## PAGE 631
<!-- 11 paragraphs, raw extraction -->




မထေရ်မြတ်သည် ခန္ဓာချုပ်စု မရဏပွဲသို့ ဝင်တော်မူခါနီးလေလျှင် အာ သဝေါ ကုန်ခန်း “ရဟန္တာ’ ဟုတ်-မဟုတ်ကို သေချာစွာ မေးလျှောက်ထားရန် ဘုရင်မင်းမြတ် ကိုယ်တော်တိုင် ကြွတော်မူ၍ ရဟန်းတော် များစွာတို့ကို ပင့်ဖိတ် စည်းဝေး စေပြီးသောအခါ “ဤရဟန်းတော်မြတ်သည် အာသဝေါ ကုန်ခန်း ရဟန္တာ ဖြစ်ပါပြီလော”ဟု မေးမြန်း လျှောက်ထားလေသည်။ ရဟန်းတော် တို့ သည် အမြန်ချက်ချင်း မှန်ကန်သော စကားဖြင့် ထိုပုဂ္ဂိုလ်သည် ရဟန္တာ ဖြစ်သည် ဟု ပြန်ကြား ပြောဆို တော်မူကြလေသည်။

ထိုရဟန္တာ အရှင်မြတ် ခန္ဓာ ဇာတ်သိမ်း ပရိနိဗ္ဗာန်ဝင်စံငြိမ်းတော်မူသော အခါ ဘုရင်မင်းမြတ်သည် ဒေသနာတော်၌ လာရှိသော ထုံးနည်း ဥပဒေသ အတိုင်း ရဟန္တာ အရှင်မြတ်တို့နှင့်သာ သက်ဆိုင်သော သာမုကီဠန ပူဇော်ပွဲကြီးကို ဝှဲချီးကျင်းပလျက် သင်္ဂြိုဟ်ဟော် မူလေသည်။

ရဟန္တာအရှင်မြတ်၏ အလောင်းတော်ကို သင်္ဂြိုဟ် ခြင်း

အကွာ

မဟာဝိဟာရ ကျောင်းတိုက်ကြီးမှ အရှေ့ဘက် လေးလိ, ငါးပိ တွင် စတုရန်း အကျယ်အဝန်းပေ-၃ဝ ကျော်နှင့် အမြင့်ပေ - ၃၀နီးနီးခန့်ရှိသော ထင်းပုံကြီးကို စုပုံစေပြီးလျှင် ကရမက်နံ့သာစသော မွှေးကြိုင် သင်းပျံ့ ရနံ့ကောင်း ထင်းများကို အပေါ်၌ထား၍ လေးဘက် မျက်နှာတို့၌ လှေကားထစ်များကို ပြုလုပ်စေလေသည်။

ထင်းပုံကြီးကို အဖိုးထိုက်တန်သော ကသ္မီရတိုင်းဖြစ် ဖြူဖွေးသစ်လွင်သော အထည်အလိပ်တို့ဖြင့် မိုးကာ ဖြန့်ကြက် ပတ်လည် ပိုင်းလျက် ဖုံးအုပ်ထားပြီး အထက်၌ တရုပ် လူမျိုးတို့၏ အသုဘ ရထားနှင့် တူသော်လည်း နဂါးရုပ် မပါ သော လှည်းတခုကို ထားလေသည်။

သင်္ဂြိုဟ်တော်မူရန် အချိန်ကာလ ဈာပနပွဲကြီး ကျင်းပသော သမယ၌ ဘုရင်မင်းမြတ်သည် နောက်ပါ အခြွေအရံများစွာတို့နှင့် တကွ အရပ် လေးမျက် နှာမှ ရောက်လာကြကုန်သော တိုင်းသူပြည်သားတို့ကို ရုံးစုစေ၍ ပန်းနံ့သာ လက်စွဲကြလျက် သင်္ဂြိုဟ်တော်မူရန် နေရာသို့ ရောက်သည်တိုင်အောင် ရထား နောက်မှ ပူဇော်လိုက်ပါကြလေသည်။

ဘုရင်မင်းမြတ် ကိုယ်တော်တိုင်လည်း ပန်းနံ့သာလက်စွဲတော်မူလျက် လိုက် ပါပူဇော်ခြင်းကို ပြုတော်မူလေသည်။ ပူဇော်ကြပြီးသောအခါ အလောင်းတော် ရထားကို တင်းပုံပေါ်သို့ တင်၍ ရေမွှေးနံ့သာဆီတို့ဖြင့် သွန်းလောင်း ဖျန်းပက် ပြီးလျှင် မီးရှို့ကြလေသည်။

