီးခဲ့ပြီဖြစ်၍ ကျွေးစရာလည်းမရှိ ဖြစ်လေသည်။

°

ထိုအခိုက် ခွေးငတ်မကို မြင်ရသည်မှာ စိတ်မချမ်းသာ လှသဖြင့် သမံ တလင်း တနေရာ၌ အမှိုက်သရိုက် သဲဖုန်များ ရှင်းလင်းရာ ခွေးငတ်မလည်း သူ ့အား အစာကျွေးတော့မည်ဟု ယူဆ၍ မထေရ်အနီးသို့ ကတုန်ကယင် ချဉ်း ကပ်လာလေ၏။ မထေရ်လည်း ပါးစပ်ထဲသို့ လက်ညှိုးထည့်၍ စားပြီးစ အစာ များကို အန်ချ၍ ကျွေးလှူတော်မူရလေသည်။ ခွေးငတ်မလည်း ဝမ်းသာ အားရ တရှိန်တည်း စားလိုက်ရာ ချက်ချင်း ကုန်သွား၏။ အတန်ငယ် ဆာလောင် မွတ် သိပ်မှု ပြေပျောက်ဟန် ရှိသော်လည်း မထေရ်၏မျက်နှာကို မော်၍ ကြည့်နေပြန် သဖြင့် ဒုတိယတကြိမ် ထပ်မံအန်ချ၍ ကျွေးလှူတော်မူရပြန်၏။

ဒုတိယ အကြိမ်၌မူ အေးဆေး လေးကန်စွာ စားသောက်နေသည်ကို မြင်ရသဖြင့် ဝလင်လောက်ပြီဟု ယူဆတော်မူကာ ရေစစ်ဖြင့် ရေခပ်၍ အိုးခြမ်း ကွဲတခုကို ဆေးကြောပြီး ရေထည့်တိုက်ပြန်သည်။ ထိုအခါကျမှ ခွေးငတ်မသည် မထေရ်၏ရှေ့၌ လေးဘက်ထောက် စမ်းလျားထိုးပြီးဝပ်ကာ မထေရ်၏ မျက် နှာကို ကျေးဇူးတတင် ကြည်လင်သော အမူအရာဖြင့် အမြီးကိုနှန့်လျက် ငေးစိုက် ကြည့်နေလေတော့သည်။ ခွေးငယ်ကလေးများလည်း မကြာမီ မိခင်နို့ ကို ဝိုင်းအုံ ရှိကြလေ၏။

မထေရ်လည်း အစာရေစာဝလင်၍ ဣန္ဒြေရရ ရိုရိုသေသေ ဝပ်နေသော ခွေးမကို ကြည့်ကာ အတိုင်းမသိ ဝမ်းမြောက် ကြည်နူးနေမိလေ၏။
