## PAGE 85
<!-- 10 paragraphs, raw extraction -->




“မင်းကြီး၊ ဓာတ်တော်ကို သူ့ ကျောက်ကုန်းအောက် နိမ့်သောနေရာ၌ ချသည်ကို သူမကြိုက်”ဟု မိန့်တော်မူ၏။ ချက်ချင်း လူအားဖြင့် ဆင်လောက် မြင့်မောက်အောင် မြေကြီးများသယ်ဖို့၍ ကုန်းမြင့်လုပ်ရသည်။ပြီးမှ ဓာတ်တော် ကို ထိုယာယီစံရာကုန်းမြင့်၌ အစောင့်လူချထားကာ တန့်နားကိန်းဝပ်စေကြ၏။
မင်းကြီးသည် မင်္ဂလာဆင်တော်၏ နှာမောင်းကို ကိုင်တွယ်၍ တယုံတယ

ပွတ်သပ်လျက်—

“အမောင်…၊သင်လဲ မြတ်စွာဘုရားရှင်ရဲ့ သရီရဓာတ်တော်ကိုစောင့်ရှောက် ယင်း ပူဇော်ပါ”ဟု ပြောဆိုရာ ထူပါရုံစေတီဌပနာပွဲ မပြီးမချင်း မင်္ဂလာဆင် တော်ကြီးသည် ဓာတ်တော်ကို ညဉ့်သုံးယံပတ်လုံး လှည့်လည်စောင့်ရှောက်လေ၏။
နေ့အခါ မဟာဗောဓိပင်တည်လတ္တံ့ သေခနေရာရှိ မင်းကွန်း၌ နားနေလေ့ရှိသည်။
လူအများလည်း စေတီတည်ရန် အဘယဝါပိရေကန်မှ မြေများကိုယူ၍ အုတ်ဖုတ် ကြ၏။

စေတီပုံတော်ကိုလည်း မထေရ်မြတ်က အရှည်ခိုင်ခံ ့အောင် စပါးပုံသဏ္ဌာန် ပြုရမည် မိန့်တော်မူလေသည် (ဓာတ်ပုံမှာ ကြည့်ပါ။ စေတီတည်ရာ၌ ရဟန်း တော်များ ဝိနည်းတော်နှင့် မအပ်မရာ ပါဝင် စီမံ လုပ်ဆောင်ခြင်း မရှိသည်ကို လည်း သတိပြုရန်။)

စေတီတည်၍ အောက်ခံအကျည်ခုံ(အဋ္ဌကကာ၌ ဇင်္သပ္ပမာဏံ=မြင်းခေါင်း မျှဟုဆို၏။ မျက်မြင်ဆယ့်တစ်ပေခွဲမြင့်သော အောက်ခံခုံဝိုင်းကြီး။) ပြီးပြေလျှင် လက်ျာညှပ်ရိုးတော်ဓတ်ကို ဌပနာမည်ရှိသောအခါ နေပြည်တော်၌ စည်လှည့် ကြော်ငြာ၍ မည်သူမဆို လာရောက်ကြည်ညိုရန် ကြွေးကြော်လိုက်ရာ အနုရာဓ နေပြည်တော်မျှမက သီဟိုဠ်တကျွန်းလုံးကပင် တခဲနက်လာရောက်ပူဇော်ကြသည်။
မဟာမေဃဝန်ဥယျာဉ်(မဟာဝိဟာရ)၌ သီတင်းသုံးတော်မူသော ရဟန္တာအရှင် မြတ်များလည်း အရှင်မဟာမဟိန္ဒ မထေရ်မြတ်နှင့်အတူ ကြွလာ ပူဇော်တော် မူကြ၏။

ဓာတ်တော်ဌပနာပွဲပြုလုပ်သော ထိုနေ့ညနေချမ်းအချိန်၌ ဓာတ်တော်ကို ဆင်ဦးကင်း၌ပင် ကိန်းဝပ်စေကြရာ ဆင်ဦးကင်းထက်မှ ညှပ်ရိုးဓာတ်တော်သည် ကောင်းကင်ထက်သို့ ထန်းခုနစ်ဆင့်ခန့် တက်ကြွစံပယ်တော်မူလေ၏။ (ပေ -၇ဝဝ၊
၁ဝဝဝခန့်) ကောင်းကင်၌ တည်တော်မူလျက် ဘုရားရှင်ကိုယ်တော်တိုင် သရက် ဖြူပင်ရင်း၌ ရေမီးအစုံအစုံ ယမိုက်ပြာဋိဟာ (ယမိုက်- ယမက= အစုံအစုံ+ ပြာဋိဟာ= ပါဋိဟာရိယ= တန်ခိုး) ပြတော်မူသကဲ့သို့ အရှေ့ဘက်မှ မီးလျှံ အနောက်ဘက်မှ ရေအလျှံ လေးတန်လေးမျက်နှာ တလှည့်စီ တလှည့်စီ ရောင် ခြည်တော်ခြောက်သွယ်နှင့်အတူ တန်ခိုးပြာဋိဟာ ပြတော်မူလေသည်။