## PAGE 632
<!-- 9 paragraphs, raw extraction -->


သိဟိုဠ်ခေတ် စံတော်ဝင် အရိယာများ


မီးတောက် မီးလျှံ ထနေစဉ် များစွာသော လူအပေါင်းတို့သည် ပရိနိဗ္ဗာန် ပြုသော အရှင်မြတ်ကို ကြည်ညို ရိုသေသော စိတ်သဘောဖြင့် မိမိတို့ ‘ဝတ်ဆင် ထားသော ခန္ဓာကိုယ် အထက်ပိုင်းရှိ အဝတ်တန်ဆာများကို ချွတ်၍ ငှက်မွေး ယပ်တောင်, ထီးများနှင့် အတူတကွ မီးပုံထဲသို့ ပစ်ထည့် ပူဇော်ကြလေသည်။

မီးသင်္ဂြိုဟ်ပြီးသောအခါ ကြွင်းကျန်ရစ်သော အရိုးဓာတ်တော် များကို ဌပနာ ထည့်သွင်း၍ စေတီတော်တဆူကို တည်ထားကိုးကွယ်ကြလေသည်။
ရဟန်းတော် ဖာဟီယန်သည် ပရိနိဗ္ဗာန်ပြုတော်မူသော ထိုမထေရ်မြတ် သက်တော် ထင်ရှား ရှိတော်မူစဉ် အခါက မရောက်သေးသော်လည်း အဂ္ဂိဈာပန ပွဲကြီး ကျင်းပဆဲ အခါမှာ ရောက်ရှိလေသည်။

သီဟိုဠ်ဘုရင် သာသနာတော်ကို အားပေးခြင်း

၎င်းပြည်ရှင် ဘုရင်မင်းမြတ်သည် ဗုဒ္ဓသာသနာကို လွန်စွာ ကြည်ညို မြတ် နိုးတော်မူသောကြောင့် ရဟန်းတော်များ သီတင်းသုံးတော်မူရန် အသစ် ဖြစ် သော ကျောင်းတိုက်ကြီးကို တည်ထောင် ဖန်ဆင်းရန် အလိုရှိတော်မူသည်ဖြစ်၍ ရဟန်းတော်ပေါင်း များစွာတို့ကို ပင့်ဖိတ်တော်မူပြီးလျှင် အစည်းအဝေးကြီးကို ပြုလုပ်လေသည်။ ထိုရဟန်းတော် အရှင်မြတ်တို့အား ဆွမ်းဘောဇဉ် အာဟာရ တို့ဖြင့် လုပ်ကျွေးပြီး၍ လှူဒါန်းဖွယ်ရာ . ဒါနဝတ္ထုတို့ကို လှူဒါန်းပြီးသောအခါ ဘုရင်မင်းမြတ်သည် ရွှေငွေ ဘဏ္ဍာ အဖိုးတန် ရတနာတို့ဖြင့် ကောင်းမွန်စွာ တန်ဆာဆင်၍ထားသော ဦးချိုပါရှိသည့် နွားထီးကြီးတရှဉ်းကို ရွေးချယ်တော် မူလျက် ငရွှေဖြင့်ပြီးသော ထွန်တုံး, ထွန်သွားတို့ကို တပ်ဆင်စေပြီးလျှင် မိမိကိုယ် တော်တိုင် မြေကွက် တခုပေါ်တွင် လေးဘက် မျက်နှာလှည့်ပတ်၍ ထွန်ယက် သတ်မှတ်တော်မူလေသည်။

လ

ဤကဲ့သို့ သတ်မှတ်ပြီးသော မြေကွက်နှင့်တကွ အားလုံး နေထိုင်သူ စုများ, လယ်ယာများ, အိမ်များကို သာသနာတော် ကြီးပွားရန် ရည်ရွယ်တော် မူ၍ ရဟန်းတော်တို့ အဆက်ဆက် မပျက် မကွက် သုံးစွဲနိုင်ရန်နှင့် နောင်တဖန် ပြန်လည့် နုတ်သိမ်း ဖျက်ဆီးခြင်းငှာ မစွမ်းနိုင်ရာသော အမိန့်တော် စာတမ်း တို့ကို ရေးသား ပြဋ္ဌာန်း အတည်ပြုလျက် သာသနာတော်၏ ဝတ္ထုကံမြေအဖြစ်ဖြင့် ရဟန်းတော်တို့အား လှူဒါန်း အပ်နှံ့တော်မူလေသည်။ သို့ဖြစ်သောကြောင့် ၎င်း ဝတ္ထုကံမြေရာကို မည်သူတဦး တယောက်မျှ ဖျက်ဆီး ရွှေ့ပြောင်းခြင်းငှာ မတတ် စွမ်းနိုင်ချေ။

