## PAGE 82
<!-- 10 paragraphs, raw extraction -->




တန်ဆောင်တိုင် ဓာတ်တော်လှည့်ပွဲနှင့် ထူပါရုံစေတီဝင်

သီတင်းဝါလကျွတ်၍ ပဝါရဏာပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ နံနက် တွင် နန်းတော်အတွင်း၌ ဆွမ်းဘုဉ်းပေးတော် မူကြသည်။ ဆွမ်းစားပြီးလျှင်– ဘုရားရှင် မဖူးတွေ့ရသည်မှာကြာပြီ၊ ဆရာနှင့်ကင်းပြီး နေခဲ့ကြရသဖြင့် ဘုရားရှင်ဖူးမြော်ရန် ဇမ္ဗူဒိပ်သို့ ပြန်ကြွလိုကြောင်း မိန့်တော်မူ၏။ မင်းကြီး ကလည်း “ဘုရားရှင် ပရိနိဗ္ဗာန်စံပြီ”ဟု မိန့်ဆိုသည်ကို သတိရ၍လျှောက်ထားရာ ဓာတ်တော် မွေတော်များသည် ဘုရားရှင့်ကိုယ်စား ဘုရားရှင်ပင် ဖြစ်ကြောင်း၊
ဓာတ်တော်များပင့်ကာ စေတီတည်ထား ကိုးကွယ်စေလိုကြောင်း ပရိယာယ်ဖြင့် မိန့်တော်မူခြင်းဖြစ်၏။

“ကောင်းပါပြီ အရှင်ဘုရား၊ ဒကာတော်လည်း စေတီတည်ထားကိုးကွယ် လိုပါသည်။ နေရာရွေးချယ် ပေးတော်မူပါ၊ နောက်ပြီး ဓာတ်တော်မွေတော်များ ကော အဘယ်မှာ ရနိုင်ပါသလဲ”ဟုလျှောက်၍ တူတော် သုမန သာမဏေနှင့် တိုင်ပင်ရန် မိန့်တော်မူ၏။ မင်းကြီးက သာမဏေကို ထိုအကြောင်း လျှောက်လျှင်–

ဒကာတော်မင်းကြီး၊ ဒီကိစ္စ မကြောင့်ကြပါနှင့်၊ ကိုရင်ဆောင်ရွက်ပါ့ ပယ်” စသည်ဖြင့် မိန့်တော်မူလျက် ယနေ့(တန်ဆောင်မုန်းလပြည့်နေ့) ညချမ်း အခါ မဟာနာဂဝန် ဥယျာဉ်တော်၌ မင်္ဂလာဆင်တော်ဖြင့်စောင့်ကြိုရန် အသေး စိတ် မှာကြားပြီးနောက် မိဿကတောင်သို့ ပြန်ကြွတော်မူနှင့်ကြသော မထေရ် မြတ်များနောက်သို့ အမီလိုက်တော်မူ၏။ ချက်ချင်းပင် ဦးရီးတော်မထေရ်မြတ်၏ ဩဝါဒအမိန့်ကို နာယူ၍. ပါဋလိပုတ်နေပြည် ဘိုးတော် အသောကမင်းကြီး နန်းတော်သို့ ကောင်းကင်မှ ကြွရောက်တော်မူသည်။

ဘိုးတော် အသောကမင်းတရားကြီးထံမှ (မဟာဝံသအလို) သပိတ်နှင့် တကွ သရီရဓာတ်တော်များကို ပင့်ဆောင်၍ သုမနသာမဏေသည် ထိုဓာတ်တော် သပိတ်ကို ဟိမဝန္တာ၌ ထားခဲ့ပြီးနောက် တာဝတိံသာ သိကြားမင်းထံသို့ ကြွသွားတော်မူပြန်၏။

«

ဒကာတော်သိကြားမင်း၊ ငါတို့အား သီဟိုဠ်ကျွန်းသို့ကြပါဟု တိုက်တွန်း လျှောက်ထားပြီး အဘယ်ကြောင့် မေ့လျော့နေပါသလဲ”ဟု (ဦးရီးတော် မထေရ် မြတ် မှာကြားသည့်အတိုင်း) မိန့်တော်မူရာ သိကြားမင်းကြီးမှာ ပျာပျာသလဲ ကြိုဆိုဦးချ၍ မမေ့ပါကြောင်း လျှောက်ထား၏။ လိုရာအမိန့် ရှိတော်မူရန် ဘောင်းပန်သဖြင့် တာဝတိ ံသာ၌ လင်္ကျာစွယ်တော်နှင့် လက်ျာညှပ်ရိုးတော်ဓာတ် နှစ်မျိုးတွင် ညှပ်ရိုးတော်ဓာတ်ကို ပေးလှူလိုက်ရန် မိန့်လေလျှင် သိကြားမင်း သည် တယူဒနာရှိ မြကျောက်ဖြာဖြင့်ပြီးသော စူဠာမဏိစေတီတော်ကို ဖွင့်လှပ်၍ ညှပ်ရိုးတော်ကို လှူလိုက်လေသည်။