{

## PAGE 86
<!-- 13 paragraphs, raw extraction -->

http://www.dhammadownlead.com



ထိုရောင်ခြည်တော်ခြောက်သွယ်နှင့် ရေအလျှံ မီးအလျှံတို့သည် အပြန်ပြန် အကြိမ်ကြိမ် ထူးလိမ်ကူးရှက် တက်ချည် သက်ချည် အလီလီကွန့်မြူးတော်မူရာ ယူဇနာ. သုံးရာရှိ သီဟိုဠ်တကျွန်းလုံး တန်ခိုးတော်ရေအငွေ့ မထိမတွေ့ရသော နေရာဟူ၍ အပ်တစိုက်စာမျှမကျန်ရ၊ တကျွန်းလုံး ငြိမ်းအေး၍ပင်သွားလေ၏။

(ဤကား မြတ်စွာဘုရားရှင် အဓိဋ္ဌာန်ပြုတော် မူခဲ့ခြင်းကြောင့် ဖြစ်ပေ သည်။ မဟာစေတီ တည်သော အခါတွင်လည်း ဓာတ်တော်များ သက်တော် ထင်ရှား ဘုရားသဏ္ဌာန်တော် ဆောင်၍ တန်ခိုးပြာဋိဟာပြရန် အဓိဋ္ဌာန်ပြုတော် မူခဲ့၏။)

ညှပ်ရိုးဓာတ်တော်သည် ကောင်းကင်မှ ဆင်းကြွတော်မူကာ တန်ခိုးပြာဋိ ဟာပြအပြီး မင်းကြီးဦးခေါင်းပေါ်၌ ကိန်းစံတော်မူရာ မင်းကြီးမှာ ကြက်သီး တဖြန်းဖြန်း ရိုးတွင်းခြင်ဆီထိ ပီတိလှိုက်ဟုန်ဆေ ့ဆွေ ့ခုန်မျှ ‘လူဖြစ်ကျိုးနပ်ပေ စွ' ဟု အားရဝမ်းသာဖြစ်တော်မူလေ၏။ ရဟန်းရှင်လူပရိသတ် အခမ်းအနား များစွာ ကြီးကျယ်သော ပူဇော်ခြင်းဖြင့် ပူဇော်ကာ ထူပါရုံစေတီတော်မြတ်ကို လက်ျာရစ်လှည့်ပတ်၍ ဌပနာတော်မူလေ၏။

မကြုံစဖူး ထူးကဲမြင့်မြတ်သော ပွဲတော်ကြီးသို့လာရောက်သူတိုင်း ရတနာ သုံးပါးကျေးဇူးဂုဏ်၌ ပို၍ ယုံကြည်မှု ခိုင်မာကာ သာသနာတော်အတွက် ဘာပဲလုပ်ရလုပ်ရ ဟူသော သမ္မာဆန္ဒဝီရိယများ တဖွားဖွား ဖြစ်ပေါ်ကြလေ၏။

မင်းကြီး၏ ညီတော် အဘယမင်းသားနှင့်တကွ မင်းညီမင်းသားတထောင် အမှူးပြု၍ လူပေါင်း သုံးသောင်းတို့ ရဟန်းပြုကြရာ ထူပါရုံ စေတီတော်ကြီး အနီးမှာပင် ထူပါရာမ = ထူပါရုံကျောင်းတော် ပရိဝုဏ်ကြီးကိုပါ ဆောက်လှူ ပူဇော်ရလေသည်။ (ယင်းထူပါရုံကျောင်းတော်ကြီးမှ စံတော်ဝင်ပုဂ္ဂိုလ်ထူးများ အကြောင်း အခန်း-၄ စသည်၌ ကြည့်။)

ဒက္ခိဏသာခါနှင့် သမီးတော်သင်္ဃမိတ္တာ

';

မင်းကြီး၏ခယ်မတော် အနဠာဒေဝီသည် သဒါဂါမ်အဖြစ်သို့ ရောက်ပြီး နောက် ဘိက္ခုနီ (ရဟန်းမ) ဝတ်ရန် တနေ့ထက် တနေ့ စိတ်ညွတ်လျက် ရှိ၏။
ထိုအကြောင်း မင်းကြီးအား ခွင့်တောင်းလေရာ မင်းကြီးက မထေရ်မြတ်အား လျှောက်ထား၏ရာ မထေရ်မြတ်က-

"