## PAGE 633
<!-- 10 paragraphs, raw extraction -->




[ဖာဟီယန် မှတ်တမ်း” စာအုပ်မှ ကောက်နုတ်ချက် ဖြစ်သည်။ ဖာဟီယန် ဣန္ဒိယမှ ကူးလာကာသီဟိုဠ်ကျွန်း အဘယဂိရိကျောင်း၌ နှစ်နှစ်(သာသနာ-၉၅၄- ၉၅၆)နေထိုင်သွားသည်။

နောက်ဆက်တွဲ (ခ)

[သီဟိုဠ်ကျွန်း သာသနာ သက်ဆင်းပုံနှင့် ထေရဝါဒတွင်းသို့ သွတ်သွင်းလာသော ဂိုဏ်းကွဲဝါဒဆန်းများရှင်းရခြင်း အရှင်မဟိန္ဒထေရ် သီဟိုဠ် သာသနာပြုကြွရခြင်း

အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် အစွန်အဖျား ကျသော ကိုးတိုင်းကိုးဌာနတို့၌ သာသနာတော်တည်ထွန်းစေရန်အကျိုးငှာ ကိုးပါးငသာ သာသနာပြုနာယကမထေရ်တို့ကို ရွေးချယ်၍ စေလွှတ်တော်မူ၏။

ထို ကိုးပါးတို့တွင် ရှစ်ပါးသော မထေရ်တို့သည် မိမိ မိမိ၏ကျရောက်ရာ ဌာနသို့သွား၍ ဗုဒ္ဓသာသနာဟော်ကို တည်စေပြီးလတ်သော် အရှင်မဟာ မဟိန္ဒမထေရ်သည် သာသနာတော် ၂၃၆-ခုနှစ်၌ ဇမ္ဗူဒိပ်ကျွန်း (ဣန္ဒိယနိုင်ငံ)မှ သီဟိုဠ်ကျွန်းသို့ ကြသွားပြီးလျှင် ဒေဝါနံပိယတိဿမင်းအမှူးရှိသော ထိုကျွန်းသူ ကျွန်းသားအပေါင်းကို သာသနာတော်၌ ကြည်ညိုစေ၍ ဗုဒ္ဓသာသနာတော်ကို ကောင်းစွာ တည်စေတော်မူ၏။

ထိုမင်းလှူသော မဟာမေဃဝန်ဥယျာဉ်ကိုလည်း ခံယူတော်မူ၍ ထိုဥယျာဉ် ၌ မဟာဝိဟာရမည်သော သံဃအရာမ်ကျောင်းတိုက်ကြီးကို တည်စေတော်မူ၏။
ထိုကာလမှစ၍ သီဟိုဠ်ကျွန်း၌ ဗုဒ္ဓသာသနာတော်သည် ဝဋ္ဋဂါမဏိမင်း လက်ထက် တိုင်အောင် ဂိုဏ်းတပါးတို့၏ ဝါဒရောယှက်ခြင်းမရှိပဲ အညစ်အကြေးကင်းလျက် ကောင်းစွာ စင်ကြယ်သည်ဖြစ်၍ ထွန်းပခဲ့လေပြီ။

ဝဋ္ဋဂါမဏိမင်း၏ လက်ထက်မှစ၍မူကား ဂိုဏ်းတပါးတို့၏ အယူဝါဒတို့ သည်လည်း သီဟိုဠ်ကျွန်းသို့ချဉ်းကပ်ဝင်ရောက်လာကုန်၏။ ထိုအခါ၌ စင်ကြယ် သော ထေရဝါဒီဂိုဏ်းဝင် မထေရ်မြတ်တို့သည် ရှေးဟောင်းဖြစ်သောတရားတော် နှင့်ဝိနည်းတော်ကို ထိုဂိုဏ်းတပါးတို့၏ ဝါဒတို့နှင့် မရောနှောမညစ်နွမ်းပဲပကတိ အတိုင်း စင်ကြယ်လျက် တည်တံ ့အောင် ကြီးစွာသောလုံ ့လဖြင့် ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်တော်မူကုန်၏။ အဘယ်ကဲ့သို့နည်းဟူမူ-