## PAGE 83
<!-- 10 paragraphs, raw extraction -->




သုမနသာမဏေသည် ဓာတ်တော်သပိတ်နှင့် ညှပ်ရိုးတော်ကို ကောင်းကင် ခရီးဖြင့် ပင့်ဆောင်ကာ ဦးရီးတော်အား ဆက်ကပ်လိုက်လေသည်။ (မိဿက တောင်သည် ထိုအခါမှစ၍ စေတိယတောင်တွင်သည်။ ရှင်မဟိန္ဒ သီတင်းသုံးရာ ဌာနဖြစ်၍ သီဟိုဠ်သားတို့က “မိဟိန္တလေ့တောင်’ဟု ခေါ်ကြသည်။မထေရ်မြတ် သည် ဓာတ်တော်သပိတ်ကို ချန်ထား၍ ညှပ်ရိုးတော်မျှကိုသာ ပင့်ဆောင်ပြီးလျှင် သံဃာတော်များနှင့်အတူ မဟာနာဂဝန် ဥယျာဉ်တော်သို့ ကြွတော်မူ၏။

L

သုမနသာမဏေ မိန့်မှာခဲ့သည့်အတိုင်း မင်းကြီးလည်း နံနက်ကပင် ဥပုသ် သီလ ဆောက်တည်၍ အနုရာဓနေပြည်တော် လမ်းမများနှင့် မဟာနာဂဝန် ဥယျာဉ်တော်၌ တံခွန်ကုက္ကား မုလေးပွား. ပန်း ရေအိုးများဖြင့် တန်ဆာဆင် စေ၏။ မင်္ဂလာဆင်တော်ရတနာကိုလည်း တန်ဆာဆင်စေပြီးနောက် ဆင်အထက်၌ ထီးဖြူကိုစိုက်၊ မင်းကြီးကိုယ်တိုင် ဓာတ်တော်သည့်ရန် ရတနာပန်းတောင်းကို ပိုက်၍ ထွက်ချီတော်မူ၏။ ရှစ်ပါးသိလ ဆောက်တည်ထားကြသော မှူးမတ် ဗိုလ်ပါ ပရိသတ်များက နောက်မှဝင်းခင်း၍ လိုက်ပါလာကြသည်။ ကချေတော် သဘင်သည်များလည်း ဓမ္မတေးများ သိကျူးကာ တီးမှုတ်ကခုန်၍ ခြံရံလိုက်ပါ ကြရကုန်၏။

မဟာနာဂဝန်ဥယျာဉ်တော်၌ မထေရ်မြတ်များနှင့် မင်းပရိသတ်များ မရှေးမနှောင်းပင် ရောက်ရှိလာကြ၏။ သံဃာတော်များထည် မြတ်သောနေရာ တော်၌ မထေရ်မြတ်အပါး ဝန်းရံ၍ တည်ငြိမ်စွာ သီတင်းသုံးတော် မူနေကြစဉ် မင်းကြီးသည် ဓာတ်တော်ထည့်ရန် ရတနာပန်းတောင်းကို ပိုက်၍ ညှပ်ရိုးဓာတ် တော် လက်ဝယ်ကိုင်ထားသော မထေရ်မြတ်အား အဝေးမှပင် ဦးညွှတ်လာစဉ်’

“ထို ဓာတ်တော် မွေတော်သည် … သုံးလောကထွတ်ထား ဘုရားရှင်၏ ကိုယ်တော်မှ ဓာတ်တော်မွေတော်စစ် အကယ်၍ဖြစ်ပါမူကားဤမင်္ဂလာဆင်တော် သည် စကားမဆိုရပဲ အလိုလိုပုဆစ်တုပ်ပျပ်၍ မြေ၌ဝပ်ပါစေ၊ ဆင်တော်ရတနာ ထက်မှထီးဖြူတော်လည်း အလိုလိုပွင့်ပါစေ၊ ဓာတ်တော်မွေတော်လည်း ဤရတနာ ပန်းတောင်းအတွင်းသို့ ကြွရောက်စံပယ်က ရတနာပန်းတောင်းနှင့်တကွ ငါ၏ ဦးခေါင်းထက်၌ တည်နေကိန်းဝပ်ပါစေသား။”

ယင်းသို့ မင်းကြီး စိတ်အကြံ ဖြစ်သည်နှင့် တပြိုင်နက် မင်္ဂလာဆင်တော် သည် မြေ၌တုပ်ပျပ်၍ ဝပ်လေ၏။ တီးဖြူတော်လည်း အလိုလိုပွင့်၏။ မထေရ်မြတ် လက်တော်မှ ညှပ်ရိုးတော်လည်း မင်းကြီးကိုင်ထားသော ရံတနာပန်းတောင်း၌ ကြွပြောင်းကာ ပန်းတောင်းနှင့်တကွ မင်းကြီးဦးထိပ်၌ တည်နေတော်မူလေ၏။