“ဒကာတော်မင်းကြီး…၊ ငါတို့သည် မာတုဂါမတို့အား ရဟန်းဝတ်မပေး ကောင်း၊ ပါဋလိပုတ်နေပြည်တော်၌ ငါတို့၏နှမတော် သင်္ဃမိတ္တာထေရီဘိက္ခုနီမ တပါး ရှိသည်။ ထိုနှမတော်ကို ပင့်ခေါ်မှသာ ဖြစ်နိုင်သည်။ သင်မင်းကြီး၏

## PAGE 87
<!-- 12 paragraphs, raw extraction -->




အနုရာဓ နေပြည်တော်မှာလည်း ရှေးဘုရားရှင် သုံးဆူတို့၏ ဗောဓိပင်တည်ရာ အရပ်၌ ငါတို့မြတ်စွာဘုရားရှင်၏ ဗောဓိပင်တည်ထားပူဇော်သင့်ပြီ။ သခင်မ သင်္ဃမိတ္တာ ဗောဓိပင်ကို ပင့်ဆောင်၍ ကြွလာပါစေကြောင်း ခမည်းတော် မင်းကြီးထံ တမန်တော် စေလွှတ်သင့်သည် ဒကာတော်

သာသနာ့တမန်တော် အရိဋ္ဌအမတ်

မင်းကြီးလည်း မထေရ်မြတ်အမိန့်တော်ကို ဦးထိပ်ရွက်ပန်ဆင်၍ အမတ် များနှင့်တိုင်ပင်တော်မူရာ တူဖြစ်သူ အရိဋ္ဌအမတ်အား တမန်စေလွှတ်ရန်ရွေးချယ် လိုက်လေ၏။ ထိုတာဝန်ကို ဆောင်ရွက်ရန် စွမ်းနိုင်မစွမ်းနိုင် တူတော်အရိဋ္ဌ အဖတ်အား မေးမြန်းလေလျှင် တူတော်က-

"

“မှန်လှပါ ဦးရီးတော်ဘုရား၊ပြန်လာသောအခါ ရဟန်းပြုခွင့်ပေးသနား ပါလျှင် ဤကိစ္စပြီးပြေအောင် တူတော်မောင် ဆောင်ရွက်ပါမည်” ဆို၍ ကတိ ဝန်ခံရလေ၏။

အရိဋ္ဌအမတ်လည်း ဝမ်းသာအားရ မင်းကြီးနှင့်မထေရ်မြတ်တို့၏ သဝဏ် လွှာနှင့် အမိန့်အမှာဩဝါဒကို ယူဆောင်၍ ဇမ္ဗူကောလဆိပ်မှ သင်္ဘောစီးကာ ပါဋလိပုတ်နေပြည်တော်သို့ (မထေရ်မြတ်၏တန်ခိုးတော်ကြောင့်) နေ့ချင်းပေါက် ရောက်သွား၏။

[ဇမ္ဗူကောလဆိပ်ကား ကိုလမြို့မှ ၂၅၆- မိုင်အကွာ မြောက်ဘက်စွန်းဂျပနာမြို့အနီး ကျွန်းဆွယ်၌ရှိ၏။ “ဆံဘိက္ခု ရေ ၊
ယခု ကျည်းကုလားအခေါ် ကံကစ်ဆံတူရေ’ ခေါ်သော နေရာ ဖြစ်၏။ အချို့ က တလိုင်းမင်းနားသင်္ဘောဆိပ်ဟု မှားယွင်းစွာ မှတ်ယူနေတတ်ကြသည်။ လီကာဒီပ။]

အနုဋ္ဌာဒေဝီစသော နန်းတွင်းသူ တထောင်တို့လည်း ဆယ်ပါးသီလ ဆောက်တည်ကာ သစ်ခေါက်ဆိုးအဝတ်များကို ဝတ်၍ အရှင်မ သင်္ဃမိတ္တာ၏ အလာကို စောင့်မျှော်နေကြ၏။ မြို့တော်အတွင်း ဒေါဠအမတ် ဆောက်လှူသော သမီးတော်ကျောင်း(ဥပါသိကာဝိဟာရ)၌သာ စုပေါင်းနေထိုင်၍ သီလ,သမာဓိ ပညာကို ကောင်းစွာ ကျင့်ကြံနေနှင့်ကြ၏။

အရိဋ္ဌအမတ်သည်လည်း အရှင်မြတ်နှင့်မင်းကြီးတို့၏ ဩဝါဒနှင့်စေတနာ၊
အနုဠာဒေဝီတို့အကြောင်းကို အသောကမင်းတရားကြီးအား လက်ဆောင်သဝဏ် လွှာ ဩဝါဒကထာနှင့်အတူ ပြည့်ပြည့်စုံစုံ သံတော်ဦးတင် လိုက်၏။ 'အရှင်မ သံဃမိတ္တာ၏ကျောင်းတော်သို့လည်း သွားရောက်ကာ လျှောက်ထားလေသည်။