ဖူးမြင်ရသော ပရိသတ်များလည်း ရုတ်တရက် အံ့အားသင့် နေကြ၏။
မင်းကြီးမှာ ကြက်သီးတဖြန်းဖြန်း ပီတိလွှမ်း၍ ရွှင်လန်းတက်ကြွစွာ “ဘုရား…၊

## PAGE 84
<!-- 10 paragraphs, raw extraction -->




ဘုရား….” ဟူ၍သာ လှိုက်လှိုက်လှဲလှဲ ဆိုကျူးရင့်နေတော့၏။ အတန်ကြာလျှင် မင်းကြီး၏ မေးလျှောက်ချက်အရ မထေရ်မြတ်သည် ဓာတ်တော် ရတနာပန်း တောင်းကို ဆင်ဦးကင်း၌ သီတင်းသုံးစေရန် မိန့်တော်မူလိုက်၏။မင်းကြီးကိုယ်တိုင် ဆင်ဦးကင်းထက်သို့တက်၍ ဓာတ်တော်ပန်းတောင်း တင်လိုက်သည်နှင့်တပြိုင်နက် မင်္ဂလာဆင်တော်လည်း ကြိုးကြာသံကဲ့ ရှင့်ကျူးကာ ရွှင်မြူးတက်ကြွနေလေ၏။

တိုအခိုက် ကောင်းကင်တခု၌ ရုတ်တရက် တိမ်လိပ်များတရိပ်ရိပ်တက်ကာ (စွတ်စိုစေလိုသူကိုသာ စွတ်စိုစေနိုင်သော) ပေါက္ခရဝဿခေါ် အခါမဲ့မိုးကြီး သည်းထန်စွာ ရွာသွန်ချလိုက်၏။ပဟာပထဝီမြေကြီးလည်း တဒီးဒီးအော်မြည်ကာ သွက်သွက်ခါ တုန်ဟည်း၍ ကောင်းကျိးပေးလေ၏။

1

တန်ခိုးပြာဋိဟာနှင့် ထူပါရုံကျောင်း

ရတနာဓာတ်တော်ပန်းတောင်းကို မင်္ဂလာဆင်တော်၏ ဦးကင်း၌ တင်ပြီး လျှင် ရဟန်းရှင်လူများခြံရံ၍ ဥယျာဉ်တော်မှထွက်ကာ အနုရာဓမြို့တော် အရှေ့ တံခါးမှ ဝင်ကြ၏။ မြို့လယ်ရောက်လျှင် တောင်ဘက်တံခါးမှ ထွက်ပြီးနောက် မဟေဗမည်သော နတ်ဘီလူးသိမ်းပိုက်ထားသောနေရာကုန်းမြေ (မဟေဗဝတ္ထု) သို့ရောက်လာကြ၏။ ထိုနေရာကား ထူပါရာမ=ထူပါရုံစေတီတော် တည်ရမည့်ဌာန ပင် ဖြစ်သည်။ သို့ရာတွင် ထိုနေရာကား ရှေးဘုရားသုံးဆူတို့၏ ရေစစ်တော်၊
ခါးပန်းတော်၊ ရေသနုပ်တော်များတည်ရာ ပရိဘောဂစေတီထိုက်သော ဌာန ဖြစ်၍ သာသနာပကာလ၌ လူတို့အညစ်အကြေး စွန့်ပစ် ဖျက်ဆီးမည် စိုးသော ကြောင့် နတ်များက ဆူးချုံ ၊ ကလိမ်ချုံ တို့ဖြင့် ဝိုင်းအုံ ဖုံးအုပ်ထားခြင်းဖြစ်သည်။

ဓာတ်တော်လှည့်လာသော လူအုပ်ကြီးမှာ ဆူးချုံကြီးဆီသို့ မင်္ဂလာဆင် တော်ကြီး ဦးတည်သွားနေသည်ကို မြင်လျှင် ဆင်တော်ရှေ့သို့အပြေးအလွှားကျော် တက်၍ဆူးချုံကြီးကို သူ ့ထက်ငါ ခုတ်ထွင်ရှင်းလင်းကြလေ၏။ ဆင်တော်လည်း အသွားမပျက် မဆိုင်းမငဲ့ရပဲ ချက်ချင်းပင် ညီညာသောမြေပြင်ဖြစ်သွားရာ ထိုကုန်း မြေကိုဦးတိုက်ပြီးလျှင် နောက်ပြန်ဆုတ်လျက်က မဟာဗောဓိပင် တည်လတ္တံ့ သော ထိုမြေတော်၏ အနောက်ဘက်ရှိကွက်လပ်၌(ထိုနေရာတော်ကိုဦးတိုက်ပြီး) ရပ်တည် နေလေ၏။

မင်းကြီးသည် ဆင်ဦးကင်းပေါ်မှ ညှပ်ရိုးဓာတ်တော်ကို ချယူမည်ပြုရာ ဆင်ကြီးသည် ခေါင်းခါ ယမ်း၍ ယူခွင့်မပြုသောကြောင့် မထေရ်မြတ်အား လျှောက်ရာ-
